四十二身分——界业处详法
色业处部分 · 原书第 719–734 页 · 141 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 719 页
(၄၂) ကောဋ္ဌာသ - ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း
四十二身分——界业处详法
ပထဝီဓာတ်လွန်ကဲသော ပထဝီကောဋ္ဌာသ (၂ဝ)
地界偏胜的二十种地界身分
တစ ပဉ္စက
皮五组(taca-pañcaka)
၁။ ကေသာ = ဆံပင် = ၄၄ ၂။ လောမာ = မွေးညင်း = ၄၄ ၃။ နခါ = ခြေသည်း လက်သည်း = ၄၄ ၄။ ဒန္တာ = သွား = ၄၄ ၅။ တစော = အရေ (အရေထူ+အရေပါး) = ၄၄
1.缅写巴利名项“ကေသာ”(kesā)=头发=44;2.“လောမာ”(lomā)=身毛=44;3.“နခါ”(nakhā)=脚趾甲、手指甲=44;4.“ဒန္တာ”(dantā)=牙齿=44;5.“တစော”(taco)=皮肤〔厚皮+薄皮〕=44。
(၄၄) မျိုးသော ရုပ်
四十四种色法
ဤဆံပင် စသည်၌ (၄၄)မျိုးသော ရုပ်တရားတို့ဟူသည်ကား --- ၁။ ကာယဒသကကလာပ် = ၁ဝ ၂။ ဘာဝဒသကကလာပ် = ၁ဝ ၃။ စိတ္တဇအဋ္ဌကလာပ် = ၈ ၄။ ဥတုဇအဋ္ဌကလာပ် = ၈ ၅။ အာဟာရဇအဋ္ဌကလာပ် = ၈ အားလုံးပေါင်းသော် ၄၄ အောက်တွင် ဆက်လက်ဖော်ပြမည့် ကောဋ္ဌာသတို့၌ (၄၄)မျိုးဟု ဖော်ပြလျှင် အထက်ပါ (၄၄)မျိုးသော ရုပ်တရားတို့ကိုပင် ဆိုလိုကြောင်း သဘောပေါက်ပါ။
上述头发等身分中所谓44种色法,是:1.身十法聚=10;2.性根十法聚=10;3.心生八法聚=8;4.时节生八法聚=8;5.食生八法聚=8;合计44。下文凡在某一身分下注明“44种”,都应理解为这里所列的44种色法。
ဝက္က ပဉ္စက
肾五组(vakka-pañcaka)
၆။ မံသံ = အသား = ၄၄ ၇။ နှာရု = အကြော = ၄၄ ၈။ အဋ္ဌိ = အရိုး = ၄၄ ၉။ အဋ္ဌိမိဉ္ဇံ = ရိုးတွင်းခြင်ဆီ = ၄၄ ၁ဝ။ ဝက္ကံ = အညှို့ = ကျောက်ကပ် = ၄၄
6.缅写巴利名项“မံသံ”(maṃsaṃ)=肉=44;7.“နှာရု”(nhāru)=筋=44;8.“အဋ္ဌိ”(aṭṭhi)=骨=44;9.“အဋ္ဌိမိဉ္ဇံ”(aṭṭhimiñjaṃ)=骨髓=44;10.“ဝက္ကံ”(vakkaṃ)=肾=44。
ပပ္ဖါသ ပဉ္စက
肺五组(papphāsa-pañcaka)
၁၁။ ဟဒယံ = နှလုံး = ၄၄ ၁၂။ ယကနံ = အသည်း (အသဲ) = ၄၄ ၁၃။ ကိလောမကံ = အမြှေး = ၄၄ ၁၄။ ပိဟကံ = အဖျဥ်း = သရက်ရွက် = ၄၄ ၁၅။ ပပ္ဖါသံ = အဆုပ် = ၄၄
11.缅写巴利名项“ဟဒယံ”(hadayaṃ)=心脏=44;12.“ယကနံ”(yakanaṃ)=肝=44;13.“ကိလောမကံ”(kilomakaṃ)=膜=44;14.“ပိဟကံ”(pihakaṃ)=脾=44;15.“ပပ္ဖါသံ”(papphāsaṃ)=肺=44。
原书第 720 页
ကိလောမကံ --- ဤ၌ ကိလောမကံ = အမြှေးသည် ဖုံးလွှမ်းသော အမြှေး၊ မဖုံးလွှမ်းသော အမြှေးဟု နှစ်မျိုး ရှိ၏။ ဖုံးလွှမ်းတတ်သော အမြှေးကား ခန္ဓာကိုယ်၏ အထက်ပိုင်းအရပ်၌ ဖြစ်ပေါ်လျက် ရှိ၏၊ မဖုံးလွှမ်း တတ်သော အမြှေးကား ခန္ဓာကိုယ်၏ အထက်ပိုင်း အောက်ပိုင်းဟူသော နှစ်မျိုးလုံးသော အရပ်တို့၌ ဖြစ်ပေါ် လျက် ရှိ၏။ ဖုံးလွှမ်းတတ်သော အမြှေးကား နှလုံးသားကိုလည်းကောင်း၊ အညှို့ = ကျောက်ကပ်ကိုလည်းကောင်း ဖုံးလွှမ်း၍ တည်နေ၏။ မဖုံးလွှမ်းတတ်သော အမြှေးကား အရေထူ၏ အောက်အဖို့မှ အသားကို ဖွဲ့ယှက် မြှေး- ရစ်၍ တည်နေ၏။ အရေထူနှင့် အသားကို ကပ်သွားအောင် စပ်ပေးသော ကော်တစ်မျိုး ဖြစ်သည်။ (ဝိသုဒ္ဓိ-၂- ၂၄၈-၂၄၉။) ထို အမြှေး နှစ်မျိုးလုံး၌ ရုပ် (၄၄)မျိုးစီ ရှိကြသည်။
kilomaka〔膜〕——这里所说的膜有两种:覆盖膜与不覆盖膜。覆盖膜生于身体上部;不覆盖膜则在身体上部与下部两处都有。覆盖膜覆盖着心脏和肾而住;不覆盖膜则从厚皮下方网绕、包裹着肉,是一种使厚皮与肉黏合相接的胶合物。(《清净道论》2-248—249。)这两种膜各有44种色法。
မတ္ထလုင်္ဂ ပဉ္စက
脑五组(matthaluṅga-pañcaka)
၁၆။ အန္တံ = အူမ =၄၄ ၁၇။ အန္တဂုဏံ = အူသိမ် (အူထုံး = အူချည်ကြိုး) =၄၄ ၁၈။ ဥဒရိယံ = အစာသစ် = ၈ ၁၉။ ကရီသံ = အစာဟောင်း = ၈ ၂ဝ။ မတ္ထလုင်္ဂံ = ဦးဏှောက် =၄၄ အစာသစ် အစာဟောင်းတို့၌ တေဇောဓာတ် = ဥတုကြောင့်ဖြစ်သော ဥတုဇအဋ္ဌကလာပ် တစ်မျိုးသာ ရှိသဖြင့် ရုပ်ပရမတ်တရား (၈)မျိုးဟု အထက်၌ ဖော်ပြထားပါသည်။ ဤကောဋ္ဌာသ (၂ဝ)တို့ကား ပထဝီဓာတ် လွန်ကဲနေသော ပထဝီကောဋ္ဌာသတို့တည်း။
16.缅写巴利名项“အန္တံ”(antaṃ)=肠=44;17.“အန္တဂုဏံ”(antaguṇaṃ)=肠系带〔肠结、肠缚带〕=44;18.“ဥဒရိယံ”(udariyaṃ)=新食=8;19.“ကရီသံ”(karīsaṃ)=旧食〔粪〕=8;20.“မတ္ထလုင်္ဂံ”(matthaluṅgaṃ)=脑=44。上文已经说明,新食与旧食中只有由火界=时节所生的一类时节生八法聚,所以只有8种究竟色法。这二十种身分,就是地界偏胜的地界身分。
အန္တဂုဏန္တိ အန္တဘောဂဋ္ဌာနေသု ဗန္ဓနံ။ (ဝိသုဒ္ဓိ-၁-၂၅ဝ။) ခွေထားသော ခြေသုတ်ကြိုးဝန်း၏ အကြား၌ ထိုခြေသုတ်ကြိုးဝန်းကို ချုပ်စပ်၍ တည်သော ကြိုးသေးကဲ့သို့ (၂၁)ခုသော အူခွေတို့၏ အကြား၌ ထိုအူခွေ တို့ကို မလျှောကျအောင် ချုပ်စပ်၍ တည်နေသော အူသိမ် = အူချည်ကြိုးသည် အန္တဂုဏတည်း။ (အစာသွား လမ်းကြောင်းကား မဟုတ်ပေ။) အကြောင်းကား --- အန္တ = အူမ - အရ ရေမျိုအစ ဝစ္စမဂ် = ကျင်ကြီးပေါက် အဆုံးရှိသော အစာသွားရာ လမ်းတစ်လျှောက်လုံးကို သိမ်းကျုံး၍ ယူထားသောကြောင့် ဖြစ်၏။
“所谓肠系带,是在肠曲之处起系结作用者。”正如盘成一圈的擦脚绳垫之间,有细绳把各圈缝连起来,使其不致松散;同样,在21圈肠曲之间,也有一种把诸肠圈缝系起来、不让它们滑落的肠系带〔肠缚带〕,这就是 antaguṇa。〔它不是食物通过的管道。〕因为“anta=肠”一词,已经总摄从咽喉起,直至排便道=肛门为止的整个食物通道。
(ဝိသုဒ္ဓိ-၁-၂၄၉-၂၅ဝ - ကြည့်။)
〔参见《清净道论》1-249—250。〕
အာပေါဓာတ်လွန်ကဲသော အာပေါကောဋ္ဌာသ (၁၂) မျိုး
水界偏胜的十二种水界身分
မေဒ ဆက္က
脂六组(meda-chakka)
၁။ ပိတ္တံ = သည်းခြေ =၄၄ ၂။ သေမှံ = သလိပ် =၄၄ ၃။ ပုဗ္ဗော = ပြည် = ၈ ၄။ လောဟိတံ = သွေး =၄၄ ၅။ သေဒေါ = ချွေး =၁၆ ၆။ မေဒေါ = အဆီခဲ =၄၄ သည်းခြေ --- ဗဒ္ဓသည်းခြေ = အအိမ်သည်းခြေ၊ အဗဒ္ဓသည်းခြေ = အရည်သည်းခြေဟု သည်းခြေ နှစ်မျိုး ရှိ၏။ အအိမ်သည်းခြေမှာ အသည်း နှလုံးတို့၏ အကြားတွင်ရှိ၍ အရည်သည်းခြေမှာ တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိ၏။ ယင်း အရည်သည်းခြေဟူသည် ခါးသော အရသာရှိသော အရည်ဓာတ်များတည်း။
1.缅写巴利名项“ပိတ္တံ”(pittaṃ)=胆汁=44;2.“သေမှံ”(semhaṃ)=痰=44;3.“ပုဗ္ဗော”(pubbo)=脓=8;4.“လောဟိတံ”(lohitaṃ)=血=44;5.“သေဒေါ”(sedo)=汗=16;6.“မေဒေါ”(medo)=脂肪=44。胆汁——胆汁有两种:缅写巴利“ဗဒ္ဓသည်းခြေ”(baddha-pitta)=囊中胆汁,以及“အဗဒ္ဓသည်းခြေ”(abaddha-pitta)=流动胆汁。囊中胆汁位于肝与心脏之间;流动胆汁则遍布全身。所谓流动胆汁,就是具有苦味的液体。
原书第 721 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း အာပေါဓာတ်လွန်ကဲသော ရုပ်ကလာပ်တို့၏ အပေါင်းအစုသာတည်း။ ယင်းသည်းခြေ နှစ်မျိုးလုံး၌ ရုပ်သဘော တရား (၄၄)မျိုးစီ ရှိကြ၏။ (ဝိသုဒ္ဓိ-၁-၂၅၂။ ဝိသုဒ္ဓိ-၂-၂၂၃ - ကြည့်။) ပြည် --- ဝက်ခြံ အနာစိမ်း စသည့် အနာတစ်ခုခုရှိရာ ဒွါရ၌သာ တည်ရှိ၏။ တေဇောဓာတ်ဥတုကြောင့်သာ ဖြစ်သော ဥတုဇရုပ် ဖြစ်သဖြင့် ရုပ်ကလာပ် တစ်ခု တစ်ခု၌ ရုပ်ပရမတ်တရား (၈)မျိုးစီသာ ရှိသည်။
它只是水界偏胜诸色聚的集合。这两类胆汁各有44种色法。(参见《清净道论》1-252;《清净道论》2-223。)脓——只存在于生有粉刺、疖疮等疮患之处。因为它只是由火界=时节所生的时节生色,所以每一个色聚都只有8种究竟色法。
သွေး --- အသည်းနှလုံး အူ စသည်တို့၏ ပတ်ဝန်းကျင်၌ အိုင်နေသော (သန္နိစိတလောဟိတ) သွေးတစ်မျိုး၊ အကြောအတွင်း၌ တည်ရှိ၍ တစ်ကိုယ်လုံးသို့ အနှံ့အပြား သွားလာလည်ပတ်နေသော (သံသရဏလောဟိတ) သွေးတစ်မျိုးဟု ပေါင်း သွေး နှစ်မျိုး ရှိသည်။ တစ်မျိုးစီ၌ (၄၄)မျိုးစီသော ရုပ်တရားများ အသီးအသီး ရှိသည်။
血——血共有两种:一种是缅写巴利“သန္နိစိတလောဟိတ”(sannicita-lohita),即淤积在肝、心脏、肠等周围的血;另一种是“သံသရဏလောဟိတ”(saṃsaraṇa-lohita),即存在于脉管内、周流遍布全身的血。两类血各自都有44种色法。
ချွေး --- ချွေးကား စိတ်ကြောင့်လည်း ဖြစ်၏၊ စိတ္တဇသြဇဋ္ဌမကရုပ်များတည်း။ တေဇောဓာတ် ဥတု ကြောင့်လည်း ဖြစ်၏၊ ဥတုဇသြဇဋ္ဌမကရုပ်များတည်း။ သို့အတွက် ရုပ် (၁၆)မျိုး ရှိသည်။
汗——汗既可由心而生,是心生食素八法色;也可由火界=时节而生,是时节生食素八法色。因此共有16种色法。
မုတ္တ ဆက္က
尿六组(mutta-chakka)
၇။ အဿု = မျက်ရည် =၁၆ ၈။ ဝသာ = ဆီကြည် =၄၄ ၉။ ခေဠော = တံတွေး =၁၆ ၁ဝ။ သိင်္ဃာနိကာ = နှပ် =၁၆ ၁၁။ လသိကာ = အစေး =၄၄ ၁၂။ မုတ္တံ = ကျင်ငယ် = ၈ မျက်ရည် --- မျက်ရည်ကား စိတ်ကြောင့်လည်း ဖြစ်၏၊ တေဇောဓာတ်ဥတုကြောင့်လည်းဖြစ်၏၊ စိတ္တဇ အဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ်ဟူသော ရုပ် (၁၆)မျိုးတို့တည်း။
7.缅写巴利名项“အဿု”(assu)=泪=16;8.“ဝသာ”(vasā)=油脂=44;9.“ခေဠော”(kheḷo)=唾液=16;10.“သိင်္ဃာနိကာ”(siṅghāṇikā)=鼻涕=16;11.“လသိကာ”(lasikā)=关节液=44;12.“မုတ္တံ”(muttaṃ)=尿=8。泪——泪既由心而生,也由火界=时节而生,因而包含心生八法聚与时节生八法聚,共16种色法。
ဆီကြည် --- လက်ဆီ ခြေဆီ မျက်နှာဆီ စသည်သည် ဆီကြည် မည်၏။ ရုပ် (၄၄)မျိုးတို့တည်း။
油脂——手上的油脂、脚上的油脂、脸上的油脂等,称为油脂;其中有44种色法。
တံတွေး - နှပ် --- တံတွေး-နှပ်တို့ကား စိတ်ကြောင့်လည်း ဖြစ်၏၊ ဥတုကြောင့်လည်း ဖြစ်၏။ စိတ္တဇ အဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် နှစ်မျိုး - ရုပ်သဘောတရား (၁၆)မျိုးစီ ရှိကြ၏။
唾液与鼻涕——唾液和鼻涕既由心而生,也由时节而生;各自都包含心生八法聚与时节生八法聚两类色聚,共16种色法。
အစေး --- တံတောင်ဆစ် ဒူးဆစ် စသည့် ကွေးသည့် ဆန့်သည့် အရိုးအဆစ်တို့၏ အကြား၌ တည်ရှိ သော စက်ဆီကဲ့သို့သော ချွဲပျစ်သော အဆီ တစ်မျိုးတည်း။ ရုပ်သဘောတရား (၄၄)မျိုးတို့တည်း။
关节液——这是一种处在肘关节、膝关节等屈伸关节之间,如机器润滑油一般黏稠的油液;其中有44种色法。
တေဇောဓာတ်လွန်ကဲသော တေဇောကောဋ္ဌာသ (၄) မျိုး
火界偏胜的四种火界身分
၁။ သန္တပ္ပနတေဇော = တစ်ရက်ခြား ဖျားခြင်း စသည်ဖြင့် ပြင်းထန်စွာ ပူလောင်သောတေဇော = ၃၃ ၂။ ဇီရဏတေဇော = အိုစေ ရင့်ကျက်စေ ဆွေးမြည့်စေသော ပူလောင်သောတေဇော = ၃၃ ၃။ ဍာဟတေဇော = ထက်ဝန်းကျင် ပူလောင်သောတေဇော = ၃၃ ၄။ ပါစကတေဇော = အစာကို ကြေကျက်စေတတ်သော ပူလောင်သောတေဇော
1.缅写巴利名项“သန္တပ္ပနတေဇော”(santappana-tejo)=如隔日发热等猛烈灼热之火=33;2.“ဇီရဏတေဇော”(jīraṇa-tejo)=使身体衰老、成熟、朽坏的灼热之火=33;3.“ဍာဟတေဇော”(ḍāha-tejo)=使周遭灼热之火=33;4.“ပါစကတေဇော”(pācaka-tejo)=能使食物消化的灼热之火=——
= ဇီဝိတနဝက ကလာပ် = ၉
——命根九法聚=9。
ဤတေဇောကောဋ္ဌာသ (၄)မျိုးကား ပထဝီကောဋ္ဌာသ အာပေါကောဋ္ဌာသတို့ကဲ့သို့ ကောဋ္ဌာသ ပုံသဏ္ဌာန် မရှိပေ။ တေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော မကြည်သော ရုပ်ကလာပ်အမှုန်များသာ
这四种火界身分不像地界身分与水界身分那样具有身分的形状;它们都只是火界自性作用力偏胜的不透明色聚微粒——
原书第 722 页
ဖြစ်သည်။ (၃၃)မျိုးသော ရုပ်တရားတို့မှာ အောက်ပါအတိုင်း ဖြစ်၏။
——而已。其中所含的33种色法如下。
၁။ ဇီဝိတနဝကကလာပ် = ၉ ၂။ စိတ္တဇအဋ္ဌကလာပ် = ၈ ၃။ ဥတုဇအဋ္ဌကလာပ် = ၈ ၄။ အာဟာရဇအဋ္ဌကလာပ် = ၈ အားလုံးပေါင်းသော် ၃၃ ဤ၌ ဇီဝိတနဝက ကလာပ်ဟူသည်မှာ ဇီဝိတလျှင် (၉)ခုမြောက်ရှိသော မကြည်သော ရုပ်ကလာပ်အမှုန် ဖြစ်သည်။ အတိတ်က ကံကြောင့် ဖြစ်သည့် ကမ္မဇရုပ်များသာတည်း။ ပါစကတေဇောဓာတ်ကား အစာအိမ် ဝန်းကျင် စသည်၌ တည်ရှိသော အစာကို ကြေကျက်စေတတ်သော အစာကို ချက်ပေးသော ဥဒရဂ္ဂိခေါ်သည့် ကမ္မဇဝမ်းမီးတည်း။ ဇီဝိတနဝက ကလာပ်ရုပ်တွင် ပါဝင်သော တေဇောဓာတ်ပင်တည်း။ သို့အတွက် ပါစက တေဇောကောဋ္ဌာသ၌ ဇီဝိတနဝက ကလာပ်ရုပ် တစ်မျိုးသာ ရှိသည်။
1.命根九法聚=9;2.心生八法聚=8;3.时节生八法聚=8;4.食生八法聚=8;合计33。这里所谓命根九法聚,是以命根为第9法的不透明色聚微粒,只是由过去业所生的业生色。消化火界则是存在于胃部周围等处、能够消化食物、烹熟食物,称为“ဥဒရဂ္ဂိ”(udaraggi,腹火)的业生腹火;它正是命根九法聚中所含的火界。因此,在消化火这一身分中,只有命根九法聚一类色聚。
ဝါယောဓာတ်လွန်ကဲသော ဝါယောကောဋ္ဌာသ (၆) မျိုး
风界偏胜的六种风界身分
၁။ ဥဒ္ဓင်္ဂမာ ဝါတာ = အထက်သို့ ဆန်တက်သော လေ = ၃၃ ၂။ အဓောဂမာ ဝါတာ = အောက်သို့ စုန်ဆင်းသော လေ = ၃၃ ၃။ ကုစ္ဆိသယာ ဝါတာ = ဝမ်းဗိုက်အတွင်း အူအပြင်ဘက်၌ တည်ရှိသောလေ = ၃၃ ၄။ ကောဋ္ဌာသယာ ဝါတာ = အူအတွင်း၌ တည်ရှိသော လေ = ၃၃ ၅။ အင်္ဂမင်္ဂါနုသာရိနော ဝါတာ = ကိုယ်အင်္ဂါကြီးငယ်သို့ အစဥ်လျှောက်သော အကြော
1.缅写巴利名项“ဥဒ္ဓင်္ဂမာ ဝါတာ”(uddhaṅgamā vātā)=向上升行之风=33;2.“အဓောဂမာ ဝါတာ”(adhogamā vātā)=向下降行之风=33;3.“ကုစ္ဆိသယာ ဝါတာ”(kucchisayā vātā)=腹内而在肠外之风=33;4.“ကောဋ္ဌာသယာ ဝါတာ”(koṭṭhāsayā vātā)=肠内之风=33;5.“အင်္ဂမင်္ဂါနုသာရိနော ဝါတာ”(aṅgamaṅgānusārino vātā)=循行于身体大小各肢体、存在于脉——
အတွင်း၌ တည်ရှိသော လေ = ၃၃
——道之内的风=33。
၆။ အဿာသော ပဿာသော = ဝင်သက်လေ ထွက်သက်လေ = ၉ ဧတ္ထ စ ပုရိမာ ပဉ္စ စတုသမုဋ္ဌာနာ။ အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။ (ဝိသုဒ္ဓိ-၁-၃၄၅-၃၄၆။) ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်အတိုင်း ဥဒ္ဓင်္ဂမာ ဝါတာမှ အင်္ဂမင်္ဂါနုသာရိနော ဝါတာတိုင်အောင် (၅)မျိုးသော ဝါယောကောဋ္ဌာသတို့၌ --- ၁။ ဇီဝိတနဝကကလာပ် = ၉ ၂။ စိတ္တဇအဋ္ဌကလာပ် = ၈ ၃။ ဥတုဇအဋ္ဌကလာပ် = ၈ ၄။ အာဟာရဇအဋ္ဌကလာပ် = ၈ အားလုံးပေါင်းသော် = ၃၃ မျိုးသော ရုပ်တို့တည်း။
6.缅写巴利名项“အဿာသော ပဿာသော”(assāso passāso)=入息“在这里,前五种由四种生起因所生;入息与出息则唯由心所生。”依照上述义注解释,从上行风直至肢体随行风这五种风界身分,各自包含:1.命根九法聚=9;2.心生八法聚=8;3.时节生八法聚=8;4.食生八法聚=8;合计33种色法。
အဿာသ-ပဿာသကား စိတ္တဇသဒ္ဒနဝက ကလာပ် = စိတ်ကြောင့် ဖြစ်သော အသံလျှင် (၉)ခုမြောက် ရှိသော ရုပ်ကလာပ် တစ်မျိုးတည်း။ (ရုပ်အတုတို့နှင့် ရောနှောနေသော သဒ္ဒလဟုတာဒိဒွါဒသက ကလာပ်ကို နောက်တွင် ကြည့်ပါ။)
至于入息与出息,则只有一类“စိတ္တဇသဒ္ဒနဝက ကလာပ်”(cittaja-sadda-navaka-kalāpa,心生声九法聚),即由心所生、以声为第9法的色聚。〔至于与非真实色混合的声轻快性等十二法聚,请见后文。〕
原书第 723 页
(၄၂) ကောဋ္ဌာသတို့၌ ရှုပုံ စနစ်များ
四十二身分的观修方法
ဆံပင် --- ဆံပင်ကို ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ရှုပွားရာ၌ အသားအတွင်းသို့ ဝင်နေသည့်အပိုင်းကို ဦးစား ပေး၍ ယင်းဆံပင်၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ အသားမှ လွတ်နေသော အစိတ်အပိုင်းတို့၌ ကာယဒသက ကလာပ်ရုပ်များ ယေဘုယျအားဖြင့် မတည်ရှိကြသောကြောင့် ဖြစ်၏။ သို့အတွက် အသားထဲသို့ စိုက်ဝင်နေသော ဆံပင်၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များ ဖြစ်လာသောအခါ ရုပ်ကလာပ် (၅)မျိုး ရုပ်အမျိုးအစား (၄၄)မျိုးတို့ကို ဉာဏ်ဖြင့် မြင်အောင် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ အကယ်၍ ဆံပင်၌ ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်၍ ရှုလိုက်ရုံမျှဖြင့် ရုပ်ကလာပ်အမှုန်များ မဖြစ်ဘဲ ဓာတ်ကြီး (၄)ပါးတို့၏ အတုံးအခဲ အစုအပုံကိုသာ ဉာဏ်ဖြင့် တွေ့နေသော် ယင်း အတုံးအခဲ၌ လင်းရောင်ခြည် စွမ်းအင် အကူအညီဖြင့် အာကာသဓာတ်ကို မြင်အောင် ဆက်၍ ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည်
头发——以界业处之法观修头发时,应优先取伸入肉内的部分,在那一部分头发中专注观照四大种;因为脱离肉身的部分,一般并不存在身十法聚。因此,应在扎入肉内的头发部分专注观照四大种。色聚微粒显现以后,应以智分别、分析而观见5类色聚、44种色法。若仅仅在头发中专注观照四大种,色聚微粒仍未显现,智中只看见四大种的一团块、一聚合体,就应借助智光之力,继续在该团块中观见虚空界;这样便会——
ဖြစ်ပါသည်။ ထိုနောင် (၄၄)မျိုးသော ရုပ်တရားတို့ကို ဆက်လက်၍ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ရှုပွား သိမ်း ဆည်းပါ။ မွေးညင်း၌လည်း နည်းတူပင် မှတ်ပါ။
——看见色聚微粒。随后,再继续以智分别、分析而观修、把握其中44种色法。身毛也应同样理解。
ခြေသည်း လက်သည်းတို့၌ အသားနှင့် ဆက်စပ်နေသောအပိုင်း အသားထဲသို့ ဝင်နေသော အပိုင်းတို့ကို ဦးစားပေး၍ ရှုပါ။ အသားမှ လွတ်နေသောအပိုင်းတို့၌ ကာယအကြည်ဓာတ်များ မရှိသဖြင့် ကာယဒသက ကလာပ်တို့ကို ရှာဖွေရာ၌ အခက်အခဲများစွာ ရှိနိုင်သောကြောင့် ဖြစ်၏။
观脚趾甲、手指甲时,应优先取与肉相连、伸入肉内的部分。脱离肉身的部分没有身净界,因此若在那里寻找身十法聚,可能会遇到很大困难。
ကျန်ကောဋ္ဌာသတို့၌လည်း မိမိ ရှုပွား သိမ်းဆည်းလိုသော ကောဋ္ဌာသကို ဦးစွာ ဉာဏ်ရောင်ဖြင့် မြင်- အောင် ကြည့်၍ ထိုကောဋ္ဌာသကို မြင့်တွေ့ပြီးသောအခါမှ ယင်းကောဋ္ဌာသ၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့သောအခါမှ အထက်တွင် ဖော်ပြထားခဲ့သည့်အတိုင်း ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။
其余各身分也一样:先借助智光看见自己想要观修、把握的身分;看见该身分以后,再于其中观见四大种。等到色聚微粒显现,才应依前述方法分析色聚,以智分别、把握其中的究竟色法。
သည်းခြေ-သွေးတို့၌ နှစ်မျိုး နှစ်မျိုးစီ ရှိကြသဖြင့် နှစ်မျိုးလုံး၌ပင် (၄၄)မျိုးစီသော ရုပ်ပရမတ်တရားများ ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ သိမ်းဆည်းပါ။
胆汁与血各有两类,所以两类胆汁与两类血都应分别以智观见、把握其中各自的44种究竟色法。
တေဇောကောဋ္ဌာသ ---- တေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော တေဇောကောဋ္ဌာသ ရုပ်များကို ရှုရာ၌ ပုံသဏ္ဌာန် မရှိသော ကောဋ္ဌာသသာ ဖြစ်သဖြင့် တေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်တို့ကိုသာ ရှာဖွေ၍ ရှုရမည် ဖြစ်သည်။ သန္တပ္ပနတေဇော ဍာဟတေဇောဓာတ်တို့ကို ရှုရာ၌ မထင်မရှား ဖြစ်နေပါက အတိတ်ဘက်သို့ ဉာဏ်ကို တစ်စတစ်စ စေလွှတ်၍ ဖျားဖူးသည့် အချိန်အခါက ဖြစ်ခဲ့သော ရုပ်တို့ကို ပြန်၍ သိမ်းဆည်း ရှုပွားကြည့်ပါ။ သဘောပေါက်လာတတ်ပါသည်။
火界身分——观修火界自性作用力偏胜的火界身分色法时,由于这些身分没有形状,只应寻找并观照火界自性作用力偏胜的色聚。若观“သန္တပ္ပနတေဇော”(santappana-tejo,猛烈灼热之火)与“ဍာဟတေဇော”(ḍāha-tejo,周遭灼热之火)仍不明显,就把智逐步转向过去,重新把握、观修自己曾经发热时生起的诸色法;如此往往便会理解。
ဝါယောကောဋ္ဌာသ ---- ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောကောဋ္ဌာသတို့ ကို ရှုပွား သိမ်းဆည်းရာ၌ ရှေးဦးစွာ မိမိ ရှုပွား သိမ်းဆည်းလိုသော လေကို လင်းရောင်ခြည်စွမ်းအင် အကူအညီ ဖြင့် မြင်အောင် ကြည့်ပါ၊ ထိုနောင် ယင်းလေ၏ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စ၍ သိမ်းဆည်းပါ။ ဓာတ်ကြီး (၄)ပါးတို့၏ အတုံးအခဲသဘောကို မြင်အောင် ရှုပါ။ ဤအပိုင်းတွင်ကား ရုပ်ကလာပ်အမှုန်များကို လွယ်လွယ် ကူကူပင် တွေ့မြင်တတ်ပါသည်။ မတွေ့ဖြစ်နေပါက ထိုဓာတ်ကြီး (၄)ပါးတို့၏ အတုံးအခဲ အစုအပုံ၌ အာကာ- သဓာတ်ကို မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို စတင်တွေ့ရှိနိုင်ပါသည်။ ထိုနောင် ရုပ် ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်သဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ အထက်- သို့ ဆန်တက်သောလေ၊ အောက်သို့ စုန်ဆင်းသောလေ စသည့် ထိုထိုလေတို့၌ ရုပ်ပရမတ် သဘောတရားတို့
风界身分——观修风界自性作用力偏胜的风界身分时,首先借助智光之力,看见自己想要观修、把握的那一种风;随后开始把握其中的四大种,观见四大种呈团块聚合的状态。在这一部分,通常很容易看见色聚微粒;若仍未看见,就在四大种的团块聚合体中专注观见虚空界,如此便能开始看见色聚微粒。随后分析诸色聚,以智分别、把握其中的究竟色法。上行风、下行风等各种风中所含的究竟色法,各有——
原书第 724 页
(၃၃)မျိုးစီ ရှိသည်ဟူသော အလွန်တိကျသော ဤအဆိုအမိန့်များ ရှုကွက်များမှာ ဗုဒ္ဓအဘိဓမ္မာ၏ အလွန် ထူး- ခြားသော နက်နဲသော တိကျသော မှန်ကန်သော အံ့သြဖွယ်ရာများပင် ဖြစ်ကြပေသည်။ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်နှင့် ဘုရားရှင်ထံမှ နည်းနာနိဿယကို ရရှိတော်မူကြသော ဗုဒ္ဓသာဝက-ဉာဏ်ကြီးရှင်တို့၏ ဉာဏ်- တော်မြတ်ဖြင့် ကွန့်မြူး စံပယ်ရာ ဘုံဌာနသာ ဖြစ်ချေသည်။
——33种。“每一种都含33种究竟色法”这样极其精确的教说与观修对象,正是佛陀阿毗达磨极为殊胜、深奥、精密、真实而令人赞叹之处;唯有一切知正等正觉佛陀,以及从佛陀处获得方法与指导的佛弟子大智者,才能以其殊胜之智自在通达这一境域。
ဤဖော်ပြပါ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကား လက္ခဏာရေးသုံးတန် တင် လျက် ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ ထိုက်တန်သော သဘာဝရုပ် သလက္ခဏရုပ် ရူပရုပ် သမ္မသနရုပ်တို့တည်း၊ ရုပ်အစစ်တို့တည်း။
上述存在于六门与四十二身分中的诸色法,都是能够安立无常、苦、无我三相而修毗婆舍那观的“သဘာဝရုပ်”(sabhāva-rūpa,自性色)、“သလက္ခဏရုပ်”(salakkhaṇa-rūpa,具相色)、“ရူပရုပ်”(rūpa-rūpa,真色)与“သမ္မသနရုပ်”(sammasana-rūpa,可思惟色),也就是真实色法。
ရုပ်ကလာပ် အမျိုးအစားများ
色聚的种类
ကမ္မဇရုပ်ကလာပ် စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်ဟု ရုပ်ဖြစ်ကြောင်း သ- မုဋ္ဌာန်အားဖြင့် ရုပ်ကလာပ် အမျိုးအစား (၄)မျိုး ရှိသည်။ ထိုတွင် ---- ၁။ ကမ္မဇ ရုပ်ကလာပ် = ၉ - မျိုး ၂။ စိတ္တဇ ရုပ်ကလာပ် = ၈ - မျိုး ၃။ ဥတုဇ ရုပ်ကလာပ် = ၄ - မျိုး ၄။ အာဟာရဇ ရုပ်ကလာပ် = ၂ - မျိုး အားလုံးပေါင်းသော် ရုပ်ကလာပ် =၂၃ - မျိုး ရှိပေသည်။
依色法的生起因,色聚分为业生色聚、心生色聚、时节生色聚与食生色聚四类。其中:1.业生色聚=9组;2.心生色聚=8组;3.时节生色聚=4组;4.食生色聚=2组;合计共有23组色聚。
ကမ္မဇရုပ်ကလာပ် (၉) စည်း
九组业生色聚
၁။ စက္ခုဒသက ကလာပ်၊ ၂။ သောတဒသက ကလာပ်၊ ၃။ ဃာနဒသက ကလာပ်၊ ၄။ ဇိဝှါဒသက ကလာပ်၊ ၅။ ကာယဒသက ကလာပ်၊ ၆။ ဣတ္ထိဘာဝဒသက ကလာပ်၊ ၇။ ပုမ္ဘာဝဒသက ကလာပ်၊ ၈။ ဟဒယဝတ္ထုဒသက ကလာပ်၊ ၉။ ဇီဝိတနဝက ကလာပ် --- ဤ ရုပ်ကလာပ် (၉)မျိုးတို့ကား အတိတ်က ကံကြောင့် ဖြစ်သော ကမ္မဇရုပ်ကလာပ်များတည်း။ ရုပ်အစစ် တို့သာတည်း၊ ဝိပဿနာရှုကောင်းသော ရုပ်တို့သာတည်း။
1.眼十法聚;2.耳十法聚;3.鼻十法聚;4.舌十法聚;5.身十法聚;6.女根十法聚;7.男根十法聚;8.心所依处十法聚;9.命根九法聚。这9类色聚都是由过去业所生的业生色聚;它们都只含真实色法,都是适合作为毗婆舍那观修所缘的色法。
စိတ္တဇရုပ်ကလာပ် (၈) စည်း
八组心生色聚
၁။ စိတ္တဇ သုဒ္ဓဋ္ဌက ကလာပ် = စိတ်ကြောင့်ဖြစ်သော သက်သက်သော အဋ္ဌကလာပ် = သြဇာလျှင် (၈)ခု မြောက်ရှိသော ရုပ်ကလာပ်။ (၆-ဒွါရနှင့် အချို့ ကောဋ္ဌာသတို့၌ တည်ရှိသော သြဇဋ္ဌမကရုပ်တည်း။) ၂။ ကာယဝိညတ္တိ နဝက ကလာပ် = ကာယဝိညတ်ရုပ်လျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ်။ (၈+ကာယ ဝိညတ် = ၉။)
1.“စိတ္တဇ သုဒ္ဓဋ္ဌက ကလာပ်”(cittaja-suddhaṭṭhaka-kalāpa,心生纯八法聚)=由心所生的纯八法聚,即以食素为第8法的色聚〔存在于六门及某些身分中的心生食素八法色〕。2.“ကာယဝိညတ္တိ နဝက ကလာပ်”(kāyaviññatti-navaka-kalāpa,身表九法聚)=以身表色为第9法的色聚〔8+身表=9〕。
原书第 725 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၃။ လဟုတာဒေကဒသက ကလာပ် = လဟုတာ စသည်လျှင် (၁၁)ခုမြောက်ရှိသော ရုပ်ကလာပ်။ (၈+ လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၁။) ၄။ ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ် = ကာယဝိညတ်၊ လဟုတာ စသည်လျှင် (၁၂)ခုမြောက် ရှိသော ရုပ်ကလာပ်။ (၈+ကာယဝိညတ်+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။) ၅။ ဝစီဝိညတ္တိ ဒသက ကလာပ် = ဝစီဝိညတ်လျှင် (၁ဝ)ခုမြောက်ရှိသော ရုပ်ကလာပ်။ (၈+ အသံ+ ဝစီဝိညတ် = ၁ဝ။) ၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသက ကလာပ် = ဝစီဝိညတ်၊ အသံ၊ လဟုတာ စသည်လျှင် (၁၃)ခုမြောက် ရှိသော ရုပ်ကလာပ်။ (၈+ဝစီဝိညတ်+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၃။) ၇။ (အဿာသ-ပဿာသ) စိတ္တဇ သဒ္ဒနဝက ကလာပ် = (အဿာသ-ပဿာသ) စိတ်ကြောင့် ဖြစ်သော အသံလျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ် (၈+အသံ = ၉။) ၈။ (အဿာသ-ပဿာသ) သဒ္ဒလဟုတာဒိ ဒွါဒသက ကလာပ် = (အဿာသ-ပဿာသ) အသံ၊ လဟုတာ စသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ် (၈+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)
3.轻快性等十一法聚:以轻快性等为第11法的色聚。(8+轻快性+柔软性+适业性=11。)4.身表、轻快性等十二法聚:以身表、轻快性等为第12法的色聚。(8+身表+轻快性+柔软性+适业性=12。)5.语表十法聚:以语表为第10法的色聚。(8+声+语表=10。)6.语表、声、轻快性等十三法聚:以语表、声、轻快性等为第13法的色聚。(8+语表+声+轻快性+柔软性+适业性=13。)7.〔入息—出息〕心生声九法聚:〔入息—出息中〕由心所生、以声为第9法的色聚。(8+声=9。)8.〔入息—出息〕声、轻快性等十二法聚:〔入息—出息中〕以声、轻快性等为第12法的色聚。(8+声+轻快性+柔软性+适业性=12。)
အဘိဓမ္မတ္ထသင်္ဂဟ အမည်ရသော သင်္ဂြိုဟ်ကျမ်း၌ နံပါတ် (၁)မှ နံပါတ် (၆)အထိ စိတ္တဇကလာပ် (၆)စည်း သာ ဖော်ပြထား၏။ သို့သော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ကား - အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။ (ဝိသုဒ္ဓိ- ၁-၃၄၆။) = အဿာသ-ပဿာသတို့သည် စိတ္တသမုဋ္ဌာန်ရုပ်တို့သာ ဖြစ်ကုန်၏ဟု ဖွင့်ဆိုထားသဖြင့် အဿာသ- ပဿာသကား စိတ္တသမုဋ္ဌာန်ရုပ်ပင်တည်း။
名为《အဘိဓမ္မတ္ထသင်္ဂဟ》(《摄阿毗达磨义论》)的摄论,只列出从第1至第6共6组心生色聚。然“入息与出息唯是心所生色。”(《清净道论》1-346。)因此,入息与出息正是心所生色。
တထာ စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ သြဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။
巴利《清净道论》引文(缅文转写,出处见下一单元):“တထာ စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ သြဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။”译:“同样,在心生〔色〕中,入出息身分也有以食素为第8法的八法聚与声,共9法。”
(ဝိသုဒ္ဓိ-၂-၂၂၃။)
缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၂၃။)”(《清净道论》2-223。)
ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအရ အဿာသ-ပဿာသကောဋ္ဌာသကား အသံလျှင် (၉)ခုမြောက် ရှိသော သဒ္ဒနဝက ကလာပ်ရုပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ ယင်း အဿာသ-ပဿာသ ကောဋ္ဌာသကား နှစ်မျိုး ရှိသင့်၏ဟု ဆရာမြတ်တို့ အယူရှိတော်မူကြပြန်၏။ ရံခါ အသက်ရှူ၍ ကောင်း၏၊ ပေါ့ပါးသွက်လက်၏၊ ချောညက်၏၊ အချိုးကျ၏။ ရံခါ အသက်ရှူ၍ မကောင်း ဖြစ်တတ်ပြန်၏၊ ပေါ့ပါးသွက်လက်မှု မရှိ၊ ချောမွေ့မှု မရှိ၊ အချိုးကျ အဆင်ပြေမှု မရှိ။ သို့အတွက် အဿာသ-ပဿာသတို့၌ - လဟုတာ+မုဒုတာ+ကမ္မညတာ ရုပ် တို့ ပါ-မပါ နှစ်မျိုး ပြားသွားသည်။ သို့အတွက် စိတ္တဇကလာပ် (၈)စည်း ဖြစ်ရသည်။
依上引《清净道论》义注,入息—出息身分只是以声为第9法的声九法聚诸色之集合。诸师又认为,这一入息—出息身分应有两类:有时呼吸顺畅,轻快而灵活、柔软而平滑、协调而适宜;有时呼吸不顺畅,既不轻快灵活,也不柔软平滑,又不协调适宜。因此,入息与出息依轻快性、柔软性、适业性三色是否包含在内而分为两类;所以心生色聚共有8组。
ဤရုပ်ကလာပ်တို့ကို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အထက်တွင် ဖော်ပြထားသော (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌တည်ရှိသော ရုပ်တရားတို့ကို သိမ်းဆည်းထားပြီးပါက ပို၍ကောင်းပါသည်။ အနည်းဆုံး (၆)ဒွါရ၌ တည်ရှိသော ရုပ်အစစ်တို့ကို သိမ်းဆည်းထားပြီးသူ ဖြစ်ရပေမည်။ ရုပ်အစစ်များကို ပရမတ်သို့ ဉာဏ် အမြင် ဆိုက်အောင် ရှုပွား သိမ်းဆည်းပြီးပါမှ ရုပ်အတုများကို သို့မဟုတ် ရုပ်အတုများနှင့် ရောနှောနေသော ရုပ်ကလာပ်များကို သိမ်းဆည်းဖို့ရန် လွယ်ကူမည် ဖြစ်ပေသည်။
想要观修这些色聚的瑜伽行者,最好已经把握了前述存在于六门、四十二身分中的诸色法;至少必须已经把握存在于六门中的真实色法。只有先把真实色法观修、把握到智见抵达胜义,随后才容易把握非真实色法,或与非真实色法混合的色聚。
၁။ စိတ္တဇ သုဒ္ဓဋ္ဌက ကလာပ် ---- (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ စိတ္တဇရုပ်ကို ရှုပွားသိမ်းဆည်းသည့်အတိုင်း ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော စိတ်ကြောင့် စိတ္တဇ သြဇဋ္ဌမကရုပ်များ အဆက်မပြတ် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ရှုပွားသိမ်းဆည်းပါ။
1.心生纯八法聚——如同观修、把握六门、四十二身分中的心生色那样,应以智观见并观修、把握:由于依止心所依处色而生的心,心生食素八法色连续不断地生起。
၂။ ကာယဝိညတ္တိ နဝက ကလာပ် ---- ဘဝင်မနောအကြည်တွင် စိတ်စိုက်၍ လက်ညှိုးတစ်ချောင်းကို ကွေး
2.身表九法聚——把心专注于有分意净界,试着弯曲一根食指——
原书第 726 页
ကြည့်ပါ၊ ဆန့်ကြည့်ပါ။ ကွေးချင်သောစိတ် ဆန့်ချင်သောစိတ် စသော စိတ်အသီးအသီးကြောင့် စိတ် တစ်ခု တစ်ခုက ရုပ်ကလာပ်ပေါင်းများစွာ ဖြစ်ထွန်း ပေါ်ပေါက်စေသည်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။
——再试着伸直。应以智观见:由于想屈、想伸等每一个心,一个心便产生许许多多色聚。
ထိုစိတ္တဇရုပ်ကလာပ်များ တစ်ကိုယ်လုံးသို့ ပျံ့နှံ့ သွားသည်ကို မြင်သောအခါ ကွေးနေသောလက်ညှိုး အထိ ထိုစိတ္တဇရုပ်များ ပျံ့နှံ့သွားသည်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ၊ ရှုပါ။ လက်ညှိုးကို မတွေ့ တော့ဘဲ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိနေမည် ဖြစ်သည်။ ထို ရုပ်ကလာပ်ပေါင်းများစွာထဲက ကွေး ချင် ဆန့်ချင်သော စိတ်ကြောင့် ဖြစ်ထွန်းပေါ်ပေါက်လာသော စိတ္တဇရုပ်များကိုသာ ထို ကွေးမှု ဆန့်မှု ပြု နေသော လက်ညှိုး၌ ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။ ထို ရုပ်ကလာပ်တို့မှာ သြဇဋ္ဌမက ရုပ်ကလာပ်တို့ ပင်တည်း။ ထို (၈)မျိုးသော ရုပ်တို့နှင့်အတူ ကွေးချင် ဆန့်ချင်သော စိတ်နှင့်အတူ ဖြစ်နေသော ကွေးသည့် အမူအရာ ဆန့်သည့် အမူအရာ ရုပ်တို့ကို (= ကာယဝိညတ်ရုပ်တို့ကို) ဉာဏ်ဖြင့် မြင်အောင် ဆက်၍ သိမ်းဆည်းပါ။ (၈+ကာယဝိညတ် = ၉) ကာယဝိညတ္တိ နဝက ကလာပ် ရုပ်တရားတို့ ဖြစ်ကြသည်။
看见那些心生色聚遍及全身时,应再以智观见、观照它们一直遍及正在弯曲的食指。此时将不再看见食指,只会看见色聚微粒。在众多色聚中,应继续只观见那根正在屈伸的食指内,由想屈、想伸之心所产生的心生色。那些色聚正是食素八法聚。继而,应在这8种色法之外,继续以智观见并把握与想屈、想伸之心同时存在的屈相色、伸相色,也就是身表色。8+身表=9,构成身表九法聚诸色。
၃။ လဟုတာဒေကဒသက ကလာပ် ---- အထက်ပါ စိတ္တဇ သြဇဋ္ဌမကရုပ်များကို မြင်အောင် ကြည့်ပါ။ ရံခါ ထိုရုပ်တို့၌ ပေါ့ပါးသွက်လက်မှု = လဟုတာ၊ နူးညံ့ပျော့ပျောင်းမှု = မုဒုတာ၊ အချိုးကျ အဆင်ပြေမှု = ကမ္မညတာ - ဟူသော ရုပ်အတုများလည်း ရောနှော၍ ပါဝင်နေမှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ၊ သိမ်းဆည်းပါ။
3.轻快性等十一法聚——观见上述心生食素八法色。有时还应以智观见并把握,其中混合含有称为轻快性、柔软性、适业性的非真实色:轻快性即轻快灵活,柔软性即柔软和顺,适业性即协调适宜。
၄။ ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ် ---- အထက်ပါ ကာယဝိညတ္တိ နဝက ကလာပ်ကို ပြန်ရှုပါ။
4.身表、轻快性等十二法聚——重新观照上述身表九法聚。
တစ်ခါတစ်ရံ ကွေး၍ ဆန့်၍ ပေါ့ပါးသွက်လက်မှု ရှိ၏၊ နူးညံ့ပျော့ပျောင်းမှု ရှိ၏၊ ကွေး၍ ဆန့်၍ အချိုး ကျ အဆင်ပြေမှု ရှိ၏။ ထိုအခါ လဟုတာ-မုဒုတာ-ကမ္မညတာတို့ ပါဝင်နေ၏။ရံခါ ထိုသို့ မဟုတ်ပါက ထိုရုပ် (၃)မျိုးတို့ မပါဝင်ပေ။ ထိုရုပ် (၃)မျိုးတို့ မပါဝင်သော် ကာယဝိညတ္တိ နဝက ကလာပ် ဖြစ်၍ ထိုရုပ် (၃)မျိုးတို့ ပါဝင်သော် ကာယဝိညတ္တိ လဟုတာဒိ ဒွါဒသက ကလာပ် ဖြစ်သည်။ ကြွင်းကျန်သော ကွေးခြင်း ဆန့်ခြင်း၊ သွားခြင်း စသော ထိုထို ကိုယ်အမူအရာတို့၌လည်း နည်းတူ ရှုပါ။ ဣရိယာပထ ရှုကွက် သမ္ပဇညရှုကွက်တို့၌ - ဤရုပ်ကလာပ် နှစ်မျိုးတို့ကား ပြဓာန်းလျက် ရှိ၏။ နောက်ပိုင်းတွင် ဣရိယာပထ ရှုကွက်နှင့် သမ္ပဇညရှုကွက်တို့ကို ထပ်မံ၍ ဖော်ပြဦးမည် ဖြစ်ပါသည်။
有时屈伸时轻快灵活、柔软和顺,屈伸也协调适宜;这时便含有轻快性、柔软性、适业性。有时并非如此,就不含这3种色。不含这3种色时,是身表九法聚;含有这3种色时,则是身表、轻快性等十二法聚。其余屈、伸、行走等各种身体动作也应同样观照。在威仪观法与正知观法中,这两类色聚居于主导地位;后文还会再次说明威仪观法与正知观法。
၅။ ဝစီဝိညတ္တိ ဒသက ကလာပ် (ဝစီဝိညတ္တိ သဒ္ဒဒသက ကလာပ်) ---- အသင်ယောဂီသူတော်ကောင်းသည် ဘဝင်မနောအကြည်ဓာတ်တွင် စိတ်ကို စိုက်ထားလျက် (က-ခ) ဟု အသံတိုးတိုးကလေးဖြင့် ရွတ်ဖတ် ကြည့်ပါ။ က-ခ-ဟု ရွတ်ဖတ်ချင်သောစိတ် ရွတ်ဖတ်သောစိတ်တို့ကြောင့် စိတ္တဇသြဇဋ္ဌမကရုပ်တို့ အဆက် မပြတ် ရှေးနှင့်နောက် ဆက်စပ်လျက် များစွာ ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ က-ခတို့ကား လည်ချောင်းဌာန၌ ဖြစ်သော အက္ခရာတို့ ဖြစ်ကြသဖြင့် ထိုအက္ခရာများ ဖြစ်ပေါ်ရာ လည်ချောင်းဌာနသို့ တိုင်အောင် သြဇဋ္ဌမကရုပ်တို့ ပျံ့နှံ့သွားပုံကို မြင်အောင် ရှုပါ။ လည်ချောင်းဌာနတွင် သန္တတိ အစဥ် အားဖြင့် ဖြစ်ပေါ်နေကြသော ကာယဒသကကလာပ် စသော ရုပ်ကလာပ်တို့ ရှိကြ၏။ ယင်းစိတ္တဇသြဇ ဋ္ဌမကရုပ်တို့တွင် ပါဝင်သော ပထဝီဓာတ်သည် လည်ချောင်း၌ တည်ရှိနေကြသော ကာယဒသကကလာပ် စသည်တို့၌ ပါဝင်သော ကမ္မဇပထဝီဓာတ်တို့ကို ဝါယောဓာတ် အကူအညီဖြင့် လည်ချောင်းဌာန၌ ရိုက်
5.语表十法聚〔语表、声十法聚〕——贤善的瑜伽行者把心专注于有分意净界,试着低声念诵“က—ခ”。应以智观见:由于想念“က—ခ”的心及正在念诵的心,许多心生食素八法色前后相续、不断生起。由于“က、ခ”是在喉部发出的字母,应观见食素八法色一直遍及这些字母的发声处——喉部。喉部有依相续次第生起的身十法聚等色聚。心生食素八法色中所含的地界,借助风界,在喉部撞击喉中身十法聚等所含的业生地界——
ခတ်မိသောအခါ အသံ ထွက်ပေါ်လာ၏။ က-ခ-ဟု ပြောဆိုနေသော နှုတ်အမူအရာ ဝစီဝိညတ်လည်း ရှိနေ၏။ သို့အတွက် (၈+အသံ+ဝစီဝိညတ် = ၁ဝ) ဝစီဝိညတ္တိ ဒသက ကလာပ် ဖြစ်သည်။ ကျန်သော အက္ခရာတို့၌လည်း ထိုထို ရွတ်ဆိုလိုက်သော အက္ခရာတို့၏ ဖြစ်ရာဌာနသို့တိုင်အောင် လိုက်၍ နည်းတူ ပင် ရှုကြည့်ပါ။
——撞击时,声音便发出;同时也有说出“က—ခ”的口语动作,即语表。因此,8+声+语表=10,构成语表十法聚。其余字母也应追随至各自所念字母的发声部位,作同样的观照。
原书第 727 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသက ကလာပ် ---- ရံခါ က-ခ စသော စကားသံ ဖြစ်ပေါ်လာအောင် ရွတ်ဖတ်ရသည်မှာ ပေါ့ပါးသွက်လက်နေ၏၊ ချောမွေ့နေ၏၊ အချိုးကျ အဆင်ပြေနေ၏၊ လဟုတာ မုဒုတာ ကမ္မညတာတို့လည်း ပါဝင်လာပြန်၏။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသက ကလာပ် ဖြစ်၏။ ရံခါ သွက်သွက်လက်လက် မရှိဘဲ မချောမွေ့ဘဲ အချိုးမကျ ဖြစ်နေပါက လဟုတာ မုဒုတာ ကမ္မညတာတို့ မပါဝင်တော့ပေ။ ထိုအခါ ဝစီဝိညတ္တိဒသက ကလာပ် ဖြစ်သည်။
6.语表、声、轻快性等十三法聚——有时,为了发出“က—ခ”等语声而念诵时,过程轻快灵活、柔软平滑、协调适宜,因而也含有轻快性、柔软性、适业性;这就是语表、声、轻快性等十三法聚。有时若不轻快灵活、不柔软平滑、不协调,便不含轻快性、柔软性、适业性;这时就是语表十法聚。
ထိုထို အသံဖြစ်ရာ အက္ခရာဖြစ်ရာ ဌာန၌ သန္တတိ အစဥ်အားဖြင့် ဖြစ်နေကြသော ကမ္မဇကလာပ်တို့တွင် ပါဝင်သော ကမ္မဇပထဝီဓာတ်တို့ကား တုံး-နှင့်တူ၏။ ထိုထို အသံဖြစ်ရာ အက္ခရာဖြစ်ရာ ဌာနသို့တိုင်အောင် သန္တတိအစဥ်အားဖြင့်ပျံ့နှံ့ဖြစ်ပေါ်သွားကြသော စိတ္တဇရုပ်ကလာပ်များစွာတွင် ပါဝင်သော ပထဝီဓာတ်တို့ကား လက်ရိုက်-နှင့် တူ၏။ တုံးကို လက်ရိုက်ဖြင့် ရိုက်နေသည့် အမူအရာနှင့် ဝစီဝိညတ် တူ၏။ ထို ဝစီဝိညတ်ကား ထိုထို အက္ခရာအသံကို ဖြစ်စေလိုသော စိတ်ကြောင့် ဖြစ်ပေါ်လာသော ဝါယောဓာတ်ကြောင့် ဖြစ်ပေါ်လာရ၏။
在每一个发声、形成字母的部位,依相续次第生起的业生色聚中所含的业生地界,好比木块;许多心生色聚沿相续次第遍及该发声、形成字母的部位,其中所含的地界,好比敲击木块的手;语表则好比用手敲击木块的动作。这一语表,由为了产生相应字母声音之心所生的风界而生起。
ထိုဝါယောဓာတ်ကား စိတ်ကြောင့် ဖြစ်ရ၏။ သို့အတွက် စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်တရားအပေါင်း = ရုပ်ကလာပ်အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် စကားသံများ ဖြစ်ပေါ်လာရ၏။ ဉာဏ်ဖြင့် မြင်အောင် ရှုရန် ဖြစ်သည်။
该风界又由心所生。因此,语声之所以生起,是因为由心所生、风界自性能力偏胜的诸色法——即诸色聚——遍及全身。应当以智观见这一过程。
၇။ အဿာသပဿာသ - စိတ္တဇသဒ္ဒနဝက ကလာပ် ---- ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စိတ်တို့ကြောင့် ဝင်သက်လေ ထွက်သက်လေတို့ ဖြစ်ပေါ်ပုံ သို့မဟုတ် ဝင်သက်လေ ထွက်သက်လေ အမည်ရသော သဒ္ဒနဝကကလာပ်ရုပ်တရားတို့ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ အသက်ရှူလမ်းကြောင်း အတွင်း၌ တည်ရှိဖြစ်ပွားနေသော လေကို ရှေးဦးစွာ မြင်အောင် ရှုပါ။ ထိုလေကို သမာဓိလင်းရောင်ခြည် စွမ်းအင် ဖြင့် တွေ့မြင်သောအခါ ဓာတ်ကြီး (၄)ပါးကို ထိုလေအတွင်း၌ မြင်အောင် ရှုပါ။ ထို ဝင်သက်လေ ထွက် သက်လေ အတွင်း၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် ရှုနိုင်ပါက သမာဓိအရှိန်ရလာသည်နှင့် တစ်ပြိုင်နက် ရုပ်ကလာပ်အမှုန်များကို စတင် တွေ့ရှိမည် ဖြစ်သည်။ ထိုကလာပ် အမှုန်များကို ဉာဏ်ဖြင့် ခွဲခြားစိတ် ဖြာ၍ ရှုပါက - အသက်ရှူသံနှင့် တကွ (၉)မျိုးသော ရုပ်ပရမတ်တရားတို့ကို တွေ့ရှိနိုင်ပါသည်။ အသက် ရှူသံ ဟူသည် ယင်းအသက်ရှူလမ်းကြောင်းတွင် တည်ရှိကြသော ကလာပ်တို့၏ ပထဝီဓာတ်နှင့် ယင်း
7.入息—出息心生声九法聚——应以智观见:由于依止心所依处而生的诸心,入息与出息生起;换言之,称为入息与出息的声九法聚诸色生起。先观见存在于呼吸道内的气息;当借助智光的力量看见它时,再观见其中的四大种。若能在入息与出息中观见四大种,随着定力增强,就会开始看见色聚微粒。以智分别、分析这些色聚微粒,便能看见连同呼吸声在内的9种究竟色法。所谓呼吸声,是呼吸道中诸色聚的地界与这些——
စိတ္တဇကလာပ်တို့၏ ပထဝီဓာတ်တို့ အချင်းချင်း ရိုက်ခတ်၍ ပေါ်လာသော အသံတည်း။ စိတ်ကြောင့် သြဇဋ္ဌမကရုပ်တို့ အသက်ရှူလေ၌ ဖြစ်နေပုံ၊ ပထဝီဓာတ်တို့ အချင်းချင်း ရိုက်ခတ်၍ အသံ ဖြစ်ပေါ်နေပုံ၊ ကလာပ်တစ်ခု တစ်ခုအတွင်း၌ အသံနှင့်တကွ ရုပ်သဘောတရား (၉)မျိုးစီ ရှိပုံတို့ကို မြင်အောင် ရှုပါ။
——心生色聚中的地界彼此撞击而发出的声音。应观见:心使食素八法色在呼吸气息中生起;诸地界彼此撞击而产生声音;每一个色聚内都含有连同声音在内的9种色法。
အကယ်၍ အသက်ရှူလမ်းကြောင်း၌ တည်ရှိနေသော ဝင်သက်လေ ထွက်သက်လေ အတွင်း၌ သန္တတိ အစဥ်အားဖြင့် ဖြစ်နေသော ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုသော်လည်း ရုပ်ကလာပ် အမှုန် များကို မတွေ့သေးဘဲ အတုံးအခဲ ဖြစ်နေသေးပါက အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်နိုင်ပါက ရုပ် ကလာပ် အမှုန်များကို လွယ်ကူစွာ တွေ့ရှိနိုင်ပါသည်။ လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကိုကား များစွာ လိုအပ်နေမည်သာ ဖြစ်ပေသည်။
若已专注观照呼吸道中入息与出息内依相续次第生起的四大种,却仍未看见色聚微粒,只看见块状整体,那么,只要转而专注观见虚空界,便容易看见色聚微粒。不过,此处仍会非常需要智光力量的帮助。
ရံခါ အသက်ရှူသည်မှာ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ချောချောမွေ့မွေ့ အချိုးကျ အဆင်ပြေ နေ၏၊ အသက်ရှူ၍ ကောင်းနေ၏။ လဟုတာ-မုဒုတာ-ကမ္မညတာတို့ ပါဝင်၏။ ရံခါ အသက်ရှူ ကြပ်နေတတ် ၏၊ လေးလေးလံလံ ကြမ်းကြမ်းတမ်းတမ်း ဖြစ်နေ၏၊ အသက်ရှူ၍ အချိုးမကျ ဖြစ်နေတတ်၏။ လဟုတာ- မုဒုတာ-ကမ္မညတာတို့ မပါဝင်ပေ။ အဿာသပဿာသ စိတ္တဇသဒ္ဒလဟုတာဒိဒွါဒသက ကလာပ်နှင့် အဿာသ ပဿာသ စိတ္တဇသဒ္ဒနဝက ကလာပ်တို့ ဖြစ်ကြ၏။
有时呼吸轻快灵活、柔软顺畅、协调适宜,呼吸良好,便含有轻快性、柔软性、适业性;有时呼吸困难、沉重粗涩而不协调,就不含轻快性、柔软性、适业性。这两类分别是入息—出息心生声、轻快性等十二法聚,以及入息—出息心生声九法聚。
原书第 728 页
ဤ ရုပ်တရားတို့တွင် ကာယဝိညတ် ဝစီဝိညတ် လဟုတာ မုဒုတာ ကမ္မညတာနှင့် အာကာသဓာတ် တို့ကား ရုပ်အတုသာ ဖြစ်ကြ၏။ ဝိပဿနာ မရှုကောင်းသော ရုပ်တို့ ဖြစ်ကြ၏။ သို့သော် နာမရူပပရိစ္ဆေဒဉာဏ် ပိုင်း၌ ယင်းရုပ်အတုတို့ကိုပါ ရောနှော၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၅)၌ ညွှန်ကြားထားပေသည်။
在这些色法中,身表、语表、轻快性、柔软性、适业性与虚空界都只是非真实色,不能作为毗婆舍那直接观照的色法。然而,《清净道论》义注第二册第225页指示:在名色分别智阶段,也应把这些非真实色混合在内加以把握。
ဥတုဇ ရုပ်ကလာပ် (၄) စည်း
四组时节生色聚
၁။ သုဒ္ဓဋ္ဌက ကလာပ် = သက်သက်သော ဥတုဇ သြဇဋ္ဌမက ကလာပ်။
1.纯八法聚:纯粹的时节生食素八法聚。
၂။ သဒ္ဒနဝက ကလာပ် = အသံလျှင် (၉)ခုမြောက်ရှိသော ဥတုဇ သဒ္ဒနဝက ကလာပ်။
2.声九法聚:时节生、以声为第9法的声九法聚。
၃။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခုမြောက်ရှိသော ဥတုဇရုပ်ကလာပ်။
3.轻快性等十一法聚:时节生、以轻快性等为第11法的色聚。
၄။ သဒ္ဒလဟုတာဒိ ဒွါဒသက ကလာပ် = အသံ လဟုတာ စသည်လျှင် (၁၂) ခုမြောက် ရှိသောရုပ်ကလာပ်။
4.声、轻快性等十二法聚:以声、轻快性等为第12法的色聚。
(၈+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။) ဤရုပ်ကလာပ်တို့တွင် သုဒ္ဓဋ္ဌကကလာပ် သဒ္ဒနဝကကလာပ်တို့ကား ရုပ်အစစ်တို့သာတည်း။ ဝိပဿနာ ရှုကောင်းသော ရုပ်များတည်း။ သုဒ္ဓဋ္ဌက ကလာပ်ကား (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ထိုက်သလို ဥတုဇရုပ် ဖြစ်ခွင့်ရှိရာတို့၌ ရရှိနိုင်၏။ သဒ္ဒနဝက ကလာပ်ကား ဝမ်းအော်သံ စသော အသံပါသော ရုပ်ကလာပ်တည်း။
(8+声+轻快性+柔软性+适业性=12。)这些色聚中,纯八法聚与声九法聚都只含真实色,是可以修毗婆舍那的色法。纯八法聚可在六门、四十二身分中适合产生时节生色之处取得;声九法聚则是含有腹鸣声等声音的色聚。
ဤ သုဒ္ဓဋ္ဌကကလာပ်နှင့် သဒ္ဒနဝကကလာပ်တို့ကား အဇ္ဈတ္တ၌လည်းကောင်း၊ ဗဟိဒ္ဓ သက်ရှိလောက သက်မဲ့ လောက နှစ်မျိုးလုံး၌လည်းကောင်း တည်ရှိ၏။
这些纯八法聚与声九法聚,既存在于内,也存在于外在的有情界与无情界。
အမှတ် (၃-၄) ရုပ်ကလာပ်တို့ကား ရုပ်အတုများနှင့် ရောနှောနေသော ရုပ်ကလာပ်များ ဖြစ်ကြ၏။ လဟု တာ မုဒုတာ ကမ္မညတာတို့ကား ဝိပဿနာမရှုကောင်းသော ရုပ်အတုများသာ ဖြစ်ကြ၏။ ယင်းရုပ် (၃)မျိုးကို ဝိပဿနာမရှုကောင်းသဖြင့် ဖယ်ထုတ်လိုက်ပါက သုဒ္ဓဋ္ဌကကလာပ်နှင့် သဒ္ဒနဝကကလာပ်တို့သာ ကြွင်းကျန် တော့၏။ ရှေးတွင် ဖော်ပြခဲ့သော (၆)ဒွါရနှင့် (၄၂)ကောဋ္ဌာသတို့တွင် အချို့ကောဋ္ဌာသတို့၌ တည်ရှိသော ဥတု ဇရုပ် ရှုကွက်တို့ကို နည်းမှီး၍ ရှုပါလေ။ ယင်း အမှတ် (၃-၄) ရုပ်ကလာပ်တို့ကား ရုပ်နာမ်ကို သိမ်းဆည်းရာ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌သာ ရောနှော၍ သိမ်းဆည်း ရှုပွားရမည့် ရုပ်တရားတို့ ဖြစ်ကြသည်။ ယင်းနှစ်မျိုး သော ရုပ်ကလာပ်တို့ကား အနိန္ဒြိယဗဒ္ဓဖြစ်သော ဗဟိဒ္ဓ သက်မဲ့အရာဝတ္ထုတို့၌ မရနိုင်။ အဇ္ဈတ္တ ဗဟိဒ္ဓ သက်ရှိ သတ္တဝါတို့ သန္တာန်၌သာ ရနိုင်သည်။
第3、4组是与非真实色混合的色聚。轻快性、柔软性、适业性都只是不能作为毗婆舍那直接观照对象的非真实色;由于这3种色不能修观,把它们排除以后,便只剩下纯八法聚与声九法聚。应仿照前文六门、四十二身分中某些身分所含时节生色的观法来观照。第3、4组色聚,只应在把握名色的名色分别智阶段混合在内观修、把握。这两类色聚不能存在于“အနိန္ဒြိယဗဒ္ဓ”(不与诸根相系属)的外在无情物中,只能存在于内在及外在有情的相续中。
အာဟာရဇ ရုပ်ကလာပ် (၂) စည်း
两组食生色聚
၁။ သုဒ္ဓဋ္ဌက ကလာပ် = သက်သက်သော အာဟာရဇ-သြဇဋ္ဌမက ကလာပ်။
1.纯八法聚:纯粹的食生食素八法聚。
၂။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခုမြောက်ရှိသော ရုပ်ကလာပ်။ (၈+ လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၁။) ဤရုပ်ကလာပ် နှစ်မျိုးတို့တွင် သုဒ္ဓဋ္ဌကကလာပ်ကား (၆)ဒွါရ၌လည်းကောင်း၊ (၄၂)ကောဋ္ဌာသတို့တွင် အချို့သော ကောဋ္ဌာသတို့၌လည်းကောင်း ရရှိနိုင်၏၊ ရုပ်အစစ်တို့တည်း။ ဝိပဿနာ ရှုကောင်းသော သမ္မသန ရုပ်တည်း။
2.轻快性等十一法聚:以轻快性等为第11法的色聚。(8+轻快性+柔软性+适业性=11。)这两类色聚中,纯八法聚可在六门及四十二身分中的某些身分取得;它们是真实色,是可以修毗婆舍那的可思惟色。
原书第 729 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း အမှတ် (၂) လဟုတာဒေကဒသက ကလာပ်ကား လဟုတာ+မုဒုတာ+ကမ္မညတာဟူသော ရုပ်အတုတို့နှင့် ရောနှောနေ၏၊ ယင်း ရုပ်အတုတို့ကား ဝိပဿနာ မရှုကောင်းပေ။ ရုပ်နာမ်ကို သိမ်းဆည်းရာ နာမရူပပရိစ္ဆေဒ ဉာဏ်ပိုင်း၌သာ ရောနှော၍ သိမ်းဆည်းရ၏။ ဤ အာဟာရဇ ရုပ်ကလာပ် နှစ်မျိုးတို့ကား အဇ္ဈတ္တ ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့ သန္တာန်၌သာ ရရှိနိုင်သည်။
第2类轻快性等十一法聚混合含有轻快性、柔软性、适业性这些非真实色;这些非真实色不能修毗婆舍那,只应在把握名色的名色分别智阶段混合在内加以把握。这两类食生色聚,只能存在于内在及外在有情的相续中。
အသံ (၃) မျိုး
三类声音
ဤတွင် အလျဥ်းသင့်၍ အသင်ယောဂီသူတော်ကောင်းသည် သတိပြုနိုင်ရန်အတွက် အသံ (၃)မျိုးကို ထပ်မံ၍ ဖော်ပြအပ်ပါသည်။
这里顺便再次说明三类声音,以便贤善的瑜伽行者留意。
၁။ အသက်ရှူသံ = (အဿာသပဿာသ) (က) သဒ္ဒနဝကကလာပ်၊ (ခ) သဒ္ဒလဟုတာဒိ ဒွါဒသကကလာပ်၊ ၂။ စကားပြောသံ = (က) ဝစီဝိညတ္တိ (သဒ္ဒ) ဒသကကလာပ်၊ (ခ) ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသက ကလာပ်၊ ၃။ ဝမ်းအော်သံ စသည် = ဥတုဇ သဒ္ဒနဝကကလာပ် ---- ဤသို့လျှင် အဇ္ဈတ္တ၌ အသံပါသော ရုပ်ကလာပ် အမျိုးအစား (၃)မျိုး ရှိပေသည်။ ဗဟိဒ္ဓ သက်ရှိ သတ္တဝါ တို့၏ သန္တာန်၌လည်း အလားတူပင် အသံပါသော ရုပ်ကလာပ် အမျိုးအစား (၃)မျိုး ရရှိနိုင်သည်။ ဗဟိဒ္ဓ သက်မဲ့လောက၌ကား မိုးချုန်းသံ လေတိုက်သံ စသော အသံတို့၌ ဥတုဇ သဒ္ဒနဝကကလာပ်ရုပ်တို့သာတည်း။
1.呼吸声〔入息—出息〕:(甲)声九法聚;(乙)声、轻快性等十二法聚。2.说话声:(甲)语表〔声〕十法聚;(乙)语表、声、轻快性等十三法聚。3.腹鸣声等:时节生声九法聚。如此,内在有3类含声色聚;外在有情的相续中,也同样可得3类含声色聚。至于外在无情界的雷声、风声等,则只有时节生声九法聚诸色。
ယင်းအသံတို့ကို ရှုပွား သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအသံ၏ တည်ရာဝတ္ထုတို့ကို ဓာတ် (၄)ပါး မြင်အောင် စိုက်ရှုပါ။ ကလာပ်အမှုန်များကို တွေ့သောအခါ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲပါ၊ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပွား သိမ်းဆည်းပါ။ ဥပမာ မိုးချုန်းသံကို ရှုလိုပါက ထိုအသံ ဖြစ်ပေါ်ရာဘက်သို့ လင်းရောင်ခြည် စွမ်းအင် အကူအညီဖြင့် ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့သောအခါ ဓာတ်ခွဲပါ။ ဥတုဇ သဒ္ဒနဝကရုပ်တို့တည်း။ ငှက်အော်သံကို ရှုလိုပါက ထိုအသံလာရာ ဌာနသို့ အသံဖြစ်ရာ ဌာနသို့ လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် ဉာဏ်ကို စေလွှတ်၍ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။
想要观修、把握这些声音的瑜伽行者,应专注于声音所依之物,直至看见四大种。看见色聚微粒后,应分析这些色聚,观修、把握到智见抵达胜义。例如,要观雷声,就借助智光力量,向发声方向专注观照四大种;看见色聚微粒后加以分析,便是时节生声九法色。要观鸟鸣,就借助智光力量,把智导向声音传来、声音生起之处,专注观见四大种。
ရုပ်ကလာပ်အမှုန်များကို တွေ့သောအခါ ဓာတ်ခွဲပါ။ ဝိပဿနာပိုင်းရောက်သောအခါ ဝိပဿနာရှုရာ၌ကား ဝစီဝိညတ်ကို ချန်လှပ်ထားပါ။ (အသက်ရှူသံ ရှုကွက်ကို ဖော်ပြပြီး ဖြစ်သည်။)
看见色聚微粒后,应加以分析。到了毗婆舍那阶段,在修观时应舍去语表。〔呼吸声的观法已经说明。〕
လက္ခဏာရုပ်များကို ရှုပွားသိမ်းဆည်းပါ
观修、把握诸特相色
၁။ ဥပစယ - သန္တတိ ---- ရှေး ရုပ် (၂၈)ပါးကို ဖော်ပြရာအပိုင်း၌ ရှင်းပြခဲ့သည့်အတိုင်း ရုပ်အစစ်တို့၏ ဖြစ်မှုကိုပင် ဝေနေယျတို့၏ အဇ္ဈာသယအားလျော်စွာ နှစ်မျိုး ခွဲခြား၍ ဟောကြားထားတော်မူသဖြင့် --- ပဋိသန္ဓေအခိုက်၌ တည်ရှိသော ရုပ်တရားများ၊ ဣန္ဒြေပြည့်စုံသည်တိုင်အောင် အဆက်မပြတ် ဖြစ်နေ သော ရုပ်တရားများကို သိမ်းဆည်းနိုင်သောအခါ ယင်းရုပ်တရားတို့၏ ဖြစ်မှုကို အာရုံယူ၍ ဥပစယရုပ် ကို သိမ်းဆည်းပါ။ (ယင်းရုပ်အစစ်တို့၏ ဖြစ်မှုသဘော ဥပါဒ်ကာလကိုပင် ဥပစယဟု ဆိုလိုသည်။) ယခုလက်ရှိ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်တို့၏ ဖြစ်မှု သဘောတရားကား သန္တတိတည်း။
1.色积集—色相续——如前面说明28色时所解释的那样,真实色法的生起本来只是一种;但为了随顺可教化者的意乐,才分为两种宣说。因此,当能够把握结生时存在的诸色法,以及从结生起连续生起直至诸根圆满的诸色法时,应取这些色法的生起为所缘,把握色积集。〔这里所谓色积集,就是这些真实色法的生起性质,即生起阶段。〕当下存在于六门、四十二身分中的真实色法,其生起性质则是色相续。
၂။ ရုပ်အစစ်အားလုံးတို့၏ တည်မှု သဘောတရားကား ဇရတာတည်း။
2.一切真实色法的住立性质,就是色老性。
၃။ ရုပ်အစစ်အားလုံးတို့၏ ပျက်မှု သဘောတရားကား အနိစ္စတာတည်း။
3.一切真实色法的坏灭性质,就是色无常性。
原书第 730 页
သို့အတွက် စက္ခုဒသက ကလာပ် အတွင်းရှိ (၁ဝ)မျိုးသော ပရမတ္ထရုပ်အစစ်တို့၏ ပြိုင်တူ ဖြစ်မှု တည်မှု ပျက်မှုကို အာရုံယူ၍ ဖြစ်-တည်-ပျက် = သန္တတိ-ဇရတာ-အနိစ္စတာဟု သိမ်းဆည်းပါ။ ကျန် (၆)ဒွါရ (၄၂) ကောဋ္ဌာသရှိ ရုပ်ကလာပ်တိုင်း၌ နည်းတူ သိမ်းဆည်းပါ။ ထိုနောင် ယင်း (၆)ဒွါရ (၄၂)ကောဋ္ဌာသရှိ ရုပ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကို ခြုံငုံ၍လည်း ဖြစ်-တည်-ပျက်ဟု သိမ်းဆည်းပါ။ ပဋိသန္ဓေအခိုက်မှ စ၍ ဣန္ဒြေပြည့်စုံ သည်တိုင်အောင် ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကိုလည်း (သိမ်းဆည်းနိုင်သောအခါ) အာရုံယူ၍ ဖြစ်- တည်-ပျက်ကို သိမ်းဆည်းပါ။
因此,应取眼十法聚内10种胜义真实色同时生起、同时住立、同时坏灭为所缘,把握为“生—住—灭”,也就是“色相续—色老性—色无常性”(သန္တတိ-ဇရတာ-အနိစ္စတာ)。其余六门、42身分中的每一种色聚,也应同样把握。随后,再总摄六门、42身分中诸色法的生、住、灭,把握为“生—住—灭”。若已能够把握从结生刹那起直到诸根圆满为止的真实色法,也应取它们的生、住、灭为所缘,把握为“生—住—灭”。
ဤကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၅) ၌ ရုပ်နာမ်ကို သိမ်းဆည်းရာ နာမရူပ ပရိစ္ဆေဒဉာဏ်ပိုင်း ဒိဋ္ဌိဝိသုဒ္ဓိ စခန်းပိုင်း၌ ရုပ်အစစ် ရုပ်အတုအားလုံးတို့ကို သိမ်းဆည်းရန် ညွှန်ကြားချက်အရ သိမ်းဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြားယူပုံကို ဖော်ပြချက်ပင်တည်း။
这正是依《清净道论》义注第二册第225页的指示,说明在把握名色的名色分别智(နာမရူပ ပရိစ္ဆေဒဉာဏ်)阶段,也就是见清净(ဒိဋ္ဌိဝိသုဒ္ဓိ)阶段,如何把握并以智分别一切真实色(完成色)与非实色(非完成色)。
အသင်ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်အစစ်တို့ကို သိမ်းဆည်းရာ၌ ရုပ်အတုတို့ကား မလွှဲမရှောင်သာ တွေ့ရှိ နေမည်သာ ဖြစ်ပေသည်။ သို့အတွက် ရုပ်တရားတို့ကို သိမ်းဆည်းရာ၌ ရုပ်အတုတို့ကိုပါ ရောနှော၍ သိမ်း ဆည်းရခြင်း ဖြစ်ပေသည်။ သို့သော် ရုပ်အတုများကား - အာကာရဝိကာရအန္တရပရိစ္ဆေဒမတ္တကာနိ (ဝိသုဒ္ဓိ-၂- ၂၂၅။) ဟူသော အဋ္ဌကထာအဖွင့်အရ ---- ၁။ (က) ကာယဝိညတ် ဝစီဝိညတ် ရုပ်တို့ကား စိတ္တသမုဋ္ဌာန် ရုပ်အစစ်တို့၏ ကိုယ်အမူအရာ နှုတ်အမူအရာ ဟူသော အခြင်းအရာ အာကာရမျှသာ ဖြစ်၏။
贤善瑜伽行者在把握真实色(完成色)时,势必也会遇到非实色(非完成色)。因此,把握诸色法时,必须把非实色也合在其“〔它们〕只是行相、变异及彼此间的分界而已。”(《清净道论》2-225。)所以:1.(甲)身表色与语表色,只是心生真实色所呈现的身体动作、言语动作之行相而已。
( ခ ) ဥပစယ-သန္တတိ-ဇရတာ-အနိစ္စတာတို့ကား စတုသမုဋ္ဌာန်ဖြစ်ကုန်သော ရုပ်အစစ်အားလုံးတို့၏ ဖြစ်မှု တည်မှု ပျက်မှု အခြင်းအရာ အာကာရမျှသာ ဖြစ်၏။
(乙)色积聚、色相续、色老性、色无常性(ဥပစယ-သန္တတိ-ဇရတာ-အနိစ္စတာ),只是由业、心、时节、食四种等起所生的一切真实色(完成色)的生、住、灭之行相而已。
၂။ လဟုတာ-မုဒုတာ-ကမ္မညတာတို့ကား စိတ္တသမုဋ္ဌာန် ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန် ရုပ်တို့၏ ထူးထွေ ကွဲပြားသော အခြင်းအရာအထူး ဝိကာရမျှသာ ဖြစ်၏။
2.色轻快性、色柔软性、色适业性(လဟုတာ-မုဒုတာ-ကမ္မညတာ),只是心生、时节生、食生色(စိတ္တသမုဋ္ဌာန် ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန် ရုပ်)各自殊异的特殊行相、变异而已。
၃။ အာကာသဓာတ်ဟူသည် ထိုထို ရုပ်ကလာပ်တို့၏ ကလာပ် တစ်ခုနှင့် တစ်ခု မရောယှက်ခြင်း၏ အကြောင်း တရား၏ အဖြစ်ဖြင့် အကြားအပေါက်ဖြစ်၍ ဖြစ်သော ပိုင်းခြားကြောင်း သဘောမျှ ကွက်လပ်မျှသာ ဖြစ်၏။ တကယ် ရုပ်အစစ်တို့ကား မဟုတ်ကြကုန်။
3.所谓虚空界,只是使各个色聚彼此不相混杂、在色聚之间形成间隙而起分界作用的性质,也就是空隙而已;它并不是真实色(完成色)。
လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ခြင်းငှာ မတတ်ကောင်းသော ရုပ်တို့သာ ဖြစ်ကြကုန်၏။
这些都只是不能安立无常、苦、无我三相而作观修、审察的色。
ထိုသို့ သုံးသပ်ခြင်းငှာ မတတ်ကောင်းသော်လည်း ရုပ်အစစ်တို့၏ အာကာရမျှ ဖြစ်ခြင်း၊ ဝိကာရမျှ ဖြစ်ခြင်း၊ ထိုထို ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှ ဖြစ်ခြင်းကြောင့် ရုပ်ဟူ၍ ခေါ်ဝေါ်ခြင်းသို့ကား ရောက်ရှိကြကုန်၏။
虽然不能如此审察,但因为它们只是完成色的行相、变异,以及各个色聚的分界,所以仍然得到“色”这一称名。
(ဝိသုဒ္ဓိ-၂-၂၅၂။)
缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၅၂။)”(《清净道论》2-252。)
ယင်း ရုပ် (၂၈)ပါးတို့တွင် ဥပစယ-သန္တတိ-ဇရတာ-အနိစ္စတာဟူသော လက္ခဏရုပ် (၄)မျိုးတို့ကား မည်သည့်အကြောင်း တစ်စုံတစ်ရာကြောင့်မျှ မဖြစ်သော နကုတောစိသမုဋ္ဌာန်ရုပ် တို့ မည်ကုန်၏။
在这28种色中,称为色积聚、色相续、色老性、色无常性(ဥပစယ-သန္တတိ-ဇရတာ-အနိစ္စတာ)的4种特相色(လက္ခဏရုပ်),名为“不从任何因等起之色”(နကုတောစိသမုဋ္ဌာန်ရုပ်),即不由任何一种因所生的色。
တိုက်တွန်းချက်
劝勉
ရှေး သမာဓိထူထောင်သင့်ပုံ အပိုင်း စာမျက်နှာ (၁၈၉-၁၉ဝ) တို့၌ ရှင်းလင်း တင်ပြခဲ့သည့်အတိုင်း မူလပဏ္ဏာသပါဠိတော် (မ-၁-၂၈ဝ-၂၈၆။) မဟာဂေါပါလကသုတ္တန်တွင် ဘုရားရှင်၏ ဟောကြားထားတော် မူချက်နှင့် ယင်းအဋ္ဌကထာ၏ ဖွင့်ဆိုတော်မူချက်အရ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ် (၂၈)ပါးဟူသော အရေအတွက်အားဖြင့်လည်းကောင်း၊ ယင်း ရုပ်တို့တွင် ----
如前文“应如何建立定”部分第189—190页所作的清楚说明,依《中部·根本五十篇》(《中部》1-280—286)《大牧牛者经》中世尊的教说及其义注的解释,贤善瑜伽行者必须能够依28种色的数目,并且依这些色中——
原书第 731 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၁။ မည်သည့် ရုပ်တရားများက ကံကြောင့် ဖြစ်ကြသည်၊ ၂။ မည်သည့် ရုပ်တရားများက စိတ်ကြောင့် ဖြစ်ကြသည်၊ ၃။ မည်သည့် ရုပ်တရားများက ဥတုကြောင့် ဖြစ်ကြသည်၊ ၄။ မည်သည့် ရုပ်တရားများက အာဟာရကြောင့် ဖြစ်ကြသည်၊ ၅။ မည်သည့် ရုပ်တရားများက မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ်ကြ ---- ဟု ဖြစ်ကြောင်း သမုဋ္ဌာန်အားဖြင့်လည်းကောင်း ကွဲကွဲပြားပြား သိအောင် ရှုပွား သိမ်းဆည်းနိုင်ပါမှ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိနိုင်မည် ဖြစ်သဖြင့် အကြောင်းသမုဋ္ဌာန်နှင့်တကွ ရုပ် (၂၈)ပါးတို့ကို သိမ်း ဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြားယူပုံတို့ကို ရှင်းလင်းတင်ပြခဲ့ပြီ ဖြစ်ပေသည်။ ယခုတစ်ဖန် ယင်းရုပ်တရားအားလုံး တို့ကို ခြုံငုံ၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဤသို့ ညွှန်ကြားထားတော်မူပေသည်။
——1.哪些色法由业所生;2.哪些色法由心所生;3.哪些色法由时节所生;4.哪些色法由食所生;5.哪些色法不由任何一种因所生——这样依生起的等起因分别清楚地观修、把握。因为只有做到这些,才能获得道智、果智与涅槃,所以前文已经说明了如何连同因等起把握28种色,以及如何以智分别它们。现在,《清净道论》义注又作如下指示,教人总摄这一切色法而把握。
ရုပ်တရားအားလုံးကို ခြုံ၍ သိမ်းဆည်းပါ
总摄一切色法而把握
သော သဗ္ဗာနိပိ တာနိ ရုပ္ပနလက္ခဏေန ဧကတော ကတွာ ''ဧတံ ရူပ''န္တိ ပဿတိ။ (ဝိသုဒ္ဓိ-၂-၂၂၃။) ထို ယောဂါဝစရပုဂ္ဂိုလ်သည် ထို (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ဖောက် ပြန်တတ်သော သဘောလက္ခဏာအားဖြင့် တစ်ပေါင်းတည်း တစ်စုတည်း ပြု၍ - ''ဤကား ရုပ်တရား''ဟု ရှု၏။ (ဝိသုဒ္ဓိ-၂-၂၂၃။) ဤအဋ္ဌကထာ၏ ညွှန်ကြားချက်အရ ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ (၆)ဒွါရတို့တွင် ဒွါရ တစ်ခုစီ တစ်ခုစီ၌ (၄၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီ၌ (၅၄)မျိုး (၄၄)မျိုး စသော ရုပ်တရားတို့ကို ခြုံ၍ ''ရုပ်တရား ရုပ်တရား''ဟု သိမ်းဆည်းပါ။ ထိုနောင်မှ (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရား အားလုံးကို ခြုံငုံ၍ ''ရုပ်တရား ရုပ်တရား''ဟု သိမ်းဆည်းပါ။
“然后,他把这一切依变异之相总合为一,观见:‘这是色。’”(《清净道论》2-223。)也就是说,这位瑜伽行者把存在于六门、42身分中的诸色法,依会变异的自性特相总合为一体、一组,而观为“这是色法”。依义注这一指示,瑜伽行者应先在六门的每一门、42身分的每一身分中,分别总摄54种、44种等色法,把握为“色法、色法”;随后,再总摄六门、42身分中的全部色法,把握为“色法、色法”。
ရုပ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက် အတိုချုပ် မှတ်ရန်
色业处观法提要
၁။ သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။ (အာနာပါနဿတိသမာဓိကို ဖြစ်စေ၊ အခြား သမာဓိ တစ်ခုခုကို ဖြစ်စေ ထိုင်တိုင်း သမာဓိထူထောင်ပါ။) ၂။ ရုပ်ကလာပ်များကို မမြင်ခင် ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ဥပစာရသမာဓိသို့ ဆိုက်အောင် ဓာတ်ကြီး (၄)ပါး ကို အာရုံယူ၍ သမာဓိထူထောင်ခိုက်၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် - ဟု ဓာတ်ကြီး (၄)ပါးတို့၏ ဆိုင်ရာ သဘာဝလက္ခဏာကို အာရုံယူ ဦးစားပေး၍ ရှုပါ။
1.逐级重新建立定力。(无论修入出息念定(အာနာပါနဿတိသမာဓိ)或其他任何一种定,每次坐禅都应建立定力。)2.尚未看见色聚之前,应循界业处之路,以四大界为所缘建立定力,直至到达近行定(ဥပစာရသမာဓိ);在此过程中,应以地界、水界、火界、风界(ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်)各自相应的自性特相为所缘,优先加以观照。
၃။ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်သဖြင့် ရုပ်ကလာပ်များကို မြင်၍ ရုပ် ကလာပ်များကို ဓာတ်ခွဲရာ၌ကား ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ-ဇီဝိတ- စက္ခုပသာဒ - ဤသို့ စသည်ဖြင့် ထိုထိုကလာပ်အလိုက် ရှုပါ။
3.循界业处之路到达近行定领域、看见色聚以后,在分析色聚时,应依各个色聚所含的色法,逐一观照为地、水、火、风、颜色、香、味、食素、命根、眼净色等;缅文巴利名项原串:“ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ-ဇီဝိတ- စက္ခုပသာဒ”。
၄။ (၆)ဒွါရတို့တွင် ဒွါရတစ်ခု တစ်ခု အတွင်း၌ (၄၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသတစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ---- (က) (၅၄)မျိုး (၄၄)မျိုးစသော ရုပ်အစစ်များကိုလည်းကောင်း၊
4.对于存在于六门中每一门、42身分中每一身分内的:(甲)54种、44种等真实色(完成色);以及——
原书第 732 页
( ခ ) ရုပ်အစစ်နှင့် ရနိုင်သမျှသော ရုပ်အတုတို့ကိုလည်းကောင်း၊ ( ဂ ) (၆)ဒွါရ (၄၂)ကောဋ္ဌာသဟူသော တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်အစစ်တို့ကိုလည်းကောင်း၊ (ဃ) (၆)ဒွါရ (၄၂)ကောဋ္ဌာသဟူသော တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်အစစ် ရုပ်အတု အားလုံးတို့ကို
——(乙)真实色(完成色)与其中一切能够获得的非实色(非完成色);(丙)存在于称为六门、42身分的全身之中的全部真实色;(丁)存在于称为六门、42身分的全身之中的全部真实色与非实色——
လည်းကောင်း
——等各项——
ဉာဏ်ဖြင့် ခြုံငုံ၍ ရှုနိုင်သောအခါ ဖောက်ပြန်တတ်သော (ရုပ္ပန)သဘောလက္ခဏာအားဖြင့် တစ်ပေါင်း တစ်စုတည်း ပြု၍ ရောနှောခြုံငုံ၍ ရှုနိုင်သောအခါ ---- ၁။ ''ဤကား ရုပ်-ရုပ်''ဟု လည်းကောင်း၊ သို့မဟုတ် ၂။ ''ရုပ်-ရုပ်''ဟုလည်းကောင်း၊ သို့မဟုတ် ၃။ ''ရုပ်တရား ရုပ်တရား''ဟုလည်းကောင်း ရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
——当能够以智总摄而观,并依会变异(ရုပ္ပန)的自性特相把它们合为一体、一组,混合总摄而观时,应以如下任一方式观照、把握并以智分别:1.“这是色、这是色”;或2.“色、色”;或3.“色法、色法”。
ဖောက်ပြန်တတ်သောသဘော
色之变异义
ရုပ္ပနဉ္စေတ္ထ သီတာဒိဝိရောဓိပစ္စယသန္နိပါတေ ဝိသဒိသုပ္ပတ္တိ။
“这里所谓变异,是在寒冷等相违缘会合时,异样地生起。”
သီတာဒီဟီတိ သီတုဏှဇိဃစ္ဆာပိပါသာဒီဟိ။ (မဟာဋီ-၂-၈၆။) ကိဉ္စ ဘိက္ခဝေ ရူပံ ဝဒေထ၊ ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ''ရူပ''န္တိ ဝုစ္စတိ။ ကေန ရုပ္ပတိ။ သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ၊ ဇီဃစ္ဆာယပိ ရုပ္ပတိ၊ ပိပါသာယပိ ရုပ္ပတိ၊ ဍံသမကသဝါတာတပသရီသပသမ္ဖဿေနပိ ရုပ္ပတိ။ ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ''ရူပ''န္တိ ဝုစ္စတိ။ (သံ-၂-၇၁။ ခဇ္ဇနီယသုတ္တန်။) ဖောက်ပြန်တတ်သော သဘောဟူသည် ပူမှု အေးမှု စသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရုပ်သန္တတိ အစဥ်၏ မတူသောဖြစ်ခြင်း ပုံစံ အမျိုးမျိုး ပြောင်းလဲ၍ ဖြစ်ခြင်းကို ဆိုလိုသည်။ အပူလွန်ကဲသော အခါ အပူဖျား ဖျားသော ရုပ်သန္တတိ အစဥ်များ ဆက်တိုက် ဖြစ်နေမှု၊ အအေးဓာတ် လွန်ကဲသောအခါ အအေးနာ နာသော ရုပ်သန္တတိ အစဥ်များ ဆက်တိုက်ဖြစ်နေမှုမျိုးကို ဖောက်ပြန်သည်ဟု ဆိုရ၏၊ မတူသော ဖြစ်ခြင်းဟု ဆိုရ၏၊ ရှေးဖြစ်နေသော ရုပ်သန္တတိအစဥ်နှင့် မတူဘဲ နောက်ရုပ်သန္တတိအစဥ်၏ ဖြစ်မှု၊ ပုံစံ အမျိုးမျိုး ပြောင်း
“所谓‘寒冷等’,是指寒冷、炎热、饥饿、干渴等。”(《大复注》2-86。)巴利“诸比丘,为何称之为‘色’?诸比丘,因为它会变异,所以称为‘色’。它因何而变异?因冷而变异,因热而变异,因饥而变异,因渴而变异,也因虻、蚊、风、日晒与爬虫的接触而变异。诸比丘,因为它会变异,所以称为‘色’。”(《相应部》2-71,《Khajjanīya 经》。)所谓会变异之性,是指由于热、冷等相反因缘,色相续异样生起、以种种形态变化而生。热过盛时,灼热发烧的色相续不断生起;冷过盛时,寒病发作的色相续不断生起,这就称为变异,也称为异样地生起。也就是说,后后的色相续不同于先前的色相续,并以种种形态发生变——
လဲ၍ ဖြစ်မှုဟု ဆိုရ၏။
——化而生起,便称为变异。
အလားတူပင် ထမင်းဆာလောင်မွတ်သိပ်သောအခါ ရုပ်တို့၏ ဖြစ်မှုမှာ ပုံစံ တစ်မျိုး၊ ထမင်းဝသောအခါ ရုပ်တို့၏ ဖြစ်မှုမှာ ပုံစံ တစ်မျိုး၊ မှက်-ခြင်-ယင်-လေ-နေပူ-မြွေကင်းသန်းတို့၏ကိုက်ခဲခြင်း အတွေ့အထိကြောင့် ရုပ်တို့၏ ဖြစ်မှုမှာ ပုံစံ တစ်မျိုး - ဤသို့ စသည်ဖြင့် အပူ အအေး စသော အကြောင်းတို့ကြောင့် ပုံစံ အမျိုးမျိုး ပြောင်းလဲ၍ ဖြစ်နေမှုကို ဖောက်ပြန်သည်ဟု ဆိုရ၏။ ထိုသို့ ဖောက်ပြန်တတ်သောကြောင့် ရုပ်ဟု ခေါ်ဆို အပ်ပေသည်။
同样,饥饿时诸色的生起是一种形态,饱食时又是一种形态;因虻、蚊、蝇、风、日晒、蛇、蝎、虱等的叮咬与接触,诸色的生起又是另一种形态。如此,由热、冷等原因而以种种形态变化生起,就称为变异。正因为会发生这样的变异,所以称为“色”。
အအေးကြောင့် ရုပ်တို့၏ ဖောက်ပြန်မှုကား လောကန္တရိက်ငရဲ၌ ပို၍ ထင်ရှား၏၊ မဟိံ သကတိုင်း စသည်တို့ဝယ် ဆီးနှင်းအအေးဒဏ် ခံရသော ဒေသတို့၌လည်း အအေးဒဏ်ကြောင့် သတ္တဝါတို့၏ ခန္ဓာကိုယ် များ ကွဲအက်ပျက်စီး၍ အသက်ကုန်ဆုံးနိုင်သဖြင့် အအေးကြောင့် ဖောက်ပြန်မှု ထင်ရှား၏။
由寒冷所致的色之变异,在世间隙地狱(လောကန္တရိက်ငရဲ)中尤其明显;在摩醯沙迦地区(မဟိံ သကတိုင်း)等遭受冰雪严寒的地方,有情的身体会因寒冷而冻裂、毁坏,乃至命终,所以寒冷所致的变异十分明显。
အပူကြောင့် ဖောက်ပြန်မှုကား အဝစီငရဲ၌ ပို၍ ထင်ရှား၏။ ထမင်းဆာလောင် မွတ်သိပ်ခြင်းကြောင့် ရုပ်တို့၏ ဖောက်ပြန်မှုကား ပြိတ္တာဘုံဘဝ၌လည်းကောင်း၊ ဒုဗ္ဘိက္ခဘေး အစာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုး ကြီး ကပ်ဆိုးကြီး ဆိုက်ရောက်သောအခါ၌လည်းကောင်း ပို၍ ထင်ရှား၏။ ရေမွတ်သိပ်ခြင်းကြောင့် ရုပ်တို့၏
由炎热所致的变异,在阿鼻地狱(အဝီစိငရဲ)中尤其明显。由饥饿所致的色之变异,在饿鬼界中,以及发生饥荒、缺粮等重大灾难时,尤其明显。由干渴所致的色之——
原书第 733 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ဖောက်ပြန်မှုကား ကာလကဉ္စိကာအသုရာစသော အပါယ်ဘဝတို့၌ ပို၍ ထင်ရှား၏။ မှက်-ခြင်-ယင် ပေါသော အရပ်တို့၌ မှက်-ခြင်-ယင်တို့၏ ကိုက်ခဲခြင်းကြောင့် ရုပ်တို့၏ ဖောက်ပြန်မှု ပို၍ ထင်ရှား၏။ ငှက်ဖျားရောဂါ စသည်တို့ကား ဖောက်ပြန်မှု ထင်ရှားသော သာဓကတို့တည်း။
——变异,在 Kālakañcika 阿修罗(ကာလကဉ္စိကာအသုရာ)等恶趣生命中尤其明显。在虻、蚊、蝇很多的地方,诸色因它们叮咬而发生的变异尤其明显;疟疾等病,则是变异十分显著的实例。
ခန္ဓာအိမ်အတွင်း၌ လေဓာတ် = ဝါယောဓာတ် ဖောက်ပြန်ပျက်စီးလာသောအခါ လက်-ခြေ စသည်တို့ သည် သေသွားတတ်ကုန်၏။ လက်လှုပ်မရခြင်း၊ ခြေလှုပ်မရခြင်း၊ လက်တစ်ဖက်သေခြင်း၊ ခြေတစ်ဖက်သေခြင်း စသည်တို့ ဖြစ်လာတတ်ကုန်၏။ နှလုံးသွေးကြော၊ ဦးဏှောက်သွေးကြော စသည်တို့ ပြတ်သွားတတ်ကုန်၏။
身体内部的风元素=风界(လေဓာတ် = ဝါယောဓာတ်)发生变异、损坏时,手、脚等可能麻痹失用,出现手不能动、脚不能动、一只手瘫痪、一只脚瘫痪等情形;心脏血管、脑血管等也可能破裂。
မျက်စိ ကာဏ်းတတ်၏၊ ကုန်းကွ သွားတတ်၏၊ ဆွံအသွားတတ်၏။ နေပူကြောင့် ဖောက်ပြန်မှုကား သဲကန္တာရ တို့၌ ပို၍ ထင်ရှား၏။
眼睛可能失明,身体可能佝偻,也可能变成哑者。由日晒所致的变异,在沙漠中尤其明显。
ဤသို့လျှင် ရှေးရှေး ဖြစ်နေကြ ရုပ်သန္တတိအစဥ်နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိအစဥ်၏ ပုံစံ အမျိုးမျိုး ပြောင်းလဲ၍ ဖြစ်မှုကိုပင် ဖောက်ပြန်သည်ဟု ဆိုသည်။ သို့သော် ထိုရုပ်သန္တတိအစဥ်အတွင်း၌ ဖြစ်ပွားလျက် ရှိကြသော ပထဝီ အာပေါ တေဇော ဝါယော စသော ရုပ်ပရမတ်သဘောတရားတို့ကား မိမိတို့၏ မာမှု ယိုစီးမှု ပူမှု ထောက်မှု စသော ကိုယ်ပိုင်သဘာဝလက္ခဏာများ၏ ပြောင်းလဲမှု မရှိသည့်အတွက် ပရမတ် ဟူသော အမည်ကို ရရှိကြပေသည်။ (သံ-ဋ္ဌ-၂-၂၆၇-၂၆၈ - စသည်တို့၌ကြည့်။) နာမ်တရားတို့၌ ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရှေးရှေး နာမ်သန္တတိ အစဥ်နှင့် မတူသော နောက်နောက်သော နာမ်သန္တတိအစဥ်၏ ဖြစ်မှုကား ထင်ရှား ရှိသည်သာ ဖြစ်၏။ သို့သော် နာမ်တရားတို့၏ ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ပုံစံအမျိုးမျိုး ပြောင်းလဲ၍ ဖြစ်မှု ဖောက်ပြန်မှုကား ရုပ်တရားတို့ လောက် မထင်ရှားပေ။ ရုပ်တရားတို့၏ ဖောက်ပြန်မှုကသာ နာမ်တရားတို့ထက် အလွန့်အလွန် ပို၍ ထင်ရှား၏၊
如此,所谓变异,就是后后生起的色相续以种种形态发生变化,不同于先前生起的色相续。不过,在该色相续中转起的地、水、火、风(ပထဝီ အာပေါ တေဇော ဝါယော)等胜义色法,其硬、流动、热、支持等各自固有的自性特相并无改变,因此获得“胜义”(ပရမတ်)之名。(见《相应部义注》2-267—268等。)在名法方面,由于相反因缘,后后的名相续不同于先前的名相续而生起,这也明显存在;可是,名法因相反因缘而以种种形态变化生起的变异,并不像色法那样明显。色法的变异远比名法明显得多——
ထိုကြောင့် အထင် ရုဠှီအားဖြင့် ရုပ်တရားတို့ကိုသာ ဖောက်ပြန်တတ်သော သဘောတရားဟု ခေါ်ဆိုလေသည်။
——因此,依其显著性与惯用法,只把色法称为具有会变异之性的法。
(မဟာဋီ-၂-၈၆။)
缅文出处原文:“(မဟာဋီ-၂-၈၆။)”(《大复注》2-86。)
ဗုဒ္ဓအဘိဓမ္မာ၏ ရုပ်ပိုင်းဆိုင်ရာ အယူအဆ
佛教阿毗达磨的色法观
ဤတွင် ဗုဒ္ဓအဘိဓမ္မာ၏ ရုပ်ပိုင်းဆိုင်ရာ ရှုကွက်များ အဇ္ဈတ္တ၌ ပြီးဆုံးပြီ ဖြစ်ပါသည်။ ဤမျှအထိ ရုပ် ပရမတ် တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် ရှုပွား သိမ်းဆည်းတတ်ပြီး ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဗုဒ္ဓအဘိဓမ္မာ၏ နက်နဲသော သိမ်မွေ့သော ရုပ်ပိုင်းဆိုင်ရာ အယူအဆများကို သဘောပေါက်နိုင်ပြီ ဖြစ်ပေသည်။
佛教阿毗达磨关于内在色法的观法,到这里已经结束。贤善瑜伽行者若已能观修、把握胜义色法,直到智见抵达胜义,并已用智慧加以分别,就能够理解佛教阿毗达磨中深奥、微妙的色法观。
သတ္တဝါတို့၏ ခန္ဓာအိမ်ကား ပရမာဏုမြူခန့် အလွန့်အလွန် သေးငယ်သော ရုပ်ကလာပ် အမှုန်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ယင်း ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ အနည်းဆုံး ပမာဏအားဖြင့် ပထဝီ- အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာဟု ရုပ်ပရမတ်သဘောတရား (၈)မျိုး ရှိ၏။ အချို့ ရုပ်ကလာပ် များ၌ ရုပ်ပရမတ်သဘောတရား (၉)မျိုး (၁ဝ)မျိုးစသည် ရှိကြ၏။
有情的身体,只是许多小如极微尘的色聚微粒集合而成。每一个色聚中,最少含有地、水、火、风、颜色、香、味、食素这8种胜义色法自性;缅文巴利名项原串:“ပထဝီ- အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ”。有些色聚含有9种、10种等胜义色法自性。
ယင်းရုပ်ပရမတ်သဘောတရားတို့ကား အမှုန်မဟုတ်ပါ၊ အတုံးအခဲ မဟုတ်ပါ။ အထည်ဝတ္ထု သဏ္ဌာန် ဒြပ် မဟုတ်ပါ။ ပရမတ်သဘောတရား သက်သက်မျှသာ ဖြစ်၏။ မာမှု ယိုစီးမှု ပူမှု ထောက်မှုစသော သဘော တရားသက်သက်မျှသာ ဖြစ်၏။ (၈)မျိုး (၉)မျိုး စသော ယင်းရုပ်ပရမတ်သဘောတရား သက်သက်များကို ပေါင်း စု တည်ဆောက်လိုက်သောအခါ ရုပ်ကလာပ်ခေါ်သည့် အမှုန်ကလေး တစ်မှုန် ဖြစ်ပေါ်လာ၏။ ပကတိမျက်စိဖြင့်
这些胜义色法自性本身并不是微粒,也不是块体,不是具有物质形状的实体;它们只是胜义自性,只是硬、流动、热、支持等自性。把8种、9种等这些纯粹的胜义色法自性组合起来,才构成一个称为“色聚”的小微粒。它以肉眼——
原书第 734 页
မမြင်နိုင်သော ဉာဏ်မျက်စိဖြင့်သာ မြင်နိုင်ကောင်းသော အသေးဆုံးသော ရုပ်ပရမတ် အဖွဲ့အစည်း တစ်ခုကို ရုပ်ကလာပ်ဟု ခေါ်၏။ ယင်းရုပ်ကလာပ် အမှုန်ပေါင်းများစွာကို ပေါင်းစုတည်ဆောက်လိုက်ပါမှ ဆံပင် မွေးညင်း ခြေသည်း လက်သည်း စသော (၃၂)ကောဋ္ဌာသ သို့မဟုတ် (၄၂)ကောဋ္ဌာသ အစုအဝေးများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယင်း (၃၂)ကောဋ္ဌာသ သို့မဟုတ် (၄၂)ကောဋ္ဌာသတို့ကို အတိတ်က ကံစီမံသည့်အတိုင်း အချိုး တကျ တပ်ဆင်လိုက်ပါမှ သမ္မုတိသစ္စာနယ်သုံး ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည် ဖြစ်ထွန်း ပေါ်ပေါက် လာခြင်း ဖြစ်၏။
——无法看见,只能由慧眼看见;这种最小的胜义色法组合称为“色聚”。只有许许多多色聚微粒集合起来,才形成头发、身毛、手足甲等32身分或42身分的聚集体;又只有依过去业的安排,把这32身分或42身分按比例装配起来,才会在世俗谛(သမ္မုတိသစ္စာ)领域中形成人们所说的男人、女人、补特伽罗、有情等。
သို့အတွက် လူသားတို့၏ ခန္ဓာအိမ်ဝယ် မူလအခြေခံအကျဆုံး တည်ဆောက်ထားသော ရုပ်တို့ကား မာမှု ယိုစီးမှု ပူမှု ထောက်မှု စသော သဘောတရား သက်သက်မျှသာ ဖြစ်၏။ ယင်းရုပ်ပရမတ်သဘောတရားတို့ကား မဖြစ်ခင်က မရှိခြင်း၊ ဖြစ်ပြီးနောက် မရှိခြင်းဟု ဆိုအပ်သော မရှိခြင်းနှစ်ခုတို့၏ အလယ်၌သာလျှင် ယာယီ အခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာကြသော ဓမ္မသဘာဝတို့သာလျှင် ဖြစ်ကြ၏။ ယာယီဟူသည် မည်မျှ အချိန် ကြာသည့် ယာယီနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့တည်း။
因此,人类身体中最根本的构成,只是硬、流动、热、支持等自性而已。这些胜义色法自性,只是在“生起以前不存在”与“生起以后又不存在”这两种不存在之间,暂时、刹那生起的法性而已。那么,所谓“暂时”,究竟暂时多久呢?答案如下。
ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ (သံ-ဋ္ဌ-၂-၂၉၅။) = လက်ဖျစ်တစ်တွက် (= တစ်စက္ကန့်)ဟု ခေါ်ဆိုထိုက်သော အချိန်အခါ ကာလအတွင်း၌ နာမ်တရားတို့သည် အကြိမ်ပေါင်း ကုဋေ တစ်သိန်းခန့် ဖြစ်ပြီး၍ ချုပ်သွား၏ဟု ဖွင့်ဆိုထားသဖြင့် စိတ္တက္ခဏခေါ်သည့် စိတ်တစ်ခု၏ သက်တမ်း အချိန် ကာလကား လက်ဖျစ်တစ်တွက် (= တစ်စက္ကန့်) အချိန်ကာလကို ကုဋေတစ်သိန်းပုံပါက တစ်ပုံခန့်သာ သက်တမ်း ရှိ၏။ ရုပ်တရားတို့ကား ယင်းစိတ္တက္ခဏပေါင်း (၁၇)ချက် အသက်ရှည်၏ဟု အဆိုရှိသဖြင့် ကုဋေတစ်သိန်းကို (၁၇)ဖြင့် စားသော် ကုဋေငါးထောင်ကျော် အဖြေထွက်လာသဖြင့် တစ်စက္ကန့်ဟု ခေါ်ဆိုအပ်သောအချိန်ကာလ ကို ကုဋေငါးထောင်ကျော်ခန့် ပုံခဲ့သော် တစ်ပုံခန့်သာ သက်တမ်းရှိကြပေသည်။ ဤမျှ သက်တမ်း တိုတောင်း လှသော ရုပ်ပရမတ်တရားများ ဖြစ်ကြ၏။ ယင်းသို့ အလွန့်အလွန် သက်တမ်းတိုတောင်းလှသော ရုပ်တရား
“在一弹指顷,生起后灭去者,数达十万俱胝。”(《相应部义注》2-295。)因此,若把一弹指、约一秒的时间分成十万俱胝份,称为心刹那(စိတ္တက္ခဏ)的一个心,其寿命仅约其中一份。典籍说色法的寿命为17个这样的心刹那;十万俱胝除以17,所得为五千余俱胝,所以色法的寿命仅约相当于把一秒分成五千余俱胝份后的一份。胜义色法的寿命就是如此短暂。对于这些寿命极其短暂的色法——
များကို ယောဂါဝစရပုဂ္ဂိုလ်သည် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက် သိမြင်သောအခါသို့ ဆိုက်ရောက်ပါမှ အနိစ္စာ- နုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်များလည်း ဟုတ်တိုင်းမှန်စွာ ဖြစ်ထွန်းပေါ် ပေါက်လာမည် ဖြစ်ပေသည်။ အနတ္တရောင်ခြည်တော်သည် တင့်တယ်စမ္ပယ်စွာ ထွန်းလင်းတောက်ပလာမည် ဖြစ်ပေသည်။ ယင်းအနတ္တရောင်ခြည်တော်ကား သာသနာတော်တွင်း၌သာ ရရှိနိုင်သည့် အနှစ်သာရကြီး တစ်ခု ပင် ဖြစ်သည်။
——只有当瑜伽行者到达如实穿透、知见它们的阶段,无常随观智、苦随观智、无我随观智才会如实生起。缅文巴利智名原串:“အနိစ္စာ- နုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်”。那时,无我之光将庄严灿烂地照耀;这一无我之光,正是只有在佛陀教法之中才能获得的一大精髓。
သို့သော် ရုပ်တရား သက်သက်ကို ဝိပဿနာရှုနေရုံမျှဖြင့် ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် မည်သည့်နည်းနှင့်မျှ မဖြစ်ပေါ်နိုင်သဖြင့် နာမ်တရားတို့ကိုလည်း ဆက်လက်၍ ရှုပွားသိမ်းဆည်းရမည်သာ ဖြစ်ပေသည်။ (အဘိ-ဋ္ဌ-၁-၂၇၁ - ကြည့်။) နာမ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်များကို မရေးသားမီ ဤတွင် ---- ရုပ်ပိုင်းဆိုင်ရာ ဣရိယာပထနှင့် သမ္ပဇည ရှုကွက်များကို ဆက်လက် ဖော်ပြအပ်ပါသည်။
然而,只把色法作为毗婆舍那(ဝိပဿနာ)的所缘而修观,名为“出起”(ဝုဋ္ဌာန)的圣道智(အရိယမဂ်ဉာဏ်)无论如何也不能生起,因此还必须继续观修、把握名法。(参见《阿毗达磨义注》1-271。)在撰写名业处部分的观法以前,这里先继续说明色法方面的威仪路(ဣရိယာပထ)与正知(သမ္ပဇည)观法。