“定并非教内之法”

应当建立定 · 原书第 239 页 · 9 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 239 页
သမာဓိသည် သာသနာတွင်းတရား မဟုတ်
“定并非教内之法”
အချို့အချို့သော ဆရာမြတ်တို့ကလည်း သမာဓိသည် (= သမထသည်) သာသနာတွင်းတရား မဟုတ်၊ သာသနာပတရားသာ ဖြစ်သည်။ သာသနာတွင်း၌ သမာဓိထူထောင်နေဖို့ မလိုဟုလည်း ဆိုကြပြန်၏။
另有一些导师声称:定〔即止〕不是佛陀教法以内的法,只是教外之法;在佛陀教法中,不需要建立定。
သာသနာပ၌ စျာန်အဘိညာဏ်ကို ရရှိတော်မူကြသော ရသေ့သူတော်စင်တို့ ရှိခဲ့ကြသည်ကား မှန်၏၊ သာသနာပ၌ စျာန်အဘိညာဏ်များ ရှိရုံမျှဖြင့် သမာဓိသည် (= သမထသည်) သာသနာတွင်းတရား မဟုတ်ဟု မစွပ်စွဲသင့်ပေ။
在佛陀教法以外,的确曾有证得禅那与神通智(abhiññā)的仙人贤士;然而,不能仅仅因为教外也有禅那与神通智,就指责定〔即止〕不是教内之法。
သာသနာပအခါကာလ၌လည်း ငါးပါးသီလကို ကျင့်ကြသူ ငါးပါးသီလ မြဲကြသူ သူတော်ကောင်းများ ရှိခဲ့ကြသည်သာ ဖြစ်၏။ သာသနာပ၌ သီလကျင့်စဥ် ရှိခဲ့သည့်အတွက် ယင်းသီလကျင့်စဥ်ကိုလည်း သာသနာပ တရားဟုပင် ဆိုမည်လော၊ မဆိုသင့်သည်သာ ဖြစ်၏။
在佛陀教法之外,也同样有修持五戒、守护五戒的善士。难道因为教外曾有戒的修习次第,就也要把这一戒行说成教外之法吗?当然不应如此说。
တသ္မာ တိဟ တွံ ဘိက္ခု အာဒိမေဝ ဝိသောဓေဟိ ကုသလေသု ဓမ္မေသု။ ကော စာဒိ ကုသလာနံ ဓမ္မာနံ၊ သီလဉ္စ သုဝိသုဒ္ဓံ ဒိဋ္ဌိ စ ဥဇုကာ။ (သံ-၃-၁၂၄။) ဤအထက်ပါ ဘိက္ခုသုတ္တန်၌ ဘုရားရှင်သည် ကုသိုလ်တရားအားလုံးတို့၏ ရှေးဦးအစ ဖြစ်သော --- ၁။ သီလ၊ ၂။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကံ-ကံ၏အကျိုးကို သက်ဝင်ယုံကြည် တတ်သိနားလည်သော သမ္မာဒိဋ္ဌိ --- ဤနှစ်ပါးကို သာသနာတော်၌ ရှေးဦးစွာ ဖြည့်ကျင့်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။
“因此,比丘,你应当首先净化善法的开端。什么是善法的开端?戒极为清净,见正直。”(《相应部》3-124。)在上述《比丘经》中,佛陀教导人们应在教法中首先圆满一切善法的两项开端:1.戒;2.业为己有正见(kammassakatā-sammādiṭṭhi),即信受并理解业与业果的正见。
အကယ်၍ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို သာသနာတွင်း တရားအစစ် ဖြစ်သည်ဟု လက်ခံနိုင်ပါလျှင် မဂ္ဂင် (၈)ပါးတွင် အကျုံးဝင်သော မဂ္ဂင် (၈)ပါး၏ အင်္ဂါ အစိတ် အပိုင်း တစ်ခုဖြစ်သော သမ္မာသမာဓိကို အဘယ်ကြောင့် သာသနာတွင်းတရားအဖြစ် လက်မခံနိုင်ရပါသနည်း?
禅修贤友,如果你能够接受八道支这一殊胜行道是真正的教内之法,那么,正定既然为八道支所摄,又是八道支的一个构成部分,为什么不能接受正定也是教内之法呢?
ဘုရားရှင်နှင့် ဘုရားရှင်၏ တရားတော်အပေါ်၌ မဟုတ် မတရား မစွပ်စွဲမိဖို့ရန်ကား သူတော်ကောင်း မှန်သမျှ အထူးဂရုပြုရမည့် အရာပင် ဖြစ်ပေသတည်း။
凡是善士,都尤其应当谨慎,切勿对佛陀及佛陀的教法作不实、不当的指责。
အကယ်၍ အသင်သူတော်ကောင်းသည် သမာဓိထူထောင်မှုကို အလွန်အလွန် ရွံရှာစက်ဆုပ်နေသေးသူ ဖြစ်လျှင်၊ သမာဓိထူထောင်ဖို့ မလိုပါဟူသော အယူဝါဒကိုပင် ဖားမြွေခဲသို့ ဇွတ်အတင်းခဲထားလျှင် ''ငါသည် အရှင်အဿဇိ မထေရ်မြတ်ကဲ့သို့ အတိတ်-အနာဂတ်-ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-သြဠာရိက-သုခုမ-ဟီန-ပဏီတ- ဒူရ-သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဝိပဿနာ ရှုနိုင်ပြီလား''ဟူသော ဤမေးခွန်းကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ မိမိကိုယ်ကို မိမိ ရိုးသားစွာ အဖြေပေးနိုင်သူ ဖြစ်သဖြင့် - ''မရှုနိုင်သေး''ဟု အဖြေထွက်ခဲ့လျှင် အရိယမဂ်၏ ရှေးအဖို၌ ကျင့်ရသော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟူသော လောကီသတိပဋ္ဌာနကျင့်စဥ်ပိုင်း၌ သမ္မာသမာဓိ အဝင်အပါ ဖြစ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို လောကုတ္တရာမဂ်ဉာဏ် ရရှိရေးအတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် ကျင့်ကြံ
禅修贤友,如果你仍然极其厌恶建立定,仍顽固地死死执住“不需要建立定”这一见解不放,就请问问自己:“我已经能够像阿说示尊者那样,对依过去(atīta)、未来(anāgata)、现在(paccuppanna)、内(ajjhatta)、外(bahiddhā)、粗(oḷārika)、细(sukhuma)、劣(hīna)、胜(paṇīta)、远(dūra)、近(santika)这11种情形而存在的5取蕴修毗婆舍那观了吗?”如果你能诚实地回答自己,而答案是“还不能观”,那么,为了获得出世间道智、现证涅槃,在圣道之前所修、称为前分念处道的世间念处阶段,就应当依佛陀所教,修习包括正定在内的八道支殊胜行道——
ကြိုးကုတ် ပွားများအားထုတ်ရမည်ဟူသော ဘုရားရှင်၏ အဆုံးအမတော်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင် သင့်လှပေသတည်း။
——精勤地培育、努力实践。对于佛陀这项教诫,实在应当恭敬地顶戴奉行。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。