第三禅论
入出息念定部分 · 原书第 466–471 页 · 42 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 466 页
တတိယဇ္ဈာနကထာ
第三禅论
ဧဝမဓိဂတေ ပန တသ္မိမ္ပိ ဝုတ္တနယေနေဝ ပဉ္စဟာကာရေဟိ စိဏ္ဏဝသိနာ ဟုတွာ ပဂုဏဒုတိယဇ္ဈာနတော ဝုဋ္ဌာယ ''အယံ သမာပတ္တိ အာသန္နဝိတက္ကဝိစာရပစ္စတ္ထိကာ၊ 'ယဒေဝ တတ္ထ ပီတိဂတံ စေတသော ဥပ္ပိလာဝိတံ၊ ဧတေနေတံ သြဠာရိကံ အက္ခာယတီ'တိ ဝုတ္တာယ ပီတိယာ သြဠာရိကတ္တာ အင်္ဂဒုဗ္ဗလာ''တိ စ တတ္ထ ဒေါသံ ဒိသွာ တတိယဇ္ဈာနံ သန္တတော မနသိကရိတွာ ဒုတိယဇ္ဈာနေ နိကန္တိံ ပရိယာဒါယ တတိယာဓိဂမာယ ယောဂေါ ကာတဗ္ဗော။ (ဝိသုဒ္ဓိ-၁-၁၅၃-၁၅၄။) ဤသို့သော ဘာဝနာဖြင့် ထိုဒုတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ရှေး၌ ဖွင့်ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းသာလျှင် ငါးပါးကုန်သော အခြင်းအရာတို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျက်အပ် လေ့ကျင့်အပ်ပြီး သော ဝသီရှိသည် ဖြစ်၍ နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာထားအပ်ပြီးသော ဒုတိယစျာန်မှ ထ၍ ---- ၁။ ဤ ဒုတိယစျာန်သမာပတ်သည် နီးကပ်သော ဝိတက် ဝိစာရဟူသော ရန်သူ ရှိ၏။
“如此证得第二禅以后,又应依上述方法,以五种方式在其中练成自在。从已经熟练的第二禅出定,观察:‘此定邻近寻、伺这两种敌对法;又如所说:“其中凡有喜,都是心的踊跃;因此说此禅粗显。”由于喜粗显,此禅的禅支力量薄弱。’见到第二禅的这些过患以后,把第三禅作意为寂静,断尽对第二禅的贪著,为证得第三禅而修习。”(《清净道论》1-153—154。)依这样的修习证得第二禅以后,瑜伽行者应当依前述方法,以五种方式训练纯熟、成就自在;然后从已经熟练的第二禅出定,观察:1.第二禅定邻近寻与伺这两种敌对法。
၂။ ထို ဒုတိယစျာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏ အဖြစ်ဟူသော ပေါ်လွင်သော အခြင်း အရာဖြင့် အကြင် (အာနာပါနပဋိဘာဂနိမိတ်အာရုံကို) နှစ်သက်ခြင်း ပီတိသည် ရှိ၏၊ ဤပီတိကြောင့် သာလျှင် ဤဒုတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဟောကြားအပ်၏ ---- (ဒီ-၁-၃၄။) ---- ဤသို့ ဟောကြား ထားတော်မူအပ်သော ပီတိ၏ ရုန့်ရင်းကြမ်းတမ်းသည်၏ အဖြစ်ကြောင့် အားနည်းသော အင်္ဂါ ရှိ၏ဟု ဤသို့လျှင် ဒုတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို ဉာဏ်ဖြင့်မြင်အောင် ကြည့်၍၊ ၃။ တတိယစျာန်ကို (ဒုတိယစျာန်ထက် ပို၍) ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊ ၄။ ဒုတိယစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်းကို ကုန်ခန်းစေ၍ ---- တတိယစျာန်ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ခြင်းကို ပြုလုပ်အပ်ပေသည်။ (ဝိသုဒ္ဓိ-၁-၁၅၃-၁၅၄။) ထိုသို့ ကြိုးစားအားထုတ်ရာဝယ် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ အကြင်အခါ၌ ဒုတိယစျာန်မှ ထ၍
2.在第二禅定中,有一种喜,即对入出息似相所缘的喜爱;它使心呈现踊跃浮动的行相。正因为这喜,第二禅才被说为粗显(《长部》1-34);喜本身粗显,也使第二禅的禅支力量薄弱。瑜伽行者应以智看清第二禅定的这些过患。3.把第三禅作意为比第二禅更寂静。4.断尽对第二禅的眷恋与贪著。然后,为证得第三禅而精进修习。(《清净道论》1-153—154。)如此用功时,瑜伽行者从第二禅出定——
သတိ သမ္ပဇဥ် ဉာဏ်ယှဥ်လျက် စျာန်အင်္ဂါတို့ကို ဆင်ခြင်လတ်သည်ရှိသော် ပီတိသည် ရုန့်ရင်းကြမ်းတမ်းသော သဘောအားဖြင့် ထင်လာ၏၊ သုခနှင့် ဧကဂ္ဂတာသည် ငြိမ်သက်သော သဘောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော ပီတိ စျာန်အင်္ဂါကို ပယ်ခြင်းငှာ ငြိမ်သက်သော သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်ကို ရရှိခြင်းငှာ ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် နှလုံးသွင်း ရှုပွားလျက် ရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ''ဤ ယခုအခါ၌ တတိယစျာန်သည် ဖြစ်ပေါ်တော့လတ္တံ့''ဟု ပြောဆိုသင့်သော ဇောဝါရ၌ ဘဝင်အယဥ်ကို ဖြတ်တောက်၍ (ဘဝင်အယဥ်ကို ဖြတ်သော ဘဝင်္ဂုပစ္ဆေဒစိတ် ဖြစ်ပြီး၍) ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစိတ်သည် (= အာနာပါန ပဋိဘာဂနိမိတ် အာရုံကို ဆင်ခြင်သောစိတ်သည်) ဖြစ်ပေါ်လာ၏။ ထိုနောင် ထို အာနာပါနပဋိဘာဂနိမိတ်
——具足念与正知智,省察诸禅支时,喜显现为粗显,乐与一境性则显现为寂静。为了舍离粗显的喜这一禅支,并获得具足乐与一境性这两个寂静禅支的第三禅,他仍以同一个入出息似相为所缘,持续作意、修习。在这位瑜伽行者的相续中,到达可以说“第三禅即将生起”的速行轮次时,有分流被截断——也就是有分断心生起;随后,意门转向心仍以入出息似相为所缘而生起,即审察入出息似相所缘的心生起。在此之后,以该入出息似相——
အာရုံ၌ပင်လျှင် ဣန္ဒြေ ထက်မြက်သူ ယောဂီသူတော်ကောင်းအား လေးကြိမ်မူလည်း ဖြစ်ကုန်သော၊ ဣန္ဒြေ မထက်မြက်လွန်းသူ ယောဂီသူတော်ကောင်းအား ငါးကြိမ်မူလည်း ဖြစ်ကုန်သော ဇောတို့သည် စောကုန်၏။
——为所缘,诸速行依次生起:诸根锐利的禅修者有4个速行,诸根不那么锐利的禅修者有5个速行。
ယင်း လေးကြိမ်သော ဇော၊ ငါးကြိမ်သော ဇောတို့၏ အဆုံး၌ တစ်ခုသော လေးကြိမ်မြောက်ဇော၊ သို့မဟုတ် ငါးကြိမ်မြောက်ဇောသည်ကား တတိယစျာန်ရှိသော ရူပါဝစရဇော ဖြစ်၏။ အဆုံးဇောမှ ကြွင်းကုန်သော သုံးကြိမ် လေးကြိမ်သော ဇောတို့သည် ပထမစျာန်၌ ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းပင်လျှင် ကာမာဝစရဇောတို့သာ ဖြစ်ကြကုန်၏။ (ဝိသုဒ္ဓိ-၁-၁၅၄။)
在这4个或5个速行中,最后一个——第4个或第5个速行——是具有第三禅的色界速行;除去最后一个速行,其余3个或4个速行,仍如初禅中所说,只是欲界速行。(《清净道论》1-154。)
原书第 467 页
တတိယစျာန်ရသူ
证得第三禅者
(ဧတ္တာဝတာ စ ပနေသ) ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ ဥပေက္ခကော သတိမာ သုခဝိဟာရီတိ၊ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတီတိ။ (ဒီ-၁-၇၁။ အဘိ-၁-၄၅။ ဝိသုဒ္ဓိ-၁-၁၅၄။) ဤမျှသော ဘာဝနာအစဥ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ပီတိကို စက်ဆုပ်ခြင်း လွန်ခြင်းကြောင့် လည်းကောင်း၊ ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်လည်းကောင်း တတိယစျာန် ချမ်းသာကိုပင် လျစ်လျူ ရှုသည်ဖြစ်၍လည်း နေ၏၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကို အမှတ်ရတတ် သိမ်းဆည်းတတ်သော သတိနှင့် ပြည့်စုံသည် ဖြစ်၍လည်းကောင်း၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထွင်းသိတတ်သော သမ္ပဇဥ် ဉာဏ် ပညာနှင့် ပြည့်စုံသည် ဖြစ်၍လည်းကောင်း ကာယိကသုခ စေတသိကသုခကိုလည်း နာမကာယဖြင့် ခံစား၏။
“(至此,他)又因离喜而住于舍,有念、有正知,并以身感受乐;诸圣者称他为‘舍而有念、乐住者’;他成就第三禅,并安住于第三禅。”(《长部》1-71;《阿毗达磨》1-45;《清净道论》1-154。)依这样的修习次第,这位瑜伽行者厌离并超越喜,又令寻、伺止息;他对第三禅的乐也保持中舍而住,具足能忆念、摄持入出息似相所缘的念,也具足能通达入出息似相所缘的正知智;他以名身感受身乐与心乐。
အကြင်တတိယစျာန်ဟူသော အကြောင်းကြောင့် ယင်းတတိယစျာန်နှင့် ပြည့်စုံသော စျာနလာဘီ ပုဂ္ဂိုလ်ကို ဘုရားအစရှိသော အရိယာ အရှင်ကောင်း အရှင်မြတ်တို့သည် တတိယစျာန်ချမ်းသာကိုပင် လျစ်လျူရှုပေသသူ သတိကောင်းပေသသူ ချမ်းသာစွာ နေပေသသူဟူ၍ ချီးမွမ်းစကား ပြောကြားတော်မူကြကုန်၏၊ ထိုတတိယ စျာန်ကို ပြည့်စုံစေ၍ ထိုတတိယစျာန်သို့ ကပ်ရောက်၍ နေထိုင်ပေ၏။
由于具足第三禅这项功德,佛陀等诸圣善士称赞这位具足第三禅者是“即使对第三禅之乐也能住于舍者、具念者、乐住者”;他成就第三禅,并安住于第三禅。
(ဒီ-၁-၇၁။ အဘိ-၁-၄၅။ ဝိသုဒ္ဓိ-၁-၁၅၄။)
(《长部》1-71;《阿毗达磨》1-45;《清净道论》1-154。)
ဥပေက္ခကော စ ဝိဟရတိ
“ဥပေက္ခကော စ ဝိဟရတိ”——“住于舍”
ဤ၌ ဥပေက္ခာအရ အလွန်မွန်မြတ်သော တတိယစျာန်ချမ်းသာကိုပင် လျစ်လျူရှုခြင်းသဘော၊ အလယ် အလတ်၌ ဖြစ်သောသဘော ရှိသော တတြမဇ္ဈတ္တတာ စေတသိက်ကို အရကောက်ယူသော စျာနုပေက္ခာကို အလိုရှိအပ်ပေသည်။ ထို ဥပေက္ခာသည် ---- ၁။ တတိယစျာန်ချမ်းသာကို လျစ်လျူရှုခြင်းသဘော အလယ်အလတ်၌ ဖြစ်သောသဘော လက္ခဏာ ရှိ၏။
这里的“舍”是指禅舍;依胜义法体而言,它就是中舍性心所,具有即使对极其殊胜的第三禅之乐也不偏向、居于中间的性质。这种舍:1.以即使对第三禅之乐也保持中舍、居于中间为特相。
၂။ အလွန်မွန်မြတ်သော တတိယစျာန်သုခ၌သော်လည်း နှလုံးမသွင်းခြင်းကိစ္စ ရှိ၏။ (အလွန်မွန်မြတ်သော သုခ ဖြစ်သော်လည်း ထိုတတိယစျာန်သုခ၌ နှစ်သက်သောအားဖြင့် ညွတ်ကိုင်းရှိုင်းခြင်း၏ ဆန့်ကျင် ဘက် ကိစ္စရှိ၏ဟု ဆိုလိုပေသည်။) ၃။ စျာန်ချမ်းသာသုခ ဟူသမျှတို့တွင် အထွတ်အထိပ်သို့ ရောက်သော တတိယစျာန် ချမ်းသာသုခ၌သော် လည်း ခံစားရန် အားထုတ်ခြင်းကင်းသော သဘောတရားဟု ယောဂီဉာဏ်အား ရှေးရှု ထင်လာ၏။
2.以即使对极其殊胜的第三禅之乐也不作意为作用。(意思是:虽然第三禅之乐极其殊胜,它却具有与因喜爱该乐而倾向、偏向相反的作用。)3.在禅那的一切乐中,第三禅之乐已经达到顶点;即使面对这种乐,它也在禅修者的智中显现为一种不为领受该乐而操劳的法。
တစ်နည်း ---- မိမိနှင့် အတူယှဥ်ဖက် သမ္ပယုတ်တရားတို့၏ ထိုတတိယစျာန် ချမ်းသာသုခ၌ ကြောင့်ကြ ဗျာပါရ ကင်းခြင်းကို ဖြစ်စေတတ်၏။
换一种说法,它能使与自己相应的诸法,对第三禅之乐免于操劳与干预。
၄။ ပီတိကို စက်ဆုပ်ခြင်းလျှင် အနီးကပ်ဆုံးသော အကြောင်းတရား ရှိ၏။
4.以厌离喜为最近因。
ဤ၌ မေးမြန်းဖွယ်ကား ဤသို့တည်း ---- ဤ စျာနုပေက္ခာဟူသည် ပရမတ္ထတရားကိုယ် အနက်သဘော အားဖြင့် တတြမဇ္ဈတ္တုပေက္ခာသည်သာလျှင်ဖြစ်သည် မဟုတ်လော၊ ထို တတြမဇ္ဈတ္တုပေက္ခာသည်လည်း ပထမ စျာန် ဒုတိယစျာန်တို့၌လည်း ရှိသည်ပင် မဟုတ်လော၊ ထိုသို့ ရှိသည် ဖြစ်သောကြောင့် ထိုပထမစျာန် ဒုတိယ စျာန်တို့၌လည်း -- ဥပေက္ခော စ ဝိဟရတိ = စျာန်ချမ်းသာ သုခကိုပင် လျစ်လျူရှုသည် ဖြစ်၍လည်းနေ၏ --- ဟူ၍ ဤသို့လျှင် ဤ တတြမဇ္ဈတ္တုပေက္ခာကို ဟောသင့်သည် ဖြစ်ကောင်းရာ၏၊ ထို တတြမဇ္ဈတ္တုပေက္ခာကို အဘယ်ကြောင့် မဟောအပ်ပါသနည်း ---- ဤကား မေးမြန်းဖွယ်တည်း။ 〔အာနာပါနပဋိဘာဂနိမိတ်အာရုံကို
这里可以问:这种禅舍,依胜义法体来说,不正是中舍性之舍吗?中舍性之舍不是也存在于初禅与第二禅之中吗?既然如此,在初禅与第二禅中也应当说“ဥပေက္ခော စ ဝိဟရတိ——住于舍”,宣说这种中舍性之舍;为什么没有这样宣说呢?这就是所问。〔以入出息似相——
原书第 468 页
အာရုံယူ၍ ဖြစ်ပေါ်လာသော ပထမစျာန် နာမ်တရား (၃၄)လုံး၊ ဒုတိယစျာန် နာမ်တရား (၃၂)လုံးတို့၌ တတြ မဇ္ဈတ္တတာ စေတသိက် ပါဝင်လျက် ရှိသောကြောင့် ဤမေးခွန်းကို မေးနေခြင်းဖြစ်၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။)〕 မထင်ရှားသောကိစ္စ ရှိသောကြောင့် မဟောအပ်ပေ။ ဝိတက် ဝိစာရ ပီတိတို့သည် လွှမ်းမိုး ဖိစီးထားအပ် သည်၏ အဖြစ်ကြောင့် ထိုပထမစျာန် ဒုတိယစျာန်တို့၌ ထို တတြမဇ္ဈတ္တတာ စေတသိက်၏ လုပ်ငန်းကိစ္စသည် မထင်ရှား ဖြစ်နေ၏၊ ဤတတိယစျာန်၌ကား ဝိတက် ဝိစာရ ပီတိတို့သည် မလွှမ်းမိုး မဖိစီးအပ်သည်၏ အဖြစ်ကြောင့် ထောင်သော ဦးခေါင်း ရှိသကဲ့သို့ ဖြစ်၍ ထင်ရှားသော ကိစ္စရှိလျက် ဖြစ်ပေါ်လာ၏၊ ထိုကြောင့် ဤတတိယစျာန်၌သာ ဥပေက္ခကော စ ဝိဟရတိ = တတိယစျာန် ချမ်းသာသုခကိုပင် လျစ်လျူရှုသည် ဖြစ်၍ လည်းနေ၏ - ဟု ဘုရားရှင် ဟောကြားတော်မူအပ်ပေသည်။ ဤကား အဖြေတည်း။
——为所缘而生起的34种初禅名法与32种第二禅名法中,都含有中舍性心所,所以上述问题才会生起。(参见名业处部分。)〕因为它的作用不显明,所以没有宣说。初禅中的中舍性心所受寻、伺、喜压制,第二禅中的中舍性心所则受喜压制,因此其作用都不显明;到了第三禅,寻、伺、喜不再压制它,它的作用便如昂首而立一般明显地呈现。因此,世尊只在第三禅中宣说“ဥပေက္ခကော စ ဝိဟရတိ——即使对第三禅之乐也住于舍”。这就是答案。
(ဝိသုဒ္ဓိ-၁-၁၅၇။ မဟာဋီ-၁-၁၈၇။)
(《清净道论》1-157;《大复注》1-187。)
သတော စ သမ္ပဇာနော
“သတော စ သမ္ပဇာနော”——“有念、有正知”
အာနာပါနပဋိဘာဂနိမိတ်အာရုံကို အောက်မေ့တတ် ကြံတတ်သော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကပ်၍တည်တတ်သော သဘောသည် သတိ မည်၏။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ကောင်းစွာ သိတတ် သော သဘောသည် သမ္ပဇဥ်ဉာဏ် မည်၏။ ပုဂ္ဂလာဓိဋ္ဌာနနည်းအားဖြင့် ပုဂ္ဂိုလ် ဦးတည်၍ သတိနှင့် ပြည့်စုံသူ သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံသူဟူ၍ ဟောကြားတော်မူခြင်း ဖြစ်ပေသည်။
能忆念、思念入出息似相所缘,并能紧贴、安住于该所缘的性质,称为念。能清楚了知入出息似相所缘的性质,称为正知智。这里依以人为主的施设说法,才说“具足念者”“具足正知智者”。
ထိုနှစ်ပါးတို့တွင် သတိသည် ---- ၁။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို အောက်မေ့ခြင်း အမှတ်ရခြင်း သဘောလက္ခဏာ ရှိ၏။
在二者之中,念:1.以忆念、记得入出息似相所缘为特相。
၂။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို မေ့လျော့ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော ကိစ္စ ရှိ၏။
2.以对治忘失入出息似相所缘为作用。
တစ်နည်း ---- အာနာပါနပဋိဘာဂနိမိတ်အာရုံကို မမေ့ပျောက်ခြင်း ကိစ္စ ရှိ၏။
换一种说法,它具有不忘失入出息似相所缘的作用。
၃။ ကိလေသာတို့မှ စောင့်တတ်သော တရားဟု ဉာဏ်အား ရှေးရှုထင်လာ၏။ တစ်နည်း -- ကိလေသာတို့မှ စောင့်ခြင်းကို ဖြစ်စေတတ်၏။ (တစ်နည်း ---- အာနာပါနပဋိဘာဂနိမိတ်အာရုံနှင့် အသိစိတ်နှစ်မျိုးလုံးကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်၏။) သမ္ပဇဥ်ဉာဏ်သည် ---- ၁။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို မတွေမဝေ ကောင်းစွာသိခြင်း သဘောလက္ခဏာ ရှိ၏။
3.它在智中显现为一种能守护心、不受烦恼侵入的法。换一种说法,它能令心免受烦恼侵入。(再换一种说法,它能守护入出息似相所缘与能知之心,使二者都不失落。)正知智:1.以不迷惑而清楚了知入出息似相所缘为特相。
တစ်နည်း ---- တွေဝေခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော သဘောလက္ခဏာ ရှိ၏။
换一种说法,正知智以与迷惑相反为特相。
၂။ (အာနာပါနကျင့်စဥ်၏ လမ်းဆုံးဟူသော) ထိုမှာဘက်ကမ်းသို့ ရောက်အောင် ကူးခပ်ခြင်း ကိစ္စရှိ၏။
2.它具有渡达彼岸——也就是入出息修行道路终点——的作用。
တစ်နည်း ---- မျက်နှာမူအပ်သော ဦးတည်ထားအပ်သော ကိစ္စ၏ အဆုံးကမ်းသို့ ရောက်အောင် ကူးခပ် နိုင်သော ကိစ္စရှိ၏။
换一种说法,它具有到达所面对、所趋向之目标终点彼岸的作用。
၃။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို စိစစ်စူးစမ်းတတ်သော သဘောတရားဟု ယောဂီဉာဏ်အား ရှေးရှု ထင်လာ၏။ (ဝိသုဒ္ဓိ-၁-၁၅၇။) ထိုစျာန်တို့တွင် ဤသတိ သမ္ပဇဥ်သည် ရှေးဖြစ်သော ပထမစျာန် ဒုတိယစျာန်တို့၌လည်း အကယ်၍ကား ရှိ၏။ (ပထမစျာန် နာမ်တရား (၃၄)၊ ဒုတိယစျာန် နာမ်တရား (၃၂)တို့၌ သတိနှင့် သမ္ပဇဥ် အမည်ရသော ပညာစေတသိက်တို့လည်း ပါဝင်လျက်ပင် ရှိ၏ဟု ဆိုလိုပေသည်။) မှန်ပေသည် -- လွတ်သော သတိရှိသော
3.它在禅修者的智中显现为一种能够审察、探究入出息似相所缘的法。(《清净道论》1-157。)在这些禅那中,念与正知当然也存在于先前的初禅与第二禅;也就是说,34种初禅名法与32种第二禅名法中,也都含有念心所与称为正知的慧心所。的确,对于失念而——
原书第 469 页
အာနာပါနဿတိသမာဓိပိုင်း သမ္ပဇဥ်ကင်းသသူအား ဥပစာရစျာန်မျှသည်သော်လည်း မပြည့်စုံသေးချေ၊ အပ္ပနာစျာန်သည်ကား ပြောဖွယ် ရာပင် မရှိ၊ မပြည့်စုံနိုင်သည်သာ ဖြစ်၏။ သို့သော်လည်း ထိုပထမစျာန် ဒုတိယစျာန်တို့၏ (အထက်အထက် စျာန်ကို ထောက်ရှုသော်) ရုန့်ရင်းသည်၏ အဖြစ်ကြောင့် မြေပေါ်၌ ယောကျာ်း၏ သွားခြင်းသည် လွယ်ကူ သကဲ့သို့ ထိုပထမစျာန် ဒုတိယစျာန်တို့၌ စိတ်၏အလားသည် ချမ်းသာလွယ်ကူလျက် ရှိ၏၊ ထို ပထမစျာန် ဒုတိယစျာန်တို့၌ သတိနှင့် သမ္ပဇဥ်၏ ကိစ္စသည် မထင်ရှား ဖြစ်ခဲ့၏၊ စင်စစ်မှာမူ ရုန့်ရင်းကြမ်းတမ်းသော စျာန်အင်္ဂါကို ပယ်ခြင်းကြောင့် ဤတတိယစျာန်၏ သိမ်မွေ့သည်၏ အဖြစ်ကြောင့် - ယောကျာ်း၏ သင်ဓုန်းသွား ပေါ်၌ သတိ သမ္ပဇဥ် ကိစ္စဖြင့် သိမ်းဆည်းအပ်သော သွားခြင်းအလားကို အလိုရှိအပ်သကဲ့သို့ - ဤတတိယ စျာန်၌လည်း သတိ သမ္ပဇည ကိစ္စဖြင့် သိမ်းဆည်းအပ်သည်သာလျှင် ဖြစ်သော စိတ်၏အလားကို အလိုရှိအပ်
——没有正知的人,就连近行禅也不能成就,安止禅更不必说,当然无法成就。可是,相对于更高的诸禅,初禅与第二禅较为粗显;如同人在平地行走容易一样,心在初禅与第二禅中运行也舒适容易,所以念与正知的作用并不显明。第三禅则由于舍离了粗显的禅支而极为微细;如同人在剃刀刃上行走,必须以念与正知摄护其步态,第三禅中心的运行也必须以念与正知的作用加以摄护。
ပေ၏။ ထိုကြောင့် ဤတတိယစျာန်၌သာလျှင် ဤ - သတော သမ္ပဇာနော (= အာနာပါနပဋိဘာဂနိမိတ်အာရုံကို သိမ်းဆည်းတတ်သော သတိနှင့် ပြည့်စုံသည် ဖြစ်၍လည်းကောင်း၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ကောင်း စွာ ထိုးထွင်းသိတတ်သော ပညာနှင့် ပြည့်စုံသည် ဖြစ်၍လည်းကောင်း) ဟူသော ပုဒ်နှစ်ခုအပေါင်းကို ဘုရားရှင် ဟောကြားထားတော်မူခြင်း ဖြစ်သည်။ ထိုထက်အလွန် ဆိုဖွယ်အထူး ရှိပြန်သေးသည်မှာ ဤသို့ ဖြစ်၏။
因此,世尊唯在第三禅中宣说“သတော သမ္ပဇာနော”,即“具足能摄持入出息似相所缘的念,又具足能清楚通达入出息似相所缘的慧”这两个词。除此以外,还有如下特别的理由。
နို့မကွာသေးသော နွားသားငယ်သည် အမိနွားမမှ ဖဲခွာထားအပ်သည်ရှိသော် (ထိုနွားသားငယ်ကို) မစောင့်ရှောက်အပ်ပါမူ တစ်ဖန်ပင်လျှင် အမိနွားမသို့ ကပ်ရောက်ပြန်၏သို့ ဤဥပမာအတူ ဤတတိယစျာန် ချမ်းသာသုခသည် ပီတိမှ ဖဲခွာစေအပ်သည် ဖြစ်၏။ ထိုတတိယစျာန် ချမ်းသာသုခသည် သတိ သမ္ပဇဥ်ဟူသော အစောင့်အရှောက်ဖြင့် မစောင့်ရှောက်အပ်ပါမူ တစ်ဖန်ပင်လျှင် ပီတိသို့ ကပ်ရောက်ပြန်လေရာ၏၊ ပီတိနှင့် ယှဥ် သည်သာလျှင် ဖြစ်ရာ၏။ (ဒုတိယစျာန်သို့ လျှောကျလေရာ၏ ဟူလိုသည်။) နောက်တစ်မျိုးကား ချမ်းသာသုခ ၌လည်း သတ္တဝါတို့သည် လွန်စွာတွယ်တာ တပ်မက်တတ်ကြကုန်၏၊ ဤတတိယစျာန် ချမ်းသာသုခသည်လည်း အလွန်ချိုမြိန် ကောင်းမြတ်သော ချမ်းသာသုခ ဖြစ်၏၊ အကြောင်းမူ လောကီချမ်းသာသုခတို့တွင် ထိုတတိယ စျာန် ချမ်းသာသုခထက် အလွန် ချမ်းသာသုခ၏ မရှိခြင်းကြောင့်ပင်တည်း။ (စတုတ္ထစျာန် စသည့် အထက်ပိုင်း စျာန်တို့၌ သုခဝေဒနာ မယှဥ်သောကြောင့် ဥပေက္ခာဝေဒနာသာ ယှဥ်သောကြောင့် ဤသို့ ဆိုခြင်း ဖြစ်သည်။)
尚未断奶的小牛若被牵离母牛而无人看守,便会再次回到母牛身边;同样,第三禅之乐虽然已经从喜中分离,若没有念与正知守护,也会再次回到喜,重新与喜相应——也就是退回第二禅。再者,众生对乐极易贪著;第三禅之乐又极其甜美殊胜,因为在世间诸乐之中,没有比第三禅之乐更胜的乐。(这是因为第四禅等更高诸禅不与乐受相应,只与舍受相应。)
အမှန်စင်စစ်မှာမူ သတိ သမ္ပဇဥ်၏ စွမ်းအင်အာနုဘော်ကြောင့် ဤတတိယစျာန် ချမ်းသာသုခ၌ ယောဂါ ဝစရ ပုဂ္ဂိုလ်သည် မတပ်မက်ခြင်း ဖြစ်ပေသည်၊ တစ်ပါးသော အပြားအားဖြင့် တစ်ပါးသော အကြောင်းကြောင့် မတပ်မက်ခြင်း ဖြစ်သည်ကား မဟုတ်ပေ။ ဤသို့သော အနက်အထူးကိုလည်း ထင်ရှား ပြတော်မူခြင်းငှာ ဤ သတော သမ္ပဇာနော - ဟူသော ပုဒ်နှစ်ခုအပေါင်းကို ဤ တတိယစျာန်၌သာလျှင် ဘုရားရှင် ဟောကြားတော် မူအပ်ပေသည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ-၁-၁၅၈။)
事实上,这位瑜伽行者唯因念与正知的力量,才不贪著第三禅之乐,并非由于其他原因而不贪著。为了彰显这一特殊义理,世尊只在第三禅中宣说“သတော သမ္ပဇာနော”这两个词。(《清净道论》1-158。)
သုခဉ္စ ကာယေန ပဋိသံဝေဒေတိ
“သုခဉ္စ ကာယေန ပဋိသံဝေဒေတိ”——“并以身感受乐”
တတိယစျာန်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် တတိယစျာန်ခဏ၌ တတိယစျာန် ချမ်းသာသုခ ကို ခံစားအံ့ဟု နှလုံးသွင်းခြင်း အာဘောဂသည် အကယ်၍ကား မရှိပေ။ ဤသို့ မရှိသည် ဖြစ်သော်လည်း ထို တတိယစျာန်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်၏ နာမကာယ (= နာမ်တရား အပေါင်းအစု) နှင့် တတိယစျာန် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဥ်တွဲဖြစ်သော အကြင် သုခဝေဒနာသည် ရှိ၏၊ ထိုသုခဝေဒနာကို ထိုတတိယ စျာန်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ခံစားလေရာ၏။ နောက်တစ်မျိုးကား အကြင် တတိယစျာန် နာမကာယနှင့် အတူယှဥ်တွဲဖြစ်သော သုခဝေဒနာသည် ရှိ၏။ ထိုသုခဝေဒနာကြောင့် (= ထိုသုခဝေဒနာနှင့် တကွ တတိယစျာန်စိတ်ကြောင့်) ဖြစ်သော အလွန်မွန်မြတ်သော စိတ္တဇရုပ်ဖြင့် ထိုတတိယစျာန်နှင့် ပြည့်စုံသော
具足第三禅的瑜伽行者,在第三禅刹那并没有“我要感受第三禅之乐”这样的作意。即使没有这种作意,仍有与他的名身——即名法之聚——以及第三禅同一心刹那相应的乐受;具足第三禅的瑜伽行者便感受这乐受。换一种解释,与第三禅名身相应的乐受,由它——也就是由这乐受连同第三禅心——所生的极其殊胜的心生色,遍满具足第三禅者的——
原书第 470 页
ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယ (= ရုပ်တရားအပေါင်း)သည် ပျံ့နှံ့နေ၏၊ (စိတ္တဇရုပ်များ တစ်ကိုယ်လုံး၌ ပျံ့နှံ့ နေ၏ ဟူလိုသည်။) အကြင် ရူပကာယ၏ မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် ပျံ့နှံ့အပ်သည်၏ အဖြစ်ကြောင့် တတိယစျာန်မှ ထလာသော်လည်း တတိယစျာန်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအလွန်မွန်မြတ်သော စိတ္တဇရုပ် တို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့ တွေ့ထိခြင်းကြောင့် ဖြစ်ပေါ်လာသော ကာယိကသုခကိုလည်း ခံစားလေရာ၏၊ ထိုကြောင့် ထိုစေတသိကသုခ = စိတ်၌ ဖြစ်သော စျာန်ချမ်းသာ၊ ကာယိကသုခ = ကိုယ်၌ ဖြစ်သော ချမ်းသာဟု ဆိုအပ်သော သဘောအနက်အဓိပ္ပါယ်ကို ထင်ရှား ပြတော်မူလိုသည် ဖြစ်၍ - သုခဉ္စ ကာယေန ပဋိသံဝေဒေတိ = တတိယစျာန်ချမ်းသာဟူသော စေတသိကသုခ + ကာယိကသုခကို နာမကာယဖြင့် ခံစား၏ဟု ဘုရားရှင် ဟောကြားတော်မူပေသည်။ (ဝိသုဒ္ဓိ-၁-၁၅၈။)
——色身,即色法之聚;也就是说,心生色遍满全身。由于色身被这些殊胜的心生色遍满,即使从第三禅出定以后,具足第三禅的瑜伽行者也会感受到身乐;这种身乐由极其殊胜的心生色遍满全身并与身体接触而生起。因此,为了彰显心乐与身乐这两层意义,世尊宣说“သုခဉ္စ ကာယေန ပဋိသံဝေဒေတိ”,也就是“以名身感受第三禅之乐这一心乐,以及身乐”。(《清净道论》1-158。)
ဥပေက္ခကော သတိမာ သုခဝိဟာရီ
“ဥပေက္ခကော သတိမာ သုခဝိဟာရီ”——“舍而有念、乐住者”
အဘယ်ကြောင့် ဘုရား အစရှိကုန်သော အရိယာသူတော်ကောင်းတို့က ယင်း တတိယစျာန် ဟူသော အကြောင်းကြောင့် ယင်းတတိယစျာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို တတိယစျာန် ချမ်းသာကိုပင် လျစ်လျူရှုပေ သသူ သတိကောင်းပေသသူ ချမ်းသာစွာ နေပေသသူဟူ၍ ချီးမွမ်းတော်မူကြကုန်သနည်း။ ချီးမွမ်းခြင်းငှာ ထိုက်ပေသည်၏ အဖြစ်ကြောင့် ချီးမွမ်းတော်မူကြကုန်၏။
为什么佛陀等诸圣善士,因为此人具足第三禅,便赞叹他为“即使对第三禅之乐也住于舍者、具念者、乐住者”呢?因为他确实值得这样的赞叹。
ဤတတိယစျာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် အလွန်ချိုမြိန် ကောင်းမြတ်သော ချမ်းသာသုခ ရှိသော ချမ်းသာသုခ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော တတိယစျာန်ချမ်းသာ၌သော်လည်း လျစ်လျူရှုနိုင်ပေ၏၊ ထိုတတိယစျာန်၌ ချမ်းသာသုခနှင့် ကပ်ငြိသော တဏှာသည် မဆွဲငင်အပ် မဆွဲငင်နိုင်ပေ၊ ထို့ပြင် အကြင် အခြင်းအရာအားဖြင့် နှစ်သက်မှု ပီတိသည် မဖြစ်နိုင်၊ ဤပီတိ မဖြစ်နိုင်လောက်သော အခြင်းအရာအားဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ထင်သော သတိ ရှိသည်၏အဖြစ်ကြောင့် သတိနှင့် ပြည့်စုံပေ၏။ ထို့ပြင် ဘုရား အစရှိကုန်သော အရိယာသူတော်ကောင်းကြီးတို့သည် နှစ်သက်မြတ်နိုးတော်မူအပ်သော အရိယာသူတော် ကောင်းကြီးတို့သာလျှင် မှီဝဲထိုက်သည်လည်း ဖြစ်သော မညစ်နွမ်းသော စိတ်ချမ်းသာမှု = စေတသိကသုခကို နာမကာယ = နာမ်တရားအပေါင်းဖြင့် ခံစား၏၊ ထိုကြောင့် ချီးမွမ်းခြင်းငှာ ထိုက်သည် ဖြစ်ပေ၏။ ဤသို့
具足第三禅者即使面对极其甜美殊胜、已经达到乐之顶点的第三禅之乐,也能保持中舍;与第三禅之乐黏着的爱不能牵引他。他又具足念:以一种令喜无法生起的方式,使念显明地安住于入出息似相所缘。并且,他以名身——名法之聚——感受清净无染的心乐;这种乐是佛陀等诸圣善士所珍重、唯有诸圣善士堪能受用的。因此,他值得赞叹。如此——
ချီးမွမ်းခြင်းငှာ အထိုက်ကြီး ထိုက်သောကြောင့် ထိုတတိယစျာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ဘုရား အစရှိကုန်သော အရိယာသူတော်ကောင်းကြီးတို့သည် ဤသို့ ချီးမွမ်းခြင်း၏ အကြောင်းဖြစ်၍ ဖြစ်ကုန်သော ထိုဂုဏ်ကျေးဇူး တို့ကို ထင်ရှား ပြစားလိုကုန်သည်ဖြစ်၍ ဥပေက္ခကော သတိမာ သုခဝိဟာရီ = တတိယစျာန်ချမ်းသာကိုပင် လျစ်လျူရှုပေသသူ သတိကောင်းပေသသူ ချမ်းသာစွာနေပေသသူ ဟူ၍ ချီးမွမ်းတော်မူကြကုန်၏ဟု သိရှိပါလေ။
——由于极其值得赞叹,佛陀等诸圣善士为了彰显这些构成赞叹理由的功德,才称赞具足第三禅者为“ဥပေက္ခကော သတိမာ သုခဝိဟာရီ——即使对第三禅之乐也住于舍者、具念者、乐住者”。应当如此理解。
(ဝိသုဒ္ဓိ-၁-၁၅၈-၁၅၉။)
(《清净道论》1-158—159。)
ဤတတိယစျာန်ကား ပီတိကို ပယ်ခြင်းဟူသော ပယ်အပ်သော အင်္ဂါတစ်ပါး၊ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံခြင်းဟူသော ပြည့်စုံသော အင်္ဂါနှစ်ပါး ရှိ၏။ ယင်းပီတိကိုကား အပ္ပနာစျာန်အခိုက်၌ သာလျှင် ပယ်အပ်၏ဟု သိပါ။ ပရိကံ ဥပစာ အနုလုံဂေါတြဘုဟူသော ဥပစာရစျာန် အခိုက်၌ကား မပယ်အပ် သေးပေ။ သို့အတွက် ယင်း ဥပစာရဇောများ၌ ပီတိယှဥ်လျက်ပင် ရှိနေသေးသည်ဟု မှတ်ပါ။ အလားတူပင် ဝိတက် ဝိစာရတို့လည်း ယှဥ်လျက်ပင် ရှိနေသေးသည်ဟု မှတ်သားပါလေ။ (ဝိသုဒ္ဓိ-၁-၁၅၉။) ဤ မှတ်ချက် မိန့်ဆိုချက်များကား နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းရာ၌ မည်သည့် စိတ္တက္ခဏ၌ မည့်သည့်
第三禅有1个应断支,即舍离喜;又具足2个相应支,即乐与一境性。应知,喜只在安止禅刹那才被舍离;在遍作、近行、随顺、种姓这些近行禅刹那中尚未被舍离,因此这些近行速行仍与喜相应。同样应当记住:寻与伺在这些速行中也仍然相应。(《清净道论》1-159。)这些重要说明,是为了在辨识名业处时,能够准确知道在什么心刹那中,有哪些——
原书第 471 页
အာနာပါနဿတိသမာဓိပိုင်း စေတသိက်များ ယှဥ်ကြသည် နာမ်တရား မည့်ရွေ့မည်မျှ ရှိသည်ကို အတိအကျ သိရှိရေးအတွက် အလွန် အရေးပါသော မှတ်ချက်များ မိန့်ဆိုချက်များပင် ဖြစ်ကြသည်။ ဤတတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင် နင်းအောင် ဆက်လက်၍ လေ့ကျင့်ပါ။ သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ၌ ပီတိအပေါ်၌ လိုလား ငဲ့ကွက် တသက်သက်ဖြင့် တွယ်တာမက်မောမှု ရှိနေသဖြင့် ဒုတိယစျာန်သို့ တစ်ဖန်ပြန်၍ ခဏ ခဏ လျှောကျ နေတတ်သည်လည်း ရှိပေ၏။ သို့အတွက် ပီတိ၏ အပြစ်ကို ခပ်များများ ဆင်ခြင်၍ ပီတိ၌ ငဲ့ကွက်မှုကို ပြတ် အောင် ဖြတ်လျက် တတိယစျာန်သို့ ရောက်အောင် ကြိုးပမ်းရာသည်။ ရောက်ရှိပြီးသော တတိယစျာန်မှလည်း မလျှောကျအောင် ဝသီဘော် နိုင်နင်းအောင် ဆက်လက်၍ လေ့ကျင့်ရာသည်။
——心所相应、共有多少名法。应当继续训练第三禅,直至成就五自在。不过,有些瑜伽行者仍然眷恋、贪著喜,因而会屡次退回第二禅。因此,应当更多地省察喜的过患,彻底断除对喜的眷顾,努力达到第三禅;证得以后,还应继续训练至成就自在,使自己不再从第三禅退失。