八支圣道是否具足?
应当建立定 · 原书第 234–237 页 · 30 个翻译单元
本页并入了原书的相邻小节:定是精髓吗?。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 234 页
မဂ္ဂင်ရှစ်ပါး ပြည့်ပါရဲ့လား
八支圣道是否具足?
နိဗ္ဗာန်ကို အလိုရှိသော အသင်ယောဂီသူတော်ကောင်းသည် ဤအချက်တစ်ရပ်ကိုလည်း ထပ်မံ၍ စဥ်းစား ပါဦး။ ဒုက္ခနိရောဓဂါမိနိပဋိပဒါ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဥ် ဖြစ်သော မဂ္ဂအရိယသစ္စာကို သမ္မာဒိဋ္ဌိအစ သမ္မာသမာဓိအဆုံးရှိသော မဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်ကြောင်းကို ဓမ္မစကြာဒေသနာတော် (သံ- ၃-၃၆၉။)၊ မဟာသတိပဋ္ဌာနသုတ္တန်ဒေသနာတော် (မ-၁-၈၈။) စသည့် ထိုထိုသုတ္တန်တို့၌ ဟောကြားထားတော် မူ၏။ ယင်း မဂ္ဂင် (၈)ပါး စုံညီပါမှ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ ထိုမဂ္ဂင် (၈)ပါးတို့တွင် အကျုံးဝင်သော သမ္မာသမာဓိဟူသည် မည်ကဲ့သို့သော သမာဓိမျိုးကို ခေါ်ဆိုသည်ဟု ဘုရားရှင်သည် မဟာ သတိပဋ္ဌာနသုတ္တန်တွင် ဤသို့ ဟောကြားထားတော်မူ၏။
想证得涅槃的禅修贤友,还应再思考这一点:通往苦灭之行道(dukkhanirodhagāminī-paṭipadā)——即道圣谛——由从正见至正定的八支圣道所成;世尊已在《转法轮经》的教说(《相应部》3-369)、《大念处经》的教说(《中部》1-88)等诸经中如此宣说。只有八支圣道具足,才能到达苦灭涅槃。八支圣道所摄的“正定”,究竟是怎样的定?世尊在《大念处经》中作如下开示。
ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ။
“诸比丘,什么是正定?”
၁။ ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။
“1.诸比丘,在此,比丘远离诸欲,远离诸不善法,进入并住于有寻、有伺、由远离而生、具喜与乐的初禅。”
၂။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။
“2.随着寻与伺止息,他进入并住于内在净信、心成一境、无寻无伺、由定而生、具喜与乐的第二禅。”
၃။ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ၊ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ ''ဥပေက္ခကော သတိမာ သုခဝိဟာရီ''တိ၊ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။
“3.又因离喜而住于舍,有念、有正知,并以身感受乐;诸圣者称他为‘舍而有念、住于乐者’。他进入并住于第三禅。”
၄။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသမာဓိ။
“4.随着乐的舍断与苦的舍断,并由于先前的悦与忧已经灭没,他进入并住于不苦不乐、由舍而念清净的第四禅。诸比丘,这称为正定。”
(ဒီ-၂-၂၅ဝ-၂၅၁။)
(《长部》2-250—251。)
= ရဟန်းတို့ …သမ္မာသမာဓိဟူသည် အဘယ်နည်း?
=诸比丘……什么是正定?
၁။ ရဟန်းတို့ …ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်း၍သာလျှင် အကုသိုလ်တရားတို့မှ ကင်း၍သာလျှင် ကြံစည်ခြင်း = ဝိတက်နှင့်လည်း တကွဖြစ်သော၊ သုံးသပ်ခြင်း = ဝိစာရနှင့်လည်း တကွ ဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသည့် နှစ်သက်ခြင်း = ပီတိ၊ ချမ်းသာခြင်း = သုခရှိသော ပထမစျာန်သို့ ရောက်၍ နေ၏။
1.诸比丘,在此教法中,比丘远离诸欲,也远离不善法;他进入并住于初禅,其中与思惟=寻(vitakka)俱生,与审察=伺(vicāra)俱生,并具足由远离诸盖而生的喜(pīti)与乐(sukha)。
၂။ ကြံစည်ခြင်း = ဝိတက်၊ သုံးသပ်ခြင်း = ဝိစာရတို့၏ ငြိမ်း၍ သွားခြင်းကြောင့် မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တ သန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ မြတ်သောတည်ကြည်မှု သမာဓိကို ပွားစေတတ်သော ကြံစည်မှု ဝိတက်လည်း မရှိသော သုံးသပ်မှု ဝိစာရလည်း မရှိသော စိတ်တည်ကြည်မှု သမာဓိကြောင့် ဖြစ်သည့် နှစ်သက်ခြင်း = ပီတိ၊ ချမ်းသာခြင်း = သုခရှိသော ဒုတိယစျာန်သို့ ရောက်၍နေ၏။
2.由于思惟=寻(vitakka)与审察=伺(vicāra)止息,他进入并住于第二禅:在自身内在相续中,内心得以明净,心成一境;其中无寻、无伺,并具足由心之安定——即定——而生的喜(pīti)与乐(sukha)。
原书第 235 页
သမာဓိထူထောင်သင့်ပုံပိုင်း ၃။ နှစ်သက်ခြင်း = ပီတိ၏လည်း ကင်း၍ သွားခြင်းကြောင့် အာရုံကို (အာနာပါနပဋိဘာဂနိမိတ်၊ ကသိုဏ်း ပဋိဘာဂနိမိတ်စသော စျာန်၏ အာရုံကို) အညီအမျှရှုလျက် အာရုံကို သိမ်းဆည်းတတ်သော သတိရှိလျက် အာရုံကို ဆင်ခြင်တတ်သော သမ္ပဇဥ်ဉာဏ် ရှိလျက် နေ၏၊ ချမ်းသာခြင်း = သုခကိုလည်း (ရူပကာယ) နာမကာယဖြင့် ခံစား၍ နေ၏။ အကြင် တတိယစျာန်ကြောင့် ထိုတတိယစျာန်နှင့် ပြည့်စုံသူကို ''အာရုံကို အညီအမျှ ရှုသူ အာရုံကိုသိမ်းဆည်းတတ်သော သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ''ဟု ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည် ချီးမွမ်းစကား ပြောကြားကြကုန်၏၊ ထိုတတိယစျာန်သို့ ရောက်ရှိ၍ နေ၏။
3.由于也离了喜(pīti),他以舍对所缘〔入出息念似相、遍处似相等禅那所缘〕平等而观,具备能摄持所缘的念,也具备能审察所缘的正知智而住;又以身〔此处指名身〕感受乐(sukha)。由于成就这第三禅,佛陀等诸圣善士赞叹具足第三禅者为“平等观所缘者、具备能摄持所缘之念者、常常乐住者”;他到达并住于第三禅。
၄။ ကာယိကသုခ ကာယိကဒုက္ခကို ပယ်ထားပြီးခြင်းကြောင့်လည်းကောင်း၊ ရှေးအဖို့ကပင်လျှင် ဝမ်းသာခြင်း = သောမနဿ၊ စိတ်မချမ်းသာခြင်း = ဒေါမနဿ တရားတို့၏ ချုပ်ငြိမ်းပြီးခြင်းကြောင့်လည်းကောင်း ဆင်းရဲမှု ချမ်းသာမှု ကင်းသော ဥပေက္ခာကြောင့် ဖြစ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော စတုတ္ထစျာန်သို့ ရောက်၍ နေ၏။
4.由于已经舍离身乐与身苦,又由于悦(somanassa)与忧(domanassa)早已灭尽,他到达并住于第四禅;此禅不苦不乐,具备由舍(upekkhā)而使念周遍清净的状态。
ရဟန်းတို့ …ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း ''သမ္မာသမာဓိ''ဟူ၍ ဆိုအပ်၏။ (ဒီ-၂-၂၅ဝ-၂၅၁။) ဤ အထက်ပါ မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်မြတ်၌ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိတို့ကို သမ္မာသမာဓိ ခေါ်ဆိုကြောင်း ဘုရားရှင်ကိုယ်တော်တိုင် ရှင်းပြ ထားတော်မူ၏။ ဝိပဿနာဉာဏ်၏ အခြေပါဒက အကြောင်းရင်းမူလဖြစ်သော သမာဓိတို့တွင် အကောင်းဆုံးသော သမာဓိကို ညွှန်ကြားပြသတော်မူခြင်းဟူသော ဥက္ကဋ္ဌနိဒ္ဒေသနည်းအားဖြင့် ထိုသို့ ဟောကြားတော်မူခြင်း ဖြစ်ပေ သည်။ တစ်နည်းဆိုရသော် အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိဟူသော ဥပစာရသမာဓိ၊ ရူပါဝစရသမာဓိ၊ အရူပါဝစရသမာဓိဟု သမာဓိသုံးမျိုးရှိရာ အလယ်ဖြစ်သော ရူပါဝစရသမာဓိကို တိုက်ရိုက်ယူ၍ ဟောတော်မူလိုက်ခြင်းဖြင့် အစဖြစ်သော ဥပစာရသမာဓိဟူသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရ သမာဓိနှင့် အဆုံးဖြစ်သော အရူပါဝစရသမာဓိတို့ကိုလည်း သိမ်းကျုံး၍ ယူရသော မဇ္ဈေဒီပကနည်းအားဖြင့်
“诸比丘……这种定称为正定(sammā-samādhi)。”(《长部》2-250—251。)在上述《大念处经》的殊胜教说中,佛陀本人已经说明:初禅定、第二禅定、第三禅定与第四禅定都称为正定。在作为观智之基础与根本原因的各种定中,这样宣说是以举示其中最胜者的“最胜举示法”(ukkaṭṭha-niddesa)作说明。换一种说法,定有3种:达到欲界定顶点的近行定、色界定、无色界定。经中直接举出居中的色界定,由此也把居首、达到欲界定顶点的近行定,以及居末的无色界定一并摄入;这是以“举中含摄法”(majjhe-dīpaka)——
ထိုသို့ ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်သည်။ ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ --- စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော။ (ဝိသုဒ္ဓိ-၂-၂၂၂။) = ဥပစာရသမာဓိနှင့် တကွ သမာပတ် (၈)ပါးတို့သည် စိတ္တဝိသုဒ္ဓိ မည်၏ - ဟု ဖွင့်ဆိုထားပေသည်။
——作这样的宣说。因此,“近行定(upacāra-samādhi)连同8种等至(samāpatti),称为心清净(citta-visuddhi)。”(《清净道论》2-222。)
ဝိသုဒ္ဓိ (၇)ပါးကျင့်စဥ်၌ ဥပစာရသမာဓိနှင့် တကွ သမာပတ် (၈)ပါးတို့ကို စိတ္တဝိသုဒ္ဓိဟု ခေါ်ဆို၍ မဂ္ဂင် (၈) ပါး ကျင့်စဥ်၌ ဥပစာရသမာဓိနှင့် တကွ သမာပတ် (၈)ပါးတို့ကို သမ္မာသမာဓိမဂ္ဂင် ဟု ခေါ်ဆိုထားပေသည်။
在7清净的修习次第中,近行定连同8种等至称为“心清净”;在八道支的修习次第中,近行定连同8种等至则称为“正定道支”。
ဝေါဟာရကား ကွဲ၏၊ တရားကိုယ်ကား တူ၏။
称谓虽有差别,所指法体却相同。
စိတ္တဝိသုဒ္ဓိ အမည်ရသော သမ္မာသမာဓိမဂ္ဂင်နှင့် ပြည့်စုံအောင် ယောဂါဝစရပုဂ္ဂိုလ်သည် မည်သည့်အချိန် အခါက စ၍ ဖြည့်ကျင့်ရမည်နည်းဟု မေးရန် ရှိ၏။ မဟာသတိပဋ္ဌာနသုတ္တန် နိဂုံး၌ အလယ်အလတ်ဖြစ်သော မဇ္ဈိမနေယျပုဂ္ဂိုလ်၏ အစွမ်းဖြင့် သတိပဋ္ဌာနကျင့်စဥ်ကို ဘုရားရှင်ဟောကြားတော်မူသည့်အတိုင်း ကျင့်ခဲ့သော် အစောဆုံး (၇)ရက်အတွင်း၊ အလွန်ဆုံး (၇)နှစ်အတွင်း၌ အနာဂါမိဖိုလ် သို့မဟုတ် အရဟတ္တဖိုလ်သို့ ရောက်ရှိ နိုင်ကြောင်း ဘုရားရှင်၏ ကြေညာချက်ကို အကိုးသာဓကပြု၍ ဤမဟာသတိပဋ္ဌာနသုတ္တန်၌ အရိယမဂ်၏ ရှေး အဖို့၌ ကျင့်ရမည့် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ကိုသာလျှင် ရည်ရွယ်၍ ဘုရားရှင် ဟောကြားထားတော်မူကြောင်းကို (မ-ဋ္ဌ-၁-၂၃၅-၂၃၆။) ၌ ဆုံးဖြတ်ထား၏။
这里可以问:禅修者应当从什么时候开始修习,才能具足称为心清净的正定道支?《大念处经》结尾依中等可引导者(majjhima-neyya-puggala)而说:若按照佛陀所教修习念处,最快可在7日以内、最迟可在7年以内证得不来果或阿罗汉果。义注以佛陀这一宣示为依据,判定《大念处经》所说的,正是在圣道之前应当修习的前分念处道(pubbabhāga-satipaṭṭhāna-magga)。(《中部义注》1-235—236。)
တစ်ဖန် အောက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ အဖွင့်ကိုလည်း ဖတ်ရှုကြည့်ပါဦး။
还请再读一读下面《迷惑冰消》的解释。
原书第 236 页
အယံ ဝုစ္စတိ သမ္မာသမာဓီတိ ယာ ဣမေသု စတူသု စျာနေသု ဧကဂ္ဂတာ၊ အယံ ပုဗ္ဗဘာဂေ လောကီယော၊ အပရဘာဂေ လောကုတ္တရော သမ္မာသမာဓိ နာမ ဝုစ္စတီတိ။ ဧဝံ လောကိယ-လောကုတ္တရဝသေန ဘဂဝါ မဂ္ဂသစ္စံ ဒေသေသိ။ (အဘိ-ဋ္ဌ-၂-၁၁၃။) အယံ ဝုစ္စတိ သမ္မာသမာဓိ = ဤသည်ကို သမ္မာသမာဓိဟု ခေါ်ဆို၏ - ဟူသည် ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဟူသော စျာန်လေးပါးတို့၌ သမ္ပယုတ်တရားအဖြစ် အတူယှဥ်တွဲ၍ ဖြစ်သော ဧကဂ္ဂတာ စေတသိက်သည် ရှိ၏၊ ဤဧကဂ္ဂတာ စေတသိက်ကား အရိယမဂ်၏ ရှေးအဖို့ လောကီသတိပဋ္ဌာန်ပိုင်း၌ လောကီ သမ္မာသမာဓိ မည်၏။ နောက်ပိုင်း အရိယမဂ်ဉာဏ်အခိုက်၌ကား လောကုတ္တရာသမ္မာသမာဓိမည်၏ဟု ဆိုအပ်၏။
“所谓‘这称为正定’,意谓这4种禅中的一境性:在前分,它称为世间正定;在后分,它称为出世间正定。世尊如此依世间与出世间两方面宣说道谛。”(《迷惑冰消》2-113。)其意如下:“这称为正定”,是说初禅、第二禅、第三禅与第四禅这4种禅中,都有作为相应法而共同生起的一境性心所。在圣道之前的世间念处阶段,这一境性心所称为世间正定;在后来圣道智生起的刹那,则称为出世间正定。
ဤသို့လျှင် ဘုရားရှင်သည် အဘိဓမ္မာဝိဘင်းပါဠိတော် သစ္စဝိဘင်း၌ မဂ္ဂသစ္စာကို ဟောကြားတော်မူပေသည်။
佛陀正是这样在《阿毗达磨·分别论》的《谛分别》中宣说了道谛。
(အဘိ-ဋ္ဌ-၂-၁၁၃။)
(《迷惑冰消》2-113。)
မဟာသတိပဋ္ဌာနသုတ္တန်၌ လောကီသမ္မာသမာဓိမဂ္ဂင်ကို၊ သစ္စဝိဘင်း၌ လောကီသမ္မာသမာဓိ လောကု- တ္တရာ သမ္မာသမာဓိမဂ္ဂင် နှစ်မျိုးလုံးကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။
在《大念处经》中,佛陀着眼于世间正定道支而宣说;在《谛分别》中,则着眼于世间正定与出世间正定这两种正定道支而宣说。
သို့အတွက်အရိယမဂ်၏ရှေ့အဖို့ဖြစ်သောသမထပိုင်း ဝိပဿနာပိုင်းတို့၌လည်း သမ္မာသမာဓိဟူသော မဂ္ဂင်နှင့် ပြည့်စုံရမည်သာ ဖြစ်သည်။ အကယ်၍ သမာဓိထူထောင်ဖို့ မလိုပါဟု အစွဲသန်နေလျှင်ကား မဂ္ဂင် (၈) ပါး မပြည့်တော့ဘဲ မဂ္ဂင် (၇) ပါးသာ ရှိနေမည် ဖြစ်သည်။ ဒုတိယစျာန်စသော အထက်ပိုင်း စျာန်နာမ်တရားများကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင် ထိုအရိယမဂ်၌ သမ္မာသင်္ကပ္ပမဂ္ဂင် တစ်ခု လျော့သွားသဖြင့် မဂ္ဂင် (၇)ပါးကား ရံခါ ရှိတတ်ပါ၏။ သမ္မာသင်္ကပ္ပမဂ္ဂင် မပါသည့် မဂ္ဂင် (၇)ပါးဖြင့် အရိယမဂ်သို့ ဆိုက်သည့်ထုံးများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည့် နိဗ္ဗာန်သို့ ရောက်ရှိနိုင်သည့် ထုံးများ ထင်ရှားရှိသော်လည်း သမ္မာသမာဓိ မဂ္ဂင် မပါသည့် မဂ္ဂင် (၇)ပါးတည်းဖြင့် နိဗ္ဗာန်သို့ သွား၍ ရောက်နိုင်သည့် ထုံးဟောင်းကား သာသနာတော်၌ ထင်ရှား မရှိခဲ့စဖူးပေ။ သို့အတွက် သမ္မာသမာဓိမဂ္ဂင် မပါသည့် မဂ္ဂင် (၇)ပါးတည်းဖြင့် နိဗ္ဗာန်သို့ သွား၍ ရောက်နိုင်
因此,在圣道之前的止与观阶段,也必须具足称为正定的道支。若执意认定“不需要建立定”,八道支就不能齐全,只剩7支。若在观照第二禅等较高层禅那的名法时证入圣道,由于该圣道中少了正思惟道支,有时会只有7道支。教法中有明确的先例:不具正思惟道支的7道支也能证入圣道、现证并到达涅槃;然而,从来没有明确的旧例显示,单凭不具正定道支的7道支便能走向并到达涅槃。因此,至于单凭不具正定道支的7道支究竟能否到达涅槃——
မရောက်နိုင်ကိုလည်း အသင်ယောဂီသူတော်ကောင်းကိုယ်တိုင်ပင် စဥ်းစားဝေဖန် ဆုံးဖြတ်လေရာသည်။ လောကု- တ္တရာအရိယမဂ်အခိုက်၌ မဂ္ဂင် (၇)ပါးရှိကောင်းသော်လည်း အရိယမဂ်၏ ရှေးအဖို့ဖြစ်သော သတိပဋ္ဌာနကျင့်စဥ် ဟူသော ပုဗ္ဗဘာဂသတိပဋ္ဌာနပိုင်း၌ကား မဂ္ဂင် (၈)ပါးကိုပင် ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် (မ-၁- ၈၈။) ၌ ဟောကြားတော်မူခဲ့၏။
——禅修贤友应当亲自思考、审辨并作出判断。虽然在出世间圣道的刹那可能只有7道支,但在圣道之前的念处修习,即前分念处阶段,佛陀在《大念处经》中所教的却正是8道支。(《中部》1-88。)
သမာဓိသည် အနှစ်သာရလော?
定是精髓吗?
သမာဓိကို ထူထောင်သင့်သည်ဟူသော အချက်နှင့် ပတ်သက်၍ သမာဓိသည် သာသနာတော်၏ အနှစ် သာရလားဟု အချို့က မေးကြပြန်သည်။ ဤမေးခွန်းကို မေးသူတို့ကား အဿဇိသုတ္တန် (သံ-၂-၁ဝ၁-၁ဝ၂- ၁ဝ၃။)ကို ကိုးကားကြ၏။
关于“应当建立定”这一点,有些人又问:定是不是教法的精髓?提出这一问题的人引用《阿说示经》(《相应部》2-101—103)为据。
အရှင်အဿဇိမထေရ်သည် ကဿပသူဌေး ဆောက်လုပ်လှူဒါန်းထားအပ်သော ကဿပကာရာမ ကျောင်း အရာမ်၌ သီတင်းသုံးတော်မူခိုက် ဖျားနာသဖြင့် မိမိရရှိပြီး ဖြစ်သည့် (အာနာပါန)စတုတ္ထစျာန်ကို ဝင်စား၍ မရ ဖြစ်နေ၏။ ရှေးယခင် ဖျားနာသောအခါတို့၌ ဝင်သက် ထွက်သက်တို့ကို ချုပ်ငြိမ်းစေလျက် (အာနာပါန) စတုတ္ထစျာန်ကို အကြိမ်ကြိမ် ဝင်စားနိုင်ခဲ့၏။ ယခု နောက်ဆုံးအကြိမ်တွင်ကား ထိုသို့ ဝင်စား၍ မရသဖြင့် စိတ် မချမ်းသာမှု ဝိပ္ပဋိသာရ ဖြစ်နေကြောင်းကို ဘုရားရှင်အား တင်ပြလျှောက်ထားခဲ့၏။ ထိုအခါတွင် ဘုရားရှင်က အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့၏။
阿说示尊者住在迦叶长者建造并布施的迦叶园寺时,因病而无法进入自己先前已经证得的入出息念第四禅等至。以往生病时,他能够令入息与出息止息,屡次进入入出息念第四禅;但这最后一次却无法入定,于是心中不安,生起悔恼(vippaṭisāra),并把这一情形禀告佛陀。当时,佛陀作了如下开示。
原书第 237 页
သမာဓိထူထောင်သင့်ပုံပိုင်း ယေ တေ အဿဇိ သမဏဗြဟ္မဏာ သမာဓိသာရကာ သမာဓိသာမညာ၊ တေသံ တံ သမာဓိံ အပ္ပဋိ- လဘတံ ဧဝံ ဟောတိ ''နော စဿု မယံ ပရိဟာယာမာ''တိ။ (သံ-၂-၁ဝ၂။) သမာဓိသာရကာ သမာဓိသာမညာတိ သမာဓိံ ယေဝ သာရဉ္စ သာမညဉ္စ မညန္တိ။ မယှံ ပန သာသနေ န ဧတံ သာရံ၊ ဝိပဿနာမဂ္ဂဖလာနိ သာရံ။ သော တွံ သမာဓိတော ပရိဟာယန္တော ကသ္မာ စိန္တေသိ ''သာသန- တော ပရိဟာယာမီ''တိ ဧဝံ ထေရံ အဿာသေတွာ ဣဒါနိဿ တိပရိဝဋ္ဋံ ဓမ္မဒေသနံ အာရဘန္တော တံ ကိ မညသီတိအာဒိမာဟ။ (သံ-ဋ္ဌ-၂-၂၈၉။) = ချစ်သား အဿဇိ …အကြင် သမဏ ဗြာဟ္မဏဟု ခေါ်ဆိုကြသော ရဟန်းပုဏ္ဏားတို့သည် သမာဓိ သာလျှင် အနှစ်ဟု အောက်မေ့မှတ်ထင်ကြကုန်၏၊ သမာဓိသာလျှင် ရဟန်းအဖြစ်ဟု အောက်မေ့ မှတ်ထင် ကြကုန်၏၊ ထိုရဟန်းပုဏ္ဏားတို့၏ စိတ်အစဥ်ဝယ် ထိုသမာဓိကို မရရှိကြကုန်သည် ဖြစ်၍ '' ငါတို့သည် သာသနာ တော်မှ မဆုတ်ယုတ်ဘဲ ရှိကြပါကုန်၏လော''ဟူသော ဤသို့သော စိတ်အကြံအစည်သည် ဖြစ်ပေါ်လာတတ်၏
“阿说示,那些把定当作精髓、把定当作沙门性的沙门婆罗门,得不到那种定时便会想:‘但愿我们不要退失!’(《相应部》2-102。)所谓‘把定当作精髓、把定当作沙门性’,是说他们认为唯有定才是精髓、唯有定才是沙门性。然而在我的教法中,定不是精髓;观、道、果才是精髓。你只是从定退失,为何却想‘我正从教法中退失’?佛陀这样安慰长老后,接着为他开始三轮法教,说了‘你以为如何?’等。”(《相应部义注》2-289。)作者释:亲爱的阿说示,有些称为沙门、婆罗门的出家人认为,唯有定才是精髓、唯有定才成其为沙门;当他们未能得到那种定时,心中便会生起这样的念头:“我们可不要从教法中退失啊!”——
ဟု ဘုရားရှင်က မိန့်ကြားတော်မူ၏။ (သံ-၂-၁ဝ၂။) သို့သော် ငါဘုရားရှင်၏ သာသနာတော်တွင်း၌ကား ဤသမာဓိသည် အနှစ်သာရမဟုတ်ပါ၊ ဝိပဿနာ- မဂ်-ဖိုလ်တို့သည်သာ သာသနာတော်၌ အနှစ်သာရ ဖြစ်ကြကုန်၏။ ထိုသင်အဿဇိသည် (အာနာပါန) စတုတ္ထစျာန် သမာဓိမှ ဆုတ်ယုတ်သွားသောအခါ (ဆုတ်ယုတ်သွားရုံမျှဖြင့်) အဘယ်ကြောင့် ''ငါသည် သာသနာတော်မှ ဆုတ်ယုတ်လေပေါ့ ''ဟု ကြံစည်စိတ်ကူးရလေသနည်း --- ဤသို့ အရှင်အဿဇိမထေရ်ကို သက်သာရာရစေ၍ ယခုအခါ၌ ထိုအဿဇိမထေရ်မြတ်အား တိပရိဝဋ္ဋဓမ္မ ဒေသနာကို ဟောကြားတော်မူလျက် အရဟတ္တဖိုလ်၌ တည်အောင် ကြိုးစားအားထုတ်တော်မူလိုသည် ဖြစ်၍ - တံ ကိ မညသိ - စသော တိပရိဝဋ္ဋဓမ္မ ဒေသနာကို ဆက်လက်၍ အားသစ်တော်မူသည်။ (သံဋ္ဌ-၂-၂၈၉။)
——佛陀如此说道。(《相应部》2-102。)然而,在佛陀的教法中,定并不是精髓;观、道与果才是教法的精髓。阿说示,你不过是从入出息念第四禅的定退失,为什么仅仅因此便想:“我从教法中退失了”呢?佛陀如此安慰阿说示尊者后,为了使尊者安住于阿罗汉果,接着以“你以为如何”(taṃ kiṃ maññasi)等句开始三轮法教,继续给予教导。(《相应部义注》2-289。)