《一夜贤者经》所说的现在
《一夜贤者经》解释 · 原书第 149–151 页 · 14 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 149 页
ဘဒ္ဒေကရတ္တသုတ္တန်၌ ဆိုလိုသော ပစ္စုပ္ပန်
《一夜贤者经》所说的“现在”
ဤတွင် ဘဒ္ဒေကရတ္တသုတ္တန်၌ ဆိုလိုသော ပစ္စုပ္ပန်နှင့် ကျမ်းဂန်များ၌ ခန္ဓာ (၅)ပါးတို့ကို အတိတ်-အနာ ဂတ်-ပစ္စုပ္ပန်အားဖြင့် ခွဲခြားသတ်မှတ်ပုံများကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။ ရှေးဦးစွာ အဋ္ဌသာလိနီ အဋ္ဌကထာ၏ အဖွင့်ကို တင်ပြပေအံ့။
这里将继续说明《一夜贤者经》所说的“现在”,以及诸教典如何把五蕴界定为过去、未来与现在。先引《殊胜义注》的开释。
ပစ္စုပ္ပန္နဉ္စ နာမေတံ တိဝိဓံ ခဏပစ္စုပ္ပန္နံ၊ သန္တတိပစ္စုပ္ပန္နံ၊ အဒ္ဓါပစ္စုပ္ပန္နဉ္စ။ တတ္ထ ဥပ္ပါဒဋ္ဌိတိဘင်္ဂပ္ပတ္တံ ခဏပစ္စုပ္ပန္နံ။ ဧကဒွိသန္တတိဝါရပရိယာပန္နံ သန္တတိပစ္စုပ္ပန္နံ။ ။ ပ ။ ဧကဘဝပရိစ္ဆိန္နံ ပန အဒ္ဓါပစ္စုပ္ပန္နံ နာမ။ ယံ သန္ဓာယ ဘဒ္ဒေကရတ္တသုတ္တေ --- ''ယော စာဝုသော မနော၊ ယေ စ ဓမ္မာ၊ ဥဘယမေတံ ပစ္စုပ္ပန္နံ၊ တသ္မိ စေ ပစ္စုပ္ပန္နေ ဆန္ဒရာဂပဋိဗဒ္ဓံ ဟောတိ ဝိညာဏံ၊ ဆန္ဒရာဂပဋိဗဒ္ဓတ္တာ ဝိညာဏဿ တဒဘိနန္ဒန္တိ၊ တဒဘိနန္ဒန္တော ပစ္စုပ္ပန္နေသု ဓမ္မေသု သံဟီရတီ''တိ ဝုတ္တံ။ သန္တတိပစ္စုပ္ပန္နဉ္စေတ္ထ အဋ္ဌကထာသု အာဂတံ၊ အဒ္ဓါပစ္စုပ္ပန္နံ သုတ္တေ။
“所谓现在有三种:刹那现在、相续现在与一期现在。其中,已到达生起、住立、坏灭〔三刹那〕者,是刹那现在;摄于一或两个相续轮次者,是相续现在。……以一生为界者,称为一期现在。关于这一点,《一夜贤者经》说:‘贤友,意与诸法,二者都是现在。若在这现在之中,识与欲贪相系;由于识与欲贪相系,他便喜爱它们;喜爱它们时,就被现在诸法牵引。’这里,相续现在见于诸义注,一期现在见于经。”
(အဘိ-ဋ္ဌ-၁-၄၄၅။)
(《殊胜义注》1-445。)
原书第 150 页
= ဤ ပစ္စုပ္ပန်အာရုံ မည်သည် --- ၁။ ခဏ ပစ္စုပ္ပန် ၂။ သန္တတိ ပစ္စုပ္ပန် ၃။ အဒ္ဓါ ပစ္စုပ္ပန် - ဟု သုံးမျိုးပြား၏။
也就是说,所谓“现在所缘”分为三种:1.刹那现在;2.相续现在;3.一期现在。
၁။ ထိုသုံးမျိုးတို့တွင် ထိုထို အကြောင်းတရားကို အစွဲပြု၍ ဖြစ်ဆဲဖြစ်သော ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်- ပျက် ခဏသုံးပါးသို့ ရောက်ဆဲဖြစ်နေသော စိတ်-စေတသိက်-ရုပ်တရားစုသည် ခဏပစ္စုပ္ပန် မည်၏။
1.在这三种之中,依各自因缘而正处于生起过程、正达到生起—住立—坏灭三个刹那的心、心所与色法之聚,称为刹那现在。
၂။ ရုပ်အစဥ် နာမ်အစဥ်ကို သန္တတိဟု ခေါ်၏။ တစ်ဥတု တစ်ဟာရ နှစ်ဥတု နှစ်ဟာရကြောင့် ဖြစ်သော ရုပ်သန္တတိအစဥ်၌ အကျုံးဝင်သော တစ်ကြိမ် နှစ်ကြိမ်သော ရုပ်သန္တတိအစဥ်သည်လည်းကောင်း၊ တစ်ဝီထိ နှစ်ဝီထိဟူသော တစ်ခုသော နှစ်ခုသော စိတ်အစဥ်၏ အလှည့်အကြိမ်၌ အကျုံးဝင်သော စိတ်စေတသိက် နာမ်တရားစုသည်လည်းကောင်း သန္တတိပစ္စုပ္ပန်မည်၏။
2.色的连续过程与名的连续过程,称为“相续”。在由一次时节与一次食、或两次时节与两次食所生的色相续中,摄于一或两个色相续轮次者;以及摄于一或两个心路过程轮次的心与心所名法之聚,都称为相续现在。
၃။ တစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော ရုပ်-နာမ်သည် အဒ္ဓါပစ္စုပ္ပန် မည်၏၊ ယင်း အဒ္ဓါပစ္စုပ္ပန်ကိုပင် ရည်ရွယ်တော်မူ၍ အရှင်မဟာကစ္စည်း ကိုယ်တော်မြတ်ကြီးသည် မဟာကစ္စာန - ဘဒ္ဒေကရတ္တသုတ္တန်၌ ဤသို့ ဟောကြားထားတော်မူ၏။
3.以一生为界的色与名,称为一期现在。摩诃迦旃延尊者正是针对这种一期现在,在《摩诃迦旃延一夜贤者经》中作了如下开示。
''သီတင်းသုံးဖော် ဖြစ်တော်မူကြကုန်သော အရှင်ဘုရားတို့ …အကြင် ဘဝင်မနောအကြည်ဓာတ်ဟူသော စိတ်သည်လည်းကောင်း၊ အကြင်ဓမ္မာရုံတရားစုတို့သည်လည်းကောင်း ရှိကြကုန်၏။ ဤ မန-ဓမ္မာရုံ နှစ်ပါးစုံ သည် အဒ္ဓါပစ္စုပ္ပန် မည်၏။ ထိုအဒ္ဓါပစ္စုပ္ပန်ဖြစ်သော တစ်ခုသောဘဝ၌ အကျုံးဝင်သော မန-ဓမ္မာရုံ နှစ်ပါးစုံ၌ လိုလားတပ်မက်မှု ဆန္ဒရာဂနှင့် စပ်သော တပ်မက်တတ်သော ဝိညာဏ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ယင်း အသိစိတ်ဝိညာဏ်၏ လိုလားတပ်မက်မှု ဆန္ဒရာဂနှင့် စပ်သွယ်နေသည်၏ အဖြစ်ကြောင့် (ထိုပုဂ္ဂိုလ်သည်) ထို မန-ဓမ္မာရုံ နှစ်ပါးစုံကို လွန်စွာ နှစ်သက်နေ၏။ ထို မန-ဓမ္မာရုံ နှစ်ပါးစုံကို လွန်စွာ နှစ်သက်သော ပုဂ္ဂိုလ်ကို ပစ္စုပ္ပန်ဖြစ်ကုန်သော တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က ဆွဲဆောင်အပ် ဆွဲငင်ထားအပ်ကုန်၏။'' (မ-၃-၂၃၇။) ဤ ပစ္စုပ္ပန်သုံးမျိုးတို့တွင် - သန္တတိပစ္စုပ္ပန်ကား အဋ္ဌကထာတို့၌ လာရှိ၏၊ အဒ္ဓါပစ္စုပ္ပန်ကား ဘဒ္ဒေကရတ္တ
“诸位同住的尊者……有一种称为‘有分意净界’的心,也有诸法所缘之法聚;意与诸法二者同属一期现在。对于这一生所摄的一期现在——即意与诸法这两者——如果生起了与欲贪相系、具有贪著作用的识,那么,由于这一能知之识与欲贪相系,那个人便强烈喜爱意与诸法二者。强烈喜爱这二者的人,就被爱、见牵引于现在诸法之中。”(《中部》3-237。)在这三种现在中,相续现在见于诸义注;一期现在见于《一夜贤者——
သုတ္တန် စသော သုတ္တန်ဒေသနာတော်တို့၌ လာရှိ၏။ (အဘိ-ဋ္ဌ-၁-၄၄၅။) ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့်အညီ ဤ ဘဒ္ဒေကရတ္တသုတ္တန်၌ ဆိုလိုသော ပစ္စုပ္ပန်မှာ ပဋိသန္ဓေခန္ဓာငါးပါးမှသည် စုတိခန္ဓာငါးပါးသို့တိုင်အောင် ဘဝတစ်လျှောက်အတွင်း၌ ဖြစ်ပေါ်နေကြသော ခန္ဓာငါးပါး (အာယတနတစ်ဆယ့်နှစ်ပါး) အားလုံးကိုပင် ဆိုလိုသည် ရည်ညွှန်းထားသည်ဟု မှတ်ပါ။ ထိုကြောင့် ယင်း အဒ္ဓါပစ္စုပ္ပန်တရားတို့တွင် ယနေ့ဖြစ်ပြီးခန္ဓာငါးပါးတွင်သာမက မနေ့က ခန္ဓာငါးပါး၊ တစ်နေ့က ခန္ဓာငါးပါး စသည်ဖြင့် ပဋိသန္ဓေ ခန္ဓာငါးပါးသို့တိုင်အောင် ဘဝတစ်လျှောက်ဝယ် ဖြစ်ပြီး ခန္ဓာတို့လည်း ပါဝင်ကြ၏။ အလား- တူပင် ယနေ့ဖြစ်လတ္တံ့ ခန္ဓာငါးပါးတွင်သာမက နက်ဖြန်၌ ဖြစ်လတ္တံ့သော ခန္ဓာငါးပါး၊ တစ်မြန်နေ့၌ ဖြစ်လတ္တံ့သော ခန္ဓာငါးပါး၊ နောက်လ၌ နောက်နှစ်၌ ဖြစ်မည့် ခန္ဓာငါးပါး စသည်ဖြင့် စုတိတိုင်အောင် ဖြစ်လတ္တံ့သော ခန္ဓာငါးပါး
——经》等经文开示中。(《殊胜义注》1-445。)依照上述巴利与义注,应当知道:《一夜贤者经》所说的“现在”,是指从结生五蕴直到死时五蕴、贯穿一生而生起的一切五蕴(十二处)。因此,这些一期现在法不仅包括今天已经生起的五蕴,也包括昨天、前天等从一生之初的结生五蕴以来已经生起的一切诸蕴。同样,它不仅包括今天稍后将生起的五蕴,也包括明天、后天、下个月、明年等直到死亡为止将生起的五蕴——
တို့လည်းပါဝင်ကြ၏။ မျက်မှောက်ခေတ်တွင် ရေပန်းစားနေသော ပစ္စုပ္ပန်နှင့်ကား တူညီမှု မရှိသည်ကို သတိပြု- လေရာသည်။
——也都包括其中。应当留意:这里所谓的“现在”,与当今流行观念中的“现在”并不相同。
အာရုံ (၆) ပါး သို့မဟုတ် ခန္ဓာ (၅) ပါးတို့ အပေါ်၌ လိုလား တပ်မက်မှု ဆန္ဒရာဂနှင့် ဆက်စပ်လျက် တွယ်တာ မက်မောတတ်သည့် အသိစိတ် ဝိညာဏ် = မန ဖြစ်ရေးမှာ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏတ္တယသို့
至于与欲贪相系、会执著贪恋六所缘或五蕴的能知之识(识=意),要在已经由智辨知至生起—住立—坏灭三个刹那、并照见至究竟法层面的刹那现在法上——
原书第 151 页
ကောင်းသော ည တစ်ညပိုင်း -- ဘဒ္ဒေကရတ္တသုတ္တန်ရှင်းလင်းချက် ဆိုက်အောင် အသိဉာဏ်ပေါက်နေသော ပရမတ်သို့ဆိုက်အောင် မြင်သိနေသော ခဏပစ္စုပ္ပန်တရားတို့ အပေါ်၌ အလွန်ဖြစ်ခဲဖွယ်ရာရှိ၏။ ဘဝတစ်ခုဖြင့် ပိုင်းခြားထားအပ်သော အဒ္ဓါပစ္စုပ္ပန် အမည်ရသော ခန္ဓာ (၅)ပါး ရုပ်- နာမ်တရားတို့ အပေါ်၌သာ တဏှာ-ဒိဋ္ဌိတို့ အဖြစ်များဖွယ် ရှိပေသည်။ သို့အတွက် ဘဒ္ဒေကရတ္တသုတ္တန်များ၌ ဆိုလိုသော ပစ္စုပ္ပန်မှာ ဘဝတစ်ခုဖြင့် ပိုင်းခြားထားအပ်သော ဘဝတစ်ခု၌ အကျုံးဝင်သော ခန္ဓာ (၅) ပါး ရုပ်- နာမ်တရားတို့သာ ဖြစ်ကြောင်း အဋ္ဌကထာဆရာတော်များက ဖွင့်ဆိုတော်မူကြခြင်း ဖြစ်ပေသည်။ သို့သော် ဤသို့သောဖွင့်ဆိုချက်တို့ကား - သုတ္တန္တပရိယာယနည်းသာ ဖြစ်၏။ အဘိဓမ္မနိဒ္ဒေသနည်းကား မဟုတ်ပေ။
——生起,可以说极为困难。爱、见却较常在以一生为界、称为一期现在的五蕴色名法上生起。因此,义注师才把《一夜贤者经》所说的“现在”,解释为以一生为界、摄于一生之内的五蕴色名法。不过,这样的解释只属经教门(suttanta-pariyāya)的方法,并非阿毗达磨解释门(abhidhamma-niddesa)的方法。
သို့အတွက် သုတ္တန္တပရိယာယနည်း နှင့် အဘိဓမ္မနိဒ္ဒေသနည်းတို့အတိုင်း ပစ္စုပ္ပန်ယူဆပုံကိုလည်း ဆက်လက် တင်ပြအပ်ပါသည်။
所以下文还将继续依经教门与阿毗达磨解释门,说明对“现在”的取法。