戒清净
色业处部分 · 原书第 536–537 页 · 13 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 536 页
သီလဝိသုဒ္ဓိ
戒清净
၁။ ပါတိမောက္ခသံဝရသီလ၊ ၂။ ဣန္ဒြိယသံဝရသီလ၊ ၃။ အာဇီဝပါရိသုဒ္ဓိသီလ၊ ၄။ ပစ္စယသန္နိဿိတသီလ ---- ဟု အခြေခံ သီလကြီး (၄) မျိုးရှိ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း အခြေခံ သီလကြီး (၄)မျိုးနှင့် ပြည့်စုံ အောင် ရှေးဦးစွာ ဖြည့်ကျင့်ရမည် ဖြစ်သည်။
有四种根本戒:一、别解脱律仪戒;二、根律仪戒;三、活命遍净戒;四、资具依止戒。禅修者首先必须修行,令这四种根本戒圆满。
၁။ ပါတိမောက္ခသံဝရသီလ ---- ဝိနည်းဒေသနာတော်၌ ဘုရားရှင် ပညတ်ထားတော်မူအပ်သော သိက္ခာပုဒ် အကြီးအငယ် အသွယ်သွယ်တို့ ရှိကြ၏။ ''ဤအမှုကို ပြုလုပ်ရမည် ဖြည့်ကျင့်ရမည်''ဟု ပညတ်တော် မူအပ်သော သိက္ခာပုဒ်တို့ကို ဖြည့်ကျင့်ခြင်းဖြင့်လည်းကောင်း၊ ''ဤအမှုကို မပြုလုပ်အပ်''ဟု ပယ်မြစ် ထားသော အရာများကို မပြုမကျင့် ရှောင်ခြင်းဖြင့်လည်းကောင်း သိက္ခာပုဒ်တော်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် ပါတိမောက္ခသံဝရသီလ မည်၏။ လူဒါယကာ ဒါယိကာမတို့အတွက် အောက်ထစ် ဆုံးအားဖြင့် ငါးပါးသီလသည် ပါတိမောက္ခသံဝရသီလ မည်၏။ စွမ်းနိုင်ပါက ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး သီလတို့ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရမည်သာ ဖြစ်ပေသည်။
一、别解脱律仪戒——在律藏教说中,有佛陀所制定的各种大小学处。对于规定“此事应当实行、应当履行”的学处,依照履行而守护;对于禁止“此事不得实行”的事项,依照不作、不行、远离而守护学处,这就是别解脱律仪戒。对于在家男女施主,最低限度的五戒即是别解脱律仪戒;若力所能及,也应守护八戒、九戒或十戒。
၂။ ဣန္ဒြိယသံဝရသီလ ---- မျက်စိ-နား-နှာ-လျှာ-ကိုယ်-စိတ် ဟူသော ဒွါရ ခြောက်ပါး တံခါးကြီး ခြောက် ပေါက်မှ အဘိဇ္ဈာ-ဒေါမနဿ = နှစ်သက်မှု-မနှစ်သက်မှုစသော အကုသိုလ်အယုတ်တရားတို့ မဝင် ရောက်နိုင်အောင် သမထ ဝိပဿနာ ဘာဝနာဟူသော ကမ္မဋ္ဌာန်းအာရုံတစ်ခုခု အတွင်းသို့ မိမိတို့၏ စိတ်ကို အမြဲသွတ်သွင်းထားခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ဣန္ဒြိယသံဝရသီလ မည်၏။
二、根律仪戒——为使贪欲、忧恼,即喜欢、不喜欢等不善劣法,不能从眼、耳、鼻、舌、身、意这六扇大门进入,应把自己的心恒常投入止、观修习的某一业处所缘之中,以此防护守持,这就是根律仪戒。
ဤဣန္ဒြိယသံဝရသီလ လုံခြုံရေးကား ဘာဝနာအာရုံ တစ်ခုခုနှင့် ကင်း၍ ဖြည့်ကျင့်၍ မရစကောင်းပေ။
这种根律仪戒的防护,若离开某一种修习所缘,就不可能完成。
သို့အတွက် အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် သမာဓိထူထောင်ခိုက် သမထနယ်ပယ်၌သာ ရှိနေ သေးသည်ဖြစ်အံ့၊ မိမိရှုပွားနေသည့် သမထအာရုံ အတွင်း၌ မိမိ၏ ဘာဝနာစိတ်ကို သွတ်သွင်းလျက် ဤသီလကို လုံခြုံအောင် ဖြည့်ကျင့်ရမည် ဖြစ်သည်။ အကယ်၍ အသင်ယောဂါဝစရပုဂ္ဂိုလ်သည် အာနာ ပါနဿတိသမာဓိ ဘာဝနာကို ပွားနေသူ ဖြစ်အံ့၊ ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော အာနာပါန သမထနိမိတ်အာရုံတို့တွင် မိမိရောက်ရှိနေသော သမထအာရုံနိမိတ်၌ ဘာဝနာစိတ်ကို အမြဲ သွတ်သွင်းလျက် အာနာပါနဿတိ သမာဓိဘာဝနာကိုသာ ပွားများနေရမည် ဖြစ်ပေသည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဝိပဿနာပိုင်းသို့ ရောက်ရှိနေပါက သင်္ခါရတရားတို့၏ အနိစ္စအခြင်း အရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို အာရုံယူ၍ အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန်ကို
因此,贤善禅修者在建立定力、尚处于止修范围时,必须把自己的修习心投入正在观修的止所缘中,以此圆满守护此戒。若正在修习入出息念定,就应把修习心恒常投入自己当时已达到的入出息止禅相——遍作相、取相或似相——之中,只修习入出息念定。若贤善禅修者已经进入观修阶段,则应取诸行法的无常行相、苦行相、无我行相为所缘,把无常、苦、无我三相——
原书第 537 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာရှုနေရမည် ဖြစ်သည်။ ဤ ဣန္ဒြိယသံဝရသီလကား ရဟန္တာ အဖြစ်သို့ ရောက်ရှိပါမှ အပြည့်အစုံ စင်ကြယ်မည် ဖြစ်ပေသည်။
——轮流提起,持续不断地修观。这种根律仪戒,只有达到阿罗汉时才会完全清净。
၃။ အာဇီဝပါရိသုဒ္ဓိသီလ ---- ရဟန်းတော်များအတွက် အသက်မွေးဝမ်းကြောင်းနှင့် ဆက်စပ်၍ ဘုရားရှင် ပညတ်တော်မူအပ်သော သိက္ခာပုဒ်တို့ ရှိကြ၏။ ယင်းသိက္ခာပုဒ်တို့ကို မလွန်ကျူးဘဲ၊ လူဒါယကာ ဒါယိ ကာမတို့ အံ့သြသွားအောင် အံ့ဖွယ်အမျိုးမျိုးကို ပြုလုပ်ခြင်း၊ အံ့ဖွယ်သရဲ အမျိုးမျိုးကို ပြောခြင်း၊ ပစ္စည်း လှူအောင် အရိပ်နိမိတ်ကို ပြခြင်း၊ လာဘ်တစ်ခုဖြင့် လာဘ်တစ်ခုကို ရှာဖွေခြင်း - ဤသို့ အစရှိကုန် သော ယုတ်မာသော မတရားနည်းလမ်းတို့၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကုန်သော ပစ္စည်း (၄)ပါးတို့ကို မသုံးစွဲဘဲ ရှောင်ကြဥ်ခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏။
三、活命遍净戒——对于比丘,佛陀制定了与谋生有关的学处。不违犯这些学处,也不使用种种令在家男女施主惊奇的神异手段,不谈说种种奇异可怖之事,不以暗示使人供养资具,不以一种所得去谋求另一种所得;如此不受用由卑劣、不法手段所得的四种资具而予以远离,就是活命遍净戒。
လူပုဂ္ဂိုလ်များအဖို့ - သူ့အသက်သတ်ခြင်း၊ သူ့ပစ္စည်း မတရားယူခြင်း၊ သူ့သားမယားကို ဖျက်ဆီးခြင်း ဟူသော ကာယဒုစရိုက်သုံးပါး၊ မုသားပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊ ပြိန် ဖျင်းသော စကားကို ပြောဆိုခြင်းတည်း ဟူသော ဝစီဒုစရိုက် (၄)ပါး - ဤဒုစရိုက် (၇)ပါးတို့ကို လွန်ကျူးခြင်း ကြောင့် ရရှိသော ပစ္စည်းတို့ကို မသုံးစွဲဘဲ ရှောင်ကြဥ်ခြင်း၊ လက်နက်ကို ကုန်သွယ်ခြင်း၊ လူကို ကုန်သွယ်ခြင်း၊ မွေးမြူရေးလုပ်ငန်း ပြုလုပ်လျက် ကုန်သွယ်ခြင်း၊ အဆိပ်ကို ကုန်သွယ်ခြင်း၊ မူးယစ်ဆေးဝါးကို ကုန်သွယ်ခြင်း တည်းဟူသော ကုန်သွယ်ခြင်း (၅)မျိုးတို့ဖြင့် ရရှိသော ပစ္စည်းတို့ကို မသုံးစွဲဘဲ ရှောင်ကြဥ်ခြင်း -- ဤသို့ ကာယ ဒုစရိုက်၊ ဝစီဒုစရိုက်၊ ကုန်သွယ်ခြင်း (၅)မျိုးတို့ကြောင့် ရရှိသော ပစ္စည်းတို့ကို မသုံးစွဲဘဲ ရှောင်ကြဥ်လျက်
对于在家人,应不受用因违犯七种恶行而获得的资具:三种身恶行,即杀生(杀害生命)、偷盗(不法取得他人财物)、邪淫(破坏他人婚姻);四种语恶行,即妄语、两舌、恶口、绮语。还应不受用由五种贸易所获得的资具:贩卖武器、贩卖人口、经营畜牧买卖、贩卖毒物、贩卖致醉品。如此远离受用由身恶行、语恶行以及五种贸易所得的资具,并——
ကုန်သွယ်ခြင်း လယ်လုပ်ခြင်း စသည့် စင်ကြယ်သော အသက်မွေးဝမ်းကြောင်း လုပ်ငန်းရပ်တို့ဖြင့် အသက် မွေးခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏။
——依靠经商、耕作等清净的谋生事业维持生活,这就是活命遍净戒。
၄။ ပစ္စယသန္နိဿိတသီလ ---- ပစ္စည်း (၄)ပါးကို သုံးစွဲရာ၌ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၍ သုံးစွဲခြင်း ဟူသော ပဋိသင်္ခါနပရိသုဒ္ဓ = ပစ္စဝေက္ခဏာ ဆင်ခြင်ခြင်းဖြင့် စင်ကြယ်သော ပစ္စည်း (၄)ပါးကို သုံး ဆောင်ကြောင်းဖြစ်သော အပြစ်မရှိသော ကုသိုလ်စေတနာ (ရဟန္တာအရှင်မြတ်တို့အတွက် ကြိယာ စေတနာ) သည် ပစ္စယသန္နိဿိတသီလ မည်၏။
四、资具依止戒——受用四种资具时,以省察智省察而受用;这种“省察遍净”,即因省察资具而清净地受用四种资具时所生、无过失的善思(对于阿罗汉圣者则是唯作思),就是资具依止戒。
ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဤသီလကြီး (၄)ပါးကို စင်ကြယ်အောင် ဖြည့်ကျင့်နိုင်ပါက သီလဝိသုဒ္ဓိ စခန်းသို့ ဆိုက်ပြီ ဖြစ်ပေသည်။
贤善禅修者若能修行这四种根本戒,使之清净,便已经到达戒清净的阶段。
တတ္ထ သီလဝိသုဒ္ဓိ နာမ သုပရိသုဒ္ဓံ ပါတိမောက္ခသံဝရာဒိစတုဗ္ဗိဓံ သီလံ။ (ဝိသုဒ္ဓိ-၂-၂၂၂။)
“此中,所谓戒清净,是完全清净的别解脱律仪戒等四种戒。”(《清净道论》2-222。)