序论
《趣向涅槃之道》中文全译本 · 非缩略版
原书卷前 · 原书卷前第 17–27 页 · 97 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书卷前第 17 页(A)
နိဒါနကထာ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
礼敬彼世尊、阿罗汉、正等觉者。
နိဗ္ဗာနဂါမိနိပဋိပဒါ - ပထမတွဲ
《趣向涅槃之道·第一册》
နိဒါနကထာ
序论
အကြောင်းပြစာတမ်းလွှာ
缘由说明
ယံ ပဿတိ န တံ ဒိဋ္ဌံ၊ ယံ ဒိဋ္ဌံ တံ န ပဿတိ။
所见者非所应见,所应见者却不见;
အပဿံ ဗဇ္ဈတေ မူဠှော၊ ဗဇ္ဈမာနော န မုစ္စတိ။
愚者因不见而被缚,既被缚便不得解脱。
(အဘိ-ဋ္ဌ-၂-၃၄၇။ ဒီ-ဋ္ဌ-၂-၂ဝ၇။ မ-ဋ္ဌ-၁-၂၄၇။)
(《殊胜义注》2-347;《长部义注》2-207;《中部义注》1-247。)
လောကော = ပရမတ်ဉာဏ်ပညာမျက်စိ ကာဏ်း၍နေသော လူသားအပေါင်းသည်။ ယံ = အကြင် ယောကျာ်း မိန်းမကို။ ပဿတိ = မိစ္ဆာဒဿနအားဖြင့် မှားမှားယွင်းယွင်း (ယောကျာ်း မိန်းမဟု) သိမြင်၍ နေ၏။
loko,指失明于胜义智慧之眼的一切世人;yaṃ,指某一男人或女人;passati,指以邪见错误地认知、看作男人或女人。
တံ = ထို ပရမတ်ဉာဏ်ပညာမျက်စိ ကာဏ်း၍နေသည့် လူသားအပေါင်းတို့ မှားမှားယွင်းယွင်း သိမြင်- အပ်သော ယောကျာ်း မိန်းမသည်။ ဒိဋ္ဌံ = ပရမတ်ဉာဏ်ပညာမျက်စိဖြင့် တကယ် မြင်သင့် မြင်ထိုက်သော တရားသည်ကား။ န = မဟုတ်ပါပေ။
taṃ,指被那些失明于胜义智慧之眼的世人错误看见的男人或女人;diṭṭhaṃ,指以胜义智慧之眼真正应当看见之法;na,意为并不是。
ယံ = (က) အကြင် ရူပါရုံကို၊ (ခ) အကြင် ဆံပင်စသော ကောဋ္ဌာသအပေါင်းကို၊ (ဂ) အကြင် ဘူတရုပ် ဥပါဒါရုပ်အပေါင်းကိုကား။ ဒိဋ္ဌံ = ပညာရှိသူတော်ကောင်းအပေါင်းတို့သည် ပရမတ်ဉာဏ်ပညာမျက်စိဖြင့် တကယ် မြင်သင့် မြင်ထိုက်၏။
yaṃ,指:(一)某一色所缘;(二)头发等各个身分;(三)大种色与所造色。diṭṭhaṃ,意为智者善士应当以胜义智慧之眼如实看见。
တံ = ပညာရှိသူတော်ကောင်းအပေါင်းတို့သည် ပရမတ်ဉာဏ်ပညာမျက်စိဖြင့် တကယ် မြင်သင့် မြင်ထိုက်- သော (က) ထို ရူပါရုံကို၊ (ခ) ထို ဆံပင်စသော ကောဋ္ဌာသအပေါင်းကို၊ (ဂ) ထို ဘူတရုပ် ဥပါဒါရုပ်အပေါင်းကို။
taṃ,指智者善士应当以胜义智慧之眼如实看见的:(一)该色所缘;(二)该头发等各个身分;(三)该大种色与所造色。
လောကော = ပရမတ်ဉာဏ်ပညာမျက်စိ ကာဏ်း၍နေသော လူသားအပေါင်းသည်။ ပညာစက္ခုနာ = ပရမတ် ဉာဏ်ပညာစက္ခုဖြင့်။ ဘူတတော = ဟုတ်မှန်သောအားဖြင့်။ န ပဿတိ = မသိ မမြင်။
loko,指失明于胜义智慧之眼的一切世人;paññācakkhunā,意为以胜义智慧之眼;bhūtato,意为如实地;na passati,意为不知、不见。
အပဿံ = ပရမတ်ဉာဏ်ပညာစက္ခုဖြင့် ဟုတ်တိုင်းမှန်စွာ မသိ မမြင်သော။ မူဠှော = အသိမှားလျက် တွေဝေသောသူကို။ ဗဇ္ဈတေ = ရာဂဖြင့် နှောင်ဖွဲ့အပ်၏။ ဗဇ္ဈမာနော = ရာဂဖြင့် အနှောင်အဖွဲ့ ခံရသောသူသည်။
apassaṃ,指不能以胜义智慧之眼如实知见者;mūḷho,指误知而迷惑的人;bajjhate,意为被贪所缚;bajjhamāno,指正被贪束缚的人。
န မုစ္စတိ = ကိလေသဝဋ်ဒုက္ခ သံသရာဝဋ်ဒုက္ခမှ မလွတ်မြောက်နိုင်ပေ။
na muccati,意为不能从烦恼轮转之苦与轮回轮转之苦中解脱。
(အဘိ-ဋ္ဌ-၂-၃၄၇။ ဒီ-ဋ္ဌ-၂-၂ဝ၇။ မ-ဋ္ဌ-၁-၂၄၇။ မူလဋီ-၂-၁၄၈။)
(《殊胜义注》2-347;《长部义注》2-207;《中部义注》1-247;《根本复注》2-148。)
ပရမတ်ဉာဏ်ပညာမျက်စိ ကာဏ်း၍နေသော လူသားတစ်ဦးသည် ရူပါရုံကို ရူပါရုံဟု လည်းကောင်း၊ ဆံပင်အစရှိသော ကောဋ္ဌာသအပေါင်းကို ဆံပင် အစရှိသော ကောဋ္ဌာသ အပေါင်းအစုဟု လည်းကောင်း၊ ဘူတရုပ် ဥပါဒါရုပ်တို့၏ အပေါင်းအစု ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းကို ဘူတရုပ် ဥပါဒါရုပ်တို့၏ အပေါင်းအစုဟုလည်းကောင်း၊ နာမကာယ = နာမ်တရားတို့၏ အစုအပုံကိုလည်း နာမ်တရားတို့၏ အစုအပုံ ဟုလည်းကောင်း၊ အကြောင်းတရား အကျိုးတရားတို့၏ အစုအပုံကိုလည်း အကြောင်းတရား အကျိုးတရားတို့၏ အစုအပုံဟုလည်းကောင်း၊ အနိစ္စတရား ဒုက္ခတရား အနတ္တတရား အသုဘတရား အစုအပုံကိုလည်း အနိစ္စတရား အစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘတရားအစုအပုံဟုလည်းကောင်း ပရမတ်ဉာဏ်- ပညာစက္ခုဖြင့် ဟုတ်တိုင်းမှန်စွာ မသိဘဲ ယောကျာ်း မိန်းမစသည်ဖြင့် မှားမှားယွင်းယွင်း တွေတွေဝေဝေ သိမြင်- နေ၏။ ထိုကဲ့သို့ မှားမှားယွင်းယွင်း တွေတွေဝေဝေ အသိမှားနေသော လူသားကို ယောကျာ်း မိန်းမ စသည့်
失明于胜义慧眼的人,不能如实知见:色所缘只是色所缘;头发等身分只是诸身分的组合;色身只是大种色与所造色的组合;名身只是名法的聚合;因果只是因果法的聚合;无常、苦、无我、不净诸法也只是各自法的聚合。他却迷惑地把它们看作男人、女人等。如此误知的人,又被对于男人、女人等
A
A
原书卷前第 18 页(B)
ထိုထိုအာရုံပေါ်၌ တွယ်တာတပ်မက်မှု ရာဂတရားက ရစ်ပတ်နှောင်ဖွဲ့၍ ထား၏။ ရာဂ၏ ရစ်ပတ်နှောင်ဖွဲ့မှုကို ခံယူနေရသော ထိုလူသားသည် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် တည်းဟူသော ဝဋ်သုံးပါးတို့ အဆက်မပြတ် လည်ပတ်နေရာ ဤသံသရာမှ မလွတ်မြောက်နိုင်။
种种所缘的执著贪爱缠绕束缚。承受贪爱束缚的这个人,不能从烦恼轮转、业轮转和异熟轮转连续运转的轮回中解脱。
ပရမတ်ဉာဏ်ပညာစက္ခုတည်းဟူသော သမ္မာဒိဋ္ဌိဉာဏ်ပညာနှင့် ပြည့်စုံသော သူတော်ကောင်းသည်ကား- ၁။ ရူပါရုံကို ရူပါရုံဟုလည်းကောင်း၊ ၂။ ဆံပင်အစရှိသော ကောဋ္ဌာသအပေါင်းအစုကို ဆံပင်အစရှိသော ကောဋ္ဌာသအပေါင်းအစုဟုလည်းကောင်း၊ ၃။ ဘူတရုပ် ဥပါဒါရုပ်တို့၏ အပေါင်းအစု ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းကို ဘူတရုပ် ဥပါဒါရုပ်တို့၏ အပေါင်းအစုဟုလည်းကောင်း၊ ၄။ နာမကာယ = နာမ်တရားတို့၏ အပါင်းအစုကိုလည်း နာမကာယ = နာမ်တရားတို့၏ အပါင်းအစု ဟုလည်းကောင်း၊ ၅။ အကြောင်းတရား အကျိုးတရားတို့၏ အစုအပုံကိုလည်း အကြောင်းတရား အကျိုးတရားတို့၏ အစုအပုံ ဟုလည်းကောင်း၊ ၆။ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘတရားအစုအပုံကိုလည်း အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘတရားအစုအပုံဟုလည်းကောင်း ပရမတ်ဉာဏ်ပညာစက္ခုတည်းဟူသော သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်
具足胜义智慧之眼——正见智——的善士,则亲自现前洞彻知见:一、色所缘只是色所缘;二、头发等诸身分的组合只是头发等诸身分的组合;三、由大种色与所造色聚合而成的色身,只是大种色与所造色的组合;四、名身只是名法的聚合;五、因法与果法只是因果法的聚合;六、无常、苦、无我、不净之法的聚合,分别只是无常、苦、无我、不净之法的聚合。
သိမြင်၏။ ထိုသို့ မတွေမဝေ ထွင်းဖောက်သိမြင်နေသော သူတော်ကောင်းကို ရာဂသည် မနှောင်ဖွဲ့အပ် မနှောင်- ဖွဲ့နိုင်။ ရာဂ၏ ရစ်ပတ်နှောင်ဖွဲ့မှုကို မခံရသော ထိုသူတော်ကောင်းသည် ကိလေသာတို့မှ လွတ်မြောက်နိုင်၏ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်၏။
对于这样不迷惑而洞彻知见的善士,贪不能加以束缚。未受贪爱缠缚的善士,能够从诸烦恼中解脱,也能够从轮回之苦中解脱。
ဤကား အထက်ပါ ဂါထာ၏ ဆိုလိုရင်းတည်း။
这就是上引偈颂的含义。
ပရမတ်သို့ ဉာဏ်အမြင်မဆိုက်သော ပညာမျက်စိ ကာဏ်းနေသော လူသားတစ်ဦး၏ အမြင်နှင့် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်နေသော ပညာစက္ခုတည်းဟူသော သမ္မာဒိဋ္ဌိဉာဏ်အမြင်နှင့် ပြည့်စုံသော သူတော်ကောင်း တစ်ဦး၏ အမြင်ကား အမြင်ချင်း မတူပေ။ ပညာစက္ခု ကာဏ်းနေသော လူသားကား ပရမတ်သို့ ဆိုက်အောင် မမြင်၊ ပညာစက္ခုနှင့် ပြည့်စုံသော သူတော်ကောင်းသည်ကား ပရမတ်သို့ ဆိုက်အောင် မြင်၏။
失明于慧眼、智见不能达到胜义的人,与具足慧眼即正见智、智见能够达到胜义的善士,二者所见并不相同。失明于慧眼的人不能见至胜义;具足慧眼的善士则能见至胜义。
ဤ ဂါထာကို အကြောင်းပြု၍ ရှေးသူတော်ကောင်းတို့ကလည်း --- ၁။ မြင်သာ မြင်တယ် မမြင်ဘူး၊ ၂။ ကြားသာ ကြားတယ် မကြားဘူး၊ ၃။ နံသာ နံတယ် မနံဘူး၊ ၄။ အရသာကို သာယာသာ သာယာတယ် အရသာမသိဘူး၊ ၅။ ထိသာ ထိတယ် မသိဘူး၊ ၆။ သိသာ သိတယ် မသိဘူး --- ဤသို့ အာရုံ (၆)ပါးလုံး၌ အမှားတွေ့နေပုံကို မိန့်တော်မူကြသည်။
依此偈颂,古代善士也曾开示六所缘中的种种错见:一、只是看见,却没有真正看见;二、只是听见,却没有真正听见;三、只是嗅到,却没有真正嗅知;四、只是享受味道,却不知道滋味;五、只是触到,却没有真正知道;六、只是知道,却没有真正知道。
(သမ္မောဟဝိနောဒနီဘာသာဋီကာ-ဒုတိယတွဲ-၂၈၆။)
(《除痴迷论缅语复注》第二册,第286页。)
B
B
原书卷前第 19 页(C)
နိဒါနကထာ ပရမတ်သို့ ဆိုက်အောင် မသိမမြင်သော ပညာစက္ခု ကာဏ်းနေသော လူသားတစ်ဦးကို ရည်ညွှန်း၍ ရှေးသူဟောင်းတို့၏ မိန့်ကြားတော်မူချက်များပင် ဖြစ်ကြ၏။
这正是古德针对那些失明于慧眼、不能知见至胜义的人所作的开示。
အကယ်၍ အသင်သူတော်ကောင်းသည်လည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ လှလှကြီး ကျွတ်လွတ်ထွက်- မြောက်လိုခဲ့ပါမူ ပရမတ်သို့ ဆိုက်အောင် ထွင်းဖောက်သိမြင်တတ်သော ပညာစက္ခုတည်းဟူသော သမ္မာဒိဋ္ဌိ ဦးဆောင်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို ဘုရားဟော ပါဠိတော်ကြီးနှင့် အဋ္ဌကထာ ဋီကာတို့၌ ညွှန်ကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည် ဖြစ်၏။
善士!如果你也想彻底脱离轮回之苦,就必须依照佛说巴利圣典以及义注、复注所指示教诫的方法,有系统地修习、培育由能够洞彻胜义的慧眼——正见——所领导的八支圣道。
ဘုရားဟော ပါဠိတော်နှင့် အညီ မဂ္ဂင် (၈)ပါး ကျင့်စဥ်တရားတို့ကို အစီအစဥ်တကျ ပြည့်ပြည့်စုံစုံ ဖွင့်ဆို ရေးသားထားသော ကျမ်းမှာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းပင် ဖြစ်၏။
依照佛说巴利圣典,完整而有次第地阐释八支圣道修行的论书,正是《清净道论》义注。
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ပဋိညာဥ် ခံဝန်ချက်
《清净道论》义注的著述誓愿
သုဒုလဒဘံ လဘိတွာန၊ ပဗ္ဗဇ္ဇံ ဇိနသာသနေ။
既已获得胜者教中极难获得的出家身,
သီလာဒိသင်္ဂဟံ ခေမံ၊ ဥဇုံ မဂ္ဂံ ဝိသုဒ္ဓိယာ။
而不如实了知摄于戒等、安稳正直的清净之道,
ယထာဘူတံ အဇာနန္တာ၊ သုဒ္ဓိကာမာပိ ယေ ဣဓ။
此处虽有希求清净的人,
ဝိသုဒ္ဓိ နာဓိဂစ္ဆန္တိ ၊ ဝါယမန္တာပိ ယောဂိနော။
即使精勤修行,也不能获得清净。
တေသံ ပါမောဇ္ဇကရဏံ၊ သုဝိသုဒ္ဓဝိနိစ္ဆယံ။
为令他们欢喜,我将阐说判释极为清净、
မဟာဝိဟာရဝါသီနံ၊ ဒေသနာနယနိဿိတံ။
依止大寺住者教说之理的
ဝိသုဒ္ဓိမဂ္ဂံ ဘာသိဿံ၊ တံ မေ သက္ကစ္စ ဘာသတော။
《清净道论》。当我恭敬阐说时,
ဝိသုဒ္ဓိကာမာ သဗ္ဗေပိ၊ နိသာမယထ သာဓဝေါ။ (ဝိသုဒ္ဓိ-၁-၂ ။)
一切希求清净的善士,请谛听。(《清净道论》1-2。)
မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ အလွန်လျှင် ရခဲစွာသော ရှင်ရဟန်းအဖြစ်ကို ရရှိကြ ပါကုန်လျက် သီလ သမာဓိ ပညာတည်းဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့ဖြင့် သိမ်းကျုံးရေတွက်အပ်သော၊ ကိလေသာခိုးသားဓားပြတို့၏ ပိတ်ဆို့နှောင့်ယှက်မှုဟူသော ဘေးရန်ကင်းသော၊ အတ္တကိလမထာနုယောဂ ကာမ- သုခလဒိကာနုယောဂ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ မာယာ သာဌေယျစသော အကွေ့အကောက်အမျိုးမျိုးကို ကြဥ်ရှောင် ပယ်လွှဲသဖြင့် လမ်းကွဲမရှိ တစ်ရိုးတည်း (= တစ်ကြောင်းတည်း) ဖြောင့်မတ်စွာသော၊ အရဟတ္တဖိုလ် နိဗ္ဗာန်၏ ရရာရကြောင်း ရောက်ရာရောက်ကြောင်းဖြစ်သော ဖြူစင်မြင့်မြတ်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို -- ဟုတ်တိုင်းမှန်စွာ မသိကုန်သောကြောင့် ဤ ဂေါတမဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ပင်လျှင် အရဟတ္တဖိုလ် နိဗ္ဗာန်ကို လိုလားတောင့်တသည် ဖြစ်ကုန်လျက်လည်း၊ သမထ ဝိပဿနာ နှစ်ဖြာသော ဘာဝနာ၌
在世尊的殊胜教法中,人们虽已获得极难获得的出家身,却因不能如实了知由戒、定、慧三学所摄,远离烦恼盗贼阻碍,避开自我折磨与沉溺欲乐两端、常见与断灭见以及诳与虚伪等种种弯曲歧途,笔直而无岔路,能令证得阿罗汉果与涅槃的清净八支圣道,
မပြတ်ယှဥ်သော လုံ့လဝီရိယရှိသောကြောင့် ယောဂီသူမွန်ဟု ခေါ်တွင်သော အမျိုးကောင်းသား အမျိုးကောင်း- သမီးတို့သည် အရဟတ္တဖိုလ် နိဗ္ဗာန်သို့ ရောက်စိမ့်ရည်မှန်း၍ ရဟန်းတရားကို ပွားများအားထုတ်ကြပါကုန်လျက်- လည်း ရည်ရွယ်ရင်းရှိ စိတ်မှန်းထားသည့် အရဟတ္တဖိုလ် နိဗ္ဗာန်နန်းသို့ ဝင်ရောက်၍ မစံမြန်းနိုင် မရောက်နိုင် ရှိကြကုန်၏။
所以那些名为瑜伽行者的善男子、善女人,即使希望证得阿罗汉果与涅槃,并持续精勤修习止与观,也仍不能进入原先向往的阿罗汉果与涅槃宫殿。
ထို ယောဂီသူတော်စင်အပေါင်းတို့၏ ဝမ်းမြောက်ခြင်းကို ပြုတတ်သော၊ ဂိုဏ်းတစ်ပါးတို့၏ အယူဝါဒနှင့် မရောယှက်သည်ဖြစ်၍ ကောင်းစွာ အထူးသဖြင့် စင်ကြယ်သော အဆုံးအဖြတ်ရှိသော၊ မဟာဝိဟာရကျောင်း-
为了令这些瑜伽行者欢喜,本论给出不与其他宗派见解混杂、极其清净的判释,并依止住于大寺的诸尊者
原书卷前第 20 页(D)
တိုက်ကြီး၌ သီတင်းသုံးတော်မူလေ့ရှိကြကုန်သော မဟာဝိဟာရဝါသီ အရှင်မြတ်တို့၏ တရားတော်ကို ဖွင့်ဆိုပုံ ဓမ္မသံဝဏ္ဏနာ အစရှိသော ဒေသနာနည်းကို မှီသော --- ဝိသုဒ္ဓိမဂ္ဂကျမ်းကို ရေးသားတင်ပြပေအံ့။ အရိုအသေ အလေးအမြတ်ပြု၍ ဖွင့်ဆိုရေးသားထားအပ်သော တပည့်တော်၏ ထိုဝိသုဒ္ဓိမဂ္ဂကျမ်းကို အရဟတ္တဖိုလ် နိဗ္ဗာန်ကို လိုလားတောင့်တလျက် ရှိကြကုန်သော သူတော်- ကောင်းဖြစ်တော်မူကြကုန်သော အရှင်ကောင်း အရှင်မြတ် အားလုံးတို့သည် ရိုရိုသေသေ လေးလေးမြတ်မြတ် ပြု၍ နာယူကြပါကုန်လော။ (ဝိသုဒ္ဓိ-၁-၂ ။) ဤအထက်ပါ ပဋိညာဥ်ခံဝန်ချက်နှင့် လျော်ညီစွာ တစ်လောကလုံး၏ကိုးကွယ်အားထားရာအစစ် အဖြစ်ကြီး ဖြစ်တော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားသခင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် သာသနာတော်နှစ် (၉၇၃) ခုနှစ်ခန့်တွင် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်ကျွန်း သီရိလင်္ကာနိုင်ငံ အနုရာဓမြို့ မဟာဝိဟာရ
所传的法义解释等教说方法,而撰成《清净道论》。愿所有向往阿罗汉果与涅槃的善士,都恭敬谛听我所郑重阐述的这部《清净道论》。(《清净道论》1-2。)依照上述誓愿,在一切世间真正的依怙——一切知正等觉者——般涅槃约九百七十三年后,摩诃佛音尊者住在斯里兰卡阿努拉陀城的大寺,
ကျောင်းတိုက်ကြီး၌ သီတင်းသုံးနေထိုင်လျက် မဟာဝိဟာရဝါသီ အရှင်မြတ်တို့၏ ပါဠိတော်ကို ဖွင့်ဆိုပုံ ဓမ္မ- သံဝဏ္ဏနာ အမည်ရသော မဟာအဋ္ဌကထာကို အမှီပြု၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းကို ရေးသားစီရင်တော် မူခဲ့လေသည်။
依据大寺住诸尊者以巴利圣典释义、名为《法义解释》的大义注,撰成了《清净道论》义注。
မြောက်ပိုင်း သာသနာဂိုဏ်းဝင် ဖြစ်ကြကုန်သော အရှင်အဿဃောသ၊ အရှင်နာဂဇ္ဇုန၊ အရှင်ဝသုဗန္ဓု အစရှိသော ရဟန်းတော်တို့၏ကျမ်းတို့၌ကဲ့သို့ အရှင်မဟာဗုဒ္ဓဃောသ၏ကျမ်းတို့၌ ပါဠိတော်ကြီးများနှင့် ရှေးရှေး အဋ္ဌကထာကျမ်းဂန်တို့ကို မမှီမူ၍ မိမိ၏ဉာဏ်ဖြင့်သာလျှင် ကြံဆ၍ပြဆိုရေးသားထားသော တရားစကား အထူး အဆန်းကို မတွေ့ရှိနိုင်ပေ။ ပါဠိတော်များနှင့် မဟာအဋ္ဌကထာ အစရှိသော ရှေးရှေးသော အဋ္ဌကထာတို့၌ လာရှိသော လမ်းရိုးလမ်းဟောင်း စနစ်ဟောင်း ကျင့်စဥ်များကိုသာ မိမိကျမ်းတို့၌ ရေးသားတင်ပြထား၍ နည်းသစ် စနစ်သစ် လမ်းသစ်များကို တီထွင်လျက် ထည့်သွင်းဖော်ပြခြင်း မပြုခဲ့ပေ။ ဤ အဆိုကို ထင်ရှားစေရန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၌ တင်ပြထားသော ကျင့်စဥ်အချို့ကို ကောက်နုတ်၍ တင်ပြအပ်ပါသည်။
不同于北方教派马鸣、龙树、世亲等师的著作,摩诃佛音尊者的著作中,找不到脱离巴利圣典与古义注、仅凭个人思量而另立的新奇法说。他只依巴利圣典与《大义注》等古义注所传的旧道、旧制与旧修行写作,从不创设新法、新制或新道。为说明这一点,下面举出《清净道论》义注中的一些修行内容。
၁။ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၌ သမာဓိထူထောင်ပုံအပိုင်းတွင် အာနာပါနဿတိသမာဓိ ပိုင်းကို ရေးသားတင်ပြထား၏။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ယင်း အာနာပါနဿတိသမာဓိနိဒ္ဒေသပိုင်း ကို သမန္တ ပါသာဒိကာအဋ္ဌကထာဟု အမည်တပ်လျက် မိမိကိုယ်တိုင် ဘာသာပြန်ဆိုထားတော်မူသော ဝိနည်းအဋ္ဌကထာမှ ယူ၍ ဖွင့်ဆိုရေးသားထားပေသည်။
一、本书《趣向涅槃之道》的修定篇中写有入出息念定。《清净道论》义注的入出息念定解释,则取自摩诃佛音尊者本人由律藏义注译成巴利、题名《一切善见律注》的论述。
၂။ ပဋိကူလမနသိကာရ အမည်ရသော ကာယဂတာသတိကမ္မဋ္ဌာန်း၊ စတုဓာတုဝဝတ္ထာနဘာဝနာ အမည် ရသော ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းရှုပွားနည်း အကျယ်ရှုပွားနည်းတို့ကို သမ္မောဟဝိနောဒနီအဋ္ဌကထာဟု နာမည် တပ်လျက် မိမိကိုယ်တိုင် ဘာသာပြန်ဆိုထားသော အဘိဓမ္မာအဋ္ဌကထာမှ ထုတ်ဆောင်၍ ရေးသားထားပေသည်။
二、名为厌恶作意的身至念业处,以及名为四界分别观修习的界业处略法与详法,取自尊者本人由阿毗达磨义注译成巴利、题名《除痴迷论》的义注。
၃။ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိနှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းအစရှိသည့် အထက်ပိုင်း ဝိသုဒ္ဓိစခန်းများသို့ တက်လှမ်းလိုသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်တို့သည် ရှေးဦးစွာ ရုပ်-နာမ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်ကြသည်။ ယင်း ရုပ်-နာမ်ပရမတ် သဘောတရားတို့ကို ဓမ္မသင်္ဂဏီပါဠိတော် ဝိဘင်းပါဠိတော်စသော ပါဠိတော် ကြီးများ၌ ဘုရားရှင်ဟောကြားထားတော်မူသည့်အတိုင်း ရေးသားတင်ပြထား၏။ ထိုသို့ ရေးသားတင်ပြဖွင့်ဆိုရာ၌ ခန္ဓနိဒ္ဒေသပိုင်း ကို အဋ္ဌသာလိနီအဋ္ဌကထာဟု နာမည်တပ်လျက် မိမိကိုယ်တိုင် ဘာသာပြန်ဆိုထားတော်မူသော အဘိဓမ္မာအဋ္ဌကထာမှလည်းကောင်း၊ သမ္မောဟဝိနောဒနီအဋ္ဌကထာဟု အမည်တပ်ထားသော မိမိကိုယ်တိုင် ဘာသာပြန်ဆိုထားတော်မူသော ဝိဘင်းအဋ္ဌကထာမှလည်းကောင်း ထုတ်ဆောင်၍ ရေးသားထားပေသည်။
三、想以近行定或安止定中的一种作为观的基础,进至见清净等更高阶清净的瑜伽行者,首先必须观修并摄取色名,直到智见抵达胜义。《清净道论》依《法集论》《分别论》等巴利圣典中的佛说阐述色名胜义法;其中蕴解释取自尊者本人由阿毗达磨义注译成巴利的《殊胜义注》,也取自其《分别论》义注《除痴迷论》。
原书卷前第 21 页(E)
နိဒါနကထာ ၄။ ယင်း ရုပ်နာမ်ပရမတ်တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်တို့ကို အဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိဘင်းအဋ္ဌကထာတို့မှ ထုတ်ဆောင်၍ ရေးသားတင်ပြထားပေသည်။
四、色名胜义法的特相、作用、现起与近因等观法,取自《殊胜义注》与《分别论义注》。
၅။ အလားတူပင် အာယတနနိဒ္ဒေသပိုင်း ကို အာယတနဝိဘင်းအဋ္ဌကထာ မှ၊ ၆။ ဓာတုနိဒ္ဒေသပိုင်း ကို ဓာတုဝိဘင်းအဋ္ဌကထာ မှ၊ ၇။ ဣန္ဒြိယနိဒ္ဒေသပိုင်း ကို ဣန္ဒြိယဝိဘင်းအဋ္ဌကထာ မှ၊ ၈။ သစ္စနိဒ္ဒေသပိုင်း ကို သစ္စဝိဘင်းအဋ္ဌကထာ မှ အသီးအသီး ထုတ်နုတ်၍ ရေးသားတင်ပြထားပေသည်။
五、处解释取自《处分别义注》;六、界解释取自《界分别义注》;七、根解释取自《根分别义注》;八、谛解释取自《谛分别义注》。
၉။ အထူးသဖြင့် ယောဂါဝစရပုဂ္ဂိုလ်တို့ကိုယ်တိုင် ပစ္စယပရိဂ္ဂဟဉာဏ်ကိုရရှိအောင် ကျင့်ရမည့် ကျင့်စဥ်ပိုင်းကို ပြဆိုရာဖြစ်သော ပဋိစ္စသမုပ္ပါဒကထာပိုင်းကို ပဋိစ္စသမုပ္ပါဒ်ဝိဘင်းအဋ္ဌကထာမှ ထုတ်ဆောင်၍ ရေးသား တင်ပြထားပေသည်။ ပဋ္ဌာနပစ္စယကထာပိုင်းကိုလည်း အဘိဓမ္မပဋ္ဌာနအဋ္ဌကထာမှ ထုတ်ဆောင်၍ ရေးသား တင်ပြထားလေသည်။
九、尤其是说明瑜伽行者如何修得缘摄受智的缘起论,取自《缘起分别义注》;缘论则取自阿毗达磨《发趣论》义注。
၁ဝ။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၃ဝဝ-၃ဝ၁) တို့တွင် ဝုဋ္ဌာနဂါမိနိဝိပဿနာ အမျိုးမျိုးတို့ကို ရေးသားတင်ပြထား၏။
十、《清净道论》义注第二册第300—301页阐述了多种出起趣向观。
(က) အဇ္ဈတ္တ ခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်၊ ( ခ ) ဗဟိဒ္ဓ ခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်၊ ( ဂ ) ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ်တရား သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်၊ (ဃ) နာမ်ခန္ဓာလေးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် --- ဝုဋ္ဌာနဂါမိနိဝိပဿနာ မဖြစ်နိုင်ကြောင်း = အရိယမဂ်သို့ မဆိုက်နိုင်ကြောင်းကို ဆုံးဖြတ်ထား၏။ ထိုတွင် ဝုဋ္ဌာနဂါမိနိဝိပဿနာ (၉) မျိုးနှင့် ပတ်သက်သော အဆုံးအဖြတ်များကို အဋ္ဌသာလိနီအဋ္ဌကထာဟု အမည်တပ်၍ မိမိကိုယ်တိုင် ဘာသာပြန်ဆိုထားသော အဘိဓမ္မာအဋ္ဌကထာ (အဘိ-ဋ္ဌ-၁-၂၇ဝ-၂၇၁။) မှ ထုတ်နုတ်၍ ဖော်ပြ- ထားပေသည်။ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိကြကုန်သော တရားစစ် တရားမှန်ကို ချစ်မြတ်နိုးတော်မူကြ- ကုန်သော၊ သိတော်မူ မြင်တော်မူသည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ကြွသွားတော်မူသည့် ချမှတ်သွားတော်မူသည့် တစ်ကြောင်းတည်းသော လမ်းဖြစ်သည့် နိဗ္ဗာန်သို့သွားရာ လမ်းရိုး လမ်းဟောင်းကြီး
它裁定:仅观内五蕴、仅观外五蕴、仅观大种色与所造色、或仅观四名蕴,都不能成为出起趣向观,也不能抵达圣道。关于九种出起趣向观的判释,则取自尊者本人由阿毗达磨义注译成巴利的《殊胜义注》(《殊胜义注》1-270—271)。这是所有向往涅槃、爱乐真实正法,并想依一切知正等觉者亲自走过和制定的唯一道路——趣向涅槃的古道旧制——修习的善士,都应恭敬听受的古老教诫。
အတိုင်း စနစ်ဟောင်းကြီးအတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုကြကုန်သော သူတော်ကောင်းအပေါင်းတို့ ရိုသေသမှု အလေးဂရုပြု၍ နာယူမှတ်သားရမည့် ရှေးထုံးဟောင်း ဥပဒေသကြီး တစ်ခုပင် ဖြစ်သည်။
这确是一项应当郑重听闻、谨记的古制大教诫。
အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် အဋ္ဌကထာများစွာတို့ကို စီရင် ရေးသားတော် မူခဲ့သည်မှာ မှန်သော်လည်း မိမိ၏ ဉာဏ်စွမ်း ဉာဏ်စဖြင့် တီထွင်ကြံဆ၍ ရေးသားခဲ့သည်ကား မဟုတ်၊ သီဟိုဠ်ဘာသာဖြင့် တည်ရှိခဲ့သော အဋ္ဌကထာတို့ကို ပါဠိဘာသာသို့ ဘာသာပြန်ဆိုတော်မူခဲ့ခြင်းသာလျှင် ဖြစ်ပေသည်။ ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။
摩诃佛音尊者虽然撰写了许多义注,但并不是凭自己的才智创制;他只是把原有的僧伽罗语义注译成巴利。下面再略作说明。
အရှင်မဟာဗုဒ္ဓဃောသဆရာတော်ဘုရားကြီးသည် သမန္တပါသာဒိကာ မည်သော ဝိနည်းအဋ္ဌကထာကို အရှင်ဗုဒ္ဓသိရိမထေရ်မြတ်က လျှောက်ထား တောင်းပန်အပ်သောကြောင့် မဟာဝိဟာရကျောင်းတိုက်၏ တောင်ဘက် ပဓာနဃရပရိဝုဏ်တွင် မဟာနိဂမသာမိ အမည်ရသော ဒါယကာ၏ ပြာသာဒ်၌ သီတင်းသုံး နေထိုင်လျက် စီရင်တော်မူသည်။ ထို ဝိနည်းအဋ္ဌကထာကို ရေးသားစီရင်တော်မူသော အရှင်မဟာဗုဒ္ဓဃောသ
应佛授尊者之请,摩诃佛音尊者住在大寺南边禅修院区域内、名为摩诃尼伽摩主施主的楼阁中,撰写了名为《一切善见》的律藏义注。在撰写这部律藏义注时,摩诃佛音尊者
E
E
原书卷前第 22 页(F)
ဆရာတော်အရှင်သူမြတ်သည် အရှင်မဟာမဟိန္ဒ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် သီဟိုဠ်သို့ ဆောင်ယူ- တော်မူခဲ့သော သီဟိုဠ်ဘာသာဖြင့် စီရင်ထားသော မဟာအဋ္ဌကထာကို ထို အဋ္ဌကထာသစ်၏ ကိုယ်ထည်ပြု၍ မဟာပစ္စရီ၊ ကုရုန္ဒီ၊ သင်္ခေပ၊ အန္ဓက အဋ္ဌကထာတို့မှလည်း ယူသင့်ယူထိုက်သည်ကို ယူ၍ သီဟိုဠ်ကျွန်း၌ ဝသဘမင်းလက်ထက်တိုင်အောင် ထင်ရှားကုန်သော ရှေးရှေးဝိနည်းဓိုရ်မထေရ်မြတ်တို့၏ အဆုံးအဖြတ်ဖြစ်သော ထေရဝါဒကိုလည်း ထည့်သွင်း၍ ရေးသားစီရင်တော်မူလေသည်။ ထိုကြောင့် ဝိနည်းအဋ္ဌကထာ၌ အောက်ပါ စကားတို့ကို မိန့်ဆိုထားပေသည်။ --- ထို အဋ္ဌကထာသစ်ကို စီရင်ရန်အားထုတ်သော ငါ (= ဗုဒ္ဓဃောသမထေရ်)သည် မဟာအဋ္ဌကထာကြီးကို ထိုအဋ္ဌကထာသစ်၏ အထည်ကိုယ် အရင်းခံပြု၍ မဟာပစ္စရီအဋ္ဌကထာ၌လည်းကောင်း၊ ကျော်စောထင်ရှား- ကုန်သော ကုရုန္ဒီအဋ္ဌကထာ အစရှိကုန်သော အဋ္ဌကထာဟောင်းတို့၌လည်းကောင်း အကြင် အဆုံးအဖြတ်ကို
以摩诃摩哂陀阿罗汉长老亲自带到斯里兰卡、用僧伽罗语撰成的《大义注》为新义注的主体,并从《大石楼义注》《库伦迪义注》《略义注》《安达义注》中择取应取之义,又收入斯里兰卡从古代律藏持者诸长老传至婆沙婆王时代的上座部判释。因此,律藏义注中说:“我着手撰写这部新义注,以《大义注》为根本主体;《大石楼义注》以及著名的《库伦迪义注》等古义注中所说的判释,
ဆိုထား၏။ ထို အဆုံးအဖြတ်မှလည်း သင့်လျော်သောအနက်ကို မစွန့်မူ၍ ထိုပြင် အရှင် တိပိဋက စူဠနာဂ အစရှိသော မထေရ်မြတ်ကြီးတို့၏ အဆုံးအဖြတ်ဟူသော ထေရဝါဒများပါ ပါဝင်သော အဋ္ဌကထာသစ်ကို ကောင်းစွာ အားထုတ် စီရင်ပေအံ့။ (ဝိ-ဋ္ဌ-၁-၂။) ၁။ သုမင်္ဂလဝိလာသိနီ မည်သော ဒီဃနိကာယ်အဋ္ဌကထာ၊ ၂။ ပပဉ္စသူဒနီ မည်သော မဇ္ဈိမနိကာယ်အဋ္ဌကထာ၊ ၃။ သာရတ္ထပ္ပကာသနီ မည်သော သံယုတ္တနိကာယ်အဋ္ဌကထာ၊ ၄။ မနောရထပူရဏီ မည်သော အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ၊ ၅။ အဋ္ဌသာလိနီ၊ သမ္မောဟဝိနောဒနီ၊ ပဉ္စပကရဏ မည်သော အဘိဓမ္မာအဋ္ဌကထာ --- ဤ အဋ္ဌကထာ အရပ်ရပ်တို့ကိုလည်း ပြုစီရင်တော်မူသည်။ ပြုစီရင်ပုံ အခြင်းအရာမှာမူ အရှင်မဟာမဟိန္ဒ မထေရ်မြတ်သည် သီဟိုဠ်ကျွန်းသို့ နှုတ်တက်အာဂုံအနေဖြင့် ဆောင်ယူခဲ့၍ သီဟိုဠ်ဘာသာဖြင့် ပေထက်အက္ခရာ တင်ထားသော သီဟိုဠ်ဘာသာသို့ ဘာသာပြန်ဆိုထားသော မူလအဋ္ဌကထာ ခေါ် မဟာအဋ္ဌကထာကိုသာလျှင်
凡义理适当者我都不舍,并收入三藏小龙尊者等诸大长老所传的上座部判释,努力撰成这部新义注。”(《律藏义注》1-2。)尊者也撰写:一、长部义注《吉祥悦意》;二、中部义注《破除疑障》;三、相应部义注《显扬心义》;四、增支部义注《满足希求》;五、阿毗达磨义注《殊胜义注》《除痴迷论》与《五论义注》。写作方法,都是把摩诃摩哂陀尊者以口诵传到斯里兰卡、后来以僧伽罗文字写下并译成僧伽罗语的根本义注即《大义注》,
ပါဠိဘာသာသို့ ပြန်ဆိုသောအားဖြင့်လည်းကောင်း၊ အထပ်ထပ်ဆိုထားသော စကားတို့ကို ချုံးသောအားဖြင့် လည်းကောင်း ရေးသားစီရင်တော်မူပေသည်။ ထိုကြောင့် ထိုအဋ္ဌကထာတို့၏ ကျမ်းဦးစကားရပ်၌ အောက်ပါ အတိုင်း မိန့်ဆိုထားတော်မူ၏။ --- ''ထိုသို့ တတိယသံဂါယနာ တင်ခဲ့ပြီးသည်မှ နောက်ကာလ၌ ထို မူလအဋ္ဌကထာကို အရှင်မဟာမဟိန္ဒ မည်သော ရဟန္တာမထေရ်မြတ်သည် သီဟိုဠ်ကျွန်းသို့ နှုတ်တက်အာဂုံအနေအားဖြင့် ဆောင်ယူခဲ့၍ သီဟိုဠ်- ကျွန်းသားတို့ အကျိုးငှာ သီဟိုဠ်ဘာသာဖြင့် တင်ထားလေသည်။
重新译成巴利,并删略重复之语。因此,各义注序言都说:“第三次结集以后,摩诃摩哂陀阿罗汉长老以口诵把根本义注带到斯里兰卡,为利益岛民而译成僧伽罗语。
ထို အဋ္ဌကထာဟောင်းမှ သီဟိုဠ်ဘာသာကို ပယ်ရှား၍ ပါဠိတော်နည်းအားလျော်သော အပြစ်ကင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော ပါဠိဘာသာသို့တင်လျက်။ ပ ။ အထပ်ထပ်ဆိုထားသော အနက်ကို ပယ်၍ ပါဠိတော်၏ အနက် (= အဋ္ဌကထာ)ကို ဖွင့်ပြပေအံ့။'' (ဒီ-ဋ္ဌ-၁-၁-၂။ အဘိ-ဋ္ဌ-၁-၂။) တစ်ဖန် အရှင်မဟာဗုဒ္ဓဃောသဆရာတော်ဘုရားကြီးသည် အောက်ပါအတိုင်းလည်း အဋ္ဌကထာတို့၏ ကျမ်းဦးအစ၌ မိန့်မှာထားတော်မူ၏။ --- ၁။ သီလအကြောင်းကို ဖွင့်ပြသော စကားကိုလည်းကောင်း၊ ၂။ ဓုတင်အကျင့်တရားတို့ကိုလည်းကောင်း၊
我将去除这部古义注的僧伽罗语言,转成符合圣典理法、无过而悦意的巴利语;……又删去重复之义,阐明圣典之义即义注。”(《长部义注》1-1—2;《殊胜义注》1-2。)摩诃佛音尊者又在各义注的开头说明,关于:一、戒;二、头陀行;
F
F
原书卷前第 23 页(G)
နိဒါနကထာ ၃။ အလုံးစုံသော ကမ္မဋ္ဌာန်းတို့ကိုလည်းကောင်း၊ ၄။ စရိုက် အစီအရင်ကိုလည်းကောင်း၊ ၅။ စျာန်သမာပတ်အကျယ်ကိုလည်းကောင်း၊ ၆။ အဘိညာဏ်အားလုံးတို့ကိုလည်းကောင်း၊ ၇။ ပညာကို ပေါင်း၍ ဆုံးဖြတ်ခြင်းကိုလည်းကောင်း၊ ၈။ ခန္ဓာ အာယတန ဓာတ် ဣန္ဒြေ အရိယသစ္စာတို့ကိုလည်းကောင်း၊ ၉။ ကောင်းစွာ ထက်ဝန်းကျင် စင်ကြယ်၍ သိမ်မွေ့သော နည်းရှိသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လည်းကောင်း၊ ၁ဝ။ မလွတ်မကင်းသော ပါဠိအစဥ်ရှိသော ဝိပဿနာဘာဝနာကိုလည်းကောင်း --- ဤဆိုခဲ့သော အလုံးစုံကို ငါသည် ဝိသုဒ္ဓိမဂ်ကျမ်း၌ အပြည့်အစုံ စင်ကြယ်စွာ ဆိုအပ်ခဲ့ပြီ၊ ထိုကြောင့် ထို အလုံးစုံကို ဤ အဋ္ဌကထာ၌ အပိုအလွန် ထပ်၍ မစိစစ်ကုန်တော့အံ့။ (ဒီ-ဋ္ဌ-၁-၂။ အဘိ-ဋ္ဌ-၁-၂။) ဤ ပဋိညာဥ် ခံဝန်ချက်များနှင့် အညီ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ လာရှိသော သီလ သမာဓိ ပညာ သိက္ခာ သုံးရပ်ဖြင့် သိမ်းကျုံးရေတွက် တင်ပြထားသော သမထ ဝိပဿနာ ကျင့်စဥ်အရပ်ရပ်တို့သည် ပါဠိတော် အစဥ်
三、一切业处;四、行性安排;五、诸禅定的详说;六、一切神通;七、慧的总判;八、蕴、处、界、根与圣谛;九、遍净而具微妙方法的缘起教说;十、依完整圣典次第而说的观禅修习——这一切我已在《清净道论》中完整、清净地阐明,因此在这些义注中不再重复详审。(《长部义注》1-2;《殊胜义注》1-2。)依照这些誓言,《清净道论》义注中以戒、定、慧三学统摄的各种止观修行,只是依圣典次第撰写的古义注所已有的解释。
အတိုင်း ဖွင့်ဆိုရေးသားထားအပ်သော ရှေးရှေးအဋ္ဌကထာတို့၌ လာရှိသော ဖွင့်ဆိုချက်များသာ ဖြစ်ကြသည်။
它们只是依照圣典次第撰成的古义注中原有的解释。
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖွင့်ဆိုထားပြီးသဖြင့် ထိုထို အဋ္ဌကထာများ၌ အချို့အချို့သော အချက်အလက်များကို ထပ်မံ၍ မဖွင့်ဆိုတော့ဘဲ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖွင့်ဆိုထားသည့်အတိုင်း မှတ်သားရန် ပြန်လည်၍ ညွှန်ကြား- ထားတော်မူခြင်းဖြင့် အဖွင့် သံဝဏ္ဏနာ (= အဋ္ဌကထာ) ကို အကျဥ်းချုံးထားတော်မူပေသည်။
某些事项既已在《清净道论》义注中说明,其他义注便不再重复,而只指示读者依《清净道论》所说理解,以此缩略其法义解释。
တဖန် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် ဝိနည်းအဋ္ဌကထာ၏ ကျမ်းဦးအစ၌ အောက်ပါစကား တို့ကိုလည်း မိန့်ဆိုထားတော်မူ၏။ --- '' မြတ်စွာဘုရားသည် အကြင်တရားတော်ကိုလည်းကောင်း၊ အကြင်ဝိနည်းတော်ကိုလည်းကောင်း ဟော- တော်မူအပ်၏။ ထိုတရားတော်နှင့် ထိုဝိနည်းတော်ကို မြတ်စွာဘုရား၏ သားတော်စစ်ဖြစ်သော အရှင်သာရိ ပုတြာ အစရှိသော မထေရ်တို့သည် ထိုဘုရားရှင် ဟောကြားထားတော်မူသော အခြင်းအရာအားဖြင့်သာလျှင် သိနားလည်တော်မူကုန်၏။ ထိုသို့ သိနားလည်တော်မူကြသော အရှင်သာရိပုတြာ အစရှိသော မထေရ်မြတ် တို့၏ အလိုအယူကို မစွန့်ကုန်မူ၍ သီဟိုဠ်ဆရာတော်တို့သည် ရှေးကာလ၌ အဋ္ဌကထာတို့ကို ပြုစီရင်တော် မူကြလေကုန်ပြီ။
摩诃佛音尊者又在律藏义注序言中说:“世尊所说的法与律,舍利弗等佛陀真子长老,完全依世尊所说的方式而了知。斯里兰卡诸师不舍这些长老的意趣,于古时撰成诸义注。
ထိုကြောင့် အဋ္ဌကထာတို့၌ ဆိုထားသော စကားဟူသမျှသည် မေ့လျော့၍ ရေးကူးမိသော ပမာဒလေခမှ တစ်ပါး အလုံးစုံပင် ဤသာသနာတော်တွင် သိက္ခာသုံးပါးတို့၌ ရိုသေခြင်းရှိကုန်သော ပညာရှိတို့၏ စံချိန်- သဖွယ်ဖြစ်သော ပမာဏပေတည်း။
所以,诸义注的一切言说,除抄写疏失外,都是教法中恭敬三学的智者所遵循的准则。
ထိုအဋ္ဌကထာဟောင်းမှ သီဟိုဠ်ဘာသာစကားကိုသာလျှင် ပယ်၍ ကျယ်ဝန်းသော စကားအစဥ်ကိုလည်း ချုံး၍။ ပ ။ ဤအဋ္ဌကထာသစ်သည်လည်း ဖြစ်ပေလတ္တံ့၊ ထိုကြောင့် ဤအဋ္ဌကထာသစ်ကို်လည်း ရိုသေစွာ သင်ယူအပ်ပေသတည်း။'' (ဝိ-ဋ္ဌ-၁-၃။) ထိုကြောင့်ပင်လျှင် အရှင်မဟာဗုဒ္ဓဃောသ ဆရာတော်သည် မြတ်စွာဘုရား၏ သုတ္တန်တရားတော်ကို- ဖြစ်စေ အဘိဓမ္မာတရားတော်ကိုဖြစ်စေ ဝိနည်းတရားတော်ကိုဖြစ်စေ ရှေးဟောင်းအဋ္ဌကထာကိုဖြစ်စေ မမှီမူ၍
我只从古义注中除去僧伽罗语,并删略冗长的叙述;……由此形成这部新义注。因此,这部新义注也应恭敬学习。”(《律藏义注》1-3。)可见,摩诃佛音尊者从不脱离世尊的经、阿毗达磨、律或古义注,
G
G
原书卷前第 24 页(H)
မိမိဉာဏ်ဖြင့် ကြံဆတီထွင်၍သော်လည်းကောင်း၊ လောကီကျမ်းတို့မှ ယူ၍သော်လည်းကောင်း တစ်စုံတစ်ခုသော ကျမ်းကိုမျှ ရေးသားပြုစုတော် မမူခဲ့ပေ။
而凭个人才智创制,或从世俗典籍取材,撰写任何论书。
ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ရေးသားတင်ပြထားသော ကျင့်စဥ်တို့မှာ ဘုရားဟောပါဠိတော်တို့၌ လာရှိသော ကျင့်စဥ်တို့သာဖြစ်ကြသည်ဟုလည်းကောင်း၊ ထိုကျင့်စဥ်တို့ကို ကျင့်လိုသူတို့ နားလည်နိုင်ရန် ကျင့် တတ်နိုင်ရန်အတွက် ရှေးရှေးအဋ္ဌကထာတို့၌ လာရှိသည့်အတိုင်း ဘုရားဟောပါဠိတော်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆို ရေးသားထားသည့် ကျင့်ဝတ်ပဋိပတ်တို့သာ ဖြစ်ကြသည်ဟုလည်းကောင်း ရိုသေစွာ မှတ်သားနာယူလေ ရာသည်။
因此,应当恭敬地理解:《清净道论》义注所写的修行,就是佛说巴利圣典中原有的修行;为使修行者能够理解、能够实践,它依照古义注阐释圣典的义理与行持。
ဤမျှဆိုလျှင် ယနေ့မျက်မှောက်ခေတ် ပဋိပတ်လောကဝယ် မျက်နှာငယ်နေရှာသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ကျမ်းသည် မည်ကဲ့သို့သော ကျမ်းမျိုးဖြစ်သည်ကိုလည်းကောင်း၊ ထိုကျမ်း၌လာရှိသော ကျင့်စဥ်တို့သည် မည်ကဲ့- သို့သော ကျင့်စဥ်တို့ ဖြစ်သည်ကိုလည်းကောင်း အသင်သူတော်ကောင်းသည် သဘောပေါက်နိုင်လောက်ပေပြီ။
说到这里,善士应已能够明白:在当今实修界似乎受到冷落的《清净道论》义注究竟是怎样的论书,其中的修行又究竟是怎样的修行。
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ရေးသားတင်ပြထားသော သမထပိုင်းဆိုင်ရာ၊ ဝိပဿနာပိုင်းဆိုင်ရာ အလွန် အရေးပါသော ကျင့်စဥ်များကို အခြားအခြားသော အဋ္ဌကထာများ၌ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သော်လည်း အချို့သော ကျင့်စဥ်ပိုင်းဆိုင်ရာ အဖွင့်တို့မှာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌သာ တွေ့ရှိရ၍ အခြားအခြားသော အဋ္ဌက- ထာတို့၌ မတွေ့ရှိနိုင်ခြင်းမှာ --- ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖွင့်ဆိုပြီး အဖွင့်များကို ထိုထိုအဋ္ဌကထာ၌ ထပ်မံ၍ မဖွင့်ဆိုခြင်းကြောင့်ဟု မှတ်ပါ။ ဝိသုဒ္ဓိမဂ်ကျမ်း၌ ဖွင့်ဆိုပြီးကြောင်း မှာကြားထားသည့် စကားရပ်မှန်သမျှတို့ သည် ထိုထို အဋ္ဌကထာတို့၌ ဖွင့်ဆိုထားပြီး အဖွင့်စကားရပ်များသာ ဖြစ်ကြပေသည်။ ထိုအဖွင့်များကို အထပ်ထပ် လာရှိသော အဖွင့်များဟုဆိုသည်။ ထိုထို အထပ်ထပ်လာသော အဖွင့်များကို ဝိသုဒ္ဓိမဂ္ဂကျမ်း၌ ကြည့်ရန် ညွှန်း လျက် ကျမ်းစာကို အကျဥ်းချုံးထားတော်မူပေသည်။ ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ နိဂုံး၌ အောက်ပါ
《清净道论》义注所述止观的重要修行,有些也容易在其他义注找到;有些解释却只见于《清净道论》,不见于其他义注,因为既已在《清净道论》中解释,其他义注便不再重说。凡其他义注提示“已在《清净道论》中解释”者,所指都是那些已经说明、因重复而省略的解释;它们把读者指向《清净道论》,从而缩略篇幅。因此,《清净道论》结尾处,
စကားရပ်တို့ကို အဋ္ဌကထာဆရာတော်သည် မိန့်မှာသွားတော်မူခဲ့ပေသည်။ --- တေသံ သီလာဒိဘေဒါနံ၊ အတ္ထာနံ ယော ဝိနိစ္ဆယော။
义注师说了以下偈颂:于五部义注之理中,
ပဉ္စန္နမ္ပိ နိကာယာနံ၊ ဝုတ္တော အဋ္ဌကထာနယေ။
所说戒等诸义的判释,
သမာဟရိတွာ တံ သဗ္ဗံ၊ ယေဘုယျေန သနိစ္ဆယော။
我大体汇集这一切,并连同判释,
သဗ္ဗသင်္ကရဒေါသေဟိ၊ မုတ္တော ယသ္မာ ပကာသိတော။ (ဝိသုဒ္ဓိ-၂-၃၅၄။)
远离一切混杂之过而阐明。(《清净道论》2-354。)
သီလအမျိုးအစား၊ သမာဓိအမျိုးအစား၊ ပညာအမျိုးအစားတို့၏ အနက် အဓိပ္ပါယ် အဆုံးအဖြတ်ကို နိကာယ်ငါးရပ်တို့၏ အနက်ကို ဖွင့်ပြရာ အဋ္ဌကထာနည်း၌ မိန့်ဆိုထားလေသည်။ ထို မိန့်ဆိုထားသော ဖွင့်ဆို- ထားသော အဋ္ဌကထာအဆုံးအဖြတ် အလုံးစုံကို ယေဘုယျအားဖြင့် စုရုံးဆောင်ယူ၍ ဝါဒချင်း ရောယှက်မှုဟူသော အပြစ်ဒေါသတို့မှ ကင်းလွတ်သော အနက်ကို အဆုံးအဖြတ်နှင့်တကွ ပြထားအပ်ပေ၏။ (ဝိသုဒ္ဓိ-၂-၃၅၄။) အထက်ပါ စကားဖြင့် --- ''ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းကို ပြုစုတော်မူသော အရှင်မဟာဗုဒ္ဓဃောသ- ဆရာတော် ဘုရားကြီးသည် မဟာဝိဟာရဝါသီ မထေရ်မြတ်တို့၏ ဟောပြောသင်ကြားနည်းဟု ဆိုအပ်သော နိကာယ်ငါးရပ်တို့၏ ရှေးအဋ္ဌကထာဟောင်းတို့ကို အမှီပြု၍ ထိုအဋ္ဌကထာဟောင်းတို့၌ မိန့်ဆိုထားသော သီလ- သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားနှင့်
戒、定、慧各种义理的判释,已在解释五部的义注方法中说出;本论大体汇集这些义注的一切判释,连同决定之义加以阐明,远离宗义混杂的过失。(《清净道论》2-354。)由此可见,撰写《清净道论》义注的摩诃佛音尊者,依据大寺住诸长老传授的五部古义注,汇集其中关于由戒、定、慧三学所摄的八支圣道修行,
သက်ဆိုင်သည့် ယူသင့်ယူထိုက်သော အဆုံးအဖြတ် အလုံးစုံကို စုပေါင်းဆောင်ယူ၍ ပြုစီရင်တော်မူလေသည်'' ဤ သဘောတရားသည် ထင်ရှားပေါ်လွင်လျက်ပင် ရှိပေသည်။
一切应当采用的判释而撰成本论。这一点清楚分明。
H
H
原书卷前第 25 页(I)
နိဒါနကထာ ထိုကြောင့် နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၌လည်း နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဥ်- အရပ်ရပ်တို့ကို ရေးသားတင်ပြရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ လာရှိသည့် ဝိသုဒ္ဓိ (၇) ပါး ကျင့်စဥ်အတိုင်း ရေးသား တင်ပြထားပါသည်။
因此,本书《趣向涅槃之道》在阐述各种趣向涅槃的修行时,也依《清净道论》义注所说的七清净次第而写。
မဂ္ဂင် (၈) ပါး ကျင့်စဥ်တရားတို့ကို အစီအစဥ်တကျ ဖွင့်ဆိုရေးသားထားသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာသည် ထိုခေတ်၌ ပေါက်ဖွားခဲ့ကြသော စာသင်သား သူတော်ကောင်းများအတွက် ပြည့်စုံခဲ့ဟန်ရှိသော်လည်း ခေတ်တွေ ပြောင်း၍ နှောင်းလာသောအခါ မသိနိုင်စရာ ခက်ခဲနက်နဲသည့် အချက်အလက်များ ပေါ်ထွက်လာရုံမျှသာမက ကျင့်စဥ်ကို နားမလည်နိုင်သည့် အလွန်ကျဥ်းမြောင်းသည့် အချက်အလက်များလည်း ပေါ်ထွက်လာသဖြင့် အာစရိယဓမ္မပါလ အမည်ရတော်မူသော အရှင်ဓမ္မပါလဆရာတော် က မဟာဋီကာ (= ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ) ကျမ်းစာ တစ်စောင်ကို ထပ်မံ၍ ပြုစုတော်မူရပြန်သည်။
《清净道论》义注有次第地阐明八支圣道,对于当时的学人似已足够;但时代变迁,后来不仅出现难以理解的深奥问题,也出现因文字过于简略而难以明白修行的问题,于是阿阇梨护法尊者又撰写了《大复注》,即《清净道论大复注》。
ထိုကျမ်းစာများမှာ ပါဠိစာပေကို ကျွမ်းကျင်သူ သူတော်ကောင်းများအတွက် အားထားဖွယ်ရာ ကျမ်းစာ ဖြစ်သော်လည်း ပါဠိစာပေကို မကျွမ်းကျင်သူ သူတော်ကောင်းများ အတွက် အခက်အခဲများ များစွာပင် ရှိလာ- ရပြန်ပေသည်။ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းစာသည် ထိုသည့်အခက်အခဲကို ဖြေရှင်းပေးသော ကျမ်းစာတစ်စောင်မျှသာ ဖြစ်ပါသည်။ တစ်ဖန် --- ၁။ ပရိယတ် တရားတော်၌ သော်လည်းကောင်း၊ ၂။ ပဋိပတ် တရားတော်၌ သော်လည်းကောင်း၊ ၃။ ပရိယတ် ပဋိပတ် နှစ်မျိုးလုံး၌ သော်လည်းကောင်း --- ကျွမ်းကျင်လိမ္မာတော်မူကြသော သူတော်ကောင်းများအဖို့ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာကျမ်း၌ လာရှိသော ကျင့်စဥ်များမှာ လွယ်ကူနေမည်ဖြစ်သော်လည်း ပရိယတ်တရားတော်၌သော်လည်းကောင်း၊ ပဋိပတ်တရားတော် ၌ သော်လည်းကောင်း၊ ပရိယတ် ပဋိပတ် နှစ်မျိုးလုံး၌သော်လည်းကောင်း ကျွမ်းကျင်လိမ္မာမှု မရှိကြသော သူတော် ကောင်းများ အဖို့ကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ လာရှိသော ကျင့်စဥ်များကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများ
这些论书是熟悉巴利者可靠的依止,但不熟悉巴利的善士仍会遇到许多困难。《趣向涅槃之道》只是为解决这一困难而作。对于精通教理、精通实修、或二者皆精通的善士,《清净道论》义注中的修行或许容易;然而对于不熟悉教理、不熟悉实修、或二者皆不熟悉的善士,要有系统地实践《清净道论》义注的修行,
အားထုတ်နိုင်ဖို့ရန်မှာမူ များစွာပင် အခက်အခဲ ရှိကောင်း ရှိနိုင်ပေသည်။
可能会非常困难。
ထိုကဲ့သို့ အခက်အခဲရှိနေသော သူတော်ကောင်းများသည် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းစာ၌ လာရှိသော ကျင့်စဥ်များကို မပင်မပန်း ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ရန် ရည် သန် တောင့်တ၍ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းစာကို ယောဂီသူတော်စင်များတို့၏ လျှောက် ထားတောင်းပန်ချက်အရ ရေးသားတင်ပြခြင်း ဖြစ်ပါသည်။
为了让面对这些困难的善士,能够不疲劳而安稳、容易地修习《清净道论》义注中的方法,应诸瑜伽行者请求,我写成了这部《趣向涅槃之道》。
နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းစာသည် ပရိယတ်တရားတော်၌ သော်လည်းကောင်း၊ ပဋိပတ်တရားတော်၌ သော်လည်းကောင်း၊ ပရိယတ် ပဋိပတ် နှစ်မျိုးလုံး၌ သော်လည်းကောင်း မကျွမ်းကျင် မလိမ္မာကြကုန်သော သူတော်ကောင်းတို့နှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်း၌ လာရှိသော ကျင့်စဥ်တို့၏ အကြားတွင် တည်ဆောက်ထားသော ''ပေါင်းကူးတံတား'' တစ်ခုမျှသာ ဖြစ်သည်။ နည်းသစ် စနစ်သစ် တီထွင်ထားသော ကျမ်းစာအသစ်အဆန်း တစ်စောင်ကား မဟုတ်ပေ။
《趣向涅槃之道》只是在不熟悉教理、不熟悉实修、或二者皆不熟悉的善士,与《清净道论》义注中的修行之间架起的一座“桥梁”,并不是创立新方法、新制度的新奇论书。
သို့သော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ လာရှိသော ကျင့်စဥ်တို့ကား ကျယ်ပြန့်၏၊ နက်ရှိုင်း၏၊ ခက်ခဲ၏၊ ပရိယတ် တရားတော်၌သော်လည်းကောင်း၊ ပဋိပတ်တရားတော်၌သော်လည်းကောင်း၊ ပရိယတ် ပဋိပတ် နှစ်မျိုးလုံး၌ သော်လည်းကောင်း မကျွမ်းကျင် မလိမ္မာသူ သူတော်ကောင်းအပေါင်းတို့ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်
然而,《清净道论》义注中的修行广大、深奥而困难;对于不熟悉教理、不熟悉实修、或二者皆不熟悉的善士,要切实修习,
原书卷前第 26 页(J)
တတ်ဖို့ရန်မှာ မလွယ်ကူလှပေ။ ထိုကဲ့သို့သော အခက်အခဲများစွာနှင့် ရင်ဆိုင်ရသော သူတော်ကောင်းအပေါင်း- တို့သည် အခက်အခဲမရှိ အစီအစဥ်တကျ တစ်ဆင့်ပြီးတစ်ဆင့် မြင့်သထက်မြင့်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ကြပါစေခြင်း အကျိုးငှာ ရည်သန်တောင့်တ၍ ဤကျမ်းစာတွင် အောက်ပါအတိုင်း အပိုင်းကြီး (၉)ပိုင်း ခွဲ၍ ရေးသားတင်ပြထားပါသည်။
并不容易。为了让面对许多困难的善士,能够没有困难、有次第地逐级提升修行,本书分为以下九大篇。
၁။ ကောင်းသော ည တစ်ည (ဘဒ္ဒေကရတ္တသုတ္တန်) ပိုင်း၊ ၂။ သမာဓိထူထောင်သင့်ပုံပိုင်း၊ ၃။ အာနာပါနဿတိသမာဓိပိုင်း၊ ၄။ ရုပ်ကမ္မဋ္ဌာန်းပိုင်း၊ ၅။ နာမ်ကမ္မဋ္ဌာန်းပိုင်း၊ ၆။ ပဋိစ္စသမုပ္ပါဒ်ပိုင်း၊ ၇။ လက္ခဏာဒိစတုက္ကပိုင်း၊ ၈။ ဝိပဿနာပိုင်း၊ ၉။ သမထကမ္မဋ္ဌာန်းပိုင်း --- ဤသို့ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသော ဤကျမ်း၌ ဤ အပိုင်းကြီး (၉)ပိုင်း ခွဲ၍ ရေးသားတင်ပြ- ထားပါသည်။ ဤကျမ်း၌ တစ်စိုးတစ်စိ မှားယွင်းသည့် အချက်ကို တွေ့ရှိပါက မိမိကျမ်းအသွင် ပြင်ဆင်၍ ဖတ်ရှုတော်မူကြပါရန် တောင်းပန်အပ်ပါသည်။
一、一夜贤者篇;二、修定篇;三、入出息念定篇;四、色业处篇;五、名业处篇;六、缘起篇;七、特相等四法篇;八、观禅篇;九、止业处篇。《趣向涅槃之道》由此九大篇组成。若在本书发现任何细微错误,敬请读者在自己的书中订正后阅读。
ဤကျမ်းစာ ပထမတွဲ၌ --- ၁။ သီလဝိသုဒ္ဓိပိုင်း၌ သီလကို ဖြူစင်အောင် ဖြည့်ကျင့်ရန် အစီအရင် အကျဥ်းချုပ်မျှကိုလည်းကောင်း၊ ၂။ စိတ္တဝိသုဒ္ဓိပိုင်း၌ အာနာပါနဿတိသမာဓိပိုင်းကိုလည်းကောင်း၊ ၃။ ဒိဋ္ဌိဝိသုဒ္ဓိပိုင်း၌ ရုပ်ကမ္မဋ္ဌာန်းပိုင်း နာမ်ကမ္မဋ္ဌာန်းပိုင်းဟု နှစ်မျိုးရှိရာ ရုပ်ကမ္မဋ္ဌာန်းပိုင်းကိုလည်းကောင်း-- ရေးသားတင်ပြထားပါသည်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာသည် ဘုရားဟောပါဠိတော်ကြီးများနှင့် ရှေးရှေး အဋ္ဌကထာကြီးတို့၌ လာရှိသည့်အတိုင်း သီလကျင့်စဥ် သမာဓိကျင့်စဥ် ပညာကျင့်စဥ်တို့ကို အဆင့်ဆင့် ရေးသား တင်ပြထားသကဲ့သို့ အလားတူပင် နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၌လည်း --- ၁။ ဘုရားဟောပါဠိတော်၊ ၂။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ ၃။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော် ဘာသာပြန်ဆိုထားသော ရှေးရှေးအဋ္ဌကထာများ၊ ၄။ အဋ္ဌကထာ၌လာရှိသော ထေရဝါဒဖြတ်ထုံးများ၊ ၅။ အဋ္ဌကထာအဖွင့် ဋီကာများ၊
第一册写有:一、戒清净篇中令戒清净的简要安排;二、心清净篇中的入出息念定;三、见清净篇的色业处与名业处两者中的色业处。《清净道论》义注依佛说巴利圣典与古义注,依次阐述戒、定、慧的修行;同样,本书也依据:一、佛说巴利圣典;二、《清净道论》义注;三、《清净道论》义注师译成巴利的古义注;四、义注中的上座部判释;五、解释义注的复注;
၆။ နိဿယကျမ်းများ၊ ၇။ မြန်မာပြန်ကျမ်းများ၊ ၈။ ရှေးရှေးဆရာမြတ်တို့၏ ဖြတ်ထုံးများ ---- ဤသို့စသည့် ကျမ်းဂန်အရပ်ရပ်တို့၌ လာရှိသည့်အတိုင်း သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ရေးသားတင်ပြ ထားပါသည်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာသည် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်က တည်ထောင် ဖန်ဆင်းလိုက်သော
六、依词释;七、缅译论书;八、古代诸师的判释等各种典籍,阐述三学修行。《清净道论》义注并不是摩诃佛音尊者创立的
J
J
原书卷前第 27 页(K)
နိဒါနကထာ နည်းသစ် စနစ်သစ် ကျင့်စဥ်သစ် မဟုတ်သကဲ့သို့ ဘုရားရှင်လက်ထက်တော်မှ ဆင်းသက်လာသည့် နည်းဟောင်း စနစ်ဟောင်း ကျင့်စဥ်ဟောင်းသာ ဖြစ်သကဲ့သို့ ဘုရားဟောပါဠိတော်ကြီးများနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကို အထူး အလေးဂရုပြု၍ ရေးသားပြုစုထားအပ်သော ဤ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၌ ရေးသား တင်ပြထားအပ်သော ကျင့်စဥ်အရပ်ရပ်တို့သည်လည်း နည်းသစ် စနစ်သစ် ကျင့်စဥ်သစ် မဟုတ်ဘဲ နည်းဟောင်း စနစ်ဟောင်း ကျင့်စဥ်ဟောင်းတို့သာ ဖြစ်ကြသည်။
新方法、新制度、新修行,而只是从世尊时代流传下来的古法、旧制、旧修行。同样,本书《趣向涅槃之道》特别重视佛说巴利圣典和《清净道论》义注;书中所述各种修行也不是新方法、新制度、新修行,而只是古法、旧制与旧修行。
ဘုရားရှင်၏ လက်ထက်တော်မှသည် ယနေ့သို့တိုင်အောင် ဆင်းသက်လာသည့် နိဗ္ဗာန်သို့ရောက်ကြောင်း ရှေးထုံးဟောင်း ကျင့်စဥ် ဥပဒေသကြီးကို နှစ်သက်မြတ်နိုးတော်မူကြသော သူတော်ကောင်းအပေါင်းတို့သည် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။
愿所有喜爱珍重从世尊时代传承至今、趣向涅槃的古老修行教诫之善士,都能精勤修习、培育。
ဖားအောက်တောရဆရာတော်
帕奥西亚多
စိတ္တလတောင်ကျောင်း
心峰山寺(Cittalapabbata)
ဖားအောက်တောရ
帕奥禅林
သာသနာတော်သက္ကရာဇ် - ၂၅၃၇ - ခု၊ ကောဇာသက္ကရာဇ် - ၁၃၅၅ - ခု၊ သီတင်းကျွတ်လဆန်း (၁) ရက်။
佛历2537年,缅历1355年,德丁卒月上弦初一。
K
K