希求未来的方式

《一夜贤者经》解释 · 原书第 137–138 页 · 12 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 137 页
အနာဂတ်ကို မျှော်ပုံ
如何希求未来
ကထဉ္စ ဘိက္ခဝေ အနာဂတံ ပဋိကင်္ခတိ? ''ဧဝံ ရူပေါ သိယံ အနာဂတမဒ္ဓါန''န္တိ တတ္ထ နန္ဒိ သမနွာနေတိ။
“诸比丘,怎样才是希求未来呢?他想着:‘愿我在未来具有这样的色。’于是对那未来之色生起喜爱。”
ဧဝံ ဝေဒနော သိယံ။ ပ ။ ဧဝံ သညော သိယံ။ ဧဝံ သင်္ခါရော သိယံ။ ''ဧဝံ ဝိညာဏော သိယံ အနာဂတမဒ္ဓါန''န္တိ တတ္ထ နန္ဒိ သမနွာနေတိ။ ဧဝံ ခေါ ဘိက္ခဝေ အနာဂတံ ပဋိကင်္ခတိ။ (မ-၃-၂၂၇။) = ရဟန်းတို့ …အဘယ်သို့လျှင် အနာဂတ်ကို မျှော်လင့်တောင့်တလေသနည်း?
“‘愿我具有这样的受……愿我具有这样的想,愿我具有这样的行;愿我在未来具有这样的识。’于是,他对彼等未来诸蕴——受、想、行、识——生起喜爱。诸比丘,这样便是希求未来。”(《中部》3-227。)经文的解释从这句话开始:“诸比丘……怎样才是希求、企盼未来呢?”
၁။ နောင်အနာဂတ်ကာလ၌ ဤကဲ့သို့သော ရုပ်တရားသည် ဖြစ်ရလို၏ဟု ထိုအနာဂတ်ဖြစ်သော ရုပ်တရားအပေါ်၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေ၏။
1.他想着:“愿我在未来拥有这样的色法。”于是,对那未来的色法生起喜爱(nandī)。
၂။ နောင်အနာဂတ်ကာလ၌ ဤကဲ့သို့သော ခံစားမှု = ဝေဒနာတရားသည်။ ပ ။
2.“愿我在未来拥有这样的感受,也就是这样的受法……”
၃။ ဤကဲ့သို့သော မှတ်သားမှု = သညာတရားသည်။
3.“愿我具有这样的记认作用,也就是具有这样的想……”
၄။ ဤကဲ့သို့သော ပြုပြင်တတ်သော စေတသိက်သင်္ခါရတရားစုသည်။
4.“愿我拥有这样具有造作作用的心所诸行法之聚……”
၅။ ဤကဲ့သို့သော သိမှု = ဝိညာဏ်တရားသည် ဖြစ်ရလို၏ဟု ထိုအနာဂတ်ဖြစ်သော ( ဝေဒနာ-သညာ- သင်္ခါရ ) ဝိညာဏ်တရားအပေါ်၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေ၏။
5.他想着:“愿我拥有这样的了知,也就是这样的识法。”于是,对未来的受、想、行、识诸法生起喜爱(nandī)。
ရဟန်းတို့ …ဤသို့လျှင် အနာဂတ်ကို မျှော်လင့်တောင့်တ၍ နေပေ၏။ (မ-၃-၂၂၇။) ဤကား အနာဂတ်ကိုမျှော်ပုံနှင့် ပတ်သက်၍ ဘုရားရှင်၏ ရှင်းလင်းဟောကြားထားတော်မူချက်ပင် ဖြစ်သည်။ တစ်ဖန် အရှင်မဟာကစ္စည်း ကိုယ်တော်မြတ်ကြီးကလည်း အနာဂတ်ကို မျှော်နေပုံကို အောက်ပါအတိုင်း ဟောကြားထားတော်မူခဲ့ပေသည်။ ---- ကထဉ္စ အာဝုသော အနာဂတံ ပဋိကင်္ခတိ။ ဣတိ မေ စက္ခု သိယာ အနာဂတမဒ္ဓါနံ၊ ဣတိ ရူပါတိ အပ္ပဋိလဒ္ဓဿ ပဋိလာဘာယ စိတ္တံ ပဏိဒဟတိ၊ စေတသော ပဏိဓာနပစ္စယာ တဒဘိနန္ဒတိ၊ တဒဘိနန္ဒန္တော အနာဂတံ ပဋိကင်္ခတိ။ (မ-၃-၂၃၇။) = သီတင်းသုံးဖော် ငါ့ရှင်တို့ … အဘယ်သို့လျှင် အနာဂတ်ကို မျှော်လင့်တောင့်တလေသနည်း?
诸比丘……这样便是希求、企盼未来。(《中部》3-227。)这是世尊对于如何希求未来所作的解释与开示。大迦旃延尊者也“贤友们,怎样才是希求未来呢?他想:‘愿我的眼在未来如此,愿诸色如此。’为了得到尚未得到的眼与诸色,他令心趋向于此;以心如此趋向为缘,他欣喜于彼;当他欣喜于彼时,便希求未来。”(《中部》3-237。)经文的解释从这句话开始:“同住的贤友们……怎样才是希求、企盼未来呢?”
နောင်အနာဂတ်ကာလ၌ ငါ၏ စက္ခုအကြည်ဓာတ်သည် ဤသို့ ဖြစ်ရလို၏၊ ငါ၏ အဆင်းရူပါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟု ဤသို့လျှင် မရအပ်သေးသော စက္ခုအကြည်ဓာတ် ရူပါရုံကို ရရှိရန်အလို့ငှာ စိတ်ကို ဆောက်- တည်ထား၏၊ စိတ်၏ ဆောက်တည်ထားခြင်းတည်း ဟူသော အကြောင်းကြောင့် ထို စက္ခုအကြည်ဓာတ် ရူပါရုံကို
他想着:“愿我的眼净色在未来成为这样,愿我的诸色所缘成为这样。”为了获得尚未得到的眼净色与色所缘,他便如此令心趋向并安立于其上;以心如此安立为缘,他对那眼净色与色所缘——
原书第 138 页
နှစ်သက်နေပေ၏၊ ထိုစက္ခုအကြည်ဓာတ် ရူပါရုံကို နှစ်သက်နေသော် အနာဂတ်ကို မျှော်လင့်တောင့်တနေပေ၏။
——生起喜爱;当他喜爱那眼净色与色所缘时,便是希求、企盼未来。
( ကြွင်းအာယတန ငါးစုံတို့၌လည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။) (မ-၃-၂၃၇။) ဤ ဟောကြားထားတော်မူသည့် ဒေသနာတော် အရ ---- နောင်အနာဂတ်ကာလ အနာဂတ်ဘဝဝယ် လူဖြစ်လျှင်လည်း လူတော်လူကောင်း နတ်ဖြစ်လျှင်လည်း နတ်ကောင်းနတ်မြတ် ဖြစ်ရန် စိတ်က တောင့်တခဲ့သော် စိတ်က ဆောက်တည်ထားခဲ့သော် ကောင်းမှုကုသိုလ်ပြု- လျက် ဆုတောင်းပန်ထွာခဲ့သော် အနာဂတ် လူ့ဘဝ နတ်ဘဝစသည့် ဘဝထိုထို၌ ရရှိမည့် ခန္ဓာ (၅) ပါး အာယတန (၁၂) ပါးတည်းဟူသော ရုပ်တရား နာမ်တရားတို့အပေါ်၌ နှစ်သက်နေသည် မည်ပေသည်၊ နှစ်သက်မှုဖြစ်နေသော် အနာဂတ်ကို မျှော်လင့်တောင့်တနေသည် မည်၏ဟု မှတ်ပါ။
(其余五对处也以同样的方式宣说。)(《中部》3-237。)依这一教说,应当这样理解:在未来世中,如果心里希望自己生而为人时成为善良优秀的人,生而为天神时成为良善殊胜的天神;如果心里如此立愿,并且造作善业而发愿祈求,那么,这就称为喜爱未来在人界、天界等种种生命中将获得的五蕴、十二处,也就是色法与名法。生起了这种喜爱,便称为希求、企盼未来。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。