第二组四法

入出息念定部分 · 原书第 483–486 页 · 30 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 483 页
ဒုတိယ စတုက္က
第二组四法
၁။ ပီတိပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ ပီတိပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
“一、他训练:‘我将清楚觉知喜而入息。’他训练:‘我将清楚觉知喜而出息。’”
၂။ သုခပဋိသံဝေဒီ။ ပ ။
“၂။ သုခပဋိသံဝေဒီ။ ပ ။”——“二、清楚觉知乐……”。
၃။ စိတ္တသင်္ခါရပဋိသံဝေဒီ။ ပ ။
“၃။ စိတ္တသင်္ခါရပဋိသံဝေဒီ။ ပ ။”——“三、清楚觉知心行……”。
၄။ ပဿမ္ဘယံ စိတ္တသင်္ခါရံ။ ပ ။
“၄။ ပဿမ္ဘယံ စိတ္တသင်္ခါရံ။ ပ ။”——“四、令心行平息……”。
၁။ ပီတိပဋိသံဝေဒီ
一、“ပီတိပဋိသံဝေဒီ”——“清楚觉知喜”
၁။ ပီတိကို ထင်ထင်ရှားရှား သိသည် ဖြစ်၍ ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊ ပီတိကို ထင်ထင်ရှားရှား သိသည် ဖြစ်၍ ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
一、他训练:清楚、明显地了知喜而入息;清楚、明显地了知喜而出息。
原书第 484 页
ပီတိပဋိသံဝေဒီတိ ပီတိံ ပဋိသံဝိဒိတံ ကရောန္တော ပါကဋံ ကရောန္တော အဿသိဿာမိ ပဿသိဿာ- မီတိ သိက္ခတိ။ တတ္ထ ဒွီဟာကာရေဟိ ပီတိပဋိသံဝိဒိတာ ဟောတိ အာရမ္မဏတော စ အသမ္မောဟတော စ။
“所谓‘清楚觉知喜’:他一面使喜被清楚了知、使之显明,一面训练:‘我将入息,我将出息。’在这里,以两种方式清楚觉知喜:一是依所缘,二是依不迷惑。”
ကထံ အာရမ္မဏတော ပီတိ ပဋိသံဝိဒိတာ ဟောတိ? သပ္ပီတိကေ ဒွေ စျာနေ သမာပဇ္ဇတိ။ တဿ သမာပတ္တိက္ခဏေ စျာနပဋိလာဘေန အာရမ္မဏတော ပီတိ ပဋိသံဝိဒိတာ ဟောတိ၊ အာရမ္မဏဿ ပဋိသံဝိဒိ- တတ္တာ။ ကထံ အသမ္မောဟတော? သပ္ပီတိကေ ဒွေ စျာနေ သမာပဇ္ဇိတွာ ဝုဋ္ဌာယ စျာနသမ္ပယုတ္တံ ပီတိ ခယတော ဝယတော သမ္မသတိ။ တဿ ဝိပဿနာက္ခဏေ လက္ခဏပဋိဝေဓေန အသမ္မောဟတော ပီတိ ပဋိသံဝိဒိတာ ဟောတိ။ (ဝိသုဒ္ဓိ-၁-၂၇၉။) ပီတိပဋိသံဝေဒီဟူသည်ကား ပီတိကို အသီးအသီး ကောင်းစွာ သိအပ်သည်ကို ပြုလျက် ပတ္တမြား လက် တင်သို့ ဉာဏ်အားထင်သည်ကို ပြုလျက် ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
“如何依所缘而清楚觉知喜?他进入与喜俱行的两种禅。于等至刹那,因为获得禅,并且所缘已被清楚了知,所以依所缘而清楚觉知喜。如何依不迷惑而清楚觉知喜?他进入与喜俱行的两种禅,出定后,以尽、坏观照与禅相应的喜。在他修观的刹那,由于通达诸相,便依不迷惑而清楚觉知喜。”(《清净道论》1-279。)所谓“清楚觉知喜”,就是一面使喜被逐一善加了知、使之如掌上宝石般显现在智前,一面训练:“我将入息,我将出息。”
ထို ပီတိပဋိသံဝေဒီဟူသော စကားရပ်၌ --- ၁။ အာရုံသဘောအားဖြင့်လည်းကောင်း၊ ၂။ မတွေမဝေသိခြင်း အသမ္မောဟ သဘောအားဖြင့်လည်းကောင်း --- ဤနှစ်မျိုးကုန်သော အခြင်းအရာတို့ဖြင့် ပီတိသည် အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ် သည် ဖြစ်၏။
在“清楚觉知喜”这句话中,喜以两种方式被逐一善加、清楚明显地了知:一、依所缘;二、依不迷惑。
၁။ အဘယ်သို့လျှင် အာရမ္မဏ = အာရုံသဘောအားဖြင့် ပီတိသည် အသီးအသီး ကောင်းစွာ ထင်ထင် ရှားရှား သိအပ်သနည်း?
一、喜如何依 ārammaṇa(所缘)而被逐一善加、清楚明显地了知?
ပီတိနှင့်တကွဖြစ်သော ပီတိယှဥ်သော စတုက္ကနည်း၌ နှစ်ပါးသော ပထမစျာန် ဒုတိယစျာန်တို့ကို အစဥ် အတိုင်း ဝင်စား၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် စျာန်သမာပတ်ကို ဝင်စားဆဲ ခဏ၌ စျာန်ကို ရရှိနေခြင်း စျာန် နှင့် ပြည့်စုံနေခြင်းဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုနေခြင်း အာရုံယူနေခြင်းကို အကြောင်းပြု သဖြင့် ထိုအာနာပါနပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ပထမစျာန် သို့မဟုတ် ဒုတိယစျာန်၌ အကျုံးဝင်သော ပီတိစျာန်အင်္ဂါကို အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်ပေသည်။ အကြောင်းကား အာနာပါန ပဋိဘာဂနိမိတ်အာရုံ၏ အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်သည်၏ အဖြစ်ကြောင့်တည်း။
依四分法,他依次进入与喜相应的初禅、第二禅。瑜伽行者正在进入禅那等至时,由于获得并具足禅那,也就是由于取入出息似相为所缘,所以能够逐一善加、清楚明显地了知属于以该入出息似相为所缘的初禅或第二禅中的喜禅支。因为入出息似相这一所缘已被逐一善加、清楚明显地了知。
(ဝိသုဒ္ဓိ-၁-၂၇၉။)
(《清净道论》1-279。)
ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ---- လောကဥပမာအားဖြင့် မြွေရှာဖွေမှုကို ပြုကျင့်သော ယောကျာ်းသည် ထိုမြွေ၏ ကိန်းဝပ်တည်နေရာ နေရာကို ထင်ထင်ရှားရှား သိအပ်ခဲ့သော် ထိုမြွေကိုလည်း ထင်ထင်ရှားရှား သိအပ်၏၊ ထိုမြွေကို ဖမ်းမိပြီးသာ ဖြစ်၏၊ မန္တာန်မန်းမှုတ်ခြင်း၏ စွမ်းအားဖြင့် ထိုမြွေကို ဖမ်းယူခြင်းကို ပြုလွယ် သည်၏ အဖြစ်ကြောင့်တည်း၊ အလားတူပင် ပီတိ၏ ကိန်းဝပ်တည်နေရာ ဖြစ်သော အာနာပါနပဋိဘာဂ နိမိတ်အာရုံကို ကောင်းစွာ ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိအပ်သည်ရှိသော် ထိုပီတိကိုလည်း အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိပြီးသာလျှင် ဖြစ်ပေ၏။ ပီတိ၏ ကိုယ်ပိုင်သဘာဝလက္ခဏာ (= အာနာပါနပဋိ ဘာဂနိမိတ် အာရုံကို ချစ်မြတ်နိုးခြင်း သဘာဝလက္ခဏာ) အားဖြင့်လည်းကောင်း၊ ယင်း ပီတိ၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာဟူသော သာမညလက္ခဏာအားဖြင့်လည်းကောင်း ပီတိကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း၏
其意如下。譬如世间寻找蛇的人,若已清楚知道蛇的栖身处,也就清楚知道了那条蛇,等于已经捕获它;因为凭借念咒的力量,捕蛇便很容易。同样,若已善加、清楚、分明地知道作为喜之栖身处的入出息似相所缘,也就已经逐一善加、清楚明显地知道了喜。无论依喜的自相(=喜爱入出息似相所缘的自相),还是依喜的无常、苦、无我三种共相,以智辨明喜都会——
ပြုလွယ်သည်၏ အဖြစ်ကြောင့်ပင်တည်း။ (မဟာဋီ-၁-၃၃၈။) ဆိုလိုသည်မှာ ပီတိဟူသည် ဤအရာဝယ် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ချစ်မြတ်နိုးခြင်း နှစ်သက် ခြင်းသဘော ဖြစ်သဖြင့် အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထင်ထင်ရှားရှား သိပါက ဘဝင်မနောအကြည်
——变得容易。(《大复注》1-338。)这里的意思是:所谓喜,是喜爱、喜欢入出息似相所缘的性质;因此,如果清楚知道入出息似相所缘,辨识有分意净——
原书第 485 页
အာနာပါနဿတိသမာဓိပိုင်း ဓာတ်ကို သိမ်းဆည်း၍ ယင်း အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် ထပ်မံ၍ အာရုံယူကာ ရှုပွားလိုက်ပါက ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်ပေါ်သွားသော ယင်းပီတိမှာ ထင်ရှား နေမည်သာ ဖြစ်ပေသည်ဟု ဆိုလို၏။ ဝတ္ထုနှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက် နာမ်တရားတို့ကို ရှုပွားခဲ့သော် နာမ်တရားတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထင်လာမည်သာ ဖြစ်ကြောင်း အနုပဒသုတ္တန် ပါဠိ တော် အဋ္ဌကထာ ဋီကာတို့က နည်းပေးလျက် ရှိ၏။ (အကျယ်ကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှုပါ။) ၂။ အဘယ်သို့လျှင် အသမ္မောဟ = မတွေမဝေသိခြင်း သဘောအားဖြင့် ပီတိသည် အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်ပါသနည်း?
——界以后,再取同一入出息似相为所缘而观修,那么,依止有分意净界并依托心所依色而生的喜,自然会清楚显现。若把所依与所缘结合起来辨识并观修名法,名法自然会显现在瑜伽行者的智中;《逐一经》的巴利圣典、义注与复注正这样给予方法指引。(详见名业处部分。)二、喜如何依 asammoha(不迷惑)而被逐一善加、清楚明显地了知?
ပီတိနှင့် တကွ ဖြစ်သော ပီတိယှဥ်သော စတုက္ကနည်း၌ နှစ်ပါးသော ပထမစျာန် ဒုတိယစျာန်တို့ကို အစဥ် အတိုင်း ဝင်စား၍ ယင်းစျာန်မှ ထ၍ စျာန်နှင့် ယှဥ်သော ပီတိကို (ပီတိကို အဦးမူသဖြင့် ပီတိနှင့်တကွသော နာမ်တရားစုတို့ကို) ကုန်တတ်သော သဘောအားဖြင့် ပျက်တတ်သော သဘောအားဖြင့် လက္ခဏာရေး တင်ကာ ရှုပွားသုံးသပ်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ပီတိကို (ပီတိကို အဦးမူသဖြင့် နာမ်တရားစုကို) ဝိပဿနာရှုသော ခဏ၊ ဝိပဿနာဉာဏ်ဖြင့် မြင်သောခဏ၌ ပီတိ၏ ကိုယ်ပိုင်သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကို ယောဂါ ဝစရ ပုဂ္ဂိုလ်သည် ထိုးထွင်း သိမြင်လျက် ရှိ၏၊ ယင်း သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကို ထိုးထွင်း သိခြင်းကို အသမ္မောဟသဘော = မတွေမဝေသိခြင်း သဘောအားဖြင့် ထိုးထွင်းသိမြင်ခြင်းဟု ဆိုအပ်၏။
依四分法,他依次进入与喜相应的初禅、第二禅,从该禅出定以后,把与禅相应的喜(即以喜为首、连同喜在内的名法群)置于诸相之下,观修、审察为灭尽之法、坏灭之法。瑜伽行者观喜(即以喜为首的名法群)的刹那,也就是以观智照见的刹那,正通达喜的自相与共相。如此通达自相与共相,就称为依不迷惑而通达。
ဤသို့လျှင် အသမ္မောဟ = မတွေမဝေသိခြင်းသဘောအားဖြင့် ပီတိသည် အသီးအသီး ကောင်းစွာ ထင်ထင် ရှားရှား သိအပ်သည် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၇၉။) ယထေဝ ဟိ အာရမ္မဏမုခေန ပီတိ ပဋိသံဝိဒိတာ ဟောတိ၊ ဧဝံ တံသမ္ပယုတ္တဓမ္မာပိ အာရမ္မဏမုခေန ပဋိသံဝိဒိတာ ဧဝ ဟောန္တီတိ။ (မဟာဋီ-၁-၃၃၉။) အာနာပါနပဋိဘာဂနိမိတ်အာရုံကို အဦးမူသဖြင့် အကြောင်းပြုသဖြင့် ပီတိသည် အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်သကဲ့သို့ ဤအတူ ထိုပီတိနှင့် စျာန်စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြကုန်သော စိတ်စေတသိက် သမ္ပယုတ်တရားတို့ကိုလည်း အာနာပါနပဋိဘာဂနိမိတ်အာရုံကို အဦးမူသဖြင့် အကြောင်းပြုသဖြင့် အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်ကုန်သည်သာလျှင် ဖြစ်ကုန်၏ဟု မှတ်ပါ။
喜就是这样依不迷惑而被逐一善加、清楚明显地了知。(《清净道论》“正如喜经由所缘之门而被清楚了知,与喜相应的诸法也同样经由所缘之门而被清楚了知。”因此应知:正如以入出息似相所缘为首、以它为因,喜被逐一善加、清楚明显地了知;同样,在一个禅心刹那中与该喜俱生相应的心与心所诸相应法,也以入出息似相所缘为首、以它为因,而被逐一善加、清楚明显地了知。
(မဟာဋီ-၁-၃၃၉။)
(《大复注》1-339。)
ကြွင်းသော သုခပဋိသံဝေဒီ၊ စိတ္တသင်္ခါရပဋိသံဝေဒီ ဟူသော ပုဒ်တို့ကိုလည်း ပီတိပဋိသံဝေဒီ ဟူသော ပုဒ်၌လာသော ဤနည်းဖြင့်သာလျှင် အနက်သဘောအားဖြင့် သိပါကုန်။ (အာရမ္မဏသဘော၊ အသမ္မောဟ သဘောအားဖြင့် နှစ်မျိုးခွဲခြား သိပုံကို ရည်ညွှန်းထားသည်။) ထူးခြားချက်မှာ ဤမျှသာတည်း --- စတုက္ကနည်း၌ ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့၏ အစွမ်းဖြင့် သုခပဋိသံဝေဒီ = သုခကို အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်သည်၏ အဖြစ်ကိုလည်းကောင်း၊ စျာန်လေးပါးလုံးတို့၏ အစွမ်းဖြင့် စိတ္တသင်္ခါရပဋိသံဝေဒီ = ဝေဒနာ သညာဟူသော စိတ္တသင်္ခါရတရား နှစ်ပါးကို အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်သည်၏ အဖြစ်ကိုလည်းကောင်း သိရှိပါလေ။ ဝေဒနာ သညာ တရားနှစ်ပါးကား စိတ္တသင်္ခါရ မည်၏။
其余“清楚觉知乐”“清楚觉知心行”等词,也应依“清楚觉知喜”一词所示的方法理解其义。(这是指依所缘与依不迷惑分为两种。)差别仅在于:依四分法,应知“清楚觉知乐”是依初禅、第二禅、第三禅而成;“清楚觉知心行”则依全部四禅而成。受与想这两法称为“心行”。
သုခပဋိသံဝေဒီဟူသောပုဒ်၌ ပကိဏ္ဏကသင်္ခါရ အမည်ရသော အတိတ် အနာဂတ် ပစ္စုပ္ပန် ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါး၏ အစွမ်းဖြင့် ဖြစ်ပေါ်နေကြကုန်သော (၃၁)ဘုံ အတွင်း၌ တည်ရှိသော ခန္ဓာငါးပါး ရုပ်နာမ် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်၍ ရှုပွားသုံးသပ်ခြင်း၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်၏ တည်ရာဘုံကို ပြခြင်းငှာ - ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ - သုခန္တိ
为了说明观智的所行领域,《无碍解道》在“清楚觉知乐”一词下,把存在于三十一界、依过去未来现在三时及内外两相续而生的五蕴名色杂项诸行,置于三相之下观修审察,并说:“သုခန္တိ”——“所谓乐——”
原书第 486 页
ဒွေ သုခါနိ ကာယိကဉ္စ သုခံ စေတသိကဉ္စ = ကာယိကသုခ စေတသိကသုခ နှစ်ပါးကို သုခအဖြစ် ဟောကြား တော်မူအပ်၏''ဟု မှတ်သားပါလေ။ အကြောင်းမူ စျာန်သမထပိုင်း၌ ကာယိကသုခဝေဒနာ မဖြစ်နိုင်သော ကြောင့်တည်း။ (စျာန်သမာပတ်အတွင်း၌ စျာန်ဇောများနှင့် ယှဥ်တွဲဖြစ်နေသော ဝေဒနာမှာ စေတသိကသုခ အမည်ရသော သောမနဿဝေဒနာမျိုးသာ ဖြစ်နိုင်သောကြောင့် ကာယိကသုခဝေဒနာမှာ အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ်နှင့်သာ ယှဥ်တွဲဖြစ်နိုင်၍ စျာန်စိတ်များနှင့် စိတ္တက္ခဏတစ်ခုအတွင်း အတူ ယှဥ်တွဲ၍ မဖြစ်နိုင်သောကြောင့်ဟု ဆိုလိုပေသည်။) (ဝိသုဒ္ဓိ-၁-၂၈ဝ။ မဟာဋီ-၁-၃၄ဝ။)
“有两种乐:身乐与心乐。”应当记住,这两种都被宣说为“乐”。因为在止禅部分,身乐受不可能生起。(禅那等至中与禅那速行俱生的受,只可能是称为心乐的悦受;身乐受只能与乐俱无因善果报身识心相应,不能在同一个心刹那中与禅心俱生。)(《清净道论》1-280;《大复注》1-340。)
၄။ ပဿမ္ဘယံ စိတ္တသင်္ခါရံ
四、“ပဿမ္ဘယံ စိတ္တသင်္ခါရံ”——“令心行平息”
ပဿမ္ဘယံ စိတ္တသင်္ခါရံ - ဟူသည် ရုန့်ရင်း ရုန့်ရင်းသော စိတ္တသင်္ခါရ အမည်ရသော ဝေဒနာ သညာ နှစ်ပါးကို ငြိမ်းစေလျက် ချုပ်စေလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်အောင် ကျင့်ပါဟု ဆိုလိုပေ၏။
巴利语“ပဿမ္ဘယံ စိတ္တသင်္ခါရံ”(令心行平息)的意思是:训练一面使称为心行的受、想二法之粗重状态渐次平息、止息,一面令入息、出息生起。
ငြိမ်းစေလျက်ဟူသော ပရိယာယ်စကားဖြင့် ဆိုအပ်သော ချုပ်ငြိမ်းမှုကို ကာယသင်္ခါရ၌ အကျယ်ဖွင့်ဆိုအပ် ခဲ့ပြီးသည့် နည်းအတိုင်း သိရှိပါလေ။
“平息”这一同义语所表达的止息,应当依前文详细解释身行时所用的方法理解。
ဝေဒနာနုပဿနာ
受随观
ဆိုဖွယ် ရှိပြန်သေး၏။ ဤဒုတိယစတုက္က၌ - ပီတိပဋိသံဝေဒီ = ပီတိကို အသီးအသီး ထင်ထင်ရှားရှား ကောင်းစွာသိလျက် စသည်ဖြင့် ဟောကြားတော်မူအပ်သော ကောဋ္ဌာသ၌ ပီတိကို ပဓာန ဦး ဆောင်ပြု ရည် ညွှန်းသဖြင့် ပီတိနှင့် ယှဥ်သော သမ္ပယုတ်ဝေဒနာကို ဟောကြားတော်မူအပ်ပေသည်။
还有一点需要说明。在第二组四法中,“清楚觉知喜”等部分以喜为主要、居先的法来指示,因此世尊实际开示的是与喜相应的受。
သုခပဋိသံဝေဒီ = သုခကို အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိလျက် စသည်ဖြင့် ဟောကြား တော်မူအပ်သော ကောဋ္ဌာသ၌ သုခဝေဒနာကို သရုပ်သဘောအားဖြင့်သာလျှင် သရုပ်ထုတ်၍ ဟောကြားတော် မူအပ်ပေသည်။
在“清楚觉知乐”等部分,世尊则直接揭示、开示乐受本身。
စိတ္တသင်္ခါရပဋိသံဝေဒီ၊ ပဿမ္ဘယံ စိတ္တသင်္ခါရံ စသည်ဖြင့် ဟောကြားတော်မူအပ်ကုန်သော စိတ္တသင်္ခါရ နှင့် စပ်ယှဥ်ကုန်သော နှစ်ကောဋ္ဌာသတို့၌ ''သညာ စ ဝေဒနာ စ စေတသိကာ ဧတေ ဓမ္မာ စိတ္တပဋိဗဒ္ဓါ စိတ္တသင်္ခါရာ''= သညာသည်လည်းကောင်း ဝေဒနာသည်လည်းကောင်း ဤတရားနှစ်ပါးတို့သည် စိတ်၌ မှီကုန် သည်ဖြစ်၍ စိတ်နှင့် စပ်၍ ဖြစ်ကြကုန်၏၊ စိတ်သည် ပြုပြင်အပ်ကုန်၏။'' (ပဋိသံ-၁၈၇။ မ-၁-၃၇၆။) ---- ဤသို့ ဟောကြားတော်မူခြင်းကြောင့် သညာနှင့် ယှဥ်သော ဝေဒနာကိုပင် ဟောကြားတော်မူအပ်ပေသည်။
至于“清楚觉知心行”“令心行平息”等与心行有关的两部分,巴利教说(缅文转写):“သညာ စ ဝေဒနာ စ စေတသိကာ ဧတေ ဓမ္မာ စိတ္တပဋိဗဒ္ဓါ စိတ္တသင်္ခါရာ”——“想与受是心所法;这两法依止于心、与心相连,又能造作心,所以称为心行。”(《无碍解道》187;《中部》1-376。)因为有这一教说,世尊所开示的仍是与想相应的受。
〔ဝိညာဏပစ္စယာ နာမရူပံ = ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏ - ဟု ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်များ၌ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် ဝိညာဏ်ကြောင့် စေတသိက်တရားတို့လည်း ဖြစ်လာရကား ဝေဒနာ သညာ တရားနှစ်ပါးတို့သည် စိတ်၌ မှီကုန်သည်ဖြစ်၍ စိတ်နှင့် စပ်၍ ဖြစ်ကြကုန်၏၊ စိတ်သည် ပြုပြင်အပ်ကုန်၏ဟု ဆိုလိုပေသည်။〕 ဤသို့လျှင် ဝေဒနာနုပဿနာနည်းဖြင့် ဤဒုတိယစတုက္ကကို ဘုရားရှင် ဟောကြားထားတော်မူအပ်၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ-၁-၂၈ဝ။ မဟာဋီ-၁-၃၄၁။)
〔在缘起教说中,世尊说“ဝိညာဏပစ္စယာ နာမရူပံ——缘识而有名色”;由于诸心所法依识而生,所以受、想二法依止于心、与心相连,又能造作心。其意如此。〕应当知道:世尊就是这样依受随观的方法开示第二组四法。(《清净道论》1-280;《大复注》1-341。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。