见清净
色业处部分 · 原书第 539–545 页 · 58 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 539 页
ဒိဋ္ဌိဝိသုဒ္ဓိ
见清净
တတ္ထ နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (ဝိသုဒ္ဓိ-၂-၂၂၂။) = နာမ်ရုပ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပရမတ်သို့ဆိုက်အောင် မဖောက်မပြန် ဟုတ်မှန်တိုင်းသော သဘောကို သိမြင်ခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။ (ဝိသုဒ္ဓိ-၂-၂၂၂။) လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ။
“此中,如实见名色,称为见清净。”(《清净道论》2-222。)也就是说,以智逐一分别、辨析名与色,直达究竟而如实无误地知见其自性,这就是见清净。(《清净“依特相、作用、现起、近因而把握名色,称为见清净。”
(အဘိဓမ္မတ္ထသင်္ဂဟ၊ ကမ္မဋ္ဌာန်းပိုင်း။)
(《摄阿毗达磨义论·业处品》。)
= လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် နာမ်ရုပ်ကို သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြား ယူခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။ (သင်္ဂဟ။)
也就是说,依特相、作用、现起、近因把握名色,即以智分别名色,称为见清净。(《摄阿毗达磨义论》。)
ယေဘုယျ စည်းကမ်း သတ်မှတ်ချက်
一般规则
ယထာ ရူပေ ဝိပဿနာဘိနိဝေသော ယေဘုယျေန ဝိပဿနာယာနိကဿ၊ ဧဝံ အရူပေ ဝိပဿနာ- ဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဟောတိ။ အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။ (မဟာဋီ-၂-၄၇ဝ။) = ရုပ်တရား၌ စ၍ ဝိပဿနာနှလုံးသွင်းခြင်းသည် ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား ဖြစ်၏။ အလားတူပင် နာမ်တရား၌ စ၍ ဝိပဿနာနှလုံးသွင်းခြင်းသည် ယေဘုယျအားဖြင့် သမထယာနိက ပုဂ္ဂိုလ်အား ဖြစ်၏။ အဘိနိဝေသ = နှလုံးသွင်းခြင်းဟူသည် ဝိပဿနာ၏ ရှေ့အဖို့၌ ပြုသင့် ပြုထိုက်သော နာမရူပပရိစ္ဆေဒဉာဏ်ကို သိရှိပါလေ။ ထိုကြောင့် ရှေးဦးစွာ ရုပ်တရားကို သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြား ယူခြင်းသည် ရူပေ အဘိနိဝေသ = ရုပ်တရား၌ ဝိပဿနာ နှလုံးသွင်းခြင်း မည်၏။ ရှေးဦးစွာ နာမ်တရားကို သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းသည် အရူပေ အဘိနိဝေသ = နာမ်တရား၌ ဝိပဿနာ နှလုံး
“正如从色开始投入观修,通常属于纯观乘者;同样,从非色即名开始投入观修,通常属于止乘者。所谓‘投入’,应知是指在观修之前应当进行的名色分别。因此,首先把握色,就是从色开始投入;其余也依此理。”(《大复注》2-470。)也就是说,从色法开始投入观修,通常适用于纯观乘者;同样,从名法开始投入观修,通常适用于止乘者。所谓“投入”,应知就是在观修之前应作的名色分别智。因此,首先把握色法,即以智分别把握色法,称为“从色法开始投入观修”;首先把握名法,即以智分别把握名法,称为“从名法开始——”
သွင်းခြင်း မည်၏။ (မဟာဋီ-၂-၄၇ဝ။) ဤကား ယေဘုယျ စည်းကမ်းသတ်မှတ်ချက် ဖြစ်ပေသည်။
——投入观修”。(《大复注》2-470。)这是一般性的规则。
ထို နာမ်ရုပ်တို့ကို သိမ်းဆည်းရာ၌ သမထယာနိက = စျာန်သမထယာဥ်ရှိသော ပုဂ္ဂိုလ်သည် ---- ၁။ နာမ်တရားကစ၍ သိမ်းဆည်းလိုပါကလည်း ရရှိနိုင်၏။
把握名色时,止乘者——即以止禅为乘的人——有两种选择:一、若想从名法开始把握,也可以做到。
၂။ ရုပ်တရားက စ၍ သိမ်းဆည်းလိုပါကလည်း ရရှိနိုင်၏။
二、若想从色法开始把握,也可以做到。
အကယ်၍ သမထယာနိကပုဂ္ဂိုလ်သည် နာမ်တရားကစ၍ သိမ်းဆည်းလိုခဲ့သော် သိမ်းဆည်းပုံ စနစ်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ညွှန်ကြားထားတော်မူပေသည်။
如果止乘者想从名法开始把握,《清净道论义注》对把握方法作了如下指导。
တံ သမ္ပာဒေတုကာမေန သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသ- ရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ စျာနင်္ဂါနိ၊ တံသမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။
“欲成就见清净的止乘者,首先应除去非想非非想处,从其余色界或无色界禅的任一禅出定,然后依特相、作用等把握寻等禅支以及与该禅相应的诸法。把握之后,应确定这一切因面向所缘、具有趋向之义,故为‘名’。”
တတော ယထာ နာမ ပုရိသော အန္တောဂေဟေ သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တော ''ဣဒံ နာမံ ကိံ နိဿာယ ပဝတ္တတီ''တိ
“此后,正如一人在屋内看见蛇,追随它便看见它的栖穴;同样,这位禅修者审察该名法,探求‘这名法依什么而转起?’——”
原书第 540 页
ပရိယေသမာနော တဿ နိဿယံ ဟဒယရူပံ ပဿတိ။ တတော ဟဒယရူပဿ နိဿယဘူတာနိ၊ ဘူတ- နိဿတာနိ စ သေသုပါဒါယ ရူပါနီတိ ရူပံ ပရိဂ္ဂဏှာတိ။ သော သဗ္ဗမ္ပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ။
“——如此探求,便看见作为该名法所依的心所依处色。然后他把握色:作为心所依处色之所依的是诸大种,其他所造色也依于大种。他确定这一切由于变坏,故为‘色’。”
တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ-၂-၂၂၂။) = ထို ဒိဋ္ဌိဝိသုဒ္ဓိကို ပြည့်စုံစေလိုသော သမထဟူသော စျာန်ယာဥ်ရှိသော သမထယာနိက ယောဂါဝစရ ပုဂ္ဂိုလ်သည်၊ သို့မဟုတ် စျာန်၌သော်လည်းကောင်း စျာန်၏အနီးအပါး ဥပစာ၌ ဖြစ်လေ့ရှိသော ဥပစာရသမာဓိ ၌သော်လည်းကောင်း ရပ်တည်၍ ဝိပဿနာကို အားထုတ်သောကြောင့် သမထယာနိကမည်သော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှေးဦးစွာ နေဝသညာနာသညာယတနစျာန်ကို ချန်ထား၍ နေဝသညာနာညာယတနစျာန်မှ ကြွင်း ကျန်သော ရူပါဝစရစျာန် အရူပါဝစရစျာန်တို့တွင် တစ်ပါးတစ်ပါးသော စျာန်ကို ဝင်စား၍ ယင်းစျာန်မှ ထ၍ ဝိတက်အစရှိကုန်သော စျာန်အင်္ဂါတို့ကိုလည်းကောင်း၊ ထိုစျာန်နှင့် ယှဥ်ကုန်သော ဖဿစသော တရားတို့ကို လည်းကောင်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူအပ် သိမ်းဆည်းအပ် ကုန်၏။
“此后,他简要地确定:以趋向为特相的是名,以变坏为特相的是色,如此确定名色。”(《清净道论》2-222。)也就是说,想要圆满见清净的止乘禅修者,或由于住于禅那,或住于常在禅那近处生起的近行定,并由此致力于观修,故称止乘禅修者。他首先除去非想非非想处禅,于除该禅之外的色界禅、无色界禅中进入任一禅;从该禅出定后,应依特相、作用、现起、近因,以智分别把握寻等禅支,以及与该禅相应的触等诸法。
ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော် ဤစျာန်အင်္ဂါနှင့် = စျာန်နှင့်ယှဥ်သော ဖဿစသော တရား အပေါင်းအားလုံးကိုလည်း အာရုံနှင့် ကင်း၍ မဖြစ်နိုင်သည့်အတွက် အာရုံသို့ ရှေးရှုညွတ်တတ်သောကြောင့် အာရုံသို့ ရှေးရှုညွတ်တတ်သည်၏ အဖြစ်တည်းဟူသော အနက်သဘောကြောင့် နာမ်မည်၏ဟု ဉာဏ်ဖြင့် ပိုင်း ခြား မှတ်သားအပ်၏၊ မရောယှက်သောအားဖြင့် စိတ်နှလုံး၌ ထားအပ်၏။
以智分别并把握这些禅支之后,对于与禅那相应的触等一切法,也应以智分别而作如下判定:由于它们不能离开所缘而生,并且趋向所缘,所以依其具有趋向所缘这一含义而称为“名”;应当这样以智分别、确认,并使名与色不相混杂地铭记于心。
ထိုနာမ်ကို မရောယှက်သောအားဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူပြီး စိတ်နှလုံး၌ မှတ်သားထားပြီးသည်မှ နောက်ကာလ၌ လောကဥပမာအားဖြင့် ယောကျာ်းတစ်ဦးသည် အိမ်တွင်း၌ မြွေကို မြင်၍ ထိုမြွေကို အစဥ် တစိုက် လိုက်လတ်သည်ရှိသော် ထိုမြွေ၏ ကိန်းအောင်းရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ဤယောဂါဝစရပုဂ္ဂိုလ်သည်လည်း ထိုနာမ်တရားကို ဉာဏ်ဖြင့် ကပ်၍ ထက်ဝန်းကျင် ရှုလတ်သည်ရှိသော် = ဉာဏ်ဖြင့် ကပ်၍ စူးစမ်း ဆင်ခြင်လတ်သည်ရှိသော် ဤနာမ်တရားသည် အဘယ်ကို မှီ၍ ဖြစ်လေသနည်းဟု ဤသို့ ထက်ဝန်းကျင်မှ ဉာဏ်ဖြင့် စူးစမ်းရှာဖွေလတ်သော် ထိုနာမ်၏ မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်ကို တွေ့မြင် လေ၏။ ထိုဟဒယဝတ္ထုရုပ်ကို ဉာဏ်ဖြင့် မြင်သည်မှ နောက်ကာလ၌ ဟဒယဝတ္ထုရုပ်၏ မှီရာဖြစ်ကြကုန်သော ကလာပ်တူ မဟာဘုတ် ဓာတ်ကြီး (၄)ပါးတို့ကိုလည်းကောင်း၊ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ ဖြစ်ကြ
把名法如此以智分别清楚、不相混杂地铭记于心之后,譬如世间有一男子看见屋内有蛇,持续追踪那条蛇,便会发现蛇的藏身处;同样,这位禅修者以智贴近而周遍审察该名法,也就是以智贴近而探究、思惟:“此名法依什么而转起?”当他这样从各方面以智探寻时,就会看见名法所依的心所依处色。以智看见心所依处色之后,他也会看见作为心所依处色之所依、与它同在一聚的四大种,以及依四大种而生——
ကုန်သော ဟဒယဝတ္ထုမှ ကြွင်းသော ဥပါဒါရုပ်တို့ကိုလည်းကောင်း ဉာဏ်ဖြင့် တွေ့မြင်၏၊ ဤသို့လျှင် ရုပ်တရား ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။
——而又不同于心所依处色的其余所造色。如是,他以智分别、把握色法。
ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဤဘူတရုပ် ဥပါဒါရုပ်ဟူသော တရားသဘောအားလုံးသည်လည်း ဖောက် ပြန်တတ်သည်၏ အဖြစ်ကြောင့် ရုပ် မည်၏။ -- ဤသို့ ဉာဏ်ဖြင့် ပိုင်းခြား မှတ်သား၏၊ မရောယှက်သော အားဖြင့် စိတ်နှလုံး၌ ထား၏။
这位禅修者又以智分别而作如下判定:大种色、所造色这一切法,都因具有会变坏的性质而称为“色”;应使其与名不相混杂地铭记于心。
ထိုသို့ အသီးအသီး နာမ်ကိုလည်းကောင်း၊ ရုပ်ကိုလည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်း ပြီးသည်မှ နောက်ကာလ၌ ---- ၁။ အာရုံသို့ ရှေးရှုညွတ်ခြင်း လက္ခဏာရှိသော တရားသည် နာမ် မည်၏။
如是分别以智把握名与色之后,他又简略地判定:一、具有趋向所缘之特相的法,称为“名”。
၂။ ဖောက်ပြန်ခြင်း လက္ခဏာရှိသော တရားသည် ရုပ် မည်၏။ ---- ဤသို့ အကျဥ်းအားဖြင့် နာမ်နှင့် ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြား မှတ်သား၏၊ မရောယှက်သောအားဖြင့် စိတ်နှလုံး၌ ထား၏။ (ဝိသုဒ္ဓိ-၂-၂၂၂။)
二、具有变坏之特相的法,称为“色”。如是,他简略地以智分别、确认名与色,并使二者不相混杂地铭记于心。(《清净道论》2-222。)
原书第 541 页
သမထယာနိက
止乘者
ယာတိ ပဇ္ဇတိ ဧတေနာတိ ယာနံ၊ သမထောဝ ယာနံ သမထယာနံ၊ တံ ဧတဿ အတ္ထီတိ သမထ- ယာနိကော။ စျာနေ၊ စျာနူပစာရေ ဝါ ပတိဋ္ဌာယ ဝိပဿနံ အနုယုဉ္ဇန္တဿေတံ နာမံ။ (မဟာဋီ-၂-၃၅၂။) လောက၌ လူတို့ စီးနင်းလိုက်ပါ၍ ထိုထို လိုရာအရပ်သို့ သွားကြောင်းဖြစ်သော ကား-ရထား စသည် သည် ယာဥ် မည်၏။ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိ = သမထသည်လည်း သူတော်ကောင်းတို့၏ ဝိပဿနာဘူမိဟူသော ဝိပဿနာဘုံသို့ သွားရာသွားကြောင်း ဖြစ်သောကြောင့် ယာဥ် မည်၏၊ သမထယာဥ်ဟု ခေါ်ဆို၏။ ထိုသမထယာဥ်ရှိသော ပုဂ္ဂိုလ်ကို သမထယာနိကပုဂ္ဂိုလ်ဟု ခေါ်ဆိုသည်။
“藉此而行、而进,故为乘;止本身就是乘,故为止乘;具有这种止乘,故为止乘者。这是安住于禅那或禅那近行而修习观者的名称。”(《大复注》2-352。)世间人乘坐汽车、火车等前往各自想去之处,故汽车、火车等称为“乘”。近行定与安止定这两种定,也就是止,乃善人前往称为“观禅所依地”的观修境域所由之道,故称为“乘”,也称“止乘”。具有这种止乘的人,称为“止乘者”。
အပ္ပနာစျာန်၌လည်းကောင်း၊ အပ္ပနာစျာန်၏ အနီးအပါး၌ ဖြစ်လေ့ရှိသော ဥပစာရစျာန် = ဥပစာရသမာဓိ၌ လည်းကောင်း ရပ်တည်၍ ဝိပဿနာကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ အမည်ပင် ဖြစ်ပေ သည်။ (မဟာဋီ-၂-၃၅၂။)
这正是安住于安止禅,或安住于通常在安止禅附近生起的近行禅、亦即近行定,而精进修习观的禅修者之名称。(《大复注》2-352。)
နေဝသညာနာသညာယတနစျာန်
非想非非想处禅
''ဌပေတွာ နေဝသညာနာသညာယတန''န္တိ ဣဒံ ဘဝဂ္ဂဓမ္မာနံ အာဒိကမ္မိကဿ ဒုပ္ပရိဂ္ဂဟတာယ ဝုတ္တံ။
“‘撇开非想非非想处’这句话,是因为对于初修者而言,有顶诸法难以把握而说的。”
(မဟာဋီ-၂-၃၅၂။)
(《大复注》2-352。)
= နေဝသညာနာသညာယတနစျာန်ကို ချန်ထား၍ဟူသော ဤစကားကို ဘဝဂ္ဂဓမ္မ အမည်ရသော နေဝ သညာ နာသညာယတနစျာန်နှင့် ယှဥ်သော နာမ်တရားစုတို့၏ နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားသစ်စဖြစ်သော အာဒိကမ္မိကပုဂ္ဂိုလ်အား ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းငှာ ခဲယဥ်းသည်၏ အဖြစ်ကြောင့် အဋ္ဌကထာ ဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်၏။
也就是说,义注师说“撇开非想非非想处禅”,是因为对于刚开始修习名业处、尚属初修者的人而言,以智分别、把握称为有顶法、与非想非非想处禅相应的名法组十分困难。
အာနာပါနကျင့်စဥ်မှ ဒိဋ္ဌိဝိသုဒ္ဓိသို့
从入出息念的修行进至见清净
အာနာပါနဿတိသမာဓိဘာဝနာလမ်းမှ ဒိဋ္ဌိဝိသုဒ္ဓိသို့ ကူးရာ၌လည်း အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ပေးသော စည်းကမ်းအတိုင်း ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် နာမ်ကမ္မဋ္ဌာန်းကစ၍ ဒိဋ္ဌိ ဝိသုဒ္ဓိစခန်းသို့ ကူးလိုပါက မိမိရရှိထားပြီးသော ဥပစာရစျာန် သို့မဟုတ် အပ္ပနာစျာန်ကို ဝိပဿနာ၏ အခြေ ပါဒကအဖြစ် တရားထိုင်တိုင်း ထိုင်တိုင်း ဝိပဿနာကို နှလုံးသွင်းတိုင်း သွင်းတိုင်း ရှေးဦးစွာ သမာဓိထူထောင် ရမည်။ စတုတ္ထစျာန် ဆိုက်သည်တိုင်အောင် သမာဓိ ထူထောင်နိုင်လျှင်ကား အကောင်းဆုံးပင် ဖြစ်သည်။
从入出息念定的修习之道转入见清净时,也应遵照上述义注与复注所规定的准则。在色业处和名业处两者中,若想从名业处开始而进至见清净的阶段,那么每次禅坐、每次作意于观之前,都必须先以自己已经证得的近行禅或安止禅作为观的基础,建立定力。若能把定力建立至第四禅,便是最好。
လင်းရောင်ခြည် စွမ်းအင်များ ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပလာသောအခါ ယင်း စျာန်မှ ထ၍ စျာန်အင်္ဂါတို့ကို စတင်၍ သိမ်းဆည်းရမည် ဖြစ်သည်။ ထိုနောင် ယင်းစျာန်နှင့် ယှဥ်သော နာမ် တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းရမည်။ ထိုနောင် မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွ ဘူတရုပ် ဥပါဒါရုပ် တို့ကို ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်ပေသည်။ အကယ်၍ နာမ်ကမ္မဋ္ဌာန်းက စ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ မကူးလိုဘဲ ရုပ်ကမ္မဋ္ဌာန်းကစ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုခဲ့သော် အောက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြား ချက်အတိုင်း ကြိုးပမ်းရတော့မည် ဖြစ်သည်။
当光明的能量灿烂闪耀、光辉明亮时,应从该禅出定,从把握诸禅支开始;继而把握与该禅相应的名法组;再继续把握所依的心所依处色,以及大种色和所造色。若不想从名业处开始进至见清净,而想从色业处开始进至见清净,就必须依照下面《清净道论》义注的指示精进修行。
သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတဿော ဓာတုယော ပရိဂ္ဂဏှာတိ။ (ဝိသုဒ္ဓိ-၂-၂၂၂။)
“纯观乘者,或这位止乘者,从《四界分别观》中所说的种种把握诸界的方法中,随取任何一种,依简略法或详细法把握四界。”(《清净道论》2-222。)
原书第 542 页
= သမထ မဖက် ဝိပဿနာယာဥ်သက်သက်ရှိသော သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်းကောင်း၊ နာမ်ကမ္မဋ္ဌာန်းကစ၍ အားမထုတ်လိုဘဲ ရုပ်ကမ္မဋ္ဌာန်းကစ၍ အားထုတ်လိုသော သိမ်းဆည်းလိုသော စျာန် သမထယာဥ်ရှိသော သမထယာနိကပုဂ္ဂိုလ်သည်လည်းကောင်း ဒိဋ္ဌိဝိသုဒ္ဓိ ဉာဏ်အမြင်ကို ပြည့်စုံစေလိုခဲ့သော် စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်း၌ ဖွင့်ဆိုရေးသားခဲ့ကုန်ပြီးသော ထိုထို ဓာတ်ကြီး (၄)ပါးတို့ကို သိမ်းဆည်းကြောင်း နည်းလမ်းတို့တွင် တစ်နည်းနည်း၏ အစွမ်းဖြင့် အကျဥ်းနည်းအားဖြင့်သော်လည်းကောင်း၊ အကျယ်နည်းအား ဖြင့်သော်လည်းကောင်း ဓာတ်ကြီး (၄)ပါးတို့ကို စတင်၍ သိမ်းဆည်းရ၏။ (ဝိသုဒ္ဓိ-၂-၂၂၂။) ဓာတ်ကြီး (၄)ပါးက စ၍ တစ်ဆင့်ပြီး တစ်ဆင့် ခန္ဓာ (၅) ပါး၊ အာယတန (၁၂)ပါး၊ ဓာတ် (၁၈)ပါး၊ ဣန္ဒြေ (၂၂)ပါး၊ သစ္စာ (၄)ပါး၊ ကြောင်း-ကျိုး-ဆက် = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ဉာဏ်ပညာဖြင့် ကိုယ်တိုင်
也就是说,不以止为助伴、唯以观为乘的纯观乘者,以及不愿从名业处开始用功、而想从色业处开始用功和把握的具禅那止乘者,若想圆满见清净之智见,都必须从四界分别观业处中已经阐明的种种把握四界的方法里任选一种,依简略法或详细法,从把握四界开始。(《清净道论》2-222。)继而应从四界逐步进修,对于五蕴、十二处、十八界、二十二根、四谛,以及因果相续、亦即缘起法,以自己的智慧现前洞彻而知见——
မျက်မှောက် ထွင်းဖောက် သိမြင်အောင် ဆက်လက်၍ ကြိုးပမ်းရမည် ဖြစ်ပေသည်။ အကြောင်းမူ ယင်းတရား တို့ကား ဝိပဿနာဉာဏ်၏ ဖြစ်ရာ တည်ရာ ဝိပဿနာဘူမိ တရားများပင် ဖြစ်သောကြောင့်တည်း။ ယင်းတရား တို့ကို ယောဂါဝစရပုဂ္ဂိုလ်သည် ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကြိုးပမ်းနိုင်ပါမှသာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်ဆုံးနိုင်မည် ဖြစ်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် အပရိဇာနနသုတ္တန် (သံ- ၂-၂၄၉-၂၅ဝ။)တွင် ဟောကြားထားတော်မူလျက် ရှိပေသည်။
——并须继续为此精进。因为这些法正是观智生起、安住的观禅所依地诸法。唯有禅修者努力以三种遍知之慧清楚分别而知这些法,才能穷尽轮回之苦;佛陀本人已在《不遍知经》(《相应部》2-249—250)中如此教导。
ဝေနေယျဇ္ဈာသယ
所化者的意乐倾向
ဤအရာဝယ် မေးမြန်းဖွယ် ရှိလာပြန်၏။ ဤသို့လျှင် ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ်- အာဟာရ-အစရှိကုန်သော များစွာကုန်သော ဤတရားတို့ကို အဘယ်ကြောင့် ဝိပဿနာဉာဏ်၏ ဖြစ်ရာတည်ရာ ဘုံ အဖြစ်ဖြင့် ယူအပ်ပါကုန်သနည်း၊ ဤခန္ဓာစသည်တို့တွင် တစ်မျိုးတည်းဖြင့်သော်လည်း မဂ်-ဖိုလ်-နိဗ္ဗာန် ဟူသော လိုအပ်သော အကျိုး၏ ပြီးစီးပြည့်စုံခြင်းသည် ဖြစ်နိုင်သည် မဟုတ်ပါလောဟု မေးရန် ရှိ၏၊ မဖြစ်နိုင် ဟူ၍ပင် ဖြေဆိုလေရာသည်။ အကြောင်းကား သုံးမျိုး သုံးစား ပြားသော သတ္တဝါတို့ကို ချီးမြှောက်တော်မူရန် အတွက် ခန္ဓာ (၅)ပါး ရှုနည်း၊ အာယတန (၁၂)ပါးရှုနည်း၊ ဓာတ် (၁၈)ပါး ရှုနည်းများကို ဘုရားရှင် ဟောကြား ထားတော်မူသောကြောင့် ဖြစ်၏။
这里又有一个问题:为什么蕴、处、界、谛、缘起、食等众多法,都必须取作观智生起和安住之境域?难道只用蕴等其中一种,就不能成就所求的道、果、涅槃吗?应当回答:“不能。”因为为了摄受三类不同的有情,佛陀宣说了以五蕴观修、以十二处观修和以十八界观修的方法。
ကျွတ်ထိုက်သော ဝေနေယျ သတ္တဝါတို့ကား ---- ၁။ ရူပသမ္မူဠှာ = ရုပ်တရား၌ တွေဝေသော သတ္တဝါ ၊ ၂။ အရူပသမ္မူဠှာ = နာမ်တရား၌ တွေဝေသော သတ္တဝါ ၊ ၃။ ဥဘယသမ္မူဠှာ = ရုပ်-နာမ်နှစ်ပါးစုံ၌ တွေဝေသော သတ္တဝါ ---- ဟု သုံးမျိုးသုံးစား ရှိနေပေ၏။ ထိုသို့ သတ္တဝါတို့မှာ သုံးမျိုးသုံးစား ရှိနေသဖြင့် ခန္ဓာ (၅)ပါးနည်းအားဖြင့် ဝိပဿနာရှုပုံ စသည့် တစ်မျိုးမျိုးလောက်ကိုသာ ယူ၍ ဝိပဿနာရှုပုံနည်းစနစ်ကို ဟောကြားပြသတော်မူသည် ရှိသော် အလုံးစုံသော သတ္တဝါတို့အား ဆက်ဆံသော ချီးမြှောက်မှုကို ပြုအပ်သည် မဖြစ်လေရာ။
堪受教化的所化有情分为三类:一、rūpasammūḷha——对色法迷惑的有情;二、arūpasammūḷha——对名法迷惑的有情;三、ubhayasammūḷha——对色、名两者都迷惑的有情。由于有情有这三类,若只采用五蕴等一种观法来宣说、指示观修的方法,就不能对所有有情都给予相应的摄受与帮助。
၁။ အရူပသမ္မူဠှာ ---- ထိုသုံးမျိုးသော သတ္တဝါတို့တွင် အချို့သော ကျွတ်ထိုက်သသူ နတ်လူ ဗြဟ္မာ ဝေနေယျ ကြာ သတ္တဝါတို့သည်ကား ရုပ်တရားနှင့် ပတ်သက်၍ အသိဉာဏ် သန့်ရှင်းလျက် ရှိကြ၏၊ တွေဝေမှု မရှိကုန်၊ နာမ်တရားနှင့် ပတ်သက်၍ကား အသိဉာဏ် မသန့်မရှင်း တွေဝေနေကြ၏။ ထိုသတ္တဝါတို့အတွက် ခန္ဓာ (၅)ပါးနည်းဖြင့် စိတ်-စေတသိက် ရုပ်တရားတို့ကို (၅)ပုံ ပုံ၍ ဝိပဿနာရှုရန် ညွှန်ကြား ပြသ ဆိုဆုံးမတော်မူအပ်ပေသည်။ ခန္ဓာ (၅)ပါးနည်း၌ ---- အသိဉာဏ်သန့်ရှင်းပြီး ဖြစ်သော ရုပ်တရားကို
一、arūpasammūḷha——在这三类有情中,有些堪受教化的天、人、梵天,对色法的认识清楚,没有迷惑;但对名法的认识不清楚,仍感迷惑。对于这些有情,应以五蕴法指示、教诫他们把心、心所和色法分为五组而修观。在五蕴法中,将他们已经认识清楚的色法——
原书第 543 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း တစ်စုတစ်ပုံ ပုံ၍လည်းကောင်း၊ အသိဉာဏ် မသန့်ရှင်းဘဲ တွေဝေနေသည့် နာမ်တရားတို့ကို ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟု (၄)ပုံ ပုံ၍လည်းကောင်း ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူပေသည်။
——归作色这一组;又将他们认识不清、仍感迷惑的名法分作受、想、行、识四组。佛陀如此指示他们修观。
၂။ ရူပသမ္မူဠှာ ---- အချို့သော ဝေနေယျသတ္တဝါတို့သည်ကား ရုပ်တရား၌ အသိဉာဏ် မသန့်ရှင်းဘဲ တွေဝေ နေကြ၏၊ ရုပ်တရားများကို ခြုံငုံ၍ သိမ်းဆည်းရှုပွားမှု၌ အခက်အခဲများစွာ ရှိနေကြ၏။ သို့သော် နာမ် တရားနှင့် ပတ်သက်၍ကား အသိဉာဏ် သန့်ရှင်းလျက် ရှိကြ၏၊ တွေဝေမှု မရှိကြကုန်။ လွယ်လွယ်ကူကူ မပင်မပန်း မငြိုမငြင် သိမ်းဆည်းရှုပွား၍ ရနေကြ၏။ ထိုသို့ နာမ်တရား၌ အသိဉာဏ် သန့်ရှင်းကြ၍ ရုပ်တရား၌ အသိဉာဏ် မသန့်ရှင်းဘဲ တွေဝေနေသည့် သတ္တဝါတို့အတွက် အာယတန ဒေသနာတော် နည်းဖြင့် စိတ်-စေတသိက် ရုပ်တရားတို့ကို (၁၂)ပုံ ပုံ၍ ဝိပဿနာရှုရန် ညွှန်ကြားပြသတော်မူပေသည်။
二、rūpasammūḷha——有些所化有情对色法认识不清而感迷惑,在总摄、把握和观修色法时有很多困难;但对名法认识清楚,没有迷惑,能够轻松、不费力、不厌倦地加以把握和观修。对于这些对名法认识清楚、却对色法认识不清而感迷惑的有情,佛陀以处教法把心、心所和色法分为十二组,指示他们修观。
ဤအာယတနဒေသနာနည်း၌ ရုပ်တရားများကို (၁ဝ)ပုံခွဲ ပုံ၍လည်းကောင်း၊ နာမ်တရားများကို (၁)ပုံခွဲ ပုံ၍လည်းကောင်း ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူသည်။
在这种处教法中,佛陀指示把色法分为十组,把名法分为一组而修观。
၃။ ဥဘယသမ္မူဠှာ ---- အချို့သော ကျွတ်ထိုက်သသူ ဝေနေယျ သတ္တဝါတို့သည်ကား ရုပ်-နာမ် နှစ်မျိုးလုံး၌ အသိဉာဏ် မသန့်ရှင်းဘဲ တွေဝေနေကြ၏။ ထိုသို့ ရုပ်-နာမ် နှစ်မျိုးလုံး၌ အသိဉာဏ် မသန့်ရှင်းဘဲ တွေဝေနေကြသည့် ဝေနေယျတို့အတွက် စိတ်-စေတသိက် ရုပ်တရားတို့ကို (၁၈)ပုံ ပုံ၍ ဓာတ် (၁၈)ပါး နည်းဖြင့် ဝိပဿနာရှုရန် ညွှန်ကြားပြသတော်မူပေသည်။ ဤ ဓာတ် (၁၈)ပါးနည်း၌ ရုပ်တရားများကို (၁ဝ)ပုံခွဲ ပုံ၍လည်းကောင်း၊ နာမ်တရားများကို (၇)ပုံခွဲ ပုံ၍လည်းကောင်း ဝိပဿနာရှုရန် ဘုရားရှင် ညွှန်ကြားထားတော်မူသည်။ (မဟာဋီ-၂-၈၅ - ကြည့်။)
三、ubhayasammūḷha——有些堪受教化的所化有情,对色与名两者都认识不清而感迷惑。对于这些有情,佛陀以十八界法,把心、心所和色法分为十八组,指示他们修观。在这十八界法中,佛陀指示把色法分为十组,把名法分为七组而修观。(参见《大复注》2-85。)
ဣန္ဒြိယဘေဒ = ဣန္ဒြေ ကွဲပြားမှု
根性差别(indriyabheda)
၁။ တိက္ခိန္ဒြိယာ = ထက်မြက်သော ဣန္ဒြေ ရှိသော သတ္တဝါ ၊ ၂။ မဇ္ဈိမိန္ဒြိယာ = မနုံ့ မထက် အလယ်အလတ် ဣန္ဒြေ ရှိသော သတ္တဝါ ၊ ၃။ မုဒိန္ဒြိယာ = နုံ့သော ဣန္ဒြေရှိသော သတ္တဝါ ---- ဟု ဣန္ဒြိယဘေဒ သဘောအားဖြင့် သတ္တဝါ သုံးမျိုး သုံးစား ရှိ၏။ ထိုတွင် သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ- ပညာ ဟူသော ဣန္ဒြေ (၅)ပါးတို့ ရင့်ကျက်၍ ထက်မြက်နေသော ဝေနေယျတို့အား ခန္ဓာ (၅)ပါးနည်းဖြင့်၊ မနုံ့ မထက် အလယ်အလတ် ဣန္ဒြေရှိသော ဝေနေယျတို့အား အာယတန (၁၂)ပါးနည်းဖြင့်၊ ဣန္ဒြေနုံ့သော ဝေနေ ယျတို့အား ဓာတ် (၁၈)ပါးနည်းဖြင့် ဝိပဿနာရှုပွားရန် ဘုရားရှင်သည် ညွှန်ကြားပြသတော်မူပေသည်။
依根性差别,有情又分三类:一、tikkhindriya——诸根锐利者;二、majjhimindriya——诸根不钝不利、属于中等者;三、mudindriya——诸根迟钝者。其中,对于信、精进、念、定、慧五根成熟锐利的所化者,佛陀指示以五蕴法修观;对于诸根不钝不利、属于中等的所化者,指示以十二处法修观;对于诸根迟钝的所化者,指示以十八界法修观。
(မဟာဋီ-၂-၈၅ - ကြည့်။)
(参见《大复注》2-85。)
အဇ္ဈာသယဓာတ် - အကြိုက်ချင်း မတူညီသူများ
意乐倾向(ajjhāsayadhātu):喜好各不相同的人
၁။ သံခိတ္တရုစိ ---- အကျဥ်းကို နှစ်သက်သော ပုဂ္ဂိုလ်၊ ၂။ မဇ္ဈိမရုစိ ---- မကျဥ်းမကျယ် အလယ်အလတ်ကို နှစ်သက်သော ပုဂ္ဂိုလ်၊ ၃။ ဝိတ္ထာရရုစိ ---- အကျယ်ကို နှစ်သက်သော ပုဂ္ဂိုလ် ---- ဟု သုံးမျိုးသုံးစား ရှိပြန်၏။
他们又分为三类:一、saṅkhittaruci——喜好简略的人;二、majjhimaruci——喜好不略不广、中等详略的人;三、vitthāraruci——喜好详细的人。
ထိုတွင် အကျဥ်းကို ကြိုက်နှစ်သက်သော ဝေနေယျတို့အား ခန္ဓာ (၅)ပါးနည်းဖြင့်၊ မကျဥ်း မကျယ် အလယ်အလတ်ကို ကြိုက်နှစ်သက်သော ဝေနေယျတို့အား အာယတန (၁၂)ပါးနည်းဖြင့်၊ အကျယ်ကို ကြိုက် နှစ်သက်သော ဝေနေယျတို့အား ဓာတ် (၁၈)ပါးနည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရန်အတွက် ဘုရားရှင်သည် ညွှန်ကြားပြသပေးတော်မူပေသည်။ (မဟာဋီ-၂-၈၅။)
其中,对于喜好简略的所化者,佛陀指示以五蕴法观修;对于喜好不略不广、中等详略的所化者,指示以十二处法观修;对于喜好详细的所化者,指示以十八界法观修、审察。(《大复注》2-85。)
原书第 544 页
သတိပြုရမည့် အချက်
应当注意的一点
ခန္ဓာ (၅)ပါးနည်း၊ အာယတန (၁၂)ပါးနည်း၊ ဓာတ် (၁၈)ပါးနည်း - ဤသို့စသည်ဖြင့် ဝေနေယျတို့၏ အလိုအဇ္ဈာသယဓာတ်ခံကို လိုက်၍ ဝိပဿနာရှုကွက်ကို ညွှန်ကြားပြသထားသော်လည်း ခန္ဓာ (၅)ပါး၊ အာယ တန (၁၂)ပါး၊ ဓာတ် (၁၈)ပါး ဟူသည်မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် လောကီ စိတ်-စေတသိက် ရုပ်တရားများသာ ဖြစ်ကြသည်ကိုကား မမေ့ပါနှင့်၊ အထူးသတိပြုပါလေ။ (၅)ပုံ၊ (၁၂)ပုံ၊ (၁၈)ပုံ ဟူ၍ ကွဲပြား မှု ရှိသော်လည်း မူရင်း ပရမတ်ဖြစ်သော စိတ်-စေတသိက် ရုပ်တရားတို့ကား တူညီလျက်သာ ရှိပါသည်။
尽管佛陀随顺所化者各自的意乐倾向,指示了五蕴法、十二处法、十八界法等观修对象,但切勿忘记:所谓五蕴、十二处、十八界,都只是作为观智所观所缘的世间心、心所和色法;这一点尤其必须留意。虽然有分成五组、十二组、十八组的差别,作为根本究竟法的心、心所和色法却始终相同,——
ကွဲပြားမှုကား မရှိပေ။
——并无差异。
ဣန္ဒြေ (၂၂) ပါး
二十二根
စိတ်-စေတသိက် ရုပ်တရားတို့ကိုပင် (၂၂)ပုံ ပုံခဲ့သော် ဣန္ဒြေ (၂၂)ပါး ဖြစ်သည်။ လောကုတ္တရာ ဣန္ဒြေ ထိုက်သော တရားတို့ကို ပယ်နှုတ်၍ လောကီဣန္ဒြေတို့ကိုလည်း ဣန္ဒြိယဒေသနာနည်းအားဖြင့် ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။
若把心、心所和色法分为二十二组,便成为二十二根。除去属于出世间根的诸法之后,佛陀也以根教法,指示对其余世间诸根修观。
ဤဣန္ဒြေထိုက်သော တရားတို့သည်ကား အစိုးရသော မင်းတို့ကဲ့သို့ အတူဖြစ်ကြကုန်သော သဟဇာတ တရားတို့၌ အစိုးရသည်၏ အဖြစ်ကို အကြီးအမှူး၏ အဖြစ်ကို အကယ်၍ကား ဖြစ်စေနိုင်ကြကုန်၏။ သို့ သော်လည်း ထိုအစိုးရသည်၏အဖြစ် အကြီးအမှူး၏အဖြစ်သည် ထိုဣန္ဒြေတို့၏ ဓမ္မသဘာဝ = တရားဓမ္မတို့၏ ပင်ကိုရင်း ဓမ္မတာသဘောအားဖြင့် ပြီး၏။ ဤဣန္ဒြေထိုက်သော တရားတို့၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါ၏ အလိုအတိုင်း ဖြစ်မှုသည် မရှိသည်သာတည်း၊ ဤတရားတို့သည် အစိုးရသည့် အတ္တမှ ဆိတ်သုဥ်း ကြကုန်၏။ အတ္တဟူသော မိမိ၏ အလိုသို့ မလိုက်ပါတတ်ကြကုန်။ ဤသို့ အနတ္တလက္ခဏာ အနတ္တဉာဏ်အမြင် ကို ရလွယ်စေခြင်း အကျိုးငှာ ဣန္ဒြေနည်းဖြင့် ဝိပဿနာရှုရန် ဘုရားရှင်သည် ညွှန်ကြားမှုကို ပြုတော်မူပေ သည်။ (မဟာဋီ-၂-၈၅ - ကြည့်။)
这些堪称为根的法,犹如统治的君王,确实能够在与其俱生的诸法中发挥支配、主导的作用。然而,这种支配、主导作用,是这些根依其法的自性、也就是诸法本来固有的自然性质而成就的。诸根之中,并不存在任何人或有情能够令它们依自己的愿望而生起;这些法空无一个作为主宰的我,也不会顺从所谓“我”的意愿。为了使人容易获得无我相的智见,佛陀才指示以诸根之法修观。(参见《大复注》2-85。)
သစ္စာ နှင့် ပဋိစ္စသမုပ္ပါဒ်
四谛与缘起
၁။ ပဝတ္တိ = ဖြစ်ခြင်းသဘော (= ဒုက္ခသစ္စာတရား)၊ ၂။ ပဝတ္တိဟေတု = ဖြစ်ကြောင်းသဘော (= သမုဒယသစ္စာတရား)၊ ၃။ နိဝတ္တိ = ဆုတ်နစ်ခြင်း = ချုပ်ခြင်းသဘော (= နိရောဓသစ္စာတရား)၊ ၄။ နိဝတ္တိဟေတု = ဆုတ်နစ်ကြောင်း = ချုပ်ကြောင်းသဘော (= မဂ္ဂသစ္စာတရား) ---- ထို ခန္ဓာ-အာယတန-ဓာတ်-ဣန္ဒြေ ဟူသော (၄)မျိုးသော တရားသည်လည်း ယင်းတို့၏ ဖြစ်ခြင်းသဘော ဖြစ်ကြောင်းသဘော ချုပ်ခြင်းသဘော ချုပ်ကြောင်းသဘောဟူသော (၄)မျိုးသော အခြင်းအရာကို ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါမှသာလျှင် ကျေးဇူးကို ရွက်ဆောင်ပေးတတ်၏။ ယင်း (၄)မျိုးသော အခြင်းအရာကို မမြင်သော်ကား အကျိုးကျေးဇူးကို ရွက်ဆောင်၍ မပေးနိုင်။ ထိုကြောင့် သစ္စာနှင့် ပဋိစ္စသမုပ္ပါဒ် နည်းအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်မှုကိုလည်း ဘုရားရှင်သည် ထည့်သွင်း၍ ဟောကြားထားတော်မူရပေ သည်။ (မဟာဋီ-၂-၈၅။)
一、pavatti——转起、发生的性质(=苦谛法);二、pavattihetu——转起之因(=集谛法);三、nivatti——止息、息灭的性质(=灭谛法);四、nivattihetu——止息之因、息灭之因(=道谛法)。蕴、处、界、根这四类法,也只有在禅修者以智亲自现前洞彻它们的转起、转起之因、止息、止息之因这四方面时,才能带来利益;若不能看见这四方面,就不能带来利益。因此,佛陀也把依四谛与缘起法修观、审察的方式纳入教说之中。(《大复注》2-85。)
သို့အတွက် ခန္ဓာ (၅)ပါးနည်း စသည့် တစ်နည်းနည်းဖြင့် ဝိပဿနာရှုသော် လိုအပ်သော အကျိုးတရား၏ ပြီးစီးပြည့်စုံမှု ဖြစ်နိုင်သော်လည်း သုံးမျိုးသုံးစားအားဖြင့် ကွဲပြားနေသော ကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ
因此,虽然采用五蕴法等任何一种方法修观,都能够成就所求的结果,但为了悲悯、护念并摄受三类不同而堪受教化的天、人、梵天等——
原书第 545 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ဝေနေယျကြာ သတ္တဝါအပေါင်းကို သနားစောင့်ရှောက် ချီးမြှောက်တော်မူလိုသည့် အတွက် ခန္ဓာ-အာယတန- ဓာတ်-စသော ဝိပဿနာရှုနည်း အမျိုးမျိုးကို ဘုရားရှင်သည် ဟောကြားပြသ ပေးတော်မူခြင်း ဖြစ်ပေသည်။
——一切有情,佛陀才宣说、指示了蕴、处、界等各种观修方法。
မည်သို့ပင် ရှုပုံစနစ် ကွဲပြားစေကာမူ မူလအခြေခံ ဝိပဿနာရှုပွား သုံးသပ်ရမည့် ပရမတ္ထဓာတ်သားများမှာ စိတ်+စေတသိက်+ရုပ်တရားများသာ ဖြစ်သည်ကိုကား မမေ့သင့်ပေ။ (မဟာဋီ-၂-၈၅ - ကြည့်။)
无论观修的方式如何不同,都不应忘记:作为观修、审察之根本基础的究竟法,只是心、心所与色法。(参见《大复注》2-85。)