要旨与理由
入出息念定部分 · 原书第 252–254 页 · 15 个翻译单元
本页并入了原书的相邻小节:如林中豹王者。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 252 页
ဆိုလိုရင်းနှင့် အကြောင်းပြချက်
要旨与理由
ဘုရားရှင်သည်ကား အစီအစဥ်တကျ အတန်းလိုက် အတန်းလိုက် တန်းစီ၍ စိုက်ပျိုးထားအပ်သော အင်ကြင်းပင်ပျိုအစုံတို့၏ အကြား၌ လကျာ်နံတောင်းဖြင့် လျောင်းစက်တော်မူလျက်ပင် မြေပြင်မှ စကြဝဠာ နှုတ်ခမ်းရစ်တိုင်အောင်၊ စကြဝဠာနှုတ်ခမ်းရစ်မှ ဗြဟ္မာ့ပြည်တိုင်အောင် စုဝေးနေသော နတ်ဗြဟ္မာ ပရိသတ်၏ ကြီးကျယ်လှစွာသော ပန်းမျိုးစုံ နံ့သာမျိုးစုံ တူရိယာမျိုးစုံ ဘုန်းတော်ဘွဲ့မျိုးစုံတို့ဖြင့် ပူဇော်ခြင်းတည်းဟူသော အားထုတ်ခြင်းကို မြင်တော်မူ၍ အရှင်အာနန္ဒာကိုယ်တော်မြတ်အား အထက်ပါ စကားတော်များကို မိန့်ကြား တော်မူခြင်း ဖြစ်သည်။
世尊右胁卧在整齐成行栽植的两株娑罗树之间,看见从地面直到世界边缘、又从世界边缘直到梵天界聚集而来的天神、梵天众,以种种鲜花、种种香料、种种乐器和种种赞颂,作出如此盛大的供养,于是对阿难尊者说了上面那些话。
ဤမျှလောက် ကြီးကျယ်လှစွာသော ပူဇော်မှုကို ဖော်ပြတော်မူပြီးမှ ထိုမျှလောက် ကြီးကျယ်လှစွာသော ပူဇော်မှုဖြင့်လည်း ကိုယ်တော်မြတ်အား ပူဇော်သည် မမည်သည်၏ အဖြစ်ကို ဆက်လက် မိန့်ကြားတော်မူပြန်၏။
世尊先说明如此盛大的供养,继而又说,即便以这样盛大的供养,也还不能称为真正供养了他。
ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ---- ''အာနန္ဒာ …ငါဘုရားသည် ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်အနီး၌ လျောင်းလျက် လူသားစင်စစ်ဖြစ်ခြင်း၊ ယောကျာ်းစင်စစ်ဖြစ်ခြင်း စသော နိယတဗျာဒိတ်ရကြောင်း ရှစ်ပါးကုန်သော ဂုဏ်တော်အပေါင်းတို့ကို ရရှိအောင် ပေါင်းစုပြီးမှ သဗ္ဗညုတဉာဏ်သို့ စိတ်ကို ရှေးရှုဆောင်ကြောင်း ဘုရား ဖြစ်ရန် ဆုထူးပန်ထွာမှုကို ပြုတော်မူသော ငါသည် ပန်း နံ့သာ တူရိယာ ဘုန်းတော်ဘွဲ့ သီချင်းတို့၏ အကျိုးငှာ သဗ္ဗညုတဉာဏ်သို့ စိတ်ကို ရှေးရှုဆောင်ကြောင်း ဘုရားဖြစ်ရန် ဆုထူးပန်ထွာမှုကို ပြုတော်မူအပ်သည် မဟုတ်၊ ဤ ပန်း နံ့သာ တူရိယာ ဘုန်းတော်ဘွဲ့သီချင်းသံတို့၏ အကျိုးငှာ ပါရမီတော်မြတ် အပေါင်းတို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူအပ်ကုန်သည်ကား မဟုတ်၊ ထိုကြောင့် ငါဘုရားကို ဤကဲ့သို့သော ပူဇော်ခြင်းဖြင့် ပူဇော်ခြင်း သည် အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သည် မမည်ပါဟု မိန့်ဆိုလိုရင်း ဖြစ်သည်။
其要旨是:“阿难,当我卧在燃灯佛足下时,集聚了真实人身、真实男性等获得决定授记所需的8项条件,发起令心趋向一切知智、愿成佛陀的殊胜大愿。我并不是为了鲜花、香料、乐器和赞颂歌声而发起这项趋向一切知智、愿成佛陀的殊胜大愿;也不是为了这些鲜花、香料、乐器和赞颂歌声而圆满、积集种种波罗蜜。因此,以这样的供养来供养我,还不能称为以最胜供养供养我。”世尊所要表达的就是这个意思。
ဘုရားရှင်သည် အခြားအခြားသော ပါဠိတော်များ၌ နှမ်းကြပ်ပွင့် တစ်ပွင့်မျှကိုသော်လည်း ယူ၍ ဘုရားရှင် ၏ ဂုဏ်တော်တို့ကို ဆင်ခြင်လျက် ပြုလုပ်အပ်သော ပူဇော်မှု၏ ဗုဒ္ဓဉာဏ်တော်ဖြင့်သော်မှလည်း မပိုင်းဖြတ်အပ် မပိုင်းဖြတ်နိုင်သော အကျိုးတရားကို ချီးမွမ်းတော်မူပြီး ဖြစ်ပါလျက် ဤမဟာပရိနိဗ္ဗာနသုတ္တန်၌ ဤသို့ကလောက် ကြီးစွာသော ပူဇော်မှုကို အဘယ်ကြောင့် ပယ်မြစ်တော်မူရပါသနည်းဟု မေးရန်ရှိ၏။ အဖြေကား ဤသို့တည်း။
然而,在其他巴利原典中,世尊曾赞叹:哪怕只取一朵称为“နှမ်းကြပ်”的花,忆念佛陀功德而作供养,也会产生连佛智都不能计量、不能穷尽的果报利益。既然如此,便可问道:为什么在这部《大般涅槃经》中,世尊却制止如此盛大的供养呢?答复如下。
ပရိသာနုဂ္ဂဟေနစေဝ သာသနဿ စ စိရဋ္ဌိတိကာမတာယ။ သစေ ဟိ ဘဂဝါ ဧဝံ န ပဋိက္ခိပေယျ၊ အနာ- ဂတေ သီလဿ အာဂတဋ္ဌာနေ သီလံ န ပရိပူရေဿန္တိ၊ သမာဓိဿ အာဂတဋ္ဌာနေ သမာဓိံ န ပရိပူရေဿန္တိ၊ ဝိပဿနာယ အာဂတဋ္ဌာနေ ဝိပဿနာဂဗ္ဘံ န ဂါဟာပေဿန္တိ။ ဥပဋ္ဌာကေ သမာဒပေတွာ ပူဇံယေဝ ကာရေန္တာ ဝိဟရိဿန္တိ။ အာမိသပူဇာ စ နာမေသာ သာသနံ ဧကဒိဝသမ္ပိ ဧကယာဂုပါနကာလမတ္တမ္ပိ သန္ဓာရေတုံ န သက္ကောတိ။ မဟာဝိဟာရသဒိသဥှိ ဝိဟာရသဟဿံ မဟာစေတိယသဒိသဉ္စ စေတိယသဟဿမ္ပိ သာသနံ ဓာရေတုံ န သက္ကောန္တိ။ ယေန ကမ္မံ ကတံ၊ တဿေဝ ဟောတိ။ သမ္မာပဋိပတ္တိ ပန တထာဂတဿ အနုစ္ဆဝိကာ ပူဇာ။ သာ ဟိ တေန ပတ္ထိတာ စေဝ၊ သက္ကောတိ သာသနဉ္စ သန္ဓာရေတုံ၊ တသ္မာ တံ ဒဿေန္တော ယော ခေါ အာနန္ဒာတိအာဒိမာဟ။ (ဒီ-ဋ္ဌ-၂-၁၆၉။) ၁။ ပရိသတ်ကို ချီးမြှောက်တော်မူလိုသောကြောင့်လည်းကောင်း၊ ၂။ သာသနာတော်၏ အဓွန့်ရှည်စွာ တည်တံ့ခြင်းကို အလိုရှိတော်မူသောကြောင့်လည်းကောင်း ----
“这既是为了摄受会众,也是因为希望教法久住。若世尊不如此制止,将来在应当圆满戒之处,人们将不再圆满戒;在应当圆满定之处,将不再圆满定;在应当修观之处,也不会使 vipassanāgabbha(‘观胎’,即观禅的孕育)成形。他们只会劝勉护持者作供养而住。所谓财物供养,连一天,甚至只是一顿粥的时间,也不能维持教法。即使有1,000座如大寺(Mahāvihāra)般的寺院、1,000座如大塔(Mahācetiya)般的塔,也不能维持教法;谁造作了那项业,其果只属于那个人。正行才是与如来相称的供养;正行既是如来所愿求的,也能够维持教法。因此,为显示此义,世尊说了以‘阿难,若有……’为始的话。”(《长部义注》2-169。)作者接着归纳:1.因为希望摄受会众;2.因为希望教法长久住世——
原书第 253 页
အာနာပါနဿတိသမာဓိပိုင်း ဤအကြောင်းနှစ်ရပ်ကြောင့် ဤ မဟာပရိနိဗ္ဗာနသုတ္တန်၌ ဤမျှ ကြီးကျယ်သော ပူဇော်မှုကို ပယ်မြစ် တော်မူခြင်း ဖြစ်ပေသည်။
由于这两项理由,佛陀在《大般涅槃经》中制止了如此盛大的供养。
အကယ်၍ကား ဘုရားရှင်သည် ဤသို့ ပယ်တော်မမူငြားအံ့၊ ဤသို့ ပယ်တော် မမူသည်ရှိသော် နောင် အနာဂတ်ကာလ၌ သီလ၏ဖြည့်ကျင့်ဖို့ရာ လာရာဌာန၌ သီလကို မဖြည့်ကျင့်ကြကုန်တော့လတ္တံ့၊ သမာဓိ၏ ဖြည့်ကျင့်ဖို့ရာ လာရာဌာန၌ သမာဓိကို မဖြည့်ကျင့်ကြကုန်တော့လတ္တံ့၊ ဝိပဿနာ၏ ဖြည့်ကျင့်ဖို့ရာ လာရာ ဌာန၌ ဝိပဿနာတည်းဟူသော ကိုယ်ဝန်ကို မလွယ်ယူကြစေကုန်တော့လတ္တံ့။ မိမိတို့ကို ပစ္စည်းလေးပါးဖြင့် ပြုစုလုပ်ကျွေးနေကြကုန်သော အလုပ်အကျွေး ဒါယကာတို့ကို ပူဇော်မှုလုပ်ငန်းရပ်၌ ဆောက်တည်စေလျက် ပူဇော်မှုကိုသာလျှင် ပြုစေကုန်လျက် နေထိုင်ကြကုန်လတ္တံ့။ ဤမျှသာမကသေး - ဤပစ္စည်းလေးပါးဖြင့် ပူဇော် ခြင်း အာမိသပူဇာမည်သည် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံး ရေတွက် အပ်သော ဘုရားရှင်၏ အဆုံးအမတော်တည်းဟူသော သာသနာတော်ကို တစ်နေ့တာမျှသော်လည်း၊ ယာဂု တစ်ကျိုက်သောက်ရာ အချိန်ကာလမျှ တိုင်ရုံသော်လည်း ကောင်းစွာ ဆောင်ထားခြင်းငှာ မစွမ်းနိုင်ပေ။
假使佛陀没有如此制止,那么在未来,到了应当圆满戒的地方,人们将不再圆满戒;到了应当圆满定的地方,将不再圆满定;到了应当修观的地方,也将不再怀育名为观禅的胎儿。他们只会劝导以四资具护持自己的施主投身供养之事,令其专作供养。不仅如此,所谓以四资具作供养的财物供养(āmisa-pūjā),连一天、甚至喝一口粥的片刻,也不能善加维持那由戒、定、慧三学所摄、作为佛陀教诫的教法。
ထင်ရှားအောင် ဆိုရသော် --- မဟာဝိဟာရကျောင်းတိုက်နှင့် တူသော ကျောင်းတိုက်ကြီးပေါင်း တစ်ထောင် သည်သော်လည်းကောင်း၊ မဟာစေတီတော်ကြီးနှင့် တူသော စေတီတော်ကြီးပေါင်း တစ်ထောင်သည်သော် လည်းကောင်း သာသနာတော်ကို တည်တံ့အောင် ဆောင်ထားခြင်းငှာ မစွမ်းနိုင်ကြလေကုန်၊ အကြင်ပုဂ္ဂိုလ်သည် ကျောင်းဆောက်ခြင်း စေတီတော်ကို တည်ထားကိုးကွယ်ခြင်းစသော ကောင်းမှုကုသိုလ်ကံကို ပြုလုပ်၏၊ ထို ကောင်းမှုကုသိုလ်ကို ပြုလုပ်သူအတွက်သာလျှင် ဖြစ်ပေသည်။ သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ကို ကောင်းမွန် မှန်ကန်စွာ ကျင့်ခြင်းတည်းဟူသော သမ္မာပဋိပတ္တိကျင့်စဥ်သည်ကား ဘုရားရှင်အား လျောက်ပတ်သော ပူဇော်ခြင်းတည်း။ မှန်ပေသည် ---- ထိုသမ္မာပဋိပတ်ကျင့်စဥ်သည်ကား ထိုဘုရားရှင်သည် လိုလားတောင့်တတော်မူအပ်သော အရာလည်း ဖြစ်၏၊ သာသနာတော်ကို အရှည်ခိုင်ခံ့ တည်တံ့အောင် ဆောင်
说得更明白些:即使建造一千座如大寺(Mahāvihāra)般的寺院,或一千座如“大塔”(Mahācetiya)般的佛塔,也不能使教法长久住世。无论谁造寺、建塔供养,所作善业都只归造作者自己。唯有正确修行(sammāpaṭipatti),也就是如实修习戒、定、慧三学,才是与佛陀相称的供养。确实,这种正确修行既是佛陀所期望的,也能使教法坚固、长久住世——
ထားခြင်းငှာ စွမ်းလည်း စွမ်းနိုင်ပေသည်။ ထိုကြောင့် ထိုသမ္မာပဋိပတ်ကျင့်စဥ်ကို ညွှန်ကြားပြသတော်မူလိုသည် ဖြစ်၍ လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် လျက် နေထိုင်သောသူသည် ငါဘုရားရှင်အား အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်နေသည် မည်ကြောင်း မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ (ဒီ-ဋ္ဌ-၂-၁၆၉။) ဘုရားရှင်အား တရားဖြင့် ပူဇော်ခြင်းဟူသော ဓမ္မပူဇာဟူသမျှတို့တွင်လည်း အရဟတ္တဖိုလ်ဖြင့် ပူဇော် ခြင်းကား အမြတ်ဆုံး ပူဇော်ခြင်းပင် ဖြစ်ပေ၏။ ထိုကြောင့် သာဝကတစ်ဦးသည် ဘုရားရှင် ညွှန်ကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း တောအရပ်စသည့် အရပ်တစ်ခုခု၌ ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ အစဥ်သဖြင့် ဆိုက်ရောက်သွား၏၊ ထိုအရဟတ္တဖိုလ်ဖြင့် ဘုရားရှင်အား ပူဇော်လျှင် ဘုရားရှင်သည် တပည့်သာဝကထံမှ လွန်မြတ်သော ပူဇော်သက္ကာရကို ရရှိသည်မည်ကြောင်း အထက်
——因此,为了显示这种正确修行,佛陀教示:住于修习随顺9种出世间法之行道的人,才称为以最胜供养供养佛陀。(《长部义注》2-169。)在一切以法供养佛陀的法供养(dhamma-pūjā)中,以阿罗汉果作供养最为殊胜。因此,弟子依佛陀的指导与教诫,在林野等任一处精勤修行,依次到达阿罗汉果,再以该阿罗汉果供养佛陀,佛陀便称为从弟子处获得了最胜供养;这一点在上文——
တွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်ပေသည်။
——上文《清净道论》的解释中已经说明。
တောမင်းသစ်နှင့် တူသူ
如林中豹王者
တစ်နည်းဆိုသော် ဤ ယောဂါဝစရ ရဟန်းတော်ကို တောမင်းသစ်နှင့် တူသူဟူ၍လည်း ဆိုနိုင်၏။ ယောဂါ- ဝစရ ရဟန်းသည် တောအရပ်၌ တစ်ပါးထီးတည်း နေထိုင်၍ ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လျက် ဆန့်ကျင်ဘက် ကိလေသာတို့ကို နှိမ်နင်း ဖျက်ဆီးနိုင်သဖြင့် အလိုရှိအပ်သော အရဟတ္တဖိုလ် ဟူသော အကျိုးကို ပြီးစီးစေနိုင်သောကြောင့် တောမင်းသစ်နှင့် တူခြင်း ဖြစ်၏။ တောမင်းသစ်ကြီးသည် တောထဲ
换言之,也可以说这位禅修比丘如同林中豹王。禅修比丘独自住在林野中,精勤修行比丘之法,能够镇伏、摧毁与修行相违的烦恼,成办所期望的阿罗汉果,因此如同林中豹王。林中豹王在森林里——
原书第 254 页
၌ မြက်တောရှုပ်ကိုလည်းကောင်း၊ သစ်တောရှုပ်ကိုလည်းကောင်း၊ တောင်အထပ်ထပ်တည်းဟူသော တောင်ရှုပ်ကို လည်းကောင်း အမှီပြု၍ ပုန်းအောင်းလျက် တောကျွဲ၊ စိုင်၊ ဝက် အစရှိသော သားကောင်တို့ကို အရဖမ်းယူ သကဲ့သို့ ဤဥပမာအတူပင် တောအရပ်စသည်တို့၌ သမထဝိပဿနာ နှစ်ဖြာသော ဘာဝနာကမ္မဋ္ဌာန်းကို အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်လျက် ရှိသော ဤယောဂါဝစရ ရဟန်းတော်သည် အစဥ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့် သောတာပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်တို့ကိုလည်းကောင်း၊ မြတ်သော အရိယဖိုလ်ကိုလည်းကောင်း ရယူနိုင်ပေသည်။ ထိုကြောင့် ထိုယောဂါဝစရ ရဟန်းတော်၏ ဘာဝနာကို အားထုတ်နေသော ပရက္ကမစွမ်းအားနှင့် သင့်တင့်လျောက်ပတ် ကောင်းမြတ်သော မြေနေရာဖြစ်သော အရည သေနာသန ဟူသော တောကျောင်း တောင်ကျောင်းကို ညွှန်ကြားပြသတော်မူလိုသော ဘုရားရှင်သည် ---- ''ရဟန်းတို့ …ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွား
——依靠杂草丛、密林和重重山岭藏身,捕获野水牛、爪哇野牛、野猪等猎物;正如这一譬喻,在林野等处反复修习止、观两种禅修业处的禅修比丘,也能依次精勤修行而获得预流道、一来道、不来道、阿罗汉道以及殊胜的圣果。于是,佛陀为了指示适合禅修比丘奋进之力的阿兰若住处,即林野寺、山林寺,而说:“诸比丘,在此教法中,比丘或前往林野,或前往树下——
ရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်သို့ သွားရောက်၍ ဖြစ်စေ တင်ပလဒင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ သတိကို အာနာပါနကမ္မဋ္ဌာန်းသို့ ရှေးရှု ဖြစ်စေလျက် ထိုင်နေ၏၊ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူသွင်း၏၊ သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှူထုတ်၏'' ---- ဤသို့ စသော စကား တော်ကို မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၆၁-၂၆၂။)
——或前往空闲处,盘腿而坐,端正上身,使念面向入出息业处而现起。他只在具念时入息,只在具念时出息。”佛陀宣说了如上教言。(《清净道论》1-261—262。)