不同于其他业处的特殊之处

入出息念定部分 · 原书第 335–337 页 · 20 个翻译单元

本页并入了原书的相邻小节:威仪是否应当调整、业处为何屡屡重新开始、理由与办法。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 335 页
အခြားကမ္မဋ္ဌာန်းများနှင့် မတူသော ထူးခြားချက်
不同于其他业处的特殊之处
အခြား အခြားကုန်သော ကမ္မဋ္ဌာန်းတို့နှင့် မတူသော ထူးခြားချက်ကား ဤသို့တည်း။
它与其他种种业处不同的特殊之处如下。
အာနာပါနကမ္မဋ္ဌာန်းမှ တစ်ပါးကုန်သော အခြားအခြားသော ကမ္မဋ္ဌာန်းတို့သည်ကား ဘာဝနာ၏ စွမ်း အားကြောင့် အဆင့်ဆင့် ဘာဝနာရင့်ကျက်လာသည်နှင့် အမျှ တစ်စတစ်စ ထင်ရှားသည်ထက် ထင်ရှား၍သာ လာကြကုန်၏။ သို့သော် ဤအာနာပါနကမ္မဋ္ဌာန်းကား ထိုကဲ့သို့ မဟုတ်ပေ။ အမှန်စင်စစ်မှာမူ ဤအာနာပါန ကမ္မဋ္ဌာန်းသည် အဆင့်ဆင့် တစ်ဆင့်ပြီး တစ်ဆင့် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်အတိုင်း ပွားများအားထုတ် နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သိမ်မွေ့သည်၏ အဖြစ်သို့သာ ရောက်ရှိသွားတတ်၏၊ ယောဂါ ဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ဝင်သက်လေ ထွက်သက်လေသည် ထင်ခြင်းသို့သော်လည်း မရောက်ဘဲ ရှိနေတတ်၏၊ ထိုသို့ပင် ထင်ခြင်းသို့ မရောက်ဘဲ ရှိနေသော်လည်း ဤသို့ အာနာပါနကမ္မဋ္ဌာန်းသည် အသိဉာဏ်၌ ထင်ခြင်းသို့ မရောက်လတ်သော် ထိုရဟန်းသည် တရားထိုင်သည့် နေရာမှထ၍ သားရေနွယ်ပိုင်းကို ခါ၍ မသွားအပ်၊ ''အဘယ်ကို ငါသည် ပြုလုပ်သင့်သနည်း၊ ဆရာသ္မားကိုသော်လည်း သွား၍ မေးမြန်း လျှောက်ထားရမည်လော''
除入出息业处以外,其他种种业处的所缘,会随着修习力增强、修习逐层成熟,而变得越来越明显;入出息业处却不是这样。事实上,严格依照佛陀的指示逐层培育入出息业处时,入息、出息在瑜伽行者的相续中只会逐层趋于微细,乃至不再显现于智门。即使它们不再显现,行者也不应放弃入出息业处,从禅坐处起身,抖动皮革坐具便离去;也不应想着:“我该怎么办?是否应当去请问老师?”
ဟု နှလုံးပိုက်၍လည်းကောင်း၊ ''ယခုအခါ၌ ငါ၏ကမ္မဋ္ဌာန်းသည် ပျောက်ပျက်၍ သွားလေပြီလော''ဟု နှလုံး ပိုက်၍လည်းကောင်း တရားထိုင်နေသည့် နေရာမှ မထအပ်။ အပြစ်ကား ဤသို့တည်း။
也不应想着:“现在我的业处是不是已经消失了?”而从禅坐处起身。这样做的过患如下。
ဣရိယာပထံ ဝိကောပေတွာ ဂစ္ဆတော ဟိ ကမ္မဋ္ဌာနံ နဝနဝမေဝ ဟောတိ၊ တသ္မာ ယထာနိသိန္နေနေဝ ဒေသတော အာဟရိတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၂၇၅။) = ဣရိယာပုထ်ကို ဖျက်၍ တရားထိုင်ရာမှ ထ၍ သွားသော ရဟန်းတော်၏ သန္တာန်ဝယ် အာနာပါန ကမ္မဋ္ဌာန်းသည် အသစ်အသစ်သာ ဖြစ်နေတတ်၏။ ထိုကြောင့် ထိုင်နေမြဲတိုင်း ထိုင်နေလျက်သာလျှင် ရှေးက မိမိမှတ်ယူဖူးသော ပကတိသော ဝင်သက်လေ ထွက်သက်လေ၏ ထိရာ အရပ်ဒေသဌာနမှ ဆောင်ယူအပ်၏။
“对于破坏原有威仪而起身离去者,业处只会一次次成为新的;因此,应保持原来的坐姿,从原处把它引回。”也就是说,对于破坏禅坐威仪、从座位起身离去的比丘,入出息业处只会一次次重新开始。因此,应当保持原来的坐姿,仍然坐着,从先前自己所记取的自然入息、出息接触处把业处重新引回。
(ဝိသုဒ္ဓိ-၁-၂၇၅။)
(《清净道论》1-275。)
ဤအထက်ပါ စကားရပ်၌ ဣရိယာပုထ်ကို ဖျက်၍ တရားထိုင်ရာမှ ထ၍ သွားသော ရဟန်းတော်၏ သန္တာန်ဝယ် အာနာပါနကမ္မဋ္ဌာန်းသည် အသစ်အသစ်သာ ဖြစ်နေတတ်၏ဟူသော အဋ္ဌကထာဆရာတော်၏ စကားရပ်ကို ကိုးကား၍ အချို့အချို့သော ဆရာမြတ်တို့ကား တရားထိုင်ရာ၌ ဣရိယာပုထ်ကို မပြင်ကောင်းဟု အယူ ရှိတော်မူကြပြန်၏။ ဤစကားရပ်မှာ - အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်နေသော ပုဂ္ဂိုလ်အတွက် ပကတိ သော ဝင်သက်လေ-ထွက်သက်လေတို့ ဘာဝနာစွမ်းအားကြောင့် အဆင့်ဆင့် သိမ်မွေ့ရာမှ မထင်မရှား ဖြစ်သွား သောအခါ ဣရိယာပုထ်ဖျက်၍ ထမသွားရန် ရည်ညွှန်းပြောဆိုနေသော စကားမျှသာ ဖြစ်သည်။ တရားထိုင်လျှင် ဣရိယာပုထ် မဖျက်ကောင်းဟု ကမ္မဋ္ဌာန်းအားလုံးအတွက် သိမ်းကျုံး၍ ပြောနေသော စကား မဟုတ်သည်ကို အထူးသတိပြု၍ မှတ်သားရမည် ဖြစ်သည်။ ဣရိယာပုထ် ပြင်သင့် မပြင်သင့် ပြင်ကောင်း မပြင်ကောင်းဟူသော အယူအဆနှင့် ပတ်သက်၍ တွေဝေမှု မရှိစေရန် အောက်ပါအဋ္ဌကထာတို့၏ သတိပေးချက်ကို ဆက်လက်၍
关于上段义注所说“破坏威仪、从禅坐处起身离去的比丘,其入出息业处只会一次次成为新的”,有些尊贵的导师据此主张,禅坐时不应调整威仪。然而,这句话只是针对修习入出息业处的人:当自然的入息、出息因修习力而逐层微细,乃至变得不明显时,不要破坏威仪而起身离去;它并不是笼统宣称修习任何业处时都不得改变禅坐威仪。对此必须特别留意。为了不再疑惑威仪是否应当调整、是否可以调整,请继续——
ဖတ်ရှုကြည့်ပါ။
——阅读以下诸义注的提醒。
ဣရိယာပုထ် ပြင်သင့်-မပြင်သင့်
威仪是否应当调整
သမိဉ္ဇိတေ ပသာရိတေတိ ပဗ္ဗာနံ သမိဉ္ဇနပသာရဏေ။ တတ္ထ စိတ္တဝသေနေဝ သမိဉ္ဇနပသာရဏံ အကတွာ ဟတ္ထပါဒါနံ သမိဉ္ဇနပသာရဏပစ္စယာ အတ္ထာနတ္ထံ ပရိဂ္ဂဟေတွာ အတ္ထပရိဂ္ဂဟဏံ သာတ္ထကသမ္ပဇညံ။ တတ္ထ ဟတ္ထပါဒေ အတိစိရံ သမိဉ္ဇေတွာ ပသာရေတွာ ဧဝ ဝါ ဌိတဿ ခဏေ ခဏေ ဝေဒနာ ဥပ္ပဇ္ဇန္တိ၊ စိတ္တံ ဧကဂ္ဂံ န လဘတိ၊ ကမ္မဋ္ဌာနံ ပရိပတတိ၊ ဝိသေသံ နာဓိဂစ္ဆတိ။ ကာလေ သမိဉ္ဇေန္တဿ ကာလေ ပသာရေန္တဿ ပန တာ
“所谓‘弯曲时、伸展时’,是说诸关节的弯曲与伸展。这里不应只随心意弯伸,而应辨别因手足弯伸所带来的利益与无益;对利益的辨别,称为有益正知。若手足弯曲过久,或伸展过久而保持不动,诸受便会刹那刹那生起;心得不到一境性,业处退落,不能证得殊胜法。反之,适时弯曲、适时伸展者,那些——”
原书第 336 页
ဝေဒနာ န ဥပ္ပဇ္ဇန္တိ၊ စိတ္တံ ဧကဂ္ဂံ ဟောတိ၊ ကမ္မဋ္ဌာနံ ဖာတိံ ဂစ္ဆတိ၊ ဝိသေသမဓိဂစ္ဆတီတိ ဧဝံ အတ္ထာနတ္ထပရိဂ္ဂဟဏံ ဝေဒိတဗ္ဗံ။ (မ-ဋ္ဌ-၁-၂၆၈။ ဒီ-ဋ္ဌ-၁-၁၇၆။ သံ-ဋ္ဌ-၃-၂၂၈။ အဘိ-ဋ္ဌ-၂-၃၄၂။) = ကွေးရာ ဆန့်ရာ၌ဟူသည် လက်ဆစ် ခြေဆစ်တို့ကို ကွေးရာ ဆန့်ရာအခါ၌ဟု ဆိုလိုပေသည်။ ထိုသို့ ကွေးရာ ဆန့်ရာ၌ စိတ်၏ အလိုအတိုင်းသာလျှင် ကွေးခြင်း ဆန့်ခြင်းကို မပြုမူ၍ လက်-ခြေတို့ကို ကွေးခြင်း ဆန့်ခြင်းတည်းဟူသော အကြောင်းတရားကြောင့် အကျိုးရှိမှု အကျိုးမရှိမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ အကျိုး မရှိသော ကွေးခြင်း ဆန့်ခြင်းကို ရှောင်ရှား၍ အကျိုးရှိသော ကွေးမှု ဆန့်မှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းသည် သာတ္ထကသမ္ပဇဥ် မည်၏။
“——诸受便不会生起,心成为一境,业处增长,证得殊胜法。应当如此理解对利益与无益的辨别。”所谓“弯曲时、伸展时”,是说弯曲、伸展手足关节之时。此时,不应只随心意弯曲、伸展;而应以智辨别由手足屈伸所带来的利益与无益,避开无益的屈伸,选择有益的屈伸。能够如此以智辨别有益的屈伸,称为 sātthaka-sampajañña(有益正知)。
ထိုသို့ ကွေးရာ ဆန့်ရာ၌ လက်ခြေတို့ကို အလွန်ကြာမြင့်စွာ ကွေးလျက်သာလျှင် တည်နေသော ယောဂါ ဝစရ ရဟန်းတော်၏ သန္တာန်၌လည်းကောင်း၊ လက်ခြေတို့ကို အလွန်ကြာမြင့်စွာ ဆန့်တန်းလျက်သာလျှင် တည်နေသော ယောဂါဝစရရဟန်းတော်၏ သန္တာန်၌လည်းကောင်း ခဏတိုင်း ခဏတိုင်း၌ ဆင်းရဲသည့် ဒုက္ခ ဝေဒနာတို့သည် ဖြစ်ပေါ်လာတတ်ကြကုန်၏၊ စိတ်သည်တည်ကြည်မှု သမာဓိကို မရရှိနိုင်၊ ကမ္မဋ္ဌာန်းသည် လျှော ကျသွားတတ်၏၊ အဆင့်ဆင့်သော လောကီ လောကုတ္တရာ တရားထူး တရားမြတ်ကို မရရှိနိုင်။ ကွေးသင့်သော အချိန်အခါကာလ၌ ကွေးသော ဆန့်သင့်သော အချိန်အခါ ကာလ၌ ဆန့်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန် ၌ကား ထိုဆင်းရဲသည့် ဒုက္ခဝေဒနာတို့သည် ဖြစ်ပေါ်၍ မလာကြကုန်၊ စိတ်သည် တည်ကြည်လာ၏၊ ကမ္မဋ္ဌာန်း သည် ကြီးပွားတိုးတက်ခြင်းသို့ ရောက်ရှိလာ၏၊ အဆင့်ဆင့်သော လောကီ လောကုတ္တရာ တရားထူး တရားမြတ် ကို ရရှိနိုင်၏ - ဟု ဤသို့လျှင် အကျိုးရှိမှု မရှိမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းကို သိရှိပါလေ။
在屈伸手足时,无论瑜伽行比丘把手足一直弯曲过久,还是一直伸展过久,他的相续中都会刹那刹那生起痛苦的苦受;心无法获得定,业处会退落,也不能依次获得世间、出世间的殊胜妙法。反之,适合弯曲时便弯曲、适合伸展时便伸展的瑜伽行者,不会生起那些痛苦的苦受;心会安定,业处会增长,亦能依次获得世间、出世间的殊胜妙法。应当如此理解以智能够辨别有益与无益。
(မ-ဋ္ဌ-၁-၂၆၈။ ဒီ-ဋ္ဌ-၁-၁၇၆။ သံ-ဋ္ဌ-၃-၂၂၈။ အဘိ-ဋ္ဌ-၂-၃၄၂။)
(《中部义注》1-268;《长部义注》1-176;《相应部义注》3-228;《阿毗达磨义注》2-342。)
ဤအထက်ပါ အဋ္ဌကထာတို့၏ မိန့်ဆိုတော်မူချက်အရ - ကွေးသင့်သော အချိန်အခါကာလ၌ ကွေးခြင်း၊ ဆန့်သင့်သော အချိန်အခါကာလ၌ ဆန့်ခြင်းသည် ကမ္မဋ္ဌာန်းတရား ကြီးပွားတိုးတက်ခြင်း၏ အကြောင်းရင်းစစ် တစ်ခုဖြစ်၏၊ အဆင့်ဆင့်သော လောကီ လောကုတ္တရာ တရားထူး တရားမြတ်ကို ရရှိခြင်း၏ အကြောင်းရင်းစစ် တစ်ခု ဖြစ်၏ဟူသော ထုံးဟောင်း ဥပဒေသတစ်ခုကိုကား နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင် ယောဂီသူတော်ကောင်းသည် မေ့မထားသင့်ပေ။
依照上述诸义注的教说,适合弯曲时便弯曲、适合伸展时便伸展,正是令业处增长进步的一项真实原因,也是依次获得世间、出世间殊胜妙法的一项真实原因。渴求涅槃的贤善瑜伽行者,不应忘记这一古来传承的教诫。
အသစ်အသစ် ဖြစ်ရပုံ
业处为何屡屡重新开始
အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်စဥ် ဘာဝနာသမာဓိ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ဝင်သက်လေ ထွက်သက်လေတို့သည် အဆင့်ဆင့်သိမ်မွေ့ရာမှ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ မထင်လာ မမြင်လာသဖြင့် နေရာမှ ထ၍ သွားခဲ့သော် ကမ္မဋ္ဌာန်းအသစ်အသစ် ဖြစ်ရခြင်းမှာ ဤသို့ ဖြစ်၏ --- နောက်ထပ်တစ်ဖန် ပြန်၍ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ပြန်လျှင်လည်း ထိုသို့ပင် ဝင်သက်လေ ထွက်သက်လေတို့သည် မထင်မရှား တစ်ဖန်ပြန်၍ ဖြစ်လာကြဦးမည်သာ ဖြစ်သည်။ မထင်ရှားတိုင်း ထ၍ ထ၍သာ သွားနေပါက တစ်ဖန်ပြန်၍ တရားထိုင်တိုင်း ထိုင်တိုင်း မထင်မရှားသာ ပြန်၍ ဖြစ်နေဦးမည် ဖြစ်သည်။ သို့အတွက် ကမ္မဋ္ဌာန်း အသစ် အသစ်သာ ဖြစ်နေမည်ဟု မိန့်ဆိုခြင်း ဖြစ်ပေသည်။
修习入出息业处时,由于修习定的力量与威力,入息、出息从逐层微细直至不再显现于瑜伽行者的智门;如果行者因此从座位起身,业处便会屡屡重新开始,理由如下:下一次再修入出息业处时,入息、出息仍会像先前一样,逐渐变得不明显。若每逢所缘不明显便一再起身离去,那么每次重新禅坐,它仍会再次变得不明显。因此,义注才说业处只会一次次成为新的。
အကြောင်း ဥပါယ်
理由与办法
ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ဝင်သက်လေ ထွက်သက်လေသည် မထင်မရှား ဖြစ်လတ်သော် ရှေးက မိမိ မှတ်ယူဖူးသော ပကတိသော ဝင်သက်လေ ထွက်သက်လေ၏ ထိရာ အရပ်ဒေသဌာနမှ ဝင်သက်လေ
当入息与出息在禅修者的智中变得不明显时,应从自己先前曾辨认过的、自然入息与出息的触处,把入息……
原书第 337 页
အာနာပါနဿတိသမာဓိပိုင်း ထွက်သက်လေကို ဉာဏ်ဖြင့် မြင်အောင် ဆောင်ယူရမည် ဖြစ်သည်။ ဆောင်ယူပုံ အကြောင်းဥပါယ်ကား ဤသို့ တည်း။
……与出息带回智中,使其显现。使它们显现的办法如下。
ထိုယောဂါဝစရ ရဟန်းတော်သည် ဝင်သက်လေ-ထွက်သက်လေဟူသော ကမ္မဋ္ဌာန်း၏ ဉာဏ်ဝ၌ မထင် ရှားသည်၏ အဖြစ်ကို သိသည်ရှိသော် ဤသို့ အဖန်တလဲလဲ စူးစမ်းဆင်ခြင်အပ်၏ --- ဤဝင်သက်လေ ထွက် သက်လေတို့ မည်ကုန်သည် အဘယ်အရပ်၌ ရှိကုန်သနည်း၊ အဘယ်အရပ်၌ မရှိကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်၏ သန္တာန်၌မူလည်း ရှိကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်၏ သန္တာန်၌မူလည်း မရှိကုန်သနည်း - ဤသို့ အဖန်တလဲလဲ စူးစမ်း ဆင်ခြင်အပ်၏။
当这位禅修比丘知道入出息业处在智中不明显时,应当如此反复审察:这些入息与出息存在于何处、不存在于何处?存在于哪一类人的相续中,又不存在于哪一类人的相续中?应当如此反复审察。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。