换一种说法

入出息念定部分 · 原书第 249–250 页 · 8 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 249 页
တစ်နည်းဆိုရသော်
换一种说法
တစ်နည်းဆိုရသော် ကမ္မဋ္ဌာန်း အမျိုးမျိုးတွင် ဦးထိပ်သဖွယ် ဖြစ်သော ကမ္မဋ္ဌာန်းကား ဤ အာနာပါန ကမ္မဋ္ဌာန်းပင် ဖြစ်၏။ ဤ အာနာပါနကမ္မဋ္ဌာန်းကား ဂင်္ဂါဝါဠု သဲစုမက ပွင့်ပေါ်တော်မူကြပြီးကုန်သော ခပ်သိမ်း ဥဿုံ အလုံးစုံသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်၊ အချို့သော ပစ္စေကဗုဒ္ဓဘုရားရှင်၊ အချို့သော သမ္မာသမ္ဗုဒ္ဓဘုရား ရှင်၏ တပည့်သာဝကတို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော တရားထူး တရားမြတ်ကို ရခြင်း၏ အနီးကပ်ဆုံး အကြောင်းတစ်ရပ်လည်း ဖြစ်၏။ အာနာပါနကမ္မဋ္ဌာန်းမှ တစ်ပါးသော အခြားအခြားသော ကမ္မဋ္ဌာန်းတစ်မျိုးမျိုး ဖြင့် ဝိပဿနာ၏ အခြေပါဒကအဖြစ် သမာဓိထူထောင်၍ သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများအားထုတ်တော်မူကြသဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော တရားထူး တရား မြတ်ကို ရရှိပြီးသော အရိယာသူတော်ကောင်းတို့အဖို့ ဤ အာနာပါနကမ္မဋ္ဌာန်းသည် မျက်မှောက်သော ကိုယ်၏
换一种说法,在种种业处中,如同冠首一般的业处,就是这入出息念业处。入出息念业处也是一项近因:多于恒河沙数、已经出现的一切正自觉佛,某些独觉佛,以及某些正自觉佛的弟子声闻,都依此获得了道智、果智这些殊胜之法。至于那些圣者,他们以入出息念业处以外的其他业处建立定作为毗婆舍那的基础,把握诸行并修习观禅业处,由此已经获得道智、果智这些殊胜之法;对他们而言,入出息念业处也是在这一现前之身的今生中——
အဖြစ်ဟူသော ဤပစ္စုပ္ပန်ဘဝ၌ စျာန်ချမ်းသာဖြင့် ချမ်းသာစွာနေရခြင်း၏ အနီးကပ်ဆုံး အကြောင်းတစ်ရပ်လည်း ဖြစ်၏။ ဤကဲ့သို့သော ဂုဏ်အပေါင်းတို့နှင့် ပြည့်စုံနေသော ဤအာနာပါနကမ္မဋ္ဌာန်းကို အမျိုးသ္မီးသံ အမျိုးသားသံ ဆင်သံ မြင်းသံစသော အသံမျိုးစုံတို့ဖြင့် ရောပြွမ်းလျက် ရှိသော ရွာနီးကျောင်းကို မစွန့်လွှတ်မူ၍ ပွားများ အား ထုတ်ခြင်းငှာ မလွယ်ကူလှပေ။ အကြောင်းမူ ---- သဒ္ဒကဏ္ဋကတ္တာ စျာနဿ = စျာန်၏ အသံဟူသော ဆူးငြောင့် ရှိသည်၏ အဖြစ်ကြောင့်တည်း။
——安住禅那之乐、现法乐住的一项近因。要修习具备这些功德的入出息念业处,如果不离开邻近村落、夹杂着女人声、男人声、象声、马声等种种声响的寺院,便很不容易。原因是:သဒ္ဒကဏ္ဋကတ္တာ စျာနဿ(saddakaṇṭakattā jhānassa)=“声音是禅那的刺”。
အကယ်စင်စစ်အားဖြင့်မူ ရွာနှင့်မနီးသော တောအရပ်၌ ယောဂါဝစရ ရဟန်းတော်သည် ဤ အာနာပါန ကမ္မဋ္ဌာန်းကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ အာနာပါန (= ဝင်သက်လေ ထွက်သက်လေ)လျှင် အာရုံရှိသော စတုတ္ထစျာန် ကို ဖြစ်စေ၍ (၃၁)ဘုံအတွင်း၌ တည်ရှိသော တေဘူမကသင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၍ အမြတ်ဆုံးဖိုလ်ဟု ခေါ်ဆိုအပ်သော အရဟတ္တဖိုလ်သို့ ရောက်ရှိအံ့သောငှာ ပြုလွယ် ၏။ ထိုကြောင့် ထိုအာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရ ရဟန်းတော်အား လျော် လျောက်ပတ် ကောင်းမြတ်သော ကျောင်းအိပ်ရာ နေရာကို ညွှန်ကြား ပြသတော်မူလိုသော ဘုရားရှင်သည် ''တောအရပ်သို့ ကပ်ရောက်၍ ဖြစ်စေ'' စသော စကားတော်များကို မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။
事实上,在远离村落的林野中,禅修比丘可以用智辨取入出息念业处,生起以入息、出息为所缘的第四禅;继而把存在于31界中的三地诸行置于三相之下,修习毗婆舍那,便较容易到达称为最上之果的阿罗汉果。因此,世尊为了向想修习入出息念业处的比丘指示适宜的住处,才宣说“前往林野”等语。
(ဝိသုဒ္ဓိ-၁-၂၆၁။)
(《清净道论》1-261。)
မှန်ပေသည် ---- မြတ်စွာဘုရားသည် မြေကြန်အတတ်ကို တတ်သော ဆရာနှင့် တူတော်မူ၏။ မြေကြန် အတတ်ကို တတ်သော ဆရာသည် မြို့တည်ရန် သင့်တင့်လျောက်ပတ်ကောင်းမြတ်သော နေရာမြေကို မြင်တွေ့ သည်ရှိသော် ကောင်းမွန်စွာ ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လျက် ''ဤအရပ်၌ မြို့ကို တည်ထောင် ဖန်ဆင်းကြ ကုန်လော''ဟု ညွှန်ပြ၏။ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ ချောချောမောမောဖြင့် မြို့ကို တည်ထောင်ဖန်ဆင်း ပြီးလတ်သော် မင်းမျိုးမှ ကြီးစွာသော ပူဇော်သက္ကာရကို ရရှိသကဲ့သို့ ဤ ဥပမာအတူပင်လျှင် ထိုဘုရားရှင်သည် ယောဂါဝစရ ရဟန်းတော်အား လျော်ကန်လျောက်ပတ် ကောင်းမြတ်သော ကျောင်းအိပ်ရာ နေရာကို ဉာဏ်တော် မြတ်ဖြင့် စူးစမ်းဆင်ခြင်တော်မူလျက် ''ဤတောအရပ် စသည်၌ ကမ္မဋ္ဌာန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပါ''ဟု ညွှန်ကြား ပြသတော်မူ၏။ ထိုနောင် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်ကို ဦးထိပ်ရွက် ပန်ဆင်
确实如此。世尊如同一位精通相地之术的师匠。相地师见到适合建城的土地,便以智慧仔细勘察,而后指示:“在这里建造城邑。”城邑安稳、顺利地建成以后,他便从王族那里获得丰厚的敬奉。与此譬喻相同,世尊以殊胜之智审察适合禅修比丘的住处,而后指示:“就在这林野等处精勤修习业处。”其后,这位禅修比丘顶戴世尊的指示——
လျက် ထိုတောအရပ်စသည်၌ ကမ္မဋ္ဌာန်းတရားကို ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်သော ယောဂါဝစရ ရဟန်းတော်သည် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို အစဥ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့သည်ရှိသော် ''ထိုမြတ်စွာဘုရားသည် စင်စစ်ဧကန် အမှန် အားဖြင့် သိသင့်သိထိုက်သည့် သစ္စာညေယျ တရားမှန်သမျှကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ် တော်တိုင်သာလျှင် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကုန်စင်အောင် သိတော်မူပါပေ၏''ဟု ဘုရားရှင်အပေါ်၌
——在林野等处精勤修习业处,依次修习戒、定、慧三学,终于到达阿罗汉果。于是他对世尊生起这样的信敬:“这位世尊确实不依老师,唯以自生智,亲自如实、无误且无余地遍知一切应知的真实圣谛法。”他便向世尊——
原书第 250 页
အလွန်အမင်း ရှိသေတုပ်ဝပ်ခြင်းကို ပြုတော်မူ၏။ ဤသို့လျှင် ဘုရားရှင်သည် လွန်မြတ်သော ပူဇော်ခြင်းကို ရရှိတော်မူ၏။ (ဝိသုဒ္ဓိ-၁-၂၆၁။)
——极其恭敬地顶礼伏拜。如此,世尊便获得了最胜供养。(《清净道论》1-261。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。