无入息与出息者

入出息念定部分 · 原书第 337–339 页 · 14 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 337 页
အဿာသပဿာသ မရှိသော ပုဂ္ဂိုလ်များ
无入息与出息者
၁။ အမိဝမ်းတွင်း၌ တည်နေသော သတ္တဝါ၊ ၂။ ရေထဲ၌ နစ်မြုပ်နေသော သတ္တဝါ၊ 〔〔〔ဤပုဂ္ဂိုလ်နှစ်ဦးတို့ကား အဿာသ-ပဿာသ ဖြစ်ရာဌာန မဟုတ်သောကြောင့် အဿာသ-ပဿာသ မရှိခြင်း ဖြစ်သည်။〕 ၃။ တွေဝေမိန့်မောနေသော (မေ့မြောနေသော) သတ္တဝါ၊ တစ်နည်း အသညသတ်ဘုံ၌ ဖြစ်ကုန်သော သတ္တဝါ၊ ၄။ သေနေကုန်သောသတ္တဝါ (အလောင်းကောင်ကို ဆိုလိုသည်)၊ ၅။ နိရောဓသမာပတ် ဝင်စားနေသော အနာဂါမ် ရဟန္တာ၊ 〔ဤ ၃-၄-၅ အမှတ်ပြ ပုဂ္ဂိုလ်တို့၏ သန္တာန်၌ကား အဿာသ-ပဿာသကို ဖြစ်စေတတ်သော စိတ်၏ မရှိခြင်းကြောင့် အဿာသ-ပဿာသ မရှိခြင်း ဖြစ်သည်။〕 ၆။ စတုတ္ထစျာန်သမာပတ်ကို ဝင်စားနေသောပုဂ္ဂိုလ်၊ 〔ဤပုဂ္ဂိုလ်၏ သန္တာန်၌ ဓမ္မတာအားဖြင့် အဿာသ-ပဿာသတို့၏ မဖြစ်ခြင်းပင်တည်း။〕 ၇။ ရူပဘဝ အရူပဘဝနှင့် ပြည့်စုံသော ဗြဟ္မာပုဂ္ဂိုလ် (ဓမ္မတာပင်တည်း) ---- ဤကား အဿာသ-ပဿာသ မရှိသောပုဂ္ဂိုလ်များတည်း။ ထိုပုဂ္ဂိုလ်များစာရင်းတွင် မိမိ မပါဝင်သည်ကို
1. 住在母胎中的有情;2. 沉没在水中的有情。〔这两类人没有入息与出息,是因为其所处之处并非入息与出息能够生起之处。〕3. 昏迷(失去知觉)的有情;另一说,是生于无想有情界的有情;4. 已死的有情(指尸体);5. 正入灭尽定的不还者与阿罗汉。〔第 3、4、5 类人的相续中,没有能使入息与出息生起的心,所以没有入息与出息。〕6. 正入第四禅等至者。〔此人的相续中,入息与出息依法尔自然不生。〕7. 具有色有或无色有的梵天有情(亦是法尔如此)。以上是没有入息与出息的人。见到自己并不在这些人的名单中之后……
မိမိကိုယ်ကို မိမိကိုယ်တိုင် စောဒနာ၍ --- ''သူတော်ကောင်း ဤဆိုခဲ့ပြီးသော ခုနစ်ဌာနတို့မှလွတ်သော အဿာသ-ပဿာသတို့၏ မဖြစ်ရာ ဌာန၏ မရှိခြင်းကြောင့် သင်၏သန္တာန်၌ အဿာသ-ပဿာသတို့သည် ရှိသည်သာလျှင်တည်း၊ ထိုသို့ပင် ရှိပါသော်လည်း ပညာနုံ့သည့်အတွက် အားနည်းသည့်အတွက်ကြောင့် အဿာသ-ပဿာသကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ သိမ်းဆည်းခြင်းငှာ မစွမ်းနိုင်ခြင်း ဖြစ်၏'' - ဟု ဤသို့ တစ်ဖန်ပြန်၍ မိမိကိုယ်ကို မိမိ စောဒနာပါ။
应当反过来责问自己:‘善人啊,除了上述七种没有入息与出息的情形外,再没有其他不生入息与出息之处;所以你的相续中必定有入息与出息。虽然它们确实存在,但因为你的慧迟钝、力量薄弱,才不能以智辨别、摄取入息与出息。’应当如此再次责问自己。
ထိုနောင် ဤယောဂါဝစရ ရဟန်းတော်သည် ပကတိအားဖြင့် ဝင်သက်လေ ထွက်သက်လေတို့၏ ထိမှု ထင်ရှားရာဌာန၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ ဝင်သက်လေ ထွက်သက်လေကို နှလုံးသွင်း မှုကို ဖြစ်စေပါ။ ဤ ဝင်သက်လေ ထွက်သက်လေတို့သည် နှာခေါင်းရှည်သောသူအား နှာခေါင်းဖုကို ထိခိုက် ကုန်လျက် ဖြစ်ပေါ်ကြကုန်၏၊ နှာခေါင်းတိုသောသူအား အထက်နှုတ်ခမ်းကို ထိခိုက်ကုန်လျက် ဖြစ်ပေါ်လာ ကြကုန်၏။ ထိုကြောင့် ဤဝင်သက်လေ ထွက်သက်လေ မထင်ရှားသော ယောဂါဝစရ ရဟန်းတော်သည် (ထင် ရှားအောင် သက်သက်ပြုပြင်၍ အသက်ရှူမှု၊ ကြမ်းကြမ်းရှူမှုကို မပြုဘဲ) ဤမည်သောနေရာကို ဝင်သက်လေ
此后,这位禅修比丘应只在自然入息与出息之触感原先明显的地方,令修习心安静地贴住所缘,并作意入息与出息。鼻子较长的人,入息与出息触及鼻端隆起处而生起;鼻子较短的人,则触及上唇而生起。因此,入息与出息不明显的禅修比丘,不应为了让息明显而刻意改变呼吸或粗重地呼吸;他应认定:入息……
原书第 338 页
ထွက်သက်လေတို့သည် ထိခိုက်ကုန်၏ဟု နှလုံးပိုက်၍ အဿာသ-ပဿာသကို ရှုပွားနေသော ဘာဝနာစိတ်ကို ဖွဲ့ချည်ရာ ဖွဲ့ချည်ကြောင်းဖြစ်သော နိမိတ်ဟူသော နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း၌သာ၍ မြဲမြံသော အမှတ်သညာကို ဖြစ်စေအပ်၏။ မှန်ပေသည် -- ဤသို့သော အကြောင်းကိုသာလျှင် အစွဲပြု၍ ဘုရားရှင်သည် အောက်ပါအတိုင်း ဟောကြားတော်မူခြင်း ဖြစ်၏။
……与出息触及此处;并只在鼻端或上唇这个系缚、维系观照入息与出息之修习心的标志处,建立稳固的辨认。正是基于这个理由,世尊作了如下开示。
နာဟံ ဘိက္ခဝေ မုဋ္ဌသတိဿ အသမ္ပဇာနဿ အာနာပါနဿတိဘာဝနံ ဝဒါမိ။
“诸比丘,我不说失念、无正知者能修习入出息念。”
(မ-၃-၁၂၇။ သံ-၃-၂၉၄။)
(《中部》3-127;《相应部》3-294)
= ရဟန်းတို့ …ငါဘုရားသည် ပျောက်ပျက်တတ်သော သတိရှိသော (= သတိလက်လွတ်တတ်သော = မေ့လျော့တတ်သော) ဝင်သက်လေ ထွက်သက်လေကို ကောင်းစွာ ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဥ်ဉာဏ် မရှိသသူအား အာနာပါနဿတိဘာဝနာကို ဟောတော်မမူ။ (မ-၃-၁၂၇။ သံ-၃-၂၉၄။ ဝိသုဒ္ဓိ-၁-၂၇၅။) ကမ္မဋ္ဌာန်းမှန်သမျှသည် သတိနှင့် ပြည့်စုံသသူအားသာလျှင်၊ သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံသသူအားသာလျှင် ပြီးပြည့်စုံနိုင်သည်ကား မှန်၏။ သို့သော်လည်း ဤအာနာပါနကမ္မဋ္ဌာန်းမှ အခြားတစ်ပါးသော ကမ္မဋ္ဌာန်းကို နှလုံး သွင်း ပွားများအားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သန္တာန်၌ မိမိပွားများ အားထုတ်နေသော ကမ္မဋ္ဌာန်း သည် ထင်ရှားလာသည်သာ ဖြစ်၏။ ဤ အာနာပါနကမ္မဋ္ဌာန်းသည်ကား ခဲယဥ်းလှ၏၊ ခဲခဲယဥ်းယဥ်း ပွားများ ရခြင်းလည်း ရှိ၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၊ ပစ္စေကဗုဒ္ဓဘုရားရှင်နှင့် ဗုဒ္ဓပုတ္တအမည်ရကြကုန်သော သမ္မာသမ္ဗုဒ္ဓ
意为:诸比丘,我不对失去正念(即失念、放逸)、又没有能够清楚辨知入息与出息之正知智的人,开示入出息念的修习。(《中部》3-127;《相应部》3-294;《清净道论》1-275)一切业处确实都只有具足念、具足正知智的人才能成就。不过,修习入出息业处以外的其他业处时,禅修者所修习的业处所缘会在其相续中越来越明显;入出息业处却十分困难,必须艰苦修习。它是正等正觉者、独觉佛,以及称为佛子的佛弟子……
ဘုရားရှင်၏ တပည့်သား သာဝက ဖြစ်ကြကုန်သော မဟာပုရိသ အမည်ရသည့် ယောကျာ်းမြတ်တို့၏သာလျှင် နှလုံးသွင်းရာ ဘုံဌာနလည်း ဖြစ်၏။ ဤအာနာပါနကမ္မဋ္ဌာန်းကား သိမ်သိမ်ငယ်ငယ် ကမ္မဋ္ဌာန်း မဟုတ်သည်သာ တည်း၊ သိမ်သိမ်ငယ်ငယ် ပုဂ္ဂိုလ်သည် မှီဝဲပွားများနိုင်သော ကမ္မဋ္ဌာန်းလည်း မဟုတ်။ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်၏၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ငြိမ်သက် သည်လည်း ဖြစ်၏၊ နူးညံ့သိမ်မွေ့၍လည်း လာ၏၊ ထိုကြောင့် ဤအာနာပါနကမ္မဋ္ဌာန်း၌ အားကောင်းမောင်း သန်သော အားအင်ပြည့်ဝ စုံညီလျက်ရှိသော သတိကိုလည်းကောင်း၊ ပညာကိုလည်းကောင်း အလိုရှိအပ်သည် သာလျှင် ဖြစ်ပေသည်။
……这些称为大人的高贵者所作意的境域。入出息业处绝非微不足道的业处,也不是浅薄之人能够亲近修习的业处。以何种方式作意入出息业处,它就会相应地越来越寂静、越来越微细。因此,在入出息业处中,必须具备强而有力、充分圆满的念与慧。
နူးညံ့ပြေပြစ်သော ပုဆိုးကို ချုပ်သောကာလ၌ သေးငယ်သိမ်မွေ့သော အပ်ကိုလည်း အလိုရှိအပ်သကဲ့သို့၊ ထိုအပ်ထက် အလွန် သိမ်မွေ့သော အပ်နဖားထွင်းသော စူးကိုလည်း အလိုရှိအပ်သကဲ့သို့၊ ဤဥပမာ အတူ သာလျှင် နူးညံ့ပြေပြစ်သော ပုဆိုးနှင့်တူသော ဤအာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ အခါကာလ၌ အပ်နှင့်တူသော အားကောင်းမောင်းသန်သော အားအင်ပြည့်ဝ စုံညီလျက်ရှိသော သတိကိုလည်းကောင်း၊ အပ် နဖားထွင်းစူးနှင့် တူသော ထိုသတိနှင့် ယှဥ်သော အားကောင်းမောင်းသန်သော အားအင်ပြည့်ဝ စုံညီလျက်ရှိ သော ပညာကိုလည်းကောင်း အလိုရှိအပ်ပေ၏။ ထို့ပြင် ထိုသတိ ပညာတို့နှင့် ပြည့်စုံသော ရဟန်းသည်လည်း ထိုဝင်သက်လေ ထွက်သက်လေတို့ကို ပြကတေ့အားဖြင့် ထိရာအရပ်မှ တစ်ပါးသော အရပ်၌ မရှာမှီးအပ်ကုန်၊ မရှာဖွေအပ်ကုန်။
缝制细软布料时,需要纤细的针;制造那根针,又需要比针更细的穿针眼之锥。同样,修习如细软布料般的入出息业处时,需要如针般强而有力、充分圆满的念,也需要与此念相应、如穿针眼之锥般强而有力、充分圆满的慧。具足这种念与慧的比丘,不应离开入息与出息自然触及之处,到别处寻找它们。
အလျော်အားဖြင့် ဆိုရမူ လယ်ထွန်ယောကျာ်းသည် လယ်ကို ထွန်ပြီးသောအခါ နွားလားကြီးတို့ကို ထွန်တုံး ထမ်းပိုးမှ ချွတ်၍ စားကျက်သို့ ရှေးရှု မောင်းနှင်ပြီးနောက် အရိပ်ထဲ၌ အိပ်လျက် အပန်းဖြေကာ သက်သက် သာသာ နားနေလေရာ၏။ ထိုအခါ၌ ထိုလယ်လုပ်ယောကျာ်း၏ ထိုနွားလားကြီးတို့သည် လျင်မြန်သော အဟုန် ဖြင့် တောအုပ်အတွင်းသို့ ဝင်ရောက်သွားကြကုန်ရာ၏။ ကျွမ်းကျင်လိမ္မာသော လယ်ထွန်ယောကျာ်းကား ထို နွားလားကြီးတို့ကို ခေါ်ဆောင်၍ ထမ်းပိုး၌ ယှဥ်စပ်လျက် လယ်ကို တစ်ဖန် ထွန်ပြန်လိုလတ်သော် ထိုနွားတို့၏ ခြေရာအစဥ်အတိုင်း လိုက်၍ တောအုပ်အတွင်းသို့ ဝင်ကာ လှည့်လည်ရှာဖွေမှု မပြုတော့ပေ။ စင်စစ်သော်ကား
譬如农夫耕完田,把壮牛从犁与轭上卸下,赶往牧场,自己便在树荫下躺着休息。那时,牛群迅速进入林中。熟练聪明的农夫若想再把牛牵回、套上牛轭耕田,不会循着牛蹄印进入森林,到处寻找;事实上他会……
原书第 339 页
အာနာပါနဿတိသမာဓိပိုင်း ကြိုးကိုလည်းကောင်း၊ နှင်တံကိုလည်းကောင်း ကိုင်ဆောင်၍ ဖြောင့်ဖြောင့်တန်းတန်းပင် ထိုနွားတို့၏ သက် ရောက်မြဲ ရေဆိပ်သို့ သွား၍ ထိုင်၍မူလည်း နေ၏၊ လျောင်းလျက်မူလည်း နေ၏။ ထိုအခါ၌ နေ့အဖို့ပတ်လုံး တောအုပ်အတွင်း၌ လှည့်လည်ကျက်စားပြီး၍ သက်ရောက်မြဲ ရေဆိပ်သို့ သက်ဆင်း၍ ရေချိုး၍လည်းကောင်း၊ သောက်၍လည်းကောင်း ပြီးသောအခါ ကုန်းပေါ်သို့ တစ်ဖန် ကူးတက်လာ၍ ရပ်တည်နေကြကုန်သော ထိုနွား တို့ကို မြင်၍ ကြိုးဖြင့် ဖွဲ့ချည်၍ နှင်တံဖြင့် မောင်းနှင်လျက် ခေါ်ဆောင်ခဲ့၍ ထမ်းပိုး၌ တပ်၍ တစ်ဖန် လယ်ထွန် ခြင်း လုပ်ငန်းရပ်ကို ပြုလုပ်သကဲ့သို့ ဤဥပမာအတူပင်လျှင် -- ထိုယောဂါဝစရရဟန်းသည် ထိုဝင်သက်လေ ထွက်သက်လေတို့ကို ပြကတေ့အားဖြင့် ထိရာဌာနကို ကြဥ်ဖယ်ထား၍ အခြားတစ်ပါးသော အရပ်၌ မရှာဖွေ အပ်ကုန်။
……带着绳索与赶牛杖,径直走到牛群惯常下水的水边,坐着或躺着等候。牛群整日在林中游荡吃草后,会来到惯常的水边洗浴、饮水,随后重新上岸站住。他看到牛群,便用绳索系住,以赶牛杖驱赶,带回套上牛轭,再次耕田。同样,禅修比丘不应舍开入息与出息自然触及之处,到其他地方寻找它们。
အလျော်ကို ဆိုရသော် ---- သတိတည်းဟူသော ကြိုးကိုလည်းကောင်း၊ ပညာတည်းဟူသော နှင်တံကို လည်းကောင်း ကိုင်ဆောင်၍ ပြကတေ့အားဖြင့် ဝင်သက်လေ ထွက်သက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ ဝင်သက်လေ ထွက်သက်လေကို နှလုံးသွင်းခြင်းကို ဖြစ်စေအပ်ပေ၏။ အကျိုးကား ---- ဤသို့ နှလုံးသွင်းသော ယောဂါဝစရ ရဟန်းအား သက် ရောက်မြဲ ရေဆိပ်၌ နွားတို့သည် ထင်လာကုန်သကဲ့သို့ မကြာမီ အချိန်ကာလအတွင်းမှာပင် ထိုဝင်သက်လေ ထွက်သက်လေတို့သည် ထင်လာကြကုန်၏။ ထိုနောင်မှ ထိုရဟန်းသည် သတိတည်းဟူသော ကြိုးဖြင့် ထို ဝင် သက်လေ ထွက်သက်လေတည်းဟူသော နွားတို့ကို နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်းဟူသော ဖွဲ့ချည် ရာ ဌာနဖြစ်သည့် ချည်တိုင်၌သာလျှင် ခိုင်ခိုင်ခံ့ခံ့ ဖွဲ့ချည်၍ ဝင်သက်လေ ထွက်သက်လေကိုသာ နှလုံးသွင်းခြင်း မနသိကာရနှင့် ယှဥ်စပ်စေ၍ ပညာတည်းဟူသော နှင်တံဖြင့် စိုင်းနှင်သည်ဖြစ်၍ အဖန်တလဲလဲ အာနာပါန
譬喻所说明的是:手持名为“念”的绳索与名为“慧”的赶牛杖,把修习心安静地贴住鼻端或上唇——自然入息与出息的触感明显之处——并作意入息与出息。如此作意的禅修比丘,不久便会见到入息与出息,犹如在牛群惯常下水的水边见到牛群。随后,他以念之绳,把名为入息与出息的牛群,牢牢系在名为鼻端或上唇的系缚处之柱上;使心与只作意入息和出息的作意相应,又以慧之赶牛杖加以策励,反复修习入出息……
ကမ္မဋ္ဌာန်းကို ပွားများအားထုတ်အပ်၏။ (ဝိသုဒ္ဓိ-၁-၂၇၆။)
……业处。(《清净道论》1-276)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。