不可说法所缘

入出息念定部分 · 原书第 341–344 页 · 23 个翻译单元

本页并入了原书的相邻小节:应具足的三法、长部诵者与中部诵者的教诫。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 341 页
နဝတ္တဗ္ဗဓမ္မာရုံ
不可说法所缘(navattabba-dhammārammaṇa)
တတ္ထ ဒသဝိဓမ္ပိ ကသိဏဇ္ဈာနံ ကသိဏပဏ္ဏတ္တိံ အာရဗ္ဘ ပဝတ္တတ္တာ၊ ဗြဟ္မဝိဟာရစတုတ္ထံ သတ္တပဏ္ဏတ္တိ အာရဗ္ဘ ပဝတ္တတ္တာ၊ အာနာပါနစတုတ္ထံ နိမိတ္တံ အာရဗ္ဘ ပဝတ္တတ္တာ ပရိတ္တာဒိဝသေန နဝတ္တဗ္ဗဓမ္မာရမ္မဏတော နဝတ္တဗ္ဗာရမ္မဏံ နာမ ဟောတိ။ (အဘိ-ဋ္ဌ-၁-၄၄ဝ။) ထိုစတုတ္ထစျာန်တို့တွင် ကသိုဏ်း (၁ဝ)မျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကသိုဏ်းစျာန်သည် ကသိုဏ်း ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ဗြဟ္မဝိဟာရ စတုတ္ထစျာန်သည် သတ္တဝါ ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အာနာပါနစတုတ္ထစျာန်သည် သောက်
“在这些第四禅中,十种遍禅以遍概念为所缘而生起;梵住第四禅以有情概念为所缘而生起;入出息第四禅以禅相为所缘而生起。由于它们取不能依小法等分类称说之法为所缘,故名不可说所缘。”(《阿毗达磨义注》1-440)在这些第四禅中,缘十种遍而生起的遍禅,以遍概念为所缘;梵住第四禅以有情概念为所缘;入出息第四禅则以明亮如晨……
原书第 342 页
ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာ သောကြောင့်လည်းကောင်း ---- ၁။ ပရိတ္တတရား = ကာမတရား၊ ၂။ မဟဂ္ဂတတရား = မဟဂ္ဂုတ်တရား၊ ၃။ အပ္ပမာဏတရား = လောကုတ္တရာတရားတို့၏ အဖြစ်ဖြင့် မခေါ်ဆိုထိုက်သော ပညတ်ဓမ္မလျှင် အာရုံရှိ သည်၏ အဖြစ်ကြောင့် နဝတ္တဗ္ဗာရမ္မဏ = နဝတ္တဗ္ဗာရုံ မည်၏။ (အဘိ-ဋ္ဌ-၁-၄၄ဝ။) ကာမတရား၊ ရူပါဝစရ အရူပါဝစရဟူသော မဟဂ္ဂုတ်တရား၊ လောကုတ္တရာတရားဟု မဆိုထိုက်သော အာရုံဟူသမျှသည် ပညတ်အာရုံချည်း ဖြစ်သည်။
……星的入出息似相为所缘而生起。由于它们的所缘是不能称作下列三类的概念法:1. 小法,即欲界法;2. 广大法,即色界与无色界法;3. 无量法,即出世间法,所以称为“不可说所缘”(navattabbārammaṇa)。(《阿毗达磨义注》1-440)凡不能称为欲界法、色界或无色界的广大法、或出世间法的所缘,都只是概念所缘。
နဝတ္တဗ္ဗာရမ္မဏာတိ ဣဒံ ပန ဝစနံ ယထာဂဟိတာကာရဿ သညာဝိသယဿ နဝတ္တဗ္ဗတံ သန္ဓာယ နဝတ္တဗ္ဗံ အာရမ္မဏံ ဧတေသန္တိ နဝတ္တဗ္ဗာရမ္မဏာ၊ စိတ္တုပ္ပါဒါတိ အညပဒတ္ထသမာသံ ကတွာ အဋ္ဌကထာယံ ဝုတ္တံ။
“‘不可说所缘’这一说法,是针对想之境域以所取行相不能被如此分类称说而言。义注把它分析为多财释复合词:‘这些心生起以不可分类称说者为所缘,故为不可说所缘。’”
(မူလဋီ-၁-၁၉၁။)
(《根本复注》1-191)
ဆိုလိုရင်း ---- ရုပ်သည် ပထဝီစသော သဘောအားဖြင့် ထင်ရှားရှိ၏၊ အာရုံကို တွေ့ထိခြင်း ဖုသနစသော သဘောအားဖြင့်ကား ထင်ရှား မရှိ (ရုပ်တရားသည် အာရုံမယူတတ်သော အနာရမ္မဏတရား ဖြစ်သောကြောင့် တည်း)။ ဤသို့လျှင် ပရမတ်တရား တစ်မျိုးတည်းကိုပင် ''အဝိဇ္ဇမာန-ဝိဇ္ဇမာန'' = ''ထင်ရှား ရှိ၏၊ ထင်ရှား မရှိ'' ဟု အမည်နှစ်မျိုးဖြင့် ခေါ်ဆိုရသကဲ့သို့ အထက်၌ ဖော်ပြအပ်ခဲ့သော ကသိုဏ်းပညတ် အာနာပါနပဋိဘာဂ နိမိတ်စသော ပညတ်များသည်လည်း ပရမတ္ထအားဖြင့် ထင်ရှားမရှိသောကြောင့် အဝိဇ္ဇမာနလည်း ဟုတ်၏။
其意如下:色以地界等自性而言显然存在;但以触及所缘等作用而言,则并不存在,因为色法是不取所缘的无所缘法。由此,同一个究竟法也可从两个方面称为“အဝိဇ္ဇမာန-ဝိဇ္ဇမာန”(不存在—存在;不显现—显现)。同样,上述遍概念、入出息似相等概念法,就究竟意义并不存在,因而是“无有”。
သမ္မုတိသစ္စာဟူသော လောကအပြောအားဖြင့် ထင်ရှားရှိသောကြောင့် ဝိဇ္ဇမာနလည်း ဟုတ်၏။ ထိုကြောင့် ထိုပညတ်ကို ''နဝတ္တဗ္ဗအာရုံ''ဟု ခေါ်ဆို၍ ထိုပညတ်ကို အာရုံပြုသော စျာန်စိတ္တုပ္ပါဒ်ကို (= ဥပစာရသမာဓိ စျာန်နှင့်တကွ စျာန်စိတ်စေတသိက်တရားစုကို) ---- နဝတ္တဗ္ဗံ အာရမ္မဏံ ဧတေသန္တိ နဝတ္တဗ္ဗာရမ္မဏာ၊ ---- ဟု ဗဟုဗ္ဗီဟိသမာသ် ပြု၍ ''နဝတ္တဗ္ဗအာရုံရှိသော တရား''ဟု ခေါ်ဆိုရလေသည်။
但依世俗谛的世间言说,它们显然存在,因而也是“有”。所以把这种概念法称为“不可说所缘”,并把缘取这种概念法的禅那心生起——即包括近行定之禅在内的禅心与心所法聚——依多财释分析为“နဝတ္တဗ္ဗံ အာရမ္မဏံ ဧတေသန္တိ နဝတ္တဗ္ဗာရမ္မဏာ”(以不可称说者为其所缘,故为不可说所缘),称作“具有不可说所缘的法”。
ယင်း နဝတ္တဗ္ဗ အမည်ရသော အာရုံတို့သည် ပရမတ္ထအထည်ကိုယ်အားဖြင့် ထင်ရှားမရှိသော်လည်း လောကအပြော သမ္မုတိသစ္စာနယ်၌ ပြောဆိုကြကုန်သော အနက်သဘောတို့၏ ကသိုဏ်းနိမိတ်စသော စကား၏ တည်ရာဝတ္ထုမျှသာ ဖြစ်သောကြောင့် လောကအပြော စကားအသုံးအနှုန်းအားဖြင့်သာလျှင် ပညတ်ဟူ၍ ဆို အပ်၏။ မှန်ပေသည် ---- ထိုသမ္မုတိသစ္စာကို ဝိဇ္ဇမာနပညတ် အဝိဇ္ဇမာနပညတ်ဟူသော အပြားအားဖြင့် သိစေ ကြောင်း ပညတ်နှစ်မျိုးတွင် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အဝိဇ္ဇမာနပညတ်ဟု အဋ္ဌကထာ၌ ဖွင့်ဆိုလျက် ရှိ၏။
这些称为“不可说”的所缘,虽然没有究竟实体,却是世俗谛范围内“遍相”等言说之意义所依的基础,所以只依世间语言与惯用法称为概念法。确实,在令世俗谛得以被认识的“有概念”与“无概念”两类概念法中,义注把这一类解释为究竟意义中并不存在的“无概念”。
ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အဝိဇ္ဇမာနပညတ်ဖြစ်သော်လည်း ပရမတ္ထအားဖြင့် ထင်ရှားရှိသော (စက္ခုပသာဒစသော) ဝိဇ္ဇမာနပညတ်ကဲ့သို့ စွဲယူ၍ ဖြစ်ပေါ်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာသညာ၏ ''ကာမတရား'' စသည်တို့တွင် ''ဤမည်သော တရားသည် အာရုံတည်း''ဟု ဤသို့ ပြောဆိုခြင်းငှာ မတတ်ကောင်း ပေ။ ပကတိသော ဝင်သက်လေ ထွက်သက်လေတို့ကား စိတ္တဇသဒ္ဒနဝကကလာပ်ဟူသော စိတ္တဇရုပ်တို့၏ အပေါင်းအစုတည်း။ ယင်းရုပ်တရားတို့ကား ပရိတ္တ အမည်ရသော ကာမတရားတို့ပင်တည်း။ ယောဂါဝစရပုဂ္ဂိုလ် သည် ပရိတ္တတရား = ကာမတရားစသည်တို့ကိုပင် စိတ်ဖြင့် စွဲယူ၍ ဘာဝနာသညာသည် အစပိုင်းတွင် ဖြစ်ပေါ် လာသည် မှန်သော်လည်း ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်လာသောအခါ၌ကား ယင်းဘာဝနာသညာသည် ပဋိ
它虽是究竟意义中并不存在的无概念,禅修者的修习想却如同取究竟意义中确实存在的眼净色等“有概念”那样取它;然而,不能在欲界法等类别中说:“某一法是这个修习想的所缘。”自然的入息与出息,是称为心生声九法聚的心生色聚;这些色法正是称为“小”的欲界法。初始阶段,禅修者的修习想确实是以小法即欲界法等为所取而生;但是到了似相阶段,这个修习想只以似……
原书第 343 页
အာနာပါနဿတိသမာဓိပိုင်း ဘာဂနိမိတ်ကိုသာ အာရုံမူနေ၏၊ ပရိတ္တတရားစသည်တို့၌ မတည်တော့ပေ။ မူလက ပရိတ္တစသော တရားတို့ကို စွဲ၍ ဖြစ်လာပါသော်လည်း ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်လာသောအခါ ထိုသညာက ထိုပရိတ္တတရား စသည် အပေါ်၌ မတည်တော့ဘဲ ပဋိဘာဂနိမိတ်အာရုံပေါ်၌သာ တည်နေခြင်းကြောင့် သမ္ပယုတ်တရားစုနှင့် တကွ သော ထိုဘာဝနာသညာကို ပရိတ္တစသော တရားလျှင် အာရုံရှိ၏၊ ပရိတ္တစသော တရားကို အာရုံပြု၏ဟု မဆို ထိုက်သည်၏ အဖြစ်ကို ရည်ရွယ်တော်မူ၍ ယင်းဘာဝနာသညာကို သို့မဟုတ် အာနာပါနစတုတ္ထစျာန်စသည်ကို ''နဝတ္တဗ္ဗဓမ္မဟူသော ပညတ်''ကို အာရုံပြုသော တရားဟူ၍ အဋ္ဌကထာဆရာတော် ဖွင့်ဆိုတော်မူပေသည်။
……相为所缘,不再安住于小法等。虽然它最初缘取小法等而生,到了似相阶段,想便不再安住于那些小法等,而只安住于似相所缘。因此,不能说这种修习想及其相应法聚以小法等为所缘,或缘取小法等。正是针对这一点,义注师把这种修习想,或入出息第四禅等,解释为缘取“不可说法概念”的法。
(အကျယ်ကို မူလဋီ-၁-၁၉၁-၌ ကြည့်ပါ။)
(详见《根本复注》1-191。)
ပြည့်စုံရမည့် တရားသုံးပါး
应具足的三法
ဧတ္ထ စ အညမေဝ အဿာသာရမ္မဏံ စိတ္တံ၊ အညံ ပဿာသာရမ္မဏံ၊ အညံ နိမိတ္တာရမ္မဏံ။ ယဿ ဟိ ဣမေ တယော ဓမ္မာ နတ္ထိ၊ တဿ ကမ္မဋ္ဌာနံ နေဝ အပ္ပနံ န ဥပစာရံ ပါပုဏာတိ။ ယဿ ပန ဣမေ တယော ဓမ္မာ အတ္ထိ၊ တဿေဝ ကမ္မဋ္ဌာနံ ဥပစာရဉ္စ အပ္ပနဉ္စ ပါပုဏာတိ။ (ဝိသုဒ္ဓိ-၁-၂၇၇။) = ဤ အဿာသ၊ ပဿာသ၊ နိမိတ်ဟူသော သုံးပါးတို့တွင်လည်း ---- ၁။ အဿာသလျှင် အာရုံရှိသော ဘာဝနာစိတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း။
“在这里,以入息为所缘的心是一种,以出息为所缘的心是另一种,以禅相为所缘的心又是另一种。谁没有这三法,他的业处既不能达到安止,也不能达到近行;谁具备这三法,只有他的业处能够达到近行与安止。”(《清净道论》1-277)在入息、出息、禅相这三者中:1. 以入息为所缘的修习心,是单独的一种心。
၂။ ပဿာသလျှင် အာရုံရှိသော ဘာဝနာစိတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း။
2. 以出息为所缘的修习心,是单独的另一种心。
၃။ (ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း။
3. 以(取相或)似相为所缘的修习心,又是单独的另一种心。
အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အဿာသ၊ ပဿာသ၊ နိမိတ်ဟူကုန်သော ဤသုံးပါးကုန်သော တရားတို့သည် မရှိကုန်၊ ထိုပုဂ္ဂိုလ်၏ အာနာပါနကမ္မဋ္ဌာန်းသည် အပ္ပနာစျာန်သို့လည်း မရောက်ရှိနိုင်၊ ဥပစာရ စျာန် (= ဥပစာရသမာဓိ) သို့လည်း မရောက်ရှိနိုင်။ အလျော်အားဖြင့် ပြောဆိုရမူ -- အကြင် ယောဂါဝစရပုဂ္ဂိုလ် ၏ သန္တာန်၌ ဤသုံးပါးကုန်သော တရားတို့သည် ရှိကုန်၏၊ ထိုပုဂ္ဂိုလ်၏သာလျှင် အာနာပါနကမ္မဋ္ဌာန်းသည် အပ္ပနာစျာန် (= အပ္ပနာသမာဓိ) သို့လည်း ရောက်နိုင်၏၊ ဥပစာရစျာန် ဥပစာရသမာဓိသို့လည်း ရောက်ရှိနိုင်၏ ဟု မှတ်သားပါလေ။ (ဝိသုဒ္ဓိ-၁-၂၇၇။)
若一位禅修者的相续中没有入息、出息、禅相这三法,他的入出息业处既不能达到安止禅,也不能达到近行禅(近行定)。反过来说,若一位禅修者的相续中具备这三法,只有他的入出息业处能够达到安止禅(安止定),也能够达到近行禅、近行定。应当如此理解。(《清净道论》1-277)
ဒီဃဘာဏက မဇ္ဈိမဘာဏကတို့၏ ဆိုဆုံးမချက်
长部诵者与中部诵者的教诫
ဒီဃနိကာယ်ကို ဆောင်တော်မူကြကုန်သော ဒီဃဘာဏက မထေရ်မြတ်တို့ကား ဤသို့ မိန့်ဆိုတော်မူကြ ကုန်၏။ ဤဆိုအပ်ခဲ့ပြီးသော စကားအစဥ်အတိုင်း အလွန်ကြည်လင်တောက်ပသော ပဋိဘာဂနိမိတ်သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်လာလတ်သော် ထိုရဟန်းသည် ဆရာသမား၏ အထံသို့ သွား၍ ---- ''အရှင် ဘုရား …တပည့်တော်အား ဤမည်သော နိမိတ်သည် ထင်လာပါ၏'' - ဟု လျှောက်ထားအပ်၏။ ဆရာ သမားကလည်း ဤသို့သဘောရှိသော ထင်လာသော အာရုံသည် အာနာပါနနိမိတ်ဟုလည်းကောင်း၊ အာနာပါန နိမိတ်မဟုတ်ဟုလည်းကောင်း ဤသို့ မပြောဆိုသင့်ပေ၊ ''ငါ့ရှင် …အာနာပါနဘာဝနာကို ပွားများအားထုတ် သောသူအား ဤသို့သော အခြင်းအရာအားဖြင့် ထင်လာတတ်၏''ဟု ပြောဆို၍ အဖန်ဖန် အထပ်ထပ် နှလုံး သွင်းလေလော့ဟု ပြောဆိုရမည်။ မှန်ပေသည် -- အာနာပါနနိမိတ်ဟု ပြောဆိုလိုက်သော် အာနာပါနဘာဝနာ လုပ်ငန်းရပ်ကို အဆုံးသတ်ခြင်း ရပ်နားထားခြင်းသို့ ရောက်ရှိသွားတတ်၏၊ အာနာပါနဘာဝနာလုပ်ငန်းရပ်မှ
持诵《长部》的长部诵者诸大长老如此教导:依上述次第,当极其清澈明亮的似相在禅修者的智中显现时,比丘应到老师面前报告:“尊者,我出现了这样的禅相。”老师不应说这个显现的所缘是入出息禅相,也不应说它不是入出息禅相;应说:“贤友,修习入出息的人可能以这种方式出现禅相。”然后劝他反复作意。因为若说“这是入出息禅相”,禅修者可能把入出息修习工作当作已经完成而停下来,修习心也可能从入出息修习中……
ဘာဝနာစိတ်သည် တွန့်ဆုတ်ခြင်းသို့ ရောက်ရှိသွားတတ်၏။ အာနာပါနနိမိတ် မဟုတ်ဟု ပြောဆိုမိပြန်သော်
……退缩;若又说“这不是入出息禅相”,……
原书第 344 页
အာနာပါန ဘာဝနာလုပ်ငန်းရပ်၌ လိုလားတောင့်တမှု အာသာဆန္ဒဓာတ်များ ကင်းသွားတတ်သည်ဖြစ်၍ ပင် ပန်းခြင်းသို့ ရောက်ရှိသွားတတ်လေရာ၏။ ထိုကြောင့် နိမိတ် ဟုတ်၏ မဟုတ်၏ဟူသော နှစ်မျိုးလုံးကိုပင် မပြော ဆိုမူ၍ အာနာပါနကို နှလုံးသွင်းခြင်း၌သာလျှင် တိုက်တွန်းပေးပါ - ဟု မိန့်ဆိုတော်မူကြကုန်၏။
……他对入出息修习的希求与意欲便可能消失,因而疲惫灰心。因此,不要说禅相是或不是,只应劝他继续作意入出息——长部诵者如此教导。
သို့သော် မဇ္ဈိမနိကာယ်ကို ဆောင်တော်မူကြကုန်သော မဇ္ဈိမဘာဏကမထေရ်မြတ်တို့ကား ''ငါ့ရှင် … ဤသို့သဘောရှိသော ထင်ခြင်းသည် အာနာပါနနိမိတ် မည်၏၊ သူတော်ကောင်း …အာနာပါနကမ္မဋ္ဌာန်းကို အဖန်တလဲလဲ နှလုံးသွင်းလေလော့''ဟု ပြောဆိုပါဟု မိန့်ဆိုတော်မူကြကုန်၏။ (ဝိသုဒ္ဓိ-၁-၂၇၇။) ''ဣမာယ ပဋိပဒါယ ဇရာမရဏတော မုစ္စိဿာမီတိ ပဋိပန္နဿ နိမိတ္တ''န္တိ ဝုတ္တေ ကထံ သင်္ကောစာပတ္တိ၊ ဘိယျောသော မတ္တာယ ဥဿာဟမေဝ ကရေယျာတိ ---- ''နိမိတ္တမိဒံ။ ပ ။ ဝတ္တဗ္ဗော''တိ မဇ္ဈိမဘာဏကာ အာဟု။ (မဟာဋီ-၁-၃၃၆။) = အာနာပါနဿတိသမာဓိဘာဝနာကို ဦးတည်ထားသော ဤမွန်မြတ်သော ကျင့်ဝတ်ပဋိပတ်ဖြင့် အိုနာ သေရေး ဒုက္ခဘေးမှ မချွတ်ဧကန် လွတ်မြောက်ရပေလတ္တံ့ဟု နှလုံးပိုက်၍ အာနာပါနဿတိသမာဓိ ဘာဝနာ လုပ်ငန်းရပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် ဆရာသမားက ''အာနာပါနနိမိတ်ပါ''ဟု ပြောဆိုလိုက်ရုံမျှဖြင့် အဘယ်သို့လျှင် အာနာပါနဘာဝနာလုပ်ငန်းရပ်
然而,持诵《中部》的中部诵者诸大长老则教导说,老师应当告诉他:“贤友,这样的显现就叫入出息禅相。善人啊,应当反复作意入出息业处。”(“对于怀着‘我将以此行道解脱老死’而修行的人,即使告诉他‘这是禅相’,又怎会退缩?他只会更加精进。因此,中部诵者说,应当告诉他‘这是禅相……’。”(《大复注》1-336)也就是说,禅修者心想:“我依此以入出息念定修习为目标的殊胜行道,必定能从老、病、死的苦患中解脱。”当他如此勤修入出息念定时,老师仅仅说“这是入出息禅相”,他的修习心怎么会从入出息修习中……
မှ ဘာဝနာစိတ်သည် တွန့်ဆုတ်ခြင်းသို့ ရောက်ရှိသွားနိုင်ပါအံ့နည်း၊ တိုင်းထက်အလွန် တိုး၍ တိုး၍သာ အာနာ ပါနဘာဝနာကို ကြိုးစားအားထုတ်ခြင်း လုံ့လဥဿာဟကို ပြုလုပ်မည်သာလျှင် ဖြစ်ပေသည် ---- ဟု နှလုံး ပိုက်တော်မူကြကုန်၍ မဇ္ဈိမနိကာယ်ကို ဆောင်တော်မူကြကုန်သော မဇ္ဈိမဘာဏက မထေရ်မြတ်တို့က ''ငါ့ရှင် ဤသို့သော သဘောရှိသော ထင်ခြင်းသည် အာနာပါနနိမိတ် မည်၏၊ သူတော်ကောင်း …အာနာပါန ကမ္မဋ္ဌာန်းကို အဖန်တလဲလဲ နှလုံးသွင်းလေလော့ဟု ပြောဆိုပါ''ဟု မိန့်ဆိုတော်မူကြခြင်း ဖြစ်ပေသည်။
……退缩呢?他只会更加努力,付出越来越多的精进。因此,中部诵者诸大长老才教导说,应当告诉他:“贤友,这样的显现就叫入出息禅相。善人啊,应当反复作意入出息业处。”
(မဟာဋီ-၁-၃၃၆။)
(《大复注》1-336)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。