遍知范围的差别

应当建立定 · 原书第 226–227 页 · 14 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 226 页
ပရိညာနယ် ကွာဟချက်ရှိပုံ
遍知范围的差别
တစ်ဖန် အသေက္ခ ရဟန္တာအရှင်မြတ်တို့သည်လည်း သင်္ခါရတရားတို့အပေါ်၌ အစွဲသုံးမျိုး ပြုတ်၍ သိတော် မူကြ၏။ တထာဂတဘုရားရှင်တို့သည်လည်း သင်္ခါရတရားတို့အပေါ်၌ အစွဲသုံးမျိုး ပြုတ်၍ပင် သိတော်မူကြ၏။
再者,无学阿罗汉圣者认知诸行时,已经脱落三种执著;如来佛陀认知诸行时,也同样已经脱落三种执著。
ထိုသို့ သိတော်မူကြရာ၌ ပရိညာနယ်ချင်း ကွာဟချက်ရှိပုံကို အဋ္ဌကထာက ဤသို့ ရှင်းပြထား၏။
然而,他们如此认知时,遍知范围有所差别;义注作了如下解释。
ပရိညာတန္တံ နာမ ပရိညာတပါရံ ပရိညာတာဝသာနံ အနဝသေသတော ပရိညာတန္တိ ဝုတ္တံ ဟောတိ။
“所谓‘遍知至尽’,就是遍知至彼岸、遍知至终点、无余遍知。”
ဗုဒ္ဓါနဥှိ သာဝကေဟိ သဒ္ဓိံ ကိဉ္စာပိ တေန တေန မဂ္ဂေန ကိလေသပ္ပဟာနေ ဝိသေသော နတ္ထိ။ ပရိညာယ ပန အတ္ထိ။ သာဝကာ ဟိ စတုန္နံ ဓာတူနံ ဧကဒေသမေဝ သမ္မသိတွာ နိဗ္ဗာနံ ပါပုဏန္တိ၊ ဗုဒ္ဓါနံ ပန အဏုပမာဏမ္ပိ သင်္ခါရဂတံ ဉာဏေန အဒိဋ္ဌမတုလိတမတီရိတမသစ္ဆိကတံ နတ္ထိ။ (မ-ဋ္ဌ-၁-၅၄။) = တထာဂတဘုရားရှင်သည် သိသင့်သိထိုက်သော ပရိညေယျတရားစုကို ပရိညာတန္တ = ဆုံးအောင် ပိုင်းပိုင်း ခြားခြား သိတော်မူ၏ --- ဟူရာဝယ် ပရိညာတန္တ မည်သည်ကား သိသင့်သိထိုက်သော ပရိညေယျတရားစုကို ကမ်းတစ်ဘက်သို့ရောက်အောင် ပိုင်းပိုင်းခြားခြား သိတော်မူ၏၊ အဆုံးသို့တိုင်အောင် ပိုင်းပိုင်းခြားခြား သိတော်မူ၏၊ အကြွင်းအကျန် မရှိ ကုန်စင်အောင် ပိုင်းပိုင်းခြားခြား သိတော်မူ၏ဟု ဆိုလိုပေသည်။ မှန်ပေသည် --- ဘုရားရှင် တို့၏ ထိုထိုအရိယမဂ်ဖြင့် ကိလေသာကို ပယ်ခြင်း၌ သာဝကတို့နှင့် အတူသာ ဖြစ်၏၊ ထူးခြားမှုကား မရှိပေ။
“诸佛以各各圣道舍断烦恼时,虽说与诸声闻相比并无差别;但在遍知方面却有差别。诸声闻只思惟四界的一部分而到达涅槃;诸佛则连微尘般大小的行法也没有一项未经智见、未经衡量、未经审察、未经现证。”(《中部义注》1-54。)所谓“如来对诸应遍知法遍知至尽”,意思是:他对一切应遍知法,遍知至彼岸、遍知至终点,无余而彻底遍知。确实,诸佛以各各圣道舍断烦恼时,与诸声闻相同,并没有差别。
သို့သော် သိသင့်သိထိုက်သော ပရိညေယျတရားစုတို့ကို ပိုင်းပိုင်းခြားခြား သိရာ ပရိညာနယ်၌ကား ထူးခြားမှု ကွာဟမှု ရှိနေ၏။ ထင်ရှားစေအံ့ --- သာဝကတို့သည် ဓာတ်ကြီးလေးပါးတို့၏ တစ်စိတ်တစ်ဒေသမျှကိုသာလျှင် လက္ခဏာယာဥ်တင်ကာ ရှုပွား သုံးသပ်ကြ၍ နိဗ္ဗာန်သို့ ရောက်ရှိကြကုန်၏။ သို့သော် ဘုရားရှင်တို့ကား စကြဝဠာ ကုဋေတစ်သိန်းအတွင်း၌ တည်ရှိကြသော သင်္ခါရတရားဟူသမျှတို့တွင် ဝိပဿနာဉာဏ်တော်မြတ်ဖြင့် မမြင်လိုက် မိသော မချိန်ထိုးလိုက်မိသော လက္ခဏာယာဥ်သုံးချက် တင်ကာ မစူးစမ်း မဆင်ခြင် မဆုံးဖြတ်လိုက်မိသော မျက်မှောက် မပြုလိုက်မိသော ပရမာဏုမြူ ပမာဏခန့် သင်္ခါရတရားအပေါင်းသော်လည်း မရှိပေ။ (ဤကား အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းတည်း။) ဤအထက်ပါ အဋ္ဌကထာစကားရပ်ဝယ် --- သာဝကာ ဟိ စတုန္နံ ဓာတူနံ ဧကဒေသမေဝ သမ္မသိတွာ နိဗ္ဗာနံ ပါပုဏန္တိ = သာဝကတို့သည် ဓာတ်ကြီးလေးပါးတို့၏ တစ်စိတ်တစ်ဒေသမျှကိုသာလျှင် လက္ခဏာယာဥ်
然而,在清楚分别、遍知一切应遍知法时,诸佛与声闻的遍知范围确有差别。具体说来,声闻只把四大种的一部分置于三相之下,加以观照、思惟,便到达涅槃。诸佛则对于十万俱胝个世界系中一切诸行,连一项微尘大小的法也无不以殊胜观智亲见、衡量,无不置于三相之下而探究、思惟、决断并亲自现证。〔这就是上述义注的旨义。〕上述义注文句:“သာဝကာ ဟိ စတုန္နံ ဓာတူနံ ဧကဒေသမေဝ သမ္မသိတွာ နိဗ္ဗာနံ ပါပုဏန္တိ”=“诸声闻只把四大种的一部分置于三相之下——”
တင်ကာ ရှုပွားသုံးသပ်ကြ၍ နိဗ္ဗာန်သို့ ရောက်ရှိကြကုန်၏ --- ဟူသော စကားရပ်၌ ဧကဒေသ = တစ်စိတ်တစ်- ဒေသနှင့် ပတ်သက်၍ အယူအဆ လွဲမှားကြခြင်း ဖြစ်၏။
——加以观照、思惟而到达涅槃。”有些人正是误解了这句话中 ဧကဒေသ(ekadesa)=“一部分”的含义。
ထိုဧကဒေသကို ဓာတ်တစ်လုံးဟု ဘာသာပြန်၍ အဓိပ္ပါယ်အယူအဆ လွဲမှားခြင်း ဖြစ်သည်။ ပါဠိစာပေ၌ ဧက-သည် တစ်ခုကို ဟောသည်ကား မှန်၏။ သို့သော် ဧက-နောင်၌ ဒေသ-ဟူသော စကားတစ်လုံး တိုး၍ ဧကဒေသ-ဟု ဖြစ်လာသောအခါ တစ်ခုကို မဟောဘဲ တစ်ခုကိုသာ မဆိုလိုဘဲ ''တစ်စိတ်တစ်ဒေသ''ကိုသာ ဟော၏၊ ''တစ်စိတ်တစ်ဒေသကိုသာ'' ဆိုလို၏။ တစ်ခုနှင့် တစ်စိတ်တစ်ဒေသမှာ များစွာ အဓိပ္ပါယ် ကွာဟလျက် ရှိ၏။ သတိပြုပါလေ။ တစ်စိတ်တစ်ဒေသနှင့် တစ်ချို့တစ်ဝက် ဟူသည် အဓိပ္ပါယ် တူညီလျက်ပင် ရှိ၏။
他们把 ekadesa 译成“一个法”,因而误解了文义。在巴利语中,eka 的确表示“一”;但是,当 eka 后面又加上 desa,组成 ekadesa 时,它就不再表示“一个”,也绝不是“只有一个”,而只表示“一部分”、只意指“一部分”。“一个”与“一部分”的意义相差极大,务请留意。“一部分”与“若干、一些”意义相同。
ဥပမာ --- အုန်းသီး အလုံးတစ်ရာ စုပုံထားသည် ဆိုကြပါစို့။ ထိုအုန်းသီးပုံထဲမှ ---
譬如,假定有一百颗椰子堆在一起。现在从这堆椰子中——
原书第 227 页
သမာဓိထူထောင်သင့်ပုံပိုင်း ၁။ အုန်းသီးတစ်လုံးကို ယူခဲ့ပါဟူသော စကား ၂။ အုန်းသီးတစ်ချို့ကို ယူခဲ့ပါဟူသော စကား --- ဤစကားနှစ်မျိုးတို့ အဓိပ္ပါယ် မတူညီကြသလိုဟု မှတ်ပါ။
——1.“拿一颗椰子来。”2.“拿一些椰子来。”应当知道,这两句话的意义并不相同。
ဤ ဧကဒေသ = တစ်စိတ်တစ်ဒေသ၏ အဓိပ္ပါယ်ကို ကောက်ယူပုံနှင့် ပတ်သက်၍ အထက်တွင် ရှင်းလင်း တင်ပြထားခဲ့သော လက္ခဏာဟာရနေတ္တိနည်းကို မမေ့ပါနှင့်၊ သတိပြုထားပါ။ မူလပရိယာယသုတ် ပါဠိတော်တွင် ဓမ္မာဓိဋ္ဌာနပိုင်း၌ ဓာတ်ကြီးလေးပါးကိုသာလျှင် ဘုရားရှင်သည် သရုပ်ထုတ်၍ တိုက်ရိုက် ဟောကြားထားတော် မူ၏။ လက္ခဏာဟာရနေတ္တိနည်း အရ လက္ခဏာချင်း တူညီ၍ ဓာတ်ကြီးလေးပါး၌ သင်္ခါရတရား အားလုံးကို စုပေါင်း၍ ဘုရားရှင်ဟောကြားတော်မူခြင်း ဖြစ်၏။ ထိုပါဠိတော်ကို ဖွင့်ဆိုသော အဋ္ဌကထာကလည်း ထိုပါဠိတော် သွားပုံ ပါဠိတော်ဂတိသို့ လိုက်၍ - ''သာဝကတို့သည် ဓာတ်ကြီးလေးပါးတို့၏ တစ်စိတ်တစ်ဒေသ = တစ်ချို့ တစ်ဝက်ကိုသာလျှင် လက္ခဏာယာဥ်တင်ကာ ရှုပွားသုံးသပ်ကြ၍ နိဗ္ဗာန်သို့ ရောက်ရှိကြကုန်၏'' - ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ ထိုဖွင့်ဆိုချက်ကိုလည်း လက္ခဏာဟာရနေတ္တိနည်းနှင့် ညှိ၍ ---
关于如何理解 ဧကဒေသ(ekadesa)=“一部分”,请不要忘记上文已说明的特相导释法,务必留意。《根本法门经》的巴利经文在依法安立的部分,世尊只明确、直接宣说四大种;依特相导释法,因为特相相同,世尊在四大种中合摄一切诸行而说。解释这段巴利经文的义注,也顺着经文的行文脉络而解释:“诸声闻只把四大种的一部分=若干、一些置于三相之下,加以观照、思惟而到达涅槃。”对这段解释,也必须结合特相导释法而作如下理解——
၁။ ဓာတ်ကြီးလေးပါးတို့၏ တစ်စိတ်တစ်ဒေသကို၊ ၂။ ဓာတ်ကြီးလေးပါးနှင့် ဖောက်ပြန်တတ်သော ရုပ္ပနလက္ခဏာချင်း တူသော ဥပါဒါရုပ်တို့၏ တစ်စိတ် တစ်ဒေသကို၊ ၃။ ထို ရူပက္ခန္ဓာနှင့် ဝဓကလက္ခဏာ (= လူသတ်သမားလက္ခဏာ) ချင်း တူညီသော ကျန် နာမ်ခန္ဓာလေးပါး တို့၏ တစ်စိတ်တစ်ဒေသကို --- ဤသုံးမျိုးသော သင်္ခါရတရားတို့၏ တစ်စိတ်တစ်ဒေသကိုသာလျှင် လက္ခဏာယာဥ်တင်ကာ ရှုပွားသုံးသပ် ကြ၍ နိဗ္ဗာန်သို့ ရောက်ရှိကုန်၏ဟု ဤသို့ အဓိပ္ပါယ်ကို ကောက်ယူရမည် ဖြစ်သည်။ ဆိုလိုသည်မှာ ရုပ်-နာမ်- ကြောင်း-ကျိုး သင်္ခါရတရားတို့၏ တစ်စိတ်တစ်ဒေသ = တစ်ချို့တစ်ဝက်ကိုသာလျှင် လက္ခဏာယာဥ်တင်ကာ ရှုပွားသုံးသပ်ကြ၍ သာဝကတို့သည် နိဗ္ဗာန်သို့ ရောက်ရှိကြကုန်၏ - ဟူ၍သာ ဆိုလိုရင်း ဖြစ်သည်။
——1.四大种的一部分;2.与四大种同具会变坏之变坏相(ruppana-lakkhaṇa)的所造色的一部分;3.与色蕴同具杀手相(vadhaka-lakkhaṇa)的其余四名蕴的一部分。应当如此理解:诸声闻只把这三类诸行的一部分置于三相之下,加以观照、思惟而到达涅槃。也就是说,诸声闻只把色法、名法、因法、果法这些诸行的一部分=若干、一些置于三相之下,加以观照、思惟,便到达涅槃;这才是原意。
〔မှတ်ချက် --- ''ဘုရားရှင်တို့၏ ထိုထိုအရိယမဂ်တရားဖြင့် ကိလေသာကို ပယ်ခြင်း၌ သာဝကတို့နှင့် အတူသာ ဖြစ်၏၊ ထူးခြားမှုကား မရှိပေ'' --- ဟူသော စကားရပ်နှင့် ပတ်သက်၍ နားမရှုပ်ထွေးစေရန် ထပ်မံ၍ တင်ပြအပ်ပါသည်။ ဘုရားရှင်၏ အရိယမဂ်ဉာဏ်သည် ဝါသနာအငွေ့ဓာတ်နှင့် တကွ ကိလေသာတို့ကို ပယ်၏၊ သာဝကတို့၏ အရိယမဂ်ဉာဏ်သည်ကား ဝါသနာအငွေ့ဓာတ်ကို မပယ်နိုင်၊ ဤသို့ကား ထူးခြားမှု ရှိသည်သာ ဖြစ်၏၊ ထိုထူးခြားမှုကိုကား အဋ္ဌကထာက မပယ်မြစ်ပါ၊ အဋ္ဌကထာက ဆိုလိုသည်မှာ ဘုရားရှင်၏ သောတာ- ပတ္တိ မဂ်ဉာဏ်သည်လည်း သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်၏၊ သာဝကတို့၏ သောတာပတ္တိမဂ်ဉာဏ် သည်လည်း သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကိုပင် ပယ်၏၊ ဤသို့ စသည်ဖြင့် ထိုထိုအရိယမဂ်တရားက ဆိုင်ရာ ဆိုင်ရာ ထိုထိုကိလေသာကို ပယ်ခြင်း၌ ကိလေသာအမျိုးအစား အရေအတွက် ထူးခြားမှု မရှိသည်ကိုသာလျှင်
〔注:为了避免读者对“诸佛以各各圣道舍断烦恼时,与诸声闻相同,并无差别”这句话产生困惑,这里再作说明。佛陀的圣道智能连同烦恼的残余习气一起舍断;诸声闻的圣道智则不能舍断残余习气——在这方面确有差别,义注并未否定这种差别。义注的意思是:佛陀的预流道智舍断有身见与疑,诸声闻的预流道智也同样舍断有身见与疑;其余各道也依此类推。因此,各各圣道舍断相应烦恼时,就所断烦恼的种类与数量而言并无差别——
ရည်ရွယ်၍ အဋ္ဌကထာက ဖွင့်ဆိုနေခြင်း ဖြစ်သည်ဟု မှတ်ပါ။〕
——应当知道,义注正是基于这一点作出解释。〕

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。