威仪章与正知章(上)
色业处部分 · 原书第 735–763 页 · 220 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 735 页
ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း
威仪章与正知章
ဣရိယာပထ နှင့် သမ္ပဇည ရှုကွက်
威仪与正知的观法
ဤ ဣရိယာပထရှုကွက် သမ္ပဇည ရှုကွက်တို့ကား ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့ကို စနစ်တကျ ရှုပွား သိမ်းဆည်းပြီးပါမှသာလျှင် ပြည့်ပြည့်စုံစုံ သဘောပေါက် နားလည်မည် ဖြစ်ပေသည်။ ယခုအခါ၌ ရုပ်တရား တို့ကို ရှုပွားသိမ်းဆည်းတတ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အတွက် ရုပ်ပိုင်းဆိုင်ရာ ရှုကွက်ကိုပင် သဘော ပေါက်နိုင်ရုံ ရှုပွားသိမ်းဆည်းတတ်ရုံမျှကိုသာ ဖော်ပြအပ်ပါသည်။
这些威仪观法与正知观法,只有在对五蕴、色名法作了系统的观修与把握之后,才能得到完整的领会与理解。现在,对于已经能够观修、把握色法的瑜伽行者,只说明足以使其理解并能够观修、把握色法方面观法的内容。
ဣရိယာပထ ပါဠိတော်
威仪巴利经文
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဂစ္ဆန္တော ဝါ ''ဂစ္ဆာမီ''တိ ပဇာနာတိ၊ ဌိတော ဝါ ''ဌိတောမှီ''တိ ပဇာနာတိ၊ နိသိန္နော ဝါ ''နိသိန္နောမှီ''တိ ပဇာနာတိ၊ သယာနော ဝါ ''သယာနောမှီ''တိ ပဇာနာတိ၊ ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ။ (ဒီ-၂-၂၃၂။) = ရဟန်းတို့ …တစ်ဖန် ထို့ပြင်လည်း ယောဂါဝစရ ရဟန်းသည် သွားလျှင်လည်း ''သွား၏''ဟု သိ၏၊ ရပ်လျှင်လည်း ''ရပ်၏''ဟု သိ၏၊ ထိုင်လျှင်လည်း ''ထိုင်၏''ဟု သိ၏၊ လျောင်းလျှင်လည်း ''လျောင်း၏''ဟု သိ၏၊ အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုရဟန်း၏ ရုပ်အပေါင်းသည် တည်နေ၏၊ ထိုထို တည် မြဲတိုင်း ထားမြဲတိုင်းသော အခြင်းအရာအားဖြင့် ထိုရုပ်အပေါင်းကို သိ၏။ (ဒီ-၂-၂၃၂။) ဤ အထက်ပါ ပါဠိတော်၏ ဆိုလိုချက်များကို အဋ္ဌကထာ ဋီကာတို့က ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြထား၏။ ထိုတွင် အဋ္ဌကထာ၏ ရှင်းလင်းချက်နှင့် ပတ်သက်၍ ဋီကာဆရာတော်က ဤသို့ နိဒါန်း
‘诸比丘,复次,比丘行走时,了知:“我正在行走”;站立时,了知:“我正站立”;坐时,了知:“我正坐着”;卧时,了知:“我正躺卧”。他的色身无论以何种形态安置,他都依相应的形态了知该色身。’(《长部》2-232。)上述巴利经文的旨意,义注与复注作了完整而广泛的解释。关于义注的解释,复注师作了如下——
သွယ်ထား၏။
——引介。
ဂစ္ဆန္တောဝါတိအာဒိ ဂမနာဒိမတ္တဇာနနဿ ဂမနာဒိဂတဝိသေသဇာနနဿ စ သာဓာရဏဝစနံ။ တတ္ထ ဂမနာဒိမတ္တဇာနနံ ဣဓ နာဓိပ္ပေတံ၊ ဂမနာဒိဂတဝိသေသဇာနနံ ပန အဓိပ္ပေတန္တိ တံ ဝိဘဇိတွာ ဒဿေတုံ ''တတ္ထ ကာမ''န္တိအာဒိ ဝုတ္တံ။ (မ-ဋီ-၁-၃၅၁။) သွားလျှင်လည်း ''သွား၏''ဟု သိ၏ - အစရှိသော စကားတော်သည် ---- ၁။ သွားခြင်းမျှ ရပ်ခြင်းမျှ ထိုင်ခြင်းမျှ လျောင်းခြင်းမျှ ဟူသော သာမညမျှကို သိခြင်းနှင့် ဆက်ဆံသော စကားတော်လည်း ဖြစ်၏။
‘“行走时”等语,是共通于仅仅知道行走等,以及了知行走等中所含差别的说法。其中,此处所指并非仅仅知道行走等,而是了知行走等中所含的差别。为了分别显示这一点,遂说“其中,诚然……”等语。’(《中部复注》1-351。)“行走时,了知‘正在行走’”等经文,与下列两种了知都有关:1.只知道行、住、坐、卧这一普通表象的了知;
၂။ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း ဟူသော ထိုထို ဣရိယာပုထ်အခိုက်၌ ဖြစ်သော ရုပ်တို့၏ အထူးကို သိခြင်းနှင့် ဆက်ဆံသော စကားတော်လည်း ဖြစ်၏။
2.了知在行、住、坐、卧每一种威仪之际所生诸色法之差别的了知。
ထိုနှစ်မျိုးတို့တွင် သွားခြင်းမျှကို ရပ်ခြင်းမျှကို ထိုင်ခြင်းမျှကို လျောင်းခြင်းမျှကို သိခြင်းမျိုးကို ဤဣရိယာ ပထပိုင်း (သမ္ပဇဥ်ပိုင်း) ၌ အလိုမရှိအပ်၊ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း ဟူသော ထိုထို ဣရိယာပုထ် အခိုက်၌ ဖြစ်သော ရုပ်တို့၏အထူးကို သိမှုမျိုးကိုသာလျှင် ဤဣရိယာပုထ်ပိုင်း (သမ္ပဇဥ်ပိုင်း)၌ အလိုရှိအပ်၏- ဟု ထိုအလိုရှိအပ်သော သိမှုမျိုးကို ခွဲခြား ဝေဖန်၍ ပြခြင်းငှာ - တတ္ထ ကာမံ - စသော အောက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်သည် မိန့်ဆိုတော်မူပေသည်။ (မ-ဋီ-၁-၃၅၁။)
在这两种了知中,这一威仪部分〔正知部分〕所要求的,并不是只知道行、住、坐、卧;所要求的,唯是了知在行、住、坐、卧每一种威仪之际所生诸色法之差别。为了分别、辨明这种所要求的了知,义注师宣说了下文以“တတ္ထ ကာမံ”(其中,诚然)开头的一段。(《中部复注》1-351。)
原书第 736 页
အဋ္ဌကထာ၏ ရှင်းလင်းချက်
义注的解释
တတ္ထ ကာမံ သောဏသိင်္ဂါလာဒယောပိ ဂစ္ဆန္တာ ''ဂစ္ဆာမာ''တိ ဇာနန္တိ၊ န ပနေတံ ဧဝရူပံ ဇာနနံ သန္ဓာယ ဝုတ္တံ။ ဧဝရူပဥှိ ဇာနနံ သတ္တူပလဒ္ဓိံ န ပဇဟတိ၊ အတ္တသညံ န ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနံ ဝါ သတိပဋ္ဌာနဘာဝနာ ဝါ န ဟောတိ။ ဣမဿ ပန ဘိက္ခုနော ဇာနနံ သတ္တူပလဒ္ဓိံ ပဇဟတိ၊ အတ္တသညံ ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနဉ္စေဝ သတိပဋ္ဌာနဘာဝနာ စ ဟောတိ။ ဣဒဥှိ ''ကော ဂစ္ဆတိ၊ ကဿ ဂမနံ၊ ကိံ ကာရဏာ ဂစ္ဆတီ''တိ ဧဝံ သမ္ပဇာနနံ သန္ဓာယ ဝုတ္တံ။ ဌာနာဒီသုပိ ဧသေဝ နယော။ (ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၅-၂၅၆။) ထိုအထက်ပါ ဣရိယာပထ ဒေသနာတော်၌ ---- အိမ်ခွေး မြေခွေး အစရှိသော သတ္တဝါတို့သော်မှလည်း သွားကုန်လတ်သော် သွားကုန်စဥ် သွားနေတုန်းဝယ် ''ငါတို့ သွားကုန်၏''ဟု အကယ်၍ကား သိကြပေကုန်၏၊ ထိုသို့ သိကြပါကုန်သော်လည်း ဤသို့ သဘောရှိသော ဤအသိမျိုးကို (= သွားခြင်းမျှလောက်ကိုသာ သိသည့် အသိမျိုးကို) ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်သည်ကား မဟုတ်ပေ။ မှန်ပေသည်
‘在这里,即使狗、豺等动物行走时,也知道“我们正在行走”;但经文并非针对这种了知而说。因为,这样的了知不能舍弃有众生之见,不能拔除我想,既不成为业处,也不成为念处修习。这位比丘的了知则能舍弃有众生之见、拔除我想,既是业处,也是念处修习。这段经文是针对这样的正知而说:“谁在行走?这是谁的行走?为何行走?”对于站立等也应采用同一方法。’(《长部义注》2-357;《中部义注》1-255—256。)在上述威仪教说中,即使家犬、豺等动物在行走之际,也确实会知道“我们正在行走”;然而,世尊所说并不是这种只知道行走表象的了知。诚然——
ဤသို့သဘောရှိသော သွားခြင်းမျှလောက်ကိုသာ သိသည့် အသိမျိုးသည်ကား ---- ၁။ သတ္တဝါဟူသော အယူအဆကို မပယ်စွန့်နိုင်၊ ၂။ အတ္တဟူသော အမှတ်သညာကို မပယ်ခွာနိုင်၊ ၃။ သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းလည်း မဖြစ်၊ ၄။ သတိပဋ္ဌာနဘာဝနာလည်း မဖြစ်ပေ။
——这种只知道行走表象的了知:1.不能舍弃有众生之见;2.不能舍弃我想;3.既不是止业处,也不是观业处;4.也不是念处修习。
ဤယောဂါဝစရ ရဟန်းတော်၏ (သွားခိုက်၌ ဖြစ်ပေါ်နေသောရုပ်တို့၏ အထူးကို) သိခြင်းသည်ကား -- ၁။ သတ္တဝါဟူသော အယူအဆကို ပယ်စွန့်နိုင်၏၊ ၂။ အတ္တဟူသော အမှတ်သညာကို ပယ်ခွာနိုင်၏၊ ၃။ ကမ္မဋ္ဌာန်းလည်း ဖြစ်၏၊ ၄။ သတိပဋ္ဌာနဘာဝနာလည်း ဖြစ်၏။
这位瑜伽行比丘对行走时所生诸色法之差别的了知:1.能够舍弃有众生之见;2.能够舍弃我想;3.也是业处;4.也是念处修习。
ထင်ရှားစေအံ့ ---- ''သွားလျှင်လည်း 'သွား၏'ဟု သိ၏''- ဤသို့ အစရှိသော စကားတော်ကို ---- ၁။ အဘယ်သူသည် သွားသနည်း၊ ၂။ အဘယ်သူ၏ သွားခြင်းနည်း၊ ၃။ အဘယ်အကြောင်းကြောင့် သွားသနည်း၊ ---- ဤသို့ ကောင်းစွာ ကွဲကွဲပြားပြား သိခြင်းကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဟောကြားတော်မူအပ် ပေ၏။ ရပ်ခြင်း စသည်တို့၌လည်း နည်းတူ မှတ်ပါ။ (ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၅-၂၅၆။)
为使此义明显,世尊宣说“行走时,了知‘正在行走’”等经文,所针对的是这样的清楚辨知:1.谁在行走?2.这是谁的行走?3.为何行走?对于站立等也应以同样的方法理解。(《长部义注》2-357;《中部义注》1-255—256。)
သတ္တဝါဟူသော အယူအဆ
“有众生”之见
သတ္တူပလဒ္ဓိန္တိ သတ္တော အတ္ထီတိ ဥပလဒ္ဓိံ သတ္တဂ္ဂါဟံ န ဇဟတိ န ပရိစ္စဇတိ ''အဟံ ဂစ္ဆာမိ၊ မမ ဂမန''န္တိ ဂါဟသဗ္ဘာဝတော။ တတော ဧဝ အတ္တသညံ ''အတ္ထိ အတ္တာ ကာရကော ဝေဒကော''တိ ဧဝံ ပဝတ္တံ ဝိပရီတ- သညံ န ဥဂ္ဃါဋေတိ နာပနေတိ အပဋိပက္ခဘာဝတော၊ အနနုဗြူဟနတော ဝါ။ ဧဝံ ဘူတဿ စဿ ကုတော ကမ္မဋ္ဌာနာဒိဘာဝေါတိ အာဟ ''ကမ္မဋ္ဌာနံ ဝါ သတိပဋ္ဌာနဘာဝနာ ဝါ န ဟောတီ''တိ။ (မ-ဋီ-၁-၃၅၁-၃၅၂။)
‘所谓“有众生之见”,是指“众生存在”这一见解、这一对众生的执取。由于仍有“我在行走,这是我的行走”这样的执取,所以不能舍弃、不能放下这种执取。也正因此,不能拔除或排除“存在一个能作者、能受者的我”这样转起的颠倒想;因为这种了知既不与该想相对治,也不增长无我之智。既然如此,它又怎能成为业处等呢?所以说:“它既不是业处,也不是念处修习。”’(《中部复注》1-351—352。)
原书第 737 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း အိမ်ခွေး မြေခွေး စသော သတ္တဝါတို့၏ ''သွားလျှင် သွား၏''ဟု သွားခြင်းမျှလောက်ကိုသာ သိသည့် သာမန်အသိမျိုးသည်ကား - ''ငါသွား၏၊ ငါ၏ သွားခြင်းတည်း'' - ဟု ဤသို့ စွဲလမ်းခြင်း စွဲယူခြင်း၏ ထင်ရှား ရှိနေသည်၏ အဖြစ်ကြောင့် ''သတ္တဝါသည် ရှိ၏''ဟူသော အယူအဆကို သတ္တဝါဟု စွဲလမ်းခြင်း စွဲယူခြင်းကို မပယ်စွန့်နိုင်ပေ။
家犬、豺等动物在行走时,只知道“正在行走”这一表象的普通了知,因为其中显然存在“我在行走,这是我的行走”这样的执著与执取,所以不能舍弃“有众生存在”这一见解,不能舍弃对众生的执著与执取。
ထိုသို့ မပယ်စွန့်နိုင်သောကြောင့်ပင်လျှင် - ''ပြုလုပ်တတ်သော ခံစားတတ်သော အတ္တသည် ရှိ၏''ဟု ဤသို့ ဖြစ်ပေါ်လာသော မှားယွင်းဖောက်ပြန်သော အမှတ်သညာဟူသော အတ္တသညာကို မပယ်ခွာနိုင်၊ မပယ် စွန့်နိုင်။ ထိုသို့ သွားလျှင် သွား၏ဟု သာမန်သိသော အသိမျိုးသည်ကား ထိုအတ္တသညာနှင့် ထိပ်တိုက် ဆန့် ကျင်ဘက် မဖြစ်သောကြောင့်လည်းကောင်း၊ အနတ္တာနုပဿနာဉာဏ်ကို မတိုးပွားစေတတ်သောကြောင့် လည်းကောင်း အတ္တသညာကို မပယ်စွန့်နိုင်ပေ။
正因为不能舍弃这种见解,也就不能排除、不能舍弃那种以“存在一个能作者、能受者的我”而转起、名为我想的错误颠倒认知。只知道“行走时正在行走”这一普通表象的了知,既不与我想正面相对治,也不能增长无我随观智,所以不能舍弃我想。
ဤသို့ အတ္တသညာကို မပယ်စွန့်နိုင်သော သွားလျှင် သွား၏ဟု သာမန်အသိမျိုး ဖြစ်ပေါ်နေသော ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အဘယ်မှာလျှင် ကမ္မဋ္ဌာန်းစသည် ဖြစ်နိုင်ပါအံ့နည်း၊ ထိုကြောင့် ''ကမ္မဋ္ဌာန်း လည်း မဖြစ်၊ သတိပဋ္ဌာန်ကို ပွားများအားထုတ်ခြင်းဟူသော သတိပဋ္ဌာနဘာဝနာလည်း မဖြစ်''ဟု အဋ္ဌကထာ ဆရာတော် ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မ-ဋီ-၁-၃၅၁-၃၅၂။) ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်အရ သွားလျှင် သွား၏ဟု၊ ရပ်လျှင် ရပ်၏ဟု၊ ထိုင်လျှင် ထိုင်၏ဟု၊ လျောင်းလျှင် လျောင်း၏ဟု သွားခြင်းမျှ ရပ်ခြင်းမျှ ထိုင်ခြင်းမျှ လျောင်းခြင်းမျှလောက်ကိုသာ သိနေ သည့် သာမည အသိမျိုးကား ကမ္မဋ္ဌာန်းလည်း မဟုတ်၊ သတိပဋ္ဌာန်ကို ပွားများနေသည့် သတိပဋ္ဌာနဘာဝနာ လည်း မဟုတ်သည်ကိုကား အထူးဂရုပြု၍ မှတ်သားသင့်ပေသည်။ သပိတ်ကွဲ ကိုယ်ကျေ မဖြစ်ဖို့ရန် သတိပေး နေသော စကားများပင် ဖြစ်ကြ၏။
对这样一位心相续中只有“行走时正在行走”这一普通了知、不能舍弃我想的瑜伽行者,业处等又从何而有呢?所以义注师解释说:“它既不是业处,也不是对念处加以培育用功的念处修习。”(《中部复注》1-351—352。)依上述义注与复注的解释,应当特别留意并牢记:仅仅知道行、住、坐、卧,仅仅知道“行走时正在行走、站立时正在站立、坐时正在坐、卧时正在卧”,这种普通了知既不是业处,也不是修习念处的念处修习。这些话正是在警示行者,不要落到“钵破身损”的地步。
အလျော်အားဖြင့်ဆိုရမူ သွားခြင်းစသော ထိုထို ဣရိယာပုထ်အခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရားတို့၏ အထူးအပြားကို ကွဲကွဲပြားပြား သိနေသော ဤယောဂါဝစရ ရဟန်းတော်၏ သိမှုသည်ကား သတ္တဝါရှိ၏ဟူသော အယူအဆကိုလည်း ပယ်စွန့်နိုင်၏၊ အတ္တသညာကိုလည်း ပယ်ခွာနိုင်၏၊ ကမ္မဋ္ဌာန်းလည်းဖြစ်၏၊ သတိပဋ္ဌာန်ကို ပွားနေသည့် သတိပဋ္ဌာနဘာဝနာလည်း ဖြစ်၏။ ထိုအသိမျိုးကို အဋ္ဌကထာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်း တင်ပြထား၏။
相应地说,这位瑜伽行比丘清楚分别、了知在行走等各威仪之际所生诸色法的差别;他的这种了知能够舍弃有众生之见,也能舍弃我想;既是业处,也是修习念处的念处修习。义注师对此种了知作了如下解释。
တတ္ထ ကော ဂစ္ဆတီတိ န ကောစိ သတ္တော ဝါ ပုဂ္ဂလော ဝါ ဂစ္ဆတိ။ ကဿ ဂမနန္တိ န ကဿစိ သတ္တဿ ဝါ ပုဂ္ဂလဿ ဝါ ဂမနံ။ ကိံ ကာရဏာ ဂစ္ဆတီတိ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန ဂစ္ဆတိ။ တသ္မာ ဧသ ဧဝံ ပဇာနာတိ ''ဂစ္ဆာမီ''တိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတု- ဝိပ္ဖါရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ။ ဌာနာဒီသုပိ ဧသေဝ နယော။
‘在这里,所谓“谁在行走?”——并没有任何众生或人在行走。所谓“这是谁的行走?”——它不是任何众生或人的行走。所谓“为何行走?”——因心的作用所生风界之活动而行走。因此,他如此了知:“我要行走”之心生起;该心令风界生起,风界令身表色生起;因心的作用所生风界之活动,全身向前运送,这就称为行走。对于站立等也应采用同一方法。’
(ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆။)
缅文出处原文:“(ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆။)”(《长部义注》2-357;《中部义注》1-256。)
၁။ အဘယ်သူသည် သွားသနည်း ဟူမူကား - တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်း၊ ပုဂ္ဂိုလ် သည်လည်းကောင်း သွားသည် မဟုတ်။
1.所谓“谁在行走?”——并不是任何众生或人在行走。
အဘယ်သူသည် သွားသနည်းဟူသော ဤမေးခွန်းကား ---- သွားခြင်းကိရိယာကို (= သွားမှုကို) ပြုလုပ် တတ် ပြီးစီးစေတတ်သော ကတ္တုသာဓနကိုလည်းကောင်း၊ သွားခြင်းကိရိယာကိုလည်းကောင်း (= သွားမှုကို လည်းကောင်း) - အသီးအသီး မခွဲခြားအပ်သည်ကို ပြု၍ သွားခြင်းကြိယာ၏ ပြီးစီးအောင် ပြုလုပ်တတ်သူ (ကတ္တား)ကို မေးကြောင်း ဖြစ်သော ပုစ္ဆာတည်း။ ထိုအမေး ပုစ္ဆာသည်ကား သွားမှုကို ပြုလုပ်တတ်သော ကတ္တား
“谁在行走?”这一问,并不分别能够作成行走动作的施事者与行走动作本身,而是把两者合在一起,询问完成行走动作的施事者。这一问的含义,是排除被特指为行走动作施事者的——
原书第 738 页
အဖြစ်ဖြင့် အထူးပြုအပ်သော အတ္တကို ပယ်ရှားခြင်း အနက် ရှိ၏။ အဘယ်ကြောင့်နည်းဟူမူ ရုပ်ဓမ္မ နာမ်ဓမ္မ ဟူသော ဓမ္မသဘာဝတရား သက်သက်မျှ၏သာလျှင် သွားခြင်း ကိရိယာကို ပြီးစီးစေကြောင်းကို ဉာဏ်ဖြင့် တွေ့မြင်ရသောကြောင့် ဖြစ်၏။ (မ-ဋီ-၁-၃၅၂။) သာသနာပ အယူအဆ ရှိသူတို့ကား ''အတ္တသည် (= အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်သည်) သွားခြင်းစသော ထိုထိုကိရိယာကို ပြုလုပ်တတ်၏၊ ထိုထို အာရုံကို ခံစားတတ်၏'' - ဤသို့ စသည်ဖြင့် စွဲလမ်းယုံကြည်ကြ၏။ ဗုဒ္ဓအဘိဓမ္မာ၌ကား ပရမတ္ထသစ္စာသဘောအားဖြင့် သတ္တဝါ အသီးအသီးတို့ သန္တာန်ဝယ် ရှေးနှင့်နောက် အစဥ်မပြတ် ဆက်စပ်လျက် ဖြစ်ပေါ်နေသော ရုပ်တရား အစုအပုံနှင့် နာမ်တရား အစုအပုံသာ ရှိ၏။ (၃၁)ဘုံ အတွင်း၌ ---- ၁။ အသညသတ်ဘုံဝယ် ရုပ်သက်သက်သာ တည်ရှိ၏၊ ၂။ အရူပဘုံဝယ် နာမ်သက်သက်သာ တည်ရှိ၏၊ ၃။ ခန္ဓာ (၅)ပါးရှိသော ပဉ္စဝေါကာရ (၂၆)ဘုံဝယ် ရုပ်-နာမ် နှစ်ပါးသာ တည်ရှိ၏။
——“我”。为什么呢?因为以智看见:完成行走动作的,只是名为色法、名法的法之自性。(《中部复注》1-352。)持外道见者则执著相信:“我〔生命实体、灵魂实体、识实体、自我实体〕能够作行走等种种动作,也能感受种种所缘。”然而在佛陀的阿毗达磨中,依胜义谛而言,每一个众生的相续中,只有前后不断相接而生的色法群与名法群。在三十一界中:1.无想有情界只有色法;2.无色界只有名法;3.在具有五蕴的二十六界(即五蕴有)中,只有色、名二法。
ထိုရုပ်နာမ်က လွဲ၍ အတ္တ ဟူသည် မရှိ၊ တစ်ဘဝပြီး တစ်ဘဝ ပြောင်းရွှေ့နေသည့် အကျိတ်အခဲ အခိုင် အမာ အနှစ်သာရအားဖြင့် တည်နေသည့် မပျက်စီးတတ်သော အတ္တသည် မရှိ။ သေလျှင် ပြတ်သွားသည့် အတ္တသည်လည်း မရှိ။ ရုပ်နာမ် အစုအပုံမျှသာ ရှိ၏။ သို့အတွက် သွားသည့်အခိုက်၌လည်း သွားသော အခြင်း အရာအားဖြင့် ဖြစ်နေသည့် ရုပ်ဓမ္မ နာမ်ဓမ္မ အစုအပုံမျှသာ ရှိ၏။ သွားမှုကို ပြီးစီးစေတတ်သော ပုဂ္ဂိုလ် သတ္တဝါ ကား မရှိ၊ အတ္တကား မရှိ။ ထိုသို့ မရှိခြင်းကြောင့် အဘယ်သူသည် သွားပါသနည်းဟူသော မေးခွန်းကို အဋ္ဌ ကထာဆရာတော်က - ''တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်း၊ ပုဂ္ဂိုလ်သည်လည်းကောင်း သွားသည် မဟုတ်ပါ''ဟု ဖြေဆိုတော်မူခြင်း ဖြစ်ပေသည်။ သွားခြင်း ကိရိယာကို ပြီးစီးစေတတ်သော တရားကား ရုပ်ဓမ္မ နာမ်ဓမ္မ အစုအပုံမျှသာ ဖြစ်သည်။ ရုပ်ဓမ္မ နာမ်ဓမ္မ၏သာလျှင် သွားခြင်း ကိရိယာကို ပြီးစီးစေတတ်-
除这些色名之外,并没有所谓的我;没有一个从一生迁移到另一生、以坚固凝块与核心而存在、不会毁坏的我,也没有一个死后断灭的我。只有色名诸法之聚。因此,在行走之际,也只有以行走形态生起的色法、名法之聚;没有一个完成行走动作的人或众生,也没有我。正因如此,对于“谁在行走?”这个问题,义注师回答:“并没有任何众生或人在行走。”能够完成行走动作的法,只是色法与名法之聚。由于只有色法、名法能够完成行走动作——
သောကြောင့်လည်းကောင်း၊ ထိုရုပ်ဓမ္မ နာမ်ဓမ္မမှ အလွတ်ဖြစ်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တ၏လည်း ထင်ရှား မရှိခြင်းကြောင့်လည်းကောင်း - တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်း၊ ပုဂ္ဂိုလ်သည်လည်းကောင်း၊ အတ္တသည်လည်းကောင်း မသွားပါဟု ဆိုလိုသည်။ (မ-ဋီ-၁-၃၅၂။) ၂။ အဘယ်သူ၏ သွားခြင်းနည်းဟူသည်ကား - တစ်စုံတစ်ယောက်သော သတ္တဝါ၏လည်းကောင်း ပုဂ္ဂိုလ်၏ လည်းကောင်း သွားခြင်းသည် မဟုတ်ပါ။
——又由于在这些色法、名法之外,任何人、众生或我都不显然存在,所以原意是:没有任何众生、人或我在行走。(《中部复注》1-352。)2.所谓“这是谁的行走?”——它不是任何众生或人的行走。
အဘယ်သူ၏ သွားခြင်းနည်းဟူသော ဤမေးခွန်းကား အထက်တွင် ဖော်ပြထားသော အနက်အဓိပ္ပါယ် ကိုပင် ပရိယာယ် တစ်မျိုးအားဖြင့် ပြောဆိုခြင်းပင်တည်း။ သွားခြင်း ကိရိယာကို ပြုလုပ်တတ် ပြီးစီးစေတတ် သော ကတ္တုသာဓနကိုလည်းကောင်း၊ သွားခြင်း ကိရိယာကိုလည်းကောင်း အသီးအသီး ခွဲခြားအပ်သည်ကို ပြု၍ ပြောဆို၏၊ သွားခြင်း ကိရိယာ၏ သွားတတ်သော ကတ္တားနှင့် ဆက်စပ်ခြင်း မရှိသည်၏အဖြစ်ကို ယင်းမေးခွန်းက ထင်ရှား ဖော်ပြခြင်းကြောင့် ဖြစ်၏။ မှန်ပေသည် ---- ၁။ ကော ဂစ္ဆတိ = အဘယ်သူ သွားသနည်း၊ ၂။ ကဿ ဂမနံ = အဘယ်သူ၏ သွားခြင်းနည်း ---- ဤ မေးခွန်း နှစ်ရပ်၌ ပါဝင်သော ကိံ = အဘယ်သူဟူသော စကားသည် ဆန့်ကျင်ဘက် = ပဋိပက္ခ အနက်ကို အတွင်း၌ ဆောင်အပ်သည်ကို ပြု၍ ဖြစ်ပေါ်လာ၏။ သို့အတွက် - ကော ဂစ္ဆတိ = အဘယ်သူသည် သွားသနည်း ဟူရာ၌ အဘယ်သူမှ မသွားဟု ဆိုလိုသည်။ ကဿ ဂမနံ = အဘယ်သူ၏ သွားခြင်းနည်းဟူရာ၌
“这是谁的行走?”这一问,只是以另一种表述方式说明上文的同一义。它把能够作成行走动作的施事者与行走动作本身分别开来而说,以显示行走动作并不与某个行走的施事者相联系。确实,在1.‘ကော ဂစ္ဆတိ’=谁在行走?2.‘ကဿ ဂမနံ’=这是谁的行走?这两个问题中,表示“谁”的疑问词‘ကိံ’,内含相反、否定之义。因此,‘ကော ဂစ္ဆတိ’=谁在行走?原意是没有任何人在行走;‘ကဿ ဂမနံ’=这是谁的行走?原意是——
原书第 739 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း ဘယ်သူ၏ သွားခြင်းမှ မဟုတ်ဟု ဆိုလိုပေသည်။ (မ-ဋီ-၁-၃၅၂။) ၃။ ကိံ ကာရဏာတိ ပန ပဋိက္ခိတ္တကတ္တုကာယ ဂမနကိရိယာယ အဝိပရီတကာရဏပုစ္ဆာ ''ဂမနန္တိ အတ္တာ မနသာ သံယုဇ္ဇတိ၊ မနော ဣန္ဒြိယေဟိ ၊ ဣန္ဒြိယာနိ အတ္တေဟီ''တိ ဧဝမာဒိဂမနကာရဏပဋိက္ခေပနတော။
——它不是任何人的行走。(《中部复‘3.至于“为何行走?”这一问,是在行走动作的施事者已被否定之后,追问该动作不颠倒的真实原因;这是为了否定“所谓行走,是我与心相结合,心与诸根相结合,诸根与我相结合”等行走原因之说。’
တေနာဟ ''တတ္ထာ''တိအာဒိ။ (မ-ဋီ-၁-၃၅၂။) ၃။ အဘယ်အကြောင်းကြောင့် သွားသနည်း? ---- အထက်ပါ မေးခွန်း နှစ်ရပ်တို့၌ သွားခြင်း ကြိယာကို ပြုလုပ်တတ် ပြီးစီးစေတတ်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တဟူသော ကတ္တား မရှိကြောင်း ပယ်ထားပြီး ဖြစ်၏။
‘因此,遂说“在这里……”等语。’(《中部复注》1-352。)3.为何行走?——在前两个问题中,已经排除了能够完成行走动作、名为人、众生、我的施事者。
သို့အတွက် ဤမေးခွန်းကား ယင်းသို့ ပယ်အပ်ပြီးသော ကတ္တားရှိသော ကိရိယာ၏ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းစစ် ဖြစ်သော ပရမတ္ထသစ္စာနယ်မှ မဖောက်မပြန် မှန်ကန်သော အကြောင်းတရားကို မေးမြန်း ကြောင်းဖြစ်သော အမေးပုစ္ဆာတည်း။
因此,这个问题所询问的,是在施事者已被如此排除以后,令该动作生起的真实原因,也就是胜义谛领域中不颠倒、真实的因法。
သာသနာပအယူအဆရှိသူ အချို့တို့ကား သွားမှုနှင့် ပတ်သက်၍ ဤသို့ ယူဆကြ၏ - ''သွားခြင်းဟူသည် အတ္တကို စိတ်ဖြင့် ယှဥ်စပ်ပေးရ၏၊ စိတ်ကို ဣန္ဒြေတို့ဖြင့် ယှဥ်စပ်ပေးရ၏၊ ဣန္ဒြေတို့ကို အတ္တတို့ဖြင့် ယှဥ်စပ် ပေးရ၏'' - ဤသို့ ယူဆကြ၏။ ထိုအယူအဆကား မှားယွင်းဖောက်ပြန် မမှန်ကန်သော မိစ္ဆာအယူအဆသာ ဖြစ်၏။ အဘယ်အကြောင်းကြောင့် သွားပါသနည်းဟူသော ဤမေးခွန်းကား ယင်းသို့သော မှားယွင်းသော အယူ အဆ အစရှိသော မိစ္ဆာအကြောင်းမှ လွတ်သော ---- ၁။ လျော်သော ပစ္စယအကြောင်း = အားပေးထောက်ပံ့တတ်သော အကြောင်း၊ ၂။ လျော်သော ဟေတုအကြောင်း = ဖြစ်စေတတ်သော ဇနကအကြောင်း ---- ဟူသော အကြောင်းတရား ထင်ရှားရှိသော ပရမတ္ထဓမ္မမှန်တို့၏ ဖြစ်ပုံအခြင်းအရာထူးသည် သွားခြင်း မည်၏ဟု ဖော်ပြသော မေးခွန်းတည်း။ ထိုကြောင့် အဋ္ဌကထာဆရာတော်သည် ---- တတ္ထ ကော ဂစ္ဆတိ - အစ ရှိသော အထက်တွင် ဖော်ပြထားသော စကားရပ်များကို မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။
一些持外道见者对于行走这样主张:“所谓行走,是心与我相结合、诸根与心相结合、我与诸根相结合。”这种主张只是错误、颠倒而不真实的邪见。“为何行走?”这一问所显示的是:远离这种错误见解等邪因,并有1.适当的缘因,即能给予支持的原因;2.适当的因,即能令其生起的能生因——具足这些原因的真实胜义法,以其特殊方式生起,便名为行走。因此,义注师才宣说了上文以‘တတ္ထ ကော ဂစ္ဆတိ’开头的一段。
တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း၊ အတ္တသည်လည်းကောင်း မသွားခဲ့သော် တစ်စုံ တစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ၏လည်းကောင်း၊ အတ္တ၏လည်းကောင်း သွားခြင်း မဟုတ်ခဲ့သော် အဘယ် အကြောင်းကြောင့် သွားပါသနည်းဟူမူ - အဖြေကား ဤသို့ ဖြစ်၏။ စိတ်သည် ပြုလုပ်အပ်သော စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်လှုပ်ရှားခြင်းကြောင့် = တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခြင်းကြောင့် သွား၏ ဟူပေ။
既然没有任何人、众生或我在行走,也不是任何人、众生或我的行走,那么为何行走呢?答案如下:由于心作、由心所生的风界发生运动,也就是遍及全身而扩展,所以称为行走。
ထိုကြောင့် ယောဂါဝစရ ရဟန်းတော်သည် ဤသို့ သိ၏။
因此,瑜伽行比丘如此了知:
သွားအံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုသွားလိုမှု၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏။ ဤအရာ၌ ဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းပြထား၏။
“我要行走”的心生起;由欲行之力而生起的这一心,令风界生起。关于这一点,复注师作了如下解释。
ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ၊ အဓိကတာ စေတ္ထ သာမတ္ထိယတော၊ န ပမာဏတော။ ဂမနစိတ္တသမုဋ္ဌိတံ သဟဇာတရူပကာယဿ ထမ္ဘနသန္ဓာရဏစလနာနံ ပစ္စယဘူတေန အာကာရ- ဝိသေသေန ပဝတ္တမာနံ ဝါယောဓာတုံ သန္ဓာယာဟ ''ဝါယော ဝိညတ္တိံ ဇနေတီ''တိ။
‘所谓“令风生起”,是指令风界偏胜的色聚生起。这里所谓偏胜,是就能力而言,并非就数量而言。行走心所生的风界,以一种特殊方式转起,成为支撑、维持和移动俱生色身的缘;正是指这样的风界,才说“风令身表生起”。’
အဓိပ္ပါယသဟဘာဝီ ဟိ ဝိကာရော ဝိညတ္တိ၊ ယထာဝုတ္တအဓိကဘာဝေနေဝ စ ဝါယောဂဟဏံ၊ န ဝါယောဓာတုယာ ဧဝ ဇနကဘာဝတော၊ အညထာ ဝိညတ္တိယာ ဥပါဒါယရူပဘာဝေါ ဒုရုပပါဒေါ သိယာ။
‘身表,正是与意图同时存在的一种变异。这里取说风界,只是因为它以上述方式偏胜,并不是因为唯有风界才是能生因;否则,便难以成立身表是所造色。’
(မ-ဋီ-၁-၃၅၂။)
缅文出处原文:“(မ-ဋီ-၁-၃၅၂။)”(《中部复注》1-352。)
原书第 740 页
ထိုသွားလိုသော စိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏ဟု ဆိုသော်လည်း ဝါယောဓာတ် တစ်ခုတည်း ကိုသာ ဖြစ်စေသည် မဟုတ်၊ ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ကိုသာ ဖြစ်စေ၏။ ဤအရာ၌ လွန်ကဲမှုဟူသည် ဝါယောဓာတ်၏ ပရမတ္ထဓမ္မသဘာဝသတ္တိ စွမ်းအင် လွန်ကဲမှု သာတည်း၊ အတိုင်းအတာပမာဏ ရာခိုင်နှုန်း အချိုးအစားအားဖြင့် လွန်ကဲမှုမျိုးကား မဟုတ်ပေ။ သွားလိုသော စိတ်ကြောင့် ဖြစ်ပေါ်လာသော၊ အတူဖြစ်နေသော (တစ်ချိန်အတွင်း ပြိုင်တူ ဖြစ်နေကြသော) သဟဇာတ ရူပ ကာယ = ရုပ်တရားအပေါင်းကို ထောက်ပံ့ထားခြင်း ဆောင်ထားခြင်း၊ သဟဇာတ ရူပကာယ = ရုပ်တရား အပေါင်း၏ လှုပ်ရှားခြင်းတို့၏ အကြောင်းတရားဖြစ်၍ ဖြစ်သော အခြင်းအရာအထူးဖြင့် ဖြစ်ပေါ်လာသော ထောက်ကန်အား တွန်းကန်အား အပြည့်အဝ ရှိနေသော ဝါယောဓာတ်ကို ရည်ရွယ်တော်မူ၍ - ဝါယော ဝိညတ္တိ ဇနေတိ = ဝါယောဓာတ်က ဝိညတ်ရုပ်ကို ဖြစ်စေ၏ - ဟု ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ (မ-ဋီ-၁-၃၅၂။)
虽说欲行之心令风界生起,却不是只令风界单独生起,而是令一组风界自性力偏胜的色聚生起。这里所谓偏胜,只是风界这一胜义法的自性力偏胜,并不是在数量、比例或百分比上偏多。欲行之心所生的风界,以一种特殊方式转起:它对于与该风界俱生〔在同一时刻共同生起〕的色身——即一切色法——成为支撑、维持以及令其运动的缘,并具足支撑力与推动力。义注正是针对这种风界而解释说:‘ဝါယော ဝိညတ္တိ ဇနေတိ’=风界令身表色生起。(《中部复注》1-352。)
ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုတော်မူချက်အရ သွားလိုသော စိတ်ကြောင့် ဝါယောဓာတ် ၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်းသည် ဖြစ်ပေါ်လာ၏၊ ထိုရုပ်ကလာပ်တို့တွင် ပါဝင်သော ထောက်ကန်အား တွန်းကန်အားဟူသော သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်က ကာယဝိညတ်ရုပ်ကို ဖြစ်စေ၏ဟု မှတ်ပါ။ ဤအရာဝယ် ---- ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ (မ-ဋီ-၁-၃၅၂။) ---- သွားလိုသော စိတ်သည် ဝါယောဓာတ် တစ်ခုတည်းကိုသာ ဖြစ်စေသည် မဟုတ်၊ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်းကိုသာ ဖြစ်စေ၏ဟု ဆိုလိုကြောင်း ဖွင့်ဆိုသော ဋီကာဆရာတော်၏ စကားကို နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်ယောဂီ သူတော် ကောင်းသည် ရိုသေစွာ အထူးမှတ်သားလေရာသည်။
依上述义注、复注的解释,应当知道:由于欲行之心,一组风界自性力偏胜的色聚生起;色聚中所含、支撑力与推动力这一自性力偏胜的风界,令身表色生起。在这里,复注师解释:‘ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ (မ-ဋီ-၁-၃၅၂။)’——所谓欲行之心令风界生起,不是只令风界单独生起,而是令风界自性力偏胜的一组色聚生起。渴求涅槃的瑜伽善人,应当恭敬而特别牢记这句话。
သွားလိုသော သတ္တဝါ၏ အတွင်းသဘော အလိုဆန္ဒနှင့် အတူတကွ ဖြစ်ပေါ်လာသော ကိုယ်အမူအရာ အထူးသည် ကာယဝိညတ် မည်၏။ ကာယဝိညတ်၏ အကြောင်းတရားကို ဖွင့်ဆိုရာ၌ အတူဖြစ်သော သဟ ဇာတ ရုပ်တရားအပေါင်းကို ခိုင်ခံ့အောင် ထောက်ပံ့ထားခြင်း ဆောင်ထားနိုင်ခြင်း စွမ်းအား အပြည့်ရှိသော ထောက်ကန်သည့် ဝါယောဓာတ်၊ အတူဖြစ်သော သဟဇာတရုပ်တရားအပေါင်းကို လှုပ်ရှားစေခြင်းငှာ စွမ်းအား အပြည့်အဝရှိသော တွန်းကန်သည့် ဝါယောဓာတ် - ဤနှစ်မျိုးသော ဝါယောဓာတ်တို့၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသည်၏ အဖြစ်ကြောင့်သာလျှင် - ဝါယောဓာတ်သည် ဝိညတ်ရုပ်ကိုဖြစ်စေ၏ဟု ဝါယောဓာတ်ကို ယူ၍ အဋ္ဌကထာဆရာတော် ဖွင့်ဆိုခြင်း ဖြစ်သည်။ ဝါယောဓာတ် တစ်ခုတည်းကသာလျှင် ဝိညတ်ရုပ်၏ တိုက် ရိုက်ဖြစ်စေတတ်သော ဇနကအကြောင်းတရား ဖြစ်ခြင်းကြောင့် ထိုသို့ ဖွင့်ဆိုခြင်း မဟုတ်ပေ။ အကယ်၍ ဝါယော ဓာတ် တစ်ခုတည်းကသာလျှင် ဝိညတ်ရုပ်ကို ဖြစ်စေ၏ဟု ယူဆခဲ့လျှင် ဝိညတ်ရုပ်၏ မဟာဘုတ် ဓာတ်ကြီး
与欲行者内在的意向、意愿同时生起的特殊身体姿态,名为身表。义注解释身表之因时,举出风界,是因为风界在两种作用上的自性力偏胜:一是具有充足的支撑力,能够坚固地支持、维持俱生的一切色法;二是具有充足的推动力,能够使俱生的一切色法运动。义注说“风界令身表色生起”,只是因为风界在这两种作用上偏胜,并不是说唯有风界才是直接令身表色生起的能生因。假使认为只有风界令身表色生起,那么,说身表色是依止四——
(၄)ပါးကို မှီ၍ ဖြစ်သော ဥပါဒါရုပ်ဖြစ်ကြောင်း စကားသည် မကောင်းသဖြင့် ပြီးသောစကား ဖြစ်လေရာ၏။
——大种而生的所造色,便会成为难以成立的说法。
(မ-ဋီ-၁-၃၅၂။)
〔《中部复注》1-352。〕
ဤရှင်းလင်းချက်များအရ အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
依照这些解释,上述义注的旨意如下。
သွားအံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုသွားလိုသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်ကြောင့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်တရားအပေါင်းသည် = ရုပ်ကလာပ်အပေါင်းသည် ဖြစ်ပေါ်လာ၏။ ယင်းဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်တရားအပေါင်းက ကာယ ဝိညတ်ရုပ်ကို ဖြစ်စေ၏။ စိတ်သည် ပြုလုပ်အပ်သော စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်တရားအပေါင်း၏ = ရုပ်ကလာပ်အပေါင်း၏ လှုပ်ရှားခြင်း ပျံ့နှံ့၍သွားခြင်းကြောင့် အလုံးစုံသော ရူပကာယ = ရုပ်တရားအပေါင်း၏ ရှေးသို့ သယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကို
“我要行走”的心生起;由于这一欲行之心,一切风界自性力偏胜的色法,也就是一切色聚,随之生起。风界自性力偏胜的这一切色法令身表色生起。由心所作、由心所生、风界自性力偏胜的这些色法,也就是这些色聚,发生运动并向外扩展;由于这种运动与扩展,整个色身,即一切色法,以向前运送的方式生起,这称为——
原书第 741 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း သွားခြင်း ဟူ၍ခေါ်ဆိုအပ်ပေသည်။ ရပ်ခြင်း စသည်တို့၌လည်း ဤနည်းအတိုင်းပင်တည်း။
这就称为“行走”。站立等威仪也依同一方法理解。
(ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆။)
(《长部注》第二册,第357页;《中部注》第一册,第256页。)
ရှုပွားပုံ စနစ်
修习与辨识的方法
အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မိမိ ရှုပွားလိုသည့် စင်္ကြံတစ်နေရာတွင် မတ်တတ်ရပ်၍ သမာဓိ ကို အဆင့်ဆင့် ပြန်လည် ထူထောင်ပါ။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ။ ယင်း (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိကြသော ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရား (၄)ပါးတို့ကြောင့် အသီးအသီး ဖြစ်ပေါ်လာကြရကုန်သော စတုသမုဋ္ဌာနိက ရုပ်သန္တတိ အစဥ် ကား သကလကာယဟု အဋ္ဌကထာက ခေါ်ဝေါ်သုံးစွဲထားသော ရှေးရှူ အသယ်ဆောင်ခံရသော ရုပ်တရားစု တို့တည်း။
贤善的瑜伽行者,应在自己准备修习的经行处站立,依次重新建立定力;然后再辨识存在于六门、四十二身分中的诸色法。由业、心、时节、食这四种原因各别产生,并存在于六门、四十二身分中的四因所生色相续,就是注疏称为 sakalakāya(全身)的、被向前运载的色法群。
သွားလိုသော စိတ်ကြောင့် ဖြစ်ကုန်သော ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ---- ၁။ ကာယဝိညတ်ရုပ်လျှင် (၉)ခုမြောက်ရှိသော ကာယဝိညတ္တိနဝကကလာပ်၊ ၂။ ကာယဝိညတ် လဟုတာ စသည်လျှင် (၁၂)ခုမြောက်ရှိသော ကာယဝိညတ္တိလဟုတာဒိ ဒွါဒသကကလာပ် ဤ ကာယဝိညတ်ပါသော ရုပ်ကလာပ် နှစ်မျိုးတို့ကား အထက်ပါ (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိ ကြသော စတုသမုဋ္ဌာနိက ရုပ်တရားအပေါင်းကို ရှေးရှူ သယ်ဆောင်တတ်သော ရုပ်တရားစုတို့တည်း။
由欲行之心所生、其中风界的自性能力较为显著的色聚有两类:一、以身表色为第九法的“身表九法聚”;二、以身表、轻快性等为十二法的“身表、轻快性等十二法聚”。这些含有身表色的两类色聚,就是能把上述存在于六门、四十二身分中的四因所生色向前运载的色法群。
(၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ သိမ်းဆည်းပြီးသောအခါ သွားတော့ မည့် အမူအရာကို ပြုလုပ်ကြည့်ပါ၊ အနည်းငယ် သွားကြည့်ပါ။ ဘဝင်မနောအကြည်ကို သိမ်းဆည်း၍ ယင်းဘဝင် မနောအကြည်ဓာတ် = မနောဒွါရကို အစွဲပြု၍ ဖြစ်ပေါ်လာသော သွားလိုသောစိတ်ကို သိမ်းဆည်းပါ။ ယင်း သွားလိုသော စိတ်ကြောင့် ဝိညတ်ရုပ် ပါဝင်သော အထက်ပါ ရုပ်ကလာပ် အမျိုးအစား နှစ်မျိုး၊ တစ်မျိုး တစ်မျိုး၌ ရုပ်ကလာပ်ပေါင်းများစွာတို့ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ ဖြစ်ပေါ်နေကြပုံကို မြင်အောင် ကြည့်ပါ။
概括辨识六门、四十二身分中的色法以后,作出将要行走的动作,稍微走几步。辨识有分意净界;再辨识依该有分意——即意门——而生起的欲行之心。观察由这欲行之心所生、含有身表色的上述两类色聚,如何以每一类都有许多色聚的方式遍满全身而生起。
မျက်စိကို မှိတ်လျက် ခပ်ဖြည်းဖြည်း သွားကြည့်နေပါ။ ကာယဝိညတ်ပါဝင်သော သယ်ဆောင်တတ်သော ရုပ်တရားတို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ ယင်း သယ်ဆောင်တတ်သော ရုပ်တရားတို့က အသယ်ဆောင်ခံ ရသော (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားတို့ကို ရှေးရှူသယ်ဆောင်နေပုံကို တစ်နည်းဆိုရသော် ရှေးရှူသယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ၊ သိမ်းဆည်းရှုပွားပါ။
闭上眼睛,缓慢地行走。应优先辨识含有身表色的能运载之色。以智慧观察并辨识这些能运载之色,如何把存在于六门、四十二身分中的所运载之色向前运载;换言之,观察它们如何以向前运载的形态生起。
ပရမတ်တို့၏ သဘောမှန်
胜义法的真实性质
ပရမတ်တရားတို့ကား အလွန့်အလွန် တိုတောင်းသော သက်တမ်းအချိန်ကာလ ရှိကြသဖြင့် တစ်နေရာ မှ တစ်နေရာသို့ ပြောင်းရွှေ့ဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။ ဖြစ်သည့်နေရာမှာပင် ပျက်သွားကြသည့် ဓမ္မ သဘာဝတို့သာ ဖြစ်ကြ၏။ သို့အတွက် ရှေးသို့ သယ်ဆောင်တတ်သော ရုပ်တရားတို့ကလည်း တကယ် သယ် ဆောင်နေသည်ကား မဟုတ်၊ အသယ်ဆောင်ခံရသော ရုပ်တရားတို့ကလည်း တကယ် အသယ်ဆောင်ခံရ သည်ကား မဟုတ်ပေ။ ဝါယောဓာတ်နှင့် ဝိညတ်ရုပ်တို့၏ စွမ်းအင်ကြောင့် အသစ်အသစ် ဆင့်ကာဆင့်ကာ ရှေးနှင့် နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသော ရုပ်တရားတို့သည် နေရာအသစ်အသစ်၌ ပြောင်းလဲ၍ အသစ်အသစ် ဆင့်ကာဆင့်ကာ အထပ်ထပ် ဖြစ်နေခြင်း သဘောသာ ဖြစ်၏။ ယင်းသို့ မူလဖြစ်နေသည့်နေရာ၌ ထပ်၍ မဖြစ်ဘဲ နေရာအသစ်အသစ်၌ ပြောင်းရွှေ့၍ ဖြစ်နေခြင်းသည်ကား ဝါယောဓာတ်နှင့် ဝိညတ်ရုပ်တို့၏
胜义法的寿命极其短暂,因此没有从一处迁移到另一处的能力;它们只是在生起之处即坏灭的法性。所以,所谓能向前运载的色法,并非真的在运载;所谓被运载的色法,也并非真的被运载。实际情形只是:由于风界与身表色的力量,色法在前后相续中一再新生,并在一个又一个新位置上变换着相续生起。它们不在原来的位置再次生起,而改在新的位置生起,这——
原书第 742 页
စွမ်းအင်ကြောင့်ပင် ဖြစ်ပေသည်။ ထိုကြောင့် ရှေးရှူသယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကို သွား ခြင်းဟု ခေါ်ဆိုကြောင်း ဖွင့်ဆိုခဲ့ခြင်း ဖြစ်ပေသည်။
——正是风界与身表色的力量所致。因此,注疏才把“以向前运载的形态生起”称为行走。
၁။ သယ်ဆောင်တတ်သော ရုပ်၊ ၂။ အသယ်ဆောင်ခံရသောရုပ် ---- ဤ ဣရိယာပထရှုကွက်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သယ်ဆောင်တတ်သောရုပ်၊ အသယ်ဆောင်ခံရသောရုပ်တို့ကို ခွဲခြား၍ ရှုတတ်ဖို့ ခွဲခြား၍ သိထားဖို့ လိုအပ်ပေသည်။
一、能运载之色;二、所运载之色。修习这一威仪路所缘的瑜伽行者,必须能够把能运载之色与所运载之色分别辨识,也必须清楚知道二者的差别。
စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ - ဟု အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အဋ္ဌကထာက ဖွင့်ဆိုထားတော်မူခြင်းကြောင့် ---- ၁။ သွားလိုသောစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ် အနေအထားဖြင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားသွားသော ---- ကာယဝိညတ္တိနဝက ကလာပ်၊ ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် - ဟူသော ရုပ်ကလာပ် အမျိုးအစား နှစ်မျိုး၊ ရုပ်ကလာပ် တစ်မျိုး တစ်မျိုး၌ များစွာသော အရေအတွက် ရှိကြသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း တို့ကား သယ်ဆောင်တတ်သော ရုပ်တရားတို့တည်း။
စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ——如前所引,注疏说:“由于心的作用所生风界之活动,把全身向前引导,称为行走。”因此:一、由欲行之心产生、以风界的自性能力较为显著的色聚状态遍满全身而生起的“身表九法聚”和“身表、轻快性等十二法聚”两类色聚;每一类中数量众多的色聚总和,即是能运载之色。
၂။ (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော ---- (က) ကမ္မဇရုပ်၊ ( ခ ) စိတ္တဇရုပ်၊ ( ဂ ) ဥတုဇရုပ်၊ (ဃ) အာဟာရဇရုပ်တို့ကား အသယ်ဆောင်ခံရသော ရုပ်တရားတို့တည်း။
二、存在于六门、四十二身分中的:(甲)业生色,(乙)心生色,(丙)时节生色,(丁)食生色,就是所运载之色。
စိတ္တဇရုပ် - နှစ်ဘက်ရ
心生色——兼属两边
န ဟိ ပဉ္စဒွါရိကဝိညာဏေဟိ ဂမနာဒီသု ကဉ္စိ ဣရိယာပထံ ကပ္ပေတိ။ ပ ။ သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ-ဋ္ဌ-၂-၃၈၈။) ဤအထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်အရ ပဉ္စဒွါရိကဇောဝီထိ စိတ်အစဥ်အတွင်း၌ ပါဝင်သော ပဉ္စဒွါရိကဝိညာဏ်တို့သည် မည်သည့်ဣရိယာပုထ်ကိုမျှ ဖြစ်စေနိုင်သည့် စွမ်းအား မရှိပေ။ သို့သော် စက္ခုဝိညာဏ်အစရှိသော ပဉ္စဝိညာဏ်တို့မှတစ်ပါး ကျန်ပဉ္စဒွါရိကဝိညာဏ်တို့ကား စိတ္တဇရုပ်သာမန်ကို (= ဣရိ- ယာပုထ် မပါသော စိတ္တဇရုပ်ကို) ဖြစ်စေနိုင်ကြသည်ချည်း ဖြစ်ကုန်၏။ ယင်းစိတ္တဇရုပ်တို့ကား အသယ်ဆောင် ခံရသော ရုပ်တရားအုပ်စုတွင် ပါဝင်၏။ တစ်ဖန် ဝီထိစိတ်မှ အလွတ်ဖြစ်သော ဘဝင်စိတ်သည်လည်း စိတ္တဇရုပ် သာမန်ကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိသည်သာ ဖြစ်၏။ ယင်း ဘဝင်စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့လည်း အသယ်ဆောင်ခံရသည့် ရုပ်တရားအုပ်စုတွင် ပါဝင်၏။
“五门识并不能在行走等中造作任何一种威仪。……而这一切差别,只能在意门速行中得到。”依上述《除痴论注》的解释,五门速行心路中的五门识不能造成任何一种威仪。不过,除眼识等五识以外,其余五门识心都能产生普通心生色,即不含威仪路色的心生色。这些心生色属于所运载的色法群。此外,离开心路过程的有分心,也能产生普通心生色;由有分心产生的这些心生色,同样属于所运载的色法群。
သယ်ဆောင်တတ်သော ရုပ်တရားတို့ကို သို့မဟုတ် ဣရိယာပထရုပ်တရားတို့ကို ဖြစ်စေနိုင်သော စိတ် တို့ကား မနောဒွါရိကဇောဝီထိစိတ်တို့သာ ဖြစ်ကြ၏။ သို့သော် အချို့အချို့သော စျာနသမာပတ္တိဝီထိစိတ်တို့ ကဲ့သို့သော မနောဒွါရိကဇောဝီထိစိတ်တို့သည်လည်း အခြားသော မနောဒွါရိကဇောဝီထိတို့ကြောင့် ဖြစ်ပေါ်နေ သော ဣရိယာပုထ် = ဣရိယာပထရုပ်တို့ကို ဆက်လက် တည်တံ့အောင် ခိုင်ခံ့အောင် ထောက်ပံ့ထားနိုင်သည့်
能产生能运载之色、亦即威仪路色的心,只是意门速行心路中的心。然而,意门速行心路中的某些心,例如某些禅那入定心路,只具有支持由其他意门速行心路所生的既有威仪、使其继续稳固维持的能力,却没有产生新的——
原书第 743 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း စွမ်းအားသာရှိ၍ ဣရိယာပုထ် = ဣရိယာပထရုပ် အသစ် အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအား မရှိကြပေ။
——威仪、亦即新的威仪路色的能力。
သို့သော် ယင်းစျာနသမာပတ္တိဝီထိစိတ်တို့သည်လည်း ပဉ္စဝေါကာရဘုံ၌ (= ခန္ဓာ ၅-ပါးရှိသောဘုံ၌) စိတ္တဇရုပ် သာမန်ကိုကား ဖြစ်စေနိုင်ကြသည်သာ ဖြစ်၏။ ယင်းစိတ္တဇရုပ်တို့လည်း အသယ်ဆောင်ခံရသော ရုပ်တရား အုပ်စုတွင်ပင် ပါဝင်လျက် ရှိကြ၏။ ထိုကြောင့် အသယ်ဆောင်ခံရသော ရုပ်တရားအုပ်စုတွင် - သကလကာယဿ ပုရတော အဘိနီဟာရော = ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် ဟူသော အလုံးစုံသော ရုပ်တရား အပေါင်းကို ရှေ့သို့ ရှေးရှူသယ်ဆောင်ခြင်းဟု ဖွင့်ဆိုထားပေသည်။
但在五蕴有中,这些禅那入定心路仍然能够产生普通心生色;这些心生色也属于所运载的色法群。因此,说明所运载的色法群时,注疏使用了“သကလကာယဿ ပုရတော အဘိနီဟာရော”,即把业生色、心生色、时节生色、食生色这一切色法整体向前运载。
တစ်ဖန် သယ်ဆောင်တတ်သော ရုပ်တရားဘက်၌ကား ---- စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန - စသည် ဖြင့် စိတ္တဇရုပ်သက်သက်ကိုသာ ဖွင့်ဆိုထားပေသည်။
另一方面,在说明能运载之色时,则以“စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန”等语,只说明心生色。
သို့အတွက် ဣရိယာပထရုပ်ကို ဖြစ်စေနိုင်သော မနောဒွါရိကဇောဝီထိစိတ်တို့ကြောင့် ဖြစ်သော ကာယ ဝိညတ္တိ နဝက ကလာပ်၊ ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ်ဟူသော စိတ္တဇရုပ်တို့ကား သယ်ဆောင် တတ်သော ရုပ်တရားများ ဖြစ်ကြ၍ ဣရိယာပထရုပ်ကို မဖြစ်စေနိုင်သော စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် တို့ကား အသယ်ဆောင်ခံရသော ရုပ်တရားတို့တွင် ပါဝင်ကြသည်ဟု မှတ်ပါ။
所以应当知道:由能够产生威仪路色的意门速行心路所生的“身表九法聚”和“身表、轻快性等十二法聚”等心生色,是能运载之色;由不能产生威仪路色的心所生的心生色,则属于所运载之色。
အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သယ်ဆောင်တတ်သော ရုပ်တရားဘက်၌ ရုပ်တုံးရုပ်ခဲတည်း ဟူသော ရုပ်ဃနအသီးအသီးကို ဉာဏ်ဖြင့် မြင်အောင် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွား သိမ်းဆည်းပါ။ တစ်ဖန် အသယ်ဆောင်ခံရသော ရုပ်တရားဘက်၌လည်း ရုပ်တုံးရုပ်ခဲတည်းဟူသော ရုပ် ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသိမ်းဆည်းပါ၊ နှစ်ဘက်လုံး၌ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သောအခါ သယ်ဆောင်တတ်သော ရုပ်တရားစုတို့က အသယ် ဆောင်ခံရသော ရုပ်တရားစုတို့ကို ရှေ့သို့ ရှေးရှူသယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်နေပုံကို ဉာဏ် ဖြင့် မြင်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
贤善的瑜伽行者,应在能运载之色一边,以智慧逐一破除作为色块、色团的色密集,直至智慧抵达胜义法;在所运载之色一边,也同样逐一破除色密集,直至智慧抵达胜义法。当两边的智慧都已抵达胜义法时,再以智慧观察、辨识并分别取出:能运载的色法群如何以向前运载所运载色法群的形态生起。
ဤနာမရူပပရိစ္ဆေဒ ဉာဏ်ပိုင်းတွင်ကား ယခုကဲ့သို့ ရုပ်တရားတို့ကို သိမ်းဆည်းခိုက်ဝယ် ---- ၁။ သယ်ဆောင်တတ်သော ရုပ်တရားတို့ကို အာရုံယူ၍လည်း ''ရုပ်တရား ရုပ်တရား''ဟု သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
在名色分别智这一阶段,以现在这种方式辨识色法时:一、取能运载之色为所缘,作意“色法、色法”,加以辨识并以智慧分别取出。
၂။ အသယ်ဆောင်ခံရသော ရုပ်တရားတို့ကို အာရုံယူ၍လည်း ''ရုပ်တရား ရုပ်တရား''ဟု သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
二、取所运载之色为所缘,也作意“色法、色法”,加以辨识并以智慧分别取出。
၃။ သယ်ဆောင်တတ်သော ရုပ်တရားနှင့် အသယ်ဆောင်ခံရသော ရုပ်တရားတို့ကိုလည်း အာရုံယူ၍ ခြုံငုံ၍ ''ရုပ်တရား ရုပ်တရား''ဟု သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
三、同时取能运载之色与所运载之色为所缘,概括作意“色法、色法”,加以辨识并以智慧分别取出。
ရပ်ခိုက်၌ ရှုပွား သိမ်းဆည်းပုံ
站立时的修习与辨识方法
တတြာပိ ဟိ ''တိဋ္ဌာမီ''တိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယ- ဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ကောဋိတော ပဋ္ဌာယ ဥဿိတဘာဝေါ ဌာနန္တိ ဝုစ္စတိ။
“在这里也是如此:‘我要站立’之心生起;该心令风界生起,风界令身表色生起;因心的作用所生风界之活动,全身从末端开始呈竖立状态,这称为站立。”
(ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆။)
缅文出处原文:“(ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆။)”(《长部义注》2-357;《中部义注》1-256。)
''ရပ်အံ့''ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုရပ်လိုသောစိတ်သည် ဝါယောဓာတ်ကို (= ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်းကို) ဖြစ်စေ၏။ ဝါယော ဓာတ်သည် (= ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော မဟာဘုတ်ရုပ်တရားအပေါင်းသည်)
“我要站立”之心生起;该欲立之心产生风界——即产生其中风界自性能力较为显著的色聚、色法总和。风界——亦即其中风界自性能力较为显著的诸大种色法——
原书第 744 页
ရပ်သော အမူအရာထူး ကာယဝိညတ်ရုပ်ကို ဖြစ်စေ၏။ တစ်နည်းဆိုရသော် ကာယဝိညတ်နှင့် တကွသော ကာယဝိညတ္တိ နဝကကလာပ်၊ ကာယဝိညတ္တိ လဟုတာဒိ ဒွါဒသကကလာပ်ဟူသော ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ စိတ်သည် ပြုလုပ်အပ်သော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော ရုပ်ကလာပ်အပေါင်း (= ရုပ်တရားအပေါင်း)၏ လှုပ်ရှားခြင်းကြောင့် = တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွား ခြင်းကြောင့် အောက်အစွန်အဖျားဖြစ်သော ခြေဖဝါးအပြင်မှ စ၍ အလုံးစုံသော ရူပကာယ (= ရုပ်တရား အပေါင်း)၏ ထောင်မတ်နေသည်၏ အဖြစ်ကို = ထောင်မတ်သော အခြင်းအရာအားဖြင့် ဖြစ်မှုကို ရပ်ခြင်းဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆။) စင်္ကြံလျှောက်ခိုက်ဝယ် သယ်ဆောင်တတ်သောရုပ်၊ အသယ်ဆောင်ခံရသောရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော အသင်ယောဂီသူတော်
——产生作为站立特殊姿态的身表色;换言之,产生与身表色俱生的“身表九法聚”和“身表、轻快性等十二法聚”等色法总和。由于由心造作、由心所生而其中风界能力较为显著的色聚——即色法总和——发生运动并遍满全身,便使整个色身从最下端的足底起呈现竖立状态;这种以竖立形态生起的状态,称为站立。(《长部注》第二册,第357页;《中部注》第一册,第256页。)贤善的瑜伽行者若在经行时已经能够以智慧分别并辨识能运载之色与所运载之色——
ကောင်းသည် - ရပ်လိုသောစိတ် ဖြစ်ပေါ်လာသောအခါ ထိုစိတ်ကို မြင်အောင် ရှုပါ။ ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်သော မနောဒွါရိကစိတ်ပင် ဖြစ်သည်။ သို့အတွက် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်း၍ ယင်းမနောဒွါရကို အစွဲပြု၍ ဖြစ်ပေါ်လာသော ရပ်လိုသောစိတ်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ တစ်ဖန် ထို ရပ်လိုသော စိတ်ကြောင့် ရပ်သည့်ကိုယ်အမူအရာ ကာယဝိညတ်ရုပ် ပါဝင်သော ကာယဝိညတ္တိနဝကကလာပ်၊ ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ထိုနောင် အလုံးစုံသော ရူပကာယဟူသော စတုသမုဋ္ဌာနိက ရုပ်တရားအားလုံးကိုလည်း သိမ်း ဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
——那么,当欲立之心生起时,应观察并看见该心。它是依心所依处色而生的意门心。因此,应先辨识有分意净界——即意门——再以智慧观察依该意门而生起的欲立之心。接着,把由欲立之心所生、含有站立姿态之身表色的“身表九法聚”和“身表、轻快性等十二法聚”,辨识到智慧抵达胜义法,并以智慧分别取出。随后,也辨识称为全身色身的一切四因所生色,以智慧分别取出。
ကာယဝိညတ္တိနဝကကလာပ်၊ ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်ရုပ်တရားတို့ကား အလုံးစုံသော ရူပကာယ ရုပ်တရားအပေါင်းကို ရပ်သော အခြင်းအရာအားဖြင့် ဖြစ်အောင် သယ်ဆောင်တတ်သော ထောက် ကန်ထားသော ရုပ်တရားတို့တည်း။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော စတုသမုဋ္ဌာနိက ရုပ်တရား အားလုံးတို့ကား ရပ်သော အခြင်းအရာအားဖြင့် ဖြစ်အောင် = အောက်အစွန်အဖျားဖြစ်သော ခြေဖဝါးအပြင်မှ သည် အထက်ဆံဖျားသို့တိုင်အောင် ထောင်သော အခြင်းအရာအားဖြင့် ဖြစ်အောင် အသယ်ဆောင်ခံရသော ရုပ်တရား အထောက်အကန်ခံရသော ရုပ်တရားတို့တည်း။ သယ်ဆောင်တတ်သော ရုပ်တရား ထောက်ကန် ထားတတ်သောရုပ်တရား၊ အသယ်ဆောင်ခံရသော ရုပ်တရား အထောက်ကန်ခံရသော ရုပ်တရားဟူသော နှစ်ဘက်လုံး၌ ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားပါ။ ''ရုပ်တရား ရုပ်တရား'' ဟု သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
“身表九法聚”和“身表、轻快性等十二法聚”这些色法,是能把整个色身的一切色法带到站立形态、并予以支撑的色法。存在于六门、四十二身分中的一切四因所生色,则是被带到站立形态、被支撑成从足底外侧直到头发顶端竖立状态的色法。在能运载、能支撑之色,以及所运载、所支撑之色这两边,都应破除色密集,辨识至智慧抵达胜义法。作意“色法、色法”,加以辨识并以智慧分别取出。
ထိုင်ခိုက်၌ ရုပ်တရားတို့ကို သိမ်းဆည်းပုံ
坐时辨识色法的方法
''နိသိဒါမီ''တိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတု- ဝိပ္ဖါရေန ဟေဋ္ဌိမကာယဿ သမိဉ္ဇနံ ဥပရိမကာယဿ ဥဿိတဘာဝေါ နိသဇ္ဇာတိ ဝုစ္စတိ။
“‘我要坐下’之心生起;该心令风界生起,风界令身表色生起;因心的作用所生风界之活动,下半身弯曲、上半身竖立,这称为坐。”
(ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆။)
缅文出处原文:“(ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆။)”(《长部义注》2-357;《中部义注》1-256。)
''ထိုင်အံ့''ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုထိုင်လိုသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော စိတ်သည် ဝါယောဓာတ်ကို (= ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသောရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်းကို) ဖြစ်စေ၏။ ယင်းဝါယောဓာတ်သည် (= ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲ နေသော ယင်း မဟာဘုတ် ရုပ်တရားအပေါင်းသည်) ထိုင်သော ကိုယ်အမူအရာဟူသော ကာယဝိညတ်ရုပ်ကို ဖြစ်စေ၏။ တစ်နည်းဆိုရသော် ကာယဝိညတ်နှင့် အတူတကွ ဖြစ်သော ကာယဝိညတ္တိနဝကကလာပ် ကာယ
“我要坐下”之心生起;该欲坐之心产生风界,即产生其中风界自性能力较为显著的色聚、色法总和。该风界——亦即其中风界能力较为显著的诸大种色法——产生作为坐姿的身表色;换言之,产生与身表色俱生的身表九法聚、身——
原书第 745 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း ဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ်ဟူသော ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ ယင်းရုပ်တရားအပေါင်းတို့တွင် ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်ကား လွန်ကဲလျက် ရှိ၏။ ထိုင်လိုသော စိတ်သည် ပြုလုပ်အပ်သော ထိုင်လိုသော စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်း၏ လှုပ်ရှားခြင်းကြောင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် ---- ၁။ အောက်ပိုင်းဖြစ်သော ကိုယ်၏ ကွေးခြင်းကိုလည်းကောင်း (= အောက်ပိုင်းဖြစ်သော ရုပ်တရားအပေါင်း၏ ကွေးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကိုလည်းကောင်း)၊ ၂။ အထက်ပိုင်းဖြစ်သော ကိုယ်၏ ထောင်မတ်နေသည်၏ အဖြစ်ကိုလည်းကောင်း (= အထက်ပိုင်းဖြစ်သော ရုပ်တရားအပေါင်း၏ ထောင်မတ်နေသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကိုလည်းကောင်း) ----
——表轻快性等十二法聚等色法总和。在这些色法中,风界的自性能力较为显著。由于由欲坐之心造作、由欲坐之心所生而其中风界能力较为显著的色聚、色法总和发生运动并遍满全身:一、使身体下部弯曲,即使身体下部的色法总和以弯曲形态生起;二、使身体上部保持竖立,即使身体上部的色法总和以竖立形态生起——
ထိုင်ခြင်းဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆။) ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြားသတ်မှတ်တော်မူချက်အရ အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ် သည် ရုပ်တရားအပေါင်းကို ထိုင်သော အခြင်းအရာအားဖြင့် ဖြစ်အောင် သယ်ဆောင်တတ်သော ထောက်ကန် တတ်သော ရုပ်တရားနှင့် အသယ်ဆောင်ခံရသော အထောက်ကန်ခံရသော ရုပ်တရားတို့ကို စနစ်တကျ ခွဲခြား စိတ်ဖြာ၍ ရှုပွားသိမ်းဆည်းရမည် ဖြစ်သည်။
——这就称为坐。(《长部注》第二册,第357页;《中部注》第一册,第256页。)依照上述注疏的指示与界定,贤善的瑜伽行者应有系统地分别、分析并修习辨识:使色法总和形成坐姿的能运载、能支撑之色,以及所运载、所支撑之色。
၁။ ရုပ်တရားအပေါင်းကို ထိုင်သောအခြင်းအရာအားဖြင့် ဖြစ်အောင် သယ်ဆောင်တတ်သော ထောက်ကန် ထားတတ်သော ရုပ်တရားတို့မှာ ထိုင်လိုသောစိတ်ကြောင့် ဖြစ်ကုန်သော၊ ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ကာယဝိညတ္တိနဝက ကလာပ်နှင့် ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ် ရုပ်တရားအပေါင်းတို့ ဖြစ်ကြ၏။
一、使色法总和形成坐姿的能运载、能支撑之色,是由欲坐之心所生、其中风界自性能力较为显著的“身表九法聚”和“身表、轻快性等十二法聚”等色法总和。
၂။ ထိုင်သော အခြင်းအရာအားဖြင့် ဖြစ်အောင် အသယ်ဆောင်ခံရသော အထောက်ကန်ခံရသော ရုပ်တရား တို့မှာ ခန္ဓာကိုယ်၏ အောက်ပိုင်း အထက်ပိုင်းတို့၌ ဖြစ်ပေါ်နေကြကုန်သော (၆)ဒွါရ (၄၂)ကောဋ္ဌာသ တို့၌ တည်ရှိကြကုန်သော ရုပ်တရားတို့ပင်တည်း။
二、被带到坐姿、被支撑成坐姿的色法,是在身体下部和上部生起、存在于六门、四十二身分中的诸色法。
စင်္ကြံလျှောက်ပြီး၊ ရပ်ပြီး၍ ထိုင်လိုသောအခါ၌ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်း လျက် ယင်းမနောဒွါရကို အစွဲပြု၍ ဖြစ်ပေါ်လာသော ထိုင်လိုသောစိတ်ကြောင့် သယ်ဆောင်တတ်သော ထောက် ကန်တတ်သော ရုပ်တရားများ ဖြစ်ပုံကိုလည်းကောင်း၊ အသယ်ဆောင်ခံရသော အထောက်ကန်ခံရသော ရုပ် တရားများ ဖြစ်ပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပွား သိမ်းဆည်းပါ။ သမာဓိ အဆင့်ဆင့် ထူထောင်လျက် ခန္ဓာအိမ်၌ ဓာတ်ကြီး (၄)ပါးကို စတင်၍ မြင်အောင် စိုက် ရှုနိုင်ပါက ဤအဆင့်တွင် ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ တွေ့ရှိနေမည်သာ ဖြစ်ပေသည်။ ရုပ်ကလာပ် များကို တွေ့ရှိပါက (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်း ဆည်းတတ်ပြီးသော သူတော်ကောင်းအဖို့ အထက်ပါ ရှုကွက်မှာ မခက်ခဲတော့ပြီ ဖြစ်သည်။
经行并站立以后,准备坐下时,应辨识有分意净界——即意门;以智慧观察并看见依该意门而生的欲坐之心如何产生能运载、能支撑之色,以及所运载、所支撑之色;再修习辨识,直至智慧抵达胜义法。若依次建立定力,并能从观察身中的四大种开始,那么在此阶段便会容易看见色聚微粒。已经能够在六门、四十二身分中把色法辨识到胜义层次的修行者,上述所缘便不再困难。
လျောင်းခိုက်၌ ရုပ်တရားတို့ကို သိမ်းဆည်းပုံ
卧时辨识色法的方法
''သယာမီ''တိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတု- ဝိပ္ဖါရေန သကလသရီရဿ တိရိယတော ပသာရဏံ သယနန္တိ ဝုစ္စတိ။ (ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆။) = ''လျောင်းအံ့''ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏။ ထိုစိတ်သည် ဝါယောဓာတ်ကို (= ဝါယောဓာတ်၏
''သယာမီ''တိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတု- ဝိပ္ဖါရေန သကလသရီရဿ တိရိယတော ပသာရဏံ သယနန္တိ ဝုစ္စတိ။ (ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆။)即:“我要卧下”之心生起。该心产生风界,即产生其中风界——
原书第 746 页
သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်းကို ဖြစ်စေ၏။) ယင်းဝါယော ဓာတ်သည် (= ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ယင်းမဟာဘုတ် ရုပ်တရားအပေါင်း သည်) လျောင်းသော ကိုယ်အမူအရာဟူသော ကာယဝိညတ်ရုပ်ကို ဖြစ်စေ၏။ တစ်နည်းဆိုရသော် ကာယ ဝိညတ်နှင့် အတူတကွ ဖြစ်သော ကာယဝိညတ္တိနဝကကလာပ်၊ ကာယဝိညတ္တိလဟုတာဒိ ဒွါဒသကကလာပ် ဟူသော ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ ယင်းရုပ်တရားအပေါင်းတို့တွင် ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်ကား လွန်ကဲလျက် ရှိ၏။ လျောင်းစက်လိုသောစိတ်သည် ပြုလုပ်အပ်သော လျောင်းစက်လိုသောစိတ် ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ရုပ်တရား အပေါင်း၏ လှုပ်ရှားခြင်းကြောင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် ---- အလုံးစုံသော ရူပကာယ = ရုပ်တရားအပေါင်းကို ဖီလာကန့်လန့်အားဖြင့် ဆန့်တန်းထားခြင်းကို (= ဖီလာကန့်လန့် ဆန့်တန်းသော အခြင်း
——自性能力较为显著的色聚、色法总和。该风界——亦即其中风界能力较为显著的诸大种色法——产生作为卧姿的身表色;换言之,产生与身表色俱生的“身表九法聚”和“身表、轻快性等十二法聚”等色法总和。在这些色法中,风界的自性能力较为显著。由于由欲卧之心造作、由欲卧之心所生而其中风界能力较为显著的色聚、色法总和发生运动并遍满全身,使整个色身横向伸展,即使之以横向伸展的形态——
အရာအားဖြင့် ဖြစ်ခြင်းကို) လဲလျောင်းခြင်း = လျောင်းစက်ခြင်းဟူ၍ ခေါ်ဆိုအပ်ပေသည်။
——生起,这就称为躺卧、卧下。
(ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆။)
(《长部注》第二册,第357页;《中部注》第一册,第256页。)
သွားခိုက်၊ ရပ်ခိုက်၊ ထိုင်ခိုက်တို့၌ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဣရိယာပထပိုင်းဆိုင်ရာ ရုပ်တရား ရှုကွက်ကို ရှုတတ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အိပ်ခိုက် လျောင်းစက်ခိုက်၌လည်း ရှုပွားဖို့ရန် မခက်ခဲ တော့ပြီ ဖြစ်သည်။
对于已经能依照前述方法,在行、住、坐时修习威仪路色法所缘的瑜伽行者而言,睡眠、躺卧时的修习也不再困难。
ထိုင်ပြီး၍ လျောင်းစက်လိုသောအခါ လျောင်းစက်သောအခါ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းလျက် ယင်းမနောဒွါရကို အစွဲပြု၍ ဖြစ်ပေါ်လာသော ယင်းလျောင်းစက်လိုသော စိတ်ကို ဉာဏ်ဖြင့် သိမ်းဆည်းပါ။ တစ်ဖန် ယင်းစိတ်ကြောင့် ဖြစ်ပေါ်လာကြကုန်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ကာယဝိညတ္တိ (= လျောင်းစက်သော ကိုယ်အမူအရာရုပ်) ပါဝင်သော ကာယဝိညတ္တိနဝက ကလာပ်နှင့် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်ရုပ်တို့ကို ဆက်လက်၍ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်း ဆည်းပါ။ ထိုရုပ်တရားတို့ကား သကလသရီရဟု ခေါ်ဆိုသုံးစွဲထားသော တစ်ကိုယ်လုံး၌ တည်ရှိသော စတု သမုဋ္ဌာနိက ရုပ်တရားအားလုံးတို့ကို လျောင်းစက်သော အခြင်းအရာအားဖြင့် တည်နေအောင် သယ်ဆောင် တတ်သော သို့မဟုတ် အိပ်သည့်အမူအရာအတိုင်း တည်နေအောင် ထောက်ထားတတ်သော ရုပ်တရားတို့တည်း။
坐后准备躺卧以及正在躺卧时,应先辨识有分意净界——即意门,再以智慧辨识依该意门而生的欲卧之心。随后继续以智慧分别取出并辨识由该心所生、其中风界自性能力较为显著、含有身表色(即卧姿身表色)的“身表九法聚”和“身表、轻快性等十二法聚”。这些色法就是能把存在于称为 sakalasarīra(全身)中的一切四因所生色带到卧姿,或能把它们支撑在卧姿中的色法。
တစ်ကိုယ်လုံး၌ တည်ရှိသော စတုသမုဋ္ဌာနိက ရုပ်တရားအားလုံးတို့ကား အသယ်ဆောင်ခံရသော အထောက် ခံရသော ရုပ်တရားစုတို့တည်း။ နှစ်ဘက်လုံးသော သယ်ဆောင်တတ်သော ရုပ်တရား အသယ်ဆောင်ခံရသော ရုပ်တရား သို့မဟုတ် ထောက်ထားတတ်သော ရုပ်တရား အထောက်ခံရသော ရုပ်တရားတို့ကို ရုပ်ဃနခေါ်သည့် ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ ရုပ်တရား ရုပ်တရားဟု ခြုံငုံ၍လည်း သိမ်းဆည်းပါ။
存在于全身中的一切四因所生色,就是所运载、所支撑的色法群。对于两边——能运载与所运载之色,或能支撑与所支撑之色——都应以智慧破除称为色密集的色块、色团,修习辨识直至智慧抵达胜义法,并以智慧分别取出;也应概括作意“色法、色法”而加以辨识。
သွား-ရပ်-ထိုင်-လျောင်း (၄)ပါးလုံးသော ဣရိယာပုထ်တို့၌ သယ်ဆောင်တတ်သော ရုပ်တရားဘက်၌ ရုပ်ကလာပ် အမျိုးအစား နှစ်မျိုး ရှိနေ၏။ သွား-ရပ်-ထိုင်-လျောင်း ကိစ္စရပ်တို့၌ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် သွက်သွက်လက်လက် ရှိပါက လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့ ပါဝင်ကြ၍ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် သွက်သွက်လက်လက် မရှိပါက လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့ မပါဝင်ကြပေ။ သို့အတွက် ရုပ်ကလာပ် အမျိုးအစား နှစ်မျိုး ရှိနေခြင်း ဖြစ်၏။ လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့ မပါဝင်ပါက ကာယဝိညတ္တိနဝက ကလာပ် ဖြစ်၍ ယင်းရုပ်တို့ ပါဝင်ခဲ့သော် ကာယဝိညတ္တိလဟုတာဒိ ဒွါဒသကကလာပ် ဖြစ်သည်။ ယင်းရုပ် ကလာပ် နှစ်မျိုးတို့ကား ဣရိယာပထပိုင်းရှုကွက် သမ္ပဇညပိုင်းရှုကွက်တို့၌ ပဓာန (= ပြဓာန်းသော) ရုပ်တရားတို့ ဖြစ်ကြပေသည်။ သွားမှု၌ တွန်းကန်မှု ဝါယောဓာတ် အားကောင်း၏။ ရပ်-ထိုင်-လျောင်းတို့၌ ထောက်ကန်မှု
在行、住、坐、卧四种威仪中,能运载之色一边都有两类色聚。进行行、住、坐、卧等动作时,若身体轻盈、迅速、灵活,色聚中便含有轻快性、柔软性、适业性诸色;若不轻盈、不迅速、不灵活,则不含这些色。因此会有两类色聚:不含轻快性、柔软性、适业性时,是身表九法聚;含有这些色时,是身表、轻快性等十二法聚。这两类色聚,是威仪路所缘与正知所缘中的主要色法。行走时,风界的推动作用强;站立、坐与卧时,风界的支撑作用——
ဝါယောဓာတ် အားကောင်း၏။
——较强。
原书第 747 页
ပုဂ္ဂိုလ်မသွား - ငါမသွား - ရုပ်သွား ဉာဏ်ဖြင့်ကြည့်
补特伽罗不行——我不行——观见色法之行
သွား-ရပ်-ထိုင်-လျောင်း ဟူသော (၄)ပါးလုံးသော ဣရိယာပုထ်တို့၌ ယင်းသို့လျှင် ရှေးရှူ သယ်ဆောင် တတ်သော ရုပ်တရား၊ ရှေးရှူ အသယ်ဆောင်ခံရသော ရုပ်တရားတို့ကို ဤရေးသားတင်ပြထားသည့်အတိုင်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ကွဲကွဲပြားပြား သိနေသော ထို ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် ဤသို့သော အသိဉာဏ်သည် ဖြစ်ပေါ်နေ၏။
在行、住、坐、卧四种威仪中,那位瑜伽行比丘若能依这里所说明的方式,把能运载之色与所运载之色分别观知,直至智见抵达胜义,他的心相续中便会生起如下认识。
''သတ္တဝါ သွား၏၊ သတ္တဝါ ရပ်၏'' - ဟု လောကဝယ် ပြောဆိုနေ၏။ ထိုသို့ပင် ပြောဆိုအပ်ပါသော်လည်း သွားတတ်သော တစ်စုံတစ်ယောက်သော သတ္တဝါသည်မူလည်း ရှိပါသလော၊ ရပ်တတ်သော တစ်စုံတစ်ယောက် သော သတ္တဝါသည်မူလည်း ရှိပါသလောဟု မေးငြားအံ့၊ မရှိ-ဟု ဖြေဆိုလေရာ၏။ ဥပမာဆောင်၍ ထင်ရှား အောင် ပြဆိုပေအံ့။
世间说:“有情行,有情住。”虽然这样称说,若问:真有某一个能行的有情吗?真有某一个能住的有情吗?应当回答:没有。下面用譬喻使这一点明白。
''လှည်းသွား၏၊ လှည်းရပ်၏''- ဟု လောက၌ ပြောဆိုနေ၏၊ ထိုသို့ပင် ပြောဆိုအပ်ပါသော်လည်း သွား တတ်သည်မူလည်းဖြစ်သော၊ ရပ်တတ်သည်မူလည်းဖြစ်သော တစ်စုံတစ်ခုသော လှည်းမည်သည် မရှိသည်သာ တည်း။ စင်စစ်သော်ကား ---- နွား (၄)ကောင်တို့ကို လှည်း၌ ကပ်ယှဥ်စေ၍ ကျွမ်းကျင်သော လှည်းမောင်း သမားသည် မောင်းနှင့်လတ်သော် ''လှည်းသွား၏၊ လှည်းရပ်၏''ဟု ခေါ်ဝေါ်ရုံမျှသည်သာ ဖြစ်သကဲ့သို့ ---- ၁။ ဤဥပမာအတူပင်လျှင် မသိတတ်သည်၏ အဖြစ်ဟူသော အနက်သဘောအားဖြင့် = မသိတတ်ပုံချင်း တူသောအားဖြင့် စတုသမုဋ္ဌာနိက ရူပကာယဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှား ဖြစ်ပေါ် လာရသော (အသယ်ဆောင်ခံရသော) ရုပ်တရားအပေါင်းသည် လှည်းနှင့် တူ၏။
世间说:“车行,车停。”虽然这样称说,却并没有一个本身既能行又能停的所谓车。实际情况只是:一位熟练的御车者把四头牛套在车上加以驱赶,于是依世俗称为“车行,车停”。与这个譬喻相应:1.由业、心、时节、食四种生因所生、称为四因所生色身的一切所运载之色,因为同样没有知觉,犹如车。
၂။ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော စိတ္တဇဝါယောဓာတ်တို့သည် တစ်နည်းဆိုရသော် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ကာယဝိညတ္တိနဝက ကလာပ်၊ ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်ရုပ်တို့သည် နွား (၄)ကောင်တို့နှင့် တူကုန်၏။
2.自性力偏胜的心生风界,换言之,风界自性力偏胜的身表九法聚与身表、轻快性等十二法聚诸色,犹如四头牛。
၃။ သွားလို ရပ်လို ထိုင်လို အိပ်လိုသော စိတ်သည် လှည်းမောင်းသမားနှင့် တူ၏။
3.想行、想住、想坐、想卧的心,犹如御车者。
သွားအံ့-ရပ်အံ့ ဟူသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် ဝါယောဓာတ်သည် ကာယဝိညတ်ရုပ်ကို ဖြစ်စေလျက် = တစ်နည်းဆိုရသော် ''သွားအံ့-ရပ်အံ့ ဟူသော စိတ်သည် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ကာယဝိညတ္တိနဝကကလာပ်၊ ကာယဝိညတ္တိလဟုတာဒိ ဒွါဒသကကလာပ် ရုပ်အပေါင်းကို ဖြစ်စေလျက် ဖြစ်ပေါ်လာ၏။ စိတ်ကြောင့်ဖြစ်သော စိတ်သည် ပြုလုပ်အပ်သော၊ ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်း၏ လှုပ်ရှားခြင်းကြောင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ ၍ သွားခြင်းကြောင့် သွားခြင်း အစရှိသော ဣရိယာပုထ်တို့သည် ဖြစ်ပေါ်လာကြကုန်၏။ ထိုသို့ ဖြစ်ခြင်းကြောင့် ''သတ္တဝါ သွား၏၊ သတ္တဝါ ရပ်၏၊ ငါသွား၏ ငါရပ်၏''ဟု ခေါ်ဝေါ်ခြင်းမျှသည်သာ ဖြစ်ပေါ်လာ၏။ ထိုကြောင့် ရှေးရှေး အဋ္ဌကထာဆရာမြတ်တို့သည် အောက်ပါအတိုင်း မိန့်ဆိုတော်မူကြသည်။
当“我要行”、“我要住”等心生起时,风界使身表色生起;换言之,“我要行”、“我要住”等心,使风界自性力偏胜的身表九法聚与身表、轻快性等十二法聚诸色生起。由于这些由心所生、由心造作而风界自性力偏胜的色聚不断运动并遍及全身,行走等威仪便随之出现。正因如此,才有“有情行,有情住,我行,我住”等世俗称说。因此,古代义注大师们如下说:
နာဝါ မာလုတဝေဂေန၊ ဇိယာဝေဂေန တေဇနံ၊ ယထာ ယာတိ တထာ ကာယော၊ ယာတိ ဝါတာဟတော အယံ။
“如舟凭借风力,如箭凭借弦力;同样,此身受风推动,遂能行往。”
ယန္တံ သုတ္တဝသေနေဝ၊ စိတ္တသုတ္တဝသေနိဒံ၊ ပယုတ္တံ ကာယယန္တံပိ၊ ယာတိ ဌာတိ နိသီဒတိ။
“如机关木偶只随绳索而动,这一身之机关木偶也由心之绳牵引;一经牵动,它便能行、住、坐。”
原书第 748 页
ကော နာမ ဧတ္ထ သော သတ္တော၊ ယော ဝိနာ ဟေတုပစ္စယေ။
“此处究竟哪一个有情,能够离开因与缘——”
အတ္တနော အာနုဘာဝေန၊ တိဋ္ဌေ ဝါ ယဒိ ဝါ ဝဇေ။
“——而只凭自身威力,或住,或行呢?”
(ဒီ-ဋ္ဌ-၂-၃၅၇-၃၅၈။ မ-ဋ္ဌ-၁-၂၅၆-၂၅၇။)
缅文出处原文:“(ဒီ-ဋ္ဌ-၂-၃၅၇-၃၅၈။ မ-ဋ္ဌ-၁-၂၅၆-၂၅၇။)”(《长部义注》2-357—358;《中部义注》1-256—257。)
နာဝါ မာလုတဝေဂေနာတိ ယထာ အစေတနော နာဝါ ဝါတဝေဂေန ဒေသန္တရံ ယာတိ၊ ယထာ စ အစေတနော တေဇနံ ကဏ္ဍော ဇိယာဝေဂေန ဒေသန္တရံ ယာတိ၊ တထာ အစေတနော ကာယော ဝါတာဟတော ယထာဝုတ္တဝါယုနာ နီတော ဒေသန္တရံ ယာတီတိ ဧဝံ ဥပမာသံသန္ဒနံ ဝေဒိတဗ္ဗံ။ (မ-ဋီ-၁-၃၅၃။) = စိတ်စေတနာ မရှိသော လှေသည် လေအဟုန်ကြောင့် အရပ်တစ်ပါးသို့ ရောက်ရှိနိုင်သကဲ့သို့လည်းကောင်း၊ စိတ်စေတနာ မရှိသော မြားသည် လေးညှို့၏ အဟုန်ကြောင့် အရပ်တစ်ပါးသို့ ရောက်ရှိနိုင်သကဲ့သို့လည်း- ကောင်း - ထိုအတူ စိတ်စေတနာ မရှိသော ဤရူပကာယ = ရုပ်တရားအပေါင်းသည် စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ်သည် ရှေးရှူသယ်ဆောင်အပ်သည် ဖြစ်သောကြောင့် အရပ်တစ်ပါးသို့ ရောက်ရှိသွား၏။
“所谓‘舟凭风力’:正如无心识的舟凭风力抵达另一处,无心识的箭凭弓弦之力抵达另一处,同样,无心识的身体受风推动,由上述风界运载而抵达另一处。应当如此配合譬喻而知。”(《中部复注》1-353。)也就是说,无心识的舟能因风力抵达另一处,无心识的箭能因弓弦之力抵达另一处;同样,这个没有心识的色身,也因为受到心生风界的运载而到达另一处。
ရုပ်သေး ယန္တရားရုပ်သည် ရုပ်သေးကြိုးတို့၏ အစွမ်းကြောင့် သွားနိုင်သကဲ့သို့၊ ရပ်နိုင်သကဲ့သို့၊ ထိုင်နိုင် သကဲ့သို့ - ထိုအတူ သွားလိုသော စိတ်ကြောင့် ဖြစ်ပေါ်လာကုန်သော စိတ္တဇဝါယောဓာတ် အစရှိကုန်သော သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်းတို့၏ အကြောင်းတရားတို့သည် ယှဥ်စေအပ်သော ဤရူပကာယ = ရုပ်တရားအပေါင်းဟူသော ယန္တရားရုပ်သည်လည်း စိတ်တည်းဟူသောကြိုး၏ စွမ်းအားကြောင့် သွားနိုင်၏၊ ရပ် နိုင်၏၊ ထိုင်နိုင်၏။
如木偶机关能依木偶绳索而行、住、坐,同样,这一称为色身——一切色法——的机关木偶,由想行之心所生的心生风界等行、住、坐、卧诸因所牵动,也能凭心之绳的力量而行、住、坐。
အကြင်သတ္တဝါသည် သွားလိုသော စိတ်ဟူသော ဟေတု အကြောင်းတရား = ဇနက အကြောင်းတရား၊ ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် အစရှိသော အားပေးထောက်ပံ့တတ်သော ပစ္စယ အကြောင်းတရား = ဥပတ္ထမ္ဘက အကြောင်းတရားတို့ကို ကြဥ်ဖယ်၍ (ယင်းအကြောင်းတရားတို့ မပါဘဲ) မိမိ၏ စွမ်းအားရှိန်စော် အာနုဘော်သက်သက်ဖြင့် ရပ်မူလည်း ရပ်နိုင်ရာ၏၊ သွားမူလည်း သွားနိုင်ရာ၏၊ ထိုကဲ့သို့သော သတ္တဝါမျိုး သည်ကား ဤလောက၌ အဘယ်မည်သော သတ္တဝါမျိုးနည်း။ ထိုသတ္တဝါမျိုးကား ဤလောက၌ မရှိသည်သာ ဖြစ်ပေသည်။ (ဒီ-ဋ္ဌ-၂-၃၅၇။ မ-ဋ္ဌ-၁-၂၅၆-၂၅၇။) တသ္မာ ဧဝံ ဟေတုပစ္စယဝသေနေဝ ပဝတ္တာနိ ဂမနာဒီနိ သလဒက္ခေန္တော ဧသ ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ဌိတော ဝါ၊ နိသိန္နော ဝါ၊ သယာနော ဝါ သယာနောမှီတိ ပဇာနာတီတိ ဝေဒိတဗ္ဗော။
如果真有某个有情,不依名为“想行之心”的因——能生因(janaka)——也不依由该心所生的风界等助缘——扶助缘(upatthambhaka)——只凭自身的威力就能住或行,那么,世间哪一个有情是这样的呢?其实世间绝无这种有情。(《长部义注》2-357;《中部义注》1“因此,应知:这位比丘如此审察仅依因缘而转起的行等,在行时了知‘我行’,在住时、坐时,以及在卧时了知‘我卧’。”
(ဒီ-ဋ္ဌ-၂-၃၅၈။ မ-ဋ္ဌ-၁-၂၅၇။)
缅文出处原文:“(ဒီ-ဋ္ဌ-၂-၃၅၈။ မ-ဋ္ဌ-၁-၂၅၇။)”(《长部义注》2-358;《中部义注》1-257。)
ထိုကြောင့် ဤသို့လျှင် သွားလိုသော စိတ်ဟူသော ဟေတုအကြောင်း = ဇနကအကြောင်း၊ ထိုစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ် အစရှိသော ပစ္စယအကြောင်း = ဥပတ္ထမ္ဘကအကြောင်းတို့ကြောင့်သာလျှင် သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်းတို့ကို (= သွားခိုက် ရပ်ခိုက် ထိုင်ခိုက် လျောင်းခိုက်တို့၌ ဖြစ်ပေါ်နေသော ရုပ် တရားတို့ကို) ကောင်းစွာ မှတ်သားသော ဤယောဂီရဟန်းတော်ကို ---- ''၁။ သွားလျှင်လည်း သွား၏ဟု သိ၏၊ ၂။ ရပ်လျှင်လည်း ရပ်၏ဟု သိ၏၊ ၃။ ထိုင်လျှင်လည်း ထိုင်၏ဟု သိ၏၊ ၄။ လျောင်းလျှင်လည်း လျောင်း၏ဟု သိ၏'' - ဟု သိရှိပါလေ။
因此,正因为名为“想行之心”的因——能生因——以及由该心所生的风界等缘——扶助缘——行、住、坐、卧才得以发生;对于这些威仪,也就是对行时、住时、坐时、卧时生起的诸色法,善加观察的这位瑜伽行比丘,应当被理解为:1.行时知行;2.住时知住;3.坐时知坐;4.卧时知卧。
(ဒီ-ဋ္ဌ-၂-၃၅၈။ မ-ဋ္ဌ-၁-၂၅၇။)
缅文出处原文:“(ဒီ-ဋ္ဌ-၂-၃၅၈။ မ-ဋ္ဌ-၁-၂၅၇။)”(《长部义注》2-358;《中部义注》1-257。)
原书第 749 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း ဤ၌ သွားလို၊ ရပ်လို၊ ထိုင်လို၊ အိပ်လိုသော စိတ်များကြောင့် သွားသောအခြင်းအရာ၊ ရပ်သောအခြင်း အရာ၊ ထိုင်သောအခြင်းအရာ၊ အိပ်သော (လျောင်းသော) အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် စတု သမုဋ္ဌာနိက ရုပ်တရားအပေါင်းကို ရှေးရှူ သယ်ဆောင်တတ်သော ကာယဝိညတ္တိနဝက ကလာပ်၊ ကာယဝိညတ္တိ လဟုတာဒိ ဒွါဒသကကလာပ် ရုပ်တရားတို့ ဖြစ်ပေါ်လာကြ၏။ ယင်းရုပ်ကလာပ်တို့တွင် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်ကား လွန်ကဲလျက် ရှိ၏။ ယင်းဝါယောဓာတ်ကို သို့မဟုတ် ဝါယောဓာတ်၏ သဘာဝ သတ္တိစွမ်းအင် လွန်ကဲနေသော ဘူတရုပ် ဓာတ်ကြီး (၄)ပါးကို အမှီပြု၍ ကာယဝိညတ်ရုပ်က ဖြစ်ပေါ်လာရ၏။
〔省略页首运行页眉〕这里,由于想行、想住、想坐、想卧的诸心,为使四因所生的一切色法呈现行、住、坐、卧的形态,能运载这些色法的身表九法聚与身表、轻快性等十二法聚诸色便会生起。在这些色聚中,风界的自性力居于偏胜。身表色依止这一风界,换言之,依止风界自性力偏胜的四大种而生起。
သို့အတွက် စိတ်၊ ဝါယောဓာတ်၊ ကာယဝိညတ်ဟူသော (၃)မျိုးသော တရားတို့သည် တစ်ခုနှင့် တစ်ခု ကြောင်း ကျိုး ဆက်နွယ်လျက် ရှိ၏။ ထိုတရား (၃)မျိုးတို့ကား ---- စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ (ပဋ္ဌာန-၁-၅။) = စိတ်စေတသိက်တရားတို့သည် စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန်ရုပ်တို့အား အတူဖြစ်၍ ကျေးဇူး ပြုပေးတတ်သော သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးတတ်၏ - ဟု ဘုရားရှင် ဟောကြားထားတော် မူခြင်းကြောင့် - အကြောင်းဖြစ်သော စိတ်တရားနှင့် အကျိုး ဝါယောဓာတ်၊ အကြောင်း ဝါယောဓာတ်နှင့် အကျိုး ကာယဝိညတ် - ဤတရား (၃)မျိုးတို့ကား ပြိုင်တူဖြစ်ကြသော တရားများပင် ဖြစ်ကြ၏။
因此,心、风界、身表这三类法彼此“心与心所诸法,以俱生缘缘于心所生诸色。”(《发趣论》1-5。)依此佛陀教说,作为因的心法与作为果的风界,以及作为因的风界与作为果的身表——这三类法是同时生起的法。
အကြောင်းဖြစ်သော စိတ်တရားကြောင့် ဖြစ်ပေါ်လာကြရကုန်သော သယ်ဆောင်တတ်သော ကာယ ဝိညတ် ပါဝင်သော ရုပ်တရားတို့ကို ဣရိယာပထရုပ်တရားတို့ ဟူ၍လည်း ခေါ်ဆို၏။ ယောဂါဝစရပုဂ္ဂိုလ် သည်ကား စိတ်ကြောင့် ဣရိယာပထရုပ်တို့ ဖြစ်ပုံကိုလည်းကောင်း၊ ယင်းဣရိယာပထ အမည်ရသော သယ် ဆောင်တတ်သော ရုပ်တရားတို့က အသယ်ဆောင်ခံရသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကို သွားသောအခြင်း အရာ၊ ရပ်သောအခြင်းအရာ၊ ထိုင်သောအခြင်းအရာ၊ လျောင်းစက်သောအခြင်းအရာအားဖြင့် ဖြစ်ပေါ်လာ အောင် သယ်ဆောင်နေပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ရှုပွားသိမ်းဆည်းနိုင်ပါမှ - သွားလျှင် သွား၏ ဟု၊ ရပ်လျှင် ရပ်၏ဟု၊ ထိုင်လျှင် ထိုင်၏ဟု၊ အိပ်လျှင် အိပ်၏ဟု သိသည် မည်ပေသည်။ ဤကား အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်း အနက်သဘောတည်း။
这些由作为因的心法所生、具有运载作用并含有身表的色法,也称为“威仪色”。只有当瑜伽行者能以智观见心如何生起威仪色,并观见称为威仪的这些能运载之色如何使所运载的四因所生色法呈现行、住、坐、卧的形态,他才称得上“行时知行、住时知住、坐时知坐、卧时知卧”。这就是上述巴利圣典、义注与复注的本意。
အကြောင်းဖြစ်သော စိတ်တရား
作为因的心法
အကြောင်းတရားဘက်၌ စိတ်-ဟု ဆိုထားသော်လည်း စိတ်တို့မည်သည် စေတသိက်တို့နှင့် ကင်း၍ ဖြစ် နိုင်သည့်စွမ်းအား မရှိပေ။ ထိုကြောင့် - စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော - စသည်ဖြင့် ဟောကြားထားတော်မူသည့်အတိုင်း စိတ်စေတသိက်တရားတို့ကပင် စိတ္တသမုဋ္ဌာန် ရုပ်တို့အား ဖြစ်စေသည်ဟု မှတ်ပါ။ စိတ်ကို ပဓာနဦးတည်၍ စိတ္တဇရုပ်ဟု (စိတ္တသမုဋ္ဌာန်ရုပ်ဟု) ခေါ်ဝေါ်ခြင်း ဖြစ်ပေသည်၊ ပဓာနနည်းတည်း။ ယင်း အကြောင်းဖြစ်ကုန်သော စိတ်စေတသိက်တို့ကို ရှုပွားပုံကို နာမ်ကမ္မ- ဋ္ဌာန်းပိုင်းတွင် ဖော်ပြမည် ဖြစ်ပါသည်။ သို့အတွက် ဤဣရိယာပထရှုကွက် အပြည့်အစုံကို နာမ်ကမ္မဋ္ဌာန်းပိုင်း တွင် ထပ်မံ၍ ကြည့်ရှုပါလေ။ ဤရုပ်ကမ္မဋ္ဌာန်းပိုင်းတွင်ကား ရုပ်တရား ရှုကွက်ကိုသာ ဦးစားပေး၍ ဖော်ပြ ထားပါသည်။
虽然在因这一方面只说“心”,但所谓心并没有离开心所而单独生起的能力。因此,应知正如“စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော”——“心与心所诸法,以俱生缘缘于心所生诸色”——等经文所说,正是心与心所诸法使心所生色生起。只是以心为主而称为“心生色”或“心所生色”,这属于主导门。对于这些作为因的心与心所,应如何观修,将在名业处部分说明。因此,完整的威仪观法还应在名业处部分再次参看;本色业处部分只着重说明色法方面的观法。
原书第 750 页
ယထာ ယထာ ဝါ ပနဿ
“ယထာ ယထာ ဝါ ပနဿ”(yathā yathā vā panassa)
ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ။
“他的色身无论以何种形态安置,他都依相应的形态了知它。”
(ဒီ-၂-၂၃၂။)
缅文出处原文:“(ဒီ-၂-၂၃၂။)”(《长部》2-232。)
ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတီတိ သဗ္ဗသင်္ဂါဟိကဝစနမေတံ။ ဣဒံ ဝုတ္တံ ဟောတိ ---- ယေန ယေန ဝါ အာကာရေန တဿ ကာယော ဌိတော ဟောတိ၊ တေန တေန နံ ပဇာနာတိ။ ဂမနာကာရေန ဌိတံ ဂစ္ဆတီတိ ပဇာနာတိ။ ဌာနနိသဇ္ဇာသယနာကာရေန ဌိတံ သယာနောတိ ပဇာနာတီတိ။ (ဒီ-ဋ္ဌ-၂-၃၅၈။ မ-ဋ္ဌ-၁-၂၅၇။) သဗ္ဗသင်္ဂါဟိကဝစနန္တိ သဗ္ဗေသံ စတုန္နမ္ပိ ဣရိယာပထာနံ သင်္ဂဏှနဝစနံ၊ ပုဗ္ဗေ ဝိသုံ ဝိသုံ ဣရိယာပထာနံ ဝုတ္တတ္တာ ဣဒံ တေသံ ဧကဇ္ဈံ ဂဟေတွာ ဝစနန္တိ အတ္ထော။ (မ-ဋီ-၁-၃၅၃။) အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုရဟန်း၏ ရုပ်အပေါင်းသည် တည်နေ၏၊ ထိုထို တည်မြဲ တိုင်း ထားမြဲတိုင်းသော အခြင်းအရာအားဖြင့် ထိုရုပ်အပေါင်းကို သိ၏။ (ဒီ-၂-၂၃၂။) ဤအထက်ပါ ဣရိယာပထ ရှုကွက်တစ်မျိုးကို ထပ်မံ၍ ဖော်ပြသော စကားတော်သည် ဣရိယာပုထ် လေးပါးလုံးကို သိမ်းကျုံးယူကြောင်း ဖြစ်သော စကားတော်တည်း။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏ ---- အကြင်
“‘他的身体无论以何种形态安置,他都依相应的形态了知它’,这是总摄一切的语句。其意是:他的身体以何种形态安住,他就依该形态了知它;以行相安住,便了知‘行’;以住、坐、卧之相安住,便相应地了知。”(《长部义注》2-358;《中部义注》1-257。)〔校注:主本此处把住、坐、卧三相合写而只保留‘卧’的谓词,疑有压缩或省脱;初译依下文四项分释释义,巴利原串照录。〕“所谓‘总摄一切的语句’,是说总摄全部四种威仪的语句;前文已分别宣说各个威仪,这一句则把它们合为一处而说。”(《中部复注》1-353。)经文的意思是:“他的色身无论以何种形态安置,他都依相应的形态了知它。”(《长部》2-232。)上述这句再次说明另一种威仪观法,是总摄四种威仪的语句。其意如下——
အကြင် အခြင်းအရာအားဖြင့် ရူပကာယ = ရုပ်တရားအပေါင်းသည် တည်နေ၏၊ ထိုထို တည်နေတိုင်းသော အခြင်းအရာအားဖြင့်မူလည်း ထိုရူပကာယ = ရုပ်တရားအပေါင်းကို ကွဲကွဲပြားပြား သိ၏ (= သိအောင် ကျင့်ပါ၊၊) ၁။ သွားပုံ အခြင်းအရာအားဖြင့် တည်နေသော ရူပကာယ (= ရုပ်တရားအပေါင်း) ကို သွား၏ဟူ၍ ကွဲကွဲ ပြားပြား သိ၏။
——色身,也就是一切色法,以何种形态安住,就依该形态清楚分别地了知这一色身(也就是说,应修习到能够如此了知)。1.对于以行走形态安住的色身——一切色法——清楚分别地了知为“行”。
၂။ ရပ်ပုံ အခြင်းအရာအားဖြင့် တည်နေသော ရူပကာယ (= ရုပ်တရားအပေါင်း) ကို ရပ်၏ဟူ၍ ကွဲကွဲ ပြားပြား သိ၏။
2.对于以站立形态安住的色身——一切色法——清楚分别地了知为“住”。
၃။ ထိုင်ပုံ အခြင်းအရာအားဖြင့် တည်နေသော ရူပကာယ (= ရုပ်တရားအပေါင်း) ကို ထိုင်၏ဟူ၍ ကွဲကွဲ ပြားပြား သိ၏။
3.对于以坐姿形态安住的色身——一切色法——清楚分别地了知为“坐”。
၄။ လျောင်းပုံ အခြင်းအရာအားဖြင့် တည်နေသော ရူပကာယ (= ရုပ်တရားအပေါင်း) ကို လျောင်း၏ဟူ၍ ကွဲကွဲပြားပြား သိ၏။
4.对于以躺卧形态安住的色身——一切色法——清楚分别地了知为“卧”。
ဤသို့ ဆိုလိုပေသည်။ (ဒီ-ဋ္ဌ-၂-၃၅၈။ မ-ဋ္ဌ-၁-၂၅၇။) သဗ္ဗသင်္ဂါဟိကဝစန = ဣရိယာပုထ် လေးပါးလုံးကို သိမ်းကျုံးယူကြောင်း စကားတော်ဟူသည် ---- ရှေး၌ ဘုရားရှင်သည် ---- ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ = သွားလျှင် သွား၏ဟု သိ၏ ---- ဤသို့ စသည်ဖြင့် ဣရိယာပုထ် လေးပါးတို့ကို အသီးအသီး တစ်ခုစီ တစ်ခုစီ ခွဲခြား၍ ဟောကြားထားတော်မူခြင်းကြောင့် ဤ ယထာ ယထာ ဝါ ပနဿ စသော စကားတော်သည် ထို ဣရိယာပုထ်လေးပါးတို့ကို တစ်ပေါင်းတည်း ယူ၍ ဟောကြားတော်မူအပ်သော စကားတော်ဖြစ်သည်ဟု ဆိုလိုသည်။ (မ-ဋီ-၁-၃၅၃။) ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်အရ ---- ၁။ သွားလျှင် သွား၏ဟု သိ၏၊ ၂။ ရပ်လျှင် ရပ်၏ဟု သိ၏၊ ၃။ ထိုင်လျှင် ထိုင်၏ဟု သိ၏၊
意思就是如此。(《长部义注》2-358;《中部义注》1-257。)所谓“总摄一切之语”(sabbasaṅgāhikavacana),就是总摄全部四种威仪的语句。因为前文世尊已以“ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ”——“行时知行”——等方式,把四种威仪逐一分别宣说,所以这里以“ယထာ ယထာ ဝါ ပနဿ”等语,把四种威仪合在一起宣说。(《中部复注》1-353。)依上述义注与复注的解释:1.行时知行;2.住时知住;3.坐时知坐;
原书第 751 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း ၄။ လျောင်းလျှင် လျောင်း၏ဟု သိ၏ ---- ဤဟောကြားတော်မူချက်ကား ဣရိယာပုထ် လေးပါးကို တစ်ခုစီ တစ်ခုစီ အသီးအသီး ရှုကွက်ကို ခွဲခြား ၍ ဟောကြားတော်မူချက် ဖြစ်သည်။ ဤနည်းကား ပထမနည်းတည်း။
〔省略页首运行页眉〕4.卧时知卧。上述教说,是把四种威仪的观法逐一分别开示;这是第一种方法。
တစ်ဖန် ---- ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ = အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုရဟန်း၏ ရုပ်အပေါင်းသည် တည်နေ၏၊ ထိုထို တည်မြဲတိုင်း ထားမြဲတိုင်းသော အခြင်းအရာအားဖြင့် ထိုရုပ်အပေါင်းကို သိ၏ ---- ဟူသော ဤဟောကြားတော်မူချက်ကား ယင်း သွား-ရပ်-ထိုင်-လျောင်း ဣရိယာပုထ် (၄)ပါးလုံးကိုပင် တစ်ပေါင်းတည်းပြု၍ ဟောကြားတော်မူခြင်းသာ ဖြစ်သည်။ ဤနည်းကား ဒုတိယနည်း ဖြစ်သည်။ ဒေသနာတော်နှစ်ရပ်လုံးသည် ဣရိယာပုထ် (၄)ပါးကိုသာ ဣရိယာပထရှုကွက်ကိုသာ ရည်ညွှန်းလျက် ရှိသည်ဟု မှတ်သားပါ။
又,“ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ”——“他的色身无论以何种形态安置,他都依相应的形态了知它”——这一教说,则把行、住、坐、卧四种威仪合在一起宣说;这是第二种方法。应当记住,这两种教说所指的都只是四种威仪,也就是威仪观法。
သို့သော် ဋီကာဆရာတော်ကား အောက်ပါအတိုင်း တစ်နည်း ထပ်မံ၍ ဖွင့်ဆို ထားတော်မူပြန်သည်။
不过,复注论师又依另一种方式作如下解释。
ပုရိမနယော ဝါ ဣရိယာပထပ္ပဓာနော ဝုတ္တောတိ တတ္ထ ကာယော အပ္ပဓာနော အနုနိပ္ဖါဒီတိ ဣဓ ကာယံ ပဓာနံ အပ္ပဓာနဉ္စ ဣရိယာပထံ အနုနိပ္ဖါဒံ ကတွာ ဒဿေတုံ ဒုတိယနယော ဝုတ္တောတိ ဧဝမ္ပေတ္ထ ဒွိန္နံ နယာနံ ဝိသေသော ဝေဒိတဗ္ဗော။ (မ-ဋီ-၁-၃၅၃။) ရှေးနည်း = ပထမနည်းကား ကာယဝိညတ္တိ နဝကကလာပ်၊ ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ် ဟူသော ဣရိယာပထရုပ်ကို ပဓာနထား၍ ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ သယ်ဆောင်တတ်သော ဣရိယာပထရုပ်ကား ပြဓာန်းလျက် ရှိ၏။ တစ်ကိုယ်လုံး၌ တည်ရှိသော အသယ်ဆောင်ခံရသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကား အပ္ပဓာန = မပြဓာန်းပေ။ ပြဓာန်းသော ဣရိယာပထရုပ်ကို ပဓာနထား၍ သိမ်းဆည်းရှုပွားရန် ဘုရားရှင်သည် ဟောကြားထားတော်မူသည့်အတွက် ထိုရှေးနည်း၌ မပြဓာန်းသော စတု သမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို သိမ်းဆည်းရှုပွားခြင်းသည်လည်း အစဥ်လိုက်၍ ပြီးစီးသွား၏။
“或者说,前一种方法是以威仪为主而说,其中身体为非主导,并随之完成;这里,为了显示以身体为主,而非主导的威仪随之完成,所以宣说第二种方法。如此,应知这里两种方法的差别。”(《中部复注》1-353。)前法,也就是第一法,是世尊以身表九法聚与身表、轻快性等十二法聚这些威仪色为主而宣说;能运载的威仪色居于主导地位,遍及全身、所运载的四因所生色身——一切色法——则为非主导。由于世尊指示以主导的威仪色为主而观修,所以在这一前法中,对非主导的四因所生色身——一切色法——的观修也随之完成。
သို့အတွက် ဤ - ယထာ ယထာ ဝါ ပနဿ စသော ဒုတိယနည်း၌ ဘုရားရှင်သည် အသယ်ဆောင်ခံရသော စတုသမုဋ္ဌာနိက ရူပကာယကို ပဓာနထား၍ သိမ်းဆည်းရှုပွားရန် တစ်ဖန် ညွှန်ကြားတော်မူပြန်၏။ စတုသမုဋ္ဌာ နိက ရူပကာယကို ပဓာနထား၍ သိမ်းဆည်း ရှုပွားခဲ့သော် အပ္ပဓာန = မပြဓာန်းသော ဣရိယာပထရုပ်ကို သိမ်းဆည်းရှုပွားခြင်းသည်လည်း အစဥ်လိုက်၍ ပြီးစီးသွား၏။ ဤသဘောတရားကို ထင်ရှားပြတော်မူခြင်းငှာ ဘုရားရှင်သည် - ယထာ ယထာ ဝါ ပနဿ စသော ဒုတိယနည်းကို ဟောကြားတော်မူအပ်ပေသည်။ ဤသို့လျှင် ဤအရာ၌ နည်းနှစ်မျိုးတို့၏ ထူးခြားမှုကို သိရှိပါလေ။ (မ-ဋီ-၁-၃၅၃။) ဆိုလိုရင်းသဘော ---- ပထမနည်းကား သယ်ဆောင်တတ်သော ဣရိယာပထရုပ်ကို ပဓာနထား၍ သိမ်းဆည်းရှုပွားရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။ သယ်ဆောင်တတ်သော ရုပ်ကို ပဓာနထား၍ သိမ်းဆည်းရှုပွားခဲ့သော် အသယ်ဆောင်ခံရသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကိုလည်း
因此,在以“ယထာ ယထာ ဝါ ပနဿ”等语开示的第二法中,世尊又指示以所运载的四因所生色身为主而观修;若以四因所生色身为主加以观修,对非主导的威仪色的观修也会随之完成。为了显明这一义理,世尊宣说了以“ယထာ ယထာ ဝါ ပနဿ”等语开示的第二法。应当如此了知这两种方法的差别。(《中部复注》1-353。)其要义是:第一法中,世尊指示以能运载的威仪色为主而观修;若以能运载之色为主加以观修,那么对所运载的四因所生色身——一切色法——的观修也会——
သိမ်းဆည်းရှုပွားခြင်းသည် အစဥ်လိုက်၍ ပြီးစီးသွား၏။
——随之完成。
တစ်ဖန် ဒုတိယနည်း၌ကား ဘုရားရှင်သည် အသယ်ဆောင်ခံရသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ပဓာနထား၍ တစ်ဖန်သိမ်းဆည်း ရှုပွားရန် ညွှန်ကြားတော်မူပြန်၏။ အသယ်ဆောင်ခံ ရသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ပဓာနထား၍ သိမ်းဆည်းရှုပွားခဲ့သော် သယ် ဆောင်တတ်သော ဣရိယာပထရုပ်ကို သိမ်းဆည်းရှုပွားခြင်းသည်လည်း အစဥ်လိုက်၍ ပြီးစီးသွား၏ - ဟု ဆိုလိုပေသည်။
又,在第二法中,世尊指示以所运载的四因所生色身——一切色法——为主而观修。若以所运载的四因所生色身——一切色法——为主加以观修,那么对能运载的威仪色的观修也会随之完成。意思就是如此。
原书第 752 页
နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ တစ်ရပ်
一则可资比照的世间譬喻
ယောကျာ်းတစ်ဦးသည် ဆန်တစ်အိတ်ကို သယ်ဆောင်လာသည် ဆိုကြပါစို့။ သယ်ဆောင်တတ်သော ယောကျာ်းကို ပဓာနထား၍ ကြည့်ခဲ့သော် အသယ်ဆောင်ခံရသော အိတ်ကိုလည်း အပ္ပဓာနအားဖြင့် တွေ့ရှိ မည်သာ ဖြစ်၏။ တစ်ဖန် အသယ်ဆောင်ခံရသော အိတ်ကို ပဓာနထား၍ ကြည့်ပြန်သော် သယ်ဆောင်တတ် သော ယောကျာ်းကိုလည်း အပ္ပဓာနအားဖြင့် တွေ့ရှိနေမည်သာ ဖြစ်ပေသည်။ ဤဥပမာအတူ သဘောပေါက် ပါလေ။
假设有一个男子搬运着一袋米而来。若以能运载的男子为主而观察,也必会以非主导的方式见到所运载的米袋;反过来,若以所运载的米袋为主而观察,也必会以非主导的方式见到能运载的男子。应当依这个譬喻来理解。
သမ္ပဇည - ရှုကွက် (= အသမ္မောဟသမ္ပဇဥ်)
正知观法(=无痴正知)
ပုန စပရံ ဘိက္ခဝေ ဘိက္ခု အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊ အာလောကိတေ ဝိလော- ကိတေ သမ္ပဇာနကာရီ ဟောတိ၊ သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊ သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ၊ အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ၊ ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ၊ ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။ (မ-၁-၇၂။) ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ၊ ဓာတူနံ နိသဇ္ဇနံ၊ ဓာတူနံ သယနံ၊ တသ္မိံ တသ္မိဥှိ ကောဋ္ဌာသေ သဒ္ဓိံ ရူပေန ---- အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။
“复次,诸比丘,比丘前进、退返时正知而行;正视、旁视时正知而行;屈曲、伸展时正知而行;持僧伽梨、钵与衣时正知而行;食、饮、嚼、尝时正知而行;大小便利时正知而行;行、住、坐、眠、觉、语、默时正知而行。”(“依胜义而言,唯有诸界行、诸界住、诸界坐、诸界卧;在每一部分中,与色法俱,一心生起,另一心灭去——”
အဝီစိမနုသမ္ဗန္ဓော၊ နဒီသောတောဝ ဝတ္တတီတိ။
“——无间相续,如河流一般转起。”
ဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမာတိ။ (မ-ဋ္ဌ-၁-၂၆၅။) ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ ညွှန်ကြားထားတော်မူချက်အရ ရှေ့သို့တက်ရာ နောက်သို့ ဆုတ်ရာ စသည့် သမ္ပဇညပိုင်းဆိုင်ရာရှုကွက်တို့၌ ရုပ်ဓာတ် နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့ကိုပင် သိမ်း ဆည်းရှုပွားရမည် ဖြစ်ပေသည်။ ထိုတွင် ရုပ်တရားကား ရူပက္ခန္ဓာတည်း။ စိတ္တက္ခဏတိုင်းရှိ စိတ်စေတသိက် တရားစုတို့ကား နာမ်ခန္ဓာ (၄)ပါးတည်း။ ပေါင်းသော် ခန္ဓာ (၅)ပါးတည်း။ သို့အတွက် အသင်ယောဂီသူတော် ကောင်းသည် ---- ၁။ သွားရာ၌ ခန္ဓာ (၅)ပါး၊ ၂။ ရပ်ရာ၌ ခန္ဓာ (၅)ပါး၊ ၃။ ထိုင်ရာ၌ ခန္ဓာ (၅)ပါး၊ ၄။ လျောင်းရာ၌ ခန္ဓာ (၅)ပါး၊ ၅။ ရှေ့သို့တက်ရာ၌ နောက်သို့ဆုတ်ရာ၌ ခန္ဓာ (၅)ပါး၊ ၆။ တည့်တည့်ကြည့်ရာ၌ စောင်းငဲ့ကြည့်ရာ၌ ခန္ဓာ (၅)ပါး၊ ၇။ ကွေးရာ၌ ဆန့်ရာ၌ ခန္ဓာ (၅)ပါး၊ ၈။ ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ၌ ခန္ဓာ (၅)ပါး၊
“如此,在前进等处不迷惑,名为无痴正知。”(《中部义注》1-265。)依上述巴利经文与义注的指示,在前进、退返等正知部分的观法中,应当摄取、观修色界与名界,也就是色法与名法。其中,色法是色蕴;每一个心刹那中的心、心所法组是四名蕴;合起来就是五蕴。因此,贤善的瑜伽行者应当辨识:1.行时有五蕴;2.住时有五蕴;3.坐时有五蕴;4.卧时有五蕴;5.前进、退返时有五蕴;6.正视、旁视时有五蕴;7.屈曲、伸展时有五蕴;8.持僧伽梨、钵与衣时有五蕴;
၉။ စားရာ၌ သောက်ရာ၌ လျက်ရာ၌ ခဲရာ၌ ခန္ဓာ (၅)ပါး၊ ၁ဝ။ ကျင်ကြီးစွန့်ရာ၌ ကျင်ငယ်စွန့်ရာ၌ ခန္ဓာ (၅)ပါး၊ ၁၁။ သွားရာ၌ ရပ်ရာ၌ ထိုင်ရာ၌ အိပ်ရာ၌ နိုးရာ၌ စကားပြောရာ၌ စကားမပြောဆိတ်ဆိတ်နေရာ၌ ခန္ဓာ
9.食、饮、尝、嚼时有五蕴;10.大便、小便时有五蕴;11.行、住、坐、眠、觉、语、默时有五——
(၅)ပါး ----
——蕴——
原书第 753 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း ဤသို့လျှင် ဣရိယာပထပိုင်းဆိုင်ရာ သမ္ပဇညပိုင်းဆိုင်ရာ ရှုကွက်တို့၌ ခန္ဓာ (၅)ပါးတို့ကို အသီးအသီး သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။
——如此,在威仪部分与正知部分的各项观法中,都应分别摄取、观修五蕴。
ဣရိယာပထပိုင်းဆိုင်ရာ သွားမှု ရပ်မှု ထိုင်မှု အိပ်မှုတို့ကား အဓွန့်ရှည်သော ဣရိယာပထ ရှုကွက်ကို ရည်ညွှန်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။
关于威仪部分的行、住、坐、卧,佛陀是指持续时间较长的威仪观法而宣说。
ရှေးသို့ တက်ရာ၌ နောက်သို့ ဆုတ်ရာ၌ တည့်တည့်ကြည့်ရာ၌ စောင်းငဲ့ကြည့်ရာ၌ ကွေးရာ၌ ဆန့်ရာ၌ ဤ (၅)ဌာနတို့၌ အလယ်အလတ်ဖြစ်သော ဣရိယာပုထ်ကို ရည်ညွှန်း၍ ဘုရားရှင်သည် ဟောကြားထားတော် မူပေသည်။
对于前进、退返、正视、旁视、屈曲与伸展这(5)处,佛陀是指持续时间中等的威仪而宣说。
အထက်တွင် ဖော်ပြခဲ့သော အမှတ် (၁၁)တွင် ပါဝင်သော - သွားရာ၌ ရပ်ရာ၌ ထိုင်ရာ၌ အိပ်ရာ၌ (အိပ်ပျော်ရာ၌) နိုးရာ၌ - ဤ (၅)ဌာနတို့၌ ခုဒ္ဒကစုဏ္ဏိက ဣရိယာပထဟု ခေါ်ဆိုအပ်သော အသေးစိတ် အသေးစား ဣရိယာပုထ်တို့ကို ရည်ညွှန်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ (မ-ဋ္ဌ-၁-၂၇၃။) ဤ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင်ကား အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ်တရားတို့ကိုသာ ဦးစားပေး၍ သိမ်းဆည်းရှုပွားထားပါဦး။ နာမ်ကမ္မဋ္ဌာန်း ရှုကွက်၊ ခန္ဓာ (၅)ပါး ရှုကွက်၊ တိပိဋက မဟာသိဝမထေရ်မြတ်ကြီး၏ ရုပ်နာမ်-ရှုကွက်တို့ကိုကား နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ထပ်မံ၍ ဖော်ပြပါဦးမည်။
上文第11项所列的行、住、坐、眠(入睡)、觉这5处,佛陀是指称为“细小杂项威仪”(khuddakacuṇṇika-iriyāpatha)的细微、短暂威仪而宣说。(《中部义注》1-273。)在本色业处部分,贤善的瑜伽行者暂且只以色法为主而摄取、观修。名业处观法、五蕴观法,以及三藏大尸婆长老的名色观法,将在名业处部分再作说明。
အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်
《殊胜义注》的解释
ဤတွင် ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့ကို ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်စေရန် ရည်သန်၍ အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
为了使人对威仪观法与正知观法获得更深刻的理解,这里继续列出《殊胜义注》的解释。
ကတမံ တံ ရူပံ ကာယဝိညတ္တိ? ယာ ကုသလစိတ္တဿ ဝါ အကုသလစိတ္တဿ ဝါ အဗျာကတစိတ္တဿ ဝါ အဘိက္ကမန္တဿ ဝါ ပဋိက္ကမန္တဿ ဝါ အာလောကေန္တဿ ဝါ ဝိလောကေန္တဿ ဝါ သမိဉ္ဇေန္တဿ ဝါ ပသာ- ရေန္တဿ ဝါ ကာယဿ ထမ္ဘနာ သန္ထမ္ဘနာ သန္ထမ္ဘိတတ္တံ ဝိညတ္တိ ဝိညာပနာ ဝိညာပိတတ္တံ၊ ဣဒံ တံ ရူပံ ကာယဝိညတ္တိ။ (အဘိ-၁-၁၇၇၊ ရူပကဏ္ဍ။) = ကာယဝိညတ်ဟူသော ထိုရုပ်သည် အဘယ်နည်း၊ ကုသိုလ်စိတ်ရှိသည်မူလည်း ဖြစ်သော၊ အကုသိုလ် စိတ်ရှိသည်မူလည်းဖြစ်သော၊ အဗျာကတစိတ်ရှိသည်မူလည်းဖြစ်သော ရှေးသို့ သွားသူ၏သော်လည်းကောင်း၊ နောက်သို့ ဆုတ်သူ၏သော်လည်းကောင်း၊ ရှေ့တည့်တည့်သို့ ကြည့်သူ၏သော်လည်းကောင်း၊ စောင်းငဲ့၍ ကြည့် သူ၏သော်လည်းကောင်း၊ လက်ခြေစသည်ကို ကွေးသူ၏သော်လည်းကောင်း၊ လက်ခြေစသည်ကို ဆန့်သူ၏ သော်လည်းကောင်း ကိုယ်ကို အကြင် ထောက်ပံ့ထားခြင်းသည် အကြင် ကောင်းစွာ ထောက်ပံ့ထားခြင်းသည် အကြင် ကောင်းစွာ ထောက်ပံ့ထားတတ်သော ရုပ်၏ ဖြစ်ကြောင်းဖြစ်ရာသည် အကြင် (မိမိ၏ အတွင်းသဘော
“所谓身表的那种色是什么?对于具有善心、不善心或无记心、正在前进、退返、正视、旁视、屈曲或伸展的人,其身体的支撑、善加支撑、被善加支撑之状态,以及表示、令知、被令知之状态——这就是称为身表的那种色。”(《法集论》1-177,色品。)主本缅释:所谓身表的那种色是什么?对于具有善心、不善心或无记心的人,当他前进、退返、正视、旁视,或屈曲、伸展手足等时,其身体有支撑、善加支撑,以及一种能使善加支撑的色法生起的因;又有一种(使别人知道自己的内在——
အလိုဆန္ဒကို သူတစ်ပါးအား) သိစေခြင်း သဘောတရားသည် အကြင်သိစေခြင်းဟူသော အခြင်းအရာသည် အကြင်သိစေတတ်သည်၏ အဖြစ်ဟူသော သဘောတရားသည် ရှိ၏၊ ကာယဝိညတ်ဟူသော ထိုရုပ်သည် ဤသဘောတရားပင်တည်း။ (အဘိ-၁-၁၇၇။) ''အဘိက္ကမိဿာမိ ပဋိက္ကမိဿာမီ''တိ ဟိ စိတ္တံ ဥပ္ပဇ္ဇမာနံ ရူပံ သမုဋ္ဌာပေတိ။ တတ္ထ ယာ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတု တန္နိဿိတော ဝဏ္ဏော ဂန္ဓော ရသော သြဇာတိ ဣမေသံ အဋ္ဌန္နံ ရူပကလာပါနံ အဗ္ဘန္တရေ စိတ္တသမုဋ္ဌာနာ ဝါယောဓာတု၊ သာ အတ္တနာ သဟဇာတံ ရူပကာယံ သန္ထမ္ဘေတိ
——意愿的)令知性质、令知的形态,以及能够令知的状态;所谓身表的那种色,正是这一性质。(《法集论》1“当‘我要前进’或‘我要退返’之心生起时,该心令色生起。在那里,由地界、水界、火界、风界,以及依止它们的颜色、香、味、食素这8种色组成的色聚之内,心所生的风界支撑与自己俱生的色身——”
原书第 754 页
သန္ဓာရေတိ စာလေတိ အဘိက္ကမာပေတိ ပဋိက္ကမာပေတိ။ (အဘိ-ဋ္ဌ-၁-၁၂၄။) ရှင်းလင်းချက် ---- ရှေးသို့ သွားအံ့ နောက်သို့ ဆုတ်အံ့-ဟူသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထိုစိတ်သည် စိတ္တဇရုပ်ကို ဖြစ်စေ၏။ ထိုသို့ စိတ္တဇရုပ်ကို ဖြစ်စေရာ၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ဟူသော ဓာတ်ကြီး (၄)ပါးနှင့် ထိုဓာတ်ကြီး (၄)ပါးကို မှီ၍ ဖြစ်သော ဝဏ္ဏ ဂန္ဓ ရသ သြဇာဟူသော ဤ (၈)မျိုးကုန်သော ရုပ်တရားတို့၏ အပေါင်းအစုဟူသော အဋ္ဌကလာပ်ရုပ်တို့၏ အတွင်း၌ စိတ်ကြောင့်ဖြစ် သော အကြင် ဝါယောဓာတ်သည် ရှိ၏၊ ထို ဝါယောဓာတ်သည် မိမိနှင့် အတူတကွ ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ ထောက်ပံ့၏၊ ကောင်းစွာ ဆောင်ထား၏၊ လှုပ်ရှားစေ၏၊ ရှေ့သို့ သွားစေ၏၊ နောက်သို့ ဆုတ်စေ၏။ (အဘိ-ဋ္ဌ-၁-၁၂၄။) တတ္ထ ဧကာဝဇ္ဇနဝီထိယံ သတ္တသု ဇဝနေသု ပဌမစိတ္တသမုဋ္ဌိတာ ဝါယောဓာတု အတ္တနာ သဟဇာတံ
“——维持并移动它,使它前进、退返。”(《殊胜义注》1-124。)说明——当“我要前进、我要退返”之心生起时,该心使心生色生起。心生色生起时,在地、水、火、风四大种,以及依止四大种而生的颜色、香、味、食素这8种色所成的八法聚之内,有一种由心所生的风界;该风界支撑、维持与自己俱生的色身,也就是色法总和,使它移动、前进、退返。(《殊胜义注》1“在这里,于一个转向心路的7个速行中,第一心所生的风界能够对与自己俱生的——”
ရူပကာယံ သန္ထမ္ဘေတုံ သန္ဓာရေတုံ သက္ကောတိ၊ အပရာပရံ ပန စာလေတုံ န သက္ကောတိ။ ဒုတိယာဒီသုပိ ဧသေဝ နယော။ သတ္တမစိတ္တေန ပန သမုဋ္ဌိတာ ဝါယောဓာတု ဟေဋ္ဌာ ဆဟိ စိတ္တေဟိ သမုဋ္ဌိတံ ဝါယောဓာတုံ ဥပတ္ထမ္ဘနပစ္စယံ လဘိတွာ အတ္တနာ သဟဇာတံ ရူပကာယံ သန္ထမ္ဘေတုံ သန္ဓာရေတုံ စာလေတုံ အဘိက္ကမာပေတုံ ပဋိက္ကမာပေတုံ အာလောကာပေတုံ ဝိလောကာပေတုံ သမိဉ္ဇာပေတုံ ပသာရာပေတုံ သက္ကောတိ၊ တေန ဂမနံ နာမ ဇာယတိ၊ အာဂမနံ နာမ ဇာယတိ၊ ဂမနာဂမနံ နာမ ဇာယတိ၊ ''ယောဇနံ ဂတော၊ ဒသယောဇနံ ဂတော''တိ ဝတ္တဗ္ဗတံ အာပဇ္ဇာပေတိ။ (အဘိ-ဋ္ဌ-၁-၁၂၄။) 〔 ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်း (= ဝုဋ္ဌော) ဟူသော အာဝဇ္ဇန်း နှစ်မျိုး ပါဝင်သော ပဉ္စဒွါရဝီထိများ သည် ဝိညတ်ရုပ်ကို မဖြစ်စေနိုင်။ မနောဒွါရာဝဇ္ဇန်းဟူသော အာဝဇ္ဇန်း တစ်မျိုးသာ ပါဝင်သော မနောဒွါရဝီထိ စိတ်အစဥ်များကသာလျှင် ဝိညတ်ရုပ်ကို ဖြစ်စေနိုင်၏။ ထိုကြောင့်〕
“——色身加以支撑、维持,却不能使它后后移动。第二速行等也同样。至于第七心所生的风界,获得由下方6个心所生风界作为扶助缘以后,便能支撑、维持并移动与自己俱生的色身,使它前进、退返、正视、旁视、屈曲、伸展。由此产生所谓的去、来与往返,并使之达到可说‘已经走了一由旬、已经走了十由旬’的程度。”(《殊胜义注》1-124。)〔包含五门转向与意门转向(=确定)两种转向的五门心路,不能产生表色;唯有仅含意门转向这一种转向的意门心路相续,才能产生表色。因此——〕
ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြကုန်သော စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင် တည်ရှိသော ထိုဝါယောဓာတ်များစွာတို့တွင် မနောဒွါရာဝဇ္ဇန်းဟူသော တစ်ခုသော အာဝဇ္ဇန်းရှိသော မနော ဒွါရဝီထိ၌ (၇)ကြိမ်ကုန်သော ဇောတို့တွင် ပထမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်သည် မိမိနှင့် အတူတကွဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ တောင့်ထားခြင်း ငှာလည်းကောင်း၊ ကောင်းစွာ ဆောင်ထားခြင်းငှာလည်းကောင်း စွမ်းနိုင်၏၊ သို့သော် ထိုမှ ဤမှ လှုပ်ရှားစေ ခြင်းငှာကား မစွမ်းနိုင်။ ဒုတိယဇောစိတ် စသည်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည် ရှိကြကုန်သော ဝါယောဓာတ်စသည်တို့၌လည်း ဤနည်းပင်တည်း။
在依止心所依处色而生、由心所生的诸色聚中,有许多风界。在这些风界之中,于仅有一个意门转向的意门心路中,7个速行里的第一速行心所生诸心生色聚内的风界,能够支撑、维持与自己俱生的色身,也就是色法总和;但还不能使它从这里移动到那里。第二速行心等所生诸心生色聚内的风界等,也同样如此。
သတ္တမ ဇောစိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်သည် ကား အောက်၌ (၆)ပါးကုန်သော ဇောစိတ်တို့ကြောင့် ကောင်းစွာ ဖြစ်ပေါ်လာသော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်ဟူသော ထောက်ပံ့တတ်သော အကြောင်းတရားကို ရရှိသည့်အတွက် မိမိနှင့် အတူတကွဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ တောင့်ထားခြင်းငှာလည်းကောင်း၊ ကောင်း စွာ ဆောင်ထားခြင်းငှာလည်းကောင်း၊ လှုပ်ရှားစေခြင်းငှာလည်းကောင်း၊ ရှေ့သို့သွားစေခြင်းငှာလည်းကောင်း၊ နောက်သို့ ဆုတ်စေခြင်းငှာလည်းကောင်း၊ ရှေ့တည့်တည့်သို့ ကြည့်စေခြင်းငှာလည်းကောင်း၊ စောင်း၍ ကြည့်စေ ခြင်းငှာလည်းကောင်း၊ ကွေးစေခြင်းငှာလည်းကောင်း၊ ဆန့်စေခြင်းငှာလည်းကောင်း စွမ်းနိုင်၏။ ထို (၇)ခုမြောက် ဇောစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ ထိုသို့ စွမ်းနိုင်ခြင်းကြောင့် သွားခြင်းမည်သည် ဖြစ်ပေါ်လာ၏၊
至于第七速行心所生诸心生色聚内的风界,由于获得下面6个速行心所生诸心生色聚内风界这一扶助缘,便能够支撑、维持与自己俱生的色身,也就是色法总和;又能使它移动、前进、退返、正视、旁视、屈曲、伸展。由于第七速行心所生风界具有这些能力,所谓行走便生起——
ပြန်လာခြင်း မည်သည် ဖြစ်ပေါ်လာ၏၊ သွားခြင်း ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏။ ''တစ်ယူဇနာ ရှိသော
——所谓回返便生起,所谓往返便生起;并使之达到可以说“到达距此一由旬的——
原书第 755 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း အရပ်သို့ ရောက်ပြီ၊ ဆယ်ယူဇနာ ရှိသော အရပ်သို့ ရောက်ပြီ = တစ်ယူဇနာတိုင်တိုင် သွားပြီးပြီ၊ ဆယ်ယူဇနာ တိုင်တိုင် သွားပြီးပြီ''ဟု ပြောဆိုထိုက်သည်၏ အဖြစ်သို့ ရောက်စေ၏။ (အဘိ-ဋ္ဌ-၁-၁၂၄။) ပဌမဇဝနသမုဋ္ဌိတာ ဝါယောဓာတု ယဒိပိ တသ္မိံ ခဏေ ရူပါနံ ဒေသန္တရုပ္ပတ္တိဟေတုဘာဝေန စာလေတုံ န သက္ကောတိ၊ တထာပိ ဝိညတ္တိဝိကာရသဟိတာဝ သာ ဝေဒိတဗ္ဗာ။ ဒသသု ဟိ ဒိသာသု ယံ ဒိသံ ဂန္တုကာမော အင်္ဂပစ္စင်္ဂါနိ ဝါ ခိပိတုကာမော၊ တံဒိသာဘိမုခါနေဝ ရူပါနိ သာ သန္ထမ္ဘေတိ သန္ဓာရေတိ စာတိ တဒဘိမုခ- ဘာဝဝိကာရဝတီ ဟောတိ၊ အဓိပ္ပါယသဟဘာဝီ စ ဝိကာရော ဝိညတ္တီတိ။ ဧဝဉ္စ ကတွာ အာဝဇ္ဇနဿပိ ဝိညတ္တိ- သမုဋ္ဌာပကဘာဝေါ ယထာဓိပ္ပါယဝိကာရရူပုပ္ပါဒနေန ဥပပန္နော ဟောတိ၊ ယတော ဗာတ္တိံ သ စိတ္တာနိ ရူပိရိယာ- ပထဝိညတ္တိဇနကာနိ ဝုတ္တာနီတိ။ ယောဇနံ ဂတော၊ ဒသယောဇနံ ဂတောတိ ဝတ္တဗ္ဗတံ အာပဇ္ဇာပေတိ
——地方、到达距此十由旬的地方”,也就是“已经走了一由旬、已经走了十由旬”的程度。(《殊胜义注》1“第一速行所生的风界,虽不能在该刹那以令诸色于另一处生起为因而使它们移动,但应知它仍与表的变异俱生。因为,在十方之中,当人想往某一方向去,或想把大小肢体投向某一方向时,该风界支撑、维持那些正对该方向的诸色,于是便具有面向该方的形态变异;而与意图俱存的变异就是表。如此一来,转向心由于产生符合意图的变异色,也能够作为表的生起因,这便合理成立。因此说,32种心能够产生色、威仪与表。至于使之达到可以说‘已经走了一由旬、已经走了十由旬’的程度,则是——”
အနေကသဟဿဝါရံ ဥပ္ပန္နာ။ (မူလဋီ-၁-၇၂။) ပထမဇောကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်သည် ထိုခဏ၌ ရုပ် တရားတို့၏ အရပ်တစ်ပါး၌ ဥပါဒ်ခြင်း = ဖြစ်ခြင်း၏ အကြောင်း၏ အဖြစ်ဖြင့် လှုပ်ရှားစေခြင်းငှာ အကယ်၍ကား မစွမ်းနိုင်ပါပေ။ ထိုသို့ပင် မစွမ်းနိုင်ပါသော်လည်း ထိုဝါယောဓာတ်ကို ဝိညတ်ဟူသော ဝိကာရရုပ်နှင့် အတူ တကွ ဖြစ်၏ဟူ၍သာ သိရှိပါလေ။ (လှုပ်ရှားခြင်းဟူသည် ရုပ်ကလာပ်တို့၏ မူလဖြစ်ရာ အရပ်မှ အခြားအရပ်၌ နောက်ထပ် ဥပါဒ်ခြင်း = ဖြစ်ခြင်းတည်း။ ထိုသို့ နေရာပြောင်းရွှေ့၍ ဥပါဒ်ရခြင်းမှာလည်း ရှေးရှေး ရုပ်ကလာပ် တွင် ပါဝင်သော = ရှေးရှေး ဇောစိတ်များကြောင့်ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ် ၏ စွမ်းအင်သတ္တိကြောင့်တည်း။ ထိုသို့ နေရာပြောင်း၍ ပြောင်း၍ ဥပါဒ်ခြင်းကိုပင် လူအများက ''လှုပ်ရှားခြင်း'' ဟု ထင်မြင်ကြသည်။ ထိုလှုပ်ရှားမှုမျိုးကို ပထမဇောကြောင့်ဖြစ်သော ဝါယောဓာတ်က မဖြစ်စေနိုင်သေးပါ
“——由许多千次的生起才形成。”(《根本复注》1-72。)第一速行所生诸心生色聚内的风界,在该刹那还不能以令诸色法于另一处生起为因,使它们移动。即便还不能如此,也应当知道,该风界仍与称为“表”的变异色俱生。〔所谓移动,就是诸色聚在原来生起之处以后,又于另一处生起。它们如此移换位置而生起,是由于存在于前前色聚,也就是前前速行心所生诸心生色聚内风界的自性能力。人们正把这种不断换处生起看作“移动”。第一速行所生风界还不能引生这种移动——
ဟူလိုသည်။) ထိုသို့ မစွမ်းနိုင်သော်လည်း အဘယ်ကြောင့် ဝိညတ်ဟူသော ဝိကာရရုပ်နှင့် အတူတကွ ဖြစ်၏ဟူ၍ သိရှိနိုင်ပါသနည်းဟူမူ အဖြေမှာ ဤသို့ ဖြစ်၏။ အရပ် (၁ဝ)မျက်နှာတို့တွင် အကြင်အရပ်သို့ သွားလို၏၊ ကိုယ် အင်္ဂါ ကြီးငယ်တို့ကို အကြင်အရပ်မျက်နှာသို့လည်း ပစ်ချခြင်းငှာ အလိုရှိ၏၊ ထိုအရပ်မျက်နှာသို့ ရှေးရှူသည် သာလျှင် ဖြစ်ကုန်သော ရုပ်တို့ကို ထိုဝါယောဓာတ်သည် ကောင်းစွာလည်း ထောက်ပံ့ထား၏၊ ကောင်းစွာလည်း ဆောင်ထား၏၊ ထိုကြောင့် ထိုအရပ်မျက်နှာသို့ ရှေးရှုသည်၏ အဖြစ်ဟူသော ထူးခြားသော အမူအရာရှိမှုသည် ဖြစ်ပေါ်လာ၏၊ ထိုသူ၏ အတွင်းသဘော အလိုဆန္ဒနှင့် အတူတကွ ဖြစ်လေ့ရှိသော ထူးခြားသော အမူအရာ သည်လည်း ဝိညတ် မည်၏။ ထိုကြောင့် ထိုဝါယောဓာတ်သည် ဝိညတ်ဟူသော ဝိကာရရုပ်နှင့် အတူတကွ ဖြစ်၏ဟူ၍ သိရှိနိုင်ပါ၏။ (မူလဋီ-၁-၇၂။) ဤအကြောင်းကြောင့်ပင် မနောဒွါရာဝဇ္ဇန်း၏လည်း ဝိညတ်ရုပ်ကို ဖြစ်စေနိုင်သည်၏ အဖြစ်သည် အလို
——意思就是如此。〕尽管还不能如此,为什么仍可知它与称为“表”的变异色俱生呢?答案如下:在十方之中,想往某一方向去,或想把身体大小肢体投向某一方向时,该风界支撑、维持正对着该方向的诸色。于是,一种朝向该方向的特殊形态便生起;而经常与此人内在意图俱生的这种特殊形态,就称为“表”。因此可以知道,该风界与称为“表”的变异色俱生。(《根本复注》1-72。)正因为如此,意门转向也能够——
ဆန္ဒ အားလျော်စွာ ဝိကာရရုပ်ကို ဖြစ်စေခြင်းအားဖြင့် သင့်လျော်၏၊ ယင်းကဲ့သို့ သင့်လျော်သည်၏ အဖြစ် ကြောင့် (၃၂)မျိုးကုန်သော စိတ်တို့ကို စိတ္တဇရုပ်သာမည၊ ဣရိယာပုထ်၊ ဝိညတ်ရုပ်ကို ဖြစ်စေတတ်ကုန်၏ဟူ၍ မိန့်ဆိုအပ်ကုန်ပြီဟု မှတ်ပါ။ ထိုသို့ ဝိညတ်ရုပ်ကို ဖြစ်စေနိုင်သည်ဟု ဆိုသော်လည်း ဝါယောဓာတ်၏ သဘာဝ သတ္တိစွမ်းအင် လွန်ကဲနေသော စိတ္တဇရုပ်ကလာပ်များ အကြိမ်များစွာ ဖြစ်သော အခါကျမှသာလျှင် ''တစ်ယူဇနာ သို့ ရောက်ပြီ၊ ဆယ်ယူဇနာသို့ ရောက်ပြီ''ဟု ဆိုနိုင်စေသည်။ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော စိတ္တဇရုပ်ကလာပ်များ အနည်းငယ်မျှ ဖြစ်ရုံမျှဖြင့်ကား ထိုမျှလောက်သော အရပ်သို့ မရောက်စေနိုင် ပါဟု ဆိုလိုသည်။ (မူလဋီ-၁-၇၂။)
——依照意图使变异色生起,因而能够产生表色,这是合理的。正因为合理成立,所以应当记住:论中已经说,32种心能产生普通心生色、威仪与表色。虽说意门转向也能产生表色,但必须等到风界自性能力偏胜的心生色聚生起许多次以后,才可以说“到达一由旬、到达十由旬”;仅有少数几个风界自性能力偏胜的心生色聚生起,并不能使人到达那么远的地方。这就是文义。(《根本复注》1-72。)
原书第 756 页
ယထာ ဟိ သတ္တဟိ ယုဂေဟိ အာကဍ္ဎိတဗ္ဗေ သကဋေ ပဌမယုဂေ ယုတ္တဂေါဏာ ယုဂံ တာဝ သန္ထမ္ဘေတုံ သန္ဓာရေတုံ သက္ကောန္တိ၊ စက္ကံ ပန န ပဝဋ္ဋေန္တိ။ ဒုတိယာဒီသုပိ ဧသေဝ နယော။ သတ္တမယုဂေ ပန ဂေါဏေ ယောဇေတွာ ယဒါ ဆေကော သာရထိ ဓုရေ နိသီဒိတွာ ယောတ္တာနိ အာဒါယ သဗ္ဗပုရိမတော ပဋ္ဌာယ ပတော- ဒလဋ္ဌိယာ ဂေါဏေ အာကောဋေတိ၊ တဒါ သဗ္ဗေဝ ဧကဗလာ ဟုတွာ ဓုရဉ္စ သန္ဓာရေန္တိ၊ စက္ကာနိ စ ပဝဋ္ဋေန္တိ၊ ''သကဋံ ဂဟေတွာ ဒသယောဇနံ ဝီသတိယောဇနံ ဂတာ''တိ ဝတ္တဗ္ဗတံ အာပါဒေန္တိ။ ဧဝံ သမ္ပဒမိဒံ ဝေဒိတဗ္ဗံ။
“譬如,一辆车必须由7副轭牵引时,套在第一副轭上的牛能够先支撑、维持车轭,却还不能使车轮滚动;第二副轭等也是同样。等到第7副轭也套上牛,善巧的御者坐在车前,拿起缰绳,从最前面的牛开始,用牛刺棒驱策它们时,所有的牛便力量一致,既能维持车轭,也能使车轮滚动,并使之达到可以说‘载着车走了10由旬、20由旬’的程度。应当如此完整对应地理解这个譬喻。”
(အဘိ-ဋ္ဌ-၁-၁၂၅။)
缅文出处原文:“(အဘိ-ဋ္ဌ-၁-၁၂၅။)”(《殊胜义注》1-125。)
= ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုပေအံ့ ---- နွားခုနစ်ရှဥ်း ကသော ထမ်းပိုး ခုနစ်ခုတို့ဖြင့် ရုန်းကန် ဆွဲငင်ပါမှ ပါလာနိုင်လောက်အောင် ဝန်လေးသော လှည်းတစ်စီး၌ ရှေးဦးစွာ ပထမထမ်းပိုး၌ ကပ်ယှဥ်ထား အပ်ကုန်သော နွားတို့သည် ထမ်းပိုးကို သို့မဟုတ် ထမ်းပိုးနှင့် တကွသော လှည်းကို ကောင်းစွာ တောင့်ထား ခြင်းငှာ စွမ်းနိုင်ကြကုန်၏၊ သွားမည့်လမ်းဘက်သို့ ရှေးရှု ဆွဲငင်လျက် ကောင်းစွာ ဆောင်ထားခြင်းငှာလည်း စွမ်းနိုင်ကြကုန်၏၊ သို့သော် လှည်းဘီးကိုကား မလိမ့်စေနိုင်ကြကုန်။ ဒုတိယထမ်းပိုး စသည်တို့၌ ယှဥ်ကထား အပ်ကုန်သော နွားစသည်တို့၌လည်း နည်းတူသာတည်း။
以譬喻说明如下:有一辆载重的车,必须把7对牛套在7副车轭上合力牵引,才能拉动。最初套在第一副车轭上的牛,既能稳住车轭,也能稳住连着车轭的车;又能面向行进的道路牵引、维持它,却还不能使车轮滚动。套在第二副车轭等上面的牛,也同样如此。
အလျော်အားဖြင့်ဆိုရမူ ခုနစ်ခုမြောက်သော ထမ်းပိုး၌ နွားတို့ကို ယှဥ်ကစေ၍ အကြင်အခါ၌ လိမ္မာ ကျွမ်းကျင်သော လှည်းမောင်းသမားသည် လှည်းဦး၌ ထိုင်၍ ကြိုးတို့ကို ကိုင်၍ အလုံးစုံသော နွားတို့၏ ရှေး ဖြစ်သော နွားမှစ၍ နှင်တံဖြင့် နွားတို့ကို တို့လျက် မောင်းနှင်၏၊ ထိုအခါ၌ အလုံးစုံသော နွားတို့သည်ပင် တူညီ သော ခွန်အား = စွမ်းအား ရှိကုန်သည် ဖြစ်ကုန်၍ လှည်းဦး သို့မဟုတ် လှည်းဝန်ကိုလည်း ကောင်းစွာ ဆောင်ကုန် သကဲ့သို့ လှည်းဘီးတို့ကိုလည်း လည်စေကုန်သကဲ့သို့ ''လှည်းကို သယ်ဆောင်၍ လှည်းသည် ဆယ်ယူဇနာသို့ ရောက်ပြီ၊ ယူဇနာနှစ်ဆယ်သို့ ရောက်ပြီ''ဟု ပြောဆိုထိုက်သည်၏ အဖြစ်သို့ ရောက်စေကုန်သကဲ့သို့ ဤသို့ မချွတ်မယွင်း ပြီးစီးခြင်းရှိသော ဤ ဥပမေယျကို သိရှိပါလေ။ (အဘိ-ဋ္ဌ-၁-၁၂၅။) လှည်းတစ်စီးကို နွား (၇)ရှဥ်းတို့ဖြင့် ဆောင်ယူသွားရာ၌ ရှေးက သွားကြသော နွား (၆)ရှဥ်းတို့သည်
依次到了第7副车轭也套上牛时,善巧熟练的御者坐在车前,手执缰绳,从最前面的牛开始,用牛刺棒逐一驱赶。于是,所有牛都具有相同的力量,既能共同承住车辕与车载,也能使车轮转动;因而可以说“车被拉走,已经走了10由旬、20由旬”。应当以这个完全相应的譬喻来理解。(《殊胜义注》1-125。)以7对牛牵引一辆车时,前6对牛——
လှည်းကို တောင့်ထားကြကုန်သကဲ့သို့ သွားမည့်လမ်းဘက်သို့ ရှေးရှုဆွဲငင် ဆောင်ယူနေကြသကဲ့သို့ ထို့အတူ ရှေးဇော (၆)ကြိမ်တို့ကြောင့် ဖြစ်ပေါ်သွားကြကုန်သော ဝါယောဓာတ်တို့က အတူတကွ ဖြစ်ဖက် ရုပ်တရား တို့ကို လျော့မသွားအောင် တောင့်ထားကြ၏၊ သွားမည့်ဘက် လှုပ်ရှားမည့်ဘက်သို့ ရှေးရှု ဆွဲဆောင်ထားကြ၏။
——能够稳住车,并朝向所要走的道路牵引、维持它;同样,由前6个速行所生的风界,支撑与它们俱生的诸色法,使其力量不致减退,并把它们导向所要行走、移动的方向。
သို့သော် လှည်းဘီးကို လိမ့်သွားအောင် ရှေးနွား (၆)ရှဥ်းတို့က မစွမ်းနိုင်ကြကုန်သကဲ့သို့ အလားတူပင် ယင်း ရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ပေါ်သွားကြကုန်သော ဝါယောဓာတ်တို့ကလည်း ဤရူပကာယ = ရုပ်တရား အပေါင်းကို လှုပ်ရှားသွားအောင် ပြုလုပ်ခြင်းငှာ မတတ်နိုင်ပေ။ သို့သော် ရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ပေါ် သွားကြကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ အားပေးထောက်ပံ့မှုကို ရရှိသော အခါ သတ္တမဇောစိတ်ကြောင့် ဖြစ်ပေါ်သွားကြကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိကြသော ဝါယော ဓာတ်တို့သည် ဤရူပကာယ ရုပ်တရားအပေါင်းကို လှုပ်ရှားသွားအောင် = နေရာအသစ်အသစ်၌ ထပ်၍ ထပ်၍ ဖြစ်အောင် ပြုလုပ်ခြင်းငှာ တတ်ကောင်းပါ၏ဟု ဆိုလိုသည်။ (ဤ၌ မနောဒွါရိကဇောဝီထိပေါင်းသည် အဆက် မပြတ် သွားနေသမျှ အကြိမ်များစွာ ဖြစ်နေမည်သာတည်း။)
然而,正如前6对牛不能使车轮滚动,由前6个速行所生的风界也不能使这个色身,也就是色法总和,移动起来。可是,第七速行心所生诸心生色聚内的风界,获得前6个速行所生诸心生色聚内风界的扶助以后,便能够使这个色身,也就是色法总和移动,换言之,使诸色在一个又一个新位置接连生起。这就是文义。〔在这里,只要行走尚未中断,许多意门速行心路就会不断生起。〕
ဝိညတ် ဟူသည်
何谓“表”
တတ္ထ ယော စိတ္တသမုဋ္ဌာနိကကာယော၊ န သော ဝိညတ္တိ။ စိတ္တသမုဋ္ဌာနာယ ပန ဝါယောဓာတုယာ သဟဇာတံ ရူပကာယံ သန္ထမ္ဘေတုံ သန္ဓာရေတုံ စာလေတုံ ပစ္စယော ဘဝိတုံ သမတ္ထော ဧကော အာကာရ-
“在这里,那一心所生身并不是表。可是,有一种特殊形态,能够成为心所生风界支撑、维持并移动与它俱生之色身的缘——”
原书第 757 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း ဝိကာရော အတ္ထိ၊ အယံ ဝိညတ္တိ နာမ။ သာ အဋ္ဌ ရူပါနိ ဝိယ န စိတ္တသမုဋ္ဌာနာ။ ယထာ ပန အနိစ္စာဒိဘေဒါနံ ဓမ္မာနံ ဇရာမရဏတ္တာ ''ဇရာမရဏံ ဘိက္ခဝေ အနိစ္စံ သင်္ခတ''န္တိအာဒိ ဝုတ္တံ။ ဧဝံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိညတ္တိတာယ သာပိ စိတ္တသမုဋ္ဌာနာ နာမ ဟောတိ။ (အဘိ-ဋ္ဌ-၁-၁၂၅။) ပထမဇောကြောင့် ဖြစ်ပေါ်လာကြသော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိကြသော ဝါယောဓာတ် များသည် ရူပကာယ = ရုပ်တရားအပေါင်းကို လှုပ်ရှားအောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်သော်လည်း ထိုဝါယော ဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၌ ဝိညတ်ဟူသော ဝိကာရရုပ်ကား ပါဝင်လျက်သာ ရှိ၏။ မှန်၏ ---- အရှေ့သို့ သွားလိုလျှင် ပထမဇောကြောင့် ဖြစ်ပေါ်သွားကြကုန်သော စိတ္တဇ ရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်တို့ကလည်း ရူပကာယ = ရုပ်တရားအပေါင်းကို အရှေ့သို့ ရှေးရှု
“——这种形态变异确实存在,称为‘表’。它不像那8种色一样直接由心所生。然而,正如因为无常等法有老死,遂说‘诸比丘,老死是无常、是有为’等;同样,因为心所生诸色具有表性,这一表也就称为‘心所生’。”(《殊胜义注》1-125。)第一速行所生诸心生色聚内的风界,虽还不能使色身,也就是色法总和移动,但在这些风界自性能力偏胜的色聚中,仍然含有称为“表”的变异色。确实如此——若想向前行,第一速行所生诸心生色聚内的风界也会把色身,也就是色法总和支撑、维持在面向前方的——
လျက်သာ ထောက်ပံ့ထားကြရ ဆောင်ထားကြရလေသည်။ ထိုသို့ ရူပကာယ = ရုပ်တရားအပေါင်း၏ အရှေ့ ဘက်သို့ ရှေးရှုခြင်းသည် ဝိညတ်ဟူသော ဝိကာရရုပ်၏ အစွမ်းကြောင့်သာ ဖြစ်ရ၏။ ဒုတိယဇော စသည် တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။
——状态。色身,也就是色法总和之所以能面向前方,正是由于称为“表”的变异色之力。第二速行等也应以同样的方法理解。
ထိုရူပကာယ = ရုပ်တရားအပေါင်းတို့တွင် အကြင် စိတ်ကြောင့်ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်း သည် ရှိ၏၊ ထိုစိတ်ကြောင့်ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းသည် ဝိညတ် မဟုတ်ပေ။ အဟုတ်သော် ကား စိတ်ကြောင့် ဖြစ်ကုန်သော (စိတ္တဇရုပ်တို့တွင် ပါဝင်သော) ဝါယောဓာတ်နှင့် အတူတကွ ဖြစ်သော ရူပ ကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ တောင့်ထားခြင်း ထောက်ကန်ထားခြင်းငှာ သွားမည့်ဘက်သို့ ရှေးရှုကောင်းစွာ ဆောင်ထားခြင်းငှာ လှုပ်ရှားစေခြင်းငှာ အကြောင်းတရားဖြစ်ခြင်းငှာ စွမ်းနိုင်သော တစ်မျိုး သော ထူးခြားသော အမူအရာသည် ရှိ၏၊ ဤထူးခြားသော အမူအရာသည် ဝိညတ် မည်၏။
在这个色身,也就是色法总和之中,虽有由心所生的色身、色法总和,但这一由心所生的色身、色法总和本身并不是表。实际上,与心所生风界,也就是心生色中所含的风界俱生、能够成为支撑并稳固色身、使色身朝向所要行走的方向、使它移动之缘的一种特殊形态确实存在;这一特殊形态就称为“表”。
ထိုဝိညတ်ရုပ်သည်ကား သြဇာလျှင် (၈)ခုမြောက်ရှိသော စိတ္တဇသြဇဋ္ဌမကရုပ်တို့သည် (= စိတ္တဇသြဇဋ္ဌ- မက ရုပ်ကလာပ်တို့သည်) စိတ်ကြောင့် ဖြစ်ကုန်သကဲ့သို့ စိတ်ကြောင့် ဖြစ်သည်ကား မဟုတ်။ (ယင်းဝိညတ် ရုပ်သည် ရုပ်အစစ် မဟုတ်သောကြောင့် စိတ်ကြောင့် ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် မဟုတ်ပါဟု ဆိုလိုသည်။) ထိုသို့ပင် စိတ္တသမုဋ္ဌာန်ရုပ် မဟုတ်ပါသော်လည်း - အနိစ္စ ဒုက္ခ အနတ္တတရား စင်စစ်ဧကန် ဖြစ်ကြကုန်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရကြသည့် ရုပ်+နာမ်+ကြောင်း+ကျိုး = သင်္ခါရတရား = သင်္ခတတရားတို့၏ တည်မှု = ဇရာ၊ ပျက်မှု = မရဏတရား ထင်ရှားရှိသည်၏ အဖြစ်ကြောင့် - ''ဇရာမရဏံ ဘိက္ခဝေ အနိစ္စံ သင်္ခတံ = ဇရာမရဏသည် အနိစ္စတရားတည်း သင်္ခတတရားတည်း'' (သံ-၁-၂၆၄။) ---- အစရှိသော စကားတော်ကို ဘုရားရှင်သည် ဟောကြားတော်မူအပ်သကဲ့သို့ ---- ဤအတူပင် စိတ္တသမုဋ္ဌာန်ဖြစ်ကုန်သော ရုပ်တရားတို့၏
这种表色,并不像以食素为第8法的心生食素八法聚那样直接由心所生。〔意思是:表色并非真实色,所以不属于由心直接产生的心所生真实色。〕虽然它不是以这种方式直接由心所生的色,但无常、苦、无我的行法——即称为苦谛与集谛的色、名、因、果,也就是诸行法、有为法——有住立,即老;有坏灭,即死。因此,世尊曾宣说缅巴合引原文:“''ဇရာမရဏံ ဘိက္ခဝေ အနိစ္စံ သင်္ခတံ = ဇရာမရဏသည် အနိစ္စတရားတည်း သင်္ခတတရားတည်း'' (သံ-၁-၂၆၄။)”译:“诸比丘,老死是无常法,是有为法。”(《相应部》1-264。)正如作了这样的宣说,同样,由于它是心所生诸色法的——
ဝိညတ်ဟူသော ဝိကာရရုပ် ဖြစ်ခြင်းကြောင့် ထိုဝိညတ်ရုပ်သည်လည်း စိတ္တသမုဋ္ဌာန်ရုပ် မည်တော့သည်သာ ဖြစ်ပေသည်။ (အဘိ-ဋ္ဌ-၁-၁၂၅။) ဝါယောဓာတုယာ ။ ပ ။ ပစ္စယော ဘဝိတု န္တိ ထမ္ဘနစလနေသု ဝါယောဓာတုယာ ပစ္စယော ဘဝိတုံ သမတ္ထော စိတ္တသမုဋ္ဌာနမဟာဘူတာနံ ဧကော အာကာရဝိသေသော အတ္ထိ၊ အယံ ဝိညတ္တိ နာမ။ တေသဥှိ တဒါကာရတ္တာ ဝါယောဓာတု ထမ္ဘေတိ စာလေတိ စာတိ။ န စိတ္တသမုဋ္ဌာနာတိ ဧတေန ပရမတ္ထတော အဘာဝံ ဒဿေတိ။ န ဟိ ရူပံ အပ္ပစ္စယံ အတ္ထိ၊ န စ နိဗ္ဗာနဝဇ္ဇော အတ္ထော နိစ္စော အတ္ထိ။ ဝိညတ္တိတာယာတိ ဝိညတ္တိ- ဝိကာရတာယ။ စိတ္တသမုဋ္ဌာနဘာဝေါ ဝိယ မဟာဘူတဝိကာရတာယ ဥပါဒါရူပဘာဝေါ စ အဓိပ္ပေတောတိ ဝေဒိတဗ္ဗော။ (မူလဋီ-၁-၇၂။)
——表之变异色,这一表色也就称为心所生色。(《殊胜义注》1“〔从〕‘以风界……成为缘’〔一段〕:在支撑与移动二事中,心所生诸大种有一种特殊形态,能够作为风界的缘;这称为‘表’。因为诸大种具有那种形态,所以说风界支撑并移动。所谓‘非心所生’,以此显示它在胜义上并不存在。因为没有无缘而有的色,也没有除涅槃之外常恒的义。所谓‘由于表性’,即由于属于表的变异。应知:正如称它为心所生,也意在说它由于是诸大种的变异而属于所造色。”(《根本复注》1-72。)
原书第 758 页
= ရူပကာယ = ရုပ်တရားအပေါင်းကို ထောက်ပံ့ထားခြင်း လှုပ်ရှားစေခြင်းတို့၌ ဝါယောဓာတ်၏ အကြောင်း တရား ဖြစ်ဖို့ရန် စွမ်းနိုင်သော စိတ်ကြောင့်ဖြစ်ကုန်သော မဟာဘုတ် ဓာတ်ကြီး (၄)ပါးတို့၏ တစ်မျိုးသော အခြင်းအရာအထူးသည် ရှိ၏၊ ဤအခြင်းအရာအထူးသည် ဝိညတ် မည်၏။
=在支撑并推动 rūpakāya(色身,即一切色法)方面,心生四大种有一种特殊行相,能作为风界的缘;这种特殊行相称为身表。
〔အထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာ၌ - ဝါယောဓာတုယာ။ ပ ။ ဧကော အာကာရဝိကာရော ----
〔前引《殊胜义注》中说:“ဝါယောဓာတုယာ။ ပ ။ ဧကော အာကာရဝိကာရော ----”——
(အဘိ-ဋ္ဌ-၁-၁၂၅။) = ဝါယောဓာတ်၏ အာကာရဝိသေသ = အခြင်းအရာအထူးကို ဝိညတ်မည်ကြောင်း ဖွင့်ဆိုထား၏။ ဤမူလဋီကာ၌ကား မဟာဘုတ် (၄)ပါးလုံး၏ အာကာရဝိသေသ = အခြင်းအရာအထူးကို ဝိညတ်မည်ကြောင်း ဖွင့်ဆိုထား၏။ အဋ္ဌကထာ၌ ပဓာနနည်းအားဖြင့် ပြဓာန်းသော လိုရင်းပဓာနကိုသာ ဖွင့်ဆို၍ ဋီကာ၌ ပဓာန-အပဓာန နှစ်မျိုးလုံးကို ပေါင်း၍ ဖွင့်ဆိုသည်ဟု မှတ်ပါ။〕 = မှန်ပေသည် ---- ထို စိတ္တဇ မဟာဘုတ်တို့၏ ထိုသို့သော ထူးသောအခြင်းအရာ ရှိကုန်သည်၏ အဖြစ် ကြောင့် ဝါယောဓာတ်သည် ရူပကာယ = ရုပ်တရားအပေါင်းကို ထောက်လည်း ထောက်ပံ့ထားနိုင်၏၊ လှုပ်လည်း လှုပ်ရှားစေနိုင်၏ဟု မှတ်ပါ။
缅文出处原文:“(အဘိ-ဋ္ဌ-၁-၁၂၅။)”(《殊胜义注》1-125。)这里把风界的 ākāravisesa(特殊行相)说为身表;《根本复注》则把全部四大种的特殊行相说为身表。应知,义注依主导门只解释主导的一方,复注则把主导与非主导两方合起来解释。〕=诚然,正因为这些心生四大种具有这样的特殊行相,风界才能支撑 rūpakāya(色身,即一切色法),并使其运动。
ဤဝိညတ်ရုပ်သည် စိတ်ကြောင့် ဖြစ်သည်ကား မဟုတ်ဟူသော ဤစကားရပ်ဖြင့် ဝိညတ်ရုပ်၏ ပရမတ္ထ အားဖြင့် ထင်ရှား မရှိခြင်းကို ညွှန်ပြ၏။ အကြောင်းမူ ရုပ်အစစ်မှန်လျှင် အကြောင်းတရား ထင်ရှား မရှိပါဘဲ လျက် ဖြစ်ပေါ်လာသော ရုပ်တရားမည်သည် ပရမတ္ထသစ္စာနယ်၌ မရှိကောင်းသောကြောင့် ဖြစ်၏။ ထိုကြောင့် ဝိညတ်ရုပ်သည် စိတ်ကြောင့် ဖြစ်သည်ကား မဟုတ်ဟူသော စကားရပ်ဖြင့် ဝိညတ်ရုပ်၏ ပရမတ္ထရုပ်အစစ် မဟုတ်ကြောင်းကို ပြသည်ဟု သိနိုင်ပေသည်။
“这种身表色并非由心所生”这句话,指出身表色在胜义上并不实有。因为,若是真实色,就不可能成为没有明显因而生起的色法;在胜义谛的范围内,不容许有这种色法。因此,“身表色并非由心所生”这句话,是为了显示身表色并非真实的胜义色。
နိဗ္ဗာန်သည် ကြဥ်အပ်သော နိဗ္ဗာန်မှ တစ်ပါးသော နိစ္စ ထာဝရ အမြဲတည်နေသော ပရမတ်တရားမည် သည် မရှိသည်သာဖြစ်သောကြောင့် ဝိညတ်ရုပ်ကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရား ထင်ရှားမရှိသော အပ္ပစ္စယတရားဟုလည်း မဆိုနိုင်ပေ။ ထိုကြောင့် အတွင်းသဘော အလိုဆန္ဒကို သိစေတတ်သော ဝိကာရ = အခြင်းအရာအထူး ဖြစ်သောကြောင့်ထို ဝိညတ်ရုပ်သည်လည်း စိတ္တသမုဋ္ဌာန်ရုပ် (= စိတ်ကြောင့် ဖြစ်သော ရုပ်) မည်ပေသည်။ ဝိညတ်ရုပ်၏ စိတ္တသမုဋ္ဌာန်ရုပ်၏ အဖြစ်ကို အလိုရှိအပ်သကဲ့သို့ အလားတူပင် ယင်းဝိညတ် ရုပ်သည် မဟာဘုတ်တို့၏ အခြင်းအရာထူး ဝိကာရ ဖြစ်သောကြောင့် ဥပါဒါရုပ်၏ အဖြစ်ကိုလည်း အလိုရှိ အပ်၏ဟု သိရှိပါလေ။ (မူလဋီ-၁-၇၂။)
除涅槃外,并不存在另一种常住、恒久不变的胜义法,所以也不能把身表色说成没有令其生起之因的 apaccaya-dhamma(无缘法)。因此,因为身表色是能使他人了知内在意图的 vikāra(特殊变异行相),它也称为 cittasamuṭṭhāna-rūpa(心所生色)。正如认可身表色为心所生色一样,也应认可:由于它是四大种的特殊变异行相,它还是 upādā-rūpa(所造色)。缅文出处原文:“(မူလဋီ-၁-၇၂။)”(《根本复注》1-72。)
〔ထိုဝိညတ်ရုပ်သည် ပရိယာယ်အားဖြင့် (ဌာနူပစာရအားဖြင့်) စိတ္တသမုဋ္ဌာန် အမည်ရသကဲ့သို့ မဟာ
〔这种身表色依转义而言(依处所譬喻,ṭhānūpacāra),如同获得“心所生”之名一样;又因其——
ဘုတ်တို့၏ ထူးသော အခြင်းအရာ = ဝိကာရ ဖြစ်သောကြောင့် မဟာဘုတ်တို့ကို စွဲမှီ၍သာ ထင်ရှားရကား ဥပါဒါရုပ် အမည်ကိုလည်း ရနိုင်သည် - ဟု ဆိုလိုပေသည်။
——是四大种的特殊行相,也就是变异相,只有依止四大种才会显现,所以也能获得“所造色”之名。这就是其意。
ဌာနဖြစ်သော စိတ္တဇရုပ်ကလာပ်တို့၏ စိတ္တသမုဋ္ဌာနဟူသော အမည်အစစ်ကို ဌာနီဖြစ်သော ဝိကာရ
把作为“处所”(ṭhāna)的心生色聚真正具有的“心所生”之名,转而安立在作为“居处者”(ṭhānī)的变异色——
ရုပ် = ဝိညတ်ရုပ်အပေါ်၌ တင်စား၍ ဝိညတ်ရုပ်ကိုလည်း ဌာနူပစာရအားဖြင့် စိတ္တသမုဋ္ဌာနရုပ်ဟု အမည် နာမတပ်လျက် ခေါ်ဝေါ် သုံးစွဲနိုင်ပါသည် - ဟု ပြလိုသောကြောင့် - စိတ္တသမုဋ္ဌာနာ နာမ-ဟု နာမ-သဒ္ဒါ ထည့်၍ (အဘိ-ဋ္ဌ-၁-၁၂၅။)၌ ဖွင့်ဆိုထားပေသည်။ အဓိဝစနံ - နာမံ ရှိရာ ဥပစာဟူသော ပရိဘာသာနှင့် အညီတည်း။〕〕〕
——也就是身表色之上,因而也能依 ṭhānūpacāra 把身表色称为心所生色。为了说明这一点,《殊胜义注》解释时写作“စိတ္တသမုဋ္ဌာနာ နာမ”,加入“နာမ”(nāma)一词。缅文出处原文:“(အဘိ-ဋ္ဌ-၁-၁၂၅။)”(《殊胜义注》1-125。)这与“အဓိဝစနံ - နာမံ”——有 nāma 一词处即有转称——这一语法通则相合。〕〕〕
原书第 759 页
မနောဝိညေယျ တရား
唯由意门所识之法
ဝိညာပနတ္တာ ပနေသာ ဝိညတ္တီတိ ဝုစ္စတိ။ ကိံ ဝိညာပေတီတိ? ဧကံ ကာယိကကရဏံ။ စက္ခုပထသ္မိဥှိ ဌိတော ဟတ္ထံ ဝါ ပါဒံ ဝါ ဥက္ခိပတိ၊ သီသံ ဝါ ဘမုကံ ဝါ စာလေတိ။ အယံ ဟတ္ထာဒီနံ အာကာရော စက္ခုဝိညေ- ယျော ဟောတိ၊ ဝိညတ္တိ ပန န စက္ခုဝိညေယျာ၊ မနောဝိညေယျာ ဧဝ။ စက္ခုနာ ဟိ ဟတ္ထဝိကာရာဒိဝသေန ဝိပ္ဖန္ဒမာနံ ဝဏ္ဏာရမ္မဏမေဝ ပဿတိ၊ ဝိညတ္တိံ ပန မနောဒွါရိကစိတ္တေန စိန္တေတွာ ''ဣဒဉ္စိဒဉ္စ ဧသ ကာရေတိ မညေ''တိ ဇာနာတိ။ (အဘိ-ဋ္ဌ-၁-၁၂၅။) = ဝိညာပေတီတိ ဝိညတ္တိ - ဟူသော ဟေတု ကတ္တုသာဓန ဝစနတ္ထအရ ဤအမူအရာထူးကို သိစေ တတ်သည်၏ အဖြစ်ကြောင့် ဝိညတ်ဟူ၍ ခေါ်ဆိုအပ်၏။ အဘယ်ကို သိစေတတ်သနည်းဟူမူ - ကာယဒွါရ၌ ဖြစ်သော အမူအရာကြိယာကို = ကာယဒွါရ၌ ဖြစ်သော စိတ်၏ အမူအရာ ကြိယာကို = စိတ်၏ အလိုဆန္ဒကို သိစေတတ်၏။ ဤကား အဖြေတည်း။
“然而,因为它能使人了知,故称为‘表’。它使人了知什么?某一种身体动作。一个处在视线之内的人,举起手或脚,或摇动头或眉毛;手等的这种形态是眼识所识的,但表并非眼识所识,唯由意识所识。因为,以眼所见只是在手等发生特殊动作时运动的颜色所缘;至于表,则由意门心思量以后,了知:‘我想,此人是要人做这件事、那件事。’”(《殊胜义注》1-125。)依“ဝိညာပေတီတိ ဝိညတ္တိ”(因能使人了知,故名为表)这一依使动者成立的词义,这种特殊动作因为能使人了知,所以称为“表”。它使人了知什么呢?它使人了知发生于身门的动作,即发生于身门的心之动作,也就是心的意图。这就是答案。
စက္ခုပသာဒ၏ လမ်းကြောင်း၌ တည်သော သူသည် လက်ကိုသော်လည်းကောင်း၊ ခြေကိုသော်လည်း ကောင်း မြှောက်လိုက်အံ့၊ ဦးခေါင်းကိုသော်လည်းကောင်း မျက်ခုံးကိုသော်လည်းကောင်း လှုပ်စေအံ့၊ လက် ခြေ ဦးခေါင်း မျက်ခုံး စသည်တို့၏ ဤ မြှောက်ခြင်း လှုပ်ခြင်းဟူသော ဤအမူအရာသည် စက္ခုဝိညာဏ်ဖြင့် သိအပ် သိနိုင်၏။ သို့သော် ဝိညတ်ကိုကား စက္ခုဝိညာဏ်ဖြင့် မသိအပ် မသိနိုင်၊ မနောဝိညာဏ်ဖြင့်သာ သိအပ် သိနိုင်၏။
处于眼净色所及视线内的人,若举起手或脚,或摇动头或眉毛,手、脚、头、眉毛等的这种举起、摇动之动作,可以由眼识看见;然而,身表不能由眼识了知,只能由意识了知。
မှန်ပေသည် - စက္ခုဖြင့် (= စက္ခုဝိညာဏ်ဖြင့်) လက်၏ ထူးခြားသော အမူအရာ အစရှိသည်တို့၏ အစွမ်းဖြင့် လှုပ်ရှားသော အရောင်အဆင်းဟူသော ဝဏ္ဏဓာတ် = ရူပါရုံကိုသာလျှင် မြင်နိုင်၏၊ ဝိညတ်ရုပ်ကိုကား မနော ဒွါရိကဇောဝီထိ စိတ်အစဥ်ဖြင့် ကြံဆ၍ စဥ်းစား၍ - ''ဤသူသည် ဤမည်သောအမှု ဤမည်သောအမှုကို လည်း ပြုစေလိုယောင်တကား (= ပြုစေလိုသည်နှင့် တူ၏)'' - ဟု သိရှိပေ၏။ (အဘိ-ဋ္ဌ-၁-၁၂၅။) ကာယိကကရဏန္တိ ကာယဒွါရပ္ပဝတ္တံ စိတ္တကိရိယံ၊ အဓိပ္ပါယန္တိ အတ္ထော။ ကာရေတိ မညေတိ ဧတေန ဝဏ္ဏဂ္ဂဟဏာနုသာရေန ဂဟိတာယ ဝိညတ္တိယာ ယံ ကရဏံ ဝိညာတဗ္ဗံ၊ တဿ ဝိဇာနနေန ဝိညတ္တိယာ ဝိညာတတ္တံ ဒဿေတိ။ န ဟိ ဝိညတ္တိရဟိတေသု ရုက္ခစလနာဒီသု ''ဣဒမေသ ကာရေတီ''တိ ဝိဇာနနံ ဟောတီတိ။
诚然,通过眼(即眼识),只能看见因手的特殊动作等而运动的颜色,也就是颜色界、色所缘;身表色则须由意门速行心路的心流思量,才会了知:“我想,这个人似乎想做这件事、那件事。”缅文出处原文:“(အဘိ-ဋ္ဌ-၁-၁၂၅။)”(《殊胜义注》1“所谓‘身体动作’,意指在身门转起的心之动作,也就是意图。‘我想,他要做〔某事〕’,借这句话显示:随取颜色之后所把握的表,能令某一动作被识知;通过了知该动作,也就显示表已被识知。因为,对于没有表的树木摇动等现象,不会生起‘此物要做这件事’这样的认识。”
စက္ခုဝိညာဏဿ ဟိ ရူပေ အဘိနိပါတမတ္တံ ကိစ္စံ၊ န အဓိပ္ပါယသဟဘုနော စလနဝိကာရဿ ဂဟဏံ။ စိတ္တဿ ပန လဟုပရိဝတ္တိတာယ စက္ခုဝိညာဏဝီထိယာ အနန္တရံ မနောဝိညာဏေန ဝိညာတမ္ပိ စလနံ စက္ခုနာ ဒိဋ္ဌံ ဝိယ မညန္တိ အဝိသေသဝိဒုနော၊ တသ္မာ ယထာ နီလာဘိနိပါတဝသပ္ပဝတ္တာယ စက္ခုဝိညာဏဝီထိယာ နီလန္တိပဝတ္တာယ မနောဝိညာဏဝီထိယာ စ အနန္တရံ န ဝိညာယတိ၊ ဧဝံ အဝိညာယမာနန္တရေန မနောဒွါရဝိညာဏေန ဂဟိတေ တသ္မိံ စိတ္တေန သဟေဝ အနုပရိဝတ္တေ ကာယထမ္ဘနဝိကာရစောပနသင်္ခါတေ ''ဣဒမေသ ကာရေတိ၊ အယမဿ အဓိပ္ပါယော''တိ ဝိဇာနနံ ဟောတိ။ (မူလဋီ-၁-၇၂-၇၃။) ကာရေတိ မညေ = ''ဤသူသည် ဤမည်သောအမှု ဤမည်သောအမှုကို ပြုစေလိုသည်နှင့် တူ၏'' ဟူ သော ဤစကားရပ်ဖြင့် - အရောင် = အဆင်း = ဝဏ္ဏဓာတ် = ရူပါရုံကို အာရုံယူ၍ ရကြောင်း (= သိကြောင်း) ဖြစ်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိကို အစဥ်လိုက်သဖြင့် အာရုံယူ၍ ရအပ် သိအပ်သော ဝိညတ်ရုပ်ကြောင့်
“眼识的作用只是落在色所缘上,并不把握与意图俱生的运动变异。由于心转变极快,不能辨别差异的人误以为:紧接眼识心路之后由意识所知的运动,是眼所见。正如他们不能分辨以落在青色上而转起的眼识心路,与紧随其后以‘青色’而转起的意门心路;同样,当那与心一同随转、称为支撑色身并发动它的变异相,由紧接而来却未被辨别为另一心路的意门识把握以后,就会生起这样的认识:‘此人要做这件事;这是他的意图。’”(《根本复注》1-72—73。)“ကာရေတိ မညေ”即“我想,此人想做这件事、那件事”。借这句话说明:依次追随那些取颜色、色相、颜色界、色所缘的眼门心路与意门心路,并借由如此被把握、被了知的身表色,某一种——
အကြင်အမူအရာ = အကြင်အတွင်းသဘော အလိုဆန္ဒကို သိအပ် သိနိုင်၏၊ ထိုအမူအရာ = ထိုအတွင်းသဘော အလိုဆန္ဒကို သိခြင်းအားဖြင့် ဝိညတ်ရုပ်၏ ဝိညတ်ရုပ်၏ အဖြစ်ကို ထင်ရှားပြ၏ (= ဝိညတ်ရုပ်၏ ဝိညတ်ရုပ် ဖြစ်ကြောင်း သဘောကို ထင်ရှားပြ၏။) အဘယ်ကြောင့်နည်းဟူမူ - ဝိညတ်မှ ကင်းကုန်သော သစ်ပင် လှုပ်ခြင်း စသည်တို့၌ ''ဤသစ်ပင်သည် ဤအမှုကို ပြုစေလို၏''ဟု သိခြင်းသည် မဖြစ်နိုင်သောကြောင့်ပင်တည်း။
——动作,也就是某一种内在意图,才能被了知。通过了知这种动作、这种内在意图,便显明身表色之所以为“表”的性质。为什么呢?因为,对于没有身表的树木摇动等现象,不可能生起“这棵树想做这件事”这样的认识。
原书第 760 页
မှန်ပေသည် --- စက္ခုဝိညာဏ်၏ ရူပါရုံ၌ ရှေးရှု ကျခြင်းမျှသည် ယင်းစက္ခုဝိညာဏ်၏ လုပ်ငန်းကိစ္စ တည်း။ အတွင်းသဘော အလိုဆန္ဒနှင့် အတူတကွ ဖြစ်သော လှုပ်ရှားခြင်းဟူသော ဝိကာရကို အာရုံယူ၍ ရခြင်း = သိခြင်းသည် စက္ခုဝိညာဏ်၏ လုပ်ငန်းကိစ္စ မဟုတ်ပေ။ (စက္ခုဝိညာဏ်က လက်ခြေ စသည်ကို လှုပ်ပြသော ပုဂ္ဂိုလ်၏ အတွင်းသဘောအလိုဆန္ဒ အဓိပ္ပါယ်ကိုလည်းကောင်း၊ ဝိကာရ = ဝိညတ်ရုပ်ကိုလည်းကောင်း မသိနိုင် ဟု ဆိုလိုသည်။) ထိုသို့ပင် စက္ခုဝိညာဏ်၏ လှုပ်ရှားသူ၏ အတွင်းသဘော အလိုဆန္ဒနှင့် တကွ ဝိကာရ = ဝိညတ်ရုပ်ကို သိခြင်းကိစ္စ မရှိပါသော်လည်း စိတ်၏ အလွန် လျင်မြန်သော အပြောင်းအလွှဲ ရှိသည်၏ အဖြစ် ကြောင့် စက္ခုဝိညာဏဝီထိ၏ အခြားမဲ့၌ ဘဝင်ခြားလျက် ဖြစ်ပေါ်လာသော မနောဝိညာဏ်ဖြင့် (= မနောဒွါရ ဝီထိ စိတ်အစဥ်ဖြင့်) သိအပ် သိနိုင်သည်လည်း ဖြစ်သော လှုပ်ရှားခြင်းဟူသော ဝိကာရ = ဝိညတ်ရုပ်ကို စက္ခု
诚然,眼识的作用只是朝向并落在色所缘上;取与内在意图俱生的运动变异为所缘并加以了知,并非眼识的作用。〔也就是说,眼识既不能了知挥动手脚等人的内在意图,也不能了知变异相——身表色。〕尽管眼识没有了知运动者内在意图及变异相——身表色——的作用,但由于心的转换极其迅速,紧接眼识心路、隔着有分而生起的意识(即意门心路心流)所了知的运动变异——身表色——却被不能辨别心路差异的凡夫误以为是由眼——
ပသာဒ = စက္ခုဝိညာဏ်ဖြင့် မြင်အပ်သကဲ့သို့ စက္ခုဝိညာဏဝီထိနှင့် မနောဝိညာဏဝီထိဟူသော ပရမတ်တို့၏ အထူးကို မသိနိုင်ကုန်သော လူပြိန်းတို့သည် အောက်မေ့ မှတ်ထင်ကြကုန်၏။ ထိုကြောင့် ညိုသော အဆင်း ရူပါရုံ၌ ရှေးရှုကျခြင်း၏ အစွမ်းဖြင့်ဖြစ်သော စက္ခုဝိညာဏဝီထိ၏လည်းကောင်း၊ ညိုသော အဆင်း ရူပါရုံဟူ၍ သိသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော မနောဝိညာဏဝီထိ၏လည်းကောင်း - ဤဝီထိ နှစ်ခုတို့၏ နှစ်မျိုး ကွဲပြားပုံ အထူးကို ပရမတ်ဉာဏ်ပညာမျက်စိကင်းနေသော လူပြိန်းသည် မသိအပ် မသိနိုင်သကဲ့သို့ ---- အလား တူပင် စိတ်နှင့် အတူတကွသာလျှင် အစဥ်လိုက်၍ ဖြစ်သော ရူပကာယ ရုပ်တရားအပေါင်းကို ထောက်ပံ့တတ် လှုပ်ရှားစေတတ်သော ထူးခြားသော အမူအရာဟု ဆိုအပ်သော ထိုဝိကာရ = ဝိညတ်ရုပ်ကို စက္ခုဝိညာဏ ဝီထိမှ ထူးသော မနောဝိညာဏဝီထိဖြင့်သာ သိသည်ဟု မသိသော = စက္ခုဝိညာဏဝီထိဟုပင် ထင်ရသော မနောဝိညာဏဝီထိဟူသော မနောဝိညာဏ်ဖြင့် အာရုံယူ၍ ရပြီးမှ = ဝိကာရဟူသော ဝိညတ်ရုပ်ကို သိပြီးမှ --
——净色,也就是眼识所见。没有胜义智慧之眼的凡夫,不能辨别两种心路的差别:一是由于朝向青色色所缘并落在其上而转起的眼识心路,二是以“青色”而了知、随后转起的意门心路。同样,那个始终随着心转起、能够支撑并推动色身——一切色法——而称为特殊动作的变异相,即身表色,其实只能由有别于眼识心路的意门心路了知;凡夫却不明白这一点,而把那条意门心路误认为眼识心路。当这种意识取身表色为所缘、了知称为变异相的身表色以后——
''ဤသူသည် ဤအမှုကို ပြုစေလို၏၊ ဤအလိုသည် ထိုသူ၏ အလိုတည်း''ဟု ဤသို့ သိခြင်းသည် ဖြစ်ပေါ်လာ၏။
——“这个人想做这件事;这一意愿就是他的意图”,这样的了知便随之生起。
(မူလဋီ-၁-၇၂-၇၃။)
缅文出处原文:“(မူလဋီ-၁-၇၂-၇၃။)”(《根本复注》1-72—73。)
ဝိညတ်ကို သိသော ဝီထိ
了知身表色的心路
ရူပံ ပဌမစိတ္တေန၊ တီတံ ဒုတိယစေတသာ။
“色所缘由第一心〔路〕了知,已成过去的色所缘由第二心〔路〕了知;”
တတိယေန တုဝိညတ္တိံ ၊ ဘာဝံ စတုတ္ထစေတသာ။
“身表则由第三心〔路〕了知,意图由第四心〔路〕了知。”
ဝိညတ်ကို သိသော ဝီထိကို ပြရာ၌ ---- ၁။ ရူပါရုံ = အရောင်မျှကို သိသောဝီထိ = စက္ခုဝိညာဏဝီထိ၊ ၂။ ထို အတိတ်ရူပါရုံကိုသိသော တဒနုဝတ္တိက မနောဒွါရဝီထိ = နောက်လိုက် မနောဒွါရဝီထိ၊ ၃။ ဝိညတ်ကို သိသော မနောဒွါရဝီထိ၊ ၄။ အလိုဆန္ဒ (ဘာဝ)ကို သိသော မနောဒွါရဝီထိ ---- ဟု ဝီထိအစဥ် (၄)မျိုး ရှိ၏။ ထိုတွင် ဝဏ္ဏဂ္ဂဟဏာနုသာရေန (မူလဋီ-၁-၇၂။) ဟူသော စကားရပ်ဖြင့် စက္ခု ဝိညာဏဝီထိ၊ တဒနုဝတ္တိက မနောဒွါရဝီထိတို့၏ ရူပါရုံသို့ အစဥ်လိုက်ပုံကို ပြ၏။
在说明了知身表色的心路时,共有四种依次相续的心路:1.只了知色所缘、颜色的眼识心路;2.了知该已过去色所缘的 tadanuvattika-manodvāravīthi(随转意门心路);3.了知身表色的意门心路;4.了知意图(bhāva)的意门心路。这里,“ဝဏ္ဏဂ္ဂဟဏာနုသာရေန (မူလဋီ-၁-၇၂။)”一语显示:眼识心路与随转意门心路,依次追随色所缘而转起。
ဂဟိတာယ ဝိညတ္တိယာ (မူလဋီ-၁-၇၂။) ဟူသော စကားရပ်ဖြင့် ဝိညတ်ရုပ်ကို သိကြောင်းဖြစ်သော အမှတ် (၃) မနောဒွါရဝီထိကို ပြ၏။
“ဂဟိတာယ ဝိညတ္တိယာ (မူလဋီ-၁-၇၂။)”一语显示第3项意门心路,即以了知身表色为由的心路。
ယံ ကရဏံ ဝိညာတဗ္ဗံ၊ တဿ ဝိဇ္ဇာနနေန (မူလဋီ-၁-၇၂။) ဟူသော စကားရပ်ဖြင့် အလိုဆန္ဒ (ဘာဝ) ကို သိသော အမှတ် (၄) ဝီထိကို ပြသည်။
“ယံ ကရဏံ ဝိညာတဗ္ဗံ၊ တဿ ဝိဇ္ဇာနနေန (မူလဋီ-၁-၇၂။)”一语显示第4项,即了知意图(bhāva)的心路。
原书第 761 页
ကာရေတိ မညေ (အဘိ-ဋ္ဌ-၁-၁၂၅။)
“ကာရေတိ မညေ”(kāreti maññe,“我想,他要做……”)(《殊胜义注》1-125。)
''ဤမည် ဤမည်သော အမှုကို ပြုစေလို၏ဟု ထင်၏''- ဟူသော ဤစကားရပ်ဖြင့် လက် ခြေစသည်ကို လှုပ်ရှားပြသသူ၏ အတွင်းသဘော အလိုဆန္ဒ (ဘာဝ)ကို မြင်ရသူက သိရှိရပုံကို ဖော်ပြ၏။ ထိုသို့ ပြသဖြင့် အတွင်းသဘောအလိုဆန္ဒကို သိခြင်း၏ အရင်းခံဖြစ်သော ဝိညတ်ရုပ်ကိုလည်း သိအပ်ပြီး ဖြစ်ကြောင်းကို ဤ- ကာရေတိ မညေ - ဟူသော စကားရပ်ဖြင့်ပင် ပြ၏။ မှန်ပေသည် ---- လှုပ်ရှားပြသသော လက်၏ အဆင်း အရောင် = ရူပါရုံကို မြင်သော ပထမ စက္ခုဝိညာဏဝီထိ၊ ထိုအတိတ်ရူပါရုံ အရောင်အဆင်းကို သိသော ဒုတိယ တဒနုဝတ္တိကာ မနောဒွါရဝီထိ၊ ထိုဝီထိကို အစဥ်လိုက်သော တတိယမနောဒွါရဝီထိဖြင့် ဝိညတ်ရုပ်ကို သိပြီးမှ စတုတ္ထ မနောဒွါရဝီထိဖြင့် လှုပ်ရှားပြသသူ၏ အတွင်းသဘော အလိုဆန္ဒ (ဘာဝ)ကို သိရှိရသည်ဟု မှတ်ပါ။
“我想,他想做这件事、那件事”这句话,说明看见者如何了知挥动手脚等人的内在意图(bhāva)。既然通过这种动作而了知其内在意图,这句“ကာရေတိ မညေ”本身也显示:作为了知内在意图之基础的身表色已经被了知。诚然,第一眼识心路看见正在挥动之手的色相、颜色,即色所缘;第二随转意门心路了知该已过去的颜色、色所缘;随后,第三意门心路了知身表色;再由第四意门心路了知挥动者的内在意图(bhāva)。应当如此理解。
ဥပမာဆောင်၍ ထင်ရှားအောင်ပြပုံ
以譬喻使之明了
ယထာ ဟိ အရညေ နိဒါဃသမယေ ဥဒကဋ္ဌာနေ မနုဿာ ''ဣမာယ သညာယ ဣဓ ဥဒကဿ အတ္ထိ- ဘာဝံ ဇာနိဿန္တီ''တိ ရုက္ခဂ္ဂေ တာလပဏ္ဏာဒီနိ ဗန္ဓာပေန္တိ၊ သုရာပါနဒွါရေ ဓဇံ ဥဿာပေန္တိ၊ ဥစ္စံ ဝါ ပန ရုက္ခံ ဝါတော ပဟရိတွာ စာလေတိ၊ အန္တော ဥဒကေ မစ္ဆေ စလန္တေ ဥပရိ ဗုဗ္ဗုဠကာနိ ဥဋ္ဌဟန္တိ၊ မဟောဃဿ ဂတမဂ္ဂပရိယန္တေ တိဏပဏ္ဏကသဋံ ဥဿာရိတံ ဟောတိ။ တတ္ထ တာလပဏ္ဏဓဇသာခါစလနဗုဗ္ဗုဠကတိဏ ပဏ္ဏကသဋေ ဒိသွာ ယထာ စက္ခုနာ အဒိဋ္ဌမ္ပိ ''ဧတ္ထ ဥဒကံ ဘဝိဿတိ၊ သုရာ ဘဝိဿတိ၊ အယံ ရုက္ခော ဝါတေန ပဟတော ဘဝိဿတိ၊ အန္တော ဥဒကေ မစ္ဆော ဘဝိဿတိ၊ ဧတ္တကံ ဌာနံ အဇ္ဈောတ္ထရိတွာ သြဃော ဂတော ဘဝိဿတီ''တိ မနောဝိညာဏေန ဇာနာတိ။ ဧဝမေဝ ဝိညတ္တိပိ န စက္ခုဝိညေယျာ၊ မနောဝိညေယျာဝ။
“譬如在森林中,夏季时,人们在有水之处把棕榈叶等绑在树梢,心想:‘人们将由这一标志知道这里有水。’他们在酒铺门口竖起旗帜;风吹动高树;水中的鱼游动时,水面升起气泡;大洪流经过的路径边缘,则堆积着草、叶与杂物。在这些情形中,人看见棕榈叶、旗帜、树枝摇动、水泡以及草叶杂物以后,对于眼所未见之事,也能由意识了知:‘这里应当有水;应当有酒;这棵树应是被风吹动;水中应当有鱼;洪流应当曾覆盖这么大的范围而流过。’同样,身表也不是眼识所识,而唯由意识所识。”
စက္ခုနာ ဟိ ဟတ္ထဝိကာရာဒိဝသေန ဝိပ္ဖန္ဒမာနံ ဝဏ္ဏာရမ္မဏမေဝ ပဿတိ၊ ဝိညတ္တိံ ပန မနောဒွါရိကစိတ္တေန စိန္တေတွာ ''ဣဒဉ္စိဒဉ္စ ဧသ ကာရေတိ မညေ''တိ ဇာနာတိ။ (အဘိ-ဋ္ဌ-၁-၁၂၅-၁၂၆။) = ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုပေအံ့ ---- တောထည်း၌ နွေကာလဝယ် ရေရှိရာ အရပ်၌ လူတို့သည် ''ဤအမှတ်အသားဖြင့် ဤအရပ်၌ ရေရှိကြောင်းကို သိနိုင်ကုန်လတ္တံ့''ဟု နှလုံးသွင်း၍ သစ်ပင်ထိပ်ဖျား၌ ထန်း ရွက် အစရှိသော အမှတ်အသားတို့ကို ဖွဲ့ချည်စေကြကုန်၏။
“因为,以眼所见只是在手等发生特殊动作时运动的颜色所缘;至于身表,则以意门心思量以后,了知:‘我想,此人是要人做这件事、那件事。’”(《殊胜义注》1-125—126。)下面以譬喻加以明白说明:森林中夏季时,在有水之处,人们想着“人们将由这一标志知道这里有水”,于是把棕榈叶等标志绑在树梢。
အရက်ဆိုင်တံခါးဝ၌ အလံကို စိုက်ထူထားကြကုန်၏။
人们在酒铺门口竖起旗帜。
သည်မျှသာမကသေး ---- မြင့်သော သစ်ပင်ကို လေသည် တိုက်ခတ်၍ လှုပ်စေ၏။ ရေ၏အတွင်း၌ ငါး သည် လှုပ်ရှားလတ်သော် ရေအထက်၌ ရေပွက်ငယ်တို့သည် ထကုန်၏။ ကြီးစွာသော ရေအယဥ်၏ ဖြတ်ကျော် စီးဆင်းသွားအပ်သော လမ်းကြောင်းတစ်လျှောက်၏ အထက် အပိုင်းအခြားအရပ်၌ မြက်-သစ်ရွက်-အမှိုက် သရိုက်သည် အထက်၌ တင်နေ၏။
还不止这些:风吹动高树,使它摇动;水中的鱼游动时,水面升起小气泡;大洪流所经过的整条路径上方边缘,堆积着草、树叶与杂物。
ထိုအထက်ပါ စကားရပ်ဝယ် ---- ထန်းရွက်၊ အလံ၊ သစ်ခက်လှုပ်ခြင်း၊ ရေပွက်၊ မြက်-သစ်ရွက်-အမှိုက် သရိုက်တို့ကို မျက်စိအမြင်ရှိသော သူသည် စက္ခုဝိညာဏ်စိတ်ဖြင့် မြင်နိုင်၏၊ ထိုသို့ မြင်ရ၍ စက္ခုဝိညာဏ်ဖြင့် မမြင်အပ် မမြင်နိုင်သည် ဖြစ်ပါသော်လည်း ---- ''၁။ ဤထန်းရွက် ဖွဲ့ချည်ထားရာ အရပ်၌ ရေရှိလတ္တံ့၊ ၂။ ဤအလံ စိုက်ထူထားရာ အရပ်၌ အရက်ရှိလတ္တံ့၊ ၃။ ဤသစ်ပင်ကို လေတိုက်ခတ်အပ်သည် ဖြစ်လတ္တံ့၊ ၄။ ရေထည်း၌ ငါးရှိလတ္တံ့၊
在上述说明中,具有视觉的人可以由眼识看见棕榈叶、旗帜、树枝摇动、水泡以及草、树叶与杂物。看见这些以后,虽然相应的事实不能由眼识看见,却能作如下推知:1.绑着这片棕榈叶的地方应当有水;2.竖着这面旗帜的地方应当有酒;3.这棵树应是被风吹动;4.水中应当有鱼;
原书第 762 页
၅။ ဤမျှ အတိုင်းအရှည် ရှိသော အရပ်ကို လွှမ်းမိုး၍ ရေအယဥ်သည် ဖြတ်ကျော် စီးဆင်းသွားသည် ဖြစ် လတ္တံ့'' ---- ဤသို့လျှင် မနောဝိညာဏ်ဖြင့် မှန်းဆ၍ သိနိုင်သကဲ့သို့ ဤဥပမာအတူပင်လျှင် ဝိညတ်ရုပ်ကိုလည်း စက္ခုဝိညာဏ်ဖြင့် မသိအပ် မသိနိုင်၊ မနောဝိညာဏ်ဖြင့်သာ သိအပ် သိနိုင်၏။ မှန်ပေသည် စက္ခုဝိညာဏ်ဖြင့် လက်၏ ထူးခြားသော အမူအရာ အစရှိသည်တို့၏ အစွမ်းဖြင့် လှုပ်ရှားသော အရောင်အဆင်းဟူသော ဝဏ္ဏ ဓာတ် = ရူပါရုံကိုသာလျှင် မြင်နိုင်၏၊ ဝိညတ်ရုပ်ကိုကား မနောဒွါရိကဇောဝီထိ စိတ်အစဥ်ဖြင့် ကြံဆ၍ စဥ်းစား၍ ''ဤသူသည် ဤမည်သောအမှု ဤမည်သောအမှုကိုလည်း ပြုစေလိုသည်နှင့် တူ၏''ဟု သိရှိပေ၏။
5.洪流应当曾覆盖这么大的范围而流过。正如这些事实能由意识推知,同样,身表色也不能由眼识了知,只能由意识了知。诚然,眼识只能看见因手的特殊动作等而运动的颜色,也就是颜色界、色所缘;身表色则由意门速行心路的心流思量,才会了知:“我想,这个人似乎想做这件事、那件事。”
(အဘိ-ဋ္ဌ-၁-၁၂၅-၁၂၆။)
缅文出处原文:“(အဘိ-ဋ္ဌ-၁-၁၂၅-၁၂၆။)”(《殊胜义注》1-125—126。)
တောထည်း၌ နွေအခါဝယ် သစ်ပင်ခေါင်ဖျား၌ ဖွဲ့ချည်ထားအပ်သော ထန်းရွက်၊ အရက်ဆိုင်ဝ၌ စိုက်ထူထားအပ်သော အလံ စသည်တို့သည် လှုပ်ရှားသော လက်၏ ရူပါရုံနှင့် တူ၏။ ထိုထန်းရွက်စသည်ကို မြင်ပြီးနောက် ရေ စသည်တို့ ရှိမှန်းကို သိရခြင်းသည် ရူပါရုံကို မြင်သောဝီထိ ဖြစ်ပြီးနောက် မနောဒွါရိက ဝီထိဖြင့် ဝိညတ်ရုပ်ကို သိရခြင်းနှင့် တူ၏။ ဤအစဥ်သည် အကြမ်းမျှသာ ဖြစ်၏၊ ဤထက် ကျယ်ပြန့်သော ဝီထိအစဥ်ကို မူလဋီကာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
夏季森林里绑在树梢的棕榈叶,以及竖在酒铺门口的旗帜等,相当于运动之手的色所缘。看见这些棕榈叶等以后,了知有水等事实,则相当于看见色所缘的心路结束以后,再由意门心路了知身表色。这只是粗略说明二者的对应关系;《根本复注》还如下更详细地解释这一心路次第。
တာလပဏ္ဏာဒိရူပါနိ ဒိသွာ တဒနန္တရပ္ပဝတ္တာယ မနောဒွါရဝီထိယာ အဝိညာယမာနန္တရာယ တာလ- ပဏ္ဏာဒီနံ ဥဒကာဒိသဟစာရိပ္ပကာရတံ သညာဏာကာရံ ဂဟေတွာ ဥဒကာဒိဂ္ဂဟဏံ ဝိယ။ ဧတ္ထ ဥဒကံ ဘဝိဿတီတိအာဒိနာ စ ဥဒကာဒိသမ္ဗန္ဓနာကာရေန ရူပဂ္ဂဟဏာနုသာရဝိညာဏေန ယံ ဥဒကာဒိ ဝိညာတဗ္ဗံ၊ တဿ ဝိဇာနနေန တဒါကာရဿ ဝိညာတတာ ဝုတ္တာတိ ဒဋ္ဌဗ္ဗာ။ ဧတဿ ပန ကာယိကကရဏဂ္ဂဟဏဿ ဥဒကာဒိဂ္ဂဟဏဿ စ ပုရိမသိဒ္ဓသမ္ဗန္ဓဂ္ဂဟဏံ ဥပနိဿယော ဟောတီတိ ဒဋ္ဌဗ္ဗံ။ အထ ပန နာလမ္ဗိတာပိ ဝိညတ္တိ ကာယိကကရဏဂ္ဂဟဏဿ စ ပစ္စယော ပုရိမသိဒ္ဓသမ္ဗန္ဓဂ္ဂဟဏောပနိဿယဝသေန သာဓိပ္ပါယ- ဝိကာရဘူတဝဏ္ဏဂ္ဂဟဏာနန္တရံ ပဝတ္တမာနဿ အဓိပ္ပါယဂ္ဂဟဏဿ အဓိပ္ပါယ သဟဘူဝိကာရာဘာဝေ အဘာဝတော၊ ဧဝံ သတိ ဝဏ္ဏဂ္ဂဟဏာနန္တရေန ဥဒကာဒိဂ္ဂဟဏေနေဝ တာလပဏ္ဏာဒိသညာဏာကာရော ဝိယ ဝဏ္ဏဂ္ဂဟဏာနန္တရေန အဓိပ္ပါယဂ္ဂဟဏေနေဝ ဝိညတ္တိ ပါကဋာ ဟောတီတိ ''ဣဒဉ္စိဒဉ္စ ဧသ ကာရေတိ မညေ''တိ အဓိပ္ပါယ ဝိဇာနနေနေဝ ဝိညတ္တိယာ ဝိညာတတာ ဝုတ္တာ။ (မူလဋီ-၁-၇၃။)
“看见棕榈叶等色相以后,紧随其后而转起、其紧接关系未被察觉的意门心路,取棕榈叶等具有与水等共存这一方式的标志相,继而把握水等;情形正是如此。这里,以‘这里应当有水’等说法,依水等与标志相联的方式,由追随对色相之把握而生的识,了知所应了知的水等;应知,通过了知水等,便说成已经了知作为其标志的行相。还应知,对于身体动作的把握以及对于水等的把握,以前已经成立的关联之把握,是它们的亲依止。再者,身表即使不被直接取为所缘,仍是把握身体动作的缘:凭借以前已经成立的关联之把握这一亲依止,在把握与意图相伴、已成变异相的颜色之后,随即转起对意图的把握;若没有与意图俱生的变异相,这种对意图的把握便不会存在。因此,正如在把握颜色以后,仅由把握水等,棕榈叶等的标志相便会显明;同样,在把握颜色以后,仅由把握意图,身表便会显明。所以说,仅通过了知‘我想,此人要人做这件事、那件事’这一意图,身表就已被了知。”(《根本复注》1-73。)
ဤဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ နွေအခါဝယ် တောအတွင်း၌ သစ်ပင်ထိပ်ဖျား စသည်တို့၌ ဖွဲ့ချည်ထားအပ်သော ထန်းရွက် စသည်တို့၏ အဆင်း ရူပါရုံတို့ကို မြင်သောအခါ ---- ၁။ စက္ခုဒွါရဝီထိ = ထန်းရွက် စသည်တို့၏ အဆင်းကို မြင်သော ဝီထိ၊ ၂။ ထိုစက္ခုဒွါရဝီထိဖြင့် မြင်လိုက်သော အတိတ်ရူပါရုံကို အာရုံယူသော တဒနုဝတ္တိက မနောဒွါရဝီထိတို့ ဖြစ်ကြ၏။ ထိုထန်းရွက်စသည်တို့၏ အဆင်းရူပါရုံကို မြင်သော ယင်းစက္ခုဒွါရဝီထိ တဒနုဝတ္တိက မနော ဒွါရဝီထိတို့ဖြင့် ထန်းရွက် စသည်တို့၏ အဆင်း = ရူပါရုံကို မြင်ပြီးသည်၏ အခြားမဲ့၌ ဖြစ်သော ပရမတ် ဉာဏ်ပညာမျက်စိ မရှိသူ လူပြိန်းတို့သည် စက္ခုဝိညာဏဝီထိမှ ထူးသော မနောဒွါရဝီထိဖြင့် သိနိုင်၏ဟု မသိနိုင်သော ---- ၃။ မနောဒွါရဝီထိဖြင့် ထန်းရွက်စသည်နှင့် ရေစသည်တို့၏ အတူတကွ ဆက်စပ်ပုံ အခြင်းအရာကို သိ၏။
这段复注的意思如下。夏季,在森林中看见绑在树梢等处的棕榈叶等颜色、色所缘时,会依次生起:1.看见棕榈叶等颜色的眼门心路;2.取该眼门心路刚才所见、已成过去的色所缘为对象的随转意门心路。通过这两条心路看见棕榈叶等颜色、色所缘以后,紧接着会生起另一条意门心路;没有胜义智慧之眼的凡夫,不知道它是有别于眼识心路的意门心路,也不知道它所了知的内容——3.这条意门心路了知棕榈叶等与水等共同出现的关联方式。
ယင်း အမှတ် (၃) မနောဒွါရဝီထိဖြင့် ထန်းရွက် စသည်တို့၏ ရေ အစရှိသည်တို့နှင့် အတူတကွ ဖြစ်လေ့ ရှိသည်ဟူသောအပြား၊ ထိုရေ အစရှိသည်တို့၏ အမှတ်အသားဟူသော အခြင်းအရာကို ယူ၍ ရေ အစ
这条第3意门心路把握:棕榈叶等通常与水等共同出现,并把棕榈叶等取为水等的标志;随后,它取有水等事实为所缘,正如了知水等确实存在一样——
原书第 763 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း ရှိသည်တို့ကို ရှိကြောင်းကို အာရုံ ရယူခြင်းကဲ့သို့ = ရေ အစရှိသည်တို့ကို ရှိကြောင်းကို သိရခြင်းကဲ့သို့ မှတ်ပါ။
——也就是缘取水等确实存在;应知,这就如同了知水等确实存在。
ဆက်၍ ဆိုဦးအံ့ ---- ''ဤနေရာ၌ ရေရှိသည် ဖြစ်လတ္တံ့''- စသော စကားရပ်ဖြင့် ရေ အစရှိသည်တို့နှင့် ဆက်သွယ်ခြင်းဟူသော အခြင်းအရာကြောင့် ရူပါရုံကို သိကြောင်း ဝီထိကို အစဥ်လိုက်သော မနောဝိညာဏ်ဖြင့် အကြင် ရေအစရှိသည်ကို သိထိုက်၏။ ထို ရေစသည်ကို သိခြင်းအားဖြင့် ထိုရေ စသည်တို့၏ အထိမ်းအမှတ် ဟူသော အခြင်းအရာကို သိအပ်သည်၏ အဖြစ်ကို ဆိုအပ်ပြီဟု မှတ်ထိုက်၏။
继续说明。以缅文引语“ဤနေရာ၌ ရေရှိသည် ဖြစ်လတ္တံ့”——“此处应当有水”——等语来说:由于水等与所见色之间具有相联关系,在了知色所缘的心路之后,以随之而起的意识,便应当了知水等。由对水等的了知,应知这里也已经说明:水等之标志这一方式已被了知。
တစ်ဖန် ဥပမေယျဘက်တွင် ဤကာယဒွါရ၌ ဖြစ်သော အမူအရာ = ဝိညတ်ကို အာရုံရယူကြောင်း သိကြောင်းဖြစ်သော မနောဒွါရဝီထိ၏လည်းကောင်း၊ ဥပမာနဘက်တွင် ဤရေစသည်ကို အာရုံရယူကြောင်း သိကြောင်း မနောဒွါရဝီထိ၏လည်းကောင်း အားကြီးသော မှီရာ အကြောင်းတရားမှာ ရှေး၌ပြီးပြီးသော အဆက် အသွယ်ကို အာရုံ ရယူကြောင်း ဝီထိပင်တည်းဟု မှတ်ပါ။
再者,在所喻方面,缘取在身门中生起的身体举止——即身表——的意门心路;在能喻方面,缘取水等的意门心路:对于这两者,那条缘取先前已经成立之相联关系的心路,都是亲依止缘。应当这样理解。
အထက်ပါ ဋီကာစကားရပ်ဝယ် ---- တာလပဏ္ဏာဒိရူပါနိ ဒိသွာ = ထန်းရွက် စသည့် ရူပါရုံတို့ကို မြင်၍ - ဟူသော စကားရပ်ဖြင့် စက္ခုဒွါရ ဝီထိနှင့် ထိုအတိတ်ရူပါရုံကိုပင် ဆက်လက်အာရုံယူသော တဒနုဝတ္တိက မနောဒွါရဝီထိတို့ကို ပြ၏။
在上述复注语句中,“တာလပဏ္ဏာဒိရူပါနိ ဒိသွာ”=“见到棕榈叶等色所缘之后”这一语句,显示眼门心路,以及继续取先前那个色所缘为所缘的随转意门心路(တဒနုဝတ္တိက မနောဒွါရဝီထိ)。
တဒနန္တရပ္ပဝတ္တာယ မနောဒွါရဝီထိယာ = ထိုဝီထိ နှစ်မျိုးတို့၏ အခြားမဲ့၌ ဖြစ်သော မနောဒွါရဝီထိဖြင့် ဟူသော စကားရပ်ဖြင့် ထန်းရွက်နှင့် ရေတို့၏ အတူတကွ ဆက်စပ်ပုံ အခြင်းအရာကို သိသော မနောဒွါရဝီထိ၊ ထန်းရွက်သည် ရေစသည် ရှိကြောင်းကို သိစေနိုင်သော အမှတ်အသားဟု သိသော မနောဒွါရဝီထိများကို ပြ၏။
“တဒနန္တရပ္ပဝတ္တာယ မနောဒွါရဝီထိယာ”=“以紧接上述两种心路而生起的意门心路”这一语句,显示:了知棕榈叶与水共同相联之方式的意门心路,以及了知棕榈叶是能使人知道水等存在之标志的意门心路。
ဥဒကာဒိဂ္ဂဟဏံ = ရေစသည်တို့ ရှိကြောင်းကို အာရုံ ရယူခြင်း = သိခြင်း ---- ဟူသော စကားရပ်ဖြင့် ရေရှိကြောင်းကို သိသော = ရေကို သိသော ဝီထိကို ပြသည်၊ မနောဒွါရဝီထိတည်း။ ဤ၌ ရေကို သိသော မနောဒွါရဝီထိသည် လက်စသည်ကို လှုပ်ရှားပြသသူ၏ အလိုဆန္ဒ (ဘာဝ)ကို သိသော မနောဒွါရဝီထိမျိုးတည်း။
“ဥဒကာဒိဂ္ဂဟဏံ”=“缘取、了知水等存在”这一语句,显示了知水存在、也就是了知水的心路;这正是意门心路。在这里,了知水的意门心路,与了知挥动手等动作之人内在意向(bhāva)的意门心路属于同一类。
ဥဒကာဒိသဟစာရိပ္ပကာရတံ သညာဏာကာရံ ဂဟေတွာ ဥဒကာဒိဂ္ဂဟဏံ ဝိယ = ထန်းရွက်စသည် တို့၏ ရေ စသည်တို့နှင့် အတူတကွ ဖြစ်လေ့ရှိသည်ဟူသောအပြား၊ ထိုရေ စသည်တို့၏ အမှတ်အသားဟူသော အခြင်းအရာကို ယူ၍ ရေ စသည်တို့ ရှိကြောင်းကို အာရုံရယူခြင်းကဲ့သို့ (= ရေစသည်တို့ ရှိကြောင်းကို သိရခြင်း ကဲ့သို့) ဟူသော စကားရပ်၌ ထန်းရွက် စသည်တို့၏ ရေ စသည်တို့နှင့် အတူတကွ ဖြစ်လေ့ရှိသည်ဟူသော သဘောတရား၊ ထိုရေ စသည်တို့၏ အမှတ်အသားဟူသော အခြင်းအရာကို အာရုံယူသော ဝီထိသည် ဝိညတ်ကို သိသော ဝီထိမျိုးတည်း။ ---- ဤဝီထိ၌ ထန်းရွက် စသည်တို့၏ ရေ စသည်တို့နှင့် အတူတကွ ဖြစ်လေ့ရှိသည် ဟူသော သဘောတရားကို သိသော ဝီထိတစ်မျိုး၊ ထိုရေ စသည်တို့၏ အမှတ်အသားဟူသော အခြင်းအရာကို အာရုံ ယူသော = သိသော ဝီထိတစ်မျိုးဟု မနောဒွါရဝီထိ နှစ်မျိုး ရှိနိုင်၏။ အလားတူပင် ဝိညတ်ကို သိရာ၌လည်း လက်လှုပ်ခြင်းနှင့် လာစေလိုခြင်း၏ ဆက်သွယ်မှု = သမ္ဗန္ဓသဘောတရားကို သိသော ဝီထိတစ်မျိုးလည်း ရှိသေး
“ဥဒကာဒိသဟစာရိပ္ပကာရတံ သညာဏာကာရံ ဂဟေတွာ ဥဒကာဒိဂ္ဂဟဏံ ဝိယ”=“取棕榈叶等通常与水等共同出现这一方式,以及它是水等之标志这一方式,而缘取水等存在,亦即如同了知水等存在”——在这一语句中,缘取棕榈叶等通常与水等共同出现这一关系,以及它是水等之标志这一方式的心路,与了知身表的心路属于同一类。也就是说,这里可能有两种意门心路:一种了知棕榈叶等通常与水等共同出现这一关系,另一种缘取、了知它是水等之标志这一方式。同样,在了知身表时,还应有一条了知挥手与希望对方前来之间的相联关系(sambandha)的心路——
သည်ဟု မှတ်ပါ။ ထိုဝီထိကား အထက်၌ ဖော်ပြခဲ့သော ရူပံ ပထမစိတ္တေန - စသော ဂါထာ၌ မပါဝင်ပေ။
——应当这样理解。这条心路并不包括在上文以“ရူပံ ပထမစိတ္တေန”等语开头的偈中。
ဤစကားအရ ဝီထိတစ်မျိုး တိုးလာပြန်၏။ တောထဲ၌ ရေရှိ၏ဟူသော အထိမ်းအမှတ်ကို ပြသော ထန်းရွက်ကို မြင်လျှင် ရေနှင့် ထန်းရွက်တို့၏ ဆက်သွယ်ခြင်းကို ရှေးက သိဖူး၏။ ထိုသိအပ်ဖူးသော ဆက်သွယ်မှုကို ပြန်၍ သတိရသော ဝီထိသည် ပုရိမသိဒ္ဓသမ္ဗန္ဓဂ္ဂဟဏဝီထိ ပင်တည်း။ ရှေး၌ ပြီးပြီးသော အဆက်အသွယ်ကို အာရုံ ပြန်ယူကြောင်း ဝီထိတည်း။ လက်ယပ်လိုက်လျှင် လာစေလို၏ဟူသော ရှေးက အဆက်အသွယ်ကို ပြန်၍ သတိ ရခြင်း၌လည်း နည်းတူ မှတ်ပါ။
依这一解释,便又增加了一类心路。看见林中表示“有水”的棕榈叶时,是由于过去已经知道水与棕榈叶之间的相联关系。重新忆念这一先前已知关系的心路,就叫作“ပုရိမသိဒ္ဓသမ္ဗန္ဓဂ္ဂဟဏဝီထိ”——取知先前已成立关系的心路,也就是重新缘取先前已经成立之相联关系的心路。对于“挥手便表示希望对方前来”这一先前关系的重新忆念,也应同样理解。