第四组四法
入出息念定部分 · 原书第 490–497 页 · 65 个翻译单元
本页并入了原书的相邻小节:四种随观。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 490 页
စတုတ္ထ စတုက္က
第四组四法
၁။ အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ။
“၁။ အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ။”——“1.他训练:‘我将随观无常而入息。’”
အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။
“အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။”——“他训练:‘我将随观无常而出息。’”
၂။ ဝိရာဂါနုပဿီ။ ပ ။
“၂။ ဝိရာဂါနုပဿီ။ ပ ။”——“2.随观离贪……”
၃။ နိရောဓာနုပဿီ။ ပ ။
“၃။ နိရောဓာနုပဿီ။ ပ ။”——“3.随观灭……”
၄။ ပဋိနိဿဂ္ဂါနုပဿီ။ ပ ။
“၄။ ပဋိနိဿဂ္ဂါနုပဿီ။ ပ ။”——“4.随观舍遣……”
原书第 491 页
၁။ အနိစ္စာနုပဿီ
“၁။ အနိစ္စာနုပဿီ”——“1.随观无常”
အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်ပါ။
应当如此训练:“我将一再反复随观为无常而令入息生起,我将一再反复随观为无常而令出息生起。”
ဤတွင် အဋ္ဌကထာက ---- ၁။ အနိစ္စ၊ ၂။ အနိစ္စတာ၊ ၃။ အနိစ္စာနုပဿနာ၊ ၄။ အနိစ္စာနုပဿီ ---- ဤလေးချက်ကို ကွဲကွဲပြားပြား သိရန် ညွှန်ကြားထား၏။
这里,义注指示应当清楚分别并理解以下四项:1.အနိစ္စ(无常);2.အနိစ္စတာ(无常性);3.အနိစ္စာနုပဿနာ(无常随观);4.အနိစ္စာနုပဿီ(无常随观者)。
တတ္ထ အနိစ္စ န္တိ ပဉ္စက္ခန္ဓာ။ ကသ္မာ? ဥပ္ပါဒဝယညထတ္တဘာဝါ။ အနိစ္စတာတိ တေသံယေဝ ဥပ္ပါဒဝယ- ညထတ္တံ၊ ဟုတွာ အဘာဝေါ ဝါ။ နိဗ္ဗတ္တာနံ တေနေဝါကာရေန အဋ္ဌတွာ ခဏဘင်္ဂေနေ ဘေဒေါတိ အတ္ထော။
巴利《清净道论》引文(缅文转写,上段):“တတ္ထ အနိစ္စ န္တိ ပဉ္စက္ခန္ဓာ။ ကသ္မာ? ဥပ္ပါဒဝယညထတ္တဘာဝါ။ အနိစ္စတာတိ တေသံယေဝ ဥပ္ပါဒဝယ- ညထတ္တံ၊ ဟုတွာ အဘာဝေါ ဝါ။ နိဗ္ဗတ္တာနံ တေနေဝါကာရေန အဋ္ဌတွာ ခဏဘင်္ဂေနေ ဘေဒေါတိ အတ္ထော။”译:“这里,所谓‘无常’,就是五蕴。为什么?因为它们具有生、灭与变异之性。所谓‘无常性’,就是这些五蕴自身的生、灭与变异;或者,是生起以后归于不存在。其义是:已经生起者不保持原来那种状态,而由刹那坏灭所破坏。”
အနိစ္စာနုပဿနာတိ တဿာ အနိစ္စတာယ ဝသေန ရူပါဒီသု အနိစ္စန္တိ အနုပဿနာ။ အနိစ္စာနုပဿီတိ တာယ အနုပဿနာယ သမန္နာဂတော။ တသ္မာ ဧဝံ ဘူတော အဿသန္တော ပဿသန္တော စ ဣဓ ''အနိစ္စာနုပဿီ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီ''တိ ဝေဒိတဗ္ဗော။ (ဝိသုဒ္ဓိ-၁-၂၈၁-၂၈၂။) တတ္ထ သင်္ခတဓမ္မာနံ ဟေတုပစ္စယေဟိ ဥပ္ပဇ္ဇနံ အဟုတွာ သမ္ဘဝေါ အတ္တလာဘော ဥပ္ပါဒေါ။ ဥပ္ပန္နာနံ တေသံ ခဏနိရောဓော ဝိနာသော ဝယော။ ဇရာယ အညထာဘာဝေါ အညထတ္တံ။ ယထာ ဟိ ဥပ္ပါဒါဝတ္ထာယ ဘိန္နာယ ဘင်္ဂါဝတ္ထာယံ ဝတ္ထုဘေဒေါ နတ္ထိ၊ ဧဝံ ဌိတိသင်္ခါတာယ ဘင်္ဂါဘိမုခါဝတ္ထာယမ္ပိ ဝတ္ထုဘေဒေါ နတ္ထိ၊ ယတ္ထ ဇရာဝေါဟာရော။ တသ္မာ ဧကဿာပိ ဓမ္မဿ ဇရာ ယုဇ္ဇတိ၊ ယာ ခဏိကဇရာတိ ဝုစ္စတိ။ ဧကံသေန စ ဥပ္ပါဒဘင်္ဂါဝတ္ထာသု ဝတ္ထုနော အဘေဒေါ ဣစ္ဆိတဗ္ဗော၊ အညထာ ''အညော ဥပ္ပဇ္ဇတိ၊ အညော ဘိဇ္ဇတီ''တိ အာပဇ္ဇေယျ။ တယိမံ ခဏိကဇရံ သန္ဓာယာဟ ''အညထတ္တ''န္တိ ။ (မဟာဋီ-၁-၃၄၃-၃၄၄။)
“所谓无常随观,是依该无常性,随观色等为‘无常’;所谓无常随观者,是具足该随观的人。因此,应知这样的人入息、出息时,在此训练:‘我将随观无常而入息,我将随观无常而出息。’”(《清净道论》1-28“这里,有为法由因缘而生起;先前没有而后生起、取得自体,称为生。那些已经生起之法的刹那灭、毁坏,称为灭。因老而成为异样,称为变异。正如生起阶段破坏以后,在坏灭阶段中,法的自体并无差别;同样,在称为住、正面向坏灭的阶段中,法的自体也无差别,于此才有‘老’的称说。因此,老也适用于同一个法;这种老称为‘刹那老’。而且,在生起与坏灭两个阶段中,必须承认法的自体并无差别;否则便会陷入‘一个法生起,另一个法坏灭’的过失。正是针对这种刹那老,复注才说‘变异’。”(《大复注》1-343—344。)
၁။ အနိစ္စ
“၁။ အနိစ္စ”——“1.无常”
၁။ အနိစ္စဟူသည်ကား ခန္ဓာငါးပါးတို့တည်း။ အဘယ်ကြောင့် အနိစ္စ မည်သနည်း? (က) ဖြစ်ခြင်းသဘော (ခ)ပျက်ခြင်းသဘော (ဂ) ဖြစ်စမှထူးသော ပျက်ခြင်း ဘင်ကာလဘက်သို့ ယိုင်လဲနေသော အခြင်းအရာ အာကာရထူးဟူသော တည်မှု = ဌီကာလဖြင့် ဖြစ်ခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့် အနိစ္စ မည်၏။ (ဥပ္ပါဒ = ဖြစ်မှု၊ ဝယ = ပျက်မှု၊ အညထတ္တ = တည်မှု ဟူသော သင်္ခတလက္ခဏာ သုံးပါး ထင်ရှားရှိသောကြောင့် အနိစ္စမည်၏ဟု ဆိုလိုသည်။) ၂။ အနိစ္စတာ - ဟူသည်ကား ထိုခန္ဓာငါးပါးတို့၏သာလျှင် ဖြစ်ခြင်း ပျက်ခြင်း၊ ဖြစ်စမှ တစ်ပါးသော ပျက်ခြင်း ဘင်ကာလဘက်သို့ ယိမ်းယိုင်လျက်ရှိသော တည်မှု ဌီကာလဟူသော ခန္ဓာတို့၏ အဖြစ်တည်းဟူသော အခြင်း အရာထူးသည် အနိစ္စတာ မည်၏။ တစ်နည်း ရှေးကမရှိ ယခုမှ ဖြစ်တည်၍ ချက်တစ်ဖြုတ်အားဖြင့် ဖြုတ်ချည်း ပျက်ခြင်းသည် = ဖြစ်ပေါ်ပြီးကုန်သော ထိုပရမတ္ထခန္ဓာတို့၏ ထိုဖြစ်တိုင်းသော အခြင်းအရာအားဖြင့်သာလျှင်
1.所谓အနိစ္စ(无常),就是五蕴。为什么称为无常?因为它们具有:(甲)生起之性;(乙)坏灭之性;(丙)从最初生起以后即异于初生、倾向坏灭阶段,称为住时的一种特殊行相。因此称为无常。〔意思是,因为ဥပ္ပါဒ(生)、ဝယ(灭)、အညထတ္တ(住)这三种有为相清楚存在,所以称为无常。〕2.所谓အနိစ္စတာ(无常性),是这五蕴自身生起、坏灭,以及从初生以后即转为异样、倾向坏灭阶段而存在的住时这一特殊行相。换一种说法,它们先前不存在,现在才生起,又在一刹那间突然坏灭;也就是已经生起的这些究竟五蕴,以其刚生起时的那种行相——
မတည်မူ၍ ခဏဘင်သဘောဖြင့် ပျက်ခြင်းသည် အနိစ္စတာ မည်၏ဟု ဆိုလိုပေသည်။
——并不保持,而依刹那坏灭之性破坏;这便称为无常性。
၃။ အနိစ္စာနုပဿနာ ---- အနိစ္စာနုပဿနာဟူသည်ကား ဖြစ်ပြီးနောက် ရုတ်ချည်း ပျက်ခြင်း ခဏိကဘင်ဟု ဆိုအပ်သော မမြဲသော အခြင်းအရာ အနိစ္စတာ၏ အစွမ်းဖြင့် ရုပ် အစရှိကုန်သော ခန္ဓာငါးပါးတို့၌ အနိစ္စဟု
3.အနိစ္စာနုပဿနာ(无常随观)——所谓无常随观,是依“生起以后立即坏灭”这一称为刹那坏灭的无常行相、无常性,于色等五蕴中作“无常”的——
原书第 492 页
အဖန်တလဲလဲ ရှုခြင်းသည် အနိစ္စာနုပဿနာ မည်၏။ တစ်နည်း ယင်းသို့ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုနေ သော ဝိပဿနာဉာဏ်သည် အနိစ္စာနုပဿနာ မည်၏။
——反复随观;这称为无常随观。换一种说法,反复、一再随观“无常”的观智,称为无常随观。
၄။ အနိစ္စာနုပဿီ ---- အနိစ္စာနုပဿီဟူသည်ကား ယင်းအနိစ္စာနုပဿနာဉာဏ်နှင့် ပြည့်စုံနေသော ယော- ဂါဝစရ ပုဂ္ဂိုလ်သည် အနိစ္စာနုပဿီ မည်၏။ ထိုကြောင့် ဤသို့ ဖြစ်ပေါ်လာသော အနိစ္စာနုပဿနာဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ယင်းခန္ဓာငါးပါးတို့၌ အနိစ္စဟု တလုံလဲလဲ ရှုသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေသော ပုဂ္ဂိုလ် ကိုလည်းကောင်း၊ ထွက်သက်လေကို ဖြစ်စေသော ပုဂ္ဂိုလ်ကိုလည်းကောင်း ဤစတုတ္ထစတုက္က၌ အနိစ္စဟု တလုံ လဲလဲ ရှုသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက် လေကို ဖြစ်စေအံ့ဟု ကျင့်နေ၏ဟု သိရှိပါလေ။
4.အနိစ္စာနုပဿီ(无常随观者)——所谓无常随观者,就是具足上述无常随观智的瑜伽行者。因此,应当知道:具足如此生起的无常随观智、在五蕴中一再随观“无常”而令入息生起或令出息生起的人,在这第四组四法中,正训练:“我将一再随观无常而令入息生起,我将一再随观无常而令出息生起。”
(ဝိသုဒ္ဓိ-၁-၂၈၁-၂၈၂။)
(《清净道论》1-281—282。)
ဥပ္ပါဒ-ဝယ-အညထတ္တာ
ဥပ္ပါဒ-ဝယ-အညထတ္တာ(生、灭与变异)
ဥပ္ပါဒ ---- ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့သည် အညီအညွတ် ပေါင်းစု ပြုပြင်ပေးပါမှ အနိုင်နိုင် ဖြစ်ပေါ်၍ လာကြရသော ရုပ်-နာမ် ဓမ္မ သင်္ခါရတရားတို့သည် သင်္ခတဓမ္မ မည်ကုန်၏။ ယင်းသင်္ခတတရားတို့၏ (က) ယင်းရုပ်နာမ်တို့ကို တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်း ဇနကအကြောင်း၊ (ခ) ယင်း ရုပ်နာမ်တို့ကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်း ပစ္စယအကြောင်းတရားတို့ကြောင့် ထင်ရှား ဖြစ်ပေါ်လာရခြင်းသည်၊ မဖြစ်ခင် ရှေး၌ မရှိသေးမူ၍ ရှေးက မရှိသေးမူ၍ ယခုမှ ရုတ်ချည်းအသစ် ဖြစ်ပေါ် လာခြင်းသည် ပရမတ္ထအထည်ကိုယ်သဘောကို ရရှိလာခြင်းသည် ဥပ္ပါဒ = ဖြစ်ခြင်း မည်၏။
ဥပ္ပါဒ(生起)——色法、名法这些诸行法,必须由各自相应的诸因缘和合造作,才得以生起;它们称为သင်္ခတဓမ္မ(有为法)。在这些有为法的诸缘中:(甲)能直接令色名生起的ဟေတု(因)、ဇနက(能生因);(乙)能扶助色名的ဥပတ္ထမ္ဘက(扶助因)、ပစ္စယ(缘)。由于这些因缘,色名明显生起;先前未生时尚不存在、过去尚不存在而现在突然新生,并取得究竟法的自体,这称为ဥပ္ပါဒ(生起)。
ဝယ ---- ဖြစ်ကုန်ပြီးသော ထိုသင်္ခတတရားတို့၏ ခဏိကဘင်သဘောအားဖြင့် ပျက်ခြင်း ဘင်ကာလသို့ ရောက်ခိုက် ချုပ်ပျက်သွားခြင်းသည် ဝယ = ပျက်ခြင်း မည်၏။
ဝယ(坏灭)——已经生起的这些有为法,依刹那坏灭之性而破坏,到达坏灭阶段时灭坏;这称为ဝယ(坏灭)。
အညထတ္တ ---- ဇရာဟု ခေါ်ဆိုအပ်သော ဖြစ်စမှ တစ်ပါးသော ပျက်ခြင်း ဘင်ကာလဘက်သို့ ယိုင်လဲနေ သော တည်ခြင်း ဌီကာလဟူသော အခြင်းအရာအထူးဖြင့် ပရမတ္ထဓမ္မတို့၏ ဖြစ်ခြင်းသည် အညထတ္တ မည်၏။
အညထတ္တ(变异)——究竟法处于一种名为ဇရာ(老)的特殊状态:它已不同于最初生起,正以称为ဌီကာလ(住时)的状态倾向坏灭阶段;这称为အညထတ္တ(变异)。
သင်္ခတ ---- ပရမတ္ထဓာတ်သား တရားတိုင်း၌ ဖြစ်မှု-တည်မှု-ပျက်မှုဟု သင်္ခတလက္ခဏာတရား သုံးပါးစီ ရှိကြောင်းကို အင်္ဂုတ္တိုရ် တိကနိပါတ် (အံ-၁-၁၅ဝ။) သင်္ခတလက္ခဏာသုတ်၌ ဘုရားရှင် ဟောကြားထားတော် မူ၏။ ဖြစ်သောတရားသည်ပင် တည်၏၊ ဖြစ်သောတရားသည်ပင် ပျက်၏၊ ဖြစ်သောတရားက တခြားတစ်ပါး၊ ပျက်သောတရား တည်သောတရားက တခြားတစ်ပါး မဟုတ်ပေ။ ထင်ရှားစေအံ့ ---- ဖြစ်ခြင်း ဥပါဒ်အခိုက်မှ ကွဲပြားသော ပျက်ခြင်း ဘင်အခိုက်၌ ပရမတ္ထအထည်ကိုယ် ဝတ္ထု၏ ထူးထွေ ကွဲပြားမှုသည် မရှိနိုင်သကဲ့သို့ (ပထဝီဓာတ်ဖြစ်၍ အာပေါဓာတ်က ပျက်ခြင်းမျိုး၊ ဖဿဖြစ်၍ ဝေဒနာက ပျက် ခြင်းမျိုး မရှိနိုင်သကဲ့သို့ဟု ဆိုလိုသည်) အလားတူပင် တည်ခြင်း ဌီကာလဟု ဆိုအပ်သော ပျက်ခြင်း ဘင်ကာလ သို့ ရှေးရှုယိုင်လဲနေသော အခိုက်၌လည်း ပရမတ္ထအထည်ကိုယ် ဝတ္ထု၏ ထူးထွေ ကွဲပြားမှုသည် မရှိပေ။ ယင်း ပျက်ခြင်း ဘင်ကာလဘက်သို့ ရှေးရှုယိုင်လဲနေသော အခိုက်၌ ဇရာဟု ခေါ်ဝေါ်ခြင်းသည် ဖြစ်ပေါ်လာပေ
သင်္ခတ(有为)——世尊在《增支部·三集》的《有为相经》(《增支部》1-150)中开示:每一种究竟界法各有生、住、灭三种有为相。正是生起的那个法住立,正是生起的那个法坏灭;并非生起的是一个法,住立、坏灭的又是另一个法。为使此义明显:在异于ဥပါဒ်(生起)阶段的ဘင်(坏灭)阶段中,究竟法的自体并无差别〔也就是说,不可能是地界生起而水界坏灭,或触生起而受坏灭〕;同样,在称为ဌီကာလ(住时)、正面向坏灭阶段的时期,究竟法的自体也无差别。就在这面向坏灭阶段的时期,才有ဇရာ(老)的称说——
သည်။ ထိုကြောင့် တစ်ခုတည်းသော ပရမတ္ထတရား၏လည်း ဇရာသည် သင့်သည်သာ ဖြစ်ပေသည်။ ယင်းဇရာကို ခဏိကဇရာဟူ၍ ခေါ်ဆိုအပ်ပေသည်။ မှန်ပေသည် -- ဖြစ်မှု ပျက်မှု = ဥပါဒ် ဘင် အခိုက်အတန့်တို့၌ ပရမတ္ထ အထည်ကိုယ်ဝတ္ထု၏ မကွဲပြားခြင်းကိုသာ အလိုရှိအပ်ပေသည်။ မကွဲပြားသည်မှ တစ်ပါး ကွဲပြားမှုကို လိုအပ် လတ်သော် ''အခြားသော ပရမတ္ထတရားတစ်ပါးသည် ဖြစ်ပေါ်လာ၏၊ အခြားသော ပရမတ္ထတရားတစ်ပါးသည် ပျက်သွား၏''ဟူသော ဤကဲ့သို့သော အပြစ်ဒေါသသည် ကွဲပြားမှုကို အလိုရှိသသူမှာ ရောက်ရှိလာလေရာ၏။
——因此,老也适用于同一个究竟法;这种老称为ခဏိကဇရာ(刹那老)。确实,在ဥပါဒ်(生起)与ဘင်(坏灭)两个阶段中,必须承认究竟法的自体并无差别。如果不承认无差别而主张有差别,主张者便会陷入这样的过失:“一个究竟法生起,另一个究竟法坏灭。”
原书第 493 页
အာနာပါနဿတိသမာဓိပိုင်း သို့အတွက် ထိုဇရာအရ ပဗန္ဓဌိတိ ပညတ္တိဇရာ-ဟူသော သမုတိသစ္စာနယ်သုံး အိုမှု ဇရာကို မယူဘဲ ပရမတ္ထ ဓမ္မတို့၏ တည်မှု ဌီကာလဟူသော ခဏိကဇရာကိုသာ ရည်ရွယ်၍ အညထတ္တံဟု မိန့်ဆိုထားတော်မူသည်ဟု မှတ်သားပါလေ။ (မဟာဋီ-၁-၃၄၃-၃၄၄။) အကြင် ဥပါဒ်-ဌီ-ဘင် = ဇာတိ-ဇရာ-မရဏ = ဖြစ်-တည်-ပျက်ဟူသော လက္ခဏာသုံးပါး အပေါင်း၏ ထင်ရှားရှိခြင်းကြောင့် ခန္ဓာငါးပါးတို့၌ အနိစ္စဟု ခေါ်ဝေါ်ပညတ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ထိုလက္ခဏာ သုံးပါး အပေါင်း၌ အနိစ္စဟူသော အမည်သညာ ဖြစ်သောကြောင့် - ''အနိစ္စတာတိ တေသံယေဝ ဥပ္ပါဒဝယညထတ္တံ = အနိစ္စတာဟူသည် ထိုခန္ဓာငါးပါးတို့၏သာလျှင် ဥပ္ပါဒ-ဝယ-အညထတ္တ = ဖြစ်မှု ပျက်မှု တည်မှု ဇရာကိုပင် ဆိုလိုသည်''ဟု ပြောဆိုပြီး၍ အထူးအားဖြင့် ပရမတ္ထဓမ္မတို့၏ ခဏိကနိရောဓ = ခဏအားဖြင့် ပျက်ခြင်း = ချုပ်ခြင်း = ဘင်၌ အနိစ္စတာဟူသော ဝေါဟာရသည် ဖြစ်၏ဟု ထင်ရှားပြလိုသည် ဖြစ်၍ ''ဟုတွာ အဘာဝေါ
因此,应当记住:这里不取世俗谛范围内所说、称为ပဗန္ဓဌိတိ ပညတ္တိဇရာ(相续住假立老)的衰老,而只意指究竟法称为住时的ခဏိကဇရာ(刹那老);正是针对这种刹那老,复注才说အညထတ္တံ(变异)。(《大复注》1-343—344。)由于ဥပါဒ်-ဌီ-ဘင်(生、住、灭)=ဇာတိ-ဇရာ-မရဏ(生、老、死)这三相的集合清楚存在,五蕴才有“无常”这一称名安立。因为“无常”之名安立在这三相的集合上,义注先说:“အနိစ္စတာတိ တေသံယေဝ ဥပ္ပါဒဝယညထတ္တံ”——“所谓无常性,就是这五蕴自身的生、灭与变异”,也就是五蕴自身的生起、坏灭,以及作为住的老;又为了特别表明,အနိစ္စတာ(无常性)这一称说尤其安立于究竟法的ခဏိကနိရောဓ(刹那灭)——即刹那坏灭、灭尽、ဘင်(坏灭)——之上,义注才接着说:“ဟုတွာ အဘာဝေါ——”
ဝါ = ဖြစ်ပြီးနောက် မရှိခြင်းသဘောသည်လည်း အနိစ္စတာ မည်၏'' - ဤသို့ စသော စကားကို အဋ္ဌကထာ ဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ထိုစကားရပ်၌ မရှိခြင်း အဘာဝ သဘော၏ ဖြစ်ခြင်း ဥပ္ပါဒ သဘောလျှင် ရှေးသွားရှိသောကြောင့် ဟုတွာ ဖြစ်ပြီးနောက်ဟူသော စကားကို ကူမ၍ ဆိုရပြန်သည်။ ဟုတွာ = ဖြစ်ပြီးနောက် ဟူသော ထိုစကားရပ်ဖြင့် ပျက်စီးခြင်းဟူသော မရှိခြင်း အဘာဝ၏ မဖြစ်သေးမီ ရှေးအဖို့က မရှိသေးခြင်း ရှေးရှိသည်၏ အဖြစ်ကို ညွှန်ပြလျက်ရှိ၏။ (မဟာဋီ-၁-၃၄၄။) ဆိုလိုသည်မှာ အဘာဝ မရှိခြင်းဟူသည် ဖြစ်ခြင်း ဥပါဒ်သို့ မရောက်သေးမီ မဖြစ်သေးမီက ရုပ်နာမ် ပရမတ်တို့၏ မရှိသေးခြင်းဟူသော ပါဂဘာဝက တစ်မျိုး၊ ပျက်ခြင်း ဘင်သို့ရောက်၍ ပျက်စီးကွယ်ပျောက် သွားသဖြင့် ဖြစ်ပြီးသော ရုပ်နာမ် ပရမတ်တို့၏ ဝိဒ္ဓံသာဘာဝကတစ်မျိုးဟူ၍ နှစ်မျိုးရှိရာတွင် ဟုတွာ အဘာဝေါ ဝါ ဟူသော ပါဌ်၌ အဘာဝေါ-ပုဒ်ဖြင့် ဝိဒ္ဓံသာဘာဝဟု ခေါ်သော ဖြစ်ပြီးသော ရုပ်နာမ်ပရမတ်တို့၏ ပျက်ခြင်း
巴利引文片段续(缅文转写):“ဝါ”;与上文合为“ဟုတွာ အဘာဝေါ ဝါ”,译为“或是生起以后归于不存在”。这就是说,生起以后归于不存在的性质也称为无常性;义注师因而说了这段话。在这一表述中,因为အဘာဝ(不存在)之性以ဥပ္ပါဒ(生起)之性为先行,所以须加说ဟုတွာ(生起以后)。ဟုတွာ这句话指明:称为坏灭的“不存在”,以尚未生起以前的“先前不存在”为其先行状态。(《大复注》1-344。)意思是,不存在有两种:(1)色名究竟法尚未到达生起、尚未生起以前的不存在,称为ပါဂဘာဝ(先前之无);(2)已生色名究竟法到达坏灭、毁灭消失以后的不存在,称为ဝိဒ္ဓံသာဘာဝ(坏灭后之无)。在这段原文中,အဘာဝေါ一词所显示的是后者,即称为ဝိဒ္ဓံသာဘာဝ、已经生起的色名究竟法到达坏灭——
ဘင်သို့ ရောက်ရှိသွားသဖြင့် မရှိခြင်းသဘောဟူသော = ဝိနာသအဘာဝကို ပြ၏။ ဟုတွာ = ဖြစ်ပြီး၍ဟု ဆို သဖြင့် မဖြစ်မီက ရုပ်နာမ် အထည်ကိုယ် မရှိသေးခြင်း အဘာဝအဖို့မှ ဖြစ်ပေါ်လာသည်ဟု သိရသောကြောင့် ယင်းပုဒ်ဖြင့် ရုပ်နာမ် ပရမတ်တို့၏ ဖြစ်ပေါ်ပြီးနောက် ပျက်ခြင်းဟူသော ဝိနာသအဘာဝသည် မဖြစ်မီ ရှေး အဖို့က မရှိသေးခြင်းဟူသော အဘာဝလျှင် ရှေးရှိသည်၏ အဖြစ်ကို ပြသည်ဟု ဆိုလိုပေသည်။
——以后归于不存在的ဝိနာသအဘာဝ(毁坏后之无)。ဟုတွာ意为“已经生起”,由此可知,色名的自体是从尚未生起以前的“不存在”中生起的。因此,这个词显示:色名究竟法生起以后坏灭的ဝိနာသအဘာဝ,以色名尚未生起以前的“不存在”为先行;也就是说,“先前之无”在先,“坏灭后之无”在后。
ရုပ်နာမ်တို့ကား မဖြစ်မီ ရှေးအဖို့ကလည်း မရှိကြ၊ ဖြစ်ပြီးနောက်လည်း မရှိကြ။ ယင်းမရှိခြင်း နှစ်မျိုးတို့၏ အလယ်၌သာလျှင် ယာယီ အခိုက်အတန့်အားဖြင့် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် အနေအားဖြင့် ဖြစ်ပေါ် လာကြသော ဓမ္မသဘာဝတို့သာ ဖြစ်ကြသည်။ ယင်းအကြောင်းတရားတို့ကို ရုပ်ပိုင်း နာမ်ပိုင်း ဝိပဿနာပိုင်း တို့တွင် အလျဥ်းသင့်သလို ထပ်မံ၍ တင်ပြဦးမည်သာ ဖြစ်ပေသည်။ ဤတွင် ခန္ဓာငါးပါးတို့ကား အနိစ္စတရားတို့ ဖြစ်ကြသဖြင့် အနိစ္စဟု အဖန်ဖန် အထပ်ထပ် တလုံလဲလဲ ရှု၍ အသက်ရှူနေလိုသော အသင်ယောဂီ သူတော် ကောင်းသည် ---- ၁။ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်းရှိ ခန္ဓာငါးပါးကို သိရမည်။
色名在尚未生起的先前阶段不存在,生起以后也因坏灭而不存在。它们只在这两种“不存在”之间,暂时以ဥပါဒ်-ဌီ-ဘင်(生、住、灭)的方式生起,是具有这种法性的诸法。关于这些义理,将在色业处、名业处与观业处各部分随宜继续说明。这里,五蕴皆为无常法。因此,想在呼吸时一再反复随观五蕴为无常的贤善瑜伽行者,应当:1.了知过去、未来、现在三时及内、外两种相续之内,作为真实究竟界法的五蕴。
၂။ ယင်းခန္ဓာငါးပါးတို့၏ အကြောင်းတရားတို့ကို ကာလသုံးပါးလုံး၌ ဟုတ်တိုင်းမှန်စွာ သိရမည်။
2.如实了知这五蕴在全部三时中的诸因法。
၃။ ယင်းအကြောင်းတရားနှင့် တကွသော ခန္ဓာငါးပါးတို့၏ (က) ဖြစ်ပြီးလျှင် ပျက်နေသော အခြင်းအရာ၊ (ခ) ပြိုပြို ပျက်ပျက်နေသော အခြင်းအရာဟူသော အနိစ္စအခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိရမည်။
3.如实了知五蕴连同其因法的无常行相:(甲)生起以后即在坏灭的行相;(乙)不断崩坏、不断坏灭的行相。
၄။ ယင်း အနိစ္စအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုပွား သုံးသပ်လျက် ဝင်သက်လေကို ဖြစ်အောင် ထွက်သက်လေကို ဖြစ်အောင် ကျင့်ရမည်။ ယင်းသို့ ကျင့်ခဲ့
4.以智观见这种无常行相,一再反复地随观、修习、审察“无常”,同时训练令入息生起、令出息生起。若如此修习——
原书第 494 页
သော် အနိစ္စာနုပဿနာဉာဏ်အမြင်နှင့် ပြည့်စုံသည် မည်ပေသည်။ ယင်း အနိစ္စာနုပဿနာဉာဏ်နှင့် ပြည့်စုံသော အသင်ယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စာနုပဿီပုဂ္ဂိုလ် ဖြစ်လေပြီ ဟူ၏။
——便称为具足အနိစ္စာနုပဿနာဉာဏ်(无常随观智)之见。具足这种无常随观智的贤善瑜伽行者,便已成为အနိစ္စာနုပဿီ(无常随观者)。
၂။ ဝိရာဂါနုပဿီ
2.“ဝိရာဂါနုပဿီ”——“随观离贪”
ဝိရာဂါနုပဿီတိ ဧတ္ထ ပန ဒွေ ဝိရာဂါ ခယဝိရာဂေါ စ အစ္စန္တဝိရာဂေါ စ။ တတ္ထ ခယဝိရာဂေါတိ သင်္ခါရာနံ ခဏဘင်္ဂေါ။ အစ္စန္တဝိရာဂေါတိ နိဗ္ဗာနံ။ ဝိရာဂါနုပဿနာတိ တဒုဘယဒဿနဝသေန ပဝတ္တာ ဝိပဿနာ စ မဂ္ဂေါ စ။ တာယ ဒုဝိဓာယပိ အနုပဿနာယ သမန္နာဂတော ဟုတွာ အဿသန္တော ပဿသန္တော စ ''ဝိရာဂါနုပဿီ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီ''တိ ဝေဒိတဗ္ဗော။ နိရောဓာနုပဿီပဒေပိ ဧသေဝ နယော။ (ဝိသုဒ္ဓိ-၁-၂၈၂။) ဝိရာဂါနုပဿီဟူသော ဤပါဠိတော်ဝယ် ---- ၁။ သင်္ခါရတရားတို့၏ ကုန်ခြင်း ပျက်ခြင်းဟူသော ခယဝိရာဂ၊ ၂။ သင်္ခါရတရားတို့၏ သို့မဟုတ် ရာဂ၏ စင်စစ်ချုပ်ရာ နိဗ္ဗာန်ဟူသော အစ္စန္တဝိရာဂ ---- ဟု ဝိရာဂ နှစ်မျိုး ရှိ၏။
“所谓‘随观离贪者’:此处有两种离贪,即灭尽离贪与究竟离贪。其中,灭尽离贪是诸行的刹那坏灭;究竟离贪是涅槃。依观见这两者而转起的观与道,称为离贪随观。应当知道:具足这两种随观而入息、出息的人,训练:‘我将随观离贪而入息、出息。’对于‘随观灭者’这一句,也依同一理路。”(《清净道论》1-282。)在“随观离贪者”这一巴利语句中,有两种离贪:1.诸行灭尽、坏灭,称为灭尽离贪;2.诸行或贪的究竟止息——涅槃,称为究竟离贪。
ထိုနှစ်မျိုးတို့တွင် သင်္ခါရတရားတို့၏ ခဏိကနိရောဓဟု ခေါ်ဆိုအပ်သော ခဏမစဲ တသဲသဲ ချုပ်ပျက်မှု ခဏဘင်သည် ခယဝိရာဂ မည်၏။ အလုံးစုံသော သင်္ခါရတရားတို့၏ စင်စစ်ငြိမ်းရာ ချုပ်ရာဖြစ်သော အသင်္ခတ ဓာတ် နိဗ္ဗာန်တရားတော်မြတ်သည် အစ္စန္တဝိရာဂ မည်၏။
在这两种离贪中,诸行的刹那灭,也就是刹那不停、接连止息坏灭的刹那坏灭,称为灭尽离贪。作为一切诸行究竟寂静、究竟止息之处的无为界——殊胜涅槃法——称为究竟离贪。
သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်သက်သက်ကိုသာ ရှုမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝိပ- ဿနာဉာဏ်သည်လည်း ဝိရာဂါနုပဿနာ မည်၏။ အစ္စန္တဝိရာဂ အမည်ရသော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို ရှုမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည်လည်း ဝိရာဂါနုပဿနာ မည်၏။
仅仅依观见诸行坏灭本身而生起的观智,也称为离贪随观;依观见称为究竟离贪的无为界、寂静界——涅槃——而生起的圣道智,也称为离贪随观。
ထိုနှစ်မျိုးသော ဝိရာဂါနုပဿနာဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေသည်လည်း ဖြစ် သော ထွက်သက်လေကို ဖြစ်စေသည်လည်းဖြစ်သော ပုဂ္ဂိုလ်ကို ''နှစ်မျိုးသော ဝိရာဂကို တလုံလဲလဲ ရှုသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်၏ဟူ၍ သိရှိပါလေ။
应当知道:具足这两种离贪随观智之见而使入息、出息生起的人,乃是训练:“我将反复随观这两种离贪而入息,我将反复随观这两种离贪而出息。”
တစ်နည်း ---- ဝိပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို အာရုံပြုသောအားဖြင့် လက္ခဏာ ယာဥ်တင်ကာ ရှုပွားသုံးသပ်နေသောကြောင့် ခယဝိရာဂါနုပဿနာ၏ အစွမ်းဖြင့် ဖြစ်နေ၏။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းနေသောကြောင့် အစ္စန္တဝိရာဂါနုပဿနာ၏ အစွမ်းဖြင့်လည်း ဖြစ်နေ၏။
换一种说法:观智以诸行的坏灭为所缘,标举三相而修观、审察,所以依灭尽离贪随观而转起;又因为它倾向、趋向无为界、寂静界——涅槃,所以也依究竟离贪随观而转起。
အရိယမဂ်ဉာဏ်သည် ရာဂ၏ စင်စစ်ငြိမ်းရာ ချုပ်ရာဖြစ်သော၊ သင်္ခါရတရားတို့၏ စင်စစ်ငြိမ်းရာ ချုပ်ရာ ဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို မတွေမဝေသောအားဖြင့် အာရုံပြုလျက် ထိုးထွင်းသိမြင်နေ၏။
圣道智以作为贪的究竟寂静、究竟止息之处,也是诸行究竟寂静、究竟止息之处的无为界、寂静界——涅槃——为所缘,依无痴而洞彻知见。
အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံပြုနေသော ယင်းအရိယမဂ်ဉာဏ်သည် သင်္ခါရတရားတို့၏ ပျက် ခြင်း ဘင်ကို မသိအောင် မမြင်အောင် ဖုံးလွှမ်းထားသည့် မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏။
这一以无为界、寂静界——涅槃——为所缘的圣道智,也把遮蔽诸行的坏灭、使之不能被知见的痴灭除无余。
သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို မသိမှုကို ပယ်သတ်လိုက်သဖြင့် သိမှု ဝိဇ္ဇာဉာဏ်သည် ကိစ္စသိဒ္ဓိအားဖြင့် ပြီးစီးပြီး ဖြစ်သွား၏။ ယင်း သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို ကိစ္စသိဒ္ဓိအားဖြင့် သိမှုကို အသမ္မောဟသဘော အားဖြင့် သိ၏ဟု ဆိုရ၏။ မသိမှု မောဟကို ပယ်သတ်လိုက်သဖြင့် သင်္ခါရတရားတို့၏ အပျက်ကို တစ်ဖန်ပြန်၍ ရှုကြည့်ပါက အချိန်မရွေး သိနေမည်သာ ဖြစ်ပေသည်။ ထိုသို့ သိခြင်းမျိုးကို အသမ္မောဟ သဘောအားဖြင့် သင်္ခါရတရားတို့၏ အပျက်ကို ရှုနေသော ခယဝိရာဂါနုပဿနာဟု ဆိုရ၏။
因为灭除了对诸行坏灭的无知,能知的明智也就依作用成就而完成。依作用成就而知诸行坏灭,称为依无痴而知。既已灭除无知之痴,日后任何时候再观诸行的坏灭,都必定能够了知。这样依无痴而随观诸行坏灭,称为灭尽离贪随观。
原书第 495 页
အာနာပါနဿတိသမာဓိပိုင်း သို့အတွက် အရိယမဂ်တရားသည် အသမ္မောဟ သဘောအားဖြင့် သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို ရှုသော ခယဝိရာဂါနုပဿနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အာရုံတိုက်ရိုက် မျက်မှောက်ပြုသောအားဖြင့် ရာဂ ၏ စင်စစ်ချုပ်ရာ သင်္ခါရတရားတို့၏ စင်စစ်ချုပ်ရာ ငြိမ်းရာဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို ရှုမြင်နေသောကြောင့် အစ္စန္တဝိရာဂါနုပဿနာ၏ အစွမ်းဖြင့်လည်း ဖြစ်ပေါ်လာ၏ဟု သိရှိပါလေ။
因此,应当知道:圣道法由灭尽离贪随观之力而生起;这一灭尽离贪随观依无痴而随观诸行的坏灭。圣道法又以所缘直接现前的方式,观见作为贪的究竟止息、诸行的究竟止息与寂静之处的无为界、寂静界——涅槃,故也由究竟离贪随观之力而生起。
(မဟာဋီ-၁-၃၄၄။)
(《大复注》1-344。)
၃။ နိရောဓာနုပဿီ
3.“နိရောဓာနုပဿီ”——“随观灭”
အလားတူပင် နိရောဓာနုပဿီဟူသော ပါဠိတော်၌လည်း ခယနိရောဓ အစ္စန္တနိရောဓဟု နိရောဓ နှစ်မျိုး ရှိပုံကို သဘောပေါက်ပါလေ။ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကား ခယနိရောဓ၊ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကား အစ္စန္တနိရောဓ - ဤသို့စသည်ဖြင့် သိပါလေ။ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို အဖန်ဖန် အထပ်ထပ် ဝိပဿနာရှု၍လည်း အသက်ရှူနေပါ။ သင်္ခါရတရားတို့၏ ချုပ်ရာ ရာဂ၏ ချုပ်ရာ နိဗ္ဗာန်ကို အာရုံ ပြု၍လည်း အသက်ရှူနေပါဟု ဆိုလိုပေသည်။
同样,对于“နိရောဓာနုပဿီ”(随观灭者)这一巴利语句,也应理解有两种灭:“ခယနိရောဓ”(灭尽之灭)与“အစ္စန္တနိရောဓ”(究竟之灭)。诸行的坏灭称为灭尽之灭;无为界、寂静界——涅槃——称为究竟之灭。等等,应当如是了知。其意是说:一面反复对诸行的坏灭作毗婆舍那观,一面呼吸;也一面以诸行止息、贪止息之处——涅槃——为所缘,一面呼吸。
၄။ ပဋိနိဿဂ္ဂါနုပဿီ
4.“ပဋိနိဿဂ္ဂါနုပဿီ”——“随观舍遣”
ပဋိနိဿဂ္ဂါနုပဿီ - ဟူသော ဤပါဠိတော်ရပ်၌လည်း - စေလွှတ်ခြင်း = စွန့်လွှတ်ခြင်းတို့သည် ---- (က) ပရိစ္စာဂပဋိနိဿဂ္ဂ၊ ( ခ ) ပက္ခန္ဒနပဋိနိဿဂ္ဂ ---- ဟု နှစ်မျိုး ရှိ၏။
在巴利语“ပဋိနိဿဂ္ဂါနုပဿီ”(随观舍遣者)这一句中,“遣离=舍弃”有两种:(甲)“ပရိစ္စာဂပဋိနိဿဂ္ဂ”——舍断式舍遣;(乙)“ပက္ခန္ဒနပဋိနိဿဂ္ဂ”——趣入式舍遣。
ကိလေသာတို့ကို စွန့်လွှတ်တတ်သော ဝိပဿနာဉာဏ်နှင့် အရိယမဂ်ဉာဏ်သည်ပင် ပဋိနိဿဂ္ဂါနုပဿနာ မည်ပေသည်။
能够舍断烦恼的观智与圣道智,正称为舍遣随观。
ဝိပဿနာ ---- သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို အာရုံပြု၍ ယင်းသင်္ခါရတရားတို့၏ ကုန်ကုန် ပြိုပြို ပျက်ပျက်နေသည့် သဘောကို အာရုံပြု၍ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုနေသော အနိစ္စာနုပဿနာဉာဏ် သည် ခဏခေတ္တ တဒင်္ဂအားဖြင့် ပယ်သတ်ခြင်း တဒင်္ဂပဟာန်၏ အစွမ်းဖြင့် ယင်းသင်္ခါရတရားတို့ အပေါ်၌ နိစ္စဟု အမှတ်မှားမှု နိစ္စသညာကို ပယ်စွန့်၏။ စွန့်သောအခါ၌လည်း ယင်းသင်္ခါရတရားတို့၏ ပျက်ခြင်းဘင်ကို အာရုံယူ၍ အနိစ္စဟု ရှုနေသော အခြင်းအရာအားဖြင့် မပြတ်ဖြစ်လတ်သော် နိစ္စ = မြဲ၏ဟု စွဲယူသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကုန်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးစီးသည့် ကိလေသာတို့သည်လည်းကောင်း၊ ထိုကိလေသဝဋ်လျှင် အကြောင်းရင်းရှိကြကုန်သော ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်ကုန်သော သင်္ခါရအမည်ရသော ကုသိုလ်ကံ အကုသိုလ်ကံတို့သည်လည်းကောင်း၊ ထိုကိလေသဝဋ်နှင့် အဘိသင်္ခါရ အမည်ရသော ကမ္မဝဋ်လျှင်
“ဝိပဿနာ”(观)——无常随观智以诸行的坏灭为所缘,反复随观为无常;它依彼分断,暂时舍断把这些诸行错认为常的常想。当这种舍断持续发生时,观智不断以这些诸行的坏灭为所缘而随观无常。这里所舍弃的是:那些由执取“常”而生、以无明、爱、取为首的烦恼轮,以及以该烦恼轮为因、能造作新有而称为“行”的善业与不善业,还有以该烦恼轮与称为“造作行”的业轮为因的果报蕴——
အကြောင်းရင်းခံ ရှိကြကုန်သော အကြင်အကျိုး ဝိပါက်ခန္ဓာတို့သည်လည်းကောင်း နောင်အနာဂတ် ကာလ၌ ဖြစ်ပေါ်လာနိုင်ကုန်ရာ၏။ ခပ်သိမ်းကုန်သော ထိုကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ခန္ဓာတို့ကို နောင်တစ်ဖန် မဖြစ်ခြင်းကို ပြုသည်၏ အစွမ်းဖြင့် ပယ်စွန့်၏။
——这些法本来都可能在未来生起。观智以令它们未来不再生起的方式,把所有这些烦恼轮、业轮与作为果报轮的诸蕴一并舍弃。
ယင်းသင်္ခါရတရားတို့၏ ကုန်ကုန် သွားတတ်သည့်သဘော၊ ပြိုပြိုပျက်ပျက်နေသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ကုန်ကုန် ပြိုပြို ပျက်ပျက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် ဘယဋ္ဌ ဒုက္ခသဘောကို အာရုံယူ၍ ဒုက္ခဟု အဖန်ဖန် အထပ်ထပ် ရှုနေသော ဒုက္ခာနုပဿနာဉာဏ်က သုခဟု အမှတ်မှားမှု သညာကို လည်းကောင်း၊ ယင်း ပြိုပြို ပျက်ပျက်နေသော သင်္ခါရတရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်
苦随观智以智观见诸行不断灭尽、崩坏的性质,并以诸行因不断灭尽、崩坏而令人怖畏的苦性为所缘,反复随观为苦,从而舍断乐想;无我随观智则以智观见:在这些不断崩坏的诸行中,并不存在一个不会毁坏、作为坚固凝块与核心——
原书第 496 页
သာရအားဖြင့် တည်နေသည့် အတ္တ မရှိမှုသဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟု တွင်တွင်ရှုနေသော အနတ္တာနုပဿာနာဉာဏ်က အတ္တဟု အမှတ်မှားမှု အတ္တသညာကိုလည်းကောင်း၊ ယင်း သုခသညာ အတ္တသညာတို့ကို အခြေခံ၍ ဖြစ်ပွားလာသည့် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ခန္ဓာတို့ကိုလည်း ကောင်း တဒင်္ဂအားဖြင့် နောင်တစ်ဖန် မဖြစ်သည်ကို ပြုသည်၏ အစွမ်းဖြင့် ပယ်စွန့်သည်သာ ဖြစ်ပေသည်။
——本质而存在的“我”,因而反复随观为无我,从而舍断把它们错认为“我”的我想。以乐想、我想为基础而生起的烦恼轮、业轮与作为果报轮的诸蕴,也都由这两种观智依彼分断,并以令其未来不再生起的方式加以舍弃。
တစ်ဖန် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော သင်္ခတအမည်ရသော သင်္ခါရတရား အပေါင်း၌ အနိစ္စဟူသော ပြစ်ချက်ကြီး၊ ဒုက္ခဟူသော ပြစ်ချက်ကြီး၊ အနတ္တဟူသော ပြစ်ချက်ကြီး၊ အသုဘ ဟူသော ပြစ်ချက်ကြီး - ဤသို့စသော သင်္ခါရတရားတို့၏ ပြစ်ချက်ကြီးများကို ဉာဏ်ဖြင့် တွေ့မြင်နေခြင်းကြောင့် ထိုမှ ပြောင်းပြန်ဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်၌ ထိုနိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသည်၏ အဖြစ်ဖြင့် ပြေးဝင်သကဲ့သို့လည်း ဖြစ်တတ်၏။
再者,观智以慧见到欲界、色界、无色界三界之中,一切称为有为的诸行所有重大过患——无常的过患、苦的过患、无我的过患、不净的过患等等——便会倾向、趋向与诸行相反的无为界、寂静界——涅槃,仿佛奔入其中。
ထိုကြောင့် ဝိပဿနာဉာဏ်ကို ဝိပါက်ခန္ဓာ အဘိသင်္ခါရတရားတို့နှင့် တကွ ကိလေသာတို့ကို တဒင်္ဂအား ဖြင့် ပယ်စွန့်တတ်သောကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂဟူ၍လည်း ခေါ်ဆိုအပ်ပေသည်။ နိဗ္ဗာန်တရားတော်မြတ်၌ ညွတ်ကိုင်းရှိုင်းသော အားဖြင့် ပြေးဝင်သကဲ့သို့ ဖြစ်ခြင်းကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂ ဟူ၍လည်း ခေါ်ဆိုအပ် ပေသည်။
因此,观智能依彼分断,舍弃烦恼及与其相连的果报蕴和诸造作行,故也称为舍断式舍遣;它又因倾向涅槃、仿佛奔入这一殊胜涅槃法,故也称为趣入式舍遣。
အရိယမဂ်ဉာဏ်တရားသည် ကိလေသာတို့ကို အကြွင်းမဲ့ပယ်သတ်ခြင်း သမုစ္ဆေဒ၏ အစွမ်းဖြင့် စွန့် အပ်ကုန်သည်ရှိသော် အကျိုးမပေးခြင်း သဘောရှိသည်၏ အဖြစ်သို့ ရောက်စေသဖြင့် ဘဝသစ်ကို ဖြစ်ပေါ် လာအောင် ပြုပြင်ပေးတတ်သည့် အဘိသင်္ခါရ အမည်ရသော ကုသိုလ်ကံ အကုသိုလ်ကံတို့ကိုလည်းကောင်း၊ ထိုကိလေသာ အဘိသင်္ခါရတရားလျှင် အကြောင်းရင်း ရှိကုန်သော အကျိုး ဝိပါက်ခန္ဓာတို့ကိုလည်းကောင်း နောင်တစ်ဖန် မဖြစ်ထိုက်သည်၏ အဖြစ်ကို ပြုခြင်းဖြင့် ပယ်စွန့်လည်း ပယ်စွန့်၏၊ အာရုံတိုက်ရိုက် မျက်မှောက် ပြုသည်၏ အစွမ်းဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်၌ ပြေးလည်း ပြေးဝင်၏။ ထိုကြောင့် ယင်းအရိယ မဂ်ဉာဏ်ကို ပရိစ္စာဂပဋိနိဿဂ္ဂ = ခန္ဓာ - အဘိသင်္ခါရတရားတို့နှင့် တကွ ကိလေသာတို့ကို အကြွင်းမဲ့ ပယ်စွန့် တတ်သောတရားဟူ၍လည်းကောင်း၊ ပက္ခန္ဒနပဋိနိဿဂ္ဂ = အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်၌ အာရုံပြုခြင်း
当圣道智以正断把烦恼灭除无余时,也使能造作新有、称为“造作行”的善业与不善业成为不能再给予果报之法;又以令未来不再生起的方式,舍弃以这些烦恼与造作行为因的果报蕴;同时还以所缘直接现前的方式,奔入无为界、寂静界——涅槃。因此,这一圣道智既称为“ပရိစ္စာဂပဋိနိဿဂ္ဂ”(舍断式舍遣)=能把烦恼连同诸蕴、诸造作行灭尽无余地舍断之法;也称为“ပက္ခန္ဒနပဋိနိဿဂ္ဂ”(趣入式舍遣)=由于以无为界、寂静界——涅槃为所缘——
ဖြင့် ပြေးဝင်တတ်သော တရားဟူ၍လည်းကောင်း ခေါ်ဆိုအပ်ပေသည်။ ယင်းဝိပဿနာဉာဏ် အရိယမဂ်ဉာဏ် နှစ်ပါးသည်လည်း ရှေးရှေး၌ ဖြစ်ကုန်သော ဉာဏ်တို့၏ နောက်သို့ အစဥ်တစိုက် လိုက်၍ ရှေးရှေးဉာဏ်တို့၏ အရှုခံ အာရုံကိုလည်းကောင်း၊ ရှေးရှေးဉာဏ်တို့ကိုလည်းကောင်း အဖန်တလဲလဲ ရှုတတ်သောကြောင့် အနုပဿနာ ဟူ၍ ခေါ်ဆိုအပ်ပေသည်။
——而奔入其中之法。这观智与圣道智二者,又因为持续跟随先前生起的诸智,反复随观先前诸智所观的所缘以及先前诸智本身,所以称为随观。
ဆိုလိုသည်မှာ ---- ဝိပဿနာဉာဏ်သည် ရှေးရှေးဝိပဿနာဉာဏ်တို့၏ အရှုခံအာရုံဖြစ်သော သင်္ခါရ တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာဟူသော အာရုံကိုပင် အစဥ်တစိုက် လိုက်၍ အနိစ္စဟုလည်းကောင်း ဒုက္ခဟုလည်းကောင်း အနတ္တဟုလည်းကောင်း အဖန်တလဲလဲရှု၏။ ရှေးရှေး ဝိပဿနာ ဉာဏ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို အာရုံယူ၍လည်း အနိစ္စဟုလည်းကောင်း ဒုက္ခဟုလည်းကောင်း အနတ္တဟုလည်းကောင်း အဖန်တလဲလဲ ရှု၏။ ထိုကြောင့် အနုပဿနာဟူ၍ ခေါ်ဆို အပ်ပေသည်။ အရိယမဂ်ဉာဏ်သည်ကား ဂေါတြဘုဉာဏ်၏ နောက်သို့ အစဥ်လိုက်၍ ဂေါတြဘုဉာဏ်၏ နောက် ၌ နိဗ္ဗာန်ကို ရှုမြင်တတ်သောကြောင့် အနုပဿနာဟူ၍ ခေါ်ဆိုအပ်ပေသည်။ ထိုနှစ်မျိုးသော ဝိပဿနာဉာဏ် မဂ်ဉာဏ်ဟူသော ပဋိနိဿဂ္ဂါနုပဿနာဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေသော သူသည် လည်းကောင်း၊ ထွက်သက်လေကို ဖြစ်စေသော သူသည်လည်းကောင်း သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို
其意是:观智持续跟随先前诸观智所观的所缘——诸行的无常行相、苦行相、无我行相——而反复随观为无常、苦、无我;又以先前诸观智本身的无常行相、苦行相、无我行相为所缘,反复随观为无常、苦、无我。因此称为随观。圣道智则随在种姓智之后,于种姓智之后观见涅槃,所以称为随观。具足观智与圣道智这两种舍遣随观智而使入息、出息生起的人,以观智反复随观诸行的坏灭——
ဝိပဿနာဉာဏ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍၊ သင်္ခါရတရားတို့၏ ချုပ်ရာ နိဗ္ဗာန်ကို အရိယ
——又以圣道智随观诸行止息之处——涅槃;他以这种方式——
原书第 497 页
အာနာပါနဿတိသမာဓိပိုင်း မဂ်ဉာဏ်ဖြင့် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏ဟူ၍ သိရှိပါလေ။ (ဝိသုဒ္ဓိ-၁-၂၈၂။ မဟာဋီ-၁-၃၄၅ - ကြည့်။) ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ကို ဖြစ်စေလျက် အသက်ရှူနေရန် ဘုရားရှင် ညွှန်ကြားတော် မူချက်ပင် ဖြစ်သည်။
——训练:“我将入息,我将出息。”应当如是了知。(《清净道论》1-282;参见《大复注》1-345。)这正是佛陀所作的指示:应使观智与道智生起而呼吸。
အနုပဿနာလေးပါး
四种随观
အယံ တာဝေတ္ထ ကာယာနုပဿနာဝသေန ဝုတ္တဿ ပဌမစတုက္ကဿ အနုပုဗ္ဗပဒဝဏ္ဏနာ။
“以上是此处依身随观而说的第一组四法之逐词次第解释。”
ယသ္မာ ပနေတ္ထ ဣဒမေဝ စတုက္ကံ အာဒိကမ္မိကဿ ကမ္မဋ္ဌာနဝသေန ဝုတ္တံ။ ဣတရာနိ ပန တီဏိ စတုက္ကာနိ ဧတ္ထ ပတ္တဇ္ဈာနဿ ဝေဒနာစိတ္တဓမ္မာနုပဿနာဝသေန ဝုတ္တာနိ။ (ဝိသုဒ္ဓိ-၁-၂၆၉။) ဣဒံ စတုတ္ထစတုက္ကံ သုဒ္ဓဝိပဿနာဝသေနေဝ ဝုတ္တံ။ ပုရိမာနိ ပန တီဏိ သမထဝိပဿနာဝသေန။ ဧဝံ စတုန္နံ စတုက္ကာနံ ဝသေန သောဠသဝတ္ထုကာယ အာနာပါနဿတိယာ ဘာဝနာ ဝေဒိတဗ္ဗာ။ ဧဝံ သောဠသ- ဝတ္ထုဝသေန စ ပန အယံ အာနာပါနဿတိ မဟပ္ဖလာ ဟောတိ မဟာနိသံသာ။ (ဝိသုဒ္ဓိ-၁-၂၈၂။) ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ချက်အရ ဘုရားရှင်သည် ---- ၁။ ပထမ စတုက္ကကို ကာယာနုပဿနာ၏ အစွမ်းဖြင့်၊ ၂။ ဒုတိယ စတုက္ကကို ဝေဒနာနုပဿနာ၏ အစွမ်းဖြင့်၊ ၃။ တတိယ စတုက္ကကို စိတ္တာနုပဿနာ၏ အစွမ်းဖြင့်၊ ၄။ စတုတ္ထ စတုက္ကကို ဓမ္မာနုပဿနာ၏ အစွမ်းဖြင့် ---- အသီးအသီး ဟောကြားထားတော်မူအပ်ပေသည်။ ထိုတွင် ပထမစတုက္ကဖြင့် စျာန်ရပြီးသော စျာနလာဘီ ပုဂ္ဂိုလ်တို့အား ဒုတိယစတုက္က တတိယစတုက္က စတုတ္ထစတုက္ကတို့ကို ဝေဒနာနုပဿနာနည်း စိတ္တာနုပဿနာနည်း
“因为在这里,只有这一组四法是依初学者的业处而说;其余三组四法,则是对已经在此证得禅那者,依受随观、心随观与法随观而说。(《清净道论》1-269。)第四组四法依纯观而说;前三组则依止观而说。应当如此了知:入出息念修习依四组四法而有16种修习事项。入出息念依这16种修习事项修习,便有大果、大利益。”(《清净道论》1-282。)依照以上义注所作的判定,佛陀分别开示:1.第一组四法依身随观;2.第二组四法依受随观;3.第三组四法依心随观;4.第四组四法依法随观。在其中,对于依第一组四法获得禅那的得禅者,世尊指示他们依受随观法、心随观法、法随观法,分别修习第二、第三、第四组四法——
ဓမ္မာနုပဿနာနည်း၏ အစွမ်းဖြင့် ရှုပွားရန် ညွှန်ကြားတော်မူထားခြင်း ဖြစ်ပေသည်။
——而作观修。
ထိုသို့ ညွှန်ကြားတော်မူရာဝယ် ဤ စတုတ္ထစတုက္ကကို သုဒ္ဓဝိပဿနာ (= ဝိပဿနာသက်သက်) ၏ အစွမ်း ဖြင့်သာလျှင် ဟောကြားထားတော်မူအပ်ပေသည်။ ပထမ ဒုတိယ တတိယ စတုက္ကသုံးမျိုးတို့ကိုကား သမထနှင့် ဝိပဿနာ နှစ်မျိုး ရောယှက်လျက် သမထဝိပဿနာ၏ အစွမ်းဖြင့် ဟောကြားတော်မူအပ်ပေသည်။ ဤသို့လျှင် စတုက္ကလေးမျိုးတို့၏ အစွမ်းဖြင့် (၁၆)မျိုးသော တည်ရာဝတ္ထုရှိသော အာနာပါနဿတိ ဘာဝနာကို သိရှိပါလေ။
在作此指示时,第四组四法只依“သုဒ္ဓဝိပဿနာ”(纯观,=唯观)而开示;第一、第二、第三这三组四法,则把止与观结合起来,依“သမထဝိပဿနာ”(止观)而开示。应当如此了知:入出息念修习依四组四法而有16种修习事项。
ဤသို့ (၁၆)မျိုးသော တည်ရာဝတ္ထုတို့၏ အစွမ်းဖြင့် ပွားများထားအပ်သော ဤ အာနာပါနဿတိသည် အရ- ဟတ္တဖိုလ်သို့ တိုင်အောင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးဂုဏ်အင် အာနိသင် ရှိပေသည်။
如此依16种修习事项而培育的入出息念,具有直至阿罗汉果的大果、大利益。