随逐法

入出息念定部分 · 原书第 312–316 页 · 36 个翻译单元

本页并入了原书的相邻小节:跛者喻、门卫喻。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 312 页
အနုဗန္ဓနာနည်း
随逐法
အနုဗန္ဓနာ နာမ ဂဏနံ ပဋိသံဟရိတွာ သတိယာ နိရန္တရံ အဿာသပဿာသာနံ အနုဂမနံ။ တဉ္စ ခေါ န အာဒိမဇ္ဈပရိယောသာနာ နုဂမနဝသေန။ ဗဟိ နိက္ခမနဝါတဿ ဟိ နာဘိ အာဒိ၊ ဟဒယံ မဇ္ဈံ၊ နာသိကဂ္ဂံ ပရိယောသာနံ။ အဗ္ဘန္တရံ ပဝိသနဝါတဿ နာသိကဂ္ဂံ အာဒိ၊ ဟဒယံ မဇ္ဈံ နာဘိ ပရိယောသာနံ။ တဉ္စဿ အနုဂစ္ဆတော ဝိက္ခေပဂတံ စိတ္တံ သာရဒ္ဓါယ စေဝ ဟောတိ ဣဉ္ဇနာယ စ။ ယထာဟ ---- ''အဿာသာဒိမဇ္ဈပရိယောသာနံ သတိယာ အနုဂစ္ဆတော အဇ္ဈတ္တံ ဝိက္ခေပဂတေန စိတ္တေန ကာယောပိ စိတ္တမ္ပိ သာရဒ္ဓါ စ ဟောန္တိ ဣဉ္ဇိတာ စ ဖန္ဒိတာ စ။ ပဿာသာဒိမဇ္ဈပရိယောသာနံ သတိယာ အနုဂစ္ဆတော ဗဟိဒ္ဓါ ဝိက္ခေပဂတေန စိတ္တေန ကာယောပိ စိတ္တမ္ပိ သာရဒ္ဓါ စ ဟောန္တိ ဣဉ္ဇိတာ စ ဖန္ဒိတာ စာ''တိ။
“所谓随逐,是撤去计数以后,以念不间断地随行入息与出息。但这绝不是沿着它们的始、中、末一路追随。向外出去之风,以脐为始、心脏为中、鼻端为末;向内进入之风,以鼻端为始、心脏为中、脐为末。若沿着这一路线追随,心便散乱,并导致紧张与摇动。正如所说:‘以念追随入息始、中、末的人,由于心向内散乱,身与心都紧张、摇动、震颤;以念追随出息始、中、末的人,由于心向外散乱,身与心都紧张、摇动、震颤。’”
(ပဋိသံ-၁၆၅။ ဝိသုဒ္ဓိ-၁-၂၇၂။)
(《无碍解道》165;《清净道论》1-272。)
ဤအထက်ပါ အဋ္ဌကထာနှင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်တို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ယောဂါ ဝစရပုဂ္ဂိုလ်သည် ဂဏနာနည်း (= ရေတွက်နည်း) စသည့်နည်းတို့ဖြင့် အာနာပါနအာရုံ၌ သတိမြဲလာသော် အနုဗန္ဓနာနည်းဖြင့် အာနာပါနအာရုံကို နှလုံးသွင်းအပ်ပေသည်။ အာနာပါနအာရုံ၌ သတိမြဲလာသော် ယောဂါ ဝစရပုဂ္ဂိုလ်သည် ဝင်သက်လေ-ထွက်သက်လေ၏ ရှည်မှု တိုမှုကို သိအောင် ဆက်လက် ကြိုးစားရ၏။ အထက် တွင် ရှင်းပြခဲ့သည့်အတိုင်း ဝင်သက်လေ-ထွက်သက်လေတို့၏ အရှည်အတိုကို သိအောင် ကြိုးစားအားထုတ် သည့် အပိုင်း၌လည်း အာနာပါနနိမိတ်သည် ပေါ်လာတတ်သည်သာ ဖြစ်ပေသည်။ နိမိတ်ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ ဝင်သက်လေ-ထွက်သက်လေ၏ အရှည်အတိုအာရုံ၌ သတိမြဲလာသော် ထိုဝင်သက်လေ- ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ဆက်လက်၍ ကြိုးစား အားထုတ်ရမည် ဖြစ်သည်။ ယင်းသို့ ကြိုးစားအားထုတ်ခြင်းသည် အနုဗန္ဓနာနည်းဖြင့် ဝင်သက်လေ-ထွက်သက်
以上义注与《无碍解道》巴利圣典的意旨如下。禅修者以计数法等在入出息所缘上建立稳固之念后,应以随逐法作意入出息所缘。念在入出息所缘上稳固以后,还应继续努力了知入息、出息的长短。如上文所说,在努力了知入出息长短的阶段,入出息禅相也可能出现。无论禅相出现与否,只要念已稳固于入出息的长短所缘,就应继续努力,清楚了知每一入息、出息从始、中至终的全体。这样努力,就是以随逐法作意入出息——
လေ အာရုံကို နှလုံးသွင်းခြင်း မည်ပေသည်။
——所缘。
原书第 313 页
အာနာပါနဿတိသမာဓိပိုင်း ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ သတိမြဲလာသောအခါ ရေတွက်ခြင်း ဂဏနာနည်းကို ခေါက်ထား လိုက်၍ ရုပ်သိမ်းလိုက်၍ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော ဝင်သက်လေ-ထွက်သက်လေတို့ကို အာရုံပြုသည်၏ အစွမ်းဖြင့် ဝင်သက်လေ-ထွက်သက်လေတို့၏ နောက်သို့ သတိဖြင့် အကြားအလပ် အပြတ် မရှိအောင် အစဥ်လျှောက်၍ လိုက်ခြင်းသည် အနုဗန္ဓနာနည်း မည်၏။
当念在入出息所缘上稳固时,便放下、撤去计数法;以每次生起的入息、出息为所缘,使念无有间断地接续而起,逐息了知。这称为随逐法。
ဝင်သက်လေ-ထွက်သက်လေတို့၏ ထိမှုထင်ရှားရာ (= ဖုဋ္ဌ) ဌာန၌ ဝင်သက်လေ-ထွက်သက်လေကို နှလုံးသွင်းမှုသည်ပင် ဝင်သက်လေ-ထွက်သက်လေတို့သို့ နောက်ထပ်မပြတ် လိုက်သည် မည်၏။ တစ်နည်း ဆိုရသော် ဖြစ်တိုင်းဖြစ်တိုင်းကုန်သော ဝင်သက်လေ-ထွက်သက်လေတို့ကို အာရုံပြုသောအားဖြင့် သတိ၏ ထပ်ကာထပ်ကာ အလျဥ်မစဲ ဖြစ်ခြင်းသည်ပင် ဝင်သက်လေ-ထွက်သက်လေ၏ နောက်သို့ အစဥ်လျှောက်၍ လိုက်ခြင်း အနုဗန္ဓနာနည်း မည်၏၊ အနုဂမန မည်၏။ (မဟာဋီ-၁-၃၂၉။ ပြည်-၂-၂၄၂။) ထိုသို့ ဝင်သက်လေ-ထွက်သက်လေတို့၏ နောက်သို့ သတိဖြင့် အစဥ်လျှောက်၍ လိုက်ခြင်းသည်လည်း ဝင်သက်လေ-ထွက်သက်လေတို့၏ သွားတိုင်း သွားတိုင်းသော ထိုထိုအရပ်သို့တိုင်အောင် အစ-အလယ်-အဆုံး သို့ အစဥ်လျှောက်၍ လိုက်ခြင်း၏ အစွမ်းဖြင့် လိုက်ရသည်ကား မဟုတ်ပေ။ အပသို့ ထွက်သောလေ၏ ချက် သည် အစတည်း၊ နှလုံးသည် အလယ်တည်း၊ နှာသီးဖျားသည် အဆုံးတည်း။
就在入息、出息接触明显之处(phuṭṭhaṭṭhāna),作意入息与出息,这本身便称为不断随逐入出息。换言之,以每次生起的入息、出息为所缘,使念一次又一次、相续不断地生起,这就称为随逐入出息,即随逐法,也称随行(anugamana)。(《大复注》1-329;卑谬尊者《清净道论依词释》第二册242页。)然而,以念不断随逐入息、出息,并不是沿着气息经过的每一个地方,逐一追随它们的始、中、末。向外出去之风,以脐为始、心脏为中、鼻端为末。
အတွင်းသို့ ဝင်သောလေ၏ နှာသီးဖျားသည် အစတည်း၊ နှလုံးသည် အလယ်တည်း၊ ချက်သည် အဆုံး တည်း။
向内进入之风,以鼻端为始、心脏为中、脐为末。
ချက်-နှလုံး-နှာသီးဖျား၊ နှာသီးဖျား-နှလုံး-ချက် ဟူသော ထိုအစ-အလယ်-အဆုံးကို နောက်မှ အစဥ် လျှောက်၍ လိုက်သော ပျံ့လွင့်သော ထိုယောဂါဝစရပုဂ္ဂိုလ်၏ စိတ်သည် ပူပန်ခြင်းနှင့်တကွသော ဖြစ်ခြင်းငှာ လည်းကောင်း၊ အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း၏ လှုပ်ရှားခြင်းငှာလည်းကောင်း ဖြစ်ပေ၏။ ပဋိသမ္ဘိဒါ မဂ် ပါဠိတော်၌ ဤသို့ ဟောကြားထားတော်မူ၏။
若禅修者沿着脐—心脏—鼻端、鼻端—心脏—脐这些所谓始、中、末的位置一路追随,心便会散乱;身心因此紧张,作意入出息业处也会动摇。《无碍解道》巴利圣典对此开示如下。
ဝင်သက်လေ၏ အစ-အလယ်-အဆုံး ဖြစ်သော နှာသီးဖျား-နှလုံး-ချက်ဟူသော ထိုထိုအရပ်သို့ သတိဖြင့် အစဥ်လျှောက်၍ လိုက်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တဘက်သို့ ပျံ့လွင့်၍ သွားသော စိတ်ကြောင့် ကိုယ်သည်လည်းကောင်း စိတ်သည်လည်းကောင်း ပူပန်ခြင်းနှင့်တကွ ဖြစ်ကုန်သည် လည်းကောင်း၊ အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း၌ တုန်လှုပ်ကုန်သည်လည်းကောင်း ဖြစ်နေတတ်ကုန်၏။
若禅修者以念沿着入息的始、中、末,即鼻端—心脏—脐的各个位置一路追随,他的心便向自身内部散乱;由于这向内散乱的心,身与心都会紧张,作意入出息业处也会动摇。
ထွက်သက်လေ၏ အစ-အလယ်-အဆုံး ဖြစ်သော ချက်-နှလုံး-နှာသီးဖျားဟူသော ထိုထိုအရပ်သို့ သတိဖြင့် အစဥ်လျှောက်၍ လိုက်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ပြင်ပ ဗဟိဒ္ဓ၌ ပျံ့လွင့်၍သွားသော စိတ် ကြောင့် ကိုယ်သည်လည်းကောင်း စိတ်သည်လည်းကောင်း ပူပန်ခြင်းနှင့်တကွ ဖြစ်ကုန်သည်လည်းကောင်း အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း၌ တုန်လှုပ်ကုန်သည်လည်းကောင်း ဖြစ်နေတတ်ကုန်၏။(ပဋိသံ-၁၆၅။) ထိုကြောင့် အနုဗန္ဓနာနည်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းနှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ် သည် နှာသီးဖျား-နှလုံး-ချက်၊ ချက်-နှလုံး-နှာသီးဖျား ဟူသော ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်- အဆုံး ဖြစ်သည့် ထိုထိုအရပ်သို့ သတိဖြင့် အစဥ်လျှောက်၍ လိုက်သည်၏ အစွမ်းဖြင့် နှလုံးမသွင်းအပ်ပေ။
若禅修者以念沿着出息的始、中、末,即脐—心脏—鼻端的各个位置一路追随,他的心便向外散乱;由于这向外散乱的心,身与心都会紧张,作意入出息业处也会动摇。(《无碍解道》165。)因此,以随逐法修习入出息业处的禅修者,不应以念沿着鼻端—心脏—脐、脐—心脏—鼻端这些入息、出息始、中、末的位置一路追随而作意。
စင်စစ်သော်ကား ဖုသနာနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း၊ ဌပနာနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း နှလုံးသွင်းရမည် ဖြစ်သည်။
实际应当以触法,或以安住法来作意。
ဂဏနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ၊ အနုဗန္ဓနာနည်း၏ အစွမ်းဖြင့် အာနာပါန ကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံများ အသီးအခြား ထင်ရှားရှိသကဲ့သို့ ဖုသနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ၊ ဌပနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ အသီးအခြားမရှိပေ။ ရေတွက်ခြင်း
以计数法作意入出息业处,以及以随逐法作意入出息业处,各有清楚可辨的修习方式;但以触法作意和以安住法作意,并没有脱离前两者而各自独立的修习方式。也就是说,并不存在脱离计数——
原书第 314 页
ဂဏနာနည်းနှင့်လည်းကောင်း၊ အစဥ်လိုက်ခြင်း အနုဗန္ဓနာနည်းနှင့်လည်းကောင်း ကင်း၍ အစဥ်အတိုင်း ဖုသနာ နည်း သက်သက်အားဖြင့်လည်းကောင်း၊ ဌပနာနည်း သက်သက်အားဖြင့်လည်းကောင်း အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ အစီအစဥ်ကား မရှိပေ ဟူလိုသည်။
——法或随逐法,而单独只以触法或只以安住法作意入出息业处的修习次第。
ယင်းသို့ဖြစ်သော် ထိမှုထင်ရှားရာ ဌာန၌ ဝင်သက်လေ-ထွက်သက်လေတို့ကို ရှုခြင်းဟူသော ဖုသနာ နည်းနှင့် ကင်း၍ အပ္ပနာစျာန်ဟူသော ဌပနာနည်းအားဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် မရှိ သကဲ့သို့ အလားတူပင် ဖုသနာနည်းနှင့် ကင်း၍ ရေတွက်ခြင်း ဂဏနာနည်းအားဖြင့်လည်း အာနာပါနကမ္မဋ္ဌာန်း ကို နှလုံးသွင်းခြင်းသည် မရှိသည်သာ မဟုတ်လောဟူမူ - မရှိသည်ကား မှန်၏။ သို့သော် ရေတွက်ခြင်း ဂဏနာနည်းကို အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းရှုပွားခြင်း၏ မူလအခြေခံအကျဆုံး အကြောင်းရင်းတစ်ရပ် ဖြစ်သောကြောင့် ပဓာနအားဖြင့် ရေတွက်ခြင်း ဂဏနာနည်းဟု ရှုပွားနှလုံးသွင်းပုံ နည်းစနစ်တစ်ခုအဖြစ် ယူအပ် သကဲ့သို့ ထို့အတူ အစဥ်လိုက်၍ ရှုခြင်း အနုဗန္ဓနာနည်းကိုလည်း အပ္ပနာစျာန်ဟူသော ဌပနာနည်း၏ မူလ ဘူတ အခြေခံ အကျဆုံးသော အကြောင်းရင်းတစ်ရပ်ဖြစ်၍ ပဓာနအားဖြင့် အနုဗန္ဓနာနည်းဟု သီးသန့်နည်း
既然如此,或许会问:正如离开在接触明显处观察入息、出息的触法,就不存在以称为安止禅的安住法作意入出息业处;同样,离开触法,也不存在以计数法作意入出息业处,不是吗?确实如此。然而,计数法是作意、修习入出息业处最根本的基础之一,所以从主要方面,把计数单独安立为一种修习作意的方法。同样,随逐法也是称为安止禅之安住法最根本的基础之一,所以从主要方面,也把随逐法安立为一项独立的——
တစ်နည်းအဖြစ် ယူထားခြင်း ဖြစ်ပေသည်။ အကြောင်းမူ အစဥ်လိုက်၍ ရှုခြင်းဟူသော ထိုအနုဗန္ဓနာနည်းနှင့် ကင်း၍ အပ္ပနာစျာန်ဟူသော ဌပနာ၏ မဖြစ်သင့် မဖြစ်နိုင်သောကြောင့်ပင် ဖြစ်သည်။
——方法。这正是因为,离开这种连续了知的随逐法,称为安止禅的安住便不可能生起。
အာနာပါနဿတိဘာဝနာ လုပ်ငန်းခွင်သည် ထိမှုထင်ရှားရာဌာန၌ ဝင်သက်လေ-ထွက်သက်လေကို နှလုံးသွင်းခြင်းဟူသော ဖုသနာနည်းနှင့် ကင်း၍ မဖြစ်နိုင်သည် မကင်းစကောင်းသည် မှန်သော်လည်း ရေတွက်ခြင်း ဂဏနာနည်းနှင့် အစဥ်လိုက်၍ ရှုခြင်း အနုဗန္ဓနာနည်းတို့ကိုသာ မူလဘူတ အကြောင်းရင်းစစ် ဖြစ်သောကြောင့် ပဓာနအဖြစ်ဖြင့် ယူ၍ ရေတွက်ခြင်း (= ဂဏနာ) နည်း၊ အစဥ်လိုက်၍ ရှုခြင်း (= အနုဗန္ဓနာ) နည်းမှ တစ်ပါး ဖုသနာနည်း ဌပနာနည်းတို့၏ ပဓာနအဖြစ် မရှိသည်ကို ပြလို၍ ---- ''ရေတွက်ခြင်း ဂဏနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ၊ အစဥ် လိုက်၍ ရှုခြင်း အနုဗန္ဓနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံများ အသီးအခြား ထင်ရှားရှိသကဲ့သို့ ဖုသနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ၊ ဌပနာနည်း၏ အစွမ်းဖြင့် အာနာပါန ကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ အသီးအခြား မရှိပေ''ဟု အဋ္ဌကထာဆရာတော်
诚然,入出息念的修习始终离不开触法,即在接触明显之处作意入息、出息;不过,计数法与随逐法才是根本之因,所以被立为主要方法。为了显示:除计数法与随逐法以外,触法和安住法并不另具独立的主要地位,义注师才说:“以计数法作意入出息业处,以及以随逐法作意入出息业处,各有清楚可辨的修习方式;但以触法作意和以安住法作意,并没有各自独立的修习方式。”义注师——
မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၇၂။ မဟာဋီ-၁-၃၂၉-၃၃ဝ။) ''ဖုသနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ၊ ဌပနာနည်း၏ အစွမ်းဖြင့် အာနာပါန ကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ၊ အသီးအခြား မရှိပါ''ဟူသော စကားရပ်ဖြင့်လည်း ---- ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာဌာန၌ ဝင်သက်လေ ထွက်သက်လေကို ရေတွက်ခြင်းဟူသော ဂဏနာ-ဖုသနာဖြင့် အာနာပါန ကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ ရှိသကဲ့သို့ ထို့အတူ ဝင်သက်လေ ထွက်သက်လေကို အစဥ်လိုက်၍ ရှုခြင်း = အနုဗန္ဓ- နာနည်းကို ကြဥ်၍ ဌပနာနည်းသက်သက် ဖုသနာနည်းသက်သက်ဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ အစီအရင်သည် ထင်ရှားမရှိဟု ပြတော်မူလိုသော အဋ္ဌကထာဆရာတော်သည် ရေတွက်ခြင်း ဂဏနာနည်းကို ရုပ်သိမ်း၍ အကြင်ရွေ့လောက် အပ္ပနာစျာန်သည် မဖြစ်ပေါ်လာသေး၊ ထိုရွေ့လောက်သော ကာလပတ်လုံး ဝင်သက်လေ ထွက်သက်လေကို အစဥ်လိုက်၍ ရှုခြင်း အနုဗန္ဓနာနည်းဖြင့်လည်းကောင်း၊ ထိုသို့ ဝင်သက်လေ
——作了这样的说明。(《清净道论》1-272;《大复注》1-329、330。)义注师又以“以触法作意入出息业处和以安住法作意入出息业处,并没有各自独立的修习方式”这句话说明:如同在入息、出息接触明显之处计数的“计数—触”确实有其修习方式一样,离开随逐入息、出息的随逐法以后,并没有只以安住法或只以触法作意入出息业处的独立次第。也就是说,撤去计数法以后,只要安止禅尚未生起,在这整个期间,就应以随逐法连续了知入息、出息,并且——
ထွက်သက်လေကို အစဥ်လိုက်၍ ရှုရာ၌ ဝင်သက်လေ ထွက်သက်လေ၏ ထိမှုထင်ရှားရာဌာန၌သာလျှင် တွေ့ထိ နေသော ဝင်သက်လေ ထွက်သက်လေကိုသာ နှလုံးသွင်းခြင်း (= ဖုသနာ) နည်းဖြင့်လည်းကောင်း အာနာပါန ကမ္မဋ္ဌာန်းကို နှလုံးသွင်း ရှုပွားခြင်းကို ပြုလုပ်အပ်၏။ အပ္ပနာစျာန်တရားသည် ထင်ရှားစွာ ဖြစ်ပေါ်၍ လာလတ် သော်ကား အနုဗန္ဓနာနည်းဖြင့်လည်းကောင်း၊ ဌပနာနည်းဖြင့်လည်းကောင်း အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်း ခြင်းကို ပြုသည်မည်၏ဟူသော အနက်သဘောကို ပြအပ်ပေသည်။
——在这样连续了知入息、出息时,只在它们接触明显之处作意正在接触的入息、出息,即同时以触法修习入出息业处。当安止禅清楚生起以后,则称为以随逐法与安住法作意入出息业处。这就是该段话所显示的含义。
原书第 315 页
အာနာပါနဿတိသမာဓိပိုင်း ယင်းသို့ ဖုသနာနည်း ဌပနာနည်းတို့၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်း ရှုပွားပုံ အသီးအခြား မရှိပါဘဲလျက် အဘယ်ကြောင့် အာနာပါနလုပ်ငန်းခွင်ကို အကျဥ်းပြဆိုရာ ဥဒ္ဒေသ စကားစဥ်၌ ဖုသနာနှင့် ဌပနာတို့ကို အသီးအခြားယူထားအပ်ပါသနည်းဟု မေးမြန်းဖွယ်ရာ ရှိလာပြန်၏။ အောက်ပါအတိုင်း အဋ္ဌကထာ ဆရာတော်က ဖြေဆိုထားတော်မူပေသည်။
既然并没有脱离其他方法、只以触法或安住法修习入出息业处的独立方式,那么在简要列举入出息修习次第时,为何还要把触与安住分别列出呢?对此又可提出这样的疑问。义注师作了如下回答。
၁။ ဂဏနာ-ဖုသနာ
1.“ဂဏနာ-ဖုသနာ”(gaṇanā–phusanā)——计数—触
၂။ အနုဗန္ဓနာ-ဖုသနာ-ဌပနာ
2.“အနုဗန္ဓနာ-ဖုသနာ-ဌပနာ”(anubandhanā–phusanā–ṭhapanā)——随逐—触—安住
ဖုဋ္ဌဖုဋ္ဌဋ္ဌာနေယေဝ ပန ဂဏေန္တော ဂဏနာယ စ ဖုသနာယ စ မနသိ ကရောတိ။ တတ္ထေဝ ဂဏနံ ပဋိသံဟရိတွာ တေ သတိယာ အနုဗန္ဓန္တော အပ္ပနာဝသေန စ စိတ္တံ ဌပေန္တော အနုဗန္ဓနာယ စ ဖုသနာယ စ ဌပနာယ စ မနသိ ကရောတီတိ ဝုစ္စတိ။ (ဝိသုဒ္ဓိ-၁-၂၇၂။) ၁။ အမှန်စင်စစ်သော်ကား ဝင်သက်လေ ထွက်သက်လေ၏ ထိရာ ထိရာ အရပ်၌သာလျှင် ရေတွက်သည် ရှိသော် သို့မဟုတ် ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်သည် ဂဏနာနည်းဖြင့်လည်းကောင်း၊ ဖုသနာနည်းဖြင့် လည်းကောင်း အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းသည် မည်၏။
“只在气息一次次触及的那个地方计数者,称为以计数与触作意。就在该处撤去计数以后,以念随逐那些入出息,并依安止令心安住者,称为以随逐、触与安住作意。”1.确实,只在入息、出息一次次接触的同一处计数,或作此计数的禅修者,称为兼具计数法和触法而作意入出息业处。
၂။ ထိုဝင်သက်လေ ထွက်သက်လေ၏ ထိရာ ထိရာ အရပ်၌သာလျှင် ရေတွက်ခြင်း ဂဏနာနည်းကို ခေါက်ထား လိုက်၍ ရုပ်သိမ်းလိုက်၍ ထိုဝင်သက်လေ ထွက်သက်လေတို့ကို သတိဖြင့် အစဥ်လျှောက်၍ လိုက်လျက် မပြတ် ရှုပွားသုံးသပ်နေသော်လည်းကောင်း၊ အပ္ပနာစျာန် ဖြစ်ပေါ်လာနိုင်လောက်သော အခြင်းအရာအားဖြင့် ထင်လာ တိုင်းသော အလွန်ကြည်လင်တောက်ပလျက်ရှိသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ် စွာ ကပ်၍ ထားနိုင်သော်လည်းကောင်း အနုဗန္ဓနာနည်းဖြင့်လည်းကောင်း၊ ဖုသနာနည်းဖြင့်လည်းကောင်း၊ ဌပနာ နည်းဖြင့်လည်းကောင်း အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းရှုပွားသည် မည်၏ဟု ခေါ်ဆိုအပ်ပေသည်။
2.就在入息、出息一次次接触的同一处撤去计数后,以念逐息相续、不间断地修习观察;当足以引生安止禅、极其清澈明亮的入出息似相显现时,再令修习心平稳安住于该似相所缘。这样的修习称为兼具随逐法、触法与安住法而作意、修习入出息业处。
(ဝိသုဒ္ဓိ-၁-၂၇၂။ မဟာဋီ-၁-၃၃ဝ။)
(《清净道论》1-272;《大复注》1-330。)
ဤအထက်ပါ သတ်မှတ်ချက်များအရ ---- ဝင်သက်လေ ထွက်သက်လေ၏ ထိမှု ထင်ရှားရာနေရာကသာ စောင့်၍ ဝင်သက်လေ ထွက်သက်လေကို အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် အစဥ်လိုက်၍ ရှုပွား နှလုံးသွင်းရမည်ဟု လိုရင်းအချက်ကို မှတ်သားထားပါလေ။
依照以上规定,应当牢记这一要点:只守在入息、出息接触明显之处,以念连续了知每一息从始、中至终的全体,如此修习、作意。
သို့သော် ဝင်သက်လေ ထွက်သက်လေ၏ ထိမှုထင်ရှားရာဌာန၌ သတိမြဲသောအခါ ဝင်သက်လေ ထွက် သက်လေတို့၏ အရှည် အတို၌ သတိမြဲအောင် ဆက်လက်၍ ကြိုးစားရမည် ဖြစ်သည်။ အရှည် အတို၌ သတိ ခိုင်မြဲလာ၍ အာနာပါနနိမိတ်ပေါ်လာခဲ့သော်လည်းကောင်း၊ အရှည် အတို၌ သတိခိုင်မြဲနေပါလျက် ကြာမြင့် စွာ အားထုတ်သော်လည်း အာနာပါနနိမိတ်သည် မပေါ်ဖြစ်နေခဲ့သော်လည်းကောင်း အနုဗန္ဓနာနည်းအရ ဝင်သက်လေ ထွက်သက်လေတို့၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ဝင်သက်လေ ထွက်သက်လေ ထိမှုထင်ရှားရာနေရာကသာ စောင့်၍ ဝင်သက်လေ ထွက်သက်လေနောက်သို့ အစဥ်လိုက်၍ နှလုံးသွင်း ရှုပွားပါ။ ဤသို့ ရှုပွားရာ၌ အဋ္ဌကထာများက အောက်ပါ ဥပမာများဖြင့် အဓိပ္ပါယ် ဆိုလိုရင်း အနက် သဘောများ ထင်ရှားအောင် ရှင်းလင်းတင်ပြထားပေသည်။
不过,当念已稳固于入息、出息接触明显之处,还应继续努力,使念稳固于入息、出息的长短。念在长短上稳固以后,如果入出息禅相出现,固然如此;即使长久努力而禅相仍未出现,也应依随逐法,只守在入息、出息接触明显之处,连续了知每一入息、出息从始、中至终的全体。诸义注以如下譬喻,进一步阐明这种修法的意旨。
ပင်္ဂုလောပမာ = သူဆွံ့ ဥပမာ
“ပင်္ဂုလောပမာ”(paṅgulopamā)——跛者喻
သူဆွံ့သည် ပုခက်ဖြင့် မြူးထူးပျော်ပါးနေကြကုန်သော သားအမိတို့၏ ပုခက်ကို လွှဲ၍ ထို ပုခက်တိုင်ရင်း၌ သာလျှင် ထိုင်နေလျက် အစဥ်သဖြင့် လာသည်လည်းဖြစ်သော သွားသည်လည်းဖြစ်သော ပုခက်ပျဥ်၏ နှစ်ဖက်
跛者为正在摇篮上嬉戏的一对母子摇动摇篮,自己坐在摇篮柱根;他看见来去不息的摇篮板两——
原书第 316 页
ကုန်သော အစွန်းတို့ကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း မြင်တွေ့နေ၏၊ သို့သော် ပုခက်ပျဥ်၏ နှစ်ဖက် ကုန်သော အစွန်းတို့နှင့် အလယ်တို့ကို မြင်ခြင်းငှာ ကြောင့်ကြစိုက်မှု အားထုတ်မှုကား မရှိပေ။ ဤဥပမာ အတူ ယောဂါဝစရ ရဟန်းတော်သည် (မိခင်နွားမ၏ နို့ကို ခိုးစို့လေ့ရှိသော နွားသားငယ်ကို ချဥ်းကပ်ယှဥ်တွဲ၍ ဖွဲ့ချည် ရာတိုင်နှင့် တူသော) နှာသီးဖျား အထက်နှုတ်ခမ်းဟူသော အဿာသ-ပဿာသ နိမိတ်တိုင်ရင်း၌ သတိ၏ အစွမ်းဖြင့် ရပ်တည်၍၊ သတိမြဲအောင် ကပ်ထား၍၊ အဿာသ-ပဿာသ (= ဝင်သက်လေ ထွက်သက်လေ) တည်းဟူသော ပုခက်ကို လွှဲ၍၊ အဿာသ-ပဿာသကို ရှုသော ဘာဝနာစိတ်ကို ချဥ်းကပ်ယှဥ်တွဲ၍ ဖွဲ့ချည်ရာ တိုင်နှင့်တူသော ထိုနှာသီးဖျား အထက်နှုတ်ခမ်းတည်းဟူသော အဿာသ-ပဿာသနိမိတ်တိုင်ရင်း၌သာလျှင် ဝင်သက်လေ ထွက်သက်လေကို ရှုပွားသုံးသပ်တတ်သော သတိဖြင့် (သတိ၏ အစွမ်းဖြင့်) ထိုင်နေလျက်၊ အစဥ်
——端以及中部,却不必为了看见摇篮板的两端和中部而特别操心用力。同样,禅修比丘以念立于鼻端或上唇这个入出息的系念标志处;它如同系缚一头常想偷吸母牛乳汁的小牛之柱。比丘摇动入息、出息这座摇篮,并把观察入出息的修习心系在鼻端或上唇这一系念标志之柱上;他只坐守于此,以观察入出息之念——即以念的力量——修习入息与出息,并且——
သဖြင့် လာသည်လည်း ဖြစ်ကုန်သော သွားသည်လည်း ဖြစ်ကုန်သော ဝင်သက်လေ ထွက်သက်လေတို့၏ ထိမှု ထင်ရှားရာ (= ဖုဋ္ဌဋ္ဌာန)အရပ်၌သာလျှင် ဝင်သက်လေ ထွက်သက်လေတို့၏ အစ-အလယ်-အဆုံး အကုန်လုံးသို့ သတိဖြင့် အစဥ်လိုက်သည် ဖြစ်၍လည်းကောင်း၊ ထိုဝင်သက်လေ ထွက်သက်လေတို့၏ ထိရာဌာန၌ ဝင်သက်လေ ထွက်သက်လေကို ရှုပွားတတ် နှလုံးသွင်းတတ်သော ဘာဝနာစိတ်ကို ထားသည်ဖြစ်၍လည်းကောင်း ဝင်သက်လေ ထွက်သက်လေကို ရှု၏။ သို့သော် ထိုဝင်သက်လေ ထွက်သက်လေတို့၏ အစ-အလယ်-အဆုံး အကုန်လုံးကို မြင်ခြင်းငှာ ကြောင့်ကြစိုက်မှု အားထုတ်မှုကား မရှိပေ။ ဤကား ပင်္ဂုလောပမာ (= သူဆွံ့ ဥပမာ) တည်း။
——就在来去不息的入息、出息接触明显之处,以念连续了知每一息从始、中至终的全体;同时把能观察、作意入息与出息的修习心安置在它们的接触处。这样观察入息、出息,却不必为了看见它们的始、中、末全体而另作焦虑、用力。这就是跛者喻。
(ဝိသုဒ္ဓိ-၁-၂၇၂။)
(《清净道论》1-272。)
ဒေါဝါရိကူပမာ = တံခါးစောင့် ဥပမာ
“ဒေါဝါရိကူပမာ”(dovārikūpamā)——门卫喻
တံခါးစောင့်သည် မြို့တွင်း၌လည်းကောင်း၊ မြို့ပြင်၌လည်းကောင်း ''သင်သည် အဘယ်အမည် ရှိသနည်း၊ အဘယ်အရပ်မှမူလည်း လာသနည်း၊ သင်၏ လက်ထဲ၌မူလည်း အဘယ်အရာဝတ္ထုနည်း''- ဤသို့ စသည်ဖြင့် မစုံစမ်း မစစ်ဆေးပေ။ မှန်ပေသည် ---- ထို မြို့တွင်း၌ လှည့်လည်သူ မြို့ပြင် မြို့ပ၌ လှည့်လည်သူ ထိုသူတို့၏ လက်ထဲ၌ ပါရှိသော လက်နက်ဘဏ္ဍာတို့သည် ထိုတံခါးမှူး တံခါးစောင့်၏ တာဝန်ဝတ္တရားများ မဟုတ်ကြပေ။
门卫不会在城内或城外逐一盘问:“你叫什么名字?从哪里来?手里拿的是什么?”确实,在城内外来往之人手中所带的武器、财物,并不是守门人的职责所在。
စင်စစ်သော်ကား -- တံခါးဝသို့ ရောက်လှာ ရောက်လှာသော သူကိုသာလျှင် စုံစမ်းစစ်ဆေးသကဲ့သို့ -- ဤဥပမာ အတူသာလျှင် ဤယောဂါဝစရ ရဟန်း၏ အတွင်းသို့ (= နှာသီးဖျားမှ ချက်သို့တိုင်အောင် အတွင်းဘက်သို့) ဝင်သွားသော လေတို့သည်လည်းကောင်း၊ နှာသီးဖျား၏ ပြင်ပသို့ ထွက်ခွာသွားသော လေတို့သည်လည်းကောင်း ရှုရန်တာဝန်ကား မဟုတ်ကြလေကုန်။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်းဟူသော တံခါးဝသို့ ရောက် လှာ ရောက်လှာသော အဿာသ-ပဿာသ = ဝင်သက်လေ ထွက်သက်လေတို့သည်သာလျှင် ရှုရန် တာဝန် ဝတ္တရားတို့ ဖြစ်ကြကုန်သည် -- ဟု မှတ်သားထားပါလေ။ ဤကား တံခါးစောင့် ဥပမာတည်း။
门卫真正查验的,只是每一个来到城门口的人。同样,禅修比丘的职责并不是观察已经向内进入——即从鼻端深入至脐部——的气息,也不是观察已经越过鼻端、向外离去的气息;他应当观察的,只是每次来到鼻端或上唇这一门口的入息与出息。应当如此牢记。这就是门卫喻。
(ဝိသုဒ္ဓိ-၁-၂၇၃။ ပဋိသံ-ဋ္ဌ-၂-၉၆။)
(《清净道论》1-273;《无碍解道义注》2-96。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。