锯喻
入出息念定部分 · 原书第 316–319 页 · 35 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 316 页
တစ်ဖန် ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ အောက်ပါ လွှ-ဥပမာကိုလည်း ဟောကြားထားတော်မူပေသည်။
此外,《无碍解道》巴利圣典还开示了如下锯喻。
ကကစူပမာ = လွှ ဥပမာ
“ကကစူပမာ”(kakacūpamā)——锯喻
နိမိတ္တံ အဿာသပဿာသာ၊ အနာရမ္မဏမေကစိတ္တဿ။
“系念标志、入息与出息,并不同时作为一个心的所缘。”
အဇာနတောစ တယော ဓမ္မေ၊ ဘာဝနာနုပလဗ္ဘတိ။
“若不了知这三法,便不能成就修习。”
နိမိတ္တံ အဿာသပဿာသာ၊ အနာရမ္မဏမေကစိတ္တဿ။
“系念标志、入息与出息,并不同时作为一个心的所缘。”
ဇာနတောစ တယော ဓမ္မေ၊ ဘာဝနာ ဥပလဗ္ဘတီတိ။ (ပဋိသံ-၁၆၉။ ဝိသုဒ္ဓိ-၁-၂၇၃။)
“若了知这三法,便能成就修习。”(《无碍解道》169;《清净道论》1-273。)
原书第 317 页
အာနာပါနဿတိသမာဓိပိုင်း နိမိတ္တန္တိ ဥပနိဗန္ဓနနိမိတ္တံ နာသိကဂ္ဂံ မုခနိမိတ္တံ ဝါ။ အနာရမ္မဏမေကစိတ္တဿာတိ အဿာသပဿာသာနံ ဧကက္ခဏေ အပ္ပဝတ္တနတော ဧကဿ စိတ္တဿ တယောပိ အာရမ္မဏံ န ဟောန္တိ၊ နိမိတ္တေန သဟ အဿာသော ပဿာသော ဝါတိ ဒွေယေဝ ဧကက္ခဏေ အာရမ္မဏံ ဟောန္တီတိ အတ္ထော။ အဇာနတော စ တယော ဓမ္မေတိ နိမိတ္တံ အဿာသော ပဿာသောတိ ဣမေ တယော ဓမ္မေ အာရမ္မဏကရဏဝသေန အဝိန္ဒန္တဿ။
“所谓‘标志’,是系念标志,即鼻端或口相〔上唇〕。所谓‘不是一个心的所缘’,意思是:由于入息与出息不在同一刹那发生,三者不会都成为同一个心的所缘;在一个刹那,只有标志与入息,或标志与出息这两者成为所缘。所谓‘若不了知三法’,是指不能分别把标志、入息、出息作为所缘而了知的人。”
(ဝိမတိ-၁-၂၁၆-၂၁၇။)
(《疑惑度脱》1-216、217。)
= (၁) အဿာသ-ပဿာသကို ရှုသော ဘာဝနာစိတ်ကို ဖွဲ့ချည်ရာဌာန ဖြစ်သော နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နိမိတ်သည်လည်းကောင်း၊ (၂) ဝင်သက်လေ၊ (၃) ထွက်သက်လေတို့သည်လည်းကောင်း ဤသုံးပါးကုန်သော တရားတို့သည် တစ်ခုသော စိတ်၏ အာရုံကား မဟုတ်ကြလေကုန်။ ထိုသို့ပင် မဟုတ်ကြ ကုန်သော်လည်း သုံးပါးကုန်သော တရားတို့ကို အာရုံမူသောအားဖြင့် မသိသသူအား အာနာပါနဿတိသမာဓိ ဘာဝနာကို မရအပ်ပေ။
=(1)鼻端或上唇这一标志,是系缚观察入出息之修习心的处所;(2)入息;(3)出息。这三法并非同时成为同一个心的所缘。即使如此,若不能在各别心刹那分别取这三法为所缘而了知,便不能成就入出息念定的修习。
〔မှတ်ချက် ---- ဝင်သက်လေ ထွက်သက်လေတို့သည်ကား တစ်ခုသော စိတ္တက္ခဏ၏ အတွင်း၌ ပြိုင်တူ မဖြစ်ကြသောကြောင့် နိမိတ်-ဝင်သက်လေ-ထွက်သက်လေဟူသော သုံးပါးကုန်သော တရားတို့သည် တစ်ခု သော စိတ်၏ အာရုံကား မဖြစ်နိုင်ကြပေ။ တစ်ခုသောစိတ်က သုံးပါးကုန်သော တရားတို့ကို ပြိုင်တူ မသိ နိုင်ပေ။ နိမိတ်နှင့် အဿာသသည်လည်းကောင်း၊ နိမိတ်နှင့် ပဿာသသည်လည်းကောင်း တစ်ခုသော စိတ္တက္ခဏအတွင်း၌ တစ်ခုသော စိတ်၏ သိစရာအာရုံ ဖြစ်နိုင်ကြပေသည်။ သို့အတွက် တစ်ခုသော စိတ္တက္ခဏ အတွင်း၌ သုံးပါးကုန်သော တရားတို့သည် ပြိုင်တူ မဖြစ်ကြသောကြောင့် တစ်ခုသော စိတ်၏ သိစရာအာရုံ မဖြစ်နိုင်ကြကုန်သော်လည်း နာနာစိတ္တက္ခဏ (= အသီးအသီးသော စိတ္တက္ခဏ)၏ကား သိစရာအာရုံ ဖြစ်နိုင် ကြသည်ဟု ဆိုလိုသည်။ ဤစကားကို ပဋိဘာဂနိမိတ်သို့ မဆိုက်မီ အချိန်ကို ရည်၍ ဆိုသည်ဟုလည်း မှတ် သားပါ။ စာမျက်နှာ-၃၄၆-၃၄၇ - ကြည့်ပါ။〕
〔注:入息与出息不在同一个心刹那内同时生起,因此标志、入息、出息这三法不可能同时成为一个心的所缘;一个心不能同时了知这三法。标志与入息,或标志与出息,则可以在同一个心刹那内成为一个心所知的所缘。因此,三法虽不能成为同一个心刹那中一个心的所缘,却可以成为各别心刹那(nānācittakkhaṇa)的所缘。这一说法是针对尚未到达似相以前的阶段。参见本书第346—347页。〕
(၁) အဿာသ-ပဿာသကို ရှုသော ဘာဝနာစိတ်ကို ဖွဲ့ချည်ရာဌာနဖြစ်သော နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နိမိတ်သည်လည်းကောင်း၊ (၂) ဝင်သက်လေ၊ (၃) ထွက်သက်လေတို့သည်လည်းကောင်း ဤသုံးပါးကုန်သော တရားတို့သည် တစ်ခုသော စိတ်၏ သိစရာအာရုံ မဟုတ်ကုန်၊ ထိုသို့ပင် သိစရာ အာရုံ မဟုတ်ကုန်သော်လည်း သုံးပါးကုန်သော တရားတို့ကို သိသသူအားသာလျှင် အာနာပါနဿတိသမာဓိဘာဝနာကို ရအပ်ပေ၏။ (ပဋိသံ-၁၆၉။) တစ်ဖန် ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ အောက်ပါအတိုင်း အမေးအဖြေများ ပြုလုပ်လျက် အာနာပါနလုပ်ငန်း ခွင်ကို ဆက်လက်၍ ရှင်းလင်းတင်ပြထားအပ်ပေသည်။
(1)鼻端或上唇这一标志,是系缚观察入出息之修习心的处所;(2)入息;(3)出息。这三法并非同一个心所知的所缘。即使如此,只有了知这三法的人,才能成就入出息念定的修习。(《无碍解道》169。)此外,《无碍解道》巴利圣典继续以如下问答说明入出息修习的实修作业。
၁။ ဤတရားသုံးပါးတို့သည် အဘယ်သို့လျှင် တစ်ခုသော စိတ်၏ သိစရာအာရုံ မဟုတ်ကုန်သနည်း။
1.这三法为何不是同一个心所知的所缘?
၂။ ဤတရားသုံးပါးတို့သည် အဘယ်သို့လျှင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်သည် မဟုတ်ကုန် သနည်း။
2.这三法又如何仍能显现于瑜伽行者的智中?
၃။ အဘယ်သို့လျှင် စိတ်ပျံ့လွင့်ခြင်းသို့ မရောက်သနည်း။
3.心如何不至于散乱?
၄။ အဘယ်သို့လျှင် အာနာပါနဿတိသမာဓိဘာဝနာကို အားထုတ်သော ဝီရိယသည်လည်း ထင်ရှားသနည်း။
4.修习入出息念定所发起的精进如何显明?
၅။ အဘယ်သို့လျှင် နီဝရဏကို ပယ်ခွာတတ်သော စျာန်ကိုလည်း ပြီးစေသနည်း။
5.如何成就能镇伏诸盖的禅那?
၆။ အဘယ်သို့လျှင် သံယောဇဥ်ကို ပယ်တတ်သော မဂ်ကို ရသနည်း။
6.如何获得能断除诸结的道?
原书第 318 页
ဥပမာအားဖြင့် ညီညွတ်သော မြေပြင်၌ သစ်တုံးကို ချထား၏။ ထိုသစ်တုံးကို ယောကျာ်းသည် လွှဖြင့် ဖြတ်လေရာ၏။ (တစ်ဘက်ထိုးလွှဖြင့် တစ်ယောက်တည်း သစ်တုံးကို ဖြတ်နေသည်ကို ရည်ရွယ်ထားသည်ဟု မှတ်ပါ။) သစ်တုံး၌ ထိသော လွှသွားတို့၏ အစွမ်းအားဖြင့် ယောကျာ်း၏ သတိသည် ထင်၏၊ မိမိ၏ အနီးသို့ (မိမိဘက်သို့) လာသော လွှသွားတို့ကိုလည်းကောင်း၊ တစ်ဘက်သို့ သွားသော လွှသွားတို့ကိုလည်းကောင်း နှလုံး မသွင်းပေ။ နှလုံးမသွင်းသော်လည်း မိမိ၏အနီးသို့ (မိမိဘက်သို့) လာသော လွှသွား၊ တစ်ဘက်သို့ သွားသော လွှသွားတို့သည် မထင်သည်ကား မဟုတ်ကုန် (လွှသွားတို့ကို မသိသည် မဟုတ်ကုန် သိကုန်၏ဟု ဆိုလိုသည်)။
譬如把一根木材放在平整的地面上,一名男子用锯锯这根木材。〔应知,这里指一个人用单人锯独自锯木。〕凭借锯齿在木材上的接触,该男子的念得以显明;他既不作意拉向自己这一边的锯齿,也不作意推向另一边的锯齿。虽不作意,拉向自己与推向另一边的锯齿却并非不显明〔意思是:并非不知道锯齿,而是知道〕。
သစ်တုံးကို ဖြတ်သော ဝီရိယသည်လည်း ထင်ရှား၏၊ သစ်တုံးကို ဖြတ်ခြင်း လုံ့လကိုလည်း ပြီးစီးစေ၏။
锯木的精进也显明,锯木这一用功也得以完成。
၁။ ညီညွတ်သော မြေအပြင်၌ ချထားအပ်သော သစ်တုံးကဲ့သို့ ဤအတူ သတိဖြင့် ဖွဲ့ချည်အပ်သော ဝင် သက်လေ ထွက်သက်လေတို့၏ ထိရာဌာန ဖြစ်သော နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နိမိတ်ကို မှတ်အပ်၏။ (သစ်တုံးနှင့် နိမိတ် တူသည် ဟူ၏။) ၂။ လွှသွားတို့ကဲ့သို့ ဤအတူ ဝင်သက်လေ ထွက်သက်လေတို့ကို မှတ်အပ်ကုန်၏။ (လွှသွားနှင့် ဝင်သက်လေ ထွက်သက်လေ တူသည် ဟူ၏။) ၃။ (က) သစ်တုံး၌ ထိသော လွှသွားတို့၏ အစွမ်းအားဖြင့် ယောကျာ်း၏ သတိသည် ထင်သကဲ့သို့ (လွှသွား ထိရာ သစ်တုံး၌သာ စိတ်ကို စိုက်ထားသကဲ့သို့ဟု ဆိုလိုသည်) ၊ ( ခ ) ဆွဲလိုက်သဖြင့် မိမိဘက်သို့လာသော လွှသွား၊ တွန်းလိုက်သဖြင့် တစ်ဘက်သို့သွားသော လွှသွားကို နှလုံးမသွင်းသကဲ့သို့ ၊ ( ဂ ) ဆွဲလိုက်သဖြင့် မိမိဘက်သို့ လာသော လွှသွား၊ တွန်းလိုက်သဖြင့် တစ်ဘက်သို့ သွားသော လွှသွား တို့သည် မထင်သည်လည်း မဟုတ်ကုန်သကဲ့သို့ ၊
1.应把系念于入出息接触处的鼻端或上唇这一标志,看作放在平整地面上的木材〔即木材与标志相似〕。2.应把入息、出息看作锯齿〔即锯齿与入息、出息相似〕。3.(甲)如同凭借锯齿在木材上的接触,该男子的念得以显明〔意思是,只把心安置在锯齿接触的木材处〕;(乙)如同他不作意拉向自己这一边或推向另一边的锯齿;(丙)如同拉向自己这一边或推向另一边的锯齿并非不显明;——
(ဃ) သစ်တုံးကို ဖြတ်သော ဝီရိယသည်လည်း ထင်ရှားသကဲ့သို့ ၊ ( င ) သစ်တုံးကို ဖြတ်ခြင်း လုံ့လကိုလည်း ပြီးစီးစေသကဲ့သို့ ၊ ဤ ဥပမာအတူပင်လျှင် ---- (က) ယောဂါဝစရ ရဟန်းတော်သည် နှာသီးဖျား၌လည်းကောင်း၊ သို့မဟုတ် အထက်နှုတ်ခမ်းဖျား၌လည်း ကောင်း သတိကို ရှေးရှုထား၍ ထိုင်နေ၏။
——(丁)如同锯木的精进显明;(戊)如同锯木的勤勇得以完成;正如这一譬喻——(甲)瑜伽行比丘把念朝向鼻端或上唇端而坐。
( ခ ) အတွင်းသို့ ဝင်လာကုန်သော ဝင်သက်လေ၊ အပသို့ ထွက်သွားကုန်သော ထွက်သက်လေတို့ကို
(乙)对于向内而来的入息、向外而去的出息——
နှလုံး မသွင်းကုန်။ (ဝင်သက်လေ ထွက်သက်လေ သွားရာလမ်းကြောင်းဟု ခေါ်ဆိုအပ်သော အတွင်း
——不作意。〔这就是说,不把心沿着所谓入息、出息所经的内——
ဘက် အပြင်ဘက်သို့ အစဥ်လျှောက်၍ စိတ်လိုက် မသွားခြင်းကို ဆိုလိုသည်။)
——外路线一路追随。〕
( ဂ ) အတွင်းသို့ ဝင်လာကုန်သော ဝင်သက်လေ၊ အပသို့ ထွက်သွားကုန်သော ထွက်သက်လေတို့သည် အသိဉာဏ်၌ မထင်သည်ကား မဟုတ်ကုန်၊ ထင်ကုန်သည်သာတည်း။
(丙)向内而来的入息、向外而去的出息,并非不显现于智中;它们确实显现。
(ဃ) ဝီရိယသည် ထင်၏၊ ( င ) စျာန်ကိုလည်း ပြီးစေ၏၊ ( စ ) သံယောဇဥ်ကို ပယ်တတ်သော မဂ်ကိုလည်း ရ၏၊ (ဆ) ပဓာန မည်သော ဝီရိယသည်လည်း ဖြစ်၏။
(丁)精进显明;(戊)成就禅那;(己)也获得能断除诸结的道;(庚)也生起名为精勤(padhāna)的精进。
ပဓာန-ဟူသည် အဘယ်နည်း၊ အားထုတ်အပ်သော ဝီရိယရှိသော ပုဂ္ဂိုလ်၏ ကိုယ်သည်လည်းကောင်း စိတ်သည်လည်းကောင်း အာနာပါနဿတိသမာဓိ ဘာဝနာကံအား လျော်၏၊ ဤကား ပဓာန မည်၏။
何谓精勤(padhāna)?具备已发起之精进的人,其身与心都适合从事入出息念定的修习;这就称为精勤。
原书第 319 页
အာနာပါနဿတိသမာဓိပိုင်း ပယောဂ-ဟူသည် အဘယ်နည်း၊ အားထုတ်အပ်သော ဝီရိယရှိသော ပုဂ္ဂိုလ်သည် စိတ်ညစ်နွမ်းကြောင်း ဖြစ်သည့် စျာန်မဂ်ဖိုလ်၏ အတားအဆီး အပိတ်အပင် ဖြစ်သည့် ဥပက္ကိလေသ နီဝရဏတို့ကို ပယ်စွန့်အပ်ကုန်၏၊ ဝိတက်တို့သည် ငြိမ်းကုန်၏၊ ဤကား ပယောဂမည်၏။
何为 payoga(加行)?具足已发起之精进者,舍离令心染污、障碍禅那与道果的诸杂染、诸盖;诸寻也止息。这称为 payoga。
ဝိသေသ-ဟူသည် အဘယ်နည်း၊ အားထုတ်အပ်သော ဝီရိယရှိသော ပုဂ္ဂိုလ်အား သံယောဇဥ်တို့သည် ပျောက်ကုန်၏၊ အနုသယဓာတ်တို့သည် ကင်းကုန်၏၊ ဤကား ဝိသေသ မည်၏။
何为 visesa(殊胜成就)?对于具足已发起之精进者,诸结消失,诸随眠断除。这称为 visesa。
ဤသို့လျှင် နိမိတ်၊ အဿာသ၊ ပဿာသ - ဤတရားသုံးပါးတို့သည် တစ်ခုသော စိတ်၏ အာရုံကား မဟုတ်ကုန်၊ ထိုသို့ တစ်ခုသောစိတ်၏ အာရုံ မဖြစ်လှည့်ငြားလည်း ဤသုံးပါးတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ မထင်သည်ကား မဟုတ်ကုန်၊ ထင်ပါကုန်၏။
如此,相(nimitta)、入息(assāsa)、出息(passāsa)这三法,并不同时成为同一心的所缘。虽然不同时成为同一心的所缘,这三法却不是不显现于禅修者的智门;它们确实都会显现。
အကယ်၍တည်း မထင်ငြားမူ အာနာပါနကမ္မဋ္ဌာန်းအာရုံမှ အခြားအာရုံသို့ စိတ်ပျံ့လွင့်မှု ဖြစ်ပေတော့ မည်၊ အာနာပါနဿတိ သမာဓိဘာဝနာကို ပြီးစီးစေတတ်သော ဝီရိယသည်လည်း မထင်ဖြစ်တော့မည်၊ နီဝရဏ အညစ်အကြေးကို ပယ်ခွာတတ်သော စွမ်းအားရှိသော သမာဓိကို ဆောင်တတ်သော ဖြစ်စေတတ်သော ဘာဝနာ ကို အားထုတ်ခြင်း ပယောဂကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် မပြီးစီးစေနိုင်ဖြစ်တော့မည်။ ထိုသို့ကားမဟုတ် နိမိတ်၊ အဿာသ၊ ပဿာသ ---- ဤတရားသုံးပါးတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်ပါကုန် သောကြောင့်ပင်လျှင် စိတ်သည်လည်း မပျံ့လွင့် တည်ကြည်စွာ ဖြစ်ခဲ့၏၊ အာနာပါနဿတိ သမာဓိဘာဝနာကို ပြီးစီးစေတတ်သော လုံ့လဝီရိယသည်လည်း ထင်ပါခဲ့၏၊ နီဝရဏအညစ်အကြေးကို ပယ်ခွာတတ်သော စွမ်းအင် ရှိသော သမာဓိကို ဆောင်တတ် ဖြစ်စေတတ်သော ဘာဝနာကို အားထုတ်ခြင်း ပယောဂကိုလည်း ယောဂါဝစရ ပုဂ္ဂိုလ်သည် ပြီးစီးစေနိုင်သည် ဖြစ်ခဲ့၏၊ သံယောဇဥ်ကို ပယ်သတ်တတ်သော အဆင့်ဆင့်သော လောကီ လောကု-
如果它们不显现,心便会从入出息业处所缘散乱到其他所缘;能够成办入出息念定修习的精进也不会显现;禅修者也无法完成称为 payoga 的修习用功,即无法致力于能引生具有舍离诸盖垢染之力之定的修习。然而事实并非如此。正因为相、入息、出息这三法都显现于禅修者的智门,心才能不散乱而安定,能够成办入出息念定修习的精进也得以显现;禅修者因而能够完成这种 payoga,使具有舍离诸盖垢染之力的定得以生起,并能依次获得世间乃至出——
တ္တရာ ဂုဏ်ကျေးဇူးအထူးကိုလည်း ရရှိနိုင်ပေသည် ဖြစ်ခဲ့၏။ (ပဋိသံ-၁၆၉-၁၇ဝ။ ပြည်-၂-၂၄၈-၂၄၉-ကြည့်၊၊) အာနာပါနဿတိ ယဿ၊ ပရိပုဏ္ဏာ သုဘာဝိတာ။
——世间的种种殊胜功德,直至断除诸结。(《无碍解道》169—170;另参见卑谬尊者《清净道论依词释》‘若人入出息念,圆满且善修;’
အနုပုဗ္ဗံ ပရိစိတာ၊ ယထာ ဗုဒ္ဓေန ဒေသိတာ။
‘依次而熟习,如佛所开示;’
သော ဣမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။ (ပဋိသံ-၁၇ဝ။)
‘彼照耀此世,如月出云翳。’(《无碍解道》170。)
= အာနာပါနဿတိသမာဓိဘာဝနာကို သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဟောကြားပြသ ဆိုဆုံးမထားတော်မူ သည့်အတိုင်း အရှည်အတို အစရှိသော (၁၆)မျိုးသော အစီအရင်ဖြင့် အစဥ်အတိုင်း ထက်ဝန်းကျင် လေ့လာအပ်၏၊ ကောင်းစွာ ပွားစေအပ်၏၊ ထိုသို့ ပွားများသည့် အတွက်ကြောင့် (၁၆)မျိုးသော ဝတ္ထုတို့၏ ပြည့်စုံခြင်းဖြင့် အချင်း ခပ်သိမ်း ပြည့်စုံအောင်ကျင့်သော ယောဂါဝစရ ရဟန်းတော်သည် ဤခန္ဓာငါးပါးစသော ရုပ်နာမ်ဓမ္မ သင်္ခါရ လောကကို ဆီးနှင်း-မြူတိမ်-သူရိန်-မီးခိုး-ညစ်မျိုး အဝဝမှ ကင်းစင်ပလျက် လွတ်မြောက်လာသော လမင်းကဲ့သို့ ပညာအရောင် ဉာဏ်တန်ဆောင်ဖြင့် ထွန်းပြောင်ထိန်လက် ပြိုးပြိုးပြက်လျှင် လစက်နှုန်းတူ တည်နေနိုင်သော တင့်တယ်စေနိုင်သော ဟူ၏။ (ပဋိသံ-၁၇ဝ။)
=应当依正等觉佛陀所开示、教诫的次第,以长、短等16种行相,周遍而渐次熟习入出息念定,并善加培育。由于这样修习,圆满成就这16种修习事项、在一切方面修行圆满的瑜伽行比丘,便能以慧光、智炬照亮并庄严由五蕴等名色法构成的行世间,犹如月轮脱离霜雪、雾云、尘烟等种种垢染后,清净明耀、灿然放光。(《无碍解道》170。)