最胜供养

入出息念定部分 · 原书第 250–252 页 · 13 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 250 页
အမြတ်ဆုံး ပူဇော်မှု
最胜供养
ဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော့မည့် ကဆုန်လပြည့်နေ့ ညဥ့်အခါ၌ မလဒာမင်းတို့၏ အင်ကြင်းဥယျာဥ် အတွင်းဝယ် အင်ကြင်းပင်ပျိုအစုံတို့၏ အကြား၌ ခင်းထားအပ်သော ညောင်စောင်းထက်၌ လကျာ်နံတောင်းဖြင့် စောင်းလျက် လကျာ်ခြေတော်ပေါ်၌ လက်ဝဲခြေတော်ကို အနည်းငယ်လွန်အောင် တင်ထားတော်မူလျက် သတိ သမ္ပဇဥ် ဉာဏ်ယှဥ်တော်မူလျက် မြတ်သောအိပ်ခြင်း လျောင်းစက်ခြင်း ဣရိယာပုထ်ကို ပြုတော်မူ၏။
在世尊即将般涅槃的迦宋月圆之夜,他在末罗王族的娑罗园中、两株娑罗树之间铺设的床榻上右胁而卧,左足稍微越过右足而置于其上,具足念与正知,采取贤圣的卧姿。
ထိုအချိန်အခါ၌ အင်ကြင်းပင်ပျိုအစုံတို့သည် အရင်းမှသည် အဖျားသို့တိုင်အောင် အခါမဲ့ ပန်းတို့ဖြင့် ပင်လုံးကျွတ် ပွင့်၍ နေကြကုန်၏။ အစုံအစုံသော အင်ကြင်းပင်ပျိုတို့သာမက သစ်ပင်အားလုံးတို့သည်လည်း ပင်လုံးကျွတ် ပွင့်လျက် ရှိကြလေကုန်၏။ ထိုမလဒာမင်းတို့၏ အင်ကြင်းဥယျာဥ်အတွင်း၌ သာမက အလုံးစုံသော စကြဝဠာ လောကဓာတ်ပေါင်း တိုက်တစ်သောင်းအတွင်း၌ အပွင့်ပွင့်သော အပင်မှန်သမျှ ပွင့်ကြကုန်၏၊ အသီး သီးသော အပင်မှန်သမျှ သီးကြကုန်၏၊ အလုံးစုံသောသစ်ပင်တို့၏ ပင်စည်တို့၌ ပင်စည် ပဒုမ္မာကြာပန်းတို့သည်၊ အခက်တို့၌ အခက်ပဒုမ္မာကြာပန်းတို့သည်၊ နွယ်တို့၌ နွယ်ပဒုမ္မာကြာပန်းတို့သည်၊ ကောင်းကင်တို့၌ ကောင်း ကင် အာကာသပဒုမ္မာကြာပန်းတို့သည်၊ မြေပြင်၌ မြေပြင်ကို ဖောက်ခွဲလျက် တုတ်ကဲ့သို့ သန်မာသော အရိုး ရှိသော ပဒုမ္မာကြာပန်းတို့သည် ပွင့်၍ လာကြကုန်၏။ အလုံးစုံသော မဟာသမုဒ္ဒရာသည် အရောင် (၅)မျိုးရှိသော
那时,两株娑罗树从根部直到梢端,满树开遍了非时之花。不只这对娑罗树,所有树木也都满树开花;不只末罗王族的娑罗园,在整整一万个世界系中,凡是开花的树都开了花,凡是结果的树都结了果。所有树木的树干上开出干生莲花,枝条上开出枝生莲花,藤蔓上开出藤生莲花,空中开出空生莲花;地面上则有莲花破土而出,茎秆如木棍般坚实。所有大海都被五色——
ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးအုပ်လျက်ရှိ၏။ ယူဇနာ သုံးထောင် အပြောကျယ်သော ဟိမဝန္တာ တောတောင်သည် လည်း တစ်ခဲနက်ထူထပ်စွာ ဖွဲ့ချည်ထားအပ်သော ဥဒေါင်းမြီးစည်းကဲ့သို့၊ တစ်ခုနှင့်တစ်ခု အကြားအပြတ် မရှိ အောင် ဆက်စပ်နေသော ပန်းဆိုင်းချုံပုတ်ကဲ့သို့၊ ကောင်းစွာ စည်းလျက် ဖွဲ့ချည်ထားအပ်သော ပန်းဆိုင်းကဲ့သို့၊ ကောင်းစွာ အပြည့်ထည့်ထားသော ပန်းစကောကဲ့သို့ အလွန် မွေ့လျော်ဖွယ် ဖြစ်နေ၏။
——莲花覆盖。广达3,000由旬的喜马拉雅山林,也变得极其赏心悦目:如同紧密捆扎成束的孔雀尾羽,如同花朵彼此相连、不留间隙的花丛,如同扎得严实的花环,又如同盛得满满的花盘。
ဘုမ္မစိုးနတ်တို့က ကောင်းစွာ လှုပ်အပ်သော ပင်စည် အခက်အခွ ရှိကြကုန်သော ထိုအင်ကြင်းပင် အစုံ တို့သည် ဘုရားရှင်အား ပူဇော်ရန် အလို့ငှာ ဘုရားရှင်၏ ခန္ဓာကိုယ်ထက်သို့ ထို အခါမဲ့ပွင့်သော ပန်းတို့ကို ကြဲဖြန့်ကြကုန်၏၊ ဘုရားရှင်၏ ခန္ဓာအိမ် ရူပကာယတော် တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ဘိသကဲ့သို့ ကြဲဖြန့် ကြကုန်၏၊ အဖန်ဖန် အထပ်ထပ် မပြတ် ကြဲဖြန့်ကြကုန်၏။ နတ်၌ ဖြစ်ကုန်သော မန္ဒာရဝနတ်ပန်းစသည့် နတ်ပန်း မျိုးစုံတို့သည်လည်း ကောင်းကင်မှ ကျဆင်းလာကြကုန်၏၊ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ ထိုနတ်ပန်းမျိုးစုံတို့ကို ဘုရားရှင်၏ ခန္ဓာကိုယ်ထက်သို့ ကြဲဖြန့်ကြကုန်၏၊ ဘုရားရှင်၏ ခန္ဓာအိမ် ရူပကာယတော် တစ်ခုလုံးကို လွှမ်းခြုံ ထားလိုက်ဘိသကဲ့သို့ ကြဲဖြန့်ကြကုန်၏၊ အဖန်ဖန် အထပ်ထပ် မပြတ် ကြဲဖြန့်ကြကုန်၏။ နတ်၌ဖြစ်ကုန်သော စန္ဒကူးနံ့သာမှုန့် မျိုးစုံတို့သည်လည်း ကောင်းကင်မှ ကျဆင်းလာကြကုန်၏၊ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ
地居天神摇动那两株娑罗树的树干枝桠,使非时之花散落在世尊身上,作为对世尊的供养;花朵反复不断地飘散,仿佛覆盖了世尊作为诸蕴所居之宅的整个色身。曼陀罗华(mandārava)等种种天花也从空中降下;为了供养世尊,这些天花反复不断地散落在世尊身上,仿佛覆盖了世尊作为诸蕴所居之宅的整个色身。天界种种栴檀香粉也从空中降下;为了供养世尊——
ထိုစန္ဒကူးနံ့သာမှုန့် မျိုးစုံတို့ကို ဘုရားရှင်၏ ခန္ဓာကိုယ်ထက်သို့ ကြဲဖြန့်ကြကုန်၏၊ ဘုရားရှင်၏ ခန္ဓာအိမ် ရူပ ကာယတော် တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ဘိသကဲ့သို့ ကြဲဖြန့်ကြကုန်၏၊ အဖန်ဖန် အထပ်ထပ် မပြတ် ကြဲဖြန့် ကြကုန်၏။ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ နတ်၌ ဖြစ်ကြကုန်သော တူရိယာမျိုးစုံတို့ကိုလည်း ကောင်းကင်၌ တီးမှုတ်နေကြကုန်၏၊ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ ဘုရားရှင်၏ ဉာဏ်တော်မြတ်ကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော နတ်၌ ဖြစ်ကုန်သော နတ်သီချင်းသံတို့သည်လည်း ကောင်းကင်၌ ဖြစ်ပေါ်နေကြကုန်၏။
——种种栴檀香粉反复不断地散落在世尊身上,仿佛覆盖了世尊作为诸蕴所居之宅的整个色身。为了供养世尊,天界的种种乐器也在空中奏响;为了供养世尊,以世尊的殊胜智慧为所缘而生的天界歌声,也在空中响起。
ထိုအခါ၌ ဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်မြတ်ကို ဤသို့ မိန့်ကြားတော်မူ၏။ ----
这时,世尊如此告诉阿难尊者:——
原书第 251 页
အာနာပါနဿတိသမာဓိပိုင်း အာနန္ဒာ …အင်ကြင်းပင်ပျိုအစုံတို့သည် အရင်းမှသည် အဖျားသို့တိုင်အောင် အခါမဲ့ပန်းတို့ဖြင့် ပင်လုံး ကျွတ် ပွင့်၍ နေကြကုန်၏။ ဘုမ္မစိုးနတ်တို့က ကောင်းစွာလှုပ်အပ်သော ပင်စည် အခက်အခွ ရှိကြကုန်သော ထိုအင်ကြင်းပင်အစုံတို့သည် ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ ဘုရားရှင်၏ ခန္ဓာကိုယ်ထက်သို့ ထိုအခါမဲ့ပွင့်သော ပန်းတို့ကို ကြဲဖြန့်ကြကုန်၏၊ ဘုရားရှင်၏ ခန္ဓာအိမ်ရူပကာယတော် တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ဘိသကဲ့သို့ ကြဲဖြန့်ကြကုန်၏၊ အဖန်ဖန် အထပ်ထပ် မပြတ် ကြဲဖြန့်ကြကုန်၏။ နတ်၌ဖြစ်ကုန်သော မန္ဒာရဝနတ်ပန်းစသည့် နတ်ပန်းမျိုးစုံတို့သည်လည်း ကောင်းကင်မှ ကျဆင်းလာကြကုန်၏၊ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ ထိုနတ်ပန်း မျိုးစုံတို့ကို ဘုရားရှင်၏ ခန္ဓာကိုယ်ထက်သို့ ကြဲဖြန့်ကြကုန်၏၊ ဘုရားရှင်၏ ခန္ဓာအိမ် ရူပကာယတော်တစ်ခုလုံးကို
“阿难,两株娑罗树从根部直到梢端,满树开遍了非时之花。地居天神摇动那两株娑罗树的树干枝桠,使非时之花散落在世尊身上,作为对世尊的供养;花朵反复不断地飘散,仿佛覆盖了世尊作为诸蕴所居之宅的整个色身。曼陀罗华等种种天花也从空中降下;为了供养世尊,这些天花反复不断地散落在世尊身上,仿佛覆盖了世尊作为诸蕴所居之宅的——
လွှမ်းခြုံထားလိုက်ဘိသကဲ့သို့ ကြဲဖြန့်ကြကုန်၏၊ အဖန်ဖန် အထပ်ထပ် မပြတ် ကြဲဖြန့်ကြကုန်၏။ နတ်၌ ဖြစ်ကုန် သော စန္ဒကူးနံ့သာမှုန့် မျိုးစုံတို့သည်လည်း ကောင်းကင်မှ ကျဆင်းလာကြကုန်၏၊ ဘုရားရှင်အား ပူဇော်ရန် အလို့ငှာ ထိုစန္ဒကူးနံ့သာမှုန့် မျိုးစုံတို့ကို ဘုရားရှင်၏ ခန္ဓာကိုယ်ထက်သို့ ကြဲဖြန့်ကြကုန်၏၊ ဘုရားရှင်၏ ခန္ဓာအိမ် ရူပကာယတော်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ဘိသကဲ့သို့ ကြဲဖြန့်ကြကုန်၏၊ အဖန်ဖန် အထပ်ထပ် မပြတ် ကြဲဖြန့် ကြကုန်၏။ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ နတ်၌ ဖြစ်ကုန်သော တူရိယာမျိုးစုံတို့ကိုလည်း ကောင်းကင်၌ တီးမှုတ်နေကြကုန်၏၊ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ ဘုရားရှင်၏ ဉာဏ်တော်မြတ်ကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော နတ်သီချင်းသံတို့သည်လည်း ကောင်းကင်၌ ဖြစ်ပေါ်နေကြကုန်၏။ ---- ထိုနောင် ဆက်လက် ၍ မိန့်တော်မူသည်မှာ ဤသို့ ဖြစ်၏။ ----
——整个色身。天界种种栴檀香粉也从空中降下;为了供养世尊,香粉反复不断地散落在世尊身上,仿佛覆盖了世尊作为诸蕴所居之宅的整个色身。为了供养世尊,天界的种种乐器也在空中奏响;为了供养世尊,以世尊的殊胜智慧为所缘而生的天界歌声,也在空中响起。”随后,世尊继续说道:——
န ခေါ အာနန္ဒ ဧတ္တာဝတာ တထာဂတော သက္ကတော ဝါ ဟောတိ ဂရုကတော ဝါ မာနိတော ဝါ ပူဇိတော ဝါ အပစိတော ဝါ။ ယော ခေါ အာနန္ဒ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ ဓမ္မာ- နုဓမ္မပ္ပဋိပန္နော ဝိဟရတိ သာမီစိပ္ပဋိပန္နော အနုဓမ္မစာရီ၊ သော တထာဂတံ သက္ကရောတိ ဂရုံ ကရောတိ မာနေတိ ပူဇေတိ အပစိယတိ ပရမာယ ပူဇာယ။ တသ္မာ တိဟာနန္ဒ ဓမ္မာနုဓမ္မပ္ပဋိပန္နာ ဝိဟရိဿာမ သာမီစိပ္ပဋိပန္နာ အနုဓမ္မစာရိနောတိ။ ဧဝဥှိ ဝေါ အာနန္ဒ သိက္ခိတဗ္ဗန္တိ။ (ဒီ-၂-၁၁၄။) = အာနန္ဒာ …ဤမျှလောက်သော ပူဇော်ရုံမျှဖြင့် တထာဂတ အမည်ရတော်မူသည့် သင်တို့ဆရာ ငါ ဘုရားကို ရိုသေသည်လည်း မမည်သေး၊ လေးစားသည်လည်း မမည်သေး၊ မြတ်နိုးသည်လည်း မမည်သေး၊ ပူဇော်သည်လည်း မမည်သေး၊ ပသသည်လည်း မမည်သေး။
“阿难,仅凭这些,如来还不算受到恭敬、尊重、尊崇、供养与礼敬。阿难,若有比丘、比丘尼、优婆塞或优婆夷,依法随法而行,依正当行而行,随法而行,他才是恭敬、尊重、尊崇、供养如来,并以最胜供养礼敬如来者。因此,阿难,你们应当如此修学:‘我们将依法随法而行,依正当行而行,随法而行。’”(《长部》2-114。)作者随文解释第一句说:“阿难,仅凭这种程度的供养,还不能说如来——你们的导师我——受到恭敬、尊重、崇敬、供养与礼敬。”
အာနန္ဒာ …ရဟန်းယောကျာ်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ လူဥပါသကာယောကျာ်းဖြစ်စေ လူဥပါသိ ကာမဖြစ်စေ မည်သူမဆို အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂပဋိပဒါ အမည်ရသည့် လော- ကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် နေထိုင် သည် ဖြစ်အံ့၊ လောကုတ္တရာတရား ကိုးပါးအား လျော်လျောက်ပတ်သောကြောင့် သာမီစိ အမည်ရသော လော- ကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို အရိုအသေဖြည့်ကျင့်လျက် နေထိုင်သည် ဖြစ်အံ့၊ လောကုတ္တရာတရား ကိုးပါးအား လျော်သော ထိုကျင့်ဝတ်ပဋိပတ်ကိုပင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နေထိုင်သည် ဖြစ်အံ့၊ ထိုသူမျိုးသည်ကား တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားကို ရိုသေသည် မည်၏ လေးစားသည် မည်၏ မြတ်နိုးသည် မည်၏ ပူဇော်သည် မည်၏ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပသနေသည် မည်၏။ အာနန္ဒာ …ထိုကြောင့် ဤသာသနာတော်၌ ငါတို့သည် အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော
“阿难,无论是比丘、比丘尼、男居士或女居士,若有人修习并安住于随顺9种出世间法、应在圣道之前圆满、称为前分行道的行持;若他恭敬地修习并安住于这种与9种出世间法相称、因而称为正当行的行持;若他圆满修习并安住于这种随顺9种出世间法的行持,那么,这样的人才称得上恭敬、尊重、崇敬、供养如来——你们的导师我,并以最胜供养礼敬我。阿难,因此,在此教法中,我们要修习并安住于随顺9种出世间法、应在圣道之前圆满、称为——
ပုဗ္ဗဘာဂပဋိပဒါ အမည်ရသည့် လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုး ကုတ် ပွားများအားထုတ်လျက် နေထိုင်ကြပါကုန်အံ့၊ လောကုတ္တရာတရား ကိုးပါးအား လျော်လျောက်ပတ်သော ကြောင့် သာမီစိအမည်ရသော လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို အရိုအသေ
——前分行道的行持;我们要恭敬地——
原书第 252 页
ဖြည့်ကျင့်လျက် နေထိုင်ကြပါကုန်အံ့၊ လောကုတ္တရာတရား ကိုးပါးအား လျော်သော ထိုကျင့်ဝတ်ပဋိပတ်ကိုပင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်လျက် နေထိုင်ကြပါကုန်အံ့ဟု ဤသို့လျှင် အာနန္ဒာ …သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ကြရမည် - ဟု မိန့်ကြားတော်မူလေသည်။ (ဒီ-၂-၁၁၃-၁၁၄။ ဒီ-ဋ္ဌ-၂-၁၆၅-၁၆၈။)
——修习并安住于与9种出世间法相称、因而称为正当行的行持;我们要圆满修习并安住于这种随顺9种出世间法的行持。阿难,你们应当这样精勤修学。”世尊如此教诫。(《长部》2-113—114;《长部义注》2-165—168。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。