初禅论(下)

入出息念定部分 · 原书第 451–460 页 · 78 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 451 页
အာနာပါနဿတိသမာဓိပိုင်း ''အကြင် အခြင်းအရာအားဖြင့် ဝီရိယက ချီးမြှောက်၍ ထားအပ်သော (အာနာပါနဿတိသမာဓိ) ဘာဝနာ စိတ်သည် ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိနေခြင်း = ကောသဇ္ဇအဖို့အစု၌ မကျရောက်၊ ထိုကဲ့သို့သော အခြင်း အရာအားဖြင့် ဝီရိယသမ္ဗောဇ္ဈင်၏ တည်ရာ ဖြစ်ကုန်သော အကြောင်းတရားတို့ကို ကြိမ်ဖန်များစွာ အလေ့ အလာ ပြုသည်၏ အစွမ်းဖြင့် ဝီရိယက ချီးပင့်ထားအပ်သော ဘာဝနာစိတ်သည် ဝီရိယက မည်သို့ပင် ချီးပင့် ထားအပ်ပါသော်လည်း သမာဓိ၏ ဝီရိယနှင့် ညီမျှမှုရှိအောင် ယှဥ်စေခြင်း၏ အစွမ်းဖြင့် ချီးပင့်ထားအပ်သည် ဖြစ်သောကြောင့် ကောင်းစွာ (အာနာပါနပဋိဘာဂနိမိတ်အာရုံကို) လျစ်လျူရှုလျက် ရှိ၏။ အာနာပါနပဋိဘာဂ နိမိတ်အာရုံကို လျစ်လျူရှုတတ်သော တတြမဇ္ဈတ္တုပေက္ခာ၏ အစွမ်းဖြင့်လည်းကောင်း၊ ရှေး၌ဖြစ်သော အရာရာ ၌ ကျွမ်းကျင်လိမ္မာသော ပါရိဟာရိယပညာ၏ အစွမ်းဖြင့်လည်းကောင်း အပ္ပနာစျာန်နှင့် ယှဥ်တွဲလျက်ရှိသော
“由精进以某种方式扶助的入出息念定修习心,不会落入修习中的懒惰——懈怠一边。修习者反复修习能使精进觉支生起的诸因,修习心便由精进依这种方式扶助;然而无论精进如何扶助,由于定这一扶助因素令它与精进平衡,修习心仍能很好地等舍而观入出息似相所缘。依这种能等舍观察该所缘的中舍之力,也依先前通达事务之慧的力量,与安止禅相应、能洞见——
အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိမြင်နေသော ပညိန္ဒြေသည် လွန်ကဲလျက် ရှိ၏။ ထိုပညိန္ဒြေ၏ လွန်ကဲသည်၏ အဖြစ်ကြောင့်သာလျှင် အာနာပါနပဋိဘာဂနိမိတ်အာရုံကို အညီအမျှ လျစ်လျူရှုသသူအား သာလျှင် လျစ်လျူရှုတတ်သော တတြမဇ္ဈတ္တုပေက္ခာ၏ အစွမ်းဖြင့် အထူးထူးသော သဘော ရှိကြကုန်သော နီဝရဏ အမှူးရှိသော ကိလေသာတို့မှ ဘာဝနာစိတ်သည် လွတ်မြောက်သွား၏။ ကိလေသာတို့မှ လွတ်မြောက် ခြင်း၏ အစွမ်းဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိနေသော ပညာ၏ အစွမ်းဖြင့် ပညိန္ဒြေသည် လွန်ကဲလျက်ရှိ၏။ ကိလေသာတို့မှ လွတ်မြောက်သောကြောင့် ထို သဒ္ဓါ ပညာ သမာဓိ ဝီရိယ ရှိသော တရား တို့သည် တူမျှသော = ညီမျှသော ကိစ္စ ရှိကြကုန်၏၊ ဤသို့လျှင် ဣန္ဒြေတို့၏ တူမျှသော = ညီမျှသော ကိစ္စ ရှိသည်၏ အဖြစ်ကြောင့် ပထမစျာန် အာနာပါနဿတိသမာဓိ ဘာဝနာသည် ဖြစ်ပေါ်လာရပေသည်။''
——入出息似相所缘的慧根居于优势。正由于慧根居于优势,对入出息似相所缘平等而舍的禅修者,其修习心便以中舍之力,从以诸盖为首、性质各异的烦恼中解脱。依从烦恼解脱之力,也依洞见入出息似相所缘之慧的力量,慧根善能居于优势。因为已从烦恼中解脱,信、慧、定、精进诸法便具有同一、平衡的作用;诸根如此作用平衡,初禅入出息念定的修习便得以生起。”
(ပဋိသံ-၂၂၁။)
(《无碍解道》221。)
ထိုသို့ ဥပေက္ခာ၏ အစွမ်းဖြင့် ဉာဏ်ကိစ္စ၏ ထင်ရှားသည်၏ အဖြစ်ကြောင့် အပ္ပနာပညာ၏ ကိစ္စ ဖြစ်၍ ဖြစ်သော ဘာဝနာစိတ်ကို ရွှင်ပျစေခြင်းကို ပထမစျာန်သမာဓိ၏ အဆုံးဟူ၍ ဖွင့်ဆိုခဲ့ခြင်း ဖြစ်ပေသည်။ (၄)
由于智的作用这样依舍之力而显明,属于安止慧作用的“令修习心欢悦明净”,便被解释为初禅定的“终”。(4)
(ဝိသုဒ္ဓိ-၁-၁၄၅။)
(《清净道论》1-145。)
ဤသို့လျှင် သုံးမျိုးသော ပထမစျာန်သို့ ရောက်ကြောင်း အကျင့်၏ စင်ကြယ်ခြင်း = ပဋိပဒါ ဝိသုဒ္ဓိ၏ အစွမ်းဖြင့်သာလျှင် ရအပ်သော ပထမစျာန်ဟူသော တရားထူး တရားမြတ်ရှိသော၊ သုံးမျိုးသော (အာနာပါန ပဋိဘာဂနိမိတ်အာရုံကို အညီအမျှ လျစ်လျူရှုတတ်သော) တတြမဇ္ဈတ္တုပေက္ခာကို ပွားစေခြင်းဖြင့် အလွန်အကဲ နှင့် တကွ ပညိန္ဒြေ၏ လွန်ကဲသော အတိုင်းအရှည်ရှိသည်၏ အဖြစ်ဖြင့် လေးမျိုးအပြားရှိသည်လည်း ဖြစ်သော ဘာဝနာစိတ်ကို ရွှင်စေခြင်း ကြည်လင်စေခြင်း သမ္ပဟံသနာသည် ပြီးစီးလာ၏။ ထိုကြောင့် ---- ၁။ ပထမစျာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော လာရာလမ်းကြောင်း ပဋိပဒါဝိသုဒ္ဓိ၌ လက္ခဏာ သုံးပါး၊ ၂။ တတြမဇ္ဈတ္တုပေက္ခာကို ပွားခြင်း ဥပေက္ခာဗြူဟနာ၌ လက္ခဏာသုံးပါး၊ ၃။ ဉာဏ်၏ ကိစ္စဖြစ်သော ဘာဝနာစိတ်၏ ရွှင်ခြင်း ကြည်လင်ခြင်း သမ္ပဟံသနာ၌ လက္ခဏာ လေးပါး ---- ဤကောင်းခြင်း (၃)ဖြာ လက္ခဏာ (၁ဝ)ပါးတို့ကို ပထမစျာန်၌သာလျှင် ရနိုင်သော တရားတို့ဟူ၍ သိရှိ
因此,能令行者到达初禅的行道,以三种方式清净;依这三种行道清净,便证得初禅这一殊胜之法。中舍以三种方式增长;依这种能平等观察入出息似相所缘的中舍,慧根达到卓越。作为智之作用的令心欢悦明净又有四种,修习心由此得到欢悦、澄明。因此应知,唯在初禅中可得如下三种善与十种特相:1.作为到达初禅之行道的行道清净,具有三种特相;2.作为中舍增长的舍增长,具有三种特相;3.作为智之作用、令修习心欢悦明净的令心欢悦明净,具有四种特相。
ပါလေ။ (မဟာဋီ-၁-၁၇၅။)
(《大复注》1-175。)
စျာန်ဟူသည်
所谓禅那
အာရမ္မဏူပနိဇ္ဈာနတော ပစ္စနီကစျာပနတော ဝါ စျာနံ။ (ဝိသုဒ္ဓိ-၁-၁၄၅။) အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော မိမိဘာဝနာစိတ်၏ သမထနိမိတ်အာရုံကို စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ကပ်၍ ရှုတတ်သောကြောင့်လည်းကောင်း၊ နီဝရဏ အစရှိသော ဆန့်ကျင်ဘက် ကိလေသာ တရားစုတို့ကို လောင်ကျွမ်းစေတတ်သောကြောင့် (= ခပ်ကြာကြာ ခွာထားခြင်း ဝိက္ခမ္ဘန၏ အစွမ်းဖြင့် ပယ်စွန့်တတ်သော
“由于深入审察所缘,或烧除相违法,故称为禅那。”(《清净道论》1-145。)修习心能够紧密专注、稳固贴住入出息似相等自身止相所缘而观;又能够烧除以诸盖为首的相违烦恼法聚,也就是以镇伏断之力将其舍离一段较长的——
原书第 452 页
ကြောင့်) လည်းကောင်း စျာန် မည်၏။ (ဝိသုဒ္ဓိ-၁-၁၄၅။) ဤစကားအရ မြေလျှိုး မိုးပျံမှု စသည်ကို စျာန်ဟု မမှတ်ပါနှင့်။ ယင်းမြေလျှိုး မိုးပျံခြင်း စသည်ကား ဣဒ္ဓိဝိဓ စသော အဘိညာဏ်တို့၏ စွမ်းအားသာ ဖြစ်ပေသည်။
——时间,所以称为禅那。(《清净道论》1-145。)依此说法,不要把遁地、飞行等本领误认为禅那;遁地、飞行等只是神变等神通智的力量。
ကြာမြင့်စွာ တည်တံ့ ခိုင်ခံ့ရေး
使禅那长久、稳定、坚固
ထိုပထမစျာန်ကို ရရှိပြီးသည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် သားမြီးဖျားကို မှန်အောင် ပစ်နိုင်သော ဝါလဝေဓိ လေးသမားကဲ့သို့လည်းကောင်း၊ မင်း၏ စားတော်ကဲ ကဲ့သို့လည်းကောင်း အခြင်းအရာ အာကာရ တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူအပ် သိမ်းဆည်း မှတ်သားအပ်ကုန်၏။
证得初禅以后,这位瑜伽行者应当像能够射中兽尾毛尖的 vālavedhī 弓箭手,又像国王的御厨一样,以智辨明、摄取并牢记各种条件与行相。
အလွန်လိမ္မာသော လေးသမားသည် သားမြီးစွန်း သားမြီးဖျားကို ပစ်ခြင်းငှာ သင့်လျော်သော အမှုကို ပြုသည်ရှိသော် အကြင်အကြိမ်၌ သားမြီးစွန်းကို ထိမှန်၏ ထိုးပစ်မိ၏၊ ထိုမှန်သော အကြိမ် မှန်သော အချက်၌ မြားကို ပစ်လွှတ်သောအခါ နင်းသော ခြေတို့၏လည်းကောင်း၊ လေးကိုင်း၏လည်းကောင်း၊ လေးညှို့၏လည်း- ကောင်း၊ မြား၏လည်းကောင်း ဤသို့ တည်နေသော ငါသည် ဤသို့ လေးကိုင်းကို ကိုင်၍ ဤသို့ လေးညှို့ကို ကိုင်၍ ဤသို့ မြားကို ကိုင်၍ သားမြီးကို မှန်အောင် ပစ်ပြီ ---- ဤသို့ လေးကိုင်းကြိုး (ညှို့) မြားတို့ကို ယူဟန် ကိုင်ဟန် အခြင်းအရာကို ဉာဏ်ဖြင့် သိမ်းဆည်း မှတ်သားရာ၏သို့ ထိုလေးသမားသည် ထိုမှန်သော အချက်မှ စ၍ ထိုရှေးက မှတ်သားသော အတိုင်းသာလျှင် ထိုလေးကိုင်းညှို့ မြားတို့ကို ယူဟန် ကိုင်ဟန် အခြင်းအရာတို့ကို ပြည့်စုံစေလျက် မချွတ်ယွင်းစေမူ၍ သားမြီးကို မှန်အောင်ပစ်၏သို့ ဤဥပမာအတူပင်လျှင် ----
一位极其善巧的弓箭手为了射中兽尾毛尖而作好准备,某一次果真命中、射穿了毛尖。就在准确命中的那一次、那一刻,他应以智牢记放箭时双脚如何踏地,弓、弦、箭各自如何安置:“我这样站立,这样持弓、持弦、持箭,便射中了毛尖。”此后,他便依照先前记住的方式,圆满而毫不失误地持取弓、弦与箭,一再射中毛尖。正如这个譬喻——
ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ငါသည် ဤမည်သော ဘောဇဥ်ကို စား၍ ဤသို့သဘောရှိသော ပုဂ္ဂိုလ် ကို မှီဝဲသည်ဖြစ်၍ ဤသို့ သဘောရှိသော ဘုရားရှင်၏ အဆုံးအမစကားတော် ကျင့်စဥ်ဟူသော သာသနာ တော်၌ ဤမည်သော ဣရိယာပုထ်ဖြင့် ဤမည်သော အချိန်အခါကာလ၌ ဤပထမစျာန်ကို ရဖူးပြီ - ဤသို့လျှင် လျောက်ပတ်သော ဘောဇဥ် အစရှိကုန်သော ထိုအခြင်းအရာတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူအပ် ဆင်ခြင်မှတ် သားအပ်ကုန်၏။ ဤသို့ ဆင်ခြင်မှတ်သား နှလုံးထားသည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုနုနယ်သော ပထမစျာန်သမာဓိသည် ပျောက်ပျက်သွားသော်လည်း ထို ဘောဇနသပ္ပါယစသော အခြင်းအရာ အာကာရတို့ကို ရှေးအတိုင်း ပြည့်စုံစေ၍ နောက်ထပ်တစ်ဖန် ထို ပထမစျာန်သမာဓိကို ဖြစ်စေခြင်းငှာ စွမ်းနိုင်လတ္တံ့၊ ကျေပွန် စွာ မလေ့လာအပ်သေးသော သမာဓိကိုလည်း ကျေပွန်စွာ လေ့လာအပ်သည်ကို ပြုလျက် အဖန်ဖန် အထပ်ထပ် ဝင်စားခြင်းငှာ စွမ်းနိုင်လတ္တံ့။
——瑜伽行者也应以智辨明、审察并牢记:“我曾经食用某种食物,亲近某种性情的人,在具有世尊某种教诫与修行次第的教法中,以某种威仪,在某个时段证得这初禅。”也就是说,他应当记住适宜食物等条件与行相。如此审察、牢记而作意,即使那尚幼嫩的初禅定消失,他也能像先前一样成就适宜食物等条件,再次令初禅定生起;还能使尚未熟练的定达到熟练,得以一再反复入定。
တစ်ဖန် လိမ္မာကျွမ်းကျင်သော မင်း၏ စားတော်ကဲသည် ထမင်းရိက္ခာ စသည်ဖြင့် မွေးပေတတ်သော အရှင်သခင်ကို ချက်ပြုတ်ကျွေးမွေးသည်ရှိသော် အရှင်သည် အကြင်အကြင် ဘောဇဥ်အာဟာရကို မြိန်မြိန် ရှက်ရှက် နှစ်သက်သဖြင့် သုံးဆောင်၏၊ ထိုထို ဘောဇဥ် အာဟာရကို ကောင်းစွာ မှတ်သား၍ ထိုနေ့မှ စ၍ ထို သခင် မြိန်နိုးထင်သော ဘောဇဥ်ကိုသာလျှင် ပွဲတော်တည်သည်ဖြစ်သော် ဆုလာဘ်၏ ရခြင်းအဖို့ရှိသည် ဖြစ်၏ သို့ - ဤဥပမာအတူပင် ဤယောဂါဝစရပုဂ္ဂိုလ်သည်လည်း ရှေးစျာန်ကို ရသောအခိုက်၌ ဘောဇဥ်စသည်၌ တည်ကုန်သော စျာန်ကို ရခြင်း လုပ်ငန်းကိစ္စကို ပြီးစီးစေတတ်ကုန်သော အခြင်းအရာ အာကာရတို့ကို ဉာဏ်ဖြင့် သိမ်းဆည်းမှတ်သား၍ ထိုအခြင်းအရာတို့ကို ပြီးစီးပြည့်စုံစေသော် ပထမစျာန် သမာဓိသည် ပျောက်ပျက်သွား တိုင်း အဖန်ဖန် အထပ်ထပ် ယင်း အပ္ပနာစျာန်သမာဓိကို ရလေ့ရှိနိုင်၏။ ထိုကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်သည်
又如一位善巧熟练的御厨,为供养以衣食等资养自己的君主而烹调食物;君主欢喜地享用哪一种美味可口的食物,御厨便仔细记住,从那天起只奉上君主喜爱的食物,因而获得赏赐。同样,这位瑜伽行者在先前证得禅那时,应以智牢记食物等条件中能够成办证禅之事的各种行相;成就这些条件以后,每当初禅定消失,他仍能一再获得该安止禅定。因此,这位瑜伽行者——
သားမြီးဖျားကို မှန်အောင် ပစ်နိုင်သော လေးသမားကဲ့သို့လည်းကောင်း၊ စားတော်ကဲကဲ့သို့လည်းကောင်း ပထမ
——应当像能射中兽尾毛尖的弓箭手和御厨一样,对于能够获得初——
原书第 453 页
အာနာပါနဿတိသမာဓိပိုင်း စျာန်ကို ရကြောင်းဖြစ်သည့် အခြင်းအရာ အာကာရတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူအပ် သိမ်းဆည်းအပ်ပေသည်။
——禅的各种条件与行相,以智加以辨明、摄取并牢记。
(ဝိသုဒ္ဓိ-၁-၁၄၅-၁၄၆။)
(《清净道论》1-145—146。)
ပထမစျာန်ရကြောင်း အခြင်းအရာနိမိတ်ကို မှတ်သားခြင်းကြောင့် တစ်ဖန် ထိုပထမစျာန် ရကြောင်း အခြင်းအရာ အာကာရတို့ကို ပြီးစီးပြည့်စုံစေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား အပ္ပနာစျာန်မျှသည်သာလျှင် ပြီးစီးပြည့်စုံနိုင်၏၊ မြင့်ရှည်စွာ တည်တံ့ခိုင်မြဲခြင်းမူကား မပြည့်စုံနိုင်သေး။ အလျော်အားဖြင့် ဆိုရမူ - သမာဓိ၏ ဘေးရန် ဖြစ်ကြကုန်သော ကာမစ္ဆန္ဒအစရှိကုန်သော နီဝရဏတရားတို့၏ စင်ကြယ်အောင် ကောင်းစွာ သုတ်သင် အပ်ပြီးသည်၏ အဖြစ်ကြောင့် မြင့်ရှည်စွာ တည်တံ့ခိုင်မြဲခြင်းသည် ဖြစ်ပေါ်လာ၏။
由于记住了能证初禅的条件与标志,并再次使这些条件、行相圆满,这位瑜伽行者只能确保安止禅得以成就,尚不能确保它长久稳定。恰当地说,只有把欲贪等诸盖——这些定的危害——彻底清除干净,禅那才能长久稳定。
မှန်ပေသည် ---- (၁) အကြင် ယောဂါဝစရရဟန်းသည် ကာမ၌ အပြစ်ကို ဆင်ခြင်ခြင်း၊ အသုဘ အခြင်း အရာကို နှလုံးသွင်းခြင်း၊ ကာမတို့မှ ထွက်မြောက်ခြင်း နေက္ခမ္မဓာတ်၏ အကျိုးအာနိသံသကို ဆင်ခြင်ခြင်း အစရှိသည်တို့ဖြင့် ကာမစ္ဆန္ဒကို ကောင်းစွာ မခွာမူ၍၊ (၂)ကိုယ်၏ (စိတ်+စေတသိက်တို့၏) ငြိမ်းအေးခြင်း ကာယပဿဒ္ဓိ၏ အစွမ်းဖြင့် ကိုယ်၏ ပူပန်ခြင်းကို ကောင်းစွာ ငြိမ်းသည်ကို မပြုမူ၍ (ကိုယ်စိတ်တို့၏ ပူပန်ခြင်း၏ အကြောင်း ဖြစ်သော ဗျာပါဒ နီဝရဏကို မခွာမူ၍)၊ (၃)အပြင်းအထန် ရှေးဦးအစ ကြိုးစားအားထုတ်ခြင်း အာရမ္ဘဓာတ် အစရှိသော ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ကြောင်း တရားတို့ကိုလည်းကောင်း၊ အလင်းရောင်ကို မှတ်သား ရှုပွားခြင်း အာလောကသညာ စသည်တို့ကိုလည်းကောင်း နှလုံးသွင်းခြင်း၏ အစွမ်းဖြင့် စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှု ထိနမိဒ္ဓ နီဝရဏကို ကောင်းစွာ မပယ်ဖျောက်မူ၍၊ (၄)အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်ကို နှလုံးသွင်းခြင်းစသော သမာဓိသမ္ဗောဇ္ဈင် ဖြစ်
确实如此。假如一位修行比丘入禅时:(1)没有借由省察诸欲的过患、作意不净行相、省察从诸欲出离之出离界的利益等方法,善加远离欲贪;(2)没有借由身轻安——即心与心所这一“身”的寂静——平息身的热恼,也就是没有远离作为身心热恼之因的瞋恚盖;(3)没有借由作意能够令精进觉支生起的诸法,例如最初猛烈发起努力的发起界,又没有作意、修习光明想等,善加遣除心与心所迟钝的昏沉睡眠盖;(4)没有借由作意能够令定觉支生起的诸法,例如作意入出息似相一类的止相——
ကြောင်းတရားတို့ကို နှလုံးသွင်းခြင်း စသည်တို့၏ အစွမ်းဖြင့် ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်မှု၊ ကုက္ကုစ္စ = နောင်တတစ်ဖန် ပူပန်မူဟူသော နီဝရဏ အညစ်အကြေးကို ကောင်းစွာ နှုတ်ပယ်အပ်သည်ကို မပြုမူ၍၊ (၅)ကာမစ္ဆန္ဒစသည်မှ တစ်ပါးလည်း ဖြစ်ကုန်သော သမာဓိ၏ ဘေးရန်အန္တရာယ် ဖြစ်ကြကုန်သော ဝိစိကိစ္ဆာ ဖြစ်ကြောင်းတရား၊ မာန်ယစ်ခြင်း မဒ = ထောင်လွှားခြင်း မာန စသော တရားတို့ကို ကောင်းစွာ မသုတ်သင်မူ၍ စျာန်ကို ဝင်စားအံ့၊ ထိုရဟန်းသည် မသုတ်သင်အပ်သော မိမိတို့ ကိန်းအောင်းရာ ဝါးခေါင်းသို့ ဝင်သော ပျားပိတုန်းကဲ့သို့လည်းကောင်း၊ ဘေးရန်ကို မသုတ်သင်အပ်သော ဥယျာဥ်တော်သို့ ဝင်ရောက်သွားသော မင်း ကဲ့သို့လည်းကောင်း ရှောင်တခင်သာလျှင် စျာန်မှ ထွက်ရ၏။
——等,善加拔除掉举——心散乱——与恶作——事后追悔、再次忧恼——这些盖垢;(5)没有善加清除疑的因,以及欲贪等以外同样危害定的醉逸、骄慢等法;却进入禅那,那么他便会像蜂群进入自己未经清理的竹穴住处,又像国王进入尚未排除危险的御苑一样,突然从禅那出定。
အလျော်ကို ဆိုအံ့ ---- အကြင်ရဟန်းသည် သမာဓိ၏ ဘေးရန်ဖြစ်ကြကုန်သော နီဝရဏတရားတို့ကို ကောင်းစွာ စင်ကြယ်အောင် သုတ်သင်ပြီး၍ စျာန်ကို ဝင်စားအံ့၊ ထိုရဟန်းသည် ကောင်းစွာ သုတ်သင်အပ်သော မိမိတို့ကိန်းအောင်းရာ ဝါးခေါင်းသို့ ဝင်ရောက်သွားသော ပျားပိတုန်းကဲ့သို့လည်းကောင်း၊ ရွံရှာအပ်သော ဘေး ရန် မရှိသဖြင့် ကောင်းစွာ စင်ကြယ်သော ဥယျာဥ်တော်သို့ ဝင်ရောက်သွားသော မင်းကဲ့သို့လည်းကောင်း အလုံးစုံသော နေ့အဖို့ပတ်လုံးသော်လည်း သမာပတ်၏ အတွင်း၌သာလျှင် တည်နေမှုသည် ဖြစ်နိုင်၏။ ထိုသို့ သမာဓိ၏ ဘေးအန္တရာယ် ဖြစ်သော နီဝရဏတရားတို့ကို ကောင်းစွာ သုတ်သင်ပြီးမှသာလျှင် စျာန်သမာဓိ၏ ရှည်မြင့်စွာ တည်နိုင်သည်ဖြစ်သောကြောင့် စျာန်သမာဓိ၏ ရှည်မြင့်စွာ တည်ခြင်းကို အလိုရှိသော ယောဂါဝစရ ပုဂ္ဂိုလ်သည် စျာန်၏ ဘေးရန်ဖြစ်သော နီဝရဏတရားတို့ကို သုတ်သင်၍ စျာန်ကို ဝင်စားအပ်ပေသည်။
反过来说,假如一位比丘把危害定的诸盖彻底清除干净以后才入禅,他就像蜂群进入已经清理妥当的竹穴住处,又像国王进入洁净而没有可畏危险的御苑一样,甚至能够整日都安住在等至之中。因此,只有把作为定之危害的诸盖善加清除,禅那定才能长久安住;希望禅那定长久安住的瑜伽行者,应当清除危害禅那的诸盖以后再入禅。
(ဝိသုဒ္ဓိ-၁-၁၄၇။)
(《清净道论》1-147。)
原书第 454 页
စောဒနာဖွယ် ---- ဤပထမစျာန်ကို ရရှိသော စျာနလာဘီ ရဟန်းတော်သည် စောစောကပင်လျှင် ကာမတို့၏ အပြစ်ကို ဆင်ခြင်၍ စျာန်သမာဓိသို့ ရောက်ကြောင်းဖြစ်သည့် သမထလမ်းရိုး အကျင့်ကို ကျင့်ခဲ့ပြီး သည် မဟုတ်ပါလော၊ သည်မျှသာမကသေး ဤရဟန်းသည် ဥပစာရသမာဓိ အခိုက်ကပင်လျှင် ဥပစာရစျာန် သမာဓိဖြင့် နီဝရဏတရားတို့ကို ပယ်ခွာအပ်ကုန်ပြီးသည် မဟုတ်ပါလော၊ ထိုသို့ဖြစ်ပါလျက် အဘယ်ကြောင့် တစ်ဖန် ကာမတို့၏ အပြစ်ကို ဆင်ခြင်ခြင်း စသည်ကို ယူအပ်ပြန်ပါသနည်းဟု စောဒနာဖွယ်ရှိ၏။ အဖြေကား ဤသို့တည်း ---- ဤဥပစာရသမာဓိခဏ၌ နီဝရဏကို ပယ်ခွာပြီး ဖြစ်ခြင်းသည် မှန်ပေ၏၊ ထိုသို့ပင် မှန်ပါသော်လည်း ထိုဥပစာရသမာဓိခဏ၌ နီဝရဏတို့ကို ပယ်ခွာခြင်းသည် ပယ်ခွာရုံမျှသာတည်း။ ထိုကြောင့် အပ္ပနာစျာန်၏ ကြာမြင့်စွာ တည်တံ့ခိုင်မြဲခြင်း အကျိုးငှာ အလွန်အကဲအားဖြင့် ပယ်ခြင်းအကျိုးငှာ နောက်ထပ်တစ်ဖန် ကာမ
可以质疑:这位已经证得初禅的得禅比丘,不是早已省察诸欲的过患,并已修习能够导向禅那定的止行道吗?不仅如此,他不是早在近行定阶段,就已经凭近行禅定远离诸盖了吗?既然如此,为什么还要再次省察诸欲的过患等呢?回答如下:确实,在近行定的刹那,诸盖已经被远离;不过,那时只是暂且远离诸盖而已。因此,为使安止禅长久稳定,也为了更彻底地远离诸盖,还应再次省察诸欲——
တို့၏ အပြစ်ကို ဆင်ခြင်ခြင်း စသည်ကို ယူအပ်ပြန်ပါသည် ဆိုအပ်ပြန်ပါသည် ဟူပေ။ (မဟာဋီ-၁-၁၇၇။) စျာန်ကို ဝင်စားခိုက်၌ နီဝရဏတို့ကား ကွာနေသည်သာ ဖြစ်၏။ သို့သော် စျာန်မှ ထခိုက်၌ကား အယော- နိသော မနသိကာရကို အကြောင်းခံ၍ နီဝရဏတို့ကား တစ်ဖန်ပြန်၍ ဝင်လာတတ်ပြန်၏၊ သို့အတွက် စျာန်ကို အချိန်ရှည်မြင့်စွာ ဝင်စားလိုသော စျာန်သမာပတ်၏ ရှည်မြင့်စွာ တည်တံ့ခိုင်မြဲမှုကို အလိုရှိသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ကာမတို့၏ အပြစ်ကို ဆင်ခြင်ခြင်း စသည်ဖြင့် ဖြစ်ပေါ်လာတိုင်းသော နီဝရဏတို့ကို သန့်ရှင်း အောင် ပယ်ခွာပြီးမှ စျာန်ကို တစ်ဖန်ပြန်၍ ဝင်စားပါဟု ဆိုလိုပေသည်။
——的过患等。(《大复注》1-177。)入禅时,诸盖确实处于远离状态;但是出定时,诸盖又会以不如理作意为缘重新侵入。因此,希望长时间入禅、希望禅那等至长久稳定的瑜伽行者,应在诸盖每次生起时,以省察诸欲的过患等方法将它们彻底清除干净,然后再度入禅。这就是本段的意思。
အာဒိကမ္မိကပုဂ္ဂိုလ် လိုက်နာရမည့်စည်းကမ်း
初修者应当遵守的规则
ဝင်စားမှု များပါစေ၊ ဆင်ခြင်မှု နည်းပါစေ၊ တသ္မိံ ပန နိမိတ္တေ ပတ္တပဌမဇ္ဈာနေန အာဒိကမ္မိကေန သမာပဇ္ဇနဗဟုလေန ဘဝိတဗ္ဗံ၊ န ပစ္စဝေက္ခဏ- ဗဟုလေန။ ပစ္စဝေက္ခဏဗဟုလဿ ဟိ စျာနင်္ဂါနိ ထူလာနိ ဒုဗ္ဗလာနိ ဟုတွာ ဥပဋ္ဌဟန္တိ။ အထဿ တာနိ ဧဝံ ဥပဋ္ဌိတတ္တာ ဥပရိ ဥဿုက္ကနာယ ပစ္စယတံ အာပဇ္ဇန္တိ။ သော အပ္ပဂုဏေ စျာနေ ဥဿုက္ကမာနော ပတ္တပဌမဇ္ဈာနာ စ ပရိဟာယတိ၊ န စ သက္ကောတိ ဒုတိယံ ပါပုဏိတုံ။ (ဝိသုဒ္ဓိ-၁-၁၄၈။) = ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ရောက်အပ်ရအပ်ပြီးသော ပထမစျာန်ရှိသော စျာန်ကို ဦးစွာ ရစ ဖြစ်သော အာဒိကမ္မိက စျာနလာဘီပုဂ္ဂိုလ်သည် စျာန်ဝင်စားခြင်းများသည် ဖြစ်ရာ၏ (= စျာန်ကို များများ ဝင်စားရာ၏။) စျာန်အင်္ဂါကို ဆင်ခြင်ခြင်းများသည် မဖြစ်ရာ (= စျာန်အင်္ဂါကို ဆင်ခြင်မှု မများရ။) အပြစ်ကို ဆိုအံ့ ---- စျာန်အင်္ဂါကို ဆင်ခြင်ခြင်း များသောသူအား စျာန်အင်္ဂါတို့သည် ရုန့်ရင်းကုန်သည်ဖြစ်၍ ထင်လာ
“对于在该禅相上已证初禅的初修者,应当多入定,不应多省察。因为多省察者的诸禅支会显得粗重而羸弱;这些禅支如此显现,便不能成为向上奋进的缘。他在尚未熟练的禅那上勉强向上努力,既会从已得的初禅退失,也不能证得第二禅。”(《清净道论》1-148。)意思是:对于以入出息似相为所缘、刚刚证得初禅的初修禅者,应当多入禅定,不应多省察禅支。其过患如下:多省察禅支的人,诸禅支会显得粗重——
ကုန်၏၊ အားမရှိသည်ဖြစ်၍ ထင်လာကုန်၏။ 〔စျာန်အင်္ဂါများကို ဆင်ခြင်ခြင်း များသည့်အတွက် စျာန်အင်္ဂါ တို့သည် ထင်ရှားကုန်သည်၏ အဖြစ်ကြောင့် ရုန့်ရင်းကြမ်းတမ်းကုန်သည်ဖြစ်၍ ထင်လာကုန်၏။ စျာန်ဝင်စား မှုကို နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင်ဖြင့် စွမ်းအားကြီးမားသည်၏ အဖြစ်သို့ မရောက်စေအပ်သည်၏ အဖြစ်ကြောင့် စျာန်အင်္ဂါတို့သည် အသိဉာဏ်၌ ထင်ရှားသော်လည်း အားနည်းသည်ဖြစ်၍ ထင်လာကုန်၏။
——而羸弱。〔因为过多省察禅支,诸禅支在智中变得显明,所以显得粗重;又因为尚未借由熟练、纯熟地入禅使它们达到强有力的状态,禅支虽然在智中显明,却显得力量薄弱。
(မဟာဋီ-၁-၁၇၈။)〕 ထိုသို့ အသိဉာဏ်၌ ထင်လာလတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား ထိုစျာန်အင်္ဂါတို့သည် ဤသို့ ရုန့်ရင်း ကြမ်းတမ်းသော သဘော စွမ်းအင်နည်းပါးသော သဘောအားဖြင့် ထင်လာသည်၏ အဖြစ်ကြောင့် အာနာ ပါနဿတိသမာဓိ ဘာဝနာဖြင့် အထက်အထက် စျာန်သို့ တက်ခြင်းငှာ အကြောင်းတရားဖြစ်မှုသို့ မရောက်
(《大复注》1-178。)〕诸禅支这样显现于智时,对于这位瑜伽行者,正因它们以粗重而力量薄弱的状态显现,便不能成为借助入出息念定的修习升向更高层次诸——
原书第 455 页
အာနာပါနဿတိသမာဓိပိုင်း နိုင်ကြကုန်။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရရှိပြီးသော စျာန်ကို (ဝသီဘော် ငါးတန် နိုင်နင်းအောင်) မပွားများအပ် မလေ့လာအပ်သည်ရှိသော် ဒုတိယစျာန်စသော အထက်စျာန်ကို ရစိမ့်သောငှာ အားထုတ်ပါသော်လည်း ရရှိပြီး သော ပထမစျာန်မှလည်း ဆုတ်ယုတ်သွားတတ်၏။ ဒုတိယစျာန်သို့ ရောက်ရှိခြင်းငှာလည်း မစွမ်းနိုင် ဖြစ်တတ် ၏။ ထိုကြောင့် ဘုရားရှင်သည် အောက်ပါ ဂါဝီဥပမာသုတ္တန် (အံ-၃-၂၁၆)ကို ဟောကြားထားတော်မူခဲ့ပေသည်။
——禅的助缘。若没有培育、熟练已经获得的禅那,使之达到五自在,即使努力求证第二禅等上位禅,也会从已经获得的初禅退失,而且不能证得第二禅。因此,世尊宣说了下面的《母牛譬喻经》(《增支部》3-216)。
ဂါဝီဥပမာသုတ္တန် ကောက်နုတ်ချက်
《母牛譬喻经》节录
ရဟန်းတို့ …ဥပမာသော်ကား မိုက်မဲသော၊ မကျွမ်းကျင်သော၊ ကျက်စားရာ စားကျက် အကြောင်းကို သိရှိနားလည်မှု မရှိသော၊ မညီညွတ်သော တောင်၌ လှည့်လည်ကျက်စားခြင်းငှာ မလိမ္မာသော၊ တောင်၌ ကျက် စားသော နွားမသည် ရှိ၏။ (ထိုနွားမသည် တစ်နေ့တွင် တောင်ထိပ်တစ်နေရာမှ လှမ်းမြော် ကြည့်လိုက်သော အခါ စိမ်းလန်းစိုပြည်သည့် မြက်သစ်ရွက်တို့ဖြင့် ဝိုင်းရံလျက်ရှိသော ကြည်လင်သော ရေရှိသော ရေအိုင်ကြီး တစ်ခုကို တွေ့မြင်ရသဖြင့်) ထိုနွားမ၏ စိတ်ဝယ် - ''ငါသည် မရောက်ဖူးသေးသော အရပ်သို့လည်း ရောက်ရမူ၊ မစားဖူးသေးသော မြက်တို့ကိုလည်း စားရမူ၊ မသောက်ဖူးသော ရေတို့ကိုလည်း သောက်ရမူ ကောင်းလေစွ''ဟု ဤသို့ အကြံ ဖြစ်ရာ၏။ ထိုနွားမသည် (တောင်ထိပ်မှ ဆင်းသက်သောအခါ) ရှေ့ခြေကို နင်းကွင်း ကောင်းကောင်း ၌ ကောင်းစွာ ထောက်တည်နိုင်အောင် မထားဘဲ နောက်ခြေကို ကြွမိလေရာ၏၊ ထိုနွားမိုက်မသည် (တောင်
诸比丘……譬如有一头在山上吃草的母牛,它愚笨、不熟练,不了解牧场的情形,也不善于在崎岖不平的山地行走。〔一天,它从一处山顶远望,看见一个清澈的大水池,周围长满青翠茂盛的新草与树叶。〕它心想:“如果我能去到未曾去过的地方,吃到未曾吃过的草,喝到未曾喝过的水,那就好了。”可是,它下山时,还没有把前脚稳稳踏在可靠的立足处,就抬起了后脚。这头愚牛(从山——
ပေါ်မှ ကာပြန်ကျသဖြင့်) မရောက်ဖူးသေးသော အရပ်သို့လည်း မရောက်နိုင်လေရာ၊ မစားဖူးသေးသော မြက် တို့ကိုလည်း မစားရလေရာ၊ မသောက်ဖူးသေးသော ရေတို့ကိုလည်း မသောက်ရလေရာ၊ ''ငါသည် မရောက်ဖူး သေးသော အရပ်သို့လည်း ရောက်ရမူ၊ မစားဖူးသေးသော မြက်တို့ကို စားရမူ၊ မသောက်ဖူးသေးသော ရေတို့ကို လည်း သောက်ရမူ ကောင်းလေစွ''ဟု ကြံစည်ခဲ့ရာဖြစ်သော နေရင်း တောင်ထိပ်အရပ်သို့လည်း ချမ်းသာစွာ ပြန်မရောက်လေရာ။
——上滚落下来),既到不了未曾去过的地方,也吃不到未曾吃过的草、喝不到未曾喝过的水;就连它生起上述想法时所在的原来那处山顶,也不能安稳返回。
ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း - ရဟန်းတို့ …ထိုနွားမသည် မိုက်မဲ၍ မကျွမ်းကျင်ဘဲ၊ ကျက်စားရာ စားကျက်အကြောင်းကို သိရှိနားလည်မှု မရှိဘဲ၊ မညီညွတ်သော မြေအဖို့ရှိသော တောင်အရပ်၌ လှည့်လည်ခြင်းငှာ မလိမ္မာပါဘဲလျက် တောင်၌ ကျက်စားသောကြောင့်တည်း။
为什么会这样呢?诸比丘……因为那头母牛愚笨、不熟练,不了解牧场的情形,也不善于在地势不平的山地行走,却偏偏在山上吃草。
ရဟန်းတို့ …ဤဥပမာအတူပင်လျှင် ဤသာသနာတော်၌ (သမာဓိ၏ဘေးရန်တို့ကို စင်ကြယ်အောင် သုတ်သင်ခြင်းကို မသိသည်၏ အဖြစ်ကြောင့်) မိုက်မဲသော၊ (စျာန်ကို နိုင်နိုင်နင်းနင်း လေ့လာနိုင်သည်၏ အဖြစ်သို့ ရောက်စေခြင်း၌ တတ်သိနားလည်မှု၏ မရှိခြင်းကြောင့်) မကျွမ်းကျင်သော၊ (အောက်အောက် စျာန်၌ ဝသီဘော် နိုင်နင်းခြင်းသည် အထက်အထက် စျာန်၏ အနီးကပ်ဆုံး အကြောင်းတရား = ပဒဋ္ဌာန်ဖြစ်မှုကို မသိခြင်းကြောင့်) မိမိကျက်စားရာ စားကျက်အကြောင်းကို မသိသော၊ (အချင်းခပ်သိမ်းအားဖြင့်လည်း စျာန်သမာပတ်ကို ဝင်စား ခြင်း၌ ကျွမ်းကျင်လိမ္မာမှု စွမ်းအင်၏ မရှိခြင်းကြောင့်) မလိမ္မာသော ရဟန်းသည် - ဝတ္ထုကာမ ကိလေသာကာမ တို့မှ ကင်းဆိတ်သည် ဖြစ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်သည်ဖြစ်၍သာလျှင် ကြံစည်မှု = ဝိတက်၊ သုံးသပ်ဆင်ခြင်မှု = ဝိစာရနှင့် တကွဖြစ်သော၊ နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသော နှစ်သိမ့်မှု
诸比丘……同样,在此教法中,有一位比丘:由于不知道如何彻底清除危害定的诸法,所以愚笨;由于不懂得如何练成禅那自在,所以不熟练;由于不知道熟练掌握下一级禅那是上一级禅那最切近的近因,所以不了解自己的牧场;由于完全没有熟练进入禅那等至的能力,所以不善巧。他远离所欲、烦恼欲,远离诸不善法,具寻、具伺,并具有因远离诸盖而生的欣喜——
= ပီတိ၊ ချမ်းသာမှု = သုခရှိသော ပထမစျာန်သို့ ရောက်လျက် နေ၏။
——即喜,以及安乐——即乐,成就并安住于初禅。
ထိုရဟန်းသည် ထိုနိမိတ်ကို (ပထမစျာန် သမာဓိနှင့် ထိုပထမစျာန်သမာဓိ ရကြောင်းဖြစ်သော အာနာပါန ပဋိဘာဂနိမိတ်ကို) အထပ်ထပ် မမှီဝဲ မပွားများ ကြိမ်ဖန်များစွာ မပြု၊ ကောင်းစွာ တည်တံ့အောင် မဆောက် တည်။
可是,他不反复亲近、培育和数数修习那个禅相〔即初禅定以及作为证得初禅定之因的入出息似相〕,也不使它稳固建立。
原书第 456 页
ထို ရဟန်း၏ စိတ်ဝယ် - ''ငါသည် ကြံစည်မှု = ဝိတက်၊ သုံးသပ်မှု = ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့် မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော မြတ်သော စိတ်တည်ကြည်မှု = သမာဓိကို တိုးပွားစေတတ်သော ကြံစည်မှု = ဝိတက်၊ သုံးသပ်ဆင်ခြင်မှု = ဝိစာရ မရှိသော စိတ်တည်ကြည်မှု = သမာဓိ ကြောင့် ဖြစ်ပေါ်လာသော နှစ်သိမ့်မှု = ပီတိ၊ ချမ်းသာမှု = သုခရှိသော ဒုတိယစျာန်သို့ ရောက်၍ နေရမူ ကောင်းလေစွ''ဟု ဤသို့ အကြံ ဖြစ်ပေါ်လာ၏။
于是,他心中生起这样的念头:“若我能因寻、伺止息,令内在相续中的心澄净,使殊胜的心定增长,无寻、无伺,具有由定而生的喜与乐,成就并安住于第二禅,那就好了。”
ထို ရဟန်းသည် ကြံစည်မှု = ဝိတက်၊ သုံးသပ်ဆင်ခြင်မှု = ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော မြတ်သော စိတ်တည်ကြည်မှု = သမာဓိကို တိုးပွားစေတတ်သော ကြံစည်မှု = ဝိတက်၊ သုံးသပ်ဆင်ခြင်မှု = ဝိစာရ မရှိသော စိတ်တည်ကြည်မှု သမာဓိကြောင့် ဖြစ်ပေါ်လာသော နှစ်သိမ့်မှု = ပီတိ၊ ချမ်းသာမှု = သုခရှိသော ဒုတိယစျာန်သို့ ရောက်၍ နေရန် မစွမ်းနိုင်။
然而,他不能因寻、伺止息而令内在相续中的心澄净、使殊胜的心定增长,也不能成就并安住于那无寻、无伺而具有定生喜乐的第二禅。
ထိုရဟန်း၏ စိတ်ဝယ် - ''ငါသည် ဝတ္ထုကာမ ကိလေသာကာမတို့မှ ကင်းဆိတ်သည်ဖြစ်၍သာလျှင်
随后,他心中又生起这样的念头:“若我远离所欲、烦恼欲——
အကုသိုလ်တရားတို့မှ ကင်းဆိတ်သည်ဖြစ်၍သာလျှင် ကြံစည်မှု = ဝိတက်၊ သုံးသပ်ဆင်ခြင်မှု = ဝိစာရနှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသော နှစ်သိမ့်မှု = ပီတိ၊ ချမ်းသာမှု = သုခရှိသော ပထမစျာန်သို့ ရောက်၍ နေရမူ ကောင်းလေစွ''ဟု ဤသို့ အကြံ ဖြစ်ပြန်လေရာ၏။
——也远离诸不善法,具寻、具伺,具有因远离诸盖而生的喜与乐,成就并安住于初禅,那就好了。”
ထိုရဟန်းသည် ဝတ္ထုကာမ ကိလေသာကာမတို့မှ ကင်းဆိတ်သည် ဖြစ်၍သာလျှင်။ ပ။ ပထမစျာန်သို့ ရောက်၍နေရန် မစွမ်းနိုင်။
可是,他不能成就并安住于那种远离所欲、烦恼欲……的初禅。
ရဟန်းတို့ …မိုက်မဲသော မကျွမ်းကျင်သော ကျက်စားရာ စားကျက် အကြောင်းကို သိရှိနားလည်မှု မရှိသော မညီညွတ်သော တောင်၌ လှည့်လည် ကျက်စားခြင်းငှာ မလိမ္မာသော တောင်၌ ကျက်စားသော ထို နွားမိုက်မကဲ့သို့ ဤရဟန်းကို (ပထမစျာန် ဒုတိယစျာန်ဟူသော) နှစ်ပါးစုံမှ လျှောကျ ပျက်စီးသူ နှစ်ပါးစုံမှ ယုတ်လျော့သူဟု ဆိုအပ်ပေ၏။ (အံ-၃-၂၁၆။) ထိုသို့ မိမိရရှိထားပြီး ဖြစ်သည့် ရရင်းစျာန်ကို ဝသီဘော်နိုင်အောင် = ကျေပွန်အောင် မလေ့လာဦးဘဲ အထက်စျာန်သို့ တက်ခြင်းငှာ အားထုတ်သော်လည်း ရရင်းစျာန်မှလည်း ယုတ်လျော့တတ်၍ အထက်စျာန် သို့လည်း တက်ရောက်ခြင်းငှာ မတတ်ကောင်းသည်၏ အဖြစ်ကြောင့် ဤယောဂါဝစရ ပုဂ္ဂိုလ်သည် ရှေးဦးစွာ ထိုရရင်း လက်ရှိ ပထမစျာန်၌သာလျှင် ငါးပါးကုန်သော အခြင်းအရာတို့ဖြင့် လေ့ကျင့်အပ် မှီဝဲအပ်ပြီးသော နိုင်နိုင်နင်းနင်း လေ့လာခြင်းရှိသည် (= ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ခြင်း ရှိသည်) ဖြစ်လေရာ၏။
诸比丘……正如那头在山上吃草、愚笨、不熟练、不了解牧场情形、也不善于在崎岖山地行走的母牛,这位比丘也被称为从两者——初禅与第二禅——跌落的人,从两者退失的人。(《增支部》3-216。)由此可知,在尚未把已经获得的禅那练习到熟练自在以前,即使努力升向上位禅,也会从已有的禅那退失,又不能升达上位禅。因此,这位瑜伽行者首先应当就在当前已经获得的初禅上,从五个方面反复练习、亲近,达到熟练掌握,也就是练成五自在。
ဝသီဘော် ငါးတန်
五自在
ဝသီ ---- လေ့လာခြင်း၊ အလိုအားလျော်စွာ ဖြစ်ခြင်း၊ နိုင်နင်းခြင်း၊ အလိုအားလျော်စွာ ဖြစ်စေနိုင်သော သတ္တိသည် ဝသီ မည်၏။ ယင်းတို့ကား အာဝဇ္ဇနဝသီ သမာပဇ္ဇနဝသီ အဓိဋ္ဌာနဝသီ ဝုဋ္ဌာနဝသီ ပစ္စဝေက္ခဏဝသီ ဟု ငါးမျိုး ရှိကုန်၏။
“自在”(vasī)意为熟练、如愿转起、能够掌握,以及令其如愿转起的能力。五种自在是:转向自在(āvajjanavasī)、入定自在(samāpajjanavasī)、住定自在(adhiṭṭhānavasī)、出定自在(vuṭṭhānavasī)和省察自在(paccavekkhaṇavasī)。
၁။ အာဝဇ္ဇနဝသီ
一、转向自在
ပထမစျာန်ကို အကြင်အကြင် အလိုရှိရာ အရပ်၌ အကြင် အကြင် အလိုရှိတိုင်းသော စျာန်အင်္ဂါကို အကြင် အလိုရှိသမျှ ကာလပတ်လုံး ဆင်ခြင်နိုင်၏၊ ဆင်ခြင်ခြင်း အာဝဇ္ဇန်း ဖြစ်ခြင်း၏ နှေးဖြည်းသည်၏ အဖြစ် သည် မရှိငြားအံ့၊ ဤသို့ တတ်နိုင်လတ်သော် အာဝဇ္ဇနဝသီ မည်၏။
对于初禅,无论在什么地方、什么时候,他都能对自己想要的任何禅支,随意省察任意长的时间;转向与省察的生起没有迟缓。具有这种能力,就称为转向自在。
原书第 457 页
အာနာပါနဿတိသမာဓိပိုင်း စျာန်အင်္ဂါကို ဆင်ခြင်မှု၌ နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိသည် အာဝဇ္ဇနဝသီ မည်၏။
能够熟练、自在地省察禅支的意门转向之能力,称为转向自在。
ပထမစျာန်ကို ဝင်စားပြီးလျှင် ပထမစျာန်မှ ထ၍ ရှေးဦးစွာ ပထမစျာန်၌ ပါဝင်သော ဝိတက် စျာန် အင်္ဂါကို ဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဘဝင်္ဂစလန = လှုပ်သော ဘဝင်၊ ဘဝင်္ဂုပစ္ဆေဒ = ဘဝင်အယဥ်ကို ဖြတ်သောဘဝင် ဖြစ်ပြီး၍ ယင်း ဘဝင်္ဂုပစ္ဆေဒ နောင်တွင် ဝိတက်ကို အာရုံပြု ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်း ဖြစ်ပေါ်လာ၏။ ယင်းမနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ဝိတက်လျှင် အာရုံရှိသည်သာလျှင် ဖြစ် ကြကုန်သော ယင်းဝိတက်ကိုပင် ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဇောတို့သည် ဣန္ဒြေထက်မြက်သူ ယောဂါ ဝစရပုဂ္ဂိုလ်အား လေးကြိမ်၊ ဣန္ဒြေ မထက်လွန်းသော ယောဂါဝစရပုဂ္ဂိုလ်အား ငါးကြိမ် လျင်မြန်စွာ စောကုန်၏။
瑜伽行者进入初禅、再从初禅出定以后,先省察初禅所含的寻禅支。他的名相续中先后生起有分波动——波动的有分——和有分断——截断有分流的有分;在有分断之后,取寻为所缘、对寻作省察的意门转向生起。紧接该意门转向,仍以寻为所缘并省察寻的省察速行迅速生起:诸根锐利的瑜伽行者生起4次,诸根不很锐利的瑜伽行者生起5次。
(ခုနစ်ကြိမ် မစောတော့ ဟူလို။) ထိုလေးကြိမ် ငါးကြိမ်သောဇောမှ နောက်၌ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒဟု ဘဝင်နှစ်ကြိမ် ဖြစ်ပြန်ကုန်၏၊ ထိုဘဝင်္ဂုပစ္ဆေဒ နောင်၌ တစ်ဖန် ဝိစာရလျှင် အာရုံရှိသော ဝိစာရကို ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်းသည် ဖြစ်ပေါ်လာ၏။ ထိုနောင် ဝိစာရကိုပင် ဆက်လက်၍ အာရုံပြု ဆင်ခြင်ကုန်သော လေးကြိမ် ငါးကြိမ်သော ပစ္စဝေက္ခဏာဇောတို့သည် စောကုန်၏။ ထိုနောင် ပီတိ သုခ ဧကဂ္ဂတာတို့ကို အသီးအသီး ဆင်ခြင်သော ဝီထိ များ ဆက်ကာ ဆက်ကာ ဖြစ်ကြ၏။
(意思是:不再生起7次。)那4次或5次速行之后,又生起有分波动、有分断这两次有分;有分断之后,取伺为所缘、对伺作省察的意门转向生起。此后,继续取伺为所缘并省察伺的省察速行生起4次或5次。再以后,分别省察喜、乐、一境性的各条心路相继生起。
ဤသို့သောနည်းဖြင့် စျာန်အင်္ဂါ ငါးပါးတို့၌ အကြင်အခါ၌ စျာန်အင်္ဂါမှ အခြားတစ်ပါးသော အာရုံတို့ကို အာရုံမပြုဘဲ စျာန်အင်္ဂါတို့ကိုသာ ဆက်ကာ ဆက်ကာ ဆက်တိုက် အာရုံပြုနေခြင်းကြောင့် ဝိသဘာဂအာရုံ တို့ဖြင့် အခြားမရှိသော စိတ်ကို စေလွှတ်ခြင်းငှာ စွမ်းနိုင်၏။ ဤသို့ ဆင်ခြင်ရာဝယ် စျာန်အင်္ဂါ အသီးအသီးကို ဆင်ခြင်သော ဝီထိတစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်အပို များစွာ မဖြစ်တော့ဘဲ မဖြစ်လျှင် မပြီးနိုင်သော ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒလောက်သာ ဖြစ်တော့၏။ စျာန်အင်္ဂါကို ဆင်ခြင်မှု၌ ဤမျှလောက် လျင်မြန်ထက်မြက် သော စွမ်းရည်သတ္တိရှိသည့်အခါ ထိုယောဂါဝစရပုဂ္ဂိုလ်အား အာဝဇ္ဇနဝသီသည် ပြီးစီး ပြည့်စုံသည် မည်ပေ သည်။
以这种方式,对五禅支不取任何其他所缘,而只是前后相续、接连不断地取诸禅支为所缘,便能使心不被异类所缘插入间隔而连续运行。在这样省察时,两条分别省察各个禅支的心路之间,不再生起许多额外的有分,只生起不可缺少的有分波动与有分断。省察禅支的能力达到这样迅捷锐利时,这位瑜伽行者的转向自在就称为已经圆满成就。
အထွတ်အထိပ်သို့ ရောက်နေသော ဘဝင်နှစ်ကြိမ် ခြား၍ လေးကြိမ်သော ပစ္စဝေက္ခဏာဇောရှိသော ဤဆိုအပ်ခဲ့ပြီးသော အာဝဇ္ဇနဝသီကိုကား မြတ်စွာဘုရား၏ ရေမီးအစုံ စသော တန်ခိုး ပြာဋိဟာကို ပြတော်မူရာ အခါ၌ ရရှိအပ်ပေသည်။ ဘုရားရှင်မှ တစ်ပါးသော အရှင်သာရိပုတ္တရာ စသည့် သူတော်စင်တို့အားမူလည်း ဤသို့သဘောရှိသော ထထကြွကြွ အလွန်ကြောင့်ကြပြု၍ အာဝဇ္ဇနဝသီကို ဖြစ်စေသော ကာလ၌ ရရှိနိုင်ပေ သည်။ ဘုရားရှင်မှတစ်ပါးသော သာဝကတို့၏ ထိုအာဝဇ္ဇနဝသီသည်လည်း အလွန်တိုတောင်းလှ၏၊ နည်းပါး သော အချိန်ကာလ ရှိ၏၊ ဘုရားရှင်၏ ရေမီး အစုံ အစုံစသော တန်ခိုး ပြာဋိဟာကို ပြတော်မူရာအခါ၌ကဲ့သို့ အလွန်ရှည်ကြာသော အစဥ်ရှိသည်ကား မဟုတ်ပါပေ၊ ထိုကြောင့် ထိုရေမီး အစုံ အစုံ စသော တန်ခိုးပြာဋိဟာ ကို သာဝကတို့နှင့် မဆက်ဆံဟူ၍ မိန့်ဆိုတော်မူအပ်ပေသည်။ ဘဝင် နှစ်ကြိမ် ခြားခြင်းရှိသော လေးကြိမ် သော ဇောရှိသော ဤဆိုအပ်ပြီးသော အာဝဇ္ဇနဝသီထက် အထူးသဖြင့် လျင်မြန်သော အာဝဇ္ဇနဝသီ မည်သည်
上述达到顶点、每两次有分之后即有4次省察速行的转向自在,在世尊示现水火双神变等神变时可以达到。除世尊以外,舍利弗尊者等圣者在格外奋发、极其用功地成就转向自在时,也能达到这种自在;然而,世尊以外的声闻弟子所达到的这种转向自在只能维持极短、极少的时间,不像世尊示现水火双神变等神变时那样具有极长的连续过程。因此,水火双神变等被说为“不共声闻弟子”。比上述由两次有分相隔、具有4次速行的转向自在更加迅速的转向自在——
ကား လောက၌ မရှိကောင်းတော့ပေ။ ထိုမျှလောက် မမြန်ဘဲ ဘဝင်အနည်းငယ် အပိုခြား၍ ဆက်ကာဆက်ကာ ဆင်ခြင်နိုင်လျှင်လည်း အာဝဇ္ဇနဝသီဟုပင် ဆိုထိုက်ပါ၏။ ဆိုလိုရင်းကား စျာန်အင်္ဂါကို အမြန်ဆုံး ဆင်ခြင် နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကိုပင် အာဝဇ္ဇနဝသီဘော်ဟု ဆိုလိုသည်။
——在世间已不可能有。即使没有这么快,只要能在中间多生起少数有分的情况下接连省察,也仍可称为转向自在。其本意是:意门转向能够以最快速度省察禅支的能力,称为转向自在。
(ဝိသုဒ္ဓိ-၁-၁၄၉-၁၅ဝ။ မဟာဋီ-၁-၁၇၈-၁၇၉။ သင်္ဂြိုဟ်ဘာသာဋီကာ-၅၆၅-၅၆၆။)
(《清净道论》1-149—150;《大复注》1-178—179;《摄阿毗达磨义论》缅文复注565—566。)
原书第 458 页
၂။ သမာပဇ္ဇနဝသီ
二、入定自在
ပထမစျာန်ကို အကြင် အကြင် အလိုရှိရာ အရပ်၌ အကြင် အကြင် အလိုရှိတိုင်း အကြင် အကြင် အလို ရှိသမျှ ကာလပတ်လုံး ဝင်စားနိုင်၏၊ ဝင်စားခြင်း၏ နှေးဖြည်းသည်၏ အဖြစ်သည် မရှိအံ့၊ ဤသို့ တတ်စွမ်း နိုင်လတ်သော် သမာပဇ္ဇနဝသီ မည်၏။
对于初禅,无论在什么地方、什么时候,他都能随意进入,并随意安住任意长的时间;入定的生起没有迟缓。具有这种能力,就称为入定自在。
စျာန်ကို ဝင်စားလိုသောဆန္ဒ ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်ပြီးနောက် ဘဝင်အပို မကျတော့ဘဲ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု ဖြစ်၍ အလိုရှိသမျှ စျာန်ဇောစိတ်များစွာကို ဖြစ်စေနိုင်ခြင်းသည် သမာပဇ္ဇနဝသီ မည်၏။
入禅的意愿一生起,此后不再落入额外的有分;有分波动、有分断、意门转向、遍作、近行、随顺、种姓依次生起,然后能使任意多个禅那速行心随愿生起,这种能力称为入定自在。
စျာန်ကို ရအပ်သည်နှင့် ထပ်တူထပ်မျှ ယှဥ်ဖက် သမ္ပယုတ်တရားနှင့် တကွသော စျာန်သို့ ကောင်းစွာ ရောက်ရှိနေခြင်းသည် သမာပဇ္ဇန = စျာန်ကို ဝင်စားခြင်း မည်၏၊ စျာန်နှင့် ပြည့်စုံနေသည်၏ အဖြစ်ကို ဆိုလို ပေသည်။
善巧进入与先前已经证得的禅那完全相同、且与诸相应法俱起的禅那,称为 samāpajjana——入禅;意思是处于具足禅那的状态。
အရှင်မဟာမောဂ္ဂလဒာန် ကိုယ်တော်မြတ်ကြီး၏ နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမရာအခါ၌ကဲ့သို့ စျာန်ကို ဝင်စားခြင်းငှာ အလိုရှိသောဆန္ဒ ဖြစ်ပေါ်ပြီးသည်၏ အခြားမဲ့၌ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ဟူသော နှစ်ချက်သော ဘဝင်ဖြစ်ကုန်လတ်သော် ဘဝင်အယဥ်ကို ဖြတ်ပြီးနောက် ဖြစ်ပေါ်လာသော မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ လျင်မြန်စွာ စျာန်ကို ဝင်စားခြင်းငှာ စွမ်းနိုင်သည်၏အဖြစ်သည် သမာပဇ္ဇနဝသီ မည်၏။ ဤကား တန်ခိုးပြရာ ကာလ စသည်၌ အရေးတကြီး ဝင်စားနိုင်သော အလွန်ထက်မြက်သူ ဉာဏ်ကြီးရှင်တို့၏ စွမ်းအင်သတ္တိထူးကြီး ပေတည်း။ ထိုမျှလောက် မမြန်ဘဲ ဘဝင်အပို အနည်းငယ် ကျသော်လည်း သမာပဇ္ဇနဝသီဟု ဆိုထိုက်သည် သာတည်း။ (ဝိသုဒ္ဓိ-၁-၁၄၉-၁၅ဝ။ မဟာဋီ-၁-၁၇၉။ သင်္ဂြိုဟ်ဘာသာဋီကာ-၅၆၆။)
如同大目犍连尊者调伏难陀邬波难陀龙王(Nandopananda)时那样:入禅的意愿一生起,紧接着只有称为有分波动与有分断的两次有分生起;有分流被截断以后,意门转向生起,紧接该意门转向便能迅速入禅。这种能力称为入定自在。这是智慧极其锐利者在紧急示现神变等时候,能够立即入定的殊胜大能力。即使没有这样迅速,在中间多生起少数有分,也仍可称为入定自在。(《清净道论》1-149—150;《大复注》1-179;《摄阿毗达磨义论》缅文复注566。)
လျင်မြန်မှု စွမ်းအင်
迅速入定的能力
လျင်မြန်မှု စွမ်းအင်ဟူရာဝယ် စျာန်ကို ဝင်စားခြင်းငှာ အလိုရှိသည်၏ အခြားမဲ့၌ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်နှစ်ကြိမ်တို့သည် ဖြစ်ကုန်ပြီးလတ်သော် ဘဝင်ကို ဖြတ်၍ ဖြစ်ပေါ်လာသော မနောဒွါရာ ဝဇ္ဇန်း၏ အခြားမဲ့၌ စျာန်ဇောအစဥ်ကို ဖြစ်စေခြင်း = စျာန်ကို ဝင်စားခြင်းသည် လျင်မြန်စွာ စျာန်ကို ဝင်စားခြင်း ငှာ စွမ်းနိုင်သည်၏အဖြစ် မည်၏။ အထွတ်အထိပ်သို့ ရောက်သော ဤ သမာပဇ္ဇနဝသီကိုလည်း ဘုရားရှင်၏ တရားတော်ကို ဟောတော်မူရာအခါ၌ ရအပ်ပေသည်။ ယင်းဝသီကိုပင် ရည်ရွယ်တော်မူ၍ ဤသို့ ဟောကြား တော်မူ၏။ ---- ''အဂ္ဂိဝေဿန အနွယ်၌ ဖြစ်သော တကာတော် သစ္စကပရိဗိုဇ် …ထိုသို့ တရားဟောနေသော ငါဘုရား သည် ထိုတရားစကား၏ အဆုံး၌ပင်လျှင် ငါဘုရားရှင်၏ အခါခပ်သိမ်း နေထိုင်ကြောင်းဖြစ်သော ထို ရှေးဖြစ်သော အရဟတ္တဖိုလ်သမာဓိ၏ အာရုံဖြစ်သော နိဗ္ဗာန်၌သာလျှင် စိတ်ကို ကောင်းစွာ တည်စေ၏၊
所谓迅速入定的能力,是指:入禅的意愿一生起,称为有分波动、有分断的两次有分随即生起;在截断有分以后生起意门转向,紧接该意门转向便使一连串禅那速行生起——也就是入禅。这就称为能够迅速入禅。达到顶点的这种入定自在,在世尊说法时也能达到。世尊正是针对这种自在而开示:“阿耆毗舍那族的萨遮游方者啊……我这样说法时,就在每次说法结束之际,把心稳固地安置在涅槃上;这个涅槃,正是我恒常安住之处,也是先前阿罗汉果定的所缘。我使心善住——
ကောင်းစွာ နေစေ၏၊ အာရုံတစ်ခုတည်း ရှိမှုကို ပြု၏၊ ကောင်းစွာ အညီအညွတ်ထား၏၊ ယင်းသို့သော ထားခြင်းဖြင့် အမြဲတမ်းလိုပင် နေထိုင်ပါ၏။'' (မ-၁-၃၁၆။) ဤဘုရားရှင်၏ သမာပဇ္ဇနဝသီထက် သာလွန်လျင်မြန်သော သမာပဇ္ဇနဝသီ မည်သည် မရှိပေ။ တစ်ချိန် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် လသာသော ညတစ်ညဝယ် ကပေါတချောက်၌ သီတင်းသုံးတော် မူလျက် သမာပတ်ကို ဝင်စားနေတော်မူ၏။ ထိုအခါဝယ် ခေါင်းရိတ်ပြီးစ ဖြစ်သဖြင့် ခေါင်းပြောင်လျက်ရှိသော
——于此,令它只有一个所缘,使它善加等持;我几乎总是以这样的安住而住。”(《中部》1-316。)没有任何入定自在能比世尊的这种入定自在更加迅速。曾有一次,在一个月光明亮的夜晚,舍利弗大长老住在迦波多峡谷(Kapota),正在进入等至。当时,他刚刚剃过头,头顶光秃——
原书第 459 页
အာနာပါနဿတိသမာဓိပိုင်း အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်၏ ဦးထိပ်ထက်၌ နန္ဒဘီလူးသည် တောင်ထွတ်ကြီးကိုသော်လည်း ပြိုကွဲ စေခြင်းငှာ စွမ်းနိုင်သော ပုတ်ခတ်ခြင်းကို ပေးခဲ့၏။ ''သမာပတ်မှ ထသည်နှင့် ညီမျှသောကာလ၌ ထလျှင် ထခြင်း ထိုနန္ဒဘီလူးက ပုတ်ခတ်ခြင်းကို ပေးအပ်၏''ဟု သုတ္တန်ဆောင် မထေရ်တို့ကား ဆိုတော်မူကြကုန်၏။
——南达夜叉向舍利弗尊者的头顶猛击一下,那一击甚至足以摧毁山峰。持经诸长老说:“就在尊者出等至的同一刹那,南达夜叉施下了那一击。”
ဤအရှင်သာရိပုတ္တရာ၏ သမာပဇ္ဇနဝသီသည်လည်း ဤအရာ၌ ထုတ်ပြထိုက်သော သာဓကတစ်ရပ်ပင် ဖြစ်ပေ သည်။ (မဟာဋီ-၁-၁၇၉။)
舍利弗尊者的这种入定自在,也正是这里值得举出的一个例证。(《大复注》1-179。)
၃။ အဓိဋ္ဌာနဝသီ
3.住定自在
လက်ဖျစ် တစ်တွက် အတိုင်းအရှည်ရှိသော ခဏပတ်လုံးလည်းကောင်း၊ လက်ဖျစ်ဆယ်တွက် အတိုင်း အရှည်ရှိသော ခဏပတ်လုံးလည်းကောင်း၊ တစ်နာရီ၊ တစ်နံနက်၊ တစ်ရက် စသည်ဖြင့် မိမိ အလိုရှိသမျှ ကာလ ပတ်လုံးလည်းကောင်း ပိုလည်း မပိုရ၊ လိုလည်း မလိုရအောင် ဝင်စားလိုရာ အချိန်စေ့အောင် ရေကာတာရိုး သည် ရေကို တားထားသကဲ့သို့ ဘဝင်အယဥ်ကို တားဆီး၍ စျာန်ဇောစိတ်အစဥ်ကို တည်တံ့အောင် ထားခြင်းငှာ စွမ်းနိုင်သော သတ္တိသည် အဓိဋ္ဌာနဝသီ မည်၏။ (ဝိသုဒ္ဓိ-၁-၁၅ဝ။ မဟာဋီ-၁-၁၈ဝ။)
无论预定只住一弹指的短暂时间、十弹指的时间,还是1小时、1个上午、1天等自己所希望的任何时长,都能不多不少,恰好住满预定入定的时间;如堤坝拦水一般截住有分流,使禅那速行心相续稳定维持。这种能力称为住定自在。(《清净道论》1-150;《大复注》1-180。)
၄။ ဝုဋ္ဌာနဝသီ
4.出定自在
အလားတူပင် လက်ဖျစ်တစ်တွက် အတိုင်းအရှည်ရှိသော ကာလပတ်လုံးလည်းကောင်း၊ လက်ဖျစ် ဆယ်တွက် အတိုင်းရှည်ရှိသော ကာလပတ်လုံးလည်းကောင်း တစ်နာရီ၊ တစ်နံနက်၊ တစ်ရက် စသည်ဖြင့် မိမိတို့ အလိုရှိသမျှ ကာလပတ်လုံးလည်းကောင်း တစ်ခဏမျှ ခပ်တိုတို ဝင်စားလိုလျှင် ခပ်တိုတို ဝင်စား၍ ကြာရှည် စွာ ဝင်စားလိုလျှင် ကြာရှည်စွာ ဝင်စား၍ ရည်မှန်းထားသော အချိန်ကာလကို ပိုလည်း မပိုရ လိုလည်း မလို ရအောင် စျာန်ဇောစိတ်အစဥ်မှ လျင်မြန်စွာ ထခြင်းငှာ စွမ်းနိုင်သော သတ္တိသည် ဝုဋ္ဌာနဝသီ မည်၏။
同样,无论预定入定一弹指、十弹指,还是1小时、1个上午、1天等自己所希望的任何时长;想短暂入定便短暂入定,想长久入定便长久入定;都能不早不迟,在预定时刻迅速从禅那速行心相续中出来。这种能力称为出定自在。
စျာန်စိတ်ချည်း ဆက်၍ ဖြစ်နေခြင်းကို စျာန်ဝင်စားသည်ဟု ခေါ်၍ စျာန်ဇော စိတ်အစဥ် ပြတ်၍ ဘဝင် စိတ် ဖြစ်ပေါ်လာမှုကို စျာန်မှ ထသည်ဟု ခေါ်၏။ ဤနှစ်ပါးသော ဝသီဘော်တို့တွင် ဤမျှလောက်သော ခဏပတ်လုံးသာလျှင် စျာန်ကို (= စျာန်ဇောစိတ်အစဥ်ကို ) ထားအံ့ တည်စေအံ့ဟု စျာန်မဝင်စားမီ ရှေး၌ ဖြစ်သော ပရိကံ၏ အစွမ်းဖြင့် အဓိဋ္ဌာန် = ပရိကံပြုသည့်အတိုင်း တည်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်သည် အဓိဋ္ဌာနဝသီ မည်သကဲ့သို့ အလားတူပင် ဤမျှလောက်သော ခဏပတ်လုံးသာလျှင် စျာန်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်မှ ထအံ့ဟု စျာန်မဝင်စားမီ ရှေး၌ ဖြစ်သော ပရိကံ၏ အစွမ်းဖြင့် စျာန်မှ ထခြင်း၌ စွမ်းနိုင်သည်၏ အဖြစ် သည် ဝုဋ္ဌာနဝသီ မည်၏ဟု သိရှိပါလေ။ ထိုအဓိဋ္ဌာနဝသီ ဝုဋ္ဌာနဝသီ နှစ်ပါးကို ထင်ရှားပြခြင်းငှာ အရှင်ဗုဒ္ဓရက္ခိတ မထေရ်၏ ဝတ္ထုကို ဆိုခြင်းငှာ သင့်လှပေ၏။
只有禅心接连不断地生起,称为“进入禅那等至”;禅那速行心相续中断而有分心生起,则称为“从禅那出定”。在这两种自在中,入定以前先作遍作:“我要使禅那——即禅那速行心相续——只维持这么长的时间。”凭借这项遍作,能够依所作的决意使禅那维持、安住,称为住定自在。同样,入定以前先作遍作:“我要具足禅那这么长的时间,然后出定。”凭借这项遍作,能够从禅那出来,称为出定自在;应当如此理解。为了清楚显示住定自在与出定自在这两种自在,很适合讲述佛护长老的事迹。
ထို အရှင်ဗုဒ္ဓရက္ခိတသည် ပဉ္စင်းဖြစ်သည်မှ ရှစ်ဝါအရတွင် အရှင်မဟာမဟိန္ဒမထေရ် ကောင်းကင်မှ သက်ကျရာ သရက်ပင်ရောက်သော ကုန်း၌ မဟာရောဟဏဂုတ္တမထေရ်မြတ်ကြီးအား သူနာပြုစုရန် အလို့ငှာ ကြွရောက်တော်မူလာကြကုန်သော သုံးသောင်းကုန်သော တန်ခိုးရှိသော အရှင်တို့၏ အလယ်၌ နေလျက် ရောဟဏဂုတ္တမထေရ်မြတ်ကြီးအား ယာဂု ဆက်ကပ်လာသော အလုပ်အကျွေး နဂါးမင်းကို သုတ်ယူအံ့ဟူသော ရည်ရွယ်ချက်ဖြင့် ကောင်းကင်မှ ဆင်းသက်ပျံသန်း ပြေးလာသော ဂဠုန်မင်းကို မြင်၍ ထိုခဏ၌ပင်လျှင် တောင် ကို ဖန်ဆင်း၍ နဂါးမင်းကို မောင်း၌ကိုင်၍ ထို မိမိ ဖန်ဆင်းထားသော တောင်ခေါင်းအတွင်းသို့ ဝင်သွားတော် မူ၏။ ကောင်းကင်မှ ပြေးဆင်းလာသော ဂဠုန်မင်းသည် ထို ဖန်ဆင်းထားသော တောင်၌ ရင်ဘတ်ဖြင့် ပုတ်ခတ်ခြင်းကို ပေးပြီး၍ (ရင်ဘတ်နှင့် တောင်ကြီးကို ဆောင့်မိလျက်) ထွက်ပြေးရလေ၏။ ထိုအခါ မဟာ
佛护尊者受具足戒满八雨安居时,住在三万位具有神通的尊者之中。这些尊者来到那座长着芒果树、摩诃摩哂陀长老昔日从空中降落之处的山丘,是为了照料患病的摩诃罗哈那笈多大长老。当时,一位侍者龙王正为罗哈那笈多大长老送来米粥;一只金翅鸟王为了攫取龙王,从空中迅猛俯冲而下。佛护尊者看见后,当下便化出一座山,挽住龙王的臂膀,一同进入自己所化山中的洞穴。那只从空中俯冲而来的金翅鸟王,胸膛撞上化现的山后,只得逃走。这时,摩诃——
原书第 460 页
ရောဟဏဂုတ္တ မထေရ်ကြီးက ''ငါ့ရှင်တို့ …ဗုဒ္ဓရက္ခိတသည် အကယ်၍ မရှိအံ့၊ ငါတို့အားလုံးသည် ကဲ့ရဲ့ ထိုက်သူတို့ ဖြစ်ကြရကုန်အံ့''- ဟု ဆိုတော်မူ၏။ (ဝိသုဒ္ဓိ-၁-၁၅ဝ။) အကြင် အဘိညာဏ်စိတ်ဖြင့် တောင်ကို ဖန်ဆင်းလေရာ၏၊ ထို အဘိညာဏ်စိတ်သည်ကား တစ်ကြိမ် သည်သာလျှင် ဖြစ်သည်ကား မှန်၏၊ သို့သော်လည်း အဘိညာဏ်၏ အခြေပါဒက ဖြစ်သော စျာန်ကိုသာ၍ လျင်မြန်စွာ ထားခြင်းကိုလည်းကောင်း၊ ထိုစျာန်မှ ထခြင်းကိုလည်းကောင်း ဤအရာ၌ သက်သေအဖြစ် ဤ ဝတ္ထုကို ထုတ်ဆောင်ပြခြင်း ဖြစ်၏ဟု မှတ်ပါ။ ထိုကဲ့သို့ စျာန်စိတ်ကို လျင်မြန်စွာ ထားနိုင်သော အဓိဋ္ဌာနဝသီ၊ စျာန်မှ လျင်မြန်စွာ ထနိုင်သော ဝုဋ္ဌာနဝသီဟူသော ဝသီဘော် နှစ်ပါးကို အထူးနိုင်နင်းတော်မူသော အရှင် ဗုဒ္ဓရက္ခိတသာ မရှိခဲ့ပါမူ သုံးသောင်း အတိုင်းအရှည် ရှိကုန်သော ဤမျှလောက်ကုန်သော တန်ခိုးရှင်တို့သည် အလုပ်အကျွေးတစ်ဦး ဖြစ်သော နဂါးကို ဂဠုန်ဘေးရန်မှ စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်ကုန်ဟု ကဲ့ရဲ့ထိုက်သည်
——罗哈那笈多大长老说:“诸贤友……假使没有佛护,我们大家都要受到责备。”(《清净道论》1-150。)用来化出那座山的神通心,诚然只生起一次;然而,这一事迹之所以在此作为例证,是为了显示:对于作为神通基础的禅那,佛护尊者能够极其迅速地使它安住,也能够极其迅速地从中出定。佛护尊者尤其精通这两种自在:住定自在,能使禅心迅速安住;出定自在,能迅速从禅那出来。若不是他,在场多达三万位的神通者竟不能保护一位为长老服务的龙王免遭金翅鸟危害,就理应——
ဖြစ်ကုန်ရာ၏။ (မဟာဋီ-၁-၁၈ဝ။)
——受到责备。(《大复注》1-180。)
၅။ ပစ္စဝေက္ခဏဝသီ
5.省察自在
ပစ္စဝေက္ခဏဝသီ ပန အာဝဇ္ဇနဝသိယာ ဧဝ ဝုတ္တာ။ ပစ္စဝေက္ခဏဇဝနာနေဝ ဟိ တတ္ထ အာဝဇ္ဇနာ- နန္တရာနီတိ။ (ဝိသုဒ္ဓိ-၁-၁၅ဝ။) အာဝဇ္ဇနာနန္တရာနီတိ အာဝဇ္ဇနဝသီဘာဝါယ ယထာက္ကမံ ဝိတက္ကာဒီနံ စျာနင်္ဂါနံ အာဝဇ္ဇနာယ ပရတော ယာနိ ဇဝနာနိ ပဝတ္တာနိ၊ တာနိ တေသံ ပစ္စဝေက္ခဏာနိ။ ယဒဂ္ဂေန အာဝဇ္ဇနဝသီ သိဒ္ဓိ၊ တဒဂ္ဂေန ပစ္စဝေက္ခ- ဏာဝသီ သိဒ္ဓိ ဝေဒိတဗ္ဗာ။ (မဟာဋီ-၁-၁၈ဝ။) စျာန်အင်္ဂါတို့ကို ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း၏ နောက်၌ ပစ္စဝေက္ခဏာဇောများ ဆက်၍ စော၏။
“至于省察自在,已经在转向自在中说过;因为在那种情形中,省察速行正是紧“所谓‘紧随转向’,意为:为了成就转向自在,先依次转向寻等诸禅支,随后转起的诸速行,便是对那些禅支的省察。因此,转向自在成就到什么程度,也应知省察自在便成就到什么程度。”在能够省察诸禅支的意门转向之后,省察速行接连生起。
ယင်း ပစ္စဝေက္ခဏာဇောတို့သည်လည်း စျာန်အင်္ဂါတို့ကိုပင် ဆက်လက်၍ ဆင်ခြင်ကြ၏။ စျာန်အင်္ဂါတို့ကို ဆင်ခြင်တတ်သော ယင်း ပစ္စဝေက္ခဏာဇောတို့၏ စွမ်းအင်သတ္တိကို ပစ္စဝေက္ခဏာဝသီဟု ခေါ်ဆိုပေသည်။
这些省察速行也继续省察同样的诸禅支。能以这些省察速行省察诸禅支的能力,称为省察自在。
စျာန်အင်္ဂါတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိတို့၏ တစ်ဝီထိနှင့် တစ်ဝီထိ အကြားဝယ် ဘဝင်များစွာ မခြားဘဲ ဆက်ကာ ဆက်ကာ ဆင်ခြင်နိုင်သော သတ္တိတည်း။ ထိုကြောင့် အာဝဇ္ဇနဝသီဘော် ပြီးစီး အောင်မြင်လျှင် ပစ္စဝေက္ခဏာဝသီဘော်လည်း ပြီးစီးအောင်မြင်တော့သည်သာဟု သိရှိပါလေ။ စျာန်အင်္ဂါတို့ကို အမြန်ဆုံး ဆင် ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း၏ စွမ်းအင်သတ္တိကို အာဝဇ္ဇနဝသီဟုလည်းကောင်း၊ စျာန်အင်္ဂါတို့ကို အမြန်ဆုံး ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဇော၏ စွမ်းအင်သတ္တိကို ပစ္စဝေက္ခဏာဝသီဟုလည်းကောင်း နှစ်မျိုး ခွဲခြား ထားသည်ဟု မှတ်ပါ။ (ဝိသုဒ္ဓိ-၁-၁၅ဝ။ မဟာဋီ-၁-၁၈ဝ။) ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးကား ကမ္မဋ္ဌာန်းကျမ်းကြီးတွင် ---- ''စျာန်အင်္ဂါတို့ကို ဆင်ခြင်ပြီးလျှင် တစ်ဖန် စျာန်ကို အလျင်အမြန် ဝင်စားဖို့ရန် စျာန်အင်္ဂါတို့ကို ဆင်ခြင် သော ပစ္စဝေက္ခဏာဇောတွေကို ခုနစ်ကြိမ်လောက် များစွာ မဖြစ်စေဘဲ လေးကြိမ် ငါးကြိမ်မျှလောက်သာ
也就是说,在一条条省察诸禅支的省察心路之间,不夹杂许多有分,便能接连不断地省察。因此,应当知道:转向自在一旦成就,省察自在也就随之成就。能够以最快速度省察诸禅支的意门转向之能力,称为转向自在;能够以最快速度省察诸禅支的省察速行之能力,称为省察自在;二者依此分开。(《清净道论》1-150;《大复注》1-180。)大恩德的雷迪大长老在《大业处书》中开示:“省察诸禅支以后,为了再次迅速入定,不让省察诸禅支的省察速行多到通常的7次,而只让它生起4次或5次——
ကျစေနိုင်မှုကို ပစ္စဝေက္ခဏာဝသီဟု ခေါ်သည်'' - ဟု ဤသို့ မိန့်ဆိုထားတော်မူပေသည်။
——能够做到这一点,就称为省察自在。”
(ကမ္မဋ္ဌာန်းကျမ်းကြီး - ၄၅။)
(《大业处书》45页。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。