两两分叉、交织生起的方式

色业处部分 · 原书第 712–717 页 · 36 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 712 页
နှစ်ခွ - နှစ်ခွ - ရောယှက် ဖြစ်ပုံ
两两分叉、交织生起的方式
အထက်တွင် ဖော်ပြခဲ့သော စက္ခုဒွါရ၌ တည်ရှိသော --- စက္ခုဒသက ကလာပ်၊ ကာယဒသက ကလာပ်၊ ဘာဝဒသက ကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်ဟူသော (၆)မျိုးသော ရုပ်ကလာပ်တို့၏ ဖြစ်စဥ်ကို မရောစပ်သဖြင့် ထင်ရှားဖော်ပြထား၏။ ယင်းဖော်ပြချက်ကို သေချာစေ့ငု ကြည့် ရှု၍ စနစ်တကျ ရှုပွား သိမ်းဆည်းတတ်အောင် လေ့ကျင့်ပါ။ စက္ခုဒသက ကလာပ် စသော ထိုထို ရုပ်ကလာပ် တစ်ခု အတွင်း၌ --- ၁။ တေဇောဓာတ်၊ ၂။ သြဇာ ---
上文已经把眼门中眼十法聚、身十法聚、性根十法聚、心生食素八法聚、时节生食素八法聚与食生食素八法聚这6类色聚的生起过程,各自分开而不混杂地清楚说明。应当仔细考察这些说明,训练自己能依其系统观修、把握。眼十法聚等每一个色聚内部,都有:1.火界;2.食素——
原书第 713 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ဤနှစ်မျိုးသော ပရမတ်တရားတို့သည် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သော စွမ်း အားရှိသော ရုပ်ပရမတ်တရားများ ဖြစ်ကြ၏။ ထိုတွင် တေဇောဓာတ်သည် --- ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ = (ဝိသုဒ္ဓိ-၂-၂၅၁။) ဟူသော အဋ္ဌကထာ အဆိုအတိုင်း ဥပါဒိန္နက ကမ္မဇရုပ်၏ အားပေးထောက်ပံ့မှုကို ရရှိသော အခါ ဥတုသမုဋ္ဌာန် သြဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏။
——这两种究竟色法,都具有产生一个个新的食素八法聚的能力。其中,依义注所说的巴利原句(缅文转写):“ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ”(《清净道论》2-251。)——“得到已被执受者作为缘”,火界得到已被执受的业生色扶助、支持时,便能产生时节所生的食素八法聚。
သြဇာသည်လည်း ဥပါဒိဏ္ဏံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ-၂-၂၅၁။) ဥပါဒိဏ္ဏ ကမ္မဇရုပ်၏ အ- ထောက်အပံ့ကို ရရှိသောအခါ အာဟာရသမုဋ္ဌာန် သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေနိုင်၏။ စက္ခုဒွါရ၌ ရှိသော ကျန်ရုပ်ကလာပ် (၅)မျိုးတို့၌လည်း နည်းတူပင် မှတ်ပါ။ ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ်နှင့် သြဇာတို့ ပါဝင်မြဲ ဓမ္မတာဖြစ်ရာ ရုပ်ကလာပ်တိုင်းလိုလို၌ တည်ရှိသော တေဇောဓာတ်တိုင်း သြဇာတိုင်းသည် ယေဘုယျ အားဖြင့် ဌီကာလသို့ရောက်ခိုက် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်၏ဟု လိုရင်းအချက်ကို မှတ်သားထားပါ။
“得到已被执受的业生色作为缘。”(《清净道论》2-251。)食素得到已被执受的业生色资助时,便能产生新的食所生食素八法聚。眼门中其余5类色聚,也应当同样理解。由于每一个色聚必然都含有火界与食素,所以应牢记这一要点:一般而言,几乎每一个色聚中的每一火界、每一食素,到达住时后,都能产生一个个新的食素八法聚。
ဤ၌ ယေဘုယျဟု ပြောဆိုရခြင်းမှာ ဤသို့ ဖြစ်၏ --- ယင်းတေဇောဓာတ်နှင့် သြဇာတို့က ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန် ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေရာ၌ လေးဆင့် ငါးဆင့် စသည်ဖြင့် ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေနိုင်သည်ဖြစ်ရာ --- နောက်ဆုံးအဆင့် ရုပ်ကလာပ်တွင် တည်ရှိသော တေဇောဓာတ်နှင့် သြဇာတို့ကား နောက်ထပ် သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအား မရှိတော့သောကြောင့် ယေဘုယျ = များသောအားဖြင့်ဟု ပြောဆိုခြင်း ဖြစ်သည်။ ဤရှင်းလင်းချက်ကို သဘောပေါက်ပါက အောက်ပါ မဟာဋီကာဆရာတော်၏ မိန့်ကြားချက်ကို သဘောပေါက် နားလည်နိုင်မည် ဖြစ်ပေသည်။
这里之所以说“一般而言”,理由如下:火界与食素产生一个个新的时节所生、食所生色聚时,能够把色聚的生起连接成4代、5代等相续;但处在最后一代色聚中的火界与食素,已不再具有继续产生新食素八法聚的力量。因此才说“一般”=“多数情形”。明白这一说明后,便能理解下列《大复注》论师的开示。
မဟာဋီကာ၏ ဖွင့်ဆိုချက်
《大复注》的解释
ဧတ္ထ စ ယထာ တတ္ထ တတ္ထ ကောဋ္ဌာသေ ပရမ္ပရပ္ပဝတ္တိံ ဒဿေန္တေန အကမ္မဇာ ဒုတိယာဒိပဝတ္တိယော အသမ္ဘေဒေန ဒဿိတာ၊ ဧဝံ ကမ္မဇာဟာရသမုဋ္ဌာနဥတုဝသေန၊ ကမ္မဇဥတုသမုဋ္ဌာနာဟာရဝသေန၊ ကမ္မပစ္စယ စိတ္တဇာဟာရ-ဥတုသမုဋ္ဌာနဥတုအာဟာရဝသေန စ သမ္ဘေဒဝသေနာပိ ရူပပ္ပဝတ္တိ ဒဿေတဗ္ဗာတိ ဝဒန္တိ။
巴利《大复注》引文(缅文转写,出处见下一单元):“ဧတ္ထ စ ယထာ တတ္ထ တတ္ထ ကောဋ္ဌာသေ ပရမ္ပရပ္ပဝတ္တိံ ဒဿေန္တေန အကမ္မဇာ ဒုတိယာဒိပဝတ္တိယော အသမ္ဘေဒေန ဒဿိတာ၊ ဧဝံ ကမ္မဇာဟာရသမုဋ္ဌာနဥတုဝသေန၊ ကမ္မဇဥတုသမုဋ္ဌာနာဟာရဝသေန၊ ကမ္မပစ္စယ စိတ္တဇာဟာရ-ဥတုသမုဋ္ဌာနဥတုအာဟာရဝသေန စ သမ္ဘေဒဝသေနာပိ ရူပပ္ပဝတ္တိ ဒဿေတဗ္ဗာတိ ဝဒန္တိ။”译:“在这里,正如为了显示各个身分中前后相续的转起,而把非业生的第二代等转起分别、不混杂地显示出来;同样,也应当依业生食所生时节、业生时节所生食、业缘心生食,以及时节所生时节与食等方式,以交织混合的方式显示色法的转起。诸师如此说。”
(မဟာဋီ-၂-၄ဝ၁။)
缅文出处原文:“(မဟာဋီ-၂-၄ဝ၁။)”(《大复注》2-401。)
ဤအရာဝယ် ကမ္မဇကောဋ္ဌာသ၊ စိတ္တဇကောဋ္ဌာသ၊ ဥတုဇကောဋ္ဌာသ၊ အာဟာရဇကောဋ္ဌာသဟူသော ထိုထိုကောဋ္ဌာသ အဖို့အစု၌ ရုပ်ကလာပ်တို့၏ ရှေးနှင့်နောက် အစဥ်မပြတ် ဆက်စပ်လျက် အဆက်ဆက် ဖြစ် ခြင်းကို ဖွင့်ပြတော်မူသော အဋ္ဌကထာဆရာတော်သည် ကမ္မပစ္စယ အာဟာရသမုဋ္ဌာန်၊ ကမ္မပစ္စယ ဥတုသမုဋ္ဌာန် စသော ကမ္မဇ မဟုတ်သော နှစ်ခုမြောက်သော ရုပ်ကလာပ် စသည်တို့၏ ဖြစ်ခြင်းကို ရှင်းရှင်းလင်းလင်း တစ်- ကန့်စီ ခြားနား၍ မရောမယှက်ဘဲ ဖော်ပြသကဲ့သို့ အလားတူပင် --- ၁။ ကမ္မဇာဟာရသမုဋ္ဌာနဥတု၏ အစွမ်းဖြင့်လည်းကောင်း၊ ၂။ ကမ္မဇဥတုသမုဋ္ဌာနာဟာရ၏ အစွမ်းဖြင့်လည်းကောင်း၊ ၃။ ကမ္မပစ္စယ စိတ္တဇာဟာရ၏ အစွမ်းဖြင့်လည်းကောင်း၊ ၄။ ဥတုသမုဋ္ဌာန ဥတုအာဟာရတို့၏ အစွမ်းဖြင့်လည်းကောင်း --- ရောယှက်သည်၏ အစွမ်းဖြင့်လည်း ရုပ်၏ ဖြစ်ခြင်းအစဥ်ကို ပြသင့်၏ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြ ကုန်၏။ (မဟာဋီ-၂-၄ဝ၁။)
这里,义注师为了显示业生身分、心生身分、时节生身分与食生身分等各身分中,诸色聚如何前后不断连接、逐代生起,把业缘食生色、业缘时节生色等并非由业直接产生的第二代色聚等生起过程,清楚地逐项分开、不相混杂地说明。与此相同,诸师说还应当显示如下交织生起的色法相续:1.依“ကမ္မဇာဟာရသမုဋ္ဌာနဥတု”(kammajāhāra-samuṭṭhāna-utu,业生食所生时节)之力;2.依“ကမ္မဇဥတုသမုဋ္ဌာနာဟာရ”(kammaja-utu-samuṭṭhāna-āhāra,业生时节所生食)之力;3.依“ကမ္မပစ္စယ စိတ္တဇာဟာရ”(kamma-paccaya cittajāhāra,业缘心生食)之力;4.依“ဥတုသမုဋ္ဌာန ဥတုအာဟာရ”(utu-samuṭṭhāna utu-āhāra,时节所生时节与食)之力。(《大复注》2-401。)
ဤအထက်ပါ မဟာဋီကာတို့၏ မိန့်မှာတော်မူချက်အရ ရှုကွက်ကို ရှုတတ်ဖို့ရန်အတွက် အတိုချုပ်ကို
为了依照上述《大复注》的开示实际观见这些观照对象,下面再略作——
原书第 714 页
အနည်းငယ် ထပ်မံ ရှင်းလင်း တင်ပြအပ်ပါသည်။ စက္ခုဒွါရ၌ တည်ရှိသော (၆)မျိုးသော ရုပ်ကလာပ်တို့ကိုပင် စံနမူနာထား၍ ဖော်ပြအပ်ပါသည်။
——进一步说明。这里以眼门中存在的6类色聚作为范例加以说明。
၁။ စက္ခုဒသက ကလာပ် အတွင်း၌ တည်ရှိသော ကမ္မဇတေဇောဓာတ်သည် ဥပါဒိဏ္ဏက ကမ္မဇရုပ်၏ အ- ထောက်အပံ့ကို ရရှိသည်ဖြစ်၍ ဌီကာလသို့ရောက်ခိုက် သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေ၏။ ကမ္မဇ ဥတုကြောင့် ဖြစ်ပေါ်လာသည့် (ကမ္မဇပစ္စယ) ဥတုသမုဋ္ဌာန်ရုပ်တည်း။ ယင်းဥတုသမုဋ္ဌာန်ရုပ်တွင် ပါဝင်တည် ရှိသော --- (၈)မျိုးသော ရုပ်တို့တွင် တေဇောဓာတ်လည်း ပါဝင်၏၊ သြဇာလည်း ပါဝင်၏။ ကမ္မပစ္စယ ဥတု သမုဋ္ဌာန်တေဇောဓာတ်နှင့် ကမ္မပစ္စယ ဥတုသမုဋ္ဌာန်သြဇာတည်း။
1.眼十法聚内的业生火界,得到已被执受的业生色资助后,到达住时便产生一个新的食素八法聚。这是由业生时节产生的“(ကမ္မဇပစ္စယ) ဥတုသမုဋ္ဌာန်ရုပ်”=(业缘)时节生色。该时节生色聚所含8种色法中,既有火界,也有食素;它们分别称为“ကမ္မပစ္စယ ဥတုသမုဋ္ဌာန်တေဇောဓာတ်”(业缘时节所生火界)与“ကမ္မပစ္စယ ဥတုသမုဋ္ဌာန်သြဇာ”(业缘时节所生食素)。
၁။ ယင်း (ကမ္မပစ္စယ) ဥတုသမုဋ္ဌာန်တေဇောဓာတ်ကလည်း ဌီကာလသို့ရောက်ခိုက် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏၊ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ-၂-၂၅၂။) ၂။ ယင်း (ကမ္မပစ္စယ) ဥတုသမုဋ္ဌာန်သြဇာကလည်း ဌီကာလသို့ရောက်ခိုက် (အာဟာရသမုဋ္ဌာန်သြဇာ၏ အထောက်အပံ့ကို ရသော်) သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ဥတုပစ္စယ အာဟာရ သမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ-၂-၂၅၂။) တစ်နည်းဆိုရသော် ကမ္မဇဥတုသမုဋ္ဌာနာဟာရဇရုပ်တည်း။
1.这个(业缘)时节所生火界到达住时,又产生一个新的食素八法聚,称为“ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်”(utu-paccaya utu-samuṭṭhāna-rūpa,时节缘时节生色)。(《清净道论》2-252。)2.这个(业缘)时节所生食素到达住时〔若得到食生食素的资助〕,也产生一个新的食素八法聚,称为“ဥတုပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်”(utu-paccaya āhāra-samuṭṭhāna-rūpa,时节缘食生色)。(《清净道论》2-252。)换一种说法,它就是“ကမ္မဇဥတုသမုဋ္ဌာနာဟာရဇရုပ်”(kammaja-utu-samuṭṭhānāhāraja-rūpa,业生时节所生食生色)。
(မဟာဋီ-၂-၄ဝ၁။)
缅文出处原文:“(မဟာဋီ-၂-၄ဝ၁။)”(《大复注》2-401。)
ဤကား ကမ္မပစ္စယ ဥတုသမုဋ္ဌာန် တစ်နည်း ကမ္မဇ ဥတုသမုဋ္ဌာန်ရုပ်မှ ထပ်ဆင့်၍ (၁) ဥတုသမုဋ္ဌာန်၊ (၂) အာဟာရသမုဋ္ဌာန်ဟု ရုပ် (၂)မျိုး ဖြစ်ပွားသွားပုံတည်း။ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
这就是从业缘时节生色——换言之,从业生时节所生色——进一步分出1.时节所生色与2.食所生色这两类色法的过程。应当以智清楚观见。
တစ်ဖန် အထက်ပါ --- အမှတ် (၁) ဖြစ်သော - ဥတုပစ္စယ ဥတုသမုဋ္ဌာန်သြဇဋ္ဌမကရုပ်တွင်လည်း တေဇော ဓာတ်နှင့် သြဇာ ပါဝင်လျက်ပင် ရှိပြန်၏။ ယင်းတေဇောဓာတ်ကလည်း သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ် စေပြန်၏။ (ဥတုပစ္စယ) ဥတုသမုဋ္ဌာန ဥတုဇရုပ်တည်း။
再者,上述第1项“时节缘时节生食素八法聚”中,仍然含有火界与食素。该火界又产生一个新的食素八法聚,称为“(ဥတုပစ္စယ) ဥတုသမုဋ္ဌာန ဥတုဇရုပ်”=(时节缘)时节所生时节生色。
ယင်း သြဇာကလည်း သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (ဥတုပစ္စယ) ဥတုသမုဋ္ဌာန အာဟာရဇရုပ်တည်း။ (မဟာဋီ-၂-၄ဝ၁။) ဤသို့လျှင် (၄)ကြိမ် (၅)ကြိမ်သော်လည်းကောင်း၊ ထိုထက် အလွန် သော်လည်းကောင်း ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဤနည်းဖြင့် ရုပ်ကလာပ် တစ်ခု အတွင်း၌ တေဇောဓာတ်နှင့် သြဇာတို့က နှစ်ခွ နှစ်ခွ ခွဲထွက်၍ သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်တို့ ဖြစ်ပွားသွားပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
其中的食素也产生一个新的食素八法聚,称为“(ဥတုပစ္စယ) ဥတုသမုဋ္ဌာန အာဟာရဇရုပ်”=(时节缘)时节所生食生色。(《大复注》2-401。)如此便把色聚的生起连接成4代或5代,乃至超过这些代数。应当以智清楚观见:在每一代色聚内,火界与食素如何两两分叉,各自产生一个个新的食素八法聚。
တစ်ဖန် အထက်ပါ အမှတ် (၂) ဖြစ်သော (ဥတုပစ္စယ အာဟာရသမုဋ္ဌာန် သို့မဟုတ် ကမ္မဇဥတုသမုဋ္ဌာ- နာဟာရဇရုပ်ဟူသော) အာဟာရသမုဋ္ဌာန်ရုပ်တွင်လည်း တေဇောဓာတ်နှင့် သြဇာ ပါဝင်လျက် ရှိပြန်၏။ ယင်း တေဇောဓာတ်ကလည်း သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကိုလည်းကောင်း၊ ယင်းသြဇာကလည်း သြဇဋ္ဌမက ရုပ် ကလာပ်အသစ်ကိုလည်းကောင်း ဖြစ်စေပြန်၏။ ဤသို့လျှင် (၄)ကြိမ် (၅)ကြိမ်သော်လည်းကောင်း၊ ထိုထက် အလွန်သော်လည်းကောင်း ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
再者,上述第2项食所生色——即称为“ဥတုပစ္စယ အာဟာရသမုဋ္ဌာန်”(时节缘食生色)或“ကမ္မဇဥတုသမုဋ္ဌာနာဟာရဇရုပ်”(业生时节所生食生色)的食所生色——其中仍然含有火界与食素。该火界产生一个新的食素八法聚,该食素也产生一个新的食素八法聚。如此便把色聚的生起连接成4代或5代,乃至超过这些代数。应当以智清楚观见。
ဤကား စက္ခုဒသက ကလာပ် တစ်ခု အတွင်း၌ တည်ရှိသော တေဇောဓာတ်ကို အခြေခံ၍ ဥတုသမုဋ္ဌာန် သြဇဋ္ဌမကရုပ် အာဟာရသမုဋ္ဌာန် သြဇဋ္ဌမကရုပ်တို့ နှစ်ခွ နှစ်ခွ ဖြာထွက်၍ အဆင့်ဆင့် သြဇဋ္ဌမကရုပ်တို့ ဖြစ် ပွားသွားပုံတည်း။
以上是以一个眼十法聚内的火界为基础,时节所生食素八法聚与食所生食素八法聚如何两两分叉,并逐代生起一代代食素八法聚的过程。
တစ်ဖန် ယင်းစက္ခုဒသက ကလာပ်တွင် ပါဝင်တည်ရှိသော သြဇာကို အကြောင်းခံ၍ အခြေခံ၍ အာဟာရ သမုဋ္ဌာန် သြဇဋ္ဌမကရုပ် ဥတုသမုဋ္ဌာန် သြဇဋ္ဌမကရုပ်တို့ နှစ်ခွ နှစ်ခွ ဖြာထွက်၍ ဖြစ်ပွားသွားပုံကိုလည်း ဆက် လက် ဖော်ပြအပ်ပါသည်။
接下来,还要继续说明:以该眼十法聚中所含的食素为因、为基础,食所生食素八法聚与时节所生食素八法聚如何两两分叉而生起。
原书第 715 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ယင်း စက္ခုဒသက ကလာပ်၌ ပါဝင်တည်ရှိသော သြဇာသည် ဌီကာလသို့ရောက်ခိုက် အာဟာရသမုဋ္ဌာန် သြဇာ၏ အထောက်အပံ့ကို ရရှိသောအခါ သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ-၂-၂၅၁။) တစ်နည်း ကမ္မပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ- ၂-၂၄၉-၂၅ဝ။) ယင်း အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်တွင် တေဇောဓာတ်လည်း ပါဝင်ပြန်၏၊ သြဇာလည်း ပါဝင် ပြန်၏။
该眼十法聚中所含的食素,到达住时并得到食所生食素的资助时,便产生一个新的食素八法聚,称为“အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်”(āhāra-paccaya āhāra-samuṭṭhāna-rūpa,食缘食生色)。(《清净道论》2-251。)换一种说法,它也称为“ကမ္မပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်”(kamma-paccaya āhāra-samuṭṭhāna-rūpa,业缘食生色)。(《清净道论》2-249—250。)该食缘食生色聚中,又含有火界与食素。
၁။ ယင်း အာဟာရပစ္စယ အာဟာရသမုဋ္ဌာန် --- တေဇောဓာတ်ကလည်း ဌီကာလသို့ရောက်ခိုက် သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (ကမ္မဇာဟာရသမုဋ္ဌာန ဥတုသမုဋ္ဌာန်) = ဥတုသမုဋ္ဌာန်ရုပ်တည်း။
1.该食缘食生色聚中的火界到达住时,也产生一个新的食素八法聚,称为“(ကမ္မဇာဟာရသမုဋ္ဌာန ဥတုသမုဋ္ဌာန်)”=业生食所生时节所生色,也就是时节所生色。
(မဟာဋီ-၂-၄ဝ၁။)
缅文出处原文:“(မဟာဋီ-၂-၄ဝ၁။)”(《大复注》2-401。)
၂။ ယင်း အာဟာရပစ္စယ အာဟာရသမုဋ္ဌာန် --- သြဇာကလည်း ဌီကာလသို့ရောက်ခိုက် သြဇဋ္ဌမက ရုပ်က- လာပ်အသစ်ကို ဖြစ်စေပြန်၏။ (ကမ္မဇာဟာရသမုဋ္ဌာန အာဟာရသမုဋ္ဌာန်) = အာဟာရသမုဋ္ဌာန်ရုပ် တည်း။
2.该食缘食生色聚中的食素到达住时,也产生一个新的食素八法聚,称为“(ကမ္မဇာဟာရသမုဋ္ဌာန အာဟာရသမုဋ္ဌာန်)”=业生食所生食所生色,也就是食所生色。
တစ်ဖန် ယင်းအထက်ပါ အမှတ် (၁) ဥတုသမုဋ္ဌာန်ရုပ်တွင်လည်း တေဇောဓာတ်နှင့် သြဇာတို့ ပါဝင်လျက် ရှိပြန်၏။ ယင်း တေဇောဓာတ်ကလည်း သြဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏၊ ယင်း သြဇာကလည်း သြဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏။ (ဥတုပစ္စယ ဥတုသမုဋ္ဌာန်၊ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် အသီးအသီးတည်း။) ဤနည်း အတိုင်း (၄)ကြိမ် (၅)ကြိမ်သော်လည်းကောင်း၊ ထိုထက် အလွန်သော်လည်းကောင်း ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
再者,上述第1项时节所生色中,也仍然含有火界与食素。该火界又产生食素八法聚,该食素也又产生食素八法聚〔依主本括注,分别称为“ဥတုပစ္စယ ဥတုသမုဋ္ဌာန်”(时节缘时节生色)与“အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်”(食缘食生色)〕。依此方式,把色聚的生起连接成4代或5代,乃至超过这些代数。应当以智清楚观见。
တစ်ဖန် ယင်းအထက်ပါ အမှတ် (၂) အာဟာရသမုဋ္ဌာန် သြဇဋ္ဌမက ရုပ်ကလာပ်အသစ်တွင်လည်း တေဇော ဓာတ်နှင့် သြဇာတို့ ပါဝင်လျက်ပင် ရှိပြန်၏။ ယင်းတေဇောဓာတ်ကလည်း သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို လည်းကောင်း၊ ယင်း သြဇာကလည်း သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကိုလည်းကောင်း အသီးအသီး ဖြစ်စေပြန်၏။
再者,上述第2项新生的食所生食素八法聚中,也仍然含有火界与食素。该火界与该食素,又各自产生一个新的食素八法聚。
ဤသို့လျှင် (၄)ကြိမ် (၅)ကြိမ်သော်လည်းကောင်း၊ ထိုထက် အလွန်သော်လည်းကောင်း ရုပ်ကလာပ်တို့၏ ဖြစ်စဥ်ကို ဆက်စပ်စေ၏၊ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
如此便把色聚的生起过程连接成4代或5代,乃至超过这些代数。应当以智清楚观见。
ဤကား စက္ခုဒသက ကလာပ် တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော --- ၁။ တေဇောဓာတ်ကို အခြေခံ၍ ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ဟူသော နှစ်မျိုး နှစ်မျိုးသော သြဇဋ္ဌမက ရုပ်တို့ နှစ်ခွ နှစ်ခွ အဆင့်ဆင့် ဖြစ်ပွားပေါ်ပေါက်သွားပုံနှင့် --- ၂။ သြဇာကို အခြေခံ၍ ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ဟူသော နှစ်မျိုး နှစ်မျိုးသော သြဇဋ္ဌမကရုပ်တို့ နှစ်ခွ နှစ်ခွ အဆင့်ဆင့် ဖြစ်ပွား ပေါ်ပေါက်သွားပုံတည်း။
以上就是以一个眼十法聚内所含的1.火界为基础,时节所生与食所生这两类食素八法聚如何两两分叉、逐代生起;以及以2.食素为基础,时节所生与食所生这两类食素八法聚如何两两分叉、逐代生起的过程。
စက္ခုဒသက ကလာပ် အတွင်း၌ တည်ရှိသော တေဇောဓာတ်နှင့် သြဇာတို့မှ ဥတုသမုဋ္ဌာန် အာဟာရ သမုဋ္ဌာန်ဟူသော နှစ်မျိုး နှစ်မျိုးသော သြဇဋ္ဌမက ရုပ်တရားများ ဖြစ်ပွားသွားသကဲ့သို့ အလားတူပင် စက္ခုဒွါရ၌ တည်ရှိသော ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ အာဟာ- ရဇအဋ္ဌ ကလာပ်ဟူသော ကလာပ် အသီးအသီး၌ တည်ရှိသော တေဇောဓာတ်နှင့် သြဇာ အသီးအသီးတို့ကလည်း ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ဟူသော နှစ်မျိုး နှစ်မျိုးသော သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို အသီး အသီး အဆင့်ဆင့် ဖြစ်ပေါ်စေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှု၍ သိမ်းဆည်းပါ။ ထိုသို့ ရှုပွား သိမ်းဆည်းရာ၌ ကမ္မဇရုပ်တို့၏ အထောက်အပံ့၊ စိတ်၏ အထောက်အပံ့၊ ဥတု၏ အထောက်အပံ့၊ အာဟာရ၏ အထောက်အပံ့
正如眼十法聚内的火界与食素会各自产生时节所生、食所生两类食素八法聚,同样,对于眼门内的身十法聚、性根十法聚、心生食素八法聚、时节生食素八法聚与食生食素八法聚,也应以智清楚观见、把握每一类色聚中各自所含的火界与食素,如何分别逐代产生新的时节所生、食所生两类食素八法聚。如此观修、把握时,还应观见业生色的资助、心的资助、时节的资助与食的资助——
原书第 716 页
ဟူသော ထိုထို အထောက်အပံ့ အကြောင်းတရားတို့က ဆိုင်ရာဆိုင်ရာ ရုပ်တို့အား ထိုက်သလို ကျေးဇူးပြုပေးပုံ ကိုလည်း ရှေးတွင် ရှင်းပြခဲ့သည့်အတိုင်း သဘောပေါက်အောင် ရှုပွားသိမ်းဆည်းပါလေ။ အဆင့် အကြိမ် အနည်း အများကိုလည်း ရှေးတွင် ရှင်းပြခဲ့သည့်အတိုင်းသာ မှတ်သားပါ။ (စာမျက်နှာ-၆၄၉-၆၉၄ - တို့၌ ကြည့်ပါ။) ကမ္မပစ္စယ - စိတ္တဇ - အာဟာရသမုဋ္ဌာန်ရုပ် --- နှလုံးအိမ် အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်သော သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဘဝင် စသော ဝိပါက်စိတ်များကြောင့် ဖြစ်သော သြဇဋ္ဌမကရုပ်သည် ကမ္မပစ္စယ စိတ္တသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ-၂-၂၄၉။) ယင်း ကမ္မပစ္စယ စိတ္တသမုဋ္ဌာန်ဖြစ်သော သြဇဋ္ဌမကရုပ်တွင် သြဇာ ပါဝင်လျက် ရှိ၏။ ယင်း သြဇာသည် ဌီကာလသို့ ရောက်ရှိခိုက် အာဟာရသမုဋ္ဌာန်သြဇာ၏ အထောက်အပံ့ကို ရရှိသောအခါ သြဇဋ္ဌမက ရုပ် ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ကမ္မပစ္စယ စိတ္တဇာဟာရသမုဋ္ဌာန်ရုပ် မည်၏။ (မဟာဋီ-၂-၄ဝ၁။)
——等各类资助因,如何依其相应方式资助各自相应的色法,也应依前文所说观修、把握,直至明白。各链条的层数与代数多寡,也只须依前文所说记住。(见第649—694页。)“ကမ္မပစ္စယ - စိတ္တဇ - အာဟာရသမုဋ္ဌာန်ရုပ်”(kamma-paccaya cittaja āhāra-samuṭṭhāna-rūpa,业缘心生食生色)——依止心脏内的心所依处色而生的领受、推度、彼所缘、有分等果报心,所产生的食素八法聚,称为“ကမ္မပစ္စယ စိတ္တသမုဋ္ဌာန်ရုပ်”(kamma-paccaya citta-samuṭṭhāna-rūpa,业缘心生色)。(《清净道论》2-249。)这种业缘心生食素八法聚中含有食素;该食素到达住时并得到食所生食素资助后,又产生一个新的食素八法聚,称为“ကမ္မပစ္စယ စိတ္တဇာဟာရသမုဋ္ဌာန်ရုပ်”(kamma-paccaya cittajāhāra-samuṭṭhāna-rūpa,业缘心生食生色)。(《大复注》2-401。)
〔မှတ်ချက် --- ကမ္မပစ္စယ စိတ္တသမုဋ္ဌာန်သြဇာက သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေသကဲ့သို့ ကမ္မ ပစ္စယ စိတ္တသမုဋ္ဌာန် တေဇောဓာတ်ဥတုကလည်း သြဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်သာတည်း။ (ဝိသုဒ္ဓိ-၂- ၂၅ဝ-၂၅၁။)တို့၌ စိတ္တပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် - စိတ္တပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တို့ ဖြစ်ပေါ်ပုံကို ဖော်ပြ ထားသည်ကို ထောက်ပါ။ ရှေးတွင် ဖော်ပြခဲ့ပြီ။〕
〔注意——正如业缘心生食素会产生新的食素八法聚,业缘心生色聚中的火界=时节,也同样能够产生食素八法聚。在《清净道论》2-250—251中,已有关于“စိတ္တပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်”(citta-paccaya āhāra-samuṭṭhāna-rūpa,心缘食生色)与“စိတ္တပစ္စယ ဥတုသမုဋ္ဌာန်ရုပ်”(citta-paccaya utu-samuṭṭhāna-rūpa,心缘时节生色)如何生起的说明;应当参照。前文已经说明过了。〕
အထူးသတိပြုရန်
特别注意
ဤအထက်တွင် ဖော်ပြခဲ့သည်ကား ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော တေဇော ဓာတ်နှင့် သြဇာတို့ကြောင့် ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ရုပ်တို့၏ ရောနှော ပေါင်းစပ်သည်၏ အစွမ်းဖြင့် ရုပ်တရားတို့၏ ဖြစ်ပုံအစဥ်တည်း။ ထိုတွင် ကမ္မဇာဟာရ = ကမ္မဇသြဇာ၏ စွမ်းအင် ထူးခြားမှုကို မဟာဋီကာ ဆရာတော်က အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
以上所说明的,是每一个色聚内所含的火界与食素,使时节所生色与食所生色彼此交织、相互关联而转起,从而形成色法生起相续的过程。其中,对于“ကမ္မဇာဟာရ”(kammajāhāra,业生食)=业生食素所具的特殊力量,《大复注》论师解释如下。
တတ္ထ ကမ္မဇတော ပဝတ္တအာဟာရာ ဝိသေသပစ္စယလာဘေ သတိ ယထာဝုတ္တပရိမာဏာဟိ ပဝတ္တီဟိ ဥဒ္ဓမ္ပိ ပဝတ္တိယော န ဃဋေန္တီတိ န သက္ကာ ဝတ္တုံ။ တထာ ဟိ ''ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတီ''တိ (ဝိသုဒ္ဓိ- ၂-၂၅၁။)၊ ''ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိန္နပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိ ဧဝါ''တိ (ဝိသုဒ္ဓိ-၂-၂၅၂။) စ ဝက္ခတိ။ (မဟာဋီ-၂-၄ဝ၁။) ထိုအထက်တွင် ဖော်ပြထားသော ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ရုပ် အမျိုးမျိုးတို့တွင် ကမ္မဇရုပ်မှ ဖြစ် ပေါ်လာသော အာဟာရတို့သည် တစ်နည်းဆိုရသော် ကမ္မဇရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇသြဇာတို့သည် နတ်သြဇာ စသည်တို့ကဲ့သို့သော မွန်မြတ်သော အာဟာရသမုဋ္ဌာန်သြဇာတို့၏ အားပေးထောက်ပံ့မှုဟူသော ထူးသောအကြောင်းကို ရခြင်းသည် ရှိခဲ့ပါမူ အကြင် အကြင် ဆိုအပ်ခဲ့ပြီးကုန်သော (၄)ကြိမ် (၅)ကြိမ် အတိုင်း အရှည် ရှိကုန်သော မပြတ်ဖြစ်သော ရုပ်အစဥ်တို့ထက် ပိုလွန်၍သော်လည်း ရုပ်တို့၏ ဖြစ်ခြင်း အစဥ်တို့ကို
“在这里,当由业生〔色〕转起的食获得特殊缘时,不能说:超过前述数量的诸转起便不能再连接起来。因为下文将说:‘把转起连接至10次或12次’(《清净道论》2-251);又将说:‘如此,即使长久地住于无执受一边,时节所生色也确实转起。’(《清净道论》2-252)”(《大复注》2-401。)在前文所说的各种时节所生色与食所生色中,由业生色产生的食——换言之,业生色聚中所含的业生食素——如果得到如天界食素等殊胜食所生食素扶助、支持这一特殊缘,那么,对于前述通常只有4代、5代之长的连续色相续,即使超过这些代数,也——
မဆက်စပ်စေကုန်ဟု ဆိုခြင်းငှာ မတတ်ကောင်းသည်သာတည်း။ မှန်ပေသည် --- '' (၁ဝ) ကြိမ် (၁၂) ကြိမ်သော အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်တို့၏ ဖြစ်ခြင်းအစဥ်ကို ဆက်စပ်စေ၏'' (ဝိသုဒ္ဓိ-၂-၂၅၁။) ဟူ၍လည်းကောင်း၊ ''ဤသို့လျှင် ရှည်စွာသော ကာလပတ်လုံးလည်း အနုပါဒိန္န အဖို့အစု၌ တည်၍သော်လည်း ဥတုပစ္စယ ဥတုသမုဋ္ဌာန် သြဇဋ္ဌမကရုပ်အစဥ်ကို ဖြစ်စေသည်သာလျှင်တည်း'' (ဝိသုဒ္ဓိ-၂-၂၅၂။) --- ဟူ၍လည်းကောင်း ဖွင့်ဆိုပေလတ္တံ့။ (မဟာဋီ-၂-၄ဝ၁။)
——不能说它无法继续把色法的生起相续连接起来。确实如此,复注还将分别解释:“把食缘食生色的生起相续连接至10次或12次。”(《清净道论》2-251。)以及:“如此,即使长久地住于无执受一边,时节缘时节所生食素八法聚的相续也确实生起。”(《清净道论》2-252。)(《大复注》2-401。)
原书第 717 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ဤ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တို့၏ အနုပါဒိန္န အဖို့အစု၌ တည်၍ သြဇဋ္ဌမကရုပ်တို့ကို ဖြစ်စေပုံကို စာမျက်နှာ - ၆၉၂ - စသည်၌ ကြည့်ပါ။
关于时节缘时节生色在无执受一边如何产生食素八法聚,请参见第692页等处。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。