《一夜贤者经》

《一夜贤者经》解释 · 原书第 133–134 页 · 26 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 133 页
ဘဒ္ဒေကရတ္တသုတ္တန်
《一夜贤者经》
ဘဒ္ဒေကရတ္တသုတ္တန်များတွင် အကျဥ်းဥဒ္ဒေသ ဂါထာ လေးဂါထာတို့ကို ဟောကြားတော်မူပြီးနောက် ယင်း ဂါထာတို့၏ ဆိုလိုရင်းအဓိပ္ပါယ်ကို ဆက်လက်၍ ရှင်းလင်း ဟောကြားထားတော်မူပေသည်။ ယင်းလေးဂါထာ တို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
在各部《一夜贤者经》中,先宣说作为略说纲要的四首偈颂,随后继续解释这些偈颂的旨义。四偈如下。
၁။ အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ။
“一、不应追随过去,也不应期待未来;”
ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ။
“凡属过去,皆已逝去;未来者尚未到来。”
၂။ ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။
“二、对于当下现起之法,就在每一处以观照见;”
အသံဟီရံ အသံကုပ္ပံ၊ တံ ဝိဒွါ မနုဗြူဟယေ။
“智者应不断培育那不被牵引、不可动摇之法。”
၃။ အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။
“三、就在今日应当热诚精勤;谁能知道明日会不会死亡?”
န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။
“我们同那统率大军的死王,确实没有任何约期。”
၄။ ဧဝံ ဝိဟာရိ အာတာပိ၊ အဟောရတ္တမတန္ဒိတံ။
“四、如此而住、热诚精勤,日夜毫不懈怠者——”
တံ ဝေ ''ဘဒ္ဒေကရတ္တော''တိ၊ သန္တော အာစိက္ခတေ မုနိ။
“——寂静的牟尼称他确为‘一夜贤者’。”
ဤအထက်ပါ ဂါထာတို့၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။
上述偈颂的旨义如下。
၁။ (က)အတိတ်ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး)သည် ချုပ်ပျက်ခဲ့ပြီး ဖြစ်သောကြောင့် အတိတ်
一、(甲)过去的五蕴(即十二处)既已灭尽,所以对于过去——
ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး)ကို တဏှာ-ဒိဋ္ဌိတို့ဖြင့် ''ငါ-ငါ့ဟာ''ဟူ၍ အစဥ်
——的五蕴(即十二处),不应因爱、见而执为“''ငါ-ငါ့ဟာ''”(即“我、我所”),一再——
မလိုက်လေရာ။
——追随。
( ခ )အနာဂတ်ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး) သည်လည်း မရောက်ရှိလာသေး မဖြစ်ပေါ်
(乙)未来的五蕴(即十二处)尚未到来,也尚未生起,所以对于尚未——
လာ သေးသောကြောင့် အနာဂတ်ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး)ကိုလည်း တဏှာ-
——生起的未来五蕴(即十二处),也不应以爱——
ဒိဋ္ဌိတို့ဖြင့် မမျှော်လင့် မတောင့်တလေရာ။
——与见加以期待、希求。
၂။ အကြင်ပညာရှိသူတော်ကောင်းသည် ပစ္စုပ္ပန်ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး)ဟူသော တရား ကိုလည်း ---- (က)ထိုထို ဖြစ်ဆဲခဏ၌ ( ခ )ထိုထို တရားအစုအပုံ၌ ( ဂ )တောအရပ် အစရှိသော ထိုထို နေရာ၌ - အနိစ္စာနုပဿနာစသော ခုနစ်မျိုးသော အနုပဿနာတို့ဖြင့်
二、智者对于作为现在法的五蕴(即十二处),在(甲)每一正在发生的刹那,(乙)每一法聚,(丙)森林等每一所在,以无常随观等七种随观——
ဝိပဿနာရှုပွားသုံးသပ်၍ နေ၏။ ထိုပညာရှိသူတော်ကောင်းသည် တဏှာ-ဒိဋ္ဌိတို့သည် ''ငါ-ငါ့ဟာ''
——修观、审察而住。那位智者,对于不被爱、见以“''ငါ-ငါ့ဟာ''”(即“我、我所”)——
ဟု မဆွဲငင်အပ် မဆွဲငင်နိုင်သော တဏှာ ဒိဋ္ဌိတို့ကြောင့် ပျက်စီးမှု မရှိသော ထိုဝိပဿနာဉာဏ်ကို
——牵引、也不可能被它们牵引,并且不因爱、见而毁坏的那一观智——
အဖန်ဖန် အထပ်ထပ် ပွားများ အားထုတ်ရာ၏။ တစ်နည်း ---- တဏှာ ဒိဋ္ဌိတို့သည် ''ငါ-ငါ့ဟာ''ဟု
——应当一再反复培育、用功。另一种解释是,对于不被爱、见以“''ငါ-ငါ့ဟာ''”(即“我、我所”)——
မဆွဲငင်အပ် မဆွဲငင်နိုင်သော တဏှာ ဒိဋ္ဌိတို့ကြောင့် ပျက်စီးမှု မရှိသော ထိုအသင်္ခတဓာတ် အငြိမ်း
——牵引、也不可能被它们牵引,并且不因爱、见而毁坏的那一无为界、寂静——
ဓာတ် နိဗ္ဗာန်ကို ဖလသမာပတ်ကို ဝင်စားသောအားဖြင့် အဖန်ဖန် အထပ်ထပ် ပွားများ အားထုတ်
——界,也就是涅槃,则应通过入果定而一再反复加以培育——
ရာ၏။
——用功。
原书第 134 页
၃။ ထို ဝိပဿနာဉာဏ်ကို တစ်ဖန်ပြန်၍ အဖန်ဖန် အထပ်ထပ် ဝိပဿနာ ရှုပွား အားထုတ်ရန် အလို့ငှာ၊ တစ်နည်း ----- ထိုဖလသမာပတ်ကို အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်ရန်အလို့ငှာ ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော အာတပ္ပအမည်ရသည့် သမထ ဝိပဿနာဉာဏ်တို့နှင့် ယှဥ်တွဲ- လျက်ရှိသော သမ္မပ္ပဓာန်လုံ့လဝီရိယကို ယနေ့ပင်လျှင် လုံ့လကြိုးကုတ်အားထုတ်ရာ၏။ နက်ဖြန်သန်ဘက်၌ သေမည် ရှင်မည် ဤ နှစ်လီကို အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် သိရှိနိုင်ပါ- အံ့နည်း။ မှန်ပေသည် ----- ငါတို့အား စစ်သည် ဗိုလ်ပါ များလှစွာသော ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့၍ လည်းကောင်း၊ လက်ဆောင်တံစိုး ထိုး၍လည်းကောင်း၊ စစ်သည်ဗိုလ်ထုဖြင့် တားမြစ်ခုခံ၍လည်းကောင်း ဤနေ့ခါမူ ဤရက်ခါမူ ဤလခါမူ ဤနှစ်ခါမူ သေအံ့ဟူ၍ သဘောတူချိန်းချက်ထားခြင်းမည်သည် မရှိ သည်သာလျှင်တည်း။
三、为了再次反复修观、培育上述观智;换一种解释,为了反复培育上述果定,就应当在今天立即努力激发那称为热忱(ātappa)、与止观诸智相应、能逼恼并烧灼烦恼的正勤精进。至于明天或后天究竟是死是活,又有谁能够知道?确实,我们同统率众多军兵的死王之间,并不存在这样的约定:无论通过结交为友、馈赠贿赂,还是以军队抵御,都不能同它商定“我将在今天、这一日、这一月或这一年死去”。
၄။ ဤသို့လျှင် ပျင်းရိမှု မရှိဘဲ နေ့ညဥ့်ပတ်လုံး ကိလေသာကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော သမထ ဝိပဿနာဘာဝနာဉာဏ်တို့နှင့် ယှဥ်တွဲလျက်ရှိသော အာတပ္ပအမည်ရသော သမ္မပ္ပဓာန် လုံ့လ ဝီရိယကို ဖြစ်ပေါ်လာအောင် လုံ့လကြိုးကုတ်အားထုတ်လျက် နေထိုင်လေ့ရှိသော ထိုရဟန်းကို စင်စစ် ဧကန် အမှန်အားဖြင့် ကောင်းသော ည တစ်ည ရှိသော ရဟန်း ဟူ၍ ကိလေသာဟူ အပူခပ်သိမ်းမှ အငြိမ်းကြီး ငြိမ်းအေးတော်မူပြီးသော ဗုဒ္ဓမုနိ အမည်ရသည့် မုနိထွတ်ထား သဗ္ဗညု သမ္မာသမ္ဗုဒ္ဓ ဘုရား ရှင်သည် ဟောကြားတော်မူအပ်ပါပေ၏။ (မ-၃-၂၂၆။)
四、如此,有一位比丘毫不懈怠,日夜精进而住,为令那称为热忱(ātappa)、与止观修习诸智相应、能逼恼并烧灼烦恼的正勤精进生起而努力。对这位比丘,已从烦恼的一切热恼中彻底寂静、清凉,名为佛牟尼、居诸牟尼之首的具一切知智之正等正觉佛陀,确实而确定地称他为“一夜贤者”。(出处原记:“(မ-၃-၂၂၆။)”;即《中部》3-226。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。