建立定
应当建立定 · 原书第 186–187 页 · 14 个翻译单元
本页并入了原书的相邻小节:建立定。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 186 页
သမာဓိထူထောင်သင့်ပုံပိုင်း
应当建立定
သမာဓိကို ထူထောင်ပါ
建立定
အရိယသစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပါမှ သံသရာ ဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်မည်ဖြစ်သဖြင့် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးလိုသော အမျိုးကောင်းသား အမျိုး ကောင်းသမီး မှန်သမျှသည် သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ အရိယသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် ရှေးဦးစွာ မည်သို့ ပြုကျင့်ရမည်နည်းဟု မေးရန် ရှိ၏။ အသင် ယောဂီသူတော်ကောင်းသည် ဝိသုဒ္ဓိ (၇)ပါး ကျင့်စဥ်ကို လက်ခံနိုင်ရမည် ဖြစ်ပေသည်။ သို့ လက်ခံနိုင်ပါမှ အဖြေများကိုလည်း လက်ခံနိုင်မည် ဖြစ်ပေသည်။
唯有以正见之智亲自现前、洞彻知见四圣谛,才能终结轮回之苦。因此,凡想终结轮回之苦的善男子、善女人,都必须努力以正见之智亲自现前、洞彻知见四圣谛。若问:为了如实无误地以正见之智亲自现前、洞彻知见四圣谛,首先应当怎样修行?禅修贤友,你必须接受七清净的修行次第;只有接受这一点,才能接受以下答案。
၁။ ရှေးဦးစွာ သီလကို စင်ကြယ်အောင် သုတ်သင်ပါ၊ ဖြည့်ကျင့်ပါ။
1.首先净治戒,使戒清净、圆满。
၂။ သမာဓိကို ထူထောင်ပါ။
2.建立定。
၃။ ထိုနောင် အရိယသစ္စာလေးပါးကို သိအောင် ကြိုးစားအားထုတ်ပါ။
3.此后努力了知四圣谛。
ဤကား အဖြေတည်း။
这就是答案。
''ဣတိ သီလံ ဣတိ သမာဓိ ဣတိ ပညာ။ သီလပရိဘာဝိတော သမာဓိ မဟပ္ဖလော ဟောတိ မဟာနိ- သံသော။ သမာဓိပရိဘာဝိတာ ပညာ မဟပ္ဖလာ ဟောတိ မဟာနိသံသာ။ ပညာပရိဘာဝိတံ စိတ္တံ သမ္မဒေဝ အာသဝေဟိ ဝိမုစ္စတိ။ သေယျထိဒံ၊ ကာမာသဝါ ဘဝါသဝါ အဝိဇ္ဇာသဝါ''တိ။
“这是戒,这是定,这是慧。由戒熏修的定有大果、大利益;由定熏修的慧有大果、大利益;由慧熏修的心,从诸漏中正善解脱。所谓诸漏,即欲漏、有漏、无明漏。”
(ဒီ-၂-၇၇ - မဟာပရိနိဗ္ဗာနသုတ္တန်။)
(《长部》2-77,《大般涅槃经》。)
= ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလဖြင့် ထုံမွမ်းထားအပ်သော သမာဓိသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိ၏၊ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အာနိသင်ရှိ၏၊ သမာဓိ ဖြင့် ထုံမွမ်းထားအပ်သော ပညာသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိ၏၊ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အာနိသင်ရှိ၏။ ပညာဖြင့် ထုံမွမ်းထားအပ်သော စိတ်သည် ကောင်းစွာသာလျှင် အာသဝေါတရားတို့မှ လွတ်- မြောက်၏။
=这是戒,这是定,这是慧。由戒熏修的定有广大丰厚的果,有广大丰厚的利益;由定熏修的慧有广大丰厚的果,有广大丰厚的利益;由慧熏修的心,从诸漏中善得解脱。
အဘယ်အာသဝေါတရားတို့နည်းဟူမူ - ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝတို့ပင်တည်း။ (ဒီ-၂-၇၇။) အာသဝေါတရားတို့မှ လွတ်မြောက်လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခမှလည်း လွတ်မြောက်တော့မည်သာ ဖြစ်သည်။ သို့အတွက် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခန်းရေးအတွက် ---- ၁။ သီလဖြင့် ထုံမွမ်းထားအပ်သော သမာဓိကို ရအောင် ထူထောင်ရမည်။
这些漏是什么?就是欲漏、有漏、无明漏。(《长部》2-77。)从诸漏解脱,也就会从轮回之苦解脱。因此,为使轮回之苦灭尽:1.必须建立起由戒熏修的定。
၂။ သမာဓိဖြင့် ထုံမွမ်းထားအပ်သော ပညာကို ရအောင် ပွားများရမည်။
2.必须修习成就由定熏修的慧。
သို့မှသာလျှင် ပညာဖြင့် ထုံမွမ်းထားအပ်သော စိတ်သည် အာသဝေါတရားတို့မှ ကောင်းစွာ လွတ်မြောက် မည် ဖြစ်သည်။ တန်ခိုးအာနိသင် ထက်မြက်သော စိတ်တစ်ခုကို ရရှိရေးအတွက် ထိုစိတ်ဓာတ်ကို သီလ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းပေးရမည် ဖြစ်သည်။ စံချိန်မီ သီလ-သမာဓိ-ပညာ ဖြစ်မူ ထိုသီလ-သမာဓိ-ပညာတို့ဖြင့် ထုံမွမ်းထားသော စိတ်သည် သိကြားမင်း၏ ဝရဇိန်လက်နက် မိုးကြိုးစက်ထက် အဆပေါင်းများစွာ စွမ်းအင်များ
唯有如此,由慧熏修的心才能从诸漏中善得解脱。为了获得一颗威力强大而锐利的心,必须以戒、定、慧来熏修它。若戒、定、慧达到应有的标准,由它们熏修的心,其力量便会比帝释天的雷霆武器——金刚杵强盛许多倍,变得——
原书第 187 页
သမာဓိထူထောင်သင့်ပုံပိုင်း ထက်မြက်လာ၏။ ကိလေသာကို ကုန်ခန်းစေနိုင်သော စွမ်းအားများ ပေါ်လာတတ်၏။ တန်ခိုး အကြီးမားဆုံး စွမ်းအင် အထက်မြက်ဆုံး ဖြစ်သော ထိုစိတ်ဓာတ်မျိုးကို အလိုရှိခဲ့ပါမူ သီလ-သမာဓိ-ပညာ သိက္ခာ သုံးရပ် အကျင့်မြတ်ကို ရိုသေစွာ ဖြည့်ကျင့်ရမည်သာ ဖြစ်ပေသည်။ သီလကို စင်ကြယ်အောင် သုတ်သင်ပြီးသောအခါ ဒုတိယ ဖြည့်ကျင့်ရမည့် သိက္ခာမှာ သမာဓိသိက္ခာပင် ဖြစ်သည်။
——更加锐利,并会生起能够灭尽烦恼的力量。若想要这种威力最大、力量最为锐利的心,就必须恭敬圆满戒、定、慧三学的胜行。净治戒使之清净以后,第二项要圆满的学,就是定学。