修习想的差异
入出息念定部分 · 原书第 340–341 页 · 10 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 340 页
ဘာဝနာသညာ ကွဲပြားမှု
修习想的差异
တစ်ချိန် များစွာကုန်သော ရဟန်းတော်တို့သည် တစ်ခုသော သုတ္တန်ပါဠိတော်ကို ရွတ်ဖတ် သရဇ္ဈာယ်၍ ထိုင်နေကြကုန်၏။ ထိုသို့ ထိုင်နေကြကုန်စဥ် ရဟန်းတော်တစ်ပါးက - ''အရှင်ဘုရားတို့အား အဘယ်သို့ သဘော ရှိသည်ဖြစ်၍ ဤသုတ္တန်ပါဠိတော်သည် ထင်လာပါသနည်း'' - ဟု မေးမြန်းလျှောက်ထား၏။
有一次,许多比丘坐在一起诵读一篇经文。其中一位比丘问道:“诸尊者,这篇经文在你们心中呈现为何种样貌?”
''တပည့်တော်အား တောင်မှ ထွက်စီးလာသော တောင်ကျမြစ်ကြီးကဲ့သို့ ဖြစ်၍ ထင်လာပါသည်'' - ဟု ရဟန်းတော် တစ်ပါးက ပြန်ကြား လျှောက်ထား၏။
一位比丘回答:“在我心中,它呈现得像从山中奔流而下的大河。”
အခြားရဟန်းတော် တစ်ပါးက - ''တပည့်တော်အား တစ်ခုသော တောရေးကဲ့သို့ (တောတန်းကဲ့သို့) ထင်လာပါသည်'' - ဟု လျှောက်ထား၏။
另一位比丘回答:“在我心中,它呈现得像一片树林(林带)。”
အခြားရဟန်းတော် တစ်ပါးကမူ - ''တပည့်တော်အား တစ်ခုသော အေးမြသော အရိပ်ရှိသော အကိုင်း အခက် အရွက်နှင့် ပြည့်စုံသော အသီးတည်းဟူသော ဝန်ထုပ်ဝန်ပိုးဖြင့် ပြည့်နှက်လျက်ရှိသော သစ်ပင်ကြီးကဲ့သို့
还有一位比丘回答:“在我心中,它呈现得像一棵有清凉树荫、枝叶繁茂、满载果实的大树……
原书第 341 页
အာနာပါနဿတိသမာဓိပိုင်း ဖြစ်၍ ထင်လာပါသည်'' - ဟု လျှောက်ထားပြန်၏။
……”
ထိုသို့ အထူးထူး ထင်လာရခြင်း၏ အကြောင်းမှာ - ထိုရဟန်းတို့အား တစ်ခုတည်းသာလျှင် ဖြစ်သော ထိုသုတ္တန်သည် ထိုရဟန်းတို့၏ သန္တာန်ဝယ် ဖြစ်ပေါ်နေကြကုန်သော သညာတရားတို့၏ တစ်ပါးနှင့် တစ်ပါး မတူညီဘဲ ထူးထွေကွဲပြားမှု ရှိသည်၏ အဖြစ်ကြောင့် အထူးထူးအားဖြင့် ထင်လာရခြင်း ဖြစ်ပေသည်။ ဤဥပမာ အတူပင် ---- ဧဝံ ဧကမေဝ ကမ္မဋ္ဌာနံ သညာနာနတာယ နာနတော ဥပဋ္ဌာတိ။ သညဇဥှိ ဧတံ သညာနိဒါနံ သညာ- ပဘဝံ။ တသ္မာ သညာနာနတာယ နာနတော ဥပဋ္ဌာတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၂၇၇။) သညာနာနတာယာတိ နိမိတ္တုပဋ္ဌာနတော ပုဗ္ဗေဝ ပဝတ္တသညာနံ နာနာဝိဓဘာဝတော။ (မဟာဋီ-၁-၃၃၅၊၊) = တစ်ခုတည်းသာဖြစ်သော အာနာပါနကမ္မဋ္ဌာန်းသည် ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် ထင်သည်မှ (နိမိတ် မထင်မီ) ရှေးမဆွက ယောဂါဝစရပုဂ္ဂိုလ်တို့၏ သန္တာန်ဝယ် ကြိုတင် ဖြစ်ပေါ်နေကြကုန်သော သညာတို့၏ ထူး ထွေကွဲပြားမှုကြောင့် ဤကဲ့သို့ နိမိတ်များ အမျိုးမျိုး ထင်လာရခြင်း ဖြစ်သည်။ မှန်ပေသည် -- ဤအာနာပါန
之所以呈现出这些不同形态,是因为同一篇经在这些比丘的相续中,被各“同一个业处,因为想有差异,便以不同形态呈现。它由想而生,以想为因,从想而起;所以应当知道,它由于想的差异而以不同形态呈现。”(“‘由于想有差异’,是指在禅相呈现之前已经生起的想具有种种差别。”(《大复注》1-335)这就是说,同一个入出息业处,由于取相、似相呈现以前,禅修者相续中预先生起的想各有差异,所以会呈现出种种禅相。确实,入出息……
ကမ္မဋ္ဌာန်း၏ အာရုံဖြစ်သော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဘာဝနာသညာကြောင့် ဖြစ်၏ (= ဘာဝနာ သညာဖြင့် မှတ်အပ် ကြံဆအပ်ကာမျှ ဖြစ်၏ = ဘာဝနာသညာဖြင့် မှတ်အပ် ကြံဆအပ်သည့်အတိုင်း ဖြစ်ပေါ် လာ၏။) ဘာဝနာသညာဟူသော အကြောင်းရင်း ရှိ၏၊ ဘာဝနာသညာသာလျှင် အမွန်အစ ရှိ၏။ ထိုသို့ ဘာဝနာ သညာ၏ ထူးထွေကွဲပြားမှုကြောင့် အာနာပါနနိမိတ်များ အမျိုးမျိုး အဖုံဖုံ ထူးထူးထွေထွေ ကွဲကွဲပြားပြား ထင် ရခြင်း ဖြစ်သည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ-၁-၂၇၇။ မဟာဋီ-၁-၃၃၅။) ဘာဝနာသညာနှင့် ယှဥ်တွဲနေသော သမာဓိစွမ်းအား အထူးထက်မြက် စူးရှလာသောအခါ အာနာပါန အာရုံ၌ ဘာဝနာသမာဓိ အလွန်ခိုင်ခံ့လာသောအခါ အာနာပါနနိမိတ် မပေါ်မီ၌ဖြစ်စေ၊ ပေါ်ပြီး နောက်ထပ် အလိုရှိသော နိမိတ်တစ်မျိုး မပေါ်မီ၌ ဖြစ်စေ ဖြူစေ ဝါစေ နီစေ ပုလဲလုံး ဖြစ်စေ ရွဲလုံးဖြစ်စေ - ဤသို့ စသည် ဖြင့် ဘာဝနာသညာ ဖြစ်ပေါ်လာခဲ့သော် ထိုဘာဝနာသညာအားလျော်စွာ အဖြူ အဝါ အနီ ပုလဲလုံး ရွဲလုံး
……业处所缘的取相与似相,由修习想而生——也就是说,它们只是依修习想所标记、构想的方式而生起;以修习想为因,并以修习想为起点。因此应当知道,由于修习想种种不同,入出息禅相也以种种不同形态呈现。(《清净道论》1-277;《大复注》1-335)当与修习想相应的定力变得格外锐利,入出息所缘上的修习定极为稳固时,无论在入出息禅相尚未出现之前,还是在已有禅相、而所希望的另一种禅相尚未出现之前,若生起“愿它成为白色、黄色、红色、珍珠珠、宝石珠”等修习想,禅相便可能依此修习想而呈现为白色、黄色、红色、珍珠珠、宝石珠……
စသော နိမိတ်များသည် ပေါ်လာတတ်သည်ဟု ဆိုလိုပေသည်။ သို့သော် ဤကဲ့သို့သော နိမိတ်များ ဖြစ်ပေါ် လာရခြင်းမှာလည်း ဘာဝနာသမာဓိ၏ ရင့်ကျက်လာသော အခါ၌သာ ရရှိနိုင်သည်ဟု သိပါလေ။
……等形态。不过应当知道,这类禅相只有在修习定已经成熟时才可能出现。
ဤအာနာပါနဿတိ သမာဓိဘာဝနာသညာကြောင့် ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်တို့ကား မူလအထည်ကိုယ် ဝတ္ထုဖြစ်သော ပကတိသော အဿာသ-ပဿာသမှ လွတ်၍ ဖြစ်ပေါ်လာသော နိမိတ်များ ဖြစ်ကြရကား ဝတ္ထုဓမ္မဝိမုစ္စိတံဟူသော အဘိဓမ္မတ္ထသင်္ဂဟအရ ပညတ်တရားသာ ဖြစ်ပေသည်ဟု မှတ်သား ပါလေ။ အောက်ပါ အဋ္ဌကထာ ဋီကာတို့၏ အဆိုအမိန့်များကိုလည်း ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
由入出息念定的修习想所生的取相与似相,脱离了作为原始实体基础的自然入息与出息而生起。因此,依《摄阿毗达磨义论》中“ဝတ္ထုဓမ္မဝိမုစ္စိတံ”(脱离实体法)之说,应当知道它们只是概念法。还应继续阅读下列义注与复注的论说。