七种适宜与不适宜条件

入出息念定部分 · 原书第 351–356 页 · 47 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 351 页
သပ္ပါယ အသပ္ပါယ (၇) ပါး
七种适宜与不适宜条件
အာဝေါသော ဂေါစရော ဘဿံ၊ ပုဂ္ဂလော ဘောဇနံ ဥတု။
“住处、托钵村、言谈、人员、饮食与气候;”
ဣရိယာပထောတိ သတ္တေတေ၊ အသပ္ပါယေ ဝိဝဇ္ဇယေ။
“再加威仪,共为这七种;应当避开不适宜者。”
သပ္ပါယေ သတ္တ သေဝေထ၊ ဧဝဥှိ ပဋိပဇ္ဇတော။
“应当亲近七种适宜者;如此行持的人,”
နစိရေနေဝ ကာလေန၊ ဟောတိ ကဿစိ အပ္ပနာ။ (ဝိသုဒ္ဓိ-၁-၁၂၃။)
“有些人不久便能成就安止。”(《清净道论》1-123。)
၁။ အာဝါသ = နေရာ
1.住处(āvāsa)
အကြင် ကျောင်းအိပ်ရာနေရာ၌ သီတင်းသုံးနေထိုင်သော ယောဂါဝစရပုဂ္ဂိုလ်အား မဖြစ်ပေါ်သေးသော နိမိတ်သည်လည်း မဖြစ်ပေါ်လာတတ်၊ ဖြစ်ပေါ်ပြီးသော နိမိတ်သည်လည်း ပျောက်ပျက်သွားတတ်၏။ မထင် လာသေးသော သတိသည်လည်း မထင်လာဘဲ ရှိနေတတ်၏၊ မတည်ကြည်သေးသော စိတ်သည်လည်း မတည် ကြည်ဘဲပင် ရှိနေတတ်၏။ ဤကဲ့သို့သော ကျောင်းအိပ်ရာ နေရာမျိုးကား မလျောက်ပတ်သော အသပ္ပါယ နေရာပင် ဖြစ်ပေသည်။ (သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာဟူသော ဣန္ဒြေငါးပါးတို့ မဖြစ်ပေါ်လာနိုင်သော နေရာ၊ ဖြစ်ပေါ်ပြီးသော ဣန္ဒြေတို့လည်း မရင့်ကျက်နိုင် မကြီးပွား မတိုးတက်နိုင်သော နေရာဟု ဆိုလိုပေသည်၊၊) အကြင် ကျောင်းအိပ်ရာ နေရာ၌ သီတင်းသုံးနေထိုင်သော ပုဂ္ဂိုလ်အား နာဂပဗ္ဗတ အမည်ရသော တောင် ကျောင်း၌ သီတင်းသုံးတော်မူသော ပဓာနိယတိဿ မထေရ်မြတ်ကြီး သန္တာန်မှာကဲ့သို့ နိမိတ်သည် ဖြစ်လည်း ဖြစ်ပေါ်လာ၏၊ မြဲစွာ တည်တံ့ခိုင်ခံ့ခြင်းသဘောလည်း ရှိ၏၊ သတိသည်လည်း ထိုနိမိတ်အာရုံ၌ ရှေးရှူကပ်၍
某位瑜伽行者住在一处寺院住所时,尚未生起的禅相不会生起,已经生起的禅相也会消失;尚未建立的念无法建立,尚未得定的心仍然不得定。这样的寺院住所,是不相宜的不适宜住处。(意思是:在那里,信、精进、念、定、慧五根不能生起;已经生起的诸根也不能成熟、增长和进步。)另一处寺院住所则不同:如同住在 Nāgapabbata 山寺的 Padhāniyatissa 长老相续中那样,禅相能够生起,而且具有稳固、持久之性;念也朝向该禅相所缘,贴近——
စွဲမြဲစွာတည်နေ၏၊ စိတ်သည်လည်း ကောင်းစွာ တည်ကြည်နေ၏။ ဤကဲ့သို့သော ကျောင်းအိပ်ရာ နေရာမျိုး သည်ကား ဘာဝနာလုပ်ငန်းခွင်နှင့် လျော်လျောက်ပတ် ကောင်းမြတ်တော်မှန် သပ္ပါယဧကန် ဖြစ်သော ကျောင်း အိပ်ရာ နေရာမျိုးပင် ဖြစ်ပေသည်။
——并牢固安住,心也得到良好等持。这样的寺院住所,确实是与修习工作相宜、良善而适宜的住处。
ထိုကြောင့် အကြင်ကျောင်းတိုက်ကြီး တစ်ခုအတွင်း၌ ကျောင်းဆောင်ပေါင်းများစွာ ရှိနေကုန်ငြားအံ့၊ ထိုကျောင်းဆောင်တို့တွင် ကျောင်းဆောင် တစ်ဆောင် တစ်ဆောင်၌ သုံးရက် သုံးရက်တို့ပတ်လုံး သီတင်းသုံး နေထိုင်ကြည့်၍ အကြင်ကျောင်းဆောင်၌ ကျောင်းအိပ်ရာ နေရာ၌ ထိုရဟန်း၏ စိတ်သည် တည်ကြည်မှု သမာဓိ ကို ရရှိသည် ဖြစ်အံ့၊ ထိုကျောင်းအိပ်ရာ နေရာ၌သာလျှင် နေထိုင်ပါ။ အကျိုးအာနိသင်ကား ဤသို့တည်း။ --- မိမိတို့နှင့် သပ္ပါယမျှတသည့် ကျောင်းအိပ်ရာနေရာကို ရရှိသဖြင့် အာဝါသသပ္ပါယ ဖြစ်သောကြောင့် သီဟိုဠ်ကျွန်း စူဠနာဂလိုဏ်၌ သီတင်းသုံး နေထိုင်ကြကုန်သည် ဖြစ်၍ ထိုစူဠနာဂလိုဏ်၌ပင်လျှင် ကမ္မဋ္ဌာန်းကို အရဟတ္တဖိုလ်ပေါက် သင်ယူ၍ ကြိုးစားအားထုတ်တော်မူကြရာ ငါးရာကုန်သော ရဟန်းတော်တို့သည် အရဟတ္တ ဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့ဖူးကြကုန်၏၊ သောတာပန် သကဒါဂါမ် အနာဂါမ်အဖြစ်သို့ ဆိုက်ရောက်တော်
因此,如果一座大寺院内有许多僧舍,就应在每一座僧舍各住3天试验;该比丘在哪座僧舍、哪个住处能够获得定,就应只住在那里。其利益如下:由于获得与自己相宜的住所,具足住处适宜,在锡兰岛 Cūḷanāga 窟居住的比丘们便在那里接受直至阿罗汉果的业处教导并精勤修习,曾有500位比丘证得阿罗汉果;证得入流、一来或不来等果位的贤善者则——
မူကြကုန်သော သူတော်ကောင်းတို့ကား မရေတွက်နိုင်အောင်ပင် များလှကုန်၏။ အခြားအခြားသော ကျောင်းတိုက် ၌ သောတာပန် သို့မဟုတ် သကဒါဂါမ် သို့မဟုတ် အနာဂါမ်အဖြစ်ဟူသော အရိယဘုံသို့ ရောက်ရှိခဲ့ကြပြီး၍ ထိုစူဠနာဂလိုဏ်၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသွားကြကုန်သော ရဟန်းတော်တို့၏ အရေအတွက် အပိုင်းအခြားသည်လည်း မရှိပေ။ အလားတူပင် စိတ္တလတောင်ကျောင်းတိုက် စသည့် သပ္ပါယဖြစ်သည့် ကျောင်း တိုက်တို့၌လည်း သောတာပန် အစ အရဟတ္တဖိုလ် အဆုံးရှိသည့် အရိယဘူမိသို့ ဆိုက်ရောက်သွားတော် မူကြ- ကုန်သော ရဟန်းတော်တို့၏ အရေအတွက်ကား အပိုင်းအခြား မရှိသည်သာလျှင် ဖြစ်ပေသည်။
——多得不可计数。还有许多比丘先在其他寺院证得入流、一来或不来等圣者境位,继而在 Cūḷanāga 窟证得阿罗汉果,他们的数目同样没有限量。又如 Cittalapabbata 山寺等适宜寺院,证得从入流直至阿罗汉果诸圣者境位的比丘,数目也不可计量。
(ဝိသုဒ္ဓိ-၁-၁၂၃-၁၂၄။)
(《清净道论》1-123—124。)
原书第 352 页
၂။ ဂေါစရဂါမ = ဆွမ်းခံရွာ
2.托钵村(gocaragāma)
နေကို မျက်နှာမူ၍ မသွားရ မပြန်ရသော မိမိ သီတင်းသုံးရာ ကျောင်းတိုက်မှ တောင်ဘက်အရပ်၌ ဖြစ်စေ၊ မြောက်ဘက်အရပ်၌ ဖြစ်စေ တည်ရှိသော မဝေးလွန်းသော တစ်ကောသခွဲ (= အလံတစ်ထောင်) ခန့် အတွင်း၌ တည်ရှိသော ပြည့်ပြည့်စုံစုံ သပ္ပါယမျှတအောင် ရလွယ်သော ဆွမ်းရှိသော ဆွမ်းခံရွာကား သပ္ပါယဖြစ်သော တော်မှန်ကောင်းမွန်သည့် ဆွမ်းခံရွာပင် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် သပ္ပါယ မဖြစ်သည့် ဆွမ်းခံရွာကို သိရှိ ပါလေ။ (ဝိသုဒ္ဓိ-၁-၁၂၄။)
适宜的托钵村,应位于所住寺院的南方或北方,使人往返时不必迎着太阳;距离不远,在一拘舍半(原注:一千弓)以内;村中又有容易取得、充足而适量的钵食。这样的托钵村才是良好、真正适宜的托钵村。反过来,应知就是不适宜的托钵村。(《清净道论》1-124。)
၃။ ဘဿ = စကားပြောမှု
3.言谈(bhassa)
နတ်ရွာ မဂ်-ဖိုလ်-နိဗ္ဗာန်တို့၏ တိုက်ရိုက် ဖီလာကန့်လန့်ဖြစ်သော တိရစ္ဆာနကထာ အမည်ရသော ကထာ အမျိုးမျိုး၌ အကျုံးဝင်သော စကားသည်ကား ယောဂါဝစရပုဂ္ဂိုလ်တို့ မပြောဆိုသင့်သော မလျော် မလျောက် ပတ်သော အသပ္ပါယစကား မည်၏။ နတ်ရွာ မဂ်-ဖိုလ်-နိဗ္ဗာန်တို့၏ တိုက်ရိုက် ဖီလာကန့်လန့် ဖြစ်သော ထို (၃၂)ပါးသော တိရစ္ဆာနကထာစကားသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ရရှိပြီးသော နိမိတ်၏ ကွယ်ပျောက်သွား ခြင်းငှာ ဖြစ်တတ်၏။
凡属 tiracchānakathā(俗论)种种话题、直接妨碍天界、道、果与涅槃的言谈,都是瑜伽行者不应说的不相宜、不适宜之谈。这32种直接妨碍天界、道、果与涅槃的俗论,会使瑜伽行者已经获得的禅相消失。
တရားအားထုတ်သော ပုဂ္ဂိုလ်များ အထူးအလေးဂရုပြု၍ ရှောင်ရှားရမည့် စကားများ ဖြစ်သဖြင့် ဘုရား ရှင်၏ ရှောင်ရှားစေလိုသော ဦးတည်ချက်ကိုပါ ပိုမို၍ နက်ရှိုင်းစွာ နားလည်သဘောပေါက်စေရန် မဟာဝဂ္ဂ သံယုတ်ပါဠိတော်၌ လာရှိသော တိရစ္ဆာနကထာသုတ္တန် မြန်မာပြန်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
这些是修行人尤其必须谨慎远离的言谈。为了使人更深刻地理解佛陀要人远离它们的本意,下面继续引录《相应部·大品》所载《俗论经》的缅文译文。
တိရစ္ဆာနကထာသုတ္တန်
《俗论经》(Tiracchānakathā Sutta)
ရဟန်းတို့ …များပြားသော စျာန် မဂ်ဖိုလ် နိဗ္ဗာန်၏ တိုက်ရိုက် ဖီလာကန့်လန့်ဖြစ်သော တိရစ္ဆာနကထာ စကားကို မပြောကုန်ရာ။ ယင်း တိရစ္ဆာနကထာစကားကား အဘယ်နည်း? ---- ၁။ ရာဇကထာ = မင်းနှင့် စပ်သောစကား၊ ၂။ စောရကထာ = ခိုးသား ဓားပြနှင့် စပ်သောစကား၊ ၃။ မဟာမတ္တကထာ= အမတ်ကြီး (ဝန်ကြီးချုပ်)နှင့် စပ်သောစကား၊ ၄။ သေနာကထာ = စစ်သည် (စစ်တပ်)နှင့် စပ်သောစကား၊ ၅။ ဘယကထာ = ကြောက်မက်ဖွယ်နှင့် စပ်သောစကား၊ ၆။ ယုဒ္ဓကထာ = စစ်ထိုးခြင်း (တိုက်ပွဲ)နှင့် စပ်သောစကား၊ ၇။ အန္နကထာ = စားဖွယ်နှင့် စပ်သောစကား၊ ၈။ ပါနကထာ = သောက်ဖွယ်နှင့် စပ်သောစကား၊ ၉။ ဝတ္ထကထာ = အဝတ်နှင့် စပ်သောစကား၊ ၁ဝ။ သယနကထာ = အိပ်ရာနေရာနှင့် စပ်သောစကား၊ ၁၁။ မာလာကထာ = ပန်းနှင့် စပ်သောစကား၊ ၁၂။ ဂန္ဓကထာ = နံ့သာနှင့် စပ်သောစကား၊ ၁၃။ ဉာတိကထာ = ဆွေမျိုးနှင့် စပ်သောစကား၊ ၁၄။ ယာနကထာ = ယာဥ်နှင့် စပ်သောစကား၊
“诸比丘,不应谈论直接妨碍诸禅那、道、果与涅槃的种种俗论。哪些是俗论呢?——1.ရာဇကထာ(rājakathā):关于国王的谈论;2.စောရကထာ(corakathā):关于盗贼、劫匪的谈论;3.မဟာမတ္တကထာ(mahāmattakathā):关于大臣(宰相)的谈论;4.သေနာကထာ(senākathā):关于军人(军队)的谈论;5.ဘယကထာ(bhayakathā):关于可怖之事的谈论;6.ယုဒ္ဓကထာ(yuddhakathā):关于战争(战斗)的谈论;7.အန္နကထာ(annakathā):关于食物的谈论;8.ပါနကထာ(pānakathā):关于饮料的谈论;9.ဝတ္ထကထာ(vatthakathā):关于衣服的谈论;10.သယနကထာ(sayanakathā):关于卧具、住处的谈论;11.မာလာကထာ(mālākathā):关于花鬘的谈论;12.ဂန္ဓကထာ(gandhakathā):关于香料的谈论;13.ဉာတိကထာ(ñātikathā):关于亲属的谈论;14.ယာနကထာ(yānakathā):关于车乘的谈论;”
၁၅။ ဂါမကထာ = ရွာနှင့် စပ်သောစကား၊
“15.ဂါမကထာ(gāmakathā):关于村落的谈论;”
原书第 353 页
အာနာပါနဿတိသမာဓိပိုင်း ၁၆။ နိဂမကထာ = နိဂုံးနှင့် စပ်သောစကား၊ ၁၇။ နဂရကထာ = မြို့နှင့် စပ်သောစကား၊ ၁၈။ ဇနပဒကထာ = နယ် (တိုင်းနယ်-ပြည်နယ်)နှင့် စပ်သောစကား၊ ၁၉။ ဣတ္ထိကထာ = အမျိုးသ္မီးနှင့် စပ်သောစကား၊ ၂ဝ။ သူရကထာ = သူရဲကောင်းနှင့် စပ်သောစကား၊ ၂၁။ ဝိသိခါကထာ = လမ်းနှင့် စပ်သောစကား၊ ၂၂။ ကုမ္ဘဋ္ဌာနကထာ = ရေခပ်ဆိပ်နှင့် စပ်သောစကား၊ ၂၃။ ပုဗ္ဗပေတကထာ = သေလွန်ပြီးသူနှင့် စပ်သောစကား၊ ၂၄။ နာနတ္တကထာ = အထွေထွေနှင့် စပ်သောစကား၊ ၂၅။ လောကက္ခာယိကကထာ = လောကအကြောင်းနှင့် စပ်သောစကား၊ ၂၆။ သမုဒ္ဒက္ခာယိကကထာ = သမုဒြာအကြောင်းနှင့် စပ်သောစကား၊ ၂၇။ ဣတိဘဝါဘဝကထာ = ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သောစကား၊ ၂၈။ ပုရိသကထာ = အမျိုးသားနှင့် စပ်သောစကား၊ ၂၉။ အရညကထာ = တောနှင့် စပ်သောစကား၊ ၃ဝ။ ပဗ္ဗတကထာ = တောင်နှင့် စပ်သောစကား၊ ၃၁။ နဒီကထာ = မြစ်နှင့် စပ်သောစကား၊
“16.နိဂမကထာ(nigamakathā):关于市镇的谈论;17.နဂရကထာ(nagarakathā):关于城市的谈论;18.ဇနပဒကထာ(janapadakathā):关于地方(行政区、邦)的谈论;19.ဣတ္ထိကထာ(itthikathā):关于女性的谈论;20.သူရကထာ(sūrakathā):关于英雄的谈论;21.ဝိသိခါကထာ(visikhākathā):关于道路的谈论;22.ကုမ္ဘဋ္ဌာနကထာ(kumbhaṭṭhānakathā):关于汲水埠头的谈论;23.ပုဗ္ဗပေတကထာ(pubbapetakathā):关于亡者的谈论;24.နာနတ္တကထာ(nānattakathā):关于种种杂事的谈论;25.လောကက္ခာယိကကထာ(lokakkhāyikakathā):关于世间的谈论;26.သမုဒ္ဒက္ခာယိကကထာ(samuddakkhāyikakathā):关于海洋的谈论;27.ဣတိဘဝါဘဝကထာ(itibhavābhavakathā):关于兴盛与衰败的谈论;28.ပုရိသကထာ(purisakathā):关于男子的谈论;29.အရညကထာ(araññakathā):关于林野的谈论;30.ပဗ္ဗတကထာ(pabbatakathā):关于山岳的谈论;31.နဒီကထာ(nadīkathā):关于河流的谈论;”
၃၂။ ဒီပကထာ = ကျွန်းနှင့် စပ်သောစကား ---- ဤသို့သော စကားတို့တည်း။ ထိုသို့ မပြောသင့်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း?
“32.ဒီပကထာ(dīpakathā):关于岛屿的谈论。——就是这类言谈。为什么不应当谈论这些呢?”
ရဟန်းတို့ …ဤစကားသည် အကျိုးစီးပွားနှင့် မစပ်၊ မဂ်တည်းဟူသော အကျင့်မြတ်၏ အစ မဟုတ်၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ငြီးငွေ့ရန်၊ တပ်မက်ခြင်း ရာဂကင်းရန်၊ တပ်မက်ခြင်း ရာဂချုပ်ငြိမ်းရန်၊ ကိလေသာ ဟူသော အပူခပ်သိမ်းမှ ငြိမ်းအေးရန်၊ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိရန်၊ အရိယမဂ်ဉာဏ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရန်၊ တဏှာမှ ထွက်မြောက်ရန် မဖြစ်။
“诸比丘,这类言谈与利益无关,不是以圣道为体的梵行之始,不能导向厌离轮回之苦、离贪、贪的止息、平息一切烦恼之热、以殊胜智通达四圣谛、亲自现前彻见圣道智,也不能导向从爱中解脱。”
ရဟန်းတို့ …သင်တို့ ပြောဆိုလိုသည် ရှိသော် ---- ၁။ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု ပြောဆိုကုန်ရာ၏၊ ၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု ပြောဆိုကုန်ရာ၏၊ ၃။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန် (= နိရောဓအရိယသစ္စာ) တရားတည်းဟု ပြောဆိုကုန်ရာ၏၊ ၄။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဥ် (= မဂ္ဂအရိယသစ္စာ) တရားတည်းဟု ပြောဆို ကုန်ရာ၏၊ ထိုသို့ ပြောဆိုသင့်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်းဟူမူ ---- ရဟန်းတို့ …ဤစကားသည် အကျိုးစီးပွားနှင့် စပ်၏၊ မဂ်တည်းဟူသော အကျင့်မြတ်၏ အစ ဖြစ်၏၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ငြီးငွေ့ရန်၊ တပ်မက်ခြင်း ရာဂကင်းရန်၊ တပ်မက်ခြင်း ရာဂချုပ်ရန်၊ ကိလေသာအပူ ခပ်သိမ်းမှ ငြိမ်းအေးရန်၊ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိရန်၊ အရိယမဂ်ဉာဏ်ကို ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ရန်၊ တဏှာမှ ထွက်မြောက်ရန် ဖြစ်၏။ ရဟန်းတို့ …ထိုကြောင့် သင်တို့သည်
“诸比丘,你们若要谈论,就应当说:1.‘这是苦圣谛。’2.‘这是苦之集——集圣谛。’3.‘这是苦的止息、涅槃(即灭圣谛)。’4.‘这是通往苦灭涅槃的修行之道(即道圣谛)。’为什么应当谈论这些呢?——诸比丘,这类言谈与利益有关,是以圣道为体的梵行之始,能导向厌离轮回之苦、离贪、贪的止息、平息一切烦恼之热、以殊胜智通达四圣谛、亲自现前彻见圣道智,并导向从爱中解脱。因此,诸比丘,你们应当努力——”
၁။ ဤကား ဒုက္ခအရိယသစ္စာတည်းဟု သိအောင် ကြိုးစားအားထုတ်ရမည်။
“——了知:1.这是苦圣谛;”
原书第 354 页
၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်းဟု သိအောင် ကြိုးစားအားထုတ်ရမည်။
“2.这是苦之集——集圣谛;”
၃။ ဤကား ဒုက္ခချုပ်ရာနိဗ္ဗာန် (= နိရောဓအရိယသစ္စာ) တည်းဟု သိအောင် ကြိုးစားအားထုတ်ရမည်။
“3.这是苦的止息、涅槃(即灭圣谛);”
၄။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဥ် (= မဂ္ဂအရိယသစ္စာ) တည်းဟု သိအောင် ကြိုးစား အားထုတ်ရမည်ဟု မိန့်တော်မူ၏။ (သံ-၃-၃၆၈။) 〔မှတ်ချက် ---- ဤအထက်ပါ (၃၂)ပါးသော တိရစ္ဆာနကထာအမည်ရသော စကားတို့တွင် အမှတ် (၂၈) = ပုရိသကထာ = အမျိုးသားနှင့်စပ်သော စကားမှာ အချို့မူတို့၌သာ ပါ၍ အချို့မူများ၌ မပါပေ။ တစ်ဖန် အမှတ် (၂၉)၊ (၃ဝ)၊ (၃၁)၊ (၃၂) ဖြစ်ကြသည့် တော-တောင်-မြစ်-ကျွန်းနှင့် စပ်သော စကားလေးမျိုးတို့ကား ပါဠိတော်၌ တိုက်ရိုက်ပင် မလာသော်လည်း ပါဠိတော်၌ တိုက်ရိုက်လာသည့် နောက်ဆုံး တိရစ္ဆာနကထာ ဖြစ်သည့် - ဣတိဘဝါဘဝကထာ = ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သော စကားရပ်၏နောက်တွင် လာရှိသော ဣတိဘဝါဘဝကထံ ဣတိ ဝါ - ဟူသောပုဒ်ဝယ် ဣတိ ဝါ-၌ တည်ရှိသော ဣတိ-သဒ္ဒါဖြင့် သိမ်းကျုံးရေတွက်၍ ယူထားခြင်း ဖြစ်သည်။ ---- တာ ဟိ ပါဠိယံ သရူပတော အနာဂတာပိ အရည-ပဗ္ဗတ-
“4.这是通往苦灭涅槃的修行之道(即道圣谛)。”佛陀如此教导。(《相应部》3-368。)〔原注:以上32种称为俗论的言谈中,第28项ပုရိသကထာ(purisakathā),即关于男子的谈论,只见于一部分版本,另一些版本没有。第29、30、31、32项关于林野、山岳、河流、岛屿的4种谈论,虽然没有直接列在巴利原典中,却由原典直接列出的最后一种俗论——ဣတိဘဝါဘဝကထာ,即关于兴盛与衰败的谈论——后面的巴利短语“ဣတိဘဝါဘဝကထံ ဣတိ ဝါ”(“或者关于兴盛与衰败的谈论”)中,位于“ဣတိ ဝါ”里的 iti 一词统摄计入。巴利《大复注》引文(缅文转写,续下单元):“တာ ဟိ ပါဠိယံ သရူပတော အနာဂတာပိ အရည-ပဗ္ဗတ-”译:“那些关于林野、山岳——”
နဒီ-ဒီပကထာ ဣတိ-သဒ္ဒေန သင်္ဂဟေတွာ သဂ္ဂမောက္ခာနံ တိရစ္ဆာနဘာဝတော ''ဒွတ္တိံ သ တိရစ္ဆာနကထာ''တိ ဝုတ္တာ။ (မဟာဋီ-၁-၁၄၈။)〕 ဒသကထာဝတ္ထုနိဿိတံ သပ္ပါယံ၊ တမ္ပိ မတ္တာယ ဘာသိတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၁၂၄။) = ကထာဝတ္ထုဆယ်ပါးကို မှီနေသော စကားမျိုးကား ယောဂါဝစရပုဂ္ဂိုလ်မွန်သည် ပြောဆိုသင့်သော သပ္ပါယ စကားပင် ဖြစ်၏။ ထိုသပ္ပါယစကားကိုလည်း အတိုင်းအရှည်ဖြင့်သာ ပြောဆိုရမည်။ ကထာဝတ္ထု ဆယ်ပါးမှာ အောက်ပါအတိုင်း ဖြစ်၏။
“——河流、岛屿的谈论,虽未在巴利原典中直接按原貌出现,仍由 iti 一词统摄;由于它们妨碍生天与解脱,故说为‘32种“依止10种论题的言谈是适宜的;即使这些,也只应适量而说。”也就是说,依止10种论题的言谈,是瑜伽行者应当说的适宜言谈;但这种适宜言谈也只能适量而说。10种论题如下。
၁။ အပ္ပိစ္ဆကထာ = အလိုနည်းခြင်းနှင့် စပ်သောစကား၊ ၂။ သန္တုဋ္ဌိကထာ = ရောင့်ရဲလွယ်ခြင်းနှင့် စပ်သောစကား၊ ၃။ ပဝိဝေကကထာ = ကာယဝိဝေက-စိတ္တဝိဝေက-ဥပဓိဝိဝေက ဟူသော ကင်းကင်းရှင်းရှင်း နေမှု ဝိဝေက သုံးမျိုးနှင့် စပ်သောစကား၊ 〔၁။ ကာယဝိဝေက = တစ်ကိုယ်ရေ တစ်ကာယ ကင်းကင်းရှင်းရှင်း နေခြင်း၊ ၂။ စိတ္တဝိဝေက = ဥပစာရ- အပ္ပနာ နှစ်မျိုးပြားသော သမာဓိ တစ်ခုခုကို ထူထောင်လျက် စိတ်ကို နီဝရဏ အညစ်အကြေးတို့မှ ကင်းရှင်း စေလျက် နေခြင်း၊ ၃။ ဥပဓိဝိဝေက = ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာ နိဗ္ဗာန်ကို အာရုံ ပြုလျက်နေခြင်း〕 ၄။ အသံသဂ္ဂကထာ = ရောရောနှောနှော မနေထိုင်ခြင်းနှင့် စပ်သောစကား၊ ၅။ ဝီရိယာရမ္ဘကထာ = ကြိုးစားအားထုတ်မှု ဝီရိယနှင့် စပ်သောစကား၊ ၆။ သီလကထာ = သီလနှင့် စပ်သောစကား၊ ၇။ သမာဓိကထာ = သမာဓိနှင့် စပ်သောစကား၊ ၈။ ပညာကထာ = ပညာနှင့် စပ်သောစကား၊ ၉။ ဝိမုတ္တိကထာ = ကိလေသာတို့မှလွတ်မြောက်သော ဝိမုတ္တိ အရဟတ္တဖိုလ်နှင့်စပ်သောစကား၊
1.အပ္ပိစ္ဆကထာ(appicchakathā):关于少欲的谈论;2.သန္တုဋ္ဌိကထာ(santuṭṭhikathā):关于知足的谈论;3.ပဝိဝေကကထာ(pavivekakathā):关于3种远离——身远离、心远离、依著远离——的谈论。〔1.ကာယဝိဝေက(kāyaviveka,身远离):独自一人,远离他人而住;2.စိတ္တဝိဝေက(cittaviveka,心远离):建立近行定或安止定中的任何一种,使心远离诸盖垢染而住;3.ဥပဓိဝိဝေက(upadhiviveka,依著远离):取远离4种依著的涅槃为所缘而住。〕4.အသံသဂ္ဂကထာ(asaṃsaggakathā):关于不杂处的谈论;5.ဝီရိယာရမ္ဘကထာ(vīriyārambhakathā):关于激发精进的谈论;6.သီလကထာ(sīlakathā):关于戒的谈论;7.သမာဓိကထာ(samādhikathā):关于定的谈论;8.ပညာကထာ(paññākathā):关于慧的谈论;9.ဝိမုတ္တိကထာ(vimuttikathā):关于从烦恼解脱的解脱、即阿罗汉果的谈论;
၁ဝ။ ဝိမုတ္တိဉာဏဒဿနကထာ= အရဟတ္တဖိုလ်ဝိမုတ္တိကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သော
10.ဝိမုတ္တိဉာဏဒဿနကထာ(vimuttiñāṇadassanakathā):关于省察阿罗汉果解脱的省察智之——
စကား ----
——谈论。
ဤသည်တို့ကား ကထာဝတ္ထု ဆယ်ပါးတို့တည်း။ ယင်းကထာဝတ္ထု ဆယ်ပါးကို မှီနေသော စကားသည် သပ္ပါယစကား ပြောသင့်သောစကား မည်ပေ၏။ သို့သော် ပြောသင့်သော အတိုင်းအတာနှင့်သာ ပြောရမည်
以上就是10种论题。依止这10种论题的言谈,称为适宜、应当说的言谈。不过,也应当只在适当的限度内说——
原书第 355 页
အာနာပါနဿတိသမာဓိပိုင်း ဖြစ်သည်။ အရဟတ္တဖိုလ် အထွတ်တပ်ထားသော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် လိုလား တောင့်တလျက်ရှိသော သူတော်ကောင်းသည် သမထ ဝိပဿနာ ဘာဝနာကျင့်စဥ် လုပ်ငန်းခွင်အတွင်း၌ မပြော သင့်သော တိရစ္ဆာနကထာစကားများကို အလွန့်အလွန် ဝေးစွာ ရှောင်ရှားလျက် ဆယ်ပါးသော သပ္ပါယကထာ စကားကိုသာ ဉာဏ်ဖြင့် နှိုင်းစာတိုင်းတာလျက် ပြောသင့်ရုံသာ ပြောဆိုမိရန် ကြိုးစားအားထုတ်ခြင်းဖြင့် ဘုရား ရှင်၏ အဆုံးအမတော်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်လေရာသည်။
——这才是应当的。渴望亲自现证以阿罗汉果为顶点的道智、果智与涅槃的贤者,在修习止与观的过程中,应当远远避开不应说的俗论,只说10种适宜言谈,并以智慧衡量分寸,仅说应说的部分;如此精勤,恭敬奉行佛陀的教诫。
၄။ သပ္ပါယပုဂ္ဂလ - အသပ္ပါယပုဂ္ဂလ
4.适宜之人和不适宜之人
ပုဂ္ဂိုလ်တစ်ဦးသည် (၃၂)ပါးသော တိရစ္ဆာနကထာစကားကို ပြောဆိုလေ့ ပြောဟောလေ့ မရှိဘဲ ဝေးစွာ ရှောင်လျက် တရားနှင့် လျော်ညီသော ကမ္မဋ္ဌာန်းနှင့် စပ်သော တရားစကားကိုသာ ပြောဆိုလေ့ရှိ၏၊ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့နှင့် ကုံလုံပြည့်စုံ၏၊ ယင်းပုဂ္ဂိုလ်ကို အမှီပြု၍ မတည်ကြည်သေးသော စိတ်သည် တည်ကြည်လာ၏ (= မဖြစ်သေးသော သမာဓိသည် ဖြစ်ပေါ်လာ၏)၊ တည်ကြည်ပြီးသော စိတ်သည်မူလည်း အထူးသဖြင့် မြဲမြံစွာ တည်ကြည်လာခြင်း သဘောရှိ၏ (= ဖြစ်ပေါ်ပြီးသော သမာဓိသည်မူလည်း အထူးသဖြင့် မြဲမြံစွာ တည်တံ့ခိုင်ခံ့လာ၏)။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် မှီဝဲသင့်သော လျော်ကန်လျောက်ပတ် ကောင်းမြတ် သော သပ္ပါယပုဂ္ဂိုလ် မည်၏။
有一种人,从不谈说32种俗论,远远避开它们,只说与法相应、与业处有关的法谈;他具足戒德、定德与慧德。依止这样的人,尚未得定的心得以定住(即尚未生起的定得以生起);已经得定的心则变得格外稳固(即已经生起的定变得格外稳固、持久)。这样的人,是应当亲近、相宜而良善的适宜之人。
အကြင်ပုဂ္ဂိုလ်သည်ကား သမာဓိကမ္မဋ္ဌာနိက ပုဂ္ဂိုလ် ဖြစ်၏။ သမထ (= သမာဓိ) ကမ္မဋ္ဌာန်း၏မူလည်း ကမ်းတစ်ဖက်သို့ ဆိုက်ရောက်ပြီးသော ပုဂ္ဂိုလ်ဖြစ်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကား ဤ ယောဂါဝစရပုဂ္ဂိုလ်အဖို့ ဧကန် မှီဝဲသင့်သော သပ္ပါယပုဂ္ဂိုလ်ပင် ဖြစ်ပေသည်။
另有一种人,是专修定业处者(samādhi-kammaṭṭhānika),并且在止(即定)业处上已经到达彼岸。对瑜伽行者而言,这样的人确实是应当亲近的适宜之人。
အကြင်ပုဂ္ဂိုလ်သည်ကား ကိုယ်လက်ကြံ့ခိုင်ရေးလုပ်ငန်း ခန္ဓာကိုယ် ဆူဖြိုးရန် မိမိကိုယ်ကို မွေးမြူရေး လုပ်ငန်း၌ အလေ့အလာများ၏၊ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော (၃၂)ပါးသော တိရစ္ဆာနကထာစကားကို ပြောဆိုလေ့ရှိ၏၊ ဝမ်းဗိုက်ပြည့်အောင် အလိုရှိတိုင်း စားသုံး၍ ပက်လက်အိပ်သည့် ချမ်းသာ၊ စောင်းအိပ်သည့် ချမ်းသာ၊ မှိန်းနေတတ်သည့် ချမ်းသာကို အစဥ်တစိုက် ကြိုးစားအားထုတ်လျက် နေထိုင်၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်ကား မမှီဝဲသင့်သော သပ္ပါယ မဖြစ်သည့်ပုဂ္ဂိုလ်မျိုးတည်း။
有一种人,惯于经营身体,使肢体强健、身躯肥壮;他常谈直接妨碍道、果的32种俗论,又随意进食直到腹满,一味追求仰卧之乐、侧卧之乐与昏昏欲睡之乐。这样的人,是不应亲近的不适宜之人。
ညွန်ရေသည် ကြည်လင်သော ရေကို နောက်ကျုအောင် ပြုလုပ်သကဲ့သို့ ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် ထို ယောဂါဝစရပုဂ္ဂိုလ်ကို စိတ်အစဥ် ညစ်နွမ်းသွားအောင်သာလျှင် ပြုလုပ်၍ ပေးတတ်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို အစွဲပြု၍ ကောဋပဗ္ဗတ အမည်ရသော တောင်ကျောင်းတိုက်၌ သီတင်းသုံးသော ရဟန်းငယ်တစ်ပါးအား ရရှိပြီး သော စျာန်သမာပတ်သည် ပျောက်ပျက်၍ သွားတတ်သကဲ့သို့ မိမိရရှိထားပြီးသော သမာပတ်သည်လည်း ပျောက်ပျက်သွားတတ်၏၊ ပဋိဘာဂနိမိတ်သည်ကား အဘယ်မှာလျှင် ပြောဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း၊ ပျောက် ပျက်နိုင်သည်သာလျှင် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၁-၁၂၄။ မဟာဋီ-၁-၁၄၉။)
正如泥水会使清水混浊,这样的人只会使瑜伽行者的心相续染污。依止这类人,自己的等至会消失;正如住在 Koṭapabbata 山寺的一位年轻比丘,因为依止这类人,已经获得的禅那等至也消失了。既然如此,似相就更不必说,同样会消失。(《清净道论》1-124;《大复注》1-149。)
၅။ ဘောဇန = အစာအာဟာရ
5.饮食(bhojana)
၆။ ဥတု = ရာသီဥတု
6.气候(utu)
အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချိုသော အရသာရှိသော ဘောဇဥ်သည် လျော်လျောက်ပတ် ကောင်း မြတ်၏၊ သပ္ပါယဖြစ်၏၊ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချဥ်သော အရသာရှိသော ဘောဇဥ်သည် လျော် လျောက်ပတ်ကောင်းမြတ်၏၊ သပ္ပါယဖြစ်၏။ (ဤအချို အချဥ် အရသာနှစ်မျိုးတို့ကား သတ္တဝါတို့အား အများဆုံး
对某些瑜伽行者,甜味饮食相宜而良好,是适宜的;对另一些瑜伽行者,酸味饮食相宜而良好,是适宜的。(之所以只说甜、酸两味,是因为这两种味道最常见于对有情有益的情形——
原书第 356 页
ကျေးဇူးပြုမှုကို မြင်တွေ့ရသောကြောင့် အချို အချဥ် အရသာ နှစ်မျိုးကိုသာ အဋ္ဌကထာဆရာတော် မိန့်ဆိုတော် မူခြင်း ဖြစ်သည်။ ခါးစပ်သော အရသာစသည်တို့ကား ထိုအချို အချဥ် အရသာတို့ကို ပြုပြင်ပေးတတ်သော အာဟာရဓာတ်တို့သာ ဖြစ်၍ မဖွင့်ဆိုခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ဥပလက္ခဏနည်း နိဒဿနနည်းဟု မှတ်ပါ။) အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား အေးသော ရာသီဥတုသည် သပ္ပါယဖြစ်၏၊ အချို့သော ယောဂါ ဝစရ ပုဂ္ဂိုလ်အား ပူသော ရာသီဥတုသည် သပ္ပါယ ဖြစ်၏။
——所以义注师只提这两种味道。苦、辣等味,只是能够调和甜、酸诸味的食物成分,因而没有另作解释。换一种说法,应把这理解为 upalakkhaṇa(举一兼摄)或 nidassana(举例说明)的方法。)对某些瑜伽行者,寒冷的气候适宜;对另一些瑜伽行者,炎热的气候适宜。
ထိုကြောင့် အကြင်ဘောဇဥ်ကိုလည်းကောင်း၊ ဥတုကိုလည်းကောင်း မှီဝဲသော ယောဂါဝစရပုဂ္ဂိုလ်အား ချမ်းသာမှုသည် ဖြစ်ပေါ်လာ၏၊ မတည်ကြည်သေးသော စိတ်သည် တည်ကြည်လာ၏ (= မဖြစ်ပေါ်သေးသော သမာဓိသည် ဖြစ်ပေါ်လာ၏)၊ တည်ကြည်ပြီးသော စိတ်သည်မူလည်း အထူးသဖြင့် မြဲမြံစွာ တည်ကြည်လာခြင်း သဘောရှိ၏ (= ဖြစ်ပေါ်ပြီးသော သမာဓိသည်လည်း အထူးသဖြင့် မြဲမြံခိုင်ခံ့ တည်တံ့လာ၏)။ ဤကဲ့သို့သော ဘောဇဥ်သည်လည်းကောင်း၊ ဥတုသည်လည်းကောင်း သပ္ပါယဖြစ်၏၊ လျောက်ပတ်၏။ ဤမှ ပြောင်းပြန် ဖြစ် သော အခြားသော ဘောဇဥ် အခြားသော ဥတုသည်ကား မလျော် မလျောက်ပတ်သည့် အသပ္ပါယဘောဇဥ် ဥတု မည်၏။ (ဝိသုဒ္ဓိ-၁-၁၂၄။ မဟာဋီ-၁-၁၄၉။)
因此,瑜伽行者采用某种饮食或处于某种气候时,若身心安适,尚未得定的心得以定住(即尚未生起的定得以生起),已经得定的心则变得格外稳固(即已经生起的定变得格外稳固、持久),这种饮食与气候就是适宜、相宜的。与此相反的其他饮食、其他气候,则称为不相宜的不适宜饮食与气候。(《清净道论》1-124;《大复注》1-149。)
၇။ ဣရိယာပုထ်
7.威仪(iriyāpatha)
ဣရိယာပုထ်တို့တွင်လည်း အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား စင်္ကြံသွားခြင်း ဣရိယာပုထ်သည် သပ္ပါယ ဖြစ်၏၊ မျှတ၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား အိပ်ခြင်း ရပ်ခြင်း ထိုင်ခြင်းတို့တွင် တစ်မျိုးမျိုးသော ဣရိယာပုထ်သည် သပ္ပါယဖြစ်၏၊ မျှတ၏။ ထိုကြောင့် ကျောင်း၌ကဲ့သို့ ဣရိယာပုထ် တစ်ခုကို သုံးရက်တို့ ပတ်လုံး စုံစမ်း၍ အကြင်ဣရိယာပုထ်၌ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းမှု ပြုလုပ်နေသော ယောဂါဝစရပုဂ္ဂိုလ်အား မတည်ကြည်သေးသော စိတ်သည်မူလည်း တည်ကြည်လာ၏ (= မဖြစ်ပေါ်သေးသော သမာဓိသည်မူလည်း ဖြစ်ပေါ်လာ၏)၊ တည်ကြည်ပြီးသော စိတ်သည်မူလည်း အထူးသဖြင့် မြဲမြံစွာ တည်တံ့ခိုင်ခံ့လာ၏ (= ဖြစ်ပေါ် ပြီးသော သမာဓိသည်မူလည်း အထူးသဖြင့် မြဲမြံစွာတည်တံ့ ခိုင်ခံ့လာ၏)။ ထိုဣရိယာပုထ်ကား လျော်လျောက် ပတ် ကောင်းမြတ်သော မှီဝဲသင့်သော သပ္ပါယဖြစ်သည့် ဣရိယာပုထ်တည်း။ အခြားသော ဣရိယာပုထ်ကား
在各种威仪中,对某些瑜伽行者,经行威仪适宜而相称;对另一些瑜伽行者,卧、立、坐三种威仪中的某一种适宜而相称。因此,如同试验住处一样,应把一种威仪试行3天。瑜伽行者以某种威仪修习业处时,若尚未得定的心得以定住(即尚未生起的定得以生起),已经得定的心则变得格外稳固(即已经生起的定变得格外稳固、持久),这种威仪就是相宜、良好、应当采用的适宜威仪;其他威仪则是——
မလျော် မလျောက်ပတ်သော မမှီဝဲသင့်သော ဣရိယာပုထ်တည်း။ (ဝိသုဒ္ဓိ-၁-၁၂၄။) ဣတိ ဣမံ သတ္တ ဝိဓံ အသပ္ပါယံ ဝဇ္ဇေတွာ သပ္ပါယံ သေဝိတဗ္ဗံ။ ဧဝံ ပဋိပန္နဿ ဟိ နိမိတ္တာသေဝန- ဗဟုလဿ နစိရေနေဝ ကာလေန ဟောတိ ကဿစိ အပ္ပနာ။ (ဝိသုဒ္ဓိ-၁-၁၂၅။) ဤဆိုအပ်ခဲ့ပြီးသော နည်းအတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် (၇)မျိုးသော အသပ္ပါယကို ရှောင်ကြဥ်၍ (၇)မျိုးသော သပ္ပါယကို မှီဝဲအပ်ပေသည်။ ဤသို့ မလျောက်ပတ်သည်ကို ကြဥ်၍ လျောက်ပတ်သည်ကိုသာ မှီဝဲသဖြင့် အာနာပါနကမ္မဋ္ဌာန်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသော အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ မှီဝဲခြင်းများသော၊ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ နှလုံးသွင်းရှုပွားခြင်း ဘာဝနာမနသိကာရ လုပ်ငန်း ရပ်ကို များစွာ မှီဝဲလျက်ရှိသော၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကို ဘာဝနာစိတ်၏ ကျက်စားရာ အာရုံအဖြစ် မှီဝဲခြင်း (= ဂေါစရာသေဝန၏ အစွမ်းဖြင့် မှီဝဲခြင်း) အလေ့အလာများသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား
——不相宜、不应采用的威仪。(《清净道论》1“因此,应舍离这七种不适宜,亲近适宜;如此行持而常常修习禅相的人,有些不久便能成就安止。”依照以上所说的方法,瑜伽行者应当避开7种不适宜条件,亲近7种适宜条件。如此避开不相宜者、只亲近相宜者而精勤修习入出息业处的人,若常常亲近入出息似相所缘,频繁对入出息似相所缘作修习作意,并且惯于把入出息似相所缘作为修习心的行处来亲近(即依 gocarāsevana 的方式亲近),有些瑜伽行者便——
မကြာမီ အချိန်ကာလ အတွင်းမှာပင်လျှင် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာတတ်ပေ၏။ (ဝိသုဒ္ဓိ-၁-၁၂၅။)
——会在不久之内生起安止禅。(《清净道论》1-125。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。