威仪章与正知章(下)
色业处部分 · 原书第 764–768 页 · 29 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 764 页
တစ်နည်း ဖွင့်ဆိုပုံ
另一种解释方式
အထ ပနာတိအာဒိနာ ဝိညတ္တိယာ အနုမာနေန ဂဟေတဗ္ဗတံ ဒဿေတိ။ (အနုဋီ-၁-၇၉။) ဤအထက်တွင် ဖော်ပြထားသော မူလဋီကာစကားရပ်၌ ---- မနောဒွါရဝိညာဏေန ဂဟိတေ တသ္မိံ စိတ္တေန သဟေဝ အနုပရိဝတ္တေ ကာယထမ္ဘနဝိကာရစောပန- သင်္ခါတေ (မူလဋီ-၁-၇၃။) ဟူသော စကားရပ်ဖြင့် ဝိညတ်ဟူသော ဝိကာရကို မနောဒွါရဝိညာဏ်ဖြင့် တိုက်ရိုက် အာရုံပြု၍ သိအပ်ကြောင်းကို ပြ၏။ အောက်တွင် ဆက်လက်ဖော်ပြမည့် ဒုတိယနည်း၌ကား ဝိညတ်ဟူသော ဝိကာရကို မနောဒွါရဝိညာဏ်ဖြင့် တိုက်ရိုက် အာရုံမပြုဘဲ အနုမာနအားဖြင့် မှန်းဆသိကြောင်းကို ဤသို့ ဖော် ပြထား၏။
“又以‘atha pana’等语,显示身表应当由推理而把握。”(《随复注》1-79。)在上文所引的《根本复注》语句中,“မနောဒွါရဝိညာဏေန ဂဟိတေ တသ္မိံ စိတ္တေန သဟေဝ အနုပရိဝတ္တေ ကာယထမ္ဘနဝိကာရစောပန- သင်္ခါတေ (မူလဋီ-၁-၇၃။)”这一语句,显示称为身表的特殊变异可由意门识直接取为所缘而了知。下文接着说明的第二种方法,则显示意门识不直接缘取称为身表的特殊变异,而是通过推理加以推知。
တစ်နည်းဆိုရသော် ဤသို့ ဖြစ်၏။ ဝိညတ်ရုပ်ကို မနောဒွါရဝိညာဏ်ဖြင့် တိုက်ရိုက်အာရုံ မပြုအပ်သော် လည်း ဝိညတ်သည် ကာယဒွါရ၌ ဖြစ်သော အမူအရာဟူသော အလိုကို အာရုံရယူကြောင်း = သိကြောင်း ဝိထီအားလည်း ရှေး၌ ပြီးပြီးသော အဆက်အသွယ်ကို ယူခြင်း၏ အားကြီးသောမှီရာ ဥပနိဿယ၏ အစွမ်းဖြင့် ကျေးဇူးပြုတတ်၏။ အကြောင်းမူ --- အလိုနှင့် အတူတကွဖြစ်သော ဝိကာရနှင့် အတူတကွဖြစ်သော အဆင်း ရူပါရုံ ဝဏ္ဏဓာတ်ကို အာရုံရယူကြောင်း ဝီထိ၏ အခြားမဲ့၌ ဖြစ်သော လှုပ်ရှားပြသသူ၏ အလိုဆန္ဒကို အာရုံ ရယူကြောင်း သိကြောင်း ဝီထိ၏ လှုပ်ရှားပြသသူ၏ အလိုဆန္ဒနှင့် အတူတကွ ဖြစ်သော ဝိကာရ (ဟူသော ဝိညတ်)၏ မရှိခြင်းသည် ရှိခဲ့သော် မဖြစ်နိုင်ခြင်းကြောင့်ပင်တည်း။
换一种方式来说,就是这样:即使意门识不直接取身表色为所缘,身表仍能资助那条缘取、了知身门举止之意向的心路;它依取知先前已经成立之相联关系的力量,以自然亲依止缘力给予资助。理由是:一条缘取色所缘的心路,所缘是与意向俱生之变异同时存在的颜色界;紧接这条心路而生起的,是缘取、了知动作显示者之内在意向的心路。假使与动作显示者之意向俱生的变异——即身表——不存在,后面这条心路便不可能生起。
〔ဝိညတ်သည် မနောဒွါရဝိညာဏ်ဖြင့် တိုက်ရိုက်အာရုံ မပြုအပ်သော်လည်း ကာယဒွါရ၌ ဖြစ်သော အမူ အရာဟူသော အလိုကို အာရုံရယူသော ဝီထိအား ကျေးဇူးပြုနိုင်၏ဟု ဆိုရာ၌ အဘယ်နည်းဖြင့် ကျေးဇူးပြုနိုင် သနည်း မေးဖွယ်ရှိ၏၊ အဖြေမှာ ဤသို့ ဖြစ်၏ ---- ''လာစေလိုလျှင် လက်ယပ်ခေါ်၏''ဟု ဆိုရာ၌ လာစေလို ခြင်းနှင့် လက်ယပ်ခြင်း၏ ဆက်သွယ်ပုံကို ပြန်၍သိသော မနောဒွါရဝီထိက ပကတူပနိဿယသတ္တိ = ပြကတေ့ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်းဟူသော အစွမ်းကြောင့် ဝိညတ်သည် မနောဒွါရ ဝိညာဏ်ဖြင့် တိုက်ရိုက် အာရုံ မပြုအပ်ပါဘဲလျက် ကာယဒွါရ၌ ဖြစ်သော ကိုယ်အမူအရာဟူသော အလိုကို သိခြင်း၏ အကြောင်း ဖြစ်နိုင်ပါသည်။ လက်ယပ်၍ ခေါ်ရာ၌ လက်၏ အဆင်းဝယ် ဝိညတ်ဟူသော ဝိကာရနှင့် အတူတကွ ဖြစ်နေ၏၊ ထိုဝိကာရလည်း လက်ယပ်ခေါ်သူ၏ လာစေလိုသော အတွင်းသဘော အလိုဆန္ဒနှင့် အတူတကွ ဖြစ်နေ၏။ ထို အဆင်း ဝဏ္ဏဓာတ်ကို သိသော စက္ခုဝိညာဏဝီထိနှင့် နောက်လိုက် တဒနုဝတ္တိက
〔说身表虽不由意门识直接取为所缘,却能资助缘取身门举止之意向的心路,可能会问:它以什么方式给予资助?答案如下。以“လာစေလိုလျှင် လက်ယပ်ခေါ်၏”——“想让对方前来,便挥手招唤”——为例,重新了知“希望对方前来”与“挥手招唤”之间关系的意门心路,以自然亲依止缘力(pakatūpanissaya-satti)给予资助;由于这一资助,身表虽不由意门识直接取为所缘,仍能成为了知身门所表现之身体举止、也就是了知其意向的原因。挥手招唤时,手的颜色界与称为身表的变异同时存在;这个变异又与挥手者希望对方前来的内在意向同时存在。了知这个颜色界的眼识心路,以及随后而起的随转——
မနောဒွါရဝီထိဟူသော နှစ်ဝီထိတို့၏ အခြားမဲ့၌ ဆက်လက်ဖြစ်ပေါ်လာသော လက်ယပ်ခေါ်သူ၏ လာစေလို သော အတွင်းသဘော အလိုဆန္ဒကို သိသောဝီထိသည် ဝိညတ်ဟူသော ဝိကာရ မရှိလျှင် မဖြစ်နိုင်။ ထိုကြောင့် ဝိညတ်ဟူသော ဝိကာရသည် မနောဒွါရဝိညာဏ်ဖြင့် တိုက်ရိုက်အာရုံ မပြုအပ်ပါသော်လည်း ကာယိကကရဏ = ကာယဒွါရ၌ ဖြစ်သော အမူအရာဟူသော အလိုကို သိသော ဝီထိအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူး ပြုသည်ဟု ဆိုလိုပေသည်။ ဤစကားရပ်ဖြင့် ''အလိုကို သိခြင်းဖြင့် ဝိညတ်ဟူသော ဝိကာရကို မှန်းဆ၍ သိ အပ်၏''ဟု ပြ၏။
——意门心路这两条心路之后,继续生起了知挥手者希望对方前来的内在意向之心路;如果没有称为身表的变异,这条心路便不可能生起。因此,原文的意思是:称为身表的变异虽不由意门识直接取为所缘,却以自然亲依止缘力,资助了知身门身体举止之意向的心路。上述语句显示:“由于了知意向,便由推理而了知称为身表的变异。”
ဤကား အထက်ပါ မူလဋီကာစကားရပ်၏ ဆိုလိုရင်း သဘောတည်း။ သို့သော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ-၂၂၅-၌ ဝိညတ်ရုပ် အဝင်အပါ ဖြစ်သော ရုပ်အစစ် ရုပ်အတုအားလုံးကို နာမရူပပရိစ္ဆေဉာဏ်ပိုင်း၌ ပေါင်းစုခြုံငုံ၍ သိမ်းဆည်းရန် ညွှန်ကြားထား၏။ သို့အတွက် ရုပ်နာမ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင် ရှုပွားနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ နာမရူပပရိစ္ဆေဒဉာဏ်ဟူသော ဉာဏ်ပြဓာန်း
以上就是上述《根本复注》语句的旨意。不过,《清净道论》第2册第225页指示:在名色分别智阶段,应当总摄而辨识包括身表色在内的一切真实色与非真实色。因此,对于那些能辨识、观照色名直至究竟法,并能以智逐一分别的瑜伽行者来说,以名色分别智为主导的——
原书第 765 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း သော မနောဒွါရဝိညာဏ်ဖြင့်ကား ယင်းဝိညတ်ကို တိုက်ရိုက် အာရုံယူနိုင်သည်သာဖြစ်သည်။ ''လက်ယပ်ခေါ် သူ၏ လာစေလိုသော အလို (ဘာဝ)ကို သိခြင်းဖြင့် ဝိညတ်ဟူသော ဝိကာရကို မှန်းဆ၍ သိအပ်သည်''ဟူသော အထက်ပါ မူလဋီကာဆရာတော်၏ စကားမှာ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သူ လူပြိန်းတို့အတွက် ရည်ညွှန်း၍ ပြောဆိုနေသော စကားဟု မှတ်ပါ။ အဝိညာယမာနန္တရာယ (မူလဋီ-၁-၇၃) - ဟူသော မူလဋီကာ စကားကိုပင် ထောက်ရှုပါ။
——意门识,确实能够直接取身表为所缘。缅文引语“လက်ယပ်ခေါ် သူ၏ လာစေလိုသော အလို (ဘာဝ)ကို သိခြင်းဖြင့် ဝိညတ်ဟူသော ဝိကာရကို မှန်းဆ၍ သိအပ်သည်”意为:“由于了知挥手者希望对方前来的意向(bhāva),便由推理而了知称为身表的变异。”应知,《根本复注》导师上面这句话,是针对智慧尚未洞达究竟法的普通人而说。请参照“အဝိညာယမာနန္တရာယ (မူလဋီ-၁-၇၃)”这句《根本复注》原文。
ထန်းရွက် စသည်တို့၏ ရူပါရုံ အရောင်အဆင်းကို သိသောဝီထိ၏ အခြားမဲ့၌ ရေကိုသိသော ဝီထိ ဖြစ် ခြင်းအားဖြင့် ''ထန်းရွက်သည် ရေရှိခြင်း၏ အထိမ်းအမှတ် ဖြစ်၏''ဟူသော အခြင်းအရာသည် အထူး အာရုံ မပြုအပ်ပါသော်လည်း ထင်ရှားပြီး ဖြစ်သကဲ့သို့ လက်ယပ်၍ ခေါ်ယူရာဝယ် လက်၏ အရောင်အဆင်း ဝဏ္ဏ ဓာတ်ကို သိကြောင်း ဝီထိ၏ အခြားမဲ့၌ အလို (ဘာဝ)ကို သိသော ဝီထိ၏ ဖြစ်ခြင်းအားဖြင့် ဝိညတ်လည်း အနု မာနအားဖြင့် ထင်ရှားပြီး ဖြစ်၏၊ ထိုကြောင့် ''ဤမည် ဤမည်သော အမှုကို ပြုစေလိုသည် ထင်၏''ဟူသော စကားဖြင့် အလို (ဘာဝ) ကို သိမှုကြောင့်ပင် ဝိညတ်လည်း အနုမာနအားဖြင့် ထင်ရှားပြီး သိအပ်ပြီး ဖြစ်ခြင်း ကို အဋ္ဌကထာ၌ ဖွင့်ဆိုအပ်ပါသည် ဟူလို။〕〕〕
正如在了知棕榈叶等颜色、色所缘的心路之后,紧接着生起了知水的心路,因而即使没有特别取作所缘,“ထန်းရွက်သည် ရေရှိခြင်း၏ အထိမ်းအမှတ် ဖြစ်၏”——“棕榈叶是有水的标志”——这一方式也已显明;同样,在挥手招唤时,了知手之颜色界、色所缘的心路之后,紧接着生起了知意向(bhāva)的心路,身表也就由推理而显明。因此,义注以“ဤမည် ဤမည်သော အမှုကို ပြုစေလိုသည် ထင်၏”——“看来他想让人做某某事情”——这句话解释:正由于意向(bhāva)已被了知,身表也就通过推理而显明并被了知。〕〕〕
သိထိုက်သော တရား
所应知之法
န ကေဝလဉ္စေသာ ဝိညာပနတောဝ ဝိညတ္တိ နာမ။ ဝိညေယျတောပိ ပန ဝိညတ္တိယေဝ နာမ။ အယဥှိ ပရေသံ အန္တမသော တိရစ္ဆာနဂတာနမ္ပိ ပါကဋာ ဟောတိ၊ တတ္ထ တတ္ထ သန္နိပတိတာ ဟိ သောဏသိင်္ဂါလကာက- ဂေါဏာဒယော ဒဏ္ဍံ ဝါ လေဍ္ဍုံ ဝါ ဂဟေတွာ ပဟရဏာကာရေ ဒဿိတေ 'အယံ နော ပဟရိတုကာမော'တိ ဉတွာ ယေန ဝါ တေန ဝါ ပလာယန္တိ။ ပါကာရကုဋ္ဋာဒိအန္တရိကဿ ပန ပရဿ အပါကဋကာလောပိ အတ္ထိ၊ ကိဉ္စာပိ တသ္မိံ ခဏေ အပါကဋာ၊ သမ္မုခီဘူတာနံ ပန ပါကဋတ္တာ ဝိညတ္တိယေဝ နာမ ဟောတိ။
“这种法不只是由于能使人了知而名为‘表’,也由于其自身应被了知而仍名为‘表’。它会在他人心中显明,最低限度甚至也会在畜生心中显明。聚集在各处的狗、豺、乌鸦、牛等,见到有人手持棍棒或土块而显示将要击打的姿态,便知道‘这个人想打我们’,于是向各处逃走。对于隔在墙、壁等后面的他人,也有不显明的时候;它在那一刻虽然不显明,但由于对面前之人显明,所以仍名为‘表’。”
(အဘိ-ဋ္ဌ-၁-၁၂၆။)
缅文出处原文:“(အဘိ-ဋ္ဌ-၁-၁၂၆။)”(《殊胜义注》1-126。)
= ဆက်၍ ဆိုဦးအံ့ ---- ဤဝိညတ်ဟူသော ဝိကာရသည် သက်သက် အလိုကို သိစေတတ်သည်၏ အဖြစ် ကြောင့်သာ ဝိညတ်မည်သည် မဟုတ်သေး၊ သိထိုက်သည်၏ အဖြစ်ကြောင့်လည်း ဝိညတ်မည်သည်သာ ဖြစ် ၏။ (ဤစကားရပ်ဖြင့် - ဝိညာယတီတိ ဝိညတ္တိ = သိထိုက်သောကြောင့် ဝိညတ်မည်၏''ဟူသော ကမ္မသာဓန ဝစနတ္ထကို ဖော်ပြသည်ဟု မှတ်ပါ။) ထင်ရှားစေအံ့ ---- ဤဝိကာရရုပ်ဟူသော ဝိညတ်သည် သူတစ်ပါးတို့၏စိတ်၌ အောက်ထစ်ဆုံးအားဖြင့် တိရစ္ဆာန်တို့၏ စိတ်၌သော်မှလည်း ထင်ရှား၏။ မှန်ပေသည် ထိုထိုအရပ်၌ စုဝေးနေကြကုန်သော အိမ်ခွေး တောခွေး ကျီး နွား အစရှိသော သတ္တဝါတို့သည် တုတ်ကိုသော်လည်းကောင်း၊ ခဲကိုသော်လည်းကောင်း ကိုင်၍ ပုတ်ခတ်မည့် ပစ်မည့် အမူအရာကို ပြအပ်သည် ရှိသော် ''ဤသူသည် ငါတို့ကို ပုတ်ခတ်ခြင်းငှာ ပစ်ခတ်ခြင်းငှာ အလိုရှိ၏''ဟု သိ၍ ဟိုဟို ဒီဒီ ဦးတည့်ရာလမ်းဖြင့်မူလည်း ပြေးကြကုန်၏။
继续说明。这种称为身表的变异,并不只是由于能使人了知意向才名为“表”;也由于其自身是所应了知之法而名为“表”。(以此应知,原文显示“ဝိညာယတီတိ ဝိညတ္တိ”——“由于被了知,故名为表”——这一业成语义解释。)举例来说,称为身表的这种变异色,会在他人心中显明,最低限度甚至也会在畜生心中显明。确实,聚集在各处的家犬、野狗、乌鸦、牛等动物,见到有人手持棍棒或石块,显示将要击打或投掷的姿态,便知道:“这个人想要击打、投掷我们。”于是朝着各个方向逃走。
တစ်ဖန် ယင်းဝိကာရဟူသော ဝိညတ်သည် တံတိုင်း နံရံ စသည်တို့ ခြားကွယ်ထားအပ်သော သူတစ်ပါး၏ စိတ်၌ မထင်ရှားရာ အခါသည်လည်း ရှိပါသေး၏။ ထိုတံတိုင်း နံရံ စသည်တို့ ခြားကွယ်ရာခဏ၌ ဝိညတ်သည် မထင်ရှားသည် အကယ်၍မူလည်း ဖြစ်ပါစေဦးတော့၊ ထိုသို့ပင် မထင်ရှားမှု ဖြစ်သော်လည်း မျက်မှောက် ဖြစ် ကုန်သော သူတို့၏ စိတ်၌ကား ထင်ရှားသည်၏ အဖြစ်ကြောင့် ဝိညတ်မည်သည်သာ ဖြစ်ပေသည်။
另一方面,称为身表的这种变异,有时并不在被墙、壁等隔开的他人心中显明。即使在墙、壁等阻隔的那一刻,身表确实不显明;然而,尽管当时有这种不显明的情况,由于它会在面前之人的心中显明,所以仍然名为“表”。
(အဘိ-ဋ္ဌ-၁-၁၂၆။)
缅文出处原文:“(အဘိ-ဋ္ဌ-၁-၁၂၆။)”(《殊胜义注》1-126。)
原书第 766 页
အယံ နော ပဟရိတုကာမောတိ အဓိပ္ပါယဝိဇာနနေန ဝိညတ္တိယာ ပါကဋဘာဝံ ဒဿေတိ။ န ဟိ တဒ- ပါကဋဘာဝေ အဓိပ္ပါယဝိဇာနနံ ဟောတီတိ။ သမ္မုခီဘူတာနံ ပန ပါကဋတ္တာ ဝိညတ္တိယေဝ နာမ ဟောတီတိ အသမ္မုခီဘူတတာယ အနာပါထဂတာနံ ရူပါဒီနံ စက္ခုဝိညေယျာဒိဘာဝေါ ဝိယ သဘာဝဘူတံ တံ ဒွိဓာ ဝိညတ္တိ- ဘာဝံ သာဓေတိ။ ပရံ ဗောဓေတုကာမတာယ ဝိနာပိ အဘိက္ကမနာဒိပ္ပဝတ္တနေန သော စိတ္တသဟဘူဝိကာရော အဓိပ္ပါယံ ဝိညာပေတိ၊ သယဉ္စ ဝိညာယတီတိ ဒွိဓာပိ ဝိညတ္တိယေဝါတိ ဝေဒိတဗ္ဗာ။ (မူလဋီ-၁-၇၃။) ''ဤသူသည် ငါတို့ကို ပုတ်ခတ်ခြင်းငှာ ပစ်ခတ်ခြင်းငှာ အလိုရှိ၏''ဟူသော (အဘိ-ဋ္ဌ-၁-၁၂၆။) စကား ရပ်ဖြင့် ပုတ်ခတ်လိုသူ ပစ်ခတ်လိုသူ၏ အတွင်းသဘော အလိုဆန္ဒ (ဘာဝ) ကို သိခြင်းအားဖြင့် ဝိညတ်၏ ထင်ရှားသည်၏ အဖြစ်ကို ညွှန်ပြ၏။ မှန်ပေသည် - ထိုဝိညတ်၏ မထင်ရှားသည်၏အဖြစ်သည် ရှိလတ်သော် အတွင်းသဘော အလိုဆန္ဒကို သိခြင်းသည် မဖြစ်နိုင်သောကြောင့်တည်း။
“‘这个人想打我们’一语,以对意向的了知,显示身表的显明性;因为身表若不显明,就不会有对意向的了知。‘然而,由于它对面前之人显明,所以仍名为表’一语,正如色所缘等虽然因不在面前而未进入所缘范围,仍具有为眼识等所知之法的性质一样,确立这两方面本来就是身表自身的表义。即使没有想让他人知道的意愿,与心俱生的这一变异仍通过前进等活动使意向为人所知,而其自身也被了知;应知依这两方面都名为表。”(《根本复注》1-73。)“ဤသူသည် ငါတို့ကို ပုတ်ခတ်ခြင်းငှာ ပစ်ခတ်ခြင်းငှာ အလိုရှိ၏”——“这个人想要击打、投掷我们”——这句《殊胜义注》(1-126)的话,借由了知击打者、投掷者内在的意向(bhāva),指出身表具有显明性。确实,如果身表不显明,就不可能了知内在意向。
''မျက်မှောက်ဖြစ်ကုန်သော သူတို့၏ စိတ်၌ကား ထင်ရှားသည်၏ အဖြစ်ကြောင့် ဝိညတ်မည်သည်သာ ဖြစ်ပေသည်။ (အဘိ-ဋ္ဌ-၁-၁၂၆။) ဟူသော စကားရပ်ဖြင့် - မျက်မှောက် မဟုတ်သည်၏အဖြစ်ကြောင့် စက္ခု အကြည်ဓာတ် စသည်နှင့် ဘဝင်မနောအကြည်ဓာတ်သို့ ရှေးရှုကျရောက်ခြင်းသို့ ထင်ခြင်းသို့ မရောက်ကုန်သော ရူပါရုံ စသည်တို့၏ စက္ခုဝိညာဏ်ဖြင့် သိအပ်သော စက္ခုဝိညေယျတရား စသည်တို့၏အဖြစ်ကို ပြီးစီးစေအပ်ပြီး ဖြစ်သကဲ့သို့ - အလားတူပင် သဘာဝအစစ်အမှန် ဖြစ်၍ဖြစ်သော ထိုဝိညတ္တိဟူသော အမည်ကို ---- ၁။ ဝိညာပေတီတိ ဝိညတ္တိ = သိစေတတ်သောကြောင့် ဝိညတ် မည်၏။
“မျက်မှောက်ဖြစ်ကုန်သော သူတို့၏ စိတ်၌ကား ထင်ရှားသည်၏ အဖြစ်ကြောင့် ဝိညတ်မည်သည်သာ ဖြစ်ပေသည်။ (အဘိ-ဋ္ဌ-၁-၁၂၆။)”——“由于它在面前之人的心中显明,所以仍名为表”(《殊胜义注》1-126)——这一语句说明:正如色所缘等虽因不在面前而未进入眼净色等及有分意净界的所缘范围,却仍具有为眼识等所知之法的性质;同样,“身表”本身也由下列第一种语义得以成立:1.“ဝိညာပေတီတိ ဝိညတ္တိ”=由于能使人了知,故名为表。
၂။ ဝိညာယတီတိ ဝိညတ္တိ = သိထိုက်သောကြောင့် ဝိညတ် မည်၏။ ---- ဟူသော နှစ်မျိုးသော အပြားအားဖြင့် ပြီးစီးစေ၏။ သူတစ်ပါးကို သိစေခြင်းငှာ အလိုရှိသည်၏အဖြစ်နှင့် ကင်း၍လည်း ရှေ့သို့သွားခြင်း စသည်ကို ဖြစ်စေခြင်းအားဖြင့် စိတ်နှင့် အတူတကွ ဖြစ်သော ထိုဝိကာရ (ဝိညတ်) ရုပ်သည် အလို (ဘာဝ) ကို သိစေတတ်၏၊ မိမိဟူသော ဝိကာရရုပ်ကိုယ်တိုင်လည်း သိအပ်၏ သိသင့်၏ သိ ထိုက်၏၊ ဤသို့ နှစ်မျိုးသော အပြားအားဖြင့်လည်း ဝိညတ်မည်သည်သာဟု သိရှိပါလေ။
2.“ဝိညာယတီတိ ဝိညတ္တိ”=由于自身被了知,故名为表。——以上两种语义都得以成立。即使没有想让他人知道的意愿,与心俱生的这种变异色——身表——仍通过引发向前行走等活动而使意向为人所知;这种变异色自身也可被了知、应被了知、值得了知。应知,依这两方面它都名为“表”。
လှုပ်ရှားမှု ဖြစ်ပေါ်လာပုံ
运动如何生起
စိတ္တသမုဋ္ဌာနိကေ ပန ကာယေ စလန္တေ တိသမုဋ္ဌာနိကော စလတိ န စလတီတိ? သောပိ တထေဝ စလတိ၊ တံဂတိကော တဒနုဝတ္တကောဝ ဟောတိ။ ယထာ ဟိ ဥဒကေ ဂစ္ဆန္တေ ဥဒကေ ပတိတာနိ သုက္ခ- ဒဏ္ဍကတိဏပဏ္ဏာဒီနိပိ ဥဒကဂတိကာနေဝ ဘဝန္တိ၊ တသ္မိံ ဂစ္ဆန္တေ ဂစ္ဆန္တိ၊ တိဋ္ဌန္တေ တိဋ္ဌန္တိ။ ဧဝံသမ္ပဒမိဒံ ဝေဒိတဗ္ဗံ။ ဧဝမေသာ စိတ္တသမုဋ္ဌာနေသု ရူပေသု ဝိညတ္တိ ကာယကမ္မဒွါရံ နာမာတိ ဝေဒိတဗ္ဗာ။
“当心所生的色身运动时,由其余三种因所生的色身是运动,还是不运动呢?它也同样运动;它与前者同其行势,只是随前者而行。正如水流动时,落在水中的枯枝、枯草、枯叶等也与水同其行势;水流动,它们便流动,水停住,它们便停住。应当如此理解这一譬喻。同样,在心所生诸色之中,应知这种身表名为身业门。”
= ဤအရာတွင် မေးမြန်းဖွယ်ရာ အချက်တစ်ရပ် ရှိပေသည်၊ စိတ်ဟူသော ဖြစ်ကြောင်းရှိသော စိတ္တသမုဋ္ဌာန် ရုပ်တရားအပေါင်း (= စိတ္တဇ ရုပ်ကလာပ်အပေါင်း)သည် လှုပ်ရှားလတ်သော် ကမ္မသမုဋ္ဌာနိက၊ ဥတုသမုဋ္ဌာနိက၊ အာဟာရသမုဋ္ဌာနိက အမည်ရသော ကံကြောင့်ဖြစ်သော၊ ဥတုကြောင့်ဖြစ်သော၊ အာဟာရကြောင့်ဖြစ်သော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တရားအပေါင်း (= ရုပ်ကလာပ်အပေါင်း) သည် လှုပ်ရှားလေသလော၊ မလှုပ်ရှားလေသလောဟု မေးရန် ရှိ၏။ အဖြေကား ထို ကမ္မဇ-ဥတုဇ-အာဟာရဇ ရုပ်တရားအပေါင်းသည် လည်း စိတ္တဇရုပ်တရားအပေါင်းကဲ့သို့ အလားတူပင်လျှင် လှုပ်ရှားရ၏။ ထိုစိတ္တသမုဋ္ဌာနိကကာယ = စိတ္တဇရုပ် အပေါင်း၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသည်သာလျှင် ထိုစိတ္တဇရုပ်အပေါင်းသို့ အစဥ်လိုက်ရသည်သာလျှင် ဖြစ်၏။
这里有一个问题:当以心为生因的心所生诸色,也就是所有心生色聚运动时,以其余3种因所生、分别名为业所生、时节所生和食所生的业生色、时节生色、食生色,也就是这些色聚,究竟运动还是不运动?答案是:业生、时节生、食生的诸色,也像心生诸色一样运动;它们具有与心所生色身——心生诸色——相同的行势,只是随心生诸色而行。
原书第 767 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုဦးအံ့ ---- တောင်ကျချောင်းတစ်ခု သို့မဟုတ် မြစ်တစ်ခု ရှိသည် ဆိုကြစို့၊ ချောင်းရေသည် သို့မဟုတ် မြစ်ရေသည် စီးဆင်းသွားလတ်သော် ရေ၌ ကျရောက်လျက် ရှိကြကုန် သော တုတ်ခြောက် မြက်ခြောက် သစ်ရွက်ခြောက် အစရှိသော အရာဝတ္ထုတို့သည် ရေ၏ ဖြစ်ခြင်းနှင့် အလား တူသောဖြစ်ခြင်း ရှိကြကုန်သည်သာလျှင် ဖြစ်ကုန်သကဲ့သို့ ထိုရေသည် သွားလတ်သော် သွားရကုန်သကဲ့သို့ ထိုရေသည် ရပ်လတ်သော် ရပ်ရကုန်သကဲ့သို့ ဤသို့ မချွတ်မယွင်း ပြီးစီးခြင်းရှိသော ဤ ဥပမေယျကို သိရှိ ပါလေ။
现以譬喻进一步说明。假设有一条山涧或一条河流;涧水或河水流动时,落在水中的枯枝、枯草、枯叶等物,也同样具有与水相同的行势:水流动时,它们随之流动;水停住时,它们随之停住。应当了知,所喻正是如此毫无不合地与譬喻相应。
ဤသို့လျှင် စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန်ရုပ်တို့တွင် ဤ ဝိညတ်ရုပ်သည် ကာယကမ္မဒွါရ မည်၏ဟု သိရှိပါလေ။ (အဘိ-ဋ္ဌ-၁-၁၂၆။) ဤအကြောင်းအရာတို့ကား ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့ကို ရှုရာ၌ အသင်ယောဂီသူတော် ကောင်းအဖို့ သိထားသင့်သော အချက်များ ဖြစ်ကြ၏။ နောက်ဆုံး ဖော်ပြထားသော လှုပ်ရှားမှု ဖြစ်ပေါ်လာပုံ အပိုင်းကား သယ်ဆောင်တတ်သောရုပ် + အသယ်ဆောင်ခံရသောရုပ်တို့ကို ရှုရာ၌ အလွန်သိထားသင့်သော အချက်ပင် ဖြစ်ပေသည်။
因此,应知在心所生诸色中,这种身表色名为身业门。缅文出处原文:“(အဘိ-ဋ္ဌ-၁-၁၂၆။)”(《殊胜义注》1-126。)以上这些内容,都是贤善的瑜伽行者在修习威仪观法与正知观法时应当预先了解的要点。最后说明的“运动如何生起”一节,尤其是观照能运载之色与所运载之色时必须充分掌握的要点。
လှုပ်ရှားမှုဟူသည်
运动的含义
ဒေသန္တရုပ္ပတ္တိ ဟေတုဘာဝေန (မူလဋီ-၁-၇၂။) ---- ရုပ်တို့၏ ဓမ္မတာကား ဖြစ်ပြီး ဥပါဒ်ပြီးလျှင် ဖြစ် သည့်နေရာ ဥပါဒ်သည့်နေရာ၌သာ ပျက်၏။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နိုင်လောက်အောင် အချိန် မရပေ။ သို့သော် ရုပ်တို့ကို ဖြစ်စေတတ်သော အကြောင်းတရားများသည် မချုပ်ဆုံးသေး မကုန်ဆုံးသေးဘဲ ထင်ရှားရှိနေသေးပါက အဟောင်း အဟောင်းတွေ ပျက်ပျက်သွားသော်လည်း အသစ်အသစ် ထပ်၍ ထပ်၍ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုလျက်ပင် ရှိ၏။ လှုပ်ရှားခြင်းဟူသည် ရုပ်ကလာပ်တို့၏ မူလဖြစ်ရာအရပ်၌ ထပ်မဖြစ်ကြတော့ဘဲ မူလဖြစ်ရာအရပ်မှ အခြားအရပ်၌ နောက်ထပ် ဥပါဒ်ခြင်းတည်း။ ထိုသို့ နေရာပြောင်း၍ ပြောင်း၍ အသစ်အသစ် ထပ်ကာထပ်ကာ ဥပါဒ်ရခြင်း ဖြစ်ရခြင်းမှာလည်း ရှေးရှေး စိတ္တဇရုပ်ကလာပ်တွင် ပါဝင်သော ဝါယောဓာတ်၏ အထောက်အပံ့ကို ရရှိသော သတ္တမဇောစိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ် ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ အစွမ်းကြောင့်ပင်တည်း။ စိတ္တဇရုပ်များက နေရာပြောင်း၍ အသစ်
“因为是令色法在另一处生起的原因。”(《根本复注》1-72。)色法的法性是:生起之后,就在其生起之处坏灭;它们没有足够时间从一处迁移到另一处。不过,只要能令色法生起的诸因尚未灭尽、仍然存在,即使旧的色法一再坏灭,这些因仍不断资助新的色法生起。所谓运动,是指色聚不再于原先生起之处重复生起,而在原处以外的新位置接连生起。之所以在不同位置一再有新的色聚生起,是因为由第7速行心所生的心生色聚中所含风界的力量;而这个风界又获得了先前诸心生色聚中风界的资助。当心生色聚在新的位置一再生起——
အသစ် ဥပါဒ်ခဲ့သော် ဖြစ်ခဲ့သော် ကမ္မဇ-ဥတုဇ-အာဟာရဇရုပ်တို့လည်း အထက်တွင် ဖော်ပြထားသည့်အတိုင်း စိတ္တဇရုပ်တို့နှင့် အတူ နေရာပြောင်း၍ ဥပါဒ်ကြရ၏။ ထိုသို့ နေရာပြောင်း၍ ပြောင်း၍ ဥပါဒ်ခြင်းကိုပင် လူ အများက ''လှုပ်ရှားခြင်း''ဟု ထင်မြင်ကြသည်။ သို့အတွက် ဣရိယာပထရှုကွက်နှင့် သမ္ပဇညရှုကွက်တို့ကို ရှုပွား နေသော အသင်ယောဂီသူတော်ကောင်းသည် ယခုရေးသားနေဆဲ ဤ ရုပ်ကမ္မဋ္ဌာန်းပိုင်း - အဆင့်တွင်သာ ရှိနေသေးသူ ဖြစ်ပါမူ ---- ၁။ သယ်ဆောင်တတ်သော ရုပ်တရား၊ ၂။ အသယ်ဆောင်ခံရသော ရုပ်တရား၊ တစ်နည်းဆိုသော် ---- ၁။ ငြိမ်အောင် ထောက်ထားတတ်သော ထိန်းထားတတ်သော ရုပ်တရား၊ ၂။ အထောက်ခံရသော အထိန်းခံရသော ရုပ်တရား၊
——业生色、时节生色和食生色,也会如上所述,与心生色同时在新的位置生起。一般人把这种色法在不同位置一再生起误认为“လှုပ်ရှားခြင်း”——“运动”。因此,正在修习威仪观法与正知观法的贤善瑜伽行者,如果你目前仍处在本书色业处部分的这一阶段,就应当预先辨识:1.能运载之色;2.所运载之色。换一种说法,即:1.能够使整个色身稳住,并予以支撑、维持的色法;2.受到支撑、维持的色法。
原书第 768 页
တစ်နည်းဆိုရသော် ---- ၁။ ပဓာန = ပြဓာန်းသော ဣရိယာပထ ရုပ်တရား (= ဝိညတ်ပါဝင်သော ရုပ်များ)၊ ၂။ အပဓာန = မပြဓာန်းသော စတုသမုဋ္ဌာနိက ရုပ်တရား (= ဝိညတ်ပါဝင်သော ရုပ်တို့မှ ကြွင်းကျန်သော ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်များ) ---- ဤရုပ်တရားတို့ကို ခွဲခြားစိတ်ဖြာ၍ ရုပ်ဃနဟူသော ရုပ်တုံးရုပ်ခဲတို့ကို နှစ်ဘက်လုံး၌ ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းထားနှင့်ပါဦး။ ယင်းဣရိယာပထနှင့် သမ္ပဇည ပိုင်းဆိုင်ရာ ခန္ဓာ (၅)ပါး ရှုကွက်တို့ကိုကား နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ထပ်မံ၍ ဖော်ပြဦးမည် ဖြစ်ပါသတည်း။
再换一种说法,即:1.“ပဓာန”——居于主导的威仪色,也就是含有身表色的诸色;2.“အပဓာန”——不居主导的四因所生色,也就是除含有身表色的诸色之外,其余由业、心、时节、食所生的一切色法。应当把这两方色法分别辨识,以智慧破除两边那些看似色块、色团的色密集,使智见抵达胜义法。请先这样完成辨识。至于威仪与正知部分所涉及的五蕴观法,将在名业处部分继续说明。
ဖားအောက်တောရဆရာတော်
帕奥禅师
စိတ္တလတောင်ကျောင်း
Cittalapabbata 山寺
ဖားအောက်တောရ
帕奥森林寺