三轮法教
应当建立定 · 原书第 237–238 页 · 8 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 237 页
တိပရိဝဋ္ဋ ဓမ္မဒေသနာ
三轮法教(tiparivaṭṭa-dhammadesanā)
ဥပါဒါနက္ခန္ဓာငါးပါးတို့ကို တစ်ပါး တစ်ပါး၌ --- ၁။ နိစ္စလော၊ အနိစ္စလော၊ ၂။ ဒုက္ခလော၊ သုခလော၊ ၃။ အတ္တလော၊ အနတ္တလော --- ဤသို့ အနိစ္စတစ်ကျော့၊ ဒုက္ခတစ်ကျော့၊ အနတ္တတစ်ကျော့ - သုံးကျော့သုံးပြန် အမေး-အဖြေ ပြုလုပ်ပြီးမှ ၁။ အတိတ် ဥပါဒါနက္ခန္ဓာငါးပါး၊ ၂။ အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါး၊ ၃။ ပစ္စုပ္ပန် ဥပါဒါနက္ခန္ဓာငါးပါး၊ ၄။ အဇ္ဈတ္တ (= မိမိသန္တာန်) ၌ ဖြစ်သော ဥပါဒါနက္ခန္ဓာငါးပါး၊ ၅။ ဗဟိဒ္ဓ (= အပြင် ဗဟိဒ္ဓ) ၌ သက်ရှိသက်မဲ့ ဥပါဒါနက္ခန္ဓာငါးပါး၊ ၆။ သြဠာရိက (= ရုန့်ရင်းကြမ်းတမ်းသော) ဥပါဒါနက္ခန္ဓာငါးပါး၊ ၇။ သုခုမ (= သိမ်မွေ့နူးညံ့သော) ဥပါဒါနက္ခန္ဓာငါးပါး၊ ၈။ ဟီန (= ယုတ်ညံ့သော) ဥပါဒါနက္ခန္ဓာငါးပါး၊
对于5取蕴中的每一蕴,先作如下三轮问答:1.是常,还是无常?2.是苦,还是乐?3.是我,还是无我?如此以无常一轮、苦一轮、无我一轮,三轮往复问答之后,再对以下11种情形中的5取蕴作观:1.过去的5取蕴;2.未来的5取蕴;3.现在的5取蕴;4.内(ajjhatta,即自身相续)所生的5取蕴;5.外(bahiddhā,即外部)有生命、无生命诸法中的5取蕴;6.粗(oḷārika,即粗重)的5取蕴;7.细(sukhuma,即细微)的5取蕴;8.劣(hīna,即下劣)的5取蕴;——
原书第 238 页
၉။ ပဏီတ (= မွန်မြတ်သော) ဥပါဒါနက္ခန္ဓာငါးပါး၊ ၁ဝ။ ဒူရ (= ဝေးသော) ဥပါဒါနက္ခန္ဓာငါးပါး၊ ၁၁။ သန္တိက (= နီးသော) ဥပါဒါနက္ခန္ဓာငါးပါး --- ဤသို့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှုရန် ညွှန်ကြားတော်မူသောဒေသနာတော်ကို တိပရိဝဋ္ဋ ဓမ္မဒေသနာဟု ခေါ်ဆို၏။ ဘုရားရှင်သည် အရှင်အဿဇိမထေရ်မြတ်အား ယင်းတိပရိဝဋ္ဋဓမ္မဒေသနာတော်ကို ဆက်လက်၍ ဟောကြားပေးတော်မူ၏။ အရှင်အဿဇိမထေရ်မြတ်သည်လည်း ဘုရားရှင်ဟောကြားတော်မူသည့် ထိုတိပရိဝဋ္ဋဓမ္မဒေသနာတော်နောက်သို့ ဉာဏ်ကို စေလွှတ်၍ အတိတ်-အနာဂတ်-ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန်သို့ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူသဖြင့် --- အထဿ တိပရိဝဋ္ဋဒေသနာဝသာနေ အရဟတ္တံ ပတ္တဿ … (သံ-ဋ္ဌ-၂-၂၈၉။)
——9.胜(paṇīta,即殊胜)的5取蕴;10.远(dūra)的5取蕴;11.近(santika)的5取蕴。对于这样依11种情形而存在的5取蕴,教人轮番标举无常、苦、无我三相而修毗婆舍那观的教说,称为“三轮法教”。佛陀继续为阿说示尊者宣说这一三轮法教。阿说示尊者也令智随顺佛陀所说的三轮法教,对依过去、未来、现在等11种情形而存在的5取蕴轮番标举无常、苦、无我三相,修习、增长并审“于是,在这一三轮教说结束时,他证得了阿罗汉果……”(《相应部义注》2-289。)
ယင်း တိပရိဝဋ္ဋဓမ္မဒေသနာတော်၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူလေသည်။
在这三轮法教结束时,阿说示尊者便证得了阿罗汉果。
ဤ အရှင်အဿဇိ၏ အကြောင်း အတ္ထုပ္ပတ်ကို အခြေခံ၍ သမာဓိသည် သာသနာတော်၏ အနှစ်သာရ မဟုတ်၊ သို့အတွက် သမာဓိထူထောင်ဖို့ မလိုဟု ဆိုကြ၏။
有些人以阿说示尊者这一因缘故事为据,声称:“定不是教法的精髓,因此不需要建立定。”
ဤကျမ်းကလည်း သမာဓိကို သာသနာတော်၏ အနှစ်သာရဟူ၍ကား မဆိုပါ။ ဝိပဿနာ-မဂ်-ဖိုလ်တို့ကို သာလျှင် သာသနာတော်၏ အနှစ်သာရဟုပင် ဆိုပါ၏။
本书也不说定是教法的精髓;本书所说的,正是只有观、道与果才是教法的精髓。
သို့သော် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိရေး အတွက် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကိုကား မဂ်-ဖိုလ်-နိဗ္ဗာန်ကို လိုလားသူတိုင်း ကျင့်ရမည်သာ ဖြစ်၏။ ယင်းမဂ္ဂင် (၈)ပါးတို့တွင် သမ္မာသမာဓိလည်း ပါဝင် လျက် ရှိ၏။ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် ပရမတ္ထဓာတ်သား သင်္ခါရတရားတို့ကို လက္ခဏာယာဥ် သုံးတန်တင်၍ တွင်တွင်ကြီး ရှုနိုင်ပါမှ ဝိပဿနာဉာဏ်များ ဖြစ်ပေါ်လာနိုင်ကြမည် ဖြစ်သည်။ ဝိပဿနာဉာဏ် များက အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်များ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ပရမတ္ထသစ္စာအစစ် အဖြစ်ကြီး ဖြစ်ကြသော ယင်းဒုက္ခသစ္စာတရား သမုဒယ သစ္စာတရားတို့ကို ဟုတ်တိုင်းမှန်စွာ သိရေး၊ ယင်းတရားတို့ကို ဝိပဿနာရှုနိုင်ရေးအတွက် လိုအပ်သော တရား ကား သမ္မာသမာဓိပင် ဖြစ်ပေသည်။ ထိုကြောင့် ဤမဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ဘုရားရှင်ကိုယ်တော်တိုင်
然而,为了获得观智、道智与果智,凡是希求道、果与涅槃的人,都必须修习八道支这一殊胜行道;正定也包括在这八道支之中。只有对名为苦谛与集谛的究竟界法——诸行法,轮番标举三相而反复深入地观照,诸观智才会相续生起;只有当诸观智以强大的亲依止缘力给予助益时,圣道智与果智才会生起。为了如实了知作为真实究竟谛法的苦谛与集谛,也为了能够对这些法修毗婆舍那,所必需的法正是正定。因此,佛陀本人——
က ဓမ္မစကြာဒေသနာတော်မှ အစပြု၍ ထိုထို ဒေသနာတော်များစွာတို့၌ --- ၁။ မဇ္ဈိမပဋိပဒါ = (မိမိကိုယ်ကို ပူပန်အောင် ဆင်းရဲအောင် ကြိုးစားအားထုတ်သော အတ္တကိလမထာနု- ယောဂ၊ ကာမဂုဏ်ချမ်းသာ၌ ငြိကပ်တွယ်တာလျက် ကာမသုခကို လေ့လာလိုက်စားသော ကာမသုခ- လဒိကာနုယောဂ ဟူသော အစွန်းနှစ်ဖက်တို့မှ လွတ်သော) အလယ်အလတ်ကျင့်စဥ်လမ်းဟုလည်းကောင်း၊ ၂။ ဒုက္ခနိရောဓဂါမိနိပဋိပဒါ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဥ်ဟုလည်းကောင်း --- ကြိမ်ဖန်များစွာ ဟောကြားတော်မူခဲ့၏။ သို့အတွက် ဝိပဿနာ-မဂ်-ဖိုလ်ကို လိုလားသူတိုင်းသည် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ကျင့်ရမည်သာဖြစ်သည်။
——从《转法轮》教说开始,在许多教说中反复把八道支这一殊胜行道宣说为:1.中道行道(majjhimā-paṭipadā),即远离两个极端的中道修行之路——一端是为使自身受煎熬、受痛苦而苦行的自我折磨之行(attakilamathānuyoga),另一端是黏著欲乐、追逐欲乐的沉溺欲乐之行(kāmasukhallikānuyoga);2.通往苦灭之行道(dukkhanirodhagāminī-paṭipadā),即通往苦灭之涅槃的修行之道。既然佛陀屡次作了这样的宣说,凡是希求观、道与果的人,就都必须修习八道支这一殊胜行道。