入出息念业处

入出息念定部分 · 原书第 244–246 页 · 15 个翻译单元

本页并入了原书的相邻小节:赞叹入出息念章。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 244 页
အာနာပါနကမ္မဋ္ဌာန်း
入出息念业处
မဂ္ဂင် (၈)ပါးတွင် အကျုံးဝင်လျက်ရှိသော သမ္မာသမာဓိဟူသော မဂ္ဂင်နှင့် ပြည့်စုံရေးအတွက် သမထ ကမ္မဋ္ဌာန်း (၄ဝ)တို့တွင် တစ်ခုခုသော ကမ္မဋ္ဌာန်းဖြင့် သမာဓိ ထူထောင်ရတော့မည် ဖြစ်ပေသည်။ ဤကျမ်းတွင်ကား အာနာပါနကမ္မဋ္ဌာန်းဖြင့် သမာဓိထူထောင်ပုံကို ရှေးဦးစွာ ရေးသားတင်ပြပေအံ့။
为了具足八圣道支之一的正定,必须从四十种止业处中选取一种来建立定。本书先说明以入出息念业处建立定的方法。
ဣဒံ ပန အာနာပါနဿတိကမ္မဋ္ဌာနံ ဂရုကံ ဂရုကဘာဝနံ ဗုဒ္ဓ-ပစ္စေကဗုဒ္ဓ-ဗုဒ္ဓပုတ္တာနံ မဟာပုရိသာနံယေဝ မနသိကာရဘူမိဘူတံ၊ န စေဝ ဣတ္တရံ၊ န စ ဣတ္တရသတ္တသမာသေဝိတံ။ ယထာ ယထာ မနသိကရီယတိ၊ တထာ တထာ သန္တဉ္စေဝ ဟောတိ သုခုမဉ္စ။ တသ္မာ ဧတ္ထ ဗလဝတီ သတိ စ ပညာ စ ဣစ္ဆိတဗ္ဗာ။
“这入出息念业处是艰深的,是艰深的修习;它只是佛陀、独觉佛与佛子这些大士用心的领域。这不是浅易的业处,也不是根器浅薄者所能修习的。愈以种种方式用心,它便愈加寂静、微细。因此,在此需要强有力的念与慧。”
(ဝိသုဒ္ဓိ-၁-၂၇၆။)
(《清净道论》1-276。)
= ဤ အာနာပါနဿတိကမ္မဋ္ဌာန်းသည်ကား ခဲယဥ်း၏၊ ခဲယဥ်းသော ဘာဝနာလုပ်ငန်းရပ်လည်း ဖြစ်၏။
=这入出息念业处是艰深的,也是一项艰深的修习工作。
(၁) ဗုဒ္ဓ၊ (၂) ပစ္စေကဗုဒ္ဓ၊ (၃) ဗုဒ္ဓပုတ္တ = ဘုရားသားတော် ဗုဒ္ဓသာဝက ဖြစ်ကြကုန်သော မဟာပုရိသ အမည် ရသည့် ယောကျာ်းမြတ်တို့၏သာလျှင် နှလုံးသွင်းရာ ဘုံဌာနဖြစ်၏၊ သိမ်သိမ်ငယ်ငယ်ကား မဟုတ်ပေ။ သိမ်သိမ် ငယ်ငယ် ပုဂ္ဂိုလ်သတ္တဝါသည် မှီဝဲပွားများနိုင်သော ဘာဝနာလုပ်ငန်းရပ်လည်း မဟုတ်ပေ။ အကြင် အကြင် သို့သော အခြင်းအရာအားဖြင့် နှလုံးသွင်းရှုပွား၏၊ ထိုထိုအခြင်းအရာအားဖြင့် ငြိမ်လည်း ငြိမ်သက်၏၊ နူးညံ့လည်း နူးညံ့သိမ်မွေ့၏။ ထိုကြောင့် ဤ အာနာပါနဿတိကမ္မဋ္ဌာန်း၌ အလွန် အားကောင်း အားသန်သော သတိကို လည်းကောင်း၊ ပညာကိုလည်းကောင်း အလိုရှိအပ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၇၆။) ဤ အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာစကားရပ်၌ မဟာပုရိသာနံယေဝ-အရ မဟာပုရိသ အမည်ရသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တို့၏သာလျှင် နှလုံးသွင်းရာ ဘုံဌာနဖြစ်ကြောင်း မိန့်ဆိုထားသည့်အတွက် ယောဂါဝစရ
(1)ဗုဒ္ဓ(佛陀);(2)ပစ္စေကဗုဒ္ဓ(独觉佛);(3)ဗုဒ္ဓပုတ္တ(佛子),即佛陀的弟子。此业处只是上述被称为“大士”者用心的领域;它不是浅易的业处,也不是根器浅薄者所能修习的。无论以何种方式用心修习,它都会以相应方式变得安静而微细。因此,在这入出息念业处中,需要极为强有力的念与慧。(《清净道论》1-276。)上引《清净道论》段落中的 မဟာပုရိသာနံယေဝ 表明:此业处只是被称为“大士”的非凡贤善者用心的领域;因此,本书也承认它并不适合每一位禅修——
ပုဂ္ဂိုလ်တိုင်းနှင့် မသင့်သည်ကိုကား ဤကျမ်းကလည်း လက်ခံလျက်ပင် ရှိပါသည်။ သို့သော် အချို့အချို့သော အရာဌာနတို့၌ သမ္မာသမ္ဗုဒ္ဓ ဘုရားအလောင်းတော်ကြီးများကိုသာလျှင် မဟာပုရိသဟု ခေါ်ဝေါ်သုံးစွဲထား သော်လည်း ဤ အာနာပါနကမ္မဋ္ဌာန်းပိုင်း၌ကား မဟာပုရိသအရ ---- ၁။ ဗုဒ္ဓ = သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၊ ၂။ ပစ္စေကဗုဒ္ဓ = ပစ္စေကဗုဒ္ဓဘုရားရှင်၊ ၃။ ဗုဒ္ဓပုတ္တ = သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ သားတော် ဗုဒ္ဓသာဝက - ဟု သုံးမျိုးဖော်ပြထားသဖြင့် နံပါတ် (၃)ဖြစ်သည့် သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သားဖြစ်သော ဗုဒ္ဓသာဝက စာရင်းတွင် အသင်ယောဂီသူတော်ကောင်းသည်လည်း ပါဝင်ကောင်း ပါဝင်နိုင်ပေသည်။ သို့အတွက် ဤအာနာ ပါန ကမ္မဋ္ဌာန်းကို လက်တွေ့ ပွားများ အားထုတ်ကြည့်သင့်လှပေသည်။ (အကယ်၍ အသင်ယောဂီသူတော် ကောင်းသည်လည်း ဗုဒ္ဓပုတ္တ အမည်ရသည့် သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သား သာဝက စာရင်းတွင် မပါဝင်
——者。不过,尽管有些地方只把正等正觉菩萨称为“大士”,在这一入出息念业处部分中,“大士”却列为三种:1.ဗုဒ္ဓ,即正等正觉佛;2.ပစ္စေကဗုဒ္ဓ,即独觉佛;3.ဗုဒ္ဓပုတ္တ,即正等正觉佛之子——佛陀的弟子。因此,善良的禅修者,您也可能列入第3类,即正等正觉佛的弟子之中。为此,很值得实际修习这项入出息念业处。〔假如善良的禅修者您并不列在称为 ဗုဒ္ဓပုတ္တ、作为正等正觉佛弟子的声闻之中——
လျှင်ကား အသင် ယောဂီသူတော်ကောင်း၏ ကံတရားပင် ဖြစ်ပေသည်။) သို့သော် အာနာပါနကမ္မဋ္ဌာန်းဖြင့် သမာဓိကို ထူထောင်ရာဝယ် အောင်မြင်မှုကို မရရှိခဲ့ပါလျှင် ကမ္မဋ္ဌာန်း (၄ဝ)တို့တွင် အခြားသင့်တော်ရာ ကမ္မဋ္ဌာန်း တစ်ခုခုဖြင့် ပြောင်း၍ သမာဓိထူထောင်သင့်ပေသည်။ အခြားကမ္မဋ္ဌာန်းတို့ဖြင့် သမာဓိထူထောင်ပုံကို ပဉ္စမတွဲ သမထကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။
——那就是善良的禅修者您自己的业了。〕不过,若以入出息念业处建立定而未能成功,则应在四十种业处中改用另一种适合自己的业处来建立定。关于以其他业处建立定的方法,请参看第五册“止业处部分”。
原书第 245 页
အာနာပါနချီးမွမ်းခန်း
赞叹入出息念章
အယမ္ပိ ခေါ ဘိက္ခဝေ အာနာပါနဿတိသမာဓိ ဘာဝိတော ဗဟုလီကတော သန္တော စေဝ ပဏီတော စ အသေစနကော စ သုခေါ စ ဝိဟာရော၊ ဥပ္ပန္နုပ္ပန္နေ စ ပါပကေ အကုသလေ ဓမ္မေ ဌာနသော အန္တရဓာပေတိ ဝူပသမေတိ။ (သံ-၃-၂၇၉။) = ရဟန်းတို့ …ဤ အာနာပါနဿတိသမာဓိသည် ပွားများအပ်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့ အလာ ပြုလုပ်အပ်သည်ရှိသော် ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ ထပ်လောင်းဖြည့်စွက်စရာလည်း မရှိ၊ ချမ်းသာစွာနေရာလည်း ဖြစ်၏၊ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းသော အကုသိုလ် အယုတ်တရားတို့ကို လည်း တစ်ခဏချင်း ကွယ်ပျောက် ငြိမ်းအေးစေနိုင်၏။
“诸比丘,这入出息念定若已修习、已多修,便既寂静又殊胜,是不杂的,并且是安乐住;凡每每生起的恶不善法,都能当即令其消失、止息。”
ရဟန်းတို့ …နွေလတို့၏ နောက်ဆုံးလ၌ အထက်သို့ လွင့်တက်သော မြူမှုန်ကို အခါမဲ့ သည်းထန်စွာ ရွာသွန်းသော မိုးကြီးသည် တစ်ခဏချင်း ကွယ်ပျောက် ငြိမ်းအေးစေနိုင်သကဲ့သို့ ဤဥပမာအတူပင် ရဟန်းတို့ အာနာပါနဿတိသမာဓိသည် ပွားများအပ်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်ရှိသော် ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ ထပ်လောင်းဖြည့်စွက်စရာလည်း မရှိ၊ ချမ်းသာသော နေရာလည်း ဖြစ်၏၊ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော အကုသိုလ် အယုတ်တရားတို့ကိုလည်း တစ်ခဏချင်း ငြိမ်းအေး ကွယ်ပျောက်စေနိုင်၏။ (သံ-၃-၂၇၉-၂၈ဝ။) ရဟန်းတော်များ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ချင်လာအောင် ဘုရားရှင်ကိုယ်တော်တိုင်က အာနာပါနကမ္မဋ္ဌာန်း၏ ငြိမ်သက်မွန်မြတ်ပုံ အကျိုးအာနိသင် ကြီးမားပုံကို ချီးမွမ်းထားတော်မူသော စကား တော်များ ဖြစ်ကြ၏။
诸比丘,譬如夏季最后一个月,非时骤降的倾盆大雨,能在顷刻之间使向上飞扬的尘雾消失、止息;同样,诸比丘,这入出息念定若已修习、已反复练习,便既寂静又殊胜、不杂,并且是安乐住;凡一次次生起的恶不善法,也都能在顷刻之间止息、消失。(《相应部》3-279—280。)这些话是佛陀亲自赞叹入出息念业处如何寂静殊胜、利益广大,藉此使比丘们愿意修习入出息念业处。
သန္တ - ပဏီတ = ငြိမ်သက် မွန်မြတ်ပုံ ---- အသုဘအလောင်းကောင်လျှင် အာရုံရှိသော အသုဘ ကမ္မဋ္ဌာန်းစျာန်သည် ပဋိဝေဓ မည်၏။ အသုဘဘာဝနာထူးကြောင့် ပြီးစီးပြည့်စုံလာသော အသုဘစျာန်သည် မိမိ၏ အသုဘအလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအာရုံကို ထိုးထွင်းသိလျက်သာလျှင် ဖြစ်ပေါ် လာ၏၊ ထိုအသုဘအလောင်းကောင်၏ ဟုတ်မှန်တိုင်းသော ရွံရှာစက်ဆုပ်ဖွယ် အသုဘအခြင်းအရာ သဘာဝ အတိုင်း ထိုးထွင်းသိလျက်သာလျှင် ဖြစ်ပေါ်လာရကား ယင်းအသုဘစျာန်ကို ပဋိဝေဓဟု ခေါ်ဆိုပေသည်။ ယင်း ပဋိဝေဓ အမည်ရသော အသုဘစျာန်သည် အသုဘအလောင်းကောင်အာရုံကို စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအား သန်နေသော စျာန်သက်သက်၏ စွမ်းအားကြောင့်သာလျှင် ငြိမ်သက် မွန်မြတ်ခြင်း ဖြစ်၏။ သို့သော်လည်း ထို အသုဘစျာန်သည် အသုဘအလောင်းကောင်ဟူသော ရုန့်ရင်းကြမ်းတမ်းသော အာရုံရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ် အသုဘအလောင်းကောင်ဟူသော အာရုံ ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း
သန္တ - ပဏီတ(寂静、殊胜)——以不净尸体为所缘的不净业处禅那,称为“通达(禅)”(paṭivedha)。由殊胜的不净修习而圆满成就的不净禅那,唯有彻知自身所缘之不净尸体那可厌、可恶的所缘才会生起;由于它唯有如实彻知该尸体可厌、可恶的不净性质才会生起,故称这种不净禅那为“通达(禅)”。这称为“通达(禅)”的不净禅那,只凭禅那本身强力、稳固而专一地专注尸体所缘的力量,才是寂静、殊胜的。然而,由于该不净禅那以不净尸体这种粗糙的所缘为所缘,又以可恶、可厌的不净尸体为所缘,所以——
အာရုံ၏ အစွမ်းဖြင့် ငြိမ်သက် မွန်မြတ်သည်ကား မဟုတ်ပေ။
——从所缘的力量来说,它并不寂静、殊胜。
ဤအာနာပါနဿတိသမာဓိကား ထိုအသုဘစျာန်ကဲ့သို့ မဟုတ်ပေ။ ဤအာနာပါနဿတိသမာဓိသည် တစ်စုံတစ်ခုသော အကြောင်းပရိယာယ်ဖြင့် မငြိမ်သက်မှု မမွန်မြတ်မှု မဖြစ်၊ စင်စစ်သော်ကား အာနာပါနဿတိ သမာဓိ၏ တည်ရာအာရုံဖြစ်သော ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ဟူသော အာရုံ၏ ငြိမ်သက်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ပဋိဝေဓအမည်ရသည့် စျာန်ဟုခေါ်ဆိုအပ်သော စျာန်အင်္ဂါတို့၏ ငြိမ်သက်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဤအာနာပါနဿတိသမာဓိသည်ကား ငြိမ်သက်၏၊ အထူးသဖြင့် ငြိမ်သက်၏၊ ငြိမ်းအေး၏။ ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ဟူသော အာရုံ၏ မွန်မြတ်
这入出息念定却不像那种不净禅那。无论从任何因由来说,入出息念定都不会成为不寂静、不殊胜的。事实上,由于作为入出息念定所住之所缘的明亮入出息似相是寂静的,也由于称为“通达(禅)”的诸禅支是寂静的,所以这入出息念定是寂静的、格外寂静的、止息清凉的。由于明亮的入出息似相这一所缘是殊胜的——
原书第 246 页
သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမူနေသော စျာန်အင်္ဂါတို့၏ မွန်မြတ် သည်၏ အဖြစ်ကြောင့်လည်းကောင်း ဤအာနာပါနဿတိသမာဓိသည် မွန်မြတ်၏၊ မရောင့်ရဲခြင်းကို ပြုတတ်၏၊ ထိုကြောင့် ဤအာနာပါနဿတိသမာဓိကို သန္တ - ပဏီတ = ငြိမ်သက် မွန်မြတ်၏ဟု ဘုရားရှင် ချီးမွမ်းမြှောက် စားတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၅၉။)
——也由于以入出息似相为所缘的诸禅支是殊胜的,所以这入出息念定是殊胜的,并且令人久修不厌。因此,佛陀赞叹这入出息念定为 သန္တ - ပဏီတ,即“寂静、殊胜”。(《清净道论》1-259。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。