十种安止善巧(下)

入出息念定部分 · 原书第 414–426 页 · 96 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 414 页
သဒ္ဓါ၏ စွမ်းအင်
信的力量
ရတနတ္တယဂုဏာနုဿရဏေန စ ပသာဒံ ဇနေတိ၊ အယံ ဝုစ္စတိ ''သမယေ သမ္ပဟံသနတာ''တိ။
“又以忆念三宝功德令净信生起;这称为‘在适当的时候使心欢悦’。”
(သံ-ဋ္ဌ-၃-၂ဝဝ။ ဒီ-ဋ္ဌ-၂-၃၈၄။)
(《相应部义注》3-200;《长部义注》2-384。)
ရတနာသုံးပါးတို့၏ဂုဏ်ကို အမှတ်ရခြင်းဖြင့်လည်း စိတ်ကြည်လင်မှုကို ဖြစ်စေရမည်။
又应借由忆念三宝功德,使心澄净。
ဤအဆိုအရ ---- ၁။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၊ ၂။ ဓမ္မာနုဿတိကမ္မဋ္ဌာန်း၊ ၃။ သံဃာနုဿတိကမ္မဋ္ဌာန်း ---- ဤကမ္မဋ္ဌာန်း သုံးမျိုးတို့ကိုလည်း အခါအားလျော်စွာ စိတ်ကြည်လင်မှု သဒ္ဓါတရားများ ဖြစ်ထွန်း ပေါ် ပေါက်လာရန်အတွက် တိုးပွားလာရန်အတွက် အားထုတ်ပေးရမည် ဖြစ်ပေသည်။
依这一教说,也应不时努力修习一、佛随念业处;二、法随念业处;三、僧随念业处,以使心中生起澄净的信,并令这种信增长。
ဤသို့လျှင် သံဝေဂဉာဏ်ကို ဖြစ်စေခြင်း၏ အစွမ်းဖြင့်လည်းကောင်း၊ စိတ်ကြည်လင်မှု သဒ္ဓါတရားကို ဖြစ်စေခြင်း၏ အစွမ်းဖြင့်လည်းကောင်း သံဝေဂဉာဏ် ရှေ့သွားရှိသော ကြည်လင်မှု သဒ္ဓါတရားကို ဖြစ်စေခြင်းဖြင့် ဘာဝနာစိတ်ကို နှစ်သက်ရွှင်လန်းစေခြင်းသည် - ဘာဝနာစိတ်ကို ရွှင်လန်း စေသင့်ရာအခါ၌ ကောင်းစွာ အပြား အားဖြင့် ရွှင်လန်းစေခြင်းရှိသူ မည်ပေသည်။ (သံ-ဋ္ဌ-၃-၂ဝဝ။ သံ-ဋီ-၂-၄၄ဝ။) မှတ်ချက် ---- ဤရေးသားနေဆဲ အပိုင်းကား အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိ ထူထောင် ပုံကို ဖော်ပြနေသော အပိုင်းဖြစ်၏။ ယင်းအလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်သည့် ပညာဓာတ် အားမကောင်းလျှင် ထိုဘာဝနာသမာဓိသည် ဥပစာရစျာန်သမာဓိ အပ္ပနာစျာန်သမာဓိဟူသော တရားထူး တရားမြတ်ကို ရွက်ဆောင်ပေးနိုင်မည် မဟုတ် ပေ။ အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံကိုမျှ ပုံစံမှန် ထိုးထိုးထွင်းထွင်း
如此,依令悚惧智生起之力,也依令净信生起之力,使以悚惧智为先导的净信生起,从而令修习心喜悦振奋;这便称为“在应当使修习心欢悦时,能以种种方式善加使其欢悦的人”。(《相应部义注》3-200;《相应部复注》2-440。)注——当前所写的是说明如何以入出息似相为所缘建立定。如果透彻、清楚而鲜明地知见这一极其清澈明亮的入出息似相的慧力不强,这种修习定就不能导向近行禅定与安止禅定这些殊胜之法。即使面对极其清澈明亮的入出息似相所缘,却没有能以正确方式透彻、清楚而鲜明地——
လင်းလင်းထင်ထင် သိသည့် ပညာ မရှိဘဲ အာနာပါနကမ္မဋ္ဌာန်းကို ကြိုးပမ်းနေပါလျှင် အသင်ယောဂီ သူတော် ကောင်းအတွက် သာယာဖွယ် အရသာမှ ကင်းမဲ့နေမည်သာ ဖြစ်ပေသည်။ အလွန်ကြည်လင်တောက်ပနေ သော အာနာပါနပဋိဘာဂနိမိတ်အာရုံကိုမျှ ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် မသိမြင်ဘဲ သို့မဟုတ် ပက- တိသော ဝင်သက်လေ ထွက်သက်လေဟူသော အာနာပါနနိမိတ်၊ ထိုပကတိသော ဝင်သက်လေ ထွက်သက် လေကို အမှီပြု၍ ဘာဝနာသမာဓိ၏ စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော အာနာပါန ဥဂ္ဂဟနိမိတ်နှင့် အာနာ ပါန ပဋိဘာဂနိမိတ်ကိုမျှ ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် မသိမြင်ဘဲ အာနာပါနကမ္မဋ္ဌာန်းကို ကြိုးပမ်း အားထုတ်နေလျှင် အာနာပါနဘာဝနာလုပ်ငန်း ကျင့်စဥ်ကား လွဲချော်နေပြီ ဖြစ်၏။ အကြောင်းကား ဤ အာနာပါနဿတိသမာဓိပိုင်းတွင် ပကတိသော ဝင်သက်လေ ထွက်သက်လေဟူသော အာနာပါနနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်ဟူသော ဤအာနာပါနနိမိတ်သုံးမျိုးကို သိနေပါမှ ရှုနေပါမှ အာနာပါနကမ္မဋ္ဌာန်း
——了知它的智慧,只是一味努力修习入出息业处,禅修贤友也只会感到索然无味。若没有透彻、清楚而鲜明地知见极其清澈明亮的入出息似相,或者不能这样知见以下三种相:一、自然的入息、出息,即入出息相;二、依止自然入息、出息,由修习定之力生起的入出息取相;三、入出息似相——在这种情况下努力修习入出息业处,入出息修习的实践就已经偏离正路。因为在这一入出息念定部分,唯有知见并观修自然入息、出息这一入出息相、取相与似相这三种入出息相时,才称得上是在修入出息业处——
မည်သောကြောင့် ဖြစ်သည်။ ထိုသို့ လမ်းလွဲနေပါက အသင်ယောဂီ သူတော်ကောင်းအတွက် ကိလေသာ တို့မှ အဆင့်ဆင့် ငြိမ်းအေးမှု ဥပသမသုခကို ရရှိနိုင်တော့မည်ကား မဟုတ်တော့ပေ။ ထိုအခါမျိုး၌ သဒ္ဓါ၏ အစွမ်းဖြင့် သံဝေဂဉာဏ်၏ အစွမ်းဖြင့် စိတ်ကို ရွှင်လန်းစေရမည် ဖြစ်ပေသည်။
——正因为如此。若偏离这条道路,禅修贤友便不能获得烦恼逐层平息的寂止之乐。此时应以信之力与悚惧智之力,使心欢悦振奋。
သံဝေဂဝတ္ထု (၈) ပါး
八种悚惧事
၁။ ဇာတိဒုက္ခ = ပဋိသန္ဓေ တည်နေရခြင်း ဒုက္ခ၊ ၂။ ဇရာဒုက္ခ = အိုရခြင်း ဒုက္ခ၊
一、生苦,即结生之苦;二、老苦,即衰老之苦;
原书第 415 页
အာနာပါနဿတိသမာဓိပိုင်း ၃။ ဗျာဓိဒုက္ခ = ဖျားနာရခြင်း ဒုက္ခ၊ ၄။ မရဏဒုက္ခ = သေကျေပျက်စီးရခြင်း ဒုက္ခ၊ 〔ဤလေးပါးကား သုဂတိဘဝ ဒုဂ္ဂတိဘဝ နှစ်မျိုးလုံး၌ ထိုက်သလို ရရှိနိုင်သည်။〕 ၅။ အပါယဒုက္ခ = အပါယ်ဝဋ်ဆင်းရဲဒုက္ခ ---- က။ ငါးပါးသော နှောင်ဖွဲ့ခြင်းစသော အပါယ်ငရဲ ဒုက္ခ၊ ခ။ ငတ်မွတ် ခေါင်းပါးခြင်းစသော အပါယ်ပြိတ္တာ ဒုက္ခ၊ ဂ။ အချင်းချင်း သတ်ဖြတ်ခြင်း ညှဥ်းပန်းနှိပ်စက်ခြင်း စသော အပါယ်တိရစ္ဆာန် ဒုက္ခ၊ 〔ဤငါးပါးကား ထိုထိုသတ္တဝါတို့၏ ပစ္စုပ္ပန်ဘဝ၌မှီသော ဆင်းရဲဒုက္ခကို သိမ်းကျုံးရေတွက်ထားခြင်းဖြစ်သည်၊၊〕 ၆။ အတီတေ ဝဋ္ဋမူလကဒုက္ခ = အတိတ်၌ဖြစ်ခဲ့သော ကိလေသာဝဋ် ကမ္မဝဋ်လျှင် အကြောင်းရင်းခံ ရှိသော ခံစားခဲ့ဖူးသော ဝိပါကဝဋ်ဒုက္ခ၊ ၇။ အနာဂတေ ဝဋ္ဋမူလကဒုက္ခ = အနာဂတ်၌ ဖြစ်လတ္တံ့သော ပစ္စုပ္ပန် ကိလေသဝဋ် ကမ္မဝဋ်လျှင် အကြောင်း ရင်းခံရှိသော အနာဂတ်၌ ခံစားအပ်လတ္တံ့သော ဝိပါကဝဋ်တည်းဟူသော ဒုက္ခ၊
三、病苦,即患病之苦;四、死苦,即死亡、坏灭之苦。〔前四种可随其所应发生于善趣与恶趣两类生命中。〕五、恶趣苦,即恶趣轮回之苦:甲、五种系缚等地狱苦;乙、饥饿困乏等饿鬼苦;丙、彼此杀害、折磨等畜生苦。〔前五种是对各类众生依当前生命而有之苦的总摄。〕六、过去以轮回为根本之苦:过去曾经承受的异熟轮回之苦,其根本原因是过去的烦恼轮回与业轮回。七、未来以轮回为根本之苦:未来将要承受的异熟轮回之苦,其根本原因是现在的烦恼轮回与业轮回。
၈။ ပစ္စုပ္ပန္နေ အာဟာရပရိယေဋ္ဌိမူလကဒုက္ခ = ပစ္စုပ္ပန်၌ အာဟာရကို ရှာမှီးရခြင်းလျှင် အကြောင်းရင်းခံ ရှိသော ဒုက္ခ။ (ဝိသုဒ္ဓိ-၁-၁၃၁။ ဒီ-ဋ္ဌ-၂-၃၈၄။) 〔အာဟာရကို မှီ၍ အသက်ရှင်ကြရကုန်သော အသက်မွေးကြရကုန်သော သတ္တဝါတို့တွင် လူသားတို့ ကဲ့သို့ ဥဋ္ဌာနဖလူပ ဇီဝိနော = ထကြွလုံ့လ ဝီရိယ၏ အကျိုးကိုမှီ၍ အသက်မွေးရသူတို့ကို ရည်ရွယ်၍ မိန့်ဆိုခြင်း ဖြစ်သည်။ ထိုသတ္တဝါတို့၏ အာဟာရကို ရှာမှီးရမှု ဒုက္ခသည် ကမ္မဖလူပဇီဝိ = ကံ၏ အကျိုးကို မှီ၍ အသက်မွေး ကြကုန်သော ငရဲသား သတ္တဝါ၊ နတ်ပြည်ခြောက်ထပ်ရှိ နတ်သတ္တဝါတို့နှင့် ဆက်ဆံမှုမရှိသော သီးသန့်ဒုက္ခ တစ်ရပ်ဖြစ်၏၊ သို့အတွက် ရှစ်ခုမြောက် သံဝေဂဝတ္ထုအဖြစ် ယူထားသည်ဟု မှတ်ပါ။〕
八、现在以寻觅食物为根本之苦:现在为了寻觅食物而有的苦。(《清净道论》1-131;《长部义注》2-384。)〔在依赖食物而生活、维持生命的众生中,这一教说是针对像人类这样称为 uṭṭhānaphalūpajīvino、依靠奋发精进之成果谋生者而说。他们寻觅食物的苦,是一种独立的苦,与称为 kammaphalūpajīvī、依业果而生活的地狱众生及六欲天诸天无关。因此,应知它被列为第八种悚惧事。〕
( သံ-ဋီ-၂-၄၄ဝ။ မဟာဋီ-၁-၁၅၉။)
(《相应部复注》2-440;《大复注》1-159。)
ပါဠိတော်နှင့် အဋ္ဌကထာ
巴利圣典与义注
ဓမ္မသင်္ဂဏီပါဠိတော်၌ ---- သံဝေဇနီယံ ဌာနန္တိ ဇာတိ ဇရာ ဗျာဓိ မရဏံ၊ (အဘိ-၁-၂၆၄။) ဇာတိ ဇရာ ဗျာဓိ မရဏ ဟု သံဝေဂဝတ္ထု လေးပါး လာရှိလေသည်။
《“可引生悚惧之处,是生、老、病、死。”(《法集论》1-264。)其中列有生、老、病、死四种悚惧事。
စတ္တာရိမာနိ ဘိက္ခဝေ ဘယာနိ၊ ကတမာနိ စတ္တာရိ၊ ဇာတိဘယံ ဇရာဘယံ ဗျာဓိဘယံ မရဏဘယံ၊ ဣမာနိ ခေါ ဘိက္ခဝေ စတ္တာရိ ဘယာနိ။ (အံ-၁-၄၃၆။) ဇာတိဘေး ဇရာဘေး ဗျာဓိဘေး မရဏဘေးဟု အင်္ဂုတ္တိုရ် စတုက္ကနိပါတ်၌ ဘေးဆိုးကြီး လေးပါး လာရှိသည်။
“诸比丘,有这四种怖畏。哪四种?生怖畏、老怖畏、病怖畏、死怖畏。诸比丘,这就是四种怖畏。”(《增支部》1-436。)《增支部·四集》中如此列有生怖畏、老怖畏、病怖畏、死怖畏这四大怖畏。
ဤသို့လျှင် ပါဠိတော်၌ လာရင်းဖြစ်သော ဇာတိ ဇရာ ဗျာဓိ မရဏဟု သံဝေဂဝတ္ထု လေးပါး အဋ္ဌကထာ ဆရာမြတ်တို့ ငါးခုမြောက် ပဉ္စမပြု၍ ယူတော်မူအပ်သော အပါယဒုက္ခ - ဤငါးပါးကား ပစ္စုပ္ပန်ဘဝ၌ မှီသော ကြောင့် ပစ္စုပ္ပန္နေ ဝဋ္ဋမူလကဒုက္ခပင် ဖြစ်သည်။
如此,生、老、病、死四种悚惧事原载于巴利圣典;义注诸大论师又把恶趣苦列为第五种。这五种都依当前生命而有,所以正是“现在以轮回为根本之苦”(paccuppanne vaṭṭamūlaka-dukkha)。
အတီတေ ဝဋ္ဋမူလကဒုက္ခ ဟူသည်လည်း အတိတ်ဘဝ၌ မှီသော ဇာတိ ဇရာ ဗျာဓိ မရဏ အပါယဒုက္ခ ပင်တည်း။
所谓“过去以轮回为根本之苦”(atīte vaṭṭamūlaka-dukkha),也就是依过去生命而有的生、老、病、死与恶趣苦。
အနာဂတေ ဝဋ္ဋမူလကဒုက္ခ ဟူသည်လည်း အနာဂတ်ဘဝ၌ မှီသော ဇာတိ ဇရာ ဗျာဓိ မရဏ အပါယ ဒုက္ခပင်တည်း။
所谓“未来以轮回为根本之苦”(anāgate vaṭṭamūlaka-dukkha),也就是依未来生命而有的生、老、病、死与恶趣苦。
原书第 416 页
အတိတ် အနာဂတ်ဖြစ်သော ဇာတိ ဇရာ ဗျာဓိ မရဏ အပါယဒုက္ခတို့ကို ဇာတိဿရဉာဏ်ဖြင့် သိ၍ မြင်၍လည်းကောင်း ကြားနာရ၍လည်းကောင်း ဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း သံဝေဂဉာဏ်များ ဖြစ် ပွားနိုင်၏။ တေမိမင်းသားသည် အတီတေ ဝဋ္ဋမူလကဒုက္ခဟူသော အတိတ်က ဖြစ်ခဲ့သည် အပါယ်ဒုက္ခကို လည်းကောင်း၊ မင်းအာဏာကို အလွဲသုံးစား ပြုခဲ့မိ၍ အတိတ်က ရရှိခဲ့သည့် အပါယဒုက္ခကို စံထားဆင်ခြင်၍ အလားတူပင် ပစ္စုပ္ပန်၌ တစ်ဖန် ထပ်မံ၍ မင်းအာဏာကို အလွဲသုံးစား ပြုခဲ့သော် တစ်ဖန် ထပ်မံ၍ နောင်အနာ ဂတ်၌ ရရှိနိုင်သည့် အနာဂတေ ဝဋ္ဋမူလကဒုက္ခကိုလည်းကောင်း ဇာတိဿရဉာဏ်ဖြင့် သိမြင်၍ သံဝေဂဉာဏ် ဖြစ်ပွားခဲ့၏။ ယင်းသံဝေဂဉာဏ်က တေမိမင်းသားအား တောထွက်၍ ရသေ့ရဟန်းတရားများကို ပွားများ အားထုတ်ရန် အကြီးမားဆုံးသော တွန်းအားကို ပေးခဲ့၏။ တစ်ဖန် ကဿပဘုရားရှင် သာသနာတော်တွင်းက ဓမ္မကို အဓမ္မ၊ ဝိနယကို အဝိနယ ဤသို့စသည်ဖြင့် ငြင်းခုံလျက် သာသနာတော်ကို ဖျက်ဆီးခဲ့သော ကပိလရဟန်း
无论以宿命智(jātissara-ñāṇa)知见,还是从他人听闻,反省过去与未来生命中的生、老、病、死与恶趣苦,这个人的相续中都能生起悚惧智。Temiya 王子以宿命智知见过去以轮回为根本之苦,也就是自己过去曾受的恶趣苦;他省思:那是由于过去滥用王权而招致的,若现在再次同样滥用王权,未来也会再次承受未来以轮回为根本之苦。由此,他生起了悚惧智。这一悚惧智给予 Temiya 王子最强大的推动力,使他出家入林,努力修习仙人、出家者之法。又在 Kassapa Buddha(迦叶佛)的教法中,Kapila 比丘争辩说法是非法、律是非律等,从而毁坏教法;听闻 Kapila 比丘——
၏ အကြောင်းအရာကို ကြားနာရသော တရားနာပရိသတ်တို့သည်လည်း ကပိလရဟန်း၏ အတိတ် အပါယ ဒုက္ခ၊ ပစ္စုပ္ပန် အပါယဒုက္ခ၊ အနာဂတ် အပါယဒုက္ခတို့ကို ဆင်ခြင်၍ သံဝေဂဉာဏ်များ ဖြစ်ပွားခဲ့ကြ၏။ မဟာ- ဇနော သံဝိဂ္ဂေါ ဟောတိ လောမဟဋ္ဌဇာတော။ (ဓမ္မပဒအဋ္ဌကထာ-၂-၃၃ဝ။) ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာစိတ်သည် မိမိရှုပွားနေသော သမထအာရုံ သို့မဟုတ် ဝိပ- ဿနာအာရုံ၏ သဘောမှန်ကို ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်မှု ပညာလုံ့လပယောဂ၏ နုံ့သည်၏ အဖြစ် အားနည်းသည်၏ အဖြစ်ကြောင့်သော်လည်းကောင်း၊ ကိလေသာအပူတို့မှ ငြိမ်းအေးခြင်း ဥပသမသုခကို မရရှိခြင်းကြောင့်သော်လည်းကောင်း ဘာဝနာလုပ်ငန်းရပ်၌ သာယာဖွယ် အရသာမှ ကင်းနေသောအခါ ဤ ရှစ်ပါးကုန်သော သံဝေဂဝတ္ထုတို့ကို ဆင်ခြင်ခြင်းဖြင့် စိတ်ကို ထိတ်လန့်စေရ၏။ ထိုသို့ ထိတ်လန့်စေသော် စိတ် သည် ဘာဝနာလုပ်ငန်းရပ်၌ ရွှင်လန်း တက်ကြွလာမည် ဖြစ်ပေသည်။ တစ်ဖန် ရတနာသုံးပါးတို့၏ ဂုဏ်ကို
——事迹的听法大众,也省思 Kapila 比丘过去、现在与未来的恶趣苦,因而生“大众生起悚惧,身毛竖立。”(《法句义注》2-330。)如此,当瑜伽行者的修习心由于透彻、清楚而鲜明地知见自己正在观修之止所缘或观所缘真实性质的慧用功迟钝、薄弱,或者由于尚未获得平息烦恼热恼的寂止之乐,而在修习实践中感到索然无味时,应省思这八种悚惧事,使心生起悚惧。心受到如此警策,便会在修习实践中欢悦振奋。随后还应忆念三宝功德——
အမှတ်ရခြင်းဖြင့်လည်း စိတ်ကို ကြည်လင်စေရမည်။ ဤသို့ ကျင့်ခဲ့သော် ဘာဝနာစိတ်ကို တက်ကြွ ရွှင်လန်း စေသင့်ရာအခါ၌ အပြားအားဖြင့် ရွှင်လန်းစေခြင်းရှိသူ မည်ပေသည်။
——使心澄净。如此修行,便称为在应当使修习心欢悦振奋时,能以种种方式使其欢悦的人。
၇။ သမ္မာပဝတ္တဿ အဇ္ဈုပေက္ခနတာ = အညီအညွတ် ကောင်းစွာ ဖြစ်နေသော ဘာဝနာစိတ်ကို အသင့် အားဖြင့် လျစ်လျူရှုခြင်းရှိသူ ဖြစ်ခြင်း ---- အကြင်အခါ၌ ဘာဝနာလုပ်ငန်းရပ်၌ စိတ်တွန့်တိုဆုတ်နစ်မှု စိတ်ပျံ့လွင့်မှုများ ကင်းသဖြင့် အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူ၍ ရှုပွားနေသော သမထလမ်းကြောင်း ပဋိပတ်သည် သမ္မာပဋိပတ် အမည်ရသည့် မဖောက်မပြန် မှန်ကန်သော အကျင့်ပဋိပတ် ဖြစ်နေ၏။ ထိုသမ္မာပဋိပတ် ကျင့်စဥ်ကို အစွဲပြု၍ ဘာဝနာစိတ် သည် ---- က။ ပျင်းရိခြင်း ကောသဇ္ဇတရား၏ အသင်းအပင်း ဖြစ်ကြကုန်သော ပဿဒ္ဓိ သမာဓိ ဥပေက္ခာ သမ္ဗောဇ္ဈင် တရားတို့၏ လွန်ကဲမှု မရှိခြင်းကြောင့် ဘာဝနာအာရုံမှ တွန့်ဆုတ်မှုလည်း မရှိ။
七、sammāpavattassa ajjhupekkhanatā:对于协调而正确运行的修习心,能适时以舍观待——当修习实践中的心已经没有退缩低沉,也没有散乱,以入出息似相为所缘而修的止行道便是不颠倒、正确而名为正行道的修行。依止这种正行道,修习心便具有以下状态:甲、轻安觉支、定觉支与舍觉支这三种属于懈怠一方的法并不过强,所以心不从修习所缘退缩;
ခ။ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ အသင်းအပင်း ဖြစ်ကြကုန်သော ဓမ္မဝိစယ ဝီရိယ ပီတိ သမ္ဗောဇ္ဈင် တရားတို့၏ လွန်ကဲမှု မရှိခြင်းကြောင့် ပျံ့လွင့်မှုလည်း မရှိ။
乙、择法觉支、精进觉支与喜觉支这三种属于掉举一方的法并不过强,所以心也不散乱;
ဂ။ အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်နေသော ပညာလုံ့လ ပယောဂ၏ ပြည့်စုံခြင်းကြောင့် ကိလေသာတို့၏ ငြိမ်းအေးမှု ဥပသမသုခ ချမ်းသာကို ရရှိခြင်းဖြင့်လည်း အာနာပါနဘာဝနာလုပ်ငန်းရပ်၌ သာယာမှု မရှိသည်ကား မဟုတ်၊ သာယာမှုလည်း ရှိနေ၏၊ သာယာ မှုလည်း မကင်းပေ။
丙、由于透彻、清楚而鲜明地知见入出息似相所缘的慧用功已经圆满,并且已经获得烦恼平息的寂止之乐,所以在入出息修习实践中并非没有喜乐;它确有喜乐,并不缺少喜乐;
原书第 417 页
အာနာပါနဿတိသမာဓိပိုင်း ဃ။ အာနာပါန ဘာဝနာလုပ်ငန်းရပ်၌ စိတ် တွန့်တို ဆုတ်နစ်မှု မရှိခြင်းကြောင့် ဘာဝနာစိတ်ကို ချီးမြှောက် ပေးခြင်း (= ပဂ္ဂဟ) လုပ်ငန်းကိစ္စ၌လည်း ကြောင့်ကြဗျာပါရ ပြုခြင်းသို့ မရောက်ရှိတော့ပေ။ အာနာပါန ပဋိဘာဂနိမိတ်ဟူသော ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်သွားမှု မရှိခြင်းကြောင့် ဘာဝနာစိတ်ကို နှိပ်ကွပ် ခြင်း (= နိဂ္ဂဟ) လုပ်ငန်းကိစ္စ၌လည်း ကြောင့်ကြဗျာပါရ ပြုခြင်းသို့ မရောက်ရှိတော့ပေ။ အာနာပါန ဘာဝနာလုပ်ငန်းရပ်၌ သာယာမှု ရှိနေခြင်းကြောင့် ဘာဝနာစိတ်ကို ရွှင်လန်းတက်ကြွစေခြင်း (= သမ္ပဟံ သန) လုပ်ငန်းကိစ္စ၌ ကြောင့်ကြဗျာပါရ ပြုခြင်းသို့လည်း မရောက်ရှိတော့ပေ။ အာနာပါနဘာဝနာ လုပ်ငန်းရပ်၌ စိတ် တွန့်တို ဆုတ်နစ်မှု မရှိခြင်း၊ အာနာပါနပဋိဘာဂနိမိတ် အာရုံမှ စိတ်ပျံ့လွင့်သွားမှု မရှိခြင်းကြောင့် အာနာပါနပဋိဘာဂနိမိတ်ဟူသော ဘာဝနာအာရုံပေါ်၌ အညီအမျှဖြစ်နေသော၊ အာနာ
丁、由于入出息修习实践中的心没有退缩低沉,便不再需要为提振修习心(paggaha)这项工作操劳;由于心不从入出息似相这一修习所缘散乱出去,便不再需要为抑制修习心(niggaha)这项工作操劳;由于在入出息修习实践中已有喜乐,便也不再需要为使修习心欢悦振奋(sampahaṃsana)这项工作操劳。修习心既不退缩低沉,也不从入出息似相所缘散乱,因而在这一修习所缘上保持均衡;又由于——
ပါနဘာဝနာလုပ်ငန်းရပ်၌ သာယာမှု ရှိနေခြင်းကြောင့် ကိလေသာအပူကို ငြိမ်းအေးစေတတ်သော အာနာ ပါန ပဋိဘာဂနိမိတ်အာရုံ၌ စိတ်တည်ငြိမ်မှု သမာဓိတည်းဟူသော သမထလမ်းကြောင်းပေါ်သို့ သွားနေ သော ဘာဝနာစိတ် ဖြစ်နေ၏။
——在入出息修习实践中已有喜乐,它便沿着止的道路而行:心稳定于能平息烦恼热恼的入出息似相所缘,这正是定。
တစ်နည်းအားဖြင့် ဆိုရသော် အာနာပါနပဋိဘာဂနိမိတ်ဟူသော ဘာဝနာအာရုံပေါ်၌ ဘာဝနာစိတ်သည် အညီအမျှ ဖြစ်နေခြင်းကြောင့် ဘာဝနာအာရုံမှ တွန့်ဆုတ်မှုမရှိသော ပျံ့လွင့်မှုလည်း မရှိသောစိတ် ဖြစ်နေ၏။
换言之,由于修习心在入出息似相这一修习所缘上保持均衡,它便成为一颗既不从修习所缘退缩、也不从所缘散乱的心。
အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍တည်နေမှု သမထလမ်းကြောင်းပေါ်သို့ ကောင်းမွန် မှန်ကန်စွာ သွားနေခြင်းတည်းဟူသော ကောင်းမွန် မှန်ကန်သည့် သမ္မာပဋိပတ် ကျင့်ဝတ်လုပ်ငန်းကြောင့် ဘာ- ဝနာလုပ်ငန်းရပ်၌ သာယာဖွယ် အရသာနှင့်တကွ ဖြစ်သော စိတ် ဖြစ်နေ၏။ ထိုအခါမျိုး၌ အာဇာနည် မြင်း ကောင်းများကို ယှဥ်ကထားသော ရထား၌ အညီအမျှ ကနေ သွားနေ ဖြစ်နေသော အာဇာနည်မြင်းတို့ အပေါ်၌ ရထားထိန်းသည် လွန်သောမြင်း၏ ကြိုးကို ဆွဲထားရခြင်း၊ နောက်ကျသော မြင်းကို ကြိမ်ဖြင့် တို့ပေးရခြင်း ဟူသော ကြောင့်ကြဗျာပါရသို့ မရောက်တော့သကဲ့သို့ အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဘာဝနာ စိတ်ကို ချီးမြှောက်ပေးရခြင်း = စိတ်ဓာတ်ကို မြှင့်တင်ပေးရခြင်း = ပဂ္ဂဟလုပ်ငန်း၊ စိတ်ဓာတ်ကို နှိပ်ကွပ်ပေး ရခြင်း = နိဂ္ဂဟလုပ်ငန်း၊ စိတ်ဓာတ်ကို ကောင်းစွာ အပြားအားဖြင့် ရွှင်လန်းတက်ကြွစေရခြင်း = သမ္ပဟံသန
心安静地贴住并稳定于入出息似相所缘,正确地沿止的道路而行;由于这种善好、正确而名为正行道的修行实践,心在修习中具有喜乐。此时,好比一辆套着良种骏马的车:诸马均衡并进,御者不必拉住跑得过快之马的缰绳,也不必用鞭催赶落后之马。同样,瑜伽行者也不必为了提振修习心,即提升心势的paggaha工作;不必为了抑制心势的niggaha工作;也不必为了以种种方式使心欢悦振奋的sampahaṃsana——
လုပ်ငန်းဟူသော ဤသုံးမျိုးကုန်သော လုပ်ငန်းရပ်တို့၌ ကြောင့်ကြဗျာပါရ ပြုခြင်းသို့ မရောက်ရတော့ပေ။ ဤ ပဂ္ဂဟ နိဂ္ဂဟ သမ္ပဟံသန လုပ်ငန်းရပ် သုံးမျိုးတို့၌ ကြောင့်ကြဗျာပါရသို့ မရောက်ခြင်း ကြောင့်ကြဗျာပါရ ဟူ သော ဆန့်ကျင်ဘက်ကို လွှမ်းမိုး၍ လျစ်လျူရှုခြင်း၊ အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို အညီ အမျှ ကောင်းစွာ ထားခြင်းကို လျစ်လျူရှုသင့်ရာအခါ၌ ဘာဝနာစိတ်ကို အသင့်အားဖြင့် လျစ်လျူရှုခြင်း ရှိသူ ဖြစ်သည်ဟု ဆိုအပ်ပေသည်။
——工作而操劳。不再为paggaha、niggaha、sampahaṃsana这三项工作操劳,便是克服与舍相反的操劳而从容观待;在应当以舍观待的时候,把修习心平等而善好地安置于入出息似相所缘,这就称为能适时以舍观待修习心的人。
(ဝိသုဒ္ဓိ-၁-၁၃၁။ ဒီ-ဋ္ဌ-၂-၃၈၄။ သံ-ဋ္ဌ-၃-၂ဝဝ။ မဟာဋီ-၁-၁၅၉။ သံ-ဋီ-၂-၄၄ဝ။)
(《清净道论》1-131;《长部义注》2-384;《相应部义注》3-200;《大复注》1-159;《相应部复注》2-440。)
〔မှတ်ချက် ---- အာနာပါနဿတိ သမာဓိပိုင်းကို ရေးသားသောအပိုင်း ဖြစ်သဖြင့် အာနာပါနအကြောင်း ကို ဦးတည်၍ ပြောဆိုနေခြင်းသာ ဖြစ်သည်။ ကျန်သမထ ဝိပဿနာ လုပ်ငန်းရပ်တို့၌လည်း နည်းတူပင် မှတ်ပါ။〕 ၈။ အသမာဟိတပုဂ္ဂလ ပရိဝဇ္ဇနတာ = သမာဓိမရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဥ်ခြင်းရှိသူ ဖြစ်ခြင်း ---- နေက္ခမ္မပဋိပဒါ အမည်ရသော စျာန်ရကြောင်းဖြစ်သော ကျင့်ဝတ်ပဋိပတ်လမ်းကြောင်းပေါ်သို့ မတက် ရောက်ဖူး မသွားဖူးကြကုန်သော၊ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော တစ်ခုခုသော သမာဓိမျှ မရှိကြကုန် သော၊ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော တစ်ခုခုသော သမာဓိသို့ မဆိုက်ရောက်ကြကုန်သော တစ်ပါး မက များပြားလှကုန်သော ကိစ္စတို့၌ လုံ့လကြိုးကုတ် အားထုတ်လျက်ရှိကြကုန်သော၊ အထူးအထူး အပြားပြား
〔注——这里正在撰写入出息念定部分,所以只是以入出息为中心而说;其余止、观修习实践也应同样理解。〕八、asamāhitapuggala-parivajjanatā:远离无定之人——有些人从未踏上、从未走过名为出离行道、能够导向禅那的修行道路;既没有近行定或安止定中的任何一种,也未曾到达其中任何一种;反而为不只一项、极其繁多的事务奔忙用力,心被抛向各式各样的——
原书第 418 页
သော အာရုံ၌ ပစ်လွှတ်ထားအပ်သောစိတ် ပျံ့လွင့်သောစိတ် ရှိကြကုန်သော ပုဂ္ဂိုလ်တို့ကို ဝေးစွာ ရှောင်ကြဥ် ခြင်းသည် တည်ကြည်သောစိတ်ဓာတ် မရှိသော (= သမာဓိ မရှိသော) ပုဂ္ဂိုလ်ကို ရှောင်ကြဥ်ခြင်းရှိသူ မည်၏။
——所缘而散乱。远远避开这样的人,就称为远离没有稳定心力、也就是无定之人。
(ဝိသုဒ္ဓိ-၁-၁၃၁။ ဒီ-ဋ္ဌ-၂-၃၈၄။ သံ-ဋ္ဌ-၃-၂ဝဝ။ မဟာဋီ-၁-၁၅၉။)
(《清净道论》1-131;《长部义注》2-384;《相应部义注》3-200;《大复注》1-159。)
၉။ သမာဟိတပုဂ္ဂလသေဝနတာ = သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသူ ဖြစ်ခြင်း ---- နေက္ခမ္မပဋိပဒါ အမည်ရသော စျာန်ရကြောင်း ကျင့်ဝတ်ပဋိပတ်လမ်းကြောင်းပေါ်သို့ တက်ရောက်ဖူး သွား ဖူး ကျင့်ဖူးကုန်သော၊ ဥပစာရစျာန်သမာဓိဖြင့်သော်လည်းကောင်း အပ္ပနာစျာန်သမာဓိဖြင့်သော်လည်းကောင်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဥပစာရဘာဝနာ အပ္ပနာဘာဝနာအာရုံ၌ ကောင်းစွာ ထားအပ်သောစိတ် = ကောင်းစွာတည်ကြည်သော စိတ်ဟူသော သမာဓိရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း အနီးသို့ ချဥ်းကပ်ခြင်း သည် သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသူ မည်ပေသည်။ (ဝိသုဒ္ဓိ-၁-၁၃၁။ ဒီ-ဋ္ဌ-၂-၃၈၄။ သံ-ဋ္ဌ-၃-၂ဝဝ။) ၁ဝ။ စျာနဝိမောက္ခပစ္စဝေက္ခဏတာ = ပထမစျာန် အစရှိကုန်သော ဝိမောက္ခတို့ကို အသီးအသီး သက်ဝင်၍ ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း ---- ပထမစျာန်စသော စျာန်တရားတို့သည် ဆန့်ကျင်ဘက်တရားတို့မှ ကောင်းစွာ လွတ်မြောက်ခြင်း ရှိသည်
九、samāhitapuggala-sevanatā:亲近有定之人——有些人已经踏上、走过并修习过名为出离行道、能够导向禅那的修行道路;依近行禅定或安止禅定,把心善加安置、稳固等持于如入出息似相这类近行修习或安止修习的所缘。亲近、承事并前往接近这样有定的人,就称为亲近有定之人。(《清净道论》1-131;《长部义注》2-384;《相应部义注》3-200。)十、jhānavimokkha-paccavekkhaṇatā:逐一深入省察初禅等诸解脱——初禅等禅法由于善从各自的对治法中解脱等原因——
၏ အဖြစ်စသော အကြောင်းတရားတို့ကြောင့် ထိုပထမစျာန် စသည်တို့သည်ပင်လျှင် ဝိမောက္ခလည်း အမည် ရကုန်၏။ ထိုစျာန်ဝိမောက္ခတို့ကို ---- ၁။ ဤသို့ ပွားများရ၏၊ ၂။ ဤသို့ ဝင်စားရ၏၊ ၃။ ဤသို့ ဆောက်တည် အဓိဋ္ဌာန်ရ၏၊ ၄။ ဤသို့ စျာန်မှ ထရ၏၊ ၅။ ဤသို့ ညစ်နွမ်း၏၊ ၆။ ဤသို့ ဖြူစင်၏ ---- ဤသို့ အသီးအသီး သက်ဝင်၍ ဆင်ခြင်ခြင်းသည် စျာန်ဝိမောက္ခတို့ကို အသီးအသီး သက်ဝင်၍ ဆင်ခြင် ခြင်း ရှိသည် မည်၏။ (မဟာဋီ-၁-၁၅၈။) ၁၁။ တဒဓိမုတ္တတာ = ထို သမာဓိသမ္ဗောဇ္ဈင်၌ စွဲစွဲမြဲမြဲ သက်ဝင်သူ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသူ ဖြစ်ခြင်း ---- လျောင်း ထိုင် ရပ် သွား လေးပါးသော ဣရိယာပုထ်တို့၌ သမာဓိကို ဖြစ်စေခြင်းအကျိုးငှာသာလျှင် သမာဓိ ကို အလေးဂရုပြုသည်၏အဖြစ်၊ သမာဓိသို့ ညွတ်သည်၏အဖြစ်၊ သမာဓိသို့ ကိုင်းသည်၏အဖြစ်၊ သမာဓိသို့ ရှိုင်းသည်၏ အဖြစ်၊ ညွတ်ယိမ်းသော စိတ်ဓာတ်ရှိသူ၏ အဖြစ်သည် ထိုသမာဓိသမ္ဗောဇ္ဈင်တရားကို ဖြစ်စေခြင်း၌
——初禅等本身也称为解脱。逐一深入省察这些禅解脱:一、如何修习;二、如何入定;三、如何作决意;四、如何出定;五、如何染污;六、如何净化——这就称为逐一深入省察诸禅解脱。(《大复注》1-158。)十一、tadadhimuttatā:坚定投入定觉支,具有倾向、趋向并归向于它的心——在卧、坐、立、行四种威仪中,只为了使定生起而尊重定,令心倾向于定、趋向于定、归向于定;具有这样倾向的心,便是在令定觉支生起这件事上——
စွဲစွဲမြဲမြဲ သက်ဝင်သူဖြစ်သည် မည်၏။ စျာန်သမာဓိကို ဖြစ်စေခြင်း၌ အလျဥ်မစဲ အားထုတ်သည် မည်၏။ ဤ ဆိုအပ်ခဲ့ပြီးသော သမာဓိသမ္ဗောဇ္ဈင်တရား ဖြစ်ကြောင်းအင်္ဂါရပ် တစ်ဆယ့်တစ်ပါးအတိုင်း ကျင့်သော ယောဂါ ဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဤသမာဓိသမ္ဗောဇ္ဈင်တရားသည် ထင်ရှား ဖြစ်ပေါ်လာနိုင်၏။
——坚定投入的人,也就是持续不断地努力使禅定生起的人。依照上述十一项令定觉支生起的条件而修行,定觉支就能在瑜伽行者的相续中明显生起。
ဤသို့ ဖြစ်ပေါ်လာသော သမာဓိသမ္ဗောဇ္ဈင်တရားသည် အရဟတ္တမဂ်ကြောင့် (ဝါ) အရဟတ္တမဂ် ရသော အခါ မုချအားဖြင့် သမာဓိပြန့်ပြောခြင်းသို့ အပြည့်အစုံ ရောက်ရှိရကား ယင်း အရဟတ္တမဂ်သည် ဘာဝနာ လုပ်ငန်းရပ်၏ ပြည့်စုံကြောင်းတရား ဖြစ်သွားရပေသည်။ (ဝိသုဒ္ဓိ-၁-၁၃၂။ ဒီ-ဋ္ဌ-၂-၃၈၄။ သံ-ဋ္ဌ-၃-၂ဝဝ။)
如此生起的定觉支,到证得阿罗汉道时,便由阿罗汉道而在主要意义上完全达到定的广大与圆满;因此,阿罗汉道成为令修习实践圆满之法。(《清净道论》1-132;《长部义注》2-384;《相应部义注》3-200。)
原书第 419 页
အထူးသတိပြုရမည့် အချက်တစ်ရပ်
一项应特别注意的要点
ပါဠိတော် (သံ-၃-၉၂။)၌ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ် အဗျဂ္ဂနိမိတ်၌ နည်းမှန် လမ်းမှန် နှလုံးသွင်းမှု = ယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ပါက သမာဓိသမ္ဗောဇ္ဈင်တရား ထင်ရှား ဖြစ်ပေါ်လာနိုင်ကြောင်း ဟောကြားထားတော်မူချက်များ လာရှိ၏။
巴利圣典(《相应部》3-92)中有这样的开示:对于如入出息似相一般的止相、不散乱相,若依正确方法反复实行如理作意,定觉支就能明显生起。
အထက်တွင် ရှင်းပြထားသည့်အတိုင်း အဋ္ဌကထာများ၌လည်း သမာဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တရားများ လာရှိ၏။ ယင်းသမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရားများအတိုင်း ကျင့်ပါက သမာဓိသမ္ဗောဇ္ဈင်တရား ထင်ရှား ဖြစ်ပေါ်လာနိုင်ကြောင်းများကိုလည်း ဖွင့်ဆိုထားလျက်ရှိ၏။
如上文所释,诸义注也列出了令定觉支生起的诸法,并解释了依这些因法修行,定觉支便能明显生起。
ယင်းပါဠိတော် အဋ္ဌကထာ အဆိုအမိန့်တို့အရ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် နိဗ္ဗာန်ကို အလို ရှိခဲ့ပါမူ သမာဓိသမ္ဗောဇ္ဈင်တရား ထင်ရှားဖြစ်ပေါ်လာအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်၊ သမာဓိသမ္ဗော ဇ္ဈင် အဝင်အပါ ဖြစ်သည့် ဗောဇ္ဈင်ခုနစ်ပါး စုံညီပါမှ၊ သမ္မာသမာဓိမဂ္ဂင် အဝင်အပါ ဖြစ်သည့် မဂ္ဂင်ရှစ်ပါး စုံညီပါမှ အသင်ယောဂီသူတော်ကောင်းသည် နိဗ္ဗာန်ကို မျက်မှောက်ပြု၍ ရနိုင်မည် ဖြစ်ပေသည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် သမာဓိထူထောင်မှုကို စက်ဆုပ်ရွံရှာလျက် သမာဓိထူထောင်ဖို့ မလိုပါဟု အစွဲသန်နေပါလျှင် အသင်ယောဂီသူတော်ကောင်း၏ သန္တာန်ဝယ် သမာဓိချို့တဲ့နေသဖြင့် ဗောဇ္ဈင်ခြောက်ပါး မဂ္ဂင်ခုနစ်ပါး ရှိကောင်းရှိနေမည် ဖြစ်ပေသည်။ ဗောဇ္ဈင်ခုနစ်ပါး မဂ္ဂင်ရှစ်ပါးကား မပြည့်စုံနိုင်တော့ပေ။
依这些巴利圣典与义注的教说,贤善的瑜伽行者若希求涅槃,就必须努力使定觉支明显生起。只有包含定觉支在内的七觉支全部具足,包含正定道支在内的八道支全部具足,禅修贤友才能亲自现证涅槃。若禅修贤友厌恶建立定,顽固执著“不必建立定”,那么由于相续中缺少定,或许尚有其余六觉支与七道支,却不可能圆满七觉支与八道支。
သမာဓိမပါသော ဗောဇ္ဈင်ခြောက်ပါး မဂ္ဂင်ခုနစ်ပါးဖြင့် နိဗ္ဗာန်သို့ သွား၍ ရောက်နိုင် မရောက်နိုင်ကိုကား အသင် ယောဂီ သူတော်ကောင်း အလေးအနက်ထားကာ စဥ်းစားရတော့မည် ဖြစ်ပေသည်။ နိဗ္ဗာန်ကို အလိုရှိခဲ့လျှင်ကား ဘုရားရှင်နှင့် ဘုရားရှင်၏ တရားကို မပယ်မိဖို့ရန် အထူးဂရုပြုရမည် ဖြစ်ပေသည်။
只凭缺少定的六觉支与七道支,究竟能不能走到涅槃,禅修贤友必须认真慎重地思考。若确实希求涅槃,就应特别谨慎,不可舍弃佛陀及佛陀的正法。
ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား ငါးပါး
令舍觉支生起的5种法
ပဉ္စ ဓမ္မာ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ သံဝတ္တန္တိ သတ္တမဇ္ဈတ္တတာ၊ သင်္ခါရမဇ္ဈတ္တတာ၊ သတ္တသင်္ခါရ- ကေလာယနပုဂ္ဂလပရိဝဇ္ဇနတာ၊ သတ္တသင်္ခါရမဇ္ဈတ္တပုဂ္ဂလသေဝနတာ၊ တဒဓိမုတ္တတာတိ။
有5种法能令舍觉支生起,即:对众生保持中舍、对诸行保持中舍、远离贪爱众生与诸行之人、亲近对众生与诸行保持中舍之人,以及倾心于此。
(ဝိသုဒ္ဓိ-၁-၁၃၁။ ဒီ-ဋ္ဌ-၂-၃၈၄။ မ-ဋ္ဌ-၁-၃ဝ၂။ သံ-ဋ္ဌ-၃-၂ဝဝ။)
(《清净道论》1-131;《长部义注》2-384;《中部义注》1-302;《相应部义注》3-200。)
၁။ သတ္တဝါတို့ အပေါ်ဝယ် အလယ်အလတ်၌ တည်သောသဘောရှိသူ ဖြစ်ခြင်း = သတ္တဝါတို့၌ လျစ်လျူ ရှုတတ်သူ ဖြစ်ခြင်း၊ ၂။ သင်္ခါရတရားတို့အပေါ်ဝယ် အလယ်အလတ်၌ တည်သောသဘောရှိသူ ဖြစ်ခြင်း = သင်္ခါရတရားတို့၌ လျစ်လျူရှုတတ်သူဖြစ်ခြင်း၊ ၃။ သတ္တဝါ သင်္ခါရတို့ကို မက်မောတတ်သော ပုဂ္ဂိုလ်ကို ရှောင်ကြဥ်ခြင်းရှိသူ ဖြစ်ခြင်း၊ ၄။ သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုတတ်သော ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်းရှိသူ ဖြစ်ခြင်း၊ ၅။ ထို ဥပေက္ခာသမ္ဗောဇ္ဈင်၌ စွဲစွဲမြဲမြဲ သက်ဝင်သူ ဖြစ်ခြင်း ---- ဤတရားငါးပါးတို့သည် ဥပေက္ခာသမ္ဗောဇ္ဈင်တရား၏ ထင်ရှား ဖြစ်ပေါ်လာရန် အကြောင်းတရားတို့ ဖြစ်ကြကုန်၏။
1.对众生保持中舍,即能中舍地看待众生;2.对诸行保持中舍,即能中舍地看待诸行;3.远离贪爱众生与诸行之人;4.亲近对众生与诸行保持中舍之人;5.坚定投入舍觉支。以上5种法,就是令舍觉支明显生起的因法。
၁။ သတ္တမဇ္ဈတ္တတာ = သတ္တဝါတို့အပေါ်ဝယ် အလယ်အလတ်၌ တည်သော သဘောရှိသူ ဖြစ်ခြင်း = သတ္တဝါတို့၌ လျစ်လျူရှုတတ်သူ ဖြစ်ခြင်း၊
1.对众生保持中舍(sattamajjhattatā)——对众生持中立态度,也就是能中舍地看待众生。
原书第 420 页
(က) ကမ္မဿကတာ ပစ္စဝေက္ခဏ = ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာရှိသည်၏အဖြစ်ကို ဆင်ခြင်ခြင်း ---- ''သင်သည် မိမိ၏ ကံကြောင့် ဤလူ့ဘဝသို့ ရောက်ရှိလာ၍ မိမိ၏ပင်လျှင် ကံကြောင့် နောက်တမလွန် ဘဝသို့ သွားရလတ္တံ့။ ဤပုဂ္ဂိုလ်သည်လည်း မိမိ၏ပင်လျှင် ကံကြောင့် (= သူ့ကံကြောင့်ပင်) ဤလူ့ဘဝသို့ ရောက်ရှိလာ၍ မိမိ၏ပင်လျှင် ကံကြောင့် (= သူ့ကံကြောင့်ပင်) နောက်တမလွန်ဘဝသို့ သွားရလတ္တံ့။ သင်သည် အဘယ်ပုဂ္ဂိုလ်ကို မြတ်နိုးနေသနည်း'' ---- ဤသို့ ကံသာလျှင် မိမိကိုယ်ပိုင် ဥစ္စာရှိသည်၏ အဖြစ်ကို ဆင်ခြင်ခြင်းဖြင့်လည်းကောင်း၊ (ခ) နိဿတ္တပစ္စဝေက္ခဏ = သတ္တမဟုတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း ---- ''ပရမတ္ထအနက်သဘောအားဖြင့် သတ္တဝါသည်ပင်လျှင် မရှိပေ။ (ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား အစုအပုံ သက်သက်သာလျှင် ရှိသည်ဟု ဆိုလိုပေသည်။) ထိုသင်သည် အဘယ်သူကို မြတ်နိုးနေသနည်း'' ----
(甲)省察业为己有(kammassakatā-paccavekkhaṇa)——省察唯有业才是自己的所有物:“你依自己的业而来到今生,也将依自己的业前往后世;此人同样依他自己的业来到今生,也将依他自己的业前往后世。你究竟在贪爱谁呢?”如此省察业为己有;(乙)省察非众生性(nissatta-paccavekkhaṇa)——省察并无所谓众生:“依究竟义而言,根本没有众生。(意思是:只有色、名、因与果所组成的一堆行法。)那么,你究竟在贪爱谁呢?”——
ဤသို့လျှင် သတ္တမဟုတ်သည်၏ အဖြစ်ကို = အတ္တမှ ဆိတ်သုဥ်းသည်၏ အဖြစ်ကို ဆင်ခြင်ခြင်းဖြင့်လည်းကောင်း ဤနှစ်ပါးကုန်သော အကြောင်းတရားတို့ကြောင့် သတ္တဝါတို့၌ လျစ်လျူရှုတတ်သူ၏ အဖြစ်ကို ဖြစ်စေ နိုင်၏။ ( ဒီ-ဋ္ဌ-၂-၃၈၄။ မ-ဋ္ဌ-၁-၃ဝ၂-၃ဝ၃။) ၂။ သင်္ခါရမဇ္ဈတ္တတာ = သင်္ခါရတရားတို့အပေါ်ဝယ် အလယ်အလတ်၌ တည်သော သဘောရှိသူ ဖြစ်ခြင်း သင်္ခါရတရားတို့၌ လျစ်လျူရှုသူ ဖြစ်ခြင်း ---- (က) အသာမိကဘာဝပစ္စဝေက္ခဏ = ပိုင်ရှင်မဟုတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း ---- ဤသင်္ကန်းသည် သုံးစွဲရင်း တဖြည်းဖြည်း အစဥ်အတိုင်း အရောင်အဆင်း ဖောက်ပြန် ပြောင်းလဲသည်၏ အဖြစ်သို့လည်းကောင်း၊ ဟောင်းနွမ်းသည်၏ အဖြစ်သို့လည်းကောင်း ကပ်ရောက်၍ တဖြည်းဖြည်း ခြေသုတ် အဝတ်ဖြစ်၍ နောက်ဆုံး တောင်ဝှေးစွန်းဖြင့် ကလော်၍ စွန့်ပစ်ထိုက်သော သဘောရှိသည် ဖြစ်လတ္တံ့။ ထို သင်္ကန်း၏ကား ပိုင်ရှင်သည် အကယ်၍ ဖြစ်ငြား ရှိငြားအံ့၊ ဤသို့ ဖြစ်ခဲ့ ရှိခဲ့သော် ထိုသင်္ကန်းအား ဤသို့
如此省察其非众生性,也就是空无自我,借由这两项因法,便能对众生保持中舍。(《长部义注》2-384;《中部义注》1-302—303。)2.对诸行保持中舍(saṅkhāramajjhattatā)——对诸行持中立态度,能中舍地看待诸行。(甲)省察无主性(asāmikabhāva-paccavekkhaṇa)——这件袈裟在使用中,将依次变色、陈旧,渐渐成为擦脚布,最后只能用杖尖挑起丢弃。假如这件袈裟真有一个主人,那么主人就不会容许它如此——
ပျက်စီးခြင်းငှာ သို့မဟုတ် ပျက်စီးခွင့်ကို မပေးလေရာ။ ဤသို့လျှင် ပိုင်ရှင်မဟုတ်သည်၏ အဖြစ်ကို ဆင်ခြင် ခြင်းဖြင့်လည်းကောင်း၊ (ခ) တာဝကာလိကတာပစ္စဝေက္ခဏ = အခိုက်အတန့်မျှသာ တည်ခြင်းသဘောရှိသည်၏အဖြစ်ကို ဆင်ခြင်ခြင်း ဤသင်္ကန်းကား အရှည်မခိုင်ခံ့၊ ထိုသုံးဆောင်ရာကာလ အခိုက်အတန့်မျှသာ တည်ခြင်းသဘောရှိ၏ဟု အခိုက်အတန့်မျှသာ တည်ခြင်းသဘောရှိသည့် တာဝကာလိက၏ အဖြစ်ကို ဆင်ခြင်ခြင်းဖြင့်လည်းကောင်း --- ဤနှစ်မျိုးကုန်သော အကြောင်းတရားတို့ကြောင့်ပင်လျှင် သင်္ခါရတရားတို့၌ လျစ်လျူရှုတတ်သူ၏ အဖြစ် ကို ဖြစ်စေနိုင်၏။ 〔သပိတ်စသော အသုံးအဆောင် ပရိက္ခရာတို့၌လည်း နည်းတူမှတ်ပါ။ ဤ၌ အသုံးအဆောင် ပရိက္ခရာပစ္စည်း အရပ်ရပ်ကို သင်္ခါရဟု ဆိုလိုသည်ဟုလည်း မှတ်ပါ။〕
——毁坏。如此省察其无主性;(乙)省察暂时性(tāvakālikatā-paccavekkhaṇa)——省察:“这件袈裟不能长久坚固,只在受用它的短暂期间存在。”借由这两项因法,便能对诸行保持中舍。〔钵等日用资具也应以同样方式理解。此处所谓“行”,是指各类日用资具。〕
(ဒီ-ဋ္ဌ-၂-၃၈၅။ မ-ဋ္ဌ-၁-၃ဝ၃။ သံ-ဋ္ဌ-၃-၂ဝဝ-၂ဝ၁။)
(《长部义注》2-385;《中部义注》1-303;《相应部义注》3-200—201。)
အထူးသဖြင့် ရာဂသည် ဥပေက္ခာ၏ ဆန့်ကျင်ဘက်တည်း။ ထိုကြောင့် ရာဂထူပြောသော ပုဂ္ဂိုလ်အဖို့ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ရာဂမှ စင်ကြယ်ကြောင်းလမ်း = ဝိသုဒ္ဓိမဂ္ဂဟူ၍ ဆိုအပ်ပေသည်။ (သံ-ဋီ-၂-၄၄ဝ။) ၃။ သတ္တ သင်္ခါရ ကေလာယနပုဂ္ဂလ ပရိဝဇ္ဇနတာ = သတ္တဝါသင်္ခါရတို့ကို မက်မောတတ်သော ပုဂ္ဂိုလ်ကို ရှောင်ကြဥ်ခြင်းရှိသူ ဖြစ်ခြင်း ---- (က) သတ္တကေလာယန = သတ္တဝါကိုမြတ်နိုးသူ ---- ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် လူဝတ်ကြောင်ဖြစ်လျှင်လည်း သားသ္မီးအစရှိသူတို့ကို ငါ့သား ငါ့သ္မီးဟု
尤其是,贪正是舍的对立法。因此,对于贪重之人而言,舍觉支被称为使其从贪中清净的清净之道。(《相应部复注》2-440。)3.远离贪爱众生与诸行之人(sattasaṅkhāra-kelāyana-puggala-parivajjanatā)——(甲)贪爱众生者(sattakelāyana):一位禅修者若是在家人,便把儿女等执作“我的儿子”“我的女儿”而加以贪爱;若是——
原书第 421 页
အာနာပါနဿတိသမာဓိပိုင်း ငါ့ဥစ္စာပြု၍ မြတ်နိုး၏။ ရဟန်းဖြစ်လျှင်လည်း မိမိ၏ အနီးနေတပည့် တူသောဥပဇ္ဈာယ်ရှိသော သီတင်းသုံးဖော် အစရှိသူတို့ကို ငါ့တပည့် ငါ့မိတ်ဆွေ စသည်ပြုလုပ်၍ မြတ်နိုး၏။ မိမိ၏ လက်ဖြင့်သာ ထို အနီးနေတပည့်၊ တူသော ဥပဇ္ဈာယ်ရှိသော သီတင်းသုံးဖော် စသူတို့၏ ဆံပင်ကို ရိတ်ဖြတ်မှု၊ သင်္ကန်းကို ဖွပ်လျှော်မှု၊ သင်္ကန်း ဆိုးမှု၊ သပိတ်ဖုတ်မှု အစရှိသော အမှုကိစ္စတို့ကို ပြုလုပ်ပေး၏၊ တစ်မုဟုတ်မျှ တစ်ခဏမျှလည်း မမြင်လတ် သော် - ''ဤမည်သော သာမဏေသည် အဘယ်မှာနည်း၊ ဤမည်သော ရဟန်းသည် အဘယ်မှာနည်း'' - ဟု တုန်လှုပ်သော သားသမင်သည်ကဲ့သို့ ဤမှ ဤမှလည်း ကြည့်ရှု ရှာဖွေ၏။ အခြားသူတစ်ယောက်က -''ထိုမည် သော သာမဏေကို သို့မဟုတ် ထိုမည်သော ရဟန်းငယ်ကို စေလွှတ်ပါကုန်'' - ဟု တောင်းပန်အပ်ပါသော်လည်း ''ငါတို့သည်လည်း မိမိ၏ အလုပ်ကိစ္စကိုပင် မပြုရက်စေပါကုန် မခိုင်းရက်ပါကုန်၊ အရှင်တို့သည် ထိုသာမဏေ
——出家人,也把近住弟子、同一戒师门下的共住者等执作“我的弟子”“我的朋友”而加以贪爱。他亲手替这些近住弟子、同戒师共住者等剃发、洗衣染衣、烧钵;哪怕片刻不见,也会像受惊的鹿一般四处张望寻找:“某某沙弥在哪里?某某比丘在哪里?”若有人请求:“请派某位沙弥或某位年轻比丘来吧”,他却说:“我们自己尚且不忍让他做事,你们还想把这位沙弥——
ကို သို့မဟုတ် ထိုရဟန်းငယ်ကို ခေါ်၍ ပင်ပန်းစေကုန်ကြမှာလား'' - ဟု ပြောဆို၍ မပေးပေ၊ မစေလွှတ်ပေ။
——或年轻比丘叫去受累吗?”因而不肯让他去,也不肯派遣。
ဤပုဂ္ဂိုလ်မျိုးသည် သတ္တဝါကို ချစ်မြတ်နိုးသူ မည်၏။
这种人,就称为贪爱众生者。
(ခ) သင်္ခါရကေလာယန = သင်္ခါရကို ချစ်မြတ်နိုးသူ --- ပုဂ္ဂိုလ်တစ်ဦးသည်ကား သင်္ကန်း သပိတ် ခွက် တောင်ဝှေး အစရှိသော ပစ္စည်းဝတ္ထုတို့ကို ငါ့ဥစ္စာပြု၍ မြတ်နိုး၏၊ အခြားသူအား လက်ဖြင့် သုံးသပ်ခြင်းငှာလည်း သုံးသပ်ခွင့်ကိုလည်း မပေးပေ၊ တာဝကာလိက အခိုက်အတန့် တစ်ခဏမျှ တောင်းရမ်းအပ် ငှားရမ်းအပ်သည် ဖြစ်ပါလျက် ''ငါတို့သော်မှလည်း ဤပစ္စည်းကို မြတ်နိုးကုန်သည် ဖြစ်၍ မသုံးစွဲရက်ပါကုန်၊ သင်တို့အား အဘယ်မှာလျှင် ပေးနိုင်ပါကုန်အံ့နည်း''ဟု ပြောဆို၏။
(乙)贪爱诸行者(saṅkhārakelāyana)——有一种人,把袈裟、钵、杯子、手杖等物品执作“我的所有物”而珍爱,甚至不许别人用手触碰。别人只想暂借片刻,他也说:“连我们自己都珍惜这件东西,舍不得使用,哪里还可能借给你们呢?”
ဤပုဂ္ဂိုလ်မျိုးသည် သင်္ခါရကို မြတ်နိုးသူ မည်၏။ ထို သတ္တဝါကို မြတ်နိုးသူ သင်္ခါရကို မြတ်နိုးသူ မက်မော တတ်သူကို ဝေးစွာ ရှောင်ကြဥ်ခြင်းရှိသူ သန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်၏။
这种人,就称为贪爱诸行者。在远离贪爱众生、贪爱诸行之人的禅修者相续中,舍觉支能够明显生起。
(ဒီ-ဋ္ဌ-၂-၃၈၅။ သံ-ဋ္ဌ-၃-၂ဝ၁။)
(《长部义注》2-385;《相应部义注》3-201。)
၄။ သတ္တသင်္ခါရမဇ္ဈတ္တပုဂ္ဂလသေဝနတာ = သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုတတ်သော ပုဂ္ဂိုလ်ကို မှီဝဲ ဆည်း ကပ်ခြင်းရှိသူ ဖြစ်ခြင်း --- ပုဂ္ဂိုလ်တစ်ဦးသည် နှစ်မျိုးလည်းဖြစ်ကုန်သော ထို သတ္တဝါ သင်္ခါရဟူသော ဝတ္ထုတို့၌ အလယ်အလတ်၌ တည်သော သဘောရှိ၏၊ လျစ်လျူရှုတတ် = ဥဒါသိန်မူတတ်၏၊ ဤပုဂ္ဂိုလ်မျိုးသည် သတ္တဝါ သင်္ခါရတို့ အပေါ် ဝယ် အလယ်အလတ်၌ တည်သောသဘောရှိသော ပုဂ္ဂိုလ်သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုတတ်သော ပုဂ္ဂိုလ် မည်၏၊ ထို သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုတတ် = ဥဒါသိန်မူတတ်သော ပုဂ္ဂိုလ်မျိုးကို မှီဝဲဆည်းကပ်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဥပေက္ခာသမ္ဗောဇ္ဈင်တရားသည် ထင်ရှား ဖြစ်ပေါ်လာနိုင်၏။
4.亲近对众生与诸行保持中舍之人(sattasaṅkhāramajjhatta-puggala-sevanatā)——有一种人,对众生与诸行这两类对象都持中立态度,能够中舍地看待它们。这种人称为对众生与诸行保持中舍者。在亲近这种人的禅修者相续中,舍觉支也能够明显生起。
(ဒီ-ဋ္ဌ-၂-၃၈၅။ သံ-ဋ္ဌ-၃-၂ဝ၁။)
(《长部义注》2-385;《相应部义注》3-201。)
၅။ တဒဓိမုတ္တတာ = ထိုဥပေက္ခာသမ္ဗောဇ္ဈင်၌ စွဲစွဲမြဲမြဲ သက်ဝင်သူ ဖြစ်ခြင်း --- လျောင်း ထိုင် ရပ် သွား လေးပါးသော ဣရိယာပုထ်တို့၌ ထိုဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်ပေါ်စေခြင်း အကျိုးငှာ နှလုံးသွင်း ညွတ်ယိမ်းကိုင်းရှိုင်းသော စိတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဥပေက္ခာသမ္ဗောဇ္ဈင် တရားသည် ထင်ရှားဖြစ်လာနိုင်၏။ ဤသို့ ဖြစ်ပေါ်လာသော ဥပေက္ခာသမ္ဗောဇ္ဈင်တရားသည် အရဟတ္တမဂ် ကြောင့် တစ်နည်း အရဟတ္တမဂ်ဆိုက်သောအခါ ဘာဝနာပါရိပူရိ = ဘာဝနာပြည့်စုံကြောင်းတရား ထင်ရှား ဖြစ်သွားပေသည်။ (ဒီ-ဋ္ဌ-၂-၃၈၅။ သံ-ဋ္ဌ-၃-၂ဝ၁။) ဤဆိုအပ်ခဲ့ပြီးသော အကြောင်းတို့ဖြင့် ဤပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင် တရားတို့ကို ထင်ရှားဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာ သမ္ဗောဇ္ဈင် တရားသုံးပါးတို့ကို ပွားစေသည် မည်၏။ ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဤဗောဇ္ဈင်တရားသုံးပါးတို့ကို
5.坚定投入于此(tadadhimuttatā)——为了令舍觉支生起,在卧、坐、立、行四威仪中,心始终作意、倾向并趋向舍觉支;在这种人的相续中,舍觉支也能够明显生起。如此生起的舍觉支,由于阿罗汉道,换言之,在证得阿罗汉道时,便成为使修习圆满之法。(《长部义注》2-385;《相应部义注》3-201。)依上述诸因而令轻安觉支、定觉支、舍觉支明显生起的禅修者,就称为培育这3种觉支。禅修者应当依上述方式,使这3种觉支——
原书第 422 页
ဖြစ်စေခြင်း ပွားစေခြင်းဖြင့် စိတ်ကို နှိပ်ကွပ်သင့်ရာအခါ၌ စိတ်ကို နှိပ်ကွပ်ပေးရ၏။ (ဝိသုဒ္ဓိ-၁-၁၃၁။) ဤတွင်ရွေ့ကား အပ္ပနာကောသလဒတရား (၁ဝ)ပါးတို့တွင် အမှတ် (၅) ဖြစ်သည့် ''စိတ်ကို နှိပ်ကွပ်သင့်ရာ အခါ၌ စိတ်ကို နှိပ်ကွပ်ခြင်း'' အစီအရင်နှင့် ပတ်သက်၍ ဖွင့်ဆိုရေးသားချက်များပင် ဖြစ်ပေသည်။ ယခုတစ်ဖန် ကြွင်းကျန်နေသေးသော အပ္ပနာကောသလဒတရားများကို ဆက်လက်၍ ရေးသားဖော်ပြအပ်ပါသည်။
——生起、增长,在应当抑制心时抑制心。(《清净道论》1-131。)以上就是十种安止善巧法中的第5项“在应当抑制心时抑制心”的详细说明。现在继续说明其余的安止善巧法。
၆။ ယသ္မိံ သမယေ စိတ္တံ သမ္ပဟံသိတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ သမ္ပဟံသေတိ = စိတ်ကို ရွှင်လန်းစေသင့်ရာ အခါ၌ စိတ်ကို ရွှင်လန်းစေခြင်း --- ဤ အမှတ် (၆) အပ္ပနာကောသလဒတရားကို သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း တရား (၁၁)ပါးတို့တွင် အမှတ် (၆) ဖြစ်သည့် - သမယေ သမ္ပဟံသနတာ = ရွှင်လန်းစေသင့်ရာအခါ၌ ဘာဝနာစိတ်ကို ကောင်းစွာ အပြားအားဖြင့် ရွှင်လန်းစေခြင်းရှိသူ ဖြစ်ခြင်း - ဟူသော အင်္ဂါရပ်၌ ဖွင့်ဆိုရေးသားခဲ့သည့်အတိုင်း မှတ်ပါလေ။
在应当使心欢悦时,便使心欢悦。关于这第6种安止善巧法,应依照前文“令定觉支生起的11种法”中第6项所作的说明来理解,即:在应当使修习心欢悦时,善加从各方面使它欢悦。
၇။ ယသ္မိံ သမယေ စိတ္တံ အဇ္ဈုပေက္ခိတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ အဇ္ဈုပေက္ခတိ = စိတ်ကို လျစ်လျူရှုသင့်ရာ အခါ၌ စိတ်ကို လျစ်လျူရှုခြင်း --- ဤ အမှတ် (၇) အပ္ပနာကောသလဒတရားကို သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း တရား (၁၁)ပါးတို့တွင် အမှတ် (၇) ဖြစ်သည့် သမ္မာပဝတ္တဿ အဇ္ဈုပေက္ခနတာ = အညီအညွတ် ကောင်းစွာ ဖြစ်နေသော ဘာဝနာစိတ် ကို အသင့်အားဖြင့် လျစ်လျူရှုခြင်းရှိသူ ဖြစ်ခြင်းဟူသော အင်္ဂါရပ်၌ ဖွင့်ဆိုရေးသားခဲ့သည့်အတိုင်း မှတ်သား ပါလေ။
在应当中舍地看待心时,便中舍地看待心。关于这第7种安止善巧法,应依照前文“令定觉支生起的11种法”中第7项所作的说明来理解,即:对平衡而良好运作的修习心,适当地保持中舍。
၈။ အသမာဟိတပုဂ္ဂလပရိဝဇ္ဇနတာ = သမာဓိ မရှိသော သမာဓိကင်းသော ပုဂ္ဂိုလ်ကို ရှောင်ကြဥ်ခြင်း၊ ၉။ သမာဟိတပုဂ္ဂလသေဝနတာ = သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း၊ ၁ဝ။ တဒဓိမုတ္တတာ = ထိုအပ္ပနာစျာန် သမာဓိသို့ နှလုံးသွင်း ညွတ်ယိမ်း ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိခြင်း --- ဤအပ္ပနာကောသလဒတရားသုံးပါးတို့ကို သမာဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တရား (၁၁)ပါးတို့တွင် အမှတ် (၈-၉-၁၁) ဖြစ်ကြသည့် --- အသမာဟိတပုဂ္ဂလပရိဝဇ္ဇနတာ = သမာဓိ မရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဥ်ခြင်းရှိသူ ဖြစ်ခြင်း၊ သမာဟိတပုဂ္ဂလသေဝနတာ = သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသူ ဖြစ်ခြင်း၊ တဒဓိမုတ္တတာ = ထို သမာဓိသမ္ဗောဇ္ဈင်၌ စွဲစွဲမြဲမြဲ သက်ဝင်သူ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသူ ဖြစ်ခြင်း ဟူသော အကြောင်းအင်္ဂါရပ်တို့၌ ဖွင့်ဆိုရေးသားခဲ့သည့်အတိုင်း မှတ်သားပါလေ။ ဤ ဖွင့်ဆိုရေးသား
8.远离无定之人(asamāhita-puggala-parivajjanatā);9.亲近有定之人(samāhita-puggala-sevanatā);10.倾心于此(tadadhimuttatā),即具有作意、倾向并趋向安止禅定的心。关于这3种安止善巧法,应依照前文“令定觉支生起的11种法”中第8、第9、第11项所作的说明来理解,即:远离无定之人、亲近有定之人,以及坚定投入定觉支而具有倾向它的心。依照以上——
အပ်ခဲ့ပြီးသည့်အတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် ဆယ်မျိုးသော ဤအပ္ပနာကောသလဒတရားကို ပြီးစီး ပြည့်စုံ စေရာ၏။
——所作的详细说明,禅修者应当圆满这十种安止善巧法。
ရရှိနိုင်သော အကျိုးတရား
可获得的利益
အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မိမိရရှိထားအပ်ပြီးသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဤ ဖွင့်ဆိုရေးသားအပ်ခဲ့ပြီးသော နည်းလမ်းအတိုင်း ဤ အပ္ပနာကောသလဒတရားကို ပြီးစီး ပြည့်စုံစေနိုင်ခဲ့သည် ရှိသော် အသင် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အပ္ပနာစျာန်သည် မချွတ်ဧကန် ကောင်းမွန်စွာ ဖြစ်ပေါ် လာတတ်ပေ၏။
禅修者啊,若你能依照上述方法,以自己已经获得的入出息似相为所缘,圆满这些安止善巧法,安止禅必定会在你的相续中良好生起。
ဤသို့ကျင့်သော ယောဂါဝစရပုဂ္ဂိုလ်အား ထိုအပ္ပနာစျာန်သည် အကယ်၍ မဖြစ်နိုင်ခဲ့ငြားအံ့ - ထိုသို့ မဖြစ်သေးသော်လည်း ပညာရှိသူတော်ကောင်းသည် ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို မပယ်စွန့်လေရာ၊
即使如此修行之后,安止禅仍未能在这位禅修者的相续中生起,智者也不应放弃精勤用功,而应当——
原书第 423 页
အာနာပါနဿတိသမာဓိပိုင်း မလျှော့ချလေရာ၊ ကြိုးစားအားထုတ်မြဲ အားထုတ်ရာသည်သာတည်း။
——不减退精进,继续不断努力。
ကောင်းမွန်မှန်ကန်စွာ ကြိုးစားအားထုတ်ခြင်း သမ္မာဝါယာမ အမည်ရသည့် လုံ့လဝီရိယကို လျှော့ချ၍ အနည်းငယ်လည်းဖြစ်သော တရားထူး တရားမြတ် မည်သည်ကို သတ္တဝါတစ်ဦး တစ်ယောက်သည် ရရှိနိုင်လေ ရာ၏ဟူသော ဤအကြောင်းအရာ ဌာနမျိုးသည် မရှိသည်သာလျှင်တည်း။
世间绝不会有任何众生在减弱名为正精进的正确努力之后,还能获得哪怕最微小的殊胜、崇高之法。
ထိုကြောင့် ဘာဝနာစိတ်၏ ဘာဝနာအာရုံမှ တွန့်ဆုတ်ခြင်း ပျံ့လွင့်ခြင်း စသည်တို့၏အဖြစ်ဖြင့် ဖြစ်သော အခြင်းအရာကို ကောင်းစွာ ဉာဏ်ပညာဖြင့် စူးစမ်း၍ ပညာရှိသူတော်ကောင်းသည် ဝီရိယ၏ သမာဓိနှင့် မျှသော ကိစ္စ ရှိသည်၏ အဖြစ်ကိုသာလျှင် အဖန်တလဲလဲ ယှဥ်စေရာ၏။
因此,智者应以智慧仔细审察修习心退离修习所缘、散乱等情形,不断使精进所执行的功能与定相平衡。
အနည်းငယ်မျှလည်း ဘာဝနာအာရုံမှ တွန့်ဆုတ်သော အဖြစ်သို့ ရောက်ရှိသွားသော စိတ်ကို ဣန္ဒြေ ဗောဇ္ဈင်တို့၏ မျှတသည်၏အဖြစ်သို့ ရောက်ရှိရန်အလို့ငှာ ချီးပင့်ပေးရာသည်သာလျှင်ကတည်း၊ စိတ်ဓာတ်ကို မြှင့်တင်ပေးရာသည်သာလျှင်ကတည်း။ အလွန်အားထုတ်လွန်းသော ဝီရိယ လွန်ကဲနေသော စိတ်ကိုလည်း တားမြစ်၍ ဝီရိယနှင့် သမာဓိ ညီမျှမှုကိုသာလျှင် ဖြစ်စေရာ၏။
心只要稍稍从修习所缘退缩,就应将它提振起来,使诸根、诸觉支达到平衡;也就是提升心的力量。若精进过度、心中精进偏强,则应加以抑制,只令精进与定达到平衡。
ဝတ်ပန်း ဝတ်မှုန်၌လည်းကောင်း၊ ကြာရွက်အပြင်၌လည်းကောင်း၊ ပင့်ကူမျှင်၌လည်းကောင်း၊ လှေ၌ လည်းကောင်း၊ ဆီကျည်၌လည်းကောင်း ပျားအစရှိသော သတ္တဝါတို့၏ ဖြစ်သော အခြင်းအရာကို ရှေးရှေး အဋ္ဌကထာများ၌ ဥပမာအဖြစ် ကောင်းစွာ ဖွင့်ဆိုထားသည့်အတိုင်း ဘာဝနာစိတ်ကို ဘာဝနာအာရုံမှ တွန့် ဆုတ်သည်၏အဖြစ် ပျံ့လွင့်သည်၏ အဖြစ်တို့မှ အချင်းခပ်သိမ်း ဘာဝနာစိတ်ကို လွတ်မြောက်စေ၍ ဝီရိယနှင့် သမာဓိကို ညီမျှမှုရှိအောင် ယှဥ်စေခြင်းဖြင့် အာနာပါနပဋိဘာဂနိမိတ်သို့ ရှေးရှူ ဘာဝနာစိတ်ကို စိုင်းနှင်းရာ၏ ပြီးစီးစေရာ၏။ (ဝိသုဒ္ဓိ-၁-၁၃၂။)
古代诸义注以蜜蜂等在花蜜花粉间的情形、莲叶、蛛丝、船与细口油瓶为譬喻,作了详尽说明。禅修者也应同样令修习心完全摆脱从修习所缘退缩与散乱这两个极端,使精进与定平衡相应,并把修习心导向入出息似相,令修习成就。(《清净道论》1-132。)
နိမိတ္တာဘိမုခပဋိပါဒန
令心趋向禅相(nimittābhimukha-paṭipādana)
အာနာပါနပဋိဘာဂနိမိတ်သို့ ရှေးရှူ ဘာဝနာစိတ်ကို စိုင်းနှင်ပါ။
把修习心导向入出息似相。
အထက်ပါ စကားရပ်၌ ဤဆိုလတ္တံ့သည်ကား ဥပမာ ဥပမေယျ အနက်သဘောကို ထင်ရှားစွာ ပြကြောင်း ဖြစ်သော စကားအစဥ်တည်း။ ထင်ရှားစေအံ့ --- ဉာဏ်ဖြင့် မဆုံးဖြတ်နိုင်သော မကျွမ်းကျင် မလိမ္မာသော ပျားကောင်သည် ဤမည်သော သစ်ပင်၌ ပန်းသည် ပွင့်လတ်ပြီဟု သိ၍ ထက်မြက်လျင်မြန်သော အဟုန်ဖြင့် တစ်ဟုန်ထိုး ပျံသန်းပြေးသွားလတ်သော် ထိုအပွင့်ရှိသော သစ်ပင်ကို ကျော်လွှားလွန်မြောက်သွား၍ နောက် ကြောင်းသို့ တစ်ဖန်ပြန်လာရပြန်သော် ပန်းရက်သည် ကုန်ပြီးမှ ဆိုက်ရောက်လာ၏။ (ပန်းရက် ဟူသည် ပန်း ဝတ်ရည်တည်း။) ဉာဏ်ဖြင့် နှိုင်းချိန် မဆုံးဖြတ်နိုင်သော မကျွမ်းကျင် မလိမ္မာသော အခြားပျားတစ်ကောင်သည်လည်း ဤမည်သော သစ်ပင်၌ ပန်းသည် ပွင့်လတ်သည်ဟု သိ၍ အလွန်လေးကွေး နုံ့နှေးသော အဟုန်ဖြင့် ပျံသန်း သွားလေသော် ပန်းရက်သည် ကုန်ပြီးမှသာလျှင် ဆိုက်ရောက်လာရပြန်၏။
上述语句的含义,将由以下一连串譬喻与所譬来清楚说明。比如,一只不能以智慧衡量判断、不熟练也不灵巧的蜜蜂,知道某棵树已经开花,便以过猛、过快的速度飞驰而去;它飞过了开花的树,再折返时,花蜜已经耗尽。(所谓“花汁”,就是花蜜。)另一只同样不能以智慧衡量判断、不熟练也不灵巧的蜜蜂,知道某棵树已经开花,却以过于迟缓、过慢的速度飞去;等它抵达时,花蜜也早已耗尽。
ဉာဏ်ဖြင့် နှိုင်းချိန်သော ဆုံးဖြတ်ခြင်းငှာ စွမ်းနိုင်သော ကျွမ်းကျင်လိမ္မာသော ပျားကောင်သည်ကား ဤမည်သော သစ်ပင်၌ ပန်းသည် ပွင့်လတ်ပြီဟုသိ၍ မမြန်လွန်း မနှေးလွန်းသော အဟုန်ဖြင့် ပျံသန်းသွား လတ်သော် ချမ်းချမ်းသာသာဖြင့် ပန်းပွင့်ရာ ပန်းတော အစုအပုံသို့ ကောင်းစွာ ဆိုက်ရောက်၍ အလိုရှိတိုင်း ပန်းရက် ပန်းဝတ်ရည်ကို ယူ၍ ပျားရည်ကို ပြီးစီးပြည့်စုံအောင် ပြုလုပ်၍ ပျားရည်၏ အရသာကို ခံစားရသကဲ့သို့ လည်းကောင်း၊
至于能够以智慧衡量判断、熟练灵巧的蜜蜂,知道某棵树已经开花,便以不疾不徐的速度飞去,安稳抵达花朵盛开的花丛,随意采足花蜜,酿成蜂蜜并享用其滋味。正如这只蜜蜂一样;又如——
原书第 424 页
တစ်ဖန် ခွဲစိတ်ကုသတတ်သော ခွဲစိတ်ဆရာဝန်၏ တပည့်တို့သည် ရေခွက်၌ ထည့်ထားအပ်သော ကြာ ရွက်၌ ဓားငယ်ဖြင့် လှီးဖောက်ခြင်းအတတ် ခွဲစိတ်ခြင်းအတတ်ကို သင်ယူလတ်ကုန်သော် တစ်ယောက်သော ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်နိုင်သော မကျွမ်းကျင် မလိမ္မာသော တပည့်သည် ခပ်မြန်မြန် လျင်သောအဟုန် ဖြင့် ဓားငယ်ကို ကြာရွက်ပေါ်သို့ ချလတ်သော် ကျစေလတ်သော် ကြာရွက်ကို နှစ်ခြမ်းမူလည်း ဖြတ်မိရက်သား ဖြစ်သွားတတ်၏။ ဓားငယ်ကို ရေထဲ၌မူလည်း နစ်သွားစေတတ်၏။
——学习外科切割的医师弟子,在盛水器中的莲叶上练习小刀切割技术时,一名不能以智慧衡量判断、不熟练也不灵巧的弟子,把小刀过快、过猛地落在莲叶上,结果把莲叶割成两半,刀也沉入水中。
ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်နိုင်သော မကျွမ်းကျင် မလိမ္မာသော အခြားတပည့်တစ်ဦးသည်လည်း ကြာရွက်ကို နှစ်ခြမ်း ဖြတ်မိခြင်း ဓားငယ်၏ ကြာရွက်ကို ဖောက်၍ ရေထဲ၌ နစ်သွားခြင်းမှ ကြောက်ခြင်းကြောင့် ဓားငယ်ဖြင့် ကြာရွက်ကို တို့ထိခြင်းငှာလည်း မဝံ့ဖြစ်နေ၏။
另一名不能以智慧衡量判断、不熟练也不灵巧的弟子,因为害怕把莲叶割成两半、让小刀刺穿莲叶沉入水中,甚至不敢用刀接触莲叶。
ဉာဏ်ဖြင့် နှိုင်းချိန်ဆုံးဖြတ်ခြင်းငှာ စွမ်းနိုင်သော ကျွမ်းကျင်လိမ္မာသော တပည့်သည်ကား မပြင်းလွန်း မနုံ့လွန်းသော ညီမျှသော လုံ့လပယောဂ အဟုန်ဖြင့် ထိုကြာရွက်၌ ဓားငယ်ရာကို ဓားငယ်ဖြင့် ဖောက်ခွဲခြင်းကို ထင်ရှားပြ၍ ကုန်စင်သောအတတ် ဆုံးခန်းတိုင် အပြီးတိုင်အောင်သော အတတ်ပညာ ရှိသည်ဖြစ်၍ ထိုသို့ သဘောရှိကုန်သော ခွဲစိတ်ကုသရမည့် အရာဌာနတို့၌ သွေးကြောဖောက်ခြင်းစသော အမှုကို ပြုလုပ်၍ လာဘ် လာဘကို ရရှိသကဲ့သို့လည်းကောင်း၊ တစ်ဖန် အကြင်သူသည် လေးလံ ပမာဏရှိသော ပင့်ကူချည်ကို ဆောင်နိုင်အံ့၊ ထိုသူသည် အသပြာ လေးထောင်တို့ကို ရစေဟု ရှင်ဘုရင်က ကြေညာလတ်သော် ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်နိုင်သော မကျွမ်းကျင် မလိမ္မာသော ယောကျာ်းတစ်ဦးသည် လျင်မြန်သော အဟုန်ဖြင့် ပင့်ကူချည်ကို ငင်လတ်သော် ထိုထိုအရပ်၌ ပင့်ကူချည်သည် ပြတ်၍သာလျှင် သွား၏။
至于能够以智慧衡量判断、熟练灵巧的弟子,则以不强不弱、恰好均衡的用力,在莲叶上清楚划出刀痕,学成完整的切割技术;此后他便能在需要外科处理的部位施行放血等治疗,并由此获得酬劳。正如这名弟子一样;又如国王宣布:“谁能带来具有一定重量的蛛丝,就赏赐四千钱。”一名不能以智慧衡量判断、不熟练也不灵巧的男子,过快、过猛地牵取蛛丝,蛛丝便处处断裂。
ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်နိုင်သော မကျွမ်းကျင် မလိမ္မာသော အခြားယောကျာ်းတစ်ဦးသည်လည်း ပင့်ကူချည်၏ ပြတ်သွားမည်ကို ကြောက်ခြင်းကြောင့် လက်ဖြင့် ပင့်ကူချည်ကို တို့ထိခြင်းငှာသော်လည်း မဝံ့ ဖြစ်နေ၏။
另一名不能以智慧衡量判断、不熟练也不灵巧的男子,因为害怕蛛丝断裂,甚至不敢用手触碰蛛丝。
ဉာဏ်ဖြင့် နှိုင်းချိန်ဆုံးဖြတ်နိုင်သော ကျွမ်းကျင်လိမ္မာသော ယောကျာ်းသည်ကား အစမှ စ၍ အညီမျှ ဖြစ်သော လုံ့လပယောဂဖြင့် တုတ်တံတစ်ခု၌ ပင့်ကူချည်ကို ရစ်၍ ဆောင်ယူလာသည် ရှိသော် လာဘ်လာဘကို ရရှိသကဲ့သို့လည်းကောင်း၊ တစ်ဖန် ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်တတ်သော မကျွမ်းကျင် မလိမ္မာသော လှေကို အုပ်ထိန်းသော လှေသူကြီးသည် လေပြင်းမုန်တိုင်းသည် ကျရောက်လာသည် ဖြစ်ပါလျက် ရွက်ကို လေဖြင့် ပြည့်စေလျက် လှေ ကို အရပ်တစ်ပါးသို့ ပြေးသွားစေ၏၊ ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်တတ်သော မကျွမ်းကျင် မလိမ္မာသော လှေကို အုပ်ထိန်းသော အခြား လှေသူကြီး တစ်ဦးသည်လည်း ဖြည်းညင်းသာယာသော လေသည် လာနေသည် ဖြစ်ပါလျက် ရွက်ကို ချထား လျက် လှေကို ထိုအရပ်၌ပင်လျှင် ထားထား၏။
至于能够以智慧衡量判断、熟练灵巧的男子,则从一开始就以均衡的用力,把蛛丝缠绕在一根细棒上带来,因而获得赏赐。正如这名男子一样;又如一名不能以智慧衡量判断、不熟练也不灵巧的船长,在暴风来临时仍让船帆吃满风,致使船只被吹往别处;另一名同样不能以智慧衡量判断、不熟练也不灵巧的船长,却在和缓宜人的风吹来时降下船帆,任船停留原处。
ဉာဏ်ဖြင့် နှိုင်းချိန်ဆုံးဖြတ်တတ်သော ကျွမ်းကျင်လိမ္မာသော လှေကို အုပ်ထိန်းသော လှေသူကြီးသည်ကား ဖြည်းညင်းသာယာသော လေသည် လာလတ်သော် ရွက်ကုန်ကို လေဖြင့် ပြည့်စေ၍ လေပြင်းမုန်တိုင်းသည် ကျရောက်လာလတ်သော် ရွက်တစ်ဝက်ကိုသာ ပြု၍ ချမ်းသာသဖြင့် အလိုရှိရာ ဌာနသို့ ရောက်ရှိသကဲ့သို့ လည်းကောင်း၊
至于能够以智慧衡量判断、熟练灵巧的船长,在和缓宜人的风吹来时让船帆完全吃满风,在暴风来临时则只升起半帆,因而安稳抵达想去的地方。正如这名船长一样;又如——
原书第 425 页
အာနာပါနဿတိသမာဓိပိုင်း တစ်ဖန် အကြင်ပုဂ္ဂိုလ်တစ်ဦးသည် ခွက်ငယ်စသည်ဖြင့် ထည့်ထားအပ်သော ခွက်ငယ်စသည်၌ တည် သော ဆီဖြင့် မဖိတ် မလျှံစေမူ၍ သိမ်မွေ့သော အပေါက်ရှိသော ဆီကျည်ကို ပြည့်စေငြားအံ့၊ ထိုသူသည် ဆုလာဘ်ကို ရစေသတည်း - ဟူ၍ ဆရာသမားက တပည့်တို့အား ပြောဆိုလတ်သော် ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်တတ်သော မကျွမ်းကျင် မလိမ္မာသော ဆုလာဘ်ကို မက်မောသော တစ်ယောက်သောသူသည် လျင် မြန်သော အဟုန်ဖြင့် ပြည့်စေလတ်သော် (= ခပ်မြန်မြန် လောင်းထည့်လတ်သော်) ဆီကို ဘေးသို့ ဖိတ်စေ၏။
——老师对弟子们说:“谁能用小杯等容器里的油,在不使油外溢的情况下装满细口油瓶,谁就得到奖赏。”一名不能以智慧衡量判断、不熟练也不灵巧而又贪图奖赏的弟子,急速地灌装,也就是很快倒油,结果使油溢到瓶外。
ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်တတ်သော မကျွမ်းကျင် မလိမ္မာသော အခြားတစ်ယောက်သောသူသည် ဆီဖိတ်အံ့သည်မှ ကြောက်သောကြောင့် ဆီကို သိမ်မွေ့သော ဆီကျည်တောက်၏ အပေါက်ထဲသို့ ရဲရဲဝံ့ဝံ့ ရွပ်ရွပ် လောင်းထည့်ခြင်းငှာလည်း မဝံ့မရဲ ဖြစ်နေ၏။
另一名不能以智慧衡量判断、不熟练也不灵巧的弟子,因为害怕把油洒出来,甚至不敢果断地把油倒进细口油瓶的瓶口。
ဉာဏ်ဖြင့် နှိုင်းချိန် ဆုံးဖြတ်တတ်သော ကျွမ်းကျင်လိမ္မာသော တပည့်သည်ကား ဆီကျည်တောက်၏ အပေါက်ဝနှင့် ညီမျှသော လုံ့လပယောဂဖြင့် ဆီဖြင့် သိမ်မွေ့သော အပေါက်ရှိသော ဆီကျည်ကို ပြည့်စေသည် ဖြစ်၍ ဆုလာဘ်ကို ရရှိသကဲ့သို့လည်းကောင်း --- ဤဥပမာများ အတူပင်လျှင် တစ်ဦးသော ယောဂါဝစရ ရဟန်းတော်သည် အလွန်ကြည်လင် တောက်ပ နေသော အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာလတ်သော် ခပ်မြန်မြန်သာလျှင် အပ္ပနာစျာန်သို့ ရောက် စေအံ့ဟူသော ဦးတည်ချက်ဖြင့် အပြင်းအထန် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယကို ပြုလုပ်မိငြားအံ့၊ ထို ယောဂါဝစရ ရဟန်းတော်၏ စိတ်သည် လွန်လွန်ကဲကဲ အပြင်းအထန် ကြိုးစားအားထုတ်အပ်သော လုံ့လ ဝီရိယရှိသည်၏ အဖြစ်ကြောင့် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စအဖို့အစု၌ ကျရောက်သွားတတ်၏။ ထိုရဟန်းသည် အပ္ပနာ စျာန်သို့ ရောက်ရှိခြင်းငှာ မစွမ်းနိုင်။
至于能够以智慧衡量判断、熟练灵巧的弟子,则以恰好适合瓶口的均衡用力,把油倒进细口油瓶,装满后获得奖赏。正如以上这些譬喻,一位禅修比丘见到极其清澈明亮的入出息似相生起时,若抱着“我要尽快达到安止禅”的目标,过分猛烈地用功精进,他的修习心便会因为精进过度而落入散乱掉举这一边;这位比丘不能达到安止禅。
တစ်ဦးသော ယောဂါဝစရရဟန်းတော်သည် လွန်လွန်ကဲကဲ အပြင်းအထန် ကြိုးစားအားထုတ်အပ်သော လုံ့လဝီရိယရှိသည်၏ အဖြစ်၌ အပြစ်ဒေါသကို သိမြင်၍ အာနာပါနပဋိဘာဂနိမိတ်ကို ဖြစ်ပြီးရာ ယခုအခါ၌ ''ငါ့အား အပ္ပနာစျာန်ဖြင့် အဘယ်မူအံ့နည်း = အဘယ်အကျိုးရှိအံ့နည်း''- ဟု နှလုံးပိုက်၍ ဝီရိယကို ယုတ် လျော့စေ၏။ ထိုယောဂါဝစရ ရဟန်းတော်၏ စိတ်သည် အလွန်တွန့်ဆုတ်သော လုံ့လဝီရိယရှိသည်၏ အဖြစ် ကြောင့် ပျင်းရိခြင်း ကောသဇ္ဇ အဖို့အစု၌ ကျရောက်၍ သွားတတ်၏။ ထိုရဟန်းသည်လည်း အပ္ပနာစျာန်သို့ ရောက်ရှိခြင်းငှာ မစွမ်းနိုင်။
另一位禅修比丘看见过度猛烈精进的过患;入出息似相已经生起,他却心想:“现在我还要安止禅做什么?它对我有什么用?”于是减弱精进。由于精进过分退缩,他的修习心落入懒惰这一边;这位比丘同样不能达到安止禅。
အကြင် ယောဂါဝစရရဟန်းတော်သည်ကား ဘာဝနာလုပ်ငန်းခွင်၌ စဥ်းငယ်မျှလည်း တွန့်ဆုတ်နေသော ဘာဝနာစိတ်ကို တွန့်ဆုတ်သည်၏ အဖြစ်မှ လွတ်မြောက်စေလျက်၊ တုန်လှုပ်တက်ကြွလျက် မငြိမ်မသက် ပျံ့ လွင့်နေသော ဘာဝနာစိတ်ကို စိတ်ပျံ့လွင့်ခြင်း (= ဥဒ္ဓစ္စ) အဖို့အစုမှ လွတ်မြောက်စေလျက် ဝီရိယနှင့် သမာဓိ ညီမျှသော လုံ့လပယောဂဖြင့် မတွန့်မလှုပ်သော ဘာဝနာစိတ်ကို အာနာပါန ပဋိဘာဂနိမိတ်သို့ ရှေးရှုဖြစ်စေ၏။
唯有这样的禅修比丘:在修习时,使稍有退缩的修习心摆脱退缩,又使躁动活跃、散乱不安的修习心摆脱散乱掉举;以精进与定相等的均衡用力,使既不退缩也不躁动的修习心趋向入出息似相。
ထိုရဟန်းတော်သည် အပ္ပနာစျာန်သို့ မချွတ်ဧကန် ရောက်ရှိနိုင်၏။ ထိုကဲ့သို့ အပ္ပနာစျာန်ကို ဖြစ်စေနိုင်သော စွမ်းအင်ရှိသော ရဟန်းတော်နှင့် တူသူသည်သာလျှင် ဖြစ်သင့်ပေ၏။ (ဝိသုဒ္ဓိ-၁-၁၃၃-၁၃၄။)
这位比丘必定能够达到安止禅。禅修者都应当成为像他这样具有令安止禅生起之能力的人。(《清净道论》1-133—134。)
原书第 426 页
အာနာပါနနိမိတ်ကို ကစားသင့်ပါသလား? တိုးပွားစေသင့်ပါသလား?
应当摆弄入出息禅相吗?应当扩大它吗?
ဣမေသု စတ္တာလီသာယ ကမ္မဋ္ဌာနေသု ဒသ ကသိဏာနေဝ ဝဍ္ဎတဗ္ဗာနိ။ (ဝိသုဒ္ဓိ-၁-၁ဝ၈။) ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ စကားအရ ကမ္မဋ္ဌာန်း (၄ဝ)တို့တွင် ကသိုဏ်း (၁ဝ)ပါးတို့ကိုသာလျှင် နိမိတ်တိုးပွားအောင် ပြုလုပ်ထိုက်ပေသည်ဟု မှတ်ပါ။ အဘိညာဏ်စသော အကျိုးထူးများကို ရနိုင်သောကြောင့် ဖြစ်သည်။ အာနာပါနကမ္မဋ္ဌာန်းနှင့် ပတ်သက်၍ကား ဤသို့ မိန့်မှာထားတော်မူ၏။
“在这40种业处中,只有10种遍处应当扩大。”(《清净道论》1-108。)依上述《清净道论》义注之言,应知在40种业处中,只有10种遍处的禅相应当扩大,因为这样能获得神通等殊胜利益。至于入出息业处,论中作了如下教诫。
တေသု ဟိ အာနာပါနနိမိတ္တံ တာဝ ဝဍ္ဎယတော ဝါတရာသိယေဝ ဝဍ္ဎတိ၊ သြကာသေန စ ပရိစ္ဆိန္နံ။ ဣတိ သာဒီနဝတ္တာ သြကာသေန စ ပရိစ္ဆိန္နတ္တာ န ဝဍ္ဎတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၁ဝ၉။) ပိစုပိဏ္ဍာဒိဝသေန ဥပဋ္ဌဟန္တမ္ပိ နိမိတ္တံ ဝါတသင်္ဃာတသန္နိဿယန္တိ ကတွာ ဝုတ္တံ ''ဝါတရာသိယေဝ ဝဍ္ဎတီ''တိ။ သြကာသေန ပရိစ္ဆိန္နန္တိ နာသိကဂ္ဂမုခနိမိတ္တာဒိ သြကာသေန သပရိစ္ဆေဒံ။ ဝါယောကသိဏဝဍ္ဎနေ ဝိယ န ဧတ္ထ ကောစိ ဂုဏော၊ ကေဝလံ ဝါတဝဍ္ဎနမေဝါတိ အာဟ ''သာဒီနဝတ္တာ''တိ။ (မဟာဋီ-၁-၁၃၁။) ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ နိမိတ်ကို မတိုးပွားစေသင့်သော ထို ကမ္မဋ္ဌာန်းတို့တွင် အာနာပါနနိမိတ်ကို တိုးပွားစေသော ယောဂါဝစရရဟန်းတော်အား ဝါဂွမ်းစိုင် သောက်ရှူး ကြယ် စသည်တို့၏ အစွမ်းဖြင့် ထင်လာသည်လည်းဖြစ်သော အာနာပါနပဋိဘာဂနိမိတ်သည် လေအပေါင်း အစုလျှင် မှီရာရှိရကား တိုးပွားစေခဲ့သော် လေအပေါင်းစုသာလျှင် တိုးပွားနိုင်လေရာသည်။ နှာသီးဖျား သို့မဟုတ်
“在这些业处中,若扩大入出息禅相,所扩大的只是一团风;而且它受处所限定。因此,因为有过患,也因为受处所限定,所以不应扩大。”(《清净“即使禅相以棉团等形相显现,它仍依止风的聚合,因此说‘所扩大的只是一团风’。所谓‘受处所限定’,是说它由鼻端、唇口等禅相出现之处所限定。这里并不像扩大风遍那样能产生某种利益,只会扩大风,所以说‘因为有过患’。”(《大复注》1-131。)上述义注与复注的意思如下:在这些不应扩大禅相的业处中,禅修比丘若扩大入出息禅相,由于那以棉团、晨星等形相显现的入出息似相依止风聚,扩大时所扩大的只会是风聚。修习心只应良好地安住在鼻端或——
အထက်နှုတ်ခမ်း၌သာလျှင် ဘာဝနာစိတ်ကို ကောင်းစွာ ထားရမည်၊ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်း ဟူသော နိမိတ်၏ အတွင်းဘက်သို့သော်လည်းကောင်း၊ အပြင်ဘက်သို့သော်လည်းကောင်း အစဥ်လျှောက်၍ မရှုရဟု နှာသီးဖျား အထက်နှုတ်ခမ်းဖျားတည်းဟူသော တည်ရာအရပ်ဖြင့်လည်း ဘာဝနာအလုပ်စခန်းကို ပိုင်း ခြား သတ်မှတ်၍ ထား၏။ ဝါယောကသိုဏ်းကို တိုးပွားအောင် ပြုလုပ်သကဲ့သို့ ဤအာနာပါန ကမ္မဋ္ဌာန်း၌ နိမိတ်ကို တိုးပွားအောင် ပြုလုပ်ခြင်းဖြင့် တစ်စုံတစ်ခုသော အကျိုးကျေးဇူး မရှိ၊ သက်သက်သော လေအစုအပုံ သာလျှင် တိုးပွားနိုင်ရကား အပြစ်ရှိသောကြောင့်လည်းကောင်း၊ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်း ဟူသော ဝင်သက်လေ ထွက်သက်လေ ထိရာဌာန၌သာလျှင် သတိကို ထား၍ ဖြစ်စေ၍ ဝင်သက်လေ ထွက် သက်လေဟူသော အာနာပါနကမ္မဋ္ဌာန်းကို ရှုပွားရမည်ဟု တည်ရာဌာနဖြင့် ပိုင်းခြားသတ်မှတ်ထားသောကြောင့်
——上唇;不得随着禅相向鼻端或上唇这一处所的内侧或外侧观察。修习处已经由鼻端、上唇这一位置限定。像扩大风遍那样扩大入出息业处的禅相,不会带来任何利益,只会扩大风聚,因而有其过患;而且,修习入出息业处时,已经由处所限定:只能把念安置在入息、出息所触的鼻端或上唇。因此——
လည်းကောင်း အာနာပါနပဋိဘာဂနိမိတ်ကို တိုးပွားအောင် မပြုလုပ်သင့်ပေ = အာနာပါနပဋိဘာဂနိမိတ်ကို မကစားသင့်ပေ။ (ဝိသုဒ္ဓိ-၁-၁ဝ၉။ မဟာဋီ-၁-၁၃၁။) ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တဿေဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ-၁-၂၇၁။) = ဝင်သက်လေ ထွက်သက်လေ၏ ထိသွားရာ ထိသွားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော အရပ်၌ ဝင်သက်လေ ထွက်သက်လေဟူသော အာရုံ၌ သတိကိုထား၍ ပွားများအားထုတ်သော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိဘာဝနာသည် ပြီးစီးပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ-၁-၂၇၁။)
——不应扩大入出息似相,也就是不应摆弄入出息似相。(《清净道论》1-109;“唯有把念安置在每一接触之处而修习者,其修习才能成就。”(《清净道论》1-271。)换言之,唯有把念安置在入息、出息每次接触的鼻端或上唇,以入息、出息为所缘而修习的禅修者,其相续中的入出息念定修习才能成就圆满。(《清净道论》1-271。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。