林野—树下—空闲处

入出息念定部分 · 原书第 254–256 页 · 18 个翻译单元

本页并入了原书的相邻小节:威仪的选择、彼具念而入息,具念而出息。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 254 页
အရည - ရုက္ခမူလ - သုညာဂါရ
林野—树下—空闲处
အဘိဓမ္မာနည်းအားဖြင့် ရွာတံခါးခုံ၏ ပြင်ဘက်၌ တည်ရှိသော အရပ်အားလုံးသည် အရည မည်၏။
依阿毗达磨的说法,村门界柱以外的一切地方,都称为林野(arañña)。
(အဘိ-၂-၂၆ဝ။) သုတ္တန်နည်းအားဖြင့် ရွာ၏ အစွန်အဖျားကျသော အိမ်၏ ခြံဝမှ အောက်ထစ်ဆုံးအားဖြင့် ကုလလေးတာ အပြန် (၅ဝဝ) ကွာဝေးသောအရပ်သည် အာရညက သေနာသန မည်၏။ (ဝိ-၁-၃၇၇။) ဤသို့ ဟောကြားထားတော်မူအပ်ကုန်သော အမှတ်လက္ခဏာ ရှိကုန်သော တောအရပ်တို့တွင် အမှတ်မရှိ အလုံးစုံသော ဆိတ်ငြိမ်မှု တိတ်ဆိတ်မှု ချမ်းသာသုခကို ပေးစွမ်းနိုင်သော အရပ်သည် အရည မည်၏။ ထိုအရည အမည် ရသော တောအရပ်သို့ ကပ်ရောက်၍ ဖြစ်စေ အရဟတ္တဖိုလ် အထွတ်တပ်ထားသော ဤ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရန် ရှေးဦးစွာ ဘုရားရှင်သည် ညွှန်ကြားတော်မူပေသည်။
(阿毗达磨2-260。)依经教的说法,从最近村落最外围住宅的院门起,至少相距500弓距的地方,称为阿兰若住处(āraññaka-senāsana)。(《律藏》1-377。)在具有这些经教所说标相的林野中,凡能带来完全独处、寂静与安乐之处,都称为林野。佛陀首先教导:可前往这种名为林野的地方,修习以阿罗汉果为顶点的入出息念业处。
နေမွန်းတည့် အချိန်အခါ၌ သစ်ပင်၏ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာလုံး၌ သစ်ပင်ရိပ်သည် ပြန့်နှံ့ လျက် တည်နေ၏၊ လေမတိုက်သောအခါ၌ သစ်ရွက်တို့သည် ကြွေကျကုန်၏၊ ဤမျှသော အတိုင်းအတာဖြင့် ရုက္ခမူလ (= သစ်ပင်ရင်း) ဟု ခေါ်ဆိုပေသည်။ ဤသို့သော ရုက္ခမူလဟု ခေါ်ဆိုအပ်သော သစ်ပင်အနီးသို့ ချဥ်းကပ်၍ဖြစ်စေ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရန် ဒုတိယ ညွှန်ကြားတော်မူသည်။
正午时,树荫向树木周围十方伸展;无风时,树叶落下所及的范围,都称为树下(rukkhamūla)。佛陀第二步教导:可前往这样的树下,修习入出息念业处。
တောင်၊ ချောက်ကမ်းပါး၊ တောင်ခေါင်း၊ သုသာန်၊ တောအုပ်၊ လွင်တီးခေါင်၊ ကောက်ရိုးပုံ ဟူသော အရည-ရုက္ခမူလမှ ကြွင်းသော (၇)မျိုးသော ဆိတ်ငြိမ်ရာအရပ်သည် သုညာဂါရ မည်၏။ ထို သုညာဂါရ အမည် ရသော တိတ်ဆိတ်ငြိမ်သက်မှု ချမ်းသာသုခကို ပေးစွမ်းနိုင်သောအရပ်သို့ ချဥ်းကပ်၍ဖြစ်စေ အာနာပါနဿတိ ဘာဝနာကို ပွားများအားထုတ်ရန် ဘုရားရှင်သည် တတိယမြောက် ညွှန်ကြားတော်မူသည်။
除林野与树下以外,山、山隙、山洞、墓地、林薮、露地、草堆这7种寂静住处,称为空闲处(suññāgāra)。佛陀第三步教导:可前往这种能带来寂静安乐的空闲处,修习入出息念。
နွေဥတုကာလ၌ အရည အမည်ရသော တောအရပ်သည်၊ ဆောင်းဥတုကာလ၌ ရုက္ခမူလအမည်ရသော သစ်ပင်ရင်းအရပ်သည်၊ မိုးဥတုကာလ၌ သုညာဂါရ အမည်ရသော တိတ်ဆိတ်ငြိမ်သက်သော အရပ်သည် အာနာပါနဿတိဘာဝနာကို ပွားများအားထုတ်ရန်အတွက် သင့်လျော်လျောက်ပတ် ကောင်းမြတ်၏။
在热季,名为林野的住处适合修习入出息念;在寒季,名为树下的住处适合;在雨季,名为空闲处的寂静住处适合。
原书第 255 页
အာနာပါနဿတိသမာဓိပိုင်း တစ်ဖန် သလိပ်ဓာတ် ထူပြောသော ပင်ကိုယ်ပကတိအားဖြင့် သလိပ်ဓာတ်အားကောင်းသော ယောဂါ ဝစရ ပုဂ္ဂိုလ်အား အရည မည်သော တောအရပ်သည်၊ သည်းခြေဓာတ် ထူပြောသော ယောဂါဝစရပုဂ္ဂိုလ်အား ရုက္ခမူလအမည်ရသော သစ်ပင်ရင်းအရပ်သည်၊ လေဓာတ်ထူပြောသော ယောဂါဝစရပုဂ္ဂိုလ်အား သုညာဂါရ အမည်ရသော တိတ်ဆိတ်ငြိမ်သက်ရာ အရပ်သည် အာနာပါနဿတိဘာဝနာကို ပွားများ အားထုတ်ရန်အတွက် သင့်လျော်လျောက်ပတ် ကောင်းမြတ်၏။
此外,对于本性痰质偏盛的禅修者,林野适合修习入出息念;对于胆汁质偏盛者,树下适合;对于风质偏盛者,空闲处适合。
တစ်ဖန် မောဟစရိုက် ထူပြောသော ပုဂ္ဂိုလ်အား အရည အမည်ရသော တောအရပ်သည်၊ ဒေါသစရိုက် ထူပြောသော ပုဂ္ဂိုလ်အား ရုက္ခမူလအမည်ရသော သစ်ပင်ရင်းအရပ်သည်၊ ရာဂစရိုက် ထူပြောသော ပုဂ္ဂိုလ်အား သုညာဂါရ အမည်ရသော တိတ်ဆိတ်ငြိမ်သက်ရာ အရပ်သည် အာနာပါနဿတိဘာဝနာကို ပွားများအားထုတ် ရန်အတွက် သင့်လျော်လျောက်ပတ် ကောင်းမြတ်၏။ (မဟာဋီ-၁-၃၁၅-၃၁၆။)
此外,对于痴行偏盛者,林野适合修习入出息念;对于瞋行偏盛者,树下适合;对于贪行偏盛者,空闲处适合。(《大复注》1-315—316。)
ဣရိယာပုထ် ရွေးချယ်မှု
威仪的选择
ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း ထိုယောဂါဝစရရဟန်းတော်အား ဥတုသုံးပါး ဓာတ်သုံးပါး စရိုက်သုံးပါးအား လျော်လျောက်ပတ် ကောင်းမြတ်သော အာနာပါနဿတိဘာဝနာနှင့် လျော်သော ကျောင်းအိပ်ရာ နေရာကို ညွှန်ကြားတော်မူပြီး၍ အာနာပါနအာရုံမှ စိတ်မတွန့်ဆုတ်သွားခြင်း စိတ်မပျံ့လွင့်ခြင်း အဖို့ရှိသော ငြိမ်သက် သော ဣရိယာပုထ်ကို ညွှန်ကြားပြသတော်မူလိုသော ဘုရားရှင်သည် ထိုင်၍ အားထုတ်ရန် မိန့်ကြားတော် မူပြန်သည်။ အိပ်ခြင်း ဣရိယာပုထ်ကား ပျင်းရိခြင်း ကောသဇ္ဇအဖို့ ရှိ၏၊ အာနာပါနဘာဝနာလုပ်ငန်းရပ်မှ စိတ်ဓာတ် တွန့်ဆုတ်သွားတတ်၏။ ရပ်ခြင်း၊ စင်္ကြံလျှောက်ခြင်း ဣရိယာပုထ်တို့ကား စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စအဖို့ ရှိကုန်၏။ အာနာပါနအာရုံမှ စိတ်ပျံ့လွင့်နေတတ်၏။ ထိုင်ခြင်း ဣရိယာပုထ်ကား ထိုကဲ့သို့ ပျင်းရိခြင်း၊ ဘာဝနာ လုပ်ငန်းမှ စိတ်ဓာတ်ကျဆင်းခြင်း၊ တွန့်ဆုတ်ခြင်း၊ စိတ်ပျံ့လွင့်ခြင်းများ မဖြစ်တတ်ပေ။ သို့အတွက် ထိုင်၍
佛陀已如上指出,与三季、三体液、三种性行相适应、且适合修习入出息念的住处;接着,为了指示一种宁静、能使心不从入出息所缘退缩也不散乱的威仪,佛陀又教他坐着修习。卧姿容易助长懈怠(kosajja),使心从入出息念修习中退缩;站立与经行容易助长掉举(uddhacca),使心从入出息所缘散乱。坐姿则不容易引生懈怠、心从修习中低沉与退缩,以及心散乱等情形。因此,佛陀教导应当坐着——
အားထုတ်ရန် ဘုရားရှင် ညွှန်ကြားတော်မူပေသည်။ (မဟာဋီ-၁-၃၁၆။) တစ်ဖန် ထိုသို့ ထိုင်၍ အားထုတ်ရာ၌ တင်ပလဒင်ခွေ၍ ထိုင်ခြင်းဖြင့် ထိုယောဂါဝစရ ရဟန်းတော်၏ ထိုင်ခြင်းဣရိယာပုထ်၏ မြဲမြံမှုရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ အထက်ပိုင်းဖြစ်သော ခန္ဓာကိုယ်ကို ဖြောင့် ဖြောင့်ထားခြင်းဖြင့် ဝင်သက်လေ ထွက်သက်လေတို့ကို ဖြစ်စေခြင်း၌ ချမ်းသာလွယ်ကူမှု ရှိသည်၏အဖြစ်ကို လည်းကောင်း၊ ဝင်သက်လေ ထွက်သက်လေဟူသော ကမ္မဋ္ဌာန်းအာရုံသို့ သတိကို ရှေးရှု ကပ်ထားခြင်းဖြင့် ဝင်သက်လေ ထွက်သက်လေဟူသော အာနာပါနကမ္မဋ္ဌာန်းအာရုံကို သိမ်းဆည်းခြင်း၏ အကြောင်းတရားကို လည်းကောင်း ညွှန်ကြားပြသတော်မူလိုသော ဘုရားရှင်သည် - ''တင်ပလဒင်ခွေပြီးလျှင် အထက်ပိုင်းဖြစ်သော ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို အာနာပါနကမ္မဋ္ဌာန်းသို့ ရှေးရှု ဖြစ်စေလျက် ထိုင်နေပါ''ဟု မိန့်မှာ တော်မူလေသည်။
——修习。(《大复注》1-316。)又在坐着修习时,佛陀为了显示:盘腿而坐能令坐姿稳固;端正上身能使入息、出息舒适顺畅;使念面向入息、出息这一业处所缘而现起,则是把握该所缘的因缘,所以教诫道:“盘腿而坐,端正上身,使念面向入出息业处而现起。”
အထက်ပိုင်းဖြစ်သော ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍ ထိုင်ခဲ့သော် (၁၈)ခုသော ကျောက်ကုန်းဆစ် အရိုးတို့ကို တစ်ခုသောအစွန်းဖြင့် တစ်ခုသော အစွန်းကို တည့်တည့်မတ်မတ် ထိစပ်စေ၍ ထိုင်နေသည် မည်၏။
端正上身而坐,就是让18节脊椎骨首尾端正相接而坐。
ထိုသို့ ကျောက်ကုန်းအဆစ်အရိုးတို့ကို တစ်ခုသောအစွန်းဖြင့် တစ်ခုသောအစွန်းကို တည့်တည့်မတ်မတ် ထိစပ် စေ၍ ထိုင်နေသော ယောဂါဝစရရဟန်းတော်၏ သန္တာန်၌ အရေ-အသား-အကြောတို့သည် ညွတ်၍ တွန့်လိပ်၍ မနေကြကုန်၊ ထိုသို့ ညွတ်၍ တွန့်လိပ်၍ မနေကြကုန်သည်ရှိသော် ထိုယောဂါဝစရ ရဟန်းတော်အား ထိုအရေ- အသား-အကြောတို့၏ ညွတ်ခြင်း တွန့်လိပ်၍နေခြင်းဟူသော အကြောင်းကြောင့် ခဏတိုင်း ခဏတိုင်း၌ အကြင်
当禅修比丘这样使脊椎骨首尾端正相接而坐时,他相续中的皮肤、肌肉和筋腱便不会弯曲、蜷缩;若这些部位弯曲、蜷缩,便会由于这一缘故,在每一刹那生起某些——
原书第 256 页
နာကျင်ကိုက်ခဲမှု စသည့် ဆင်းရဲသည့် ဒုက္ခဝေဒနာတို့သည် ဖြစ်ပေါ်ကြလေကုန်ရာ၏၊ ထိုဝေဒနာတို့သည် အထက်ပိုင်း ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍ ထိုင်နေသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ မဖြစ်ပေါ် နိုင်ကြကုန်၊ ထိုဆင်းရဲသည့် ဒုက္ခဝေဒနာတို့သည် မဖြစ်ပေါ်ကြကုန်သည်ရှိသော် ထိုယောဂါဝစရ ရဟန်းတော်၏ စိတ်သည် ဝင်သက်လေ ထွက်သက်လေဟူသော တစ်ခုတည်းသော အာနာပါနအာရုံ၌ တည်ကြည်လာ၏၊ အာနာပါနကမ္မဋ္ဌာန်းသည် မလျှောကျတော့ဘဲ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ရသည်တိုင်အောင် တိုးတက်စည်ကား ကြီးပွားခြင်းသို့ ရောက်ရှိနိုင်၏။ ထိုကြောင့် တင်ပလဒင်ခွေ၍ အထက်ပိုင်းကိုယ်ကို ဖြောင့်ဖြောင့်ထားကာ အာနာပါန ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရန် ဘုရားရှင်သည် ညွှန်ကြားတော်မူခြင်း ဖြစ်သည်။ (ဝိသုဒ္ဓိ-၁-၂၆၂။) ထိုသို့ အားထုတ်ရာ၌ ဝင်သက်လေ ထွက်သက်လေဟူသော အာနာပါနအာရုံမှ အခြားတစ်ပါးသော
——疼痛等苦受。然而,端正上身而坐的禅修比丘相续中不会生起这些受。由于这些苦受不生起,他的心便能安住于入息、出息这一个入出息所缘;入出息念业处不会退失,并能逐渐增长、广大,直至证得道智、果智与涅槃。因此,佛陀教导以盘腿、端正上身的坐姿修习入出息念业处。(《清净道论》1-262。)如此修习时,对入息、出息这一入出息所缘以外的——
အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်သွားမှုကို တားမြစ်လျက် အာနာပါနကမ္မဋ္ဌာန်းအာရုံသို့သာလျှင် သတိကို ရှေးရှု တည်စေလျက် အားထုတ်ရမည် ဖြစ်သည်။
——种种所缘,应制止心向其散乱,只让念面向入出息业处所缘而现起,并如此修习。
သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ
“သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ”:彼具念而入息,具念而出息
ထို ယောဂါဝစရ ရဟန်းတော်သည် ဤသို့လျှင် တင်ပလဒင်ခွေ၍ အထက်ပိုင်းကိုယ်ကို ဖြောင့်ဖြောင့် ထားပြီးသော် ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဝင်သက်လေ ထွက်သက်လေဟူသော အာနာပါနကမ္မဋ္ဌာန်းအာရုံ၌ သတိကို ရှေးရှုတည်စေလျက် ထိုသတိကို မစွန့်လွှတ်ဘဲ သတိရှိသည်ဖြစ်၍သာလျှင် ဝင်သက်လေကို ရှူသွင်း၏၊ သတိရှိသည်ဖြစ်၍သာလျှင် ထွက်သက်လေကို ရှူထုတ်၏၊ သတိရှိသည်ဖြစ်၍သာလျှင် ဝင်သက်လေ ထွက် သက်လေကို ပြုကျင့်လေ့ ရှိ၏၊ ထိုယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ သတိမှ ကင်းလွတ်နေသော ဝင်သက် လေ ထွက်သက်လေ၏ ဖြစ်ခြင်းသည် မရှိဟု ဆိုလိုပေသည်။
这位禅修比丘如此盘腿而坐、端正上身以后,便如上所说,使念面向入息、出息这一入出息念业处所缘而现起,不舍离那念,只在具念时入息,只在具念时出息,也只在具念时从事入息与出息。其意是说:在这位禅修比丘的相续中,不存在离开念而发生的入息与出息。
ယခုအခါ၌ အကြင်အခြင်းအရာတို့ဖြင့် သတိရှိသည်ဖြစ်၍သာလျှင် ဝင်သက်လေ ထွက်သက်လေကို ပြုကျင့်လေ့ ရှိ၏၊ ထိုအခြင်းအရာတို့ကို ညွှန်ကြားပြသတော်မူလိုသည်ဖြစ်၍ ဘုရားရှင်သည် စတုက္ကလေးမျိုး တို့ဖြင့် ပိုင်းခြားလျက်၊ (၁၆)မျိုးသော အခြင်းအရာတို့ဖြင့် အာနာပါနဿတိသမာဓိဘာဝနာကို ပွားများအားထုတ် ပုံကို ညွှန်ကြားပြသတော်မူလေသည်။ (ဝိသုဒ္ဓိ-၁-၂၆၃။) သို့အတွက် ယင်းစတုက္ကလေးမျိုးတို့ကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။
现在,为了指示他依哪些方式在具念状态下从事入息与出息,佛陀把入出息念定的修习分为4组四法,以16种方式加以教导。(《清净道论》1-263。)因此,先列出这4组四法。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。