观修色法生起相的方法(下)

色业处部分 · 原书第 675–694 页 · 167 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 675 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၂၅၁) - ဟူသော အဋ္ဌကထာ၏ မိန့်ဆိုချက်အရ အစာအိမ်ဝန်းကျင်စသည့် ထိုထို ဌာနဝန်းကျင်တွင် အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံ၏ စွမ်းဟုန်ကြောင့် ရုပ်သန္တတိအစဥ်အားဖြင့် ရှေးနှင့်နောက် ဆက်စပ်လျက် အဆက် မပြတ် ဖြစ်ပေါ်နေကြသော ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက ရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် (= ကမ္မဇဝမ်းမီး)၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးဟူသော ကမ္မဇရုပ်၏ အားပေးထောက်ပံ့မှု အကူအညီကို ရရှိသောအခါ သြဇာလျှင် (၈)ခုမြောက် ရှိသော သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ မူလ စားမျိုလိုက်သော ကဗဠီကာရအာဟာရတွင် ပါဝင်သော သြဇာကြောင့် (ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုဖြင့်) ဖြစ်ပေါ်လာရသောကြောင့် အာဟာရဇ သြဇဋ္ဌမက ရုပ်ဟု ခေါ်ဆို၏။ ယင်း အာဟာရဇ သြဇဋ္ဌမကရုပ်တို့ကား မျက်စိ နား နှာ လျှာ ကိုယ် နှလုံး ဟူသော (၆)ဒွါရ
缅文出处续串(已省略粘连页眉):“၂၅၁)”(即《清净道论》2-251。)依义注这句话,在胃周围等处,由过去所造业的势力而以色相续前后连贯、不断生起的命根九法聚中,含有四大种;其中火界——也就是业生消化火——的自然力量特别强。上述食素得到这种业生色的支持、协助后,便产生新的、以食素为第8法的食素八法聚。因为这些色由最初吞下的段食中所含食素所生,并受到业生消化火的支持,所以称为食生食素八法聚。这些食生食素八法聚通过色聚相续撞击而扩散到眼、耳、鼻、舌、身、心脏这6门——
လုံးသို့ ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ပျံ့နှံ့လျက် ဖြစ်နေကြ၏။ ယင်းအာဟာရဇ သြဇဋ္ဌမက ရုပ်ကလာပ် တို့တွင် ပါဝင်သော သြဇာ၏ အထောက်အပံ့ကို ရရှိသောအခါ ---- ၁။ ကမ္မဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သော သြဇာ၊ ၂။ စိတ္တဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သော သြဇာ၊ ၃။ ဥတုဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သော သြဇာ၊ ၄။ ရှေးရှေး အာဟာရဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သော သြဇာ ---- ဟူသော ဤ (၄)မျိုးသော စတုသမုဋ္ဌာနိကသြဇာ အသီးအသီးသည် သြဇာလျှင် (၈)ခုမြောက် ရှိသော သြဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ သို့အတွက် စတုသမုဋ္ဌာနိက သြဇာ၏ အာဟာရကိစ္စကို ပြုလုပ်ဆောင်ရွက်ရာ၌ (= အာဟာရဇရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေရာ၌) ကဗဠီကာရအာဟာရဇ-သြဇာ ၏ အထောက်အပံ့ကို မှီရပေသည်။ ထိုကြောင့် အဋ္ဌကထာဆရာတော်က ---- ကဗဠံ ကရိတွာ အဇ္ဈောဟရိတဗ္ဗဝတ္ထုကတ္တာ ဝါ ကဗဠီကာရောတိ နာမမေတံ တဿ။
——全部。得到这些食生食素八法聚中食素的支持以后,1.每一个业生色聚中所含的业生食素;2.每一个心生色聚中所含的心生食素;3.每一个时节生色聚中所含的时节生食素;4.每一个先前食生色聚中所含的食生食素——这4种四因所生食素,各自又能产生新的、以食素为第8法的食素八法聚。因此,四因所生食素要执行食的作用,也就是产生新的食生色聚,就必须依靠段食所生食素“又因为它以应做成一口之团而吞咽的食物为所依,所以它获得‘段食’这个名称。”
(အဘိ-ဋ္ဌ-၃-၃၇၇။)
缅文出处原文:“(အဘိ-ဋ္ဌ-၃-၃၇၇။)”(《阿毗达磨义注》3-377。)
ထမင်းလုတ်စသည့် အလုတ်အလွေးကို ပြုလုပ်၍ စားမျိုထိုက်သော အစာဟူသော တည်ရာ ရှိသည်၏ အဖြစ်ကြောင့် ကဗဠီကာရဟူသော ဤအမည်သည် ထိုစတုသမုဋ္ဌာနိက-သြဇာဟူသော အာဟာရ၏ အမည် တည်း - ဟု ဖွင့်ဆိုထားပေသည်။
这段话的意思是:由于它以饭团等做成一口之团、应当吞咽的食物为所依,所以“段食”这个名称就是那称为食的四因所生食素之名。
ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ (ဝိသုဒ္ဓိ-၂-၂၅၁။) = တစ်နေ့၌ စားအပ်သော အာဟာရသည် ခုနစ်ရက်ပတ်လုံးသော်လည်း အားပေးထောက်ပံ့တတ်၏ - ဟု အဋ္ဌကထာ ဖွင့်ဆိုထားသော ကြောင့် ရှေးရှေး အာဟာရဇရုပ်ကလာပ်တွင် ပါဝင်သော သြဇာသည် နောက်နောက်သော အာဟာရဇ ရုပ် ကလာပ်တွင် ပါဝင်သော သြဇာ၏ အားပေးထောက်ပံ့မှု အကူအညီကို ရရှိသောအခါ အာဟာရဇ သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေသည်။ သို့အတွက် အာဟာရဇသြဇာသည် အာဟာရဇရုပ်ကို တိုက်ရိုက် ဖြစ်စေတတ်သော ဇနကအကြောင်းတရားလည်း ဖြစ်၏။ အာဟာရဇရုပ် အသစ်အသစ် ဖြစ်ပေါ်လာရန် အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားလည်း ဖြစ်၏ဟု မှတ်ပါ။ ထိုသို့ ဖြစ်ရာ၌ အာဟာရဇ ရုပ် ကလာပ် တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော သြဇာတစ်ခုတည်းက ဇနကလည်း ဖြစ်၏၊ ဥပတ္ထမ္ဘကလည်း ဖြစ်၏ ဟု မဆိုလိုပါ။ ရှေးရှေးသော အာဟာရဇကလာပ် တစ်ခုအတွင်း၌ တည်ရှိသော သြဇာက ဇနကအကြောင်း
“一日所食用的食物,能够资助长达7日。”(《清净道论》2-251。)因此,先前食生色聚中所含的食素,得到后来食生色聚中所含食素的支持、协助后,便能产生一代代新的食生食素八法聚。应当知道,食生食素既是直接产生食生色的“ဇနက”(janaka,能生因),也是支持新的食生色继续生起的“ဥပတ္ထမ္ဘက”(upatthambhaka,资助因)。但这并不是说,同一个食生色聚内的同一食素既是能生因又是资助因;而是说,先前一个食生色聚中的食素若为能生因——
တရားဖြစ်လျှင် နောက်နောက်သော အခြား အာဟာရဇကလာပ် တစ်ခုအတွင်း၌ တည်ရှိသော သြဇာက ဥပတ္ထမ္ဘက ဖြစ်သည်ဟုသာ ဆိုလိုသည်။ သို့အတွက် ဇနကဖြစ်သော စတုသမုဋ္ဌာနိက သြဇာတွင်လည်း အာဟာ ရဇသြဇာ ပါဝင်၍ ဥပတ္ထမ္ဘက ဖြစ်သော အကြောင်းဘက်တွင်လည်း အာဟာရဇသြဇာ ပါဝင်နေခြင်း ဖြစ်ပေသည်။
——那么后来另一个食生色聚中的食素就是资助因。因此,作为能生因的四因所生食素中包含食生食素;在资助因一方也同样包含食生食素。
原书第 676 页
ဤအထက်ပါ စကားအရပ်ရပ်တို့အရ အဇ္ဈတ္တိကသို့ ရောက်ရှိသော သြဇာကသာလျှင် အာဟာရဇရုပ်ကို ဖြစ်စေသောကြောင့်၊ သပိတ် အိုးခွက် ပန်းကန်စသည့်တို့၌ ဗဟိဒ္ဓသြဇာ အဖြစ်ဖြင့် တည်နေသော အနုပါဒိန္န သြဇာက အာဟာရဇရုပ်ကလာပ် အသစ်အသစ်ကို မဖြစ်စေနိုင်သောကြောင့် ဝိသုဒ္ဓိမဂ္ဂမဟာဋီကာဆရာတော် က ---- အာဟာရောတိ အဇ္ဈတ္တိကော ရူပုပ္ပါဒကော အာဟာရော၊ (မဟာဋီ-၁-၄၅၅။) = အဇ္ဈတ္တ ရုပ်သန္တတိအစဥ်၌ ဖြစ်သော အာဟာရဇရုပ်ကို ဖြစ်စေနိုင်သော စတုသမုဋ္ဌာနိက သြဇာသည် အာဟာရ မည်ကြောင်း ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေသည်။
根据以上各处说明,只有已经进入内部的食素才能产生食生色;放在钵、器皿、盘子等处、仍属于外在的无执受食素,不能产生一代代新的食生色聚。因此,“所谓食,就是能在内部产生色法的食。”(《大复注》1-455。)也就是说,在内在色相续中,能够产生食生色的四因所生食素,称为“食”。
ဤသို့သော အသိထူး ဉာဏ်ထူးများကို ရရှိအောင် နည်းလမ်းကို ညွှန်ကြားပြသ ဆိုဆုံးမတော်မူတတ် သော ဘုရားရှင်၏ ဉာဏ်တော်မြတ်ကြီးကား အလွန်အံ့သြဖွယ် ရှိပေစွ၊ အလွန်နှစ်သက်ဖွယ် ရှိပေစွ၊ အလွန် ပူဇော်ထိုက်ပေစွ၊ အလွန် ကျေးဇူးတင်ထိုက်ပေစွ။ အလားတူပင် အဋ္ဌကထာ ဋီကာတို့ကိုလည်း အလွန်အကြူး အထူးအကဲ ကျေးဇူးတင်ထိုက်လှပေစွ။
能够指示、教诲这样的方法,使人获得如此殊胜知见的世尊,其无上智慧实在太令人惊叹、太令人欢喜,太值得供养,也太值得感恩了。同样,对义注与复注也应怀有无比深厚的感恩。
မျက်မှောက်ခေတ်ဝယ် သာသနာတော်၏ ပြင်ပလောက၌ ဤသို့သော အသိဉာဏ်မျိုးကို သာဝကတစ်ဦး တစ်ယောက် ရရှိအောင် ညွှန်ကြားပြသနိုင်သော ဆရာကား မရှိစကောင်းသည်သာတည်း။
在当今时代,佛教之外的世间,大概没有一位导师能够指导哪怕一名弟子获得这样的知见。
ဗဟုသုတရေးရာ သိမှတ်စရာ
知识事项
သြဇာသင်္ခါတော အာဟာရော အာဟာရသမုဋ္ဌာနရူပံ အဇ္ဈောဟရဏကာလေ ဌာနပ္ပတ္တောဝ သမုဋ္ဌာပေတိ။
“称为食素的食,在吞咽之时,只有到达住时后才产生食所生色。”
(အဘိဓမ္မတ္ထသင်္ဂဟ။)
缅文出处原文:“(အဘိဓမ္မတ္ထသင်္ဂဟ။)”(《摄阿毗达磨义论》。)
စားဖွယ်သောက်ဖွယ် ဟူသမျှကို အာဟာရဟု ခေါ်ဝေါ်ရိုး ရှိသော်လည်း အာဟာရဇရုပ်ကို ဖြစ်စေရာဝယ် ယင်း စားဖွယ် သောက်ဖွယ် အမည်တပ်၍ ခေါ်ဝေါ်သမုတ်ထားအပ်သော ဥတုဇ သြဇဋ္ဌမကရုပ်ကလာပ် အသီး အသီး၌ ပါဝင်တည်ရှိသော အဆီ အစေး အနှစ် သြဇာကိုသာ အာဟာရဟု ကောက်ယူရမည်ဟု သိစေလို သောကြောင့် - သြဇာသင်္ခါတော အာဟာရော - ဟု အရှင်အနုရုဒ္ဓါမထေရ်မြတ်က မိန့်ဆိုတော်မူပေသည်။
虽然凡是食物、饮料通常都称为“食”,但说到产生食生色时,必须只取被称为食物、饮料的每一个时节生食素八法聚中所含的油脂、黏润精华,也就是食素,作为这里的“食”。为了使人明白这一点,阿努律尊者才说:“သြဇာသင်္ခါတော အာဟာရော”——“称为食素的食”。
မူလပဏ္ဏာသ အဋ္ဌကထာ၌လည်း ပုံစံတူပင် ဤသို့ ဖွင့်ဆိုထား၏။
《中部·根本五十篇义注》中也以相同方式作了如下解释。
ကဗဠီကာရော အာဟာရောတိ ကဗဠံ ကတွာ အဇ္ဈောဟရိတဗ္ဗတော ကဗဠီကာရော အာဟာရော၊ သြဒနကုမ္မာသာဒိဝတ္ထုကာယ သြဇာယေတံ အဓိဝစနံ။ (မ-ဋ္ဌ-၁-၂၁၁။) တစ်ဖန် ယင်း အာဟာရ - သြဇာ၏ အလုပ်လုပ်နေပုံ အာဟာရဇရုပ်များကို ဖြစ်စေပုံ အပိုင်းကိုလည်း အဋ္ဌကထာများတွင် ဤသို့ ဖွင့်ဆိုထား၏။
“所谓‘段食’,因为它应当被做成一口之团而吞咽,所以称为段食;这是以米饭、粥糜等食物为所依的食素之称。”(《中部义注》1-211。)关于这一食——食素如何执行作用、产生食生色,诸义注又作如下解释。
ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ ဒိဗ္ဗာ ပန သြဇာ ဧကမာသံ ဒွေမာသမ္ပိ ဥပတ္ထမ္ဘေတိ။ မာတရာ ပရိဘုတ္တာဟာရောပိ ဒါရကဿ သရီရံ ဖရိတွာ ရူပံ သမုဋ္ဌာပေတိ။ သရီရေ မက္ခိတာ- ဟာရောပိ ရူပံ သမုဋ္ဌာပေတိ။ (ဝိသုဒ္ဓိ-၂-၂၅၁။) ကဗဠီကာရော အာဟာရော တာဝ မုခေ ဌပိတမတ္တောယေဝ အဋ္ဌ ရူပါနိ သမုဋ္ဌာပေတိ။ ဒန္တဝိစုဏ္ဏိတံ ပန အဇ္ဈောဟရိယမာနံ ဧကေကံ သိတ္ထံ အဋ္ဌဋ္ဌ ရူပါနိ သမုဋ္ဌာပေတိယေဝ။ ဧဝံ သြဇဋ္ဌမကရူပါနိ အာဟရတိ။
“一日所食用的食物,能够资助长达7日;天界的食素则能资助1个月乃至2个月;母亲所食用的食物也会遍满胎儿之身而产生色法;涂在身体上的食物也能产生色法。”(《清净道论》2“首先,段食只要放入口中,便会产生8种色法;经牙齿嚼碎而正在吞咽时,每一粒饭也各自产生8种色法。段食就这样带来以食素为第8法的诸色。”
(မ-ဋ္ဌ-၁-၂၁၃။)
缅文出处原文:“(မ-ဋ္ဌ-၁-၂၁၃။)”(《中部义注》1-213。)
အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ---- အဇ္ဈောဟရဏကာလေ သမုဋ္ဌာပေတိ - သြဇာဟု ခေါ်ဆိုအပ်သော အာဟာရသည် ဌီကာလသို့ ရောက်ခိုက်ဝယ် အာဟာရသမုဋ္ဌာန်ရုပ်ကို စားမျိုလိုက်ရာအခါ၌ ဖြစ်စေ၏ ---- ဟု
阿努律尊者说:“အဇ္ဈောဟရဏကာလေ သမုဋ္ဌာပေတိ”——“称为食素的食,到达住时后,于吞咽之时产生食所生色。”他这样说,是——
原书第 677 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း အများထုံးစံလိုက်၍ ဖွင့်ဆိုခဲ့၏။
——这是依随一般通行说法而作的解释。
စင်စစ်မှာမူ အထက်ပါ အဋ္ဌကထာကြီးတို့၌ ဖွင့်ဆိုထားသည့်အတိုင်း မျိုမချခင် ဝါး၍မစားခင် လျှာပေါ် တင်မိလျှင်ပင် အချို့အစာများ၏ ရသရည်သည် တစ်နည်းဆိုရသော် ရသဓာတ်နှင့် တကွသော သြဇဋ္ဌမက ရုပ်ကလာပ်အပေါင်းသည် လျှာအပြင်မှ စ၍ ခန္ဓာကိုယ်၌ ထိုက်သင့်သမျှ ပျံ့နှံ့လေ၏။ အစာအာဟာရ၏ အရသာသည် ကောင်းသလောက် ခန္ဓာကိုယ်အတွင်းဝယ် အရသာပျံ့နှံ့မှု = ရသဓာတ်နှင့်တကွသော သြဇဋ္ဌမက ရုပ်တို့၏ ပျံ့နှံ့မှု မြန်၏။ အရသာ ညံ့ဖျင်းသော အစာအာဟာရများကား သွားဖြင့် ကိုက်ချေ ဝါးမျိုလိုက်ပါမှ ရသာရည်သည် (= ရသဓာတ်နှင့်တကွသော သြဇဋ္ဌမကရုပ်ကလာပ်များသည်) ပျံ့နှံ့သွား၏။ ထိုသို့ ပျံ့နှံ့သွား ရာ၌လည်း ထိုထိုနေရာဝန်းကျင်၌ တည်ရှိသော ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကား ရှိသည်သာ ဖြစ်သည်။
其实,依照上述诸大义注的解释,有些食物甚至尚未吞下、尚未咀嚼,只要放到舌面,其味液——换言之,与味界俱存的诸食素八法聚——便会从舌面开始,随其所能遍布身体。食物的滋味越好,味在体内的扩散,即与味界俱存的食素八法聚之扩散,也越迅速。滋味较差的食物,则要等牙齿咬碎、咀嚼吞下以后,味液——即与味界俱存的食素八法聚——才会扩散。它们如此扩散时,也必然得到各处周围业生消化火的资助。
တစ်ကိုယ်လုံး၌ အနှံ့အပြား ဖြစ်နေကြသော ရုပ်အမျိုးအစားတို့တွင် ဇီဝိတနဝက ကလာပ်ရုပ်များလည်း ပါဝင် ကြ၏။ ကိုယ်ငွေ့ရှိရာ နေရာတိုင်း၌ ဇီဝိတနဝက ကလာပ်ရုပ်တို့ ရှိကြမြဲသာတည်း။ သို့အတွက် ကမ္မဇဓာတ်မီး ၏ အထောက်အပံ့ကြောင့်သာ ရသဓာတ်ရည် အမည်ရသော သြဇဋ္ဌမကရုပ်တို့ လျှာပြင်မှ စ၍ ခန္ဓာတွင်းသို့ ပျံ့နှံ့သွားကြသည်ဟု မှတ်ပါ။ ဝါးမျိုစားသောက်လိုက်၍ အစာအိမ်သို့ ဥတုဇရုပ်အသွင်ဖြင့်ပင် ရောက်ရှိသွား သောအခါ ပါစကတေဇောဓာတ်ဝမ်းမီး၏ ချက်မှုကြောင့် အစာအာဟာရ တစ်ချို့သည် အဖတ်အကာ ဖြစ်ရစ်၍ တစ်ချို့မှာ ရသရည်ကို ဆောင်ယူတတ်သော ရသဟရဏီကြောသို့ အစဥ်လျှောက်လျက် အထက်အောက် တစ်ကိုယ်လုံးမှာ ရသဓာတ်ရည် ပျံ့နှံ့လေ၏။ ထိုရသဓာတ်ရည် အမည်ရသော သြဇဋ္ဌမကရုပ်ကလာပ်တို့ ပျံ့နှံ့ ရာတိုင်း၌ ပါဝင်သော သြဇာသည် (ကမ္မဇဝမ်းမီး၏ အထောက်အပံ့ဖြင့်) သြဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်။
遍布全身的各类色法中,也包括命根九法聚;凡有体温之处,必定都有命根九法聚。因此应知,正由于业生火的资助,被称为味液的食素八法聚才能从舌面开始遍入体内。食物经咀嚼、吞咽而仍以时节生色的形态到达胃中后,受消化火界这一腹火烹熟:一部分留下成为渣滓,另一部分则沿着能输送味液的“ရသဟရဏီ”(rasaharaṇī,输味脉)流行,令味液上下遍布全身。凡这种被称为味液的食素八法聚所遍及之处,其中所含的食素,都能在业生消化火的资助下产生食素八法聚。
ထိုကြောင့် စားခြင်း မစားခြင်း မျိုခြင်း မမျိုခြင်းက လိုရင်းမဟုတ်၊ ရသဓာတ်ရည် အမည်ရသော သြဇဋ္ဌမက ရုပ်ကလာပ်တို့၏ ပျံ့နှံ့ခြင်း မပျံ့နှံ့ခြင်းကသာ လိုရင်းပဓာန ဖြစ်သည်။ ဣသိသိင်္ဂ ရသေ့သူတော်စင်၏ သုံးနှစ် လောက် မေ့နေစဥ်တုန်းက မွေးညင်းပေါက်များမှ နတ်သြဇာကို သွင်းပေးသဖြင့် အာဟာရဇရုပ်များ ဖြစ်ကြောင်း အဆို ရှိ၏။
所以,要点不在吃或不吃、吞或不吞,而在于被称为味液的食素八法聚是否扩散。据说,贤善仙人Isisiṅga昏迷约三年期间,天界食素从毛孔输入,因而食生色仍能生起。
ယခုကာလဝယ် အစာမစားနိုင် အစာမဝင်နိုင်သော လူမမာ စသည်ကို အကြောမှ ဆေးသွင်းပေးသဖြင့် လည်းကောင်း၊ နှာခေါင်းနှင့် ဒွါရမှ ပိုက်ဖြင့် အစာသွင်းပေးသဖြင့်လည်းကောင်း အာဟာရဇသြဇဋ္ဌမကရုပ်များ ဖြစ်နိုင်ကြလေသည်။ အမိဝမ်းတွင်းမှာ ကိန်းအောင်းနေသော သူငယ်၏ကိုယ်ကလေး၌ အမိစားလိုက်သော အစာသည် ချက်ကြိုးမှတစ်ဆင့် ဆက်သွယ်ပျံ့နှံ့သဖြင့် အာဟာရဇ သြဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏။ ကိုယ်ပေါ်၌ လိမ်းကျံအပ်သော အာဟာရသည်လည်း အာဟာရဇသြဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သော ဟူ၏။
现今,对无法进食、食物不能入口的病人等,可以经血脉注入药物,也可以从鼻孔等门插管送食,由此也能生起食生食素八法聚。母胎中胎儿的身体,也因母亲所食的食物经脐带相连而遍布,得以产生食生食素八法聚。据说,涂敷在身体上的食物,也能产生食生食素八法聚。
တစ်နေ့ လူတို့ စားသုံးလိုက်သော အစာအာဟာရမှ ရသဓာတ်ရည်သည် (၇)ရက်ခန့်မျှ ခန္ဓာကိုယ်၌ ပျံ့နှံ့ လေသောကြောင့် (၇)ရက်ခန့်တိုင်အောင် ခန္ဓာကိုယ်ဝယ် ထောက်ပံ့အားပေးလျက် အာဟာရဇရုပ်များကို အဆင့်ဆင့် မွေးဖွားပေး၏။ နတ်တို့၏ သြဇာမှာ တစ်လ နှစ်လကြာအောင်ပင် ထောက်ပံ့နိုင်စွမ်း ရှိပေသည်။
人一天所吃食物中的味液,能在体内遍布约7天,所以能在约7天内持续资助身体,逐代产生食生色。天界食素甚至能资助一两个月之久。
(ဝိသုဒ္ဓိ-၂-၂၅၁။ မ-ဋ္ဌ-၁-၂၁၃။)
缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၅၁။ မ-ဋ္ဌ-၁-၂၁၃။)”(《清净道论》2-251;《中部义注》1-213。)
ဌာနပတ္တောဝ သမုဋ္ဌာပေတိ --- ရုပ်တို့၏ ဓမ္မတာအတိုင်း ဌီခဏသို့ ရောက်ရှိပါမှသာလျှင် အားရှိသဖြင့် ''ယင်းဆိုအပ်ခဲ့ပြီးသော သြဇာသည် ဌီကာလသို့ ရောက်မှသာလျှင် အာဟာရဇရုပ်ကို ဖြစ်စေ၏'' - ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ ရေခွက်ထဲက ရေကို ကြည့်ရှုရာ၌ ''မူလက ရေသည် အခြေမပျက် တည်လျက်ရှိသည်''ဟု ထင်ရသော် လည်း စင်စစ်မှာ အဟောင်း အဟောင်း ရေများ ပျက်၍ အသစ် အသစ် ရေများ ဖြစ်ပွား တည်နေသကဲ့သို့ တစ်နည်း --- ပရမတ္ထသစ္စာနယ်မှ ဆိုရသော် အာပေါဓာတ်၏ သဘာဝသတ္တိ စွမ်းအင်လွန်ကဲနေသော ဥတုဇ
“只有到达住时,才使之生起。”这是说,依色法的定律,色只有到达住时才有力量,所以“上述食素只有到达住时,才能产生食生色”。观察杯中之水,虽然看起来“原来的水始终不变地存在”,实际上却是旧水不断坏灭、新水不断生起;换从胜义谛来说,是水界的自性力占优势的一批批旧的时节生——
原书第 678 页
သြဇဋ္ဌမက ရုပ်ကလာပ် အဟောင်း အဟောင်းများ ပျက်၍ အသစ် အသစ်သော ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်များ အဆက်မပြတ် ဖြစ်ပွားတည်နေရသကဲ့သို့၊ ထို့အတူ ဆိုအပ်ခဲ့ပြီးသော ရသဓာတ်ရည် တစ် ကိုယ်လုံး၌ ပျံ့နှံ့လေရာ အဟောင်း အဟောင်း ရသဓာတ်ရည်များ ပျက်၍ အသစ် အသစ် ရသဓာတ်ရည်များ ဥပါဒ် ဖြစ်ပွားလျက် ရှိ၏။ တစ်နည်း ပရမတ္ထသစ္စာနယ်မှ ဆိုရသော် --- ရသဓာတ်ရည် အမည်ရသော အဟောင်း အဟောင်းသော သြဇဋ္ဌမက ရုပ်ကလာပ်များ ပျက်၍ အသစ် အသစ်သော သြဇဋ္ဌမက ရုပ်ကလာပ်များ ဥပါဒ် ဖြစ်ပွားလျက် ရှိ၏။ ထိုသို့ဖြစ်ပွားရာ၌ ယင်း သြဇဋ္ဌမကရုပ်ကလာပ်တိုင်း၌ ပါရှိသော သြဇာသည် အသစ် အသစ် ဥပါဒ်ပြီးနောက် ဌီအခိုက်သို့ အရောက် အရောက်မှာ - ဥပါဒိဏ္ဏကံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ - ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဖွင့်ဆိုသည့်အတိုင်း ထိုထို အစာသစ်အိမ်ဝန်းကျင် စသည်တို့၌ ဖြစ်ပွားနေကြသော ဇီဝိတ နဝက ကလာပ်ရုပ်တို့၏ အတွင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ်ဟူသော အစာကို ကြေကျက်စေတတ်သော
——食素八法聚不断坏灭,而一批批新的时节生食素八法聚又不断生起、住立。同样,上述味液遍布全身时,旧的味液不断坏灭,新的味液不断生起;换从胜义谛来说,就是被称为味液的旧食素八法聚不断坏灭,新的食素八法聚不断生起。在这一生起过程中,每一个新食素八法聚所含的食素,生起以后每当到达住时,便如《清净道论》义注所说的巴利语句(缅文转写):“ဥပါဒိဏ္ဏကံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ”——“得到已被执受的业生色作为缘”,亦即得到胃等各处周围命根九法聚中所含火界——能够消化食物的——
ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသောအခါ အာဟာရသမုဋ္ဌာနရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေသည် ဟု ဆိုလိုသည်။ (အကျယ်ကို နိဗ္ဗာနဂါမိနိပဋိပဒါ စတုတ္ထတွဲ လက္ခဏာဒိစတုက္ကပိုင်း-နှာ-၈၆-၉၄-တို့၌ ကြည့်ပါ၊၊) အလွန်အကြူး အထူး ကျေးဇူးတင်ထိုက်သော ဦးထိပ်ရွက်လျက် ပန်ဆင်ခြင်းငှာ ထိုက်တန်သော အဆို အမိန့်တို့ပါတကား သူတော်ကောင်းတို့ …။
——业生消化火——的资助时,就会产生一批批新的食所生色聚。〔详见《趣向涅槃之道》第四册“特相等四法”部分第86—94页。〕贤善者们啊,这些话真是极其值得感恩、值得顶戴奉持的教言!
၂။ အာဟာရသမုဋ္ဌာန = အာဟာရကြောင့် ဖြစ်သောရုပ်
2.“အာဟာရသမုဋ္ဌာန”(āhāra-samuṭṭhāna)=食所生色,即由食所生之色。
အာဟာရသမုဋ္ဌာနံ နာမ ဥပါဒိဏ္ဏံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ တတ္ထ ပတိဋ္ဌာယ ဌာနပ္ပတ္တာယ သြဇာယ သမုဋ္ဌာပိတံ သြဇဋ္ဌမကံ၊ အာကာသဓာတု လဟုတာ မုဒုတာ ကမ္မညတာ ဥပစယော သန္တတီတိ စုဒ္ဒသဝိဓံ ရူပံ။
“所谓食所生色,是食素得到已被执受的业生色作为缘、依止于彼并到达住时以后所产生的食素八法聚,以及虚空界、轻快性、柔软性、适业性、积集、相续,共14种色。”
(ဝိသုဒ္ဓိ-၂-၂၅၁။)
缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၅၁။)”(《清净道论》2-251。)
''ဥပါဒိန္နံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ''တိ ဧတေန ဗဟိဒ္ဓါ အနုပါဒိန္နသြဇာ ရူပါဟရဏကိစ္စံ န ကရောတီတိ ဒဿေတိ။ ပစ္စယလာဘော စဿ ကမ္မဇဘူတသန္နိဿယတာဝသေနာတိ အာဟ ''တတ္ထ ပတိဋ္ဌာယာ''တိ။ တတ္ထ ကမ္မပစ္စယစိတ္တသမုဋ္ဌာနာဒိရူပဿပိ ကမ္မမူလကတ္တာ သိယာ ကမ္မဇပရိယာယောတိ တံ နိဝတ္တနတ္ထံ ''ဥပါဒိန္န''န္တိ ဝိသေသေတွာ ဝုတ္တံ။ (မဟာဋီ-၂-၄ဝ၃။) ဥပါဒိန္နဖြစ်သော ကမ္မဇရုပ်ကို အကြောင်း အထောက်အပံ့ကို ရရှိ၍ ထိုကံကြောင့် ဖြစ်သော ကမ္မဇ မဟာဘုတ်၌ တည်၍ ရုပ်၏ ဌီကာလသို့ ရောက်ရှိလာသော သြဇာသည် ဖြစ်စေအပ်သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ ဟူသော သြဇာလျှင် (၈)ခုမြောက်ရှိသော သြဇဋ္ဌမကရုပ်၊ အာကာသဓာတ်၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ၊ ဥပစယ၊ သန္တတိ - ဤ (၁၄)မျိုးသော ရုပ်သည် အာဟာရသမုဋ္ဌာန်ရုပ် = အာဟာရကြောင့် ဖြစ်သောရုပ် မည်၏။
“‘得到已被执受的业生色作为缘’一句,显示外在的无执受食素不能履行生起色法的作用。它获得缘,是依于以业生大种为所依;所以说‘依止于彼’。在这里,由于以业为缘之心所生色等也以业为根本,或可间接称为业生;为排除这种意义,故特别加上‘已被执受’这一限定。”具体说,食素得到已被执受的业生色这一缘的资助,依止于业生大种并到达色的住时以后,便产生以食素为第8法的食素八法聚,即地、水、火、风、颜色、香、味、食素8色;再加虚空界、轻快性、柔软性、适业性、积集、相续,总计14种色,称为食所生色。
ဥပါဒိန္နံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ = ဥပါဒိန္နဖြစ်သော ကမ္မဇရုပ်ကို (၏) အကြောင်း အထောက်အပံ့ ကို ရရှိ၍ - ဟူသော ဤစကားရပ်ဖြင့် ဗဟိဒ္ဓ အပြင်အပ သက်မဲ့လောက၌ တည်သော ဥပါဒိန္န မဟုတ်သော သြဇာသည် (= ဥပါဒိန္နကမ္မဇရုပ်၏ အထောက်အပံ့ကို မရသော အနုပါဒိန္နသြဇာသည်) အာဟာရဇရုပ်ကို ဆောင်ခြင်း ဖြစ်စေခြင်း ကိစ္စကို မပြုလုပ်နိုင်ဟု ညွှန်ပြ၏။ တစ်ဖန် ထိုဗဟိဒ္ဓဖြစ်သော အစာအာဟာရဟူသည် ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်တို့၏ အပေါင်းအစုသာတည်း။ ထိုဥတုဇ ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော သြဇာ ကား ဗဟိဒ္ဓ အနုပါဒိန္နသြဇာတည်း။ ယင်း ဗဟိဒ္ဓ အနုပါဒိန္နသြဇာ၏ အာဟာရဇရုပ်ကို ဖြစ်စေဖို့ရန် အကြောင်း အထောက်အပံ့ကို ရခြင်းသည်လည်း ကံကြောင့်ဖြစ်သော ကမ္မဇမဟာဘုတ် ဓာတ်ကြီး (၄)ပါးလျှင် မှီရာ ရှိသည်၏
“ဥပါဒိန္နံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ”=“得到已被执受的业生色作为缘”这句话,显示:存在于外在无生命世界的无执受食素——即没有得到已被执受业生色资助的无执受食素——不能履行带来、产生食生色的作用。再者,外在食物不过是时节生食素八法聚的集合;每一个时节生色聚所含的食素,都是外在无执受食素。这种外在无执受食素要获得产生食生色所需的缘与资助,是以业所生的业生四大种为依止——
原书第 679 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း အဖြစ်၏ အစွမ်းဖြင့်ဖြစ်ရ၏။ ထိုကြောင့် တတ္ထ ပတိဋ္ဌာယ = ထိုကမ္မဇမဟာဘုတ်၌ တည်၍ အာဟာရဇရုပ်ကို ဖြစ်စေကြောင်းကို အဋ္ဌကထာမိန့်ဆိုခြင်း ဖြစ်၏။ ထိုအဋ္ဌကထာစကားရပ်၌ ကံလျှင် အကြောင်း အထောက်အပံ့ ရှိသော ဝိပါက်စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ် အစရှိသော ရုပ်တရား၏လည်း ကံလျှင် အကြောင်းမူလ ရှိသည်၏ အဖြစ်ကြောင့် ကမ္မဇရုပ်ဟူသော အကြောင်း ပရိယာယ်တစ်မျိုးသည် ဖြစ်ကောင်းလေရာ၏၊ ထိုကြောင့် ထို ကမ္မပစ္စယစိတ္တသမုဋ္ဌာနရုပ် = ကံလျှင် အကြောင်းအထောက်အပံ့ ရှိသော ဝိပါက်စိတ်ကြောင့် ဖြစ်သော စိတ္တဇ ရုပ် အစရှိသော ရုပ်တရားကို နစ်စေခြင်းငှာ (ဤ၌ မဆိုလိုဟု သိစေခြင်းငှာ) ဥပါဒိန္နံ-ဟု အထူး ဝိသေသန မ၍ ဥပါဒိန္နကမ္မဇရုပ်၏ အကြောင်း အထောက်အပံ့ကို ရရှိခဲ့သော် ထိုကမ္မဇမဟာဘုတ်၌ ရပ်တည်၍ ကဗဠီ ကာရ အာဟာရဟူသော ဥတုဇသြဇာက သြဇဋ္ဌမကရုပ်ကို ဖြစ်စေကြောင်း မိန့်ဆိုတော်မူခြင်း ဖြစ်သည်။
——之故。因此,义注说“တတ္ထ ပတိဋ္ဌာယ”=“依止于彼”,也就是依止于那些业生大种而产生食生色。在这段义注文中,由以业为缘的果报心所生之心生色等色法,因为也以业为根本,或许也可依一种间接说法称为“业生色”。为了排除这种“业缘心所生色”等法,使人知道这里并不指它们,义注特以“ဥပါဒိန္နံ”(已被执受)加以限定;其意是:段食——即已经进入内在的时节生食素——得到已被执受的业生色作为缘的资助后,依止于业生大种而产生食素八法聚。
(မဟာဋီ-၂-၄ဝ၃။)
缅文出处原文:“(မဟာဋီ-၂-၄ဝ၃။)”(《大复注》2-403。)
အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ သတ္တဝါတို့ အလုတ်အလွေးပြု၍ စားမျို အပ်သော အစာအာဟာရဟူသည် တေဇောဓာတ်၏ အစီးအပွား ဥတုဇသြဇဋ္ဌမကရုပ်တို့သာတည်း။ ယင်း ဥတုဇ ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော တေဇောဓာတ်ကား သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကဲ ဖြစ်စေ နိုင်သော်လည်း ယင်း ဥတုဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သော သြဇာကား ပါစကတေဇောဓာတ် ဟူသော ကမ္မဇ ဝမ်းမီး၏ အထောက်အပံ့ကို မရခဲ့သော် အာဟာရဇရုပ်ကို မဖြစ်စေနိုင်။ သပိတ်အတွင်း ပန်းကန်အတွင်း စသည် ၌ ဗဟိဒ္ဓသြဇာအဖြစ်နှင့် တည်နေသမျှ ကာလပတ်လုံး အာဟာရဇရုပ်ကို မဖြစ်စေနိုင်။ ယင်းကဗဠီကာရ အာဟာရ ဟူသော ဥတုဇရုပ်တို့၏ အပေါင်းအစုကို သတ္တဝါတို့ စားမျိုလိုက်သောအခါ ခံတွင်း လည်ချောင်း အစာသစ်အိမ် အူစသော ထိုထို ဌာနသို့ ရောက်ရှိသွား၏။ သတ္တဝါတို့၏ သန္တာန်ဝယ် ထိုထို အစာသစ်အိမ် စသော ဌာနတို့၌ အစာသစ်ကောဋ္ဌာသအဖြစ်ဖြင့် တည်ရှိခိုက် ခန္ဓာအိမ်အတွင်းသို့ မပျံ့နှံ့ခင် အတွင်းမှာလည်း ဥတုဇ သြဇဋ္ဌမက
上述义注与复注的意思如下。众生制成食团而吞下的食物,不过是由火界增盛而成的一批批时节生食素八法聚。每一个这种时节生色聚中的火界虽能逐代产生新的食素八法聚,其中的食素若未得到称为消化火界的业生消化火资助,却不能产生食生色。只要它还在钵、盘等外处作为外在食素存在,就不能产生食生色。众生吞下被称为段食的这些时节生色聚以后,它们到达口腔、咽喉、胃、肠等各处;在众生相续中,当它们尚作为胃中物住在胃等处、还未遍布全身时,仍然只是时节生食素八法——
ရုပ်တို့သာ ဖြစ်ကြသေး၏။ သို့သော် ကိုယ်တွင်း အဇ္ဈတ္တသို့ကား ရောက်ရှိလာခိုက် ဖြစ်၏။ ယင်း ဥတုဇ ရုပ်ကလာပ် တို့တွင် ပါဝင်သော သြဇာကား ဥတုဇသြဇာတည်း။ အစာအိမ်ဝန်းကျင်စသည် ထိုထိုဌာနဝန်းကျင်တွင် သန္တတိ အစဥ်အားဖြင့် အတိတ်က ကံ၏ စွမ်းဟုန်ကြောင့် အဆက်မပြတ် ရှေးနှင့်နောက် ဆက်စပ်လျက် ဖြစ်ပေါ်နေကြ သော ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက ရုပ်ကလာပ်တို့ ရှိကြ၏။ ယင်း ဇီဝိတနဝက ကလာပ်တိုင်း တွင်လည်း ဓာတ်ကြီး (၄)ပါး ပါဝင်လျက် ရှိ၏။ အတိတ်က ကံကြောင့် ဖြစ်သည့်အတွက် တဏှာ ဒိဋ္ဌိတို့က ''ငါ ငါ့ဟာ''ဟု စွဲယူအပ်သည့် ဥပါဒိန္နကမ္မဇရုပ်တို့တည်း။ ယင်း ဥပါဒိန္နကမ္မဇ မဟာဘုတ် (၄)ပါးတို့တွင် အစာကို ကြေကျက်စေရာ၌ အာဟာရဇရုပ်ကို ဖြစ်စေရာ၌ တေဇောဓာတ်ကား ပြဓာန်းလျက် ရှိ၏။ ဥဒရဂ္ဂိ ခေါ်သည့် ကမ္မဇဝမ်းမီးတည်း။ ယင်း တေဇောဓာတ်ကား ကျန်ဓာတ် (၃)ပါး မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိသဖြင့်
——聚,不过此时已经进入内在。其中所含的食素是时节生食素。胃等各处周围有命根为第9法的命根九法聚;它们由过去业力依色相续次第前后相接、持续不断地生起。每一个命根九法聚中也都含有四大种;因为由过去业所生,它们是被爱、见执取为“我、我的”之已被执受业生色。在这些已被执受的业生四大种中,火界在消化食物、产生食生色时居于主导;这就是称为“ဥဒရဂ္ဂိ”(udaraggi)的业生消化火。这一火界不可能离开其余三界而单独生起,所以——
ကမ္မဇမဟာဘုတ် ဓာတ် (၄)ပါး၌ ရပ်တည်၍ ယင်း ဥပါဒိန္နကမ္မဇရုပ်၏ အားပေးထောက်ပံ့မှုကို ရရှိခဲ့သော် အထက်ပါ အစာသစ်ကောဋ္ဌာသ၌ ပါဝင်သော အဇ္ဈတ္တိကသို့ ရောက်ရှိလာသော ဥတုဇသြဇာ = ကဗဠီကာရ အာဟာရသည် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏ဟု ဆိုလိုပေသည်။
——段食,即上述胃中物里已经进入内在的时节生食素,依止业生四大种并得到这种已被执受业生色的资助后,才会产生一批批新的食素八法聚。这里所说的正是这个意思。
၃။ အာဟာရပစ္စယ = အာဟာရဟူသော အထောက်အပံ့ ရှိသောရုပ်
3.“အာဟာရပစ္စယ”(āhāra-paccaya)=食缘色,即以食为资助缘的色。
အာဟာရပစ္စယံ နာမ ''ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော'' (ပဋ္ဌာန-၁-၇။) ဧဝံ ဝုတ္တံ စတုသမုဋ္ဌာနရူပံ။ (ဝိသုဒ္ဓိ-၂-၂၅၁။) အာဟာရပစ္စယဿ အာဟာရော န ကေဝလံ ဥပတ္ထမ္ဘကောဝ၊ အထ ခေါ ဇနကောပီတိ ဒဿေတုံ ''စတုသမုဋ္ဌာနရူပ''န္တိ ဝုတ္တံ။ (မဟာဋီ-၂-၄ဝ၃။)
巴利《发趣“所谓食缘色,是经中如此所说的四因所生色:‘段食以食缘作为缘,资助此身。’(《发趣论》1-7;《清净道论》2-251。)为了显示作为食缘的食不仅是支持者,而且也是产生者,所以说‘四因所生色’。(《大复注》2-403。)”
原书第 680 页
အလုတ်အလွေးမပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော ကဗဠီကာရ အာဟာရ ဟူသော ကံ-စိတ်- ဥတု-အာဟာရ အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော စတုသမုဋ္ဌာနိကသြဇာသည် ဤရူပကာယ = ရုပ်တရားအပေါင်းဟူသော စတုသမုဋ္ဌာနိကရုပ်အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ ဟု ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော စတုသမုဋ္ဌာနိကရုပ်တရားအပေါင်းသည် အာဟာရပစ္စယရုပ် မည်၏။
虽非逐一制成食团,却借食团而得名的“段食”,就是由业、心、时节、食4种因所生的四因所生食素。世尊开示:这种食素以食缘之力资助此色身——即一切色法所成的四因所生色。正因如此,由业、心、时节、食4种因所生的一切四因所生色法,都称为食缘色。
အာဟာရလျှင် အကြောင်း အထောက်အပံ့ ရှိသော စတုသမုဋ္ဌာနိကရုပ်အား ရုပ်အာဟာရသည် သက်သက် ထောက်ပံ့ရုံ ထောက်ပံ့တတ်သည်သာ မဟုတ်သေး၊ စင်စစ်သော်ကား ဖြစ်လည်း ဖြစ်စေတတ်၏ဟု ထင်ရှား ပြခြင်းငှာ စတုသမုဋ္ဌာနရုပ် = ကံ စိတ် ဥတု အာဟာရကြောင့် ဖြစ်သော ရုပ်သည် အာဟာရပစ္စယရုပ် မည်၏ဟု အဋ္ဌကထာ မိန့်ဆိုခြင်း ဖြစ်သည်။ (မဟာဋီ-၂-၄ဝ၃။)
义注之所以说“由业、心、时节、食所生的色是食缘色”,是为了明确显示:对于以食为缘与资助的四因所生色,色食不仅仅给予支持,实际上也能使色生起。(《大复注》2-403。)
၄။ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန
4.“အာဟာရပစ္စယ အာဟာရသမုဋ္ဌာန”(āhāra-paccaya āhāra-samuṭṭhāna)
= အာဟာရ အထောက်အပံ့ ရှိသော အာဟာရကြောင့် ဖြစ်သောရုပ်
=食缘食生色,即由以食为资助缘的食所生之色。
အာဟာရပစ္စယအာဟာရသမုဋ္ဌာနံ နာမ အာဟာရသမုဋ္ဌာနေသု ရူပေသု ဌာနပ္ပတ္တာ သြဇာ အညံ သြဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ သြဇာ အညန္တိ ဧဝံ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ။ ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ ဒိဗ္ဗာ ပန သြဇာ ဧကမာသံ ဒွေမာသမ္ပိ ဥပတ္ထမ္ဘေတိ။ မာတရာ ပရိဘုတ္တာဟာရောပိ ဒါရကဿ သရီရံ ဖရိတွာ ရူပံ သမုဋ္ဌာပေတိ။ သရီရေ မက္ခိတာဟာရောပိ ရူပံ သမုဋ္ဌာပေတိ။
“所谓食缘食生色,是食所生诸色中的食素到达住时后,产生另一个食素八法聚;该聚中的食素又产生另一个,如此连接成10代或12代相续。一天所食之食甚至能资助7天;天界食素则能资助一两个月。母亲所食之食遍布胎儿身体而产生色法;涂敷于身体的食物也能产生色法。”
ကမ္မဇာဟာရော ဥပါဒိဏ္ဏကာဟာရော နာမ။ သောပိ ဌာနပ္ပတ္တော ရူပံ သမုဋ္ဌာပေတိ၊ တတြာပိ သြဇာ အညံ သမုဋ္ဌာပေတီတိ ဧဝံ စတဿော ဝါ ပဉ္စ ဝါ ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ-၂-၂၅၁။) သတ္တဝါတို့ စားမျိုအပ်သော ပကတိသော ကဗဠီကာရအာဟာရသည် ဥတုဇသြဇဋ္ဌမကရုပ်တို့၏ အပေါင်း အစုသာ ဖြစ်၏။ ယင်း ဥတုဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဥတုဇသြဇာ အသီးအသီးသည် ပါစကတေဇော ဓာတ် အမည်ရသော ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ သြဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေပြန်၏။ ယင်း ရုပ်တရားတို့ကား အာဟာရ (သြဇာ) ကြောင့် ဖြစ်သော အာဟာရသမုဋ္ဌာန် ရုပ်တို့တည်း။ ယင်း အာဟာရသမုဋ္ဌာန်ရုပ်တို့၌ ပါဝင်တည်ရှိသော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော သြဇာ သည် (နောက်နောက်သော အာဟာရသမုဋ္ဌာန် သြဇဋ္ဌမကရုပ်တို့၌ ပါဝင်တည်ရှိသော သြဇာ၏ အားပေး ထောက်ပံ့မှုကို ရရှိသောအခါ) အခြားတစ်ပါးသော သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ယင်း
“业生食称为已被执受食。它到达住时后也产生色;该色中的食素又产生另一个,如此连接成4代或5代相续。”众生通常吞下的段食,不过是时节生食素八法聚的集合。其中每一时节生食素得到称为消化火界的业生消化火资助后,便产生一批批新的食素八法聚。这些色法由食——食素——所生,因而是食所生色。这些食所生色中已经到达色之住时的食素,若得到后后食所生食素八法聚中食素的扶助、支持,便又产生另一个新的食素八法聚。这个——
သြဇဋ္ဌမက ရုပ်ကလာပ်အသစ်၌ ပါဝင်တည်ရှိသော သြဇာသည်လည်း (နောက်နောက်သော အာဟာရသမုဋ္ဌာန် သြဇဋ္ဌမကရုပ်တို့၌ ပါဝင်တည်ရှိသော သြဇာ၏ အားပေးထောက်ပံ့မှုကိုရရှိသောအခါ) အခြားတစ်ပါးသော သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ဤသို့လျှင် (၁ဝ)ကြိမ် (၁၂)ကြိမ်တို့ တိုင်အောင် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဤ သြဇဋ္ဌမကရုပ်သည် - အာဟာရပစ္စယ အာဟာရသမုဋ္ဌာန် = အာဟာရ အထောက်အပံ့ ရှိသော အာဟာရကြောင့် ဖြစ်သောရုပ် မည်၏။
——新食素八法聚中所含的食素,又在更后食所生食素八法聚中食素的扶助、支持下,再产生另一个新的食素八法聚。如此便把一批批新食素八法聚的生起连接到10代、12代。这种食素八法聚称为“အာဟာရပစ္စယ အာဟာရသမုဋ္ဌာန”(食缘食生色),即由以食为资助缘的食所生之色。
အဘယ်ကြောင့် အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်၏သာ (၁ဝ)ကြိမ် (၁၂)ကြိမ်သို့ တိုင်အောင် သြဇ- ဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေပါသနည်းဟု မေးရန် ရှိ၏။ အဖြေကား ---- တစ်နေ့၌ စားမျိုအပ်သော အစာအာဟာရသည် ခုနစ်ရက်ပတ်လုံးသော်လည်း စတုသမုဋ္ဌာနိကသြဇာကို နောက် ထပ် သြဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ဖြစ်အောင် အားပေးထောက်ပံ့နိုင်သော စွမ်းအား ရှိသောကြောင့် ဖြစ်၏။
有人会问:为什么只有食缘食生色能把一批批新的食素八法聚连接到10代、12代?答案是:一天所吞食的食物,具有甚至在7天内扶助、支持四因所生食素继续产生一批批新食素八法聚的力量。
原书第 681 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း နတ်သြဇာကား တစ်လ နှစ်လ ပတ်လုံးသော်လည်း စတုသမုဋ္ဌာနိကသြဇာအား နောက်ထပ် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ် ဖြစ်ပေါ်လာအောင် အားပေးထောက်ပံ့ထားနိုင်၏။ မိခင် စားမျိုအပ်သော အစာ အာဟာရသည်လည်း သူငယ်၏ ချက်တိုင်ရင်းမှ အစဥ်လျှောက်ကုန်သော အရသာကို ဆောင်ယူတတ်သော ရသဟရဏီအကြောတို့ဖြင့် သူငယ်၏ ကိုယ်ကို ပျံ့နှံ့၍ သြဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေ၏။
天界食素甚至能在一两个月内,支持四因所生食素继续产生一批批新的食素八法聚。母亲所食的食物,也会通过从胎儿脐根延伸的“ရသဟရဏီ”(rasaharaṇī,输味脉)遍布胎儿身体,产生一批批新的食素八法聚。
အမိဝမ်းတွင်းရှိ သူငယ်ကား အချင်းဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားအပ်၏။ သူငယ်အိမ်အချင်းသည် ခြားကွယ်အပ် သော သူငယ်၏ ကိုယ်၌ လူးလိမ်းသည်၏ အစွမ်းအားဖြင့် အာဟာရ၏ ကောင်းစွာ ယှဥ်ခြင်းသည် မဖြစ်သင့်ဟု သိရှိပါလေ။ ထိုကြောင့် မိခင် စားမျိုအပ်သော အစာအာဟာရသည် သူငယ်၏ ချက်တိုင်ရင်းမှ တစ်ဆင့် ရသ ဟရဏီအကြောတို့ဖြင့် သူငယ်၏ ကိုယ်ကို ပျံ့နှံ့၍ သြဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ခန္ဓာအိမ်၌ လိမ်းကျံအပ်သော အာဟာရသည်လည်း သြဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ဤကား ဥပါဒိန္နကအာဟာရ အနုပါဒိန္နကအာဟာရ ဟု နှစ်မျိုးရှိရာတွင် အနုပါဒိန္နက ဖြစ်သော အာဟာရလျှင် အကြောင်းအထောက်အပံ့ရှိသော စတုသမုဋ္ဌာနိက သြဇာ အာဟာရက သြဇဋ္ဌမကရုပ်ကို ဖြစ်စေပုံကို ပြဆိုချက်တည်း။
母胎中的胎儿被胎盘包覆、系缚;由于胎儿身体被胎盘隔开,不应认为食物能以涂抹于胎儿身体的方式与其充分结合。因此,母亲所食的食物,是经胎儿脐根、沿输味脉遍布胎儿身体而产生食素八法聚。涂敷在身体上的食物,也能产生食素八法聚。这是在已被执受食与无执受食两类之中,说明以无执受食为缘与资助的四因所生食素如何产生食素八法聚。
ကမ္မဇ ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော သြဇာကား ကမ္မဇ-အာဟာရတည်း။ ယင်း ကမ္မဇ-အာဟာရသည် ဥပါဒိန္နကအာဟာရ မည်၏။ ထို ဥပါဒိန္နကအာဟာရသည်လည်း (အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော သြဇာ၏ အထောက်အပံ့ကို ရရှိသဖြင့်) ရုပ်၏ ဌီခဏသို့ ရောက်ရှိသည် ဖြစ်၍ သြဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။
每一个业生色聚中所含的食素,都是业生食;这种业生食称为已被执受食。已被执受食得到食所生色中食素的资助后,到达色的住时,便产生食素八法聚。
ထိုသြဇဋ္ဌမကရုပ်ကား ဥပါဒိန္နက အာဟာရသည် ဖြစ်စေအပ်သော သြဇဋ္ဌမကရုပ်တည်း။ ယင်း သြဇဋ္ဌမကရုပ် ၌ ပါဝင်သော သြဇာသည်လည်း (အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော သြဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသဖြင့်) ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် အခြားတစ်ပါးသော သြဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏။ ဤသို့လျှင် (၄)ကြိမ်လည်း ဖြစ်ကုန်သော (၅)ကြိမ်လည်း ဖြစ်ကုန်သော ရုပ်ကလာပ်တို့၏ ဖြစ်စဥ်တို့ကို ဆက်စပ်စေ၏။
这种食素八法聚,是由已被执受食所产生的食素八法聚。该聚中所含的食素,也得到食所生色中食素的扶助、支持,在到达色的住时之际,又产生另一个食素八法聚。如此连接成4代或5代色聚相续。
ကမ္မပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်နှင့် တူ၏။
这与“业缘食生色”相同。
စူးစမ်းရမည့် အချက်တစ်ရပ်
一个应当审察的问题
ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (ပဋ္ဌာန-၁-၇။) စတုသန္တတိသမုဋ္ဌာနော ကဗဠီကာရာဟာရော ကိဉ္စာပိ ''ဣမဿ ကာယဿာ''တိ အဝိသေသတော ဝုတ္တော၊ ဝိသေသတော ပနာယမေတ္ထ အာဟာရသမုဋ္ဌာနရူပဿ ဇနကော စေဝ အနုပါလကော စ ဟုတွာ အာဟာရပစ္စယေန ပစ္စယော ဟောတိ၊ သေသတိသန္တတိသမုဋ္ဌာနဿ အနုပါလကောဝ ဟုတွာ အာဟာရ- ပစ္စယေန ပစ္စယော ဟောတိ။ (အဘိ-ဋ္ဌ-၃-၃၇၈။) ဤအရာတွင် စူးစမ်းဆင်ခြင်ရန် အချက်တစ်ရပ်ကို မူလဋီကာဆရာတော်က မှတ်ချက် ချပြထား၏။
“段食以食缘作为缘,资助此身。(《发趣论》1-7。)四种相续所生的段食,虽然以‘此身’作无差别的总说;但在这里特别而言,它对于食所生色,以产生者与随护者两种身份成为食缘;对于其余三种相续所生色,则只以随护者身份成为食缘。(《阿毗达磨义注》3-378。)”在这里,根本复注师提出了一个应当审察的问题。
အထက်ဖော်ပြပါ ပဋ္ဌာန်းအဋ္ဌကထာတွင် ---- ကံ-စိတ်-ဥတု-အာဟာရ-တည်းဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော စတုသန္တတိသမုဋ္ဌာန်ရုပ်အစဥ်တွင် တည်သော ကဗဠီကာရ အာဟာရ အမည်ရသော သြဇာသည် ဤ ရူပ ကာယအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု ဘုရားရှင်သည် ပဋ္ဌာန်းပစ္စယ နိဒ္ဒေသ၌ သာမည အားဖြင့်သာ ဟောကြားထားတော်မူသော်လည်း အထူးအားဖြင့်မူ ---- အာဟာရသမုဋ္ဌာန်ရုပ်အား တိုက်ရိုက် ဖြစ်စေတတ်သော ဇနကအာဟာရသတ္တိ၊ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအာဟာရသတ္တိ ဟူသော အာဟာရသတ္တိ နှစ်မျိုးဖြင့် ကျေးဇူးပြု၍ ကြွင်းကျန်သော ကံ-စိတ်-ဥတုကြောင့်ဖြစ်သော (၃)မျိုးသော တိသန္တတိ
在上述《发趣论》义注中,世尊在《发趣论·缘分别》仅作总说:存在于由业、心、时节、食4种因所生之四相续所生色相续中的食素,名为段食,它以食缘之力资助此色身;但特别而言,义注解释说:它以能直接产生食所生色的“能生食力”和能扶助、支持食所生色的“支持食力”这两种食力资助食所生色,而对其余由业、心、时节所生的三种色相续,则只以扶助、支持的“支持食力”——
原书第 682 页
ရုပ်အစဥ်အား အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အာဟာရသတ္တိဖြင့်သာ ကျေးဇူးပြုကြောင်း ဖွင့်ဆို ထား၏။ (အဘိ-ဋ္ဌ-၃-၃၇၈။) ဤနေရာတွင် မူလဋီကာဆရာတော်နှင့် အနုဋီကာဆရာတော်တို့က ဤသို့ ရှင်းပြထား၏။
——其余由业、心、时节三种因所生的色相续,则仅以能够维护、扶助的资助性食力给予助缘。缅文出处原文:“(အဘိ-ဋ္ဌ-၃-၃၇၈။)”(《阿毗达磨义注》3-378。)在这里,根本复注师与随复注师又作如下解释。
သေသတိသန္တတိသမုဋ္ဌာနဿ အနုပါလကောဝ ဟုတွာတိ ဧတ္ထ စိတ္တသမုဋ္ဌာနဿ အာဟာရပစ္စယဘာဝေါ ဝိစာရေတွာ ဂဟေတဗ္ဗော။ န ဟိ စိတ္တသမုဋ္ဌာနော ကဗဠီကာရော အာဟာရော နောစိတ္တသမုဋ္ဌာနော တဒုဘယဉ္စ စိတ္တသမုဋ္ဌာနကာယဿ အာဟာရပစ္စယော ဝုတ္တော။ တိဝိဓောပိ ပန သော နောစိတ္တသမုဋ္ဌာနကာယဿ ဝုတ္တောတိ။ (မူလဋီ-၃-၁၉ဝ။) သတိ ဟိ ပစ္စယဘာဝေ ''စိတ္တသမုဋ္ဌာနော ကဗဠီကာရာဟာရော စိတ္တသမုဋ္ဌာနဿ ကာယဿ အာဟာရ- ပစ္စယေန ပစ္စယော''တိအာဒိ ဝတ္တဗ္ဗံ သိယာ၊ န ပန ဝုတ္တံ၊ နောစိတ္တသမုဋ္ဌာနဿ ပန ဝုတ္တံ။ တေနာဟ ''တိဝိဓောပိ ။ ပ ။ ဝုတ္တော''တိ။ (အနုဋီ-၃-၂၅၈။) ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
“在‘对其余三种相续所生者仅作为维护者’这句话中,对于心所生色是否成立食缘,必须审察之后才可接受。因为经典并未说:心所生的段食、非心所生的段食以及二者兼具,对心所生色身成为食缘;反而说这三者都对非心所生色身成为食缘。”(《根本复注》“倘若确有这种缘性,经中便应说‘心所生的段食,以食缘缘于心所生色身’等;然而经中并未这样说,而是对非心所生者作了宣说。因此才说‘这三种……都被宣说〔为非心所生色身之缘〕’。”(《随复注》3-258。)其旨趣如下。
စတုသန္တတိသမုဋ္ဌာန်ရုပ်အစဥ်တွင် တည်ရှိသော ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇ ကလာပ်တို့တွင် ပါဝင်သော သြဇာသည် ဤ အာဟာရပစ္စည်းပိုင်း၌ ကဗဠီကာရအာဟာရ အမည်ရသည်သာ ဖြစ်ကြောင်း အထက်တွင် ရှင်းပြခဲ့ပြီး ဖြစ်၏။ ယင်းစတုသန္တတိသမုဋ္ဌာန် ကဗဠီကာရအာဟာရက ဤရူပကာယ အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုရာဝယ် အာဟာရသမုဋ္ဌာန်ရုပ်မှ ကြွင်းကျန်သော ကံ-စိတ်-ဥတုဟူသော (၃)မျိုးသော အကြောင်းတရား အသီးအသီးကြောင့် ဖြစ်သော တိသန္တတိသမုဋ္ဌာန်ရုပ်အစဥ်အား စောင့်ရှောက် တတ် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအာဟာရသတ္တိဖြင့်သာ ကျေးဇူးပြု၏ဟူသော အဋ္ဌကထာ ဆရာ တော်၏ စကားရပ်၌ စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရူပကာယအား ကဗဠီကာရ အာဟာရက စောင့်ရှောက် တတ် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှုကို စူးစမ်း ဆင်ခြင်၍ ယူပါ။ အကြောင်းကား ဤသို့တည်း။
前文已经说明:在业生聚、心生聚、时节生聚与食生聚这四种相续所生的色聚中,所含的食素,在这一食缘论中都称为“段食”。关于这种住于四种相续所生色中的段食,以食缘力资助这个色身,义注说:它对于除食所生色以外、分别由业、心、时节三种因所生的三种色相续,仅以维护、扶助的资助性食力给予助缘。在这段话中,必须审察段食究竟是否以资助性食缘力资助心所生色身。理由如下。
၁။ စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်-သြဇဋ္ဌမကရုပ်များတွင် ပါဝင်တည်ရှိသော ကဗဠီကာရ အာဟာရ အမည်ရသော သြဇာကိုလည်းကောင်း၊ ၂။ နောစိတ္တသမုဋ္ဌာန်ဖြစ်သော ကံ-ဥတု-အာဟာရ - အကြောင်း အသီးအသီးကြောင့် ဖြစ်သော ကမ္မဇ ရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်များတွင် ပါဝင်သော ကဗဠီကာရ အာဟာရ အမည်ရသော သြဇာကိုလည်းကောင်း၊ ၃။ ထို နှစ်မျိုးလုံးသော စိတ္တသမုဋ္ဌာန် နောစိတ္တသမုဋ္ဌာန်ရုပ်ကလာပ်များတွင် ပါဝင်သော ကဗဠီကာရ အာ ဟာရ အမည်ရသော သြဇာကိုလည်းကောင်း ---- ယင်း (၃)မျိုးလုံးသော သြဇာက စိတ်ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန်ရူပကာယ = ရုပ်တရားအပေါင်း အား စောင့်ရှောက်တတ် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အာဟာရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှုကို (စိတ္တသမုဋ္ဌာနဒုက၊ ပဥှဝါရ၊ ပစ္စယာနုလောမ ဝိဘင်္ဂဝါရ၌) ဘုရားရှင်သည် ဟောကြားထားတော် မမူခဲ့ပေ။
应分别考察下列3类食素:1.心所生的食素八法聚中所含、称为段食的食素;2.非心所生,即分别由业、时节、食所生的业生聚、时节生聚、食生聚中所含、称为段食的食素;3.上述心所生与非心所生两类色聚中所含的食素。对于这3类食素,世尊在“စိတ္တသမုဋ္ဌာနဒုက”(citta-samuṭṭhāna-duka,心所生二法)、“ပဥှဝါရ”(pañhavāra,问分)、“ပစ္စယာနုလောမ ဝိဘင်္ဂဝါရ”(paccayānuloma-vibhaṅgavāra,缘顺分别分)中,都未曾宣说它们以维护、资助的资助性食缘力缘于心所生色身。
အကယ်၍ ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုခဲ့သည် ဖြစ်အံ့။ ---- စိတ္တသမုဋ္ဌာနော ကဗဠီကာရော အာဟာရော စိတ္တသမုဋ္ဌာနဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော၊
倘若它们确实以资助性食缘力资助心所生色“心所生的段食,以食缘缘于心所生色身。”——
原书第 683 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း = စိတ်ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန် ရုပ်ကလာပ်များတွင် ပါဝင်သော ကဗဠီကာရ အာဟာရ အမည်ရသော သြဇာသည် စိတ်ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန်ရူပကာယ = ရုပ်တရားအပေါင်းအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ ---- ဤသို့ စသည်ဖြင့် ဘုရားရှင် ဟောကြားတော်မူခဲ့သည် ဖြစ်ရာ၏။ သို့သော် ဘုရားရှင်သည် ဟောကား မဟောခဲ့ပေ။
——也就是:“心生色聚中所含、称为段食的食素,以食缘力资助心所生色身,即一切心所生色法。”经中理应如此等开示;然而世尊实际上并未这样开示。
အလျော်အားဖြင့်ဆိုရမူ - အထက်တွင် ဖော်ပြထားသော စိတ္တသမုဋ္ဌာန်၊ နောစိတ္တသမုဋ္ဌာန်၊ တဒုဘယ = စိတ္တသမုဋ္ဌာန် နောစိတ္တသမုဋ္ဌာန် နှစ်ပါးစုံ ဟူသော (၃)မျိုးသော ကဗဠီကာရ အာဟာရအမည်ရသော သြဇာကို နောစိတ္တသမုဋ္ဌာန်ဖြစ်သော ကမ္မသမုဋ္ဌာန်ရူပကာယ၊ ဥတုသမုဋ္ဌာန်ရူပကာယ၊ အာဟာရသမုဋ္ဌာန်ရူပကာယအား ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှုကို ဘုရားရှင် ဟောကြားတော်မူခဲ့ပေသည်။ ထိုကြောင့် အထက် ပါ အဋ္ဌကထာဆရာတော်၏ စကားကို စိစစ်၍ ယူပါဟု ဆိုလိုသည်။
合理的结论是:前述心所生、非心所生,以及二者兼具这3类称为段食的食素,世尊确曾宣说它们以资助性食缘力资助非心所生的色身,即业所生色身、时节所生色身与食所生色身。因此,根本复注与随复注的意思是:应当对上述义注之说审察辨明之后再予接受。
ဤ အထက်ပါ ဋီကာဆရာတော်များ၏ မှတ်ချက်အရ - ဤ အာဟာရပစ္စည်းပိုင်း၌ စိတ္တဇရုပ်ကလာပ် တစ်ခုတွင် ပါဝင်သော ကဗဠီကာရ အာဟာရ အမည်ရသော သြဇာသည် အခြားအခြားသော စိတ္တဇရုပ်ကလာပ် တစ်ခုတွင် ပါဝင်သော သြဇာအား ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူး မပြုနိုင်ဟု မှတ်ပါ။ အလားတူပင် ကမ္မဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်များတွင် ပါဝင်သော သြဇာ အသီးအသီးကလည်း စိတ္တသမုဋ္ဌာန်ရုပ်ကလာပ်များတွင် ပါဝင်သော သြဇာ အသီးအသီးအား ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူး မပြုနိုင်ဟု မှတ်ပါ။
根据上述复注师的说明,应当知道:这一食缘论中,一个心生色聚内称为段食的食素,不能以资助性食缘力资助另一个心生色聚内的食素。同样,业生色聚、时节生色聚、食生色聚中各自所含的食素,也不能以资助性食缘力资助各个心生色聚中所含的食素。
တစ်ဖန် စိတ္တသမုဋ္ဌာန်ရုပ်ကလာပ်များတွင် ပါဝင်သော သြဇာက ကမ္မသမုဋ္ဌာန် ဥတုသမုဋ္ဌာန် အာဟာရ သမုဋ္ဌာန်ရုပ်ကလာပ် အသီးအသီးတွင် ပါဝင်သော သြဇာနှင့်တကွသော ရူပကာယအား ဥပတ္ထမ္ဘက အာဟာရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ကမ္မသမုဋ္ဌာန် ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန် ဖြစ်သော ကဗဠီကာရ အာဟာရ အမည်ရသော အသီးအသီးသော သြဇာကလည်း အခြားအခြားသော သြဇာနှင့် တကွသော ကမ္မသမုဋ္ဌာန် ရူပကာယ၊ ဥတုသမုဋ္ဌာန်ရူပကာယ၊ အာဟာရသမုဋ္ဌာန်ရူပကာယ အသီးအသီးအား ဥပတ္ထမ္ဘက အာဟာရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု မှတ်သားပါလေ။
反过来说,心生色聚中所含的食素,能够以资助性食缘力资助业所生、时节所生、食所生各类色聚中的食素以及与这些食素同聚的色身。业生色聚、时节生色聚、食生色聚中各自称为段食的食素,每一种也都能够以资助性食缘力,资助其他食素以及业所生、时节所生、食所生这三类非心生色身。应当如此记住。
၅။ အာဟာရပစ္စယ ဥတုသမုဋ္ဌာန
5.“အာဟာရပစ္စယ ဥတုသမုဋ္ဌာန”(āhāra-paccaya utu-samuṭṭhāna)
= အာဟာရဟူသော အထောက်အပံ့ ရှိသော ဥတုကြောင့် ဖြစ်သောရုပ်
=以食为资助缘、由时节直接产生之色,即食缘时节生色
အာဟာရပစ္စယဥတုသမုဋ္ဌာနံ နာမ အာဟာရသမုဋ္ဌာနာ တေဇောဓာတု ဌာနပ္ပတ္တာ ဥတုသမုဋ္ဌာနံ သြဇဋ္ဌမကံ သမုဋ္ဌာပေတိ။ (ဝိသုဒ္ဓိ-၂-၂၅၁။) အာဟာရပစ္စယဥတုနောပိ ဥတုပစ္စယာဟာရဿ ဝိယ ဒသ ဒွါဒသ ဝါရေ ပဝတ္တိဃဋနာ ဝေဒိတဗ္ဗာ။
“所谓食缘时节生色,是食所生色中的火界到达住时后,产生由时节所生的食素八法聚。”(《清净道论》2-251。)巴利《大复注》引文起句(续U008,缅文转写):“အာဟာရပစ္စယဥတုနောပိ ဥတုပစ္စယာဟာရဿ ဝိယ ဒသ ဒွါဒသ ဝါရေ ပဝတ္တိဃဋနာ ဝေဒိတဗ္ဗာ။”译:“对于以食为缘的时节,也应如以时节为缘的食那样,了知其转起连接成10次或12次。”
ဝုတ္တနယတ္တာ န ဥဒ္ဓတန္တိ ဝဒန္တိ။ (မဟာဋီ-၂-၄ဝ၃။) = စားမျိုအပ်သော အစာအာဟာရ-ဥတုဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော သြဇာကြောင့် (ကမ္မဇဝမ်းမီး၏ အထောက်အပံ့ဖြင့်) ဖြစ်ပေါ်လာကြသော သြဇဋ္ဌမက-အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ရုပ်ကလာပ်တိုင်း၌ တေဇော ဓာတ် ပါဝင်လျက် ရှိ၏။ ယင်း တေဇောဓာတ်ကား အာဟာရသမုဋ္ဌာန် တေဇောဓာတ်တည်း။ ယင်း အာဟာရ သမုဋ္ဌာန် တေဇောဓာတ်သည် ရုပ်၏ ဌီကာလသို့ ရောက်ရှိသောအခါ ဥတုသမုဋ္ဌာန် သြဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။
“诸师说,因为其方法已经说明,所以没有再次举出。”(《大复注》2-403。)众生所食的食物,是由时节所生的食素八法聚;其中的食素借助业生消化火的资助,产生食素八法的食所生色。每一个这样的食所生色聚都含有火界,即食所生火界。这个食所生火界到达色法的住时,便产生由时节所生的食素八法聚。
ဤသြဇဋ္ဌမကရုပ်သည် အာဟာရလျှင် အကြောင်း အထောက်အပံ့ရှိသော တေဇောဓာတ်ဥတုကြောင့် ဖြစ်သော အာဟာရပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ-၂-၂၅၁။)
这一食素八法聚,是由以食为助缘的火界、时节所直接产生,故称“အာဟာရပစ္စယ ဥတုသမုဋ္ဌာနရုပ်”(āhāra-paccaya utu-samuṭṭhāna-rūpa),即食缘时节生色。缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၅၁။)”(《清净道论》2-251。)
原书第 684 页
အာဟာရလျှင် အကြောင်း အထောက်အပံ့ရှိသော ဥတု၏လည်း ဥတုလျှင် အကြောင်းအထောက်အပံ့ ရှိသော အာဟာရ၏ကဲ့သို့ (၁ဝ)ကြိမ် (၁၂)ကြိမ်တို့ တိုင်တိုင် ရုပ်တို့၏ ဖြစ်စဥ်ကို ဆက်စပ်စေခြင်းကို သိရှိအပ် ပေ၏။ ဖွင့်ဆိုအပ်ခဲ့ပြီးသော နည်းရှိသည်၏ အဖြစ်ကြောင့် မထုတ်ပြအပ်ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြ၏။
以食为助缘的时节,也像以时节为助缘的食一样,应知能把诸色的相续连接至10次或12次。诸师说,因为这一方法前面已经说明,所以此处不再另行举出。
(မဟာဋီ-၂-၄ဝ၃။)
缅文出处原文:“(မဟာဋီ-၂-၄ဝ၃။)”(《大复注》2-403。)
တတြာယံ အာဟာရော အာဟာရသမုဋ္ဌာနာနံ ဇနကော ဟုတွာ ပစ္စယော ဟောတိ၊ သေသာနံ နိဿ- ယာဟာရအတ္ထိအဝိဂတဝသေနာတိ ဧဝံ အာဟာရဇရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ-၂-၂၅၁။) သေသာနန္တိ ကမ္မစိတ္တဥတုသမုဋ္ဌာနံ တိသန္တတိရူပါနံ။ ကဗဠီကာရော ဟိ အညာဟာရသမုဋ္ဌိတဿ၊ တိသန္တတိရူပါနဉ္စ ဥပတ္ထမ္ဘကဝသေန အတ္တနာ ဥပ္ပါဒိတဿ ဇနကော ဟုတွာ ပစ္စယော ဟောတိ။ ဧဝံ အာဟာရ- ပစ္စယော ဟောန္တောယေဝ အတ္ထိအဝိဂတဝသေနာပိ ပစ္စယော ဟောတိ၊ နိဿယဘာဝေါ ပန ပဋ္ဌာနနယေန နတ္ထိ။ အာဟာရပစ္စယာ ပဝတ္တမာနာနိ ရူပါနိ အာဟာရနိဿယာနိ နာမ ဟောန္တီတိ သုတ္တန္တနယေန ဝုတ္တောတိ ဒဋ္ဌဗ္ဗော။ ပရတော ဥတုနော နိဿယဇောတနာယပိ ဧသေဝ နယော။ (မဟာဋီ-၂-၄ဝ၃-၄ဝ၄။) ထို အာဟာရဇရုပ်ဖြစ်ပုံအပိုင်းတွင် စားမျိုအပ်သော ကဗဠီကာရ အာဟာရသည် သို့မဟုတ် စားမျိုအပ် သော ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော သြဇာသည် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရခဲ့သော်
“在这里,这一食作为能生因,成为食所生诸色的缘;对于其余诸色,则以依止、食、存在、不离诸方式为缘。应当如是观见食生色的生起。”(《清净道论》“‘其余诸色’是指由业、心、时节所生的三种色相续。段食对于由另一食所生者以及这三种色相续,以扶助方式为缘;对于由自己所产生者,则作为能生因而为缘。它在以食缘为缘的同时,也以存在与不离的方式为缘;但依《发趣论》的方法,并不成立依止缘。经中说‘依食缘而转起的诸色,名为以食为所依’,应知这是依经藏方法而说。下文显示时节之依止时,也同样依此方法。”(《大复注》2-403—404。)在这一食生色的生起方式中,所食的段食,也就是所食时节生食素八法聚中所含的食素,若获得业生消化火的资助,便——
သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏။ ယင်း အသစ်ဖြစ်ပေါ်လာသော သြဇဋ္ဌမကရုပ်တို့ကား ကဗဠီကာရအာဟာရ = သြဇာကြောင့် ဖြစ်ပေါ်လာရသည့်အတွက် အာဟာရသမုဋ္ဌာန်ရုပ်တို့ မည်၏။ သို့အတွက် ကဗဠီကာရအာဟာရ = သြဇာသည် အာဟာရသမုဋ္ဌာန်ရုပ်တို့အား တိုက်ရိုက်ဖြစ်စေတတ်သော ဇနက အကြောင်း တရား ဖြစ်၍ ကျေးဇူးပြုပေးတတ်၏။ ကြွင်းကုန်သော ကမ္မသမုဋ္ဌာန် စိတ္တသမုဋ္ဌာန် ဥတုသမုဋ္ဌာန်ဟူသော တိ သန္တတိရုပ်တို့အား နိဿယသတ္တိ အာဟာရသတ္တိ အတ္ထိသတ္တိ အဝိဂတသတ္တိအားဖြင့် အားပေး ထောက်ပံ့တတ် သော ဥပတ္ထမ္ဘကအကြောင်း ပစ္စယအကြောင်းတရား အဖြစ်ဖြင့် ကျေးဇူးပြုပေးတတ်၏။ ဤသို့လျှင် အာဟာ- ရဇရုပ်၏ ဖြစ်ပုံကို မြင်အောင် ရှုပါ။ (ဝိသုဒ္ဓိ-၂-၂၅၁။) အလုတ်အလွေးပြု၍ စားမျိုအပ်သော ကဗဠီကာရ အာဟာရသည် သို့မဟုတ် စားမျိုအပ်သော ဥတုဇ- သြဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော သြဇာသည် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ဖြင့် သြဇဋ္ဌမက-အာဟာ
——产生新的食素八法聚。这些新生的食素八法聚,因为由段食即食素所产生,所以称为食所生色。因此,段食即食素,作为直接产生食所生色的能生因而给予助缘;对于其余由业、心、时节所生的三种色相续,则以依止缘力、食缘力、存在缘力、不离缘力,作为维护、扶助的资助因而给予助缘。应当如是观见食生色的生起。缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၅၁။)”(《清净道论》2-251。)所食的段食,即所食时节生食素八法聚中所含的食素,借助业生消化火的资助,直接产生食素八法的——
ရ သမုဋ္ဌာန်ရုပ်တို့အား တိုက်ရိုက်ဖြစ်စေ၏။ သို့အတွက် မိမိသည် ဖြစ်စေအပ်သော သြဇဋ္ဌမက အာဟာရ သမုဋ္ဌာန်ရုပ်တို့အား ယင်း ကဗဠီကာရအာဟာရ = သြဇာက ဇနကသတ္တိဖြင့် ကျေးဇူးပြုပေး၏။
——食所生色。因此,对于自己直接产生的食素八法食所生色,段食即食素以能生力给予助缘。
ယင်း အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော သြဇာသည်လည်း ကဗဠီကာရအာဟာရလျှင် တည်ရာ ဝတ္ထု ရှိသောကြောင့် ဌာနူပစာရအားဖြင့် ကဗဠီကာရအာဟာရပင် မည်ကြောင်း အထက်တွင် ရှင်းပြခဲ့၏။ ယင်း အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော ကဗဠီကာရအာဟာရ = သြဇာသည် ---- ၁။ အခြားသော ကဗဠီကာရအာဟာရကြောင့် ဖြစ်သော အာဟာရသမုဋ္ဌာန်ရုပ်အားလည်းကောင်း၊ တစ်နည်း - ယင်း အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော သြဇာအားလည်းကောင်း၊ (အကြောင်း- သြဇာနှင့် အကျိုးသြဇာတို့မှာ ကလာပ်တူ မဟုတ်ဘဲ ကလာပ်ကွဲပြားသည်ဟု ဆိုလိုသည်။) ၂။ ကမ္မသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း၊ တစ်နည်း ကမ္မဇသြဇာအားလည်းကောင်း၊ ၃။ စိတ္တသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း၊ တစ်နည်း စိတ္တဇသြဇာအားလည်းကောင်း၊ ၄။ ဥတုသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း၊ တစ်နည်း ဥတုဇသြဇာအားလည်းကောင်း ---- နိဿယ-အတ္ထိ-အဝိဂတ ဟူသော အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက = ပစ္စယအကြောင်းတရား
前文已经说明:食所生色中所含的食素,因为住于以段食为所依之物中,依处所借称也称为段食。食所生色中这一称为段食的食素,以维护、扶助的依止、存在、不离诸缘力,资助下列诸色:1.由另一段食所生的食所生色,换言之,即其中所含的另一食素〔因食素与果食素不在同一色聚,而属于不同色聚〕;2.业所生色,换言之,即业生食素;3.心所生色,换言之,即心生食素;4.时节所生色,换言之,即时节生食素。它以这些资助性缘力——
原书第 685 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၏ အစွမ်းဖြင့် ကျေးဇူးပြုပေး၏။
——给予助缘。
နိဿယ - မှီရာ အကြောင်းတရား
“နိဿယ”(nissaya)=依止,即作为所依的缘
၁။ နာမ်ခန္ဓာ (၄)ပါး အချင်းချင်း တစ်ပါးသည် တစ်ပါးအား၊ ၂။ မဟာဘုတ် (၄)ပါး အချင်းချင်း တစ်ပါးသည် တစ်ပါးအား၊ ၃။ ပဋိသန္ဓေအခါ၌ နာမ်-ရုပ် အချင်းချင်း တစ်ပါးသည် တစ်ပါးအား၊ ၄။ စိတ်-စေတသိက်တို့က စိတ္တဇရုပ် = စိတ္တသမုဋ္ဌာန်ရုပ်တို့အား၊ ၅။ မဟာဘုတ်တို့က ဥပါဒါရုပ်တို့အား ---- မှီရာ နိဿယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ (ပဋ္ဌာန-၁-၅။) ထိုတွင် သြဇာဟူသော ဥပါဒါရုပ်က သြဇဋ္ဌမကရုပ်ဟူသော ဘူတရုပ် ဥပါဒါရုပ်တို့အား ကျေးဇူးပြုမှု သည် နိဿယပစ္စည်းပိုင်း၌ မရှိပေ။ သို့အတွက် မဟာဋီကာဆရာတော်က - နိဿယဘာဝေါ ပန ပဋ္ဌာနနယေန နတ္ထိ = နိဿယပစ္စည်း၏ အဖြစ်သည် ပဋ္ဌာန်းနည်း၌ မရှိပါ ဟု ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ သို့သော် အာဟာရ ကြောင့် ဖြစ်ပေါ်လာကုန်သော ရုပ်တရားတို့သည် အာဟာရလျှင် မှီရာ ရှိသော ရုပ်တရားတို့ မည်ကုန်၏ဟု နှလုံးပိုက်တော်မူ၍ သုတ္တန်နည်း၏ အစွမ်းဖြင့် အဋ္ဌကထာဆရာတော် ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်ဟု မှတ်ပါ။
下列诸法以依止缘力相互资助:1.4名蕴彼此之间,一蕴资助另一蕴;2.四大种彼此之间,一大种资助另一大种;3.结生时名与色彼此互相资助;4.心与心所资助心所生色,即心生色;5.诸大种资助所造色。缅文出处原文:“(ပဋ္ဌာန-၁-၅။)”(《发趣论》1-5。)在这些情形中,食素属于所造色;说它资助食素八法聚中的大种色与所造色,在依止缘论中并不成立“然而,依《发趣论》的方法,并不存在依止缘这一性质。”不过,义注师是着眼于“依食而生起的诸色,名为以食为所依之色”,依经藏方法作此说明。应当如此理解。
နောက်၌ လာရှိမည့် ဥတု၏ နိဿယပစ္စည်း အဖြစ်ကို ထွန်းပြရာ၌လည်း ဤ နည်းအတိုင်းပင် မှတ်ပါ။
下文说明时节作为依止缘时,也应当依照同一方法理解。
အတ္ထိ ---- အကြောင်းဖြစ်သော အားပေးထောက်ပံ့တတ်သည့် အာဟာရသမုဋ္ဌာန်သြဇာနှင့် အကျိုးဖြစ်သော ကမ္မဇသြဇာ စိတ္တဇသြဇာ ဥတုဇသြဇာ အာဟာရဇသြဇာ ဟူသော စတုသမုဋ္ဌာနိကသြဇာသည် ထင်ရှားရှိနေခိုက် ကျေးဇူးပြုပေးသော သတ္တိကို အတ္ထိပစ္စယသတ္တိဟု ခေါ်ဆို၏။
“အတ္ထိ”(atthi,存在)——作为因、能给予扶助的食所生食素,与作为果的业生食素、心生食素、时节生食素、食生食素这四种食素同时仍然存在时,因法所具有的资助能力,称为“အတ္ထိပစ္စယသတ္တိ”(atthi-paccaya-satti,存在缘力)。
အဝိဂတ ---- ယင်း အကြောင်း အကျိုး နှစ်ရပ်လုံးတို့ မကင်းမီ မချုပ်မီ အချင်းချင်း ကျေးဇူးပြုပေးသော သတ္တိကို အဝိဂတပစ္စယသတ္တိဟု ခေါ်ဆို၏။ ဤသို့လျှင် အာဟာရပစ္စည်းသည် အကြောင်းပစ္စည်းတရား အကျိုး ပစ္စယုပ္ပန်တရား နှစ်မျိုးလုံးတို့၏ ထင်ရှားဖြစ်နေတုန်း ရှိနေတုန်းမှာသာလျှင် အတ္ထိသတ္တိ အဝိဂတသတ္တိတို့ဖြင့် လည်း ကျေးဇူးပြု၏၊ သုတ္တန်နည်း အလိုအားဖြင့် နိဿယသတ္တိဖြင့်လည်း ကျေးဇူးပြု၏ဟု မှတ်သားပါလေ။
“အဝိဂတ”(avigata,不离)——因与果双方在尚未分离、尚未灭去以前彼此资助的能力,称为“အဝိဂတပစ္စယသတ္တိ”(avigata-paccaya-satti,不离缘力)。因此应当知道:食缘只有在作为因的缘法与作为果的缘生法双方都仍然显现、仍然存在时,才以存在缘力与不离缘力给予助缘;依经藏方法,也可以说它以依止缘力给予助缘。
(မဟာဋီ-၂-၄ဝ၃-၄ဝ၄။)
缅文出处原文:“(မဟာဋီ-၂-၄ဝ၃-၄ဝ၄။)”(《大复注》2-403—404。)
ဤကဲ့သို့သော အာဟာရဇရုပ်၏ ဖြစ်မှုကိုကား နိဗ္ဗာနကို လိုလားတောင့်တလျက်ရှိသော အသင်ယောဂါ ဝစရ ပုဂ္ဂိုလ်သူမြတ်သည် ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုပွားရမည် သာ ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၂-၂၅၁။)
渴望证得涅槃的禅修行者,应当以智慧之眼亲自现前、洞彻知见,如此观修食生色的生起。缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၅၁။)”(《清净道论》2-251。)
ဥတုဇရုပ်တို့၏ ဖြစ်ပေါ်ပုံ
时节生色的生起方式
ဥတုဇရုပ်တို့၌လည်း ---- ၁။ ဥတု၊ ၂။ ဥတုသမုဋ္ဌာန၊ ၃။ ဥတုပစ္စယ၊ ၄။ ဥတုပစ္စယ ဥတုသမုဋ္ဌာန၊ ၅။ ဥတုပစ္စယ အာဟာရသမုဋ္ဌာန ---- ဤ (၅)မျိုးသော ခွဲခြား ဝေဖန်မှုကို သိသင့်ပေသည်။
对于时节生色,也应了知如下5种分析:1.“ဥတု”(utu)=时节;2.“ဥတုသမုဋ္ဌာန”(utu-samuṭṭhāna)=时节所生色;3.“ဥတုပစ္စယ”(utu-paccaya)=时节缘色;4.“ဥတုပစ္စယ ဥတုသမုဋ္ဌာန”(utu-paccaya utu-samuṭṭhāna)=时节缘时节生色;5.“ဥတုပစ္စယ အာဟာရသမုဋ္ဌာန”(utu-paccaya āhāra-samuṭṭhāna)=时节缘食生色。
原书第 686 页
၁။ ဥတု = တေဇောဓာတ်
1.“ဥတု”(utu,时节)=火界
တတ္ထ ဥတု နာမ စတုသမုဋ္ဌာနာ တေဇောဓာတု၊ ဥဏှဥတုသီတဥတူတိ ဧဝံ ပနေသ ဒုဝိဓော ဟောတိ။
“在这五种之中,所谓时节,就是由四种生因所生的火界;又可如此分为热时节与冷时节两种。”
(ဝိသုဒ္ဓိ-၂-၂၅၁။)
缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၅၁။)”(《清净道论》2-251。)
ထို (၅)မျိုးတို့တွင် ကံ-စိတ်-ဥတု-အာဟာရ ဟူသော (၄)မျိုးသော အကြောင်းတရားကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ်တိုင်း၌ ပါဝင်သော တေဇောဓာတ်သည် ဥတု မည်၏။ ဤ ဥတုသည်ကား ဥဏှဥတု = အပူဥတု၊ သီတဥတု = အအေးဥတုဟု နှစ်မျိုး ရှိ၏။ (ဝိသုဒ္ဓိ-၂-၂၅၁။) ကမ္မသမုဋ္ဌာန်ဥတုစသော (၄)မျိုးလုံးသော ဥတုသည် ဥတုဇရုပ်ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ် ကြောင့် စတုသမုဋ္ဌာန် ရုပ်ကလာပ်တိုင်း၌ တည်ရှိသော တေဇောဓာတ်သည် ဥတုမည်ကြောင်း အဋ္ဌကထာ ဆရာတော် ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ ဤဥတုသည် တေဇောဓာတ်၏ အဖြစ်ဖြင့် အထူး မရှိငြားသော်လည်း ထက်သည်၏အဖြစ် နုံ့သည်၏အဖြစ်ဟူသော တိက္ခ-မန္ဒ ဂုဏ်ထူး ဝိသေသဖြင့် ---- ၁။ ထက်မြက်သော တိက္ခ - တေဇောဓာတ်ကို ဥဏှဥတုဟုလည်းကောင်း၊ ၂။ နုံ့သော မန္ဒ - တေဇောဓာတ်ကို သီတဥတုဟုလည်းကောင်း ---- ခေါ်ဆိုလိုက်သဖြင့် ဤသို့ နှစ်မျိုး ကွဲပြားသွားခြင်း ဖြစ်ပေသည်။ (မဟာဋီ-၂-၄ဝ၄။)
在这5种分析中,由业、心、时节、食这4种因所显现生起的业生色聚、心生色聚、时节生色聚与食生色聚,每一色聚中所含的火界,都称为“时节”。这种时节有两类:“ဥဏှဥတု”(uṇha-utu)=热时节,“သီတဥတု”(sīta-utu)=冷时节。(《清净道论》2-251。)由于业所生时节等4类时节全都具有产生时节生色的能力,义注师才开示:一切由四种因所生的色聚中,其火界都称为时节。时节作为火界,虽没有本质上的差别,却依“တိက္ခ-မန္ဒ”(tikkha-manda)即强锐与微弱的品质差别而分为:1.强锐的“တိက္ခ”(tikkha)火界,称为热时节;2.微弱的“မန္ဒ”(manda)火界,称为冷时节。由这样的称名,时节便分成两类。(《大复注》2-404。) 缅文引据原串:“(ဝိသုဒ္ဓိ-၂-၂၅၁။)” 缅文引据原串:“(မဟာဋီ-၂-၄ဝ၄။)”。
မဟာဋီကာ ဒုတိယတွဲ (၁ဝ၈-၁ဝ၉)တို့၌လည်း အောက်ပါအတိုင်း ရှင်းလင်းထား၏။
《大复注》第二册第108—109页也作了如下说明。 缅文引据原串:“မဟာဋီကာ ဒုတိယတွဲ (၁ဝ၈-၁ဝ၉)”。
ပထဝီ တေဇော ဝါယော ဟူသော ဓာတ် (၃)ပါးအပေါင်းသည် ဖောဋ္ဌဗ္ဗ မည်၏။ ဤ ဖောဋ္ဌဗ္ဗာရုံ၌ အာပေါဓာတ်ကို အဘယ်ကြောင့် မယူအပ်သနည်း? အေးမှု သဘောတရားကို တွေ့ထိ၍ ရယူနိုင်သည် မဟုတ် လော? ထိုအေးမှု သဘောတရားသည်လည်း အာပေါဓာတ်ပင် မဟုတ်ပါလော? ဤသို့ မေးငြားအံ့။ အေးမှု သဘောတရားကို တွေ့ထိ၍ ယူအပ်သည် ယူနိုင်သည် = တွေ့ထိ စမ်းသပ်ကြည့်က သိနိုင်သည်ကား မှန်၏၊ ထိုသို့ မှန်သော်ငြားလည်း ထိုအေးမှု သဘောတရားသည် အာပေါဓာတ် မဟုတ်ပေ၊ ယင်းသို့ ဖြစ်လျှင် ထိုအေးမှု သဘောတရားသည် အဘယ်နည်းဟု မေးငြားအံ့၊ တေဇောဓာတ်သာလျှင် ဖြစ်၏။
地界、火界、风界这3界合称为“所触”。在这一触所缘中,为什么不摄取水界呢?难道冷性不是可以由接触而得知的吗?那种冷性不也正是水界吗?若有人如此发问,答曰:冷性确实可以通过接触而取得、通过触试而得知;这一点诚然不假。然而,那种冷性并不是水界。若再问:“那么,冷性究竟是什么?”它唯是火界。
မှန်ပေသည် -- ပူမှုသဘောတရားသည် နုံ့လတ်သော် သို့မဟုတ် နုံ့သော ပူမှုသဘောတရား၌ အေးသည် ဟု သိခြင်းသည် ဖြစ်ပေါ်လာ၏။ မှန်ပေသည် အေးသည်မည်သော တစ်စုံတစ်ခုသော ဂုဏ်သည် မရှိသည်သာ ဖြစ်၏။ (အေးမှုသည် တေဇောဓာတ်၏ ဂုဏ်သတ္တိသာ ဖြစ်၍ တေဇောဓာတ်မှ တစ်ပါးသော အခြား တစ်စုံ တစ်ခုသော ပရမတ်တရား၏ ဂုဏ်သတ္တိ မဟုတ်ဟု ဆိုလိုသည်။) စင်စစ်သော်ကား သက်သက်သော ပူမှုသဘောတရား၏ နုံ့သည်၏အဖြစ် = အားပျော့သည်၏အဖြစ် သည် ထင်ရှားရှိလတ်သော် အေးမှု သဘောတရားဟု ထင်မှတ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ဤအနက်သဘောကို အဘယ်သို့လျှင် သိအပ်ပါသနည်း? ဤသို့ မေးငြားအံ့ ---- အေးသည်ဟု သိခြင်းသည် ဤမှာဘက်ကမ်းနှင့် ထိုမှာဘက်ကမ်း၌ သိခြင်းကဲ့သို့ မှတ်ပါ၊ မတည်တံ့သော သဘော ရှိသောကြောင့် ဖြစ်၏။
确实,当热性变得微弱,或者在微弱的热性中,认知为“冷”的心便会生起。实际上,并不存在另一种名为“冷”的独立性质。(意思是:冷性只是火界的性质,并不是火界以外某一种究竟法的性质。)确切地说,当热性本身的微弱、势力薄弱这一面变得明显时,便会被认作冷性。若问:“应当怎样理解这一层意思?”答曰:应当把“冷”的认知理解成如同对河流两岸使用“此岸”“彼岸”的称谓一样;因为这种判定并不恒定。
မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းနေသော မြစ်တစ်ခု ရှိသည် ဆိုကြစို့၊ မြစ်၏ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းဟု ကမ်းနှစ်ခု ရှိနေ၏။ ထိုတွင် အရှေ့ဘက်ကမ်း၌ ရပ်တည်နေသူအဖို့ အရှေ့ဘက်ကမ်း သည် ''ဤမှာဘက်ကမ်း'' အနောက်ဘက်ကမ်းသည် ''ထိုမှာဘက်ကမ်း'' ဖြစ်၏။ တစ်ဖန် အနောက်ဘက်ကမ်း၌ ရပ်တည်နေသူအဖို့ အနောက်ဘက်ကမ်းသည် ''ဤမှာဘက်ကမ်း'' ဖြစ်၍ အရှေ့ဘက်ကမ်းသည် ''ထိုမှာ ဘက်
假设有一条河从北向南流,河的东西两侧各有一岸。对站在东岸的人而言,东岸是“此岸”,西岸是“彼岸”;反过来,对站在西岸的人而言,西岸是“此岸”,东岸则成了“彼——
原书第 687 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ကမ်း'' ဖြစ်ပြန်၏။ သို့အတွက် ဤမှာဘက်ကမ်း ထိုမှာဘက်ကမ်းဟူသော ဝေါဟာရများသည် အမြဲ တည်တံ့သော ဝေါဟာရများ မဟုတ်ကြပေ။ အလားတူပင် ပူမှု သဘော အေးမှု သဘောတရားတို့လည်း အမြဲ တည်တံ့သော သဘောတရားများ မဟုတ်ပေ။
——岸”。因此,“此岸”“彼岸”并不是恒常固定的称谓。同样,热性与冷性的判定也不是恒常固定不变的。
ထင်ရှားစေအံ့ ---- အလွန်ပူပြင်းသော နွေကာလ၌ နေပူထဲ၌ တည်နေပြီးနောက် အရိပ်ထဲသို့ ဝင်ရောက် လာကုန်သော သူတို့အား (အရိပ်အတွင်း၌) အေးသည်ဟု သိခြင်းသည် ဖြစ်ပေါ်လာ၏။ သို့သော်လည်း အလွန် အေးမြသော မြေတိုက်အတွင်းမှ (လှိုဏ်အတွင်းမှ) တက်ရောက်လာသော သူတို့အဖို့ ထို အရိပ် အရပ်၌ပင်လျှင် ပူသည်ဟု သိခြင်းသည် ဖြစ်ပေါ်လာ၏။ သို့အတွက် ပူမှု အေးမှု သဘောတရားသည် အမြဲတမ်း ပုံသေ သတ် မှတ်၍ ရသော ဝေါဟာရ မဟုတ်ပေ။
例如,在酷热的夏季里,先站在烈日下、随后走进阴影的人,会在阴影中生起“冷”的认知;可是,从极其阴冷的地下室(或洞穴)中上来的人,在同一片阴影里反会生起“热”的认知。因此,“热”“冷”并不是始终能够固定判定的称谓。
ဆိုဖွယ် အပြစ် ရှိသေး၏ ---- အကယ်၍ အေးမှု သဘောတရားသည် အာပေါဓာတ် ဖြစ်ငြားအံ့၊ တစ်ခု တည်းသော ရုပ်ကလာပ်အတွင်း၌ ပူမှု သဘောတရားနှင့် အတူတကွ အေးမှု သဘောတရားသည် ရရှိလေရာ၏၊ ရကား မရအပ်ပေ။ ထိုကြောင့် အေးမှု သဘောတရားသည် အာပေါဓာတ် မဟုတ်။ ဤသို့ သိအပ်ပေ၏။
还可指出如下过失:如果冷性就是水界,那么在同一个色聚中,冷性便应当与热性同时存在;然而实际并不可能如此。因此应知,冷性不是水界。
(ဆိုလိုသည်မှာ ဓာတ်ကြီး (၄)ပါးတို့သည် ရုပ်ကလာပ်တစ်ခုအတွင်း၌ အတူယှဥ်တွဲ၍သာ ဖြစ်ရိုးဓမ္မတာ ရှိကြ သည့် တစ်လုံးစီ တစ်လုံးစီ ခွဲ၍ ဖြစ်ရိုး ဓမ္မတာ မရှိကြသည့် အဝိနိဗ္ဘောဂရုပ်တို့ ဖြစ်ကြ၏။ အကယ်၍ အာပေါ ဓာတ်ကို အေးမှု သဘောတရားဟု ယူဆခဲ့ပါလျှင် အေးမှု သဘောတရား အာပေါဓာတ်နှင့် ပူမှု သဘောတရား တေဇောဓာတ်တို့သည် ရုပ်ကလာပ်တစ်ခုအတွင်း၌ ပြိုင်တူ ဖြစ်နေသည်ဟု စကားကျရောက်လာ၏။ ရုပ်ကလာပ် တစ်ခုအတွင်း၌ ပူမှုနှင့် အေးမှုတို့ကား ပြိုင်တူ ဖြစ်ရိုး ဓမ္မတာ မရှိခဲ့ပေ။ သို့သော် အာပေါဓာတ်နှင့် တေဇောဓာတ် တို့ကား ရုပ်ကလာပ်တစ်ခုအတွင်း၌ ပြိုင်တူ ဖြစ်ရိုး ဓမ္မတာ ရှိကြ၏။ သို့အတွက် အေးမှု သဘောတရားသည် အာပေါဓာတ် မဟုတ်ဟု သိနိုင်ပါ၏ဟု ဆိုလိုသည်။) ဤဆိုအပ်ခဲ့ပြီးသော စကားရပ်သည်လည်း ဘူတရုပ် ဓာတ်ကြီး (၄)ပါးတို့၏ အသီးအခြား တစ်လုံးစီ တစ်လုံးစီ မခွဲခြားအပ်သော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကို အလိုရှိကြကုန်သော လက်ခံကြကုန်သော သူတော်
(意思是:四大种总是共同生起在同一色聚中,并不会各自分离而单独生起,所以是彼此不可分离的“အဝိနိဗ္ဘောဂရုပ်”(avinibbhoga-rūpa,不离色)。若把水界认作冷性,便会推出水界的冷性与火界的热性同时存在于一个色聚中;但热性与冷性从不同时存在于同一色聚,水界与火界却确实会同时存在于同一色聚。因此可知,冷性并非水界。)以上所说,也是对那些主张并接受四大种不能彼此分离之人——
ကောင်းတို့ အလို့ငှာ အဖြေတည်း။ သို့သော် အလိုမရှိကြကုန်သော လက်မခံကြကုန်သော သူတို့အလို့ငှာလည်း ဓာတ်ကြီး (၄)ပါးတို့၏ ရုပ်ကလာပ်တစ်ခုအတွင်း၌ မိမိ မိမိတို့၏ ဆိုင်ရာ ကိုယ်ပိုင်လုပ်ငန်းကိစ္စရပ်ကို ပြုလုပ် ဆောင်ရွက်မှုကို မြင်သဖြင့် သဘောတူသော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကို ပြီးစီးစေအပ်သည်ရှိသော် အဖြေ ဖြစ်သည်သာလျှင်တည်း။
——所作的答复。然而,对于不赞同、不接受这一点的人,只要让他看到四大种在同一色聚中各自执行其相应的特有作用,从而确立它们确实共同存在,这也同样足以成为答复。
အကြင်ဆရာတို့ကား ''အေးမှု သဘောတရားသည် ဝါယောဓာတ်၏ သဘာဝလက္ခဏာတည်း''ဟု ဆိုကြ ကုန်၏၊ ထိုဆရာတို့ အလို့ငှာလည်း ဤဆိုအပ်ခဲ့ပြီးသော စကားသည်သာလျှင် အဖြေ ဖြစ်ပေ၏။ ထင်ရှားစေအံ့၊ အကယ်၍ အေးမှု သဘောတရားသည် ဝါယောဓာတ် ဖြစ်ငြားအံ့၊ ရုပ်ကလာပ်တစ်ခု အတွင်း၌ ပူမှု သဘော တရားနှင့် တကွသော အေးမှု သဘောတရားကို ရအပ်လေရာ၏၊ ရကား မရအပ်ပေ။ ထိုကြောင့် အေးမှု သဘော တရားသည် ဝါယောဓာတ် မဟုတ်ဟု သိအပ်ပေသည်။ (ပူမှု သဘောတရားနှင့် အေးမှု သဘောတရားတို့သည် ရုပ်ကလာပ် တစ်ခုအတွင်း၌ ပြိုင်တူ မရအပ် မရနိုင်သော်လည်း တေဇောဓာတ်နှင့် ဝါယောဓာတ်တို့ကား ရုပ်ကလာပ်တစ်ခုအတွင်း၌ ပြိုင်တူ ဖြစ်နေကြသော အဝိနိဗ္ဘောဂတရားတို့ ဖြစ်ကြ၏။ ထိုကြောင့် အေးမှု သဘောတရားသည် ဝါယောဓာတ် မဟုတ်ဟု သိနိုင်၏ဟု ဆိုလိုသည်။) တစ်ဖန် အရည်သဘောတရားသည် အာပေါဓာတ်တည်း၊ ထိုအရည်ကိုလည်း ထိ၍ ယူအပ်၏ ထိ၍
有些论师主张:“冷性是风界的自性特相。”对于这些论师,以上所说也正是答复。具体说来,如果冷性就是风界,那么在同一个色聚中,冷性便应当与热性同时存在;然而实际并不可能如此。因此应知,冷性不是风界。(虽然热性与冷性不能同时存在于同一色聚,火界与风界却是同时存在于同一色聚的不可分离法。因此可以知道,冷性并非风界。)还有些论师持这样的见解:流动性就是水界,而这种液体也可以通过接触而——
ရကောင်း၏ ရနိုင်၏ဟု အကြင် ဆရာတို့၏ အယူဝါဒ ဒဿနသည် ရှိ၏၊ ထိုဆရာတို့ကို ဤသို့ ပြောဆိုသင့်၏၊
——取得、触知。对于持这种理论见解的论师,应当这样说:
原书第 688 页
''အရည်သဘောတရားကိုလည်း တွေ့ထိ၍ ရအပ်၏ဟု ယူသော အယူဝါဒသည် သဏ္ဌာန်ကို တွေ့ထိ၍ ရနိုင်၏ဟူသော ထင်မှတ်ခြင်းကဲ့သို့ အရှင်တို့၏ ထင်မှတ်ခြင်း = အဓိမာနသဘောမျှသာတည်း''ဟု ပြောဆို ထိုက်ကုန်၏။ မှန်ပေသည် ---- ရှေးရှေး ဆရာမြတ်တို့သည် ဤသို့ မိန့်ဆိုထားကြပေသည်။
“认为流动性也可以由触而得知,这种主张就像以为形状可以被触到一样,不过是诸位自以为确实如此的误认,即一种‘အဓိမာန’(adhimāna)而已。”理应这样对他们说。确实,古代诸位大德曾作如下开示:
''ဒြဝတာ သဟဝုတ္တီနိ၊ တီဏိ ဘူတာနိ သမ္ဖုသံ။
“当接触与流动性共同存在的三大种时——”
'ဒြဝတံ သမ္ဖုသာမီ'တိ၊ လောကောယမဘိမညတိ။
“世人便误以为:‘我触到了流动性。’”
ဖုသံ ဘူတာနိ သဏ္ဌာနံ၊ မနသာ ဂဏှတေ ယထာ။
“正如人在接触诸大种时,只以心取得其形状——”
'ပစ္စက္ခတော ဖုသာမီ'တိ၊ ဉာတဗ္ဗာ ဒြဝတာ တထာ''တိ။ (မဟာဋီ-၂-၁ဝ၉။)
“却以为:‘我是直接触到〔形状〕的。’应当知道,流动性也是如此。”(《大复注》2-109。)
အရည်သဘောတရားနှင့် အတူတကွ ဖြစ်ကုန်သော ပထဝီ တေဇော ဝါယောဟု ဆိုအပ်သော မဟာဘုတ် (၃)ပါးတို့ကို တွေ့ထိသော ဤသတ္တဝါအပေါင်းသည် အရည် သဘောတရားကို တွေ့ထိမိ၏ ဟု ဤသို့ အောက် မေ့ မှတ်ထင်၏။
众生接触的是与流动性共同生起、称为地、火、风的三大种,却如此思量、误认:“我触到了流动性。”
မဟာဘုတ်တို့ကို တွေ့ထိသောသူသည် ''ပုံသဏ္ဌာန်ကို မျက်မှောက်အားဖြင့် တွေ့ထိ၏''ဟု စိတ်ဖြင့် စွဲယူ သကဲ့သို့ ထို့အတူ အရည်သဘောတရားကို သိအပ်ပေ၏။ (မဟာဋီ-၂-၁ဝ၈-၁ဝ၉။)
正如接触诸大种的人只在心中执取“我现前触到了形状”,对于流动性也应当作同样的理解。(《大复注》2-108—109。) 缅文引据原串:“(မဟာဋီ-၂-၁ဝ၈-၁ဝ၉။)”。
၂။ ဥတုသမုဋ္ဌာန = ဥတုကြောင့် ဖြစ်သောရုပ်
2.“ဥတုသမုဋ္ဌာန”(utu-samuṭṭhāna)=时节所生色,即由时节所生之色
ဥတုသမုဋ္ဌာနံ နာမ စတုသမုဋ္ဌာနော ဥတု ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ ဌာနပ္ပတ္တော သရီရေ ရူပံ သမု- ဋ္ဌာပေတိ။ တံ သဒ္ဒနဝကံ အာကာသဓာတု၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ၊ ဥပစယော၊ သန္တတီတိ ပန္နရသဝိဓံ ဟောတိ။ (ဝိသုဒ္ဓိ-၂-၂၅၁-၂၅၂။) ယဒိပိ ဥတု ဥပါဒိန္နကေန ဝိနာပိ ရူပံ သမုဋ္ဌာပေတိ၊ ဣန္ဒြိယဗဒ္ဓေ ပန တေန ဝိနာ တဿ ရူပုပ္ပါဒနံ နတ္ထီတိ အာဟ ''ဥပါဒိန္နကံ ပစ္စယံ လဘိတွာ''တိ။ တေနာဟ ''စတုသမုဋ္ဌာနော ဥတူ''တိ။ ဥတုသမုဋ္ဌာနောယေဝ ဟိ ဥတု ဥပါဒိန္နကေန ဝိနာ ရူပံ သမုဋ္ဌာပေတိ။ (မဟာဋီ-၂-၄ဝ၄။) တဏှာ-ဒိဋ္ဌိတို့က ''ငါ - ငါ့ဟာ''ဟု ပြင်းစွာ ကပ်၍ စွဲယူရာ ဖြစ်သော အတိတ်ဘဝတစ်ခုခုက အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ခဲ့သော ကံကြောင့် ဖြစ်သော ရုပ်သည် ဥပါဒိန္နကရုပ် မည်၏။
“所谓时节所生色,是四因所生的时节得到已被执受的业生色作为缘,到达住时后,在身体内产生的色法。它共有15种:声九法聚、虚空界、色轻快性、色柔软性、色适业性、色积“虽然时节即使没有已被执受者也能产生色法,但在与诸根相系属的身体中,没有它便不能产生色法,所以说‘得到已被执受者作为缘’;因此又说‘四因所生的时节’。因为唯有时节所生的时节,才能离开已被执受者而产生色法。”被渴爱与邪见强烈黏著、执取为“我、我的”,并由过去某一生中在无明、渴爱、取的围绕下所积造之业产生的色法,称为“已被执受色”。
ယင်း ဥပါဒိန္နက အမည်ရသော ကမ္မဇရုပ်၏ အထောက်အပံ့ကို ရ၍ ကံ စိတ် ဥတု အာဟာရဟူသော အကြောင်း တရား (၄)ပါးကြောင့် ဖြစ်သော ကမ္မဇရုပ်ကလာပ် စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ် တို့၌ ပါဝင်တည်ရှိသော အသီးအသီးသော တေဇောဓာတ် = ဥတုသည် ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက် ခန္ဓာ ကိုယ်၌ ဥတုဇရုပ်ကို ဖြစ်စေ၏။ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ သဒ္ဒ (= အသံ) ဖြင့် မှတ်သားအပ်သော ရုပ် (၉)ခုအပေါင်း = သဒ္ဒနဝကကလာပ်ရုပ်၊ အာကာသဓာတ်၊ လဟုတာ၊ မုဒုတာ၊ ကမ္မည- တာ ဥပစယ၊ သန္တတိ - ဤ (၁၅)မျိုးသော ရုပ်သည် ဥတုသမုဋ္ဌာန်ရုပ် မည်၏။
得到这种称为“已被执受”的业生色之资助以后,存在于业生色聚、心生色聚、时节生色聚与食生色聚中的各个火界——即时节——在到达色的住时之际,便会在身体内产生时节生色。这些时节所生色共有15种:地、水、火、风、颜色、香、味、食素与声所组成的声九法聚中9色,以及虚空界、色轻快性、色柔软性、色适业性、色积集与色相续。
တေဇောဓာတ် ဥတုသည် ဥပါဒိန္နက ဟု ခေါ်ဆိုအပ်သော ကမ္မဇရုပ်နှင့် ကင်း၍လည်း ဥတုဇရုပ်ကို အကယ်၍ကား ဖြစ်စေတတ်၏။ ထိုသို့ပင် ဖြစ်စေတတ်သော်လည်း စက္ခုအကြည်ဓာတ် ဟူသော စက္ခုန္ဒြေ၊ သောတအကြည်ဓာတ် ဟူသော သောတိန္ဒြေ ---- ဤသို့စသော ဣန္ဒြေနှင့် ဆက်စပ်နေသော ဣန္ဒြိယဗဒ္ဓ ရုပ် လောက၌ ထိုကမ္မဇရုပ်နှင့် ကင်း၍ ထို ဥတု၏ ရုပ်ကို ဖြစ်စေခြင်းသည် မရှိသည်သာ ဖြစ်သောကြောင့် ---- ဥပါဒိန္နကံ ပစ္စယံ လဘိတွာ = ဥပါဒိန္နက အမည်ရသော ကမ္မဇရုပ်၏ အထောက်အပံ့ကို ရ၍ စတုသမုဋ္ဌာနိက
火界——时节即使离开称为已被执受者的业生色,也确实能够产生时节生色。虽然如此,在与眼净色之眼根、耳净色之耳根等诸根相系属的色法世界中,若离开这种业生色,该时节便不能产生色法。因此,义注才说:“ဥပါဒိန္နကံ ပစ္စယံ လဘိတွာ”=“得到已被执受的业生色作为缘”,并说明四因所生——
原书第 689 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ဥတုသည် ခန္ဓာကိုယ်၌ ဥတုဇရုပ်ကို ဖြစ်စေကြောင်း အဋ္ဌကထာ ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ ဥတုကြောင့် ဖြစ်သည့် သက်သက်သော ဥတုသမုဋ္ဌာန်သာလျှင် ဖြစ်သော တေဇောဓာတ်ဥတုသည်သာလျှင် ဥပါဒိန္နက ခေါ် ကမ္မဇ ရုပ်နှင့် ကင်း၍ ဥတုဇရုပ်ကို ဖြစ်စေနိုင်၏။ (မဟာဋီ-၂-၄ဝ၄။) ---- ဤကျမ်း စာမျက်နှာ (၆၉၂-၆၉၃)တွင် ဥတုပစ္စယ ဥတုသမုဋ္ဌာန်ပိုင်းဝယ် ကြည့်ပါ။
——时节会在身体内产生时节生色。唯有纯由时节所生、属于时节所生色的火界——时节,才能离开称为已被执受者的业生色而产生时节生色。(《大复注》2-404。)另见本书第692—693页“时节缘时节生色”部分。 缅文引据原串:“(မဟာဋီ-၂-၄ဝ၄။)”。
၃။ ဥတုပစ္စယ = ဥတုအထောက်အပံ့ ရှိသောရုပ်
3.“ဥတုပစ္စယ”(utu-paccaya)=时节缘色,即有时节资助之色
ဥတုပစ္စယံ နာမ ဥတု စတုသမုဋ္ဌာနိကာနံ ရူပါနံ ပဝတ္တိယာ စ ဝိနာသဿ စ ပစ္စယော ဟောတိ။
“所谓时节缘,是指时节既成为四因所生诸色转起之缘,也成为其毁坏之缘。”
(ဝိသုဒ္ဓိ-၂-၂၅၂။)
(《清净道论》2-252。) 缅文引据原串:“(ဝိသုဒ္ဓိ-၂-၂၅၂။)”。
ဥတုပစ္စယံ နာမ စတုသမုဋ္ဌာနိကံ ရူပံ။ ယဥှိ ဥတုသမုဋ္ဌာနံ ပန္နရသဝိဓံ ရူပံ၊ ယဉ္စ တဒညတိသန္တတိရူပံ၊ တဿ သဗ္ဗဿပိ သဘာဂေါ ဥတု ဥပတ္ထမ္ဘကပစ္စယော ဟောတီတိ။ ယသ္မာ ဝိသဘာဂေါ ဥတု ဟိမာဒိ ဝိယ ပဒုမာဒီနံ ဝိသဒိသရူပုပ္ပတ္တိဟေတုဘူတံ ပုရိမရူပံ ဝိနာသေန္တံ ဝိယ ဟောတိ၊ တသ္မာ သဘာဂံ၊ ဝိသဘာဂဉ္စ ဧကဇ္ဈံ ဂဟေတွာ ဝုတ္တံ ''ဥတု စတုသမုဋ္ဌာနိကရူပါနံ ပဝတ္တိယာ စ ဝိနာသဿ စ ပစ္စယော ဟောတီ''တိ။
“所谓时节缘色,就是四因所生色。时节所生的15种色,以及不同于它的其余三种色相续,所有这些色都以同类时节为扶助缘。异类时节则如霜雪之于莲花等:它成为异类色法生起之因,看起来仿佛毁坏了先前的色法。因此,把同类时节与异类时节合在一起,才说:‘时节成为四因所生诸色转起与毁坏之缘。’”
(မဟာဋီ-၂-၄ဝ၄။)
(《大复注》2-404。) 缅文引据原串:“(မဟာဋီ-၂-၄ဝ၄။)”。
ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော စတု သမုဋ္ဌာန်ရုပ်သည်ပင် ဥတု အထောက်အပံ့ ရှိသော ဥတုပစ္စယရုပ် မည်၏။ သဘာဂ ဥတု၊ ဝိသဘာဂ ဥတုသည် စတုသမုဋ္ဌာနိကရုပ်တို့၏ ဖြစ်ခြင်း၏လည်းကောင်း၊ ပျက်စီးခြင်း၏လည်းကောင်း အကြောင်းတရားဖြစ်၏။
由业、心、时节与食这4种因所生起的四因所生色,称为“时节缘色”,即有时节资助之色。同类时节与异类时节,分别成为四因所生诸色生起与毁坏的因。
(ဝိသုဒ္ဓိ-၂-၂၅၂။)
(《清净道论》2-252。) 缅文引据原串:“(ဝိသုဒ္ဓိ-၂-၂၅၂။)”。
ဥတုလျှင် ဖြစ်ကြောင်းရှိသော အထက်တွင် ဖော်ပြထားသော (၁၅)မျိုးသော ရုပ်တရားသည်လည်းကောင်း၊ ကမ္မဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်ဟူသော ဥတုဇရုပ်မှ အခြားတစ်ပါးသော (၃)မျိုးသော တိသန္တတိရုပ်သည် လည်းကောင်း ရှိ၏။ အလုံးစုံလည်း ဖြစ်သော ထိုစတုသမုဋ္ဌာန်ရုပ်အား သဘာဂဖြစ်သော သဘောတူသော ဥတုသည် အားပေးထောက်ပံ့လျက် ကျေးဇူးပြုတတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ ဤသို့ သိရှိ ပါလေ။
一方面,有上文所说由时节所生的15种色法;另一方面,也有业生色、心生色与食生色这三种不同于时节生色的色相续。对于所有这些四因所生色,与其性质相合的同类时节,都是给予力量、扶助支持的扶助缘。应当如此了知。
သဘောမတူသော ဝိသဘာဂဥတုသည်ကား ဆီးနှင်း စသည်သည် ပဒုမ္မာကြာ စသည်တို့၌ ရှေး၌ဖြစ်သော ရုပ်အစဥ်ကို မတူအောင် ပြုလုပ်တတ်၏။ (ပဒုမ္မာကြာစသည်တို့သည် ဆီးနှင်းနှင့် မတွေ့ထိရမီက ဖြစ်နေသော ရုပ်သန္တတိအစဥ်မှာ တစ်မျိုး ဖြစ်၏။ ဆီးနှင်းနှင့် တွေ့ထိပြီးသောအခါ၌ကား ရုပ်သန္တတိ အစဥ်တစ်မျိုး ပြောင်းလဲ သွား၏ဟု ဆိုလိုသည်။) သို့အတွက် ဆီးနှင်း စသည်သည် ပဒုမ္မာကြာ စသည်တို့၏ ရှေးဖြစ်သော ရုပ်အစဥ်နှင့် သဘောမတူသော နောက်ရုပ် အစဥ် ဖြစ်ခြင်း၏ အကြောင်းတရား ဖြစ်လျက် ရှေးရုပ် အစဥ်ကို ပျက်စီးစေ သကဲ့သို့ ဖြစ်၏။ (သဘောမတူသော နောက်ရုပ်အစဥ်၏ ဖြစ်ခြင်းသည် ရှေးရုပ်အစဥ်ကို ဖျက်ဆီးပစ်သည်နှင့် တူ၏ဟု ဆိုလိုသည်။) ထိုကြောင့် သဘာဂဥတုကိုလည်းကောင်း၊ ဝိသဘာဂဥတုကိုလည်းကောင်း တစ်ပေါင်းတည်း ယူ၍ ---- ''ဥတုသည် စတုသမုဋ္ဌာနိကရုပ်တို့၏ ဖြစ်ခြင်း၏လည်းကောင်း၊ ပျက်စီးခြင်း၏လည်းကောင်း အကြောင်းတရား
至于性质不相合的异类时节,例如霜雪等,会使莲花等先前的色相续变得不同。〔意思是:莲花等尚未接触霜雪时,其色相续是一种状态;接触霜雪以后,则转变为另一种色相续。〕因此,霜雪等成为莲花等不同于先前色相续的后续色相续之生起因,看起来仿佛毁坏了先前的色相续。〔意思是:异类后续色相续的生起,就如同毁坏了先前色相续。〕所以,把同类时节与异类时节合在一起,才说:“时节是四因所生诸色生起与毁坏的——
ဖြစ်၏''-ဟု အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ-၂-၄ဝ၄။) သဘာဂဥတုကား စတုသမုဋ္ဌာနိကရုပ်တို့၏ ဖြစ်ခြင်း၏ အကြောင်းတရား ဖြစ်၍ ဝိသဘာဂဥတုကား ယင်း စတုသမုဋ္ဌာနိကရုပ်တို့၏ ပျက်စီးခြင်း၏ အကြောင်းတရား ဖြစ်ပေသည်ဟု ဆိုလိုသည်။ ဤ၌ ပျက်စီးခြင်း ဟူသည် ရုပ်သန္တတိအစဥ်၏ ရှေးဖြစ်စဥ်နှင့် မတူ ထူးခြားသော နောက်ဖြစ်စဥ်ကို ရည်ညွှန်းထားသော ဟူ၏။
——因。”义注师正是这样开示的。(《大复注》2-404。)其意是:同类时节是四因所生诸色生起的因,异类时节则是这些色毁坏的因。这里所谓“毁坏”,指的是不同于色相续先前过程的后续过程。 缅文引据原串:“(မဟာဋီ-၂-၄ဝ၄။)”。
原书第 690 页
၄။ ဥတုပစ္စယ ဥတုသမုဋ္ဌာန = ဥတုလျှင် အထောက်အပံ့ရှိသော ဥတုကြောင့် ဖြစ်သောရုပ် ဥတုပစ္စယဥတုသမုဋ္ဌာနံ နာမ ဥတုသမုဋ္ဌာနာ တေဇောဓာတု ဌာနပ္ပတ္တာ အညံ သြဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဥတု အညန္တိ ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိဏ္ဏပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိယေဝ။
4.“ဥတုပစ္စယ ဥတုသမုဋ္ဌာန”(utu-paccaya utu-samuṭṭhāna)=时节缘时节生色,即由以时节为资助缘的时“所谓时节缘时节生色,是时节所生的火界到达住时后,产生另一个食素八法聚;其中的时节又产生另一个。如此,即使处在无执受的一边,时节所生色仍能长时转起。”
(ဝိသုဒ္ဓိ-၂-၂၅၂။)
(《清净道论》2-252。) 缅文引据原串:“(ဝိသုဒ္ဓိ-၂-၂၅၂။)”。
ဒီဃမ္ပိ အဒ္ဓါနန္တိ ''ဒသ ဒွါဒသ ဝါရေ''တိ အညဿ ဝုတ္တပရိစ္ဆေဒတော ဒီဃမ္ပိ ကာလံ။ ဥတု ဟိ သဘာဂ- သန္တတိဝသေန လဒ္ဓပစ္စယံ စိရတရမ္ပိ ကာလံ သဒိသာကာရံ ရူပပ္ပဝတ္တိံ သန္တာနေတိ ဥပါဒိန္နကသန္နိဿယေန ဝိနာ၊ ပဂေဝ ဣတရထာ။ တေနာဟ ''အနုပါဒိန္နပက္ခေ ဌတွာပီ'' တိ၊ မံသဝိနိမုတ္တကေသလောမနခစမ္မ- ခိလတိလကာဒိဝသေန ဇီဝမာနသရီရေ အညတ္ထ မတကဠေဝရာဒိဝသေနာတိ အဓိပ္ပါယော။
“‘即使经过很长时间’,是指比另处所说‘10代或12代’的界限更长的时间。时节依同类相续获得资助后,即使没有已被执受者作为所依,也能在更长时间内延续形态相同的色法转起;何况在另一种情形下〔即得到已被执受者资助时〕。因此才说‘即使处在无执受的一边’。其意是:在活着的身体上,是指脱离肉体的头发、体毛、指甲、皮屑、硬茧、痣等;在其他无生命处,则是指尸体等。”
(မဟာဋီ-၂-၄ဝ၄။)
(《大复注》2-404。) 缅文引据原串:“(မဟာဋီ-၂-၄ဝ၄။)”。
ဥတုအထောက်အပံ့ ရှိသော ဥတုကြောင့် ဖြစ်သော ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်သည်ကား ဤသို့ တည်း။
所谓时节缘时节生色,即由以时节为资助缘的时节所生之色,其情形如下。
ဥတု နာမ စတုသမုဋ္ဌာနော တေဇောဓာတု - ဟူသည့်အတိုင်း ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇ ကလာပ် အာဟာရဇကလာပ်တို့၌ ပါဝင်သော စတုသမုဋ္ဌာန် တေဇောဓာတ်သည် ဥတု မည်၏။ ယင်း စတု သမုဋ္ဌာန် ဥတုကြောင့် ဖြစ်သော ရုပ်သည် ဥတုသမုဋ္ဌာန်ရုပ် မည်၏။ ယင်း ဥတုသမုဋ္ဌာန် ရုပ်ကလာပ်၌ ပါဝင် သော တေဇောဓာတ်သည် ဥတုသမုဋ္ဌာန် တေဇောဓာတ် မည်၏။ ယင်းဥတုသမုဋ္ဌာန် တေဇောဓာတ်သည် ဌီကာလသို့ ရောက်သောအခါ အခြားတစ်ပါးသော သြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏။ ထို ဥတုသမုဋ္ဌာန် တေဇောဓာတ်ကြောင့် ဖြစ်သော သြဇဋ္ဌမက ရုပ်ကလာပ် အသစ်၌လည်း ပါဝင် တည်ရှိသော တေဇောဓာတ် = ဥတုသည် အခြားတစ်ပါးသော သြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏။ ဤသို့လျှင် (၁ဝ)ကြိမ် (၁၂)ကြိမ် ဟု ဆိုအပ်သော တစ်ပါးသော အာဟာရဇရုပ်ပိုင်း၌ ဖွင့်ဆိုခဲ့သော ရုပ်ဖြစ်ပုံ အပိုင်းအခြား ထက် ရှည်စွာသော ကာလပတ်လုံးလည်း အနုပါဒိန္နက အဖို့အစု၌ တည်၍လည်း ဥတုလျှင် ဖြစ်ကြောင်းရှိသော
正如“ဥတု နာမ စတုသမုဋ္ဌာနော တေဇောဓာတု”——“所谓时节,是四因所生的火界”——所说,存在于业生色聚、心生色聚、时节生色聚与食生色聚中的四因所生火界,称为“时节”。由这种四因所生时节产生的色法,称为时节所生色。存在于这种时节所生色聚中的火界,称为时节所生火界。时节所生火界到达住时后,又产生另一个新的食素八法聚;这个由时节所生火界产生的新食素八法聚中所含的火界——时节——又产生另一个新的食素八法聚。如此,即使处在无执受的一边,时节所生——
ဥတုသမုဋ္ဌာန်ရုပ်သည် ဖြစ်သည်သာလျှင်တည်း။ (စတုသမုဋ္ဌာနိက ရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော တေဇော ဓာတ်ကြောင့် ဖြစ်သော သြဇဋ္ဌမကရုပ်ကလာပ်ကား ဥတုသမုဋ္ဌာန်ရုပ်တည်း။ ယင်း ဥတုသမုဋ္ဌာန် ရုပ်ကလာပ် တို့၌ ပါဝင်သော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားလာကြသော ရုပ်ကလာပ် အဆက်ဆက်တို့ကား ဥတု ပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တို့တည်း။ တစ်ဖန် စတုသမုဋ္ဌာနိက ရုပ်ကလာပ်တို့၌ ပါဝင်သော တေဇောဓာတ်က ဥတုဇရုပ် = ဥတုသမုဋ္ဌာန်ရုပ်ကို ဖြစ်စေရာ၌ - ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ-၂-၂၅၁။) ဟု အဋ္ဌကထာ ဆရာတော် မိန့်ဆိုထားတော်မူခြင်းကြောင့် ဥပါဒိန္နက အမည်ရသော ကမ္မဇရုပ်၏ အထောက်အပံ့ကို ရရှိပါမှ ဥတုသမုဋ္ဌာန် သြဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်။ သို့သော် ယင်း ဥတုသမုဋ္ဌာန် သြဇဋ္ဌမကရုပ်တို့၌ ပါဝင် တည်ရှိသော ဥတုက ဥတုသမုဋ္ဌာန် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကဲ ဆင့်ကဲ ထပ်ဆင့်၍
——色仍能转起长于食生色部分所说10代或12代之界限的时间。〔四因所生色聚中所含火界产生的食素八法聚,是时节所生色;存在于这些时节所生色聚中的火界逐代产生的一代代色聚,则是时节缘时节生色。再者,四因所生色聚中的火界产生时节生色时,义注师已经说:“ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ-၂-၂၅၁။)”=“得到已被执受的业生色作为缘”(《清净道论》2-251)。因此,只有得到称为已被执受者的业生色资助后,它才能产生时节所生的食素八法聚。不过,这些时节所生食素八法聚中所含的时节,又要一代一代继续产生新的时节所生食素八法聚时——
ဖြစ်စေရာ၌ ရှေးရှေး မိမိတို့၏ စွဲမှီရာ ရုပ်ကလာပ်တို့၌ ပါဝင်သော တေဇောဓာတ်၏ အထောက်အပံ့ကို ရရှိပါမှ နောက်နောက်သော ဥတုသမုဋ္ဌာန် ရုပ်ကလာပ်တို့၌ ပါဝင်သော တေဇောဓာတ် = ဥတုက သြဇဋ္ဌမက ရုပ်က- လာပ် အသစ်ကို ဖြစ်စေနိုင်၏၊ သို့အတွက် ဥတုလျှင် အထောက်အပံ့ရှိသော ဥတုကြောင့် ဖြစ်သော ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်ဟူသော အမည်ကို ရရှိပေသည်။)
——只有得到前一代、作为其各自依止处的色聚中所含火界之资助,后一代时节所生色聚中所含的火界——时节——才能产生新的食素八法聚。因此,它们才获得“时节缘时节生色”之名,即由以时节为资助缘的时节所生之色。〕
ထပ်မံ ရှင်းလင်းချက်
进一步说明
ဘဝတစ်ခုဝယ် ရုပ်တို့၏ စ၍ ဖြစ်စအချိန်ကို စံထား၍ ရှင်းလင်းခဲ့သော် ပို၍ သဘောပေါက်ဖွယ်ရာ ရှိပေသည်။ ပဋိသန္ဓေ ကလလရေကြည် တည်ဦးစအခိုက်ဝယ် ကာယဒသက ကလာပ် ဘာဝဒသက ကလာပ်
若以一期生命中色法最初生起之时为准来说明,就更容易理解。在母胎内结生的羯罗蓝清液(kalala)初成之际,身十法聚、性根十法聚——
原书第 691 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ဟဒယဒသက ကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၃)မျိုး၊ ရုပ်အမျိုးအစား (၃ဝ) စ၍ ဖြစ်ကြ၏။ အတိတ်က ပြုစုပျိုးထောင်ခဲ့သော လူ့ဘဝရောက်ကြောင်း ကံကြောင့် ဖြစ်ပေါ်လာသော ရုပ်တရားများဖြစ်ကြ၍ ကမ္မဇရုပ်တို့ မည်၏၊ ကမ္မသမုဋ္ဌာန်ရုပ်ဟုလည်း ခေါ်၏။
——与心所依处十法聚这3类色聚、共30种色法最初生起。它们由过去所积造、能令投生为人的业产生,所以称为业生色,也称为业所生色。
၁။ ယင်းကမ္မသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် ဥတုသည် ဌီကာလသို့ ရောက်ခိုက် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ ယင်းသို့ သြဇဋ္ဌမကရုပ်ကလာပ် အသစ်ကား ကမ္မပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ-၂-၂၅ဝ။) ယင်းသို့ ကမ္မဇတေဇောဓာတ်က သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေရာ၌ ကမ္မဇတေဇောဓာတ် အဝင်အပါ ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို ရရှိ၍ သာ ယင်းကမ္မဇတေဇောဓာတ်က သြဇဋ္ဌမက ဥတုဇရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ခြင်း ဖြစ်၏။
1.这些业所生色中所含的火界——时节——到达住时后,又产生一个个新的食素八法聚。这些新食素八法聚称为“业缘时节生色”。(《清净道论》2-250。)业生火界产生这些新食素八法聚时,只有得到包括业生火界在内的业生色之资助,才能产生一个个新的时节生食素八法聚。 缅文引据原串:“(ဝိသုဒ္ဓိ-၂-၂၅ဝ။)”。
အထောက်အပံ့ကို မရခဲ့သော်ကား သို့မဟုတ် ကမ္မဇတေဇောဓာတ် အဝင်အပါ ဖြစ်သော ယင်း ကမ္မဇ ရုပ်တို့ မဖြစ်ခဲ့ပါမူကား ယင်းကမ္မဇတေဇောဓာတ်ကြောင့် ဖြစ်သော ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်လည်း ဖြစ်ခွင့် မရှိတော့ပေ။ သို့အတွက် - ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ-၂-၂၅၁။) = ဥပါဒိဏ္ဏက ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို ရရှိပါမှ အမှီကို ရရှိပါမှ ကမ္မဇတေဇောဓာတ် စသော ထိုထို တေဇောဓာတ်က ရုပ်ကလာပ် အသစ်အသစ်ဟူသော သြဇဋ္ဌမက ဥတုဇရုပ်တို့ကို ဖြစ်စေနိုင်၏ ဟု အဋ္ဌကထာ ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။
如果没有得到这种资助,或者包括业生火界在内的这些业生色没有生起,那么,由业生火界产生的新时节生食素八法聚也就没有生起的可能。因此,义注才说:“ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ-၂-၂၅၁။)”=“得到已被执受的业生色作为缘”(《清净道论》2-251);其意是:只有得到已被执受的业生色作为资助、作为所依,业生火界等各个火界才能产生作为新色聚的时节生食素八法聚。
၂။ ယင်းကမ္မဇရုပ်တို့တွင် ဟဒယဝတ္ထု ပါဝင်လျက် ရှိ၏။ ယင်းဟဒယဝတ္ထုကို မှီတွယ်ခွင့် ရရှိပါမှသာလျှင် ပထမ ဘဝင်စသော မနောဓာတ် မနောဝိညာဏဓာတ်တို့ ဖြစ်ခွင့် ရရှိနိုင်၏။ ဟဒယဝတ္ထုရုပ်ကို မှီတွယ် ခွင့် မရရှိပါက မနောဓာတ် မနောဝိညာဏဓာတ်တို့သည် ပဉ္စဝေါကာရဘုံ၌ ဖြစ်ခွင့် မရရှိနိုင်။ သို့အတွက် ဟဒယဝတ္ထု အဝင်အပါ ဖြစ်သော ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို ရရှိပါမှ ပထမဘဝင်စသော စိတ်တို့သည် စိတ္တဇ သြဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏။ ယင်း စိတ္တဇရုပ်တို့တွင် တေဇောဓာတ် ပါဝင်၏။
2.这些业生色中含有心所依处。只有能够依止这一心所依处,以第一个有分心等为始的意界、意识界诸心才有机会生起。在五蕴地中,如果不能依止心所依处色,意界与意识界便不能生起。因此,只有得到含有心所依处的业生色资助后,第一个有分心等诸心才能产生心生食素八法聚。这些心生色中含有火界。
ယင်း တေဇောဓာတ်ကလည်း ဌီကာလသို့ ရောက်ခိုက် ဥတုဇ သြဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ စိတ္တပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တို့ မည်၏။ ယင်း စိတ္တပစ္စယ ဥတုသမုဋ္ဌာန် ရုပ်တရားများ ဖြစ်ပေါ်လာရေးသည် ဟဒယဝတ္ထု အဝင်အပါ ကမ္မဇရုပ်တို့ကို ယင်းစိတ်က မှီတွယ်ခွင့် ရရှိရေးနှင့် ဆက်စပ်နေ၏။ သို့အတွက် စိတ္တသမုဋ္ဌာန် တေဇောဓာတ် ဥတုက ဥတုဇ သြဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေမှု၌လည်း ကမ္မဇရုပ်တို့၏ အထောက်အပံ့ကား လိုအပ်လျက်သာ ရှိ၏။
这个火界到达住时后,又产生一个个新的时节生食素八法聚;这些称为“心缘时节生色”。心缘时节生色的生起,与心能否依止含有心所依处的业生色密切相关。因此,心所生火界——时节——产生新时节生食素八法聚时,仍然需要业生色的资助。
၃။ အထက်ပါ အာဟာရပစ္စယ ဥတုသမုဋ္ဌာန်ရုပ်ကို တစ်ဖန်ပြန်၍ ကြည့်ပါ။ အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် ဥတုသည် ဌီကာလသို့ ရောက်ခိုက် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏။ အာဟာရပစ္စယ ဥတုသမုဋ္ဌာန် = အာဟာရလျှင် အကြောင်း အထောက်အပံ့ရှိသော ဥတု ကြောင့် ဖြစ်သောရုပ် မည်၏။ ယင်း အာဟာရသမုဋ္ဌာန်ရုပ်တို့ ဖြစ်ပေါ်လာရေးကား ကမ္မဇရုပ်တို့၏ အထောက်အပံ့နှင့် မကင်းစကောင်းပေ၊ ---- ဥပါဒိဏ္ဏံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ-၂-၂၅၁။) = ကဗဠီကာရ အာဟာရ အမည်ရသော စားမျိုလိုက်သော အစာအာဟာရ သြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော သြဇာသည် ကမ္မဇဝမ်းမီးဟူသော ပါစကတေဇောဓာတ်၏ အားပေးထောက်ပံ့မှုကို ရရှိပါမှ အာဟာရ သမုဋ္ဌာန်ရုပ်ကို ဖြစ်စေနိုင်၏။ အာဟာရသမုဋ္ဌာန် ရုပ်တရားများ ဖြစ်ပေါ်ခွင့် ရရှိပါမှ ယင်း အာဟာရ သမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ်ဥတုက သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ
3.再回看上文所说的“食缘时节生色”。食所生色中所含的火界——时节——到达住时后,产生一个个新的食素八法聚,称为“食缘时节生色”,即由以食为资助缘的时节所生之色。食所生色的生起不可能离开业生色的资助。正如“ဥပါဒိဏ္ဏံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ-၂-၂၅၁။)”=“得到已被执受的业生色作为缘”(《清净道论》2-251)所说,称为段食的已吞食食物之食素八法聚中所含的食素,只有得到称为业生消化火的消化火界之扶助、资助,才能产生食所生色。只有食所生色能够生起,其中所含的火界——时节——才可能产生一个个新的食素八法聚——
နိုင်မည် ဖြစ်သည်။ ယင်းအာဟာရသမုဋ္ဌာန် ရုပ်တရားများ ဖြစ်ပေါ်လာရေးကား ကမ္မဇဝမ်းမီးနှင့် တကွ သော ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို ရရှိမှုနှင့် ဆက်စပ်လျက်ပင် ရှိ၏။ သို့အတွက် အာဟာရပစ္စယ
——。这些食所生色能否生起,始终与是否得到包括业生消化火在内的业生色资助相关。因此,为使食缘——
原书第 692 页
ဥတုသမုဋ္ဌာန်ရုပ်တရားများ ဖြစ်ပေါ်လာရေးအတွက်လည်း ကမ္မဇရုပ်တို့၏ အထောက်အပံ့ကား လိုအပ် လျက်သာ ရှိ၏။
——时节生色生起,仍然需要业生色的资助。
၄။ အထက်ပါ - (ကမ္မပစ္စယ) ဥတုသမုဋ္ဌာန်၊ (စိတ္တပစ္စယ) ဥတုသမုဋ္ဌာန်၊ (အာဟာရပစ္စယ) ဥတုသမုဋ္ဌာန်- ဟူသော (၃)မျိုးသော ဥတုသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ်သည် ဌီကာလသို့ ရောက်ခိုက် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊ ဥတုသမုဋ္ဌာန်ရုပ်တို့တည်း။ ယင်း ဥတုသမုဋ္ဌာန် ရုပ်တို့သည်လည်း ကမ္မဇရုပ်တို့၏ အထောက်အပံ့ မကင်းနိုင်ပေ။ ကမ္မဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ် များသည် ကမ္မဇရုပ်တို့၏ အထောက်အပံ့နှင့် ကင်း၍ မဖြစ်နိုင်သကဲ့သို့ ယင်း ကမ္မဇတေဇော စိတ္တဇ တေဇော အာဟာရဇတေဇောဓာတ် ဥတုတို့သည်လည်း ကမ္မဇရုပ်တို့၏ အထောက်အပံ့နှင့် မကင်းနိုင်ပေ။
4.存在于上述3种时节所生色——即(业缘)时节生色、(心缘)时节生色与(食缘)时节生色——中的火界到达住时后,会产生一个个新的食素八法聚;这些也是时节所生色。这些时节所生色同样不能脱离业生色的资助。正如业生色、心生色与食生色都不能离开业生色的资助而成立,业生火界、心生火界与食生火界这些时节,也不能离开业生色的资助。
ယင်း ကမ္မဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်တို့ ဖြစ်ခွင့် မရှိပါက ယင်း တေဇောဓာတ် အသီးအသီးလည်း ဖြစ်ခွင့် မရှိတော့ပြီ ဖြစ်သည်။ ယင်း တေဇောဓာတ် မဖြစ်ပါက ယင်း တေဇောဓာတ်က နောက်ထပ် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေဖို့ရန် အခွင့်အလမ်းလည်း ပျက်စီးပြီးသာ ဖြစ်ပေသည်။
如果业生色、心生色与食生色不能生起,其中各自的火界也就不能生起;如果这些火界没有生起,它们继续产生一个个新食素八法聚的可能性也就随之消失。
သို့အတွက် ဥတုသမုဋ္ဌာန် ရုပ်တရားများ ဖြစ်ရေးသည် ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို မှီနေပေသည်။
因此,时节所生色的生起,依赖业生色的资助。
ဥတုပစ္စယ ဥတုသမုဋ္ဌာန် ---- အထက်တွင် ဖော်ပြထားသော ---- ၁။ (ကမ္မပစ္စယ) ဥတုသမုဋ္ဌာန်၊ ၂။ (စိတ္တပစ္စယ) ဥတုသမုဋ္ဌာန်၊ ၃။ (အာဟာရပစ္စယ) ဥတုသမုဋ္ဌာန် ---- ဟူသော (၃)မျိုးသော ဥတုသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် ဥတုကြောင့် ဖြစ်သော သြဇ ဋ္ဌမကရုပ်သည် ဥတုသမုဋ္ဌာန် မည်၏။ ယင်း ဥတုသမုဋ္ဌာန်ရုပ်တို့တွင်လည်း တေဇောဓာတ် ပါဝင်လျက် ရှိ၏။
时节缘时节生色——由上文所列1.(业缘)时节生色、2.(心缘)时节生色、3.(食缘)时节生色这3种时节所生色中所含火界——时节——产生的食素八法聚,称为“时节所生色”。这些时节所生色中也含有火界。
ဥတုသမုဋ္ဌာန်တေဇောဓာတ်တည်း။ ယင်း ဥတုသမုဋ္ဌာန် တေဇောဓာတ်သည် ဌီကာလသို့ ရောက်ရှိခိုက် အခြား တစ်ပါးသော သြဇဋ္ဌမက ရုပ်ကလာပ်ကို ဖြစ်စေပြန်၏။ ထိုသြဇဋ္ဌမက ရုပ်ကလာပ်၌ ပါဝင်သော တေဇောဓာတ် ကလည်း အခြား တစ်ပါးသော သြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏။ ဥတုပစ္စယ ဥတုသမုဋ္ဌာန = ဥတုလျှင် အကြောင်းအထောက်အပံ့ ရှိသော ဥတုကြောင့် ဖြစ်သောရုပ် မည်၏။ ဤသို့လျှင် (၁ဝ)ကြိမ် (၁၂)ကြိမ်သော အခြားသော ဖွင့်ဆိုခဲ့ပြီးသော အာဟာရဇရုပ်တို့၏ ဖြစ်ခြင်း အပိုင်းအခြားထက် ရှည်စွာသော ကာလပတ်လုံးလည်း အနုပါဒိဏ္ဏက အဖို့၌ တည်၍လည်း ဥတုသမုဋ္ဌာန်ရုပ်သည် ဖြစ်နေသည်သာလျှင်တည်း။
这种火界就是时节所生火界。时节所生火界到达住时后,又产生另一个食素八法聚;该食素八法聚中所含的火界,又产生另一个新的食素八法聚。这些称为“时节缘时节生色”,即由以时节为资助缘的时节所生之色。如此,即使处在无执受的一边,时节所生色仍能转起长于另处所说食生色10代或12代之界限的时间。
(ဝိသုဒ္ဓိ-၂-၂၅၂။)
(《清净道论》2-252。) 缅文引据原串:“(ဝိသုဒ္ဓိ-၂-၂၅၂။)”。
မှန်ပေသည် ---- ဥတုသည် သဘောတူသော သဘာဂဖြစ်သော ရုပ်သန္တတိအစဥ်၏ အစွမ်းအားဖြင့် ရအပ်သော အကြောင်းအထောက်အပံ့ ရှိလတ်သော် သာလွန်၍ပင် ရှည်မြင့်စွာသော ကာလပတ်လုံးလည်း တူသော အခြင်းအရာရှိသော ပုံစံတူ သြဇဋ္ဌမက စသော ရုပ်၏ ဖြစ်ခြင်းကို ဥပါဒိဏ္ဏက ကမ္မဇရုပ်ဟူသော မှီရာနှင့် ကင်း၍သော်လည်း ကျယ်ပြန့်စွာ ရုပ်သန္တတိအစဥ်ကို ဆက်စပ်စေ၏၊ ရုပ်သန္တတိအစဥ်ကို ဆက်ပေး၏။
确实如此:时节依同类色相续获得因缘资助后,即使没有称为已被执受之业生色作为所依,也能在更长时间内延续形态相同的食素八法聚等色法之转起,使色相续广泛、持续地前后连接。
ဥပါဒိဏ္ဏက ကမ္မဇရုပ်၏ အထောက်အပံ့ကို ရရှိပါမူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း။ ရှည် မြင့်စွာသော ကာလပတ်လုံး ရုပ်သန္တတိအစဥ်ကို အဆက်မပြတ် ဆက်စပ်စေသည်သာ ဖြစ်ပေသည်။ ထိုကြောင့် ''အနုပါဒိန္နပက္ခေ ဌတွာပိ = ကမ္မဇရုပ်၏ အထောက်အပံ့ ကင်းသော အနုပါဒိန္နအဖို့၌ တည်၍သော်လည်း ဥတုသမုဋ္ဌာန်ရုပ်ကို ဖြစ်စေသည်သာတည်းဟု အဋ္ဌကထာ ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ 〔ဌတွာပိ = တည်၍ သော်လည်း၌ - ပိ (= သော်လည်း)-သဒ္ဒါဖြင့် ဥပါဒိဏ္ဏကပက္ခဟူသော ကမ္မဇရုပ်၏ အထောက်အပံ့ကို ရရှိ ခိုက်ကို ပြန်၍ ဆည်းသည်။〕
如果又得到已被执受的业生色资助,那就更不待言了;它必能使色相续在很长时间内连续不断地前后相接。因此,义注才说:“အနုပါဒိန္နပက္ခေ ဌတွာပိ”=“即使处在没有业生色资助的无执受一边,时节所生色仍然生起。”〔在“ဌတွာပိ”=“即使处在”一语中,“ပိ”(pi)=“即使”一词,反显并兼摄“ဥပါဒိဏ္ဏကပက္ခ”(有执受的一边),即得到业生色资助之时。〕
原书第 693 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၁။ အသားမှ လွတ်သော ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ အရေငုတ် အရေတုံး (= ခြေဖနောင့် စသည်တွင် ဖြစ်တတ်သော အသားမာကဲ့သို့သော တွေ့ထိ၍ မနာသော အသားငုတ် အစအနများကို ဆိုလိုသည်။)၊ မှဲ့စသည်တို့၏ အစွမ်းဖြင့် အသက်ရှင်ဆဲ ကိုယ်၌လည်းကောင်း၊ ၂။ သူသေကောင် စသည်တို့၏ အစွမ်းဖြင့် အခြား တစ်ပါးသော အသက်မရှိသော ကိုယ်ကောင်၌လည်း ကောင်း ---- ဤနှစ်မျိုးသော သက်ရှိ သက်မဲ့ ရုပ်လောက၌ ဥတုဇရုပ်တို့၏ သန္တတိအစဥ်အားဖြင့် ရှေးနှင့် နောက် ဆက်စပ်လျက် အချိန်ကြာမြင့်စွာ အဆက်မပြတ် ဖြစ်နေခြင်းကို အနုပါဒိန္နပက္ခ = ကမ္မဇရုပ်၏ အထောက်အပံ့မှ ကင်းသောအဖို့၌ တည်၍ ဥတုဇရုပ်တို့၏ သန္တတိအစဥ် မပြတ်အောင် အချိန်ကြာမြင့်စွာ ဖြစ်နေခြင်းဟု ဆိုလို သည်။ (မဟာဋီ-၂-၄ဝ၄။) 〔မစားမျိုခင် အာဟာရအဖြစ် အိုးခွက် ပုဂံ စသည်တို့၌ တည်ရှိနေကြသော ဥတုဇသြဇဋ္ဌမကရုပ်တို့၌
1.就仍然活着的身体而言,如脱离肉身的头发、体毛、脚趾甲、手指甲、角质硬皮与皮肤硬块〔指脚跟等处常见、触碰不痛、类似老茧的硬皮碎片〕、痣等;2.就其他无生命的身体而言,如尸体等——在这两类有生命与无生命的色法世界中,时节生色都能以前后相续的方式,长时间不断生起。所谓“အနုပါဒိန္နပက္ခ”(anupādinna-pakkha,无执受一方),就是指立于不受业生色资助的一方,而使时节生色相续长时间不断。缅文出处原文:“(မဟာဋီ-၂-၄ဝ၄။)”(《大复注》2-404。)〔同样,在尚未吞食以前,作为食物放在锅、器皿、盘子等处的时节生食素八法聚——
လည်း သန္တတိအစဥ်အားဖြင့် ရှေးနှင့် နောက် ဆက်စပ်လျက် အချိန်ကြာမြင့်စွာ အဆက်မပြတ် အထပ်ထပ် ဖြစ်နေရာ၌လည်း နည်းတူ သဘောပေါက်ပါ၊ အနုပါဒိန္နပက္ခတည်း။〕〕〕
——也应当同样理解:它们以前后相续的方式,长时间一再不断生起;这也属于无执受一方。〕
ဝိပဿနောဘာသ = ဝိပဿနာဉာဏ်ရောင်
“ဝိပဿနောဘာသ”(vipassanobhāsa)=观智光
ဝိပဿနာဉာဏ် ဦးဆောင်သော ဝိပဿနာစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့တွင် ပါဝင်သော တေဇော ဓာတ် ဥတုကြောင့် ဖြစ်သော ဥတုဇရုပ်အစဥ်သည် ကမ္မဇရုပ်၏ အထောက်အပံ့မှ ကင်းသော အနုပါဒိန္နပက္ခ ဟူသော ဗဟိဒ္ဓ အဖို့အစု၌တည်၍ ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာအိမ်၏ ပြင်ဘက်၌ ဝိပဿနာဉာဏ်၏ အာနု ဘော်အားလျော်စွာ တိုက်ခန်းတစ်ခုအတွင်းမှ အစပြု၍ သောင်းလောကဓာတ် တစ်ခွင်သို့ တိုင်အောင် ရှည်စွာ သော ကာလပတ်လုံးလည်း ဖြစ်နိုင်သည်သာတည်း။ ဝိပဿနာဉာဏ် အရောင်အလင်းမှာ ထိုစိတ္တဇသြဇဋ္ဌမက ရုပ်ကလာပ် ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော ဝဏ္ဏဓာတ် = ရူပါရုံ၏ အလွန်အကဲ အရောင် တောက်ပမှုတည်း။ ဝိပဿနာဉာဏ်နှင့် ယှဥ်သော စိတ် စေတသိက်တို့ကြောင့် ဖြစ်သော စိတ္တဇသြဇဋ္ဌမက ရုပ်ကလာပ်တို့တွင်လည်း ဝဏ္ဏဓာတ် ရူပါရုံ ပါဝင်လျက်ပင် ရှိ၏။ ထို ရူပါရုံသည်လည်း ဉာဏ်အာနုဘော်က ကြီးလျှင် ကြီးသလို အလွန်တောက်ပသည်သာ ဖြစ်၏။ သို့သော် ထို ဝိပဿနာစိတ်ကြောင့် ဖြစ်သော စိတ္တဇ
由以观智为先导的观心所生心生色中所含的火界——时节——产生的时节生色相续,立于不受业生色资助的无执受一方,也就是外在一方;依瑜伽行者观智的威力,它可以在身体之外,从一个房间的范围开始,乃至遍及一万个世界系,持续很长时间。所谓观智的光明,就是这些心生食素八法聚与时节生食素八法聚中颜色界=色所缘极其明亮的光辉。由与观智相应的心、心所所生的心生食素八法聚,也都含有颜色界=色所缘;智的威力越强,它便越明亮。然而,这些由观心所生的心生——
ရုပ်ကလာပ်များကား သရီရဋ္ဌ = ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာအိမ်အတွင်း၌သာ ဖြစ်၏၊ အပြင် ဗဟိဒ္ဓသို့ မပျံ့ပေ။
——色聚只存在于瑜伽行者身体内部,不会扩散到外部。
ယင်း စိတ္တဇရုပ်ကလာပ်များတွင် ပါဝင်သော တေဇောဓာတ် ဥတုကြောင့် ဆင့်ကဲ ဖြစ်ပွားလာကြသော ဥတုဇရုပ် များသည်သာလျှင် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် အရပ်ဆယ်မျက်နှာ ဝန်းကျင်ပတ်ချာ၌ ပျံ့နှံ့၍ ဖြစ်ကြ၏။ ယင်းဗဟိဒ္ဓ၌ ဘုတ်အဆက်ဆက် ရိုက်ခတ်၍ ဖြစ်နေကြသော ဥတုသမုဋ္ဌာန် = ဥတုဇရုပ်တို့ကား ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်ပေသည်၊ အနုပါဒိန္နကပက္ခ၌ တည်၍ ဥတုဇရုပ်တို့၏ ဖြစ်မှုပင်တည်း။
只有由这些心生色聚中的火界——时节——逐代产生的时节生色,才不仅在内在生起,而且能扩散到外在十方周围。在外界,由一代代大种相续撞击而生的这些时节所生色,称为“ဥတုပစ္စယ ဥတုသမုဋ္ဌာနရုပ်”(utu-paccaya utu-samuṭṭhāna-rūpa,时节缘时节生色);它们立于无执受一方而生起。
၅။ ဥတုပစ္စယ အာဟာရသမုဋ္ဌာန = ဥတု အထောက်အပံ့ရှိသော အာဟာရကြောင့် ဖြစ်သောရုပ် ဥတုပစ္စယအာဟာရသမုဋ္ဌာနံ နာမ ဥတုသမုဋ္ဌာနာ ဌာနပ္ပတ္တာ သြဇာ အညံ သြဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ သြဇာ အညန္တိ ဧဝံ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ။ (ဝိသုဒ္ဓိ-၂-၂၅၂။) အထက်တွင် ဖော်ပြထားခဲ့သော ကမ္မသမုဋ္ဌာန်-ဥတု၊ စိတ္တသမုဋ္ဌာန်-ဥတု၊ ဥတုသမုဋ္ဌာန်-ဥတု၊ အာဟာရ သမုဋ္ဌာန်-ဥတုဟူသော (၄)မျိုးသော ဥတုကြောင့်ဖြစ်သော ဥတုဇရုပ်ကလာပ် (= ဥတုသမုဋ္ဌာန်ရုပ်ကလာပ်)
5.“ဥတုပစ္စယ အာဟာရသမုဋ္ဌာန”(utu-paccaya āhāra-samuṭṭhāna)=时节缘食生色,即以时节为资助缘、由食直“所谓时节缘食生色,是时节所生色中的食素到达住时后,产生另一个食素八法聚;其中的食素又产生另一个,如此把相续连接至10次或12次。”(《清净道论》2-252。)在由上述业生时节、心生时节、时节生时节、食生时节这4类时节所产生的每一个时节生色聚中——
原书第 694 页
အသီးအသီး၌ တည်ရှိသော သြဇာသည် (ရှေး အာဟာရဇရုပ်ပိုင်းတွင် ဖော်ပြခဲ့သော အာဟာရဇသြဇာ၏ အား ပေးထောက်ပံ့မှုကို ရရှိသောအခါ) ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် အခြားတစ်ပါးသော သြဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ယင်းသြဇဋ္ဌမက ရုပ်ကလာပ်၌ တည်သော သြဇာသည်လည်း (အာဟာရဇသြဇာ၏ အားပေးထောက်ပံ့ မှုကို ရရှိသောအခါ) ရုပ်၏ဌီကာလသို့ ရောက်ခိုက်၌ အခြားတစ်ပါးသော သြဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏။
——其中各自所含的食素,得到前文食生色部分所说食生食素的扶助、支持,并到达色法住时后,便产生另一个食素八法聚。该新聚中的食素也同样得到食生食素的扶助、支持,在到达住时后再产生另一个食素八法聚。
ဤသို့လျှင် (၁ဝ)ကြိမ် (၁၂)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ (ဝိသုဒ္ဓိ-၂-၂၅၂။)
如此便把一批批色聚的生起连接到10次或12次。缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၅၂။)”(《清净道论》2-252。)
ဇနက နှင့် ဥပတ္ထမ္ဘက
能生因与资助因
တတြာယံ ဥတု ဥတုသမုဋ္ဌာနာနံ ဇနကော ဟုတွာ ပစ္စယော ဟောတိ၊ သေသာနံ နိဿယအတ္ထိအဝိ- ဂတဝသေနာတိ ဧဝံ ဥတုဇရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ ဧဝဥှိ ရူပဿ နိဗ္ဗတ္တိ ပဿန္တော ကာလေန ရူပံ သမ္မသတိ နာမ။ (ဝိသုဒ္ဓိ-၂-၂၅၂။) ရူပဿ နိဗ္ဗတ္တိယာ ဒိဋ္ဌာယ တဿ ဘင်္ဂေါပိ ဒိဋ္ဌောယေဝ ဟောတိ ဣတ္တရကာလတ္တာ ဓမ္မပ္ပဝတ္တိယာတိ အာဟ ''နိဗ္ဗတ္တိံ ပဿန္တော ကာလေန ရူပံ သမ္မသတိ နာမာ''တိ။ န ဟိ နိဗ္ဗတ္တိမတ္တဒဿနံ သမ္မသနံ နာမ ဟောတိ၊ ဥဒယဗ္ဗယဒဿနဉ္စ အဓိကတန္တိ။ ဧသ နယော ဣတော ပရေသုပိ နိဗ္ဗတ္တိဂ္ဂဟဏေသု။
巴利《清净道论》引文及《大复注》释文(缅文转写;《大复注》出处续U005):“တတြာယံ ဥတု ဥတုသမုဋ္ဌာနာနံ ဇနကော ဟုတွာ ပစ္စယော ဟောတိ၊ သေသာနံ နိဿယအတ္ထိအဝိ- ဂတဝသေနာတိ ဧဝံ ဥတုဇရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ ဧဝဥှိ ရူပဿ နိဗ္ဗတ္တိ ပဿန္တော ကာလေန ရူပံ သမ္မသတိ နာမ။ (ဝိသုဒ္ဓိ-၂-၂၅၂။) ရူပဿ နိဗ္ဗတ္တိယာ ဒိဋ္ဌာယ တဿ ဘင်္ဂေါပိ ဒိဋ္ဌောယေဝ ဟောတိ ဣတ္တရကာလတ္တာ ဓမ္မပ္ပဝတ္တိယာတိ အာဟ ''နိဗ္ဗတ္တိံ ပဿန္တော ကာလေန ရူပံ သမ္မသတိ နာမာ''တိ။ န ဟိ နိဗ္ဗတ္တိမတ္တဒဿနံ သမ္မသနံ နာမ ဟောတိ၊ ဥဒယဗ္ဗယဒဿနဉ္စ အဓိကတန္တိ။ ဧသ နယော ဣတော ပရေသုပိ နိဗ္ဗတ္တိဂ္ဂဟဏေသု။”译:“在这里,这一时节作为能生因,成为时节所生诸色的缘;对于其余诸色,则以依止、存在、不离诸方式成为缘。应当如是观见时节生色的生起。如此观见色法生起的人,称为有时思惟色法。”(《清净道论》2-252。)“由于色法的生起已被见到,它的坏灭也就已被见到,因为诸法的转起仅有极短时间。因此才说:‘观见生起的人,称为有时思惟色法。’仅仅看见生起,并不能称为思惟;这里所讨论的,是看见生与灭。下文凡说取其生起者,也应依照这一方法理解。”
(မဟာဋီ-၂-၄ဝ၄။)
缅文出处原文:“(မဟာဋီ-၂-၄ဝ၄။)”(《大复注》2-404。)
အထက်ပါ ရုပ်ကလာပ်အမျိုးအစားတို့တွင် ဤတေဇောဓာတ်ဥတုသည် ဥတုသမုဋ္ဌာန်ရုပ်တို့အား တိုက်ရိုက် ဖြစ်စေတတ်သော ဇနက အကြောင်းတရားဖြစ်၍ ကျေးဇူးပြုတတ်၏။ ဥတုသမုဋ္ဌာန်ရုပ်မှ ကြွင်းကုန်သော ကမ္မ- သမုဋ္ဌာန် စိတ္တသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ဟူသော (၃)မျိုးသော တိသန္တတိရုပ်တို့အား နိဿယသတ္တိ အတ္ထိသတ္တိ အဝိဂတသတ္တိတို့၏ အစွမ်းဖြင့် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားဖြစ်၍ ကျေးဇူးပြု တတ်၏။
在上述各类色聚中,这一火界——时节——作为直接产生时节所生色的能生因而给予助缘;对于除时节所生色以外的其余三种色相续,即业生色、心生色、食生色,则以依止缘力、存在缘力、不离缘力,作为维护、扶助的资助因而给予助缘。
ဤသို့လျှင် ဥတုဇရုပ်တို့၏ ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါ။
应当以观智清楚观见上述时节生色的生起方式。
အကျိုးကား --- ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ရုပ်တရား၏ ဖြစ်မှုကို ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင်မျက်- မှောက် ထွင်းဖောက်သိမြင်အောင် ရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ ရုပ်တရားကို ရှုပွားသုံးသပ်သည် မည်၏။
其利益是:依照以上方法,以观智亲自现前、洞彻知见色法生起的瑜伽行者,称为“有时思惟色法”。
(ဝိသုဒ္ဓိ-၂-၂၅၂။)
缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၅၂။)”(《清净道论》2-252。)
ရုပ်တရား၏ ဖြစ်မှုသဘောတရားကို ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အပ် ပြီးသည်ရှိသော် ပရမတ္ထ ဓမ္မသဘာဝတို့၏ အလွန်တိုတောင်းသော အချိန်ကာလ သက်တမ်းရှိသည်၏ အဖြစ် ကြောင့် ထိုရုပ်တရား၏ ပျက်ခြင်း ဘင်ကိုလည်း မြင်အပ်သည်သာလျှင် ဖြစ်၏။ ထိုကြောင့် ''ရုပ်တရား၏ ဖြစ်မှု ကို ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ ရုပ်တရားကို ရှုပွားသုံးသပ်သည် မည်၏''ဟု အဋ္ဌကထာက မိန့်ဆိုခြင်း ဖြစ်ပေသည်။
一旦以观智亲自现前、洞彻知见色法生起的性质,由于究竟法的寿命极其短暂,色法的坏灭也必定已经被看见。因此义注才说:“以观智亲自现前、洞彻知见色法生起的瑜伽行者,称为有时思惟色法。”
မှန်ပေသည် --- ဖြစ်မှု သဘောတရားသက်သက်မျှကို ရှုခြင်းသည် လက္ခဏာရေးသုံးတန် တင်ကာ ရှုပွား သုံးသပ်သည် မမည်။ စင်စစ်ကား ဖြစ်မှု ပျက်မှုကို ရှုခြင်းကို စပ်ယှဥ်အပ်သော အရာတည်းဟု သိအပ်၏။ ဤမှ နောက်ပိုင်းဝယ် ဖြစ်မှုကို ရှုခြင်းတို့၌လည်း နည်းတူပင် မှတ်ပါ။ (ဤကား ဝိပဿနာပိုင်းကို ရည်၍ ဖွင့်ဆိုသော စကားတည်း။) (မဟာဋီ-၂-၄ဝ၄။) ဤတွင် ရူပနိဗ္ဗတ္တိပဿနာကာရ ခေါ် ရုပ်တို့၏ ဖြစ်ပုံကို ရှုပွားပုံ အခြင်းအရာ အာကာရပိုင်း ပြီး၏။
诚然,只观生起这一性质,还不能称为标举三相而作观修审察;这里实际所说,是把对生起与坏灭的观察联系起来。下文凡说观察生起,也应同样理解。〔这是针对观修阶段所作的说明。〕缅文出处原文:“(မဟာဋီ-၂-၄ဝ၄။)”(《大复注》2-404。)至此,“ရူပနိဗ္ဗတ္တိပဿနာကာရ”(rūpanibbatti-passanākāra,观修诸色生起方式)一节结束。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。