经(Sutta)
教法的大支柱 · 原书第 168–172 页 · 45 个翻译单元
本页并入了原书的相邻小节:经(Sutta)。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 168 页
သာသနာ့မဏ္ဍိုင်ကြီးများ
教法的大支柱
အသင် ယောဂီသူတော်ကောင်းသည် ဘုရား အစရှိသော အရိယာတကာ သူတော်စွာတို့ ကိန်းအောင်း မွေ့လျော် စံပျော်ရာဖြစ်သော အငြိမ်းကြီးငြိမ်း၍ အအေးကြီးအေးတော်မူသည့် မဟာအသင်္ခတဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို မြင်လိုသည်ဖြစ်အံ့၊ ရောက်လိုသည်ဖြစ်အံ့၊ သိလိုသည်ဖြစ်အံ့၊ ဉာဏ်ဖြင့် ကိုယ်တိုင်မျက်- မှောက် ထွင်းဖောက်လိုသည် ဖြစ်အံ့၊ မျက်မှောက်ပြုလိုသည် ဖြစ်အံ့၊ ထိုနိဗ္ဗာန်တရားတော်မြတ်ကို မြင်ရေး ရောက်ရေး သိရေး ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်နိုင်ရေး မျက်မှောက်ပြုနိုင်ရေးအတွက် နိဗ္ဗာန်သို့ ရောက်စေနိုင်သည့် စွမ်းအင် အပြည့်အဝရှိသော မဂ္ဂင်ရှစ်ပါး ကျင့်စဥ်တရားတည်းဟူသော လမ်းကြောင်းအတိုင်း မတိမ်းမစောင်းစေဘဲ ဖြောင့်ဖြောင့်တန်းတန်း လျှောက်သွားရမည် ဖြစ်သည်။ ထိုသို့ လျှောက်သွားရာ၌ အသင် ယောဂီသူတော်ကောင်း၏ သွားနေသည့် လမ်းကြောင်းကို တိမ်းစောင်း၍ မသွားစေရန် မားမားမတ်မတ်
禅修者,如果你想见到、到达、了知这殊胜的涅槃法——它是以诸佛为首的一切圣者安住、悦乐之处,是究竟寂灭、究竟清凉的大无为界;如果你想以自己的智慧当下洞彻并现证它,那么,为了见到、到达、了知、亲自以智慧当下洞彻并现证这殊胜的涅槃法,你就必须沿着具有充分力量、能够引至涅槃的八支圣道修行之路,不偏不倚地笔直前行。如此前行时,为了使禅修者所走的道路不致偏斜,便有教法的支柱昂然——
ရပ်တည်၍ လမ်းညွှန်ပေးနေသည့် အသင် ယောဂီသူတော်ကောင်းကိုယ်တိုင် ရိုသေကျိုးနွံစွာ ဦးထိပ်ရွက် ပန်- ဆင်လျက် ကျောက်ထီးတန္တုကဲ့သို့ အလေးဂရု ပြုရမည့် ဝိနယလေးပါး အမည်ရသည့် သာသနာ့မဏ္ဍိုင်ကြီး လေးမျိုး ရှိပေသည်။ ယင်းလေးမျိုးတို့ကား ---- ၁။ သုတ္တ၊ ၂။ သုတ္တာနုလောမ၊ ၃။ အာစရိယဝါဒ၊ ၄။ အတ္တနောမတိတို့ ဖြစ်ကြ၏။
——挺立,为你指示道路;这就是称为“四种律则”的教法四大支柱。禅修贤友本人应恭敬谦顺地顶戴奉持,像石伞一样坚定、郑重地尊奉。四者是:1.经(sutta);2.随顺经(suttānuloma);3.师说(ācariyavāda);4.自意(attanomati)。
၁။ သုတ္တ
1.经(Sutta)
သုတ္တံ နာမ တိဿော င်္သဂီတိယော အာရုဠှာနိ တီဏိ ပိဋကာနိ။ (ဒီ-ဋ္ဌ-၂-၁၅၈။) သုတ္တ ---- အရှင်မဟာကဿပ မထေရ်မြတ်ကြီး ဦးစီး၍ ရဟန္တာအရှင်မြတ် ငါးရာတို့ ပထမအကြိမ် တင်အပ်သော ပဉ္စသတိကသင်္ဂါယနာ၊ အရှင်မဟာယသ မထေရ်မြတ်ကြီး အကျိုးဆောင်လျက် ရဟန္တာ အရှင်မြတ် (၇ဝဝ)တို့ ဒုတိယအကြိမ် တင်အပ်သော သတ္တသတိကသင်္ဂါယနာ၊ အရှင်မဟာမောဂ္ဂလိ- ပုတ္တတိဿ မထေရ်မြတ်ကြီး ဦးစီး၍ ရဟန္တာအရှင်မြတ် (၁ဝဝဝ)တို့ တတိယအကြိမ် တင်အပ်သော သဟဿိကသင်္ဂါယနာဟု တရားဝင် သင်္ဂါယနာသုံးတန်သို့ တင်ထားအပ်သော သုတ်-ဝိနည်း-အဘိဓမ္မာ ဟူသော ပိဋကသုံးပုံသည် သုတ္တ မည်ပေသည်။ သုတ္တ အမည် ရရှိခြင်း၏ အကြောင်းကား ဤသို့တည်း။
“所谓经(sutta),就是经三次结集而载入的三藏。”(《长部义注》2-158。)经(Sutta)——以摩诃迦叶长老为首,由五百位阿罗汉第一次结集的“五百结集”;由摩诃耶舍长老出面促成、七百位阿罗汉第二次结集的“七百结集”;以摩诃目犍连子帝须长老为首,由一千位阿罗汉第三次结集的“千人结集”:经这三次正式结集所结集的经、律、阿毗达磨三藏,称为经(Sutta)。它之所以获得“经”这一名称,理由如下。
ဘုရားရှင်သည် သုတ္တန်ပိဋက အဝင်အပါ ဖြစ်သော ထိုပိဋကသုံးပုံ၌ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ လူ-နတ်-နိဗ္ဗာန် သုံးတန်သော ချမ်းသာဟူသော အကျိုးစီးပွား အမျိုးမျိုးကို ရစေနိုင် ရောက်စေနိုင်သော ကျင့်စဥ် အမျိုးမျိုး လုပ်ငန်းစဥ် အရပ်ရပ်တို့ကို ကောင်းစွာ ချမှတ်ထားတော်မူ၏၊ ဟောကြားထားတော်မူ၏။ ကျွတ်ထိုက် သသူ နတ် လူ ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏ အဇ္ဈာသယဓာတ် အလိုအကြိုက် စရိုက်နှင့် လျော်စွာ နည်း အမျိုးမျိုးဖြင့် ဟောကြားထားတော်မူ၏။ သို့အတွက် ပိဋကသုံးပုံသည် သတ္တဝါတို့၏ အကျိုးစီးပွား အမျိုးမျိုးကို ထင်ရှားပြတတ်သောကြောင့် သုတ္တ အမည်ရပေသည်။
佛陀在包括经藏在内的这三藏中,善为自己与他人双方制定、宣说了种种修行法与实践次第,使人能够获得、到达人间、天界与涅槃三类安乐利益;又随顺那些堪受度脱的天、人、梵天等所化有情各自的性向、意乐与性行,以种种方法加以宣说。因此,三藏能够显明有情的种种利益,故名为经(Sutta)。
ကောက်ပင်သည် စပါးတည်း ဟူသော အသီးကို သီးစေတတ်သကဲ့သို့ ထို့အတူ ပိဋက သုံးပုံတည်းဟူသော ဘုရားစကားတော်သည် လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ နိဗ္ဗာန်ချမ်းသာတည်းဟူသော အသီး အမျိုး- မျိုးကို သီးစေတတ် ဖြစ်စေတတ်သောကြောင့်လည်း သုတ္တ အမည်ရပေသည်။
正如稻株能够结出稻谷之果,同样,称为三藏的佛语能够产生人间之乐、天界之乐、梵天之乐与涅槃之乐等种种果,故也名为经(Sutta)。
原书第 169 页
ကောင်းသော ည တစ်ညပိုင်း -- သာသနာ့မဏ္ဍိုင်ကြီးများ နွားမသည် နို့ရည်ကို သွန်ချသကဲ့သို့ ပိဋကသုံးပုံတည်းဟူသော ဘုရားစကားတော်သည် လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ နိဗ္ဗာန်ချမ်းသာတည်းဟူသော အကျိုးစီးပွား အမျိုးမျိုးတို့ကို သွန်ချတတ်သော- ကြောင့်လည်း သုတ္တ အမည်ရပေသည်။
正如母牛流出乳汁,称为三藏的佛语也流出人间之乐、天界之乐、梵天之乐与涅槃之乐等种种利益,故也名为经(Sutta)。
ဤပိဋကသုံးပုံတည်းဟူသော ဘုရားစကားတော်သည် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာတည်း ဟူသော အကျိုးစီးပွား အမျိုးမျိုးတို့ကို ကောင်းစွာ စောင့်ရှောက်တတ်သောကြောင့်၊ ထိုအကျိုးစီးပွား အမျိုးမျိုး တို့ကို ရရာရကြောင်း ကောင်းမြတ်မှန်ကန်သည့် ကျင့်စဥ် အရပ်ရပ်တို့ကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်- တတ်သောကြောင့်လည်း သုတ္တ ဟူသော အမည်ကို ရရှိပြန်ပေသည်။
称为三藏的佛语,能够善加守护人间、天界与涅槃三类安乐利益,也能够善加保存、守护使人获得这些种种利益的正善修行法,因此又获得经(Sutta)这一名称。
လက်သ္မားတို့သည် သစ်ကို ရွေရာ၌ လွှတိုက်ရာ၌ အသုံးပြုသော ထိုထို သစ်တို့ကို တိုင်းတာကြောင်း ဖြစ်သော တမျဥ်းကြိုး (= တာမျဥ်းကြိုး) သည် သုတ္တ မည်၏။ သစ်တုံးတစ်ခုကို အလိုရှိသည့် ပုံစံအမျိုးမျိုးကို ရရှိအောင် ရုပ်လုံးဖော်ရာ၌ ထို တမျဥ်းကြိုးသည် သို့မဟုတ် ထိုတမျဥ်းကြိုးဖြင့် တိုင်းတာထားအပ်သော မျဥ်း- ကြောင်းသည် လိုရင်းပမာဏ ဖြစ်၏။ ထိုမျဥ်းကြောင်းအတိုင်း သစ်ကို ခွဲစိတ် ဖြတ်တောက်ခဲ့သော် အလိုရှိရာ ပုံစံအတိုင်း အလိုရှိရာ သစ်ကို ရနိုင်သောကြောင့် ဖြစ်၏။ ဤ ဥပမာအတူပင် ဤ ပိဋကသုံးပုံတည်းဟူသော ဘုရားစကားတော်သည်လည်း ''နိဗ္ဗာန်သို့ ဤလမ်းက သွားရသည်'' ---- ဟု နိဗ္ဗာန်သို့ သွားရာ လမ်းကြောင်းကို ညွှန်ကြားပြသပေးနေသော တရားတော်များ ဖြစ်သဖြင့် လက်သမားတို့ အသုံးပြုသည့် တမျဥ်းကြိုးနှင့် တူသော- ကြောင့်လည်း သုတ္တ ဟူသော အမည်ကို ရရှိပြန်ပေသည်။ နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းနှင့် ဆက်စပ်၍ ဓမ္မ
木匠砍削、锯切木材时,用来量定各块木材的墨线(即量线)称为 sutta。把一块木材加工成所需形状时,墨线或以墨线量定的线迹,就是所要求的尺度;沿着这条线劈开、锯断木材,就能得到所需形状的木料。同样,称为三藏的佛语指示着通往涅槃的路线,告诉人们“应从这条路前往涅槃”;因为它与木匠所用的墨线相似,所以也获得经(Sutta)之名。关于通往涅槃的道路,若就何为法、——
အဓမ္မ စသည်ဖြင့် ဝိဝါဒဖြစ်ခဲ့သော် တရားဆုံးဖြတ်သော ပညာရှိ သူတော်ကောင်းတို့ လိုရင်းပမာဏ အလေးထား ရမည့် အမှားအမှန်ကို တိုင်းတာကြည့်ရမည့် ပေကြိုးကား ထိုသုတ္တ အမည်ရသော ပိဋက သုံးပုံပင် ဖြစ်သည်။
——何为非法等问题发生争论,有智善士裁决时应当看重、据以衡量正误的准绳,正是这称为经(Sutta)的三藏。
ချည်ကြိုးဖြင့် သီကုံးထားအပ်ကုန်သော ပန်းတို့ကို လေသည် အရပ်တစ်ပါးသို့ ရောက်အောင် ဖရိုဖရဲ ပြန့်ကျဲသွားအောင် မဖြန့်ကြဲနိုင်သကဲ့သို့ အလားတူပင် ဤပိဋကသုံးပုံတည်းဟူသော တရားတော်မြတ်ဖြင့် သီကုံး ထားအပ်ကုန်သော လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာတည်းဟူသော အကျိုးစီးပွား အမျိုးမျိုးကို ရစေ ရောက်စေနိုင်သည့် စွမ်းအင်သတ္တိ စုံညီပြည့်ဝလျက်ရှိသော ကျင့်စဥ်အမျိုးမျိုး လုပ်ငန်းရပ် အဖုံဖုံတို့ကို မိစ္ဆာ ဝါဒတည်းဟူသော လေပြင်းမုန်တိုင်းသည် ဖရိုဖရဲ ပြန့်ကျဲသွားအောင် မဖြန့်ကြဲအပ် မဖြန့်ကြဲနိုင် မဖျက်ဆီးအပ် မဖျက်ဆီးနိုင်ရကား ပန်းကို သီကုံးထားအပ်သော ချည်ကြိုးနှင့် တူသော အဖို့ရှိသည်၏ အဖြစ်ကြောင့်လည်း သုတ္တ ဟူသော အမည်ကို ရရှိပြန်လေသည်။ (ဒီ-ဋ္ဌ-၁-၁၈။)
正如以线串起的花朵不会被风吹得四散到别处,同样,以称为三藏的殊胜教法贯串起来的种种修行法与实践事项,具足使人获得、到达人间、天界与涅槃三类安乐利益的力量;邪说如狂风暴雨,不能把它们吹散,也不能加以破坏。因为三藏具有如串花之线的性质,所以又获得经(Sutta)这一名称。(《长部义注》1-18。)
ဘုရားကို ပယ်နေသူ
拒斥佛陀者
တတ္ထ သုတ္တံ အပ္ပဋိဗာဟိယံ၊ တံ ပဋိဗာဟန္တေန ဗုဒ္ဓေါဝ ပဋိဗာဟိတော ဟောတိ။ (ဒီ-ဋ္ဌ-၂-၁၅၈။) ဤအဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့တည်း။ ထိုသုတ္တစသော ဝိနယ (၄)ပါးတို့အနက် တစ်ဘက်ပုဂ္ဂိုလ်က တင်ပြကိုးကားလာသော စကားသည် တရားဝင် သင်္ဂါယနာကြီး သုံးတန်၌ သင်္ဂါယနာတင်ထားအပ်သည့် ပိဋက သုံးပုံတည်းဟူသော သုတ္တစကား ဖြစ်ခဲ့လျှင် ထိုစကားကို မပယ်မြစ်အပ်၊ ထို သုတ္တစကားတော် = ပိဋကတော်ကို ပယ်လျှင် ပယ်မြစ်လျှင် သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကိုပင် ပယ်သည် ပယ်မြစ်အပ်သည် မည်လေတော့၏။ ဤကား ဆိုလိုရင်းတည်း။
“其中,经(sutta)不可拒斥;拒斥它的人,正是拒斥佛陀。”(《长部义注》2-158。)这段义注的意旨如下:在以经为首的四种律则中,如果对方提出援引的话,确是经三次正式结集而载入的三藏、即称为经(Sutta)的佛语,就不应拒绝这段话;若拒绝、排斥这经语,即三藏,也就称为拒绝、排斥正自觉佛陀本人。这就是它的意旨。
原书第 170 页
ဤအထက်ပါ မဟာပရိနိဗ္ဗာနသုတ္တန်ကို ဖွင့်ဆိုနေသော သုတ်မဟာဝါ အဋ္ဌကထာ၏ စကားတော်မှာ နိဗ္ဗာန်သို့သွားရာ လမ်းမှန်ကို ရှာဖွေနေသော သို့မဟုတ် နိဗ္ဗာန်သို့သွားရာ မဂ္ဂင်လမ်းမကြီးပေါ်၌ လျှောက်သွား နေသော အသင် ယောဂီသူတော်ကောင်းအဖို့ အလေးဂရု ပြု၍ ဦးထိပ်ထက်၌ သံမှိုနှက်သကဲ့သို့ စွဲနေအောင် ရိုသေလေးမြတ်စွာ မှတ်သားနာယူရမည့် စကားတော်ပင် ဖြစ်သည်။ နိဗ္ဗာန်သွားရာ လမ်းမှန်ကို ရှာဖွေရာ၌ လည်းကောင်း နိဗ္ဗာန်သို့ သွားရာ မဂ္ဂင်လမ်းမကြီးပေါ်သို့ တက်၍ လျှောက်သွားရာ၌လည်းကောင်း မဂ္ဂက္ခာယီ အမည်ရတော်မူသော အကောင်းဆုံးသော ခရီးညွှန်ဖြစ်တော်မူသော ဘုရားရှင်အား မပယ်မိဖို့ရန် အထူး သတိ ပြုရမည် ဖြစ်ပေသည်။
上述解释《大般涅槃经》的《经大品义注》之语,对于正在寻找通往涅槃的正道,或已经行走在通往涅槃的八支道大道上的禅修者而言,正是应当郑重看待、恭敬领受,并像在头顶钉入铁钉一般牢牢记住的话。无论寻找通往涅槃的正道,还是登上通往涅槃的八支道大道而行,都必须特别留意:不要拒斥佛陀——这位称为示道者(maggakkhāyī)的最佳向导。
ဘုရားရှင်တို့၏ စကားတော်ဟူသည်
所谓诸佛之语
ယဉ္စ ဘိက္ခဝေ ရတ္တိံ တထာဂတော အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဇ္ဈတိ၊ ယဉ္စ ရတ္တိံ အနုပါဒိသေ- သာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယတိ၊ ယံ ဧတသ္မိံ အန္တရေ ဘာသတိ လပတိ နိဒ္ဒိသတိ၊ သဗ္ဗံ တံ တထေဝ ဟောတိ နော အညထာ။ တသ္မာ ''တထာဂတော''တိ ဝုစ္စတိ။ (အံ-၁-၃၃၂ - လောကသုတ္တန်။) = ရဟန်းတို့ အကြင် ညဥ့်၌လည်း တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် အတု မရှိသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ဟု ခေါ်ဆိုအပ်သော သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်ကို ထိုးထွင်း သိမြင်တော်မူ၏။ အကြင် ညဥ့်၌လည်း ခန္ဓာ (၅)ပါးတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဟု ခေါ်ဆို- အပ်သော အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏။ ထိုနှစ်ညဥ့်တို့၏ အတွင်း၌ အကြင်တရား စကားတော်ကို ပြောဆိုတော်မူ၏ မိန့်မြွက်တော်မူ၏၊ ညွှန်ကြားတော်မူ၏။ ထိုအလုံးစုံသော တရားစကားတော် သည် ပြောဆိုသည့်အတိုင်း မိန့်မြွက်သည့်အတိုင်း ညွှန်ကြားသည့်အတိုင်း မှန်သည်သာလျှင် ဖြစ်ပေ၏။ မမှန်
“诸比丘,从如来现证无上正等菩提的那一夜,直到以无余依涅槃界而般涅槃的那一夜;在这两夜之间,他所说、所语、所示的一切,皆如是而非他样。因此称为‘如来’。”(《增支部》1-332,《世间经》。)诸比丘,某夜,称为如来、作为你们导师的我,洞彻了无上的正等菩提智——即所谓阿罗汉道智与一切知智;某夜,又以无余依涅槃界,即五蕴灭尽而不再生起,入般涅槃。在这两夜之间,无论说出、宣说、指示什么法语,所有这些法语,都一如所说、所宣、所示而真实,绝不会以所谓“不真实”——
ဟူသော အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း မည်သည် မရှိသည်သာတည်း။ ထိုကြောင့် သင်တို့ ဆရာ ငါဘုရားကို တထာဂတဟူ၍ ခေါ်ဆိုအပ်ပေသည်။ (အံ-၁-၃၃၂။) အထက်ပါ ပါဠိတော်အရ သဗ္ဗညုတဉာဏ်တော်မြတ်ကို ရတော်မူသည့် ညဥ့်မှစ၍ ပရိနိဗ္ဗာန် ဝင်စံတော် မူသည့် ညဥ့်အထိ (၄၅)ဝါအတွင်း၌ ဘုရားရှင်၏ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော တရားစကားဟူသမျှ သည်ကား ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း အမှန်ချည်းသာ ဖြစ်သောကြောင့် မမှန်ဟူသော အခြား တစ်မျိုးသော အခြင်းအရာအားဖြင့်လည်း ဖြစ်ရိုးဓမ္မတာ မရှိသောကြောင့် ဘုရားရှင်၏ သုတ္တအမည်ရတော် မူသည့် တရားတော်များကို အသင် ယောဂီသူတော်ကောင်း အနေဖြင့် လက်မခံလိုဘဲ ပယ်လှန်လိုသည် ဖြစ်အံ့၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီ (၁ဝ)ပါး အပြား (၃ဝ)တို့ကို ဖြည့်ကျင့်ဆည်းပူးတော် မူပြီးမှ ရရှိလာသည့် သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ဟောကြားထားတော်မူသည့် တရားတော်
——这种另一行相而成立。因此,你们的导师——我——被称为如来。(《增支部》1-332。)依上述巴利,从佛陀获得一切知智的那一夜起,直到入般涅槃的那一夜为止,在四十五个雨安居年中,佛陀所宣说、开示、教诫的一切法语,都完全如其所说、所示、所教而真实,绝不会以另一种不真实的方式成立。因此,禅修者若不愿接受,反而想拒斥佛陀那些称为经(Sutta)的教法——这些教法,是佛陀在四阿僧祇与十万大劫中圆满十种波罗蜜的三十种行相,而后以所得的一切知智分析辨别并宣说的——
များကို ပယ်ရှားလိုသော အသင် ယောဂီသူတော်ကောင်း၏ သန္တာန်၌ သဗ္ဗညုတဉာဏ်တော်မြတ်နှင့် တူညီနေ- သော ဉာဏ်မျိုးသော်လည်းကောင်း၊ သဗ္ဗညုတဉာဏ်တော်ထက် သာလွန်သည့် ဉာဏ်မျိုးသော်လည်းကောင်း ရရှိထားပြီးဖြစ်ဖို့ လိုအပ်ပေလိမ့်မည်။ သို့မှသာလျှင် သဗ္ဗညုတဉာဏ်တော်မြတ်နှင့် ယှဥ်ပြိုင်၍ စင်ပြိုင်သာသနာ တစ်ရပ်ကို ထူထောင်နိုင်မည် ဖြစ်ပေသည်။
——那么,在这位想要拒斥这些教法的禅修者自身相续中,就必须已经获得一种与一切知智相等,或比一切知智更殊胜的智慧。只有这样,才可能与一切知智相抗衡,另行建立一套与之并立的教法。
သို့သော် သဗ္ဗညုတဉာဏ်တော်မြတ်ထက် သာလွန်သော ဉာဏ်မျိုးသည်လည်းကောင်း၊ သဗ္ဗညုတဉာဏ် နှင့် တူညီသော ဉာဏ်မျိုးသည်လည်းကောင်း ဤသာသနာတော်တွင်း၌ကား ရှိနိုင်သည့်အရာ မဟုတ်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က နာမည်ကျော် ဥပကကြီးအား ဟောကြားထားတော်မူပြီးပင် ဖြစ်ပေသည်။
然而,在这教法中,不可能存在比一切知智更殊胜、或与一切知智相等的智慧;佛陀本人早已对著名的 Upaka(优波迦)这样宣说。
原书第 171 页
ကောင်းသော ည တစ်ညပိုင်း -- သာသနာ့မဏ္ဍိုင်ကြီးများ န မေ အာစရိယော အတ္ထိ၊ သဒိသော မေ န ဝိဇ္ဇတိ။
“我没有老师,也找不到与我相等的人。”
သဒေဝကသ္မိံ လောကသ္မိံ ၊ နတ္ထိ မေ ပဋိပုဂ္ဂလော။
“在包括诸天的世间,没有人能与我匹敌。”
အဟံ ဟိ အရဟာ လောကေ၊ အဟံ သတ္ထာ အနုတ္တရော။
“我确是世间的阿罗汉;我是无上的导师。”
ဧကောမှိ သမ္မာသမ္ဗုဒ္ဓေါ၊ သီတိဘူတောသ္မိ နိဗ္ဗုတော။ (မ-၁-၂၂၇။)
“唯我一人是正自觉者;我已清凉、寂灭。”(《中部》1-227。)
= ဥပက …ငါအား သဗ္ဗညုတဉာဏ် ရရှိရေးအတွက် သွန်သင်ပြသ ဆိုဆုံးမသည့် ဆရာဟူ၍ မရှိ၊ ငါနှင့် တူသောသူ မရှိ။ နတ်နှင့်တကွသော တစ်လောကလုံး၌ ငါ့အား ဖက်ပြိုင်နိုင်သော ပုဂ္ဂိုလ်လည်း မရှိ။
优波迦……并没有一位老师曾教导、指示我,使我获得一切知智;也没有人与我相等。在包括诸天的整个世间,也没有人能够与我匹敌。
ငါသည် လောက၌ ရဟန္တာတည်း၊ ငါသည် အတုမရှိသောသူတည်း၊ နတ်လူတို့၏ ဆရာတည်း။ ငါ တစ်ယောက်တည်းသာလျှင် အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော တစ်ဆူတည်းသော ဘုရား တည်း။ ကိလေသာမီး ငြိမ်းသည်ဖြစ်၍ ချမ်းမြေ့စွာ နေရပေ၏။ (မ-၁-၂၂၇။) တစ်ဖန် အောက်ပါ ဗုဒ္ဓဝင်ပါဠိတော်ကို ဖတ်ရှုကြည့်ပါဦး။
我在世间是阿罗汉;我是无与伦比者,是天人与人类的导师。唯我一人亲自正确了知一切法,是独一无二的佛陀。烦恼之火已经熄灭,我安住于清凉。(《中部》1-227。)再请读一读下面《佛种姓》的巴利原文。
အဒွေဇ္ဈဝစနာ ဗုဒ္ဓါ၊ အမောဃဝစနာ ဇိနာ။
“诸佛之言没有二义;胜者之言绝不落空。”
ဝိတထံ နတ္ထိ ဗုဒ္ဓါနံ၊ ဓုဝံ ဗုဒ္ဓေါ ဘဝါမဟံ။
“诸佛绝无虚妄;我必定将成为佛陀。”
ယထာ ခိတ္တံ နဘေ လေဍ္ဍု၊ ဓုဝံ ပတတိ ဘူမိယံ။
“如抛向空中的土块,必定落到地上。”
တထေဝ ဗုဒ္ဓသေဋ္ဌာနံ၊ ဝစနံ ဓုဝသဿတံ။
“同样,最胜诸佛之言必定真实、永不落空。”
ယထာပိ သဗ္ဗသတ္တာနံ၊ မရဏံ ဓုဝသဿတံ။
“正如一切有情的死亡确定不免。”
တထေဝ ဗုဒ္ဓသေဋ္ဌာနံ၊ ဝစနံ ဓုဝသဿတံ။
“同样,最胜诸佛之言必定真实、永不落空。”
ယထာ ရတ္တိက္ခယေ ပတ္တေ၊ သူရိယုဂ္ဂမနံ ဓုဝံ။
“正如夜尽之时,太阳必定升起。”
တထေဝ ဗုဒ္ဓသေဋ္ဌာနံ၊ ဝစနံ ဓုဝသဿတံ။
“同样,最胜诸佛之言必定真实、永不落空。”
ယထာ နိက္ခန္တသယနဿ၊ သီဟဿ နဒနံ ဓုဝံ။
“正如狮子离开卧处之后,必定发出吼声。”
တထေဝ ဗုဒ္ဓသေဋ္ဌာနံ၊ ဝစနံ ဓုဝသဿတံ။
“同样,最胜诸佛之言必定真实、永不落空。”
ယထာ အာပန္နသတ္တာနံ၊ ဘာရမာရောပနံ ဓုဝံ။
“正如已经怀胎的有情必定卸下重担,即分娩。”
တထေဝ ဗုဒ္ဓသေဋ္ဌာနံ၊ ဝစနံ ဓုဝသဿတံ။ (ဗုဒ္ဓဝံသ-၃ဝ၆ - စသည်)
“同样,最胜诸佛之言必定真实、永不落空。”(《佛种姓》306等。)
= ဘုရားရှင်တို့ မည်သည် စကားနှစ်ခွ ဆိုတော်မူရိုး မရှိကြကုန်။ ငါးမာရ်အောင်မြင် ဘုရားရှင်တို့သည် အနက်မမှီး အချည်းနှီးသော စကားရှိတော် မမူကြကုန်။ ဘုရားရှင်တို့၏ ချွတ်ယွင်းသော စကားဟူသည် မရှိနိုင် သည်သာတည်း။ ထို့ကြောင့် ငါသည် မချွတ်ဧကန် ဘုရားဖြစ်ရပေတော့အံ့။
诸佛从不说两可之言;战胜五魔的诸佛,不会说无义、落空的话。诸佛绝不可能有错误之言。因此,我必定会成为佛陀。
ကောင်းကင်၌ ပစ်လွှင့်အပ်သော ခဲသည် မချွတ်ဧကန် မြေ၌ ကျရသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ် တို့၏ စကားတော်ဟူသည် မလွဲဧကန် အမြဲ မှန်၏။
正如抛向天空的石块必定落到地上,同样,诸佛之语必定真实、永不落空。
ဥပမာတစ်မျိုးသော်ကား ---- အလုံးစုံသော သတ္တဝါတို့၏ သေရခြင်းသည် မလွဲဧကန် အမြဲ မှန်သည် ဖြစ်သကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်ဟူသည် မလွဲဧကန် အမြဲ မှန်၏။
另一个譬喻是:正如一切有情必定死亡这一事实从不落空,同样,诸佛之语必定真实、永不落空。
ညဥ့်၏ ကုန်ဆုံးခြင်းသည် ရောက်ရှိလာလတ်သော် နေ၏ ထွက်ပေါ်လာခြင်းသည် မြဲသကဲ့သို့ ထို့အတူ သာလျှင် ဘုရားမြတ်တို့၏ စကားတော်ဟူသည် မလွဲဧကန် အမြဲ မှန်၏။
正如夜晚终结时太阳必定升起,同样,诸佛之语必定真实、永不落空。
原书第 172 页
ညအခါ အိပ်စက်ရာ ရွှေဂူမှ ထွက်ခဲ့ပြီးသော ကေသရာခြင်္သေ့၏ မြည်ဟောက်ခြင်း = ဟိန်းဟောက်ခြင်း သည် မြဲသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်ဟူသည် မလွဲဧကန် အမြဲ မှန်၏။
正如鬃毛狮子在夜间离开睡卧的金窟后,必定发声吼啸,同样,诸佛之语必定真实、永不落空。
မိမိ၏ ဝမ်းကြာတိုက်ဝယ် ရောက်ရှိပြီးသော ကိုယ်ဝန်သားငယ်ရှိသော ကိုယ်ဝန်ဆောင် အမျိုးသ္မီးတို့၏ ကိုယ်ဝန်ကို ချရခြင်း = မွေးဖွားရခြင်းသည် မြဲသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်ဟူသည် မလွဲဧကန် အမြဲ မှန်၏။
正如腹中已经怀有胎儿的孕妇必定卸下胎重,也就是分娩,同样,诸佛之语必定真实、永不落空。
ဤစကားတော်တို့ကား သုမေဓာရှင်ရသေ့၏ နိယတဗျာဒိတ်ခန်းဝယ် လာရှိသော ဘုရားရှင်၏ ဟောကြား ထားတော်မူချက်များပင် ဖြစ်ကြ၏။
这些话,是《佛种姓》中须弥陀仙人获得决定授记一章所载的佛陀宣说。