关于智光

入出息念定部分 · 原书第 510–534 页 · 210 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 510 页
'' ဉာဏ်ရောင် အကြောင်း ''
关于智光
သြဘာသ သုတ္တန်
《光明经》
စတ္တာရောမေ ဘိက္ခဝေ သြဘာသာ။ ကတမေ စတ္တာရော၊ စန္ဒောဘာသော သူရိယောဘာသော အဂ္ဂေါ- ဘာသော ပညောဘာသော။ ဣမေ ခေါ ဘိက္ခဝေ စတ္တာရော သြဘာသာ။ ဧတဒဂ္ဂံ ဘိက္ခဝေ ဣမေသံ စတုန္နံ သြဘာသာနံ ယဒိဒံ ပညောဘာသော။ (အံ-၁-၄၅၇။) = ရဟန်းတို့ …အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ --- လ အလင်းရောင်၊ နေအလင်းရောင်၊ မီးအလင်းရောင်၊ ပညာအလင်းရောင်တို့တည်း။ ရဟန်းတို့ …အလင်းရောင် တို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ …ဤအလင်းရောင် လေးမျိုးတို့တွင် ပညာအလင်းရောင်သည် အမြတ်ဆုံး ဖြစ်ပေ၏။ (အံ-၁-၄၅၇။) ဘုရားရှင်သည် - အာဘာ = အရောင်၊ ပဘာ = ရောင်ခြည်၊ အာလောက = အလင်း၊ ပဇ္ဇောတ = ရောင်လျှံဟူသော အမည်တို့ဖြင့် ပြောင်းလဲ၍လည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။ ယင်းပညာရောင် ဉာဏ်ရောင်နှင့် ပတ်သက်၍ အဋ္ဌသာလိနီအဋ္ဌကထာတွင် အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
“比丘们,有这四种光明。哪四种?月光、日光、火光、慧光。比丘们,这就是四种光明。比丘们,在这四种光明中,慧光最为殊胜。”(《增支部》1-457。)世尊也以不同的同义名称作过同类开示:ābhā 是光色,pabhā 是光辉,āloka 是光明,pajjota 是光焰。关于这种慧光、智光,《殊胜义注》作了如下解释。
ပညာရောင် = ဉာဏ်ရောင်
慧光=智光
ပဇာနာတီတိ ပညာ။ ကိံ ပဇာနာတိ? ''ဣဒံ ဒုက္ခ''န္တိအာဒိနာ နယေန အရိယသစ္စာနိ။ အဋ္ဌကထာယံ ပန ''ပညာပေတီတိ ပညာ''တိ ဝုတ္တံ။ ကိန္တိ ပညာပေတီတိ? ''အနိစ္စံ ဒုက္ခံ အနတ္တာ''တိ ပညာပေတိ။ သာဝ အဝိဇ္ဇာယ အဘိဘဝနတော အဓိပတိယဋ္ဌေန ဣန္ဒြိယံ၊ ဒဿနလက္ခဏေ ဝါ ဣန္ဒဋ္ဌံ ကာရေတီတိ ဣန္ဒြိယံ၊ ပညာဝ ဣန္ဒြိယံ ပညိန္ဒြိယံ။
“能了知,故称为慧。它了知什么?它依‘这是苦’等方式了知诸圣谛。不过,义注中说:‘能使人明了,故称为慧。’它使人明了什么?它使人明了‘无常、苦、无我’。正是这种慧,因为能够胜伏无明,依主导之义而称为根;或者,因为它在见的特相上行使主宰作用,故称为根。慧本身就是根,因而称为慧根。”
သာ ပနေသာ သြဘာသနလက္ခဏာ စ ပညာ၊ ပဇာနနလက္ခဏာ စ။ ယထာ ဟိ စတုဘိတ္တိကေ ဂေဟေ ရတ္တိဘာဂေ ဒီပေ ဇလိတေ အန္ဓကာရော နိရုဇ္ဈတိ၊ အာလောကော ပါတုဘဝတိ၊ ဧဝမေဝ သြဘာသနလက္ခဏာ ပညာ။ ပညောဘာသသမော သြဘာသော နာမ နတ္ထိ။ ပညဝတော ဟိ ဧကပလဒင်္ကေန နိသိန္နဿ ဒသသဟဿိ- လောကဓာတု ဧကာလောကာ ဟောတိ။ တေနာဟ ထေရော --- ''ယထာ မဟာရာဇ ပုရိသော အန္ဓကာရေ ဂေဟေ ပဒီပံ ပဝေသေယျ၊ ပဝိဋ္ဌော ပဒီပေါ အန္ဓကာရံ ဝိဒ္ဓံသေတိ သြဘာသံ ဇနေတိ၊ အာလောကံ ဝိဒံသေတိ၊ ပါကဋာနိ စ ရူပါနိ ကရောတိ၊ ဧဝမေဝ ခေါ မဟာရာဇ ပညာ ဥပ္ပဇ္ဇမာနာ အဝိဇ္ဇန္ဓကာရံ ဝိဒ္ဓံသေတိ ဝိဇ္ဇောဘာသံ ဇနေတိ၊ ဉာဏာလောကံ ဝိဒံသေတိ၊ ပါကဋာနိ အရိယသစ္စာနိ ကရောတိ။ ဧဝံ ခေါ မဟာရာဇ သြဘာသနလက္ခဏာ ပညာ''တိ။ (မိလိန္ဒပဥှာ-၃၈။ အဘိ-ဋ္ဌ-၁-၁၆၅-၁၆၆။) = ကွဲကွဲပြားပြား သိတတ်သော သဘောတရားသည် ပညာ မည်၏၊ အဘယ်ကို ကွဲကွဲပြားပြား သိတတ် သနည်းဟူမူ --- အဘိဓမ္မာနည်းအရ တဏှာကြဥ်သော တဏှာမှ တစ်ပါးသော သုံးဆယ့်တစ်ဘုံ အတွင်းရှိ
“这种慧既以照明为特相,也以了知为特相。譬如夜间在四壁围合的屋中点亮灯火,黑暗便止息,光明随即显现;同样,慧以照明为特相。没有任何光明能与慧光相比。具慧者只须结跏趺坐,十千世界便能成为一片光明。因此,长老说:‘大王,譬如有人把灯带进暗室;灯一带入,便破除黑暗、生起光辉、显现光明,并使诸色清楚显现。同样,大王,慧生起时,破除无明之暗,生起名为“明”的光辉,显现智之光明,并使诸圣谛清楚显现。大王,慧正是这样以照明为特相。’”(《弥兰王问经》38;《阿毗达磨义注》1-165—166。)作者解释:能清楚分别了知的法,称为慧。它清楚分别了知什么呢?依阿毗达磨之法,它了知三十一界中除爱以外的——
တေဘူမကတရား = ဥပါဒါနက္ခန္ဓာငါးပါးသည်၊ သုတ္တန်နည်းအရ ဇာတိ အစရှိသော တရားသည် ဒုက္ခသစ္စာ တည်း --- ဤသို့စသောနည်းဖြင့် အရိယသစ္စာလေးပါးတို့ကို ကွဲကွဲပြားပြား သိတတ်၏။ တစ်နည်းအားဖြင့်ကား ရှေးမဟာအဋ္ဌကထာ၌ --- ကွဲကွဲပြားပြား သိစေတတ်သော သဘောတရားသည် ပညာမည်၏ဟု ဖွင့်ဆိုထားပေ သည်၊ အဘယ်သို့လျှင် ကွဲကွဲပြားပြား သိစေတတ်သနည်းဟူမူ - အနိစ္စ ဒုက္ခ အနတ္တဟု ကွဲကွဲပြားပြား သိစေ တတ်၏ ဟူပေ။
——三界法,也就是五取蕴,为苦谛;依经教之法,它了知生等法为苦谛。它就是这样以相应方式清楚分别了知四圣谛。换一个角度说,古代《大义注》中解释:“能使人清楚分别了知的法,称为慧。”它怎样使人清楚分别了知呢?就是使人清楚分别了知“无常、苦、无我”。
原书第 511 页
အာနာပါနဿတိသမာဓိပိုင်း ထိုပညာသည်ပင် သစ္စာလေးပါး အမှန်တရားကို မသိမှု အသိမှားမှုဟူသော အဝိဇ္ဇာကို လွှမ်းမိုးနိုင်သည့် အတွက် သစ္စာလေးပါး အမှန်တရားကို ထွင်းဖောက်သိမြင်မှု၌ အကြီးအကဲ၏ အဖြစ်ဟူသော အနက်သဘော ကြောင့် ဣန္ဒြိယ မည်၏။ တစ်နည်းအားဖြင့်ကား သစ္စာလေးပါးကို သိမြင်မှု၌ အစိုးရသူ၏ အဖြစ်ကို ပြုလုပ်ပေး တတ်သောကြောင့် ဣန္ဒြိယ မည်၏။ ထိုပညာကား အာရုံ၏ သဘောမှန်ကို ကွဲကွဲပြားပြား သိအောင် ဆီမီး ကဲ့သို့ ထွန်းပြခြင်း သဘောလက္ခဏာလည်း ရှိ၏၊ ကွဲကွဲပြားပြား သိခြင်း သဘောလက္ခဏာလည်း ရှိ၏။
正是这种慧,因为能够胜伏对四圣谛真实法的不知与错知——无明,所以依在通达知见四圣谛真实法时居于主导地位这一义,称为根。换一个角度说,因为它能在知见四圣谛时发挥主宰作用,所以称为根。这种慧既有如灯照明、使所缘的真实本性清楚分明的特相,也有清楚分别了知的特相。
ဥပမာ --- လေးဘက်နံရံရှိသော လေးဘက်ကာထားသော အိမ်၌ ညဥ့်အခါ ဆီမီးကို ညှိထွန်းအပ်သော် ပကတိမျက်စိကို ကာဏ်းသကဲ့သို့ ပြုတတ်သော အမိုက်မှောင်သည် ချုပ်ပျောက်ရသကဲ့သို့ အရောင်အလင်း သည် ထင်ရှားဖြစ်ပေါ်လာသကဲ့သို့ ဤဥပမာအတူသာလျှင် ပညာသည် အာရုံ၏ သဘောမှန်ကို ကွဲကွဲပြားပြား သိအောင် ဆီမီးကဲ့သို့ ထွန်းပြခြင်း သဘောလက္ခဏာ ရှိ၏။ ပညာအရောင်အလင်းနှင့် တူသော အရောင်အလင်း မည်သည် မရှိပေ။ မှန်ပေသည် --- ဝိပဿနာပညာရှိသော ပုဂ္ဂိုလ်သည် တစ်ခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်း ဖြင့် ထိုင်နေလတ်သော် တစ်သောင်းသော လောကဓာတ်သည် တစ်ခုတည်းသော အရောင်အလင်းရှိသည် ဖြစ်နိုင်၏။ (ဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသတရား ဆယ်ပါး၌ ပါဝင်သော သြဘာသ အရောင် အလင်းကို ရည်ရွယ်၍ ဆိုခြင်း ဖြစ်သည်။ မူလဋီ-၁-၈၉။) ထိုကြောင့် (မိလန္ဒပဥှာပါဠိတော်-၃၈-၌) အရှင် နာဂသေန မထေရ်မြတ်က ဤသို့ မိန့်ဆိုထားတော်မူ၏။
譬如夜间在四壁围合的屋中点亮油灯,使肉眼仿佛失明的黑暗便会消失,光明随即清楚显现;同样,慧具有如灯照明、使所缘的真实本性清楚分明的特相。没有任何光明能与慧光相比。确实,具观慧者只须结跏趺坐,十千世界便能成为一片光明。〔这是指十种观随烦恼中所摄的光明(obhāsa);《根本复注》1-89。〕因此,具寿那先长老在《弥兰王问经》巴利第38页中如此说道:
''ဒါယကာတော်မင်းကြီး …ယောကျာ်းသည် အမိုက်မှောင် ဖြစ်နေသော အိမ်အတွင်း၌ ဆီမီးကို သွင်း ယူရာ၏၊ သွင်းအပ်ပြီးသော ဆီမီးသည် အမိုက်မှောင်ကို ဖျက်ဆီးသကဲ့သို့ အရောင်ကို ဖြစ်စေသကဲ့သို့ အလင်း ကို ထင်ရှားပြသကဲ့သို့ ရူပါရုံတို့ကိုလည်း ထင်ရှားသည်တို့ကို ပြုလုပ်သကဲ့သို့ ဒါယကာတော်မင်းကြီး ဤဥပမာ အတူသာလျှင် ပညာသည် ဖြစ်ပေါ်လာလတ်သော် --- ၁။ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးတတ်၏။
“大王,譬如有人把灯带进暗室;带入的灯能破除黑暗、生起光辉、显现光明,并使诸色清楚显现。同样,大王,慧生起时——1.能破除无明之暗;
၂။ ဝိဇ္ဇာတည်းဟူသော အရောင်ကို ဖြစ်စေ၏။
2.能生起名为“明”的光辉;
၃။ ဉာဏ်တည်းဟူသော အလင်းကို ထင်ရှားပြ၏။
3.能显现名为智的光明;
၄။ အရိယသစ္စာတို့ကို ထင်ရှားသည်တို့ကို ပြုတတ်၏။
4.能使诸圣谛清楚显现。
ဤသို့လျှင် ဒါယကာတော် မင်းကြီး …ပညာသည် အာရုံ၏ သဘောမှန်ကို ကွဲကွဲပြားပြား သိအောင် ဆီမီးကဲ့သို့ ထွန်းပြခြင်းသဘော လက္ခဏာရှိ၏ဟု မိန့်တော်မူ၏။ (အဘိ-ဋ္ဌ-၁-၁၆၅-၁၆၆။) တစ်ဖန် အင်္ဂုတ္တိုရ် သတ္တကနိပါတ် ပစလာယမာနသုတ္တန် ဋီကာတွင် ဉာဏ်အရောင်အလင်း လေးမျိုး ရှိကြောင်း ဖွင့်ဆိုထားပေသည်။ အသျှင်မဟာမောဂ္ဂလဒာန်မထေရ်မြတ်ကြီးသည် သာသနာဘောင်သို့ ဝင်ရောက် ၍ ရှင်ရဟန်းပြုတော်မူပြီးနောက် မဂဓတိုင်း ကလဒဝါဠပုတ္တရွာကို ဆွမ်းခံရွာအဖြစ် အမှီပြု၍ တောအုပ် တစ်ခု အတွင်း၌ ရဟန်းတရားများကို အပြင်းအထန် ကြိုးစားအားထုတ်တော်မူရာ ခုနစ်ရက်ပတ်လုံး စင်္ကြံသွားခြင်းဖြင့် ကြိုးစားအားထုတ်အပ်သော လုံ့လဝီရိယက မွှေနှောက် နှိပ်စက်အပ်သည်ဖြစ်၍ ပင်ပန်းနွမ်းနယ်သော ကိုယ် ရှိရကား စင်္ကြံဦး၌ ငိုက်မျဥ်းလျက် ထိုင်နေတော်မူ၏။ ထိုအခါ ဘုရားရှင် ကြွလာတော်မူ၍ အိပ်ချင်ငိုက်မျဥ်းမှုကို
大王,慧就是这样具有如灯照明、使所缘的真实本性清楚分明的特相。”(《阿毗达磨义注》1-165—166。)此外,《增支部·七集·除睡意经》的复注解释说,智的光明有四种。具寿摩诃目犍连长老进入教法、出家为比丘以后,以摩揭陀国的迦罗婆罗子村为托钵处,在一处林中奋力修习沙门法。他连续七日以经行精勤用功,身体被过度的精进逼迫而疲惫,于是在经行道的一端昏昏欲睡地坐着。这时,世尊来到他面前,为他开示消除困倦睡意的——
ပယ်ဖျောက်ကြောင်းတရား ခုနစ်မျိုးကို ဟောကြားပြသပေးတော်မူသည်။ ဤတွင် အလင်းရောင်နှင့် ဆက်စပ် နေသော အမှတ် (၆) မိဒ္ဓပယ်ဖျောက်ကြောင်းတရားကို ကောက်နုတ်၍ ဖော်ပြအပ်ပါသည်။
——七种方法。这里摘录其中与光明有关的第6种除睡意法。
原书第 512 页
ပစလာယမာနသုတ္တန် ကောက်နုတ်ချက်
《除睡意经》节录
နော စေ တေ ဧဝံ ဝိဟရတော တံ မိဒ္ဓံ ပဟီယေထ၊ တတော တွံ မောဂ္ဂလဒာန အာလောကသညံ မနသိ ကရေယျာသိ၊ ဒိဝါသညံ အဓိဋ္ဌဟေယျာသိ၊ ယထာ ဒိဝါ တထာ ရတ္တိံ ယထာ ရတ္တိံ တထာ ဒိဝါ၊ ဣတိ ဝိဝဋေန စေတသာ အပရိယောနဒ္ဓေန သပ္ပဘာသံ စိတ္တံ ဘာဝေယျာသိ။ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ ယံ တေ ဧဝံ ဝိဟရတော တံ မိဒ္ဓံ ပဟီယေထ။ (အံ-၂-၄၆၃။) = ချစ်သား မောဂ္ဂလဒာန် …ဤသို့ အရပ်မျက်နှာ နက္ခတ်တာရာတို့ကို ကြည့်သော သင့်အား ထိုမိဒ္ဓတရား သည် အကယ်၍ မကင်းပျောက်နိုင်ခဲ့ပါမူ - ချစ်သား မောဂ္ဂလဒာန် …ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်ချစ်သားသည် အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို ဆောက်တည်လေလော။
“目犍连,如果你如此而住,睡意仍未消除,那么你应当作意光明想,确立昼想:如昼亦夜,如夜亦昼。如此,以开敞、无覆蔽之心,修习具光明之心。你如此而住,睡意很可能便会消除。”(《增支部》2-463。)作者解释:目犍连,如果你这样观看方位与星辰,睡意仍不能消除,那么因为这样仍未能消除,你就应当建立光明想,也就是以光明为标记的想——
နေ့အခါ၌ကဲ့သို့ ထို့အတူ ညဥ့်၌လည်း (အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို) ဆောက် တည်လေလော။ ညဥ့်အခါ၌ကဲ့သို့ ထို့အတူ နေ့၌လည်း (အာလောကသညာ = အလင်းရောင်ဟူသော အမှတ် သညာကို) ဆောက်တည်လေလော။ ဤသို့ မိဒ္ဓ ကင်းစင်၍ ထက်ဝန်းကျင် မြှေးယှက်ခြင်း မရှိသော စိတ်ဖြင့် အရောင်အလင်းနှင့်တကွ ဖြစ်သော စိတ်ကို ပွားများလေလော။ ဤသို့ ပွားများနေသော သင့်အား မိဒ္ဓတရား၏ ကင်းပျောက်ကြောင်းသည် ရှိသည်သာတည်း။ (အံ-၂-၄၆၃။)
——应当像在白昼一样,于夜间也建立光明想;也应当像在夜间一样,于白昼建立光明想。如此,以远离睡意、周遍不受覆蔽之心,修习具光明之心。你这样修习,睡意确实便有可能消除。(《增支部》2-463。)
အာလောကသညာ
光明想
အာလာကသညာ စသည်တို့ကို အဋ္ဌကထာ ဋီကာတို့က ဤသို့ ဖွင့်ဆိုထား၏။
义注与复注对光明想等语作了如下解释。
အာလောကသည န္တိ မိဒ္ဓဝိနောဒနအာလောကသညံ။ ဒိဝါသည န္တိ ဒိဝါတိသညံ။ ယထာ ဒိဝါ တထာ ရတ္တိန္တိ ယထာ ဒိဝါ အာလောကသညာ အဓိဋ္ဌိတာ၊ တထာ နံ ရတ္တိမ္ပိ အဓိဋ္ဌဟေယျာသိ။ ယထာ ရတ္တိံ တထာ ဒိဝါတိ ယထာ စ တေ ရတ္တိံ အာလောကသညာ အဓိဋ္ဌိတာ၊ တထာ နံ ဒိဝါပိ အဓိဋ္ဌဟေယျာသိ။ သပ္ပဘာသန္တိ ဒိဗ္ဗစက္ခုဉာဏတ္ထာယ သဟောဘာသံ။ (အံ-ဋ္ဌ-၃-၁၇၄။) အာလောကသညံ မနသိကရေယျာသီတိ ဒိဝါ ဝါ ရတ္တိံ ဝါ သူရိယ-ပဇ္ဇောတ-စန္ဒ-မဏိအာဒီနံ အာလောကံ ''အာလောကော''တိ မနသိကရေယျာသိ၊ စိတ္တေ ဌပေယျာသိ။ ယထာ တေ သုဘာဝိတာလောကကသိဏဿ ဝိယ ကသိဏာလောကော ယဒိစ္ဆကံ ယာဝဒိစ္ဆကဉ္စ သော အာလောကော ရတ္တိယံ ဥပတိဋ္ဌတိ၊ ယေန တတ္ထ ဒိဝါသညံ ဌပေယျာသိ၊ ဒိဝါ ဝိယ ဝိဂတထိနမိဒ္ဓေါ ဘဝေယျာသီတိ။ ပ ။ သဟောဘာသန္တိ သဉာဏောဘာသံ။
“‘光明想’,是消除睡意的光明想;‘昼想’,是作‘白昼’之想。‘如昼亦夜’,是说你怎样在白昼建立光明想,也应同样在夜间建立它;‘如夜亦昼’,是说你怎样在夜间建立光明想,也应同样在白昼建立它。‘具光明’,是为了天眼智而具有光明。”(《增支部义注》3-174。)“所谓‘应作意光明想’,是说无论白昼或夜间,都应把日光、火焰、月光、宝珠等光作意为‘光明’,安置于心。应当使这道光如善加修习光明遍者的遍光一般,在夜间随其所欲、随其所欲之久而现起;借此在夜间安置昼想,像白昼一样远离昏沉睡眠……‘具有光明’,即具有智光。”
ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေ- သာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။ (အံ-ဋီ-၃-၁၇၇-၁၇၈။) ယင်းအဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ဒိဗ္ဗစက္ခုအဘိညာဏ် စသော အဘိညာဏ်တို့ကို အလိုရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းမှ သြဒါတကသိုဏ်း တိုင်အောင်သော ကသိုဏ်းရှစ်ပါးတို့၌ ကသိုဏ်း တစ်ပါးတစ်ပါးလျှင် သမာပတ်ရှစ်ပါးစီ ရအောင် ရှေးဦးစွာ ကြိုးစားအားထုတ်ရာ၏။ ယင်း ကသိုဏ်း ရှစ်ပါး သမာပတ်ရှစ်ပါးတို့ကို (၁၄)မျိုးသော အခြင်းအရာတို့ဖြင့် ကြိတ်ချေပေးရ၏။ (ဝိသုဒ္ဓိ-၂-၂ - စသည် ကြည့်ပါ။) ထိုသို့ ကြိတ်ချေပြီးသောအခါ ဒိဗ္ဗစက္ခုအဘိညာဏ်ကို အလိုရှိသောသူသည် ကသိုဏ်းလျှင် အာရုံရှိသော အဘိညာဏ်၏ အခြေခံ အကြောင်းရင်း ပါဒကစျာန်ဟူသော စတုတ္ထစျာန်ကို ခပ်သိမ်းသော အခြင်းအရာအားဖြင့်
“无论是消除昏沉睡眠之光、遍光,还是遍作光;正如观染光,这一切光都只由智生起。”(《增支部复注》3-177—178。)上述义注与复注的意思如下:希望成就天眼通智等神通的瑜伽行者,应先努力在地遍至白遍的八遍中,每一遍各自成就八等至;还应以十四种方式反复磨练这些八遍的八等至。〔参见《清净道论》2-2等。〕磨练完成后,希望成就天眼通智者,应把以遍为所缘、作为神通基础禅的第四禅,从一切方面——
ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရအောင် ရှေးရှု ဆောင်ပို့ ပေးနိုင်လောက်သော အခြင်းအရာအားဖြင့် အခန့်သင့် ဖြစ်အောင် လေ့ကျင့်ရ၏။ ထိုသို့လေ့ကျင့်ပြီးသော် တေဇောကသိုဏ်း၊ သြဒါတကသိုဏ်း၊ အာလောကကသိုဏ်း
——训练得完全合宜,使它足以导向天眼通智。这样训练以后,再从火遍、白遍、光明遍——
原书第 513 页
အာနာပါနဿတိသမာဓိပိုင်း ဟူသော ကသိုဏ်းသုံးမျိုးတို့တွင် ကသိုဏ်းတစ်မျိုးမျိုးကို ဥပစာရစျာန် နယ်မြေသို့ ရောက်အောင် ကသိုဏ်းဝန်းကို တိုးပွားအောင် ပြုလုပ်၍ ထားအပ်ပေသည်။ ထိုတွင် --- ဣမေသု စ ပန တီသု အာလောကကသိဏံယေဝ သေဋ္ဌတရံ။ (ဝိသုဒ္ဓိ-၂-၅၈။) = ဤ ကသိုဏ်းသုံးမျိုးတို့တွင် အာလောက ကသိုဏ်းသည်သာလျှင် ဒိဗ္ဗစက္ခုအဘိညာဏ် ရရှိရေးအတွက် အသာဆုံး အမြတ်ဆုံး ဖြစ်ပေသည် --- ဟု ဖွင့်ဆိုထားပေသည်။ ထိုအာလောကသညာကို ပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် နေရောင် လရောင် မီးရောင် ပတ္တမြားရောင် စသည်တို့၏ အရောင်အလင်းကို အာရုံယူ၍ --- ''အာလောက အာလောက'' - ဟု နှလုံးသွင်း ရှုပွားရ၏။ ထိုသို့ နေရောင်စသည့် အရောင်တစ်ခုခုကို အာရုံယူ၍ အာလောကဟု နှလုံးသွင်းရာဝယ် ပကတိနိမိတ်ယူထားသော အရောင်အလင်းမှ ပြောင်းလဲ၍ ကသိုဏ်းဝန်း အသွင်ဖြင့် အလင်းရောင် အဝန်း အဝိုင်း ဖြစ်ပေါ်လာသော် ထိုအလင်းရောင် ကသိုဏ်းဝန်းကို အလိုရှိသလောက် အရပ် (၁ဝ)မျက်နှာသို့ ပျံ့နှံ့သည်
——应从这三遍中选择任一遍,扩展遍轮,并将其修至近行定阶段。对此,巴利《清净道论》说:“ဣမေသု စ ပန တီသု အာလောကကသိဏံယေဝ သေဋ္ဌတရံ။ (ဝိသုဒ္ဓိ-၂-၅၈။)”译:“在这三遍之中,为了成就天眼通智,光明遍最为容易、最为殊胜。”(《清净道论》2-58。)想修习光明想的瑜伽行者,应以日光、月光、火光、宝珠光等为所缘,作意、修习“光明,光明”。以日光等任何一种光为所缘而作意“光明”时,若原先作为天然取相对象的光转变形态,成为圆形的遍轮之光,就应当把这一光明遍轮向所欲的十方扩展——
တိုင်အောင် ဖြန့်ကြက်၍ ရှုပွားခဲ့သော် လင်းရောင်ခြည်စွမ်းအားသည် တဖြည်းဖြည်း အစဥ်အတိုင်း တိုးတက်၍ အားကောင်းလာမည် ဖြစ်သည်။ ထိုသို့ လင်းရောင်ခြည်စွမ်းအင် အားကောင်းလာသောအခါ၌ --- ဧတ္ထ အာလောကော ဟောတူတိ ယတ္တကံ ဌာနံ ပရိစ္ဆိန္ဒတိ၊ တတ္ထ အာလောကော တိဋ္ဌတိယေဝ။
——至所欲的范围而修习;如此,光明的力量就会逐渐增长、增强。当光明的力量这样增强时,巴利《清净道论》说:“ဧတ္ထ အာလောကော ဟောတူတိ ယတ္တကံ ဌာနံ ပရိစ္ဆိန္ဒတိ၊ တတ္ထ အာလောကော တိဋ္ဌတိယေဝ။”译:“他划定某一范围而决意:‘愿光明在这里生起。’光明就会持续存在于该范围内。”
(ဝိသုဒ္ဓိ-၂-၅၈။)
(《清净道论》2-58。)
= ''ဤမျှသော အရပ်အတွင်း၌ အလင်းရောင်သည် ဖြစ်စေသတည်း''ဟု အဓိဋ္ဌာန်၏။ ဤသို့ အကြင်မျှ လောက်သော အရပ်ကို ပိုင်းခြား၏ (ပိုင်းခြားကန့်သတ်၍ အဓိဋ္ဌာန်ပြု၏)။ ထိုပိုင်းခြားထားသော အရပ်အတွင်း ၌ အလင်းရောင်သည် တည်ရှိနေသည်သာလျှင် ဖြစ်ပေသည်။
也就是说,他先划定某一范围,并作决意:“愿光明在这一范围内生起。”如此划定范围,也就是划界以后作决意;光明就会持续存在于所划定的范围内。
ဒိဝသမ္ပိ နိသီဒိတွာ ပဿတော ရူပဒဿနံ ဟောတိ = တစ်နေ့ပတ်လုံးသော်လည်း ထိုင်နေ၍ ရှုကြည့် နေသော အဘိညာဏ်ရ ပုဂ္ဂိုလ်အား ရူပါရုံကို မြင်ခြင်းသည် ဖြစ်ပေါ်လာသည်သာ ဖြစ်ပေသည်။
“即使整日安坐观察,成就神通者也能看见色所缘。”
(ဝိသုဒ္ဓိ-၂-၅၈။)
(《清净道论》2-58。)
အထက်ပါ ပစလာယမာနသုတ္တန်တွင် ဘုရားရှင်က နေ့နှင့်ည တစ်ဆက်တည်း လင်းနေအောင် အာလော က ကသိုဏ်းကိုဝင်စားလျက် = အာလောကသညာကို ပွားလျက် အဓိဋ္ဌာန်ပြုထားရန် အရှင်မဟာမောဂ္ဂလဒာန် မထေရ်မြတ်အား ညွှန်ကြားထားတော်မူ၏။ ထိုကဲ့သို့ အာလောကသညာကို နှလုံးသွင်းနေခဲ့သော် ဘာဝနာအာရုံ ၌ စိတ်စေတသိက်တို့၏ လေးလံထိုင်းမှိုင်းမှု ထိနမိဒ္ဓတရားများ လွင့်စင်သွားမည် ဖြစ်ကြောင်းကိုလည်း မိန့်ကြား တော်မူ၏။ ထိနမိဒ္ဓဝိနောဒန အာလောကတည်း။ ထိုညွှန်ကြားတော်မူချက်နှင့် ဆက်စပ်၍ အင်္ဂုတ္တရဋီကာ ဆရာတော်က ပညာအရောင် (= ဉာဏ်အရောင်) လေးမျိုးရှိကြောင်း ဖွင့်ဆိုထားပေသည်။
在上述《除睡意经》中,佛陀教导具寿摩诃目犍连长老:应当入光明遍定,也就是修习光明想并作决意,使白昼与黑夜连续不断地明亮。佛陀也开示,若这样作意光明想,在修习所缘时,心与心所的重滞、迟钝,即昏沉睡眠,就会消散。这就是“ထိနမိဒ္ဓဝိနောဒန အာလောက”(除昏沉睡眠之光)。联系这项教导,《增支部复注》师解释说,慧光,也就是智光,有四种。
သဟောဘာသန္တိ သဉာဏောဘာသံ။ ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလော- ကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာ- နောဝါတိ။ (အံ-ဋီ-၃-၁၇၈။) ၁။ ထိနမိဒ္ဓ ဝိနောဒန အာလောက၊ ၂။ ကသိဏာလောက၊ ၃။ ပရိကမ္မာလောက၊ ၄။ ဥပက္ကိလေသာလောက - ဟု ဉာဏ်အရောင်အလင်း လေးမျိုး ရှိကြောင်းကို ဖွင့်ဆိုထားပေသည်။
“‘具有光明’,就是具有智光。无论是除昏沉睡眠之光、遍光,还是遍作光;正如观染光,这一切光都只由智生起。”(《增支部复注》3-178。)由此说明智光有四种:1.除昏沉睡眠之光;2.遍光;3.遍作光;4.观染光。
原书第 514 页
ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝ = ဥဒယဗ္ဗယဉာဏ်ပိုင်းတွင် လာရှိသော ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသ အမည်ရသော သြဘာသ (= အရောင်အလင်း) သည် ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာရသကဲ့သို့ ဤအထက်ပါ အရောင်အလင်း အားလုံးသည်လည်း ဉာဏ် ကြောင့်သာလျှင် ဖြစ်ပေါ်လာရသော အရောင်အလင်းများ ဖြစ်ပေသည်ဟု ဖွင့်ဆိုထားပေသည်။
“正如观染光,这一切光也都只由智生起。”也就是说,生灭智章所说、名为观染而成为观智染污因的光明,是由观智所生;同样,上述一切光明,也都是只由智生起的光。
(အံ-ဋီ-၃-၁၇၈။)
(《增支部复注》3-178。)
၁။ ထိနမိဒ္ဓဝိနောဒန အာလောက
“၁။ ထိနမိဒ္ဓဝိနောဒန အာလောက”——“1.除昏沉睡眠之光”
ဣတိ ဝိဝဋေန စေတသာ အပရိယောနဒ္ဓေန သပ္ပဘာသံ စိတ္တံ ဘာဝေယျာသိ = ဤသို့ မိဒ္ဓ ကင်းစင်၍ ထက်ဝန်းကျင် မြှေးယှက်ခြင်း မရှိသော စိတ်ဖြင့် အရောင်အလင်းနှင့်တကွ ဖြစ်သော စိတ်ကို ပွားများလေလော့။
“如此,你应以远离睡意、周遍不受覆蔽之心,修习具光明之心。”
(အံ-၂-၄၆၃။)
(《增支部》2-463。)
ဤသို့လျှင် ဘုရားရှင်က အသျှင်မဟာမောဂ္ဂလဒာန် ကိုယ်တော်မြတ်အား ညွှန်ကြားတော်မူရာဝယ် --- သပ္ပဘာသံ စိတ္တံ = အရောင်အလင်းနှင့် တကွဖြစ်သော စိတ်ကို ပွားများရန် ညွှန်ကြားထားတော်မူ၏။ ယင်း သပ္ပဘာသံ စိတ္တံကို အဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
佛陀这样教导具寿摩诃目犍连时,指示他修习“သပ္ပဘာသံ စိတ္တံ”——“具光明之心”。义注对此语作了如下解释。
သပ္ပဘာသန္တိ ဒိဗ္ဗစက္ခုဉာဏတ္ထာယ သဟောဘာသံ။ (အံ-ဋ္ဌ-၃-၁၇၄။) = ဒိဗ္ဗစက္ခုအဘိညာဏ် အလို့ငှာ အရောင်အလင်းနှင့် တကွသော စိတ်ကို ပွားများပါဟု ဆိုလိုကြောင်း ရှင်းပြထား၏။ သို့အတွက် ထိနမိဒ္ဓဝိနောဒနအာလောက = ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း အလင်းရောင် ဟူသည် ဤပစလာယမာနသုတ္တန် အရာဝယ် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားအပ်သော အရောင် အလင်း သို့မဟုတ် ဒိဗ္ဗစက္ခုအဘိညာဏ်က ထွက်ပေါ်လာသော ဒိဗ္ဗစက္ခုအဘိညာဏ်စိတ်ကြောင့် ဖြစ်ပေါ်လာ သော အလင်းရောင်ဟု မှတ်ပါ။ သို့သော် ဝိဘင်းပါဠိတော်နှင့် အဋ္ဌကထာတို့၌ကား ဤသို့လည်း လာရှိပေသည်။
“‘具光明’,是为了天眼智而具有光明。”(《增支部义注》3-174。)这说明,应为了天眼通智而修习具光明之心。因此,在《除睡意经》的语境中,“ထိနမိဒ္ဓဝိနောဒနအာလောက”(除昏沉睡眠之光),应知是为了天眼通智而修习的光,或是由天眼通智心所生、从天眼通智发出的光。不过,《分别论》圣典及其义注还有如下说明。
ထိနမိဒ္ဓံ ပဟာယ ဝိဂတထိနမိဒ္ဓေါ ဝိဟရတိ အာလောကသညီ သတော သမ္ပဇာနော။ (အဘိ-၂-၂၅၃။) ''အာလောကသညီ''တိ တတ္ထ ကတမာ သညာ၊ ယာ သညာ သဉ္ဇာနနာ သဉ္ဇာနိတတ္တံ၊ အယံ ဝုစ္စတိ သညာ။ အယံ သညာ အာလောကာ ဟောတိ ဝိဝဋာ ပရိသုဒ္ဓါ ပရိယောဒါတာ၊ တေန ဝုစ္စတိ ''အာလောက- သညီ''တိ။ (အဘိ-၂-၂၆၃-၂၆၄။) အာလောကသညီတိ ရတ္တိမ္ပိ ဒိဝါပိ ဒိဋ္ဌာလောကသဉ္ဇာနနသမတ္ထာယ ဝိဂတနီဝရဏာယ ပရိသုဒ္ဓါယ သညာယ သမန္နာဂတော။ (အဘိ-ဋ္ဌ-၂-၃၅၃။) အာလောကာ ဟောတီတိ သပ္ပဘာ ဟောတိ။ နိရာဝရဏဋ္ဌေန ဝိဝဋာ။ နိရုပက္ကိလေသဋ္ဌေန ပရိသုဒ္ဓါ။
“舍断昏沉睡眠以后,他远离昏沉睡眠而住,具光明想,具念、正知。”(《分别论》2-253。)“所谓‘具光明想’:这里什么是想?凡想、认知、认知的状态,这称为想。此想有光、开显、遍净、明净光耀,所以称为‘具光明想’。”(《分别论》2-263—264。)“‘具光明想’,是说具足一种遍净的想;这种想远离诸盖,能够在夜间和白昼辨认曾见过的光。”(《分别论义注》2-353。)“‘有光’,即具光明;以无遮蔽之义为开显,以无随烦恼之义为遍净——
ပဘဿရဋ္ဌေန ပရိယောဒါတာ။ (အဘိ-ဋ္ဌ-၂-၃၅၄။) ဤအထက်ပါ စကားရပ်တို့ကား ဉာဏ်ရောင် လေးမျိုးတို့တွင် ထိနမိဒ္ဓဝိနောဒနအာလောက အလင်းရောင် နှင့် ပတ်သက်၍ လာရှိသော ပါဠိတော် အဋ္ဌကထာ စကားရပ်တို့ ဖြစ်ကြသည်။
“——以明亮光耀之义为明净光耀。”(《分别论义注》2-354。)以上是圣典与义注中关于四种智光第一种——除昏沉睡眠之光——的文句。
နေ့အခါ၌ ရနိုင်သော နေရောင်၊ ညအခါ၌ ရနိုင်သော လရောင်၊ ပတ္တမြားရောင်၊ မီးရောင် စသည်ကို ကြည့်၍ ''အာလောက အာလောက = အလင်းရောင်၊ အလင်းရောင်''ဟု နှလုံးသွင်းရ၏။ ရရာအရောင်အလင်း ကို ရသည့်အတိုင်း နှလုံးသွင်းရ၏။ ကောင်းစွာ ပွားများထားအပ်ပြီးသော အာလောကကသိုဏ်း အရောင်ကဲ့သို့ မိမိယခုပွားနေဆဲ အာလောကကသိုဏ်းရောင်သည် အလိုရှိသမျှ အချိန်ပတ်လုံး အလိုရှိသလောက် အရပ်သို့ တိုင်အောင် ညအခါ၌ တည်နေ၏၊ ထိုအခါ၌ ထို ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအရောင်အလင်းကို နေ့အခါ၌
白昼看见日光,夜间看见月光,以及宝珠光、火光等时,应作意“အာလောက အာလောက”——“光明,光明”;得到哪一种光,就如实作意那种光。应使自己正在修习的光明遍之光,像善加修习的光明遍之光一样,在夜间于所欲之久、所欲范围内持续存在。这时,瑜伽行者应把这道光——
原书第 515 页
အာနာပါနဿတိသမာဓိပိုင်း ကဲ့သို့သော အမှတ်သညာကို ထားပါ၊ နေ့အခါ၌ကဲ့သို့ ညဥ့်၌လည်း ထိနမိဒ္ဓကင်းစင်အောင် အာလောကသညာ ကို ပွားများနေပါ။ အာလောကသညီ = အလင်းရောင် အမှတ်သညာရှိ၏ဟူသည် ညဥ့်အခါ၌သော်မှလည်း နေ့အခါတုန်းက မြင်အပ်ပြီးသော နေရောင်စသည့် အရောင်အလင်းကို မှတ်ခြင်း၌ စွမ်းနိုင်သော ထိနမိဒ္ဓ နီဝရဏ မှ ကင်းသော ထက်ဝန်းကျင် စင်ကြယ်သော သညာနှင့် ပြည့်စုံ၏ဟု ဆိုလိုသည်။
——记作如同白昼时的光;也应在夜间修习光明想,如在白昼一样远离昏沉睡眠。“အာလောကသညီ”——“具光明想”,是说具足一种遍净之想:即使在夜间,也能辨认白昼曾见的日光等光明,并且远离昏沉睡眠盖。
ဤ သညာကား အရောင် ရှိ၏၊ နီဝရဏတည်းဟူသော အပိတ်အပင် အဆီးအတား မရှိသည်ဖြစ်၍ ''အာလောက = အရောင်အလင်း''ဟူသော အာရုံကို နှလုံးသွင်းတတ်သည်၏ အဖြစ်ကြောင့် ပွင့်လင်းနေ၏။
这种想有光;又因为没有盖的遮蔽、障碍,能够作意“အာလောက”——“光明”这一所缘,所以是开显的。
ဤအချိန်တွင် သမာဓိမှာ ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်လာပြီဖြစ်၍ နီဝရဏ အညစ်အကြေးတို့ ကင်းစင် သွားပြီဖြစ်သဖြင့် နီဝရဏနှင့်တူသော တည်ရာ ရှိကြကုန်သော ကိလေသာ အညစ်အကြေးတို့လည်း ကင်းဝေး သွားကြ၏။ ယင်းကိလေသာ အညစ်အကြေးတို့ကား ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်ဓာတ်ကို ညစ်နွမ်းအောင် နှိပ်စက်တတ်သော တရားဆိုးတို့ ဖြစ်ကြ၏။ ယင်းသို့ ကပ်၍ နှိပ်စက်တတ်သော ကိလေသာအညစ်အကြေး မရှိသည်၏ အဖြစ်ကြောင့် ဘာဝနာစိတ်သည် ထက်ဝန်းကျင် စင်ကြယ်လျက်ရှိ၏၊ ပြိုးပြိုးပြက်ပြက် တလက်လက် တပြောင်ပြောင် ထွက်သော အရောင် ရှိသည်၏ အဖြစ်ကြောင့် ထက်ဝန်းကျင် ဖြူစင်နေပေ၏။
此时,定已经达到近行定之地,诸盖的垢染已经消退,与诸盖有同类依处的烦恼垢染也已远离。这些烦恼垢染,是能侵扰并染污瑜伽行者之心的恶法。由于没有这些黏附、侵扰的烦恼垢染,修习心周遍清净,亦即遍净;又由于具有闪耀、灿烂、辉映的光,修习心周遍明净,亦即明净光耀。
(အဘိ-၂-၂၅၃-၂၆၃-၂၆၄။ အဘိ-ဋ္ဌ-၂-၃၅၄။)
(《分别论》2-253、263—264;《分别论义注》2-354。)
ဤ ထိနမိဒ္ဓဝိနောဒန အာလောကဟူသော ထိနမိဒ္ဓပယ်ဖျောက်ကြောင်း အလင်းရောင်မှာ အာလောက ကသိုဏ်းကို ပွားများအားထုတ်နေသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် ပထမစျာန်သမာဓိသို့ မဆိုက် မီ ဥပစာရသမာဓိနယ်မြေအခိုက်၌ နီဝရဏအညစ်အကြေးတို့ ကွာကျသွားသဖြင့် ဘာဝနာစိတ်မှ လင်းရောင် ခြည်များ ထွက်ပေါ်လာပုံကို ဟောကြားထားတော်မူသော ဒေသနာတော်ပင် ဖြစ်သည်။ သို့အတွက် ယင်း အာလောကကသိုဏ်းလျှင် အာရုံရှိသော ပထမစျာန်၏ ဥပစာရသမာဓိ အခိုက်၌ ထွက်ပေါ်လာသော အရောင် အလင်းကိုလည်း ထိနမိဒ္ဓဝိနောဒနအာလောက = ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း အလင်းရောင်ဟုပင် ခေါ်ဆို ပေသည်။ ဤသို့လည်း မှတ်သားပါလေ။
关于“ထိနမိဒ္ဓဝိနောဒန အာလောက”(除昏沉睡眠之光)的这段开示,说明修习光明遍的瑜伽行者比丘尚未达到初禅定、仍处在近行定之地时,诸盖垢染消退,光由修习心发出。因此,以光明遍为所缘的初禅,在其近行定阶段发出的光,也称为“ထိနမိဒ္ဓဝိနောဒနအာလောက”——“除昏沉睡眠之光”。还应这样理解。
၂။ ကသိဏာလောက
“၂။ ကသိဏာလောက”——“2.遍光”
ဒိဗ္ဗစက္ခုအဘိညာဏ်၏ အနီးကပ်ဆုံး အကြောင်းရင်းတစ်ခု ဖြစ်သည့် အာလောကကသိုဏ်း၌လည်း အလင်းရောင် ရှိ၏၊ အလင်းရောင်ကို နိမိတ်ယူ၍ ပွားများရသော ကသိုဏ်းပင် ဖြစ်ပေသည်။ တစ်ဖန် ဒိဗ္ဗစက္ခု အဘိညာဏ်နှင့် တကွ အဘိညာဏ်အားလုံးတို့၏လည်းကောင်း၊ ဝိပဿနာဉာဏ်၏လည်းကောင်း အခြေခံ အကြောင်းရင်း ဖြစ်ကြကုန်သော အာလောကကသိုဏ်းမှ ကြွင်းသော ကသိုဏ်းအားလုံးတို့၌လည်း အလင်း ရောင် ရှိသည်သာ ဖြစ်ပေသည်။ ကသိုဏ်းဝန်းအားလုံးတို့သည် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ၌ ကြည်လင်တောက်ပလာမြဲ ဓမ္မတာပင် ဖြစ်သည်။ အထူးသဖြင့် တေဇောကသိုဏ်း သြဒါတကသိုဏ်း အာလောက ကသိုဏ်းတို့ကား လင်းရောင်ခြည်စွမ်းအင် ပိုသော ကသိုဏ်းတို့ ဖြစ်ကြ၏။ သို့သော် ဤ၌ကား - သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝ = အလင်းရောင်အားလုံးသည် ဉာဏ်ကြောင့်သာလျှင် ဖြစ်သည်ဟု ဆိုထား သဖြင့် ကသိုဏ်းစျာန်များနှင့် ယှဥ်တွဲလျက်ရှိသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်ဟု မှတ်သားပါ။
作为天眼通智一项最近因的光明遍,本来就有光,因为它正是取光明为相而修习的遍。此外,除光明遍以外,其余诸遍作为天眼通智等一切神通以及观智的基础因,也同样都有光。所有遍轮达到似相时,自然都会变得清澈明亮;火遍、白遍、光明遍尤其具有更强的光明力量。不过,本处既说“သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝ”——“这一切光都只由智生起”,就应当知道,这种光是由与诸遍禅相应的智所生。
ယင်းသို့ဖြစ်လျှင် ကသိုဏ်း၏ အရောင်အလင်းမှာ ဉာဏ်ကြောင့် မဖြစ်တော့ပြီလောဟု မေးရန်ရှိ၏။
既然如此,难道遍的光不是由智生起的吗?这里会产生这样的疑问。
ကေဝလဥှိ သမာဓိလာဘိနော ဥပဋ္ဌာနာကာရမတ္တံ သညဇမေတံ။ (ဝိသုဒ္ဓိ-၁-၁၂၂။) = ဤကသိုဏ်းပဋိဘာဂနိမိတ်သည် ဥပစာရသမာဓိကို ရရှိသော ယောဂါဝစရပုဂ္ဂိုလ်အား ဉာဏ်၌ ထင်လာ သော အခြင်းအရာမျှဖြစ်၍ သက်သက်သော ဘာဝနာသညာကြောင့် ဖြစ်ပေါ်လာသော နိမိတ်သာ ဖြစ်သည်။
“对已得定者而言,这只是一种显现方式,是由想所生的。”(《清净道论》1-122。)也就是说,这一遍的似相,对已经获得近行定的瑜伽行者而言,只是显现于智中的一种方式,是仅由修习想所生的相。
原书第 516 页
ဤအထက်ပါ အဖွင့်အရ ကသိုဏ်းပဋိဘာဂနိမိတ်ဟူသည်မှာလည်း ဘာဝနာသညာကြောင့်သာ ဖြစ်ပေါ် လာရကား ဘာဝနာသညာဟူသည်လည်း သညာတစ်ခုတည်းသာ ဖြစ်သည်မဟုတ်၊ ယင်း သညာနှင့် ယှဥ်တွဲလျက် ဉာဏ်လည်း ပါဝင်လျက်သာ ရှိပေသည်။ ဥပစာရသမာဓိ အပ္ပနာသမာဓိကို ရရှိသော ယောဂီသူတော်ကောင်း၏ သန္တာန်မှာသာ ဖြစ်နိုင်သဖြင့် ယင်းဥပစာရသမာဓိ အပ္ပနာသမာဓိနှင့် ဉာဏ်သည် စိတ္တက္ခဏတစ်ခု အတွင်း၌ ယှဥ်တွဲလျက်သာ ဖြစ်နေပေသည်။ သညာကို ဦးတည်၍ အဦးမူ၍ ဖွင့်ဆိုထားသည်ဟု မှတ်ပါ။ သို့အတွက် ကသိုဏ်းပဋိဘာဂနိမိတ်တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ကသိုဏ်း ဥပစာရစျာန် အပ္ပနာစျာန်တို့နှင့် ယှဥ်တွဲ လျက်ရှိသော ဉာဏ်ကြောင့်ဖြစ်သော အရောင်အလင်းကို ကသိဏာလောကဟု ခေါ်ဆိုသည် မှတ်ပါ။
依照上文的解释,所谓遍的似相,也只因修习想而生。然而,修习想并非只有想这一法,与该想相应的智也同在其中。似相只可能在已获得近行定、安止定的瑜伽善士相续中生起,所以智与该近行定或安止定在同一心刹那相应而生。应知,前文只是以想为主、从想这一方面作解释。因此,以遍的似相为所缘而生起的遍之近行禅与安止禅,其相应智所生的光,称为“ကသိဏာလောက”(遍光)。
၃။ ပရိကမ္မာလောက
“၃။ ပရိကမ္မာလောက”——“3.遍作光”
ပရိကမ္မာလောကမှာ နှစ်မျိုး ရှိ၏။ အဘိညာဏ်၏ အခြေခံဖြစ်သော ပရိကမ္မ၊ စျာန်၏ အခြေခံဖြစ်သော ပရိကမ္မဟု ပရိကမ္မ နှစ်မျိုး ရှိ၏။
遍作光有两种:一是作为神通智基础的遍作,二是作为禅那基础的遍作。
တတ္ထ ဥက္ကာလောကော ဝိယ ပရိကမ္မကာလေ ကသိဏာလောကော။ (ဝိသုဒ္ဓိ-၂-၅၈။) = ထို ဥပမာ၌ မြက်မီးရှူးရောင်ကဲ့သို့ အဘိညာဏ်၏ အခြေခံဖြစ်သော ပရိကံကို ပြုသောကာလ၌ ကသိုဏ်းရောင်ကို မှတ်အပ်၏။
“在该譬喻中,于遍作之时,遍光如草束火炬之光。”(《清净道论》2-58。)也就是说,在进行作为神通智基础的遍作之时,应知遍光如草束火炬之光。
ဤအထက်ပါ စကားရပ်မှာ ဒိဗ္ဗစက္ခုအဘိညာဏ်ခန်း၌ လာရှိသော ဖွင့်ဆိုချက် ဖြစ်ပါသည်။ ဤ၌ ဒိဗ္ဗ စက္ခုအဘိညာဏ်၏ အခြေခံဖြစ်သော ကသိုဏ်းတို့ကို (၁၄)မျိုးသော အခြင်းအရာအားဖြင့် အပြန်ပြန် အလှန် လှန် ကြိတ်ချေနေခြင်းသည်လည်း ပရိကံတစ်မျိုးပင် ဖြစ်သည်။ တစ်ဖန် အာလောက ကသိုဏ်း သို့မဟုတ် ကသိုဏ်းတစ်ခုခုကို ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံအဖြစ် ဥပစာရသမာဓိနယ်မြေ ဆိုက်အောင် ကသိုဏ်းဝန်း ကို ဖြန့်ကြက်လျက် ပွားထား၏။ အဘိညာဏ်ဇော မစောမီ အခိုက်ကိုလည်း ပရိကမ္မဟုပင် ခေါ်၏။ ထိုပရိကမ္မ = ပရိကံအခိုက်၌လည်း အလင်းရောင်ရှိသည်သာ ဖြစ်ပေသည်။
上面这段解释出自天眼神通智章。这里,把作为天眼神通智基础的诸遍,依十四种行相反复熟练,也是一种遍作。又把光明遍或任何一种遍作为天眼神通智的基础,扩展遍轮而加以修习,直至达到近行定的范围。在神通速行尚未生起以前的阶段,也称为遍作;在这一遍作阶段,同样有光。
နောက်တစ်မျိုးကား စျာန်၏အခြေခံဖြစ်သော ပရိကမ္မ = ပရိကံပင် ဖြစ်သည်။ ပထဝီကသိုဏ်း အာလောက ကသိုဏ်းစသည့် ကသိုဏ်းဝန်း တစ်ခုခုကို အာရုံယူ၍ ဘာဝနာမှုကို ပြု၏။ ပကတိသော မြေဝန်း၊ ပကတိသော အလင်းရောင်ဝန်းတို့ကို အာရုံယူ၍ ပွားများနေသော ဘာဝနာကို ပရိကမ္မဘာဝနာဟု ခေါ်၏။ ထိုပကတိသော မြေဝန်း၊ ပကတိသော အလင်းရောင်ဝန်းစသည့် ကသိုဏ်းဝန်းနိမိတ်တို့ကား ပရိကမ္မနိမိတ်ပင် ဖြစ်သည်။
另一种,则是作为禅那基础的遍作。以地遍、光明遍等任何一种遍轮为所缘而修习;以天然的地轮、天然的光轮为所缘所作的修习,称为遍作修习。天然的地轮、天然的光轮等遍轮之相,就是遍作相。
ထိုကသိုဏ်းဝန်း တစ်ခုခုကို မျက်စိဖြင့် မှိတ်တုံ ဖွင့်တုံ အဖုံဖုံ အာရုံပြု၍ နိမိတ်ကို အာရုံယူရာ အကြင် အခါ၌ ထိုနိမိတ်သည် စိတ်ဖြင့် ကောင်းစွာ ယူမိ၏၊ ပကတိသော မျက်စိဖြင့် မြင်ရစဥ်ကဲ့သို့ မနောဒွါရ၌ ထင်လာ ၏၊ မျက်စိမှိတ်၍ ထိုနိမိတ်ကို အာရုံယူသောအခါ မျက်စိဖြင့် တိုက်ရိုက် မြင်နေရသကဲ့သို့ စိတ်ထဲ၌ ထင်ထင် ရှားရှား ပေါ်လာ၏။ ထိုသို့ စိတ်မှာ ထင်ထင်ရှားရှား ပေါ်လာသောအခါ ထိုအာရုံကို ဥဂ္ဂဟနိမိတ်ဟု ခေါ်ဝေါ် ရလေသည်။ ယခင် ပရိကမ္မနိမိတ်ကိုပင် စိတ်ဖြင့် ကောင်းစွာ ယူသောကြောင့် ကောင်းစွာ ယူအပ်သော နိမိတ် ဖြစ်ခြင်းကြောင့် ဥဂ္ဂဟနိမိတ်ဟု ခေါ်ခြင်း ဖြစ်သည်။ ယင်း ဥဂ္ဂဟနိမိတ်ကို အာရုံယူ၍ ပွားနေသော ဘာဝနာမှာ ပရိကမ္မဘာဝနာပင် ဖြစ်သည်။ ယင်းသမာဓိမှာလည်း ပရိကမ္မသမာဓိမျှသာ ရှိသေးသည်။ သို့သော် ဤဥဂ္ဂဟ နိမိတ်ကို အာရုံပြုနေသော ပရိကမ္မသမာဓိမှာ ယခင် ပရိကမ္မနိမိတ်ကို အာရုံပြုနေသော ပရိကမ္မသမာဓိထက်
对于任何一种遍轮,禅修者反复睁眼、闭眼而取其相;当该相已被心善加取得,像肉眼睁开观看时那样在意门中显现,闭眼取相时也如同正由眼睛直接看见一般,在心中清楚显现,这一所缘就称为取相。它是把先前的遍作相以心善加取得而成,正因是“善加取得之相”,所以称为取相。以该取相为所缘而作的修习,仍是遍作修习;其定也还只是遍作定。然而,以这个取相为所缘的遍作定,比先前以遍作相为所缘的遍作定——
ပို၍ ပို၍ ငြိမ်သက်လာ၏၊ တည်ကြည်မှု စွမ်းအင် ပို၍ ပို၍ မြင့်မားလာ၏။
——越来越寂静,定力也越来越强。
ထို ပရိကမ္မဘာဝနာသမာဓိဖြင့် ဥဂ္ဂဟနိမိတ်ကို အာရုံပြု၍ စိတ်တည်ကြည်နေသော ယောဂါဝစရပုဂ္ဂိုလ်
以这种遍作修习定缘取取相、心得安定的瑜伽行者——
原书第 517 页
အာနာပါနဿတိသမာဓိပိုင်း သည် ထိုဥဂ္ဂဟနိမိတ်ကိုပင် အာရုံယူ၍ ယင်း ပရိကမ္မဘာဝနာသမာဓိဖြင့် ဆက်လက်၍ အားထုတ်ပြန်သည် ရှိသော် တစ်ချိန် ထိုဥဂ္ဂဟနိမိတ်နှင့် ပုံသဏ္ဌာန် ပမာဏတူသော အာရုံနိမိတ် တစ်မျိုးသည် စိတ်၌ ငြိမ်သက်စွာ တည်နေ၏။ စိတ်ထဲ၌ ကောင်းစွာ သွင်းထားအပ်သကဲ့သို့ ဖြစ်နေ၏။ မပျောက်မပျက် ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား ထင်လာ၏။ ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်တို့နှင့် အလားတူသော ယင်းကသိုဏ်းနိမိတ် အာရုံကို ပဋိဘာဂနိမိတ်ဟု ခေါ်၏။ ထို ပဋိဘာဂနိမိတ်ကား ဥဂ္ဂဟနိမိတ်ထက် အဆ အရာ အထောင်မက သာလွန်၍ ကြည်လင်၏။ ထိုပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပွားများနေသော ဘာဝနာကို ဥပစာရဘာဝနာဟု ခေါ်ဆို၍ ယင်းသမာဓိကိုလည်း ဥပစာရသမာဓိဟု ခေါ်ဆိုပေသည်။
——若仍以该取相为所缘,继续凭遍作修习定精勤努力,到了某个时候,便有另一种与取相形状、大小相同的所缘相,寂静地安住于心中,仿佛已被善加置入心内,不再消失,鲜明清楚地显现。这一与遍作相、取相相仿的遍相所缘,称为似相。似相比取相清明数百乃至数千倍以上。以似相为所缘而作的修习,称为近行修习;其定也称为近行定。
ယင်း ဥပစာရသမာဓိနယ်မြေသို့ မဆိုက်မီ ဥပစာရသမာဓိနှင့် အလွန်နီးကပ်လျက်ရှိသော အလွန် အဆင့် မြင့်နေသော ပရိကမ္မသမာဓိနှင့် ယှဥ်တွဲလျက်ရှိသော ဉာဏ်ကြောင့်လည်း အလင်းရောင်များ ထွက်ပေါ်လာ ပေသည်။ ယင်းအလင်းရောင်များသည်လည်း ပရိကမ္မာလောကဟူသော အမည်ကို ရရှိသည်သာ ဖြစ်ပေသည်။
在尚未达到近行定范围以前,与近行定极为接近、层次已经很高的遍作定,其相应智也会生起光明。这些光同样称为遍作光。
ဤကသိုဏ်း၏ ပရိကမ္မသမာဓိမှ လင်းရောင်ခြည်များ ထွက်ပေါ်လာသကဲ့သို့ ကျန်သမထကမ္မဋ္ဌာန်းတို့၏ ပရိ ကမ္မ သမာဓိမှလည်း အလင်းရောင်များ ထွက်ပေါ်လာသည်သာဟု မှတ်ပါ။ ပရိကမ္မသမာဓိထက် အဆင့်မြင့် နေသော ဥပစာရသမာဓိ၊ အပ္ပနာသမာဓိတို့၌ကား ဆိုဖွယ်ပင် မရှိတော့ပြီ ဖြစ်၏။ နောက်တွင် ဆက်လက် ဖော်ပြမည့် အဓိစိတ္တသုတ္တန်ဟု အဋ္ဌကထာ ဋီကာတို့က ခေါ်ဝေါ်သုံးစွဲထားသော နိမိတ္တသုတ္တန်ကို ထောက်ပါ။
应知,正如遍业处的遍作定会发出光明,其余止业处的遍作定也同样会发出光明;至于层次高于遍作定的近行定与安止定,更不待言。可参看后文将继续说明的《相经》;义注与复注也把它称为《增上心经》。
အာနာပါနကမ္မဋ္ဌာန်းတွင်လည်း ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်ဟု နိမိတ်သုံးမျိုး ရှိသည်သာ ဖြစ်သည်။ ဥဂ္ဂဟနိမိတ်ကို အာရုံယူနေသော ပရိကမ္မသမာဓိနှင့် ပဋိဘာဂနိမိတ်ကို အာရုံယူနေသော သမာဓိ တို့မှလည်း တစ်နည်း ယင်းသမာဓိတို့နှင့် ယှဥ်နေသော ဉာဏ်ကြောင့်လည်း အရောင်အလင်းများ ထွက်ပေါ် လာနိုင်သည်သာ ဖြစ်သည်။
入出息业处同样有三种相:遍作相、取相、似相。以取相为所缘的遍作定,以及以似相为所缘的定,也能发出光明;换言之,这些定的相应智也能生起光明。
ကသိုဏ်းပညတ်ပဋိဘာဂနိမိတ်ကို အာရုံယူနေသော အပ္ပနာစျာန်နှင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံယူနေသော အပ္ပနာစျာန် စသော ထိုထိုစျာန်တို့၏ ရှေး၌ ဖြစ်ကြကုန်သော ပရိကမ္မသမာဓိ ဥပစာရသမာဓိ နယ်မြေ အခိုက်တို့ကိုလည်း ပရိကံဟုပင် ခေါ်ဆိုကြောင်းကို မဟာဋီကာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
以遍的概念似相为所缘的安止禅、以入出息似相为所缘的安止禅等诸禅之前,处于遍作定与近行定范围的那些阶段,也都称为遍作。《大复注》对此作了如下解释。
မဟာဋီကာ၏ အဖွင့်
《大复注》的解释
ဣတော ပုဗ္ဗေ ပရိကမ္မာနန္တိ နာနာဝဇ္ဇနဝီထိယံ ပရိကမ္မာနံ။ (မဟာဋီ-၁-၁၆၁။) ပရိကံ --- မဟဂ္ဂုတ် အမည်ရသော အပ္ပနာစျာန်ဇောများ ဖြစ်ပေါ်လာရန် ပြုပြင်စီရင်တတ်သော ကာမာ ဝစရ ဥပစာရသမာဓိ ဇောစိတ်တစ်မျိုးသည် ပရိကံမည်၏။ ဤရှင်းလင်းချက်ကား အပ္ပနာဇောဝီထိ၏ အတွင်း၌ အကျုံးဝင်သော ပရိကံ အမည်ရသော ကာမာဝစရ ဥပစာရသမာဓိဇောကို ရည်ညွှန်းထားသော ရှင်းလင်းချက် ဖြစ်သည်။
“所谓‘此前的诸遍作’,是指存在于具有不同转向的心路中的诸遍作。”(《大复注》1-161。)所谓遍作,是一种欲界近行定速行心;它能预备、安排称为广大心的安止禅速行生起。这里所作的说明,是指摄在安止速行心路内部、名为遍作的欲界近行定速行。
သို့သော် အထက်ပါ မဟာဋီကာ၏ ဆိုလိုရင်းမှာကား ဤသို့ ဖြစ်၏။
然而,上述《大复注》的真正意旨如下。
ဣတော ပုဗ္ဗေ ပရိကမ္မာနံ ဥပရိ အပ္ပနာယ စ အနုလောမတော အနုလောမာနီတိပိ ဝုစ္စန္တိ။
“又因为随顺此前的诸遍作及其后的安止,所以也称为‘随顺’。”
(ဝိသုဒ္ဓိ-၁-၁၃၄။)
(《清净道论》1-134。)
အနုလောမ အမည်ရသော၊ အပ္ပနာစျာနဝီထိ၏ အတွင်း၌ အကျုံးဝင်သော ကာမာဝစရ ဥပစာရသမာဓိ ဇောသည် ရှေးရှေးပရိကံတို့၏ ကိစ္စကိုလည်း ဆက်လက်၍ ရွက်ဆောင်တတ်၏၊ နောက်နောက်သော အပ္ပနာစျာန် ကိုလည်း ပေါ်လာစေတတ်၏။ သို့အတွက် ရှေးရှေးပရိကံနှင့် နောက်နောက် အပ္ပနာတို့အား လျော်စွာ ဖြစ် တတ်သောကြောင့် ယင်းကာမဇောတို့ကို အနုလောမတို့ဟူ၍ ခေါ်ဆိုအပ်ကုန်၏။ (ဝိသုဒ္ဓိ-၁-၁၃၄။)
名为“随顺”、摄在安止禅心路中的欲界近行定速行,既继续完成此前诸遍作的作用,也能令其后的安止禅生起。因此,这些欲界速行既随顺此前诸遍作,也随顺其后的安止,故称为“随顺”。(《清净道论》1-134。)
原书第 518 页
အထက်ပါ အဋ္ဌကထာ စကားရပ်တွင် လာရှိသော --- ဣတော ပုဗ္ဗေ ပရိကမ္မာနံ = ဤအပ္ပနာစျာနဝီထိမှ ရှေးရှေး၌ ဖြစ်ကုန်သော ပရိကံတို့ဟူသော စကားရပ်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်က --- ရှေးရှေး ပရိကံဟူရာ၌ အပ္ပနာဇောဝီထိ၏ အတွင်း၌ တည်ရှိသော ပရိကံကို ဆိုလိုသည် မဟုတ်၊ အပ္ပနာဝီထိ မဆိုက် ရောက်မီ အပ္ပနာဝီထိ မကျမီ အထူးထူးသော အာဝဇ္ဇန်း ရှိကြကုန်သော ရှေးရှေးဝီထိတို့၏ အတွင်း၌ တည်ရှိခဲ့ ကြကုန်သော ဖြစ်ခဲ့သမျှသော ဇောတို့ကိုလည်း အပ္ပနာစျာန်ဇော ဖြစ်ပေါ်လာအောင် စီမံပေးကြသည် ဖြစ်၍ ပရိကံဟုပင် ခေါ်ဆိုရလေသည်ဟု ရှင်းလင်းတင်ပြထား၏။
上述义注语句中有“ဣတော ပုဗ္ဗေ ပရိကမ္မာနံ”——“此安止禅心路以前的诸遍作”。针对这句话,《大复注》师说明:所谓“此前诸遍作”,不是指安止速行心路内部的遍作;在尚未到达、尚未进入安止心路以前,那些各具不同转向的先前心路中已经生起的一切速行,也都能预备安止禅速行的生起,因此同样称为遍作。
ဤ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက်အရ အပ္ပနာဝီထိ မရောက်မီ ရှေးရှေးဝီထိတို့၏ အတွင်း၌ တည်ရှိခဲ့ကြကုန်သော ဖြစ်ခဲ့သမျှ ဇောတို့ကိုလည်း ပရိကံဟုပင် ခေါ်ဆိုသည် မှတ်ပါ။
依《大复注》师这一解释,应知,在到达安止心路以前,先前诸心路中已经生起的一切速行,也都称为遍作。
အပ္ပနာဝီထိ မရောက်မီ အပ္ပနာဝီထိ မကျမီ ရှေးရှေးဝီထိတို့ဟူသည် ပရိကမ္မသမာဓိ ဥပစာရသမာဓိ နယ်မြေ၌ တည်ရှိကြကုန်သော ဝီထိတို့ပင် ဖြစ်ကြသည်။ ယင်းဝီထိတို့၏ အားကြီးသော မှီရာ အထောက်အပံ့ကို ရရှိသည် ဖြစ်၍ အပ္ပနာစျာနဝီထိများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။
所谓尚未到达、尚未进入安止心路以前的先前诸心路,就是处在遍作定与近行定范围内的心路。正因为得到这些心路强有力的依止与支持,安止禅心路才能生起。
ဤ၌ အထူးထူးသော အာဝဇ္ဇန်းရှိသော ဝီထိဟူသည် အပ္ပနာဝီထိ မကျမီ ဖြစ်ပေါ်သွားကြကုန်သော ဝီထိပေါင်းများစွာတို့ကို ဆိုလိုသည်။ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်ကို ရှုနေသော ဝီထိတို့မှာ မနောဒွါရဝီထိတို့သာ ဖြစ်ကြ၏။ ယင်းမနောဒွါရဝီထိ တစ်ခုတစ်ခု၌ မနောဒွါရာဝဇ္ဇန်းစိတ် တစ်မျိုးစီ ပါရမြဲ ဓမ္မတာဖြစ်၏။ မနောဒွါရာဝဇ္ဇန်းကိုပင် အာဝဇ္ဇန်းဟု ဆိုလို၏။ ထိုထို အာနာပါနပဋိဘာဂနိမိတ်စသော သမထ နိမိတ်အာရုံကို ဆင်ခြင်တတ်သော စိတ်ပင်တည်း။ အထူးထူးသော အာဝဇ္ဇန်းရှိသော ဝီထိဟု ဆိုသဖြင့် မနောဒွါရ ဝီထိ တစ်ဝီထိတည်းသာ မဟုတ် မနောဒွါရဝီထိပေါင်းများစွာဟု ဆိုလိုပေ၏။ ယင်းဝီထိပေါင်းများစွာကိုလည်း ပရိကံဟုပင် ခေါ်ဝေါ်သုံးစွဲထားပေသည်။ ယင်း ပရိကံ အမည်ရသော ဇောတို့နှင့် ယှဥ်နေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းကိုလည်း ပရိကမ္မာလောကဟုပင် ခေါ်ဆိုသည် မှတ်ပါ။
这里,“具有不同转向的心路”是指在安止心路尚未生起以前已经生起的许多条心路。观照入出息似相等止相的心路,都只是意门心路;每一条意门心路必定各有一颗意门转向心。“转向”就是指这颗意门转向心,即审察入出息似相等止相所缘的心。既说“具有不同转向的心路”,就不是只有一条意门心路,而是许多条意门心路;这许多条心路也都称为遍作。由这些名为遍作的速行之相应智所生的光,同样称为遍作光。
၄။ ဥပက္ကိလေသာလောက
“၄။ ဥပက္ကိလေသာလောက”——“4.观染光”
ဥဒယဗ္ဗယဉာဏ်ခန်းတွင် ဖော်ပြလတ္တံ့ဖြစ်သော သြဘာသအမည်ရသော အရောင်အလင်း တစ်မျိုးရှိ၏။
在生灭智章中将要说明一种名为“光明”的光。
ယင်းအရောင်အလင်းကို ဥပက္ကိလေသာလောကဟု ခေါ်၏။ (အကျယ်ကို ဥဒယဗ္ဗယဉာဏ်ခန်းတွင် ထပ်မံ၍ ရှင်းလင်းတင်ပြပါဦးမည်။) ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝ = ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသအရောင်အလင်းကဲ့သို့ အရောင်အလင်းအားလုံးသည် ဉာဏ်ကြောင့်ချည်းပင် ဖြစ်ပေါ်လာရသည်ဟု (အံ-ဋီ-၃-၁၇၈) ၌ ဖွင့်ဆိုထားသဖြင့် ဥပက္ကိလေသ အရောင်အလင်းကို ထင်ရှားရှိကြောင်း လက်ခံနိုင်ပါလျှင် ကျန်ဉာဏ်အရောင်အလင်း သုံးမျိုးကိုလည်း အသင်ယောဂီသူတော်ကောင်းသည် ထင်ရှား ရှိကြောင်းကို လက်ခံနိုင်ရမည်သာ ဖြစ်ပေသည်၊ အားလုံး ဉာဏ်ကြောင့်သာ ဖြစ်ကြသောကြောင့် ဖြစ်၏။
这种光称为观染光。〔后文将在生灭智章中再作详“正如观染光,这一切光也都只由智生起。”(《增支部复注》3-178。)因此,如果你这位瑜伽善士承认作为观智染污因的观染光确实存在,也就必须承认其余三种智光确实存在,因为它们全都只由智生起。
ဉာဏ်ရောင်ဆိုတာ ဘာလဲ?
什么是智光?
ပညာအရောင်အလင်း ဉာဏ်အရောင်အလင်းဟူသည်မှာ ဘာလဲ? နာမ်တရားတို့၌ အရောင်အလင်း ရှိပါသလားဟု မေးရန် ရှိ၏။ ဤမေးခွန်း၏ အဖြေကို ဝိသုဒ္ဓိမဂ်မဟာဋီကာ ဒုတိယတွဲ ဥဒယဗ္ဗယဉာဏ်ခန်း ဥပက္ကိလေသပိုင်းတွင် ရှင်းပြထား၏။ ထိုရှင်းလင်းချက်မှာ ဥဒယဗ္ဗယဉာဏ်မှ ထွက်သော အရောင်အလင်းကို
什么是慧光、智光?名法中也有光吗?这是一个应当提出的问题。答案见《清净道论大复注》第二册生灭智章的观染部分;那里的解释,是针对生灭智所发之光——
原书第 519 页
အာနာပါနဿတိသမာဓိပိုင်း ရှင်းလင်းတင်ပြထားချက် ဖြစ်၏။ ကျန်ဉာဏ်အရောင်အလင်းများ၌လည်း ပုံစံတူပင် မှတ်ယူရမည်သာ ဖြစ်ပေ သည်။
——所作的说明;其余诸智光也应当依同样的方式理解。
ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ၊ သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာ- နုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တဿေဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ။
“所谓观之光,是由观心所生的明亮色,以及由落在自身相续中的时节所生的明亮色。其中,由观心所生者,明亮而只住在瑜伽行者身体内;另一种则离开身体,依智的威力向四周扩散。它只向该瑜伽行者本人显现;在它照触的地方,他也能看见那里的色。”
ပဿန္တောစ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ၊ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညာဏဝိညေယျမေဝါတိ ယုတ္တံ ဝိယ ဒိဿတိ။ (မဟာဋီ-၂-၄၂၈-၄၂၉။) ဤ အထက်ပါ မဟာဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ဝိပဿနောဘာသ = ဝိပဿနာဉာဏ် အရောင်အလင်း - ဟူသည် ဝိပဿနာစိတ်ကြောင့် ဖြစ်သော စိတ္တဇသြဇဋ္ဌမက ရုပ်တို့တွင် ပါဝင်သော အလွန် တောက်ပသော ရူပါရုံ အရောင်အလင်းနှင့် မိမိသန္တာန်၌ ကျရောက်လျက်ရှိသော တေဇောဓာတ် (= ဥတု) ကြောင့် ဖြစ်သော ဥတုဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ရူပါရုံ၏ အရောင်အလင်းတည်း။ ထင်ရှားစေအံ့ -- နှလုံးအိမ် အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်နေသော စိတ်တိုင်း စိတ်တိုင်းသည် သြဇာလျှင် ရှစ်ခုမြောက်သော စိတ္တဇသြဇဋ္ဌမကရုပ်တို့ကို ဖြစ်စေနိုင်၏။ စိတ်တစ်လုံး တစ်လုံးသည် စိတ္တဇသြဇဋ္ဌမက ရုပ် ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏။ များသောအားဖြင့် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော စိတ္တက္ခဏ
“诸师说,应当审察:当他看见时,究竟是以眼识看见,还是以意识看见?看来合理的是:如同已得天眼者一样,这些色只由意识识知。”(《大复注》2-428—429。)上述《大复注》的意思如下:“观之光”,就是由观心所生的心生八不离色聚中所含的极明亮颜色之光,以及由落在自身相续中的火界(即时节)所生的时节生八不离色聚中所含的颜色之光。为说明清楚:每一颗依止位于心脏内的心所依处色而生的心,都能生起以食素为第八的心生八不离色聚;一颗心能生起许多这样的心生色聚。大体而言,每一个依止心所依处色而生的心刹那——
တိုင်း စိတ္တက္ခဏတိုင်းသည် ဥပါဒ်ကာလသို့ ရောက်တိုင်း ရောက်တိုင်း စိတ္တဇရုပ်များကို ဖြစ်စေနိုင်သည်ချည်းသာ ဖြစ်၏။ ရုပ်တို့မည်သည် တစ်လုံးချင်း ဖြစ်နိုင်သည့်စွမ်းအင် မရှိဘဲ ရုပ်ကလာပ်ခေါ်သည့် အုပ်စုအလိုက် အဖွဲ့ အစည်းအလိုက်သာ ဖြစ်ကြရ၏။ ကလာပ်ဟူသည် ဗုဒ္ဓအဘိဓမ္မာ၌ အသေးဆုံးသော ရုပ်အဖွဲ့အစည်းတစ်ခု၏ အမည် ဖြစ်သည်။ ပရမာဏုမြူခန့် သို့မဟုတ် ပရမာဏုမြူအောက် အဆပေါင်းများစွာ သေးငယ်သော အမှုန် ကလေး ဖြစ်၏။ ယင်း ကလာပ်အမှုန် တစ်ခုတစ်ခုကို ပရမတ္ထသစ္စာနယ်မှ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ကြည့်လျှင် (= ဓာတ်ခွဲကြည့်လျှင်) ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာဟု အနည်းဆုံး ရုပ်သဘော တရား (၈)မျိုးစီ အသီးအသီး ရှိ၏။ ယင်းရုပ်တရားတို့ကို သြဇာလျှင် (၈)ခုမြောက်ရှိသောကြောင့် သြဇဋ္ဌမက ရုပ်များဟု ခေါ်၏၊ စိတ်ကြောင့် ဖြစ်သောကြောင့် စိတ္တဇရုပ်များဟု ခေါ်၏။ (ရံခါ အသံပါသော် ရုပ်သဘော
——每逢到达生起阶段,都能生起心生色。色法没有逐一单独生起的能力,只能依称为色聚的群组、组合而生。“色聚”是佛教阿毗达磨中最小色法组合的名称,是大小约如极微、或比极微小许多倍的微粒。若从胜义谛层面以智分别、解析每一个色聚微粒,其中至少各有八种色法自性:地、水、火、风、颜色、香、味、食素。这些色法因为以食素为第八,称为八不离色;又因为由心所生,称为心生色。〔有时若还包括声音,则色法——
တရား (၉)မျိုး ရှိတတ်၏။ ဤအပိုင်းကား သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကြောင့်ဖြစ်သော ရုပ် တို့ကို ပဓာနထား၍ ပြောဆိုနေသဖြင့် အသံ-အကြောင်း ထည့်၍ မဆိုခြင်း ဖြစ်သည်။) ယင်းရုပ်သဘောတရား (၈)မျိုးတို့တွင် ပါဝင်သော ဝဏ္ဏ ခေါ် ရူပါရုံမှာ (သမထဘာဝနာစိတ်) ဝိပဿနာ ဘာဝနာစိတ်ကြောင့် ဖြစ်သော ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရူပါရုံဖြစ်ခဲ့လျှင် ဘာသုရ ရူပ = အလွန် တောက်ပသော ရူပါရုံ ဖြစ်၏။
——有九种,构成心生声九法聚。本部分以止修习心、观修习心所生的色为主,所以不把声音纳入说明。〕在上述八种色法中,称为颜色、作为色所缘的色法,如果存在于由止修习心或观修习心所生的色聚内,就是“明亮色”,即极其明亮的颜色。
〔မှတ်ချက် --- ပဋိသန္ဓေစိတ်က ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုမှာ တူညီလျက် ရှိ၏၊ စုတိစိတ်တို့တွင် ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ်မှာ ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက်ပင် ရှိ၏။
〔注:关于结生心不能生起心生色,各家说法一致;在诸死心中,关于阿罗汉的死心不能生起心生色,各家说法也同样一致。至于——
ကျန်စုတိစိတ်များက စိတ္တဇရုပ်ကို ဖြစ်စေနိုင် မဖြစ်စေနိုင်ဟူသော အချက်နှင့် ပတ်သက်၍ကား ကျမ်းဂန် များ၌ အချီအချ စကားများလျက်ပင် ရှိ၏။〕 ယင်းဘာသုရ ရူပ = တောက်ပသော ရူပါရုံမှာ စိတ္တဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သဖြင့် စိတ္တဇရုပ်ကလာပ် အရေအတွက် များလျှင် များသလို တောက်ပသော ရူပါရုံအရေအတွက်လည်း ပို၍ များသည်သာ ဖြစ်၏။
——其余死心能否生起心生色,诸典籍中仍有许多相反的说法。〕这种“明亮色”,即明亮的颜色,存在于每一个心生色聚中;所以,心生色聚数量越多,明亮颜色的数量也越多。
ယင်းရူပါရုံတို့၏ တောက်ပမှုမှာလည်း ဉာဏ်အာနုဘော်အားလျော်စွာ တောက်ပ၏။ ဉာဏ်အာနုဘော်က
这些颜色的明亮程度,也与智的威力相应;智的威力——
原书第 520 页
ကြီးမားလျှင် ကြီးမားသလို ပို၍ ပို၍ တောက်ပပြီးလျှင် ဉာဏ်အာနုဘော်က သေးလျှင် သေးသလို လျော့၍ လျော့၍ တောက်ပ၏။ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့၌ ထိုထို (သမထအာရုံ) ဝိပဿနာအာရုံ တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် စိတ္တက္ခဏ တစ်ခု အတွင်း၌ အတူယှဥ်တွဲ၍ ဖြစ်ပေါ်လာကြသော နာမ်တရားစုတို့မှာ ယေဘုယျအားဖြင့် (၃၄)လုံးခန့် ရှိ၏။
——越大,颜色就越发明亮;智的威力越小,颜色的明亮程度就越低。止修习心、观修习心分别以止所缘、观所缘为所缘而生;在同一心刹那与这些止修习心、观修习心相应而生的名法聚,一般约有三十四法。
(ပထမစျာန်၌ကား - ၃၄၊ ဒုတိယစျာန်၌ကား - ၃၂၊ တတိယစျာန်၌ကား - ၃၁၊ စတုတ္ထစျာန်၌ကား - ၃၁ -- အသီးသီး ရှိကြ၏။ ကရုဏာစျာန်၌ ကရုဏာတိုး၍ မုဒိတာစျာန်၌ မုဒိတာ ထပ်တိုးသည်။ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။) ယင်းနာမ်တရားစုတို့တွင် ပညိန္ဒြေစေတသိက် ခေါ် ဉာဏ် (= ပညာ) ပါဝင်၏။ ယင်းဉာဏ်အာနုဘော် မှာ ကြီးမားလျှင် ကြီးမားသလို သေးလျှင် သေးသလို ရူပါရုံအရောင်မှာ တောက်ပသည်ဟု ဆိုလိုပေသည်။
〔初禅各有34法,第二禅32法,第三禅31法,第四禅31法;悲禅另加悲心所,随喜禅另加随喜心所。参见名业处部分。〕这些名法聚中包含称为慧根心所的智,即慧。其意是:智的威力越大,颜色就越明亮;智的威力越小,颜色的明亮程度也越低。
〔ယင်းအာနုဘော်၏ ကြီးမားမှုမှာလည်း (၁) သပ္ပုရိသူပနိဿယ = ဘုရားအစရှိသော အရိယာသူတော်ကောင်း တို့ကို မှီဝဲဆည်းကပ်ခြင်း၊ (၂) သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားကို နာကြားခြင်း၊ (၃) ယောနိသောမနသိ ကာရ = နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း၊ (၄) ဓမ္မာနုဓမ္မပဋိပတ္တိ = လောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်တို့ကို ရိုသေစွာ ဖြည့်ကျင့်ခြင်းစသော ပစ္စုပ္ပန်အကြောင်းတရားများနှင့် အတိတ်က ဖြည့်ကျင့် ခဲ့သော ပါရမီ အဆောက်အဦကောင်းတို့၏ အပေါ်၌ အခြေစိုက်လျက် ရှိ၏။〕〕〕 တစ်ဖန် ယင်းစိတ္တဇသြဇဋ္ဌမက ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ်လည်း ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ်ကို ဥတုဟု ခေါ်၏။ ယင်းတေဇောဓာတ် ဥတုကလည်း ဥတုဇ သြဇဋ္ဌမကရုပ်ကလာပ် = ဥတုကြောင့်ဖြစ်သော သြဇာလျှင် ရှစ်ခုမြောက်ရှိသော ရုပ်ကလာပ် အသစ်အသစ်များကို ထပ်မံ ဖြစ်စေပြန်၏။
〔这种威力的强大,又以当下诸因与过去所积累的良好波罗蜜资粮为基础。当下诸因包括:1.“သပ္ပုရိသူပနိဿယ”(亲近善士),即亲近、依止佛陀等圣贤善士;2.“သဒ္ဓမ္မဿဝန”(听闻正法);3.“ယောနိသောမနသိကာရ”(如理作意),即以正确方法作意;4.“ဓမ္မာနုဓမ္မပဋိပတ္တိ”(法随法行),即恭敬圆满与九种出世间法相应的行持等。〕此外,每一个心生八不离色聚中都有火界;这火界也称为时节。该火界、时节又会生起新的时节生八不离色聚,即由时节所生、以食素为第八的色聚。
(သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့က အာနုဘော် ကြီးလျှင် ကြီးသလို စိတ္တဇကလာပ်တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော တေဇောဓာတ် = ဥတုသည် ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏။
止修习心、观修习心的威力越大,每一个心生色聚内的火界,即时节,就越能生起许多时节生八不离色聚。
ယင်း ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းတွင် ပါဝင်တည်ရှိသော ဝဏ္ဏ ခေါ် ရူပါရုံကလည်း ဘာသုရ ရူပ = အလွန်တောက်ပသော ရူပါရုံပင် ဖြစ်၏။ ယင်းရူပါရုံ၏ တောက်ပမှုမှာလည်း ဉာဏ်အာနုဘော် ကြီးလျှင် ကြီးသလို သေးလျှင် သေးသလိုပင် တောက်ပ၏။ ယင်းဥတုဇရုပ်တို့ကို သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဥ်၌ ကျရောက်လျက်ရှိသော ဥတုသမုဋ္ဌာန်ရုပ်များ (= ဥတုဇရုပ်များ = ဥတုကြောင့် ဖြစ်သော ရုပ်များ) ဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။
每一个时节生八不离色聚中所含、称为颜色的色所缘,也都是“明亮色”,即极其明亮的颜色。这种颜色的明亮程度,同样随着智的威力大小而增减。这些时节生色称为“သသန္တတိပတိတ ဥတုသမုဋ္ဌာန”——“落在自身色相续中的时节所生色”,也就是时节生色、由时节所生之色。
〔မှတ်ချက် --- သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဥ်၌ ကျရောက်လျက် ရှိသော ဥတုသမုဋ္ဌာန်ရုပ်ဟု ဆိုသဖြင့် ကမ္မဇရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ်၊ အာဟာရဇရုပ် ကလာပ်တို့တွင် ပါဝင်သော အာဟာရဇတေဇောဓာတ်ဟူသော ဥတုတို့ကြောင့်ဖြစ်သော ဥတုဇရုပ်များလည်း ပါဝင်နိုင်သည်ဟုကား မယူဆပါနှင့်။ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဥ်သော ဉာဏ် အာနုဘော်၏ စွမ်းအင်အပေါ်၌ အခြေတည်၍ ဖြစ်ပေါ်လာသော ဥတုသမုဋ္ဌာန်ရုပ်တို့ကိုသာ ပြဆိုရာအပိုင်း ဖြစ်သောကြောင့် စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန် ရုပ်တို့ကိုသာ ဤ၌ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။ သို့သော် အိမ်တစ်အိမ်ကို မီးလောင်ပါက အလွန်နီးကပ် နေသော အိမ်များလည်း ကူးစက်၍ လောင်ကျွမ်းတတ်မြဲ ဓမ္မတာအတိုင်း ခန္ဓာအိမ်တစ်ခုအတွင်း၌ အလွန် နီးကပ်စွာ ပွတ်ချုပ်ထိခိုက်၍ ဖြစ်ပေါ်နေကြသော ကံ စိတ် ဥတု အာဟာရဟူသော အကြောင်းတရား လေးပါး
〔注:既然说“သသန္တတိပတိတ ဥတုသမုဋ္ဌာန”——“落在自身色相续中的时节所生色”,就不可认为这里也包括:由业生色聚中的业生火界,以及由食生色聚中的食生火界,这两种时节所生的时节生色。本段只说明以止修习心、观修习心之相应智的威力为基础而生的时节生色,所以应知,这里仅指由心生色聚内的火界、即时节所生的时节生色。然而,正如一所房屋着火时,极为邻近的房屋也通常会延烧;在这五蕴之家内,诸色法极其紧密地相触而生,它们由业、心、时节、食这四种因——
ကြောင့် ဖြစ်ပေါ်နေသော ဖြစ်ပေါ်လာရသော ရုပ်တရားအပေါင်းတို့တွင် စိတ္တဇရုပ်ကလာပ်တို့နှင့် စိတ္တဇ ရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကြောင့် ဖြစ်သော ဥတုဇရုပ်ကလာပ်တို့တွင် တည်ရှိ သော ရူပါရုံတို့က အလွန်တောက်ပလာပါလျှင် ကျန် ကမ္မဇ ဥတုဇ အာဟာရဇ ရုပ်ကလာပ်တို့၌ တည်ရှိသော
——而生。在这由四因所生的一切色法中,若心生色聚,以及由心生色聚内火界、即时节所生的时节生色聚中的颜色变得极其明亮,至于其余业生、时节生与食生色聚中的颜色,则——
原书第 521 页
အာနာပါနဿတိသမာဓိပိုင်း ရူပါရုံတို့မှာလည်း ရောနှော၍ တောက်ပလာသည်သာ ဖြစ်ပေသည်။ ကလာပ်တစ်ခု၌ တည်ရှိသော အလင်း ရောင်နှင့် ကလာပ်တစ်ခု၌ တည်ရှိသော အလင်းရောင်တို့မှာ၊ ကလာပ်တို့က အလွန်နီးကပ်စွာ ပွတ်ချုပ် ထိခိုက်၍ ဖြစ်နေကြသဖြင့်၊ ရောင်ခြည်တန်းတစ်ဆက်တည်းကဲ့သို့ ဖြစ်နေတတ်ပေသည်။ သို့အတွက် သသန္တတိ ပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဥ်၌ ကျရောက်လျက်ရှိသော ဥတုသမုဋ္ဌာန်ရုပ်ဟု ဆိုခြင်းမှာ ဗဟိဒ္ဓ ရုပ်သန္တတိ အစဥ်ကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ်၏ အရောင်အလင်း မဟုတ်ကြောင်း သိစေလို၍ မိန့်ဆိုခြင်း ဖြစ်သည်ဟု မှတ်သားပါ။〕 ထိုစိတ္တသမုဋ္ဌာန်ရုပ် ဥတုသမုဋ္ဌာန်ရုပ် နှစ်မျိုးတို့တွင် (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ ကြောင့်ဖြစ်သော စိတ္တဇသြဇဋ္ဌမကရုပ်များတွင် ပါဝင်တည်ရှိသော ရူပါရုံ = ဝဏ္ဏဓာတ် အရောင်အလင်းသည် ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယကိုယ်အတွင်း၌သာလျှင် ပျံ့နှံ့၍ တည်၏။ ဥတုသမုဋ္ဌာန် အမည်ရသည့် ဥတုဇ
——也会混合在一起而明亮起来。一个色聚中的光与另一个色聚中的光,由于诸色聚彼此极其紧密地接触而生,往往显得如同一束连续不断的光。因此,应当知道,说“သသန္တတိ ပတိတ ဥတုသမုဋ္ဌာန”(落在自身色相续中的时节所生色),是为了表明:这并不是由外在色相续所生的时节生色之光。〕在心生色与时节生色这两类色法中,由止修习心、观修习心所生的心生八不离色聚内,作为色所缘的颜色之光,只在瑜伽行者的身体内部扩散而住;至于称为时节所生的时节生——
သြဇဋ္ဌမကရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ရူပါရုံ = ဝဏ္ဏဓာတ် အရောင်အလင်းသည်ကား ယောဂါဝစရ ပုဂ္ဂိုလ်၏ ခန္ဓာအိမ်အတွင်း၌သာမက ခန္ဓာကိုယ်၏ပြင်ဘက် ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာသို့တိုင်အောင် ဉာဏ်အာနုဘော်က ကြီးလျှင် ကြီးသည့်အားလျော်စွာ အဝေးသို့တိုင်အောင် ပျံ့နှံ့၍ တည်၏။ ဉာဏ်အာနုဘော် က သေးလျှင်လည်း သေးသည့်အားလျော်စွာ ပတ်ဝန်းကျင်၌ ပျံ့နှံ့၍ တည်၏။ ထိုအရောင်အလင်းကား ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် ထင်ရှား၏၊ (ဘေးပတ်ဝန်းကျင်၌ တည်ရှိကြသော သူအပေါင်း တို့အဖို့ မထင်ရှားဟု ဆိုလိုသည်။) ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့၍ တည်နေသော ထိုအရောင်အလင်းနှင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ရူပါရုံ အမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နေပေ၏။ ထိုသို့ တွေ့မြင်ရာဝယ် စက္ခုဝိညာဏ်ဖြင့်ပင် တွေ့မြင်သလော၊ မနောဝိညာဏ်ဖြင့်ပင် တွေ့မြင်သလောဟူသော အချက်ကို စူးစမ်းဆင်ခြင်သင့်သည်ဟု
——八不离色聚,其内作为色所缘的颜色之光,则不仅遍布瑜伽行者的五蕴身内,也依智威力的大小,相应地向身体外的周围乃至十方扩散而住:智威力大,就向远处扩散;智威力小,就只在较近的周围扩散。这种光只向该瑜伽行者自己的智显现,对周围其他人并不显现。凡与这道向周围扩散之光相触处的种种色所缘,瑜伽行者也能看见。诸位大德说,对此应当仔细审察:究竟是以眼识看见,还是以意识看见——
ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။ (မိမိ မဟာဋီကာဆရာတော်၏ အယူအဆမှာမူ) ဒိဗ္ဗစက္ခုအဘိညာဏ် ကို ရရှိတော်မူကြကုန်သော သူတော်ကောင်းတို့သည် ထိုရူပါရုံကို ဒိဗ္ဗစက္ခုအဘိညာဏ်ဟူသော မနောဝိညာဏ် စိတ်ဖြင့် တွေ့မြင်သကဲ့သို့ အလားတူပင် ဤအရာ၌လည်း ထိုရူပါရုံအပေါင်းကို (သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်ဟူသော) မနောဝိညာဏ်ဖြင့်သာလျှင် သိမြင်၏ဟူသော စကားသည်သာလျှင် သင့်မြတ်သကဲ့သို့ ထင်ပေသည်။ (ဤကား အထက်ပါ မဟာဋီကာ စကားရပ်၏ ဆိုလိုရင်းတည်း။)
——诸位大德如此说。依《大复注》导师本人的见解,正如成就天眼通智的善士以称为天眼通智的意识看见那些色所缘,本处也应当说,只以止修习心、观修习心这种意识看见所有那些色所缘;这样的说法看来才合理。〔以上就是前引《大复注》文的本意。〕
အနီးစပ်ဆုံး အကြောင်းတစ်ရပ်
一个最近因
ဤတွင် ဉာဏ်အာနုဘော်ကြီးမားမှု မကြီးမားမှုတို့၏ အနီးစပ်ဆုံး အကြောင်းတစ်ရပ်မှာ - သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ (အံ-၃-၂၅၉) = တည်ကြည်သော သမာဓိရှိသောသူသည် မဖောက်မပြန် ဟုတ် တိုင်းမှန်စွာ သိမြင်၏ဟု ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် သမာဓိသည် အနီးစပ်ဆုံး အကြောင်း တစ်ရပ် ဖြစ်ပေသည်။ သို့အတွက် ဉာဏ်အရောင်အလင်း များများ တောက်ပလိုပါက သမာဓိကို များများ ထူ ထောင်ပေးရမည် ဖြစ်ပေသည်။ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်ကို နှလုံးသွင်းမှုမှာလည်း ယောနိသောမနသိကာရ တစ်မျိုးပင် ဖြစ်ပေသည်။
“有定者如实知、如实见。”(《增支部》3-259。)佛陀既如此开示,本处决定智威力强弱的一个最近因,就是定。因此,若想让智光更为明亮,就必须更多地建立定。作意入出息似相等止相,也是一种如理作意。
ဥပစာရ စကားဟု မှတ်ပါ
应知是借喻用法
အထက်ပါ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက်အရ ဉာဏ်အရောင်အလင်းဟူသော စကားမှာ တင် စား၍ ခေါ်ဝေါ်သုံးစွဲထားသော ဥပစာရစကားဟု မှတ်ပါ။ ဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော (သမထဘာဝနာစိတ်)
依上述《大复注》导师的解释,应知“智光”一语只是借喻用法:由与智相应的止修习心——
原书第 522 页
ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဖြစ်သော စိတ္တဇရုပ်၊ ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၌ ပါဝင်တည်ရှိသော ရူပါရုံ ဝဏ္ဏဓာတ်၏ အာလောက (= သြဘာသ = အရောင်အလင်း)ဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ (သမထဉာဏ်ရောင်) ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဝေါ်သုံးစွဲထားသော ဖလူပစာရစကားဟု မှတ်ပါ။ ဤစကားအရ ဉာဏ်၌ အရောင် မရှိ၊ ဉာဏ်ကြောင့် ဖြစ်သော ရုပ်တရားတို့၌သာ အရောင်ရှိသည်ဟု အတိုချုပ် မှတ်သားပါလေ။
——、观修习心所生的心生色,以及由此相续生起的时节生色,其中色所缘、颜色界的光本是“果”;却把这一光的名称转而安立在作为“因”的智上,称为止智之光、观智之光,这就是以果说因的“ဖလူပစာရ”(果喻)用法。总之,应当记住:智本身没有光,只有由智所生的色法才有光。
ရူပါရုံအမျိုးမျိုးကို တွေ့မြင်နိုင်သည်
能够看见各种色所缘
အထက်ပါ မဟာဋီကာဆရာတော်၏ စကားရပ်တွင် --- တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ = ထိုလင်းရောင်ခြည်ဖြင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့ မြင်နိုင်ကြောင်း ဖွင့်ဆိုလျက် ရှိ၏။ ထိုလင်းရောင်ခြည်၏ စွမ်းအင်ကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါ အတိုင်း ဖွင့်ဆိုထား၏။
前引《大复注》中说:“တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ”——“在那光所照触的地方,瑜伽行者也能看见其中的各种色所缘。”关于这道光的力量,《清净道论》义注又作如下说明。
သော ခေါ ပနာယံ သြဘာသော ကဿစိ ဘိက္ခုနော ပလဒင်္ကဋ္ဌာနမတ္တမေဝ သြဘာသေန္တော ဥပ္ပဇ္ဇတိ။
“这种光在有些比丘处生起时,只照亮其结跏趺坐之处。”
ကဿစိ အန္တောဂဗ္ဘံ။ ကဿစိ ဗဟိဂဗ္ဘမ္ပိ။ ကဿစိ သကလဝိဟာရံ၊ ဂါဝုတံ၊ အဍ္ဎယောဇနံ၊ ယောဇနံ၊ ဒွိယောဇနံ၊ တိယောဇနံ။ ပ ။ ကဿစိ ပထဝီတလတော ယာဝ အကနိဋ္ဌဗြဟ္မလောကာ ဧကာလောကံ ကုရုမာနော။
“对有些比丘,它照亮房内;对有些比丘,也照到房外;对有些比丘,则照亮整座寺院、一牛呼、半由旬、一由旬、二由旬、三由旬……对有些比丘,它从大地表面直至色究竟梵天造成一片光明。”
ဘဂဝတော ပန ဒသသဟဿိလောကဓာတုံ သြဘာသေန္တော ဥဒပါဒိ။ (ဝိသုဒ္ဓိ-၂-၂၇ဝ။) = ထို အရောင်အလင်းသည် အချို့သော ရဟန်းတော်အား ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာ အရပ်မျှလောက်ကိုသာ ဖြစ်ပေါ်လာ၏။ အချို့သော ရဟန်းတော်အား တိုက်ခန်းတစ်ခန်း အတွင်းကို အချို့သော ရဟန်းတော်အား တိုက်ခန်းပြင်ပကိုလည်း ထွန်းလင်းလျက် ဖြစ်ပေါ်လာ၏။ အချို့သော ရဟန်းတော်အား ကျောင်းတိုက်အားလုံးကို၊ တစ်ဂါဝုတ်ကို၊ ယူဇနာဝက်ကို၊ တစ်ယူဇနာကို၊ နှစ်ယူဇနာကို၊ သုံးယူဇနာကို။ ပ ။ အချို့သော ရဟန်းတော်အား မဟာပထဝီမြေကြီး အပြင်မှသည် အကနိဋ္ဌဗြဟ္မာပြည်သို့ တိုင်အောင် တစ်ခဲနက် ထူထပ်သော တစ်ဆက် တည်းသော အရောင်အလင်းကို ပြုလျက် ဖြစ်ပေါ်လာ၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ သြဘာသ အရောင်အလင်း သည်ကား တစ်သောင်းသော လောကဓာတ် စကြဝဠာတိုက်အပေါင်းကို ထွန်းလင်းစေလျက် ထင်ရှား ဖြစ်ပေါ် လာတော်မူ၏။ (ဝိသုဒ္ဓိ-၂-၂၇ဝ။)
“至于世尊,其光生起时照亮十千世界。”(《清净道论》2-270。)此段意为:这种光在有些比丘处,只照亮结跏趺坐之处;在有些比丘处,照亮一间房内;在有些比丘处,也照到房外;在有些比丘处,则照亮整座寺院、一牛呼、半由旬、一由旬、二由旬、三由旬……;在有些比丘处,从大地表面直至色究竟梵天,造成浓密而连续的一片光明。正等正觉佛陀的光,则照亮十千世界而明显生起。(《清净道论》2-270。)
ထိုသို့ သြဘာသ ခေါ် ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ယောဂါဝစရပုဂ္ဂိုလ် တစ်ပါးနှင့်တစ်ပါး မတူဘဲ အနည်းအများ အကြီးအငယ် မတူထူးခြားမှု ရှိမှုနှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ က အောက်ပါ ဝတ္ထုနှစ်ရပ်ကို ဖွင့်ဆိုရေးသားထားပေသည်။
这样,称为“သြဘာသ”的生灭智所生之光,随瑜伽行者而有多少、大小的差别。关于这种差异,《清净道论》义注记载了以下两个事例。
နာမည်ကျော်ဖြစ်သော သီဟိုဠ်ကျွန်း စိတ္တလတောင်၌ နှစ်ခုသော အထွဋ်ရှိသော ကျောင်းတစ်ဆောင်၏ အတွင်း၌ ယောဂါဝစရ မထေရ်မြတ်ကြီး နှစ်ပါးတို့သည် သီတင်းသုံးစံနေတော်မူကြ၏။ မထေရ်မြတ်ကြီး နှစ်ပါးတို့ သြဘာသလင်းရောင်ခြည် စွမ်းအင်နှင့် ပတ်သက်၍ ဆွေးနွေးမိသော ထိုညဥ့်ကား လကွယ်ပက္ခ ဥပုသ်နေ့လည်း ဖြစ်နေ၏။ မိုးသား တိမ်တိုက်တို့ကား ရှစ်နယ်ပတ်ကုံး အပြည့်ဖုံးလျက်ပင် ရှိကြကုန်၏။
在著名的锡兰支多罗山,一座有双尖顶的僧舍内,住着两位修行的大长老。两位大长老谈论光的力量那一夜,正值黑月分的布萨日;八方又全被雨云覆盖。
၁။ လကွယ်နေ့ည သန်းခေါင်ယာမ် ဖြစ်ခြင်း၊ ၂။ စိတ္တလတောင် တောရကျောင်းတိုက် တောအုပ်ကြီးအတွင်း၌ ဖြစ်ခြင်း၊ ၃။ မိုးသားတိမ်တိုက်တို့က ရှစ်ခွင်တိုင်း၌ အပြည့်ဖုံးအုပ်လျက် ရှိခြင်း၊ ၄။ လျှပ်စစ်ရောင်စသည့် အရောင်အလင်း လုံးဝ မရှိခြင်း ---
1.黑月日的午夜;2.身在支多罗山森林寺院的密林中;3.雨云遍满八方而覆盖;4.完全没有闪电等任何光明——
原书第 523 页
အာနာပါနဿတိသမာဓိပိုင်း တည်းဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော အမိုက်တိုက် အမှောင်ထုကြီးကား ဖုံးအုပ်လျက် ဖြစ်ပေါ် လျက် ရှိ၏။ ထိုအခါ၌ တစ်ဦးသော သီတင်းငယ်မထေရ်က ---- ဘန္တေ မယှံ ဣဒါနိ စေတိယင်္ဂဏမှိ သီဟာသနေ ပဉ္စဝဏ္ဏာနိ ကုသုမာနိ ပညာယန္တိ။ (ဝိသုဒ္ဓိ-၂-၂၇ဝ။) = အရှင်ဘုရား …တပည့်တော်အား ယခုအခါ၌ စေတီရင်ပြင်တော်၌ သီဟာသန ခေါ် မြတ်သောနေရာ ၌ ငါးပါးသော အဆင်းရှိကုန်သော ပန်းတို့သည် ထင်ရှားနေပါကုန်၏ - ဟု လျှောက်ထား၏။
——这四项条件具足时,浓重的黑暗正笼罩四周。这时,一位年轻长老禀告:“ဘန္တေ မယှံ ဣဒါနိ စေတိယင်္ဂဏမှိ သီဟာသနေ ပဉ္စဝဏ္ဏာနိ ကုသုမာနိ ပညာယန္တိ။ (ဝိသုဒ္ဓိ-၂-၂၇ဝ။)”译:“尊者,现在我清楚看见:塔院中称为‘狮子座’的殊胜位置上,陈列着五色花。”(《清净道论》2-270。)
သာယနေ တတ္ထ သန္ထရိတာနိ ပဉ္စဝဏ္ဏာနိ ကုသုမာနိ၊ ဝိသဒဉာဏဿ သြဘာသေန ဖရိတဋ္ဌာနေ ရူပဂတဉ္စ ဒိဗ္ဗစက္ခုနော ဝိယ ပညာယန္တိ။ (မဟာဋီ-၂-၄၂၉။) မထေရ်ကြီးများ သီတင်းသုံးတော်မူရာကျောင်းမှာ အတွင်းအိပ်ခန်းများ ပတ်လည်တွင် စင်္ကြံလျှောက်ရန် စင်္ကြံလမ်းများ ရှိနေ၏။ ပတ်လည်စင်္ကြံကိုလည်းကောင်း၊ အတွင်းအိပ်ခန်းကိုလည်းကောင်း ကာရံထားသဖြင့် နှစ်ထပ် အကာအရံ ရှိသောကျောင်း ဖြစ်ပေသည်။ သီတင်းငယ် ဖြစ်တော်မူသော မထေရ်မြတ်ကြီး၏ ဝိပဿနာ ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ထိုနှစ်ထပ်သော အကာအရံတို့ကို ထိုးဖောက်၍ စေတီ ရင်ပြင်တော်အထိ ပျံ့နှံ့၍ တည်နေ၏။ ညနေချမ်းအခါက သီဟာသန ခေါ် စေတီရင်ပြင်တော်၌ တည်ရှိသော မွန်မြတ်သော ပန်းတင်ခုံနေရာ၌ ငါးပါးသော အရောင်အဆင်း ရှိကုန်သော ပန်းတို့ကို ဖြန့်ခင်းလျက် စေတီ တော်အား ပူဇော်ထားကြကုန်၏။ သန့်ရှင်းစင်ကြယ်သော ဝိပဿနာဉာဏ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်အား
“傍晚铺陈在那里的五色花,以及清净智之光所遍照处的诸色所缘,都像在天眼中一样清楚显现。”(《大复注》2-429。)大长老们所住的僧舍,内室四周设有经行道;环绕的经行道与内室又都有墙围护,所以僧舍共有内外两重围墙。年轻长老的观智所生之光穿透这两重围墙,一直扩散到塔院。傍晚,人们已在塔院称为“狮子座”的殊胜供花台上铺陈五色花供养佛塔。对于具有清净观智的瑜伽行者——
ဉာဏ်အရောင်အလင်းဖြင့် ပျံ့နှံ့တွေ့ထိမိရာ အရပ်၌တည်ရှိသော ရူပါရုံအပေါင်း ရူပါရုံအမျိုးမျိုးသည်လည်း ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူသော သူတော်ကောင်း၏ ဉာဏ်ဝယ် ထင်ရှားသကဲ့သို့ ထင်ရှားလာကြကုန်၏။
——凡在智光所遍照、触及之处的种种色所缘,都像在成就天眼通智的善士之智中一样清楚显现。
ထိုကြောင့် - '' အရှင်ဘုရား …တပည့်တော်အား ယခုအခါ၌ စေတီရင်ပြင်တော်၌ သီဟာသန ခေါ် မြတ်သော နေရာ၌ ငါးပါးသော အဆင်းရှိကုန်သော ပန်းတို့သည် ထင်ရှားနေပါကုန်၏''ဟု လျှောက်ထားခြင်း ဖြစ်ပေသည်။
因此,年轻长老才禀告:“尊者,现在我清楚看见:塔院中称为‘狮子座’的殊胜位置上,陈列着五色花。”
(မဟာဋီ-၂-၄၂၉ - ကြည့်။)
(参见《大复注》2-429。)
ထိုမထေရ်ငယ်ကို သီတင်းဝါကြီးတော်မူသော မဟာထေရ်ကြီးက ဤသို့ ပြန်၍ အမိန့်ရှိတော်မူ၏။
年长的大长老答复那位年轻长老说:
''အနစ္ဆရိယံ အာဝုသော ကထေသိ၊ မယှံ ပနေတရဟိ မဟာသမုဒ္ဒမှိ ယောဇနဋ္ဌာနေ မစ္ဆကစ္ဆပါ ပညာယန္တိ''
“贤友,你所说的并不足为奇;至于我,现在连大海中一由旬范围内的鱼和龟都清楚显现。”
(ဝိသုဒ္ဓိ-၂-၂၇ဝ။)
(《清净道论》2-270。)
= ငါ့ရှင် …မအံ့သြလောက်သည်ကို ဆိုဘိ၏၊ ငါအားမူကား ဤယခုအခါ၌ မဟာသမုဒ္ဒရာအတွင်း ယူဇနာအရပ်၌ ငါး လိပ်တို့သည် ထင်ရှား၍ နေကုန်၏''ဟု မိန့်ဆိုတော်မူ၏။ (ဝိသုဒ္ဓိ-၂-၂၇ဝ။) ဤ၌ လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ငါးမျိုးသော အရောင်အဆင်းရှိသော ပန်း ငါး လိပ်တို့ကို ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်နိုင်၏ဟူသော အချက်ကို အသင်ယောဂီသူတော်ကောင်းသည် မမေ့သင့်ပေ။ တစ်ဖန် ဒိဗ္ဗစက္ခုအဘိညာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတို့နှင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကို ဒိဗ္ဗစက္ခုအဘိ ညာဏ် ဝိပဿနာဉာဏ်တို့ဖြင့် တွေ့မြင်ရသလို ကသိဏာလောက၊ ပရိကမ္မာလောကဟူသော ကျန် သမထ ဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာရသော လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ်၌တည်ရှိသော အရောင် အဆင်း ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်သည်ဟု ပြောဆိုလာပါလျှင်လည်း အသင်
年长的大长老说:“贤友,你所说的并不足为奇;至于我,现在连大海中一由旬范围内的鱼和龟都清楚显现。”(《清净道论》2-270。)贤善的瑜伽行者不应忘记:光所照触处的五色花、鱼和龟,瑜伽行者都能看见。再者,天眼通智所生之光、观智所生之光照触某处时,行者分别以天眼通智、观智看见那里的各种色所缘;同样,若有人说,凭遍光、遍作光等其余止修习心所生的光,瑜伽行者也能看见光所照触处的种种颜色与色所缘,贤善的瑜伽行者也应当——
ယောဂီသူတော်ကောင်းသည် လက်ခံနိုင်လိမ့်မည်ဟု ယူဆပါသည်။ အကြောင်းမူ ဉာဏ်အလင်းရောင်တို့၏ စွမ်းအင်များ တစ်ခုနှင့် တစ်ခု ကွာဟချက် ရှိနိုင်ငြားသော်လည်း အားလုံးကား ဉာဏ်ကြောင့် ဖြစ်ပေါ်လာရသော လင်းရောင်ခြည်များသာ ဖြစ်ကြသောကြောင့် အသင်ယောဂီသူတော်ကောင်းသည် လက်ခံနိုင်လိမ့်မည်ဟု မျှော်
——能够接受。因为各种智光的力量虽有差别,它们毕竟全是由智所生的光,所以我认为贤善的瑜伽行者能够接受,并期——
原书第 524 页
လင့်ခြင်း ဖြစ်ပေသည်။ အကယ်၍ လက်မခံနိုင်သေးပါက အောက်ပါ ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံဖြစ်သော ကသိဏာလောက ပရိကမ္မာလောက အကြောင်းကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
——望他会接受。若还不能接受,请继续阅读下述作为天眼通智基础的遍光、遍作光。
ကသိဏာလောက - ပရိကမ္မာလောက
遍光——遍作光
ဣမေသု စ ပန တီသု အာလောကကသိဏံယေဝ သေဋ္ဌတရံ။ တသ္မာ တံ ဝါ ဣတရေသံ ဝါ အညတရံ ကသိဏနိဒ္ဒေသေ ဝုတ္တနယေန ဥပ္ပါဒေတွာ ဥပစာရဘူမိယံယေဝ ဌတွာ ဝဍ္ဎတဗ္ဗံ။ ပ ။ ဝဍ္ဎတိဋ္ဌာနဿ အန္တောယေဝ ရူပဂတံ ပဿိတဗ္ဗံ။ ရူပဂတံ ပဿတော ပနဿ ပရိကမ္မဿ ဝါရော အတိက္ကမတိ။ တတော အာလောကော အန္တရဓာယတိ။ တသ္မိံ အန္တရဟိတေ ရူပဂတမ္ပိ န ဒိဿတိ။ အထာနေန ပုနပ္ပုနံ ပါဒကဇ္ဈာနမေဝ ပဝိသိတွာ တတော ဝုဋ္ဌာယ အာလောကော ဖရိတဗ္ဗော။ ဧဝံ အနုက္ကမေန အာလောကော ထာမဂတော ဟောတိ။
“在这三遍之中,光明遍最为殊胜。因此,应当依遍的解说中所说的方法,生起光明遍或其余两遍中的任一遍,只住于近行地而扩展它……只能看见扩展范围以内的色。若转而看色,他的遍作过程便会越过;随后光消失,光消失时色也不再显现。于是,他应当一再进入基础禅,出定后再遍满光明。如此循序修习,光便达到强固。”
(ဝိသုဒ္ဓိ-၂-၅၈။)
(《清净道论》2-58。)
ဤအထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် လောကကို ကြည့်ရှု လိုသော အားထုတ်စ ယောဂါဝစရပုဂ္ဂိုလ်လက်သစ်သည် ပထဝီကသိုဏ်းမှ သြဒါတကသိုဏ်းသို့ တိုင်အောင် ကသိုဏ်းရှစ်ပါးလျှင် အာရုံရှိသော အဘိညာဏ်၏ အခြေခံ ဖြစ်သော စတုတ္ထစျာန်ကို (၁၄)ပါးသော အခြင်း အရာဖြင့် စိတ်ကို ဆုံးမခြင်း၊ စတုတ္ထစျာန်ကို ဂုဏ်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံစေခြင်းဟူသော အခြင်းအရာ ဥပစာရ အလုံးစုံဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်သို့ စိတ်ကိုစေလွှတ်ခြင်းငှာ ခံ့ညားမှု ရှိသည်ကိုပြု၍ တေဇောကသိုဏ်း သြဒါတ ကသိုဏ်း အာလောကကသိုဏ်းဟူသော ကသိုဏ်းသုံးပါးတို့တွင် တစ်ပါးပါးသော ကသိုဏ်းကို ဒိဗ္ဗစက္ခု အဘိညာဏ် ဖြစ်ခြင်း၏ နီးစွာသော အကြောင်းဖြစ်သည်ကို ပြုလုပ်အပ်၏။ ကသိုဏ်းဝန်းကို ဥပစာရစျာန် = ဥပစာရသမာဓိ၏ အာရုံဖြစ်သည်ကို ပြု၍ ကသိုဏ်းဝန်းကို တိုးပွားစေ၍ ထားအပ်၏။ ထိုတိုးပွားစေအပ်သော
上述义注文的意思如下:初学而正精进、想以天眼通智观察世间的瑜伽行者,应当先就以地遍至白遍这八遍为所缘、作为神通基础的各个第四禅,以十四种方式调御心,并令第四禅具足八种德相;完成这一切预备步骤,使心堪任导向天眼通智。然后,应当在火遍、白遍、光明遍这三遍中选择任一遍,使之成为天眼通智生起的近因。应当只把遍轮扩展到近行禅、近行定之地,不应使该遍轮生起——
ကသိုဏ်းဝန်း၌ အပ္ပနာစျာန်ကို မဖြစ်စေအပ်ဟု ဆိုလိုသည်။ ထိုသို့ ကသိုဏ်းဝန်းကို ဥပစာရသမာဓိနယ်မြေသို့ ဆိုက်သည် တိုင်အောင် ပရိကံ မပြုထားသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အဘိညာဏ်၏ အစွမ်းဖြင့် အပ္ပနာစျာန်ဇော ဖြစ်ပေါ်၍ မလာနိုင်။ အကယ်၍ ကသိုဏ်းဝန်းအာရုံ၌ အပ္ပနာစျာန်ဆိုက်သည်တိုင်အောင် ပွားများထားခဲ့သည် ဖြစ်အံ့၊ ပါဒကစျာန်ကို မှီရာရှိသော အဘိညာဏ် ဖြစ်လေရာသည်။ ပါဒကစျာန်ကို မှီသော အဘိညာဏ်ကား မဖြစ်နိုင်သည်သာ ဖြစ်ပေသည်။ ဥပစာရသမာဓိနယ်မြေ ဆိုက်ရုံသာလျှင် ကသိုဏ်းဝန်းကို ဖြန့်ကြက်၍ ပြုပြင်ထားအပ်သော ပရိကံကသာလျှင် အဘိညာဏ်ဇောကို ဖြစ်စေနိုင်သည့် စွမ်းအားရှိပေသည်။
——安止禅。也就是说,若未把遍轮预备到抵达近行定之地,天眼通智的神通安止速行便不能在该瑜伽行者相续中生起。反之,若已把遍轮培育到安止禅,所得就只是仍属基础禅的遍轮所缘,而不是遍作所依的遍轮所缘;在这种情况下,依基础禅而生的神通也同样不能现起。只有把遍轮扩展、预备到刚好抵达近行定之地的遍作,才有力量生起神通速行。
သို့အတွက် ကသိုဏ်းဝန်းကို အပ္ပနာစျာန်ဆိုက်သည်တိုင်အောင် ပွားများထားပါက ပါဒကစျာန်ကို မှီနေသော ကသိုဏ်းဝန်းအာရုံသာ ဖြစ်လေရာသည်။ ပရိကံ၏ မှီရာ ကသိုဏ်းဝန်းအာရုံ မဖြစ်လေရာ။ 〔ဤစကားများမှာ ကသိုဏ်း (၁ဝ)ပါးတို့ကို တစ်ပါး တစ်ပါး၌ သမာပတ် (၈)ပါးစီ ရရှိ၍ (၁၄)မျိုးသော အခြင်းအရာအားဖြင့် ယင်းသမာပတ်တို့ကို ကြိတ်ချေနိုင်ကြကုန်သော သူတော်ကောင်းတို့ကိုသာ ဦးတည်၍ ဖွင့်ဆိုနေသော စကား များသာ ဖြစ်သည်ကို မမေ့ပါနှင့်။〕 ဤကသိုဏ်း သုံးမျိုးတို့တွင် အာလောကကသိုဏ်းသည်သာလျှင် ဒိဗ္ဗစက္ခုအဘိညာဏ် ရရှိရေးအတွက် အသာဆုံး အမြတ်ဆုံး ဖြစ်ပေသည်။ သို့အတွက် အာလောက ကသိုဏ်းကိုလည်းကောင်း၊ တေဇောကသိုဏ်း သြဒါတကသိုဏ်း နှစ်မျိုးတို့တွင် တစ်မျိုးမျိုးကိုလည်းကောင်း ဥပစာရသမာဓိ နယ်မြေသို့ ဆိုက်သည်တိုင်အောင် ကသိုဏ်းဝန်းကို တိုးပွားစေအပ်၏။
因此,若把遍轮一直培育到安止禅,它就只是依于基础禅的遍轮所缘,不会成为遍作所依的遍轮所缘。〔切勿忘记:这些话只针对这样一类善士而说——他们已经在十遍的每一遍上各自成就八等至,并能以十四种方式彻底磨练这些等至。〕在火遍、白遍、光明遍这三遍中,为了成就天眼通智,光明遍最为容易、最为殊胜。因此,应当选择光明遍,或在火遍与白遍二者中任选一遍,把遍轮只扩展到近行定之地。
ထိုလင်းရောင်ခြည် = အာလောကကို တိုးပွားအောင် ပြုလုပ်ထားအပ်သော အရပ်အတွင်း၌သာလျှင် တည်ရှိသော ရူပါရုံအပေါင်းကို = ရူပါရုံအမျိုးမျိုးကိုသာလျှင် ယောဂါဝစရပုဂ္ဂိုလ်က ကြည့်ရှုအပ်ပေသည်။
瑜伽行者只应观察扩展之光、即光明所遍及范围以内的种种色所缘。
原书第 525 页
အာနာပါနဿတိသမာဓိပိုင်း လင်းရောင်ခြည်စွမ်းအင် ပျံ့နှံ့တည်နေသော အရပ်၏ ပြင်ပ၌ တည်ရှိသော ရူပါရုံ အမျိုးမျိုးကို ကြည့်ရှုသော ထိုရဟန်းအား ပရိကံ၏ ဝါရသည် ကျော်လွန်၍ သွား၏။ (ဤ၌ ပရိကံဟူသည် အထက်တွင် ဆိုခဲ့ပြီးသော တိုးပွားအောင် ဖြန့်ကြက်၍ ထားအပ်သော အာလောက ကသိုဏ်းဝန်းကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဥပစာရ စျာန် ဥပစာရသမာဓိပင် ဖြစ်၏။ ထိုဥပစာရစျာန်မှာ အာလောကကသိုဏ်းကို အာရုံယူ၍ ဖြစ်ပေါ်လာသော စျာန်သမာဓိဖြစ်ရကား အာလောကကသိုဏ်းကို မကြည့်ရှုတော့ဘဲ အာလောက = လင်းရောင်ခြည် ပျံ့နှံ့၍ တည်ရာအရပ်၌တည်ရှိသော ရူပါရုံ အမျိုးမျိုးကို လိုက်၍ ကြည့်လိုက်သော် ထိုသမာဓိမှာ ပျက်၍သွား၏။
若比丘观察光能所遍及范围以外的各种色所缘,遍作的过程就会越过。〔这里所谓“遍作”,就是以前述经扩展的光明遍轮为所缘而生的近行禅、近行定。由于这种近行禅以光明遍为所缘,一旦不再观察光明遍,却转而追随光所遍及处的各种色所缘,定就会退失;此时——
ဥပစာရသမာဓိ မဖြစ်တော့ပေ။ ပရိကမ္မဝါရကို ကျော်လွန်သွား၏ဟု ဆိုရ၏၊) ထိုသို့ ဥပစာရသမာဓိ မဖြစ် တော့ဘဲ ပရိကမ္မဝါရကို ကျော်လွန်၍ သွားသောကြောင့် အာလောကလင်းရောင်ခြည်လည်း ကွယ်ပျောက်၍ သွားတတ်၏၊ ထိုလင်းရောင်ခြည် ကွယ်ပျောက်သွားသော် ရူပါရုံ အမျိုးမျိုးကိုလည်း မတွေ့မမြင်ရတော့ပေ။
——近行定不再现起,所以说遍作的过程已经越过。〕因为近行定不再现起、遍作过程已经越过,光明也会消失;光明消失以后,各种色所缘也就无法再被看见。
(ကသိဏာလောက = ကသိုဏ်းလင်းရောင်ခြည် စွမ်းအင်ကြောင့်သာလျှင် ရူပါရုံအမျိုးမျိုးကို တွေ့မြင်ရခြင်း ဖြစ်၏၊ ကသိဏာလောက = ကသိုဏ်းလင်းရောင်ခြည်ဟူသည်မှာလည်း ကသိုဏ်းဝန်းကို ဖြန့်ကြက်၍ ဥပစာရ သမာဓိနယ်မြေသို့ ဆိုက်ရောက်သည်တိုင်အောင် ပွားများထားအပ်သော ဘာဝနာဟူသော ပရိကံ၏ စွမ်းအင် ကြောင့် သာလျှင် ဖြစ်ပေါ်လာရ၏၊ ထိုကြောင့် ကသိဏာလောက = ကသိုဏ်းလင်းရောင်ခြည်နှင့် ရူပါရုံအမျိုးမျိုး ကို တွေ့မြင်ရခြင်းဟူသော ထိုနှစ်မျိုးစုံသည်လည်း ပရိကံ မဖြစ်ခဲ့သော် မဖြစ်ပေါ်လာနိုင်တော့ပေ။) ထိုအခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်သည် အဖန်ဖန် အထပ်ထပ် ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ဥပစာရပါဒကစျာန်ကိုသာလျှင် ဝင်စား၍ ဝင်ရောက်၍ ထို ဥပစာရစျာန်မှထ၍ အာလောကလင်းရောင်ခြည် ကို ဖြန့်ကြက်အပ်ပေသည်။ ဥပစာရစျာန်ကို ဝင်စားလိုက် အလင်းရောင်ကို ဖြန့်လိုက်ဖြင့် ကြိမ်ဖန်များစွာ
〔只有凭遍光的力量,才能看见各种色所缘;而遍光本身,也只有凭把遍轮扩展、培育至近行定之地这一名为修习的遍作力量,才能生起。因此,若不曾作遍作,遍光与看见各种色所缘这两件事,都不可能生起。〕这时,瑜伽行者应当一再进入作为天眼通智基础因的近行基础禅,出定以后再遍满光明;应当一次又一次交替进行“进入近行禅、遍满光明”——
ပြုလုပ်ပေးရမည်၊ ဤသို့သောနည်းဖြင့် အစဥ်သဖြင့် ဆက်လက်၍ ကျင့်ခဲ့သော် လင်းရောင်ခြည် ပျံ့နှံ့သည်နှင့် အမျှ လင်းရောင်ခြည်သည်လည်း မြဲမြံ ခိုင်ခံ့ခြင်းသို့ ရောက်ရှိလာတတ်၏၊ ကာလမြင့်ရှည် တည်တံ့လာတတ်၏။
——的练习。依此方法持续修习,光所遍及的范围会逐渐扩大,光也会趋于稳定、坚固,并能长久维持。
ဤသို့ မှတ်သားပါလေ။ ထိုအခါဝယ် --- ''ဤမျှသော အရပ်၌ လင်းရောင်ခြည်သည် ဖြစ်စေသော''ဟု အကြင်မျှလောက်သော အရပ်ကို ပိုင်းခြား၏၊ ပိုင်းခြား၍ အဓိဋ္ဌာန်ပြု၏၊ ထိုပိုင်းခြားထားသော အရပ်၌ လင်းရောင်ခြည်သည် တည်နေသည်သာလျှင် ဖြစ် ပေသည်။ တစ်နေ့ပတ်လုံးသော်လည်း ထိုင်နေ၍ ရှုကြည့်နေသော ယောဂါဝစရပုဂ္ဂိုလ်အား ရူပါရုံအမျိုးမျိုးကို မြင်တွေ့ရခြင်းသည် ဖြစ်သည်သာလျှင်တည်း။ (ဝိသုဒ္ဓိ-၂-၅၈။ မဟာဋီ-၂-၆၁-၆၂ - ကြည့်ပါ။) ဤကား ကသိဏာလောက ပရိကမ္မာလောက ဟူသော အာလောက လင်းရောင်ခြည်တို့ဖြင့်လည်း ရူပါရုံ အမျိုးမျိုးကို တွေ့မြင်နိုင်ကြောင်း ခိုင်လုံသော ကျမ်းဂန်အထောက်အထားများပင် ဖြစ်ပေသည်။
应当这样理解。此时,瑜伽行者先划定某一范围,并作决意:“愿光明在这一范围内生起。”光明就会持续存在于所划定的范围内;即使整日安坐观照,瑜伽行者也确实能够看见各种色所缘。(《清净道论》2-58;参见《大复注》2-61—62。)以上正是可靠的典籍依据,证明凭称为遍光、遍作光的光明,也能够看见各种色所缘。
လင်းရောင်ခြည်ကို လက်မခံလိုသော ဆရာမြတ်တို့၏ အကြောင်းပြချက်
不愿接受光明的诸位大德所持的理由
အလွန်အဆင့်မြင့်နေသော ပရိကမ္မသမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိတို့နှင့် ယှဥ်တွဲလျက်ရှိသော သမထဘာဝနာစိတ်နှင့် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်းရှိမှုနှင့် ပတ်သက်၍လည်းကောင်း သမထ ဘာဝနာစိတ်၊ ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဥ်တွဲလျက်ရှိသော ပညာ၌ အရောင်အလင်းရှိမှုနှင့် ပတ်သက်၍ လည်းကောင်း အချို့သော ဆရာမြတ်တို့ကား လက်မခံလိုကြပေ။ အရောင်အလင်းရှိကြောင်းကို လက်မခံနိုင် သော ဆရာမြတ်တို့ကား အောက်ဖော်ပြပါ အဋ္ဌကထာကို ကိုးကားတော်မူကြ၏။
关于与层次极高的遍作定、近行定、安止定相应的止修习心与观修习心具有光明,以及与这些止、观修习心相应的慧具有光明,有些大德不愿接受。那些不能接受有光明的大德,引用下列义注作为根据。
ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ? နတ္ထိ။ (အံ-ဋ္ဌ-၁-၄၅။) = စိတ်၏ ဝဏ္ဏ မည်သော အရောင်အဆင်းသည် ရှိပါသလား? မရှိပါ။
“那么,心有所谓颜色吗?没有。”(《增支部义注》1-45。)
原书第 526 页
ဤအဋ္ဌကထာကို ကိုးကား၍ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်း ရှိမှုကို လက်မခံလိုကြပေ။ သို့သော် အထက်ပါ အင်္ဂုတ္တရအဋ္ဌကထာစကားရပ်ကား စိတ်သည် နာမ်တရား ဖြစ်၏၊ ဝဏ္ဏ မည်သော အရောင်အဆင်းကား ရုပ်တရား ဖြစ်၏၊ သို့အတွက် စိတ်မှာ နာမ်တရားဖြစ်၍ ဝဏ္ဏ မည်သော အရောင်အဆင်းဟူသော ရုပ်တရားမရှိဟုသာ ဖြေဆိုခြင်း ဖြစ်ပေသည်။ ဤကျမ်းကလည်း အထက်တွင် ရှင်းပြ ခဲ့ပြီးသည့်အတိုင်း စိတ်၌ အလင်းရောင်ရှိသည်ဟုကား မဆိုပါ။ ဉာဏ်၏ သဘာဝသတ္တိစွမ်းအင် ထက်မြက် စူးရှလျက်ရှိသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့်ဖြစ်သော စိတ္တဇသြဇဋ္ဌမက ရုပ်ကလာပ် တိုင်းတွင် ပါဝင်သော ဝဏ္ဏဓာတ် = ရူပါရုံ၏တောက်ပမှု၊ ထိုစိတ္တဇသြဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိ သော တေဇောဓာတ် = ဥတုကြောင့်ဖြစ်သော ဥတုဇသြဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပမှုကိုသာ သမထအလင်းရောင် ဝိပဿနာအလင်းရောင် ဉာဏ်ရောင်ဟု ခေါ်ဆိုကြောင်း
他们引用这段义注,不愿接受止修习心与观修习心有光明。不过,上述《增支部义注》的文句所回答的只是:心是名法;称为颜色的色是色法;因此,心既是名法,就没有称为颜色的那种色法。本书也像上文已经说明的那样,并没有说光明存在于心中;本书所说的是:具有敏锐而强大之智的止修习心、观修习心所生的每一个心生八不离色聚中,都有颜色界=色所缘的光辉;而这些心生八不离色聚中所含的火界=时节,又会生起时节生八不离色聚,其中颜色界、色所缘的光辉,才称为止光、观光与智光。这一点——
အထက်တွင် ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ထိုစိတ္တဇ-ဥတုဇ ရုပ် ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပမှုကိုပင် လက်မခံလိုသေးပါက ခပ်သိမ်းဥဿုံ အလုံးစုံသော တရားတို့ကို အကုန်အစင် သိမြင်တော်မူသည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော အောက်ပါ တရားဒေသနာတော်ကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
——上文已经说明过。如果贤善的瑜伽行者连这些心生、时节生色聚中所含的颜色界、色所缘之光辉也仍不愿接受,就请继续阅读下面这段由遍知一切法的一切知正等正觉佛陀亲自宣说的法义。
အဓိစိတ္တသုတ္တန် ခေါ် နိမိတ္တသုတ္တန်
《增上心经》,又名《相经》
အဓိစိတ္တမနုယုတ္တေန ဘိက္ခဝေ ဘိက္ခုနာ တီဏိ နိမိတ္တာနိ ကာလေန ကာလံ မနသိ ကာတဗ္ဗာနိ။ ကာလေန ကာလံ သမာဓိနိမိတ္တံ မနသိ ကာတဗ္ဗံ၊ ကာလေန ကာလံ ပဂ္ဂဟနိမိတ္တံ မနသိ ကာတဗ္ဗံ၊ ကာလေန ကာလံ ဥပေက္ခာနိမိတ္တံ မနသိ ကာတဗ္ဗံ။ သစေ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ဧကန္တံ သမာဓိနိမိတ္တံယေဝ မနသိ ကရေယျ၊ ဌာနံ တံ စိတ္တံ ကောသဇ္ဇာယ သံဝတ္တေယျ။ သစေ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ဧကန္တံ ပဂ္ဂဟနိမိတ္တံယေဝ မနသိ ကရေယျ၊ ဌာနံ တံ စိတ္တံ ဥဒ္ဓစ္စာယ သံဝတ္တေယျ။ သစေ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ဧကန္တံ ဥပေက္ခာနိမိတ္တံယေဝ မနသိ ကရေယျ၊ ဌာနံ တံ စိတ္တံ န သမ္မာ သမာဓိယေယျ အာသဝါနံ ခယာယ။ ယတော စ ခေါ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ကာလေန ကာလံ သမာဓိနိမိတ္တံ မနသိ ကရောတိ၊ ကာလေန ကာလံ ပဂ္ဂဟနိမိတ္တံ မနသိ ကရောတိ၊ ကာလေန ကာလံ ဥပေက္ခာနိမိတ္တံ မနသိ ကရောတိ။
“比丘们,勤修增上心的比丘,应当不时作意三种相:有时应作意定相,有时应作意策励相,有时应作意舍相。比丘们,若勤修增上心的比丘一味只作意定相,他的心可能会趋向懈怠;若一味只作意策励相,他的心可能会趋向掉举;若一味只作意舍相,他的心可能不会为了诸漏的穷尽而正确地得定。比丘们,然而,当勤修增上心的比丘有时作意定相、有时作意策励相、有时作意舍相时——”
တံ ဟောတိ စိတ္တံ မုဒုဉ္စ ကမ္မနိယဉ္စ ပဘဿရဉ္စ၊ န စ ပဘင်္ဂု၊ သမ္မာ သမာဓိယတိ အာသဝါနံ ခယာယ။
“——他的心便既柔软、又堪任、又明亮光耀,并且不易毁坏;为了诸漏的穷尽而正确地得定。”
(အံ-၁-၂၅၈။)
(《增支部》1-258。)
ရဟန်းတို့ …လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရ ရဟန်းသည် သမထဖြစ်ကြောင်း သမထနိမိတ်၊ ဝိပဿနာဉာဏ်ဖြစ်ကြောင်း ဝိပဿနာနိမိတ် ဟူသော အကြောင်းတရားသုံးမျိုးတို့ကို ရံဖန် ရံခါ နှလုံးသွင်းအပ်ကုန်၏။
比丘们……反复努力修习殊胜的止修习心、观修习心的瑜伽行比丘,应当不时作意三种因相;这些相作为止的成因而称为止相,作为观智的成因而称为观相。
၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို (= သမာဓိဖြစ်ကြောင်းတရားကို) နှလုံးသွင်းအပ်၏။
1.应当不时作意称为定的因相(=成就定之因)。
၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို (= ဝီရိယဖြစ်ကြောင်းတရားကို) နှလုံးသွင်းအပ်၏။
2.应当不时作意称为精进的因相(=成就精进之因)。
၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို (= ဥပေက္ခာဖြစ်ကြောင်းတရားကို) နှလုံးသွင်းအပ်၏။
3.应当不时作意称为舍的因相(=成就舍之因)。
ရဟန်းတို့ …လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် ပွားများ အား ထုတ်သော ယောဂါဝစရရဟန်းသည် သမာဓိဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= သမာဓိ ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျင်းရိ ရာသော အကြောင်းရှိ၏။ (၁)
比丘们……反复培育、努力修习殊胜的止修习心、观修习心的瑜伽行比丘,若片面地只作意称为定的因相(=只作意成就定之因),他的止修习心、观修习心便有趋向懒惰的可能。(1)
原书第 527 页
အာနာပါနဿတိသမာဓိပိုင်း ရဟန်းတို့ …လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် ပွားများ အား ထုတ်သော ယောဂါဝစရ ရဟန်းသည် အားထုတ်ခြင်း = ဝီရိယဟူသော အကြောင်းနိမိတ်ကိုသာလျှင် (ဝီရိယ ဖြစ်ကြောင်းတရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် သည် ပျံ့လွင့်ခြင်း ဥဒ္ဓစ္စဖြစ်ရာသော အကြောင်း ရှိ၏။ (၂) ရဟန်းတို့ …လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် ပွားများ အား ထုတ်သော ယောဂါဝစရ ရဟန်းသည် ဥပေက္ခာဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= ဥပေက္ခာ ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် အာသဝေါ တရားတို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်းရှိ၏။ (၃) ရဟန်းတို့ …လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန်ပွားများ အား ထုတ်သော ယောဂါဝစရရဟန်းသည် ----
比丘们……反复培育、努力修习殊胜的止修习心、观修习心的瑜伽行比丘,若片面地只作意称为努力=精进的因相(只作意成就精进之因),他的止修习心、观修习心便有趋向散乱、掉举的可能。(2)比丘们……反复培育、努力修习殊胜的止修习心、观修习心的瑜伽行比丘,若片面地只作意称为舍的因相(=只作意成就舍之因),他的止修习心、观修习心便有不能为了诸漏的穷尽而善得定的可能。(3)比丘们……反复培育、努力修习殊胜的止修习心、观修习心的瑜伽行比丘——
၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို (= သမာဓိဖြစ်ကြောင်းတရားကို) နှလုံးသွင်း၍ ၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို (= ဝီရိယဖြစ်ကြောင်းတရားကို) နှလုံးသွင်းပြီးလျှင် ၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို (= ဥပေက္ခာဖြစ်ကြောင်းတရားကို) နှလုံးသွင်းသောအခါ ဘာဝနာစိတ်သည် ---- ၁။ နူးညံ့ခြင်းသည်လည်းကောင်း (မုဒု) ၂။ သမထ ဘာဝနာလုပ်ငန်း ဝိပဿနာဘာဝနာလုပ်ငန်း၌ ထိုထိုဘာဝနာမှုကို ပြုလုပ်ရန် အခန့်သင့် ဖြစ်နေ ခြင်း သင့်လျော်ခြင်းသည်လည်းကောင်း (ကမ္မနိယ) ၃။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်းကောင်း (ပဘဿရ ) ဖြစ်၏။
——1.有时作意称为定的因相(=成就定之因);2.有时作意称为精进的因相(=成就精进之因);3.有时作意称为舍的因相(=成就舍之因)。当他如此作意时,修习心便:1.柔软(mudu);2.在止修习与观修习的事务中,堪任而适合从事相应的修习(kammaniya);3.明亮光耀,发出闪耀的光明(pabhassara)。
၄။ ပျက်စီးခြင်းသဘောလည်း မရှိ။
4.也没有容易毁坏的性质。
၅။ အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ တည်ကြည်၏။
5.为了诸漏的穷尽而善得定。
ဤကား ဗောဇ္ဈင် (၇)ပါးကို ညီမျှအောင် ကျင့်ပါက သမထ ဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်တို့မှ (= စိတ္တဇရုပ်မှ = ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့မှ) ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက် ပေါ်လာကြောင်း ဘုရားရှင်၏ မုခပါဌ်တော်မှ တိုက်ရိုက်ထွက်ပေါ်လာသည့် ဟောကြားထားတော်မူချက် ဒေသ နာတော်ပင် ဖြစ်ပေသည်။
这正是佛陀亲口宣说的教法:若将七觉支修习至平衡,止修习心与观修习心所生的色法(=心生色,以及由此继续生起的时节生色)便会发出闪烁、明亮的光。
အဓိစိတ္တ ဟူသည်
“增上心”的含义
အဓိစိတ္တန္တိ သမထဝိပဿနာစိတ္တံ။ (အံ-ဋ္ဌ-၂-၂၂၇။) ဧကာဒသမေပိ အဓိစိတ္တံ သမထဝိပဿနာစိတ္တမေဝ။ (အံ-ဋ္ဌ-၂-၂၂၈။) ဒသကုသလကမ္မပထဝသေန ဥပ္ပန္နံ စိတ္တံ စိတ္တမေဝ။ ဝိပဿနာပါဒကအဋ္ဌသမာပတ္တိစိတ္တံ ဝိပဿနာစိတ္တဉ္စ တတော စိတ္တတော အဓိကံ စိတ္တန္တိ အဓိစိတ္တန္တိ အာဟ ''အဓိစိတ္တန္တိ သမထဝိပဿနာ စိတ္တ''န္တိ။ အနုယုတ္တဿာတိ အနုပ္ပန္နဿ ဥပ္ပါဒနဝသေန ဥပ္ပန္နဿ ပဋိဗြူဟနဝသေန အနု အနု ယုတ္တဿ၊ တတ္ထ ယုတ္တပ္ပယုတ္တဿာတိ အတ္ထော။ ဧတ္ထ စ ပုရေဘတ္တံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော နိသီဒနံ အာဒါယ ''အသုကသ္မိ ရုက္ခမူလေ ဝါ ဝနသဏ္ဍေ ဝါ ပဗ္ဘာရေ ဝါ သမဏဓမ္မံ ကရိဿာမီ''တိ နိက္ခမန္တောပိ တတ္ထ ဂန္တွာ ဟတ္ထေဟိ ဝါ ပါဒေဟိ ဝါ နိသဇ္ဇဋ္ဌာနတော တိဏပဏ္ဏာနိ အပနေန္တောပိ အဓိစိတ္တံ အနုယုတ္တောယေဝ။ နိသီဒိတွာ ပန ဟတ္ထပါဒေ
“‘增上心’,就是止心与观心。”(《增支部义注》2-227。)“在第十一〔经〕中,‘增上心’同样就是止心与观心。”(《增支部义注》2-228。)“由十善业道而生的心,只称为心;作为观之基础的八等至心与观心,都比那颗心更为殊胜,因而称为增上心。所以说:‘增上心,就是止心与观心。’‘勤修者’,是指以令未生者生起、令已生者增长的方式一再致力,意思是投入其中而努力修习者。这里,在饭前托钵、饭后从托钵处返回,拿起坐具,想着‘我要到某一树下、林中或山坡修行沙门法’而出发者,以及抵达那里以后,用手或脚清除座处草叶者,也正是勤修增上心者。坐下以后,又把手脚——”
原书第 528 页
ဓောဝိတွာ မူလကမ္မဋ္ဌာနံ ဂဟေတွာ ဘာဝနံ အနုယုဉ္စန္တော ဘာဝနာယ အပ္ပနံ အပ္ပတ္တာယပိ အဓိစိတ္တမနု- ယုတ္တောယေဝ တဒတ္ထေနပိ တံသဒ္ဒဝေါဟာရတော။ (အံ-ဋီ-၂-၁၉၈-၁၉၉။) = သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် မဟုတ်သော သာမန်လူသားတို့၏ ဒါန သီလ စသော သာမန်ကုသိုလ်များကို ပြုစုပျိုးထောင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ကုသိုလ်စိတ်သည် စိတ္တ = စိတ် မည်၏။ ဝိပဿနာ၏ အခြေပါဒက အကြောင်းရင်းဖြစ်သော သမာပတ်ရှစ်ပါးဟူသော စျာန်စိတ်သည်လည်း ကောင်း၊ ဝိပဿနာစိတ်သည်လည်းကောင်း သာမန်လူသားတို့၏ ဒါန သီလ စသော သာမန် ကုသလကမ္မပထ တရား ဆယ်ပါးနှင့် ယှဥ်သော ထိုစိတ်ထက် သာလွန်မြင့်မြတ်သောစိတ် ဖြစ်ခြင်းကြောင့် အဓိစိတ္တ မည်၏။
“——洗净,取本业处而努力修习者,即使修习尚未达到安止,也正是勤修增上心者;因为依这个意义,也可以用这个名称称呼他。”(《增支部复注》2-198—199。)上述引文的意思如下:普通凡夫修习布施、持戒等一般善业,由此生起的、并非止修习心或观修习心的善心,只称为citta,即心。作为观的基础因、称为八等至的诸禅心,以及观心,都比普通凡夫行布施、持戒等十善业道时相应的那些心更为殊胜,所以称为增上心。
အနုယုတ္တ ---- မဖြစ်ပေါ်ဖူးသေးသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို ဖြစ်ပေါ်စေသည် ၏ အစွမ်းဖြင့် ဖြစ်ပေါ်ပြီးသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို တစ်ဖန် တိုးပွားစေသည်၏ အစွမ်းဖြင့် အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ကြိုးစားအားထုတ်မှုသည် အနုယုတ္တ မည်၏။
anuyutta——为了使尚未生起的止修习心、观修习心生起,也为了使已经生起的止修习心、观修习心进一步增长,而一再、反复、多次、接连不断地努力修习,称为anuyutta。
ထို သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်၌ အပြင်းအထန် ကြိုးစားအားထုတ်သော ရဟန်းတော်ကို အနု- ယုတ္တ ရဟန်းဟု ဆိုလိုသည်။ နံနက်ပိုင်း၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ပြန်လာသော် နိသီဒိုင်ထိုင်ခင်းကို ယူ၍ - ''ဤမည်သော သစ်ပင်ရင်း၌လည်းကောင်း၊ ဤမည်သော တောအုပ်အတွင်း၌ လည်းကောင်း၊ ဤမည်သော တောင်ရှိုင်ဝှမ်း၌လည်းကောင်း ရဟန်းတရားကို ကြိုးစားအားထုတ်ပေအံ့'' - ဟု ထွက်ခွာလာသော ရဟန်းသည်လည်းကောင်း၊ ထိုင်မည့်နေရာမှ မြက်သစ်ရွက်တို့ကို ဖယ်ရှားနေသော ရဟန်း သည်လည်းကောင်း အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို ပွားများအားထုတ်သူ မည်သည်သာလျှင် ဖြစ်ပေသည်။ ထိုင်ပြီးနောက် လက်ခြေတို့ကို ဆေးကြောသုတ်သင်၍ မူလကမ္မဋ္ဌာန်းကို ယူ၍ ဘာဝနာကို လုံ့လကြိုးကုတ် အားထုတ်သော ရဟန်းသည် ဘာဝနာ၏ အပ္ပနာစျာန်သို့ မရောက်ရှိသေးသော် လည်း အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် အထပ်ထပ် ပွားများ
在止修习心、观修习心上奋力用功的比丘,意思就是anuyutta比丘。早晨外出托钵、用斋以后从托钵村返回时,拿起坐具,想着:“我要到某一树下、某片林中或某处山坡努力修行沙门法”,而从住处出发的比丘;以及到了那里以后,清除座处草叶的比丘——这些比丘也都称为修习那名为“增上心”的止修习心、观修习心者。坐下以后,洗净手脚,取本业处而精勤修习的比丘,即使修习尚未达到安止禅,也仍然是反复培育——
အားထုတ်သော ရဟန်းသာလျှင် ဖြစ်ပေသည်။ ထိုမျှလောက်သော အကျိုးတရားကို ရရှိခြင်းဖြင့်လည်း ထို ရဟန်းတော်ကို အဓိစိတ္တမနုယုတ္တ ရဟန်းဟု ခေါ်ဝေါ်နိုင်သောကြောင့် ဖြစ်သည်။ (အံ-ဋီ-၂-၁၉၈-၁၉၉။)
——名为“增上心”的止修习心、观修习心的比丘。因为只要成就到这种程度,就已经可以称这位比丘为“勤修增上心的比丘”。(《增支部复注》2-198—199。)
ပဘဿရ - ပရိယောဒါတ
pabhassara—pariyodāta:明亮光耀—明净光耀
စတုတ္ထစျာန်၏ ဂုဏ်အင်္ဂါရှစ်ပါးတို့တွင် တစ်ခုအပါအဝင်ဖြစ်သော ပရိယောဒါတေဟူသော စကားလုံးကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
“明净光耀”(pariyodāte)一词,是第四禅八种德相之一;《清净道论》义注对此作如下解释。
ပရိသုဒ္ဓတ္တာယေဝ ပရိယောဒါတေ၊ ပဘဿရေတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ-၂-၅။) ပရိသုဒ္ဓတ္တာယေဝ၊ ထက်ဝန်းကျင် စင်ကြယ်သည်၏ အဖြစ်ကြောင့်ပင်လျှင်။ ပရိယောဒါတေ၊ ထက်ဝန်း ကျင် ဖြူစင်လတ်ပြီးသော်။ ပဘဿရေ၊ ပြိုးပြိုးပြက် အရောင်ရှိလတ်သော်။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဆိုလိုသည်။
“正因为遍净,所以明净光耀;意思是明亮光耀。”(《清净道论》2-5。)逐词释义:parisuddhattāyeva——正因为周遍清净;pariyodāte——周遍洁白、清净以后;pabhassare——明亮闪耀而有光以后;iti——如此;vuttaṃ——意谓——
ဟောတိ၊ ဖြစ်၏။ (ဝိသုဒ္ဓိမဂ္ဂနိဿယ-၃-၁၂-ပြည်။) ဤအထက်ပါ ဘာသာပြန်ဆိုချက်မှာ ပြည်ဆရာတော်ဘုရားကြီး၏ ဘာသာပြန်ဆိုချက် ဖြစ်ပါသည်။ ဤ အဖွင့်များအရ ပရိယောဒါတနှင့် ပဘဿရတို့မှာ အဓိပ္ပါယ်တူ စကားလုံးများသာဖြစ်သည်ဟု မှတ်ပါ။ သို့အတွက် ဤအဓိစိတ္တသုတ္တန် အမည်ရသော နိမိတ္တသုတ္တန်၌ အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်တို့၌ ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းရှိသည်ဟူသော တရားအလုံးစုံကို အကုန်အစင် သိတော်မူ မြင်တော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ ဟောကြားတော်မူချက်ကို
——hoti——就是“是”。(卑谬尊者《清净道论依词释》第三册,12。)以上译解出自卑谬尊者。依这些解释,应知pariyodāta与pabhassara只是意义相同的词。因此,在这部名为《增上心经》的《相经》中,一切知见一切法的正等正觉佛陀,开示了名为“增上心”的止修习心、观修习心具有pabhassara——闪烁、明亮、辉耀的光明。这一开示——
原书第 529 页
အာနာပါနဿတိသမာဓိပိုင်း နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်ယောဂီသူတော်ကောင်းသည် ရိုသေစွာ ဦးထိပ်ရွက်လျက် ပန် ဆင်ရမည်သာ ဖြစ်ပေသည်။ ဤ၌လည်း အကျိုးဖြစ်သော စိတ္တဇရုပ်၊ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၌ ပါဝင်သော ဝဏ္ဏဓာတ် ရူပါရုံ၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် အပေါ်၌ တင်စား၍ အကြောင်းဖြစ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် တို့၌ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း ရှိသည်ဟု ခေါ်ဝေါ်သုံးစွဲထားသော ဖလူပစာရ စကားဟုပင် မှတ်ပါ။
——追求涅槃的贤善瑜伽行者,理应恭敬地顶戴奉行。这里还应知道:结果——心生色以及由此相续生起的时节生色——中所含颜色界、色所缘的光明之名,被转而安立在作为原因的止修习心、观修习心上;因此把作为原因的止修习心、观修习心说成具有闪烁、明亮、辉耀的光明,正是phalūpacāra(依果名转称其因)的用法。
သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်းရှိကြောင်းကို ဤမျှ ရှည်လျားစွာ တင်ပြ နေရခြင်းမှာ အကြောင်းရှိသည်သာ ဖြစ်ပေသည်။
本书之所以如此长篇地说明止修习心、观修习心有光明,是有其理由的。
တသ္မိံ အန္တရဟိတေ ရူပဂတမ္ပိ န ဒိဿတိ။ (ဝိသုဒ္ဓိ-၂-၅၈။) = ထို အာလောက = အရောင်အလင်း ကွယ်ပျောက်သွားသော် ရူပါရုံ အမျိုးမျိုးသည်လည်း ယောဂါဝစရ ပုဂ္ဂိုလ်၏ ဉာဏ်၌ မထင်လာတော့ပေ - ဟူသော အဋ္ဌကထာစကားကို အထူး အလေးဂရုပြုထားပါ။ ထိုစကားရပ်မှာ နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် ဝိပဿနာဉာဏ် ရရှိရေးအတွက် အလွန်အရေးကြီးသော စကား ရပ်ပင် ဖြစ်ပေသည်။ ထင်ရှားစေအံ့ ---- ရုပ်တို့မည်သည် ကလာပ်ခေါ်သည့် အမှုန်ကလေးများအနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ရုပ်ကလာပ် ဟူသည် ပရမတ္ထသစ္စာနယ်၌ ရုပ်တို့၏ အသေးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်၏။ ယင်းရုပ်ကလာပ်တစ်ခု တစ်ခု၌ ရုပ်သဘောတရား အနည်းဆုံး ရှစ်မျိုး ပါဝင်၏။ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာတို့ ဖြစ်ကြ၏။ ဇီဝိတ ပါဝင်ပါက အချို့ရုပ်ကလာပ်၌ သဘောတရား (၉)မျိုး ရှိတတ်၏။ အကြည်ဓာတ် သို့မဟုတ် ဘာဝရုပ် တစ်မျိုးမျိုး ပါဝင်ပါက ရုပ်သဘောတရား (၁ဝ)မျိုးစီ ရှိတတ်၏။ ဤသို့ စသည်ဖြင့် ရုပ်တို့သည် ကလာပ်
“那道光明消失时,种种色所缘也不可见。”(《清净道论》2-58。)=当那道光明消失时,种种色所缘也不再显现于瑜伽行者的智中。请特别重视这段义注文。这一文句对于证得名色分别智、缘摄受智与观智极为重要。为使此义清楚,说明如下:色法依其法则,只能以称为色聚的微细粒子形态存在。色聚,是胜义谛领域中由色法构成的最小组合。每一个色聚中至少含有八种色法自性:地、水、火、风、颜色、香、味、食素。有些色聚若含命根,便有九种自性;若还含某一种净色或性根色,便各有十种色法自性。如此等等,色法只能依称为色聚的——
ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။
——群组而生起。
ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းရုပ်ကလာပ်တို့၏ ဝဏ္ဏဓာတ် ရူပါရုံကို တွေ့မြင်နေရခြင်း သို့မဟုတ် ဝဏ္ဏ ဓာတ် ရူပါရုံပါဝင်သည့် ယင်းရုပ်ကလာပ်ကို တွေ့မြင်နေရခြင်းမှာ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် ကြောင့် ဖြစ်ပေါ်လာသော အာလောက = လင်းရောင်ခြည်စွမ်းအင်ကြောင့် တွေ့မြင်ရခြင်း ဖြစ်ပေသည်။ ထို လင်းရောင်ခြည် ပျောက်ကွယ်သွားပါက ထိုရူပါရုံကိုလည်းကောင်း၊ ထိုရူပါရုံပါဝင်သည့် ရုပ်ကလာပ်ကိုလည်း- ကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် မည်သည့်နည်းနှင့် မျှ တွေ့မြင်နိုင်တော့မည် မဟုတ်ပေ။ ယင်းရုပ်ကလာပ် ကိုမျှ မတွေ့မြင်ပါက ထိုထို ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော (၈-မျိုး၊ ၉-မျိုး၊ ၁ဝ-မျိုးစသော) ရုပ်ပရမတ် သဘောတရားများကို ဆက်လက် ရှုပွား၍ မည်သို့မျှ ရရှိနိုင်တော့မည် မဟုတ်ပေ။ ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်သော ရုပ်တရားများကို မည်သို့မျှ သိနိုင်ခွင့် မရှိပေ။ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ပါကလည်း ဃန မပြိုနိုင်။
瑜伽行者之所以能够看见这些色聚的颜色界、色所缘,或看见含有颜色界、色所缘的这些色聚,是因为止修习心、观修习心所生的āloka——光芒能量。那道光芒若消失,瑜伽行者便无论如何都不能再看见那些色所缘,也不能再看见含有那些色所缘的色聚。若连这些色聚也看不见,就更不可能继续观照、证知每一个色聚中存在的八种、九种、十种等究竟色法自性;也没有机会知见作为真实胜义、法之精髓的诸色法。智见若不能抵达胜义层面,就不能破除密集。
ရုပ်တုံးရုပ်ခဲ ဟူသော ရုပ်ဃန မပြိုကလည်း ပရမတ်သို့ ဉာဏ်အမြင် မဆိုက်နိုင်။ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ပါကလည်း အနတ္တဉာဏ်အမြင် မပေါ်နိုင်။ အနတ္တဉာဏ်အမြင် မပေါ်ကလည်း အရိယမဂ်သို့ မဆိုက်နိုင်၊ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်။
若不能破除那称为“一团一块色法”的色法密集,智见就不能抵达胜义层面;智见若不能抵达胜义层面,无我智见便不能生起;无我智见若不能生起,也就不能抵达圣道,不能现证涅槃。
တစ်ဖန် ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည် တိုင်အောင် ဟုတ်တိုင်းမှန်စွာ မသိပါက ထိုရုပ်တရားကို မှီတွယ်၍ ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရား တို့ကို မည်သည့်နည်းနှင့်မျှ သိနိုင်ခွင့် မရှိတော့ပေ။ အကြောင်းမူ မှီရာဝတ္ထုရုပ်နှင့် အာရုံတို့ကို သို့မဟုတ် ဆိုင် ရာ ဒွါရနှင့် ဆိုင်ရာ အာရုံကို ပူးတွဲသိမ်းဆည်းနိုင်ပါမှ ကာမာဝစရနာမ်တရားတို့ကို ယောဂါဝစရပုဂ္ဂိုလ်က သိ-
再者,若不能如实知见称为大种色与所造色的诸色法,直至智见抵达胜义层面,就无论如何都不可能知见那些依止这些色法、缘取这些色法而生起的名法。因为,只有能够同时把握作为所依的依处色与所缘,或者相应的门与相应的所缘,瑜伽行者才有机会——
原书第 530 页
နိုင်ခွင့် ရှိသောကြောင့် ဖြစ်သည်။ (ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ မ-ဋ္ဌ-၃-၆ဝ။ --- အကျယ် - နာမ်ကမ္မဋ္ဌာန်း ပိုင်းတွင် ထင်ရှားလတ္တံ့။) ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းရာ၌ စက္ခု သောတ ဃာန ဇိဝှါ ကာယ = မျက်စိအကြည် နား အကြည် နှာအကြည် လျှာအကြည် ကိုယ်အကြည်ဟူသော ရုပ်အကြည်ဓာတ်ငါးပါးနှင့် ဘဝင်မနောအကြည် ဓာတ်တို့ကား အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိ၏။ ယင်းအကြည်ဓာတ် (၆)ပါးဟူသော ဒွါရ (၆)ပါးကို ဟုတ်တိုင်းမှန်စွာ မသိပါက ယင်းဒွါရ (၆)ပါးကို စွဲမှီ၍ ဖြစ်ပေါ်သွားကြသော နာမ်တရားတို့ကို မည်သည့်နည်းနှင့်မျှ ရှု၍ မရနိုင်ပေ၊ ဟုတ်တိုင်းမှန်စွာ မသိနိုင်ပေ။ ယင်းအကြည်ဓာတ် (၆)ပါးတို့ကား သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်နှင့်မှ လင်းရောင် ခြည်စွမ်းအား ရှိပါမှ တွေ့မြင်နိုင် သိရှိနိုင်သော တရားများ ဖြစ်ကြပေသည်။
“因为已经摄取依处与所缘。”(《中部义注》3-60;详见名业处部分。)在摄取欲界名法时,cakkhu、sota、ghāna、jivhā、kāya,即眼净色、耳净色、鼻净色、舌净色、身净色这五种色净界,以及有分意净界,都是在极其重要的环节中发挥作用的法。如果不能如实知见这六种净界,也就是六门,就绝不可能观照依止这六门而生起的名法,也不能如实了知它们。这六种净界,只有借助止修习心、观修习心所生的光明之力,才是能够被看见、被知见的法。
ရုပ်နာမ်ကိုမျှ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးပါက နာမရူပပရိစ္ဆေဒဉာဏ်ကို မရရှိနိုင်သေးပေ။ နာမ ရူပပရိစ္ဆေဒဉာဏ်မှ မဖြစ်သေးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ပစ္စယပရိဂ္ဂဟဉာဏ်မှာ အလွန် အလှမ်း ဝေးလျက်ပင် ရှိနေပေသေးသည်။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်မျှ မရရှိသေးသော ယောဂါ ဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဝိပဿနာဉာဏ် ဖြစ်ရေးမှာ မိုးနှင့် မြေကြီးပမာ အလွန့်အလွန် ဝေးကွာလျက်ပင် ရှိနေဦးမည်သာ ဖြစ်ပေသည်။ အကြောင်းမူ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်၍ ရှုပွားသုံးသပ် နိုင်ပါမှသာလျှင် ဝိပဿနာဉာဏ်ဟူသည် ဖြစ်ပေါ်လာနိုင်သော ကြောင့် ဖြစ်၏။
如果连色与名都还未由智见抵达究竟,就还不能获得名色分别智。在尚未生起名色分别智的瑜伽行者相续中,缘摄受智仍然极其遥远。在连名色分别智与缘摄受智都还未获得的瑜伽行者相续中,要生起观智,就仍如天地之隔,极其遥远。因为只有把作为真实究竟界法的色、名诸行法安立于三相之下而观修、审察,观智才可能生起。
အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ-ဋ္ဌ-၁-၁၇၅။) ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ-၁-၃၄၄။) = သုသိမ …သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ၌ ကောင်းစွာတည်သော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်သည် ရှေးက ဖြစ်၏။ နိဗ္ဗာန်တရားတော်မြတ်၌ အာရုံပြုသောအားဖြင့် ဖြစ်ပေါ် လာသော အရိယမဂ်ဉာဏ်သည် နောက်ကာလ၌ ဖြစ်၏။
“以无常等种种行相观诸法,故称毗婆舍那。”(《阿毗达磨义注》1-175。)“苏尸摩,先有法住智,后有涅槃智。”(《相应部》1-344。)=苏尸摩……善住于诸行法无常、苦、无我行相之中的、名为法住智的观智先生起;以殊胜涅槃为所缘而知的圣道智后生起。
ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် အရိယမဂ်ဉာဏ်ဟူသည်မှာလည်း ဝိပဿနာဉာဏ် တို့က အဆင့်အဆင့် ဥပနိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် ဖြစ်ပေါ်လာနိုင်သော တရား ဖြစ်ပေသည်။ ပရမတ်အစစ် ဓာတ်အနှစ်ကို အာရုံယူနေသော ဝိပဿနာဉာဏ်မျှ မဖြစ်သေးသော ယော- ဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နိဗ္ဗာန်တရားတော်မြတ်ဟူသည် မည်သို့မျှ မမျှော်လင့်အပ် မမျှော်လင့်ကောင်းသော တရားသာ ဖြစ်ပေသည်။
由于世尊作了这样的开示,圣道智也只有在诸观智依次以亲依止缘力等种种缘力给予助益以后,才可能生起。在尚未生起任何一种以真实究竟界法为所缘的观智之瑜伽行者相续中,殊胜的涅槃法是绝不应当企望、也不宜企望的法。
သို့အတွက် ညအခါ အမိုက်မှောင် အတွင်း၌ ခရီးသွားသောသူသည် မိမိသွားလိုသော ခရီးကို သွားနိုင် ရေး ရောက်လိုရာ အရပ်သို့ ရောက်ရှိရေးအတွက် မီးရှူးတန်ဆောင် စသော အရောင်အလင်းကို အလိုရှိအပ် သကဲ့သို့ အလားတူပင် အဝိဇ္ဇာ အမိုက်တိုက် ဖုံးလွှမ်းခံနေရသော သတ္တဝါတစ်ဦးအဖို့ နိဗ္ဗာန်ဆိုသည့် ထိုမှာ ဘက်ကမ်းသို့ သွားရာ၌ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိအောင် ထွန်းလင်းပြတတ်သော အလင်းရောင်ကား လိုအပ်သည်သာလျှင် ဖြစ်ပေသည်။ ထိုအလင်းရောင်ဟူသည် အထက်တွင် အကြိမ်ကြိမ် ရှင်းပြခဲ့သည့် ပညာ ရောင် ဉာဏ်ရောင်ပင် ဖြစ်ပေသည်။
因此,正如夜间在黑暗中行路的人,为了能够走完自己想走的路、到达想去的地方,需要火炬、灯火等光明;同样,对于被无明黑暗笼罩的众生,为了到达名为涅槃的彼岸,也需要一种能够照明、显示四圣谛而令人如实了知的光明。这种光明,就是上文一再说明的慧光、智光。
ညအခါ အမိုက်မှောင်အတွင်း၌ ခရီးသွားသောသူသည် မိမိသွားလိုရာ အရပ်သို့ ရောက်ရှိရေးအတွက်
夜间在黑暗中行路的人,为了到达自己想去的地方——
原书第 531 页
အာနာပါနဿတိသမာဓိပိုင်း သာ မီးရှူးတန်ဆောင်စသည့် အလင်းရောင် အကူအညီကို အလိုရှိသကဲ့သို့ - အလားတူပင် ယောဂါဝစရ ပုဂ္ဂိုလ်သည်လည်း မိမိအလိုရှိရာ နိဗ္ဗာန်သို့သွားရာ၌ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိတတ်သည့် သမ္မာဒိဋ္ဌိ ဉာဏ်အမြင် ရရှိရေးအတွက်သာ ထိုအလင်းရောင်ကို အလိုရှိနေခြင်း ဖြစ်ပေသည်။ ထိုအလင်းရောင်ကို အလွန် မြတ်နိုး တမ်းတ၍ တသသ ဖြစ်နေသည်ကား မဟုတ်သည်ကို သဘောပေါက်လေရာသည်။
——只需要火炬、灯火等光明的帮助;同样,瑜伽行者前往自己所希求的涅槃时,也只是为了获得能够如实了知四圣谛的正见智,才需要这种光明。应当明白:这并不是因为他对这种光明极度爱慕、渴求而念念不忘。
အထက်တွင် ဖော်ပြခဲ့သော မဟာအဿပုရ စသော ထိုထို သုတ္တန်တို့၌ သစ္စာလေးပါးကို ဟုတ်တိုင်း မှန်စွာ သိအောင် ကြိုးပမ်းလိုသော ရဟန်းတော်အား မိမိရရှိထားသော စတုတ္ထစျာန်ကို ဂုဏ်အင်္ဂါရှစ်တန်နှင့် ပြည့်စုံအောင် ကြိုးပမ်းရန် ဘုရားရှင်၏ တိုက်တွန်းတော်မူချက်ကို ဦးထိပ်ရွက်ပန်ဆင်၍ ဤအလင်းရောင် အကြောင်းကို ဖော်ပြနေခြင်း ဖြစ်ပါသည်။ ထိုအင်္ဂါရှစ်ရပ်တို့တွင် ပရိယောဒါတေ = ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပလတ်သော်ဟူသော စကားတော်သည်လည်း အင်္ဂါရပ် တစ်ခုအဖြစ် ပါဝင်လျက်ပင် ရှိပေသည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည်လည်း ခပ်သိမ်းဥဿုံ အလုံးစုံသော တရားမှန်သမျှ ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ကိုယ်တော်တိုင်က သိတော်မူ မြင်တော်မူ၍သာလျှင် ဤသို့ ပရိယောဒါတေ - ဟူသော အင်္ဂါရပ်
在上文所引《大马邑经》等各部经中,佛陀劝勉想要努力如实知见四圣谛的比丘,应当努力使自己已获得的第四禅具足八种功德。正是尊奉这一劝勉,才在这里说明光明。在这八支中,pariyodāte(明净光耀),即“光芒闪耀、灿然发亮”,也属于其中一支。贤善的瑜伽行者,如果你能够接受:一切知正等觉佛陀不依靠老师,而以自生智亲自现前、洞彻知见一切诸法;正因为佛陀自己知见,才把pariyodāte这一功德支列入并作了这样的指示——
တစ်ရပ်ကို ထည့်သွင်း၍ ညွှန်ကြားထားတော်မူပါပေသည်ဟု လက်ခံနိုင်ပါလျှင် ဦးထိပ်ရွက် ပန်ဆင်နိုင်ပါလျှင် အသင် ယောဂီ သူတော်ကောင်းအတွက် နိဗ္ဗာန်သို့ သွားရာ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတည်း ဟူသော လမ်းမတော်ကြီးသည် ဖြောင့်ဖြူး သာယာလျက်ပင် ရှိနေမည်သာ ဖြစ်ပေသည်။
——如果你能够把这一点奉戴于顶、恭敬遵行,那么,对你这位贤善的瑜伽行者而言,通往涅槃的大道,也就是八支圣道这一殊胜行道,必将平坦、顺直而安乐。
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် သဒိသူပစာရအားဖြင့်လည်းကောင်း၊ မုချအားဖြင့် လည်းကောင်း ဥပစာရသမာဓိ အမည်ရသော သမာဓိတစ်ခုခုမှ ဝိပဿနာသို့ ကူးလိုခဲ့သော်လည်းကောင်း၊ စတုတ္ထစျာန်သမာဓိမှ အခြားတစ်ပါးသော အပ္ပနာစျာန်သမာဓိ တစ်ခုခုကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးလိုခဲ့သော်လည်းကောင်း ထိုဥပစာရသမာဓိ သို့မဟုတ် အပ္ပနာသမာဓိကိုလည်း ဂုဏ်အင်္ဂါ ရှစ်တန်တို့နှင့် ပြည့်စုံတန်သလောက် ပြည့်စုံအောင် ကြိုးပမ်းရမည်သာလျှင် ဖြစ်ပေသည်။ အကြောင်းမူ ယင်း သမထဘာဝနာစိတ်တို့ကြောင့်လည်း ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းများ ထွက်ပေါ်လာသည်သာ ဖြစ်သောကြောင့်ပင်တည်း။
贤善的瑜伽行者,如果想从依同类借称或依本义而称为近行定的某一种定转入观修;或者想把第四禅定以外的某一种安止禅定作为观的基础,从那里转入观修,那么,也必须尽力使该近行定或安止定具足八种功德中所能具足的部分。因为这些止修习心也确实能发出闪耀、灿然的光明。
အရောင်အလင်းချင်း ရောထွေးတတ်ပုံ
诸种光明彼此混淆的情形
သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် လင်းရောင်ခြည်များ ထွက်ပေါ်လာနိုင်ကြောင်း အဆိုအမိန့် ဒေသနာတော်ကို အသင်ယောဂီသူတော်ကောင်းသည် လက်ခံနိုင်လောက်ပေပြီဟု ယူဆပါသည်။
关于止修习心、观修习心都能发出光明这一教说,想来贤善的瑜伽行者已经能够接受了。
ဤအရာတွင် အရောင်အလင်းချင်း ရောထွေးတတ်ပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။
这里继续说明诸种光明会怎样彼此混淆。
အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် တရားတစ်ခုခုကို နှလုံးသွင်း အားထုတ်သည့်အခါ၌ မိမိတို့ အားထုတ်နေသော ကမ္မဋ္ဌာန်းသည် သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းတို့တွင် မည်သည့်ကမ္မဋ္ဌာန်း ဖြစ်သည် ကို မစဥ်းစားတော့ဘဲ ဝိပဿနာကမ္မဋ္ဌာန်း ဖြစ်သည်ဟူ၍သာ ယုံကြည်လက်ခံလျက် ကြိုက်နှစ်သက်ရာ နည်း လမ်းဖြင့် တရားနှလုံးသွင်း ရှုပွားကြ၏။ သမာဓိ အတော်အသင့် အားကောင်းလာသောအခါ၌ လင်းရောင် ခြည်များ ထွက်ပေါ်လာတတ်၏။ ထိုအခါ၌ ဥဒယဗ္ဗယဉာဏ်သို့ ငါဆိုက်ရောက်ပြီဟု အထင်ကြီးတတ်ကြ၏။
有些瑜伽行者作意、修习某一种法时,不再考察自己正在修的业处究竟是止业处还是观业处,只是认定它就是观业处,便依自己喜欢的任何方法作意、观修。等到定力相当强时,光明往往会出现;这时,他们便容易自以为:“我已经到达生灭智了。”
ဥဒယဗ္ဗယဉာဏ်ဟူသည် အထက်တွင် အကြိမ်ကြိမ် ရှင်းပြခဲ့သည့်အတိုင်း ရုပ်တုံးရုပ်ခဲ ဟူသော ရုပ်ဃန သုံးမျိုး နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန (၄)မျိုးတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်
所谓生灭智,正如上文一再说明,唯有以智分解、破除作为色法团块的三种色法密集和作为名法团块的四种名法密集,并且——
原书第 532 页
ဆိုက်အောင် ရှုနိုင်သဖြင့် နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိပြီး၍ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးအတွင်း၌ အကြောင်းတရား အဆက်ဆက် အကျိုးတရား အဆက်ဆက်တို့ကို သိမ်းဆည်းနိုင်သဖြင့် ပစ္စယပရိဂ္ဂဟဉာဏ် ကိုလည်း ရရှိပြီးသောအခါ၊ အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို လက္ခဏာ ရေး သုံးတန်သို့ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုလိုက်သော် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရားတို့ကို ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပွားနိုင်သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ သန္တာန်၌သာလျှင် ဖြစ်ပေါ်လာနိုင်သော ဉာဏ်ဖြစ်၏။
——能够观照至智见抵达究竟,从而获得名色分别智;又能够摄取过去、未来、现在三时中相续的一系列因法与果法,从而获得缘摄受智;此后,把连同诸因在内的这些色、名、诸行法安立于三相之下,持续有力地修毗婆舍那,并能把存在于过去、未来、现在三时以及内、外两种相续中的色法、名法,观照至智见抵达刹那现在——生灭智就是只能在这种瑜伽行者的相续中生起的智。
ရုပ်ကလာပ်ကိုမျှ မမြင်ဖူးသေးသဖြင့် မြင်ဖူးသော်လည်း ဃနပြိုအောင် ဓာတ်မခွဲတတ်သေးသဖြင့် ပရ မတ်သို့ ဉာဏ်အမြင် မဆိုက်သေးသော၊ အကြည်ဓာတ် (၆)ပါးကိုမျှ မမြင်ဖူးသေး မရှုတတ်သေးသဖြင့် ယင်း အကြည်ဓာတ် (၆)ပါးကို အစွဲပြု၍ ဖြစ်ပေါ်သွားသော နာမ်တရားတို့ကိုလည်း နာမ်ဃနပြိုအောင် ဉာဏ်ဖြင့် မဖြိုခွဲနိုင်သေးသဖြင့် နာမ်ပရမတ်သို့လည်း ဉာဏ်အမြင် မဆိုက်သေးသော၊ ဝိပဿနာဟူသည် အတိတ် အနာ ဂတ်ကို မရှုကောင်းပါဟု ပုံသေ လက်ခံထားသဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး၌ အကြောင်းတရား အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောတရားကို မရှုတတ်သေးသဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို လည်း မရရှိသေးသော၊ ထိုသို့ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား မယူတတ် မသိမ်း ဆည်းတတ်သေးသဖြင့် ဉာတပရိညာစခန်းကိုမျှ မဆိုက်ရောက်သေးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ်
有的瑜伽行者从未见过色聚,或者即使见过,也还不懂得分析诸界以破除密集,故智见尚未抵达究竟;又因为从未看见、还不会观照六种净界,也就还不能以智破除依止这六种净界而生的诸名法之密集,故智见尚未抵达名法的究竟;又因为固执地认定“毗婆舍那不应观过去、未来”,所以还不能观照过去、未来、现在三时中因法与果法之间的因果相联法性,因而尚未获得缘摄受智;又因为还不能以智分别、摄取色、名、因、果这些行法,所以连知遍知阶段也尚未到达——在这种瑜伽行者的相续中——
သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်ဟူသော တီရဏပရိညာ ပညာကို ရရှိရေးမှာ မမျှော်မှန်းနိုင်သေးသော မမျှော် မှန်းသင့်သော အရာသာ ဖြစ်ပေသည်။
——想要获得称为思惟智与生灭智的审察遍知之慧,仍是不可期望、也不应期望的事。
ဉာတပရိညာ ပညာကို မရရှိသေးသော သူတော်ကောင်းတစ်ဦး၏ သန္တာန်ဝယ် တရားတစ်ခုခုကို နှလုံး သွင်းလိုက်ခြင်းကြောင့် အလင်းရောင် ထွက်ပေါ်လာခဲ့သော် ဥဒယဗ္ဗယဉာဏ်ကို ရရှိပြီ ရောက်ရှိပြီဟု အယူ အဆ မှားခဲ့ပါက သဗ္ဗညုဘုရားရှင်၏ သာသနာတော်နှင့် အလွဲကြီး လွဲသွားပြီ ဖြစ်၏။ အကြောင်းမူ အလုံး စုံသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိပါမှ ဒုက္ခ ကုန်နိုင်မည် ဖြစ်ကြောင်း အပရိဇာနနသုတ္တန် (သံ-၂-၂၄၉-၂၅ဝ။) ၌ ဘုရားရှင် ဟောကြားထားတော်မူသော ကြောင့် ဖြစ်၏။
一个尚未获得知遍知之慧的人,若在作意某一种法时出现光明,便错误地认为自己已经获得、已经到达生灭智,他就已经严重背离了一切知佛陀的教法。因为佛陀在《不遍知经》(《相应部》2-249—250)中开示:只有以三种遍知,清楚分别了知全部五取蕴(即色法与名法),苦才可能灭尽。
သို့အတွက် တရားတစ်ခုခုကို နှလုံးသွင်းလိုက်၍ လင်းရောင်ခြည် ထွက်ပေါ်လာတိုင်း ဥဒယဗ္ဗယဉာဏ်မှ ထွက်ပေါ်လာသော အရောင်ဟူ၍ကား မယူဆလေရာ။ သမထဘာဝနာစိတ်တို့၌လည်း လင်းရောင်ခြည်ရှိသည် ကို သတိပြုရမည်သာ ဖြစ်ပေသည်။
因此,不能每当作意某一种法而出现光明,就认为那是由生灭智发出的光。必须注意:诸止修习心也具有光明。
မေးမြန်းသင့်သော အချက်တစ်ရပ်
一个值得提出的问题
သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် အားလုံးတို့၌ လင်းရောင်ခြည်စွမ်းအင် ရှိသည် မှန်ပါက အဘယ်ကြောင့် ဥဒယဗ္ဗယဉာဏ်ပိုင်း၌ - သြဘာသ - အရောင်အလင်းကို တခမ်းတနား ဖော်ပြနေရပါသနည်း ဟု မေးမြန်းဖွယ်ရာ ရှိလာပြန်၏။ အဖြေကား သမထဘာဝနာစိတ်နှင့် ဥဒယဗ္ဗယဉာဏ်မှ တစ်ပါးသော အခြား အခြားသော ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်နှင့် ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ရောက်ရှိသောအခါ ဥဒယဗ္ဗယဉာဏ် အရင့်ပိုင်းသို့ ရောက်ရှိသောအခါ ဥဒယဗ္ဗယာနုပဿနာစိတ်ကြောင့် ဖြစ် ပေါ်လာသော အရောင်အလင်းသည် တူညီမှု မရှိဘဲ တစ်မူထူးခြား၍ နေသောကြောင့် သီးသန့် ဖော်ပြနေ ရခြင်း ဖြစ်ပေသည်။ အောက်ပါ အဋ္ဌကထာ စကားရပ်များကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
如果一切止修习心、观修习心都具有发出光明的力量,那么,为什么还要在生灭智部分隆重地说明obhāsa(光明)呢?这个问题自然会再次出现。答案是:由止修习心以及生灭智以外其他观修习心所生的光明,与到达生灭智阶段、特别是到达成熟的生灭智时,由生灭随观心所生的光明,并不相同,而有其独特之处;所以才另作说明。请继续阅读下面的义注文句。
原书第 533 页
အာနာပါနဿတိသမာဓိပိုင်း တတ္ထ သြဘာသောတိ ဝိပဿနောဘာသော။ တသ္မိံ ဥပ္ပန္နေ ယောဂါဝစရော ''န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပေါ သြဘာသော ဥပ္ပန္နပုဗ္ဗော၊ အဒ္ဓါ မဂ္ဂပ္ပတ္တောသ္မိ ဖလပတ္တောသ္မီ''တိ အမဂ္ဂမေဝ ''မဂ္ဂေါ''တိ၊ အဖလမေဝ စ ''ဖလ''န္တိ ဂဏှာတိ။ တဿ အမဂ္ဂံ ''မဂ္ဂေါ''တိ၊ အဖလံ ''ဖလ''န္တိ ဂဏှတော ဝိပဿနာဝီထိ ဥက္ကန္တာ နာမ ဟောတိ။ သော အတ္တနော မူလကမ္မဋ္ဌာနံ ဝိဿဇ္ဇေတွာ သြဘာသမေဝ အဿာဒေန္တော နိသီဒတိ။
“其中,所谓光明,是观的光明。当它生起时,瑜伽行者想:‘此前我从未生起过这样的光明;我必定已经证得道、证得果。’于是,他把并非道的执作‘道’,把并非果的执作‘果’。当他把非道执作道、非果执作果时,称为偏离了观行正轨。他舍弃自己的根本业处,只品味光明而坐。”
(ဝိသုဒ္ဓိ-၂-၂၇ဝ။)
(《清净道论》2-270。)
ထိုဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသတရား ဆယ်ပါးတို့တွင် သြဘာသ - ဟူသည်ကား ဝိပဿနာစိတ်ကြောင့် ဖြစ်သော မိမိ၏ ရုပ်နာမ်သန္တာန်အစဥ်၌ ကျရောက်လာသော စိတ္တဇရုပ်တို့၏ ဝဏ္ဏဓာတ် ၏ ပြိုးပြိုးပြက်ပြက် တလက်လက်ထွက်သော အရောင်နှင့် ယင်းစိတ္တဇရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကြောင့် ထပ်ဆင့်ဖြစ်ပွားလာသော ဥတုသမုဋ္ဌာန်ဖြစ်သော ဥတုဇရုပ်တို့၏ ဝဏ္ဏဓာတ်၏ ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်သော အရောင်တည်း။
在这十种令观染污的随烦恼法中,所谓obhāsa(光明),就是由观心所生、落在自身色名相续中的心生色之颜色界所发出的闪烁灿然之光,以及由这些心生色中所含的火界——即时节——继而产生、以时节为生源的时节生色之颜色界所发出的闪烁灿然之光。
ထို ဝိပဿနာ သြဘာသ အရောင်အလင်းသည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ယောဂါဝစရပုဂ္ဂိုလ်သည် ''ငါ့အား ဤအခါမှ ရှေး၌ ဤသို့ သဘောရှိသော အရောင်အလင်းမျိုးသည် မဖြစ်ဖူးလေစွတကား၊ မချွတ်ဧကန် အရိယမဂ်သို့ ဆိုက်ရောက်သည် ငါဖြစ်လတ်ပြီ၊ အရိယဖိုလ်သို့ ဆိုက်ရောက်သည် ငါဖြစ်လတ်ပြီ''- ဤသို့လျှင် မဂ်မဟုတ်သော သြဘာသကိုပင်လျှင် မဂ်ဟူ၍ ဖိုလ်မဟုတ်သော သြဘာသကိုပင်လျှင် ဖိုလ်ဟူ၍ စွဲယူ၏။
当这种观之光明生起时,瑜伽行者便想:“在此以前,我从未生起过这种性质的光明;我确实已经到达圣道,我已经到达圣果。”他就这样把并非道的光明执作道,把并非果的光明执作果。
မဂ်မဟုတ်သည်ကို မဂ်ဟူ၍ ဖိုလ်မဟုတ်သည်ကို ဖိုလ်ဟူ၍ စွဲယူသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဝီထိ ဟူသော ဝိပဿနာလမ်းကြောင်းကြီးကား တိမ်းစောင်း လွဲချော်၍ သွားလေပြီ။ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ဝိပဿနာဟူသော မူလကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ သြဘာသ = အရောင်အလင်းကိုပင် သာယာလျက် ထိုင်နေ၏။
把非道执作道、非果执作果的瑜伽行者,他的毗婆舍那进程,也就是观行之路,已经偏斜、失误。他舍弃自己原本的根本业处,也就是毗婆舍那,只顾品味obhāsa(光明)而坐。
(ဝိသုဒ္ဓိ-၂-၂၇ဝ။)
(《清净道论》2-270。)
ဤအထက်ပါ အဋ္ဌကထာစကားရပ်တွင် - ငါ့အား ဤအခါမှ ရှေး၌ ဤသို့ သဘောရှိသော အရောင် အလင်းမျိုးသည် မဖြစ်ဖူးလေစွတကား - ဟူသော စကားရပ်မှာ ဤ၌ ပြောလိုရင်း ဖြစ်ပါသည်။ ငါ့အား ဤသို့သဘောရှိသော အရောင်အလင်းမျိုးသည် မဖြစ်ဖူးလေစွတကားဟုသာ ဆိုသည်။ ရှေးယခင်က အရောင် အလင်း လုံးဝ မဖြစ်စဖူးသေးဟု ဆိုလိုသည်ကား မဟုတ်ပါ။ ဤကဲ့သို့သော အရောင်အလင်းမျိုးသာ မဖြစ်ဖူး သေးကြောင်း ပြောလိုရင်း ဖြစ်သည်။ ထောက်ထားစရာ သာဓကမှာ ကျန် ဥပက္ကိလေသတို့နှင့် ဆက်စပ်၍ ဖွင့်ဆိုချက်များပင် ဖြစ်သည်။
在以上义注文句中,“在此以前,我从未生起过这种性质的光明”这句话,正是这里要表达的重点。它只说:“我从未生起过这种性质的光明。”并不是说,以前从来完全没有生起过任何光明。要说明的,只是这种光明尚未生起过。可作为依据的例证,见于结合其余随烦恼所作的下列解释。
''န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပံ ဉာဏံ ဥပ္ပန္နပုဗ္ဗံ၊ ဧဝရူပါ ပီတိ၊ ပဿဒ္ဓိ၊ သုခံ၊ အဓိမောက္ခော၊ ပဂ္ဂဟော၊ ဥပဋ္ဌာနံ၊ ဥပေက္ခာ၊ နိကန္တိ ဥပ္ပန္နပုဗ္ဗာ။ (ဝိသုဒ္ဓိ-၂-၂၇၃။) = ငါ့အား ဤအခါမှ ရှေး၌ ဤသို့ သဘောရှိသော ဝိပဿနာဉာဏ်သည် မဖြစ်ဖူးစွတကား၊ ဤသို့ သဘော ရှိသော ဝိပဿနာပီတိသည်၊ ပဿဒ္ဓိသည်၊ ဝိပဿနာသုခသည်၊ အဓိမောက္ခ = သဒ္ဓါသည်၊ ပဂ္ဂဟ = ဝီရိယ သည်၊ ဥပဋ္ဌာန = သတိသည်၊ ဥပေက္ခာ = ဝိပဿနုပေက္ခာ + အာဝဇ္ဇနုပေက္ခာသည်၊ ဤသို့ သဘောရှိသော နိကန္တိသည် မဖြစ်ဖူးစွတကား။ (ဝိသုဒ္ဓိ-၂-၂၇၃။) ဤအထက်ပါ စကားရပ်များ၌ ဤကဲ့သို့သော ဝိပဿနာဉာဏ်မျိုးသည် ရှေးက မဖြစ်စဖူးဟုသာ ပြော ဆို၍ ဝိပဿနာဉာဏ် ရှေးက လုံးဝ မဖြစ်ခဲ့စဖူးဟု မပြောဆိုသည်ကိုကား သတိပြုရမည်သာ ဖြစ်ပေသည်။
“在此以前,我从未生起过这样的智;也从未生起过这样的喜、轻安、乐、胜解、策励、现起、舍与欲求。”(《清净道论》2-273。)=“在此以前,我从未生起过这样的观智;从未生起过这样的观喜、轻安、观乐、胜解即信、策励即精进、现起即念、舍即观舍与转向舍,也从未生起过这样的欲求。”(《清净道论》2-273。)在以上文句中,应当注意:它只说这种观智从前未曾生起,并没有说从前完全不曾生起过任何观智。
အကယ်၍ ရှေးအခါက ဝိပဿနာဉာဏ် လုံးဝ မဖြစ်စဖူးသေးဟု ယူခဲ့လျှင် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယ
如果把它理解成以前从来完全没有生起过任何观智,那么就会等于说:连思惟智和生灭——
原书第 534 页
ဉာဏ် အနုပိုင်းသော်မှလည်း မဖြစ်ဖူးသေးဟု အဓိပ္ပါယ် သက်ရောက်သလို ဖြစ်နေပေသည်။
——智的初步阶段也从未生起过。
အလားတူပင် ရှေးယခင်က ဤကဲ့သို့သော ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဥပေက္ခာမျိုးသာ မဖြစ်ဖူးခြင်း ဖြစ်သည်၊ ဘဝတစ်လျှောက်လုံးလုံး တစ်ကြိမ်တစ်ခါသော်မျှ ပီတိ၊ ပဿဒ္ဓိ၊ သဒ္ဓါ၊ ဝီရိယ စသော တရားများ မဖြစ်စဖူးဟု ဆိုလိုသည်ကား မဟုတ်ပေ။
同样,过去只是从未生起过这样的喜、轻安、乐、信、精进、念与舍,并不是说一生之中连一次喜、轻安、信、精进等法都未曾生起过。
အလားတူပင် သြဘာသပိုင်း၌လည်း ဤကဲ့သို့သော အရောင်အလင်း သြဘာသသည်သာ ရှေးယခင်က မဖြစ်ခဲ့ဖူးသေးခြင်း ဖြစ်သည်။ အရောင်အလင်း သြဘာသ လုံးဝ မဖြစ်ဖူးသေးဟု ဆိုလိုရင်း မဟုတ်သည်ကိုကား သတိပြုလေရာသည်။
同样,在obhāsa(光明)这一项中,也只是这种光明过去未曾生起过。应当注意:原意并不是从来完全没有生起过任何光明。
ယင်းသို့ ဖြစ်လျှင် အဘယ်ကြောင့် ဤအပိုင်းဝယ် သြဘာသ = အလင်းရောင်အကြောင်းကို သီးသန့် ဖွင့်ဆိုပါသနည်းဟူမူ ရှေးယခင်က ဖြစ်ဖူးသော အရောင်အလင်းနှင့် လုံးဝ မတူညီဘဲ တစ်မူကွဲလျက် ထူးထူး ခြားခြား ဖြစ်ပေါ်လာသော အရောင်အလင်းမျိုး ဖြစ်၍ သီးသန့်ဂုဏ်တင်ကာ ချီးမွမ်း ဖွင့်ဆိုရခြင်း ဖြစ်သည်။
既然如此,为什么还要在这一部分单独解释obhāsa(光明)呢?因为这种光明与过去曾生起的光明全然不同,是一种别具特性、极为殊异而生起的光明,所以才把它特别标举、加以赞叹,并另作解释。
ထိုသြဘာသ အရောင်အလင်းကို အရိယမဂ်ဖိုလ်ဟု သို့မဟုတ် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကြောင့် ဖြစ်ပေါ် လာသော အရောင်အလင်းဟု အယူအစွဲ မှားတတ်ခြင်းကြောင့် သီးသန့် ဖွင့်ဆိုနေခြင်း ဖြစ်ပေသည်။
又因为人们容易误把这种obhāsa(光明)执为圣道、圣果本身,或者执为由圣道智、圣果智所生的光明,所以才单独加以解释。
ဧတ္ထ စ သြဘာသာဒယော ဥပက္ကိလေသဝတ္ထုတာယ ဥပက္ကိလေသာတိ ဝုတ္တာ၊ န အကုသလတ္တာ။
“这里,光明等因为会成为随烦恼的所依事,所以被称为随烦恼;并不是因为它们是不善法。”
(ဝိသုဒ္ဓိ-၂-၂၇၃။)
(《清净道论》2-273。)
= ဤ သြဘာသ ဉာဏ် ပီတိ ပဿဒ္ဓိ သုခ သဒ္ဓါ ဝီရိယ သတိ ဥပေက္ခာတို့ကား တဏှာ မာန ဒိဋ္ဌိ ---- ဟူသော ဥပက္ကိလေသတရားတို့၏ တည်ရာဝတ္ထု ဖြစ်ခြင်းကြောင့် ယင်းတို့ကို ဥပက္ကိလေသတရားတို့ ဟူ၍ မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ အကုသိုလ်တရားများ ဖြစ်ခြင်းကြောင့် ဥပက္ကိလေသတရားတို့ဟူ၍ မိန့်ဆိုသည် ကား မဟုတ်ဟု မှတ်သားပါလေ။
=这里的光明、智、喜、轻安、乐、信、精进、念、舍,因为会成为爱、慢、见……这些随烦恼法的所依事,所以被称为随烦恼法。应当记住:并不是因为它们是不善法,才称之为随烦恼法。
ယင်း သြဘာသ စသည်ကို - ငါပဲ၊ ငါ့အရောင်ပဲ၊ ငါ၏အတ္တပဲ၊ မဂ်ပဲ၊ ဖိုလ်ပဲ -- ဤသို့ စသည်ဖြင့် စွဲယူမှု ဖြစ်ခဲ့သော် ယင်း သြဘာသ စသည်တို့သည် တဏှာ မာန ဒိဋ္ဌိ ဟူသော ဥပက္ကိလေသတရားတို့၏ တည်ရာ အကြောင်းတရားများ ဖြစ်သည်ဟုလည်းကောင်း၊ ယင်းသြဘာသစသည်ကို သာယာလျက် မူလ ဝိပဿနာ ကမ္မဋ္ဌာန်းကို စွန့်လွှတ်ကာ ထိုင်နေသော် ဝိပဿနာလမ်းကြောင်း တိမ်းစောင်းသွားပြီဟုလည်းကောင်း သိစေ လို၍ ဤ သြဘာသ စသည်ကို ဂုဏ်တင်ကာ သီးသန့် ထုတ်ဖော် ဟောကြားနေခြင်း ဖြစ်သည်ဟု မှတ်သား ပါလေ။
如果对光明等生起这样的执取:“就是我,就是我的光,就是我的自我,就是道,就是果……”那么,光明等便会成为爱、慢、见这些随烦恼法的所依与因;又如果品味光明等,舍弃根本的观业处而坐,观的道路便已经偏斜。为了令人明白这两点,才把光明等特别标举,单独揭示、宣说。应当如此记住。
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် စတုတ္ထစျာန်သမာဓိသို့ ဆိုက်ရောက်သည်တိုင်အောင် သမာဓိထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်ပါက ယင်း စတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေ ပါဒက အကြောင်းရင်း ပြု၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ တက်လှမ်းလိုခဲ့သော် မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိ ကို ဂုဏ်အင်္ဂါ ရှစ်တန်တို့နှင့် ပြည့်စုံအောင် လေ့ကျင့်ထားလေရာသတည်း။
贤善的瑜伽行者,如果已经建立定直至第四禅等至,并且想以这第四禅定作为观的基础与原因,进至见清净阶段,就应当训练自己已经获得的第四禅定,使之圆满具足八种功德。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。