如何观照心脏中存在的业生色聚

色业处部分 · 原书第 701–704 页 · 28 个翻译单元

本页并入了原书的相邻小节:如何观修与把握心生色。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 701 页
နှလုံး၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ
如何观照心脏中存在的业生色聚
မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယဝတ္ထု။ (ဝိသုဒ္ဓိ-၂-၇၇။) ၁။ သုတ္တန်နည်းအရ ဘဝင်မနောအကြည်ကို မနောဓာတ်ဟု ခေါ်၏။
“心所依处以作为意界与意识界的所依为特相。”1.依经法,称有分意净界为“意界”。
၂။ ဒွေပဉ္စဝိညာဏ်မှ တစ်ပါးသော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်သွားကြသော ဝီထိစိတ် အားလုံးကို မနော- ဝိညာဏဓာတ်ဟု ခေါ်၏။ ယင်း မနောဓာတ် မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့၏ မှီရာဖြစ်ခြင်း သဘော လက္ခဏာရှိသော ရုပ်သဘောတရားကား ဟဒယဝတ္ထုတည်း။ ယင်းဟဒယဝတ္ထု ပါဝင်သော ရုပ်ကလာပ်ကား ဟဒယဒသက ကလာပ်တည်း။ (ဒွေပဉ္စဝိညာဏ်တို့ကား ဆိုင်ရာ အကြည်ဓာတ်များကိုသာ မှီ၍ ဖြစ်ကြ၏၊ ဟဒယ ဝတ္ထုရုပ်ကို မမှီကြပေ။ သို့အတွက် ဒွေပဉ္စဝိညာဏ်မှ တစ်ပါးသော ကြွင်းကျန်သော စိတ်အားလုံးကို ဤ၌ မနော- ဝိညာဏဓာတ်ဟု ဆိုလိုသည်။) ဤဟဒယဝတ္ထုရုပ်ကို ရှုပွားပုံကို ရှေးပိုင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ (ဤကျမ်း စာမျက်နှာ-၆၃၆-တွင် ကြည့်ပါ။) အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို မိအောင် သိမ်းဆည်းပါ။ ယင်း ဘဝင်မနောအကြည်ဓာတ်နှင့် မနောဝိညာဏဓာတ်တို့သည် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေရကား ဟဒယဝတ္ထုဟူသည် အရောင်တဖျတ်ဖျတ်
2.除了双五识以外,所有依心所依处色而生的心路心,都称为“意识界”。具有作为意界与意识界这些识心之依处这一特相的色法,就是心所依处;含有这种心所依处的色聚,就是心所依处十法聚。〔双五识只依各自相应的净界而生,不依心所依处色;因此,这里所谓意识界,是指除双五识以外的一切其余心。〕前文已说明心所依处色的观法〔见本书第636页〕。应准确把握作为“主人”的有分意净界。由于有分意净界与诸意识界都依心所依处色而生,所谓心所依处,就存在于发出闪烁光色的——
ထွက်နေသော မနောဓာတ်နှင့် မနောဝိညာဏဓာတ်ဟူသော နာမ်အကြည်ဓာတ်တို့၏ အောက်၌ ကပ်လျက် တည်နေသော မကြည်သော ရုပ်ကလာပ်အမှုန်ထဲတွင် တည်ရှိနေ၏။
——意界与意识界这些名净界正下方、紧贴着它们的不透明色聚微粒之中。
〔အထ ဝါ သဗ္ဗမ္ပိ စိတ္တံ သဘာဝတော ပဏ္ဍရမေဝ (မူလဋီ-၁-၉၅)။ ပ ။ သဘာဝေါဝါယံ စိတ္တဿ ပဏ္ဍရတာ (မူလဋီ-၁-၁၂၅) = စိတ်အားလုံးသည်ပင် သဘာဝအားဖြင့် ဖြူစင်၏၊ ကြည်လင်၏။〕 ထိုရုပ်ကလာပ်အမှုန်ကို ဓာတ်ခွဲကြည့်ပါက ရုပ်ပရမတ် သဘောတရား (၁ဝ)မျိုးကို တွေ့ရှိမည် ဖြစ်၏။
“〔或者,一切心就其自性而言都是洁白清净的。(《根本复注》1-95。)……心的洁白清净正是这样的自性。(《根本复注》1-125。)=一切心就其自性而言都是清净、明澈的。〕”分析该色聚微粒时,会看见10种究竟色法。
ယင်းတွင် ဟဒယဝတ္ထုရုပ် ပါဝင်လျက် ရှိ၏။ ရှေးဦးစွာ ထို (၁ဝ)မျိုးသော ရုပ်သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ထိုနောင် ထို (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရားတို့၏ ပြိုင်တူ ဖြစ်ဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် ခြုံရှုထားပါ။
其中含有心所依处色。首先,应以智逐一分别、分析而观照这10种色法;随后,再总摄观照,以智看见这10种究竟色法同时不断生起。
နှလုံးအိမ်အတွင်း၌ မနောဓာတ် မနောဝိညာဏဓာတ်ဟူသော နာမ်အကြည်ဓာတ်အပြင် ကာယဒသက ကလာပ်ဟူသော ရုပ်အကြည်ဓာတ် = ကာယအကြည်ဓာတ် ပါဝင်သည့် ရုပ်ကလာပ်အမှုန်များလည်း တည်ရှိ နေ၏။ ထို ရုပ်အကြည်ဓာတ်နှင့် နာမ်အကြည်ဓာတ်မှာ တစ်ခုနှင့်တစ်ခု မတူထူးခြားချက် ရှိနေ၏။ ရုပ်အကြည် ဓာတ်မှာ ကြည်သည့် ရုပ်ကလာပ်အမှုန်များအနေဖြင့် ကာယဒသက ကလာပ်အနေဖြင့် နှလုံးအိမ် အနှံ့အပြား၌ ဖြစ်ပွား တည်ရှိနေ၏။ ဖောဋ္ဌဗ္ဗာရုံ၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော အကြည်ဓာတ် ဖြစ်၏။ နာမ်အကြည် ဓာတ်ကား မနောဓာတ် မနောဝိညာဏဓာတ်ဟု နှစ်မျိုး ရှိ၏။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဟူသော မနောဝိညာဏဓာတ်တို့ကား သမာဓိအားကောင်းလျှင် အားကောင်းသလို အလွန် ကြည်လင်တောက်ပသော သဘော ရှိ၏။ ဘဝင်မနောအကြည်ဓာတ်ဟူသော နာမ်အကြည်ဓာတ်မှာလည်း ယင်း ဘဝင်ဝိပါက်တရားကို ဖြစ်စေတတ်သော အကြောင်းရင်းကံ၏ အရှိန်အဝါ သတ္တိအားကောင်းလျှင် အားကောင်းသလို တောက်ပလျက်
在心脏内,除了称为意界与意识界的名净界以外,也存在称为身十法聚的物质透明色聚微粒,其中含有物质净界=身净界。物质净界与名净界彼此有别:物质净界以透明色聚微粒、即身十法聚的形态,遍布心脏而生起存在,是堪受触所缘撞击的净界。名净界则有意界与意识界两类。称为止修心与观修心的意识界,其定力越强,便越清净明亮;称为有分意净界的名净界,也会随着能生该有分异熟法之因业的力量越强而越显得明亮——
ကြည်လင်လျက် ရှိနေပေသည်။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဟူသော နာမ်အကြည်ဓာတ် မနော ဝိညာဏဓာတ်ကြောင့် ဖြစ်ပေါ်သွားသော အရောင်အလင်း၏ တဖျတ်ဖျတ် တောက်ပမှုမှာ ရှေးအလင်းရောင်-
——清净。由称为止修心、观修心的名净界——意识界——所生之光色,其闪烁明亮的情形,正如前面“光明”部分——
原书第 702 页
ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင်ပင် သောင်းလောကဓာတ်တစ်ခွင်သို့ တိုင်အောင်ပင် ပျံ့နှံ့၍ ထွက်သွားတတ်၏။
——所解释的那样,不仅能散布于内在,也能向外在散发,乃至遍及一万个世界系。
ရုပ်အကြည်ဓာတ်ကား ထိုကဲ့သို့ မဟုတ်ပေ။ အတိတ်ကံအားလျော်စွာ အကြည်ရုပ်ကလာပ်အမှုန်အနေ ဖြင့်သာ ဖြစ်နေ၏၊ အတိတ်ကံ အရှိန်အဝါ အားကောင်းလျှင် အားကောင်းသလို ကြည်လင်မှု တောက်ပမှုကား ရှိနိုင်၏၊ သို့သော် ရုပ်ကလာပ်အမှုန်အနေဖြင့်သာ ဖြစ်ပေါ်နေပေသည်။ နာမ်အကြည်ဓာတ်မှ လင်းရောင်ခြည် များ တဖျတ်ဖျတ် ထွက်ပေါ်လာနိုင်သော်လည်း ရုပ်အကြည်ဓာတ်မှကား လင်းရောင်ခြည်များ တဖျတ်ဖျတ် တောက်ပလျက် ထွက်ပေါ်မလာနိုင်ပေ။
物质净界却并非如此。它只依过去业而以透明色聚微粒的形态生起;过去业的力量越强,它虽也可能越透明、明亮,却仍只是以色聚微粒的形态生起。名净界可以发出一道道闪烁光线,物质净界却不能发出如此闪烁明亮的光线。
နာမ်အကြည်ဓာတ်မှ တဖျတ်ဖျတ် ထွက်ပေါ်လာသော အရောင်အလင်းဟူသည် ရှေးအလင်းရောင်ပိုင်း တွင် ရှင်းပြခဲ့သည့်အတိုင်း စိတ္တဇသြဇဋ္ဌမက ရုပ်ကလာပ်တို့တွင် တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပ မှုနှင့် ယင်းစိတ္တဇသြဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် ပါဝင်တည်ရှိသော တေဇောဓာတ် ဥတုကြောင့် ဆင့်ကဲ ဖြစ်ပွား လာကြသော ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပမှု ဖြစ်၏။
所谓从名净界发出的闪烁光色,如前面“光明”部分所解释,是心生食素八法聚中颜色界=色所缘的明亮,以及由每一心生食素八法聚所含的火界时节辗转产生的时节生食素八法聚中,颜色界=色所缘的明亮。
သို့သော် ယင်း စိတ္တဇကလာပ် ဥတုဇကလာပ်တို့ကား မကြည်ပါ။ ယင်းရုပ်ကလာပ်တို့၌ ပသာဒ အကြည်ဓာတ်များ မပါဝင်သဖြင့် မကြည်ဟု ဆိုခြင်း ဖြစ်၏။
然而,这些心生色聚与时节生色聚并不透明。由于这些色聚中不含净色=净界,所以称为“不透明”。
မနောဓာတ် မနောဝိညာဏဓာတ်ဟူသော နာမ်အကြည်ဓာတ်ကား ကြည်လင်နေသည့်သဘောသက်သက် မျှသာ ဖြစ်၏၊ ယင်း မနောဓာတ်နှင့် သမထဘာဝနာစိတ်၊ ဝိပဿနာဘာဝနာစိတ်ဟူသော မနောဝိညာဏဓာတ် ဤနှစ်မျိုးသော နာမ်အကြည်ဓာတ်တို့ကြောင့် ဖြစ်ပေါ်လာသော စိတ္တဇသြဇဋ္ဌမက ကလာပ်တို့၌ ပါဝင်သော ဝဏ္ဏဓာတ် = ဝဏ္ဏာယတန၊ ယင်းစိတ္တဇ ရုပ်ကလာပ်များတွင် ပါဝင်သော တေဇောဓာတ်ဥတုမှ ဆင့်ကဲ ဖြစ်ပွား လာသော ဥတုဇသြဇဋ္ဌမက ကလာပ်တို့၌ ပါဝင်သော ဝဏ္ဏဓာတ် = ဝဏ္ဏာယတနတို့ကသာ ပြိုးပြိုးပြက် အရောင် တလက်လက် တောက်ပခြင်း ဖြစ်သည်။ ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသက ကလာပ်ကား ထိုကဲ့သို့ ပြိုးပြိုးပြက် အရောင်တလက်လက် တောက်ပမှု မရှိပေ။ ဤကား ရုပ်အကြည်ဓာတ်နှင့် နာမ်အကြည်ဓာတ်တို့၏ ထူးခြားမှုတည်း။
称为意界与意识界的名净界,只具有清净明澈这一性质。由意界,以及称为止修心、观修心的意识界这两类名净界所生的心生食素八法聚,其中所含的颜色界=色处;又由这些心生色聚所含的火界时节辗转产生的时节生食素八法聚,其中所含的颜色界=色处——只有这些颜色界才会闪烁发光、光色灿然。含有身净界的身十法聚,则没有这种闪烁发光的现象。这就是物质净界与名净界的差别。
တစ်ဖန် နှလုံးအတွင်း၌လည်း ဘာဝရုပ် ပါဝင်သည့် ဘာဝရုပ်လျှင် (၁ဝ)ခုမြောက်ရှိသော ဘာဝဒသက ကလာပ်များလည်း များစွာပင် ရှိနေပေသည်။ သို့အတွက် နှလုံး၌ ဟဒယဒသက ကလာပ်၊ ကာယဒသက ကလာပ်၊ ဘာဝဒသက ကလာပ်ဟု ကမ္မဇ ရုပ်ကလာပ် (၃)မျိုး ရှိသည်။ ထိုရုပ်ကလာပ်တိုင်း၌ (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မြင်အောင် ရှေးဦးစွာ ရှုပါ။ ထိုနောင် ကလာပ် တစ်ခု တစ်ခု အတွင်း၌ (၁ဝ)မျိုး (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရားတို့၏ ပြိုင်တူ ဖြစ်ပေါ်နေ မှုကို ဉာဏ်ဖြင့် မြင်အောင် ခြုံ၍ ရှုပါ။
再者,心脏内也有许多性根十法聚,其中含有性根色,并以性根色为第十法。因此,心脏中共有3类业生色聚:心所依处十法聚、身十法聚、性根十法聚。首先,应在每一色聚中以智逐一分别、分析而观见其中10种究竟色法;随后,再总摄观照,以智看见每一个色聚内各自10种究竟色法同时生起。
အခက်အခဲကို ကျော်လွှားနိုင်ရေး
如何克服困难
ဤကဲ့သို့ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုရာ၌ အသင်ယောဂီသူတော်ကောင်း၏ ဉာဏ် ဝယ် မရှင်းမလင်း ဝိုးတိုးဝါးတား ဖြစ်နေပါက အာနာပါနဿတိ သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ဖို့ လိုပေ သည်။ စတုတ္ထစျာန်သမာဓိသို့တိုင်အောင် သမာဓိထူထောင်ထားပြီးသူ ဖြစ်ပါက ထိုစတုတ္ထစျာန်သမာဓိကိုပင် တစ်ဖန်ပြန်၍ သမာဓိထူထောင်ပါ။ ထိုသမာဓိနှင့် ယှဥ်တွဲလျက်ရှိသော ဉာဏ်ကြောင့် အရောင်အလင်းများ တဖျတ်ဖျတ် တောက်ပလာသောအခါ ထိုဉာဏ်အရောင်အလင်း၏ အကူအညီဖြင့် ရုပ်ကလာပ်များကို ဉာဏ်ဖြင့်
像这样以智分别、分析而观照诸色聚时,若贤善瑜伽行者的智仍不清楚、模糊不明,就需要重新建立入出息念之定。若已曾把定力建立到第四禅,则应重新进入并建立第四禅定。当与该定相应的智使光明闪烁、明亮起来时,借助这种智光,以智对诸色聚——
原书第 703 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ခွဲခြားစိတ်ဖြာ၍ ရှုပါ၊ ဓာတ်ခွဲပါ။ သမာဓိအားကောင်းလျှင် အားကောင်းသလောက် လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာမည် ဖြစ်၏။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းသည်နှင့်အမျှ ရုပ်ကလာပ်တို့အတွင်း၌ တည်ရှိသော ရုပ်ပရမတ်သဘောတရားတို့ကို ရှင်းရှင်းလင်းလင်း တွေ့ရှိနေမည်သာ ဖြစ်သည်။ ကြွင်းကျန်သော ရုပ်တရားများနှင့် နာမ်တရားများကို သိမ်းဆည်းရာ၌လည်း အသိဉာဏ် မသန့်မရှင်း ဖြစ်နေပါက အလားတူပင် သမာဓိကို တစ်ဖန် ပြန်လည် ထူထောင်၍ သမာဓိအားကောင်းလာသောအခါမှ ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ ရှုပါ။
——分别、分析而观照、解析诸色聚。定力越强,光明的力量就越强;光明的力量越强,便越能清楚看见色聚内的究竟色法。把握其余色法与名法时,若智仍不清明,也应同样重新建立定力;待定力增强后,再重新观照名色。
သိမ်မွေ့သော ပုလဲ သန္တာတို့ကို ထွင်းဖောက်လိုသည်ရှိသော် အလွန် သိမ်မွေ့ ထက်မြက်သော စူးသည် ဖြစ်သင့်သကဲ့သို့ ထို့အတူ နူးညံ့သိမ်မွေ့သော နာမ်ရုပ်တို့ကိုလည်းကောင်း၊ ယင်းနာမ်ရုပ်၏ အကြောင်းတရား တို့ကိုလည်းကောင်း သိမ်းဆည်းသည်ရှိသော် ထက်မြက် စူးရှသော ဉာဏ်သည် ဖြစ်သင့်၏။ ထိုဉာဏ်၏ အလွန် ထက်မြက်သည်၏ အဖြစ်ကိုလည်း --- ဓားသွေးကျောက်ထက်၌ သိမ်မွေ့ ပြေပြစ်အောင် မြမြထက်အောင် သွေး ခြင်းဖြင့် ပေါက်ဆိန်သွား၏ ထက်မြက်မှုကို ရရှိနိုင်သကဲ့သို့ --- သီလတည်းဟူသော မြေ၌ ရပ်တည်လျက် သမာဓိ တည်းဟူသော မြတ်သော ကျောက်ထက်၌ ဝီရိယတည်းဟူသော လက်ဖြင့် ဉာဏ်တည်းဟူသော သန်လျက်ကို မြမြထက်အောင် သွေးခြင်းဖြင့် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေ (၅)ပါးတို့၏ ထက်မြက်စူးရှ သည်၏ အဖြစ်သို့ ရောက်စေလျက် ဉာဏ်၏ ထက်မြက်စူးရှမှုကို ပြီးစေအပ်ပေသည်။ ဤအရာမျိုး၌ အသင်
想要钻穿细致的珍珠、珊瑚,必须使用极其细锐的锥子;同样,要把握微细的名色及其因法,也必须具有锐利、敏捷的智慧。正如在磨刀石上细细磨砺,能使斧刃锋锐;同样,立于戒之地,以精进之手,在定这一殊胜磨石上磨利智慧之剑,使“သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ”〔信、精进、念、定、慧〕五根达到锐利敏捷,从而成就智慧的锐利。在这样的事情上,你这位——
ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သမာဓိ၏ တန်ဖိုးနှင့် သမာဓိကြောင့် ထက်မြက်စူးရှလာသော ဉာဏ်၏ တန်ဖိုး တို့ကို လွယ်ကူစွာ သဘောပေါက်နိုင်မည် ဖြစ်ပေသည်။
——贤善的瑜伽行者,便能容易理解定力的价值,以及因定力而变得锐利敏捷之智慧的价值。
ဤကား (၆)ဒွါရတို့၌ ကမ္မဇရုပ်တို့၏ ဖြစ်ပုံအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင် ရှုပုံနည်းစနစ်များတည်း။
以上就是以智观见六门中业生色之生起方式的观修方法。
ဤကမ္မဇရုပ်များတွင် ဇီဝိတလျှင် (၉)ခုမြောက် ရှိသော ဇီဝိတနဝက ကလာပ်တို့လည်း အကျုံးဝင်လျက်ပင် ရှိ သည်ဖြစ်၍ ယင်း ဇီဝိတနဝက ကလာပ်ရုပ်တို့ကိုပါ ဆက်လက်၍ သိမ်းကျုံး၍ ရှုပွားပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။
这些业生色中也已经包含以命根为第九法的命根九法聚;因此,也应继续把命根九法聚一并纳入观修,以智辨别并把握。
အကယ်၍ သမာဓိအားကောင်းနေပါလျက် ရုပ်တို့ကို သိမ်းဆည်းရာ၌ အချို့ ဥပါဒါရုပ်များ မထင်မရှား ဖြစ်နေသေးပါက မိမိသိမ်းဆည်းလိုသည့် ရုပ်ကလာပ်၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကိုပင် ထပ်ကာ ထပ်ကာ သိမ်းဆည်းပါ။ ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ (အဘိ-ဋ္ဌ- ၂-၂၄၁။) ဟူသော သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီး၏ ညွှန်ကြားချက်အတိုင်း ရုပ်ကလာပ် တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော ယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ဥပါဒါရုပ်သည် ထင်ရှားလာမည်သာ ဖြစ်ပေသည်။
即使定力已经很强,若把握诸色时仍有某些所造色不明显,就应反复把握所要观的色“对于把握这四大种的人,所造色会变得明显。”依这部大义注的指示,能够以智辨别、把握每一色聚内四大种的瑜伽行者,其智中所造色必会显明。
စိတ္တဇရုပ်များကို ရှုပွားသိမ်းဆည်းပုံ
如何观修与把握心生色
ရှေးပိုင်းတွင် စိတ္တဇရုပ်တို့၏ ဖြစ်ပုံအခြင်းအရာကို ဖော်ပြခဲ့၏။ ယင်း ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ မိန့်ဆိုတော်မူချက်များအရ --- ပဋိသန္ဓေစိတ်မှ လွဲလျှင် အချို့ ဆရာမြတ်တို့၏ အယူအဆအရ ပဋိသန္ဓေစိတ် စုတိစိတ်မှ လွဲလျှင် ဘဝတစ်လျှောက်လုံး၌ ပဉ္စဝေါကာရဘုံသားတို့၏ ရုပ်သန္တတိအစဥ်ဝယ် နှလုံးအိမ်၏ အ- တွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော ကျန်စိတ်ဟူသမျှသည် စိတ္တဇရုပ်များကို ထိုက်သလို ဖြစ်စေနိုင်သည်ဟု လိုရင်းကို မှတ်သားထားပါ။ ထို ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်နေသော စိတ်ကြောင့် တစ်နည်း ဆိုရသော် စိတ်စေတသိက်တို့ကြောင့် စိတ္တဇရုပ်များ ဖြစ်ပေါ်နေပုံကို ပို၍ သဘောပေါက် မြန်စေရန်အတွက် စတင် ရှုပွားရန် နည်းစနစ်မှာ ဤသို့တည်း။ ---
前文已经说明心生色的生起方式。依这些经、义注、复注的教说,应把握其要义:在五蕴有有情的色相续中,除结生心以外——依某些大德之说,则除结生心与死心以外——一生之中凡依心所依处色而生的其余一切心,都能各随其宜产生心生色。换言之,为了更快理解由依心所依处色而生的心——也就是由心与心所——产生心生色的过程,最初的观修方法如下:
原书第 704 页
စိတ္တဇရုပ်ကလာပ် အမျိုးအစား (၈)စည်း ရှိနေသည့်အနက် ဤတွင် ရှေးဦးစွာ သက်သက်သော စိတ္တဇ သြဇဋ္ဌမကကလာပ်ဟူသော သုဒ္ဓဋ္ဌက ကလာပ်ရုပ်များကို ရှုပွားသိမ်းဆည်းပုံကိုသာ စတင်၍ ဖော်ပြအပ်ပါသည်။
心生色聚共有8组;这里首先只说明如何观修、把握纯粹的心生食素八法聚,也就是纯八法聚。
သမာဓိကို အဆင့်ဆင့် ထူထောင်၍ ရှုပွားတတ် သိမ်းဆည်းတတ်ပြီးသော ကမ္မဇရုပ်များကို (၆)ဒွါရလုံး၌ ရှေးဦးစွာ ပြန်၍ ရှုပွားသိမ်းဆည်းပါ။ ထိုနောင် ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်နေသော ဘဝင်မနောအကြည်ဓာတ်ကို စိတ်စိုက်ထားပါ။ ထို ဘဝင်မနောအကြည်ဟူသော မနောဓာတ်နှင့် ဝီထိစိတ်ဟူသော မနောဝိညာဏဓာတ်များ ကြောင့် စိတ္တဇရုပ်များ ဖြစ်ပေါ်နေပုံကို စိုက်၍ ရှုကြည့်ပါ။
逐步建立定力,先在六门中重新观修、把握已经熟习观照的业生色。随后,专注于依心所依处色而生的有分意净界,观察由称为有分意净的意界,以及称为心路心的意识界所产生的心生色。
အကယ်၍ ဤသို့ရှုရာ၌ လွယ်လွယ်ကူကူဖြင့် သဘောမပေါက် ဖြစ်နေပါက ဘဝင်မနောအကြည်ဓာတ် တွင် စိတ်စိုက်ထား၍ လက်ညှိုးတစ်ချောင်းကို အနည်းငယ် ကွေးဆန့်ကြည့်ပါ။ ထိုသို့ ပြုလုပ်ရာ၌ လက်ညှိုးကို စိတ်စိုက် မကြည့်ပါနှင့်၊ ဘဝင်မနောအကြည်ဓာတ်၌သာ စိတ်ကို စိုက်ထား၍ ရှေးဦးစွာ ကွေးချင် ဆန့်ချင်သော စိတ် ကွေးမှု ဆန့်မှုကို ဖြစ်စေသော စိတ်များကိုသာ မြင်အောင်ရှုပါ။ ထိုစိတ်တို့ကို ဉာဏ်ဖြင့် မြင်သောအခါ ထိုစိတ်များကြောင့် စိတ္တဇသြဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာ အဆက်မပြတ် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက်၍ ရှုပွားပါ။ ယင်းစိတ္တဇရုပ်တို့၏ (၆)ဒွါရလုံးသို့ ပျံ့နှံ့၍ ဖြစ်နေပုံကိုပါ ဆက်လက်၍ ဉာဏ်ဖြင့် မြင် အောင် ရှုပါ။ ယင်းစိတ္တဇရုပ်ကလာပ်တို့ကား မကြည်ပေ။ ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ ပထဝီမှ သြဇာ သို့တိုင်အောင် (၈)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ (၆)ဒွါရ
若这样观照仍不能容易理解,就把心专注于有分意净界,轻微屈伸一根食指。这样做时,不要专注食指,只专注有分意净界;首先只观见想要屈、想要伸的心,以及造成屈伸动作的诸心。以智观见这些心之后,再继续观修,以智看见由这些心所生的大量心生食素八法聚连续不断地生起,并进一步以智看见这些心生色遍及六门。这些心生色聚并不透明。应以智逐一辨别、把握每一色聚内从地界直至食素的8种究竟色法;再在六门——
လုံး၌ လှည့်လည်၍ သိမ်းဆည်းရှုပွားပါ။ ထို ကွေးချင် ဆန့်ချင်သော စိတ်ကြောင့် ရုပ်ကလာပ်များစွာတို့ ဖြစ်နေ ပုံကို သဘောပေါက်ပါက ကြွင်းကျန်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်နေသော စိတ်တိုင်း စိတ်တိုင်းသည် စိတ္တဇ ရုပ်ကလာပ်ပေါင်းများစွာကို ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ ရှေးနှင့်နောက် အစဥ်မပြတ် ဆက်စပ်လျက် ဖြစ်နေပုံကိုလည်း သဘောပေါက်အောင် ဆက်လက် ရှုပွားသိမ်းဆည်းပါ။ ဤစိတ္တသမုဋ္ဌာန်ရုပ်တို့တွင် ဝိပါက်စိတ် ကြောင့် ဖြစ်သော ကမ္မပစ္စယ စိတ္တသမုဋ္ဌာန်ရုပ်များလည်း ပါဝင်လျက် ရှိသည်။ ရုပ်အတုများနှင့် ရောနှောနေ သည့် စိတ္တသမုဋ္ဌာန်ရုပ်တို့ကို ရှုပွားပုံကို နောက်ပိုင်းတွင် ဆက်လက် ဖော်ပြမည် ဖြစ်ပါသည်။ ဤအပိုင်းတွင် ကား စိတ်နှင့် စိတ္တဇရုပ်တို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို အထူးဂရုပြု၍ ဉာဏ်ဖြင့် မြင်အောင် ရှုပွား သိမ်းဆည်းပါ။
——中轮流加以把握、观修。若已理解由想屈、想伸之心产生大量色聚的过程,就应继续观修、把握,直至理解:其余每一个依心所依处色而生的心,也都在每一生时连续不断地产生大量心生色聚。这些心所生色中,也包括由异熟心产生的“业缘心生色”。至于与非真实色法混合在一起的心所生色,后文将继续说明其观法;在本部分,应特别留意心与心生色之间的因果联系,以智观见、观修并把握。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。