特别应注意并记住
应当建立定 · 原书第 198–207 页 · 89 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 198 页
အထူးသတိပြု၍ မှတ်သားရန်
特别应注意并记住
သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိကို ပြည့်စုံစေလိုသော် ဓာတ်ကြီးလေးပါးကို စတင်၍ သိမ်း- ဆည်းရ၏။ ထိုဓာတ်ကြီးလေးပါးကို အာရုံပြု၍ ထူထောင်ထားသော အထွတ်အထိပ်သို့ ရောက်လာသော ကာမာ- ဝစရသမာဓိကို အဋ္ဌကထာက ဥပစာရသမာဓိဟုလည်းကောင်း၊ မဟာဋီကာက ခဏိကသမာဓိဟုလည်းကောင်း အသီးအသီး ခေါ်ဝေါ်သုံးစွဲထားသည်ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မှတ်သားထားပါ။ ထိုသို့ ခေါ်ဝေါ် သုံးစွဲပုံနှင့် ပတ်သက်၍ မဟာဋီကာတွင် ဤသို့ ရှင်းပြထား၏။
纯观乘者若想圆满见清净,必须从把握四界开始。请清楚记住:以这四界为所缘建立而达到最高程度的欲界定,义注称为“近行定”,《大复注》称为“刹那定”。关于这种称名方式,《大复注》作如下解释。
原书第 199 页
သမာဓိထူထောင်သင့်ပုံပိုင်း ဥပစာရသမာဓီတိ စ ရုဠှီဝသေန ဝေဒိတဗ္ဗံ၊ အပ္ပနံ ဟိ ဥပေစ္စ စာရီ သမာဓိ ဥပစာရသမာဓိ၊ အပ္ပနာ စေတ္ထ နတ္ထိ။ တာဒိသဿ ပန သမာဓိဿ သမာနလက္ခဏတာယ ဧဝံ ဝုတ္တံ။ (မဟာဋီ-၁-၄၃၆။) ဤဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ဓာတ်ကြီးလေးပါးကို အာရုံပြု၍ ဖြစ်ပေါ်လာသော အထွတ် အထိပ်သို့ ရောက်ရှိလာသော ကာမာဝစရသမာဓိကို ဥပစာရသမာဓိဟူ၍ အဋ္ဌကထာဆရာတော် မိန့်ဆိုခြင်း မှာလည်း မုချအားဖြင့် မိန့်ဆိုခြင်းကား မဟုတ်၊ အတင် ရုဠှီ၏ အစွမ်းဖြင့်သာလျှင် မိန့်ဆိုသောစကား ဖြစ်သည်ဟု အသိအမှတ် ပြုပါလေ။ မှန်ပေသည် ---- အပ္ပနာစျာန်သမာဓိ၏ အနီးအပါးသို့ ကပ်ရောက်၍ ဖြစ်လေ့ရှိသော အထွတ်အထိပ်သို့ ရောက်ရှိနေသော ရောက်ရှိလာသော ကာမာဝစရသမာဓိသည်သာလျှင် ဥပစာရသမာဓိ အစစ် မည်ပေသည်။ ဤစတုဓာတုဝဝတ္ထာန် အမည်ရသည့် ဓာတ်ကမ္မဋ္ဌာန်း၌လည်း နက်နဲသော ပရမတ္ထဓမ္မသဘာဝ ကို အာရုံပြုနေရသောကြောင့် အပ္ပနာစျာန်သမာဓိသည် မရှိဖြစ်ခဲ့၏။ သို့သော် အပ္ပနာစျာန်သမာဓိ၏ အနီးဝယ်
巴利引文(缅文转写):“ဥပစာရသမာဓီတိ စ ရုဠှီဝသေန ဝေဒိတဗ္ဗံ၊ အပ္ပနံ ဟိ ဥပေစ္စ စာရီ သမာဓိ ဥပစာရသမာဓိ၊ အပ္ပနာ စေတ္ထ နတ္ထိ။ တာဒိသဿ ပန သမာဓိဿ သမာနလက္ခဏတာယ ဧဝံ ဝုတ္တံ။”(《大复注》1-436。)此复注的意思如下:义注师把以四界为所缘而生起、达到顶点的欲界定称为“近行定”,并非依本义而说,只应理解为依约定俗成的用法而说。真正的近行定,是紧邻安止禅定而生、已达到顶点的欲界定。在称为四界分别观的界业处中,因为所缘是深奥的究竟法的自性,所以不能生起安止禅定。然而,这种定同在安止禅定附近——
ဖြစ်လေ့ရှိသော ဥပစာရသမာဓိအစစ်နှင့် သမာဓိဒီဂရီ စံချိန်ချင်း တူညီသော သဘောလက္ခဏာရှိသောကြောင့် ဓာတ်ကြီးလေးပါးကို အာရုံပြု၍ ဖြစ်ပေါ်လာသော အထွတ်အထိပ်သို့ ရောက်ရှိနေသော ရောက်ရှိလာသော ကာမာဝစရသမာဓိကိုလည်း သဒိသူပစာရအားဖြင့် တင်စား၍ ဥပစာရသမာဓိဟု အဋ္ဌကထာဆရာတော်က မိန့်ဆို တော်မူခြင်း ဖြစ်သည်။ (မဟာဋီ-၁-၄၃၆။) 〔သဒိသူပစာရ ---- သဒိသ = တူညီသော + ဥပစာရ = တင်စားထားသောစကား။ တူညီမှုရှိ၍ တင်စား ခေါ်ဝေါ်ထားသော စကားကို သဒိသူပစာရစကားဟု ခေါ်သည်။〕 ဤအထက်ပါ ဋီကာဆရာတော်၏ ရှင်းလင်းချက်အရ အပ္ပနာစျာန်သမာဓိ တစ်ခု တစ်ခု၏ အနီး၌ ကပ် ရောက်၍ ဖြစ်နေသော ထိုစျာန်၏ အာရုံဖြစ်သော သမထနိမိတ်ကို သို့မဟုတ် ပဋိဘာဂနိမိတ်ကိုပင် အာရုံပြု၍ နေသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိသည်သာလျှင် မုချအားဖြင့် ဥပစာရသမာဓိ ဟူသော အမည်ကို ရရှိပေသည်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်၏ ဓာတ်ကြီးလေးပါးကို အာရုံပြု၍ ထူထောင်
——通常生起的真正近行定,在定的程度上具有相同特征,所以义注师依“同类借称”,也把以四界为所缘而生起、达到顶点的欲界定称为近行定。(《大复注》1-436。)〔所谓“同类借称”(sadisūpacāra):sadisa 意为“相同”,upacāra 意为“借称之语”;因相同而借用的称谓,称为“同类借称”。〕依上述复注师的解释,只有紧邻某一安止禅定,以作为该禅所缘的止禅禅相或似相本身为所缘、已达到顶点的欲界定,才依本义称为近行定。纯观乘者以四界为所缘所建立、达到顶点的欲界定,
ထားသော အထွတ်အထိပ်သို့ ရောက်ရှိနေသော ကာမာဝစရသမာဓိမှာ ဥပစာရသမာဓိအစစ်နှင့် သမာဓိ အဆင့် အတန်းချင်း တူညီ၍သာလျှင် သဒိသူပစာရအားဖြင့် ဥပစာရသမာဓိဟူသော အမည်ကို ရရှိခြင်း ဖြစ်သည်ဟု မှတ်ပါ။ ယင်းသမာဓိကိုပင် ဋီကာဆရာတော်က မုချအားဖြင့် ခဏိကသမာဓိဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပေသည်။ ထိုသို့ ခေါ်ဝေါ်သုံးစွဲရာ၌ အကြောင်းကား ဤသို့တည်း။
只是由于其定力层级与真正的近行定相同,才依同类借称而得到“近行定”之名,应当如此理解。复注师依本义把这种定称为“刹那定”。为何作此称呼,说明如下。
သမထပိုင်း - ခဏိကသမာဓိ
止禅部分——刹那定
သာ ပနေသာ ပဉ္စ ဝိဓာ ပီတိ ဂဗ္ဘံ ဂဏှန္တီ ပရိပါကံ ဂစ္ဆန္တီ ဒုဝိဓံ ပဿဒ္ဓိံ ပရိပူရေတိ ကာယပဿဒ္ဓိဉ္စ စိတ္တပဿဒ္ဓိဉ္စ။ ပဿဒ္ဓိ ဂဗ္ဘံ ဂဏှန္တီ ပရိပါကံ ဂစ္ဆန္တီ ဒုဝိဓမ္ပိ သုခံ ပရိပူရေတိ ကာယိကဉ္စ စေတသိကဉ္စ။ သုခံ ဂဗ္ဘံ ဂဏှန္တံ ပရိပါကံ ဂစ္ဆန္တံ တိဝိဓံ သမာဓိံ ပရိပူရေတိ ခဏိကသမာဓိံ ဥပစာရသမာဓိံ အပ္ပနာသမာဓိန္တိ။
这5种喜以轻安为胎,渐至成熟时,便圆满身轻安与心轻安这2种轻安;轻安又以乐为胎,渐至成熟时,便圆满身乐与心乐这2种乐;乐以定为胎,渐至成熟时,便圆满刹那定、近行定与安止定这3种定。
(ဝိသုဒ္ဓိ-၁-၁၄ဝ။ အဘိ-ဋ္ဌ-၁-၁၆ဝ။)
(《清净道论》1-140;《殊胜义注》1-160。)
= အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
上述义注的意思如下。
စျာန်အင်္ဂါ ငါးမျိုးတို့တွင် ပါဝင်သော ပီတိမှာ ငါးမျိုး ရှိ၏။
禅支中的喜共有5种。
၁။ ခုဒ္ဒိကာပီတိ = ခန္ဓာကိုယ်၌ ကြက်သီးမွေးညင်း ထရုံမျှကိုသာလျှင် ပြုလုပ်ခြင်းငှာ စွမ်းနိုင်သော စွမ်း အင်သေးငယ်သောပီတိ။
1.小喜(khuddikā-pīti):力量微小,只能使身体汗毛竖起的喜。
原书第 200 页
၂။ ခဏိကာပီတိ = ခဏတိုင်း ခဏတိုင်း၌ လျှပ်စစ်လက်သကဲ့သို့ ဖြစ်ပေါ်နေသော ပီတိ။
2.刹那喜(khaṇikā-pīti):一刹那一刹那如闪电般生起的喜。
၃။ သြက္ကန္တိကာပီတိ = သမုဒ္ဒရာ ဒီရေလှိုင်းကဲ့သို့ ရင်ထဲတွင် အလိပ်လိုက် အလိပ်လိုက် တက်၍ တက်၍ ပျက်သွားသော ပီတိ။
3.继起喜(okkantikā-pīti):如海潮一般,在胸中一浪接一浪地涌起,又一浪接一浪地消退的喜。
၄။ ဥဗ္ဗေဂါပီတိ = ခန္ဓာကိုယ်ကို အထက်သို့ တက်အောင်ပြု၍ ကောင်းကင်၌ တွဲလျားဆွဲထားသကဲ့သို့ တည်နေနိုင်သော ပမာဏရှိသော အလွန်အားကောင်းသော ပီတိ။
4.踊跃喜(ubbegā-pīti):力量极强,足以令身体向上升起,甚至如悬在空中一般停住的喜。
၅။ ဖရဏာပီတိ = လေဖြင့် ပြည့်နေသော သားရေအိတ်ကဲ့သို့၊ ကြီးစွာသော ရေအလျဥ်ဖြင့် စီးဆင်းနေ
5.遍满喜(pharaṇā-pīti):如充满空气的皮囊,又如大水奔流的——
သော တောင်ဝှမ်းကဲ့သို့ တစ်ကိုယ်လုံးသို့ ပြန့်နှံ့စိမ့်ဝင်၍ တည်နေသော ပီတိ။ (ပီတိနှင့်
——山谷一般,遍满、渗透全身而安住的喜。(这是说,由与喜相应的心所产生的殊胜——
တကွသော စိတ်ကြောင့်ဖြစ်သော မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့၏ တစ်ကိုယ်
——胜妙心生色遍布全身——
လုံးသို့ ပြန့်နှံ့၍ တည်နေမှု ဖြစ်နေမှုကို ဆိုလိုသည်။)
——而安住、生起的状态。)
စျာန်အင်္ဂါ ငါးပါးတို့တွင် ပါဝင်သော ထို ငါးမျိုးသော ပီတိသည် စိတ် စေတသိက်တို့၏ ငြိမ်းအေးခြင်း = ပဿဒ္ဓိ၏ တည်ရာ နေရာဟူသော ကိုယ်ဝန်ကို ယူလျက် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိတည်းဟူသော စိတ်စေတသိက်တို့၏ ငြိမ်းအေးမှု (= ပဿဒ္ဓိ) နှစ်မျိုးကို ပြည့်စုံစေနိုင်၏။ ပဿဒ္ဓိ သည် သုခ၏ တည်ရာ နေရာဟူသော ကိုယ်ဝန်ကို ယူလျက် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ကာယိကသုခ စေတသိကသုခဟူသော နှစ်မျိုးသော သုခကို ပြည့်စုံစေနိုင်၏။ သုခသည် သမာဓိ၏ တည်ရာ နေရာဟူသော ကိုယ်ဝန်ကို ယူလျက် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ခဏိကသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိ သုံးမျိုးကို ပြည့်စုံစေနိုင်၏။ (ဝိသုဒ္ဓိ-၁-၁၄ဝ။ အဘိ-ဋ္ဌ-၁-၁၆ဝ။) သမထနယ်တွင် ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူ၍ သမာဓိသုံးမျိုးရှိရာ ဥပစာရသမာဓိ၏ အနီး၌ ကပ်၍ ဖြစ်လေ့ရှိသော ပရိကမ္မသမာဓိကိုပင် ခဏိကသမာဓိဟူ၍ အထက်ပါ အဋ္ဌကထာက ခေါ်ဝေါ်
这5种属于禅支的喜,以心与心所的寂静,即轻安,为胎;渐至成熟时,能圆满身轻安与心轻安这2种心、心所的轻安。轻安以乐为胎;渐至成熟时,能圆满身乐与心乐这2种乐。乐又以定为胎;渐至成熟时,能圆满刹那定、近行定与安止定这3种定。(《清净道论》1-140;《殊胜义注》1-160。)在止禅范围内有遍作定、近行定、安止定3种;上述义注把紧邻近行定之前生起的遍作定称为刹那定。
သုံးစွဲထားပေသည်။ ဤကား သမထနယ်တွင် သုံးနှုန်းထားသော ခဏိကသမာဓိ ဖြစ်သည်။
这就是“刹那定”在止禅范围内的用法。
ဤအဋ္ဌကထာ၏ အသုံးအနှုန်းသို့ လိုက်၍ ဋီကာဆရာတော်ကလည်း သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်၏ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ ထူထောင်ထားသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိ ကိုလည်း မုချအားဖြင့် ခဏိကသမာဓိဟူ၍ပင် ခေါ်ဝေါ်သုံးစွဲထားပေသည်။ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဥ်မှ ထူထောင် ထားသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိဖြစ်သော ယင်းသမာဓိကိုပင် အဋ္ဌကထာက ဥပစာရသမာဓိအစစ်နှင့် အဆင့်အတန်းချင်း တူညီသော သဘောလက္ခဏာ ရှိသောကြောင့် သဒိသူပစာရအားဖြင့် ဥပစာရသမာဓိဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။ အဋ္ဌကထာစကားကား ဥပစာ၊ ဋီကာစကားကား မုချ - ဤသို့ မုချနှင့် ဥပစာသာ ကွာဟသည်၊ ဆန့်ကျင်မှုကား မရှိဟု မှတ်ပါ။ ဤကား သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်၏ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ထူထောင်ထားသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိကို ဥပစာရ သမာဓိ ခဏိကသမာဓိဟု အမည် နှစ်မျိုးဖြင့် ခေါ်ဝေါ်သုံးစွဲပုံနှင့် ဆက်စပ်၍ ရှင်းလင်းတင်ပြချက်တည်း။
依循义注的这种用法,复注师也依本义,把纯观乘者以四界为所缘而建立、达到顶点的欲界定称为刹那定。界业处所建立的这种顶点欲界定,与真正的近行定具有相同的性质与层级,因此义注依同类借称而称它为近行定。义注之说属于借称,复注之说属于本义;两者只是本义与借称的差别,并不相互矛盾。以上是说明:纯观乘者由界业处建立、达到顶点的欲界定,可以“近行定”和“刹那定”两个名称来称说。
အလားတူပင် ဗုဒ္ဓါနုဿတိ အစရှိသော၊ ကြွင်းကျန်သော၊ ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်သော ကမ္မဋ္ဌာန်းတို့တွင် တစ်မျိုးမျိုးသော ကမ္မဋ္ဌာန်းဖြင့် အထွတ်အထိပ်သို့ ရောက်အောင် ထူထောင်ထားသော ကာမာ- ဝစရသမာဓိကိုလည်း မုချ-ဥပစာ နှစ်မျိုး ခွဲ၍ ခဏိကသမာဓိ ဥပစာရသမာဓိဟု အမည်နှစ်မျိုးဖြင့် ခေါ်ဝေါ် သုံးစွဲနိုင်ကြောင်းကိုလည်း သဘောပေါက်လေရာသည်။ တစ်ဖန် ဆက်လက်၍ ဝိပဿနာပိုင်း၌ ခေါ်ဝေါ်သုံးစွဲ ထားသော ခဏိကသမာဓိအကြောင်းကို ရှင်းလင်းတင်ပြအပ်ပါသည်။
同样,对于佛随念等其余能够导向近行定的业处,以其中任何一种业处建立而达到顶点的欲界定,也可从本义与借称两方面,分别称为刹那定与近行定,应当这样理解。下面继续说明观禅部分所使用的“刹那定”。
原书第 201 页
ဝိပဿနာပိုင်း - ခဏိကသမာဓိ
观禅部分——刹那定
၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း (= ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း)၊ ၂။ အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း (= ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း)၊ ၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း (= ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း)၊ ၄။ ပစ္စယပရိဂ္ဂဟ = ပစ္စုပ္ပန်၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း (= ဉာဏ်ဖြင့် ပိုင်းခြား ယူခြင်း)၊ ၅။ အဒ္ဓါနပရိဂ္ဂဟ = အတိတ် အနာဂတ်၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း
1.色把握(rūpa-pariggaha):把握色法,即以智辨别、把握色法;2.非色把握(arūpa-pariggaha):把握名法,即以智辨别、把握名法;3.色非色把握(rūpārūpa-pariggaha):把握色与名,即以智辨别、把握色与名;4.缘把握(paccaya-pariggaha):把握现在的因法与果法,即以智辨别、把握现在因果;5.时分把握(addhāna-pariggaha):也把握过去、未来的因法与果法,
(= ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း) ----
——即以智辨别、把握过去、未来因果。
ဤကား ပရိဂ္ဂဟ ငါးမျိုးတည်း။ ပရိဂ္ဂဟ-ဟူသည် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းတည်း။ ဤ ပရိဂ္ဂဟငါးမျိုး တစ်ဖက်ကမ်းခပ်အောင် ပေါက်ရောက်ပြည့်စုံနေသော ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင် သမ္မသန ဉာဏ် စသော ဝိပဿနာဉာဏ်များကို ပြည့်စုံအောင် ကြိုးစားအားထုတ်ရန် (ဝိသုဒ္ဓိ-၂-၂၄၄။) စသည်၌ ညွှန်ကြား ထားပေသည်။ အကြောင်းကား ဤသို့ ဖြစ်၏။
以上就是5种把握。所谓 pariggaha,就是以智辨别并把握。只有透彻通达并圆满这5种把握的禅修者,才应努力圆满思惟智等观智;《清净道论》2-244 等处如此教导。其理由如下。
အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ-ဋ္ဌ-၁-၁၇၅။) အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိ ကြကုန်သော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကား ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ ပရမတ္ထတရားတို့ ဖြစ်ကြ၏။ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က အညီအညွတ် ပေါင်းစုပြုပြင်၍ ပေးပါမှ ဖြစ်ပေါ်လာကြရသော တရားများ ဖြစ်ခြင်းကြောင့် သင်္ခါရတရားတို့ဟူ၍လည်း ခေါ်ဆို၏။ ယင်း သင်္ခါရတရား တို့ကား သစ္စာဒေသနာတော်နည်းအရ ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားစုတို့သာ ဖြစ်ကြ၏။
依无常等,以种种行相观见诸法,故名为“观”。(《殊胜义注》1-175。)存在于过去、未来、现在3时以及内、外2相续中的色法、名法、因法、果法,都是观智所观的究竟法。这些法必须由各自的因法协同造作才得以生起,所以也称为诸行法。依四圣谛的教说方式,这些行法不外是苦谛与集谛所摄之法。
ယင်းသင်္ခါရတရားစုတို့၏ ---- ၁။ ဖြစ်ခြင်း-ပျက်ခြင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း၊ ၂။ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်းနှိပ်စက်ခံရမှု သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဒုက္ခဟုလည်းကောင်း၊ ၃။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအနေဖြင့် တည်နေသည့် အတ္တမဟုတ်သည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း ---- ဤသို့ စသည်တို့၏ အစွမ်းဖြင့် အထူးထူးသော အခြင်းအရာတို့ဖြင့် သင်္ခါရတရားတို့ကို ရှုတတ်သော ဉာဏ်ပညာသည်သာလျှင် ဝိပဿနာဟူသော အမည်ထူးကို ခံယူထိုက်သောကြောင့် ဖြစ်၏။
对于这些行法:1.以智观见其生灭之性,而观为无常;2.以智观见其不断受到生灭逼迫之性,而观为苦;3.以智观见其中没有一个不坏、坚实、常住的核心或自体,而观为无我。只有这样依无常等,以种种行相观诸行法的智慧,才堪称为“观”。
သို့အတွက် ဝိပဿနာစခန်းဟူသော မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိစသော ဝိသုဒ္ဓိစခန်းများသို့ တက်လှမ်းလို သော ယောဂါဝစရပုဂ္ဂိုလ်သည် ---- ၁။ နာမရူပပရိစ္ဆေဒဉာဏ်ဟူသော ဒိဋ္ဌိဝိသုဒ္ဓိ၊ ၂။ ပစ္စယပရိဂ္ဂဟဉာဏ်ဟူသော ကင်္ခါဝိတရဏဝိသုဒ္ဓိတို့ကို ပြည့်စုံပြီး ဖြစ်ရမည်။ ဉာဏ်အမြင် သန့်ရှင်းပြီး ဖြစ်ရမည်။ အကြောင်းမူကား ယင်းဝိသုဒ္ဓိနှစ်ပါးတွင် အကျုံးဝင်သော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရ တရားတို့ကိုပင် လက္ခဏာယာဥ်သုံးချက် တင်၍ ဝိပဿနာရှုရမည် ဖြစ်သောကြောင့်တည်း။
因此,想要进入道非道智见清净等观禅清净阶段的禅修者,必须已经圆满:1.名色分别智,也就是见清净;2.缘摄受智,也就是度疑清净。他的智见必须已经清净。因为在观禅阶段,正是要把包括在这2种清净中的色、名、因、果等行法,置于3相之下而观照。
原书第 202 页
ထိုသို့ ဝိပဿနာရှုရာ၌ ---- ၁။ ရံခါ အဇ္ဈတ္တ ခန္ဓာငါးပါးတို့ကို၊ ၂။ ရံခါ ဗဟိဒ္ဓ ခန္ဓာငါးပါးတို့ကို - ထိုတွင်လည်း ---- ၃။ ရံခါ ရုပ်တရားတို့ကို၊ ၄။ ရံခါ နာမ်တရားတို့ကို ---- လက္ခဏာယာဥ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုရမည် ဖြစ်သည်။
如此修观时,应交替进行:1.有时对内五蕴;2.有时对外五蕴;在这两者中又应——3.有时对色法;4.有时对名法——轮流置于3相之下而观照。
(အဘိ-ဋ္ဌ-၁-၂၇ဝ-၂၇၁။ ဝိသုဒ္ဓိ-၂-၃ဝဝ။)
(《殊胜义注》1-270、271;《清净道论》2-300。)
အတိတ်၌လည်း နည်းတူ အနာဂတ်၌လည်း နည်းတူ ရှုရမည် ဖြစ်သည်။ တစ်ဖန် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် တို့ကိုလည်း ဝိပဿနာရှုရန် သမ္မသနဉာဏ်ပိုင်း (ဝိသုဒ္ဓိ-၂-၂၄၄။)၊ ဥဒယဗ္ဗယဉာဏ်ပိုင်း (ဝိသုဒ္ဓိ-၂-၂၆၅။) စသည်တို့၌လည်း ညွှန်ကြားထား၏။
对过去法应如此观,对未来法也应如此观。关于还须观照缘起诸支,在思惟智部分(《清净道论》2-244)、生灭智部分(《清净道论》2-265)等处也有教导。
သို့အတွက် ဝိပဿနာဟူသည် ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်တစ်လှည့် နာမ်တစ်လှည့် အကြောင်း တစ်လှည့် အကျိုးတစ်လှည့် လှည့်လည်၍ လက္ခဏာရေးသုံးတန်တွင်လည်း အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် တစ်လှည့်စီတင်၍ ရှုပွားနေရသော လုပ်ငန်းရပ် ဖြစ်သဖြင့် ထိုဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက် ရှိသော သမာဓိကိုလည်း (သမထပိုင်း၌ကဲ့သို့ သမထနိမိတ်အာရုံတစ်ခုတည်းပေါ်၌ စူးစူးစိုက်စိုက် တည်နေသော သမာဓိမျိုး မဟုတ်သဖြင့်) ခဏိကသမာဓိဟူ၍ ခေါ်ဆိုခြင်း ဖြစ်သည်။
所以,所谓观,就是这样一种修习:对于存在于过去、现在、未来3时以及内、外2相续中的色法、名法、因法、果法,轮流观内、观外,轮流观色、观名,轮流观因、观果;在3相方面,又轮流观无常、观苦、观无我。与这种观智相应的定(因为它不像止禅阶段的定那样,专注并安住于单一止禅禅相这一所缘)也称为“刹那定”。
သို့သော် ယင်းသို့ စနစ်တကျ ဝိပဿနာရှုနိုင်ရေးမှာ မုချအားဖြင့်လည်းကောင်း ဥပစာရအားဖြင့်လည်း- ကောင်း ဥပစာရသမာဓိ အမည်ရသော ကာမာဝစရသမာဓိကိုလည်းကောင်း၊ အပ္ပနာသမာဓိ အမည်ရသော ရူပါဝစရသမာဓိ အရူပါဝစရသမာဓိ တစ်မျိုးမျိုးကိုသော်လည်းကောင်း ဝိပဿနာ၏ အခြေပါဒကပြု၍ ကာလ သုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို လက္ခဏ -ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် နေရာတကျ သိမ်းဆည်းထားနိုင်သော သိမ်းဆည်းထားပြီးသော ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီးသော အချိန်မရွေး လွယ်ကူစွာ သိမ်းဆည်းနိုင်သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အရာသာ ဖြစ်ပေ သည်။ ယင်းတရားတို့ကို မသိမ်းဆည်းနိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အရာကား မဟုတ်ပေ။
然而,能够如此有系统地修观,只属于这样的禅修者:他已把依本义或借称而名为近行定的欲界定,或名为安止定的色界定、无色界定中的一种,作为观的基础;又已能依特相、作用、现起与近因,恰当地把握过去、现在、未来3时及内、外2相续中的色、名、因、果,已经用智辨别把握这些法,并且随时都能轻易再作把握。尚不能把握这些法的禅修者,并不属于此列。
သို့အတွက် ဥပစာရသမာဓိ အပ္ပနာသမာဓိ တစ်ခုခုကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်နေသော ဝိပဿနာ ဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော သမာဓိကိုသာလျှင် ဝိပဿနာအခိုက်၌ ခဏိကသမာဓိဟူ၍ ခေါ်ဆိုသည် မှတ်ပါ။
因此,应当记住:以近行定或安止定中的一种为观的基础,对3时、内外2相续中的色、名、因、果等行法,轮流置于3相之下而持续不断地修观;在这样的禅修者相续中,与观智相应而生起的定,才在观禅阶段称为“刹那定”。
ရုပ်ကလာပ် နာမ်ကလာပ်ကိုလည်း မမြင်သေး၊ ရုပ်ကလာပ် နာမ်ကလာပ်ကိုလည်း ပရမတ်သို့ ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မရှုတတ်သေး မရှုနိုင်သေး ဓာတ်မခွဲတတ်သေး၊ ကာလသုံးပါး၌ အကြောင်းတရားအဆက်ဆက် အကျိုးတရားအဆက်ဆက်ကို မသိမ်းဆည်းတတ်သေး မရှုတတ်သေးသဖြင့် ပရမတ်အစစ် ဖြစ်သော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို လက္ခဏာရေးသုံးတန်တင်၍ ဝိပဿနာ မရှုနိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်ပေါ်နေသော သမာဓိမျိုးကို ဝိပဿနာနယ်ပယ်၌ ခဏိကသမာဓိဟူ၍ မခေါ်ဆိုထိုက်သေးသည်ကိုကား စွဲမြဲစွာ သတိပြု၍ မှတ်သားလေရာသည်။
若尚未见到色聚、名聚,尚不能逐一以智分析色聚、名聚直到究竟层次,尚不能分别诸界;又尚不能把握、观照3时中相续的因法与相续的果法,因而尚不能把究竟的色、名、因、果置于3相之下修观,那么,在这种禅修者相续中生起的定,还不应在观禅教法中称为“刹那定”。这一点应当牢牢记住。
ဤ အထက်ပါ ခဏိကသမာဓိ အယူအဆနှင့် ပတ်သက်၍ ဘဝင် မကျနိုင်သေး ဖြစ်ခဲ့ပါလျှင် အောက်ပါ ပါဠိတော်-အဋ္ဌကထာ-ဋီကာ အဆိုအမိန့်တို့ကို ဆက်လက်၍ ဖတ်ရှုပါ။
如果对于上述刹那定的解释仍不能释然,请继续阅读以下巴利原典、义注与复注的说法。
原书第 203 页
ခဏိကစိတ္တေကဂ္ဂတာ-သမာဓိ
刹那心一境性定
သမာဒဟံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ၊ သမာဒဟံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။
“他训练:‘我将令心等持而入息。’他训练:‘我将令心等持而出息。’”
(သံ-၃-၂၇၉။ ဝိ-၁-၈၈။ မ-၃-၁၂၅။)
(《相应部》3-279;《律藏》1-88;《中部》3-125。)
သမာဒဟံ စိတ္တန္တိ ပဌမဇ္ဈာနာဒိဝသေန အာရမ္မဏေ စိတ္တံ သမံ အာဒဟန္တော သမံ ဌပေန္တော တာနိ ဝါ ပန စျာနာနိ သမာပဇ္ဇိတွာ ဝုဋ္ဌာယ စျာနသမ္ပယုတ္တံ စိတ္တံ ခယတော ဝယတော သမ္ပဿတော ဝိပဿနာက္ခဏေ လက္ခဏပဋိဝေဓေန ဥပ္ပဇ္ဇတိ ခဏိကစိတ္တေကဂ္ဂတာ။ ဧဝံ ဥပ္ပန္နာယ ခဏိကစိတ္တေကဂ္ဂတာယ ဝသေနပိ အာရမ္မဏေ စိတ္တံ သမံ အာဒဟန္တော သမံ ဌပေန္တော ''သမာဒဟံ စိတ္တံ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီ''တိ ဝုစ္စတိ။ (ဝိသုဒ္ဓိ-၁-၂၈၁။) ခဏိကစိတ္တေကဂ္ဂတာတိ ခဏမတ္တဋ္ဌိတိကော သမာဓိ။ သောပိ ဟိ အာရမ္မဏေ နိရန္တရံ ဧကာကာရေန ပဝတ္တမာနော ပဋိပက္ခေန အနဘိဘူတော အပ္ပိတော ဝိယ စိတ္တံ နိစ္စလံ ဌပေတိ။ (မဟာဋီ-၁-၃၄၂။) ဤ အထက်ပါ ပါဠိတော်-အဋ္ဌကထာ-ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
“‘令心等持’:即由初禅等,将心平等地置于、安住于所缘;或者,进入这些禅再出定后,依灭尽—坏灭之性观见与禅相应之心;在观的刹那,由于通达无常等相,刹那心一境性便生起。又凭借这样生起的刹那心一境性,将心平等地置于、安住于所缘,也称为:‘他训练:我将令心等持而入息、出息。’”(《清净“‘刹那心一境性’,即仅住一刹那的定。此定在所缘上不间断地以同一行相转起,不为敌对法所压伏,能使心宛如已入安止一般寂然不动。”(《大复注》1-342。)上述巴利经文、义注与复注的意思如下。
ဘုရားရှင်သည် အာနာပါနကမ္မဋ္ဌာန်း ရှုပွားပုံကို စတုက္ကလေးမျိုးတို့ဖြင့် ပိုင်းခြား၍ (၁၆)မျိုးသော အခြင်း အရာတို့ဖြင့် ပွားများအားထုတ်ပုံ နည်းစနစ်များကို ဥပရိပဏ္ဏာသပါဠိတော် အာနာပါနဿတိသုတ္တန်စသော ထိုထို သုတ္တန်တို့၌ အရဟတ္တဖိုလ်ပေါက် ဟောကြားထားတော်မူခဲ့၏။ ထိုတွင် ---- ၁။ ပထမစတုက္ကကို ကာယာနုပဿနာ၏ အစွမ်းဖြင့် ဟောကြားထားတော်မူ၏။
佛陀在《中部·后五十篇》巴利的《入出息念经》等各经中,把入出息念业处的修习分为4个四法组,以16种方式开示用功修习的次第,直至阿罗汉果。其中——1.第一四法组依身随观而说。
တစ်ဖန် အာနာပါနစျာန်ကို ရရှိပြီးသော ယောဂါဝစရသူတော်စင် ပုဂ္ဂိုလ်အတွက် ---- ၂။ ဒုတိယစတုက္ကကို ဝေဒနာနုပဿနာ၏ အစွမ်းဖြင့်၊ ၃။ တတိယစတုက္ကကို စိတ္တာနုပဿနာ၏ အစွမ်းဖြင့်၊ ၄။ စတုတ္ထစတုက္ကကို ဓမ္မာနုပဿနာ၏ အစွမ်းဖြင့် ---- အသီးအသီး ခွဲခြမ်းဝေဖန်၍ ဟောကြားထားတော်မူ၏။ (ဝိသုဒ္ဓိ-၁-၂၆၉။) (အကျယ်ကား ဤကျမ်းစာ၏ နောက်ပိုင်းတွင် ထင်ရှားလတ္တံ့။) ထိုတွင် စိတ္တာနုပဿနာ၏အစွမ်းဖြင့် ဟောကြားထားတော်မူအပ်သော တတိယစတုက္ကတွင် အကျုံးဝင်သော တတိယမြောက် ညွှန်ကြားချက်မှာ ဤသို့ ဖြစ်၏။
再者,对于已经证得入出息禅的禅修者,佛陀又分别开示:2.第二四法组依受随观,3.第三四法组依心随观,4.第四四法组依法随观。(《清净道论》1-269。)(详释将在本书后文出现。)其中,在依心随观而说的第三四法组中,第三项教导如下。
''သမာဒဟံ စိတ္တံ အဿသိဿာမီ''တိ သိက္ခတိ၊
“他训练:‘我将令心等持而入息。’”
''သမာဒဟံ စိတ္တံ ပဿသိဿာမီ''တိ သိက္ခတိ။ (မ-၃-၁၂၅။)
“他训练:‘我将令心等持而出息。’”(《中部》3-125。)
= ''အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားလျက် ဝင်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်၏။
=他训练:“我将使心平等、善安置于所缘而入息。”
(ကျင့်ပါ။)
(应如此训练。)
''အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှု ထားလျက် ထွက်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်၏။
他训练:“我将使心平等、善安置于所缘而出息。”
(ကျင့်ပါ။) (မ-၃-၁၂၅။)
(应如此训练。)(《中部》3-125。)
ဤ အထက်ပါ ဘုရားရှင်၏ ညွှန်ကြားတော်မူချက်ဝယ် အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှု ထားပုံနှင့် ပတ်သက်၍ အဋ္ဌကထာဆရာတော်က ----
关于世尊上述教导中如何使心平等、善安置于所缘,义注师作了如下解释——
原书第 204 页
၁။ သမာဓိ၏ အစွမ်းဖြင့် စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားပုံ၊ ၂။ ဝိပဿနာ၏ အစွမ်းဖြင့် စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားပုံဟု နှစ်မျိုးခွဲခြား၍ ဖွင့်ဆိုထားတော် မူ၏။ (ဝိသုဒ္ဓိ-၁-၂၈၁ - ကြည့်။) ၁။ ထိုတွင်သမာဓိ၏ အစွမ်းဖြင့် စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားပုံမှာ ဤသို့ ဖြစ်၏။ အထူးသဖြင့် ကြည်လင်သန့်ရှင်း တောက်ပလျက်ရှိသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပထမစျာန်သမာဓိ ဒုတိယစျာန် သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိတို့ကို အသီးအသီး တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်စေလျက် ပထမစျာန် သမာပတ် ဒုတိယစျာန်သမာပတ် တတိယစျာန်သမာပတ် စတုတ္ထစျာန်သမာပတ်တို့ကို အစဥ်အတိုင်း တစ်ဆင့်ပြီး တဆင့် ဝင်စားလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်အောင် ကျင့်ခဲ့သော် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ သမထဘာဝနာစိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားသည် မည်၏။ ဤကား သမာဓိ၏ အစွမ်းဖြင့်
1.依定力使心平等、善安置于所缘;2.依观力使心平等、善安置于所缘——义注分为这两种加以解释。(参见《清净道论》1-281。)1.其中,依定力使心平等、善安置于所缘的方法如下:取格外清澈、纯净、明亮的入出息念似相为所缘,依次逐阶生起初禅定、第二禅定、第三禅定、第四禅定,又依次逐阶进入初禅等至、第二禅等至、第三禅等至、第四禅等至;如此入息、出息,就称为把止禅修习心平等、善安置在入出息念似相这一所缘上。这就是依定力——
အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားပုံတည်း။
使心平等、善安置于所缘的方法。
၂။ ဝိပဿနာ၏ အစွမ်းဖြင့် အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားပုံမှာ ဤသို့ ဖြစ်၏။
2.依观力使心平等、善安置于所缘的方法如下。
(က) အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပထမစျာန်ကို ဝင်စား၏။ ယင်းပထမစျာန်မှ ထ၍ ယင်းပထမ စျာန်နှင့် ယှဥ်သောစိတ်ကို 〔စျာန်စိတ်ကို အဦးမူ၍ (၃၄)လုံးသော စျာန်နှင့်ယှဥ်သော စျာနသမ္ပယုတ်
(甲)取入出息念似相为所缘,进入初禅;从该初禅出定后,对于与初禅相应的心——〔即以禅心为首、由34个禅相应名法——
တရားစုကို〕 ကုန်တတ် ပျက်တတ်သော ခယ-ဝယသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာ
组成的法组〕,以智观见它们会灭尽、会坏灭的灭尽—坏灭之性,再轮流——
ရေး သုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှု၏။
置于无常、苦、无我三相之下而修观。
( ခ ) အလားတူပင် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဒုတိယစျာန်ကို ဝင်စား၏။ ယင်း ဒုတိယစျာန် မှ ထ၍ ယင်းဒုတိယစျာန်နှင့်ယှဥ်သော စိတ်ကို 〔စျာန်စိတ်ကို အဦးမူ၍ (၃၂)လုံးသော စျာန်နှင့်ယှဥ်သော
(乙)同样,取入出息念似相为所缘,进入第二禅;从该第二禅出定后,对于与第二禅相应的心——〔即以禅心为首、由32个禅相应名法——
စျာနသမ္ပယုတ်တရားစုကို〕 ကုန်တတ် ပျက်တတ်သော ခယ-ဝယသဘောကို ဉာဏ်ဖြင့် မြင်အောင်
组成的法组〕,以智清楚观见它们会灭尽、会坏灭的灭尽—坏灭之性,
ကြည့်၍ လက္ခဏာယာဥ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှု၏။
再轮流置于无常、苦、无我三相之下而修观。
( ဂ ) အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ တတိယစျာန်ကို ဝင်စား၏။ ယင်းတတိယစျာန်မှ ထ၍ စျာန်နှင့်
(丙)取入出息念似相为所缘,进入第三禅;从该第三禅出定后,对于与该禅——
ယှဥ်သော စျာနသမ္ပယုတ်စိတ်ကို 〔စျာန်စိတ်ကို အဦးမူ၍ (၃၁)လုံးသော စျာန်နှင့်ယှဥ်သော စျာန
相应的心——〔即以禅心为首、由31个禅相应名法——
သမ္ပယုတ်တရားစုကို〕 ကုန်တတ် ပျက်တတ်သော ခယ-ဝယသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍
组成的法组〕,以智清楚观见它们会灭尽、会坏灭的灭尽—坏灭之性,
လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်၍ ဝိပဿနာရှု၏။
再轮流置于无常、苦、无我三相之下而修观。
(ဃ) အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ စတုတ္ထစျာန်ကို ဝင်စား၏။ ယင်းစတုတ္ထစျာန်မှ ထ၍ စတုတ္ထ စျာန်နှင့်ယှဥ်သော စျာနသမ္ပယုတ်စိတ်ကို 〔〔〔စျာန်စိတ်ကို အဦးမူ၍ (၃၁)လုံးသော စျာန်နှင့်ယှဥ်သော
(丁)取入出息念似相为所缘,进入第四禅;从该第四禅出定后,对于与第四禅相应的心——〔即以禅心为首、由31个禅相应名法——
စျာနသမ္ပယုတ်တရားစုကို〕 ကုန်တတ် ပျက်တတ်သော ခယ-ဝယသဘောကို ဉာဏ်ဖြင့် မြင်အောင်
组成的法组〕,以智清楚观见它们会灭尽、会坏灭的灭尽—坏灭之性,
ကြည့်၍ လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်၍ ဝိပဿနာရှု၏။
再轮流置于无常、苦、无我三相之下而修观。
〔မှတ်ချက် ---- (၃၄) (၃၂) (၃၁) (၃၁) ဟူသော စျာနသမ္ပယုတ် စိတ်+စေတသိက်တို့ကို နာမ်ကမ္မဋ္ဌာန်းပိုင်း တွင် အကျယ်ဖော်ပြမည် ဖြစ်ပါသည်။ ထိုအပိုင်းတွင် ကြည့်ပါ။〕 ထိုသို့ ဝိပဿနာရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်ဝယ် ဝိပဿနာခဏ၌ အနိစ္စလက္ခဏာ ဒုက္ခလက္ခ- ဏာ အနတ္တလက္ခဏာတို့ကို ယင်းစျာန်နာမ်တရားတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အဖန်ဖန် အထပ်ထပ် ထိုးထွင်း၍ သိမြင်နေခြင်းဖြင့် ခဏိကစိတ္တေကဂ္ဂတာ အမည်ရသော ခဏမျှ တည်ခြင်းသဘောရှိသော ကာမာ- ဝစရ ခဏိကသမာဓိသည် ဖြစ်ပေါ်လာ၏။ ယင်းသို့ ဖြစ်ပေါ်လာသော ခဏိကစိတ္တေကဂ္ဂတာ အမည်ရသော
〔注:上述34、32、31、31个禅相应的心与心所,将在“名业处”部分详细说明,请参见该部分。〕在如此修观的禅修者相续中,于观禅刹那,由于在这些禅那名法的每一个心刹那,反复一再洞彻知见无常相、苦相、无我相,便会生起称为“刹那心一境性”、仅住一刹那的欲界刹那定。这样生起的、称为“刹那心一境性”的——
原书第 205 页
သမာဓိထူထောင်သင့်ပုံပိုင်း ကာမာဝစရ ခဏိကသမာဓိ၏ အစွမ်းဖြင့်လည်း သင်္ခါရနိမိတ်အာရုံ၌ (= အာနာပါနစျာန်စိတ်ဟူသော သင်္ခါရနိမိတ် အာရုံ၌) ဝိပဿနာဘာဝနာစိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားသော ယောဂါဝစရ ရဟန်းကို ''အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားလျက် ဝင်သက်လေကို ဖြစ်အောင် ထွက်သက်လေကို ဖြစ်အောင် ကျင့်နေ၏''ဟူ၍ ခေါ်ဆိုအပ်ပေသည်။
——欲界刹那定之力,也能使观修之心在行相所缘上(即在作为行相所缘的入出息禅心上)平等、善加导向。这样的禅修比丘,被称为“在所缘上使心平等、善加导向而修习入息与出息”。
ခဏိကစိတ္တေကဂ္ဂတာ - ဟူသည် ခဏမျှ တည်ခြင်းသဘောရှိသော ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက် ရှိသော ကာမာဝစရသမာဓိတည်း။
所谓“刹那心一境性”,就是与观智相应、具有只住一刹那之性的欲界定。
သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ-ဋ္ဌ-၂-၃ဝ၈။) ဤအထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ အဆိုအမိန့်အရ ဝိပဿနာဉာဏ်ဟူသည်မှာလည်း ပုထုဇန် သေက္ခတို့အဖို့ မဟာကုသိုလ် ကာမာဝစရ မနောဒွါရိကဇောဝီထိ စိတ်အစဥ်သာ ဖြစ်သဖြင့် ယင်း ဝိပဿနာ ဉာဏ်နှင့်ယှဥ်သော သမာဓိမှာလည်း ကာမာဝစရသမာဓိပင် ဖြစ်၏။ ထိုသမာဓိသည်လည်း သင်္ခါရအာရုံ၌ အခြား မရှိ ရှေးသမာဓိနှင့် နောက်သမာဓိ ဆက်စပ်လျက် အနိစ္စအခြင်းအရာအားဖြင့် ဖြစ်စေ၊ ဒုက္ခအခြင်းအရာအားဖြင့် ဖြစ်စေ၊ အနတ္တအခြင်းအရာအားဖြင့် ဖြစ်စေ တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် အဆက်မပြတ် ဆက်တိုက် ဖြစ်နေလတ်သော် ဆန့်ကျင်ဘက် နီဝရဏတရားတို့က မလွှမ်းမိုးနိုင်၊ မဖိစီးနိုင်၊ မလွှမ်းမိုးအပ် မဖိစီးအပ်သည် ဖြစ်၍ သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာဟူသော အာရုံ၌ ရှေးရှုတင်ထားဘိသကဲ့သို့ ဝိပဿနာဘာဝနာစိတ်သည် တုန်လှုပ်မှု မရှိဘဲ စွဲမြဲစွာ တည်နေပေသည်။
“然而,这一切差别,只见于意门速行。”(《迷惑冰消》2-308。)依上述《迷惑冰消》义注的教说,对于凡夫与有学,所谓观智只是一系列欲界大善意门速行心路的心相续,因此,与该观智相应的定也只是欲界定。当前后诸定之间没有其他法间隔、彼此衔接,并以无常、苦或无我三种行相中的一种,在诸行所缘上无间、连续地转起时,逆品诸盖便不能胜伏、压制这种定;这种定也不被诸盖胜伏、压制。观修之心也仿佛已被导向、安置在诸行法的无常行相、苦行相或无我行相这一所缘上,毫不动摇而牢固安住。
ထို့ကြောင့် ယင်းသမာဓိမျိုးကို ခဏိကစိတ္တေကဂ္ဂတာသမာဓိ သို့မဟုတ် ခဏိကသမာဓိဟူ၍ ခေါ်ဆိုခြင်း ဖြစ်ပေ သည်။ ဤကား အထက်ပါ ပါဠိတော်-အဋ္ဌကထာ-ဋီကာတို့၏ ဆိုလိုရင်းတည်း။
因此,这种定称为“刹那心一境性定”,或称为“刹那定”。以上就是上述巴利原典、义注与复注的旨趣。
ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၌ ဝိပဿနာ၏ အခြေပါဒကဖြစ်သော စျာန်ကို ဝင်စား၍ ထိုစျာန်မှထ၍ ထိုစျာန်အတွင်း၌ တည်ရှိသော သင်္ခါရတရားတို့ကို လက္ခဏာယာဥ် သုံးချက် တစ်လှည့်စီ တင်၍ ရှုပွားသုံးသပ် နေသော ဝိပဿနာအခိုက်၌ တည်ရှိသော သမာဓိကိုသာလျှင် ခဏိကစိတ္တေကဂ္ဂတာသမာဓိ (= ခဏိကသမာဓိ) ဟု ခေါ်ဆိုထားသည်ကို သတိပြု၍ မှတ်သားထားပါ။ အပ္ပနာစျာန်စိတ် ဖြစ်ခိုက်ကိုသာ အပ္ပနာသမာဓိဟု ခေါ်ဆို နိုင်၏။ အပ္ပနာစျာန်နှင့် ကပ်လျက်ရှိသော သမာဓိကိုသာ ဥပစာရသမာဓိဟု မုချအားဖြင့် ခေါ်ဆိုနိုင်၏။ စျာန်မှ ထ၍ စျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက်၌ကား မူလ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုသည် မဟုတ်၊ အာနာပါနစျာန် နာမ်တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာ တစ်မျိုးမျိုးကိုသာ အာရုံပြုနေသဖြင့် အပ္ပနာ သမာဓိ ဥပစာရသမာဓိဟု မခေါ်ဆိုနိုင်ဘဲ ခဏိကသမာဓိဟူ၍ ခေါ်ဆိုခြင်း ဖြစ်ပေသည်။ တစ်ဖန် ဘုရားရှင်သည်
务必注意并记住:上述义注与复注只把这样的定称为“刹那心一境性定”(即刹那定)——禅修者先进入作为观之基础的禅,从该禅出定后,把该禅中的诸行法轮流置于三相之下而修观、审察;这时存在于观禅阶段的定,才如此称名。只有安止禅心正在生起时,才可称为安止定;只有紧邻安止禅的定,才可依本义称为近行定。从禅出定而对禅那名法修观时,所缘并不是原先的入出息念似相,而只是入出息禅名法的无常行相、苦行相或无我行相中的一种,所以这时的定不能称为安止定或近行定,只能称为刹那定。此外,佛陀又在——
အာနာပါနစတုတ္ထစတုက္က၌ ---- အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ၊ အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။
——入出息“‘我将随观无常而入息’,他如此修习;‘我将随观无常而出息’,他如此修习。”
(သံ-၃-၂၇၉။ ဝိ-၁-၈၈။ မ-၃-၁၂၅။)
(《相应部》3-279;《律藏》1-88;《中部》3-125。)
အနိစ္စဟု အဖန်ဖန် ရှု၍ ဝင်လေ-ထွက်လေကို ဖြစ်အောင် ကျင့်ရန် ညွှန်ကြားထားတော်မူ၏။ ထိုတွင် အနိစ္စဟု ရှုရမည့်တရားများကို ဤသို့ ဖွင့်ဆိုထားတော်မူ၏။ ---- အနိစ္စ န္တိ ပဉ္စက္ခန္ဓာ။ (ဝိသုဒ္ဓိ-၁-၂၈၁။ အဘိ-ဋ္ဌ-၂-၄၇။) တတ္ထ အနိစ္စဿ၊ အနိစ္စန္တိ ဝါ အနုပဿနာ အနိစ္စာနုပဿနာ။ တေဘူမကဓမ္မာနံ အနိစ္စတံ ဂဟေတွာ ပဝတ္တာယ ဝိပဿနာယ ဧတံ နာမံ။ (မဟာဋီ-၁-၃၄၃။) အနိစ္စဟူသည် ကာမ-ရူပ-အရူပ ဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော ဥပါဒါနက္ခန္ဓာငါးပါးတို့ ဖြစ် ကြောင်းကို ဖွင့်ဆိုထားတော်မူ၏။ သို့အတွက် ပကိဏ္ဏကသင်္ခါရ အမည်ရသော ဘုံသုံးပါးအတွင်းရှိ သင်္ခါရ
佛陀教导,应反复观为无常而修习入息与出息。其中,应观为无常“‘无常’即五蕴。”(《清净道论》1-281;《迷“其中,随观无常之法,或随观‘无常’,名为无常随观;对于三界法,取其无常性而转起的观,得此名称。”(《大复注》1-343。)这里把所谓“无常”解释为存在于欲界、色界、无色界三界内的五取蕴。因此,对于三界内称为“杂项诸行”的诸行——
原书第 206 页
တရားတို့ကို ဝိပဿနာ ရှုခိုက်၌ ထိုသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်း အရာ၌ ကောင်းစွာ တည်နေသော သမာဓိကိုလည်း ခဏိကသမာဓိဟူ၍ပင် ခေါ်ဆိုနိုင်ပေသည်။ အပ္ပနာစျာန် ကို ဝင်စားနေသည် မဟုတ်ခြင်းကြောင့် ဥပစာရသမာဓိ အပ္ပနာသမာဓိဟူ၍ကား မခေါ်ဆိုနိုင်ပေ။
——修观时,善住于这些行法的无常行相、苦行相或无我行相的定,也可称为刹那定。由于此时并非正在进入安止禅,所以不能称为近行定或安止定。
〔ပကိဏ္ဏကသင်္ခါရေတိ ပါဒကဇ္ဈာနတော အညသင်္ခါရေ။ တေန ပါဒကဇ္ဈာနသခါရေသု သမ္မသိတေသု ဝတ္တဗ္ဗမေဝ နတ္ထီတိ ဒဿေတိ။ (မူလဋီ-၁-၁၁၆။)
“所谓‘杂项诸行’,是指基础禅以外的其他诸行。由此显示:对于基础禅诸行已经作思惟的情形,更无须说。”(《根本复注》1-116。)
ပကိဏ္ဏကသင်္ခါရ (= ပြိုးပြွမ်းသော သင်္ခါရ) ဟူသည် ဝိပဿနာ၏ အခြေပါဒက ဖြစ်သော (အာနာပါန
所谓“杂项诸行”(即散杂的诸行),是指除作为观之基础的禅(例如入出息——
စျာန်ကဲ့သို့သော) စျာန်မှတစ်ပါးသော အခြားသင်္ခါရတရားတို့တည်း။ ဝိပဿနာ၏ အခြေပါဒက ဖြစ်သော (အာနာပါနစျာန်ကဲ့သို့သော) စျာန်သင်္ခါရတရားတို့၌ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းတို့၌ ဆိုဖွယ်ရာပင် မရှိဟု ပြ၏။ (မူလဋီ-၁-၁၁၆။)〕 အလားတူပင် မုချအားဖြင့် ဖြစ်စေ၊ သဒိသူပစာရအားဖြင့် ဖြစ်စေ ဥပစာရသမာဓိ အမည်ရသော အထွတ် အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိသည်လည်း စိတ္တဝိသုဒ္ဓိမည်ကြောင်း (ဝိသုဒ္ဓိ-၂-၂၂၂)တွင် ဖွင့်ဆို ထားသဖြင့် ယင်း ဥပစာရသမာဓိကို ဝိပဿနာ၏ အခြေပါဒကအဖြစ် ထူထောင်၍ ထိုသမာဓိမှ ထလျက် ရုပ်- နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းပြီးလျှင် ယင်းသင်္ခါရတရားတို့ကို လက္ခဏာယာဥ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခိုက် ယင်းဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော သမာဓိကိုလည်း ခဏိကစိတ္တေကဂ္ဂတာသမာဓိ = ခဏိကသမာဓိဟူ၍ပင် ခေါ်ဆိုနိုင်ပေသည်။ အထက်တွင် ဖော်ပြခဲ့သော (မဟာဋီ
——禅)以外的其他行法。这里显示,对于作为观之基础的禅(例如入出息禅)的禅诸行修观、审察时,更无须说。(《根本复注》1-116。)〕同样,由于《清净道论》2-222解释:已达到顶点的欲界定,无论依本义还是依同类借称而得到“近行定”之名,都可称为心清净,所以可把这一近行定建立为观的基础,从该定出定后,把握色、名、因、果——即诸行法;在把这些行法轮流置于三相之下而修观、审察时,与该观智相应的定,也可称为刹那心一境性定,即刹那定。参见上文所引——
-၁-၁၅။) အဆိုအမိန့်ကို ထောက်ပါ။ ဤကား ဝိပဿနာအခိုက်၌ မည်သည့်သမာဓိကို ခဏိကသမာဓိဟု ခေါ်ဆိုကြောင်း ရှင်းလင်းချက်များတည်း။
——《大复注》1-15的教说。以上就是关于在观禅阶段,何种定称为刹那定的说明。
လိုရင်းအချုပ် မှတ်သားရန်
应记住的要点总结
၁။ သမထပိုင်း၌ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်၏ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ ထူထောင်ထားသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိကိုလည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ မုချအားဖြင့် ခဏိကသမာဓိဟူ၍ ခေါ်ဆိုသည်ဟု မှတ်ပါ။ (ဝိသုဒ္ဓိ-၁-၁၄ဝ - အဆိုအမိန့်ကို ထောက်ပါ၊၊) အလားတူပင် ဗုဒ္ဓါနုဿတိ အစရှိသော ဥပစာရကမ္မဋ္ဌာန်း တစ်ခုခုကို အခြေခံ၍ ထူထောင်ထားသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိကိုလည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ၊ မုချအားဖြင့် ခဏိကသမာဓိဟူ၍ ခေါ်ဆိုသည်ဟု မှတ်ပါ။
1.在止禅部分,纯观乘者以四界为所缘而建立、已达到顶点的欲界定,依同类借称称为近行定,依本义则称为刹那定。应当如此记住。(参见《清净道论》1-140的教说。)同样,以佛随念等任何一种只能导向近行定的业处为基础而建立、已达到顶点的欲界定,也依同类借称称为近行定,依本义称为刹那定。应当如此记住。
၂။ ဝိပဿနာပိုင်း၌ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်၏ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ထိုသမာဓိကို သို့မဟုတ် ထိုဥပစာရစျာန်ကို ဝင်စား၍ ထိုသမာဓိ မှ သို့မဟုတ် ထိုဥပစာရစျာန်မှ ထ၍ သင်္ခါရတရားတို့ကို ဝိပဿနာရှုခိုက် ထိုသင်္ခါရအာရုံပေါ်၌ ကျရောက် လျက်ရှိသော ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော သမာဓိကိုလည်း ခဏိကသမာဓိဟူ၍ခေါ်ဆိုသည် မှတ်ပါ။
2.在观禅部分,纯观乘者把依同类借称而名为近行定的定作为观的基础;入于该定或该近行禅,再从该定或该近行禅出定后,对诸行法修观。此时,与正以这些行法为所缘的观智相应之定,也称为刹那定。应当如此记住。
၃။ တစ်ဖန် သမထပိုင်း၌ သမထယာနိကပုဂ္ဂိုလ်၏ ဥပစာရသမာဓိနှင့် နီးကပ်လျက်ရှိသော ရင့်ကျက်နေသော ပရိကမ္မသမာဓိကိုလည်း ခဏိကသမာဓိဟူ၍ ခေါ်ဆိုသည် မှတ်ပါ။
3.又在止禅部分,止乘者那已经成熟、临近近行定的遍作定,也称为刹那定。应当如此记住。
၄။ တစ်ဖန် ဝိပဿနာပိုင်း၌ သမထယာနိကပုဂ္ဂိုလ်၏ ဥပစာရသမာဓိ အပ္ပနာသမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ထိုဥပစာရစျာန် သို့မဟုတ် အပ္ပနာစျာန်ကို ဝင်စား၍ ထိုစျာန်မှ
4.又在观禅部分,止乘者把近行定或安止定中的一种作为观的基础,进入该近行禅或安止禅,从该禅出定后——
原书第 207 页
သမာဓိထူထောင်သင့်ပုံပိုင်း ထ၍ သင်္ခါရတရားတို့ကို ဝိပဿနာရှုခိုက် ထိုသင်္ခါရအာရုံပေါ်၌ ကျရောက်လျက်ရှိသော ထိုသင်္ခါရတရား တို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာ၌ ကောင်းစွာ တည် နေသော ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော သမာဓိကိုလည်း ခဏိကသမာဓိဟူ၍ ခေါ်ဆိုသည်ဟု မှတ်ပါ။
——对诸行法修观时,与那正以诸行法为所缘、善住于其无常行相、苦行相或无我行相的观智相应之定,也称为刹那定。应当如此记住。
ဤအထက်ပါ အရပ်ရပ်သော သတ်မှတ်ချက်များအရ ---- ၁။ ဝိပဿနာ၏ အခြေပါဒက ဖြစ်နိုင်သော သဒိသူပစာရအားဖြင့် ဖြစ်စေ မုချအားဖြင့် ဖြစ်စေ ဥပစာရသမာဓိ အမည်ရသော သမာဓိကိုလည်းကောင်း၊ အပ္ပနာသမာဓိ အမည်ရသော စျာန်သမာဓိ တစ်မျိုးမျိုးကိုသော် လည်းကောင်း - ဤ ဥပစာရသမာဓိ အပ္ပနာသမာဓိ ဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကိုလည်း မထူထောင်ဘဲ မရရှိသေးဘဲ ---- ၂။ ရုပ်ကလာပ် နာမ်ကလာပ်ကိုလည်း မမြင်သေးဘဲ မြင်သော်လည်း ရုပ်ကလာပ် နာမ်ကလာပ်ကို ဓာတ်မခွဲနိုင် သေးသဖြင့် ရုပ်ပရမတ်အစစ် နာမ်ပရမတ်အစစ်ကိုလည်း မသိသေးဘဲ ---- ၃။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးလုံး၌ အကြောင်းတရား-အကျိုးတရားတို့ကို မသိမ်းဆည်း နိုင်သေးဘဲ = ရုပ်-နာမ် ပရမတ်တရားတို့၏ ကာလသုံးပါးအတွင်း၌ ကြောင်း-ကျိုးဆက်နွယ်လျက် ဖြစ်နေမှု ကြောင်း-ကျိုး-ဆက် = ပဋိစ္စသမုပ္ပါဒ်သဘောတရားကိုလည်း ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်
依上述种种界定,一个禅修者如果——1.尚未建立、尚未获得任何一种可作为观之基础的定:无论是依同类借称或依本义而名为近行定的定,还是名为安止定的某种禅定;2.尚未见到色聚与名聚,即使见到,也还不能分析色聚、名聚,因而尚不知道究竟色法与究竟名法;3.尚不能把握过去、未来、现在三时中的因法与果法,也就是对于究竟色名法在三时中因果相联而转起的因果链——缘起法,还不会、也不能修观到亲自现前、洞彻知见——
အောင် မရှုတတ်သေးဘဲ မရှုနိုင်သေးဘဲ ---- မသိမှုတွေ တစ်ပုံကြီး ထမ်း၍ ကမ္မဋ္ဌာန်းကျောင်းအတွင်းသို့ ဝင်ရောက်လျက် ထိုင်နေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ ထိုင်လျှင်ထိုင်ချင်း ချက်ချင်း ခဏိကသမာဓိ မဖြစ်နိုင်သေးသည်ကိုကား နိဗ္ဗာန်ကို အစစ်အမှန် လိုလားတောင့်တလျက်ရှိသော အသင်ယောဂီသူတော်ကောင်းသည် သဘောပေါက်လေရာသည်၊ လက်ခံလေရာ သည်။ အကြောင်းမူ သမထပိုင်းတွင်လည်း ခဏိကသမာဓိ ဖြစ်နိုင်လောက်သည့် သမထနိမိတ်တစ်ခုခုကို နည်းမှန် လမ်းမှန် ဒေသနာတော်မျဥ်းကြောင်းအတိုင်း မတိမ်းမစောင်းဘဲ နှလုံးသွင်းရှုပွားနိုင်ပါမှ၊ ဝိပဿနာပိုင်းတွင်လည်း ပရမတ်အစစ် ဖြစ်သော ဃန အသီးအသီး ပြိုနေသော သင်္ခါရနိမိတ် အမည်ရသော ရုပ်-နာမ်-ကြောင်း-ကျိုး- သင်္ခါရတရားတို့ကို လက္ခဏာယာဥ်သုံးချက် တစ်လှည့်စီတင်၍ တွင်တွင်ကြီး နှလုံးသွင်းနိုင် ဝိပဿနာရှုပွားသုံး သပ်နိုင်ပါမှ ခဏိကသမာဓိ ဖြစ်ပေါ်လာနိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်း
——仍背负着一大堆无知,走进禅修中心坐下来,那么应当明白:在这种禅修者的相续中,尚不可能一坐下便立即生起刹那定。真正希求涅槃的贤善禅修者,应当理解并接受这一点。理由是:在止禅部分,只有依正确方法、不偏离教说的轨道,对某一种足以令刹那定生起的止禅之相作意、修习;在观禅部分,也只有对各类密集均已破除、作为真正究竟法并称为“行相(saṅkhāra-nimitta)”的色、名、因、果诸行法,轮流标举三相,持续有力地作意、修观审察,刹那定才可能生起。贤善的禅修者,如果你——
သည် သမာဓိထူထောင်မှုကို စက်ဆုပ်နေသေးလျှင် အောက်ပါ လက္ခဏာရေးသုံးတန် အကြောင်းကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
——仍然厌弃建立定,请继续阅读下面关于三相的说明。