现在不被贪爱与见所牵引的方式

《一夜贤者经》解释 · 原书第 141–142 页 · 18 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 141 页
ပစ္စုပ္ပန်၌ တဏှာ-ဒိဋ္ဌိတို့က မဆွဲငင်ပုံ
于现在不被爱、见所牵引的方式
ရဟန်းတို့ …အဘယ်သို့လျှင် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က မဆွဲငင်အပ်လေသနည်း?
诸比丘……怎样才不被爱、见在现在诸法中牵引呢?
ရဟန်းတို့…ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော၊ အရိယာတရား၌ ကျွမ်းကျင်သော၊ အရိယာ တရား၌ ယဥ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော၊ သူတော်ကောင်းတရား၌ ကျွမ်းကျင်သော၊ သူတော်ကောင်းတရား၌ ယဥ်ကျေးသော၊ အကြားအမြင် ဗဟုသုတ ရှိသော မြတ်စွာဘုရားရှင်၏ တပည့်- သာဝကသည် ---- ၁။ ရုပ်-ကို အတ္တဟု မရှု။
诸比丘……在此世间,惯于谒见诸圣者、熟习圣者之法、受圣者之法调御,惯于谒见诸善士、熟习善士之法、受善士之法调御、多闻的世尊弟子:1.不把色视为我。
၂။ ( ကြွင်းခန္ဓာကိုလည်း ) ရုပ်ရှိသော အတ္တဟု မရှု။
2.不把(其余诸蕴)视为具有色的我。
၃။ အတ္တ၌ ရုပ်ဟု မရှု။
3.不视为我中有色。
၄။ ရုပ်၌ အတ္တဟု မရှု။
4.不视为色中有我。
ခံစားမှု = ဝေဒနာကို ။ ပ ။
对于感受——受,也是如此。……(省略同文)
မှတ်သားမှု = သညာကို ။ ပ ။
对于记认——想,也是如此。……(省略同文)
ပြုပြင်စီရင်တတ်သော စေတသိက်သင်္ခါရတရားစုတို့ကို ။ ပ ။
对于能造作的心所诸行之聚,也是如此。……(省略同文)
၁။ သိမှု = ဝိညာဏ်ကို အတ္တဟု မရှု။
1.不把了知——识视为我。
၂။ ( ကြွင်းခန္ဓာကို ) ဝိညာဏ်ရှိသော အတ္တဟု မရှု။
2.不把(其余诸蕴)视为具有识的我。
၃။ အတ္တ၌ ဝိညာဏ်ဟု မရှု။
3.不视为我中有识。
၄။ ဝိညာဏ်၌ အတ္တဟု မရှု။
4.不视为识中有我。
ရဟန်းတို့ …ဤသို့လျှင် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က မဆွဲငင်အပ်ပေ။ (မ-၃-၂၂၇။) ကထဉ္စ အာဝုသော ပစ္စုပ္ပန္နေသု ဓမ္မေသု န သံဟီရတိ။
诸比丘……这就是在现在诸法中不被爱、见牵引。‘诸贤友,怎样才是在现在诸法中不受牵引呢?’
ယဉ္စာဝုသော စက္ခု၊ ယေ စ ရူပါ၊ ဥဘယမေတံ ပစ္စုပ္ပန္နံ၊ တသ္မိ စေ ပစ္စုပ္ပန္နေ န ဆန္ဒရာဂပ္ပဋိဗဒ္ဓံ ဟောတိ ဝိညာဏံ၊ န ဆန္ဒရာဂပ္ပဋိဗဒ္ဓတ္တာ ဝိညာဏဿ န တဒဘိနန္ဒတိ၊ န တဒဘိနန္ဒန္တော ပစ္စုပ္ပန္နေသု ဓမ္မေသု န သံဟီရတိ။ (မ-၃-၂၃၈။) = သီတင်းသုံးဖော် ငါ့ရှင်တို့ …အဘယ်သို့လျှင် မျက်မှောက် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က မဆွဲငင် အပ်ပါသနည်း?
‘诸贤友,眼与诸色,此二皆属现在。若识不与对这现在二者的欲贪相系;由于识不与欲贪相系,他便不喜爱它们;不喜爱它们时,便不会在现在诸法中受牵引。’(《中部》3-238。)作者译问:‘诸同住的贤友……怎样才不被爱、见在当下现在诸法中牵引呢?’
သီတင်းသုံးဖော် ငါ့ရှင်တို့ …မျက်စိအကြည်ဓာတ် ရူပါရုံ ထိုနှစ်ပါးစုံသည် မျက်မှောက် ပစ္စုပ္ပန်သာတည်း၊ မျက်မှောက် ပစ္စုပ္ပန်ဖြစ်သော ထိုမျက်စိအကြည်ဓာတ်ရူပါရုံ၌ လိုလားတပ်မက်ခြင်း = ဆန္ဒရာဂနှင့် ဆက်စပ်လျက် ရှိသော သိမှု = ဝိညာဏ်သည် အကယ်၍ မဖြစ်ငြားအံ့၊ သိမှု = ဝိညာဏ်၏ လိုလားတပ်မက်ခြင်း = ဆန္ဒရာဂနှင့် ဆက်စပ်မှု မရှိသည်၏ အဖြစ်ကြောင့် ထို မျက်စိအကြည်ဓာတ် ရူပါရုံကို မနှစ်သက်၊ ထို မျက်စိအကြည်ဓာတ်
诸同住的贤友……眼净色与色所缘,这一对都只是当下现在。若对于这对当下现在的眼净色与色所缘,与欲贪(chandarāga)相系的了知——识并不生起;由于这一了知——识不与欲贪相系,他便不喜爱那眼净色与色所缘;既不喜爱那眼净色——
原书第 142 页
ရူပါရုံကို မနှစ်သက်သည်ရှိသော် မျက်မှောက် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က မဆွဲငင်အပ်သည် မည်၏။
——与色所缘,便称为在当下现在诸法中不被爱、见牵引。
(ကြွင်း အာယတနငါးစုံတို့၌လည်း ပုံစံတူပင် ဆက်လက်၍ ဟောကြားထားတော်မူပေသည်။) (မ-၃-၂၃၈။)
(其余五对处也继续依同一方式宣说。)(《中部》3-238。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。