止乘者之道
应当建立定 · 原书第 194–195 页 · 9 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 194 页
သမထယာနိကလမ်း
止乘者之道
တံ သမ္ပာဒေတုကာမေန သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသ- ရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ စျာနင်္ဂါနိ တံသမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိ- ဝသေန ပရိဂ္ဂဟေတဗ္ဗာ။ ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။
“想成就它的止乘者,首先应撇开非想非非想处,从其余色界禅或无色界禅中的一种出定;然后依特相、作用等把握寻等禅支及与该禅相应的诸法。把握后,应把这一切依其面向所缘、趋向所缘之义,确定为名。”
တတော ယထာ နာမ ပုရိသော အန္တောဂေဟေ သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တော ''ဣဒံ နာမံ ကိ နိဿာယ ပဝတ္တတီ''တိ ပရိယေသမာနော တဿ နိဿယံ ဟဒယရူပံ ပဿတိ။ တတော ဟဒယရူပဿ နိဿယဘူတာနိ၊ ဘူတ- နိဿိတာနိ စ သေသုပါဒါယ ရူပါနီတိ ရူပံ ပရိဂ္ဂဏှာတိ။ သော သဗ္ဗမ္ပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ။
“此后,譬如一人看见屋内有蛇,跟踪那条蛇便看到它的栖处;同样,这位禅修者审察该名法,探求‘此名法依什么而转起?’时,便看见该名法所依的心所依处色。然后,他把握色:即作为心所依处色之所依的大种,以及依大种而有的其余所造色。他依这一切会变坏之义,将其确定为色。”
တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ-၂-၂၂၂။) = ထို ဒိဋ္ဌိဝိသုဒ္ဓိကို ပြည့်စုံစေလိုသော သမထယာနိကပုဂ္ဂိုလ်သည် ရှေးဦးစွာ နေဝသညာနာသညာယတန စျာန်ကို ထား၍ ကြွင်းသော ရူပါဝစရစျာန် အရူပါဝစရစျာန်တို့တွင် စျာန်တစ်ပါးပါးကို ဝင်စား၍ ထိုစျာန်မှ ထပြီးလျှင် ဝိတက်စသော စျာန်အင်္ဂါတို့ကိုလည်းကောင်း၊ ထိုစျာန်နှင့် ယှဥ်သော ယှဥ်ဖက် စိတ်+စေတသိက် သမ္ပယုတ်တရားစုတို့ကိုလည်းကောင်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ပိုင်းခြား ယူအပ် သိမ်းဆည်းအပ်၏။ ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော် ထိုနာမ်တရားအားလုံးကို ကသိုဏ်း ပဋိဘာဂနိမိတ်စသော သမထပဋိဘာဂနိမိတ်အာရုံဘက်သို့ ရှေးရှုညွတ်တတ်သောကြောင့် အာရုံသို့ ညွတ်တတ် သော အနက်သဘောအားဖြင့် နာမ် ဟု ပိုင်းခြားမှတ်သားပါ။ ထို့နောင် လောကဥပမာအားဖြင့် - ယောကျာ်း
“此后,简略地分别名色:有趋向之特相者为名,有变坏之特相者为色。”(《清净道论》2-222。)=想要圆满见清净的止乘者,首先撇开非想非非想处禅,进入其余色界禅或无色界禅中的一种;从该禅出定后,应依特相、作用、现起、近因,以智分别、把握寻等禅支,以及与该禅相应的心、心所诸相应法。以智分别、把握以后,应把所有这些名法,依其面向遍的似相等止禅似相所缘、趋向该所缘之义,分别确定为名。此后,以世间譬喻来说,有一个男子——
တစ်ဦးသည် အိမ်ထဲ၌ မြွေကို တွေ့သော် ထိုမြွေနောက်သို့ အစဥ်လိုက်ကြည့်လတ်သော် ထိုမြွေ၏ ကိန်းအောင်းရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူ ဤယောဂါဝစရပုဂ္ဂိုလ်သည်လည်း ထိုနာမ်တရားကို ဉာဏ်ပညာ ဖြင့် စူးစမ်းဆင်ခြင်လျက် ''ဤနာမ်တရားသည် အဘယ်ကို မှီ၍ ဖြစ်နေပါသနည်း''ဟု ရှာဖွေလတ်သော် ထိုနာမ်
——在屋内看见一条蛇,跟踪那条蛇便看到它的栖处。同样,这位禅修者以智慧审察该名法,探求“此名法依什么而转起?”时,便看见该名法——
原书第 195 页
သမာဓိထူထောင်သင့်ပုံပိုင်း တရား၏ မှီရာ ဟဒယဝတ္ထုရုပ်ကို တွေ့မြင်၏။ ထို့နောင် ဟဒယဝတ္ထုရုပ်၏ မှီရာ ဘူတရုပ် (= ဓာတ်ကြီးလေးပါး) တို့ကိုလည်းကောင်း၊ ဘူတရုပ် (= ဓာတ်ကြီးလေးပါး)ကို မှီတွယ်၍ ဖြစ်နေကြကုန်သော ဟဒယဝတ္ထုမှ ကြွင်းသော ဥပါဒါရုပ်တို့ကိုလည်းကောင်း - ဤသို့လျှင် ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဘူတရုပ် ဥပါဒါရုပ်ဟူသော ဤအလုံးစုံသော ရုပ်တရားကို ဖောက် ပြန်တတ်သော သဘောလက္ခဏာအားဖြင့် ရုပ်-ဟု ပိုင်းခြား မှတ်သား၏။ ထိုနောင် အာရုံသို့ ညွတ်တတ်သော သဘောလက္ခဏာရှိသော တရားကား နာမ်၊ ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ်- ဟု အကျဥ်းအားဖြင့် နာမ်ရုပ်ကို ပိုင်းခြားမှတ်သား၏။ (ဝိသုဒ္ဓိ-၂-၂၂၂။) 〔ဤ၌ နှလုံး၌ တည်ရှိသော ဘူတရုပ် ဥပါဒါရုပ်တို့မှာ - (၅၄) မျိုး ရှိ၏။ (၆)ဒွါရ၊ (၄၂) ကောဋ္ဌာသတို့၌
——所依的心所依处色。此后,他以智分别、把握作为心所依处色之所依的大种色(即四大种),以及依大种色而生、除心所依处色之外的其余所造色;如是以智分别、把握大种色与所造色这些色法。他依这一切色法会变坏的特相,将其分别确定为色;随后又简略地分别名色:有趋向所缘之特相的法是名,有变坏之特相的法是色。(《清净道论》2-222。)〔在这里,位于心脏内的大种色与所造色共有五十四种。在六门与四十二身分中——
တည်ရှိသော ဘူတရုပ် ဥပါဒါရုပ်တို့ကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြမည် ဖြစ်ပါသည်။ တစ်ဖန် ပထမစျာန် နာမ်တရားတို့မှာ စိတ်စေတသိက် (၃၄)လုံး များသောအားဖြင့် ရှိ၏။ ကရုဏာစျာန် မုဒိတာစျာန်တို့တွင် ကရုဏာ ပထမစျာန် မုဒိတာပထမစျာန် ဖြစ်မူ စိတ်စေတသိက် နာမ်တရားစု (၃၅) ရှိမည် ဖြစ်၏။ ယင်း ပထမစျာန် နာမ် တရားစုတို့နှင့် တကွ ကျန်စျာန်နာမ်တရားစုတို့ကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြမည် ဖြစ်ပါသည်။〕〕〕 ထိုသို့ စျာန်နာမ်တရားစုတို့နှင့် တကွ ယင်းစျာန် နာမ်တရားတို့၏ မှီရာ ဖြစ်သော ဘူတရုပ် ဥပါဒါရုပ်တို့ကို သိမ်းဆည်းပြီးသောအခါ ပကိဏ္ဏကသင်္ခါရ အမည်ရသော ကြွင်းကျန်သော ရုပ်တရား နာမ်တရားတို့ကိုလည်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် ဆက်လက်၍ သိမ်းဆည်းအပ်၏ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏။
——所含的大种色、所造色,将在色业处篇说明。再者,初禅名法通常由心与心所共三十四法组成;在悲禅与随喜禅中,若为悲初禅或随喜初禅,则心与心所名法组共有三十五法。这些初禅名法组以及其余诸禅名法组,将在名业处篇说明。〕如此把握诸禅名法组,并把握作为这些禅那名法所依的大种色与所造色之后,对于称为“杂项诸行”(pakiṇṇaka-saṅkhāra)的其余色法与名法,也应继续依特相、作用、现起、近因加以把握,即以智分别。
အကြောင်းမူ အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိက ဒုက္ခ မကုန်နိုင်ဟု ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသောကြောင့် ဖြစ်၏။ (သံ-၂-၂၄၉-၂၅ဝ - ကြည့်။) ဤအကြောင်းကို အာနာပါနဿတိသမာဓိပိုင်းတွင် ထပ်မံ၍ ရှင်းလင်းတင်ပြဦးမည် ဖြစ်ပါသည်။
因为世尊亲自教导:若不能以三种遍知之慧,清楚分别而知一切色法与名法,苦便不可能穷尽。(参见《相应部》2-249—250。)关于这一点,将在“入出息念定”部分再作详细说明。
အကယ်၍ သမထယာနိကပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးရာ၌ နာမ်ကမ္မဋ္ဌာန်းက စ၍ မသိမ်းဆည်းလို ဘဲ ရုပ်ကမ္မဋ္ဌာန်းကပင် စ၍ သိမ်းဆည်းလိုခဲ့သော် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ကဲ့သို့ပင် ရုပ်တရားက စ၍လည်း သိမ်းဆည်းနိုင်သည်သာ ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းနိုင်ပုံကို အောက်တွင် ဆက်လက် ဖော်ပြအပ်ပါသည်။
止乘者若在转入见清净阶段时,不想从名业处开始把握,而想从色业处开始把握,也可以像纯观乘者一样,从色法开始把握。下面继续说明这种把握方法。