第二禅论

入出息念定部分 · 原书第 461–465 页 · 41 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 461 页
ဒုတိယဇ္ဈာနကထာ
第二禅论
ဤဝသီငါးတန်တို့၌ လေ့ကျက်အပ်ပြီး လေ့လာအပ်ပြီး နိုင်နင်းပြီးသော ဝသီရှိသော ယောဂါဝစရပုဂ္ဂိုလ် သည် နိုင်နိုင်နင်းနင်း လေ့လာထားအပ်ပြီးသော ပထမစျာန်မှ ထ၍ ---- ''အယံ သမာပတ္တိ အာသန္နနီဝရဏပစ္စတ္ထိကာ၊ ဝိတက္ကဝိစာရာနံ သြဠာရိကတ္တာ အင်္ဂဒုဗ္ဗလာ''
这位瑜伽行者已经训练、修习并精通五自在;他从自己已经熟练修习的初禅出定后,“这一等至邻近诸盖这一敌人,又因寻、伺粗重而禅支薄弱。”
(ဝိသုဒ္ဓိ-၁-၁၅ဝ။)
(《清净道论》1-150。)
၁။ ဤပထမစျာန် သမာပတ်သည် နီးကပ်သော နီဝရဏ ရန်သူ ရှိ၏။
1.初禅等至邻近名为诸盖的敌人。
၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါရှိ၏ဟု ထိုပထမစျာန်၌ အပြစ်ကို မြင်အောင်ကြည့်၍၊ ၃။ ဒုတိယစျာန်ကို (ပထမစျာန်ထက် ပို၍) ငြိမ်သက်သော တရားဟု နှလုံးသွင်း၍၊ ၄။ ပထမစျာန်၌ လိုချင်ငဲ့ကွက် တသက်သက် ရှိခြင်းကို ကုန်ခန်းစေ၍ ---- ဒုတိယစျာန်ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ခြင်း အာနာပါနဿတိသမာဓိဘာဝနာမှုကို ပြုလုပ်အပ်၏။
2.由于寻与伺粗重,初禅的禅支薄弱。如此观见初禅的过患;3.把第二禅作意为比初禅更寂静的法;4.耗尽对初禅的希求与顾恋——为了获得第二禅,应当努力修习入出息念定。
(ဝိသုဒ္ဓိ-၁-၁၅ဝ။)
(《清净道论》1-150。)
နီဝရဏရန်သူ ---- နီဝရဏရန်သူတို့ကား ပထမစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဝိက္ခမ္ဘန = ခွာထားသည့် အနေဖြင့် ကွာကျသွားကြ၏။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ အာနာပါနဿတိသမာဓိကို ထူထောင် လာရာ ပထမစျာန်သို့ ဆိုက်လုနီးဖြစ်သည့် ဥပစာရသမာဓိနယ်မြေသို့ ရောက်ရှိပါမှ နီဝရဏတရားတို့ ငြိမ်း အေး သွားကြခြင်း ဖြစ်၏။ ပထမစျာန်နှင့် ပထမစျာန်၏ ဥပစာရသမာဓိကား အလွန်နီးကပ်လျက် ရှိသဖြင့် ဥပစာရသမာဓိသို့ ဆိုက်ပါမှ ကွာကျသွားသော နီဝရဏရန်သူနှင့် နီးကပ်လျက်ပင် ရှိပေသည်။
诸盖这一敌人——诸盖在初禅的近行定阶段,已经以镇伏、隔离的方式脱落。禅修者以入出息似相为所缘,逐步建立入出息念定;只有到达即将进入初禅的近行定范围时,诸盖才止息下来。初禅与它的近行定极其接近,所以初禅仍然邻近那一类只有到达近行定才被隔开的敌人——诸盖。
ဝိတက်-ဝိစာရ ---- ဝိတက်ကား အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ ဘာဝနာစိတ်ကို ရှေးရှု တင်ပေး ခြင်းသဘော၊ ဝိစာရကား အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော ဖြစ်သဖြင့် ငြိမ်သက်မှု သမာဓိစွမ်းအင်ကို အလိုရှိသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ ဘာဝနာစိတ်ကို ရှေးရှုတင်ပေးရခြင်း ထိုအာရုံကို သုံးသပ်နေရခြင်းတို့မှာ ရုန့်ရင်း ကြမ်းတမ်း သော စိတ်အမူအရာ တစ်မျိုး ဖြစ်နေ၏။ အကယ်၍ ဘာဝနာစိတ်ကို ထိုကဲ့သို့ တင်မပေးရဘဲ ဘာဝနာအာရုံကို ထိုကဲ့သို့ မသုံးသပ်ရဘဲ ဘာဝနာအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါက ပို၍ ကောင်းမည်ဟု နှလုံးပိုက်၍ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါရှိသော ပထမစျာန်ကို အလိုမရှိသော စိတ်ထား၊ ပို၍ငြိမ်သက်သော ဒုတိယစျာန်ကို အလိုရှိသော စိတ်ထားဖြင့် အာနာပါနပဋိဘာဂ
寻与伺——寻的性质,是把修习心朝向并投置在入出息似相所缘上;伺的性质,是反复审察入出息似相所缘。因此,对于希求寂静、希求定力的瑜伽行者来说,必须把修习心朝向并投置在入出息似相所缘上,又必须审察该所缘,这仍是一种粗重的心理活动。他应当想:“如果不必这样投置修习心,也不必这样审察修习所缘,而修习心能寂然贴住、安住于修习所缘,那就更好了。”于是,他不希求由于寻、伺粗重而禅支薄弱的初禅,而希求更寂静的第二禅,仍以入出息似——
နိမိတ် အာရုံကိုပင် အာရုံယူ၍ အာနာပါနဿတိသမာဓိဘာဝနာကို ဆက်လက်ပွားများရမည်ဟု ဆိုလိုပေသည်။
——相为所缘,继续培育入出息念定。原文所说的就是这个意思。
ဒုတိယစျာန်သို့ ---- ထိုသို့ အားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ပထမစျာန်မှ ထ၍ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ဉာဏ်ဖြင့် ရှေးရှုသက်၍ ဆင်ခြင်စဥ် ဝိတက် ဝိစာရတို့သည် ရုန့်ရင်းကြမ်းတမ်းသောအားဖြင့် ထင်လာကုန်၏။ ပီတိ သုခ စိတ္တေကဂ္ဂတာ တို့သည် ငြိမ်သက်သော သဘောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော စျာန်အင်္ဂါကို ပယ်ခြင်း ငှာလည်းကောင်း၊ ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကို ပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် - ''ယခုအခါ၌ ဒုတိယ စျာန်သည် ဖြစ်ပေတော့လတ္တံ့''ဟု ပြောဆိုသင့်သော ဇောဝါရ၌ ဘဝင်အယဥ်ကို ဖြတ်၍ ထိုအာနာပါနပဋိဘာဂ
趋向第二禅——他如此用功。到了某个时候,他从初禅出定,具足念与正知,以智转向并省察诸禅支;这时,寻与伺显得粗重,喜、乐、心一境性则显得寂静。于是,为了舍离粗重的禅支、获得寂静的禅支,他对同一个入出息似相所缘反复作意。在他的相续中,到了可以说“现在第二禅即将生起”的那个速行轮次,有分流被截断;随后,取同一个入出息似——
原书第 462 页
နိမိတ် အာရုံကိုပင် အာရုံပြု၍ အာနာပါနပဋိဘာဂနိမိတ်ကို ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်းသည် ဖြစ်ပေါ် လာ၏။ ထိုနောင် ထို အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ပင်လျှင် ဣန္ဒြေ ထက်မြက်သူအား လေးကြိမ်မူလည်း ဖြစ်ကုန်သော ဣန္ဒြေ မထက်လွန်းသူအား ငါးကြိမ်မူလည်း ဖြစ်ကုန်သော ဇောတို့သည် စောကုန်၏။ ယင်း လေးကြိမ် ငါးကြိမ်သော ဇောတို့တွင် နောက်ဆုံး၌ဖြစ်သော တစ်ခုသော လေးကြိမ်မြောက်ဇောသည် သို့မဟုတ် ငါးကြိမ်မြောက်ဇောသည် ဒုတိယစျာန်ရှိသော ရူပါဝစရစျာန်ဇောတည်း။ အဆုံးဇောမှ ကြွင်းကုန်သော သုံးကြိမ် လေးကြိမ်သော ဇောတို့သည်ကား ပထမစျာန်၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော သို့မဟုတ် ဥပစာ အနုလုံ ဂေါတြဘုဟူသော အမည်ထူး ရှိသည်သာလျှင် ဖြစ်ကုန်သော ကာမာဝစရ ဇောတို့ ဖြစ်ကြကုန်၏။
——相为所缘、能够审察该似相的意门转向生起。此后,仍以该入出息似相为所缘,根器敏锐者有4个速行生起,根器不甚敏锐者有5个速行生起。在这4个或5个速行中,最后一个——第4或第5速行——是具有第二禅的色界禅那速行。除最后一个以外,其余3个或4个都是欲界速行;正如初禅部分所说,它们分别具有遍作、近行、随顺、种姓这4个专名,或近行、随顺、种姓这3个专名。
ဤမျှလောက်သော ဘာဝနာအစဥ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်း ကြောင့် မိမိတို့၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ ဖြစ်သော စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ မြတ်သော တည်ကြည်မှု သမာဓိကို ပွားစေတတ်သော ဝိတက် မရှိသော ဝိစာရ မရှိသော ပထမစျာန်သမာဓိကြောင့် ဖြစ် သော (သို့မဟုတ် မိမိနှင့် အတူယှဥ်ဖက် သမ္ပယုတ်သမာဓိကြောင့် ဖြစ်သော) နှစ်သက်ခြင်း ပီတိ၊ ချမ်းသာခြင်း သုခရှိသော ဒုတိယစျာန်ကို ပြည့်စုံစေ၍ (ဒုတိယစျာန်သို့ ကပ်ရောက်၍) နေထိုင်ပေ၏။ ဤသို့လျှင် ဤ ယောဂါ ဝစရပုဂ္ဂိုလ်သည် ဝိတက် ဝိစာရဟူသော ပယ်အပ်သော နှစ်ပါးသော စျာန်အင်္ဂါရှိသော၊ ပီတိ သုခ ဧကဂ္ဂတာ ဟူသော သုံးပါးသော စျာန်အင်္ဂါနှင့် ပြည့်စုံသော၊ သုံးပါးအပြားရှိသော ကောင်းခြင်းဂုဏ်ရှိသော၊ ဆယ်ပါးသော လက္ခဏာနှင့် ပြည့်စုံသော အာနာပါနပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ဒုတိယစျာန်ကို ရရှိအပ်သည် ဖြစ်ပေ
依照这样的修习次第,这位瑜伽行者由于寻与伺止息,成就并安住于第二禅:它能使自己内在相续中的心清净,能增长心的殊胜专一;无寻、无伺;由初禅定而生〔或由与第二禅同一心刹那俱生的相应定而生〕,具有喜与乐。如此,这位瑜伽行者便已经证得了以入出息似相为所缘、舍离寻与伺两种禅支、具足喜、乐、心一境性三种禅支、具有三种善并具足十相的——
သတည်း။ (ဝိသုဒ္ဓိ-၁-၁၅ဝ-၁၅၁။)
——第二禅。(《清净道论》1-150—151。)
ဝိတက် ဝိစာရ ချုပ်ငြိမ်းမှု
寻与伺的止息
ပရမတ္ထဓမ္မသဘာဝတို့ကား ဖြစ်ပြီးလျှင် ပျက်ရိုးဓမ္မတာ ရှိသောကြောင့် ပထမစျာန်အတွင်းရှိ ပရမတ္ထဓမ္မ တို့သည် ပထမစျာန်အတွင်း၌ပင် ပျက်သွားကြ၏၊ ဒုတိယစျာန်သို့ တိုင်အောင် ဆက်လက်၍ ဖြစ်နေကြသည် တည်တံ့ခိုင်မြဲနေကြသည်ကား မဟုတ်ကုန်။ သို့အတွက် ထိုဒုတိယစျာန်၌ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံ ယူ၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် နာမ်တရား (၃၄) ဟူသော နာမ်တရားအားလုံးတို့သည်ပင် အကယ် ၍ကား မရှိကြလေကုန်။ မှန်ပေသည် ---- ပထမစျာန်အတွင်း၌ တည်ရှိကုန်သော ဖဿ စသော (၃၄)မျိုးသော နာမ်တရားတို့ကား တစ်ပါးတခြားတည်း။ ဒုတိယစျာန်အတွင်း၌ တည်ရှိကုန်သော (၃၂)လုံးသော ဖဿ စသော တရားတို့ကား သီးသန့် တစ်ပါးတခြားသာတည်း၊ စိတ္တက္ခဏချင်း မတူကြသဖြင့် သီးသန့်စီ ဖြစ်ကြကုန်၏။
究竟法的自性是生起以后必然坏灭。因此,初禅中的究竟法就在初禅中坏灭,并不会延续到第二禅,继续生起或稳固存在。故在第二禅生起时,先前以入出息似相为所缘而生的初禅34种名法,全部都已不存在。确实,初禅中的触等34种名法是一组独立的法;第二禅中的触等32种法又是另一组独立的法。它们属于不同的心刹那,所以各自独立。
ဒုတိယစျာန်ဖြစ်ခိုက်၌ ပထမစျာန်နာမ်တရားတို့သည် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် သဘောအရ သက်တမ်း စေ့၍ ချုပ်ပျက်သွားကြပြီး ဖြစ်သဖြင့် ထိုသို့ပင် ထင်ရှားမရှိသော်လည်း ရုန့်ရင်း ရုန့်ရင်းသော စျာန်အင်္ဂါကို ကျော်လွှား လွန်မြောက်သွားခြင်းကြောင့် ပထမစျာန်မှ တစ်ပါးကုန်သော ဒုတိယစျာန် စသည်တို့ကို ရရှိခြင်း သည် ဖြစ်ပေါ်လာနိုင်၏ဟူသော ဤကဲ့သို့သော အနက်သဘောကို ထင်ရှားပြခြင်းငှာ --- ဝိတက္ကဝိစာရာနံ ဝူပသမာ = ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့် - ဟူ၍ ဤသို့ ဘုရားရှင် ဟောကြားတော်မူအပ်ပေသည်။
第二禅生起时,初禅名法早已依生、住、灭的法则寿尽坏灭,当然不再存在;然而,正是由于超越了较粗重的禅支,才可能获得异于初禅的第二禅等。为了清“由于寻与伺止息。”
ဝိတက် ဝိစာရနှင့် အတူတကွ ဖြစ်သော တရားတို့၏လည်း ချုပ်ငြိမ်းခြင်းကြောင့်ဟူ၍ ဟောတော် မမူအပ်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ-၁-၁၅၁။)
应当知道,世尊并没有说:“由于与寻、伺俱生的诸法也止息。”(《清净道论》1-151。)
原书第 463 页
သဒ္ဓါ နှင့် သမာဓိ
信与定
ဤဒုတိယစျာန်၌ -- အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ (မ-၁-၈၉။) - စသည်ဖြင့် မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော သဒ္ဓါတရားနှင့် မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိ ရှိမှုကို အထူးပြု၍ ဘုရားရှင် ဟောကြားထားတော်မူခဲ့၏။
“内在净信,使心成为专一。”如此特别标举:在自己内在的相续中,具有能使心清明的信,以及心的殊胜稳定——定。
ဤအရာ၌ မေးမြန်းဖွယ်ကား ဤသို့ ဖြစ်၏။ ဤကဲ့သို့သော စိတ်ကို ကြည်လင်စေတတ်သော သဒ္ဓါ တရားနှင့် ဧကောဒိ အမည်ရသော မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိတရားသည် ပထမစျာန်၌လည်း ရှိသည်ပင် မဟုတ်ပါလား၊ အဘယ်ကြောင့် ဤဒုတိယစျာန်ကိုသာလျှင် သမ္ပသာဒန = စိတ်ကို ကြည်လင်စေ တတ်သော သဒ္ဓါတရား ရှိ၏ဟူ၍လည်းကောင်း၊ စေတသော ဧကောဒိဘာဝ = မွန်မြတ်သော စိတ်တည်ကြည် မှု သမာဓိကို တိုးပွားစေတတ်၏ဟူ၍လည်းကောင်း ဟောကြားတော်မူအပ်ပါသနည်းဟု မေးမြန်းဖွယ် ရှိ၏။
这里可以提出如下问题:这种能使心清明的信,以及称为 ekodi 的殊胜心定,初禅中不是也有吗?为什么世尊只说第二禅具有 သမ္ပသာဒန——能使心清明的信;又只说第二禅能增长 စေတသော ဧကောဒိဘာဝ——殊胜的心定呢?
အဖြေမှာ ဤသို့ ဖြစ်၏။
答案如下。
ဤပထမစျာန်သည် ဝိတက် ဝိစာရတို့၏ လှုပ်ချောက်ချားခြင်း လောက်လက်ခတ်ခြင်းကြောင့် လှိုင်းတံပိုး ငယ် လှိုင်းတံပိုးကြီးတို့ဖြင့် ရောပြွမ်းသော ရေကဲ့သို့ ကောင်းစွာ ကြည်လင်သည်ကား မဖြစ်သေး။ ထိုကြောင့် ပထမစျာန်၌ သဒ္ဓါတရား ရှိသော်လည်း သမ္ပသာဒန = စိတ်ကို ကြည်လင်စေတတ်၏ဟူ၍ ဘုရားရှင် ဟော တော် မမူအပ်ပေ။ ဆိုအပ်ပြီးသော စိတ်၏ ကောင်းစွာ မကြည်သည်၏ အဖြစ်ဟူသော အကြောင်းကြောင့် လည်းကောင်း၊ ဆိုအပ်ပြီးသည်သာဖြစ်သော ဝိတက် ဝိစာရတို့၏ လောက်လက်ခတ်ခြင်း ချောက်ချားခြင်း ဟူ သော အကြောင်းကြောင့်လည်းကောင်း သဒ္ဓါနှင့် ပညာတို့၏ ညီမျှမှု ဝီရိယ၏ သမာဓိနှင့် ညီမျှမှု ရှိခဲ့သော် (ပျစ်ချွဲသော ရေ၌ ငါးကဲ့သို့ ) ဤပထမစျာန်၌ သမာဓိသည်လည်း ကောင်းစွာ ထင်ရှားသည် မဖြစ်၊ ထိုကြောင့် ဧကောဒိဘာဝ = မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိကို တိုးပွားစေတတ်၏ ဟူ၍လည်း ဟောတော်မမူ
初禅因寻与伺的摇动、扰动,就像混有小浪、大浪的水,还不能十分澄澈。因此,初禅虽有信,世尊却没有说它具有 သမ္ပသာဒန——能使心清明。又因为心尚未充分澄澈,也因为寻与伺仍在摇动、扰动,即使信与慧达到平衡、精进与定达到平衡,初禅中的定仍不能充分显明,就像鱼处在黏稠的水中一样。因此,世尊也没有把初禅说成能够增长 ဧကောဒိဘာဝ——殊胜的心定;并未如此——
အပ်ပေ။
——宣说。
အထူးမှာ ဤဒုတိယစျာန်၌ ဝိတက် ဝိစာရတို့၏ ထက်ဝန်းကျင်မှ နှောင့်ယှက်ခြင်း မရှိသည်၏ အဖြစ် ကြောင့် စိတ်ကို ကြည်လင်စေတတ်သော သဒ္ဓါတရားသည် အခွင့်ရလာသည်ဖြစ်၍ အားရှိလာ၏၊ စွမ်းအင် ပြည့်ဝလာ၏၊ အားရှိသော စွမ်းအင်ပြည့်ဝသော သဒ္ဓါဟူသော အဖော်သဟဲကို ရရှိခြင်းကြောင့်ပင်လျှင် သမာဓိ သည်လည်း ထင်ရှားလာ၏၊ ထိုကြောင့် ဤဒုတိယစျာန်ကိုသာလျှင် သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ - ဟု မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော သဒ္ဓါတရားနှင့် ဧကောဒိ အမည်ရသော မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိရှိမှုကို အထူးပြု၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်ပေသည် --- ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ-၁-၁၅၂။) အဝိတက္က အဝိစာရ ---- ဝိတက် ဝိစာရတို့အပေါ်၌ တွယ်တာတပ်မက်သည့် တဏှာကို စွန့်ပယ်ခြင်းဖြင့် ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့် ဤဒုတိယစျာန်သည် စိတ်ကို ကြည်လင်စေတတ်၏၊ ဥပစာရသမာဓိ
第二禅则不同:因为不再受到寻与伺从四周干扰,能使心清明的信便有了发挥的机会,变得强而有力;又因为得到强而有力的信作为助伴,定也显明起来。因“净信,使心成为专一。”也就是特别标举:在自己内在的相续中,具有能使心清明的信,以及称为 ekodi 的殊胜心定;应当如此理解。(《清净道论》1-152。)无寻、无伺——由于舍弃了对寻、伺的爱著,以此使寻、伺止息,第二禅便能使心清明;它并不是像近行定——
အခိုက်၌ကဲ့သို့ နီဝရဏကိလေသာဟူသော နောက်ကျိခြင်းကို ငြိမ်းစေခြင်းကြောင့် စိတ်ကို ကြည်လင်စေတတ် သည်ကား မဟုတ်၊ ထို့ပြင် ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်ပင်လျှင် ဤဒုတိယစျာန်သည် မွန်မြတ် သော စိတ်တည်ကြည်မှု သမာဓိကို တိုးပွားစေတတ်ခြင်း ဖြစ်၏။ ဥပစာရစျာန်၌ကဲ့သို့ နီဝရဏကိလေသာ အညစ်အကြေးကို ပယ်ခွာခြင်းကြောင့်လည်းကောင်း၊ ပထမစျာန်၌ကဲ့သို့ စျာန်အင်္ဂါ ထင်ရှား ဖြစ်ခြင်းကြောင့် လည်းကောင်း ဤဒုတိယစျာန်သည် မွန်မြတ်သော စိတ်တည်ကြည်မှု = သမာဓိကို တိုးပွားစေသည်ကား မဟုတ်၊ ဤသို့လျှင် ဤ - ဝိတက္ကဝိစာရာနံ ဝူပသမာ = ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်ဟူသော - ဤစကားသည်
——阶段那样,因为止息名为诸盖烦恼的浑浊而使心清明。不仅如此,恰恰由于寻与伺止息,第二禅才能增长殊胜的心定。它并不是像近行禅那样,因为排除诸盖烦恼的垢染而增长殊胜的心定,也不是像初禅那样,因为禅支显明而“由于寻与伺止息。”这句话——
原书第 464 页
စိတ်ကို ကြည်လင်စေမှုနှင့် မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိကို တိုးပွားစေမှုတို့၏ အကြောင်းကို ထင်ရှား ဖော်ပြသော စကားသာ ဖြစ်၏။
——正是清楚说明心何以清明、殊胜心定何以增长的原因之语。
ထိုမှတစ်ပါး ဝိတက် ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် ဤဒုတိယစျာန်သည် ဝိတက် မရှိသည် ဝိစာရ မရှိသည် ဖြစ်၏၊ တတိယစျာန် စတုတ္ထစျာန်တို့ကဲ့သို့လည်းကောင်း၊ စက္ခုဝိညာဏ် စသည်တို့ကဲ့သို့လည်းကောင်း ပင်ကိုယ် သဘောအားဖြင့် မရှိခြင်းကြောင့် ဝိတက် မရှိသည် ဝိစာရလည်း မရှိသည် မဟုတ်၊ ဤသို့လျှင် ဝိတက် မရှိမှု ဝိစာရ မရှိမှု၏ အကြောင်းကို ပြတတ်သည်လည်း ဖြစ်၏၊ ဝိတက် ဝိစာရတို့၏ မရှိခြင်းမျှကို ပြတတ်သည် မဟုတ်။
此外,由于寻与伺止息,第二禅才无寻、无伺;它并不是像第三禅、第四禅或眼识等法那样,由于本来自性中就没有寻、伺而无寻、无伺。由此,这句话也显示第二禅为何没有寻、伺,并不只是显示寻、伺不存在。
သို့သော် - အဝိတက္ကံ အဝိစာရံ = ဝိတက် မရှိသော ဝိစာရ မရှိသော - ဟူသော ဤ စကားသည်ကား ဤဒုတိယစျာန်၌ ဝိတက် ဝိစာရတို့၏ မရှိခြင်းမျှကိုသာလျှင် ပြတတ်ရှာ၏၊ ထိုကြောင့် ရှေးဖြစ်သော ဝိတက် ဝိစာရာနံ ဝူပသမာ = ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်ဟူသော စကားကို ပြောဆိုပြီး၍လည်း အဝိတက္ကံ အဝိစာရံ = ဝိတက် မရှိသော ဝိစာရ မရှိသောဟူသော နောက်စကားကို ပြောဆိုသင့်သည်သာ ဖြစ်ပေသည်။
“无寻、无伺。”这句话只能显示第二禅“由于寻与伺止息。”以后,仍然适合接着说“အဝိတက္ကံ အဝိစာရံ——无寻、无伺”。
ထိုကြောင့် ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်ဟု ဆိုပြီးသော်လည်း ဝိတက် မရှိသော ဝိစာရ မရှိသော ဟူသော စကားကိုလည်း ဤဒုတိယစျာန်၏ ဂုဏ်ကို ဖော်ပြရာဝယ် ထပ်မံ၍ ဆိုရပြန်ပေသည်။
所以,虽然已经说过“由于寻与伺止息”,为了显示第二禅的功德,仍须再次说“无寻、无伺”。
(ဝိသုဒ္ဓိ-၁-၁၅၂-၁၅၃။)
(《清净道论》1-152—153。)
သမာဓိဇံ = သမာဓိကြောင့် ဖြစ်သော ---- ဤဒုတိယစျာန်ကား ပထမစျာန်သမာဓိက ဥပနိဿယစသော သတ္တိတို့ဖြင့် ကျေးဇူးပြုပေးခြင်းကြောင့် လည်းကောင်း၊ ဒုတိယစျာန်သမာဓိဟူသော မိမိ ဒုတိယစျာန်နှင့် စိတ္တက္ခဏတစ်ခုအတွင်း အတူယှဥ်တွဲ ဖြစ် သည့် သမ္ပယုတ်သမာဓိကလည်း သဟဇာတ အညမည နိဿယစသော သတ္တိတို့ဖြင့် ကျေးဇူးပြုပေးခြင်းကြောင့် လည်းကောင်း ဖြစ်ပေါ်လာရသဖြင့် သမာဓိဇံ = သမာဓိကြောင့်ဖြစ်သောဟု ဟောကြားတော်မူခြင်း ဖြစ်ပေ သည်။ ထိုပထမစျာန် ဒုတိယစျာန် နှစ်ပါးတို့တွင် ပထမစျာန်သည်လည်း မိမိ ပထမစျာန်နှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဥ်တွဲ ဖြစ်သည့် သမ္ပယုတ် သမာဓိကြောင့်ပင် အကယ်၍ကား ဖြစ်ပေါ်လာပေ၏၊ ထိုသို့ ဖြစ်သော်လည်း ဤဒုတိယစျာန်သမာဓိသည်သာလျှင် သမာဓိဟူ၍ ဆိုအပ်သည်၏ အဖြစ်ကို ထိုက်တန်၏။
သမာဓိဇံ,即“由定而生”——之所以开示第二禅“由定而生”,是因为它一方面得到初禅定以亲依止缘等缘力给予助益;另一方面,又得到第二禅自身在同一心刹那中俱生的相应定,以俱生缘、相互缘、依止缘等缘力给予助益,因而生起。在初禅与第二禅二者之中,初禅固然也由同一心刹那中与它俱生的相应定而生;但只有第二禅的定,才堪当“定”这一名称。
အဘယ်ကြောင့်နည်းဟူမူ ---- စိတ်အစဥ်ကို ထိုထို အာရုံသို့ ရောက်အောင် ရှေးရှုတင်ပေးခြင်း ဆုပ်နယ်ပေး ခြင်းဖြင့် ဝိတက် ဝိစာရတို့သည် စိတ်ကို လှုပ်ချောက်ချားစေတတ်၏၊ ဒုတိယစျာန်၌ကား ထိုကဲ့သို့ စိတ်ကို လှုပ် ချောက်ချားစေတတ်သော ဝိတက် ဝိစာရ ကင်းသဖြင့် အလွန်လျှင် တုန်လှုပ်ခြင်း ကင်းသည်၏ အဖြစ်ကြောင့် လည်းကောင်း၊ ကောင်းစွာ ကြည်လင်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဤဒုတိယစျာန်သမာဓိသည်သာလျှင် သမာဓိဟူ၍ ဆိုအပ်သည်၏ အဖြစ်ကို ထိုက်တန်ပေသည်။ ထိုသို့ ဒုတိယစျာန်သမာဓိ၏သာလျှင် သမာဓိဟူ၍ ဆိုခြင်းငှာ ထိုက်သည်၏ အဖြစ်ကြောင့် ဤဒုတိယစျာန်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်းငှာ ဤဒုတိယစျာန်ကို သာလျှင် သမာဓိဇံ = သမာဓိကြောင့် ဖြစ်၏ဟူ၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်ပေသည်။
为什么呢?寻与伺把心相续朝向并投置在一个个所缘上,又在所缘上反复揉摩,因而会使心摇动。第二禅没有这种能使心摇动的寻与伺,所以极其不动,又十分清明;正因如此,只有第二禅的定才堪当“定”这一名称。为了赞叹第二禅的功德,世尊便只对第二禅开示 သမာဓိဇံ——“由定而生”,因为只有第二禅的定特别堪当“定”之名。
(ဝိသုဒ္ဓိ-၁-၁၅၃။)
(《清净道论》1-153。)
အသင် ယောဂီသူတော်ကောင်းသည် ဤအထက်ပါ ရှင်းလင်းချက်များကို ဖတ်ရှုပြီးပါက အောက်ပါ ဘုရားဟောဒေသနာတော်ကို ဖတ်ရှုပါလျှင် လွယ်ကူစွာပင် နားလည်၍ အရသာ ပေါ်လွင်နေမည် ဖြစ်ပေသည်။
贤善的瑜伽行者,当你读过以上解释以后,再读下面这段佛陀的开示,便会很容易理解,并能体会其中法味。
ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (မ-၁-၈၉။)
“由于寻与伺止息,内在净信,使心成为专一;无寻、无伺,具有由定而生的喜与乐;成就并安住于第二禅。”(《中部》1-89。)
原书第 465 页
အာနာပါနဿတိသမာဓိပိုင်း = ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ဖြစ်သော စိတ်ကို ကြည်လင် စေတတ်သော၊ စိတ်၏ မြတ်သော တည်ကြည်မှု = သမာဓိကို ပွားစေတတ်သော ဝိတက် မရှိသော ဝိစာရ မရှိသော၊ ပထမစျာန်သမာဓိကြောင့် ဖြစ်သော (သို့မဟုတ် မိမိနှင့် အတူယှဥ်ဖက် သမ္ပယုတ်သမာဓိကြောင့် ဖြစ်သော) နှစ်သက်ခြင်း = ပီတိ၊ ချမ်းသာခြင်း = သုခ ရှိသော ဒုတိယစျာန်ကို ပြည့်စုံစေ၍ ဒုတိယစျာန်သို့ ကပ်ရောက်၍ နေထိုင်ပေ၏။ (မ-၁-၈၉။)
=由于寻与伺止息,内在相续中具有能使心澄净、令殊胜的心定增长的性质;无寻、无伺;具有由初禅定而生(或由与自身相应的俱生定而生)的喜与乐——他成就第二禅,并安住于第二禅。(《中部》1-89。)
ဝိတက် ဝိစာရ ပြုတ်ချိန်
寻与伺脱落之时
ယထာ စ ပဌမဇ္ဈာနဿ ဥပစာရက္ခဏေ နီဝရဏာနိ ပဟီယန္တိ ၊ န တထာ ဣမဿ ဝိတက္ကဝိစာရာ။
“如同诸盖在初禅的近行刹那被舍离,寻与伺却并非同样在这一第二禅的近行刹那被舍离。”
အပ္ပနာက္ခဏေယေဝ စ ပနေတံ ဝိနာ တေဟိ ဥပ္ပဇ္ဇတိ။ တေနဿ တေ ''ပဟာနင်္ဂ''န္တိ ဝုစ္စန္တိ။ ပီတိ သုခံ စိတ္တေကဂ္ဂတာတိ ဣမေသံ ပန တိဏ္ဏံ ဥပ္ပတ္တိဝသေန တိဝင်္ဂသမန္နာဂတတာ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ-၁-၁၅၃။) ပထမစျာန်၏ ဥပစာရသမာဓိအခိုက် ခဏ၌ နီဝရဏတို့ကို ပယ်အပ်ကုန်၏သို့ အလားတူ ဤဒုတိယ စျာန်၏ ဥပစာရသမာဓိအခိုက် ခဏ၌ ဝိတက် ဝိစာရတို့ကို ပယ်အပ်သည်ကား မဟုတ်ကုန်၊ အဘယ်ကြောင့် နည်းဟူမူ ဝိတက် ဝိစာရတို့၏ စိတ်အစဥ်ကို ညစ်နွမ်းစေတတ် ပူပန်စေတတ်သော သံကိလိဋ္ဌသဘော မရှိ သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ဥပစာရဘာဝနာ၏လည်း ထိုဝိတက် ဝိစာရတို့ကို ပယ်ခြင်းငှာ မစွမ်းနိုင် သည်၏ အဖြစ်ကြောင့်လည်းကောင်း ဤအကြောင်း နှစ်ပါးကြောင့် ဖြစ်ပေသည်။ အမှန်စင်စစ်အားဖြင့်မူကား အပ္ပနာစျာန် စောခိုက်၌သာလျှင် ဤဒုတိယစျာန်သည် ထိုဝိတက် ဝိစာရတို့နှင့် ကင်း၍ ဖြစ်ပေါ်လာပေသည်။
“然而,唯在安止刹那,这一第二禅才离开寻与伺而生。因此,寻与伺称为它的‘应断支’;由于喜、乐、心一境性这三法生起,应知它具足三支。”(《清净道论》1-153。)如同初禅在近行定刹那舍离诸盖,第二禅并不在近行定刹那舍离寻与伺。为什么呢?一方面,寻与伺并不具有令心相续染污、热恼的染污性质;另一方面,近行修习也没有能力舍离寻与伺。由于这两个原因,它们尚未被舍离。事实上,唯在安止禅速行生起时,第二禅才离开寻与伺而生起。
ထိုကြောင့် ထို ဝိတက် ဝိစာရတို့ကို ထို ဒုတိယစျာန်၏ ပယ်အပ်သော အင်္ဂါရပ်တို့ဟူ၍ ဆိုအပ်ကုန်သည်။
因此,寻与伺称为第二禅的应断支。
တစ်ဖန် ပီတိ သုခ စိတ္တေကဂ္ဂတာ ---- ဤတရားသုံးပါးတို့၏ ထင်ရှားဖြစ်ခြင်း၏ အစွမ်းဖြင့် ထိုဒုတိယစျာန်၏ သုံးပါးသော အင်္ဂါနှင့် ပြည့်စုံသည်၏ အဖြစ်ကို သိရှိပါလေ။ (ဝိသုဒ္ဓိ-၁-၁၅၃။) ဤအဋ္ဌကထာ၏ သတ်မှတ်ချက် မိန့်ဆိုတော်မူချက်အရ အထွတ်အထိပ်သို့ ရောက်နေသော ဥပစာရ သမာဓိ အမည်ရသော၊ ဒုတိယစျာနဝီထိ ဒုတိယစျာနသမာပတ္တိဝီထိ စသည်တို့၌ အကျုံးဝင်သော ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော ဥပစာရဇောတို့၌ ဝိတက် ဝိစာရ မပြုတ်သေးဘဲ ယှဥ်လျက်ပင် ရှိနေသေးသည်ဟု မှတ်ပါ။ ဤ ဒုတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝိတက် ဝိစာရ ပြုတ်-မပြုတ် ကို ကြိမ်ဖန်များစွာ ဆန်းစစ်ကြည့်ပါ။ ဤ ဒုတိယစျာန်၌လည်း ရစတွင် ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါကို ဆင်ခြင်မှု နည်းပါစေ။
另一方面,由于喜、乐、心一境性这三法明显生起,应知第二禅具足三支。(《清净道论》1-153。)依义注的这一判定,应当记住:在属于第二禅心路、第二禅入定心路等,并被称为达到顶点的近行定的遍作、近行、随顺、种姓诸近行速行中,寻与伺尚未脱落,仍然相应。也应继续训练第二禅,直至成就五自在;应反复检验寻、伺是否已经脱落。初得第二禅时,也应多入定、少省察禅支。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。