已到安住阶段
入出息念定部分 · 原书第 344–346 页 · 13 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 344 页
ဌပနာခေတ်သို့ ဆိုက်ပြီ
已到安住阶段
အထာနေန နိမိတ္တေယေဝ စိတ္တံ ဌပေတဗ္ဗံ။ ဧဝမဿာယံ ဣတော ပဘုတိ ဌပနာဝသေန ဘာဝနာ ဟောတိ။ ဝုတ္တဥှေတံ ပေါရာဏေဟိ ---- ''နိမိတ္တေ ဌပယံ စိတ္တံ၊ နာနာကာရံ ဝိဘာဝယံ။
“然后,他应把心安置在禅相上。从此以后,他的修习便以安住的方式进行。古师曾说:‘将心安置于禅相,令种种行相隐没……’”
ဓီရော အဿာသပဿာသေ၊ သကံ စိတ္တံ နိဗန္ဓတီ''တိ။ (ဝိသုဒ္ဓိ-၁-၂၇၇-၂၇၈။)
“……贤者于入息与出息中,系缚自己的心。’”(《清净道论》1-277—278)
ထိုနောင် ဤ ယောဂါဝစရ ရဟန်းတော်သည် ဖြစ်ပေါ်လာသော အာနာပါနနိမိတ် အာရုံ၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားပါလေ။ ဤသို့ အာနာပါနနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကောင်းစွာ ကပ်ထား၍ ရှုပွားခဲ့သော် ---- ဤ အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် ဖြစ်ပေါ်လာသည့် အချိန်အခါမှစ၍ ဤယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဌပနာ၏ အစွမ်းဖြင့် ဤအာနာပါနဿတိသမာဓိ ဘာဝနာသည် ဖြစ်ပေါ်၍ လာပေသည်။ မှန်ပေသည် ရှေးရှေးအဋ္ဌကထာဆရာတော်တို့သည် ဤသို့ မိန့်ဆိုတော်မူကြလေကုန်ပြီ။
此后,这位禅修比丘应当只把修习心安静、稳固地安置在已生起的入出息禅相所缘上。若能如此把修习心妥善安置于入出息禅相并继续观修,那么从极其清澈明亮的入出息似相生起之时起,入出息念定的修习便在他的相续中以安住的方式进行。确实,古代义注师曾如此说。
''သမ္မာဝါယာမ မဂ္ဂင်ဟူသော သမ္မပ္ပဓာန် လုံ့လဝီရိယနှင့် ပြည့်စုံသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် အဿာသ ပဿာသ အာရုံ၌ ----
“具足正精进道支——即四正勤之精进——的高贵禅修者,在以入息与出息为所缘时……
原书第 345 页
အာနာပါနဿတိသမာဓိပိုင်း ၁။ ရှည်သော အဿာသ၊ ၂။ ရှည်သော ပဿာသ၊ ၃။ တိုသော အဿာသ၊ ၄။ တိုသော ပဿာသ - ဟု လေးမျိုးကုန်သော အခြင်းအရာတို့ဖြင့် ဟောတော်မူအပ်ပြီးသော အထူးအထူးသော အခြင်းအရာကို ကွယ်ပျောက်စေလျက် 〔ပကတိသော အဿာသ-ပဿာသကို အမှီပြု၍ ဘာဝနာစွမ်းအားကြောင့် အလွန် ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာသောအခါ ထိုလေးမျိုးကုန်သော အခြင်း အရာတို့ကို နှလုံးမသွင်းခြင်းကြောင့် ထိုလေးမျိုးကုန်သော အခြင်းအရာတို့သည် ကွယ်ပျောက်သကဲ့သို့ ဖြစ်နေ ကုန်၏၊ ဤသို့ ကွယ်ပျောက်စေလျက်〕 ပကတိသော အဿာသ-ပဿာသမှ ဖြစ်ပေါ်၍လာသော အာနာပါန ပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် ကောင်းစွာ ကပ်ထားနိုင်ဘိမူကား ထိုသို့ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကောင်း စွာ ကပ်ထားနိုင်ခြင်းဖြင့် မိမိ၏ ဘာဝနာစိတ်ကို အာရုံ၌ အပ္ပနာစျာန်သို့ ဆိုက်အောင် မြဲစွာ ဖွဲ့ချည်ထားသည်
……以 1. 长入息;2. 长出息;3. 短入息;4. 短出息这四种行相所说的种种差别行相隐没之后,〔依自然入息与出息,由修习力而生起极其清澈明亮的入出息似相时,因为不再作意这四种行相,它们就仿佛隐没了;这就是令它们隐没〕,若他能把修习心安静而稳固地安置在从自然入息与出息生起的入出息似相所缘上,那么,正因为能如此只把修习心稳固安置于入出息似相,他便把自己的修习心牢牢系缚于所缘,直至达到安止禅……
မည်ပေ၏။'' (ယင်းသို့ အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို အပ္ပနာစျာန် ဆိုက်အောင် မြဲစွာ ဖွဲ့ချည်ထားခြင်းကို ဌပနာဟု ခေါ်ဆိုသည် မှတ်ပါ။) (ဝိသုဒ္ဓိ-၁-၂၇၇-၂၇၈။) ပုဗ္ဗေ ယံ ဝုတ္တံ ''အနုဗန္ဓနာယ စ ဖုသနာယ စ ဌပနာယ စ မနသိ ကရောတီ''တိ။ တတ္ထ အနုဗန္ဓနံ၊ ဖုသနဉ္စ ဝိဿဇ္ဇေတွာ ဌပနာဝသေန ဘာဝနာ ဟောတီတိ ဌပနာဝသေနေဝ ဘာဝေတဗ္ဗန္တိ အတ္ထော။
……这就叫作安住。”〔应当知道:如此将修习心牢牢系缚于入出息似相所缘,直至达到安止禅,称为“安住”(ṭhapanā)。〕(《清净道“先前所说‘以随逐、触与安住而作意’,其意是:舍离随逐与触以后,修习以安住的方式进行;所以只应以安住的方式修习。”
(မဟာဋီ-၁-၃၃၆။)
(《大复注》1-336)
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်သည် (ဝိသုဒ္ဓိ-၁-၂၇၂။) ရှေးပိုင်းက - ''ထို ပကတိသော ဝင်သက်လေ ထွက်သက်လေတို့၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နေရာဌာန၌ပင်လျှင် ရေတွက်ခြင်း ဂဏနာနည်းကို ခေါက်ထားလိုက်၍ ထိုဝင်သက်လေ ထွက်သက်လေတို့ကို (အရှည်-အတို အစ- အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်) သတိဖြင့် အစဥ်လိုက်လျက်သော်လည်းကောင်း၊ အပ္ပနာစျာန် ဖြစ်နိုင်ကောင်းသော အခြင်းအရာအားဖြင့် ထင်လာတိုင်းသော အလွန်ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်တံ့နေအောင် ကပ်ထားလျက်သော်လည်း ကောင်း အနုဗန္ဓနာနည်းဖြင့်လည်းကောင်း၊ ဖုသနာနည်းဖြင့်လည်းကောင်း၊ ဌပနာနည်းဖြင့်လည်းကောင်း နှလုံး သွင်းသည် မည်၏'' -- ဟူသော စကားရပ်ကို မိန့်ဆိုတော်မူခဲ့၏။ ထိုစကားရပ်၌ ယခုကဲ့သို့ အာနာပါနပဋိဘာဂ နိမိတ်သည် ထင်လာသောအခါ တည်တံ့ ခိုင်ခံ့လာသောအခါ အနုဗန္ဓနာနည်းနှင့် ဖုသနာနည်းတို့ကို လွှတ်၍
《清净道论》论师早先在《清净道论》1-272中说:“就在自然入息、出息接触明显的鼻端或上唇这一处,放下计数法;以念逐次随逐入息、出息〔清楚了知其长、短及始、中、末全体〕,或者把修习心安稳地安住在以足以生起安止禅的方式显现、极其清澈明亮的入出息似相所缘上;这便称为依随逐法、触法与安住法作意。”在这段话中,当入出息似相已经出现,并且稳定坚固时,便放下随逐法与触法——
ထင်လာတိုင်းသော အာနာပါနပဋိဘာဂနိမိတ်ကိုသာ အာရုံမူလျက် အပ္ပနာစျာန် ဖြစ်ပေါ်လာနိုင်ကောင်းသော ဖြစ်ပေါ်လာနိုင်လောက်သော အခြင်းအရာအားဖြင့်သာလျှင် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ် ကို ငြိမ်ဝပ်စွာ တည်တံ့ ခိုင်မြဲအောင် ကပ်ထားလျက် ပွားများအားထုတ်ရမည်ဟု ဆိုလိုပေသည်။
——只以已显现的入出息似相为所缘,依足以使安止禅生起的方式,把修习心安稳、牢固地安住在该似相所缘上而继续修习;这就是其意。
(မဟာဋီ-၁-၃၃၆။)
(《大复注》1-336。)
ယင်းသို့ ထင်လာတိုင်းသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ အပ္ပနာစျာန် ဆိုက်နိုင်လောက်သော အခြင်း အရာအားဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်တံ့ ခိုင်ခံ့အောင် ကပ်ထားလျက် ဌပနာနည်း၏ အစွမ်းဖြင့် ပွားများနိုင်ခဲ့သော် ပကတိသော ဝင်သက်လေ ထွက်သက်လေကို အာရုံ မမူတော့ဘဲ မျက်နှာလွှဲထားသဖြင့် ပကတိသော အဿာသ-ပဿာသကို မှီ၍ ဖြစ်ပေါ်လာသော ပဋိဘာဂနိမိတ်ကိုသာ မျက်နှာမူထားသဖြင့် ----
如此,若能依安住法修习,把修习心以足以达到安止禅的方式安稳、牢固地安住在已显现的入出息似相所缘上;由于不再取自然入息、出息为所缘,转离自然入出息,而只面向依自然入息、出息所生的似相——
原书第 346 页
၁။ အဿာသ၊ ၂။ ပဿာသ၊ ၃။ နိမိတ် ---- ဤသုံးပါးတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံဖြစ်သည် တမုံ့၊ တစ်ခုတည်းသော ဘာဝနာ စိတ်၌ မထင်သည်ကား မဟုတ်၊ ထင်ပါ၏ သြော် - ဟူလိုသည်။ (ပြည်-၂-၂၄၈-၂၄၉ - ကြည့်ပါ။)
——于是,1.အဿာသ(assāsa,入息);2.ပဿာသ(passāsa,出息);3.နိမိတ်(nimitta,相),这三者便可说是同一个修习心的所缘。也就是说,并非它们不显现于同一个修习心;它们确实显现。(参见卑谬尊者《清净道论依词释》第二册,248—249。)