破坏教法者

教法的大支柱 · 原书第 179–185 页 · 49 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 179 页
သာသနာကို ဖျက်ဆီးနေသူ
破坏教法者
ဒုပ္ပဋိပန္နော ဟိ သာသနံ ဘိန္ဒန္တော သတ္ထုဓမ္မသရီရေ ပဟာရံ ဒေတိ နာမ။ (ဥဒါနအဋ္ဌကထာ-၈၇။) ဤအထက်ပါ သာသနာ့မဏ္ဍိုင်ကြီး (၄)ရပ်ဟူသော ဝိနယ (၄)ပါးနှင့် မညီညွတ်သော ကျင့်စဥ် ပဋိပတ်ကို ကျင့်နေသောသူကား ဒုပ္ပဋိပန္နပုဂ္ဂိုလ် မည်၏။ တစ်နည်းဆိုသော် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ခြင်း၏ အကြောင်းရင်းစစ်ဖြစ်သော သုတ္တအမည်ရသော ပိဋကပါဠိတော်နှင့် ညီညွတ်နေသော သာသနဓမ္မ အမည်ရသော
“行道不正者破坏教法,即名为打击导师的法身。”(《自说义注》87。)凡所修行的行道不符合上述教法四大支柱——四种律则——就是“行道不正者”(duppaṭipanna)。换言之,称为“经”的三藏巴利是真正能使人脱离轮回苦的因;与它相合的佛陀教诫,称为“佛陀教法”(sāsana-dhamma)。
原书第 180 页
ဘုရားရှင်၏အဆုံးအမကို ကောင်းမွန်ရိုသေစွာ မကျင့်သောသူသည် ဒုပ္ပဋိပန္နပုဂ္ဂိုလ် မည်၏။ ယင်းဒုပ္ပဋိပန္န ပုဂ္ဂိုလ်သည်ကား ဘုရားရှင်၏ သာသနာတော်ကို ဖျက်ဆီးနေသူ မည်၏၊ ဘုရားရှင်၏ သာသနာတော်ကို ဖျက်ဆီး လျက် ဘုရားရှင်၏ တရားတည်းဟူသော ခန္ဓာအိမ်၌ စော်ကား ပုတ်ခတ်မှုကို ပေးနေသည် မည်၏။ ဤကား အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းတည်း။
凡不能善加恭敬奉行这一教诫的人,称为“行道不正者”(duppaṭipanna-puggala)。这样的行道不正者,就是破坏佛陀教法的人;他在破坏佛陀教法的同时,也就等于打击、侵害佛陀的法身。以上即是前述义注的意旨。
သမ္မာသမ္ဗုဒ္ဓ ဘာသိတ တရားတော်
正等觉者所说之法(Sammāsambuddha-bhāsita Dhamma)
အဓမ္မကို ဓမ္မ၊ ဓမ္မကို အဓမ္မ ပြုလုပ်၍ ကျင့်နေခြင်းသည် ကျင့်စဥ်လွဲချော်နေသည့် ဒုပ္ပဋိပန္နပုဂ္ဂိုလ် ဖြစ်၍ သာသနာတော်ကို ဖျက်ဆီးနေသူ ဖြစ်သည်ဟူသော အထက်ပါ ဥဒါန်းအဋ္ဌကထာ၏ စကားတော်ကို အသင် ယောဂီသူတော်ကောင်းသည် အကယ်၍ ဘဝင်မကျ ဖြစ်နေပါသေးလျှင် အောက်ပါ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော်မူသည့် စကားတော်များကို ဆက်လက်၍ ဖတ်ရှုကြည့်ပါဦး။
前引《自说义注》说:把 adhamma(非法)当作 Dhamma(法)、把 Dhamma 当作 adhamma 而修行的人,是行道已经偏离的 duppaṭipanna-puggala,也是毁坏教法的人。如果禅修贤友对此仍不以为然,就请继续读一读下面由一切知正等觉者本人宣说的话。
ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ''ဓမ္မော''တိ ဒီပေန္တိ။ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ၊ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ။ (အံ-၁-၁၈။) ယေ တေ ဘိက္ခဝေ ဘိက္ခူ ဓမ္မံ ''အဓမ္မော''တိ ဒီပေန္တိ။ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ၊ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ။ (အံ-၁-၁၈-၁၉။) = ရဟန်းတို့ …အကြင်ရဟန်းတို့သည် အဓမ္မကို ဓမ္မဟု ထင်ရှားပြကုန်၏၊ ရဟန်းတို့ …ထိုရဟန်းတို့သည် လူအများ၏ အစီးအပွားမဲ့ခြင်းငှာ လူအများ၏ ချမ်းသာမဲ့ခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာ နတ်လူတို့၏ အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ …ထိုရဟန်းတို့သည် များစွာသော
‘诸比丘,那些宣说 adhamma 为 Dhamma 的比丘,正为众人之不利、众人之不安乐、众人之无益,以及诸天与人类之不利和痛苦而行。诸比丘,那些比丘还造作许多 apuñña(非福),并使此正法隐没。(《增支部》1-18。)诸比丘,那些宣说 Dhamma 为 adhamma 的比丘,也正为众人之不利、众人之不安乐、众人之无益,以及诸天与人类之不利和痛苦而行。他们还造作许多 apuñña,并使此正法隐没。(《增支部》1-18—19。)’随后缅文释义说:‘诸比丘,凡有比丘宣说 adhamma 为 Dhamma,那些比丘便是为了使众人失去利益、失去安乐、失去福祉,并使诸天与人类遭受不利与痛苦而修行。诸比丘,那些比丘还使众多——’
အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက် စေသည် မည်ကုန်၏။ (အံ-၁-၁၈။) = ရဟန်းတို့ …အကြင်ရဟန်းတို့သည် ဓမ္မကို အဓမ္မဟု ထင်ရှားပြကုန်၏၊ ရဟန်းတို့ …ထိုရဟန်းတို့သည် လူအများ၏ အစီးအပွားမဲ့ခြင်းငှာ လူအများ၏ ချမ်းသာမဲ့ခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာ နတ်လူတို့၏ အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ …ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက် စေသည် မည်ကုန်၏။ (အံ-၁-၁၈-၁၉။)
——不善法生起,并使这一教法隐没。(《增支部》1-18。)诸比丘,凡有比丘宣说 Dhamma 为 adhamma,那些比丘便是为了使众人失去利益、失去安乐、失去福祉,并使诸天与人类遭受不利与痛苦而修行。诸比丘,那些比丘还使众多不善法生起,并使这一教法隐没。(《增支部》1-18—19。)
ဓမ္မ - အဓမ္မ
Dhamma(法)与 adhamma(非法)
သုတ္တန်ပရိယာယ်အားဖြင့် ကုသိုလ်ကမ္မပထတရား (၁ဝ)ပါးသည် ဓမ္မ မည်၏၊ အကုသိုလ်ကမ္မပထတရား (၁ဝ)ပါးသည် အဓမ္မ မည်၏။ အလားတူပင် --- ၁။ သတိပဋ္ဌာန် (၄) ပါး၊ ၂။ သမ္မပ္ပဓာန် (၄) ပါး၊ ၃။ ဣဒ္ဓိပါဒ် (၄) ပါး၊
依 suttanta-pariyāya(经教门),十种善业道法称为 Dhamma,十种不善业道法称为 adhamma。同样,1.四 satipaṭṭhāna(念处),2.四 sammappadhāna(正勤),3.四 iddhipāda(神足)——
原书第 181 页
ကောင်းသော ည တစ်ညပိုင်း -- သာသနာ့မဏ္ဍိုင်ကြီးများ ၄။ ဣန္ဒြေ (၅) ပါး၊ ၅။ ဗိုလ် (၅) ပါး၊ ၆။ ဗောဇ္ဈင် (၇) ပါး၊ ၇။ အရိယမဂ္ဂင် (၈) ပါး --- ဤဗောဓိပက္ခိယတရား (၃၇)ပါးတို့သည် ဓမ္မ မည်ကုန်၏။
——4.五 indriya(根),5.五 bala(力),6.七 bojjhaṅga(觉支),7.八 ariya-maggaṅga(圣道支):这三十七 bodhipakkhiya-dhamma(菩提分法)都称为 Dhamma。
၁။ သတိပဋ္ဌာန် (၃) ပါး၊ ၂။ သမ္မပ္ပဓာန် (၃) ပါး၊ ၃။ ဣဒ္ဓိပါဒ် (၃) ပါး၊ ၄။ ဣန္ဒြေ (၆) ပါး၊ ၅။ ဗိုလ် (၆) ပါး၊ ၆။ ဗောဇ္ဈင် (၈) ပါး၊ ၇။ မဂ္ဂင် (၉) ပါး - တို့သည်ကား အဓမ္မ မည်ကုန်၏။
1.三 satipaṭṭhāna,2.三 sammappadhāna,3.三 iddhipāda,4.六 indriya,5.六 bala,6.八 bojjhaṅga,7.九 maggaṅga——这些则都称为 adhamma。
ဥပါဒါန် (၄)ပါး၊ နီဝရဏတရား (၅)ပါး၊ အနုသယဓာတ် (၇)ပါး၊ မိစ္ဆတ္တတရား (၈)ပါးတို့သည်လည်း အဓမ္မ မည်ကုန်၏။ (အံ-ဋ္ဌ-၁-၆၅-၆၆။)
四 upādāna(取)、五 nīvaraṇa(盖)、七 anusaya-dhātu(随眠界)以及八 micchatta-dhamma(邪性法),也都称为 adhamma。(《增支部义注》1-65—66。)
ဆန်းစစ်ပါ
请审察
နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင် ယောဂါဝစရ ပုဂ္ဂိုလ်မြတ်သည် အထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာအဖွင့်တို့ကို ထပ်မံ၍ ဆန်းစစ်ကြည့်ပါ။ အနည်းငယ် ထပ်မံ၍ ကောက်နုတ်လျက် ရှင်းလင်းတင်ပြ အပ်ပါသည်။
渴望证得 Nibbāna(涅槃)的禅修贤友,请再次审察上面的巴利原文与义注解释。这里再摘取少许内容,加以说明。
သတိပဋ္ဌာန် (၄)ပါးတို့၌ ဘုရားရှင်သည် အာနာပါနဿတိသမာဓိ စသည့် သမာဓိများကို အဆင့်ဆင့် ထူထောင်လျက် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော ရုပ်တရား နာမ်တရားတို့ကို အရဟတ္တဖိုလ် ဆိုက်သည် တိုင်အောင် အဆင့်ဆင့် ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်ရန် ညွှန်ကြားထားတော်မူ၏။
关于四 satipaṭṭhāna,佛陀指示:应当逐步建立 ānāpānassati-samādhi(入出息念定)等定,并以称为身、受、心、法的色法与名法为所缘,逐步修习 vipassanā-bhāvanā-kammaṭṭhāna(毗婆舍那禅修业处),精勤用功,直至证得 arahattaphala(阿罗汉果)。
(အကျယ်ကို နောက်ပိုင်းတွင် အဆင့်ဆင့် ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါသည်။) ဤသည့် ညွှန်ကြားထားတော် မူချက်ကား ဓမ္မပင် ဖြစ်၏။
(详细内容将在后文逐步说明。)这项指示本身就是 Dhamma。
တစ်ဖန် ဘုရားရှင် ဟောကြားထားတော်မူသည့် ရုပ် (၂၈)ပါး၊ စိတ်စေတသိက် နာမ်တရားတို့ကို် သာဝက များသည် ရှု၍ မရနိုင်ဟု အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ပြောဆိုလာသည် ဖြစ်အံ့၊ ထိုစကားကား ဘုရားရှင်၏ ဓမ္မကို အဓမ္မဟု ထင်ရှားပြသခြင်းပင် ဖြစ်၏။
反过来,如果禅修贤友声称:佛陀所宣说的二十八种色,以及由心与心所构成的名法,声闻弟子不可能观见;那么这句话本身,就是把佛陀的 Dhamma 宣说成 adhamma。
ရုပ်တို့မည်သည် ကလာပ်ခေါ်သည့် ရုပ်ကလာပ်အမှုန်အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းရုပ် ကလာပ်အမှုန်များကို ဓာတ်ခွဲနိုင်ပါမှ ရုပ်ပရမတ်သို့ အသိဉာဏ်ဆိုက်မည် ဖြစ်၏။ ထိုရုပ်တရားများကို သာဝက တို့သည် ရှု၍ မရနိုင်ဟု အယူရှိကြခြင်း ဖြစ်၏။
诸色依法自然只以称为 kalāpa 的 rūpa-kalāpa(色聚)微粒形态生起。只有能够分析这些 rūpa-kalāpa 微粒,智才能抵达究竟色。可是,他们却主张声闻弟子不可能观见这些色法。
တစ်ဖန် နာမ်တရားတို့သည် ဝီထိမုတ်နှင့် ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်းအတိုင်းသာ ဖြစ်ရိုး ဓမ္မတာ ရှိကြ၏။ ယင်းစိတ္တနိယာမ ဓမ္မတာလမ်းရိုးအတိုင်း ဖြစ်သွားကြသော နာမ်တရားတို့သည် စိတ္တက္ခဏ တိုင်းဝယ် စိတ်နှင့်စေတသိက်တို့သည် ထိုက်သလို အတူယှဥ်တွဲ၍သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ မျက်စိ တစ်မှိတ်
名法也依法自然,只依 citta-niyāma(心之定则),以 vīthimutta(离路心)和 vīthi(心路)两类轨道生起。循这条 citta-niyāma 自然轨道生起的名法,在每一个 citta-khaṇa(心刹那)中,心与相应心所都依法自然、适当地共同生起。在眨一下眼——
原书第 182 页
လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အချိန်ကာလ တစ်ခုအတွင်း၌ စိတ္တက္ခဏအကြိမ်ပေါင်း ကုဋေတစ် သိန်းမက ဖြစ်ပြီး ပျက်နိုင်၏။ ယင်းနိယာမလမ်းကြောင်းအတိုင်း အလွန် လျင်လျင်မြန်မြန် ဖြစ်ပြီး ပျက်နေသော ဘဝင်စိတ်နှင့် တကွသော ဝီထိစိတ်တို့ကိုလည်း သာဝကတို့သည် ရှု၍ မရနိုင်ဟု အယူရှိကြပြန်၏။
——闪一次电、弹一下指这么短的时间里,心刹那便能生灭超过十万俱胝次。他们又主张:依这一定则轨道极其迅速生灭的诸 vīthi-citta(路心),连同 bhavaṅga-citta(有分心),声闻弟子也不可能观见。
ယင်းသို့ အယူရှိကြသော ဆရာတို့၏ စကားမှာ --- ''ဘုရားရှင်သည် သာဝကများ ရှု၍ မရနိုင်သည့် ရုပ်နာမ်တို့ကို ဟောကြားသွားတော်မူသည်''ဟု မဆို သော်လည်း ဆိုရာရောက်နေ၏။ ယင်းဆရာတို့သည် ထိုသို့ မပြောသော်လည်း ပြောရာရောက်နေ၏။ ဓမ္မကို အဓမ္မဟု ပြခြင်းတစ်မျိုးပင် ဖြစ်၏။
持这种主张的老师们,即使没有明说“佛陀宣说了声闻弟子不可能观见的色、名”,他们的话实际上也已经包含这个意思。他们虽未这样直说,却等于这样说了。这也是一种把 Dhamma 说成 adhamma 的做法。
တစ်ဖန် ဘုရားဟောသည့် ရုပ်-နာမ်များကို သာဝကတို့သည် ရှု၍ မရနိုင်ဟု တစ်ဖက်က လက်ခံ၍ ''ဒီရုပ်-ဒီနာမ်ကို ဒီလို ရှုပါ''ဟု ဘုရားမဟောသည့် ရုပ်နာမ်များကို ရှုဖို့ရန် အစားထိုး၍ ညွှန်ကြားလာပြန်၏။
另一方面,他们既承认声闻弟子不可能观见佛陀所说的色、名,却又把佛陀没有宣说过的另一套色、名替换进来,指示人们说:“这种色、这种名,应当这样观。”
ဤညွှန်ကြားချက်များကား အဓမ္မကို ဓမ္မလုပ်၍ ထင်ရှားပြခြင်း တစ်မျိုးပင် ဖြစ်သည်။
这种指示,就是把 adhamma 造成 Dhamma 而加以宣说的另一种做法。
တစ်ဖန် ဘုရားရှင်သည် အထက်ပါ ဗောဓိပက္ခိယတရား (၃၇)ပါးတို့တွင် မဂ္ဂင် (၈)ပါးကို ထည့်သွင်း၍ ဟောကြားထားတော်မူခဲ့၏။ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဥ်ဟု သတ်မှတ်လျက် မဂ္ဂင် (၈)ပါး ကျင့်စဥ်တရား များကို ညွှန်ကြားတော်မူခဲ့၏။ ထိုမဂ္ဂင် (၈)ပါးတို့တွင် သမ္မာသမာဓိမဂ္ဂင်လည်း ပါဝင်လျက် ရှိ၏။ ဤဟောကြား- တော်မူချက် ညွှန်ကြားတော်မူချက်တို့ကား ဓမ္မပင် ဖြစ်၏။
再者,佛陀在上述三十七 bodhipakkhiya-dhamma 中列入了八 maggaṅga(道支);又把它们判定为趣向 Nibbāna 的修行之道,教导人们修习八道支。在这八道支中,也包括 sammā-samādhi-maggaṅga(正定道支)。这些开示与指示本身就是 Dhamma。
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် သမာဓိ ထူထောင်ဖို့ မလိုပါဟု ပြောဆိုလာသည် ဖြစ်အံ့၊ ထိုပြောဆိုချက်ကား ဓမ္မကို အဓမ္မ လုပ်၍ ပြခြင်းပင် ဖြစ်၏။
如果禅修贤友声称“不需要建立定”,这项说法就是把 Dhamma 说成 adhamma。
ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် (ဒီ-၂-၂၅ဝ-၂၅၁။)တွင် ပထမစျာန်သမာဓိ၊ ဒုတိယစျာန်သမာဓိ၊ တတိယစျာန်သမာဓိ၊ စတုတ္ထစျာန်သမာဓိတို့ကို သမ္မာသမာဓိ ခေါ်ဆိုကြောင်း ဟောကြားထားတော် မူခဲ့၏။
佛陀在《Mahāsatipaṭṭhāna Sutta》(《大念处经》,《长部》2-250—251)中宣说:初禅定、第二禅定、第三禅定与第四禅定,称为 sammā-samādhi(正定)。
(အကျယ်ကို သမာဓိထူထောင်သင့်ပုံအပိုင်းတွင် ဖော်ပြထားပါသည်။) ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင်လည်း ----- စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော။ (ဝိသုဒ္ဓိ-၂- ၂၂၂။) = ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးတို့သည် စိတ္တဝိသုဒ္ဓိမည်ကြောင်း ဖွင့်ဆိုထားတော်မူခဲ့၏။
(详见“为何应当建立定”部分。)《Visuddhimagga》(《清净道论》)义注也说:‘စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော။ (ဝိသုဒ္ဓိ-၂- ၂၂၂။)’译:‘upacāra-samādhi(近行定)连同八 samāpatti(等至),称为 citta-visuddhi(心清净)。’
ဤဟောကြားတော်မူချက် မိန့်မြွက်တော်မူချက်တို့ကား ဓမ္မပင်ဖြစ်၏။ သမာဓိထူထောင်ဖို့ မလိုပါဟု အသင် ယောဂီသူတော်ကောင်းသည် ပြောဆိုလာငြားအံ့ ၊ ထိုပြောဆိုချက်သည်ကား ဓမ္မကို အဓမ္မဟု ထင်ရှားပြနေခြင်းပင် ဖြစ်၏။
这些开示与宣说本身就是 Dhamma。如果禅修贤友却说“不需要建立定”,这项说法便是在把 Dhamma 宣说成 adhamma。
တစ်ဖန် ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် (ဒီ-၂-၂၃၉။)၌ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ခန္ဓပဗ္ဗဟူသော အမည်ဖြင့် ခန္ဓာ (၅)ပါးနည်းအားဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားစုတို့ကို ဝိပဿနာ ရှုပွားသုံးသပ်ရန် အရဟတ္တဖိုလ်ပေါက် ဟောကြားထားတော်မူ၏။ ဤသည်မှာလည်း သတိပဋ္ဌာန် (၄)ပါးတွင် အကျုံးဝင်လျက်ရှိသော ဓမ္မပင် ဖြစ်၏။ ဘုရားရှင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ (၁ဝ)ပါး အပြား (၃ဝ)တို့ကို ဖြည့်ဆည်းပူးတော်မူပြီးမှ ရရှိလာသည့် သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဟောကြား ထားတော်မူအပ်သော ယင်းခန္ဓာငါးပါး (= ရုပ်နာမ်) တရားတို့ကို သာဝကများသည် ရှု၍ မရနိုင်ဟု အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ပြောဆိုလာသည် ဖြစ်ငြားအံ့၊ ''ဒါတွေဟာ စာတရားတွေပါ''ဟု ပြောဆိုလာ သည် ဖြစ်ငြားအံ့၊ ထိုပြောဆိုချက်သည်လည်း ဓမ္မကို အဓမ္မဟု ထင်ရှားပြနေခြင်းပင် ဖြစ်၏။
再者,佛陀在《Mahāsatipaṭṭhāna Sutta》(《大念处经》,《长部》2-239)的 dhammānupassanā-satipaṭṭhāna(法随观念处)部分,以 khandha-pabba(蕴品)之名,宣说了以五蕴之法观修色、名、因、果这些 saṅkhāra-dhamma(行法)之聚,直至证得阿罗汉果。这也正是摄在四 satipaṭṭhāna 中的 Dhamma。佛陀圆满四 asaṅkheyya(阿僧祇)又十万劫的十 pāramī(三十种波罗蜜)之后,获得 sabbaññuta-ñāṇa(一切知智),再以此智分别解析而宣说这五蕴——也就是色、名诸法。如果禅修贤友仍声称声闻弟子不可能观见这些法,或者说“这些不过是书本上的法”,这项说法同样是在把 Dhamma 宣说成 adhamma。
原书第 183 页
ကောင်းသော ည တစ်ညပိုင်း -- သာသနာ့မဏ္ဍိုင်ကြီးများ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ''ခန္ဓာ (၅)ပါး ရှုကွက်သည် စာတရားတွေသာ ဖြစ်သည်၊ အလုပ်စခန်း၌ကား ဤသို့သာ ရှုရပါသည်'' - ဟု ပြောဆိုလာငြားအံ့၊ ထိုပြောဆိုချက်မှာလည်း အဓမ္မကို ဓမ္မဟု ထင်ရှားပြလာခြင်း တစ်မျိုးသာ ဖြစ်၏။ အကြောင်းမူ အလုံးစုံသော ဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို ပရိညာပညာ (၃)ချက်ဖြင့် ပိုင်းခြား မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခကြီး မကုန်ဆုံးနိုင်ကြောင်းကို အပရိဇာနန သုတ္တန် (သံ-၂-၂၄၉-၂၅ဝ။) တို့တွင် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသော- ကြောင့် ဖြစ်၏။
如果禅修贤友说:“以五蕴为观照对象,只是书本上的法;真正实修时,应当这样观。”这种说法也不过是把 adhamma 宣说成 Dhamma。为什么呢?因为一切五 upādānakkhandha(取蕴)——即色法与名法——如果不能以三种 pariññā-paññā(遍知之慧)分别了知,巨大的轮回苦便不能终尽;这正是具一切知的正等觉者本人在《Aparijānana Sutta》(《不遍知经》,《相应部》2-249—250)中所宣说的。
တစ်ဖန် အနတ္တလက္ခဏသုတ္တန် စသည့် ထိုထို တေပရိဝဋ္ဋဓမ္မ ဒေသနာတော်တို့၌ အတိတ်ခန္ဓာ (၅)ပါး အနာဂတ်ခန္ဓာ (၅)ပါးတို့ကိုလည်း ဝိပဿနာရှုပွားသုံးသပ်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူခဲ့၏။ ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် တစ်လျှောက်တွင်လည်းကောင်း ထိုထို နိကာယ်တို့တွင်လည်းကောင်း အခွင့်သင့်သလို အကြိမ် ပေါင်း ရာပေါင်းများစွာ ဟောကြားထားတော်မူခဲ့၏၊ ဤသည်မှာလည်း ဓမ္မပင် ဖြစ်၏။ အကယ်၍ အသင် ယောဂီသူတော်ကောင်းသည် အတိတ် အနာဂတ်ကို ဝိပဿနာ မရှုရ မရှုကောင်းဟု ပြောဆိုလာသည် ဖြစ်အံ့၊ ထိုပြောဆိုချက်မှာလည်း ဓမ္မကို အဓမ္မဟု ထင်ရှားပြခြင်း တစ်မျိုးပင် ဖြစ်၏။
又如《Anattalakkhaṇa Sutta》(《无我相经》)等各种 teparivaṭṭa-dhamma-desanā 中,佛陀也指示人们应当对过去五蕴、未来五蕴修习 vipassanā、加以观照。在《Khandhavagga Saṃyutta》(《蕴品相应》)全篇以及各部 Nikāya 中,佛陀都曾随适宜处作过数以百计的这类开示;这同样是 Dhamma。如果禅修贤友声称“不应、不可对过去与未来作 vipassanā 观”,这项说法也是把 Dhamma 宣说成 adhamma 的一种。
ဝိပဿနာဟူသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ဟူသော ကာလ (၃)ပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓ ဟူသော သန္တာန် နှစ်ပါး အတွင်း၌ တည်ရှိသော ခန္ဓာ (၅)ပါး = ရုပ်တရား နာမ်တရားတို့ကို ----- သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါ၊ (အဘိ-ဋ္ဌ-၁-၂၇ဝ။) သော ကာလေန ရူပံ သမ္မသတိ၊ ကာလေန အရူပံ။ (အဘိ-ဋ္ဌ-၁-၂၇၁။) ဟူသော အဋ္ဌကထာများ၏ ညွှန်ကြားထားတော်မူချက်အတိုင်း ----- ၁။ ရံခါ အဇ္ဈတ္တ ခန္ဓာ (၅)ပါး၊ ၂။ ရံခါ ဗဟိဒ္ဓ ခန္ဓာ (၅)ပါး၊ ၃။ ရံခါ ရုပ်တရား၊ ၄။ ရံခါ နာမ်တရားတို့ကို --- ကာလ (၃)ပါးတို့၌ --- လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ရှုပွားသုံးသပ်ရသော လုပ်ငန်းခွင်သာ ဖြစ်၏။ ပညတ် ပရမတ် မခွဲဘဲ၊ ပညတ် ပရမတ် မကွဲဘဲ ပညတ်အတုံးအခဲများကို ရှုချင်သလို ရှုနေသည့် လုပ်ငန်းခွင်မျိုးကား မဟုတ်ပေ။
所谓 vipassanā,是对存在于过去、未来、现在三时,以及内、外两种相续中的五蕴——色法与名法——进行如下观修的实践。义注指示:‘သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါ၊ (အဘိ-ဋ္ဌ-၁-၂၇ဝ။) သော ကာလေန ရူပံ သမ္မသတိ၊ ကာလေန အရူပံ။ (အဘိ-ဋ္ဌ-၁-၂၇၁။)’译:‘他有时思惟内,有时思惟外;有时思惟色,有时思惟无色〔名〕。’(《阿毗达磨义注》1-270、271。)也就是说:1.有时观内五蕴,2.有时观外五蕴,3.有时观色法,4.有时观名法;并在三时中轮流标举三相而作观修审察。vipassanā 并不是不分、不辨 paññatti(概念)与 paramattha(究竟),任意观照一团团概念的实践。
တစ်ဖန် မဟာနိဒါနသုတ္တန် (ဒီ-၂-၄၇-၆ဝ။) ၌ ဘုရားရှင်ကိုယ်တော်တိုင်က ကြောင်း-ကျိုးဆက် ပဋိစ္စ သမုပ္ပါဒ် သဘောတရားတို့ကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ် နှစ်မျိုးတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိခြင်းကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ မကျော်လွှား မလွန်မြောက်နိုင်ကြောင်း ဟောကြားထားတော်မူခဲ့၏။
再者,佛陀本人在《Mahānidāna Sutta》(《大因缘经》,《长部》2-47—60)中宣说:正是由于未能以 anubodha-ñāṇa(随觉智)与 paṭivedha-ñāṇa(通达智),亲自现前、透彻地了知因果相联的 paṭiccasamuppāda(缘起)诸法,众生才不能超越、脱离轮回之苦。
အဋ္ဌကထာကြီးများကလည်း (ဝိသုဒ္ဓိ-၂-၂၂၁။ အဘိ-ဋ္ဌ-၂-၁၈၉။) ''မိုးကြိုးစက်ဝန်းကဲ့သို့ သတ္တဝါတို့ကို အမြဲမပြတ် သံသရာဝဋ်ဒုက္ခ၌ မွှေနှောက်လျက် ညှဥ်းပန်းနှိပ်စက်တတ်သော ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ် တည်းဟူသော သံသရာဘဝစက်ကို သမာဓိတည်း ဟူသော မြတ်သော ကျောက်ဖြာထက်၌ မြမြထက်အောင် သွေးထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် မဖောက်ခွဲနိုင်ဘဲ သံသရာဝဋ်ဆင်းရဲဘေးဒုက္ခဆိုးကြီးမှ လှလှကြီး ကျော်လွှား လွန်မြောက်သွားသော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်မည်သည် အိပ်မက်၏ အတွင်း၌ သော်မှလည်းဘဲ တစ်ရံတစ်ဆစ်မျှ မရှိခဲ့စဖူးပေ''ဟု အတိအကျ ဖွင့်ဆိုလျက်ရှိ၏။ ဤဟောကြားချက် ဖွင့်ဆိုချက် တို့သည်ကား ဓမ္မပင် ဖြစ်ကြ၏။
诸大义注也明确解释(《清净道论》2-221;《阿毗达磨义注》2-189):那因果相联的 paṭiccasamuppāda,正是如雷轮一般恒常搅动、摧磨众生的轮回有轮;若不用在殊胜的 samādhi(定)石上磨得极为锋利的智剑将它劈破,那么从来没有任何人能够彻底越过轮回苦难的巨大怖畏,即使在梦中也不曾有过。这样的开示与解释,本身就是 Dhamma。
原书第 184 页
တစ်ဖန် အတိတ်ဘဝတစ်ခုတွင် ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ၊တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ ဟူသော အတိတ်အကြောင်းတရား (၅)ပါးကြောင့် ပစ္စုပ္ပန်တွင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော ပစ္စုပ္ပန်အကျိုးတရား (၅)ပါး ထင်ရှားဖြစ်ပုံကိုလည်းကောင်း၊ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်ထားသော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ ဟူသော ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးကြောင့် နောင်အနာဂတ်တွင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော အနာဂတ်အကျိုးတရား (၅)ပါး ထင်ရှားဖြစ်ပုံကိုလည်းကောင်း ဟုတ်တိုင်း မှန်စွာ အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါမှသာလျှင် ကြောင်း- ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင် သိသည် မည်ပေသည်။
再者,过去某一生中所培育的 avijjā(无明)、taṇhā(爱)、upādāna(取)、saṅkhāra(行)、kamma(业)这五种过去因,如何使现在的 viññāṇa(识)、nāmarūpa(名色)、saḷāyatana(六处)、phassa(触)、vedanā(受)这五种现在果明显生起;以及现在所培育的无明、爱、取、行、业这五种现在因,如何使未来的识、名色、六处、触、受这五种未来果明显生起——只有以 anubodha-ñāṇa(随觉智)与 paṭivedha-ñāṇa(通达智)如实地亲自现前、透彻知见这一切,才可称为亲自了知因果相联的 paṭiccasamuppāda 诸法。
ထိုတွင် အတိတ်အကြောင်းတရား (၅)ပါးတို့ဟူသည် အတိတ်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်၏၊ ပစ္စုပ္ပန်အကျိုးတရား (၅)ပါး၊ ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးတို့ဟူသည်မှာလည်း ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်၏။ အနာဂတ်အကျိုးတရား (၅)ပါးတို့ဟူသည်မှာလည်း အနာဂတ်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်၏။ သို့အတွက် ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားဟူသည် အတိတ်- အနာဂတ် ခန္ဓာတို့နှင့် ကင်း၍ ဖြစ်စကောင်းသော သဘာဝတစ်ခုကား မဟုတ်ပေ။ အတိတ်-အနာဂတ် ခန္ဓာ (၅)ပါးတို့နှင့်လည်း ကင်း၍ ရှု၍ ရနိုင်သောအရာ မဟုတ်ပေ။
在这里,五种过去因只是过去五蕴的一部分;五种现在果与五种现在因,也只是现在五蕴的一部分;五种未来果也只是未来五蕴的一部分。因此,因果相联的 paṭiccasamuppāda 绝不是一种可以脱离过去、未来诸蕴而存在的法,也不是一种能够脱离过去、未来五蕴而观见的对象。
သို့အတွက် အသင် ယောဂီသူတော်ကောင်းသည် အကယ်၍ အတိတ်-အနာဂတ်ကို မရှုကောင်းပါဟု လက်ခံထားသူ ဖြစ်ငြားအံ့၊ ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်း- ဖောက် သိမြင်ရေးမှာ အသင် ယောဂီသူတော်ကောင်းအတွက် အဓိပ္ပါယ်ကင်းမဲ့သည့် လုပ်ငန်းခွင် တစ်မျိုးသာ ဖြစ်နေပေမည်။ အသင်ယောဂီ၏ ထိုလက်ခံထားချက်သည်လည်း ဓမ္မကို အဓမ္မဟု ထင်ရှားပြနေခြင်းပင် ဖြစ်ပေ- သည်။
所以,如果禅修贤友接受“不应观照过去与未来”的说法,那么要亲自现前、透彻知见因果相联的 paṭiccasamuppāda 诸法,对你而言就只会成为一种毫无意义的实践。你所接受的这种主张,也正是在把 Dhamma 宣说成 adhamma。
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် '' အတိတ်-အနာဂတ် ခန္ဓာ (၅)ပါးတို့ကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိနိုင်၊ အနုမာနဉာဏ်ဖြင့်သာ မှန်းဆ၍ သိနိုင်သည်''ဟု ပြောဆိုလာငြားအံ့၊ ထိုပြောဆိုချက်မှာလည်း အဓမ္မကို ဓမ္မဟု ထင်ရှားပြနေခြင်းပင် ဖြစ်ပေသည်။ အကြောင်းမူ - အရိယာ သူတော်- ကောင်းတို့သည် ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ် နှစ်ပါး တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူသောကြောင့်ပင် ဖြစ်သည်။
如果禅修贤友又声称:“过去、未来五蕴不能由 paccakkha-ñāṇa(现见智)亲自现前、透彻了知,只能以 anumāna-ñāṇa(推断智)推测而知。”那么这种说法也是把 adhamma 宣说成 Dhamma。因为诸圣者正是以 anubodha-ñāṇa(随觉智)与 paṭivedha-ñāṇa(通达智),亲自现前、透彻知见因果相联的 paṭiccasamuppāda 诸法。
သောတာပန္နာနဉ္စ နာမ ပစ္စယာကာရော ဥတ္တာနကောဝ ဟုတွာ ဥပဋ္ဌာတိ။ (ဒီ-ဋ္ဌ-၂-၈၃။) အထက်တွင်ဖော်ပြခဲ့သော အင်္ဂုတ္တိုရ်ပါဠိတော်၌ (အံ-၁-၁၈-၁၉။) ဘုရားရှင် ဟောကြားထားတော်မူသည့် အတိုင်း ဓမ္မကို အဓမ္မဟု ထင်ရှားပြခြင်းသည် သတ္တဝါအပေါင်း၏ ဆင်းရဲဒုက္ခရောက်ဖို့ရန် အစီးအပွားမဲ့ အချမ်း- သာမဲ့ဖို့ရန် အကြောင်းလည်း ဖြစ်၍ ဘုရားရှင်၏ အဆုံးအမ သာသနာတော်ကို ကွယ်ပျောက်စေသည်လည်း မည်ရကား အသင် ယောဂီသူတော်ကောင်းသည်လည်း သာသနာတော်ကို ဖျက်ဆီးသူ မဖြစ်လိုပါက မှန်ကန်သော ဓမ္မများကို မှန်ကန်သောဓမ္မဟုသာ ထင်ရှားပြရန် မှန်ကန်သောဓမ္မအတိုင်းသာ ကျင့်ရန် အထူးလိုအပ်ပေသည်။
‘对于 sotāpanna(入流者)而言,诸缘的行相会明明白白地显现。’(《长部义注》2-83。)正如前引《增支部》巴利原文(《增支部》1-18—19)中佛陀所说,把 Dhamma 宣说成 adhamma,既会使一切有情遭受痛苦、失去利益与安乐,也会使佛陀的教诫——教法隐没。因此,如果禅修贤友不愿成为毁坏教法的人,就尤其必须把正确的 Dhamma 如实宣说为 Dhamma,并只依正确的 Dhamma 修行。
ဓမ္မကို အဓမ္မ၊ အဓမ္မကို ဓမ္မ ပြုလုပ်၍ ထင်ရှားပြမိသော ကျင့်မိသော ကဿပဘုရားရှင်၏ သာသနာ- တော်က ကပိလရဟန်း၏ ထုံးဟောင်းကို နှလုံးမူ၍ အသင်ယောဂီသူတော်ကောင်းသည်လည်း မိမိ ကျင့်နေသော ပဋိပတ်ကျင့်စဥ်သည် မိမိ ထင်ရှားပြနေသော ပဋိပတ်ကျင့်စဥ်သည် ဝိနယ (၄)ပါးနှင့် ညီညွတ်သော ကျင့်စဥ် ဟုတ်၏ မဟုတ်၏ ဟူသော အချက်ကို အထူးသဖြင့် သုတ္တအမည်ရသော ပိဋကပါဠိတော်နှင့် ညီညွတ်သော ကျင့်စဥ် တစ်ရပ် ဟုတ်၏ မဟုတ်၏ ဟူသော အချက်ကိုကား အထူး အလေးဂရု ပြု၍ စိစစ်ရမည် ဖြစ်သည်။
应当把 Kassapa Buddha(迦叶佛)教法中 Kapila 比丘的旧例牢记于心:他曾把 Dhamma 当作 adhamma、把 adhamma 当作 Dhamma 来宣说和修行。禅修贤友也必须格外审慎地查验:自己正在修习、正在向人宣说的行道方法,究竟是否与四种律则(vinaya)相符;尤其必须郑重查验,它究竟是否与称为 Sutta 的 Piṭaka-Pāḷi 相符。
原书第 185 页
ကောင်းသော ည တစ်ညပိုင်း -- သာသနာ့မဏ္ဍိုင်ကြီးများ အကယ်၍ မညီညွတ်ဟု အခိုင်အမာ သိခဲ့လျှင်ကား ဘုရားဟော ပိဋကတ်တော်နှင့် မညီညွတ်သည့် ထိုပဋိပတ် ကျင့်စဥ်ကို အလွယ်တကူ စွန့်လွှတ်နိုင်သည့် စွမ်းအား ရှိဖို့ကား အထူး လိုအပ်လျက်သာ ရှိနေမည် ဖြစ်သည်။
如果已经确知它并不相符,那么尤其需要具备一种力量:能够毫不迟疑地舍弃那套与佛说 Piṭaka 不相符的错误修行方法。
ပိဋကတ်တော်နှင့် မညီညွတ်သည့် မှားယွင်းနေသည့် ပဋိပတ်ကျင့်စဥ်ကို မစွန့်လွှတ်နိုင်ဘဲ ဖားမြွေခဲသို့ ဇွတ် အတင်း စွဲထားလျှင်ကား ဘုရားရှင်၏ မှန်ကန်သည့် ကျင့်စဥ်တည်းဟူသော အဆုံးအမ သာသနာတော်ကို ဖျက်ဆီးနေသူ ပုဂ္ဂိုလ်များစာရင်းတွင် အသင်ယောဂီသူတော်ကောင်းသည်လည်း တစ်ဦးအဖြစ် ပါဝင်နေမည်သာ ဖြစ်ပေသတည်း။
如果明知那套修行方法错误、与 Piṭaka 不相符,却仍不能舍弃,反而顽固地死死执住,那么禅修贤友也必将名列毁坏佛陀教诫——也就是正确修行之教法——的人当中。
ဘိက္ခုသုတ္တန်
《Bhikkhu Sutta》(《比丘经》)
တသ္မာ တိဟ တွံ ဘိက္ခု အာဒိမေဝ ဝိသောဓေဟိ ကုသလေသု ဓမ္မေသု။ ကော စာဒိ ကုသလာနံ ဓမ္မာနံ၊ သီလဉ္စ သုဝိသုဒ္ဓံ ဒိဋ္ဌိ စ ဥဇုကာ။ ယတော ခေါ တေ ဘိက္ခု သီလဉ္စ သုဝိသုဒ္ဓံ ဘဝိဿတိ၊ ဒိဋ္ဌိ စ ဥဇုကာ။
‘因此,比丘,你应当首先净化善法的开端。什么是善法的开端?戒极为清净,见正直。比丘,当你的戒极为清净、见正直时——’
တတော တွံ ဘိက္ခု သီလံ နိဿာယ သီလေ ပတိဋ္ဌာယ စတ္တာရော သတိပဋ္ဌာနေ တိဝိဓေန ဘာဝေယျာသိ။
巴利引文续:‘တတော တွံ ဘိက္ခု သီလံ နိဿာယ သီလေ ပတိဋ္ဌာယ စတ္တာရော သတိပဋ္ဌာနေ တိဝိဓေန ဘာဝေယျာသိ။’译:‘——然后,比丘,你应依止戒、住立于戒,以三种方式修习四 satipaṭṭhāna(念处)。’
(သံ-၃-၁၂၄။)
(《相应部》3-124。)
ဒိဋ္ဌီတိ ကမ္မဿကတာဒိဋ္ဌိ။ (သံ-ဋ္ဌ-၃-၂၃၄။) ချစ်သားရဟန်း …ထိုကြောင့် သင်သည် ဤသာသနာတော်မြတ်အတွင်း၌ ကုသိုလ်တရားတို့၌ အစကို သာလျှင် စင်ကြယ်အောင် သုတ်သင် ရှင်းလင်းပါ။ ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းမွန် စင်ကြယ်သော သီလသည်လည်းကောင်း၊ ကံ-ကံ၏ အကျိုးတရားကို တတ်သိနားလည်သော ဖြောင့်မတ်သော အယူဟူသော ကမ္မဿကတာ သမ္မာဒိဋ္ဌိသည်လည်းကောင်း ကုသိုလ်တရားတို့၏ အစတည်း။
‘这里所说的“见”,是 kammassakatā-diṭṭhi(业为己有之见)。’(《相应部义注》3-234。)亲爱的比丘,因此,你在这一殊胜教法中,应当首先净化善法的开端。什么是善法的开端呢?善妙清净的 sīla(戒),以及能够理解业与业果、名为 kammassakatā-sammādiṭṭhi(业为己有正见)的正直之见,就是善法的开端。
ချစ်သားရဟန်း …အကြင်အခါ၌ကား သင်ချစ်သား၏ သန္တာန်၌ ကောင်းမွန်စင်ကြယ်သော သီလသည် လည်း ဖြစ်ပေါ်လာလတ္တံ့၊ ဖြောင့်မတ်သောအယူ ဟူသော ကမ္မဿကတာ သမ္မာဒိဋ္ဌိသည်လည်း ဖြစ်ပေါ်လာ လတ္တံ့၊ ထိုသို့ ဖြစ်ပေါ်လာသော အခါ၌ သင်ချစ်သားသည် သီလကို အမှီပြု၍ သီလ၌ ရပ်တည်၍ သတိပဋ္ဌာန် တရား (၄)ပါးတို့ကို --- ၁။ အဇ္ဈတ္တ၊ ၂။ ဗဟိဒ္ဓ၊ ၃။ အဇ္ဈတ္တ ဗဟိဒ္ဓ --- ဟူသော (၃)မျိုးသော အခြင်းအရာအားဖြင့် ပွားများအားထုတ်ပါလေ။ (သံ-၃-၁၂၄။) ဤဒေသနာတော်များနှင့် အညီ ကောင်းသော-ည-တစ်ည ရှိသော ရဟန်းတော် တစ်ပါး ဖြစ်ရေးအတွက် ရှေးဦးစွာ လိုအပ်ချက်ကား သီလပင် ဖြစ်၏။ ဒုတိယလိုအပ်ချက်ကား သမာဓိပင် ဖြစ်ပေသည်။ တတိယလိုအပ် ချက်ကား သတိပဋ္ဌာန်တရား (၄)ပါးတို့ကို ဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း အာနာပါနဿတိသမာဓိ စသော သမာဓိတစ်ခုခုကို အခြေခံ၍ ပွားများအားထုတ်သဖြင့် ရရှိလာသောပညာပင် ဖြစ်ပေသည်။ သို့အတွက်
亲爱的比丘,当善妙清净的 sīla 与称为 kammassakatā-sammādiṭṭhi 的正直之见在你的相续中生起时,你便应依止戒、住立于戒,以 1.ajjhatta(内)、2.bahiddhā(外)、3.ajjhatta-bahiddhā(内外)这三种方式修习四 satipaṭṭhāna。(《相应部》3-124。)依照这些开示,要成为一位“一夜贤者”,第一项需要是 sīla,第二项需要是 samādhi(定),第三项需要则是 paññā(慧):依佛陀所教,以 ānāpānassati-samādhi 等某一种定为基础,修习四 satipaṭṭhāna,由此获得的慧。因此——
သီလပြည့်စုံပြီးသော အသင် ယောဂီသူတော်ကောင်းအတွက် သမာဓိနှင့် ပြည့်စုံအောင် သမာဓိထူထောင်ပုံ အပိုင်းကို မတင်ပြမီ သမာဓိထူထောင်သင့်ပုံပိုင်းကို ရှေးဦးစွာ ရေးသားတင်ပြပေအံ့။
——对于已经具足 sīla 的禅修贤友,在呈示“如何建立 samādhi、令定圆满”这一部分之前,我将先撰写说明“为何应当建立 samādhi”这一部分。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。