“一部分”即“若干部分”:应如何理解
应当建立定 · 原书第 230–234 页 · 28 个翻译单元
本页并入了原书的相邻小节:约一多那、名法世界、还有一点需要思考。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 230 页
တစ်စိတ်တစ်ဒေသ = တစ်ချို့တစ်ဝက် ယူဆပုံ
“一部分”即“若干部分”:应如何理解
ယင်းသို့ဖြစ်လျှင် သာဝကတို့၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံမှာ အဇ္ဈတ္တ ခန္ဓာငါးပါး ဗဟိဒ္ဓ ခန္ဓာငါးပါး ဟုပင် ပြောသင့်ပါလျက် အဘယ်ကြောင့် ဧကဒေသ = တစ်စိတ်တစ်ဒေသ = တစ်ချို့တစ်ဝက် ဟု ပြောနေရ ပါသနည်းဟု မေးရန်ရှိ၏။ အဖြေကား ဤသို့ ဖြစ်၏။
既然如此,本可直接说弟子观智所观的所缘是内在五蕴与外在五蕴,为什么却要说“部分(ekadesa)=一部分=某些部分”呢?对此可以提出疑问。答如下。
နှစ်မျိုးလုံးပင် အဋ္ဌကထာတို့၌ ဖွင့်ဆိုလျက် ပြောဆိုလျက်ပင် ရှိပေသည်။ အဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့တွင် ဝုဋ္ဌာနဂါမိနီဝိပဿနာ အမျိုးမျိုးတို့ကို ရှင်းပြထား၏။ ထိုရှင်းလင်းချက်များမှ ဤ၌ တိုက်ရိုက်သက်ဆိုင်နေသော အပိုင်းအချို့ကို ကောက်နုတ်၍ အဋ္ဌသာလိနီအဆိုကို မူတည်၍ ဖော်ပြအပ်ပါသည်။
这两种说法在诸义注中都已有解释。《殊胜义注》与《清净道论》中阐释了多种趣向出起观。这里从那些阐释中摘录直接相关的部分,主要依据《殊胜义注》的说法加以说明。
ဣဓေကစ္စော အာဒိတောဝ အဇ္ဈတ္တံ ပဉ္စသု ခန္ဓေသု အဘိနိဝိသတိ၊ အဘိနိဝိသိတွာ တေ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓအဇ္ဈတ္တဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ ဗဟိဒ္ဓါပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ ပရဿ ခန္ဓေပိ အနုပါဒိန္နသင်္ခါရေပိ ''အနိစ္စံ ဒုက္ခမနတ္တာ''တိ ပဿတိ။ သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါတိ။ (အဘိ-ဋ္ဌ-၁-၂၇ဝ။) အပရော အာဒိတောဝ ရူပေ အဘိနိဝိသတိ၊ အဘိနိဝိသိတွာ ဘူတရူပဉ္စ ဥပါဒါရူပဉ္စ ပရိစ္ဆိန္ဒိတွာ အနိစ္စာ- ဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ''ဣဒံ အရူပ''န္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ၊ သော ကာလေန ရူပံ သမ္မသတိ ကာလေန အရူပံ။ (အဘိ-ဋ္ဌ-၁-၂၇၁။) = ဤသာသနာတော်၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော
“在此,一位禅修者最初从内在五蕴入手;入手之后,以无常等观见它们。仅仅只观内在,不能发生圣道出起;外在也必须观见。因此,他也把他人的诸蕴及无执受诸行观为‘无常、苦、无我’;他有时思惟内,有时思惟外。(《殊胜义注》1-270。)另一位禅修者最初从色入手;入手之后,分别大种色与所造色,以无常等观见它们。仅仅只观色,不能发生出起;非色〔名法〕也必须观见。因此,他分别以该色为所缘而生的受、想、诸行与识为‘这是非色〔名法〕’,再以无常等观见;他有时思惟色,有时思惟非色〔名法〕。(《殊胜义注》1-271。)”=在此教法中,有些瑜伽行者在内心作意作为观智所观所缘的——
သင်္ခါရတရားတို့ကို နှလုံးသွင်းရာဝယ် ရှေးဦးစွာ အစပထမ၌ အဇ္ဈတ္တခန္ဓာငါးပါးတို့၌ စ၍ နှလုံးသွင်း ရှုပွား၏ = သိမ်းဆည်း၏ = ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ နှလုံးသွင်းရှုပွားပြီး၍ သိမ်းဆည်းပြီး၍ ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍ ထိုအဇ္ဈတ္တခန္ဓာငါးပါးတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှု၏။ အဇ္ဈတ္တ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုနေရုံမျှဖြင့် ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် သို့မဟုတ် ဝုဋ္ဌာန ဂါမိနီ ဝိပဿနာသည် မဖြစ်ပေါ်လာနိုင်သောကြောင့် ဗဟိဒ္ဓတရားတို့ကိုလည်း ဝိပဿနာ ရှုရမည်သာလျှင် ဖြစ်ပေသည်။ ထိုကြောင့် သူတစ်ပါး၏ သန္တာန်၌ တည်ရှိသော ခန္ဓာငါးပါးတို့ကိုလည်းကောင်း၊ သက်မဲ့ အနုပါဒိန္န
——诸行法时,最初先从内在五蕴开始作意观修=摄受=以智分别。作意、摄受并以智分别以后,就把这内在五蕴轮流安立无常、苦、无我三相而修毗婆舍那。仅仅只观内在五蕴,趣向出起观或名为“出起”的圣道智不能生起,因此外在诸法也必须修观。所以,他也观照存在于他人相续中的五蕴,以及无生命的无执受——
原书第 231 页
သမာဓိထူထောင်သင့်ပုံပိုင်း သင်္ခါရတရားတို့ကိုလည်းကောင်း အနိစ္စ-ဒုက္ခ-အနတ္တဟု (လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ) ဝိပဿနာ ရှု၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ အဇ္ဈတ္တ ခန္ဓာငါးပါးကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်၏၊ ရံခါ ဗဟိဒ္ဓ ခန္ဓာငါးပါးကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်၏။ (အဘိ-ဋ္ဌ-၁-၂၇ဝ။) အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည် (အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရုပ်နှင့် နာမ် နှစ်မျိုးရှိရာ ဝယ်) ရုပ်တရား၌ စ၍ နှလုံးသွင်းရှုပွား၏ = သိမ်းဆည်း၏ = ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ နှလုံးသွင်းပြီး၍ သိမ်း ဆည်းပြီး၍ ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍ ဘူတရုပ်ဓာတ်ကြီးလေးပါးကိုလည်းကောင်း၊ ထိုဓာတ်ကြီးလေးပါးကို မှီ တွယ်၍ ဖြစ်ပေါ်နေသော ဥပါဒါရုပ်ကိုလည်းကောင်း ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ ပိုင်းခြား၍ အနိစ္စ-ဒုက္ခ-အနတ္တဟု
——诸行法,把它们轮流安立无常、苦、无我三相而修毗婆舍那。这位瑜伽行者有时把内在五蕴轮流安立三相而修习、审察毗婆舍那,有时把外在五蕴轮流安立三相而修习、审察毗婆舍那。(《殊胜义注》1-270。)另一位瑜伽行者,在内、外两者都各有色与名的情况下,先从色法入手作意观修=摄受=以智分别。作意、摄受并以智分别以后,他分别解析大种色四界,以及依止四大种而生的所造色,再把它们作为无常、苦、无我——
လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာရှု၏၊ သို့သော် ရုပ်တရားသက်သက်ကို ဝိပဿနာရှုနေရုံမျှ ဖြင့်ကား ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် သို့မဟုတ် ဝုဋ္ဌာနဂါမိနီဝိပဿနာသည် မည်သည့်နည်းနှင့်မျှ မဖြစ်ပေါ်လာနိုင်သောကြောင့် နာမ်တရားကိုလည်း ဝိပဿနာ ရှုရမည်သာလျှင် ဖြစ်ပေသည်။ ထိုကြောင့် ထို ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ကိုလည်း ''ဤကား နာမ်တရား''ဟု တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြား၍ အနိစ္စ-ဒုက္ခ-အနတ္တဟု လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှု၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ ရုပ်တရားကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နေ၏၊ ရံခါ နာမ်တရားကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွား သုံးသပ်နေ၏။ (အဘိ-ဋ္ဌ-၁-၂၇၁။) ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ-ဒုတိယတွဲ-စာမျက်နှာ (၃ဝဝ-၃ဝ၁)တို့၌လည်း အဓိပ္ပါယ်တူပင် ဖွင့်ဆိုလျက် ရှိပေ
——轮流安立三相而修毗婆舍那。然而,仅仅只观色法,趣向出起观或名为“出起”的圣道智无论如何都不能生起,因此名法也必须修观。所以,他把以该色法为所缘而生的受、想、行、识,一法一法以智分别为“这是名法”,再轮流安立无常、苦、无我三相而修毗婆舍那。这位瑜伽行者有时把色法轮流安立三相而修习、审察毗婆舍那,有时把名法轮流安立三相而修习、审察毗婆舍那。(《殊胜义注》1-271。)《清净道论》第二册第300—301页也作了意义相同的解说——
သည်။ ထိုအဋ္ဌကထာများ၏ ဆုံးဖြတ်ချက်အရ အဇ္ဈတ္တ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်နိုင်၊ အနုပါဒိန္နသင်္ခါရအမည်ရသည့် သက်မဲ့ရုပ်တရားများပါ ပါဝင်သည့် ဗဟိဒ္ဓ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်နိုင်သဖြင့် ရံခါ အဇ္ဈတ္တ ခန္ဓာငါးပါးကို ရံခါ ဗဟိဒ္ဓ ခန္ဓာငါးပါးကို လက္ခဏာယာဥ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရ၏။
——依这些义注的判定,仅仅只观内在五蕴,圣道智不能生起;仅仅只观外在五蕴——其中也包括称为无执受诸行的无生命色法——圣道智同样不能生起。因此,必须有时把内在五蕴安立三相而修习、审察毗婆舍那,有时把外在五蕴安立三相而修习、审察毗婆舍那。
ထိုသို့ ရှုရာ၌ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ပင်လျှင် ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်နိုင်သဖြင့် ရံခါ ရုပ်တရားကို လက္ခဏာယာဥ်တင်ကာ ရှုပွားသုံးသပ်ရ၏၊ ရံခါ နာမ်တရားကို လက္ခဏာ ယာဥ် တင်ကာ ရှုပွားသုံးသပ်ရ၏။ ထိုသို့ ရှုရာ၌ ရုပ်တရားကို ဝိပဿနာရှုရာဝယ် ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဝိပဿနာရှုပါ၊ နာမ်ကို ရှုရာ၌ ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်ခန္ဓာ လေးပါးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဝိပဿနာရှုပါဟု မိန့်ဆိုထားပေသည်။ (အကျယ်ကို - အဘိ-ဋ္ဌ-၁-၂၇ဝ- ၂၇၁။ ဝိသုဒ္ဓိ-၂-၃ဝဝ-၃ဝ၁-တို့၌ ကြည့်ပါ။) ဤအထက်ပါ အဋ္ဌကထာတို့၏ မိန့်ဆိုချက်များသည် အောက်ပါ သတိပဋ္ဌာနကျင့်စဥ်ဒေသနာတော်များနှင့် တစ်သားတည်း ညီညွတ်နေသော အဆိုအမိန့်များပင် ဖြစ်ကြပေသည်။
作这种观照时,无论在内在还是外在,仅仅只观色法,圣道智不能生起;仅仅只观名法,圣道智也不能生起。因此,必须有时把色法安立三相而修习、审察,有时把名法安立三相而修习、审察。观色法时,应以智分别大种色与所造色而修毗婆舍那;观名法时,应以智分别以色法为所缘而生的四名蕴而修毗婆舍那。义注正作了这样的教示。(详见《殊胜义注》1-270—271;《清净道论》2-300—301。)上述诸义注的教示,与下面念处修行的教说完全一致。
ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (ဒီ-၂-၂၃၂။) ဣတိ အဇ္ဈတ္တံ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။ (ဒီ-၂-၂၃၇။)
“如此,或于内身随观身而住,或于外身随观身而住,或于内外身随观身而住。(《长部》2-232。)如此,或于内受随观受而住,或于外受随观受而住,或于内外受随观受而住。(《长部》2-237。)”
原书第 232 页
ဣတိ အဇ္ဈတ္တံ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ (ဒီ-၂-၂၃၇။) ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။ (ဒီ-၂-၂၃၉။) ဤ အထက်ပါ သတိပဋ္ဌာန်ဒေသနာတော်မြတ်၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော ခန္ဓာငါးပါး တို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ဝိပဿနာ ရှုပွားသုံးသပ်ရန် ဘုရားရှင်ကိုယ်တော်တိုင် ညွှန်ကြားထားတော် မူပေသည်။
“如此,或于内心随观心而住,或于外心随观心而住,或于内外心随观心而住。(《长部》2-237。)如此,或于内诸法随观法而住,或于外诸法随观法而住,或于内外诸法随观法而住。(《长部》2-239。)”在上述殊胜的念处教说中,佛陀亲自指示:对于称为身、受、心、法的五蕴,应在内、外两方面修习、审察毗婆舍那。
ဘုရားရှင်ကိုယ်တော်တိုင်ကလည်း အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ခန္ဓာငါးပါးတို့ကို ရှုပွားသုံးသပ်ရန် ညွှန် ကြားတော်မူ၏၊ အဋ္ဌကထာများကလည်း အဇ္ဈတ္တ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ် သို့ မဆိုက်နိုင်၊ ဗဟိဒ္ဓ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်ဟု ဆုံးဖြတ် တော်မူကြ၏။ ''မြဲရာ၌ သံပတ်၊ တင်းရာ၌ သပ်ပင်း''ဟူ၏သို့ အဋ္ဌကထာများ၏ ဆုံးဖြတ်ချက်သည် ဘုရားဟော ပါဠိတော်ကို ခိုင်ခံ့အောင် တုတ်နှောင်ထားသော စကားများပင် ဖြစ်ပေသည်။
佛陀亲自指示,应在内、外两方面修习、审察五蕴;诸义注也判定,仅仅只观内在五蕴,不能到达圣道;仅仅只观外在五蕴,也不能到达圣道。所谓“牢处再加铁箍,紧处再打入楔子”,诸义注的判定正是把佛说巴利进一步牢牢束紧的话语。
ထိုသို့အဇ္ဈတ္တ ဗဟိဒ္ဓ ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရာ၌ တစ်ချို့တစ်ဝက်လောက်ကိုသာ ရှုနိုင်သဖြင့် ဧကဒေသဟုလည်း ဖွင့်ဆိုရခြင်း ဖြစ်ပေသည်။ ဆိုလိုသည်မှာ အဇ္ဈတ္တ ခန္ဓာငါးပါး ဗဟိဒ္ဓ ခန္ဓာငါးပါးတို့ကို ဝိပဿနာ ရှုရန် ညွှန်ကြားခြင်းမှာ ပရမတ္ထဓာတ်သား တရားလုံးအမျိုးအစားအနေဖြင့်သာ ညွှန်ကြားခြင်း ဖြစ်သည်။ ပရမတ္ထ တရား တစ်မျိုး တစ်မျိုး၌ အရေအတွက်ကား များစွာ ရှိနေ၏။ ထိုအရေအတွက်ကိုကား ကုန်စင်အောင် မရှုနိုင် သဖြင့် ဧကဒေသ = တစ်စိတ်တစ်ဒေသ = တစ်ချို့တစ်ဝက်ကိုသာ ရှုပွားသုံးသပ်ကြသည်ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။
如此观照内在与外在五蕴时,弟子只能观到其中一部分,所以又解释为“部分(ekadesa)”。意思是:教人观照内在五蕴与外在五蕴,只是从究竟界法的一切种类而言。每一种究竟法都有极多数量的实例;弟子无法把这些数量全部观尽,因此义注才解释说,只能修习、审察其中一部分=某些部分。
တစ်စိတ်သားခန့်
约一多那
အထက်ပါ သတ်မှတ်ချက်ကို နားရှင်းစေရန် ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။ ဤ ခန္ဓာအိမ်၌ တစ်ခု သော ရုပ်ခဏတ္တယအတွင်း၌ ပြိုင်တူ ဖြစ်ပျက်နေကြသော ပရမာဏုမြူခန့် ပမာဏ ရှိကြကုန်သော ရုပ်ကလာပ် အမှုန်တို့ကို ဉာဏ်ဖြင့် မှန်းဆခြင်တွယ်ကြည့်ခဲ့သော် ဒေါဏမတ္တာ = တစ်စိတ်သားခန့်လောက် ရှိမည်ဟု (ဝိသုဒ္ဓိ- ၁-၃၆၁။)၌ ဖော်ပြထား၏။ ထိုရုပ်ကလာပ်အမှုန်တိုင်း အမှုန်တိုင်း၌ ဓာတ်ကြီးလေးပါး ပါဝင်လျက် ရှိ၏၊ ထိုရုပ် ကလာပ်တိုင်း၌ ရှိသော ဓာတ်ကြီးလေးပါးတိုင်းကို သာဝကတို့သည် ကုန်စင်အောင် ရှုနိုင်ပါသလားဟု မေးသော် တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်လောက်သာ ရှုနိုင်သည်ဟု ဆိုလိုသည်။ ထိုတစ်စိတ်တစ်ဒေသမှာလည်း ဝိပဿနာဉာဏ်၏ စွမ်းအားရှိန်စော် အာနုဘော်က ကြီးမားလျှင် ခပ်များများ တစ်စိတ်တစ်ဒေသကို ရှုနိုင်၍ ဝိပဿနာဉာဏ်၏ စွမ်းအားရှိန်စော် အာနုဘော်က သေးလျှင် ခပ်နည်းနည်း တစ်စိတ်တစ်ဒေသကိုသာ ရှုနိုင်သည်။
为了使上述界定更易理解,现再加说明:在这五蕴之身中,一个色法三刹那期(rūpa-khaṇattaya)内同时生灭、大小近于极微尘的诸色聚微粒,如果以智估量,其总量约有一多那(doṇa-mattā;原书换算为约四分之一重量单位)。(《清净道论》1-361。)每一个色聚微粒中都有四大种。若问:弟子能否把每一个色聚中的每一种四大种全都观尽?这里的意思是,只能观照其中一部分。至于这一部分的多少,观智的威力强大,便能观照较多的一部分;观智的威力微弱,便只能观照较少的一部分。
ဓာတ်ကြီးလေးပါးတို့ကို မှီ၍ဖြစ်ကြကုန်သော ဥပါဒါရုပ်တို့၌လည်း အလားတူပင် တစ်စိတ်တစ်ဒေသကိုသာ ရှု နိုင်၏ဟု မှတ်ပါ။
对于依止四大种而生的所造色,也应当知道:同样只能观照其中一部分。
နာမ်လောက
名法世界
ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ-ဋ္ဌ-၂-၂၉၅။) = လက်ဖျစ်တစ်တွက် = မျက်စိတစ်မှိတ် = လျှပ်တစ်ပြက် = တစ်စက္ကန့်ဟု ခေါ်ဆိုအပ်သော အလွန်တိုတောင်း သော အချိန်ကာလအတွင်း၌ နာမ်တရားတို့သည် အကြိမ်ပေါင်း ကုဋေတစ်သိန်းခန့်မျှ ဖြစ်-ပျက်ကြသည်ဟု အဆိုရှိရာ ထိုစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ဖဿ-ဝေဒနာ-သညာ-စေတနာ-ဝိညာဏ်ဟူသော ဖဿပဉ္စမက
“在一弹指顷,生起后灭去者,数达十万俱胝。”(《相应部义注》2-295。)所谓一次弹指、一次眨眼、闪电一瞬或一秒这样极短的时间内,名法约生灭十万俱胝次;而每一个心刹那中,都有以触、受、想、思、识这“触等五法”(phassa-pañcamaka)——
原书第 233 页
သမာဓိထူထောင်သင့်ပုံပိုင်း တရားငါးပါး ဦးဆောင်သည့် နာမ်တရားတို့ ပါဝင်ကြရာ ရှုလိုက်နိုင်သော ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတို့ကား အချို့အဝက်သာဖြစ်၏။ မရှုလိုက်နိုင်သော ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစု တို့လည်း အချို့အဝက် ရှိကြ၏။ ဗဟိဒ္ဓ ရုပ်တရား နာမ်တရားတို့၌လည်း အဇ္ဈတ္တနည်းတူ သဘောပေါက်ပါ။
——为首的诸名法。能够观到的、以触等五法为首的名法只是一部分;没有观到的、以触等五法为首的名法聚也有一部分。对于外在的色法与名法,也应依内在的情形同样理解。
သို့အတွက် တရားလုံးအမျိုးအစားအနေအားဖြင့် အဇ္ဈတ္တ၌လည်း ခန္ဓာငါးပါး၊ ဗဟိဒ္ဓ၌လည်း ခန္ဓာငါးပါး အားလုံးကို ရှုရမည် ဖြစ်သည်။ ထိုသို့ ရှုပါမှ မဂ်-ဖိုလ်-နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်သဖြင့် ရုပ်နာမ်အားလုံး ကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ရှုရန် ညွှန်ကြားတော်မူခြင်း ဖြစ်သည်။
所以,从法的种类而言,内在的一切五蕴与外在的一切五蕴都必须观照。只有这样观照,才能到达道、果与涅槃;正因如此,世尊才指示,应以三种遍知之慧观至清楚分别一切色名。
ထိုသို့ ရှုရာ၌ ပရမတ္ထဓာတ်သားတိုင်း ဓာတ်သားတိုင်း တရားလုံးတိုင်း တရားလုံးတိုင်း၌ အရေအတွက် များစွာ ရှိနေသဖြင့် ထိုထို ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးတိုင်း ဥပါဒါ ရုပ်တိုင်းကိုလည်းကောင်း၊ ထိုထိုနာမ်ကလာပ်တိုင်း နာမ်ကလာပ်တိုင်း၌ ဖြစ်ပွားတည်ရှိနေသော ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတိုင်းကိုလည်းကောင်း - ဤသို့ ရုပ်ကလာပ်တိုင်း နာမ်ကလာပ်တိုင်း၌ တည်ရှိသော ပရမတ္ထဓာတ်သားတိုင်းဟူသော အရေအတွက်ကိုကား သာဝကတို့သည် ကုန်စင်အောင် ဝိပဿနာမရှုနိုင်သဖြင့် (စကြဝဠာ ကုဋေတစ်သိန်းဖြင့် ပိုင်းခြားထားအပ်သော နယ်မြေအတွင်း၌ ဘုရားရှင်သည်သာလျှင် သင်္ခါရတရား တို့ကို ကုန်စင်အောင် ဝိပဿနာရှုပွား သုံးသပ်နိုင်သဖြင့်) သာဝကတို့သည် ဧကဒေသ = သင်္ခါရတရားတို့၏ တစ်စိတ်တစ်ဒေသ = တစ်ချို့တစ်ဝက်ကို ဝိပဿနာရှုပွားသုံးသပ်နိုင်ပါကလည်း နိဗ္ဗာန်သို့ ရောက်ရှိနိုင်ကြောင်း
作这种观照时,每一种究竟界法都有极多数量的实例。因此,弟子既不能把每一个色聚中的每一种四大种、每一种所造色全都观尽,也不能把每一个名聚中生起、以触等五法为首的每一种名法全都观尽。换句话说,弟子无法把存在于每一个色聚、每一个名聚中的每一个究竟界法实例全部修习、审察毗婆舍那;只有佛陀能在以十万俱胝世界系划定的领域内,把一切诸行法观尽。因此才说:弟子只要能修习、审察诸行法的一部分(ekadesa),也能到达涅槃——
မိန့်ဆိုရခြင်း ဖြစ်ပေသည်။
——之所以这样说,正是由于上述缘故。
ဤမျှဆိုလျှင် မည်သည့်တရားများကို မည်မျှလောက် မည်သို့ မည်ပုံ သာဝကတို့သည် ဝိပဿနာ ရှုပွား သုံးသပ်နိုင်ပါမှ နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ကြမည်ကို သဘောပေါက်လောက်ပြီ ဖြစ်ပေသည်။ သို့သော် စဥ်းစားရန် အချက်တစ်ရပ်ကို ထပ်မံ၍ တင်ပြအပ်ပါသည်။
说到这里,弟子究竟必须观照哪些法、观照多少、以何种方式修习审察毗婆舍那,才能到达涅槃,应当已经足以理解。不过,现再提出一点请作思考。
ထပ်မံစဥ်းစားရန် အချက်တစ်ရပ်
还有一点需要思考
အထက်ပါ ဧကဒေသအကြောင်းကို ဖွင့်ဆိုသော အဋ္ဌကထာမှာ မူလပရိယာယသုတ်အဋ္ဌကထာ ဖြစ်သည်။
上文解释“部分(ekadesa)”的义注,是《根本法门经义注》。
ထိုမူလပရိယာယသုတ်သည် မူလပဏ္ဏာသပါဠိတော်ဝယ် သုတ္တန်ပေါင်း (၅ဝ)တို့အနက် နံပါတ် (၁) သုတ္တန် ဖြစ်သည်။ ထိုမူလပဏ္ဏာသပါဠိတော်တွင် (၃၃)ခုမြောက် သုတ္တန်ကား မဟာဂေါပါလကသုတ္တန်ပင် ဖြစ်သည်။
《根本法门经》是《中部·根本五十篇》50部经中的第1经;同一《根本五十篇》中的第33经,就是《大牧牛者经》。
ထို မဟာဂေါပါလကသုတ္တန်အဋ္ဌကထာတွင် အထက် (နှာ-၁၈၉-၁၉ဝ) တွင် ဖော်ပြခဲ့သည့်အတိုင်း အဋ္ဌကထာ ဆရာတော်က ရုပ်တရားကို --- ၁။ ရုပ် (၂၈)ပါးဟူသော အရေအတွက်အားဖြင့်လည်းကောင်း၊ ၂။ ရုပ်တရားကို ဖြစ်ပေါ်စေတတ်သည့် အကြောင်းသမုဋ္ဌာန်အားဖြင့်လည်းကောင်း --- ဤနှစ်မျိုးသော အခြင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာ မသိခဲ့သော် --- ၁။ ရုပ်တရားကို သိမ်းဆည်း၍၊ ၂။ နာမ်တရားကို ပိုင်းခြားမှတ်သား၍၊ ၃။ ရုပ်-နာမ်ကို သိမ်းဆည်း၍၊ ၄။ ယင်းရုပ်နာမ်တို့၏ အကြောင်းတရားကို ပိုင်းခြားမှတ်သား၍၊ ၅။ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာယာဥ်တင်၍ --- ဝိပဿနာဉာဏ်ကို မဂ်ဉာဏ်
在该《大牧牛者经义注》中,正如上文第189—190页所引,义注师明确判定:如果不能从以下两方面如实了知色法——1.从色法有28种这一数量而言;2.从能令色法生起的生起因而言——那么,就无论如何都不能:1.摄受色法;2.分别、标记名法;3.摄受色名;4.分别、标记色名之因;5.把色、名、因、果这些诸行法安立三相,从而令观智达到称为道智——
原书第 234 页
ဖိုလ်ဉာဏ်ဟူသော အထွတ်အထိပ်သို့ ရောက်စေအံ့သောငှာ မည်သည့် နည်းနှင့်မျှ မစွမ်းနိုင် (မ-ဋ္ဌ-၂-၁၆၃။) ဟု အတိအကျ ဆုံးဖြတ်ထား၏။ ထိုသို့သော အလွန်တိကျသော ဆုံးဖြတ်ချက်ကို ရေးသားထားသော အဋ္ဌကထာ ဆရာတော်သည် ထိုမူလပဏ္ဏာသအဋ္ဌကထာဟူသော ကျမ်းစာတစ်ခုတည်းမှာပင် သာဝကတို့သည် ဓာတ်တစ်လုံး ကို ဝိပဿနာရှုပါက နိဗ္ဗာန်သို့ ရောက်နိုင်ကြသည်ဟု ရေးသားမည် မရေးသားမည် ဟူသော အချက်ကို အသင် ယောဂီသူတော်ကောင်း ကိုယ်တိုင်ပင် ဝေဖန်ဆုံးဖြတ်လေရာသည်။
——果智的顶峰。(《中部义注》2-163。)既然同一位义注师在同一部《根本五十篇义注》中写下如此精确的判定,那么,他是否还会写出“弟子只观一个界法,也能到达涅槃”这句话,请禅修贤友自己审察、判断。