大复注释义

《一夜贤者经》解释 · 原书第 145–148 页 · 29 个翻译单元

本页并入了原书的相邻小节:世间修习的力量、世间与出世间念处修习、所得教诫、以现见智观三世诸蕴、不以贪爱与见追随三世。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 145 页
ဤတွင် မဟာဋီကာဆရာတော်၏ ရှင်းလင်းချက်ကို လိုရင်းကောက်နုတ်၍ တင်ပြအပ်ပါသည်။ (အကျယ် ကို မဟာဋီကာ ဒုတိယတွဲ - စာမျက်နှာ - ၄၁၅-၄၁၆-တို့၌လည်းကောင်း၊ ဤနိဗ္ဗာနဂါမိနိပဋိပဒါကျမ်း ပဉ္စမတွဲ သမ္မသနဉာဏ်ခန်း - စာမျက်နှာ - ၁၅၂-၁၅၃-တို့၌လည်းကောင်း ကြည့်ပါ။) အနတ္တာနုပဿနာဉာဏ်က ဒိဋ္ဌိစွဲကို ပယ်ခွာနိုင်သည်ဆိုသော်လည်း အနတ္တာနုပဿနာဉာဏ် သက်သက် ဖြင့် ပယ်ခွာနိုင်သည်ကား မဟုတ်၊ အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်နှစ်မျိုးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် စွမ်းအင်ပြည့်ဝလာသော သန့်ရှင်း ထက်မြက် စူးရှ လာသော အနတ္တာနုပဿနာဉာဏ်က ဒိဋ္ဌိစွဲကို ပယ်ခွာနိုင်ပေသည်။
这里摘录《大复注》论师解释的要义。(详见《大复注》第二册415—416页,也见本《趣向涅槃之道》第五册“思惟智”章152—153页。)虽说无我随观智能舍离见执,却不是只凭无我随观智就能舍离;只有当无常随观智与苦随观智以强大的亲依止缘力提供助力时,获得充足力量、变得清净、锐利、洞彻的无我随观智,才能舍离见执。
အလားတူပင် အနိစ္စာနုပဿနာဉာဏ်က မာနစွဲကို ပယ်ခွာနိုင်သည်ဆိုသော်လည်း အနတ္တာနုပဿနာ ဉာဏ် ဒုက္ခာနုပဿနာဉာဏ်နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ သာလျှင် စွမ်းအင် ပြည့်ဝလာသော သန့်ရှင်း ထက်မြက် စူးရှလာသော အနိစ္စာနုပဿနာဉာဏ်က မာနစွဲကို ပယ်ခွာနိုင်ပေသည်။
同样,虽说无常随观智能舍离慢执,也不是只凭无常随观智就能舍离;只有当无我随观智与苦随观智以强大的亲依止缘力提供助力时,获得充足力量、变得清净、锐利、洞彻的无常随观智,才能舍离慢执。
အနိစ္စသညာ ဘာဝေတဗ္ဗာ အသ္မိမာနသမုဂ္ဃါဋာယ = အသ္မိမာနကို ပယ်ခွာခြင်းငှာ အနိစ္စသညာကို ပွားများပါဟု ဘုရားရှင်ဟောကြားထားတော်မူ၏။ (မဟာဋီ-၂-၄၁၆။) တစ်ဖန် ဒုက္ခာနုပဿနာဉာဏ်က တဏှာစွဲ နိကန္တိကို ကုန်ခန်းစေနိုင်သည်ဆိုသော်လည်း အနိစ္စာနုပဿနာ ဉာဏ် အနတ္တာနုပဿနာဉာဏ်နှစ်မျိုးတို့က အားကြီးသော မှီရာ ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ သာလျှင် စွမ်းအင် ပြည့်ဝလာသော သန့်ရှင်း ထက်မြက် စူးရှလာသော ဒုက္ခာနုပဿနာဉာဏ်က တဏှာစွဲကို ပယ်ခွာနိုင်ပေသည်။
为了破除“我是”慢(asmimāna),应当培育无常想。世尊曾如此开示。(《大复注》2-416。)再者,虽说苦随观智能使爱与贪著耗尽,也不是只凭苦随观智就能做到;只有当无常随观智与无我随观智以强大的亲依止缘力提供助力时,获得充足力量、变得清净、锐利、洞彻的苦随观智,才能舍离爱执。
ထိုကြောင့် အနိစ္စာနုပဿနာ သက်သက်ဖြင့် ဒုက္ခာနုပဿနာ သက်သက်ဖြင့် အနတ္တာနုပဿနာ သက်သက်ဖြင့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ တို့ကို မဖြိုခွဲနိုင်သဖြင့် လက္ခဏာရေးသုံးတန်လုံး တစ်လှည့်စီတင်၍ သင်္ခါရတရားတို့ကို ဝိပဿနာရှုရမည်ဖြစ်သည်။ ထိုသို့ ဝိပဿနာရှုရာ၌ ရံခါ အနိစ္စလက္ခဏာကို ဦးစားပေး၍ ရှုလိုက ရှုနိုင်၏၊ ရံခါ ဒုက္ခလက္ခဏာကို ဦးစားပေး၍ ရှုလိုက ရှုနိုင်၏၊ ရံခါ အနတ္တလက္ခဏာကို ဦးစားပေး၍ ရှုလိုက ရှုနိုင်၏။
因此,既不能只凭无常随观、只凭苦随观或只凭无我随观,来击破爱执、慢执与见执,就必须轮流标举三相,观照诸行法。这样修观时,有时可以无常相为主而观,有时可以苦相为主而观,有时也可以无我相为主而观。
原书第 146 页
ထိုသို့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာရှုသဖြင့် အကြင်အခါ၌ အနတ္တာနုပဿနာဉာဏ်သည် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်တို့၏ အားပေးထောက်ပံ့မှုကြောင့် ထက်မြက်လာ၏ သန့်ရှင်းလာ၏ စူးရှလာ၏ ရဲရင့်လာ၏၊ အတ္တစွဲကို ဖြိုခွဲနိုင်လောက်အောင် စွမ်းအင် ပြည့်ဝလာ၏ တိုးပွားလာ၏။ ထိုအခါ၌ ယင်း အနတ္တာနုပဿနာဉာဏ်က အတ္တဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်၏။
如此反复多次修观时,到了某一阶段,无我随观智由于无常随观智与苦随观智的支持而变得敏锐、清净、锐利、勇健;它的力量日益增长、充足,达到足以破除我执的程度。那时,这一无我随观智便能破除我见之执。
အကြင်အခါ၌ကား အနိစ္စာနုပဿနာဉာဏ်သည် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့၏ အားပေးထောက်ပံ့မှုကြောင့် ထက်မြက်လာ၏ သန့်ရှင်းလာ၏ စူးရှလာ၏ ရဲရင့်လာ၏၊ မာနစွဲကို ဖြိုခွဲနိုင်လောက်- အောင် စွမ်းအင် ပြည့်ဝလာ၏ တိုးပွားလာ၏။ ထိုအခါ၌ ယင်းအနိစ္စာနုပဿနာဉာဏ်က မာနစွဲကို ဖြိုခွဲနိုင်၏။
到了另一阶段,无常随观智由于苦随观智与无我随观智的支持而变得敏锐、清净、锐利、勇健;它的力量日益增长、充足,达到足以破除慢执的程度。那时,这一无常随观智便能破除慢执。
အကြင်အခါ၌ကား ဒုက္ခာနုပဿနာဉာဏ်သည် အနိစ္စာနုပဿနာဉာဏ်အနတ္တာနုပဿနာဉာဏ်တို့၏အား ပေးထောက်ပံ့မှုကြောင့် ထက်မြက်လာ၏ သန့်ရှင်းလာ၏ စူးရှလာ၏ ရဲရင့်လာ၏၊ တဏှာစွဲကို ဖြိုခွဲနိုင်လောက်- အောင် စွမ်းအင် ပြည့်ဝလာ၏ တိုးပွားလာ၏။ ထိုအခါ၌ ယင်းဒုက္ခာနုပဿနာဉာဏ်က တဏှာစွဲကို ဖြိုခွဲနိုင်၏။
又到了另一阶段,苦随观智由于无常随观智与无我随观智的支持而变得敏锐、清净、锐利、勇健;它的力量日益增长、充足,达到足以破除爱执的程度。那时,这一苦随观智便能破除爱执。
(မဟာဋီ-၂-၄၁၅-၄၁၆-ကြည့်။)
(参见《大复注》2-415—416。)
လောကိယဘာဝနာ၏ စွမ်းအား
世间修习的力量
လောကိယဘာဝနာယ ဟိ ကာယေ ပဟီနံ န ဝေဒနာဒီသု ပဟီနံ ဟောတိ။ ယဒိပိ န ပဝတ္တေယျ၊ န ပဋိပက္ခဘာဝနာယ တတ္ထ သာ အဘိဇ္ဈာ ဒေါမနဿဿ အပ္ပဝတ္တိ ဟောတီတိ ပုန တပ္ပဟာနံ ဝတ္တဗ္ဗမေဝါတိ။
“以世间修习来说,对身所断者,并不因此也在受等处被断。即使贪忧没有在那里现起,这种不现起也不是由于对治修习所致,所以仍须再次说明对它的断除。”
ဧကတ္ထ ပဟီနံ သေသေသုပိ ပဟီနံ ဟောတီတိ မဂ္ဂသတိပဋ္ဌာနဘာဝနံ၊ လောကိယဘာဝနာယ ဝါ သဗ္ဗတ္ထ အပ္ပဝတ္တိမတ္တံ သန္ဓာယ ဝုတ္တံ။ (မ-ဋီ-၁-၃၄၇။) လောကုတ္တရာမဂ္ဂသတိပဋ္ဌာနဘာဝနာ၏ စွမ်းအားနှင့် လောကိယသတိပဋ္ဌာနဘာဝနာ၏ စွမ်းအားကား မတူညီပေ။ ယောဂါဝစရပုဂ္ဂိုလ်သည် ကာယ ဝေဒနာ စိတ္တ ဓမ္မဟူသည့် ဝိပဿနာဉာဏ်၏ အရှုခံ ပရမတ္ထ ဓာတ်သားတို့ကို အကြောင်းတရားနှင့်တကွ သိမ်းဆည်းလျက် ဝိပဿနာအစဥ်အတိုင်း လက္ခဏာယာဥ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်လာရာ အရိယမဂ်သို့ ဆိုက်လုခါနီး အချိန်၌ ယင်း ကာယ ဝေဒနာ စိတ္တ ဓမ္မတို့တွင် မည်သည့်တရားကိုမဆို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်နိုင်သည်သာဖြစ်၏။ အကယ်၍ ကာယအမည်ရသည့် ရုပ်တရားကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ဆိုက်ခဲ့လျှင် ယင်း အရိယမဂ်ဉာဏ်က ကာယအမည်ရသည့် ရုပ် တရားအပေါ်၌ စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကိုသာမက ဝေဒနာ စိတ္တ ဓမ္မတို့အပေါ်၌ စွဲနေသည့် တဏှာစွဲ
“所谓‘在一处已断,在其余各处也已断’,是就道念处修习而言;或者,就世间修习而言,只是指它在一切处暂不现起。”(《中部复注》1-347。)出世间道念处修习的力量与世间念处修习的力量并不相同。禅修者把握身、受、心、法这些作为观智所观的究竟界及其因缘,依观修次第标举三相而修观、审察;当他已接近圣道时,无论正在观身、受、心、法中的哪一种法,都可能就此到达圣道。假如他正在观称为“身”的色法时到达圣道,这一圣道智对于执著于身色法的爱执、慢执与见执,以及执著于受、心、法的爱执——
မာနစွဲ ဒိဋ္ဌိစွဲတို့ကိုပါ ဖြိုခွဲနိုင်၏ ပယ်သတ်နိုင်၏။ ဝေဒနာ စိတ္တ ဓမ္မတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက် ရာ၌လည်း နည်းတူပင် မှတ်ပါ။ သို့သော် လောကုတ္တရာ အရိယမဂ်တရားဟူသည် ဝိပဿနာဉာဏ်တို့က အဆင့်ဆင့် အားကြီးသော မှီရာ ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်သော တရား ဖြစ်ပေသည်။
——慢执与见执,都能一并破除、断除。观受、心或法而到达圣道时,也应以同样方式理解。不过,出世间圣道法只有在诸观智依次以强有力的亲依止缘力给予资助之后,才能生起。
သို့သော် လောကိယသတိပဋ္ဌာနဘာဝနာကား ထိုမျှ အစွမ်းမထက်ပေ။ ကာယ အမည်ရသည့် ရုပ်တရား ကို လက္ခဏာယာဥ်တင်ကာ ဝိပဿနာရှုခဲ့သော် ကာယအမည်ရသော ရုပ်တရားအပေါ်၌ စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကိုသာ တဒင်္ဂအားဖြင့် ဖြိုခွဲနိုင်၏။ ယင်းကာယာနုပဿနာသတိပဋ္ဌာနဘာဝနာက ဝေဒနာ စိတ္တ ဓမ္မတို့အပေါ်၌ စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို မဖြိုခွဲနိုင်ပေ။ အလားတူပင် ဝေဒနာ စိတ္တ ဓမ္မတို့ကို ဝိပဿနာရှုရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။
然而,世间念处修习没有那样强的力量。若对称为“身”的色法标举三相而修观,只能以彼分断的方式,暂时破除执著于身色法的爱执、慢执与见执。这种身随观念处修习不能破除执著于受、心、法的爱执、慢执与见执。观受、心与法时,也应以同样方式理解。
原书第 147 页
ကောင်းသော ည တစ်ညပိုင်း -- ဘဒ္ဒေကရတ္တသုတ္တန်ရှင်းလင်းချက် ထိုကြောင့် လောကိယသတိပဋ္ဌာနဘာဝနာအရာ၌ --- ကာယအပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် ကာယကို ဝိပဿနာရှုရ၏။ ဝေဒနာအပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် ဝေဒနာကို ဝိပဿနာရှုရ၏။ စိတ္တအပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် စိတ္တကို ဝိပဿနာရှုရ၏။
因此,就世间念处修习而言——为了破除执著于身的爱执、慢执与见执,必须对身修观;为了破除执著于受的爱执、慢执与见执,必须对受修观;为了破除执著于心的爱执、慢执与见执,必须对心修观。
ဓမ္မအပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် ဓမ္မကို ဝိပဿနာရှုရ၏။
为了破除执著于法的爱执、慢执与见执,必须对法修观。
ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ဟူသည် ဥပါဒါနက္ခန္ဓာငါးပါးတို့ပင်တည်း။ ထိုကြောင့် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ အပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရ၏။ အတိတ် ခန္ဓာငါးပါးတို့အပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် အတိတ်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရ၏။
身、受、心、法就是五取蕴。因此,为了破除执著于现在五蕴的爱执、慢执与见执,必须对现在五蕴修观;为了破除执著于过去五蕴的爱执、慢执与见执,必须对过去五蕴修观。
အနာဂတ်ခန္ဓာငါးပါးတို့အပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် အနာဂတ်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရ၏။ --- ဤကား အတိတ် အနာဂတ် ပစ္စုပ္ပန် ခန္ဓာတို့အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်အောင် ကျင့်ရမည့် ကျင့်စဥ်တည်း။
为了破除执著于未来五蕴的爱执、慢执与见执,必须对未来五蕴修观。——这就是令爱、见不在过去、未来、现在诸蕴上生起的修行方法。
ထိုကြောင့် --- ရရှိလာသော ဥပဒေသမှာ ဤသို့ ဖြစ်၏။
因此,从上文得到的教诫如下。
၁။ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်၌ တဏှာ-ဒိဋ္ဌိမဖြစ်ရန် ပစ္စုပ္ပန်ခန္ဓာငါးပါးကို ဝိပဿနာရှုပါ။
1.为了不对现在五蕴生起爱、见,应对现在五蕴修观。
၂။ အတိတ်ခန္ဓာငါးပါးအပေါ်၌ တဏှာ-ဒိဋ္ဌိမဖြစ်ရန် အတိတ်ခန္ဓာငါးပါးကိုလည်း ဝိပဿနာရှုပါ။
2.为了不对过去五蕴生起爱、见,也应对过去五蕴修观。
၃။ အနာဂတ်ခန္ဓာငါးပါးအပေါ်၌ တဏှာ-ဒိဋ္ဌိမဖြစ်ရန် အနာဂတ်ခန္ဓာငါးပါးကိုလည်း ဝိပဿနာရှုပါ။
3.为了不对未来五蕴生起爱、见,也应对未来五蕴修观。
ဤကား ရရှိလာသည့် ဥပဒေသဖြစ်သည်။
这就是由上文得到的教诫。
ထိုသို့ အတိတ်အနာဂတ်တို့ကို ဝိပဿနာရှုရာ၌ ပစ္စက္ခဉာဏ်ဖြင့် ရှုလေသလော အနွယဉာဏ်ဖြင့် ရှုလေ- သလောဟူမူ ရှေး ပစ္စက္ခဉာဏ်နှင့် အနွယဉာဏ်ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ သမ္မာဒိဋ္ဌိအမည်ရသည့် အတ္တပစ္စက္ခဉာဏ်ကို ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် --- ပုဗ္ဗဘာဂေ ဝိပဿနာဉာဏေန သမ္မသနဝသေန ။ ပ ။ သုဋ္ဌု အတ္တပစ္စက္ခေန ဉာဏေန ပဿတိ။
那么,对过去与未来修观时,究竟是以现见智观,还是以类智观?如前文“现见智与类智”部分所作的说明,由于世尊从名色分别智开始,所宣说的是称为正见“在圣道前的观修阶段,以观智依思惟的方式……以亲自现见之智善加观见。”
(သံ-ဋီ-၂-၁၈၁။)
(《相应部复注》2-181。)
= အရိယမဂ်၏ ရှေးအဖို့ဖြစ်သော ဝိပဿနာပိုင်း၌ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည့် (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို လက္ခဏာယာဥ်တင်ကာ ရှုပွားသုံးသပ်ခြင်း သမ္မသန၏ အစွမ်းဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိတည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ကောင်းစွာရှု၏ ကောင်းစွာသိ၏ ကောင်းစွာမြင်၏ဟူပေ။(အနွယဉာဏ်ဖြင့်ရှုပုံကို ဝိပဿနာပိုင်း စာမျက်နှာ-၂၃၆-၂၉၇-စသည်တွင်ကြည့်ပါ။) ယင်းသို့ အတိတ် အနာဂတ်ခန္ဓာတို့အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်ရေးအတွက် အတိတ်အနာဂတ်ခန္ဓာတို့ကို ဝိပဿနာရှုရမည် မှန်လျှင် ဤ ဘဒ္ဒေကရတ္တသုတ္တန်၌ မည်သည့်စကားရပ်များက အတိတ်အနာဂတ်ကို ဝိပဿနာရှုရန် ညွှန်ပြနေပါသနည်းဟု မေးရန်ရှိ၏၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။
也就是说,在圣道之前的观修阶段,对于依过去、未来、现在等十一种情形而存在的五取蕴,标举三相而修观、审察;藉由这种思惟(sammasana)的力量,他以称为观正见的亲证现见智善加观照、善加了知、善加照见。(关于以类智修观的方法,参见“毗婆舍那”部分第236—297页等处。)既然为了不对过去、未来诸蕴生起爱、见,确实必须对过去、未来诸蕴修观,那么也可以问:在这部《一夜贤者经》中,究竟哪些文句指示人们对过去与未来修观?答复如下。
၁။ အတီတံ နာနွာဂမေယျ = အတိတ်ကို တဏှာ-ဒိဋ္ဌိတို့ဖြင့် မလိုက်ရ၊ ၂။ နပ္ပဋိကင်္ခေ အနာဂတံ = အနာဂတ်ကို တဏှာ-ဒိဋ္ဌိတို့ဖြင့် မမျှော်ရ။ --- ဤစကားတော်တို့ကား အတိတ်အနာဂတ်ခန္ဓာတို့အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်ရေးအတွက် အတိတ် အနာဂတ်ခန္ဓာတို့ကို ဝိပဿနာရှုရန် ညွှန်ပြနေသော စကားတော်တို့ပင် ဖြစ်ကြသည်ဟု မှတ်သားပါလေ။
“一、“二、不应以爱、见希求未来。”——应当记住:正是这些经句指示人们,为了不对过去、未来诸蕴生起爱、见,必须对过去、未来诸蕴修观。
ကိလေသာထု အစိုင်အခဲကို ဖြိုခွဲ ဖျက်ဆီးနိုင်သည့် နိဗ္ဗေဓိကပညာဟူသည့် ဝိပဿနာပညာ (မဂ်ပညာ) ဖြင့်
只有凭能够击破、摧毁烦恼厚重结块、称为洞察慧(nibbedhika-paññā)的观慧乃至道慧——
原书第 148 页
ဖြိုခွဲဖျက်ဆီးနိုင်ပါမှ ကိလေသာထု အစိုင်အခဲ ပြိုကွဲပျက်စီးနိုင်သည်။ အတိတ်အနာဂတ်ကို မရှုရုံသက်သက်မျှဖြင့်- ကား ကိလေသာထု အစိုင်အခဲ မပြိုကွဲနိုင်သည်ကို သတိပြုသင့်လှပေသည်။
——实际加以击破、摧毁,烦恼的厚重结块才会崩解消散。必须特别留意:仅仅不观过去与未来,并不能使这烦恼结块崩解。
အတိတ် အနာဂတ်ကို မရှုရုံသက်သက်မျှဖြင့် အတိတ်အနာဂတ်တို့အပေါ်၌ စွဲနေသည့် တဏှာ-ဒိဋ္ဌိ တို့ကား မကုန်နိုင်။ ပစ္စုပ္ပန်ခန္ဓာတို့အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်ရေးအတွက် ပစ္စုပ္ပန်ခန္ဓာတို့ကို ဝိပဿနာရှုရသကဲ့သို့ အတိတ် အနာဂတ်ခန္ဓာတို့အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်ရေးအတွက်လည်း အတိတ်အနာဂတ်ခန္ဓာတို့ကို ဝိပဿနာ ရှုရမည်သာ ဖြစ်ပေသည်။ အောက်ပါ သုတ္တန်များကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
仅仅不观过去与未来,不能穷尽执著于过去、未来的爱与见。正如为了不对现在诸蕴生起爱、见,必须对现在诸蕴修观;为了不对过去、未来诸蕴生起爱、见,也同样必须对过去、未来诸蕴修观。请继续阅读下面诸经。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。