进入入出息修习作业处的两种方式
入出息念定部分 · 原书第 280–295 页 · 125 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 280 页
အာနာပါနလုပ်ငန်းခွင်သို့ ချဥ်းကပ်ပုံ နှစ်မျိုး
进入入出息修习作业处的两种方式
အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သူတို့မှာ ယေဘုယျအားဖြင့် နှစ်မျိုးနှစ်စား ရှိ၏။ ဓာတ်ကမ္မ- ဋ္ဌာန်း၊ ကသိုဏ်းစသော ကမ္မဋ္ဌာန်းတစ်မျိုးမျိုးဖြင့် သမာဓိထူထောင်၍ ယင်းသမာဓိကို ဝိပဿနာ၏ အခြေ ပါဒကပြု၍ ဝိပဿနာသို့ ကူးပြီးလျှင် ဝိပဿနာပိုင်းတွင် အားရကျေနပ်မှုကို အထိုက်အလျောက် အတော်အသင့် ရရှိလာသောအခါ ကသိုဏ်း (၁ဝ)ပါး၊ သမာပတ် (၈)ပါး၊ အာနာပါန၊ ဗြဟ္မစိုရ်တရား (၄)ပါးစသည့် ထိုထို ကမ္မဋ္ဌာန်းတို့ကို ဆက်လက်၍ အားထုတ်သော သူတော်ကောင်းများလည်း ရှိကြ၏။ ဤပုဂ္ဂိုလ်တို့ကား ဝိပဿနာ ပိုင်းတွင် အားရကျေနပ်မှုရှိမှ အာနာပါနကို တစ်ဖန်ပြောင်း၍ အားထုတ်သည့် ပထမပုဂ္ဂိုလ် အမျိုးအစားများ ဖြစ်ကြ၏။
修习入出息念业处的人,一般分为两类。有些贤善禅修者先以界业处、遍等某一种业处建立定,并以该定作为毗婆舍那的基础而转修毗婆舍那;待在观禅阶段获得相当程度的满意后,又继续修习十遍、八等至、入出息念、四梵住等各类业处。这些人是在观禅阶段获得满意后,才转而修习入出息念,属于第一类。
ဤကဲ့သို့ အခြားကမ္မဋ္ဌာန်းတစ်ခုခုဖြင့် ဝိပဿနာ၏ အခြေပါဒကဖြစ်လောက်အောင် သမာဓိကို ခိုင်ခိုင်ခံ့ခံ့ ထူထောင်နိုင်သော စွမ်းအားရှိနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိုသမာဓိ၏ အကူအညီကို ရယူ၍ အာနာပါန သို့ ကူးပါက အချိန်အနည်းငယ် အတွင်းမှာပင် အာနာပါနကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် အားထုတ် နိုင်သည်ကို တွေ့ရ၏။
像这样,能够以其他某种业处稳固地建立足以作为毗婆舍那基础之定的瑜伽行者,若借助该定转修入出息念,便可在短时间内成功修习入出息念业处。
အလားတူပင် ဓာတ်ကမ္မဋ္ဌာန်းမှ (၃၂)ကောဋ္ဌာသ၊ (၃၂)ကောဋ္ဌာသမှ အရိုးစုကမ္မဋ္ဌာန်း၊ အရိုးစုကမ္မဋ္ဌာန်း မှ သြဒါတကသိုဏ်းသို့ ကူးလျက် စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်ပြီးမှ ဝိပဿနာသို့ မကူးမီ အာနာပါနကမ္မဋ္ဌာန်းသို့ ကူးလျှင်လည်း ထိုသူတော်ကောင်းတို့သည် လွယ်လွယ်ကူကူပင် အာနာပါနက- မ္မဋ္ဌာန်းကို စီးဖြန်းနိုင်ကြပေသည်။ ဤကား အခြားကမ္မဋ္ဌာန်းမှ အာနာပါနသို့ ကူးလာသူ ပထမ အမျိုးအစားတည်း။
同样,从界业处转修三十二身分,从三十二身分转修骨骼业处,再从骨骼业处转修白遍,建立定直至第四禅;此后若在尚未转入毗婆舍那以前转修入出息念业处,这些贤善禅修者也能轻易地修习入出息念业处。这就是从其他业处转入入出息念的第一类人。
ဒုတိယအမျိုးအစား ယောဂါဝစရပုဂ္ဂိုလ်တို့ကား အာနာပါနဖြင့် စတင်၍ သမာဓိထူထောင်သော၊ အာနာ ပါနကိုပင် တိုက်ရိုက်စတင်၍ ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ထိုပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ပထမအမျိုးအစားပုဂ္ဂိုလ်တို့၏ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပုံကို အကျဥ်းချုပ်၍ ရှေးဦးစွာ ဖော်ပြ အပ်ပါသည်။
第二类瑜伽行者,则是从入出息念开始建立定,直接从入出息念入手修习的人。在这两类人中,现先略说第一类人修习入出息念业处的方法。
ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနည်းဖြင့်ဖြစ်စေ၊ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဖြင့်ဖြစ်စေ သမာဓိထူထောင်လျက် ယင်း သမာဓိကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာသို့ ကူးသွားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာပိုင်း၌ အတော်အသင့် အားရကျေနပ်မှု ရှိ၍ အာနာပါနဿတိသမာဓိဘာဝနာကို တစ်ဖန် ပြောင်း၍ အားထုတ်လိုသော် ဝိပဿနာ၏ အခြေပါဒကအဖြစ် ထူထောင်ထားသော ဓာတ်ကြီးလေးပါးကို အာရုံပြု၍ ထူထောင်ထားသော ယင်းသမာဓိကိုပင် တစ်ဖန်ပြန်၍ သမာဓိထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအားများ ပြိုးပြိုး ပြက်ပြက် တလက်လက် တောက်ပလာသည့်တိုင်အောင် သမာဓိထူထောင်ပါ။
瑜伽行者无论以界业处略法还是广法建立定,并以该定作为毗婆舍那的基础转入毗婆舍那以后,若已在观禅阶段获得相当程度的满意,想再转修入出息念定的修习,就应重新建立先前以四大种为所缘、作为毗婆舍那基础的那一定。应当建立定,直至光明的力量闪耀、灿然明亮。
〔မှတ်ချက် ---- အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် အားလုံးတို့၌ လင်း ရောင်ခြည် ရှိကြောင်း ရှင်းလင်းချက်များကို ဤ အာနာပါနဿတိသမာဓိပိုင်းအဆုံး - စာမျက်နှာ - ၅၂၈ စသည်တွင် ကြည့်ပါ။〕 ယင်းသို့ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ သမာဓိထူထောင်လိုက်သဖြင့် လင်းရောင်ခြည်စွမ်းအင်များ အားကောင်း လာသောအခါ အာနာပါနကမ္မဋ္ဌာန်းကို ပြောင်း၍ အားထုတ်လိုပါက အားထုတ်နိုင်ပါသည်။ ထိုသို့ အားထုတ်ရာ ၌ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ အောင်မြင်စွာ သမာဓိကို ထူထောင်ပြီးသောအခါ ဝိပဿနာသို့ မကူးမီ၌လည်း ပုံစံ တူပင် အာနာပါနသို့ ပြောင်း၍ အားထုတ်နိုင်ပေသည်။
〔注:关于称为“增上心”的一切止禅修习心与观禅修习心都有光明的说明,可参看本书“入出息念定部分”末尾第528页等处。〕像这样循界业处之道建立定,使光明的力量变得强盛以后,若想转修入出息念业处,即可转修。又在循界业处之道成功建立定以后、尚未转入毗婆舍那以前,也可以同样方式转修入出息念。
原书第 281 页
အာနာပါနဿတိသမာဓိပိုင်း ထိုသို့ အာနာပါနကမ္မဋ္ဌာန်းဘက်သို့ မပြောင်းလိုသေးဘဲ ကသိုဏ်းဘက်သို့ ကူးလိုကလည်း ကူးနိုင်ပါသည်။
如果此时还不想转修入出息念业处,而想转修遍,也可以转修。
ကူးပုံအကျဥ်းချုပ်မှာ ဤသို့ ဖြစ်၏။ ယင်းသို့ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိထူထောင်လိုက်ရာ လင်း ရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်း လင်းရောင်ခြည် အကူ အညီဖြင့် ခန္ဓာအိမ် အတွင်းသို့ စိုက်ရှုလိုက်သောအခါ (၃၂)ကောဋ္ဌာသများ တစ်စ တစ်စ ထင်ရှားလာမည် ဖြစ်သည်။ ယင်း (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော အခါ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးတို့တွင် ပို၍ ရှုကောင်းရာ ကြိုက်နှစ်သက်ရာက စ၍ အရိုးစု ကောဋ္ဌာသတစ်ခုကို ရွေးချယ်၍ တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောဖြင့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလမနသိကာရကိုလည်း ရှုပွား တတ်အောင် အရိုးစုလည်း ခိုင်ခံ့အောင် လေ့ကျင့်ပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံး၌ အရိုးစု၏ ရွံရှာစက်ဆုပ်ဖွယ် ရာ ပဋိကူလသဘောကို အာရုံယူ၍ သမာဓိထူထောင်ပါ။ အရပ် (၁ဝ)မျက်နှာ၌ ကြည့်လိုက်တိုင်း အရိုးစုချည်း
转修方法略说如下。如此以四大种为所缘建立定,待光明的力量闪耀、灿然明亮时,借助该光明向身体内部照察,三十二身分便会逐渐显现。对这三十二身分在内、外两处作了熟练自如的修习以后,从内、外二者中较容易观、自己较喜欢的一方开始,选取骨骼这一身分,以一举两得的方式,既训练到能够观修骨骼可厌、可恶的不净作意,也把骨骼相训练得稳固。以内、外两处骨骼可厌、可恶的不净性为所缘建立定,并训练到望向十方时所见尽是骨骼——
မြင်နေအောင် လေ့ကျင့်ပါ။ အောင်မြင်မှုရသော် ဗဟိဒ္ဓအရိုးစု တစ်ခု၏ အဖြူဆုံးတစ်နေရာကို အာရုံ စူးစိုက်၍ ''အဖြူ-အဖြူ''ဟု နှလုံးသွင်းပါ။ အရိုးစုပျောက်၍ အဖြူကသိုဏ်း အဝန်းအဝိုင်းချည်းသာ ကြွင်းကျန်သောအခါ ထိုအဖြူကသိုဏ်းဝန်းကို အာရုံယူ၍ တစ်ဖန် သမာဓိဆက်လက်ထူထောင်ပါ။ ထိုအဖြူကသိုဏ်းဝန်းက အလွန် ကြည်လင်တောက်ပလာသောအခါ၌ ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သွားပြီ ဖြစ်၏။ ယင်းပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိကို ခိုင်ခံ့အောင် ဆက်လက်ထူထောင်ပါ။ သမာဓိ ခိုင်ခံ့လာသောအခါ ယင်းအဖြူကသိုဏ်း ဝန်းကို တစ်လက်မ နှစ်လက်မ စသည်ဖြင့် ပိုင်းခြား၍ ပြန့်အောင် ဖြန့်ပါ။ တဖြည်းဖြည်း အရပ် (၁ဝ)မျက်နှာသို့ တိုင်အောင် ဖြန့်ပါ။ ယင်း ဖြန်ကြက်ပြီးသော ကသိုဏ်းဝန်းကား ဘာဝနာသမာဓိကို အရှည်ခိုင်ခံ့တည်တံ့အောင် ကျေးဇူးပြုပေးနိုင်၏။ ယင်း ကသိုဏ်းဝန်းကို အာရုံယူ၍ ဆက်လက်၍ သမာဓိကို တစ်ဆင့်ပြီး တစ်ဆင့် ထူထောင်
——如此加以训练。成功以后,专注一具外在骨骼最白的部位,作意“白、白”。骨骼消失、只剩下白遍圆相时,就以该白遍圆相为所缘,继续建立定。该白遍圆相变得极为清澈明亮时,便已达到似相。应以这似相为所缘,继续把定建立得稳固。定稳固以后,把该白遍圆相从一寸、二寸等大小开始分段扩展,逐渐扩展至十方。这个已经扩展开来的遍圆相,能帮助禅定长久稳固。以该遍圆相为所缘,继续逐级建立定——
ခဲ့သော် သမာပတ်ရှစ်ပါးလုံး ပေါက်နိုင်သည်သာ ဖြစ်ပေသည်။ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင်လည်းကောင်း၊ သမာပတ်ရှစ်ပါးလုံး ပေါက်အောင်လည်းကောင်း မိမိကြိုက်နှစ်သက်ရာ ရွေးချယ်၍ သမာဓိကို အရှည်ခိုင်ခံ့ တည်တံ့အောင် ထူထောင်ပါ။
——便能证得全部八等至。可以依自己的喜好作出选择,把定建立得长久稳固,直至第四禅定,或者直至证得全部八等至。
ယင်း (၃၂)ကောဋ္ဌာသတို့ကို အာရုံပြု၍ ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း) လေးမျိုး ရှုပွားပုံကို အဘိ- ဘာယတနစျာန်ဟူသော အမည်ဖြင့် ဘုရားရှင်သည် မဟာပရိနိဗ္ဗာနသုတ္တန် စသည်တို့၌ ဟောကြားထားတော် မူခဲ့ပေသည်။
佛陀在《大般涅槃经》等处,以“胜处禅”之名,宣说了以这三十二身分为所缘修习四种色遍的方法。
အဇ္ဈတ္တံ ရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏဏာနိ။ တာနိ အဘိဘုယျ ''ဇာနာမိ ပဿာမီ''တိ ဧဝံ သညီ ဟောတိ၊ ဣဒံ ပဌမံ အဘိဘာယတနံ။ (အံ-၃-၁၂၅။) = တစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိသန္တာန်၌ (၃၂-ကောဋ္ဌာသတို့၏) အဆင်းရုပ်တို့ကို ရှု၍ အပြင် အပ ဗဟိဒ္ဓ သန္တာန်၌လည်း ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ် တို့ကို ရှု၏။ ထိုရုပ်တို့ကို လွှမ်းမိုး၍ ''ငါသိ၏ ငါမြင်၏''ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤကား ပထမ အဘိ- ဘာယတန စျာန်တည်း။ (အံ-၃-၁၂၅။) 〔ရှုပွားပုံ အကျယ်ကို ဒီဃနိကာယ် မဟာဝဂ္ဂအဋ္ဌကထာ (ဒီ-ဋ္ဌ-၂-၁၅၁-၁၅၃။)၊ သမ္မောဟဝိနောဒနီ အဋ္ဌ- ကထာ (အဘိ-ဋ္ဌ-၂-၂၁၂-၂၄၈။)တို့၌ ကြည့်ပါ။ တစ်ဖန် ဓာတ်ကြီးလေးပါးကို အာရုံယူ၍ လင်းရောင်ခြည် စွမ်းအား အားကောင်းသည်အထိ သမာဓိထူထောင်ပုံကို ဤကျမ်းစာ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။ ကသိုဏ်း
“一位瑜伽行者在自身相续中观三十二身分的色,又在外在相续中观颜色美或不美、范围较小的〔遍〕色;胜伏这些色以后,他具有‘我知,我见’这样的想。这是第一胜处禅。”(《增支部》3-125。)〔详细观修法见《长部·大品义注》(《长部义注》2-151—153)与《迷惑冰消》(《阿毗达磨义注》2-212—248)。关于以四大种为所缘建立定,直至光明力量强盛的方法,见本书“色业处部分”。至于转修遍的方法——
ကူးပုံကို သမထကမ္မဋ္ဌာန်းပိုင်းတွင် အကျယ်တွေ့ရလတ္တံ့။〕
——将在“止业处部分”中详细见到。〕
原书第 282 页
ထိုသို့ အဖြူကသိုဏ်း ပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဥပစာရသမာဓိနယ်မြေသို့ ဆိုက်အောင်ဖြစ်စေ၊ သမာပတ်ရှစ်ပါးတို့တွင် တစ်ပါးပါးသို့ ဆိုက်အောင်ဖြစ်စေ၊ သမာပတ်ရှစ်ပါးလုံးကို ပေါက်ရောက်အောင်ဖြစ်စေ သမာဓိထူထောင်ပြီးသောအခါ ယင်းသမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးပြီးလျှင် ဝိပ- ဿနာပိုင်း၌ အတော်အသင့် အားရကျေနပ်မှု ရှိသောအခါ ဤအာနာပါနကမ္မဋ္ဌာန်းကို ပြောင်း၍ အားထုတ် လိုကလည်း အားထုတ်နိုင်သည်သာ ဖြစ်ပေသည်။ အကယ်၍ သြဒါတကသိုဏ်းစသည့် ကသိုဏ်းတစ်ခုခုကို ပေါက်ရောက်အောင် သမာဓိထူထောင်ပြီးရာအခါ၌ ဝိပဿနာသို့ မကူးသေးဘဲ အာနာပါနကမ္မဋ္ဌာန်းကို ပြောင်း၍ အားထုတ်လိုကလည်း အားထုတ်နိုင်သည်သာ ဖြစ်ပါသည်။
如此以白遍似相为所缘建立定,达到近行定,或达到八等至中的任一种,或证得全部八等至以后,若以该定作为毗婆舍那的基础而转入毗婆舍那,并在观禅阶段获得相当程度的满意,此时想转修入出息念业处,也可以转修。又或者,修成白遍等某种遍并建立定以后,尚未转入毗婆舍那便想转修入出息念业处,也同样可以转修。
အသင်ယောဂီသူတော်ကောင်းသည် အာနာပါနဿတိသမာဓိဘာဝနာသို့ ကူးလိုသော် မိမိရရှိထားပြီးသည့် သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ သမာဓိ၏ အရှိန်အဝါ အလွန်အားကောင်း၍ ယင်းသမာဓိမှ အရောင် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ဝင်သက်လေ ထွက်သက်လေ၏ ထိမှုထင်ရှားရာ ---- ၁။ နှာသီးဖျား၌ဖြစ်စေ၊ သို့မဟုတ် ၂။ အထက်နှုတ်ခမ်း၌ဖြစ်စေ ---- ထိမှုထင်ရှားရာ တစ်နေရာ၌ ထိနေသော ဝင်သက်လေ ထွက်သက်လေဟူသော ကမ္မဋ္ဌာန်းအာရုံသို့ သတိကို ရှေးရှုတည်စေ၍ ဝင်သက်လေ ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ထိမှုထင်ရှားရာ နေရာကသာ စောင့်၍ ဝင်သက်လေ ထွက်သက်လေကိုသာ စိုက်၍ ရှုနေပါ။
贤善禅修者,您若想转修入出息念定,就应重新建立自己已经证得的定。待定的力量极为强盛,由该定生起的光明闪耀、灿然明亮时,在入息、出息触感明显的两处之一——1.鼻端,或者2.上唇——让念朝向正在该明显触处接触的入息、出息这一业处所缘而安住,使禅修之心安稳地贴住入息、出息所缘。只守候在触感明显的地方,专注地观入息与出息。
ထိုသို့ရှုရာ၌ အသင်ယောဂီသူတော်ကောင်းသည် မိမိ၏ ဝင်သက်လေ ထွက်သက်လေ၏ ထိမှု ထင်ရှားရာ တစ်နေရာကိုသာ ရွေးချယ်ရမည် ဖြစ်သည်။ နှာသီးဖျား၌ စိတ်ထားလိုက် အထက်နှုတ်ခမ်းဖျား၌ စိတ်ထားလိုက်ဖြင့် ဟိုရွှေ့ ဒီရွှေ့ နေရာပြောင်းရွှေ့မှုပြု၍ ဝင်သက်လေ ထွက်သက်လေကို ရှုခြင်း လုပ်ငန်းရပ်ကို မပြုလုပ်မိရန် သတိပြုပါလေ။
如此观时,贤善禅修者只能选择自己入息、出息触感明显的一个地方。务必注意,不可一时把心放在鼻端,一时又放在上唇端,来回移动、更换地方而观入息与出息。
မေးမြန်းဖွယ်ရာ အချက်များ
可提出的疑问
အာနာပါနကမ္မဋ္ဌာန်းကို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အဘယ်ကြောင့် ဓာတ်ကြီးလေးပါးမှ စ၍ သြဒါတကသိုဏ်း စသည်တို့ဖြင့် အဆင့်ဆင့် သမာဓိထူထောင်နေရပါသနည်း၊ ထိုသို့ သမာဓိထူထောင်ပြီးမှ သာလျှင် အာနာပါနကမ္မဋ္ဌာန်းကို ရှုကောင်းပါသလောဟုလည်း မေးမြန်းဖွယ် ရှိ၏။
这里可能有人问:想修习入出息念业处的瑜伽行者,为什么要从四大种开始,再以白遍等逐级建立定?是否只有这样建立定以后,才适合观修入出息念业处?
ဤသို့ကား မယူဆစေလိုပါ။ အာနာပါနစည်းကမ်းနည်းလမ်းအတိုင်း ဝင်သက်လေ ထွက်သက်လေကိုသာ စတင်၍ ရှုပွားလိုပါက ရှုပွားနိုင်သည်သာ ဖြစ်သည်။ ထိုကဲ့သို့ သမာဓိထူထောင်ခိုင်းခြင်းမှာ မိမိရရှိထားပြီးသော ရှေးရှေးဘာဝနာသမာဓိ ကုသိုလ်တို့၏ အရှိန်အဝါသတ္တိကို ဆက်ခံရသော နောက်နောက်သော ဘာဝနာသမာဓိ သည် အလွန်အားရှိ၍ လျင်လျင်မြန်မြန်ကြီး မိမိလိုလားတောင့်တအပ်သော သမာဓိအဆင့်ကို ရရှိနိုင်သော ကြောင့် မိမိရရှိထားပြီးသော သမာဓိများကို တစ်ဖန် ပြန်လည်၍ ထူထောင်ခိုင်းခြင်းသာ ဖြစ်ပါသည်။ မိမိ ရရှိထားပြီးဖြစ်သော သမာဓိကို တစ်ဖန်ပြန်၍ သမာဓိထူထောင်ခြင်းသည် မိမိသွားနေကျ လမ်းရိုးကြီး ဖြစ်နေ သဖြင့် အလွန် လွယ်ကူနေမည်သာ ဖြစ်၏။ တစ်ဖန် ထိုသမာဓိကို အခြေခံ၍ နောက်ထပ် သမာဓိကို တစ်ဆင့် ပြောင်း၍ ထူထောင်သော် အစိမ်းသက်သက်ထက်ကား ပို၍လွယ်ကူသည်ကို ယောဂီ တော်တော် ခပ်များများ၌
不应这样理解。若想依入出息念的规则与方法,直接从入息、出息开始观修,当然可以如此修习。之所以教导重新建立自己已经证得的定,只因后起禅定承接了自己先前所修禅定善法的势力,力量会非常强盛,能够极快达到自己所向往、所期求的定力层次。重新建立自己已经证得的定,是走自己走惯了的大路,自然非常容易;再以该定为基础,转而逐级建立下一种定,也比全然生疏地从头开始更容易。在相当多的禅修者身上都可以——
တွေ့ရှိရပေသည်။
——观察到这种情形。
原书第 283 页
အာနာပါနဿတိသမာဓိပိုင်း အကယ်၍ သြဒါတကသိုဏ်း အာလောကကသိုဏ်းစသော ကသိုဏ်းတို့ဖြင့် သမာဓိ မထူထောင်ရသေး သော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်လျှင် အာနာပါနစည်းကမ်း နည်းလမ်းအတိုင်း အစဥ်အတိုင်း အဆင့်ဆင့် အား ထုတ်ရန် ဖြစ်ပါသည်။
如果瑜伽行者尚未以白遍、光明遍等遍建立过定,就应依照入出息念本身的规则与方法,按次第一步一步地用功。
ကသိုဏ်းတစ်ခုခုဖြင့် သမာဓိထူထောင်ပြီးသော ပုဂ္ဂိုလ်ဖြစ်လျှင် ထိုသမာဓိကို ထူထောင်ပြီးမှ ထိုသမာဓိမှ ထသောအခါ အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းခဲ့ပါလျှင် ဉာဏ်ထက်မြက်သော ယောဂါဝစရပုဂ္ဂိုလ်လည်းဖြစ်ပါ မူ တစ်ထိုင် နှစ်ထိုင် အတွင်းမှာပင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ပေါ်လာတတ်၍ စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် ပေါက်ရောက်သွားသော ယောဂါဝစရပုဂ္ဂိုလ်များလည်း ရှိတတ်၏။ ဉာဏ်အလယ်အလတ် ရှိသော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်မူ နှစ်ရက် သုံးရက် အတွင်းမှာပင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ပေါ်လာတတ်၍ အစဥ်အတိုင်း စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် ပေါက်ရောက်သွားသော ယောဂါဝစရပုဂ္ဂိုလ်များလည်း ရှိ တတ်ပေသည်။ သို့အတွက် ရှေးရှေးဘာဝနာသမာဓိတို့၏ အရှိန်အဝါကို ဆက်ခံလို၍၊ ရှေးရှေး ဘာဝနာသမာဓိ တို့၏ နောက်နောက်သော ဘာဝနာသမာဓိအား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု စွမ်းအင်သတ္တိထူးကြီး
如果是已经以某一种遍建立过定的人,再次建立该定并从定中出来以后,若转而作意入出息念业处,智慧锐利的瑜伽行者有时仅在一座、两座之内便会出现取相与似相,并一路证至第四禅定;智慧中等的瑜伽行者,有时也仅在两三天内便会出现取相与似相,再依次一路证至第四禅定。因此,在重新修习入出息念以前先建立已经证得的定,只是为了让后起禅定承接先前诸禅定的势力,并获得先前禅定以亲依止力资助后起禅定的殊胜效能——
ကို အလိုရှိ၍သာလျှင် အာနာပါနကို အားမသစ်မီ ရရှိပြီး သမာဓိကို ရှေးဦးစွာ ထူထောင်ခြင်းပင် ဖြစ်ပါသည်။
——正因为想获得这种效能,才在开始修习入出息念以前,先重新建立自己已经证得的定。
ထိုသို့ အားထုတ်ကောင်းပါသလား
可以这样修习吗?
ကမ္မဋ္ဌာန်းများကို ဤသို့ အားထုတ်ကောင်းပါသလားဟုလည်း မေးမြန်းဖွယ်ရာ ရှိလာပြန်၏။ အဖြေကား အားထုတ်ကောင်းသည်ဟူ၍ပင် ဖြစ်ပေသည်။
这里又可能有人问:各种业处可以这样修习吗?答案是:可以这样修习。
မဇ္ဈိမပဏ္ဏာသပါဠိတော် ဘိက္ခုဝဂ် (မ-၂-၈၃။) မဟာရာဟုလောဝါဒသုတ္တန်၌ ဘုရားရှင်သည် အရှင် ရာဟုလာအား ရုပ်တရားအပေါ်၌ တွယ်တာတပ်မက်နေသော ဆန္ဒရာဂကို ပယ်ဖျောက်ရန်အတွက် ရည်ရွယ် တော်မူ၍ ဓာတ်ကမ္မဋ္ဌာန်းအကျယ်ရှုပွားနည်းကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူ၏။ တစ်ဖန် အရှင်ရာဟုလာ ၏ မူလမေးမြန်းလျှောက်ထားချက်အရ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပုံများကိုလည်း အရဟတ္တ ဖိုလ်ပေါက် ဟောကြားပေးတော်မူသည်သာ ဖြစ်၏။ (အကျယ်ကို သိလိုပါက မဟာရာဟုလောဝါဒသုတ္တန်တွင် ကြည့်ပါ။) သို့အတွက် ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်ပြီးလျှင် အာနာပါနကမ္မဋ္ဌာန်းကို ဆက်လက်အားထုတ်လိုပါက အားထုတ်နိုင်သည်သာ ဖြစ်ပေသည်။ ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်ထားသော ပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို ပြောင်း၍ အားထုတ်လိုပါက အားထုတ်နိုင်သည့် အခွင့်အလမ်း ပွင့်လန်းလျက် ရှိပါလျှင် ကျန်ကမ္မဋ္ဌာန်းများကို
在《中部·中五十篇·比丘品》(《中部》2-83)的《教诫罗睺罗大经》中,佛陀为了使罗睺罗尊者去除对色法的欲贪,向他教说、训诲了界业处广法;又依罗睺罗尊者最初提出的问题,继续教导了入出息念业处的修习方法,直至阿罗汉果。(详法见《教诫罗睺罗大经》。)因此,修过界业处以后若想继续修习入出息念业处,当然可以修习。既然修过界业处的人有机会转修入出息念业处,那么修过其他业处的——
အားထုတ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း အာနာပါနကမ္မဋ္ဌာန်းကို ပြောင်း၍အားထုတ်လိုပါက အား ထုတ်နိုင်သည်သာ ဖြစ်ပေသည်။ သို့သော် ကမ္မဋ္ဌာန်းချင်း မရောယှက်မိဖို့ကား သတိပြုရမည်သာ ဖြစ်ပေသည်။
——瑜伽行者若想转修入出息念业处,当然也可以。不过必须注意,不要把不同业处混杂在一起。
အချိန်ကန့်သတ်၍ တစ်ခုပြီးမှ တစ်ခု အားထုတ်နိုင်သည်သာ ဖြစ်သည်။
可以限定时间,修完一项以后再修另一项。
ရွှေလက်ထက်တော် အချိန်ကာလက ထင်ရှားကျော်ကြားတော်မူကြသည့် အသျှင်သာရိပုတ္တရာ အသျှင် မဟာမောဂ္ဂလဒာန်စသော အဘိညာဏ်အရာ၌ ကျွမ်းကျင်တော်မူကြသည့် မထေရ်မြတ်ကြီးတို့ကား ကသိုဏ်း (၁ဝ)ပါးစသည့် ထိုထိုကမ္မဋ္ဌာန်းတို့၌ အလွန်ကျွမ်းကျင်လိမ္မာတော်မူကြသော မထေရ်မြတ်ကြီးများပင် ဖြစ်ကြ၏။
佛陀在世的黄金时代,以舍利弗尊者、大目犍连尊者为首,那些以神通智见长的著名大长老,正是对十遍等各种业处极其善巧、精熟的大长老。
အကြောင်းမူ အဘိညာဏ်ဟူသည် ကသိုဏ်းကို အခြေခံရသောကြောင့် ဖြစ်၏။ ထိုမထေရ်မြတ်ကြီးတို့သည် လည်း အာနာပါနကို အားထုတ်တော်မူကြသေး၏။ ယင်း မဟာရာဟုလောဝါဒသုတ္တန်၌ပင်လျှင် အသျှင် သာရိ ပုတ္တရာ မထေရ်မြတ်ကြီးက အသျှင်ရာဟုလာအား အသျှင်ရာဟုလာ၏ တရားထိုင်နေပုံ ဣရိယာပုထ်ကို ကြည့်၍ ထိုင်နေပုံ ဣရိယာပုထ်မှာ အာနာပါနကမ္မဋ္ဌာန်းနှင့် သင့်လျော်သော ဣရိယာပုထ် ဖြစ်နေသဖြင့် အာနာပါန
因为神通智必须以遍为基础。这些大长老也修习入出息念。在同一部《教诫罗睺罗大经》中记载:舍利弗大长老看见罗睺罗尊者禅坐时的威仪,知道这种坐姿适合入出息念业处,所以教他修习入出息念——
原书第 284 页
ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရန် ညွှန်ကြားတော်မူကြောင်း လာရှိပေ၏။ တစ်ဖန် ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီး၌ လည်း အသျှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် အာနာပါနကမ္မဋ္ဌာန်းကျင့်စဥ်ကို အပြည့်စုံဆုံး အကျယ် ပြန့်ဆုံး ဟောကြားသွားတော်မူပေ၏။ ယင်းဟောကြားတော်မူချက်များကား အသျှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးသည် ကမ္မဋ္ဌာန်းကျင့်စဥ်အားလုံး၌ ကျွမ်းကျင်တော်မူကြောင်း ခိုင်လုံသော အထောက်အထားများပင် ဖြစ်ပေသည်။
——业处。又在《无碍解道》巴利圣典中,舍利弗大长老也把入出息念业处的修行次第宣说得最为完整、最为详尽。这些教说,正是舍利弗大长老精通一切业处修行次第的确凿证据。
သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးဖြစ်သော ရှေးရှေး ဘာဝနာသမာဓိတို့၏ အကူအညီ ကို ယူ၍ နောက်နောက်သော ဘာဝနာသမာဓိကို ထူထောင်ခြင်းသည် အပြစ်မရှိသည်သာ ဖြစ်သည်ဟု ယုံကြည် စိတ်ချစွာ မှတ်သားနာယူလေရာသည်။
因此应当确信并牢记:瑜伽行者借助自己先前已经证得的诸禅定来建立后起禅定,并无过失。
ထပ်မံ မေးမြန်းဖွယ် အချက်တစ်ရပ်
另一个可提出的疑问
ထိုသို့ ဓာတ်ကြီးလေးပါးမှ စ၍ သြဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စသည်တို့ဖြင့် စတုတ္ထ စျာန်သမာဓိသို့ ဆိုက်အောင် သမာဓိထူထောင်ပြီးသောအခါ ထိုသမာဓိမှ ထ၍ ဝင်သက်လေ ထွက်သက်လေ ထိမှုထင်ရှားရာဌာန၌ သတိဖြင့် ကပ်၍ ဝင်သက်လေ ထွက်သက်လေကိုသာ ရှုနေပါဟု ဆိုသဖြင့် အဋ္ဌကထာ ကြီးများ၌ (ဝိသုဒ္ဓိ-၁-၂၇ဝ။) ရေတွက်ခြင်း ဂဏနာနည်းမှ စ၍ အားထုတ်ရန် ညွှန်ကြားထားရကား ဤ၌ ရေတွက် ခြင်း ဂဏနာနည်းကို မရှုရတော့ပြီလောဟု မေးမြန်းဖွယ်ရာလည်း ရှိလာပြန်၏။
上文说:从四大种开始,依白遍或光明遍等建立定直至第四禅定以后,从该定中出来,只守候在入息、出息触感明显之处,以念贴住并只观入息、出息。然而,大义注(《清净道论》1-270)指示,应从计数法(gaṇanā)开始用功;那么,在这里是否不必再修计数法了呢?这又是一个可能提出的疑问。
ကီဝစိရံ ပနေတံ ဂဏေတဗ္ဗန္တိ? ယာဝ ဝိနာ ဂဏနာယ အဿာသပဿာသာရမ္မဏေ သတိ သန္တိဋ္ဌတိ။
“这些入息、出息应当计数多久?应当数到即使不计数,念也能稳固地安住于入息、出息所缘为止。”
ဗဟိဝိသဋဝိတက္ကဝိစ္ဆေဒံ ကတွာ အဿာသပဿာသာရမ္မဏေ သတိ သဏ္ဌာပနတ္ထံယေဝ ဟိ ဂဏနာတိ။
“计数,正只是为了截断散逸到外境的寻思,使念安立于入息、出息所缘。”
(ဝိသုဒ္ဓိ-၁-၂၇၁။ ပဋိသံ-ဋ္ဌ-၂-၉၅။)
(《清净道论》1-271;《无碍解道义注》2-95。)
= အဘယ်မျှလောက် ကြာမြင့်အောင် ဤဝင်သက်လေ ထွက်သက်လေအပေါင်းကို ရေတွက်အပ်ပါသနည်း ဟူမူ ---- ရေတွက်ခြင်း ဂဏနာနည်းနှင့် ကင်း၍ = မရေတွက်ရတော့ဘဲ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိကောင်းစွာ တည်သည်တိုင်အောင် ရေတွက်ပါ။ အကြောင်းမူ ---- ဝင်သက်လေ ထွက်သက်လေ အာရုံမှ အပြင်အပအာရုံ၌ ပျံ့လွင့်နေသော ကြံစည်စိတ်ကူးမှု ဝိတက်ကို ဖြတ်တောက်ခြင်း ပယ်ဖျက်ခြင်းကို ပြု၍ ဝင်သက် လေ ထွက်သက်လေ အာရုံ၌ သတိကို ကောင်းစွာ တည်စေခြင်း အကျိုးငှာသာလျှင် ရေတွက်ခြင်း ဂဏနာ လုပ်ငန်းရပ်ကို ပြုလုပ်ခြင်း ဖြစ်ပေသည်။ ထိုကြောင့် ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိကောင်းစွာ တည်သည့်တိုင်အောင်သာ ရေတွက်ပါ။ (ဝိသုဒ္ဓိ-၁-၂၇၁။ ပဋိသံ-ဋ္ဌ-၂-၉၅။) ဤအထက်ပါ အဋ္ဌကထာများ၏ မိန့်ဆိုတော်မူချက်အရ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိ ကောင်းစွာ တည်နေလျှင်ကား ရေတွက်ခြင်း ဂဏနာလုပ်ငန်းရပ်ကို ပြုလုပ်နေဖို့ရန် မလိုတော့ပေဟု မှတ်ပါ။
释义:问“这些入息、出息应当计数多久”,答:应当计数到即使离开计数法、不再计数,念也能稳固地安住于入息、出息所缘为止。理由是:采用计数法,只是为了截断、排除从入息、出息所缘散逸到外境的寻思妄念,使念稳固地安住于入息、出息所缘。因此,只应数到念能稳固地安住于入息、出息所缘为止。(《清净道论》1-271;《无碍解道义注》2-95。)依照上述诸义注的教说,应知念若已稳固地安住于入息、出息所缘,就不再需要采用计数法。
သြဒါတကသိုဏ်း အာလောကကသိုဏ်း စသည်တို့ဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိ ထူ ထောင်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိုသမာဓိမှ ထ၍ ဝင်သက်လေ ထွက်သက်လေကို ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဌာနမှ စောင့်လျက် သတိဖြင့် ကပ်၍ရှုခဲ့သော် ဝင်သက်လေ ထွက်သက်လေ အာရုံပေါ်၌ သတိသည် လွယ်လွယ်ကူကူပင် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပါသည်။ ဉာဏ်ထက်မြက်သော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်ပါမူ တစ်ထိုင်တည်းအတွင်းမှာပင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ပေါ်လာတတ်ပါသည်။
以白遍、光明遍等建立定直至第四禅定的瑜伽行者,从该定中出来以后,只守候在入息、出息触感明显的鼻端或上唇,以念贴住并观入息、出息,念通常很容易安稳地贴住入息、出息所缘。若是智慧锐利的瑜伽行者,甚至在一座之内就可能出现取相与似相。
နိမိတ်များအကြောင်းကို နောက်ပိုင်းတွင် ဆက်လက်၍ တင်ပြမည် ဖြစ်ပါသည်။ ဤ၌ကား ဝင်သက်လေ ထွက်
关于这些禅相,将在下文继续说明。这里想说的,只是念已稳固地安住于入息、——
原书第 285 页
အာနာပါနဿတိသမာဓိပိုင်း သက်လေ အာရုံ၌ သတိမြဲနေကြောင်းကိုသာ ပြောဆိုလိုရင်း ဖြစ်ပါသည်။ ထိုသို့ သတိမြဲရခြင်း၏ အကြောင်း ရင်းနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာ အချက်တစ်ရပ်ကို ထပ်မံ၍ တင်ပြအပ်ပါသည်။
——出息所缘。现在再提出一个值得注意的要点,以说明念为何能这样稳固。
သမာပတ်နှင့် ဝိပဿနာ
等至与观
ယဿ ဟိ သမာဓိပိ တရုဏော၊ ဝိပဿနာပိ။ တဿ ဝိပဿနံ ပဋ္ဌပေတွာ အတိစိရံ နိသိန္နဿ ကာယော ကိလမတိ၊ အန္တော အဂ္ဂိ ဝိယ ဥဋ္ဌဟတိ၊ ကစ္ဆေဟိ သေဒါ မုစ္စန္တိ၊ မတ္ထကတော ဥသုမဝဋ္ဋိ ဝိယ ဥဋ္ဌဟတိ၊ စိတ္တံ ဟညတိ ဝိဟညတိ ဝိပ္ဖန္ဒတိ။ သော ပုန သမာပတ္တိံ သမာပဇ္ဇိတွာ တံ ပရိဒမေတွာ မုဒုကံ ကတွာ သမဿာ- သေတွာ ပုန ဝိပဿနံ ပဋ္ဌပေတိ။ တဿ ပုန အတိစိရံ နိသိန္နဿ တထေဝ ဟောတိ။ သော ပုန သမာပတ္တိံ သမာပဇ္ဇိတွာ တထေဝ ကရောတိ။ ဝိပဿနာယ ဟိ ဗဟူပကာရာ သမာပတ္တိ။ ပ။
“对于定与观都还幼嫩的人,他发动观修后久坐,身体便疲惫,体内如火燃起,腋下流汗,热气仿佛从头顶盘旋升起;其心受到逼恼、扰乱而躁动。他再次进入等至,将这种状态调伏、使之柔软、令其安息,然后再发动观修。他再次久坐时,又出现同样情形;他便再度进入等至,照样处理。因为等至对观修有很大助益。……”
ကိဉ္စာပိ ဟိ သမာပတ္တိံ နိဿာယ ဝိပဿနံ ပဋ္ဌပေတိ၊ ဝိပဿနာ ပန ထာမဇာတာ သမာပတ္တိမ္ပိ ရက္ခတိ။
“诚然,他依止等至而发动观修;然而,当观变得强健有力时,也会守护等至。”
ထာမဇာတံ ကရောတိ။ (မ-ဋ္ဌ-၁-၃၈၇-၃၈၈။) = အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သမာဓိသည်လည်း နုနယ်နေသေး၏။ ဝိပဿနာဉာဏ်က လည်း နုနယ်နေသေး၏။ ဝိပဿနာဉာဏ်ကို ဖြစ်စေလျက် အလွန်ကြာမြင့်စွာ ထိုင်နေသော ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ ကိုယ်သည် ပင်ပန်းနွမ်းနယ်လာ၏၊ ခန္ဓာကိုယ်အတွင်း၌ မီးကဲ့သို့ အပူဓာတ်များ ထတောက်နေ၏၊ လက်ကတီးကြားတို့မှ ချွေးသီးချွေးပေါက်တို့သည်လည်း ယိုထွက်လာကြကုန်၏၊ ဦးထိပ်ထက်မှ အပူခိုးလိပ်ကဲ့သို့ သော အပူဓာတ်ငွေ့များ ထလာ၏၊ စိတ်သည် ပင်ပန်းနေ၏၊ နွမ်းနယ်နေ၏၊ တုန်လှုပ်နေ၏။
“并使它变得强健有力。”(《中部义注》1-387-388。)某位瑜伽行者的相续中,定尚幼嫩,观智也尚幼嫩。他使观智生起而坐得过久时,身体便疲劳,体内热气如火升腾,腋下汗水流出,热气像烟缕般从头顶升起;心也劳顿、疲乏而动摇。
ထိုယောဂါဝစရပုဂ္ဂိုလ်သည် တစ်ဖန် သမာပတ်ကို ဝင်စား၏။ ထိုကိုယ်ပင်ပန်းနွမ်းနယ်မှု စိတ်ပင်ပန်း နွမ်းနယ်မှုကို ငြိမ်းအောင် ဆုံးမပြုပြင်၍ နူးညံ့အောင် ပြုလုပ်လျက် သက်သာရာ ရစေ၍ တစ်ဖန် ဝိပဿနာ ဉာဏ်ကို ဖြစ်စေပြန်၏။ နောက်တစ်ကြိမ် အလွန်ကြာမြင့်စွာ ထိုင်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှု ရှေးနည်းတူ ဖြစ်လာပြန်၏။ နောက်ထပ်တစ်ဖန်လည်း ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် သမာပတ်ကို ဝင်စား၍ ရှေးနည်းတူပင်လျှင် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှုကို ငြိမ်းအောင် ပြုလုပ်လျက် ဝိပဿနာဉာဏ်ကို ဖြစ်ပေါ်လာအောင် ပြုလုပ်၏။ ဤသို့လျှင် သမာပတ်သည် ဝိပဿနာအား လွန်စွာကျေးဇူးများလှပေသည်။ ပ ။ (မ-ဋ္ဌ-၁-၃၈၇။) လောကူပမာ ---- သစ်သားခံတပ်မည်သည်ကား စစ်သည်တော်အား လွန်စွာ ကျေးဇူးများလှ၏။ ထိုစစ် သည်တော်သည် ထိုသစ်သားခံတပ်ကို အမှီပြု၍ စစ်မြေပြင်သို့ ဝင်ရောက်သွား၏။ ထိုစစ်မြေပြင်၌ ဆင်တပ်
这位瑜伽行者再次进入等至,调伏身心的疲惫,使之平息、柔软而得到舒缓,然后又使观智生起。他下次再久坐时,身心仍像先前一样疲惫;于是,他又进入等至,照先前的方法平息身心疲惫,再使观智生起。如此,等至对观修极有助益。……(《中部义注》1-387。)世间譬喻——所谓木制堡垒,对战士大有助益。战士依靠木制堡垒进入战场,在战场上与象军——
မြင်းတပ် ခြေလျင်စစ်တပ်တို့နှင့် အတူတကွ စစ်ထိုးခြင်း အမှုကို ပြုလုပ်သည်ရှိသော် ရံခါ လက်နက်ခဲယမ်း မီးကျောက်များ ကုန်ဆုံးသွား၏၊ ရံခါ ဆာလောင်မွတ်သိပ်လာ၏။ ---- ဤသို့ စသော အကြောင်းတစ်ခုခု ပေါ်လာသော် စစ်မြေပြင်မှ နောက်သို့ ပြန်ဆုတ်ခဲ့၍ သစ်သားခံတပ်အတွင်းသို့ ဝင်ရောက်၍ လက်နက်တို့ကို လည်း ထပ်ယူ၏၊ အပန်းလည်း ဖြေ၏၊ စားလည်း စား၏၊ သောက်လည်း သောက်၏၊ ချပ်ဝတ်တန်ဆာကိုလည်း ထပ်မံဝတ်ဆင်၏၊ ပြုသင့်ပြုထိုက်ရာ ထိုထိုအမှုကို ပြုလုပ်ပြီးသော် တစ်ဖန် စစ်မြေပြင်သို့ ဝင်ရောက်ပြန်၏။ ထို စစ်မြေပြင်၌ စစ်ထိုးခြင်းအမှုကို ပြုလုပ်ပြန်သော် ကျင်ကြီး ကျင်ငယ် နှိပ်စက်ခြင်းစသော အကြောင်းတစ်စုံ တစ်ရာ ရှိပြန်သော သစ်သားခံတပ်အတွင်းသို့ တစ်ဖန်ပြန်၍ ဝင်ရောက်ပြန်၏။ ထိုခံတပ်အတွင်း၌ မိမိကိုယ် ကို ထောက်ပံ့ ခိုင်ခံ့စေပြီးနောက် တစ်ဖန် စစ်မြေပြင်သို့ ဝင်ရောက်ပြန်၏။ ဤသို့လျှင် စစ်သည်တော်အား သစ်
——马军和步兵一同作战时,有时弹药耗尽,有时饥饿难耐。遇到这类情形,他便从战场后撤,进入木制堡垒,补充武器、休息、进食、饮水、重新穿上铠甲;办完各项应办之事以后,再次进入战场。重新作战时,若又受到大小便等事情逼迫,他便再度返回木制堡垒,在堡垒中补给并巩固自己以后,再次进入战场。如此,木——
သားခံတပ်သည် အလွန် ကျေးဇူးများသကဲ့သို့ အလားတူပင် စျာန်သမာပတ်သည်လည်း ဝိပဿနာအား လွန်စွာ
——制堡垒对战士大有助益;同样,禅那等至对观修也极——
原书第 286 页
ကျေးဇူးများလှ၏။ (မ-ဋ္ဌ-၁-၃၈၇-၃၈၈။) တစ်ဖန် စစ်မြေပြင်ကို ကူးခပ်လာသော၊ စစ်မြေပြင်ကို ကျော်လွှားလွန်မြောက်လာသော စစ်သည်တော်၏ သစ်သားခံတပ်ထက်လည်း ဝိပဿနာသည် စျာန်သမာပတ်အား သာလွန်၍ ကျေးဇူးများလှ၏။ အကယ်စင်စစ် မှာမူ သမာပတ်ကို အမှီပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေရသည်ကား မှန်၏။ သို့သော် စွမ်းအင်အပြည့်အဝ ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်သည်ကား သမာပတ်ကိုလည်း စောင့်ရှောက်ပေး၏၊ စွမ်းအင်အပြည့်အဝ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေး၏။ (မ-ဋ္ဌ-၁-၃၈၇-၃၈၈။) လောကူပမာ --- လှေသည်လည်းကောင်း၊ လှေပေါ်၌တင်လာသည့် ဘဏ္ဍာသည်လည်းကောင်း ကြည်းကုန်း ထက်သို့ ရောက်သောအခါ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်လိုသော် လှည်းပေါ်သို့ တင်၍ သယ်ဆောင် ရ၏။ တစ်ဖန် ရေထဲသို့ ရောက်ရှိသောအခါ၌ကား လှည်းကိုလည်းကောင်း၊ လှည်းပေါ်၌တင်လာသော ဘဏ္ဍာကို လည်းကောင်း တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်လိုသော် လှေပေါ်သို့ တင်၍ သယ်ဆောင်ရ၏။ လှေသည်
——有助益。(《中部义注》1-387-388。)此外,观对禅那等至的助益,甚至胜过木制堡垒对跨越战场、冲出战场的战士所能给予的助益。诚然,观智是依止等至而生起的;然而,力量已经充足的观智,不但守护等至,也使等至变得力量充足。(《中部义注》1-387-388。)世间譬喻——船及船上所载财物到了陆地以后,若要从一处运到另一处,便须装上车运送;车及车上的财物到了水中,若要从一处运到另一处,便须装上船运送。船——
ရေယဥ်ကြောကို ဖြတ်ကျော်လျက် ဆိပ်ကမ်းကောင်းသို့ ချောချောမောမော ရောက်အောင် ပို့ဆောင်ပေး၏။
——渡过水流,把它们顺利送至良港。
ဤဥပမာအတူပင် စျာန်သမာပတ်ကို အမှီပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေရသည် မှန်ငြားသော်လည်း စွမ်းအင် ပြည့်ပြည့်ဝဝဖြင့် ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်သည်ကား သမာပတ်ကိုလည်း ခိုင်ခံ့အောင် စောင့် ရှောက်ပေး၏၊ စွမ်းအင်ပြည့်ပြည့်ဝဝ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေး၏။ ကြည်းကုန်းထက်သို့ ရောက်သောအခါ လှည်းကဲ့သို့ စျာန်သမာပတ်ကို မှတ်သားပါ။ ရေထဲသို့ ရောက်သောအခါ လှေကဲ့သို့ ဝိပဿနာကို မှတ်သားပါ။
此譬喻也是如此:观智固然依止禅那等至而生起,但当观智的力量完全充足时,也会守护等至,使之稳固且力量充足。到了陆地,应把禅那等至看作车;到了水中,则把观看作船。
(မ-ဋ္ဌ-၁-၃၈၈။)
(《中部义注》1-388。)
ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုရှင်းလင်းချက်အရ ဝိပဿနာဉာဏ်နှင့် စျာန်သမာပတ်တို့ကား အပြန် အလှန် အချင်းချင်း တစ်ခုသည် တစ်ခုကို ခိုင်ခံ့အောင် စွမ်းအင်ပြည့်ဝလာအောင် စောင့်ရှောက်ပေးနေသော တရားများ ဖြစ်ကြ၏။ သို့အတွက် သြဒါတကသိုဏ်းစသည့် ကသိုဏ်းစျာန် သမာပတ်တစ်ခုခုကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ကူးခဲ့သော် ထိုစျာန်သမာပတ်ကို အမှီပြုရ၍ ဝိပဿနာဉာဏ်လည်း စွမ်းအင်များ တဖြည်းဖြည်း ပြည့်ဝလာ၏။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ထွင်းဖောက်သိမြင်သည်အထိ စွမ်းအားများ အပြည့် အဝ ဖြစ်ပေါ်လာနိုင်၏။ တစ်ဖန် စွမ်းအင်ပြည့်ဝလာသော ဝိပဿနာဉာဏ်ကလည်း ထိုသြဒါတကသိုဏ်းစသည့် ကသိုဏ်းစျာန်သမာပတ်များကို ခိုင်ခံ့အောင် စောင့်ရှောက်ပေးပြန်၏။ ထိုဝိပဿနာဉာဏ်တို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုမှု အရှိန်အဝါကို ရရှိသော စျာန်သမာပတ်များကား ခိုင်ခံ့နေသည့်အတွက်
依上述义注的解释,观智与禅那等至,是彼此互相守护、令对方稳固且力量充足的法。因此,若以白遍等任一遍禅等至作为观修的基础而转入观修,观智依止该禅那等至,力量便逐渐充足,最终可达到足以洞彻知见道智、果智与涅槃的程度。反过来,力量充足的观智也会守护白遍等遍禅等至,使它们稳固。这些禅那等至得到诸观智以强大的亲依止缘力给予助益,因而稳固——
လွယ်လွယ်ကူကူဖြင့် လျှောကျခြင်းသဘောလည်း မရှိပေ။
——也就不会轻易退失。
တစ်ဖန် အချိန်မရွေး လွယ်လွယ်ကူကူဖြင့် ပြန်လည်၍ သမာဓိထူထောင်၍ ရရှိနိုင်သော ထိုသြဒါတ ကသိုဏ်းစသည့် ထိုထို ကသိုဏ်းစျာန်သမာပတ် တစ်ခုခုကို အကူအညီယူလျက် အာနာပါနကဲ့သို့သော သမာဓိ တစ်ခုခုကို အလိုရှိ၍ ပြောင်း၍ သမာဓိထူထောင်ပါက ရှေးရှေးသော စျာန်သမာဓိ၏ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရသော နောက်နောက်သော အာနာပါန ဘာဝနာသမာဓိ သည်လည်း အချိန်အနည်းငယ် အတွင်းမှာပင် စွမ်းအင်များ ပြည့်ဝလာသော သမာဓိတစ်ခု ဖြစ်လာနိုင်ပေသည်။
此外,借助任何一种随时都可轻易重新建立并获得的白遍等遍禅等至,若想转而建立入出息念等另一种定,那么,后起的入出息念修习定承接前一禅那定以亲依止缘力给予助益的特殊势力,也能在短时间内成为力量充足的定。
ထိုအာနာပါနသမာဓိနှင့် ယှဥ်တွဲလျက်ရှိသော အာနာပါနဿတိသည်လည်း ဝင်သက်လေ ထွက်သက်လေ အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ ရှေးရှု တည်နေတတ်ပေသည်။ ထိုသို့ သတိသည် ဝင်သက်လေ ထွက်သက်လေ အာရုံ၌ ကပ်၍ တည်နေခဲ့သော် ----
与该入出息念定相应的入出息念,也能安静地贴住所缘,面向并安住于入息、出息。若念如此贴住并安住于入息、出息所缘——
原书第 287 页
အာနာပါနဿတိသမာဓိပိုင်း သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။ (မ-၁-၇ဝ။) = ထိုရဟန်းသည် သတိရှိသည်ဖြစ်၍သာလျှင် ဝင်သက်လေကို ဖြစ်စေ၏။ သတိရှိသည်ဖြစ်၍သာလျှင် ထွက်သက်လေကို ဖြစ်စေ၏ -- ဟူသော အာနာပါနကမ္မဋ္ဌာန်း ပြည်တည်ခန်း ပြီးစီးပြီး ဖြစ်ပေသည်။ အဋ္ဌကထာ ကြီးများ၏ သတ်မှတ်ချက်အရ ရေတွက်ခြင်း ဂဏနာနည်း အလုပ်စခန်း ပြီးစီးပြီ ဖြစ်သည်။ ဝင်သက်လေ ထွက် သက်လေ အာရုံ၌ သတိသည် ကပ်၍ တည်နေခဲ့သော် သတိမြဲခဲ့သော် ရေတွက်ခြင်း ဂဏနာလုပ်ငန်းရပ်လည်း ပြီးစီးပြီ ဖြစ်သောကြောင့်တည်း။ (ဝိသုဒ္ဓိ-၁-၂၇၂ - ကြည့်ပါ။) ဤ၌ အာနာပါနကမ္မဋ္ဌာန်းပြည်တည်ခန်း ပြီးစီးပြီဟူ၍သာ ပြောဆိုခြင်း ဖြစ်သည်။ သတောကာရီ ဖြစ်ပြီ ဟူ၍ကား မဆိုလိုပါ။ သတောကာရီ အပြည့်အစုံ ဖြစ်ရေးမှာ အထက်တွင် ဖော်ပြခဲ့သော အာနာပါနစတုက္က (၄)မျိုးတို့တွင် ဝင်သက်လေ၌ (၄ × ၄ = ၁၆)မျိုးသော အခြင်းအရာ၊ ထွက်သက်လေ၌ (၄ × ၄ = ၁၆)မျိုးသော
“彼具念而入息,具念而出息。”(《中部》1-70。)也就是说,该比丘只在具念时使入息生起,只在具念时使出息生起。如此,入出息业处的基础建立阶段便已完成。按照诸大义注的判定,计数法这一作业阶段也已经完成;因为念既已贴住并安住于入息、出息所缘,计数这一作业也就完成了。(参见《清净道论》1-272。)这里所说的,只是入出息业处的基础建立阶段已经完成,并不是说他已成为有念而行者(satokārī)。要完整成为有念而行者,就必须在前述4组入出息四法中,把入息的4×4=16种行相与出息的4×4=16种——
အခြင်းအရာဟူသော (၃၂)မျိုးသော အခြင်းအရာတို့ကို ပြည့်ပြည့်စုံစုံ အလုံးစုံ ရှုပွားနိုင်ပါမှ သတောကာရီ အပြည့်အစုံ ဖြစ်ပြီဟု မှတ်ပါ။ (ပဋိသံ-၁၇၄ - ကြည့်ပါ။) ထိုသို့ ဝင်သက်လေ ထွက်သက်လေ၌ သတိမြဲသောပုဂ္ဂိုလ်သည် အာနာပါနပထမစတုက္က လုပ်ငန်းခွင်ကို စတင်၍ အားသစ်နိုင်ပြီ ဖြစ်သည်။ အားထုတ်ပုံအပိုင်းကို နောက်တွင် ဖော်ပြပါမည်။ မဖော်ပြမီ အခြားအခြား သော ကမ္မဋ္ဌာန်းများဖြင့် ခိုင်ခံ့သော သမာဓိကို မထူထောင်ဖူးသော အာနာပါနကမ္မဋ္ဌာန်းကိုသာ စတင် အားထုတ် လိုသော ယောဂါဝစရပုဂ္ဂိုလ်များအတွက် သတိမြဲအောင် ရှုပွားပုံအပိုင်းကို ရှေးဦးစွာ ဆက်လက်၍ တင်ပြ အပ်ပါသည်။
——行相,合计32种行相,全都完整地修习、观照,才是完整的有念而行者。(参见《无碍解道》174。)如此,念已稳固于入息、出息的人,可以开始用功第一组四法的修习作业。具体修法将在后文说明。在说明以前,先为从未以其他业处建立稳固定力、只想直接开始修习入出息念业处的瑜伽行者,继续说明如何修习而使念稳固。
စမ်းသပ်ကြည့်ပါ
请先试着修习
အခြားအခြားသော ကမ္မဋ္ဌာန်းတို့ဖြင့် ထိထိမိမိ သမာဓိ မထူထောင်ထားဖူးသော စွမ်းအင်ပြည့်ဝစုံညီသော ဝိပဿနာဉာဏ်ကို မရရှိသေးသော ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုပါက ရှေးဦးစွာ ဝင်သက်လေ ထွက်သက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား၌ဖြစ်စေ သို့မဟုတ် အထက်နှုတ်ခမ်း၌ ဖြစ်စေ ထိနေသော ဝင်သက်လေ ထွက်သက်လေ အာရုံ၌ ဘာဝနာသတိကို ရှေးရှုတည်စေ၍ ဝင်သက်လေ ထွက်သက်လေကိုသာ စိုက်၍ ရှုနေပါ။ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိမြဲအောင် ဦးစွာ ကြိုးစား အားထုတ်ကြည့်ပါ။ အတိတ်ဘဝ ထိုထိုက အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးသော ပါရမီအရှိန်အဝါ ရှိသော သူတော်ကောင်းဖြစ်ခဲ့ပါမူ တစ်ထိုင် နှစ်ထိုင်ခန့် အတွင်းမှာပင် ဝင်သက်လေ ထွက်သက်လေအာရုံ၌ ဘာဝနာစိတ် သည် ငြိမ်ဝပ်စွာကပ်၍ တည်နေတတ်ပါသည်။ အကယ်၍ ဘာဝနာစိတ်သည် ဝင်သက်လေ ထွက်သက်လေ အာရုံ၌ နာရီဝက် တစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော်၊ တစ်နည်း သတိသည် အာနာပါန
尚未以其他业处切实建立定、也尚未获得力量圆满具足之观智的瑜伽行者,若想修习入出息念业处,首先应在入息、出息触感明显的鼻端或上唇处,使修习之念面向并安住于正在该处接触的入息、出息所缘,只专注地观入息、出息。先努力尝试,令念稳固于入息、出息所缘。若这位贤善者在过去诸生曾修习入出息念业处,具有波罗蜜的势力,那么只须一座或两座,修习心便能安静地贴住并安住于入息、出息所缘。如果修习心能够半小时、一小时等安静地贴住并安住于入息、出息所缘,换言之,念能够面向、贴住入出息——
ကမ္မဋ္ဌာန်းအာရုံ၌ ရှေးရှု ကပ်၍ တည်နေသော် အရှည်အတိုကို သိအောင် အားထုတ်ခြင်းစသော ပထမစတုက္က၌ လာရှိသော နည်းလမ်း ကျင့်စဥ် အတိုင်း ဆက်လက်၍ တစ်ဆင့်ပြီး တစ်ဆင့် အားထုတ်ရမည် ဖြစ်ပါသည်။
——业处所缘并安住,就应依照第一组四法所说的方法与修行次第,继续逐阶用功,例如努力了知长、短等。
အကြောင်းမူ ရေတွက်ခြင်း ဂဏနာနည်းကစ၍ အားထုတ်ခြင်းမှာ ဝင်သက်လေ ထွက်သက်လေအာရုံ၌ သတိမမြဲ သူတို့အတွက်သာ ဖြစ်ခြင်းကြောင့်တည်း။ သတိမြဲနေသူတို့ကား ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုရန် မလိုကြောင်း ရှေးတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ အကယ်၍ ထိုသို့ ကြိုးစား အားထုတ်ကြည့်ရာ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ နှစ်ရက် သုံးရက် ကြာသော်လည်း ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ မတည်ပါမူ ဂဏနာနည်းကစ၍ အားထုတ်ရမည် ဖြစ်ပေသည်။
因为从计数法开始用功,只是为了那些尚不能令念稳固于入息、出息所缘的人。前文已经说明,念已稳固的人不必使用计数法。若如此尝试修习两三天以后,修习心仍不能安静地贴住并安住于入息、出息所缘,就应从计数法开始用功。
原书第 288 页
ပဉ္စသန္ဓိက = အဆစ်အပိုင်း ငါးရပ်
五个环节(pañcasandhika)
ဘုရားရှင်သည် ဤအာနာပါန ပထမစတုက္ကကို ကာယာနုပဿနာသတိပဋ္ဌာန်၏ အစွမ်းဖြင့် ဟောကြား တော်မူခဲ့ပေသည်။ တစ်ဖန် ဤအာနာပါန ပထမစတုက္ကကိုပင် အာနာပါနကမ္မဋ္ဌာန်းကို စတင်အားသစ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်အတွက် သမထကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ဟောကြားထားတော်မူအပ်ပေသည်။ ကျန် စတုက္က သုံးမျိုးတို့ကိုကား ဤပထမ စတုက္က၌ ရထားပြီးသော စျာန်ရှိသော၊ စျာန်ကို ရထားပြီးသော ယောဂါဝစရပုဂ္ဂိုလ် အတွက် ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာတို့၏ အစွမ်းဖြင့် ဟောကြားထားတော်မူအပ်ကုန်၏။
佛陀以身随观念处的方式宣说这第一组入出息四法,又以止业处的方式,为刚开始修习的瑜伽行者宣说同一组第一四法。至于其余3组四法,则是为已经由第一组四法证得禅那的瑜伽行者,分别以受随观、心随观与法随观的方式宣说。
ထိုကြောင့် ဤအာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်၍ အာနာပါနစတုတ္ထစျာန်လျှင် အနီးကပ်ဆုံးသော အကြောင်းရင်း ပဒဋ္ဌာန်ရှိသော ဝိပဿနာဉာဏ်ဖြင့် ပဋိသမ္ဘိဒါလေးပါးတို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့ ရောက် ရှိလိုသော အမျိုးကောင်းသား အမျိုးကောင်းသ္မီးသည် သီလကို စင်ကြယ်အောင် သုတ်သင်ခြင်းစသော လုပ်ငန်း ကိစ္စအားလုံးကို ပြီးစီးအောင် ဆောင်ရွက်ပြုလုပ်၍ ဆရာသမား၏အထံ၌ အဆစ်အပိုင်း ငါးရပ်ရှိသော အာနာပါန ကမ္မဋ္ဌာန်းကို သင်ယူအပ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၆၉။) ၁။ ဥဂ္ဂဟ ---- ကမ္မဋ္ဌာန်းကျမ်းကို ပါဠိသက်သက်အားဖြင့် သင်ယူခြင်းသည် ဥဂ္ဂဟ မည်၏။ တစ်နည်း ကမ္မဋ္ဌာန်း ကို ပါဠိနှင့် အနက်အားဖြင့် သင်ယူခြင်းသည် ဥဂ္ဂဟ မည်၏။
因此,若有善男子、善女人,想凭以入出息念第四禅为近因的观智,与四无碍解一同到达阿罗汉果,就应完成清净戒等一切应办之事,并从老师处学习具有五个环节的入出息念业处。(《清净道论》1-269。)1.学习(uggaha)——只以巴利文学习业处典籍,称为学习;另一种说法是,连同巴利文与义理一起学习业处,也称为学习。
၂။ ပရိပုစ္ဆာ ---- ကမ္မဋ္ဌာန်းကျမ်း၏ အနက်အဓိပ္ပါယ်ကို သင်ယူခြင်း ဆွေးနွေးမေးမြန်းခြင်း ဆေးကြော သုတ်သင်ခြင်းသည် ပရိပုစ္ဆာ မည်၏။ တစ်နည်း ကမ္မဋ္ဌာန်း၌ သံသယမကင်းသော အချက်အလက်များကို ဆေးကြောသုတ်သင်ခြင်း မေးမြန်းခြင်းသည် ပရိပုစ္ဆာ မည်၏။
2.问究(paripucchā)——学习业处典籍的义理,并加以讨论、询问和辨析澄清,称为问究;另一种说法是,对业处中尚未消除疑惑的事项加以辨析澄清与询问,称为问究。
၃။ ဥပဋ္ဌာန ---- ဤသို့လျှင် အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဤအရာ၌ ဤကဲ့သို့သော နိမိတ်သည် ထင်လာတတ်၏ဟု နိမိတ်ထင်ခြင်းကို မှတ်သားခြင်းသည် ဥပဋ္ဌာန မည်၏။
3.现起(upaṭṭhāna)——记住这样的情形:“以这种方式修习入出息念业处的瑜伽行者,其相续中会在这里显现这样的禅相”等;如此辨认并记住禅相显现的方式,称为现起。
၄။ အပ္ပနာ ---- ဤသို့ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဤသို့သော စျာန်သည် ကျရောက်ဖြစ်ပေါ်လာ၏၊ ဤသို့ အပ္ပနာစျာန်သို့ ဆိုက်သွား၏ဟု အာနာပါနစျာန် ကျရောက်လာပုံ ဖြစ်ပေါ်လာပုံ အခြင်းအရာကို မှတ်သားခြင်းသည် အပ္ပနာ မည်၏။
4.安止(appanā)——记住这样的情形:“以这种方式修习入出息念业处的瑜伽行者,其相续中会生起这样的禅那,会如此到达安止禅”等;如此辨认入出息禅如何到达安止、如何生起,称为安止。
၅။ လက္ခဏာ ---- ရေတွက်ခြင်း = ဂဏနာနည်း၊ အစဥ်လိုက်ခြင်း = အနုဗန္ဓနာနည်း၊ အာနာပါန ထိမှု- ထင်ရှားရာ နေရာ၌ ဝင်သက်လေ ထွက်သက်လေကို ရှုခြင်း = ဖုသနာနည်းတို့၏ အစွမ်းဖြင့် အာနာပါန ဘာဝနာကို လုံ့လကြိုးကုတ် အားထုတ်စေခဲ့သည်ရှိသော် ဝင်သက်လေ ထွက်သက်လေ အာရုံ၌ တစ်နည်း ဝင်သက်လေ ထွက်သက်လေကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ကြည်လင်တောက်ပနေသော အာနာ ပါန ပဋိဘာဂနိမိတ်အာရုံ၌ အာနာပါနဿတိနှင့် ယှဥ်တွဲလျက် ရှိသော အာနာပါနဘာဝနာစိတ်ကို ငြိမ် ဝပ်စွာ ကပ်၍ တည်တံ့အောင် ထားနိုင်ခြင်းကြောင့် ဌပနာ အမည်ရသော အပ္ပနာစျာန်နှင့် ပြည့်စုံခြင်း သဘောလက္ခဏာ၊ ထိုအာနာပါနစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ တစ်ဖန် ဝိပဿနာသို့ ကူးခဲ့ သော် အကြောင်းတရားနှင့် တကွသော အဿာသ ပဿာသ ကာယ၊ ရူပကာယ၊ နာမကာယဟူသော သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို ကောင်းစွာ ပိုင်းခြားမှတ်သားတတ် ရှုပွားတတ်
5.特征(lakkhaṇa)——以计数(gaṇanā)、随逐(anubandhanā)与触(phusanā,即在入息、出息触感明显处观入息、出息)三法之力精勤修习入出息念时,能够使与入出息念相应的修习心安静地贴住并长久安住于入息、出息所缘;换言之,安住于以入息、出息为缘而生、清明光亮的入出息念似相所缘。由此具足称为“安置”(ṭhapanā)的安止禅——这是这一成就的特征;又若以该入出息禅作为观修的基础而转入观修,则对连同因法的入出息身、色身、名身等诸行法之无常、苦、无我行相,善加辨别、记认并观修——
သောကြောင့် သလဒက္ခဏာ အမည်ရသော ဝိပဿနာဉာဏ် စသည်တို့၏ အစွမ်းဖြင့် အရဟတ္တဖိုလ်ဟူသော အထွတ်အထိပ်သို့ ဆိုက်ရောက်ပုံ သဘောလက္ခဏာ ဤသို့စသော အာနာပါနကမ္မဋ္ဌာန်း၏ သဘော လက္ခဏာတို့ကို ကောင်းစွာ ပိုင်းခြား မှတ်သားခြင်းသည် သလဒက္ခဏာ မည်၏။
——由于能够如此,便凭名为辨察(sallakkhaṇā)的观智等,到达名为阿罗汉果的最高处;对入出息念业处这些成就方式等修习特征善加辨别、记认,称为辨察(sallakkhaṇā)。
原书第 289 页
အာနာပါနဿတိသမာဓိပိုင်း ဤကား အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်တို့ ရှေးဦးစွာ ကြိုတင် သင်ယူထားသင့်သော ပဉ္စသန္ဓိက အမည်ရသော အဆစ်အပိုင်းကြီး ငါးရပ် ဖြစ်ပေသည်။
以上就是想要修习入出息念业处的瑜伽行者应当预先学习、名为 pañcasandhika 的五个主要环节。
(ဝိသုဒ္ဓိ-၁-၂၇ဝ။ မဟာဋီ-၁-၃၂၇။)
(《清净道论》1-270;《大复注》1-327。)
ဤဆိုအပ်ခဲ့ပြီးသော ငါးမျိုးသော အဆစ်အပိုင်းရှိသော အာနာပါနကမ္မဋ္ဌာန်းကို သင်ယူသော ယောဂါဝစရ ပုဂ္ဂိုလ်သည် မိမိသည်လည်း မပင်ပန်း၊ ဆရာသမားကိုလည်း ညှဥ်းဆဲသည် မမည်တော့ပေ။ ထိုကြောင့် ဆရာ သမားထံ၌ ဤအာနာပါနကမ္မဋ္ဌာန်းကို အတန်ငယ် အတန်ငယ် သင်စေ၍ ကျေညက်အောင် ရွတ်ဖတ် သရဇ္ဈာယ် ခြင်းကို ခပ်များများပြု၍ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ငါးမျိုးသော အဆစ်အပိုင်းရှိသော ဤအာနာပါန ကမ္မဋ္ဌာန်းကို သင်ယူ၍ ဆရာသမား၏အထံ၌လည်းကောင်း အခြားတစ်နေရာ၌လည်းကောင်း ကမ္မဋ္ဌာန်း အား ထုတ်ရန် သင့်တင့်လျောက်ပတ်သော ---- ၁။ တောအရပ်၊ ၂။ သစ်ပင်ရင်း၊ ၃။ ဆိတ်ငြိမ်ရာနေရာ ---- ဟူသော တစ်မျိုးမျိုးသော ကျောင်းအိပ်ရာနေရာ၌ နေထိုင်လျက် ပလိဗောဓကြောင့်ကြကြီးငယ် အသွယ် သွယ်တို့ကို ဖြတ်တောက်ပြီးလျှင် ဆွမ်းစားခြင်းကိစ္စ ပြီးစီးလတ်သော် ဆွမ်းကြောင့်ဖြစ်ပေါ်လာသော ပင်ပန်း နွမ်းနယ်မှု ဆွမ်းဆီယစ်ခြင်းကို လကျာ်နံတောင်းစောင်းလျက် အတန်ငယ် အိပ်စက်ခြင်းဖြင့် ပယ်ဖျောက်ပြီးလျှင်
瑜伽行者学习上述具有五个环节的入出息念业处,自己不会疲劳,也不会成为烦扰老师的人。因此,应在老师处每次少量学习这项入出息念业处,却多加熟练地诵读、背诵,依上述方法学会具有五个环节的入出息念业处;然后,无论住在老师身边或别处,都应住在适合修习业处的某一种住处——1.林野;2.树下;3.空闲处——斩断种种大小障碍。用餐完毕后,右胁而卧,稍睡片刻,以消除饮食所致的疲倦与食后昏沉;随后——
ချမ်းသာစွာ ထိုင်လျက် ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အဖန်ဖန် အောက်မေ့ခြင်းဖြင့် ဂုဏ် တော်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ခြင်းဖြင့် စိတ်ကို ကောင်းစွာ ရွှင်လန်းတက်ကြွစေလျက် ဆရာသမားအထံမှ သင်ယူအပ်တိုင်းသော သင်ယူခဲ့သော အလုံးစုံသော ကမ္မဋ္ဌာန်းအစီအရင်မှ တစ်ပုဒ်တစ်လေမျှကိုသော်လည်းပဲ မတွေဝေစေဘဲ မမေ့ပျောက်စေဘဲ ဤအာနာပါနဿတိကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၇ဝ၊၊)
——舒适地坐下,反复忆念三宝的功德与恩德,修习功德随念业处,使心充分喜悦振奋;对于从老师处学得的整套业处次第,不迷惑、也不忘失哪怕一字一句,如此作意入出息念业处。(《清净道论》1-270。)
နှလုံးသွင်းပုံ အစီအစဥ်
作意的次第
ဂဏနာ အနုဗန္ဓနာ၊ ဖုသနာ ဌပနာ သလဒက္ခဏာ။
“计数、随逐;触、安置与辨察。”
ဝိဝဋ္ဋနာ ပါရိသုဒ္ဓိ၊ တေသဉ္စ ပဋိပဿနာ။ (ဝိသုဒ္ဓိ-၁-၂၇ဝ။)
“出离、遍净,以及对彼等的返观。”(《清净道论》1-270。)
၁။ ဂဏနာ ---- ဝင်သက်လေ ထွက်သက်လေတို့ကို ရေတွက်ခြင်းသည် ဂဏနာ မည်၏။
1.计数(gaṇanā)——数入息与出息,称为计数。
၂။ အနုဗန္ဓနာ ---- ထိမှုထင်ရှားရာ နေရာမှ စောင့်၍ ဝင်သက်လေ ထွက်သက်လေတို့ကို အစဥ်လိုက်ခြင်း အားဖြင့် သတိကို ဆောင်ခြင်း၊ သတိ၏ အကြားအလပ် မရှိအောင် တစ်ဆက်တည်း အဆင့်ဆင့် ဖြစ်နေ ခြင်းသည် အနုဗန္ဓနာ မည်၏။
2.随逐(anubandhanā)——守候于触感明显处,随着每一入息、出息而持续持念,使念无有间断、前后相续,称为随逐。
၃။ ဖုသနာ ---- နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားဟူသော ဌာနကို ဝင်သက်လေ ထွက်သက်လေ တို့၏ ထိပါးခြင်းသည် ဖုသနာ မည်၏။
3.触(phusanā)——入息与出息接触鼻端或上唇端这一处所,称为触。
၄။ ဌပနာ ---- အပ္ပနာစျာန်သို့ သက်ဝင်တည်ခြင်းသည် ဌပနာ မည်၏။ အပ္ပနာစျာန်သည် အာနာပါနပဋိဘာဂ နိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ကောင်းစွာ တည်အောင် ထားတတ်သောကြောင့် ဌပနာ မည်ပေသည်။
4.安置(ṭhapanā)——进入并安住于安止禅,称为安置。安止禅能使修习心善加安住于入出息念似相所缘,所以称为安置。
၅။ သလဒက္ခဏာ ---- အကြောင်းတရားနှင့် တကွသော အဿာသပဿာသကာယ၊ ကရဇကာယ၊ နာမကာယ ဟူသော သင်္ခါရတရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာကို ကောင်းစွာ ပိုင်းခြား မှတ်သားတတ် သောကြောင့် ဝိပဿနာဉာဏ်သည် သလဒက္ခဏာ မည်၏။
5.辨察(sallakkhaṇā)——观智能够善加辨别、记认连同因法的入出息身、所生身与名身等诸行法之无常、苦、无我行相,所以观智称为辨察。
原书第 290 页
၆။ ဝိဝဋ္ဋနာ ---- အကြောင်းတရားများ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားများ ထင်ရှားဖြစ်ခြင်းဟူသော ဥပါဒိန္နကပဝတ္တမှလည်းကောင်း၊ သင်္ခါရတရားတို့မှလည်းကောင်း ထမြောက်လျက် အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်ဘက်သို့ အရိယမဂ်တရားသည် တစ်ဟုန်တည်း ပြေးဝင်သွား၏။ ထိုသို့ ပြေးဝင်သွားသော အခါ အရိယမဂ်ဉာဏ်သည် အဝိဇ္ဇာ-တဏှာ-ဥပါဒါန် စသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားများကို အဆင့်ဆင့် ပယ်သတ်လိုက်၏၊ အရဟတ္တမဂ်ဆိုက်သောအခါ အကြောင်းတရားတို့သည်လည်း နောင် တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟူသော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားကြ၏။ အကြောင်း တရားများ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကြောင်းတရား ထင်ရှားရှိပါမှ ဖြစ်ပေါ်နိုင်သော စွမ်းအားရှိသော အကျိုးတရားစုတို့သည်လည်း ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် ဖြစ်ခွင့် မရှိတော့သဖြင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟူသော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း၍
6.出离(vivaṭṭanā)——圣道法从有执受流转(upādinnaka-pavatta)——即因法明显生起,故果法明显生起的流转——以及诸行法中出起,一举奔向无为界、寂静界涅槃。如此趣入时,圣道智逐阶断除无明、爱、取等各自相应的因法;到达阿罗汉道时,因法便以不再生起之灭而止息,往后不再生起。由于因法止息,那些必须有因法显现才有力量生起的果法聚,在般涅槃死没之后也不再有生起机会,因而同样以不再生起之灭而——
သွားကြ၏။ ထိုကြောင့် အရိယမဂ်တရားသည် ဥပါဒိန္နကပဝတ္တနှင့် သင်္ခါရနိမိတ်မှ ရုပ်နာမ်သန္တာန်အစဥ်ကို နစ်မြုပ်စေသောကြောင့် သံသရာစက်ရဟတ် လည်ပတ်မှုကို ရပ်တန့်စေတတ်သောကြောင့် ဝိဝဋ္ဋနာ မည်၏။
——止息。因此,圣道法令名色相续从有执受流转与诸行相中退没,又能停止轮回之轮的转动,所以称为出离(vivaṭṭanā)。
၇။ ပါရိသုဒ္ဓိ ---- အလုံးစုံသော ကိလေသာ အညစ်အကြေးဟူသမျှကို အငြိမ်းကြီး ငြိမ်းအောင် ငြိမ်းအေးစေ တတ်သော သဘောသတ္တိ ထင်ရှားရှိခြင်းကြောင့် အခြင်းခပ်သိမ်း စင်ကြယ်ရကား အရိယဖိုလ်သည် ပါရိ သုဒ္ဓိ မည်၏။
7.遍净(pārisuddhi)——圣果具有令所有烦恼垢完全寂灭、清凉的作用与能力,因而在一切方面清净,所以称为遍净。
၈။ ပဋိပဿနာ ---- မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်၊ ပယ်ပြီးကိလေသာ၊ မပယ်ရသေးသော ကိလေသာတို့ကို အသီးအသီး ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်သည် ပဋိပဿနာ မည်၏။ ဤကား အာနာပါနဿတိ ကမ္မဋ္ဌာန်းကို နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်၏ နှလုံးသွင်းရမည့် အစီအစဥ်ပင် ဖြစ်သည်။
8.返观(paṭipassanā)——能够分别省察道智、果智、涅槃、已经断除的烦恼与尚未断除的烦恼之省察智,称为返观。以上就是修习入出息念业处的瑜伽行者所应依循的作意次第。
ဂဏနာ = ရေတွက်နည်း
计数法
ထိုရှစ်မျိုးသော အာနာပါနဿတိကမ္မဋ္ဌာန်း လုပ်ငန်းခွင် အစီအစဥ်တို့တွင် ဤအာနာပါန ကမ္မဋ္ဌာန်းကို စတင်အားသစ်လိုသော အားထုတ်စ အာဒိကမ္မိက အမျိုးကောင်းသား အမျိုးကောင်းသ္မီးသည် ရေတွက်ခြင်း ဂဏနာနည်းဖြင့် ဤအာနာပါနကမ္မဋ္ဌာန်းကို စတင်၍ နှလုံးသွင်းပါ။
在上述8项入出息念业处的修习次第中,想要开始修习这一入出息念业处的初业善男子、善女人,应当先以数息法(gaṇanā)作意此业处。
ဂဏေန္တေန စ ပဉ္စန္နံ ဟေဋ္ဌာ န ဌပေတဗ္ဗံ။ ဒသန္နံ ဥပရိ န နေတဗ္ဗံ။ အန္တရာ ခဏ္ဍံ န ဒဿေတဗ္ဗံ။
“计数时,不应停在5以下,不应数到10以上,也不应让中间的序列出现断缺。”
(ဝိသုဒ္ဓိ-၁-၂၇ဝ။)
(《清净道论》1-270。)
ဝင်သက်လေ-ထွက်သက်လေကို ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်သည် ငါးခုကုန်သော ဝင်သက်လေ- ထွက်သက်လေတို့၏ အောက်၌ မတည်စေအပ်၊ ငါးခုအောက် လျော့၍ မရေတွက်အပ်။ ဆယ်ခုကုန်သော ဝင်သက်လေ-ထွက်သက်လေတို့၏ အထက်၌ မဆောင်အပ်၊ ဆယ်ခုထက်လည်း ပို၍ မရေတွက်အပ်။ တစ်- သုံး-ငါး - ဤသို့ စသည်ဖြင့် အကြားအကြား၌ ရေတွက်ခြင်း ပြတ်သည်ကို မပြအပ်။ တစ်နည်းဆိုသော် နှစ်ရက် သုံးရက်အတွင်း၌ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးမပြုသေးဘဲ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိ မြဲအောင် ကြိုးစားကြည့်ပါ။ နှစ်ရက် သုံးရက် အတွင်း၌ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိမြဲခဲ့သော် ရေတွက်ခြင်း ဂဏနာနည်းကို အသုံးမပြုတော့ဘဲ အရှည်-အတိုကို သိအောင် အားထုတ်ခြင်းစသော ပထမ အာနာပါနစတုက္က အစီအရင်အတိုင်း ကြိုးစားပါ။ အကယ်၍ နှစ်ရက် သုံးရက် အတွင်း၌ ဝင်သက်လေ ထွက်သက် လေ အာရုံ၌ သတိက မကပ်ဘဲ ရှေးရှုမတည်ဘဲ ရှိနေခဲ့သော် တစ်ဖန် ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုပါ။
数入息、出息的瑜伽行者,不应把一轮计数停在5以下,不应少于5;也不应把一轮计数带到10以上,不应多于10;还不可像1、3、5这样在中间跳数,使计数出现断缺。换句话说,可以先用两三天时间,不采用数息法,试着让念稳固于入息、出息这一所缘。若两三天内念已稳固,就不必采用数息法,而应依入出息念第一组四法的次第,继续修习了知长息、短息等。若过了两三天,念仍不能黏住、安住于入息、出息所缘,就应再采用数息法。
ထိုသို့ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုရာ နှလုံးသွင်းရာ၌ အကြားအကြား၌ ပြတ်တောက်ခြင်း မရှိစေရ။
采用数息法作意时,中途不可间断。
原书第 291 页
အာနာပါနဿတိသမာဓိပိုင်း အကြောင်းကား ဤသို့တည်း။ ငါးခုကုန်သော ဝင်သက်လေ-ထွက်သက်လေတို့၏ အောက်၌ ရေတွက်ခြင်း ကို တည်စေသော၊ ငါးခုအောက် ယုတ်လျော့၍ ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ကျဥ်းမြောင်း သော ရေတွက်ခြင်း အစီအရင်ဟူသော အရာဌာန၌ စိတ်၏ဖြစ်ခြင်းသည် တုန်လှုပ်၏၊ ကျဥ်းမြောင်းသော နွားခြံ၌ ပိတ်လှောင်ခံရသော နွားအပေါင်းကဲ့သို့ တုန်လှုပ်နေတတ်၏။ တစ်ဖန် ဆယ်ခုကုန်သော ဝင်သက်လေ-ထွက် သက်လေတို့၏ အထက်၌ ရေတွက်ခြင်း ဂဏနာနည်းကို ဆောင်နေသော ဆယ်ခုထက် ပို၍ ရေတွက်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်ဖြစ်ခြင်းသည်လည်း ရေတွက်ခြင်း သင်္ချာကိုသာလျှင် မှီ၍ ဖြစ်နေတတ်၏၊ ဝင်သက် လေ ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ် မဖြစ်တော့ဘဲ ရေတွက်ခြင်း သင်္ချာနောက်သို့သာ အစဥ်လိုက်၍ စိတ်ဖြစ်နေတတ်၏။ အကြားအကြား၌ ရေတွက်ခြင်း ကျိုးမှု ပေါက်မှု ပြတ်မှုကို ဖော်ပြနေသော ယောဂါဝစရ
理由如下:若把一轮计数停在5以下、少于5,心便会在狭窄的计数范围中动摇,如同被关在狭窄牛栏中的牛群一般。若把数息法延伸到10以上、数过10,心也会只依计数的数字而转,不再于入息、出息所缘生起禅修之心,只是一味随着数目运转。若在中间跳断、缺漏计数,这位瑜伽行者——
ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ---- ''ငါ၏ ကမ္မဋ္ဌာန်းသည် ဆုံးခန်းတိုင်အောင် အထွတ်အထိပ်သို့ ရောက်သည် ဖြစ်ပါ အံ့လော၊ မဖြစ်ပါအံ့လော''ဟု စိတ်သည် တုန်လှုပ်နေတတ်၏။ ထိုကြောင့် ဤဆိုအပ်ခဲ့ပြီးသော ငါးခုအောက် ယုတ်လျော့၍ ရေတွက်ခြင်း၊ ဆယ်ခုထက်ပို၍ ရေတွက်ခြင်း၊ အကြားအကြား၌ ရေတွက်မှု ကျိုးပြတ်ခြင်းတည်း ဟူသော သုံးမျိုးသော အပြစ်တို့ကို ရှောင်ကြဥ်၍ ရေတွက်အပ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၇ဝ။)
——心中就会动摇:“我的业处究竟能不能达到圆满、抵达顶点呢?”因此,应避开上述3种过失而计数:少于5、超过10,以及中间断数。(《清净道论》1-270。)
စပါးခြင်သမား ရေတွက်နည်း
量谷者的计数法
ဝင်သက်လေ-ထွက်သက်လေကို ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ နှေးနှေးရေတွက်ခြင်း ဟူသော စပါးခြင်သမား၏ ရေတွက်နည်းဖြင့် ရေတွက်အပ်၏။ စပါးခြင်သော သူသည် ရှေးဦးစွာ တင်းကို စပါး ပြည့်အောင် ထည့်၍ တစ်ဟု ဆို၍ လောင်းလိုက်၏။ လောင်းပြီးလျှင် နောက်ထပ် တစ်ဖန် လောင်းအံ့ဟူသော ရည်ရွယ်ချက်ဖြင့် တင်းကို စပါးပြည့်အောင် ထည့်ပြီးသော် ထိုဒုတိယလောင်းမည့် တင်း၌ အမှိုက်ကို မြင်၍ ထို အမှိုက်ကို ရွေးကောက်၍ ပစ်စွန့်သော်လည်း ရေတွက်မှု အလျဥ်မပြတ်စေမူ၍ ထိုပထမတင်းကိုသာ စိတ်က မှတ်၍ ဒုတိယတင်း မလောင်းမီ တစ်-တစ်ဟုသာ နှုတ်မဆိတ်ဆိုကာ ရေတွက်၏။ ထိုနောင်မှ ဒုတိယတင်းကို ရှေးပထမတင်းနှင့် ပေါင်း၍ နှစ်ဟု ဆို၍ လောင်း၏။ ဤ၌လည်း ရှေးနည်းအတူ တတိယတင်း မလောင်းမီ အကြားကာလပတ်လုံး နှစ်-နှစ်ဟု ရေတွက်မှု အလျင်မပြတ်အောင် နှုတ်မဆိတ်ဆိုကာ ရေတွက်၏ ---- ဤသို့ စသော ရေတွက်နည်းကို ဓညမာပက ဂဏန = စပါးခြင်သူ၏ ရေတွက်နည်းဟု ခေါ်၏။
数入息、出息的瑜伽行者,起初应当采用量谷者的慢数法。量谷者先把量斗装满谷物,说“一”,便倒出。倒完后,为准备再倒一斗而重新把量斗装满;若他在第二斗中看见杂物,即使停下来挑出并丢掉,也不让计数中断,而是心里仍记着第一斗,在第二斗尚未倒出以前,口中不断念着“一、一”。随后,他把第二斗计入前一斗,说“二”而倒出;这里也同样,在第三斗尚未倒出以前,他一直口中念着“二、二”,使计数不断。诸如此类的计数法,称为 dhaññamāpakagaṇanā,即量谷者计数法。
ဤဥပမာ အတူပင်လျှင် ဤယောဂါဝစရ ရဟန်းတော်သည်လည်း - ဝင်သက်လေ ထွက်သက်လေတို့တွင် ၁။ ဝင်သက်လေ ထင်ရှားအံ့၊ ဝင်သက်လေကို ယူ၍ ၂။ ထွက်သက်လေ ထင်ရှားအံ့၊ ထွက်သက်လေကို ယူ၍ ၃။ ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုးလုံး ထင်ရှားအံ့၊ ဝင်သက်လေ-ထွက်သက်လေနှစ်မျိုးလုံးကိုယူ၍ -- တစ်-တစ် ဤသို့စသည်ဖြင့် ရေတွက်ခြင်းကို ပြု၍ ဆယ်ခု ဆယ်ခု တိုင်အောင် ဖြစ်တိုင်း ဖြစ်တိုင်းသော ဝင်သက်လေ သို့မဟုတ် ထွက်သက်လေ သို့မဟုတ် ဝင်သက်လေ ထွက်သက်လေကို မှတ်သား၍သာလျှင် ရေတွက်ပါ။ ဤဆိုအပ်ခဲ့ပြီးသော နည်းအတိုင်း ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်အား ထွက်သည်လည်း ဖြစ် ကုန်သော ဝင်သည်လည်း ဖြစ်ကုန်သော ဝင်သက်လေ-ထွက်သက်လေတို့သည် ထင်ရှားလာကုန်၏။
同样,这位瑜伽行比丘在入息、出息两者中:1.若入息明显,就取入息;2.若出息明显,就取出息;3.若入息与出息两者都明显,就取两者。如此从“一、一”等数起,直至“十、十”;每次生起的是入息、出息,还是一对入出息,就逐一标记并计数。对于依上述方法计数的瑜伽行者,入息与出息无论正入正出,都会清楚显现。
(ဝိသုဒ္ဓိ-၁-၂၇ဝ။)
(《清净道论》1-270。)
ဤအထက်ပါ အဋ္ဌကထာစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုး တို့တွင် ဝင်သက်လေ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည် ထင်ရှားသော ဝင်သက်လေကို ယူ၍ ထွက်သက်လေ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည် ထွက်သက်လေကို ယူ၍ ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုးလုံး ထင်
上述义注文字的意思如下。在入息与出息两者中,入息明显的瑜伽行者取明显的入息,出息明显的瑜伽行者取出息;对于入息与出息两者都清楚——
原书第 292 页
ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုးလုံးကိုယူ၍ - ဒုတိယ ဝင်သက်လေ၊ သို့မဟုတ် ထွက်သက်လေ၊ သို့မဟုတ် ဝင်သက်လေ-ထွက်သက်လေ မလာမီ ပထမ ဝင်သက်လေ၊ သို့မဟုတ် ထွက်သက်လေ၊ သို့မဟုတ် ဝင်သက်လေ-ထွက်သက်လေကို တစ်-တစ်ဟုသာ ရေတွက်ရမည်။ နှစ်-နှစ် စသည် ရေတွက်ရာ၌လည်း နည်းတူမှတ်ပါ။ ဤတွင် ပုံစံအဖြစ် ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုး ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်၏ (၈)တိုင်အောင် ရေတွက်ပုံ နည်းစနစ်တစ်ခုကို ဖော်ပြအပ်ပါသည်။
——显现的瑜伽行者,则取入息与出息两者。在第二个入息、或第二个出息、或第二对入出息尚未来到以前,应当对第一个入息、或第一个出息、或第一对入出息反复数“一、一”;数“二、二”等时,也应同样理解。这里以入息、出息两者都明显的瑜伽行者为例,列出一种数到8的方式。
၁။ ဝင်သက်လေ-ထွက်သက်လေ ---- တစ်-တစ်-တစ် … ၂။ ဝင်သက်လေ-ထွက်သက်လေ ---- နှစ်-နှစ်-နှစ် … ၃။ ဝင်သက်လေ-ထွက်သက်လေ ---- သုံး-သုံး-သုံး … ၄။ ဝင်သက်လေ-ထွက်သက်လေ ---- လေး-လေး-လေး … ၅။ ဝင်သက်လေ-ထွက်သက်လေ ---- ငါး-ငါး-ငါး … ၆။ ဝင်သက်လေ-ထွက်သက်လေ ---- ခြောက်-ခြောက်-ခြောက် … ၇။ ဝင်သက်လေ-ထွက်သက်လေ ---- ခုနစ်-ခုနစ်-ခုနစ် … ၈။ ဝင်သက်လေ-ထွက်သက်လေ ---- ရှစ်-ရှစ်-ရှစ် … ဤနည်းအတိုင်း ရှစ်-သို့ ရောက်သော် တစ်မှ တစ်ဖန် ပြန်၍ ရေတွက်ပါ။ တစ်ဆယ်အထိ ရေတွက် လိုကလည်း ရေတွက်နိုင်ပါသည်။ ဖြစ်တိုင်း ဖြစ်တိုင်းသော ဝင်သက်လေ-ထွက်သက်လေ၌ အကျိုးအပြတ် မရှိ အောင် ဆက်တိုက် ရေတွက်ရမည် ဖြစ်သည်။
1.入息—出息——一、一、一……;2.入息—出息——二、二、二……;3.入息—出息——三、三、三……;4.入息—出息——四、四、四……;5.入息—出息——五、五、五……;6.入息—出息——六、六、六……;7.入息—出息——七、七、七……;8.入息—出息——八、八、八……。依此方法数到8时,再从1重新数起;若愿意数到10,也可以数到10。对于每次生起的入息、出息,都必须连续计数,不得跳漏中断。
ဤနည်းကိုကား သားငယ် သ္မီးငယ် မြေသို့ လဲကျလျှင် အသည်းကျင်နာသော မိဘသည် ''ဖွဖွ - ထ'' ဟု အလျင်အမြန် မန္တန်မန်းသကဲ့သို့ မဟုတ်၊ ငွေမှုတ်သော ပွဲမင်းသည် ဖိုထိုးခြင်း ကြိယာ၌ လိမ္မာ၍ ရှည်စွာသော လေထွက်အောင် သက်သက်သာသာ ရှည်စွာ ဖိုကို ထိုးသကဲ့သို့ အကျိုး၌ လိမ္မာသော ယောဂါဝစရရဟန်းသည် ဖွားစသူငယ်တို့၌ အစစွာဖြစ်သော ထွက်သက်လေဖြစ်စဥ်ကို စ၍ မဆင်ခြင်ဘဲ ပြုပြင်၍ ဖြစ်စေအပ်သော ဝင်သက်လေဖြစ်စဥ်ကို အစစွာ မှတ်သား၍ စပါးခြင်သော တည်သည်နည်း ဖြည်းဖြည်းသက်သက် ဝင်ထွက် စေ၍ စေ့ငုအောင် ဖြည်းဖြည်းရေတွက်သောကြောင့် ဒန္ဓဂဏန ဓညမာပကဂဏန = နှေးနှေးရေတွက်ခြင်း = စပါးခြင်သူ၏ ရေတွက်ခြင်းဟု ခေါ်ဆိုသည် မှတ်ပါ။
这种方法,并不像心疼孩子的父母在小儿跌倒时迅速念着“ဖွဖွ—ထ”一类咒语;而像善于拉风箱的银匠,为使长风吹出,舒缓而久久地拉动风箱。善于达成修习目的的瑜伽行比丘,不从初生婴儿最先发生的出息过程算起,而把随后经造作而生起的入息过程认作起点;他像量谷者一样,让息缓缓出入,细致地慢慢计数。因此,这叫 dandhagaṇanā、dhaññamāpakagaṇanā,即慢数法、量谷者计数法。
''အဿာသပဿာသေသု ယော ဥပဋ္ဌာတိ၊ တံ ဂဟေတွာ''တိ ဣဒံ အဿာသပဿာသေသု ယဿ ဧကောဝ ပဌမံ ဥပဋ္ဌာတိ၊ တံ သန္ဓာယ ဝုတ္တံ၊ ယဿ ပန ဥဘောပိ ဥပဋ္ဌဟန္တိ၊ တေန ဥဘယမ္ပိ ဂဟေတွာ ဂဏေတဗ္ဗံ။ (မဟာဋီ-၁-၃၂၈။) = ဝင်သက်လေ-ထွက်သက်လေတို့တွင် ထင်ရှားရာ လေကိုယူ၍ ရေတွက်ပါဟု အဋ္ဌကထာ မိန့်ဆိုသော စကားကိုလည်း ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုးတို့တွင် ရှေးဦးစွာ တစ်မျိုးထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ် ကို ရည်ရွယ်တော်မူ၍ မိန့်ဆိုခြင်းဖြစ်သည်။ အကြင်ယောဂါဝစရပုဂ္ဂိုလ်အား ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုးလုံး ထင်ရှားအံ့၊ ထိုသူသည် နှစ်မျိုးလုံးကိုယူ၍ ရေတွက်သင့်၏။ ယော ဥပဋ္ဌာတိ = ထင်ရှားရာလေဟု ဆိုသဖြင့် နှာဝ နှာခေါင်းပေါက် နှစ်ခုမှထွက်သော နှစ်မျိုးသော လေတို့တွင် အကြင် နှာဝ နှာခေါင်းပေါက်မှ ထွက်သော လေသည် အလွန်ထင်ထင်ရှားရှား ထင်လာ၏၊ ထိုလေကို ယူသင့်၏၊ ထိုလေကို ယူ၍ ရေတွက်သင့်၏၊
“‘在入息与出息中,取清楚显现者’,这句话是针对入息与出息中起初只有一种显现的人而说;若两者都显现,他就应当取两者而数。”义注所谓“在入息、出息中取显现的息而数”,是针对起初仅有一种息显现的瑜伽行者而说。若两者都显现,就应取两者而数。又因说 yo upaṭṭhāti=显现的息,应知这句话也说明:从两个鼻孔呼出的两股气息中,若从某一鼻孔呼出的气息显得格外清楚,就应取那一股息、数那一股息——
ထိုလေကိုယူ၍ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သင့်၏ဟူသော အနက်သဘောကိုလည်း ယင်းစကားရပ်က ဖော်ပြအပ်သည်ဟု မှတ်ပါ။ (ပြည်-၂-၂၃၉ - ကြည့်။)
——并取那一股息修习入出息念业处。应知上述语句也表达了这一含义。(参见卑谬尊者《清净道论依词释》第二册,239。)
原书第 293 页
အာနာပါနဿတိသမာဓိပိုင်း ရှေးဦးစွာ ဝင်သက်လေ-ထွက်သက်လေနှစ်မျိုးတို့တွင် တစ်ခုခုသာလျှင် ထင်သော်လည်း ဆိုအပ်ခဲ့ပြီးသော နည်းအားဖြင့် မှတ်သား၍သာလျှင် ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်အား အစဥ်သဖြင့် ဝင်သက်လေ-ထွက် သက်လေ နှစ်မျိုးလုံးတို့သည်လည်း ထင်ရှားလာသည်သာ ဖြစ်ကုန်၏။ ရေတွက်ခြင်း ဂဏနာနည်း၏ အစွမ်းကြောင့် ဝင်သက်လေ-ထွက်သက်လေ အာရုံမှ တစ်ပါးသော အပြင်အပ ဗဟိဒ္ဓ အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်မှု မရှိ တော့သောကြောင့်ပင် ဖြစ်၏။ (မဟာဋီ-၁-၃၂၈။)
即使起初在入息与出息两者中只有一种明显,对于依上述方法标记并计数的瑜伽行者,两者最终也都会清楚显现。这是因为,借数息法之力,心不再从入息、出息这一所缘散逸到其他种种外在所缘。(《大复注》1-328。)
နွားကျောင်းသား ရေတွက်နည်း
牧牛者的计数法
ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနဿတိကမ္မဋ္ဌာန်းကို စတင်၍ အားသစ်စ နှလုံးသွင်းစ၌ ရေတွက်ခြင်း ဂဏနာနည်းဖြင့် နှေးနှေးကွေးကွေး ရေတွက်၍ အားထုတ်စ၌ စိတ်၏ သန့်ရှင်းမှု မရှိသေးသည့် အတွက်ကြောင့် သိမ်မွေ့နူးညံ့သော ဝင်သက်လေ-ထွက်သက်လေတို့သည် မထင်မရှား ဖြစ်နေသေး၏။ နောက်ပိုင်းကာလ၌ စိတ် ၏ နီဝရဏအညစ်အကြေးများ သန့်ရှင်းလာသောအခါ ဝင်သက်လေ-ထွက်သက်လေတို့ကား ထင်ရှားလာကြ ကုန်၏။ ထိုသို့ ဝင်သက်လေ-ထွက်သက်လေတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်ရှားလာကြကုန်သော အခါ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဖြေးဖြေးနှေးနှေး ရေတွက်ခြင်းဟူသော စပါးခြင်သမား၏ ရေတွက်နည်းကို ပယ်စွန့်လိုက်၍ လျင်လျင်မြန်မြန် ရေတွက်ခြင်းဟူသော နွားကျောင်းသား ရေတွက်နည်းဖြင့် ရေတွက်အပ်ပေသည်။
瑜伽行者刚开始作意、着手修习入出息念业处时,以数息法缓慢计数;由于用功之初心尚未清净,微细、柔和的入息与出息仍不清楚。后来,当心渐渐从诸盖(nīvaraṇa)的垢染中清净时,入息与出息便会清楚显现。等它们在瑜伽行者的智中清楚显现时,他就应舍弃量谷者的慢数法,改用牧牛者的快数法。
လိမ္မာကျွမ်းကျင်သော နွားကျောင်းသားသည် ကျောက်စရစ် စသည်တို့ကို ခါးပိုက်ဖြင့် ယူဆောင်၍ ကြိုးနှင်တံ (= ကြာပွတ်) လက်စွဲလျက် စောစောစီးစီးကပင်လျှင် နွားခြံသို့ သွား၍ နွားတို့ကို ကျောက်ကုန်း၌ ပုတ်ခတ်၍ နွားခြံဝ တံခါးကျည်ကို လျှိုရာလှည့်ရာတိုင်၏ အထက်၌ နေလျက် ခြံတံခါးဝသို့ ရောက်လာတိုင်း ရောက်လာတိုင်းသော နွားကိုသာလျှင် တစ်-နှစ် ဤသို့ စသည်ဖြင့် ဆို၍ ကျောက်ခဲကို ပစ်၍ ပစ်၍ ရေတွက်၏။
熟练的牧牛者把小石子等装在腰袋里,手持赶牛鞭,一早便来到牛栏;他拍打牛背,坐在牛栏门的横闩上,每当一头牛到达门口,便说“一、二”等,并为每头牛投下一颗石子来计数。
ညဥ့်သုံးယာမ်ပတ်လုံး ကျဥ်းမြောင်းသော နေရာ၌ ဆင်းဆင်းရဲရဲ နေထိုင်ရသော နွားအပေါင်းသည် နွားခြံမှ ထွက်လတ် ထွက်လတ်သော် အချင်းချင်း တိုးဝှေ့ထိပါးလျက် ခပ်မြန်မြန် အစုလိုက် အပြုံလိုက်ဖြစ်၍ ထွက်လာ၏။
牛群整整夜间三时都在狭窄之处难受地待着,一出牛栏,便彼此推挤,迅速成群涌出。
ထိုနွားကျောင်းသားသည် ခပ်မြန်မြန်ပင် - ၁-၂-၃-၄-၅။ ပ ။ ၁ဝ-ဟု ရေတွက်၏။
牧牛者便迅速地数:“1、2、3、4、5……10。”
ဤဥပမာအတူပင်လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ဝင်သက်လေ-ထွက်သက်လေတို့ကို ခပ်မြန်မြန် ရေ တွက်အပ်၏။ ရှေးဖြစ်သော နှေးနှေးရေတွက်သော စပါးခြင်သမား ရေတွက်နည်းဖြင့် သို့မဟုတ် ရှေးဖြစ်သော ခပ်မြန်မြန် ရေတွက်ရသော နွားကျောင်းသား ရေတွက်နည်းဖြင့် ဝင်သက်လေ-ထွက်သက်လေကို ရေတွက်၍ နေသော ဤယောဂါဝစရ ရဟန်းအားလည်း ဝင်သက်လေ-ထွက်သက်လေတို့သည် ထင်ရှားကုန်သည်ဖြစ်၍ လျင်လျင်မြန်မြန် အဖန်တလဲလဲ ဖြစ်ပေါ်၍ လာကြကုန်၏။ ထိုနောင် ဤယောဂါဝစရ ရဟန်းတော်သည် ဤ ဝင်သက်လေ-ထွက်သက်လေတို့သည် လျင်လျင်မြန်မြန် အဖန်တလဲလဲ ဖြစ်ပေါ်နေကြကုန်၏ဟုသိ၍ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း၏ အတွင်း၌လည်းကောင်း အပြင်၌လည်းကောင်း ဖြစ်ပေါ်နေသော ဝင်သက်လေ- ထွက်သက်လေကို အာရုံ မယူမူ၍ နှာခေါင်းဝသို့ ရောက်လာတိုင်း ရောက်လာတိုင်းသော ဝင်သက်လေ-ထွက် သက်လေကိုသာလျှင် အာရုံယူ၍ တစ်-နှစ်-သုံး-လေး-ငါး-ခြောက်-ဟူ၍လည်းကောင်း၊
同样,瑜伽行者也应迅速数入息、出息。无论这位瑜伽行比丘先前采用量谷者的慢数法,还是随后采用牧牛者的快数法,数着入息、出息时,入息与出息都会变得清楚,并迅速反复生起。此后,他了知入息与出息正迅速反复生起,就不取为所缘那些处在鼻端或上唇端之内、之外的入息与出息,而只取每次到达鼻孔处的入息、出息,迅速地数:“1、2、3、4、5、6”;或——
တစ်-နှစ်-သုံး-လေး-ငါး-ခြောက်-ခုနစ်-ဟူ၍လည်းကောင်း၊ တစ်-နှစ်-သုံး-လေး-ငါး-ခြောက်-ခုနစ်-ရှစ်-ဟူ၍လည်းကောင်း၊ တစ်-နှစ်-သုံး-လေး-ငါး-ခြောက်-ခုနစ်-ရှစ်-ကိုး-တစ်ဆယ်-ဟူ၍လည်းကောင်း ---- လျင်လျင်မြန်မြန် ရေတွက်ရမည်သာလျှင် ဖြစ်ပေသည်။
——“1、2、3、4、5、6、7”;或“1、2、3、4、5、6、7、8”;或“1、2、3、4、5、6、7、8、9、10”。应当如此迅速计数。
原书第 294 页
မှန်ပေသည် ---- ရေတွက်ခြင်းနှင့် ဆက်စပ်နေသော အာနာပါနကမ္မဋ္ဌာန်း၌ ရေတွက်ခြင်း၏ စွမ်းအား ကြောင့်သာလျှင် စိတ်သည် တည်ကြည်လာ၏။ ထိုးဝါး၏ ထောက်ပံ့ခြင်း၏ စွမ်းအားကြောင့် ရေစီး အလွန် သန်၍ ကြမ်းတမ်းသော ရေအယဥ်၌ လှေကို ရပ်တန့်ထားနိုင်သကဲ့သို့ မှတ်ပါ။ (ဝိသုဒ္ဓိ-၁-၂၇၁။)
诚然,在与计数相连的入出息念业处中,心正是借计数之力才得以安定。应知,这好比凭借撑篙的支撑力,可以让船停在水势极为湍急、猛烈的水流中。(《清净道论》1-271。)
ဘာဝနာပြည့်စုံအောင် ကျင့်နည်း
令修习圆满的方法
ဤသို့လျှင် လျင်လျင်မြန်မြန် ရေတွက်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား ဝင်သက်လေ-ထွက်သက်လေ ဟူသော အာနာပါနဿတိကမ္မဋ္ဌာန်းသည် အဆက်မပြတ် ဖြစ်နေသကဲ့သို့ ထင်လာ၏။
如此迅速计数时,对这位瑜伽行者而言,以入息与出息为所缘的入出息念业处,便显得仿佛连续不断。
〔မှတ်ချက် ---- ဤ၌ အဆက်မပြတ် ဖြစ်နေသည်ဟု မဆိုဘဲ အဆက်မပြတ်ဖြစ်နေသကဲ့သို့ဟု ဆိုခြင်းမှာ မုချအားဖြင့် အဆက်မပြတ်ဖြစ်ခြင်းဟူသည် ဌပနာအမည်ရသော အပ္ပနာစျာန်ဝီထိများ အတွင်း၌သာလျှင် ဖြစ်နိုင်သောကြောင့် ဆိုခြင်းဖြစ်သည်။ ဤရေတွက်ခြင်း ဂဏနာနည်းကို ကြိုးစားစဥ် အချိန်အခါ၌ ဝင်သက် လေ-ထွက်သက်လေကို ရှုနေသော ဘာဝနာစိတ်ကား ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်များအတွက် ကာမာဝစရ မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဥ်များသာ ဖြစ်၏။ ဤ၌ ဝင်သက်လေ-ထွက်သက်လေဟူသော ပညတ်ကို အာရုံယူနေသောကြောင့် ထိုဝီထိမှာ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ဇော (၇)ကြိမ် အနေဖြင့် ဖြစ်နေ၏။
〔注——这里不说“连续不断”,而说“显得仿佛连续不断”,是因为真正无间断的转起,只能发生在称为 ṭhapanā(安住)的安止禅心路之中。在采用数息法用功时,对于凡夫与有学,观照入息、出息的禅修之心,只是欲界大善意门速行心路的心相续。在这里,因为所取的所缘是称为入息、出息的概念,所以每一心路由1次意门转向与7次速行组成。
ယင်းမနောဒွါရဝီထိတို့၏ တစ်ခုနှင့် တစ်ခု အကြား၌ ဘဝင်စိတ်များ ခြားလျက် ရှိ၏။ ယင်းမနောဒွါရိက ဇောဝီထိ စိတ်အစဥ်တို့က ဝင်သက်လေ-ထွက်သက်လေကို အာရုံပြုကြသော်လည်း ယင်းဝီထိစိတ်များ အကြား အကြား၌ ဖြစ်သွားကြသော ဘဝင်စိတ်တို့က ဝင်သက်လေ-ထွက်သက်လေကို အာရုံမပြုဘဲ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နအခါ၌ ထင်ခဲ့သော မရဏာသန္နဇော၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်-ဂတိ နိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးကိုသာ အာရုံပြုနေ၏။ သို့အတွက် ဘဝင်စိတ်တို့က ဝင်သက် လေ-ထွက်သက်လေကို အာရုံ မယူကြသဖြင့် အဆက်မပြတ် ဖြစ်နေသည်ဟု မဆိုဘဲ အဆက်မပြတ် ဖြစ်နေ သကဲ့သို့ ထင်လာ၏ဟု ဆိုခြင်း ဖြစ်သည်။ ဘဝင်စိတ် အဖြစ်နည်း၍ ဝီထိစိတ် အဖြစ်များမှုကို ရည်ညွှန်း ထားသည်ဟု မှတ်ပါ။〕 ထိုနောင် ယောဂါဝစရပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းသည် အဆက်မပြတ် ဖြစ်နေ၏ဟု သိ၍ နှာသီးဝ၏ အတွင်း၌ လည်းကောင်း၊ အပြင်၌လည်းကောင်း လေကို မသိမ်းဆည်းမူ၍ အာရုံ မယူမူ၍ ရှေးဆိုအပ်ခဲ့ပြီးသော လျင်လျင်
这些意门心路彼此之间,隔着有分心。意门速行心路的心相续虽取入息、出息为所缘,但夹在各心路之间生起的有分心并不取入息、出息为所缘,而只会取过去世临终时所显现、曾作为临死速行所缘的业、业相、趣相三者之一。因此,由于有分心不取入息、出息为所缘,才不说“连续不断”,而说“显得仿佛连续不断”;这只是指有分心生起较少、心路心生起较多。〕此后,瑜伽行者了知业处显得仿佛连续,便不摄取、不取为所缘鼻孔内外的气息,只依前述快数法迅速——
မြန်မြန် ရေတွက်နည်းဖြင့်သာလျှင် လျင်လျင်မြန်မြန် ရေတွက်နေပါ။ မှန်ပေသည် - ထိရာဌာနမှ လွန်၍ အတွင်းသို့ ဝင်သွားသောလေနှင့် အတူတကွ စိတ်ကို ထိရာဌာနကို လွန်၍ သွင်းသွားသော ယောဂါဝစရပုဂ္ဂိုလ်အား အတွင်း ၌ လေတိုက်ခတ်ခံနေရသကဲ့သို့လည်းကောင်း၊ အဆီဖြင့် ပြည့်နှက်နေသကဲ့သို့လည်းကောင်း ဖြစ်နေတတ်၏။
——数下去。诚然,若瑜伽行者使心越过接触处,随着向内进入的息一起进入内在,就会仿佛在体内受风吹袭,或仿佛体内充满脂肪。
ထိရာဌာနကို လွန်၍ အပသို့ ထွက်သွားသောလေနှင့် အတူတကွ စိတ်ကို အပြင်အပသို့ ထိရာဌာနကိုလွန်၍ ထုတ်ဆောင်သွားသော ယောဂါဝစရပုဂ္ဂိုလ်အား လေသွားရာနောက်သို့ အစဥ်တစိုက် လိုက်နေခြင်းကို အဦးမူ သဖြင့် အပြင်ဗဟိဒ္ဓအာရုံအမျိုးမျိုး၌ စိတ်သည် ပျံ့လွင့်နေတတ်၏။ ဝင်သက်လေ-ထွက်သက်လေ၏ ထိရာ ထိရာ ဌာန၌သာလျှင် သတိကိုထား၍ ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်အားသာလျှင် အာနာပါနဿတိ ဘာဝနာသည် ပြီးစီးပြည့်စုံနိုင်ပေသည်။ သို့အတွက် ဝင်သက်လေ-ထွက်သက်လေ၏ ထိရာဌာန၏ အတွင်း၌ လည်းကောင်း၊ အပြင်၌လည်းကောင်း လေကို မသိမ်းဆည်းမူ၍ အာရုံမပြုမူ၍ ရှေးနည်းအတိုင်းသာလျှင် လျင်လျင်မြန်မြန် ရေတွက်ပါဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ (ဝိသုဒ္ဓိ-၁-၂၇၁။)
若瑜伽行者使心越过接触处,随着向外出去的息一起移向外界,心就会由于一味追随气息的路线,而散逸于种种外在所缘。只有把念安住在入息、出息每次所触之处而修习的瑜伽行者,入出息念的修习才能圆满。因此,论中才解释:不要摄取、不要取为所缘接触处以内或以外的气息,只应依前述方法迅速计数。(《清净道论》1-271。)
原书第 295 页
အာနာပါနဿတိသမာဓိပိုင်း အဘယ်မျှကြာအောင် ရေတွက်ရမှာလဲ?
应计数多久?
အဘယ်မျှလောက် ကြာမြင့်စွာ ဤဝင်သက်လေ-ထွက်သက်လေ အပေါင်းကို ရေတွက်အပ်ပါသနည်း ဟူမူ ---- အကြင်မျှလောက်သော ကာလပတ်လုံး ရေတွက်ခြင်း ဂဏနာနည်းနှင့် ကင်း၍ ဝင်သက်လေ-ထွက် သက်လေ အာရုံ၌ သတိသည် ကောင်းစွာ တည်နေ၏၊ ထိုမျှလောက်သော ကာလပတ်လုံး ရေတွက်နေပါ။
若问:“这一连串入息、出息应当数多久?”答:应当一直数到即使不再采用数息法,念也能稳固地安住于入息、出息所缘为止。
အကြောင်းကား ---- ဝင်သက်လေ-ထွက်သက်လေမှ တစ်ပါးသော ပြင်ပအာရုံအမျိုးမျိုး၌ ပျံ့လွင့်သော ကြံစည် စိတ်ကူးမှု ဝိတက်ကို ဖြတ်တောက်လျက် ဝင်သက်လေ-ထွက်သက်လေအာရုံ၌ သတိကို ကောင်းစွာ တည်စေ ခြင်း အကျိုးငှာသာလျှင် ရည်ရွယ်၍ ရေတွက်ခြင်း ဂဏနာနည်းကို ပြုလုပ်နေသောကြောင့်ပင် ဖြစ်သည်။
这是因为,采用数息法,唯一的目的就是截断散逸于入息、出息以外种种外在所缘的寻思(vitakka),使念稳固地安住于入息、出息所缘。
(ဝိသုဒ္ဓိ-၁-၂၇၁။)
(《清净道论》1-271。)
ရေတွက်ခြင်း ဂဏနာနည်းဖြင့် ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ သတိ ကောင်းစွာ တည်နေသော အခါ သတိမြဲနေသောအခါ ပါဠိတော်၌ လာရှိသော အာနာပါနပထမစတုက္ကတွင် အကျုံးဝင်သော အရှည်- အတို ကျင့်စဥ်ကို ဆက်လက် အားထုတ်ရမည် ဖြစ်သည်။
当借数息法使念稳固于入息、出息所缘以后,就应继续修习巴利圣典所说、摄于入出息念第一组四法中的长息、短息行法。