第四禅的八种德相
入出息念定部分 · 原书第 502–509 页 · 70 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 502 页
စတုတ္ထစျာန်၏ ဂုဏ်အင်္ဂါ ရှစ်ပါး
第四禅的八种德相
သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော ဣဒံ ဒုက္ခန္တိ ယထာ- ဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ (မ-၁-၃၄၇။) ဤအထက်ပါ ပါဠိတော်ကား စတုတ္ထစျာန်သမာဓိမှ ဝိပဿနာသို့ ကူးပုံကို ဟောကြားထားတော်မူသော မဟာအဿပုရသုတ္တန်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။ ဤကဲ့သို့သော ဟောကြားချက်များသည် ပိဋကတော်၌ များစွာပင် လာရှိပေသည်။ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် စတုတ္ထစျာန်သမာဓိကို ဂုဏ်အင်္ဂါ ရှစ်တန်နှင့် ပြည့်ဝစုံလင်အောင် ရှေးဦးစွာ ကြိုးပမ်းရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်ပင် ဖြစ်ပါသည်။
巴利《大马邑经》(Mahāa“当他的心如此等持、遍净、明净光耀、无垢、离随烦恼、柔软、堪任、安住、至不动时,他令心倾向漏尽智。他如实了知:‘这是苦。’如实了知:‘这是苦之集。’如实了知:‘这是苦之灭。’如实了知:‘这是通往苦灭的行道。’”(《中部》1-347。)以上巴利经文摘自《大马邑经》,开示从第四禅定转入观修的方法。像这样的教说,在三藏中还有许多。为了如实了知四圣谛,首先应努力使第四禅定圆满具足这八种德相;这正是佛陀的教导。
ယင်းဂုဏ်အင်္ဂါတို့ကို တစ်ခုစီ တစ်ခုစီ ရှေးဦးစွာ ကြိုတင်၍ ရှင်းလင်းတင်ပြအပ်ပါသည်။ (ဝိသုဒ္ဓိ-၂-၅။ ဝိ-ဋ္ဌ- ၁-၁၂၇။) စသည်တို့၌လာသော အဖွင့်များနှင့် အညီတည်း။
下面先逐一说明这些德相;其义依《清净道论》2-5、《律藏义注》1-127等处的解释。
၁။ ပရိသုဒ္ဓ = စင်ကြယ်ခြင်း
一、parisuddha——遍净
ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်နေသော စတုတ္ထစျာန်သမာဓိဖြင့် ကောင်းစွာ တည်ကြည်သော ရူပါဝစရစိတ်သည် ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်သန့်ရှင်းသဖြင့် ထက်ဝန်းကျင် စင်ကြယ် လျက် ရှိ၏။ ဤ၌ ဥပေက္ခာဟူသည် တတြမဇ္ဈတ္တတာစေတသိက်တည်း။ ဤ တတြမဇ္ဈတ္တတာစေတသိက်သည် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တွန့်ဆုတ်ခြင်း ပျင်းရိခြင်း တက်ကြွ လွန်းခြင်း ပျံ့လွင့်ခြင်း စသည့် တစ်ဘက်စွန်းသို့ မရောက်အောင် အလယ်အလတ် လျစ်လျူသဘော၌ ထားနိုင် သော စွမ်းအားရှိ၏။ ယင်းစေတသိက်ကိုပင် ယင်း ပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို အလယ်အလတ် လျစ်လျူသဘော၌ ထားနိုင်သောကြောင့် တတြမဇ္ဈတ္တုပေက္ခာဟု ခေါ်ဆို၏။ ယင်း တတြမဇ္ဈတ္တုပေက္ခာကြောင့် ယင်းပဋိဘာဂနိမိတ်အာရုံကို သိမ်းဆည်းတတ်သော သတိလည်း အထူးစင်ကြယ်လာ၏။ ယင်းဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်သန့်ရှင်းသဖြင့် စတုတ္ထစျာန်စိတ်သည်လည်း ထက်ဝန်းကျင် စင်ကြယ်လျက်
在瑜伽行者的相续中,由第四禅定善加等持的色界心,因为由舍所成办的念之清净,而周遍清净。这里所谓舍,就是中舍性心所。对于入出息似相等似相所缘,这一中舍性心所有力量使修习心不落入退缩、懈怠、过度昂扬、散乱等任何一端,而安置于平等中正的中舍状态。正因它能在似相所缘上使修习心保持平等中正,才称为“中舍性之舍”。由于这种中舍性之舍,把握该似相所缘的念也格外清净。由于这种舍成办了念的清净,第四禅心也周遍清净——
ပင် ရှိ၏။ သတိသာ စင်ကြယ်သည် မဟုတ်၊ စင်စစ်မှာမူ သမ္ပယုတ်တရားအားလုံးလည်း စင်ကြယ်လျက်ပင် ရှိ၏။ သတိကို အဦးမူသဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူခြင်း ဖြစ်သည်။ (ဝိသုဒ္ဓိ-၁-၁၆၃။)
——而住。事实上,不只是念清净,一切相应法也都清净;教说只是以念为首而宣说。(《清净道论》1-163。)
၂။ ပရိယောဒါတ = ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ရှိခြင်း
二、pariyodāta——明净光耀
ပရိသုဒ္ဓတ္တာယေဝ ပရိယောဒါတေ ပဘဿရေတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ-၂-၅။ ဝိ-ဋ္ဌ-၁-၁၂၇။) ထိုသို့ ထက်ဝန်းကျင် စင်ကြယ်သောကြောင့်ပင်လျှင် ပွတ်တိုက်ထားအပ်သော လှော်ဦးသစ်စ ရွှေစင်ပမာ ထက်ဝန်းကျင် ဖြူစင်လျက် ရှိ၏။ ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်သော အရောင်ရှိ၏ဟု ဆိုလိုပေသည်။
“正因为遍净,所以说它明净而光耀。”(《清净道论》2-5;《律藏义注》1-127。)也就是说,因为如此周遍清净,它便如刚刚炼净并打磨过的纯金一样,周遍洁净,具有灿然闪耀的光辉。
(ဤဖွင့်ဆိုချက်များအရ စတုတ္ထစျာန်သမာဓိ၌ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း ရှိသည်ဟု မှတ်သားထားပါ။)
(依这些解释,应当记住:第四禅定具有灿然闪耀的光明。)
原书第 503 页
၃။ အနင်္ဂဏ = လောဘ-ဒေါသ အညစ်အကြေး ကင်းခြင်း
三、anaṅgaṇa——无垢,远离贪、瞋之垢
လောဘ၏ အကြောင်းဖြစ်သော သုခ သောမနဿ ဝေဒနာ ခံစားချက်တို့ကိုလည်းကောင်း၊ ဒေါသ၏ အကြောင်းဖြစ်သော ဒုက္ခ ဒေါမနဿ ဝေဒနာခံစားချက်တို့ကိုလည်းကောင်း ဝိက္ခမ္ဘနပဟာန်အားဖြင့် ပယ်ခွာ ထားပြီး ဖြစ်ရကား လောဘ ဒေါသတည်းဟူသော စိတ်၏ အညစ်အကြေးတို့မှလည်း ကင်းဝေးလျက် ရှိ၏။
由于已经以镇伏断的方式,舍离能成为贪之因的乐受、悦受,也舍离能成为瞋之因的苦受、忧受,所以第四禅心也远离贪、瞋这些心之垢。
၄။ ဝိဂတူပက္ကိလေသ = ဥပက္ကိလေသ အညစ်အကြေး ကင်းခြင်း
四、vigatūpakkilesa——离随烦恼
ရာဂ ဒေါသကို ဝိက္ခမ္ဘနပဟာန်အားဖြင့် ပယ်ခွာထားပြီးဖြစ်လျှင် ရာဂဒေါသနှင့် ယှဥ်တွဲလျက် ရှိသော ကိလေသာတရားစုကိုလည်း ပယ်ခွာပြီးပင် ဖြစ်၏။ ရာဂ ဒေါသ စသည်တို့သည် စိတ်၏ အညစ်အကြေးများ မစင်ကြယ်သော တရားများ ဖြစ်ခြင်းကြောင့် ယင်း ရာဂ ဒေါသတို့ကို အင်္ဂဏတို့ဟူ၍ ခေါ်ဆိုအပ်ကုန်သကဲ့သို့ အလားတူပင် စိတ်ကိုကပ်၍ ညစ်နွမ်းစေတတ်သောကြောင့် ဥပက္ကိလေသတို့ဟူ၍လည်း ခေါ်ဆိုအပ်ကုန်၏။
贪、瞋既已由镇伏断而舍离,与贪、瞋相伴的烦恼法聚也就已经舍离。贪、瞋等是不清净、能成为心之污垢的法,因此称为“垢”;同样,因为它们黏附于心、令心染污,所以也称为“随烦恼”。
ထိုသို့ စိတ်၏ အညစ်အကြေး ကြေးညှော် အင်္ဂဏတို့မှ ကင်းဝေးသောကြောင့်ပင် စိတ်ကို ညစ်နွမ်းစေတတ်သော နှိပ်စက်တတ်သော ဥပက္ကိလေသတရားတို့မှလည်း ကင်းစင်လျက်ရှိ၏။ မှန်ပေသည် ---- ရာဂ ဒေါသ စသော ကိလေသာ အင်္ဂဏသည် စိတ်ကို ပူပန်စေအပ် နှိပ်စက်အပ်၏။ (ဝိသုဒ္ဓိ-၂-၅။ မဟာဋီ-၂-၆-၇။)
正因为如此远离心的污垢、尘垢,它也远离能染污、逼迫心的随烦恼。确实,贪、瞋等烦恼之垢会使心灼热并受逼迫。(《清净道论》2-5;《大复注》2-6—7。)
၅။ မုဒုဘူတ = နူးညံ့ခြင်း
五、mudubhūta——柔软
စတုတ္ထစျာန်သမာပတ်ကို ဝသီဘော်ငါးတန်တို့ဖြင့် အဝါးဝစွာ လေ့လာနိုင်နင်းသည်၏ အဖြစ်သို့ ရောက် စေခြင်းဖြင့် ကောင်းစွာ ပွားများထားပြီး ဖြစ်ရကား - အလိုအကြိုက်သို့ လိုက်ပါနိုင်လောက်အောင်ပင် ကောင်းစွာ ကြိတ်နယ်ထားပြီးသော သားရေကဲ့သို့လည်းကောင်း၊ ကောင်းစွာ အပြေအပြစ် ပြုအပ်ပြီးသော ချိပ်တုံးကဲ့သို့ လည်းကောင်း စိတ်အစဥ်သည် နူးညံ့လျက် ရှိ၏။ ဤ၌ ကောင်းစွာ ပွားစေအပ်၏ဟူသည် စတုတ္ထစျာန်သမာဓိ ကို အထပ်ထပ် ဝင်စားခြင်းပင်တည်း။ အထပ်ထပ် နယ်ထားအပ်သော သားရေသည် နုလာသကဲ့သို့ နူးညံ့ ပျော့ပျောင်းလာသကဲ့သို့ ဤစတုတ္ထစျာန်စိတ်သည်လည်း အထပ်ထပ် စျာန်ဝင်စားမှုဟူသော သုဘာဝိတကြောင့် နူးညံ့လာ၏၊ ထိုသို့နူးညံ့လာသည်ကိုပင် ဝသီဘာဝပတ္တ = ဝသီဘော်သို့ ရောက်ပြီဟု ဆိုလိုသည်။ မှန်ပေသည် မိမိ၏ အလိုအကြိုက်၌ အလိုက်သင့် ဆွဲဆောင်၍ရသော အလိုအတိုင်း ဖြစ်နေသော စိတ်ကို နူးညံ့၏ဟု ဆိုအပ်
由于已经使第四禅等至达到五自在、熟练掌握,并由此善加修习,心相续便柔软得能随顺所欲,如同经过充分揉炼、能随意使用的皮革,又如妥善调制过的封蜡块。这里所谓“善加修习”,就是反复进入第四禅定。皮革反复揉炼便逐渐柔软;同样,第四禅心也由于反复入禅这一善修而变得柔软。这样的柔软,正表示“已达自在”——已经达到自在。确实,能够依自己的意愿随顺牵引、如愿而转的心,被称为——
ပေသည်။ (ဝိသုဒ္ဓိ-၂-၅။ မဟာဋီ-၂-၇ - ကြည့်။)
——“柔软”。(参见《清净道论》2-5;《大复注》2-7。)
၆။ ကမ္မနိယ = ဘာဝနာမှု၌ ခံ့ညားမှု ရှိခြင်း
六、kammaniya——堪任修习之事
လှော်ပြီး ဦးပြီးဖြစ်၍ နူးညံ့သော ရွှေစင် ရွှေကောင်းသည် ပုတီး နားဍောင်း လက်ကောက် စသော အလို ရှိရာ အဆင်းတန်ဆာကို ပြုလုပ်ဖို့ရန် ဆွဲတိုင်းထင် ငင်တိုင်းရ လွယ်ကူကောင်းမွန်လှသကဲ့သို့ ကိလေသာ အညစ် အကြေး ကင်း၍ သန့်ရှင်းသော စိတ်သည်လည်း နူးညံ့နေသောကြောင့်ပင် အဘိညာဏ်အမှု ဝိပဿနာဘာဝနာ အမှု စသော ထိုထိုဘာဝနာ အမှုကိစ္စ အဝဝတို့ကို လှလှကြီး ပြီးစီးစေနိုင်ဖို့ရန် ကောင်းမွန် လွယ်ကူလျက် ရှိ၏။
经过炼净、加工而柔软的上等纯金,很容易依所欲拉伸、塑造成项链、耳环、手镯等各种饰物;同样,远离烦恼垢染而清净的心,正因为柔软,所以堪任而易于圆满完成神通智、观修等各种修习事务。
တဉ္စ ဥဘယမ္ပိ သုဘာဝိတတ္တာယေဝါတိ။ (ဝိသုဒ္ဓိ-၂-၅။ ဝိ-ဋ္ဌ-၁-၁၂၇။) ထို မုဒုဘူတ = နူးညံ့မှု၊ ကမ္မနိယ = ထိုထို ဘာဝနာအမှု၌ ခံ့ညားမှု - ဤနှစ်မျိုးလုံးသည်ကား ယင်းစတုတ္ထ စျာန်သမာဓိစိတ်ကို ဝသီဘော်ငါးတန်တို့ဖြင့် အဝါးဝစွာ လေ့လာနိုင်နင်းသည်၏ အဖြစ်သို့ ရောက်စေခြင်းဖြင့် ကောင်းစွာ ပွားများထားပြီးသောကြောင့်သာလျှင် ဖြစ်ပေါ်လာရသည်ဟု မှတ်ပါ။
“而这两者,也正是由于善加修习才得以成就。”(《清净道论》2-5;《律藏义注》1-127。)应当记住:mudubhūta——柔软,与kammaniya——堪任各种修习事务,这两者都只是因为第四禅定心已经经由五自在而得到熟练掌握、善加修习,才得以生起。
原书第 504 页
နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ ဘာဝိတံ ဗဟုလီကတံ မုဒုဉ္စ ဟောတိ ကမ္မ- နိယဉ္စ၊ ယထယိဒံ ဘိက္ခဝေ စိတ္တံ။ (အံ-၁-၄။) ရဟန်းတို့ …ဝသီဘော်သို့ ရောက်အောင် ပွားများထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့ အလာ ပြုအပ်ပြီးသော ဤစိတ်သည် နူးညံ့သည်လည်း ဖြစ်သကဲ့သို့၊ ဘာဝနာအမှု ပြုခြင်းငှာ သင့်လျော်လွယ်ကူ သည်လည်း ဖြစ်သကဲ့သို့ ဤအတူ နူးညံ့သည်လည်းဖြစ်သော ဘာဝနာအမှု ပြုခြင်းငှာ သင့်လျော် လွယ်ကူ သည်လည်းဖြစ်သော အခြားတစ်စုံတစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ (အံ-၁-၄။)
“诸比丘,我未见任何其他一法,像这颗如此修习、反复多作的心一样,既柔软,又堪任。”(《增支部》1-4。)也就是说,这颗已经修习至自在、反复练习的心既柔软,又适合承担修习事务;佛陀未见任何其他一法能像它一样柔软而堪任。
၇။ ဌိတ = တည်တံ့မှု ရှိခြင်း
七、ṭhita——安住
ဆိုအပ်ခဲ့ပြီးသော ထက်ဝန်းကျင် ဖြူစင်ခြင်း (= ပရိသုဒ္ဓ)စသော ဂုဏ်သတ္တိများ ကင်းကွာ၍ မသွားအောင် ပျက်မသွားအောင် ကောင်းစွာ ပွားများလေ့လာအပ်ပြီး ဖြစ်သောကြောင့် စိတ်အစဥ်သည် ထက်ဝန်းကျင် စင် ကြယ်မှု ရှိခြင်း (= ပရိသုဒ္ဓ) စသော ဂုဏ်တို့၌ လျော့ရဲရဲ မဟုတ်၊ ကြံ့ကြံ့ခိုင်ကျည် တည်တံ့လျက် ရှိပေ၏။
因为已经善加修习,使上述遍净等德相不会离去、不会坏失,所以心相续在遍净等德相中并不松弛,而是坚固、稳定地安住。
ထိုတည်တံ့သော စတုတ္ထစျာန်သမာဓိစိတ်ကိုပင် ဌိတဟု ဆိုလိုသည်။
正是这颗稳定安住的第四禅定心,称为ṭhita——安住。
၈။ အာနေဉ္ဇပ္ပတ္တ = မတုန်လှုပ်ခြင်းသို့ ရောက်ရှိခြင်း
八、āneñjappatta——至不动
ထိုသို့ ကြံ့ကြံ့ခိုင်ကျည် တည်တံ့သောကြောင့်ပင်လျှင် တုန်လှုပ်ခြင်း အလျှင်း မရှိပေ။ ထိုသို့ တည်တံ့ နေသည့်အတွက် ပျက်ဖို့ မဆိုထားဘိ လှုပ်လှုပ်ရှားရှားပင် မရှိအောင် ငြိမ်သက်နေသော စိတ်ဟု ဆိုလိုသည်။
正因为如此坚固、稳定地安住,心就全无动摇。也就是说,它既已如此安住,便不只是不会坏失,甚至连轻微摇动也没有,寂静不动。
မြဲမြံစွာတည်သော စတုတ္ထစျာန်စိတ်ကိုပင် ဌိတဟူ၍လည်းကောင်း အာနေဉ္ဇပ္ပတ္တ ဟူ၍လည်းကောင်း ဤဒေသ နာတော်၌ ဟောကြားတော်မူအပ်၏ ဟူလို။
这段教说正是把同一颗坚固安住的第四禅心,既称为ṭhita——安住,也称为āneñjappatta——至不动。
တစ်နည်းအားဖြင့် ---- ဌိတ၊ အာနေဉ္ဇပ္ပတ္တ - ပုဒ်တို့၏ အဓိပ္ပါယ်ကို အဋ္ဌကထာ (ဝိသုဒ္ဓိ-၂-၅-၆။) ၌ အောက်ပါအတိုင်း ထပ်မံ ဖွင့်ဆိုထားပြန်၏။
另一方面,《清净道论》义注(2-5—6)又如下解释ṭhita与āneñjappatta二词的意思。
၇။ ဌိတ = တည်တံ့မှု ရှိခြင်း
七、ṭhita——安住
မုဒု = နူးညံ့ခြင်း၊ ကမ္မနိယ = အလိုရှိရာ အဘိညာဏ် ဝိပဿနာစသော ထိုထို ဘာဝနာအမှု ကိစ္စအဝဝ တို့ကို လှလှကြီး ပြီးစေနိုင်ဖို့ရန် ကောင်းစွာ လွယ်ကူလျက် ရှိခြင်းကြောင့် စိတ်အစဥ်သည် မိမိ၏ အလိုအတိုင်း တည်တံ့နေပေ၏။ (ဝိသုဒ္ဓိ-၂-၅။) မိမိ၏ အလို၌ တည်သည်ကို = ဝသီဘော်သို့ ရောက်နေသည်ကို ဌိတ = တည်တံ့၏ဟု ဆိုလို၏။ ရှေးနည်း ၌ ---- ဝသေ ဝတ္တမာနံ ဟိ စိတ္တံ မုဒုန္တိ ဝုစ္စတိ = မိမိ၏ အလိုအကြိုက်၌ အလိုက်သင့် ဆွဲဆောင်၍ ရသော အလိုအတိုင်း ဖြစ်နေသော စိတ်ကို နူးညံ့၏ဟု ခေါ်ဆိုအပ်ပေ၏ - ဟူသော စကားရပ်ဖြင့်လည်း ဝသီဘော်သို့ ရောက်သော စတုတ္ထစျာန်စိတ်ကိုပင် မုဒု = နူးညံ့၏ဟု ပြခဲ့၏။ မုဒုဖြစ်ခြင်းကြောင့် ထိုထိုဘာဝနာမှု၌ ခံ့ညားမှု = ကမ္မနိယဖြစ်ပုံကိုလည်း ပြခဲ့၏။ သို့ဖြစ်လျှင် မုဒု ကမ္မည အဖြစ်ကို ဝသီဘော်သို့ ရောက်ခြင်းဖြင့် မှတ်သား အပ်သကဲ့သို့ ဝသီဘော်သို့ ရောက်သဖြင့် ဌိတ = တည်တံ့မှု ဖြစ်နေခြင်းကိုလည်း မုဒုဖြစ်မှု ကမ္မညဖြစ်မှုဖြင့်
由于mudu——柔软,以及kammaniya——能如愿而易于圆满完成神通智、观修等各种修习事务,心相续便能依自己的意愿安住。(《清净道论》2-5。)所谓依自己的意愿安住,也就是已经达到自在;这就称为ṭhita—“能够依自己的意愿随顺而转的心,称为柔软。”由这句话可知,达到自在的同一颗第四禅心被说明为mudu——柔软;又由于柔软,它便在各种修习事务上kammaniya——堪任。因此,正如由达到自在而标示其柔软与堪任,也以柔软、堪任来——
မှတ်သား၍ ပြ၏၊ အပြန်အလှန် မှတ်သားအပ်၏ဟု ဆိုလိုသည်။ အကြောင်းတရားဖြင့် အကျိုးတရားကို ထုတ် ဆောင်ပြသကဲ့သို့ အလားတူပင် အကျိုးတရားဖြင့်လည်း အကြောင်းတရားကို ထုတ်ဆောင်ပြအပ်၏။ ထိုကြောင့် တုန်လှုပ်ခြင်း ကင်းသည်၏ အဖြစ်ဖြင့် မြဲမြံစွာ တည်တံ့ခြင်းသည် အာနေဉ္ဇပ္ပတ္တ မည်၏။ (မဟာဋီ-၂-၇။)
——标示并说明:由于达到自在,心便处于ṭhita——安住的状态。也就是说,应当如此相互推知。犹如由因法显示果法,同样也由果法显示因法。因此,以远离动摇而坚固安住,称为āneñjappatta——至不动。(《大复注》2-7。)
原书第 505 页
၈။ အာနေဉ္ဇပ္ပတ္တ = တုန်လှုပ်မှု မရှိခြင်း
八、āneñjappatta——至不动
ယင်းသို့ ကြံ့ကြံ့ခိုင်ကျည် တည်တံ့နေသော အာနေဉ္ဇပ္ပတ္တ အမည်ရသော ထို စတုတ္ထစျာန် သမာဓိနှင့် ယှဥ်သော စိတ်အစဥ်သည်လည်း သမ္ပယုတ်တရားတို့၌ ခိုင်မြဲမှုရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း၊ ဆန့်ကျင် ဘက်ဖြစ်သော တရားတို့သည် မတုန်လှုပ်စေအပ် မတုန်လှုပ်စေနိုင်သည်၏ အဖြစ်ဖြင့်လည်းကောင်း ဖြစ်လျက် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ သြဘာသဂတ (= အလင်းဓာတ်) ဟူသော ခွန်အားကြီး ခြောက်ရပ်၊ ဗလ ခြောက်တန်တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ဖြစ်ပေါ်လာရ၏။ ယင်းခွန်အားကြီး ခြောက်ရပ် ဗလ ခြောက်တန်တို့၏ စွမ်းအားရှိန်စော် အာနုဘော်က ကြီးမားလှသဖြင့် မသဒ္ဓါခြင်း၊ ပျင်းရိခြင်း၊ မေ့လျော့ခြင်း၊ ပျံ့လွင့်ခြင်း၊ အမှန်ကို မသိခြင်း = အမှားကို သိခြင်း = အသိမှားခြင်း၊ ကိလေသာ အမှောင်ကျခြင်း - စသည့် ဆန့်ကျင်ဘက်တရားတို့ကြောင့် တုန်လှုပ်ခြင်းသည် အလျှင်းပင် မရှိပေ၊ မသဒ္ဓါခြင်း စသည်တို့သည် စိတ်အစဥ်၌
与这般坚固安住、名为āneñjappatta——至不动的第四禅定相应的心相续,由于在诸相应法中坚固,又不为相违法所动摇、不能被相违法动摇,便依信、精进、念、定、慧、具光明〔即光明之力〕这六种大力——六力——的威势而生起。这六力的威势极其强大,所以不信、懈怠、忘失、散乱、不知真实〔即认假为真、错误地知〕以及烦恼黑暗等相违法,丝毫不能令它动摇。不信等相违法,在心相续中——
အငွေ့အသက်မျှပင် မဝင်ရောက်နိုင်ကြကုန်။ ထင်ရှားစေအံ့ ---- (က) ဤသို့ ဝသီဘော်သို့ ရောက်အောင် ကောင်းစွာပွားများထားအပ်သော ထိုစတုတ္ထစျာန်စိတ်သည် စင်စစ် အားဖြင့် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်ကုန်သော အဘိညာဏ်တရား၊ သစ္စာလေးပါးတရား စသည် တို့ကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုခြင်းငှာ ဖြစ်ပါပေ၏ဟု ဤသို့ ဖြစ်ပေါ်လာသော ယုံကြည်ချက် သဒ္ဓါ တရားဖြင့် သိမ်းဆည်းထားအပ်သော ဆိုအပ်ခဲ့ပြီးသော သဒ္ဓါခွန်အား သဒ္ဓါဗိုလ်ဖြင့်ထောက်ပံ့ထားအပ်သော စိတ်သည် ထိုသဒ္ဓါတရား၏ ဆန့်ကျင်ဘက်ဖြစ်သော မယုံကြည်ခြင်း အဿဒ္ဓိယ ဟူသော အကြောင်းကြောင့် မတုန်လှုပ်ပေ။ အမှန်စင်စစ်အားဖြင့်မူ အထက်အထက်ဖြစ်သော တရားထူး တရားမြတ်ကို ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးသည်၏ အဖြစ်ဖြင့်သာလျှင် တည်နေပေ၏။
——连一丝气息都无法渗入。具体说明如下:(甲)这颗已经善加修习至五自在的第四禅心,确实能够以殊胜智现证应由殊胜智现证的神通法、四圣谛等法。由此生起的确信之信摄持着它,上述强大的信与信力支助着它,所以这颗心不会因与信相反的不信而动摇。事实上,它只会安住于能够成办更上、更殊胜之法的状态。
(ခ) ဝီရိယသည် သိမ်းဆည်းထားအပ်သော = ဝသီဘော်သို့ ရောက်စေခြင်း၊ စိတ်ကို ဆုံးမခြင်းတို့ကို ပြီးစီး စေတတ်သော ဝီရိယခွန်အားကြီးသည် ထောက်ပံ့ထားအပ်သော စိတ်သည် ပျင်းရိသူ ဖြစ်ကြောင်း ဖြစ်ရာ အကုသိုလ် စိတ္တုပ္ပါဒ်ဟူသော ကောသဇ္ဇကြောင့် မတုန်လှုပ်ပေ။
(乙)由精进摄持——也就是由能令第四禅达到五自在、又能完成调御其心这两项工作的强大精进所支助——的心,不会因作为懒惰者之因、属于不善心生起的懈怠而动摇。
(ဂ) သတိသည် သိမ်းဆည်းထားအပ်သော = ဆိုအပ်ခဲ့ပြီးသော စတုတ္ထစျာန်သမာဓိဘာဝနာကို အကြိမ်များစွာ ပြုခြင်း၌ မမေ့ပျောက်ခြင်းကို ပြီးစီးစေတတ်သည်လည်းဖြစ်သော၊ ကုသိုလ်တရားတို့၏ ဖြစ်ခြင်း အလားတို့ကို ကောင်းစွာ အဖန်တလဲလဲ ရှာမှီးတတ်သည်လည်း ဖြစ်သော၊ ရှုဆင်ခြင်တတ်သည်လည်းဖြစ်သော သတိခွန်အား ကြီးသည် ထောက်ပံ့ထားအပ်သော စိတ်သည် ဘာဝနာမှုစသည့် ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း (= ပမာဒ) ကြောင့် မတုန်လှုပ်ပေ။
(丙)由念摄持——也就是由这样一种强大的念所支助:它能令人在反复修习上述第四禅定时不忘失,又能反复善加寻察诸善法生起的趋向,并能观照审察——的心,不会因在修习等善法上忘失、放逸而动摇。
(ဃ) သမာဓိသည် သိမ်းဆည်းအပ်သော = ထို အာနာပါနဿတိသမာဓိဘာဝနာကို ကြိမ်ဖန်များစွာ ပွားများ အားထုတ်ခြင်း၌သာလျှင် စိတ်မပျံ့လွင့်ခြင်းကို ပြီးစီးစေတတ်သော ဘာဝနာအာရုံ၌ စိတ်ကို ကောင်းစွာ ထား တတ်သော တည်ကြည်သော သမာဓိသည် ထောက်ပံ့ထားအပ်သော စိတ်သည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စကြောင့် မတုန်လှုပ်ပေ။
(丁)由定摄持——也就是由这样一种稳定的定所支助:它能令心在反复培育入出息念定时不散乱,并把心善置于修习所缘——的心,不会因掉举散乱而动摇。
(င) ပညာသည် သိမ်းဆည်းအပ်သော = ထို အာနာပါနဿတိသမာဓိဘာဝနာအားသာလျှင် ကျေးဇူးပြု တတ်သော တရား ကျေးဇူးမပြုတတ်သော တရားတို့ကို ကွဲကွဲပြားပြား သိခြင်း လက္ခဏာရှိသော ပညာသည် ထောက်ပံ့ထားအပ်သော စိတ်သည် ဉာဏ်၏ ဆန့်ကျင်ဘက် အဝိဇ္ဇာ (= မောဟ) ကြောင့် မတုန်လှုပ်ပေ။
(戊)由慧摄持——也就是由这样一种慧所支助:它以清楚辨别哪些法有益于入出息念定修习、哪些法无益为特相——的心,不会因与智相反的无明〔即痴〕而动摇。
(စ) သြဘာသဂတံ ကိလေသန္ဓကာရေန န ဣဉ္ဇတိ။ (ဝိသုဒ္ဓိ-၂-၆။)
“具足光明的心,不因烦恼之暗而动摇。”(《清净道论》2-6。)
原书第 506 页
သြဘာသဂတန္တိ ဉာဏောဘာသသဟဂတံ။ သြဘာသဘူတေန ဟိ ယထာဝုတ္တသမာဓာနသံဝဒ္ဓိတေန ဉာဏေန သံကိလေသပက္ခံ ယာထာဝတော ပဿန္တော တတော ဥတြသန္တော သြတ္တပ္ပန္တော တံ အဓိဘဝတိ၊ န တေန အဘိဘူယတိ။ တေနာဟ ''ကိလေသန္ဓကာရေန န ဣဉ္ဇတီ''တိ။ ဧတေန ဉာဏပရိဂ္ဂဟိတံ ဟိရောတ္တပ္ပ- ဗလံ ဒဿေတိ။ (မဟာဋီ-၂-၈။) (စ) ဉာဏ်အရောင်အလင်းနှင့် အတူတကွသော ဖြစ်ပေါ်လာသော စတုတ္ထစျာန်သမာဓိသည် ကိလေသာ တည်းဟူသော အမိုက်မှောင်ကြောင့် တုန်လှုပ်မှု မရှိပေ။ မှန်ပေသည် -- သစ္စာလေးပါး အမှန်တရားကို ထင်ရှား သိအောင် ထွန်းပြခြင်း သြဘာသန ကိစ္စရှိသော အရောင်အလင်းနှင့် အတူတကွဖြစ်သော ဆိုအပ်ခဲ့တိုင်းသော စိတ်တည်ကြည်မှု သမာဓိဖြင့် ကောင်းစွာ ပွားစေအပ်သော ဉာဏ်ဖြင့် စိတ်အစဥ်ကို ညစ်နွမ်းစေတတ်သော သံကိလေသတရား အဖို့အစုကို ဟုတ်တိုင်းမှန်စွာ သိမြင်သည်ဖြစ်၍ ထို သံကိလေသတရားအပေါင်းမှ ထိတ် လန့်လျက် ကြောက်ရွံ့လျက် ထိုသံကိလေသ တရားအပေါင်းကို လွှမ်းမိုး၏။ ထိုသံကိလေသတရားအပေါင်းက
“所谓‘具光明’,是与智光相俱。确实,他以由上述等持所培育、成为光明的智,如实观见杂染一方;于是对它惊惧、心怀惭愧,战胜它,而不被它战胜。因此说:‘不因烦恼的黑暗而动摇。’由此显示由智摄持的惭愧力。”(己)与智光相俱而生的第四禅定,不因名为烦恼的黑暗而动摇。确实,以由上述定善加培育、又与具有照明四谛真相之作用的光明相俱的智,如实知见能使心相续染污的杂染法一方;因而对一切杂染法惊惧、畏惧,并战胜它们。一切杂染法——
အရောင်အလင်းနှင့် အတူတကွ ဖြစ်သော ဉာဏ်နှင့်ယှဥ်သော ထိုစတုတ္ထစျာန်သမာဓိကို မလွှမ်းမိုးအပ်။ ထိုကြောင့် ''ဉာဏ်အရောင်အလင်းနှင့် အတူတကွသော ဖြစ်ပေါ်လာသော စတုတ္ထစျာန်သမာဓိသည် ကိလေသာတည်း ဟူသော အမိုက်မှောင်ကြောင့် တုန်လှုပ်မှု မရှိ''ဟု အဋ္ဌကထာ မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ ဤစကားရပ်ဖြင့် ဉာဏ်သည် သိမ်းဆည်းထားအပ်သော ထောက်ပံ့ထားအပ်သော ဟိရီ သြတ္တပ္ပတည်းဟူသော ခွန်အားကို ထင်ရှား ပြတော်မူ၏။ (ဝိသုဒ္ဓိ-၂-၆။ မဟာဋီ-၂-၈။) ဤ (၁) သဒ္ဓါ၊ (၂) ဝီရိယ၊ (၃) သတိ၊ (၄) သမာဓိ၊ (၅) ပညာ၊ (၆) သြဘာသဂတ = အလင်းဓာတ်စွမ်းအား = ဟိရီ သြတ္တပ္ပဗလ ဟူသော တရားခြောက်ပါးတို့သည် ထက်ဝန်းကျင် ပိုင်းခြားယူအပ် သိမ်းဆည်းအပ် ထောက် ပံ့အပ်သော စိတ်သည် အာနေဉ္ဇပ္ပတ္တ = မတုန်လှုပ်သည်၏ အဖြစ်သို့ ရောက်သည် မည်ပေသည်။
——不能压倒这一与光明相俱、与智相应的第四禅定。因此,义注说:“与智光相俱而生的第四禅定,不因名为烦恼的黑暗而动摇。”这段话显示由智摄持并支持的惭愧之力。(《清净道论》2-6;《大复注》2-8。)由(1)信、(2)精进、(3)念、(4)定、(5)慧、(6)သြဘာသဂတ(具光明)=光明之力=ဟိရီ သြတ္တပ္ပဗလ(惭愧力)这六法周遍摄持、守护并支持的心,便称为达到အာနေဉ္ဇပ္ပတ္တ(至不动)的状态。
ဤနည်း၌ သမာဟိတ = စတုတ္ထစျာန်သမာဓိ၏ တည်ကြည်မှုကို အင်္ဂါရပ်တစ်ခုအဖြစ် မယူဘဲ ဌိတနှင့် အာနေဉ္ဇပ္ပတ္တတို့ကို အင်္ဂါတစ်ခုစီ ခွဲ၍ အင်္ဂါရှစ်ပါး ရေတွက်ပြထား၏။ သမာဟိတကို အင်္ဂါတစ်ခုအဖြစ် သတ် မှတ်၍ ဌိတနှင့် အာနေဉ္ဇပ္ပတ္တတို့ကို အင်္ဂါတစ်ခုတည်းအဖြစ် ယူ၍ အင်္ဂါရှစ်ပါး တစ်နည်း ဖွင့်ဆိုထားတော်မူ ပြန်၏။
在这一解释中,不把သမာဟိတ(等持,即第四禅定的安定)算作一个德相,而把ဌိတ(安住)与အာနေဉ္ဇပ္ပတ္တ(至不动)各自分开,因而数为八种德相。另有一种解释,则把သမာဟိတ算作一个德相,并把ဌိတ与အာနေဉ္ဇပ္ပတ္တ合为一个德相,同样解释为八种德相。
တစ်နည်း ဂုဏ်အင်္ဂါ ရှစ်ပါး
另一说的八种德相
၁။ သမာဟိတ ---- စိတ်အစဥ်သည် စတုတ္ထစျာန်သမာဓိဖြင့် ကောင်းစွာ တည်ကြည်လျက် ရှိ၏။
1.သမာဟိတ(等持)——心相续由第四禅定而善安定。
၂။ ပရိသုဒ္ဓ ---- နီဝရဏ အညစ်အကြေးတို့မှ အဝေးကြီး ဝေးကွာသဖြင့် စိတ်အစဥ်သည် ရှေ့နောက်ဝန်းကျင် စင်ကြယ်လျက် ရှိ၏။
2.ပရိသုဒ္ဓ(遍净)——由于远远离开诸盖垢染,心相续前后周遍清净。
၃။ ပရိယောဒါတ ---- စိတ်ကို တုန်လှုပ်ချောက်ချားစေတတ်သော ဝိတက် ဝိစာရ ပီတိ သုခဟူသော ရုန့်ရင်း သော စျာန်အင်္ဂါတရားတို့ကို ကောင်းစွာ ကျော်လွှား လွန်မြောက်လာပြီး ဖြစ်သဖြင့် စိတ်အစဥ်သည် ပြိုးပြိုး ပြက်ပြက် အရောင်တလက်လက် ထွက်လျက် သန့်ရှင်းကြည်လင်နေ၏။
3.ပရိယောဒါတ(明净光耀)——由于已经善加超越寻、伺、喜、乐这些能使心动摇震荡的粗重禅支,心相续光辉闪耀、清净明澈。
〔မှတ်ချက် ---- ဤနည်း၌ စိတ်ကို ညစ်နွမ်းအောင် ပြုတတ်သော နီဝရဏတို့မှ စင်ကြယ်ခြင်းကို ပရိသုဒ္ဓ ဟုလည်းကောင်း၊ စိတ်ကို လှုပ်ရှားစေတတ်သော ဝိတက် ဝိစာရနှင့် စိတ်ကို ပေါ်လွင်အောင် ပြုတတ်သော ပီတိ၊ ချမ်းသာသည့် အာရုံကို နှလုံးသွင်းတတ် ခံစားတတ်သော သုခတို့မှ စင်ကြယ်ခြင်းကို ပရိယောဒါတ ဟုလည်းကောင်း ဆိုသည်။ ပထမစျာန်သည် နီဝရဏတို့မှ ဝေးကွာမှသာလျှင် ရနိုင်သည် မှန်သော်လည်း ပထမစျာန်၏ နီဝရဏတို့မှ ဝေးကွာခြင်းသည် ဤစတုတ္ထစျာန်လောက် မဝေးကွာတတ်ပေ။ ထို့အတူ ဒုတိယ
〔注——在这一解释中,远离能染污心的诸盖,称为ပရိသုဒ္ဓ(遍净);远离能使心动摇的寻、伺,能使心显扬的喜,以及能对安乐所缘作意并加以感受的乐,称为ပရိယောဒါတ(明净光耀)。初禅确实只有远离诸盖才能证得,但初禅远离诸盖的程度不如第四禅。同样,第二——
原书第 507 页
အာနာပါနဿတိသမာဓိပိုင်း စျာန်သည် ဝိတက် ဝိစာရတို့မှ တတိယစျာန်သည် ပီတိမှ ကင်းသော်လည်း ဤစတုတ္ထစျာန်လောက် မလွတ် ကင်းတတ်ချေ။ ထိုကြောင့် ဤစတုတ္ထစျာန်ကိုသာ ပရိသုဒ္ဓ ပရိယောဒါတဟု ဖွင့်ဆိုခြင်း ဖြစ်သည်။
——禅虽已远离寻、伺,第三禅虽已远离喜,但远离这些法的程度仍不如第四禅。因此,唯有第四禅被解释为ပရိသုဒ္ဓ(遍净)、ပရိယောဒါတ(明净光耀)。
(မဟာဋီ-၂-၈။)〕
(《大复注》2-8。)〕
၄။ အနင်္ဂဏ ---- စျာန်ကို ရခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာတတ်သော ယုတ်မာသော အလိုအားဖြင့် သက်ဝင်ကုန်သော မာန မာယာ သာဌေယျ စသည့် အကုသိုလ် အညစ်အကြေးတို့၏ မရှိခြင်းကြောင့် အကုသိုလ် အညစ်အကြေးတို့မှ ကင်းဝေးလျက် ရှိ၏။ (ဝိသုဒ္ဓိ-၂-၆။) စျာန်ရမှုကို အကြောင်းပြု၍ မိမိကိုယ်ကို မိမိ အထင်ကြီးတတ်သော မာနတစ်မျိုး ဖြစ်တတ်သေး၏။
4.အနင်္ဂဏ(无垢)——由于不存在那些以证得禅那为缘而生、受卑劣欲支配的慢、诳、虚伪等不善垢染,因此远离不善垢染。(《清净道论》2-6。)即使因证得禅那,也还可能生起一种自高自大的慢。
''မြတ်စွာဘုရားသည် ပရိသတ်အလယ်၌ တရားတော်ကို ဟောကြားတော်မူရာဝယ် -- ရဟန်း …ဤတရားကို သင်ချစ်သားသည် မည်သို့ ထင်မြင်ယူဆပါသလဲ -- စသည်ဖြင့် ငါ့ကိုသာ မေး၍ မေး၍ တရားတော်ကို ဟော ကြားတော်မူလျှင် ကောင်းလေစွ'' - ဟု မာနပါသော အလိုဆန္ဒတစ်မျိုး ဖြစ်တတ်သေး၏။ ထင်ရှားရှိနေသော အပြစ်ကို ဖုံးထားလိုသော မာယာလည်း ဖြစ်တတ်၏၊ မရှိသောဂုဏ်ကို ရှိဟန်ဆောင်တတ်သော သာဌေယျ လည်း ဖြစ်တတ်၏။ ထို မာန မာယာ သာဌေယျတရားအပေါင်းသည် ပါပက ဣစ္ဆာဝစရ မည်၏၊ ယုတ်မာသော အလိုဆိုးများတည်း။ ဤတရားတို့ကား နီဝရဏတို့လောက် မကြမ်းတမ်းသော်လည်း စိတ်အစဥ်ကို ညစ်နွမ်း စေအောင် ပြုလုပ်တတ်၍ အင်္ဂဏ-ဟု ခေါ်ဆိုအပ်သော အနုစား အကုသိုလ်များတည်း။
还可能生起一种夹带慢心的欲望:“世尊在大众中说法时,若总是只问我:‘比丘……贤子,你对此法有何看法?’等等,并只以问我来开示佛法,那该多好!”还可能生起想要遮掩明显过失的မာယာ(诳),也可能生起把没有的功德装作有的သာဌေယျ(虚伪)。所有这些慢、诳、虚伪之法,都称为ပါပက ဣစ္ဆာဝစရ(受卑劣欲支配),即卑劣的恶欲。这些法虽不像诸盖那样粗重,却能染污心相续,故是称为အင်္ဂဏ(垢)的微细不善法。
(မဟာဋီ-၂-၈-၉ - ကြည့်။)
(参见《大复注》2-8—9。)
၅။ ဝိဂတူပက္ကိလေသ = အဘိဇ္ဈာစသော စိတ်ညစ်ညူးကြောင်း ဥပက္ကိလေသ တရားတို့မှလည်း ကင်းလျက် ရှိ၏။ (အဘိဇ္ဈာဟူသည် လောဘတည်း၊ လိုလားတပ်မက်မှု တစ်မျိုးတည်း။ ထိုလောဘသည် ကာမစ္ဆန္ဒနီဝရဏ အဖြစ်သို့ မရောက်သော မိမိစျာန်ကို မိမိနှစ်သက်မှု လောဘအနုစားတည်း။ ပထမစျာန်ဖြင့် မပယ်ခွာနိုင်သော လောဘ အနုစားမျိုးတည်း။ အဘိဇ္ဈာစသော ဟူသော စကားဝယ် ''စသော''ဟူသော စကားဖြင့် အနုစား မာန မာယာ သာဌေယျ စသည်တို့ကိုပင် ယူပါ။ မဟာဋီ-၂-၈-၉။) ၆။ မုဒုဘူတ ---- ဝသီဘော်ငါးဖြာ လေ့လာနိုင်နင်းပြီး ဖြစ်သောကြောင့် နူးညံ့လျက် ရှိပေ၏။
5.ဝိဂတူပက္ကိလေသ(离随烦恼)——也远离贪求等能使心染污的随烦恼法。〔အဘိဇ္ဈာ(贪求)就是贪,是一种欲求贪著。这种贪尚未达到欲贪盖的程度,只是喜爱自己所证禅那的微细贪;它是初禅不能舍离的一类微细贪。“贪求等”中的“等”,还包括微细的慢、诳、虚伪等。(《大复注》2-8—9。)〕6.မုဒုဘူတ(柔软)——由于五自在已经练习纯熟,故而柔软。
၇။ ကမ္မနိယ ---- ဣဒ္ဓိအမျိုးမျိုး၏ အခြေခံအဖြစ်သို့ ရောက်နေသဖြင့် အလိုတော်ရှိရာ တရားနှင့် ဆိုင်သော ဘာဝနာအမှုတို့ကို ပြုလုပ်ရန် ကောင်းမွန် လွယ်ကူလျက် ရှိပေ၏။
7.ကမ္မနိယ(堪任)——由于已经成为各种神通的基础,故适于且容易执行任何所欲的、与法有关的修习事务。
၈။ ဌိတ - အာနေဉ္ဇပ္ပတ္တ ---- အဘိညာဏ်၏ အာရုံ သို့မဟုတ် ဝိပဿနာအာရုံစသော အလိုရှိရာ အာရုံသို့ ဘာဝနာစိတ်ကို ရှေးရှုဆောင်ခြင်းငှာ အခြေခံဖြစ်သော စတုတ္ထစျာန်သမာဓိ ဘာဝနာမှု၏ ပြည့်စုံလုံလောက် နေသဖြင့်၊ ဤထက်အလွန် စတုတ္ထစျာန်သမာဓိကို ပြုဖွယ်လုပ်ငန်းကိစ္စ၏ မရှိသည်၏အစွမ်းဖြင့် သမ္မာသမ္ဗောဓိ ဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ သာဝကဗောဓိဉာဏ်ဟူသော တစ်ခုခုသော ဗောဓိဉာဏ်သို့ရောက်အောင် ရှေးရှု သယ်ဆောင်တတ်သော ပါရမီတရားအပေါင်းဟူသော အဘိနီဟာရအား အခန့်သင့်ဖြစ်နေသော သမာဓိ ဘာဝနာ၏ ပြည့်စုံပြီး ဖြစ်နေသည့်အတွက် ယင်းစတုတ္ထစျာန်သမာဓိကို ရှေ့ဆက်မည့် ဘာဝနာလုပ်ငန်းခွင်ဝယ် ပဓာန = ပြဓာန်းသည်၏ အဖြစ်သို့ ဆောင်အပ်ပြီးရကား ယင်းသမာဓိသည် မြတ်သော အနက်သဘော မရောင့် ရဲသည်ကို ပြုတတ်သော အနက်သဘောကြောင့် မွန်မြတ်သည်၏အဖြစ်သို့ ကပ်ရောက်နေသဖြင့် တုန်လှုပ်မှု မရှိရကား ကြံ့ကြံ့ခိုင်ကျည် တည်တံ့နေ၏။ (ဣဒ္ဓိဝိဓစသော ထိုထိုအဘိညာဏ်ဘက်သို့ စိတ်ကို စေလွှတ်ခြင်း
8.ဌိတ-အာနေဉ္ဇပ္ပတ္တ(安住而至不动)——第四禅定的修习已经充分圆满,能作为把修习心导向所欲所缘——例如神通智所缘或观所缘——的基础;第四禅定再没有更进一步需要完成的定修事务;并且,这一定修已经圆满,足以配合အဘိနီဟာရ(胜愿)——即能引向正等觉智、独觉智、声闻觉智中任何一种觉智的诸波罗蜜。因此,它在此后修习的领域中被确立为ပဓာန(主导)。此定具有胜妙而令人不自满之义,趋入殊胜,又因不动摇而坚固安住。〔它为了把心导向各种神通智,例如神变智等——
ငှာလည်း အခန့်သင့် ဖြစ်နေ၏။ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဘက်သို့ စိတ်ကို စေလွှတ်ခြင်းငှာလည်း အခန့်သင့် ဖြစ်နေ၏။ ယင်းသို့ အခန့်သင့် ဖြစ်နေသော စတုတ္ထစျာန်သမာဓိ ဘာဝနာကို အဘိနီဟာရက္ခမ ဘာဝနာဟု ခေါ်ဆို၏။ ယင်း အဘိနီဟာရက္ခမဘာဝနာ၏ ပြည့်စုံပြီး ဖြစ်နေသည့်အတွက် ယင်း စတုတ္ထစျာန်
——已经处于适宜状态;为了把心导向观智、道智、果智,也已处于适宜状态。以这种方式堪任引导的第四禅定修习,称为အဘိနီဟာရက္ခမ ဘာဝနာ(堪任引导的修习)。由于这种堪任引导的修习已经圆满,该第四禅——
原书第 508 页
သမာဓိဘာဝနာသည် ထိုထို သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းခွင်တို့၌ ပြဓာန်းလျက်ရှိ၏။ ယင်းသမာဓိသည် မြတ်လည်းမြတ်၏၊ မရောင့်ရဲမှုကိုလည်း ပြုတတ်၏။ မည်မျှဝင်စားစေကာမူ တင်းတိမ်သည် ရောင့်ရဲသည်ဟူ၍ မရှိ။ ထိုကြောင့် မွန်မြတ်သည်၏ အဖြစ်သို့ ကပ်ရောက်လျက် ရှိ၏။ ယင်းသို့လျှင် ဤစတုတ္ထစျာန်သမာဓိသည် အဘိနီဟာရက္ခမဘာဝနာဖြစ်၍ ထက်ဝန်းကျင် ပြည့်စုံရကား မွန်မြတ်သည်၏ အဖြစ်သို့ ကပ်ရောက်နေသဖြင့် မတုန်လှုပ်သည်၏ အဖြစ်သို့ ရောက်ရှိနေသောကြောင့် ကြံ့ကြံ့ခိုင်ကျည် တည်နေ၏ ဟူလိုသည်။)
——定的修习在种种止、观修习事务中处于主导地位。此定既殊胜,也能使人不自满;无论入定多久,都不会觉得满足、已足。因此,它趋入胜妙。总之,第四禅定是已经周遍圆满的堪任引导之修习;它趋入胜妙,至不动,因而坚固安住。〕
(ဝိသုဒ္ဓိ-၂-၆။ မဟာဋီ-၂-၉။)
(《清净道论》2-6;《大复注》2-9。)
ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော စတုတ္ထစျာန်သမာဓိကား ဣဒ္ဓိဝိဓ (= တန်ခိုးဖန်ဆင်းခြင်း) စသော အဘိ ညာဏ် ဘာဝနာမှု၊ ဝိပဿနာဘာဝနာမှု စသော ထိုထို ဘာဝနာအမှုသို့ ဘာဝနာစိတ်ကို ရှေးရှုဆောင်ယူခြင်းငှာ ခံ့ညားလျက် အသင့်ဖြစ်လျက် ရှိပေသည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဝိပဿနာဉာဏ်ဖြင့် မျက်မှောက်ပြု၍ သိရမည့်တရားတို့ကို ဝိပဿနာဉာဏ်ဖြင့် မျက်မှောက်ပြု၍ သိဖို့ရန် အသင်ယောဂီသူတော် ကောင်း၏ ဘာဝနာစိတ်အစဥ်ကို ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဘက်သို့ ရှေးရှုဆောင်ယူလိုက်ပါက ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံဖြစ်သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟူသော ရုပ်+နာမ်+ကြောင်း+ကျိုး = သင်္ခါရ တရားတို့ကို လွယ်ကူစွာပင် သိရှိလာနိုင်မည် ဖြစ်ပေသည်။ အကြောင်းကား စတုတ္ထစျာန်သမာဓိသည် ထိုထို အဘိနီဟာရအား ခံ့ညားလျက် ရှိသောကြောင့် ဖြစ်၏။
具足这八种德相的第四禅定,堪任而准备充分,能够把修习心导向神变等神通修习、观修等各种修习事务。若贤善瑜伽行者为了以观智现前知见那些应由观智现前知见的法,而把自己的修习心导向观智所观的所缘,那么作为观智所缘、称为苦谛与集谛的色+名+因+果诸行法,便能轻易知见。这是因为第四禅定堪任于这些种种引导。
သမ္မာသမ္ဗောဓိဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ သာဝကဗောဓိဉာဏ်ဟူသော မိမိတို့ ရည်ရွယ်တောင့်တသည့် ထိုထိုဗောဓိဉာဏ်သို့ ရောက်ကြောင်း ပါရမီတရားအပေါင်းတို့တွင်လည်း ဤ အဘိညာဏ် ဘာဝနာမှု ဝိပဿနာ ဘာဝနာမှုများလည်း အကျုံးဝင်လျက်ပင် ရှိပေသည်။
在通向他们所发愿希求的正等觉智、独觉智或声闻觉智的诸波罗蜜中,也同样包含这些神通修习与观修。
ဤကား စတုတ္ထစျာန်၏ ဂုဏ်အင်္ဂါ ရှစ်ရပ်တို့နှင့် ပတ်သက်၍ ရှင်းလင်းချက်များပင် ဖြစ်ပေသည်။ ဤ ရှင်းလင်းချက်များနှင့် အညီ အထက်စာမျက်နှာ (၅ဝ၂)တွင် ဖော်ပြထားခဲ့သော ---- သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ။ ပ ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ ဟူသော ပါဠိတော်ကို အတိုချုပ်၍ ဘာသာပြန်ဆိုခဲ့သော် ဤသို့ ဖြစ်၏။
以上就是关于第四禅八种德相的说明。依照这些说明,前面第5“他在心如此等持、遍净时……如实了知:‘这是通往苦灭的行道。’”——若作简译,便如下。
ထို စတုတ္ထစျာန်ကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ တည်ကြည်သော စတုတ္ထစျာန်စိတ်သည် ၁။ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ထိုထိုပဋိဘာဂနိမိတ်အာရုံ၌ စိတ်ကို အညီအမျှ ကောင်းစွာ ထား တတ်သော တတြမဇ္ဈတ္တတာစေတသိက်ဟူသော ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်သန့်ရှင်း သဖြင့် ထက်ဝန်းကျင် စင်ကြယ်လတ်ပြီးသော်၊ ၂။ ထက်ဝန်းကျင် စင်ကြယ်သည်၏ အဖြစ်ကြောင့်ပင်လျှင် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်ရှိလတ်သော်၊ ၃။ ရာဂ၏အကြောင်းဖြစ်သော သုခ သောမနဿ ဝေဒနာ၊ ဒေါသ၏ အကြောင်းဖြစ်သော ဒုက္ခ ဒေါမနဿ ဝေဒနာတို့ကို ခပ်ကြာကြာ ခွာထားသောအားဖြင့် ပယ်သတ်ခြင်းဟူသော ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်သတ်ထား သဖြင့် ဖျောက်အပ် ခွာအပ်ပြီးသော ရာဂ ဒေါသဟူသော အညစ်အကြေးရှိသည်၏ အဖြစ်ကြောင့် ရာဂ ဒေါသ ဟူသော အညစ်အကြေး မရှိလတ်သော်၊ ၄။ (ရာဂ ဒေါသ စသော ကိလေသာသည် စိတ်ကို ပူပန်စေအပ် နှိပ်စက်အပ်၏ ညစ်နွမ်းစေတတ်၏။) ရာဂ
已经证得第四禅的瑜伽行者,其如此等持的第四禅心若具备如下情形:1.由于舍——即称为中舍性心所、能使心平等善安置于入出息似相等各种似相所缘——所成办的念之清净,而遍净之后;2.又因遍净而明净光耀、灿然闪耀之后;3.以能使这些法长期远离的镇伏断,舍断作为贪之因的乐受、悦受,以及作为嗔之因的苦受、忧受,因而贪、嗔垢染已被去除、远离之后;4.〔贪、嗔等烦恼会使心热恼、受逼迫并染污。〕贪——
ဒေါသဟူသော ကိလေသာ အညစ်အကြေး မရှိ ကင်းစင်သည့် အဖြစ်ကြောင့်ပင်လျှင် ပူပန်စေတတ် နှိပ်စက် တတ်သော ကိလေသာ ကင်းပြီးလတ်သော်၊
——嗔这些烦恼垢染不存在、已经清净,因而远离能使心热恼、受逼迫的烦恼之后;
原书第 509 页
အာနာပါနဿတိသမာဓိပိုင်း ၅။ ကောင်းစွာ ပွားစေအပ် ပွားများ ထားအပ်ပြီးသည်၏ အဖြစ်ကြောင့်ပင်လျှင် နူးညံ့စွာ ဖြစ်၍ ဖြစ်ပြီး လတ်သော် (= ဝသီဘော်ငါးတန် နိုင်နင်းခြင်းသို့ ရောက်ပြီးလတ်သော်ဟု ဆိုလို၏။)၊ ၆။ နူးညံ့ပြီးသည်၏ အဖြစ်ကြောင့်ပင်လျှင် သစ္စာလေးပါးကို သိအောင် ကြိုးစားအားထုတ်ခြင်း စတုသစ္စ ကမ္မဋ္ဌာန်းဘာဝနာ စသော ထိုထိုဘာဝနာအမှု၌ ခံ့ညားပြီးလတ်သော် လျောက်ပတ်လတ်ပြီးသော်၊ (လှော်ပြီး ဦးပြီး ကြည်ပြီးသော ရွှေသည် ထိုထို ပုတီး နားဍောင်းစသော အမှု၌ အခန့်သင့် ဖြစ်နေသကဲ့သို့ နူးညံ့သော စိတ်သည် ထိုထို ဘာဝနာအမှု၌ အခန့်သင့် ဖြစ်နေ၏။ ထို မုဒု = နူးညံ့မှု၊ ကမ္မနိယံ = ဘာဝနာမှု၌ ခံ့ညားမှု - နှစ်ပါးသည်လည်း ယင်း စတုတ္ထစျာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းခြင်းသို့ ရောက်အောင် ကောင်းစွာ ပွားများထားအပ်ပြီးသောကြောင့်သာလျှင် ဖြစ်ပေါ်လာရပေသည်။)
5.又因已善加培育、充分修习而变得柔软之后〔意即五自在已经纯熟〕;6.又因柔软而对努力知见四谛的四谛业处修习等各种修习事务堪任、适宜之后〔如同已经炼净、锤薄、磨亮的金子适于制成念珠、耳饰等物,柔软的心也适于各种修习事务。မုဒု(柔软)与ကမ္မနိယံ(修习中堪任)这两项,也唯有因为第四禅定已善加修习至五自在纯熟,才得以生起〕;
၇။ စတုတ္ထစျာန်သမာဓိ၏ နူးညံ့ပျော့ပျောင်းမှု ဘာဝနာမှု၌ ခံ့ညားမှု ဖြစ်နေသဖြင့် မိမိအလို၌ (တစ်မိနစ် နှစ်မိနစ် နေလိုက တစ်မိနစ် နှစ်မိနစ်၊ တစ်နာရီ နှစ်နာရီ နေလိုက တစ်နာရီ နှစ်နာရီ ဤသို့ စသည်ဖြင့် မိမိ၏ အလို၌) တည်နေသည့်အတွက်ကြောင့် မိမိအလို၌ တည်လတ်ပြီးသော်၊ ၈။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေငါးပါးတို့သည် ထောက်ပံ့ထားအပ်သည်၏ အဖြစ်ကြောင့် မတုန်မလှုပ်သော အဖြစ်သို့ ရောက်လတ်သော် ---- ထိုရဟန်းသည် အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော အာသဝက္ခယ အမည်ရသော အရဟတ္တမဂ် ဉာဏ် အလို့ငှာ စိတ်ကို ရှေးရှုညွတ်စေ၏ = စိတ်ကို ရှေးရှုပို့ဆောင်၏၊ ထိုရဟန်းသည် ---- ၁။ ဤကား ဒုက္ခအရိယသစ္စာ တရားတည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏။
7.由于第四禅定柔软、在修习中堪任,能依自己的意愿安住〔想住一两分钟,便住一两分钟;想住一两小时,便住一两小时,等等〕,因而随欲安住之后;8.由于信、精进、念、定、慧这五根支持,至不动之后——那位比丘便为了အရဟတ္တမဂ် ဉာဏ်(阿罗汉道智)——它名为အာသဝက္ခယ(漏尽),是诸漏之穷尽——而使心趋向、导向;他如实了知:1.“这是苦圣谛。”
၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏။
2.他如实了知:“这是作为苦之因的集圣谛。”
၃။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏။
3.他如实了知:“这是作为苦止息之处的灭圣谛。”
၄။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဥ် (= မဂ္ဂအရိယသစ္စာ)တရားတည်းဟု ဟုတ်တိုင်း မှန်စွာ သိ၏။ (မ-၁-၃၄၇။) (ဝိသုဒ္ဓိ-၂-၅ အဖွင့်နှင့် အညီ ဘာသာပြန်ဆိုထားသည်။) ဤစတုတ္ထစျာန်သမာဓိကို အခြေခံ၍ ဝိပဿနာကူးလိုသော အသင်ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိ ထားပြီးသော စတုတ္ထစျာန်သမာဓိကို အထက်ပါ ဂုဏ်အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံလာအောင် ထုံမွမ်းပေးရမည် ဖြစ်ပေသည်။ ဝသီဘော်ငါးတန်သို့ရောက်အောင် ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပေးရမည်၊ ဣန္ဒြေ ငါးပါးတို့က ခိုင်ခံ့အောင် ထောက်ပံ့ထားသော စတုတ္ထစျာန်သမာဓိ ဖြစ်အောင် လေ့ကျင့်ပေးရမည်။ ပြိုးပြိုး ပြက် တလက်လက် တောက်ပလာသည့်တိုင်အောင် လေ့ကျင့်ပေးရမည်။ သို့မှသာလျှင် ဒုက္ခသစ္စာအမည်ရသည့် ခန္ဓာငါးပါး၊ သမုဒယသစ္စာ အမည်ရသည့် ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သိမ်းဆည်း
4.他如实了知:“这是通往苦灭涅槃的修行——道圣谛。”(《中部》1-347。)(依《清净道论》2-5的解释翻译。)想要以第四禅定为基础转入观修的贤善瑜伽行者,必须熏习自己已经证得的第四禅定,使之具足上述八种德相;必须训练至五自在、熟练掌握五自在;必须训练成由五根坚固支持的第四禅定;还必须训练到光辉闪耀、明亮灿然为止。只有这样,才能对称为苦谛的五蕴,以及称为集谛的因—果相续缘起法性,作摄取——
ခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းဟူသော ထိုထို ဘာဝနာမှု၌ ခံ့ညားလာမည်၊ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟူသော သင်္ခါရတရားတို့ကို နှလုံးသွင်းခြင်း ဝိပဿနာ ဘိနိဝေသ လုပ်ငန်းရပ်ကြီး အောင်မြင်လာမည်ဖြစ်သည်။ သို့မှသာလျှင် ယင်းသင်္ခါရတရားတို့ကို ဆက်လက်၍ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနိုင်မည် ဖြစ်ပေသည်။
——并以智辨别,而在这些修习事务中达到堪任;以这些作为观智所观的所缘——即苦谛与集谛诸行法——作意的观修入手(vipassanābhinivesa)这一重要事务,才会成功。只有这样,才能继续以这些诸行法为所缘,修习毗婆舍那业处。
ယင်းစတုတ္ထစျာန်၏ ဂုဏ်အင်္ဂါတို့တွင် အမှတ် (၂) ဖြစ်သည့် ပရိယောဒါတ = ပြိုးပြိုးပြက် တလက်လက် တောက်ပလတ်သော် - ဟူသော အချက်နှင့် ပတ်သက်၍ ဤတွင် ဆက်လက်၍ ဆွေးနွေးတင်ပြအပ်ပါသည်။
在上述第四禅诸德相中,关于编号(2)的“ပရိယောဒါတ=明净光耀,即光辉闪耀、明亮灿然”这一点,下面将在此继续讨论。