十种安止善巧(上)
入出息念定部分 · 原书第 357–383 页 · 222 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 357 页
အပ္ပနာကောသလဒ တရား (၁ဝ) ပါး
十种安止善巧
ဤသို့ ကျင့်ပါသော်ငြားလည်း အပ္ပနာစျာန်သည် မဖြစ်ခဲ့တုံငြားအံ့၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဆယ်မျိုး သော အပ္ပနာ၌ လိမ္မာသောသူ၏ အဖြစ်တည်းဟူသော အပ္ပနာကောသလဒဉာဏ်ကို ပြီးစီး ပြည့်စုံစေအပ်ပေသည်။
即便如此修习,倘若安止禅仍未生起,这位瑜伽行者也应圆满成就所谓“善巧于十种安止”的安止善巧智。
၁။ ဝတ္ထုဝိသဒကိရိယ = အတွင်းအပဝတ္ထုတို့ကို သန့်ရှင်းအောင် ပြုခြင်း၊ ၂။ ဣန္ဒြိယသမတ္တပဋိပါဒန = ဣန္ဒြေညီမျှအောင် ကျင့်ခြင်း ပြီးစေခြင်း၊ ၃။ နိမိတ္တကုသလ = နိမိတ်၌ ကျွမ်းကျင်လိမ္မာခြင်း၊ ၄။ စိတ်ကို ချီးမြှောက်သင့်ရာ အခါ၌ စိတ်ကို ချီးမြှောက်ခြင်း၊ ၅။ စိတ်ကို နှိပ်ကွပ်သင့်ရာ အခါ၌ စိတ်ကို နှိပ်ကွပ်ခြင်း၊ ၆။ စိတ်ကို ရွှင်လန်းစေသင့်ရာအခါ၌ စိတ်ကို ရွှင်လန်းစေခြင်း၊ ၇။ စိတ်ကို လျစ်လျူရှုသင့်ရာအခါ၌ စိတ်ကို လျစ်လျူရှုခြင်း၊ ၈။ သမာဓိ မရှိသော သမာဓိကင်းသော ပုဂ္ဂိုလ်ကို ရှောင်ခြင်း၊ ၉။ သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း၊ ၁ဝ။ ထိုအပ္ပနာစျာန်သမာဓိကို နှလုံးသွင်း ညွတ်ယိမ်းကိုင်းရှိုင်းသော စိတ်ဓာတ်ရှိခြင်း ---- ဤ (၁ဝ)ပါးကို ပြည့်စုံအောင် ကြိုးစားအားထုတ်ခြင်းဖြင့် အပ္ပနာကောသလဒဉာဏ်ကို ပြီးစီးပြည့်စုံစေအပ်၏။
1.ဝတ္ထုဝိသဒကိရိယ:使内外事物清净;2.ဣန္ဒြိယသမတ္တပဋိပါဒန:成就诸根平衡;3.နိမိတ္တကုသလ:善巧于禅相;4.应提升心时提升心;5.应抑制心时抑制心;6.应使心欢悦时使心欢悦;7.应对心保持舍时对心保持舍;8.远离无定之人;9.亲近有定之人;10.具有倾向、趋向并归向安止禅定的心。通过努力圆满这十项,应当圆满成就安止善巧智。
၁။ ဝတ္ထုကို သန့်ရှင်းအောင် ပြုခြင်း
1.使事物清净
အတွင်းအပဖြစ်သော ဝတ္ထုတို့ကို သန့်ရှင်းအောင် ပြုလုပ်ခြင်းသည် ဝတ္ထုဝိသဒကိရိယ မည်၏။ အကြင် အခါ၌ ယောဂါဝစရပုဂ္ဂိုလ်၏ ဆံပင် ခြေသည်း လက်သည်း မုတ်ဆိတ် ကျင်စွယ် စသည်တို့သည် ရှည်နေကုန်၏၊ ခန္ဓာကိုယ်သည်လည်း ချွေးအညစ်အကြေး စွန်းငြိကပ်လိမ်းလျက် ရှိ၏၊ ထိုအခါ၌ အတွင်းအဇ္ဈတ္တိကဝတ္ထုသည် မသန့်ရှင်း မစင်ကြယ်သည် မည်၏။ အကြင်အခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အဝတ်သင်္ကန်းသည် ဆွေးမြည့်နေ၏၊ ညစ်နွမ်းနေ၏၊ မကောင်းသော အနံ့ရှိနေ၏၊ ကျောင်းအိပ်ရာ နေရာသည်မူလည်း အမှိုက်သရိုက် ထူပြောနေ၏၊ ထိုအခါ၌ အပြင်အပဝတ္ထုသည် မသန့်ရှင်း မစင်ကြယ်သည် မည်၏။ အတွင်းအပဖြစ်သော ဝတ္ထုသည် မသန့်ရှင်း မစင်ကြယ်သည် ရှိသော် မသန့်ရှင်း မစင်ကြယ်သော ဝတ္ထုကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စိတ်စေတ သိက်တို့၌ အကျုံးဝင်သော ဉာဏ်သည်လည်း မစင်မကြယ် ဖြစ်လာတတ်၏။ မစင်ကြယ်ကုန်သော ဆီမီးခွက်၊
清洁内外事物,称为“使事物清净”(ဝတ္ထုဝိသဒကိရိယ)。当瑜伽行者的头发、脚趾甲、手指甲、胡须、髭须等过长,身体又沾满汗垢时,便称内在事物不清净。当他的衣服、袈裟破旧污秽并有恶臭,寺院、卧具与住处又垃圾遍布时,便称外在事物不清净。内外事物若不清净,以这些不清净事物为所缘而生起的心与心所中所含摄的慧,也往往变得不清净。应当这样理解:犹如依止不清净的灯盏、
ဆီမီးစာ၊ ဆီတို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော ဆီမီးလျှံ၏ အရောင်သည်လည်း မစင်ကြယ်၏သို့ မှတ်ပါ။
灯芯和灯油所生的灯焰,其光色也不清净。
မစင်ကြယ်သော ဉာဏ်ဖြင့် သင်္ခါရတရားတို့ကို သုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်အား သင်္ခါရတရားတို့သည် လည်း မထင်မရှား ဖြစ်တတ်ကုန်၏။ အာနာပါနကဲ့သို့သော သမထကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါ ဝစရပုဂ္ဂိုလ်အား သမထကမ္မဋ္ဌာန်းသည်လည်း ---- ၁။ စျာန်အင်္ဂါများ ထင်ရှားသောအားဖြင့် ကြီးပွားတိုးတက်ခြင်းသို့၊ ၂။ နိုင်နိုင်နင်းနင်း လေ့လာနိုင်ခြင်းဖြင့် စည်ပင်ခြင်းသို့၊ ၃။ အချင်းခပ်သိမ်း ဝသီဘော်ငါးတန်နိုင်နင်းခြင်းသို့ ရောက်ရှိခြင်းဖြင့် ပြန့်ပြောခြင်း ပြန့်ပွားခြင်းသို့ မရောက် ရှိနိုင်ပေ။
瑜伽行者以不清净的慧审察行法时,行法也往往不能显明。对于修习入出息等止业处的瑜伽行者,其止业处也无法达到:1.由于禅支显明而获得增长;2.由于能够熟练修习而获得成熟;3.由于在各方面成就五自在而获得广大、扩展。
ထိုသို့မဟုတ်ဘဲ အတွင်းအပဖြစ်သော ဝတ္ထုသည် သန့်ရှင်းသည်ရှိသော် သန့်ရှင်းသောဝတ္ထု၌ အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စိတ်စေတသိက်တို့ကြောင့် ဉာဏ်သည်လည်း သန့်ရှင်းစင်ကြယ်လာ၏။ စင်ကြယ်
反之,内外事物若清净,以清净事物为所缘而生起的心与心所,也会使慧变得清净。应当这样理解:犹如依止清净的——
原书第 358 页
ကုန်သော ဆီမီးခွက်၊ ဆီမီးစာ၊ ဆီတို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော ဆီမီးလျှံ၏ အရောင်သည်လည်း စင်ကြယ် ၏သို့ မှတ်ပါ။ စင်ကြယ်သော ဉာဏ်ဖြင့် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်သော ရဟန်းအား သင်္ခါရတရားတို့သည်လည်း ထင်ရှားလာကုန်၏။ အာနာပါနကဲ့သို့သော သမထကမ္မဋ္ဌာန်းကို ပွားများ အားထုတ်သော ယောဂါဝစရ ရဟန်းအား သမထကမ္မဋ္ဌာန်းသည်လည်း ---- ၁။ စျာန်အင်္ဂါများ ထင်ရှားသောအားဖြင့် ကြီးပွားတိုးတက်ခြင်းသို့ ၊ ၂။ နိုင်နိုင်နင်းနင်း လေ့လာနိုင်ခြင်းဖြင့် စည်ပင်ခြင်းသို့ ၊ ၃။ အချင်းခပ်သိမ်း ဝသီဘော်ငါးတန် နိုင်နင်းခြင်းသို့ ရောက်ရှိခြင်းဖြင့် ပြန့်ပြောခြင်း ပြန့်ပွားခြင်းသို့ ရောက် ရှိနိုင်ပေ၏။ (ဝိသုဒ္ဓိ-၁-၁၂၅။)
——灯盏、灯芯和灯油而生的灯焰,其光色也是清净的。以清净的慧把行法标举三相而观修、审察的比丘,行法也会显明。修习入出息等止业处的瑜伽行者,其止业处也能达到:1.由于禅支显明而获得增长;2.由于能够熟练修习而获得成熟;3.由于在各方面成就五自在而获得广大、扩展。(《清净道论》1-125。)
၂။ ဣန္ဒြေ ညီမျှအောင်ပြုခြင်း
2.使诸根平衡
သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာဟူသော ဣန္ဒြေငါးပါးတို့၏ မိမိ မိမိတို့၏ ဆိုင်ရာ လုပ်ငန်းကိစ္စအားဖြင့် မယုတ်မလွန် ညီမျှမှုရှိအောင် ပြုလုပ်ခြင်းသည် ဣန္ဒြိယသမတ္တပဋိပါဒန (= ဣန္ဒြေတို့၏ ညီမျှသည်၏ အဖြစ်ကို ပြီးစေခြင်း) မည်၏။
使信、精进、念、定、慧五根各自在其相应职能上不弱不强、保持均衡,称为“ဣန္ဒြိယသမတ္တပဋိပါဒန”(成就诸根的平衡状态)。
သဒ္ဓါ = (၁) ဘုရားဂုဏ်၊ (၂) တရားဂုဏ်၊ (၃) သံဃာ့ဂုဏ်၊ (၄) သီလ-သမာဓိ-ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တရား၊ (၅) ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား၊ (၆) သံသရာ၏ ရှေ့အစွန်းဟု ခေါ်ဆိုအပ်သော အတိတ်ခန္ဓာငါးပါး၊ (၇)သံသရာ၏ နောက်အစွန်းဟု ခေါ်ဆိုအပ်သော အနာဂတ်ခန္ဓာငါးပါး (၈) သံသရာ၏ ရှေ့အစွန်း နောက်အစွန်းဟု ခေါ်ဆိုအပ်သော အတိတ်-အနာဂတ် ခန္ဓာငါးပါး ---- ဤ (၈)ဌာန တို့၌ ယုံမှု ကြည်မှု ယုံကြည်မှု စွမ်းအင်သဘာဝသတ္တိကို သဒ္ဓါဟု ခေါ်ဆိုပေသည်။
信,是对于下列八处所具有的相信、净信与信任的能力和自然力量:1.佛陀的功德;2.法的功德;3.僧团的功德;4.戒、定、慧三学这一殊胜的修行法;5.显示因果关联的缘起法性;6.称为轮回前际的过去五蕴;7.称为轮回后际的未来五蕴;8.称为轮回前际与后际的过去、未来五蕴。对于这八处所具有的相信、净信与信任的能力和自然力量,称为信。
ဝီရိယ = မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်အောင်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရား တို့ကို ပယ်နိုင်အောင်၊ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင်၊ ဖြစ်ပေါ်ပြီးသော ကုသိုလ် တရားတို့ကို တိုးပွားအောင် ကြိုးစားအားထုတ်ခြင်း သမ္မပ္ပဓာန် အမည်ရသည့် လုံ့လဝီရိယကို ဆိုလိုသည်။ ထို သမ္မပ္ပဓာန် လုံ့လဝီရိယနှင့် ပြည့်စုံလာအောင် ယောဂါဝစရပုဂ္ဂိုလ်သည် သစ္စာလေးပါးကို ထွင်းဖောက် သိမြင် စေနိုင်သည့် စွမ်းအင်အပြည့်အဝ ပါရှိသော သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ကျင့်ရာ၌ - ၁။ အရိုး ကြွင်းစေ၊ ၂။ အရေ ကြွင်းစေ၊ ၃။ အကြော ကြွင်းစေ၊ ၄။ အသားအသွေးတွေ ခန်းခြောက်ချင် ခန်းခြောက်ပါစေ ---- ယောကျာ်းတို့၏ ဇွဲလုံ့လ ဝီရိယဖြင့်ရောက်နိုင်သည့် အရာဌာနသို့ ရနိုင်သည့် အရာဌာနသို့ မရောက် မချင်း မရမချင်း နောက်သို့ မည်သည့်အခါမျှ မဆုတ်ဟု ---- အင်္ဂါလေးပါးရှိသော ဝီရိယဖြင့် ကြိုးပမ်းရမည်
精进,是为了令未生不善法不生、令已生不善法得以舍断、令未生善法生起、令已生善法增长而努力的四正勤精进。为了具足这一四正勤精进,瑜伽行者在修习具足使人洞彻四圣谛之能力的戒、定、慧三学这一殊胜行道时,必须以具有四支的精进奋力而行:1.任骨头留下;2.任皮肤留下;3.任筋腱留下;4.任血肉干涸——在尚未到达、尚未获得以男子汉的坚毅精进所能到达、所能获得的境地以前,决不后退——必须以这具足四支的精进奋力修习——
ဖြစ်သည်။ ယင်းဝီရိယမျိုးကို ဤ၌ ရည်ညွှန်းထားပါသည်။
——这里所指的,正是这种精进。
သတိ = သမထပိုင်းတွင် သမထအာရုံနိမိတ်၌ စိတ်ခိုင်မြဲမှုသဘော၊ ဝိပဿနာပိုင်းတွင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်-နာမ်-ကြောင်းကျိုး = သင်္ခါရအာရုံ၌လည်းကောင်း၊ ယင်းသင်္ခါရတရားတို့၏ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ အာရုံ၌လည်းကောင်း စိတ်ခိုင်မြဲမှုသဘော၊ အာရုံကို မမေ့
念,在止的阶段,是心稳固于止所缘禅相的性质;在观的阶段,是心稳固于作为观智所观所缘的色、名、因、果——即行所缘——以及这些行法的无常相、苦相、无我相所缘的性质;也是对所缘不忘——
原书第 359 页
အာနာပါနဿတိသမာဓိပိုင်း ပျောက်သည့်သဘော ဖြစ်သည်။ ရေထဲ၌ ကျောက်ဖျာကြီးသည် ငြိမ်ဝပ်စွာ တည်နေသကဲ့သို့ သမထအာရုံ ဝိပဿနာအာရုံ၌ စိတ်ခိုင်မြဲစွာ တည်နေမှုသဘော အာရုံ၌ နစ်မြုပ်နေမှုသဘောဖြစ်သည်။
——不失的性质。犹如大石板在水中沉稳安住,念就是心稳固地安住并沉浸于止所缘和观所缘的性质。
အယံ ပန ယသ္မာ သတိယာ အာရမ္မဏံ ပရိဂ္ဂဟေတွာ ပညာယ အနုပဿတိ၊ န ဟိ သတိဝိရဟိတဿ အနုပဿနာ နာမ အတ္ထိ။ တေနေဝါဟ ''သတိံ စ ခွာဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမီ''တိ။ (မ-ဋ္ဌ-၁-၂၄၈။) သတိဖြင့် သမထအာရုံ ဝိပဿနာအာရုံတို့ကို သိမ်းဆည်း၍ ပညာဖြင့် ထိုအာရုံတို့ကို အဖန်ဖန် အထပ် ထပ် ရှုရ၏။ သတိကင်းနေသော ပုဂ္ဂိုလ်၏ သန္တာန်၌ အနုပဿနာဉာဏ် မည်သည် မရှိစကောင်းပေ။ ထိုကြောင့် ''သတိကို အခါခပ်သိမ်း (စိတ်ကိုချီးမြှောက်ခြင်း၊ နှိပ်ကွပ်ခြင်းစသော လုပ်ငန်းကိစ္စရပ် အားလုံးတို့၌) အလိုရှိ အပ်၏'' - ဟု ဘုရားရှင်သည် ဟောကြားတော်မူပေသည်။
“此人以念摄持所缘,再以慧随观;没有念的人,所谓随观并不存在。因此,世尊说:‘诸比丘,我说念在一切处都是必需的。’”(《中部义注》1-248。)应以念摄持止所缘与观所缘,再以慧对这些所缘反复随观。在缺乏念者的相续中,所谓随观智不可能存在。因此,佛陀教说:“念在一切时都不可缺少(即在提升心、抑制心等一切职能中都需要念)。”
အာနာပါနကမ္မဋ္ဌာန်းကို အားသစ်နေသော အသင်ယောဂါဝစရပုဂ္ဂိုလ်အဖို့လည်း သတိကား လိုအပ် လျက်သာ ရှိနေပေသည်။ သတိက အာနာပါနပဋိဘာဂနိမိတ်အာရုံကို လှမ်း၍ သိမ်းဆည်း၏။ သတိက သိမ်းဆည်း လိုက်သော ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံကို ပညာက ထိုးထွင်းသိ၏။
对于初修入出息业处的瑜伽行者,念也同样不可缺少。念趋向并摄持入出息似相这一所缘;慧则洞彻了知由念摄持的这一入出息似相所缘。
သမာဓိ = မိမိရှုပွားသုံးသပ်နေသော သမထအာရုံ သို့မဟုတ် ဝိပဿနာအာရုံ၌ ယှဥ်ဖက် စိတ်စေတ- သိက် သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကြဲစေခြင်း မပျံ့လွင့်စေခြင်းသဘော ဖြစ်သည်။ မိမိရှုပွားသုံးသပ်နေသော သမထအာရုံ သို့မဟုတ် ဝိပဿနာအာရုံ၌ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော ဖြစ်သည်။ ယှဥ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားစုတို့ကို အာရုံတစ်ခုတည်းပေါ်သို့ ကျရောက်သွားအောင် ဆွဲစုပေးသော စုစည်း ပေးသော စွမ်းအင်တစ်မျိုး ဖြစ်သည်။ သမာဓိက ယှဥ်ဖက် စိတ်စေတသိက်တရားစုကို အာနာပါနပဋိဘာဂ နိမိတ်ကဲ့သို့သော အာရုံတစ်ခုတည်းပေါ်၌ ငြိမ်ဝပ်စွာ တည်နေအောင် စုစည်းပေးလိုက်သောအခါ ထိုသမာဓိနှင့် ယှဥ်နေသော ဘာဝနာစိတ်၌ စွမ်းအင်များ ထက်မြက်စူးရှလျက် တန်ခိုးအာနိသင် ကြီးမားလာပေသည်။ ထိုစိတ် နှင့် ယှဥ်တွဲလျက်ရှိသော ဉာဏ်မှာလည်း အလွန်ထက်မြက်စူးရှလာပေသည်။ ထိုကြောင့် သမာဓိတည်းဟူသော
定,是不让与之相应的心与心所等相应法从正在观修、审察的止所缘或观所缘上散开、离散的性质;也是心落在并稳定于该所缘的性质;又是一种把相应的心与心所法群牵引、集中到单一所缘上的力量。当定把相应的心与心所法群集中并使之寂静地安住于入出息似相等单一所缘时,与该定相应的修习心便充满力量,变得锐利,具有强大的威力;与该心相应的慧也变得极其锐利。因此,那把名为“慧”的剑,在名为“定”的——
မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် သွေး၍ ထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်သည် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများကို ဖောက်ခွဲနိုင်သည့် စွမ်းအားများ ရှိလာ၏။ ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် ကို ဖောက်ခွဲနိုင်သည့် စွမ်းအားများ ရှိလာ၏။ ယင်း ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်း အရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို နိဗ္ဗာန်ဟူသည့် ကမ်းတစ်ဖက်သို့ရောက်အောင် ထွင်းဖောက် သိနိုင်သည့် စွမ်းအင်များ ကိန်းဝပ်လာပေသည်။
——殊胜磨刀石上磨得锋利之后,便具有击破色法与名法密集整体的力量,也具有击破缘起轮回之轮的力量;它还蕴含着这样的力量:能够洞彻了知色、名、因、果这些行法的无常相、苦相、无我相,直达名为涅槃的彼岸。
ပညိန္ဒြေ = သမထပိုင်း၌ ဆိုင်ရာသမထနိမိတ်အာရုံကို ထွင်းဖောက်သိခြင်းသဘော ဖြစ်သည်။ ဝိပဿနာ ပိုင်း၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ပရမတ်သို့ ဉာဏ် အမြင်ဆိုက်အောင် ထွင်းဖောက်သိခြင်း၊ ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ ရောက်အောင် ထွင်းဖောက် သိမြင်ခြင်းသဘော ဖြစ်သည်။ မဂ်ဉာဏ်အခိုက်၌ကား အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဟူသည့် နိရောဓအရိယသစ္စာ တရားတော် မြတ်ကြီးကို အာရုံမျက်မှောက် ထွင်းဖောက်သိမြင်ခြင်း အာရမ္မဏပဋိဝေဓသဘော၊ ကျန်သစ္စာသုံးပါးကို မသိ အောင် ဖုံးလွှမ်းထားသည့် မောဟကို ပယ်သောအားဖြင့် ထွင်းဖောက်သိခြင်း အသမ္မောဟပဋိဝေဓသဘော ဖြစ်သည်။ (တစ်နည်း ---- သစ္စာလေးပါးလုံးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို ပယ်သောအားဖြင့်
慧根,在止的阶段,是洞彻了知相应止禅相所缘的性质;在观的阶段,是洞彻了知作为观智所观所缘的色、名、因、果——即行法——直至究竟法层次,并洞彻知见这些行法的无常相、苦相、无我相,直至抵达名为涅槃的彼岸的性质。在道智刹那,它以无为界、寂静界、涅槃这一殊胜灭圣谛为直接现前的所缘而洞彻知见,此即所缘通达(အာရမ္မဏပဋိဝေဓ);又通过舍断遮蔽其余三谛、使人不能了知它们的痴而加以洞彻了知,此即无痴通达(အသမ္မောဟပဋိဝေဓ)。(另一说,是通过舍断遮蔽全部四谛、使人不能了知它们的痴——
ထွင်းဖောက်သိခြင်း အသမ္မောဟပဋိဝေဓသဘော ဖြစ်သည်။) ဖိုလ်ဉာဏ်အခိုက်၌ကား အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထွင်းဖောက် သိမြင်နေခြင်းသဘော ဖြစ်သည်။ ဤသို့လျှင် သမထအာရုံ
——而依无痴通达洞彻了知全部四谛。)在果智刹那,则是洞彻知见无为界、寂静界这一殊胜涅槃法的性质。这样,洞彻知见止所缘——
原书第 360 页
နိမိတ်နှင့် ပရမတ္ထဓမ္မသဘာဝမှန်သမျှကို ထွင်းဖောက်သိမြင်နေခြင်းသဘောသည် ပညိန္ဒြေ မည်ပေသည်။
——禅相以及一切究竟法自性的这种性质,称为慧根。
ယင်း သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဟူသော တရားငါးပါးတို့သည် သမထလမ်းကြောင်းပေါ်သို့ လျှောက်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်အစဥ်ကို သမထလမ်းကြောင်းမှ တိမ်းစောင်း၍ ဘေးသို့ ကျမသွား အောင်၊ ဝိပဿနာလမ်းကြောင်းပေါ်သို့ လျှောက်သွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်အစဥ်ကိုလည်း ထို ဝိပဿနာလမ်းကြောင်းပေါ်မှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအားကြီး ငါးရပ် ဖြစ်ကြ၏။ တစ်နည်းဆိုရသော် နိဗ္ဗာန်သို့သွားရာ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတည်းဟူသော လမ်း ကြောင်းပေါ်သို့ ဖြောင့်ဖြောင့်လျှောက်သွားနေသော ယောဂါဝစရပုဂ္ဂိုလ်မွန်၏ စိတ်အစဥ်ကို ထိုလမ်းကြောင်း ပေါ်မှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် နိဗ္ဗာန်သို့ တန်းတန်းမတ်မတ် ရောက်ရှိအောင် ထိန်းချုပ်ပေး နေသည့် ခွန်အားကြီး ငါးရပ်ပင် ဖြစ်ကြပေသည်။ သမထ ဝိပဿနာဘာဝနာကို ကြိုးပမ်းလျက်ရှိသော ယောဂါ
信、精进、念、定、慧这五法,是五种强大的控制力量:瑜伽行者行于止道时,它们能控制其心相续,使之不偏离止道、坠向一侧;行于观道时,也能控制其心相续,使之不偏离观道、坠向一侧。换言之,贤善瑜伽行者沿着通往涅槃的八支圣道这一殊胜行道直行时,这五种强大力量能控制其心相续,使之不偏离这条道路、坠向一侧,而能一直通达涅槃。正在精勤修习止观的——
ဝစရပုဂ္ဂိုလ်သည် ယင်းဣန္ဒြေ ငါးပါးဟူသော စွမ်းအားကြီး ငါးရပ်ကို ညီမျှအောင် ကျင့်တတ်ပါမှ လိုအပ်သော အကျိုးတရားသည် ပြီးစီးပြည့်စုံလာမည် ဖြစ်သည်။
——瑜伽行者,只有善于使这五根——五种强大力量——保持平衡,所需的成果才会圆满成就。
သဒ္ဓါလွန်နေသော်
信过强时
ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အကြောင်းအားလျော်စွာ ယုံကြည်သင့် ယုံကြည်ထိုက်သော ဘုရား ဂုဏ် စသော ရှစ်ရပ်သော သဒ္ဓေယျဝတ္ထု၌ သက်ဝင်ယုံကြည် ဆုံးဖြတ်တတ်သည့် သဒ္ဓါဓိမောက္ခ လုပ်ငန်းကိစ္စ ရပ်၏ လွန်ကဲနေသည့် အတွက်ကြောင့် ဝီရိယ၏ လျော့နည်းပါးမှု၊ သတိ၏ မခိုင်မြဲမှု၊ သမာဓိ၏ ကြာရှည်စွာ မတည်တံ့မှု စသော အကြောင်းတရားတို့ကြောင့် သဒ္ဓိန္ဒြေသည် အလွန်အားကောင်းနေသည် ဖြစ်အံ့၊ ကျန်ဣန္ဒြေ လေးပါးတို့ကား နုံ့နေကုန်အံ့၊ ထိုသို့ သဒ္ဓိန္ဒြေက အလွန် အားကောင်းနေ၍ ကျန်ဣန္ဒြေတို့က နုံ့နေသည့် အတွက်ကြောင့် ဝီရိယိန္ဒြေသည် သမ္ပယုတ်တရားတို့ကို မိမိရှုပွားနေသည့် သမထ ဝိပဿနာ ဘာဝနာအာရုံမှ လျှောကျမသွားအောင် ဘာဝနာအာရုံ၌ ပျင်းရိနေခြင်း ကောသဇ္ဇဘက်၌ ကျရောက်ခွင့်ကို မပေးဘဲ သမ္ပယုတ် တရားတို့ကို ချီးပင့်ထားခြင်း ထပ်ဆင့် စွမ်းအားပေးခြင်း အင်အားဖြည့်တင်းပေးခြင်း (= ပဂ္ဂဟ) လုပ်ငန်းကိစ္စရပ်
在这位瑜伽行者的相续中,信胜解的作用,是对佛陀功德等八种依理应信、值得信的所信事投入信受并作出决断。若这一信胜解作用过强,又因精进减弱、念不稳固、定不能长久维持等原因,致使信根极强而其余四根衰弱,那么,由于信根过强而其余诸根衰弱,精进根便无力履行策励(ပဂ္ဂဟ)的作用:它不能把相应法托举、再次赋能并补充力量,使其不从正在修习的止观所缘上滑落,也不能阻止这些相应法坠入懈怠一边——
ကို ဆောင်ရွက်ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ပေ။
——因而无法执行这一职能。
သတိန္ဒြေသည် အာရုံသို့ ကပ်၍တည်ခြင်း အာရုံကို မလွှတ်ခြင်း အာရုံမှ မရွေ့ခြင်း (= ဥပဋ္ဌာန) ကိစ္စကို ဆောင်ရွက်ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ပေ။ သမာဓိန္ဒြေသည် အာရုံမှ မပျံ့လွင့်ခြင်း (= အဝိက္ခေပ) ကိစ္စ၊ သမ္ပယုတ် တရားတို့၏ အာရုံမှ မပျံ့လွင့်ကြောင်း (= အဝိက္ခေပ) ကိစ္စကို၊ ပညိန္ဒြေသည် သမထ ဝိပဿနာ ဘာဝနာ အာရုံ၏ သဘောမှန်ကို မြင်ကြောင်း (= ဒဿန) ကိစ္စကို ဆောင်ရွက် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ပေ။ အလွန် အားကောင်းနေသော သဒ္ဓိန္ဒြေက လွှမ်းမိုးဖိစီးထားသောကြောင့် ဖြစ်၏။
念根也不能履行贴住所缘、不放开所缘、不从所缘移开的安住(ဥပဋ္ဌာန)作用;定根不能履行不从所缘散乱、使相应法不从所缘散乱的不散乱(အဝိက္ခေပ)作用;慧根也不能履行观见止观修习所缘真实自性的见(ဒဿန)作用。这是因为过强的信根已经压倒、抑制了它们。
စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဥ်တွဲ၍ ပြိုင်တူဖြစ်နေကြကုန်သော သဟဇာတဓမ္မ အမည်ရသည့် စိတ်စေတသိက် တရားစုတို့၌ ချုပ်ကိုင်နိုင်သည့် အစိုးရမှုသဘောကို ပြုလုပ်နေကြကုန်သော အတူဖြစ်နေ ကြကုန်သော သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာဟူသော ဓမ္မသဘာဝတို့၏ တူမျှသော လုပ်ငန်းကိစ္စရပ် ရှိသည် ၏ အစွမ်းဖြင့်သာလျှင် လိုအပ်သော အကျိုးတရား၏ ပြီးစီးပြည့်စုံလာခြင်းသည် ဖြစ်ပေါ်လာနိုင်၏၊ ညီမျှသော တူမျှသော လုပ်ငန်းကိစ္စ မရှိကြသော်ကား အလိုရှိအပ်သော အကျိုးတရား၏ ပြီးစီးပြည့်စုံလာခြင်းသည် မဖြစ် ပေါ်နိုင်။ ထိုကြောင့် ထိုသဒ္ဓိန္ဒြေကို ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ၊ သာမညလက္ခဏာဟူသော ဟုတ်မှန် တိုင်းသော သဘောကို စူးစမ်းဆင်ခြင်ခြင်းဖြင့်လည်းကောင်း၊ သဒ္ဓိန္ဒြေ အလွန်အားကောင်းလာနိုင်လောက်သော
在同一心刹那内共同相应、同时生起,因而称为“俱生法”的心与心所法群中,同时生起的信、精进、念、定、慧这些法性,都具有支配、统御相应法的根性。唯有这五法的职能彼此均衡,所求成果才可能圆满成就;若职能不平衡,所求成果便不能圆满成就。因此,应当通过省察究竟法的自相与共相这些如实自性,以及通过不以足以使信根过强的——
原书第 361 页
အာနာပါနဿတိသမာဓိပိုင်း အခြင်းအရာအားဖြင့် ဘာဝနာကို နှလုံးမသွင်းခြင်းအားဖြင့်လည်းကောင်း ယုတ်လျော့သွားအောင် ပြုလုပ်ရမည်။
——方式作意修习,使信根减弱。
အရှင်ဝက္ကလိမထေရ်ဝတ္ထုကား ဤတွင် ညွှန်ပြကြောင်း သက်သေ သာဓက တစ်ခု ဖြစ်၏။
跋迦梨长老的事例,是此处所举的一项证据。
(ဝိသုဒ္ဓိ-၁-၁၂၅-၁၂၆။)
(《清净道论》1-125—126。)
ဓမ္မသဘာဝပစ္စဝေက္ခဏာ ---- ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘောဝတ္ထုကို ဆင်ခြင်ခြင်းဟူသည် ဘုရားဂုဏ်စသော ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၏ ကြီးကျယ်မြင့်မြတ်မှု စသော ဂုဏ်တို့ကို နှလုံးသွင်းလျက် ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် လွန်လွန်ကဲကဲ ဖြစ်ပေါ်လာသော သဒ္ဓိန္ဒြေသည် အလွန်အားကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထို ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရား အကျိုးတရား စသည်ကို ခွဲခြမ်းဝေဖန်သော အားဖြင့် ဟုတ်မှန်တိုင်းသောသဘောအားဖြင့် ပရမတ္ထဓမ္မသဘာဝတို့ကို စူးစမ်းဆင်ခြင်ခြင်းဖြင့် သဒ္ဓိန္ဒြေကို ယုတ်လျော့အောင် ပြုလုပ်ရမည်ဟု ဆိုလိုပေသည်။
法性省察(ဓမ္မသဘာဝပစ္စဝေက္ခဏာ)——所谓省察究竟法如其所是的自性,是说:瑜伽行者作意佛陀功德等所信事的伟大、崇高等功德时,其相续中的信根会过度生起,变得极其强盛;这位瑜伽行者应通过分析因法、果法等,并依如实自性考察、审察究竟法,来使信根减弱。
အထူးသဖြင့် သဒ္ဓါတရားကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရားတို့ကိုလည်းကောင်း၊ သဒ္ဓါတရား နှင့်အတူ ယှဥ်တွဲ၍ ဖြစ်ပေါ်လာကြကုန်သော စိတ်စေတသိက် သမ္ပယုတ်တရားစုဟူသော အကျိုးတရားတို့ကို လည်းကောင်း ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လျက် ရှုပွားရမည် ဖြစ်သည်။ ဤသို့လျှင် အကြောင်းတရားနှင့် လျော်ညီသော အကျိုးတရားစု၏ ထင်ရှားဖြစ်ပုံကို ထွင်းဖောက် သိမြင်သော ဧဝံဓမ္မတာနည်းဖြင့် ပရမတ္ထဓမ္မတို့ကို ကိုယ်ပိုင်သဘာဝသတ္တိ သဘောလက္ခဏာသို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော် တန်ခိုး အာနိသင် ထက်မြက်စူးရှ ပြန့်ကားလျက်ရှိသော လွတ်လွတ်သက်ဝင် ယုံကြည် ဆုံးဖြတ်ချက် ချတတ်သော သဒ္ဓါဓိမောက္ခတရားသည် မဖြစ်ပေါ်လာတော့ပေ။ ''ဤသဒ္ဓါတရားသည် ဤမည်သော အကြောင်းတရားစု တို့ကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ပရမတ္ထဓမ္မသဘာဝမျှသာတည်း''ဟု ပိုင်းပိုင်းခြားခြား သိသည်၏ အစွမ်း
尤其应当以慧考察、审察能使信生起的因法,以及与信一同生起、作为果法的心与心所等相应法群。如此,依照能洞彻知见与因法相应的果法群如何显现的“如是法性”方法,以慧将究竟法分别、把握至其各自的自性与自相时,那种威力强盛、锐利而扩张,能全然投入信受并作出决断的信胜解法,便不再生起。因为他清楚分别地知道:“这种信,只是由这些因法群而明显生起的究竟法自性而已。”凭借这种清楚、分明的了知——
ဖြင့် ပညာတရား၏ ဗျာပါရစွမ်းအားသည် လွန်လွန်ကဲကဲ ဖြစ်ပေါ်လာသောကြောင့် ဖြစ်၏။ သဒ္ဓါနှင့် ပညာ တရား နှစ်ပါးတို့ကား သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းခွင်တို့၌ လက်ညီတက်ညီ ပြိုင်တူ တာဝန် ထမ်းဆောင် ကြရသော ဓုရတရားများ ဖြစ်ကြ၏။ ထိုဓုရတရားနှစ်ပါးတို့တွင် သဒ္ဓါတရားသည် အားကောင်းမောင်းသန်စွာ ဖြစ်ပေါ်လာသောအခါ၌ ပညာနုံ့မှု အားနည်းမှု ဖြစ်ပေါ်လာသကဲ့သို့ အလားတူပင် ပညာတရားသည် အားကောင်း မောင်းသန်စွာ ဖြစ်ပေါ်လာသောအခါ၌ သဒ္ဓါတရား၏ နုံ့မှု အားနည်းမှုသဘောသည် ဖြစ်ပေါ်လာတတ်၏။
——慧的作用力量会格外强盛,因而如此。信与慧,是在止观修习中必须同心协力、共同承担责任的两种重任之法。在这两者中,信强盛时,慧便衰弱;同样,慧强盛时,信也会衰弱。
ထိုကြောင့် ထိုလွန်ကဲနေသော သဒ္ဓါတရားကို ပရမတ္ထဓမ္မသဘာဝတို့ကို ဆင်ခြင်ခြင်းဖြင့် ယုတ်လျော့သွားအောင် ပြုလုပ်ရမည်ဟု အဋ္ဌကထာ မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ (မဟာဋီ-၁-၁၅၁။) (ဧဝံဓမ္မတာနည်းအကျယ်ကို တတိယတွဲ - ပဋိစ္စသမုပ္ပါဒ်ပိုင်း - စာမျက်နှာ-၂၂၂-စသည်တွင် ရှုပါ။)
因此,义注说,应当通过省察究竟法的自性,使过强的信减弱。(《大复注》1-151。)(“如是法性”方法的详细说明,见第三册“缘起部分”第222页以下。)
သဒ္ဓိန္ဒြေ ဖြစ်အောင် နှလုံးမသွင်းရ
不应以令信根增强的方式作意
သဒ္ဓိန္ဒြေကို ယုတ်လျော့သွားအောင် ပြုကျင့်ရမည့် ဒုတိယအချက်မှာ သဒ္ဓိန္ဒြေဖြစ်လောက်သော အခြင်း အရာအားဖြင့် ဘာဝနာကို နှလုံးမသွင်းခြင်းပင် ဖြစ်သည်။ ဤအရာ၌ နှစ်မျိုးသော အကြောင်းတရားကြောင့် သဒ္ဓိန္ဒြေ၏ စွမ်းအားကောင်းမှုသည် ဖြစ်ပေါ်လာ၏။ သဒ္ဓိန္ဒြေကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနေသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားစုတို့၏ ထူးထူးကဲကဲ ကျေးဇူးပြုပေးမှုကြောင့် သဒ္ဓိန္ဒြေ၏ ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ သက်ဝင်ဆုံးဖြတ်ခြင်း အဓိမောက္ခကိစ္စ၏ ကဲလွန်နေခြင်းကြောင့်လည်းကောင်း၊ ဝီရိယ သတိ သမာဓိ ပညာတို့၏ နုံ့သော အားနည်းသောကိစ္စ ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း ဤနှစ်မျိုးသော အကြောင်း တရားတို့ကြောင့် သဒ္ဓိန္ဒြေ၏ စွမ်းအားကောင်းမှုသည် ဖြစ်ပေါ်လာ၏။ ထိုတွင် ပရမတ္ထဓမ္မသဘာဝတို့ကို ဆင် ခြင်ခြင်းဖြင့် သဒ္ဓိန္ဒြေကို ယုတ်လျော့အောင် ပြုလုပ်ပုံ အစီအရင်ကို အထက်တွင် ပြောခဲ့ပြီး ဖြစ်၏။
使信根减弱的第二点,是不以足以令信根增强的方式作意修习。此处,信根会因两种原因而变得强盛:其一,由于各自助成信根生起的因法群给予格外强的资助,信根对于可信的所信事投入信受、作出决断的胜解作用便变得过强;其二,由于精进、念、定、慧四者的职能衰弱。关于这两种原因,其中以省察究竟法自性来减弱信根的方法,已经在上文说明。
原书第 362 页
ဒုတိယအချက်၌ ဝီရိယ-သတိ-သမာဓိ-ပညာတို့၏ နုံ့သော အားနည်းသော ကိစ္စ ရှိသည့်အတွက်ကြောင့် သဒ္ဓိန္ဒြေအားကောင်းလာသဖြင့် ဝီရိယ-သတိ-သမာဓိ-ပညာတို့၏ နုံ့သော အားနည်းသော ကိစ္စရှိသည့်အတွက် သဒ္ဓိန္ဒြေ အားကောင်းမောင်းသန်စွာ ဖြစ်ပေါ်လာနိုင်လောက်သော အခြင်းအရာအားဖြင့် ဘာဝနာကို နှလုံး မသွင်းဘဲ ဝီရိယ-သတိ-သမာဓိ-ပညာတို့၏ ထက်မြက်သော စူးရှသော မိမိတို့၏ ဆိုင်ရာ လုပ်ငန်းကိစ္စ အသီး အသီးကို ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးနိုင်လောက်သော အခြင်းအရာအားဖြင့် ဘာဝနာကို နှလုံးသွင်းခြင်း ဖြင့် သဒ္ဓိန္ဒြေကို ထို ဝီရိယ-သတိ-သမာဓိ-ပညာ ဟူသော အခြားဣန္ဒြေလေးပါးတို့နှင့် ညီမျှသော လုပ်ငန်းကိစ္စ ရှိအောင် ပြုလုပ်ပေးခြင်းဖြင့် ယုတ်လျော့စေရမည်။ (မဟာဋီ-၁-၁၅၁။)
关于第二点:由于精进、念、定、慧的职能衰弱,信根便会强盛。因此,不应以会在这四根职能衰弱时令信根更加强盛的方式作意修习;应当改以能够使精进、念、定、慧各自的职能变得敏锐有力、充分发挥出来的方式作意修习,使信根在职能上与精进根、念根、定根、慧根这其余四根达到均衡,从而令信根减弱。(《大复注》1-151。)
ဝီရိယ လွန်နေသော်
精进过强时
အကယ်၍ ဝီရိယိန္ဒြေသည် အလွန်အားကောင်းနေသည် ဖြစ်အံ့၊ ထိုအခါ သဒ္ဓိန္ဒြေသည် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ သက်ဝင်ဆုံးဖြတ်ခြင်း အဓိမောက္ခကိစ္စကို ပြုလုပ်ခြင်းငှာ မစွမ်းနိုင်၊ သတိန္ဒြေသည် သမထ အာရုံ ဝိပဿနာအာရုံတို့၌ သို့မဟုတ် မိမိရှုပွားနေသည့် ဘာဝနာအာရုံ၌ ကပ်၍ တည်ခြင်း ဥပဋ္ဌာနကိစ္စကို၊ သမာဓိန္ဒြေသည် မိမိရှုပွားနေသည့် ဘာဝနာအာရုံမှ စိတ်စေတသိက် သမ္ပယုတ် တရားစုတို့ ပျံ့လွင့်မသွားအောင် စုစည်းပေးခြင်း အဝိက္ခေပကိစ္စကို၊ ပညိန္ဒြေသည် အာရုံ၏ သဘောမှန်ကို ထွင်းဖောက်သိမြင်ခြင်း ဒဿနကိစ္စကို ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ပေ။ ထိုကြောင့် ထိုလွန်ကဲနေသော ဝီရိယိန္ဒြေကို ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်တရားတို့ ထင်ရှားဖြစ်ပေါ်လာအောင် ပွားများခြင်းဖြင့် ထင်ရှားဖြစ်ပေါ်ပြီးသော ယင်း ဗောဇ္ဈင်တရား သုံးပါးတို့ကို တိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်ခြင်းဖြင့် ယုတ်လျော့စေရမည်။
如果精进根过强,信根便无法对可信的所信事履行投入信受、作出决断的胜解作用;念根无法在止所缘、观所缘或自己正在修习的所缘上履行贴住所缘而安住的安住作用;定根无法履行不散乱作用,即摄持相应的心与心所诸法,使它们不从修习所缘散开;慧根也无法履行见作用,即透彻知见所缘的真实自性。因此,应培育轻安觉支、定觉支和舍觉支,使它们明显生起,并努力使已经生起的这3种觉支进一步增长,以减弱过强的精进根。
ထိုသို့ ပြုလုပ်ရာ၌လည်း အရှင်သောဏမထေရ်ဝတ္ထုကို သက်သေအဖြစ် ညွှန်ပြအပ်ပေသည်။
对此,也应当举须那长老的事例作为证明。
(ဝိသုဒ္ဓိ-၁-၁၂၆။)
(《清净道论》1-126。)
သဒ္ဓိန္ဒြေ၏ အားကောင်းနေသည်၏ အဖြစ်သည် ပရမတ္ထဓမ္မသဘာဝတို့၏ ကိုယ်ပိုင်သဘာဝသတ္တိ သဘာဝ လက္ခဏာနှင့် ယင်းပရမတ္ထဓမ္မတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာဟူသော သာမညလက္ခဏာကို နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့် ယုတ်လျော့သွားသကဲ့သို့ အလားတူပင် ဝီရိယိန္ဒြေ၏ လွန်ကဲနေမှုသည် ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားများခြင်းဖြင့် ယုတ်လျော့သွား၏။ ထို ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်တို့ကို ပွားများခြင်း ပွားစေခြင်း ဘာဝနာ၏ သမာဓိအဖို့ရှိသည်၏ အဖြစ်ကြောင့် သမာဓိ၏ ဘက် တော်သား အသင်းအပင်းများ ဖြစ်သောကြောင့်ပင်တည်း။ (ထိုဗောဇ္ဈင်တရား သုံးပါးတို့ကို ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ခဲ့သော် သမာဓိ ဖြစ်ပေါ်လာမည်၊ ယင်းသမာဓိက လွန်ကဲနေသော ဝီရိယကို ယုတ်လျော့စေ မည်၊ ထိုအခါ ဝီရိယနှင့် သမာဓိ ညီမျှသွားမည်ဟု ဆိုလိုပေသည်။) မှန်ပေသည် - ဝီရိယသမ္ဗောဇ္ဈင် ဓမ္မဝိစယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်တို့ကို ပွားစေခြင်း ဘာဝနာသည်
正如作意省察究竟法各自固有的性质——自相,以及无常、苦、无我这些共相,能使强盛的信根减弱;同样,培育轻安觉支、定觉支和舍觉支,也能使过强的精进根减弱。这是因为培育这3种觉支的修习属于定的一方,它们是定的同伴与助力。(意思是:若努力使这3种觉支生起,定就会生起;该定会减弱过强的精进,于是精进与定达到平衡。)诚然,培育精进觉支、择法觉支和喜觉支的修习——
စိတ်အစဥ်ကို ဘာဝနာလုပ်ငန်းခွင်အတွင်း၌ ပျင်းရိခြင်း ကောသဇ္ဇဘက်သို့ ကျရောက်သွားခြင်းမှ စောင့်ရှောက် လျက် သမာဓိန္ဒြေ၏ လွန်ကဲမှုကို ယုတ်လျော့စေသကဲ့သို့ အလားတူပင် ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာသမ္ဗောဇ္ဈင် တရား သုံးပါးတို့ကို ပွားစေခြင်း ထိုဘာဝနာသည် ဝီရိယိန္ဒြေ၏ လွန်ကဲမှုကို ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်သွား ခြင်း (= ဥဒ္ဓစ္စ) ဘက်သို့ ကျရောက်ခြင်းမှ ထိန်းသိမ်းစောင့်ရှောက်လျက်၊ ဧကန်စင်စစ်အားဖြင့် ယုတ်လျော့ စေတတ်၏။ သို့အတွက် ပဿဒ္ဓိ စသော ဗောဇ္ဈင်တရား သုံးပါးကို ပွားများခြင်းဖြင့် လွန်ကဲနေသော ဝီရိယကို ယုတ်လျော့အောင် ကြိုးစားအားထုတ်ပါဟု အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။
——能够守护心流,使其在修习过程中不落入懈怠的一边,并减弱过强的定根;同样,培育轻安、定、舍3种觉支的修习,能够守护精进根,使它不落入心从修习所缘散乱(即掉举)的一边,并确实使过强的精进减弱。因此,义注师才说,应当通过培育轻安等3种觉支,努力减弱过强的精进。
(မဟာဋီ-၁-၁၅၂။)
(《大复注》1-152。)
原书第 363 页
အရှင်ဝက္ကလိမထေရ်
跋迦梨长老
အရှင်ဝက္ကလိ မထေရ်ကား ဘုရားရှင် အပေါ်၌ အလွန်အကဲ ကြည်ညိုတတ်သည့် သဒ္ဓါဓိမုတ္တ အရာ၌ ဧတဒဂ်ဘွဲ့ထူး ဆင်မြန်းရန် ရည်သန်တောင့်တ၍ ပဒုမုတ္တရ ဘုရားရှင် သာသနာတော်မှသည် ဂေါတမဘုရား သာသနာတော်သို့ တိုင်အောင် စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်းဟူသော ပါရမီ အဆောက်အဦ ကောင်းမှု ကုသိုလ်အထူးတို့ကို ဖြည့်ဆည်းပူးတော်မူအပ်ပြီးသော အဓိကာရ ကောင်းမှုကုသိုလ်ထူး ရှိသော သူတော်စင် တစ်ဦး ဖြစ်ပေသည်။ ထိုအရှင်ဝက္ကလိသည်ကား ထိုကဲ့သို့ သဒ္ဓါဓိမုတ္တအရာ၌ ဖြည့်ဆည်းပူးအပ်ပြီးသော အဓိ ကာရကောင်းမှုကုသိုလ်ထူး ထင်ရှားရှိနေသည်ဖြစ်၍ ဘုရားရှင်၏ ရူပကာယတော်ကို ဖူးမြော်ရခြင်း၌ ကြောင့်ကြ ဗျာပါရစိုက်မှုများသည်ဖြစ်၍သာလျှင် နေထိုင်လတ်သော် ဘုရားရှင်က ---- ''ကိံ တေ ဝက္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန၊ ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ''
跋迦梨长老曾发愿在极为敬信世尊的信解者中获授第一称号。从莲华上佛的教法时代直至乔达摩佛的教法时代,他不断圆满殊胜善业,积聚被称为“行的善种子、明的善种子”的波罗蜜资粮,因此是一位具足殊胜资粮的善士。由于他已在信解方面圆满这些殊胜资粮,便一味专注于瞻仰世“跋迦梨,见此腐朽之身,对你能有什么利益?跋迦梨,凡见法者,即见我。”
(သံ-၂-၉၈။)
(《相应部》2-98。)
= ''ချစ်သား ဝက္ကလိ …ဤပုပ်သိုးသော ခန္ဓာကိုယ်ကို ဖူးမြော်နေခြင်းဖြင့် သင့်အား အဘယ်အကျိုး ရှိနိုင်ပါအံ့နည်း၊ ချစ်သားဝက္ကလိ …အကြင်သူသည် တကယ်စင်စစ် လောကုတ္တရာတရားကိုးပါးကို ဉာဏ်ပညာ မျက်စိဖြင့် သိမြင်၏၊ ထိုသူသည် ငါဘုရားကို ဉာဏ်ပညာမျက်စိဖြင့် သိမြင်ပေ၏'' ဤသို့ အစရှိသော တရား ဒေသနာတော်ဖြင့် ဆိုဆုံးမတော်မူ၍ ကမ္မဋ္ဌာန်းဘာဝနာ လုပ်ငန်း၌ ကြိုးစားအားထုတ်ရန် တိုက်တွန်းတော်မူ အပ်ပါသော်လည်း ထိုကမ္မဋ္ဌာန်းကို အားမထုတ်သည်ဖြစ်၍ ဘုရားရှင်က နှင်ထုတ်တော်မူလိုက်လေသည်။ ထိုသို့ ဘုရားရှင်က နှင်ထုတ်အပ်သည်ရှိသော် မိမိကိုယ်ကို ကမ်းပါးပြတ်မှ ပစ်ချခြင်းငှာ (= ကမ်းပါးပြတ်မှ ခုန်ချရန်) တောင်ကမ်းပါးပြတ်အရပ်သို့ တက်တော်မူလေသည်။ ထိုအခါ၌ ထိုဝက္ကလိရဟန်းတော်ကို ဘုရားရှင်က ထိုင်မြဲ ထိုင်တော်မူလျက်သာလျှင် ထိုင်ရာအရပ်မှ သြဘာသ ရောင်ခြည်တော်အလင်းကို လွှတ်တော်မူလျက် မိမိကိုယ်
意思是:“爱子跋迦梨,瞻仰这腐朽的蕴身,对你能有什么利益?爱子跋迦梨,凡以智慧之眼真正知见9种出世间法者,就是以智慧之眼见到我。”世尊以这番教说等开示教诫,敦促他努力修习业处;但他仍未在该业处上用功,世尊便令他离去。被世尊遣离以后,他登上山崖,准备从悬崖跃下。那时,世尊仍安坐原处,从座处放出光明,使自身显现——
ကို အရှင်ဝက္ကလိမထေရ် မြင်အောင် ထင်ရှားပြတော်မူ၍ ---- ''ပါမောဇ္ဇဗဟုလော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
——让跋“于佛陀教法具信、喜悦充盈的比丘——”
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။ (ခု-၁-၆၈။)
“——能够证得寂静安乐之境:诸行的止息。”(《小部》1-68。)
= သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ သာသနာတော်၌ ကြည်ညိုသည်ဖြစ်၍ နှစ်သိမ့်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇ တရား အဖြစ်များသော ရဟန်းတော်သည် ငြိမ်သက်အေးချမ်းလှသော၊ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရ တရားတို့၏ အငြိမ်းကြီး ငြိမ်းရာဖြစ်သော၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ရောက်အပ် ရအပ်သော နိဗ္ဗာန်ချမ်းသာ ထူးကြီးကို ရရှိနိုင်ပါပေ၏။'' ---- ဟူသော ဤတရားဒေသနာ ဂါထာတော်ကို ဟောကြားမူပြီးလျှင် ဧဟိ ဝက္ကလိ = ချစ်သား ဝက္ကလိ … လာလေလော့ဟု မိန့်ကြားတော်မူလိုက်၏။ ထိုမိန့်ခွန်းတော်စကားဖြင့် အမြိုက်ရေစင်ဖြင့် သွန်းလောင်းခြင်း ခံရဘိသကဲ့သို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်သော စိတ်ထားရှိသည်ဖြစ်၍ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏ (= ဝိပ ဿနာ ဘာဝနာကို ပွားများအားထုတ်တော်မူ၏)။ သို့သော်လည်း သဒ္ဓါတရား၏ အလွန်အားကောင်းသည့် အတွက်ကြောင့် ဝိပဿနာလမ်းကြောင်းပေါ်သို့ မသက်ရောက်နိုင်ဘဲ ရှိနေ၏။ ထို အကြောင်းခြင်းရာကို သိရှိ
意思是:“在正等觉佛的教法中具足净信、常有喜悦的比丘,能够证得极其寂静清凉、作为色与名、因与果等诸行彻底止息之处,并由道智、果智所证得的殊胜涅槃之乐。”宣说此偈后,世尊又说:“ဧဟိ ဝက္ကလိ”——“来吧,爱子跋迦梨。”听到这句话,他仿佛受到甘露清泉的灌注,心生喜悦欢欣,于是使观智生起(即修习观禅)。然而,由于信过强,他仍无法进入观修的正轨。世尊知道这一情形——
တော်မူသည်ဖြစ်၍ ဘုရားရှင်က ဣန္ဒြေတို့၏ ညီမျှသည်၏အဖြစ်ကို ပြီးစီးစေလျက် သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ ပညာဟူသော ဣန္ဒြေငါးပါးတို့ကို ညီမျှသွားအောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို သုတ်သင်၍ ပေးတော်မူ၏။
——便使诸根达到平衡,调整他的观禅业处,使信、精进、念、定、慧这5根彼此均衡。
ထို အရှင်ဝက္ကလိ မထေရ်မြတ်သည် ဘုရားရှင်က ညွှန်ကြားပြသ ဆိုဆုံးမပေးတော်မူသည့် နည်းနာနိဿယ အတိုင်း ဝိပဿနာဘာဝနာကို လုံ့လကြိုးကုတ် အားထုတ်တော်မူသည်ရှိသော် မဂ်အစဥ် ဖိုလ်အစဥ်အားဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေသည်။ (မဟာဋီ-၁-၁၅၁-၁၅၂။)
跋迦梨长老依照世尊指示、教诫的方法精勤修习观禅,便依道的次第与果的次第证得阿罗汉果。(《大复注》1-151—152。)
原书第 364 页
အရှင်သောဏမထေရ်
须那长老
ခြေဖဝါးအပြင်၌ နူးညံ့သိမ်မွေ့သော အမွေးများ ပေါက်လျက်ရှိသော အလွန်သိမ်မွေ့နုနယ်သော အရှင် သောဏမထေရ်သည် မြတ်စွာဘုရား၏ထံတော်၌ ကမ္မဋ္ဌာန်းတရားကို ယူပြီး၍ ရာဇဂြိုဟ်မြို့ အနီး၌ တည်ရှိ သော သီတဝနအမည်ရသော တောကျောင်းတိုက် တစ်ခုအတွင်း၌ သီတင်းသုံးတော်မူလျက် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်တော်မူ၏။ ထိုသို့ အားထုတ်ရာ၌ ဤသို့ စဥ်းစားတော်မူ၏။
须那长老身体极为娇嫩,足底还生有细软的毫毛。他从世尊处领受业处以后,住在王舍城附近一座名为寒林的林野寺院中,精勤修习观禅。用功时,他这样思惟:
''မမ သရီရံ သုခုမာလံ၊ န စ သက္ကာ သုခေနေဝ သုခံ အဓိဂန္တုံ၊ ကာယံ ကိလမေတွာပိ သမဏဓမ္မော ကာတဗ္ဗော'' ---- = ''ငါ၏ကိုယ်သည်ကား အလွန် သိမ်မွေ့နူးညံ့၏၊ ချမ်းသာဖြင့်သာလျှင် ချမ်းသာကို ရရှိခြင်းငှာလည်း မတတ် ကောင်းပေ၊ ငါသည် ကိုယ်ကို ပင်ပန်းစေ၍သော်လည်း ရဟန်းတရားကို ကြိုးစားအားထုတ်ထိုက်၏'' ---- ဤသို့ နှလုံးသွင်း၍ ရပ်ခြင်း ဣရိယာပုထ်၊ စင်္ကြံသွားခြင်း ဣရိယာပုထ် နှစ်မျိုးကိုသာ အသုံးပြုလျက် ရဟန်းတရားကို ပွားများအားထုတ်ရန် အဓိဋ္ဌာန်တော်မူ၍ ပဓာနကမ္မဋ္ဌာန်းအလုပ်ကို အပြင်းအထန် ကြိုးစား အားထုတ်လတ်သော် ခြေဖဝါးအပြင်တို့၌ အဖုအလုံးတို့သည် ပေါက်လာကြကုန်၏။ ထိုသို့ ခြေဖဝါးအပြင်တို့၌ အဖုအလုံးတို့ ဖြစ်ပေါ်လာကုန်သော်လည်း ဆင်းရဲသည့် ဒုက္ခဝေဒနာကို လျစ်လျူရှုထား၍ ဝီရိယကို မြဲမြံစွာ ပြုလျက် ပဓာနကမ္မဋ္ဌာန်း အလုပ်ကို ကြိုးစားအားထုတ်လတ်သော် အပြင်းအထန် အလွန်ကြိုးစားအားထုတ်
“我的身体十分娇嫩;但不能只凭安乐便证得安乐,即使令身体疲惫,也应修习沙门法。”如此作意后,他立誓只采用站立与经行两种威仪修习沙门法,猛烈精进于主修业处,以致足底生出水疱。尽管如此,他仍不顾苦受,持续稳固地激发精进,勤修主修业处;正因为用功过猛、精进过度——
အပ်သော လုံ့လဝီရိယ ရှိသည့်အတွက်ကြောင့် ဝီရိယလွန်နေရကား မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုသည့် တရားထူး တရားမြတ်ကို ဖြစ်ပေါ်လာစေဖို့ရန် မစွမ်းနိုင် ဖြစ်နေ၏။ ထိုအခါ ဘုရားရှင်သည် ထိုအရှင်သောဏရှိရာ အရပ်သို့ ကြွသွားတော်မူ၍ ''မလျော့မတင်း စောင်းကြိုးငြင်း''ဟူသော စောင်းဥပမာ အဆုံးအမတော်ဖြင့် ဆိုဆုံးမတော် မူ၍ ဝီရိယနှင့် သမာဓိ ညီမျှမှုရှိအောင် ယှဥ်စပ်ပြုကျင့်ရမည့် အစီအရင်ကို ညွှန်ကြားပြသ ပေးတော်မူလျက် ကမ္မဋ္ဌာန်းကို သန့်ရှင်းသွားအောင် သုတ်သင် ရှင်းလင်းပေးတော်မူ၏။ ထိုနောင် ဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင် သို့ ကြွသွားတော်မူ၏။ အရှင်သောဏမထေရ်မြတ်သည်လည်း ဘုရားရှင် ချီးမြှင့်ပေးသနားတော်မူသည့် နည်းနာနိဿယအတိုင်း ဝီရိယနှင့် သမာဓိကို ညီမျှအောင် ယှဥ်စပ်လျက် ဝိပဿနာကမ္မဋ္ဌာန်းကို လုံ့လကြိုးကုတ် အားထုတ်တော်မူသည်ရှိသော် အရဟတ္တဖိုလ်၌ တည်ရှိတော်မူလေသည်။ (မဟာဋီ-၁-၁၅၂။)
——他反而无法生起道智、果智这些殊胜法。于是世尊来到须那长老那里,以“琴弦不松不紧方能和鸣”的琴喻教诫他,指示如何配合修习,使精进与定达到平衡,并为他调整、厘清业处。随后世尊返回灵鹫山。须那长老依照世尊慈悲教授的方法,使精进与定保持平衡,精勤修习观禅,最终安住于阿罗汉果。(《大复注》1-152。)
သူတော်ကောင်းတို့၏ ချီးမွမ်းသံ
诸善士的赞叹
အလားတူပင် သဒ္ဓါ-ဝီရိယတို့မှ ကြွင်းကုန်သော သတိ-သမာဓိ-ပညိန္ဒြေတို့တွင်လည်း ဣန္ဒြေ တစ်ပါးပါး၏ အားကောင်းမောင်းသန်မှု ရှိလတ်သော် နုံ့နေသော ဣန္ဒြေတို့၏ မိမိ မိမိတို့၏ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်တို့၌ ဆောင်ရွက်ရန် မစွမ်းနိုင်သည်၏အဖြစ်ကို သိရှိပါလေ။
同样,在信根与精进根以外的念根、定根、慧根中,如果某一根过强,也应知道:较弱的诸根将无法履行各自相应的作用。
အထူးအားဖြင့် ဤဣန္ဒြေ ငါးပါးတို့တွင် သဒ္ဓါနှင့် ပညာတို့၏လည်းကောင်း၊ သမာဓိနှင့် ဝီရိယတို့၏ လည်းကောင်း အချင်းချင်း မယုတ်မလွန်သည် ဖြစ်၍ ညီမျှမှု ရှိသည်၏အဖြစ်ကို ဆရာမြတ်တို့သည် ချီးမွမ်းတော် မူကြကုန်၏။ (ဝိသုဒ္ဓိ-၁-၁၂၆။) သမထ-ဝိပဿနာ ဘာဝနာလုပ်ငန်းခွင်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရာဝယ် အသီးအသီးသော မိမိ မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တတ်သည့် သဒ္ဓါဓုရ ပညာဓုရဟု အမည်ရသော ဝန်ဆောင်ဓုရ တရားနှစ်ပါး ဖြစ်ကြကုန်သော သဒ္ဓါနှင့် ပညာ တရားနှစ်ပါးတို့၏ ကိစ္စအားဖြင့် အချင်းချင်း မလွန်ခြင်းကို
尤其对于这5根,诸大德导师赞叹信与慧、定与精进分别彼此不过强而保持均衡。(《清净道论》1-126。)在勤修止、观时,信与慧各自充分履行本身职责,是称为“信之重任”与“慧之重任”的两种重任之法;因此,尤其要求信与慧在职能上彼此不过强——
原书第 365 页
အာနာပါနဿတိသမာဓိပိုင်း အထူးအားဖြင့် အလိုရှိအပ်သည်သာလျှင် ဖြစ်ပေသည်။ ယင်းသို့ အလိုရှိအပ်သောကြောင့် ထိုသဒ္ဓါနှင့် ပညာ တရားနှစ်ပါးတို့၏ ညီမျှသော ဝန်ဆောင်မှုရှိခဲ့သော် အပ္ပနာစျာန်သည် ပြီးစီးပြည့်စုံလာနိုင်သကဲ့သို့ အလားတူပင် ပျင်းရိခြင်း ကောသဇ္ဇဘက်သို့ ယိုင်လဲသွားတတ်သော အဖို့ရှိသော သမာဓိနှင့် ဘာဝနာအာရုံမှ စိတ်ပျံ့လွင့် ထွက်သွားခြင်း ဥဒ္ဓစ္စဘက်သို့ ယိုင်လဲသွားတတ်သော အဖို့ရှိသော ဝီရိယတရားတို့၏ ညီမျှသော ကိစ္စရှိမှုသည် ထင်ရှားရှိခဲ့သော် အချင်းချင်း တစ်ပါးကို တစ်ပါးက မယိုင်လဲအောင် ထောက်ပံ့ထားခြင်းကြောင့် ယှဥ်ဖက် စိတ် စေတသိက် သမ္ပယုတ်တရားတို့၏ ဘာဝနာအာရုံ၌ ပျင်းရိခြင်း၊ ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်သွားခြင်းဟူသော အစွန်းနှစ်ဖက်သို့ ကျရောက်ခြင်း မရှိတော့သဖြင့် ကောင်းစွာသာလျှင် အပ္ပနာစျာန်သည် ပြီးစီးပြည့်စုံလာပေ၏။
——这一点正是尤其应当具备的。由于有这一要求,当信与慧平等地承担重任时,安止禅便能圆满;同样,定有倾向懈怠的一面,精进有倾向从修习所缘散乱而落入掉举的一面,如果二者职能均衡,便会彼此扶持而不使对方偏斜;相应的心与心所因此不再落入对修习所缘懈怠、从修习所缘散乱这两个极端,安止禅也就能够顺利圆满。
(မဟာဋီ-၁-၁၅၃။)
(《大复注》1-153。)
သဒ္ဓါလွန်၍ ပညာအားနည်းသော် - ပညာလွန်၍ သဒ္ဓါအားနည်းသော်
信强慧弱时——慧强信弱时
ဗလဝသဒ္ဓေါ ဟိ မန္ဒပညော မုဒ္ဓပ္ပသန္နော ဟောတိ၊ အဝတ္ထုသ္မိံ ပသီဒတိ။ ဗလဝပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ၊ ဘေသဇ္ဇသမုဋ္ဌိတော ဝိယ ရောဂေါ အတေကိစ္ဆော ဟောတိ။ ဥဘိန္နံ သမတာယ ဝတ္ထုသ္မိံ ယေဝ ပသီဒတိ။ (ဝိသုဒ္ဓိ-၁-၁၂၆။ မ-ဋ္ဌ-၁-၂၉၅။) = အကြောင်းပြချက်ကား ဤသို့ ဖြစ်၏။ ပုဂ္ဂိုလ်တစ်ဦးသည်ကား အလွန်အားကြီးသော သဒ္ဓါတရား ယုံကြည် ချက် စွမ်းအားနှင့် ပြည့်စုံ၏၊ နုံ့သောပညာ အားနည်းသောပညာ ရှိ၏၊ မသန့်ရှင်းသော အသိဉာဏ် ရှိ၏။ ထို ပုဂ္ဂိုလ်မျိုးသည် တိတ္ထိတို့၏ တပည့်သာဝကတို့ကဲ့သို့ပင် သူတော်ကောင်းတရားတည်းဟူသော အနှစ်သာရ ကင်း မဲ့နေသော အချည်းနှီးသော ပုဂ္ဂိုလ်၌ ကြည်ညိုနေတတ်၏၊ အချည်းနှီးသော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏၊ မိုက်မိုက်ကန်းကန်း ဆင်ကန်းတောတိုး ကြည်ညိုနေတတ်၏၊ ဉာဏ်ဖြင့်သက်ဝင်၍ ကြည်ညိုထိုက်သည့် ရတနာ သုံးတန် ကံ-ကံ၏အကျိုးတရား စသည့် သဒ္ဓေယျဝတ္ထုမှန်၌ မကြည်ညိုတတ်၊ ကောင်းမှုတည်းဟူသော မျိုးစေ့၏
“信强慧弱者,会成为盲信之人,对不应信之事生信;慧强信弱者,则趋向奸黠的一边,如同由药所致的疾病,难以医治。二者均衡,才只对正当的所信事生信。”(《清净道论》1-126;《中部义注》1-295。)理由如下:有一种人,信与信受之力极强,智慧却迟钝薄弱,知见不清净。他像外道弟子一样,常对缺乏善法精髓的空虚之人、空洞之事生起信敬,盲目崇信;反而不信敬三宝、业与业果等真正值得以智慧信解之事,却信敬那些不像能够播种善业种子的——
ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် မဟုတ်သည့် ဝတ္ထုတို့၌ ကြည်ညိုနေတတ်၏။ ပညာလွန်၍ သဒ္ဓါ တရား နုံ့သသူကား ကောက်ကျစ်စဥ်းလဲသောအဖို့ဘက်သို့ ယိုင်လဲသွားတတ်၏။ သဒ္ဓါက ယုတ်လျော့လျက် ပညာက လိုအပ်သည်ထက် ပိုနေသဖြင့် ပညာဖြင့် ကျော်လွန်ပြေးသွားနေသော ပုဂ္ဂိုလ်သည် အကြောင်းတရား အတုအပတို့က လှည့်စားထားအပ်သည်ဖြစ်၍ ''လှူဖွယ်ဝတ္ထုကို ပေးကမ်းစွန့်ကြဲခြင်း စာဂတရားနှင့် ကင်း၍ တကယ် လှူဖွယ်ဝတ္ထုကို မလှူဘဲ စိတ်ဖြစ်ကာမျှဖြင့် (= စိတ်ထဲက လှူရုံမျှဖြင့်)သော်လည်း ဒါနမယ ကောင်းမှု ကုသိုလ်သည် ဖြစ်ပေါ်လာ၏''- ဤသို့ စသည်တို့ကို ကြံဆတတ်၏။ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ခြောက် ကပ်သော ကြံစည်စိတ်ကူးမှုဖြင့် လုယက်ဖျက်ဆီးခံရသော စိတ်ဓာတ်ရှိနေသည် ဖြစ်၍ ပညာရှိ သူတော်ကောင်း တို့၏ စကားကို မနာယူတတ်ပေ၊ ပညာရှိသူတော်ကောင်းတို့က နားလည်အောင် အသိဉာဏ် ပေးပါသော်လည်း
——良田那样的对象。慧过强而信弱者,则会倾向奸黠诡诈的一边。由于信不足而慧超出所需,他便凭借智慧越过合理限度,被似是而非的理由欺骗,进而推想:“不必实际施舍供物、无需行舍施,只要心里起一个念头(只在心中作布施),也能生起布施所成的善业。”此类人的心被枯燥的思辨劫夺、破坏,不肯听从智者善士的话;即使智者善士为了使他明白而加以开导——
သိရှိနားလည်ခြင်း အဆင့်သို့ မရောက်ရှိနိုင်ပေ။ ထိုကြောင့် ဆေးကြောင့် ဖြစ်ပေါ်လာသော အနာရောဂါသည် အကုရခက်သကဲ့သို့ ပညာလွန်၍ သဒ္ဓါအားနည်းနေသော ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်လည်း ကုစားဖို့ရန် အလွန်ခက်ခဲလှပေသည်။ သဒ္ဓါ ပညာ တရားနှစ်ပါးတို့သည် ညီမျှမှုရှိပါမှသာလျှင် ကြည်ညိုသင့် ကြည်ညိုထိုက် သော ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော ဘုရားစစ် ဘုရားမှန်၊ တရားစစ် တရားမှန်၊ သံဃာစစ် သံဃာမှန် စသည့် သဒ္ဓေယျဝတ္ထု၌သာလျှင် ကြည်ညိုတတ်ပေသည်။
——他也达不到真正知晓、理解的程度。因此,正如由药物引起的疾病难以医治,慧过强而信弱的这类人也极难调治。只有信与慧二者保持均衡,才会只对真正值得信敬之事生起信敬,也就是如同能够播种善业种子的良田一般的真佛、真法、真僧等。
ဤငါးပါးသော ဣန္ဒြေတို့တွင် သဒ္ဓါနှင့်ပညာ နှစ်ပါးတို့၏ တစ်ခုခုက လွန်ကဲနေသဖြင့် အချင်းချင်း ကင်း ကွာ၍ နေခြင်း (= ကွာဟချက်ရှိနေခြင်း) သည် သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့၌ အကျိုးစီးပွားကို မရွက်ဆောင်တော့ဘဲ အကျိုးမဲ့ကိုသာလျှင် ရွက်ဆောင်တတ်သကဲ့သို့ အလားတူပင် သမာဓိနှင့် ဝီရိယတို့၏
在这5根中,如果信与慧的任何一项过强,以致二者彼此失衡(即出现差距),便不会在止、观修习中带来利益,反而只会带来无益;同样,定与精进——
原书第 366 页
တစ်ခုခုက လွန်ကဲနေသဖြင့် အချင်းချင်း ကင်းကွာ၍နေခြင်း (= ကွာဟချက် ရှိနေခြင်း)သည် အဝိက္ခေပ အမည် ရသော ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်၍ မသွားမှု (= သမာဓိ) ကို ရွက်ဆောင်၍ မပေးတော့ဘဲ ဘာဝနာ အာရုံမှ စိတ်ပျံ့လွင့်နေခြင်း (= ဝိက္ခေပ)ကိုသာ ရွက်ဆောင်၍ ပေးတတ်ပေသည်။ (ဝိသုဒ္ဓိ-၁-၁၂၆။ မဟာဋီ-၁-၁၅၃။)
——如果其中任何一项过强,以致二者彼此失衡(即出现差距),便不再带来称为不散乱的“心不从修习所缘散开”(即定),反而只会带来“心从修习所缘散乱”(即散乱)。(《清净道论》1-126;《大复注》1-153。)
သမာဓိ နှင့် ဝီရိယ
定与精进
ဗလဝသမာဓိံ ပန မန္ဒဝီရိယံ သမာဓိဿ ကောသဇ္ဇပက္ခတ္တာ ကောသဇ္ဇံ အဘိဘဝတိ။ ဗလဝဝီရိယံ မန္ဒသမာဓိံ ဝီရိယဿ ဥဒ္ဓစ္စပက္ခတ္တာ ဥဒ္ဓစ္စံ အဘိဘဝတိ။ သမာဓိ ပန ဝီရိယေန သံယောဇိတော ကောသဇ္ဇေ ပတိတုံ န လဘတိ။ ဝီရိယံ သမာဓိနာ သံယောဇိတံ ဥဒ္ဓစ္စေ ပတိတုံ န လဘတိ၊ တသ္မာ တဒုဘယံ သမံ ကာတဗ္ဗံ။ ဥဘယသမတာယ ဟိ အပ္ပနာ ဟောတိ။ (ဝိသုဒ္ဓိ-၁-၁၂၆။ မ-ဋ္ဌ-၁-၂၉၅-၂၉၆။) = အားကြီးသော သမာဓိရှိသော နုံ့သော ဝီရိယရှိသော သူကို (= သမာဓိလွန်၍ ဝီရိယ လျော့နည်းနေသော ယောဂါဝစရပုဂ္ဂိုလ်ကို) သမာဓိ၏ ပျင်းရိခြင်း ကောသဇ္ဇအဖို့ ရှိသည်၏ အဖြစ်ကြောင့် ပျင်းရိခြင်း ကောသဇ္ဇ တရားက လွှမ်းမိုးဖိစီး နှိပ်စက်တတ်၏။ အားကြီးသော ဝီရိယရှိသော နုံ့သော သမာဓိရှိသောသူကို (= ဝီရိယ လွန်၍ သမာဓိလျော့နည်းနေသော ယောဂါဝစရပုဂ္ဂိုလ်ကို) ဝီရိယ၏ စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စအဖို့ ရှိသည်၏ အဖြစ် ကြောင့် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီး နှိပ်စက်တတ်၏။
“定强而精进弱者,因为定偏向懈怠,便为懈怠所胜;精进强而定弱者,因为精进偏向掉举,便为掉举所胜。定若与精进相结合,便不能落入懈怠;精进若与定相结合,便不能落入掉举。因此,应使二者均衡;二者均衡,安止便得成就。”(《清净道论》1-126;《中部义注》1-295—296。)缅文续释:定强而精进弱的禅修者,由于定具有偏向懈怠的一面,便会受到懈怠压制;精进强而定弱的禅修者,由于精进具有偏向掉举的一面,便会受到掉举压制。
အလျော်အားဖြင့် ဆိုရမူ ---- ဝီရိယနှင့် ညီမျှမှုရှိအောင် ကောင်းစွာယှဥ်စပ်၍ထားအပ်သော သမာဓိသည် ဘာဝနာလုပ်ငန်းခွင်အာရုံ၌ ပျင်းရိခြင်း ကောသဇ္ဇဘက်၌ ယိုင်လဲကျရောက်သွားခြင်းငှာ အခွင့်ကို မရရှိနိုင်ပေ။
换言之,与精进良好配合而达到均衡的定,不会有机会在修习所缘上偏落到懈怠一边。
သမာဓိနှင့် ညီမျှမှုရှိအောင် ကောင်းစွာယှဥ်စပ်၍ ထားအပ်သော ဝီရိယသည် ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်သွားမှု ဥဒ္ဓစ္စဘက်၌ ယိုင်လဲကျရောက်သွားခြင်းငှာ အခွင့်ကို မရရှိနိုင်ပေ။ ထိုကြောင့် အသင်ယောဂါဝစရပုဂ္ဂိုလ်သည် သဒ္ဓါနှင့် ပညာ နှစ်ပါး၊ ဝီရိယနှင့် သမာဓိ နှစ်ပါးအပေါင်းကို ညီမျှသော ကိစ္စရှိအောင် ပြုလုပ်အပ်ပေသည်။
与定良好配合而达到均衡的精进,也不会有机会偏落到心从修习所缘散开的掉举一边。因此,禅修者应当使信与慧这一对、精进与定这一对都具有均衡的作用。
အကျိုးကား ---- သဒ္ဓါနှင့် ပညာ နှစ်ပါး၊ ဝီရိယနှင့် သမာဓိ နှစ်ပါးတို့၏ ညီမျှသော ကိစ္စရှိသည့် အဖြစ်ကြောင့် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာပေသည်၊ ဤကား အကျိုးပင်တည်း။ (ဝိသုဒ္ဓိ-၁-၁၂၆။ မ-ဋ္ဌ-၁-၂၉၅-၂၉၆။) ဤအထက်ပါ အရပ်ရပ်သော ကျမ်းဂန်အထောက်အထားများ အရ ---- ''ဝီရိယလွန်သော် ဥဒ္ဓစ္စ၊ သမာဓိ လွန်သော် ကောသဇ္ဇ''ဟု ဆရာ့ဆရာ ဖြစ်တော်မူကြကုန်သော ရှေးသူဟောင်းတို့ ဆိုဆုံးမတော်မူကြပေသည်။
其利益是:由于信与慧这一对、精进与定这一对都具有均衡的作用,安止禅便会生起;这就是其利益。(《清净道论》1-126;《中部义注》1-295—296。)根据以上各处经论依据,古代诸位祖师教诫说:“精进过强则掉举,定过强则懈怠。”
နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်ယောဂီသူတော်ကောင်းသည် ရိုသေစွာ လိုက်နာပြုကျင့်ရမည့် စည်းကမ်းဥပဒေသ တစ်ခုပင် ဖြစ်ပေသည်။
这正是渴望涅槃的贤善禅修者应当恭敬遵行的一项准则与教诫。
သမာဓိကမ္မိက နှင့် ဝိပဿနာကမ္မိက
定业者与观业者
အပိစ သမာဓိကမ္မိကဿ ဗလဝတီပိ သဒ္ဓါ ဝဋ္ဋတိ။ ဧဝံ သဒ္ဒဟန္တော သြကပ္ပေန္တော အပ္ပနံ ပါပုဏိဿတိ။
“此外,对于定业者,即使信较强也是适宜的;如此信受、确立信心,他将证得安止。”
သမာဓိပညာသု ပန သမာဓိကမ္မိကဿ ဧကဂ္ဂတာ ဗလဝတီ ဝဋ္ဋတိ။ ဧဝဥှိ သော အပ္ပနံ ပါပုဏာတိ။ ဝိပဿနာ- ကမ္မိကဿ ပညာ ဗလဝတီ ဝဋ္ဋတိ။ ဧဝဥှိ သော လက္ခဏပဋိဝေဓံ ပါပုဏာတိ။ ဥဘိန္နံ ပန သမတာယပိ အပ္ပနာ ဟောတိယေဝ။ (ဝိသုဒ္ဓိ-၁-၁၂၆။ မ-ဋ္ဌ-၁-၂၉၆။ သံ-ဋ္ဌ-၃-၁၉၄-၁၉၅။) သဒ္ဒဟန္တောတိ ''ပထဝီ-ပထဝီ''တိ မနသိကရဏမတ္တေန ကထံ စျာနုပ္ပတ္တီတိ အစိန္တေတွာ ''အဒ္ဓါ သမ္မာ- သမ္ဗုဒ္ဓေန ဝုတ္တဝိဓိ ဣဇ္ဈိဿတီ''တိ သဒ္ဒဟန္တော သဒ္ဓံ ဇနေန္တော။ (မဟာဋီ-၁-၁၅၃။)
“至于定与慧,对于定业者,心一境性较强是适宜的;这样他便能证得安止。对于观业者,慧较强是适宜的;这样他便能通达诸相。然而,二者均衡时,安止也确实能够生起。”(《清净道论》1-126;《中部义注》1-296;《相应部义注》3-19“所谓‘信受’,是指不去思量‘仅仅作意“地、地”,禅那怎会生起?’,而相信‘正等觉者所说的方法必定能够成就’,从而生起信。”(《大复注》1-153。)
原书第 367 页
အာနာပါနဿတိသမာဓိပိုင်း စိုးစဥ်း အနည်းငယ် ဆိုဖွယ်အထူးကား ဤသို့ ဖြစ်၏။ သမာဓိထူထောင်နေသည့် သမထကမ္မဋ္ဌာန်း တစ်ခုခု ကို ပွားများအားထုတ်နေဆဲဖြစ်သော သမာဓိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ သဒ္ဓါတရားက အနည်းငယ် အားကောင်း လွန်ကဲနေသော်လည်း သင့်မြတ်သည်သာ ဖြစ်ပေသည်။ ပထဝီ ကသိုဏ်းဝန်းကို အာရုံပြု၍ အာရုံ ယူ၍ ''ပထဝီ-ပထဝီ= မြေ-မြေ''ဟု နှလုံးသွင်းနေရုံမျှဖြင့် အဘယ်မှာလျှင် စျာန်တရားများ ဖြစ်ပေါ်လာနိုင် ပါအံ့နည်း၊ ပကတိသော ဝင်သက်လေ ထွက်သက်လေကို ဖြစ်စေ၊ ထိုပကတိသော ဝင်သက်လေ ထွက်သက်လေ ကို အမှီပြု၍ ဘာဝနာစွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်ကိုပင် ဖြစ်စေ အာရုံပြု၍ ''ဝင်သက်လေ ထွက်သက်လေ''ဟု နှလုံးသွင်းနေရုံမျှဖြင့် အဘယ်မှာလျှင် စျာန်တရားများ ဖြစ်ပေါ်လာနိုင် ပါအံ့နည်း ---- ဤသို့ စသည်ဖြင့် မကြံစည် မတွေးတောတော့ဘဲ ဘုရားရှင် ဟောကြားထားတော်မူအပ်သော
这里略有一点例外。对于正在修习某一种止业处、建立定的定业瑜伽行者,即使信稍微偏强,也仍然适宜。若他不再如此思量:“仅仅缘取地遍圆相,作意‘地、地’,禅那怎会生起?仅仅缘取自然的入息与出息,或缘取依自然入出息、由修习之力所生的取相与似相,作意‘入息、出息’,禅那又怎会生起?”而是深信佛陀所教示的——
အစီအရင်သည် မချွတ်ဧကန် ပြည့်စုံပေလတ္တံ့ဟု ယုံကြည်မှု ရှိခဲ့သော် မိမိ ရှုပွားနှလုံးသွင်းနေသော သမထ အာရုံသို့ သက်ဝင်နေသကဲ့သို့ စုပ်စုပ်နစ်နစ်အားဖြင့် ယုံကြည်ခဲ့သော် အပ္ပနာစျာန်သို့ ရောက်ရှိနိုင်ပေလတ္တံ့။
——修习方法必定能够圆满成就,并且如同深深投入自己正在观修、作意的止所缘一般,具有深切而坚定的信心,他便能够达到安止禅。
နောက်တစ်မျိုးကား သမာဓိနှင့် ပညာ နှစ်ပါးတို့တွင် သမာဓိထူထောင်နေသည့် သမထကမ္မဋ္ဌာန်း တစ်ခုခု ကို ပွားများအားထုတ်နေဆဲဖြစ်သော သမာဓိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ မိမိရှုပွားနေသည့် (ပထဝီကသိုဏ်း သို့မဟုတ် အာနာပါန စသည့် ) သမထအာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေမှု သမာဓိသည် အားရှိခဲ့ပါမူ သင့်မြတ်သည်သာ ဖြစ်၏။ အပ္ပနာစျာန်၏ သမာဓိပြဓာန်းသောကြောင့် ဤသို့ သမာဓိ အားကောင်း နေခဲ့သော် ထိုသမာဓိထူထောင်နေဆဲ (= သမာဓိကမ္မိက) ပုဂ္ဂိုလ်သည် အပ္ပနာစျာန်သို့ မချွတ်ဧကန် ရောက်ရှိ နိုင်ပေ၏။ ဤကား သမာဓိ အားရှိမှု၏ အကျိုးတည်း။ (သမာဓိပဓာနတ္တာ စျာနဿ၊ - မဟာဋီ-၁-၁၅၃။) ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာယာဥ်သုံးတန် တစ်လှည့်စီတင်၍ ရှုပွားသုံးသပ် နေသော ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ဝိပဿနာကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ ပညာ
另一种情形是:在定与慧二者之中,对于正在修习某一种止业处、建立定的定业瑜伽行者,若使心落在并稳定于自己所观修的单一止所缘——如地遍或入出息——之上的定较强,便是适宜的。由于安止禅以定为主,这位正在建立定的定业者在定如此强而有力时,必定能够达到安止禅;这就“因为禅那以定为主。”(《大复注》1-153。)至于正在修习观业处,把色、名、因、果这些行法依次置于三相之下观修、审察的观业瑜伽行者,若慧——
တရားသည် အားရှိခဲ့ပါမူ သင့်မြတ်သည်သာ ဖြစ်၏။ အကျိုးကား ---- ဤသို့ ပညာတရားသည် အားရှိခဲ့သော် အားကောင်းခဲ့သော် ထိုဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရား တို့၏ အနိစ္စအခြင်းအရာ၊ ဒုက္ခအခြင်းအရာ၊ အနတ္တအခြင်းအရာဟူသော သာမညလက္ခဏာကို ထိုးထွင်း သိမြင်ခြင်းသို့ ရောက်ရှိနိုင်ပေ၏။ (ဝိသုဒ္ဓိ-၁-၁၂၆။ မ-ဋ္ဌ-၁-၂၉၆။ သံ-ဋ္ဌ-၃-၁၉၄-၁၉၅။) ဥဘိန္နံ ပန သမတာယပိ အပ္ပနာ ဟောတိယေဝ။ (ဝိသုဒ္ဓိ-၁-၁၂၆။ မ-ဋ္ဌ-၁-၂၉၆။) ဥဘိန္နန္တိ သမာဓိပညာနံ၊ သမာဓိကမ္မိကဿ သမာဓိနော အဓိမတ္တတာပိ ဣစ္ဆိတဗ္ဗာတိ အာဟ ''သမ- တာယပီ''တိ၊ သမဘာဝေနာပီတိ အတ္ထော။ အပ္ပနာတိ ဣဓာဓိပ္ပေတအပ္ပနာ။ တထာ ဟိ ''ဟောတိယေဝါ''တိ သာသင်္ကံ ဝဒတိ။ လောကုတ္တရပ္ပနာ ပန တေသံ သမဘာဝေနေဝ ဣစ္ဆိတာ။ ယထာဟ ''သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတီ''တိ။ (မဟာဋီ-၁-၁၅၃။) = သမာဓိနှင့် ပညာနှစ်ပါးတို့၏ ညီမျှမှုရှိလျှင်လည်း သမာဓိထူထောင်နေသည့် သမာဓိကမ္မိက ယောဂါဝစရ
——强而有力,便是适宜的。其利益是:慧如此强而有力时,这位修习观业处的瑜伽行者便能达到洞彻知见诸行之无常、苦、无我这三种共相的境地。(《清净道论》1-126;《中部义注》1-296;《相应部义注“然而,二者均衡时,安止也确实能够生起。”(《清净道论》1-126;《中部义注》“‘二者’,即定与慧。因为对定业者而言,定较强也是所希望的,所以说‘即使均衡’,意思是‘即使处于平衡状态’。‘安止’,是指这里所说的安止。因此才以带有保留意味的‘确实能够生起’来表述;但出世间安止则唯有在定与慧均衡时才是所希望的。正如所说:‘修习止观双运。’”(《大复注》1-153。)上述引文意为:即使定与慧二者均衡,对于正在建立定的定业瑜伽——
ပုဂ္ဂိုလ်အဖို့ အာနာပါနစျာန်ကဲ့သို့သော လောကီအပ္ပနာစျာန်သည် ဖြစ်နိုင်သည်သာလျှင်တည်း။ သမာဓိ ထူထောင် နေသည့် သမာဓိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အား သမာဓိသည် အနည်းငယ် လွန်ကဲနေလျှင်လည်း လောကီ အပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်သကဲ့သို့ သမာဓိ ပညာ နှစ်ပါးတို့၏ ညီမျှမှုရှိလျှင် လောကီအပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်သည်သာလျှင်တည်းဟု ဆိုလိုပေသည်။ သို့အတွက် သမာဓိနှင့် ပညာ နှစ်ပါးတို့၏ ညီမျှမှု ရှိလျှင် လည်း လောကီအပ္ပနာစျာန်သည် ''ဟောတိယေဝ = ဖြစ်ကို ဖြစ်လာနိုင်သည်သာတည်း''ဟု သံသယ မကင်းဖွယ် စကားကို အဋ္ဌကထာ မိန့်ဆိုခြင်း ဖြစ်ပေသည်။ သို့သော် လောကုတ္တရာ အပ္ပနာဟူသော မဂ်ဉာဏ် ဖိုလ်ဉာဏ် ကိုကား ထို သမာဓိ ပညာ နှစ်ပါးတို့၏ ညီမျှမှုရှိသည်၏ အဖြစ်ဖြင့်သာလျှင် အလိုရှိအပ်ပေသည်။
——行者而言,入出息禅那等世间安止禅仍然能够生起。意思是:对于正在建立定的定业瑜伽行者,正如定稍微偏强时世间安止禅能够生起,定与慧二者均衡时,世间安止禅也同样能够生起。因此,义注用带有保留意味的话“ဟောတိယေဝ = ဖြစ်ကို ဖြစ်လာနိုင်သည်သာတည်း”,说明定与慧均衡时世间安止禅“确实也能够生起”。然而,称为出世间安止的道智与果智,则唯有依定、慧二者均衡才是所希望的。
原书第 368 页
သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ။ (အံ-၁-၄၇၅၊ ပဋိသံ-၂၈၃-၂၈၈။) = သမထနှင့် ဝိပဿနာ တရားနှစ်ပါးကို သို့မဟုတ် သမာဓိနှင့် ပညာ တရားနှစ်ပါးကို၊ နွားနှစ်ကောင်ကို ထမ်းပိုး၌ အညီအမျှ မယုတ်မလွန်စေမူ၍ ယှဥ်စေ ကစေ ဖွဲ့စပ်စေသကဲ့သို့ (= ယှဥ်စပ် ဖွဲ့စပ်၍ တပ်ထား ကထားသကဲ့သို့) အညီအမျှ ယှဥ်စပ်မှု ဖွဲ့စပ်မှုကို ပြု၍ ပွားများအားထုတ်စေအပ်၏ -- ဟု ဟောကြားထားတော် မူသောကြောင့် ဖြစ်သည်။ (မဟာဋီ-၁-၁၅၃။ သံ-ဋီ-၂-၄၃၅။) 〔မှတ်ချက် ---- ယုဂနဒ္ဓနည်း အကြောင်းအရာသည် ဝိပဿနာပိုင်း-နှာ-၃၆၇-စသည်တွင် ထင်ရှားလတ္တံ့၊၊〕 သတိ ?
“修习止观双运。”(《增支部》1-475;《无碍解道》283—288。)这是因为佛陀教导:应当修习止与观这两法,或定与慧这两法,使其如同两头牛在同一轭上不偏不倚、等量齐驱般均衡地结合、配合起来。(《大复注》1-153;《相应部复注》2-435。)〔按:关于双运法(yuganaddha-naya),到观的部分第367页以下将会详明。〕念呢?
သတိ ပန သဗ္ဗတ္ထ ဗလဝတီ ဝဋ္ဋတိ။ သတိ ဟိ စိတ္တံ ဥဒ္ဓစ္စပက္ခိကာနံ သဒ္ဓါဝီရိယပညာနံ ဝသေန ဥဒ္ဓစ္စပါတတော ကောသဇ္ဇပက္ခေန စ သမာဓိနာ ကောသဇ္ဇပါတတော ရက္ခတိ၊ တသ္မာ သာ လောဏဓူပနံ ဝိယ သဗ္ဗဗျဉ္ဇနေသု၊ သဗ္ဗကမ္မိကအမစ္စော ဝိယ စ သဗ္ဗရာဇကိစ္စေသု သဗ္ဗတ္ထ ဣစ္ဆိတဗ္ဗာ။ တေနာဟ ''သတိ စ ပန သဗ္ဗတ္ထိကာ ဝုတ္တာ ဘဂဝတာ။ ကိံ ကာရဏာ၊ စိတ္တဥှိ သတိပဋိသရဏံ၊ အာရက္ခပစ္စုပဋ္ဌာနာ စ သတိ၊ န ဝိနာ သတိယာ စိတ္တဿ ပဂ္ဂဟနိဂ္ဂဟော ဟောတီ''တိ။ (ဝိသုဒ္ဓိ-၁-၁၂၆။ သံ-ဋ္ဌ-၃-၁၉၅။) = ဣန္ဒြေငါးပါးတို့တွင် သဒ္ဓါနှင့် ပညာတို့၏ ညီမျှမှု သမာဓိနှင့် ဝီရိယတို့၏ ညီမျှမှုကို အကယ်၍ အလိုရှိ အပ်သည် ဖြစ်အံ့၊ ဣန္ဒြေငါးပါးတို့တွင် အကျုံးဝင်သော သတိကား အသို့ပါနည်းဟု မေးမြန်းဖွယ်ရာ ရှိလာပြန်၍ အထက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်သည် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ယင်းစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
“然而,念在一切处都应当强而有力。因为念能保护心:不使它由于偏向掉举的信、精进、慧而落入掉举,也不使它由于偏向懈怠的定而落入懈怠。因此,犹如一切菜肴都需要盐与香料,又如一切王事都需要能办理各种事务的大臣,念在一切处都是必需的。所以说:‘世尊说念在一切处都是必需的。为什么?因为心以念为依止;念以守护为现起。不依念,便不能策励或抑制心。’”(《清净道论》1-126;《相应部义注》3-195。)五根中既然要求信与慧均衡、定与精进均衡,那么同属五根的念又如何呢?因为会有这样的疑问,义注师才说出以上这段话。其意如下。
အထူးသဖြင့် အလုံးစုံသော သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းတို့၌ သမထကမ္မဋ္ဌာန်းအာရုံ ဝိပဿနာ ကမ္မဋ္ဌာန်းအာရုံမှ အလုံးစုံသော စိတ်တွန့်တိုဆုတ်နစ်မှု အဖို့အစုရှိသော လီနပက္ခ၊ စိတ်ပျံ့လွင့်မှု အဖို့အစုရှိသော ဥဒ္ဓစ္စပက္ခတို့၌ သတိသည် အားကောင်းမောင်းသန်မူ လွန်ကဲ၍နေမူ ကောင်းမွန်သင့်မြတ်သည်သာလျှင် ဖြစ်ပေ သည်။ အကြောင်းကား ဤသို့ ဖြစ်၏။ ဣန္ဒြေငါးပါးတို့တွင် သဒ္ဓါ-ဝီရိယ-ပညာတို့ကား လွန်ကဲ၍ နေခဲ့သော် စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ အဖို့အစု ရှိကြကုန်သော တရားများ ဖြစ်ကြကုန်၏။ အလွန်အားကောင်း မောင်းသန်လျက် ရှိသော သတိသည် သမထဘာဝနာစိတ်ကို အာနာပါနစသည့် မိမိရှုပွားနေသည့် သမထနိမိတ်အာရုံမှ၊ ဝိပဿနာ ဘာဝနာစိတ်ကို ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြကုန်သော သင်္ခါရတရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်း အရာဟူသော သင်္ခါရနိမိတ်အာရုံမှ ပျံ့လွင့်ထွက်သွားမှု ဟူသော ဥဒ္ဓစ္စတရား၏ အသင်းအပင်း ဖြစ်ကြကုန်သော
尤其在一切止业处与观业处中,处于从止业处所缘、观业处所缘退缩沉滞这一沉滞边,以及从所缘散乱这一掉举边之间时,念即使非常强盛、甚至有所偏强,也仍是良好而适宜的。理由如下:五根之中的信、精进、慧若偏强,便属于掉举一边的法。极其强盛的念,能守护止修之心,使它不因属于掉举一边、与掉举为伍的信、精进、慧过强之力,而从入出息等自己正在观修的止禅相所缘散乱出去;也能守护观修之心,使它不从作为观智所观所缘的诸行之无常、苦、无我三相这一行相所缘散乱出去,从而不致——
ဥဒ္ဓစ္စအဖို့အစု ရှိကြကုန်သော သဒ္ဓါ-ဝီရိယ-ပညာ တို့၏ လွန်ကဲအားသန်မှု စွမ်းအင်ကြောင့် ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ထွက်သွားမှု (= ဥဒ္ဓစ္စ) ဘက်သို့ ကျရောက်ခြင်းမှ မကျရောက်သွားအောင် စောင့်ရှောက်ပေးတတ်၏။
——由于信、精进、慧这三种属于掉举一边之法过度强盛,而落到心从修习所缘散乱出去的掉举一边。
ဘာဝနာစိတ်၏ ဘာဝနာအာရုံမှ တွန့်တိုဆုတ်နစ်သွားမှု (= လီန) တရား၊ ပျင်းရိနေမှု (= ကောသဇ္ဇ) တရား အဖို့အစုရှိသော ကောသဇ္ဇတရား၏ အသင်းအပင်း ဖြစ်သော သမာဓိလွန်ကဲမှုကြောင့် (ပဿဒ္ဓိနှင့် ဥပေက္ခာ တို့ကား ဣန္ဒြေငါးပါးတွင် စာရင်းဝင်တရားများ မဟုတ်ကြ၍ သမာဓိလွန်ကဲမှုကြောင့်ဟု သမာဓိတစ်ခုတည်း ကိုသာ ယူ၍ ဖွင့်ဆိုထားသည် မှတ်ပါ။) ဘာဝနာစိတ်ကို ဘာဝနာအာရုံ၌ ပျင်းရိခြင်း = ကောသဇ္ဇတရားဘက်သို့ ကျရောက်ခြင်းမှ မကျရောက်အောင် စောင့်ရှောက်ပေးတတ်၏။ ထိုကြောင့် ထိုသတိကို အလုံးစုံသော သမထ ကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းတို့၌ အလုံးစုံသော ဘာဝနာအာရုံမှ စိတ်တွန့်တို ဆုတ်နစ်မှု အဖို့အစုရှိသော လီနပက္ခ (ပျင်းရိမှု အဖို့အစုရှိသော ကောသဇ္ဇပက္ခ)နှင့် အလုံးစုံသော စိတ်ပျံ့လွင့်မှု အဖို့အစုရှိသော ဥဒ္ဓစ္စပက္ခ
另一方面,定若过强,便与使修习之心从修习所缘退缩沉滞的沉滞法、使心懈怠的懈怠法同属懈怠一边。〔应注意:轻安与舍不列在五根之中,所以这里只取定一项,解释为‘由于定过强’。〕念能守护修习之心,使它不落入在修习所缘上懈怠的懈怠一边。因此,在一切止业处、观业处中,于从一切修习所缘退缩沉滞的沉滞边——即懈怠边——以及从一切修习所缘散乱的掉举边——
原书第 369 页
အာနာပါနဿတိသမာဓိပိုင်း တို့၌ အလိုရှိအပ်သည်သာလျှင် ဖြစ်ပေသည်။ အလုံးစုံသော ဟင်းလျာဟူသမျှတို့၌ ဆားခတ်ခြင်းကို သို့မဟုတ် ဆား-ကရဝေး-ဇီယာ-မဆလာစသော အခိုးအထုံကို အလိုရှိအပ်သကဲ့သို့လည်းကောင်း၊ အလုံးစုံသော မင်းမှုကိစ္စ ဟူသမျှတို့၌ အလုံးစုံသော မင်းမှုကိစ္စအဝဝတို့ကို ပြီးစီးစေတတ် ယှဥ်စေတတ်သော သင့်လျော်သော အမတ်ကြီး ကို အလိုရှိအပ်သကဲ့သို့လည်းကောင်း အလားတူပင် အလုံးစုံသော ကမ္မဋ္ဌာန်းဟူသမျှတို့၌ အလုံးစုံသော ဘာဝနာ အာရုံမှ စိတ်တွန့်ဆုတ်နေမှု လီနပက္ခ၊ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စပက္ခတို့၌ သတိကို အလိုရှိအပ်သည်သာလျှင် ဖြစ်ပေ သည်။ ထိုကြောင့်ပင်လျှင် -- ဣန္ဒြေငါးပါးတို့တွင် သတိကိုသာလျှင် သဗ္ဗတ္ထိကာ = အလုံးစုံသော သမထ ဝိပဿနာ ဘာဝနာ လုပ်ငန်းမှန်သမျှ၌ ယှဥ်၏၊ အလုံးစုံသော ဘာဝနာအာရုံမှ စိတ်တွန့်ဆုတ်နေခြင်း စိတ်ဓာတ်ကျနေခြင်း လီနပက္ခ အဖို့အစုရှိသော ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်တရားများကို ပွားများမှု
——之间,念都是必需的。正如一切菜肴都需要加盐,或加入盐、月桂叶、孜然、香料等调味品;又如办理一切王事,都需要一位适任、能使各种王事协调完成的大臣;同样,在一切业处中,于从修习所缘退缩沉滞的沉滞边和从所缘散乱的掉举边之间,念都是必需的。因此,五根之中唯有念被称为သဗ္ဗတ္ထိကာ,即与一切止、观修习活动相应:无论修习属于心退缩、低沉这一沉滞边的轻安觉支、定觉支、舍觉支——
လုပ်ငန်းရပ်မှန်သမျှ၌လည်းကောင်း၊ ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ထွက်သွားခြင်း ဥဒ္ဓစ္စပက္ခ အဖို့အစုရှိသော ဓမ္မ ဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်တရားများကို ပွားများမှု လုပ်ငန်းရပ် မှန်သမျှ၌လည်းကောင်း ဤအလုံးစုံသော ဘာဝနာလုပ်ငန်းရပ် မှန်သမျှတို့၌ အလိုရှိအပ်၏ဟူ၍ ဘုရားရှင်သည် ဟောကြားထားတော် မူအပ်ပေသည်။ အဘယ်အကြောင်းကြောင့် ဟောကြားတော်မူအပ်ပါသနည်းဟူမူ ---- ကုသိုလ်စိတ် မှန်သမျှသည် အထူးသဖြင့် ဘာဝနာကုသိုလ်စိတ် မှန်သမျှသည် (မရောက်သေးသော တရား ထူး တရားမြတ်သို့ ရောက်ခြင်းငှာ၊ မရသေး မသိသေးသော တရားထူး တရားမြတ်ကို ရခြင်း သိခြင်းငှာ သတိကို အားပြုမှီခိုရပါမှ ဘာဝနာကုသိုလ်စိတ် ဖြစ်နိုင်၍ မိမိချည်း အစွမ်းမကောင်းသောကြောင့်) သတိလျှင် ကိုးကွယ် လဲလျောင်းရာ ရှိ၏။ သတိသည် ကုသိုလ်စိတ်ကို အထူးသဖြင့် ဘာဝနာစိတ်-စေတသိက် (= သမ္ပယုတ်တရားစု)ကို
——的一切活动,还是修习属于心从修习所缘散乱出去这一掉举边的择法觉支、精进觉支、喜觉支的一切活动,世尊都教导说:在这一切修习活动中,念是必需的。为何如此教导呢?因为一切善心,尤其一切修习善心,皆以念为依止;若不依靠念,就无力抵达尚未抵达的殊胜法、证知尚未获得和尚未了知的殊胜法,也就不能成为修习善心。念对于善心,尤其对于修习之心与心所——即相应法群——
ဘာဝနာအာရုံမှ ဘာဝနာလမ်းကြောင်းမှ မတိမ်းမစောင်း မလွဲမချော်ရအောင် စိတ်နှင့် အာရုံနှစ်မျိုးလုံးကို ထိန်း သိမ်းစောင့်ရှောက်တတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် (ယင်းသတိကို ရှုလိုက်သော အခါ) ထင်လာ၏။ သတိနှင့် ကင်း၍ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို ချီးပင့်ခြင်း (= ပဂ္ဂဟ) လုပ်ငန်းနှင့် နှိပ်ကွပ်ခြင်း (= နိဂ္ဂဟ) လုပ်ငန်းကို ပြုလုပ်၍ မဖြစ်နိုင်ပေ။ ထိုကြောင့် ဘုရားရှင်သည် သတိကို သဗ္ဗတ္ထိကာ = အလုံးစုံသော သမထဘာဝနာ ဝိပဿနာဘာဝနာ လုပ်ငန်းရပ် မှန်သမျှ၌ အလိုရှိအပ်၏ဟု ဟော ကြားတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၁-၁၂၆။ မ-ဋ္ဌ-၁-၂၉၆။ သံ-ဋ္ဌ-၃-၁၉၅။) ဤတိုင်အောင် ဣန္ဒြေငါးပါးနှင့် ဆက်စပ်၍ ဖော်ပြထားအပ်သော စကားအရပ်ရပ်တို့ကား အပ္ပနာ ကောသလဒတရား (၁ဝ)ပါးတို့တွင် ပါဝင်သော ဣန္ဒြိယသမတ္တပဋိပါဒနာ = ဣန္ဒြေ ညီမျှအောင် ကျင့်ပုံနှင့် ဆက်
——具有守护心与所缘二者的性质,使其不偏不倚、不从修习所缘与修习正道错失偏离;瑜伽行者观察念时,念便以这样的性质显现于其慧中。没有念,就无法对止修之心、观修之心执行策励(ပဂ္ဂဟ)和抑制(နိဂ္ဂဟ)的作用。因此,佛陀说念是သဗ္ဗတ္ထိကာ,即一切止、观修习活动都需要它。(《清净道论》1-126;《中部义注》1-296;《相应部义注》3-195。)到这里为止,以上围绕五根所作的一切说明,都是十种安止善巧之中与ဣန္ဒြိယသမတ္တပဋိပါဒနာ——使诸根平衡——有关的——
စပ်၍ ဖော်ပြအပ်သော နှစ်ခုမြောက် အပ္ပနာကောသလဒတရားပင် ဖြစ်သည်။
——第二种安止善巧。
ယခု အာနာပါနကမ္မဋ္ဌာန်းဖြင့် သမာဓိထူထောင်နေသော အသင်ယောဂါဝစရပုဂ္ဂိုလ်သည်လည်း သဒ္ဓါနှင့် ပညာ၊ ဝီရိယနှင့် သမာဓိကို ညီမျှအောင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ သမာဓိထူထောင်နေခိုက်ဖြစ်သဖြင့် သမာဓိအနည်းငယ် လွန်သော်လည်း သင့်မြတ်သည်သာ ဖြစ်ပေသည်။
现在,正在以入出息业处建立定的瑜伽行者,也必须努力使信与慧、精进与定达到平衡。因为此时正处于建立定的阶段,即使定稍微偏强,也仍然适宜。
အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်စသော သမထနိမိတ်ကို ထွင်းဖောက် သိမြင်ခြင်း ထိုးထွင်းသိမြင်ခြင်း သဘောတရားကား ပညာတည်း။ ယင်းပညာကား ဘာဝနာစိတ်အစဥ်ကို အာ နာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံမှ ချွတ်ချော်တိမ်းစောင်း၍ ဘေးသို့ မကျရောက်အောင် ထိန်းချုပ်ထားနိုင်သော စွမ်းအားများ ရှိနေခြင်းကြောင့် ပညိန္ဒြေဟူသော အမည်ကိုလည်း ရရှိပေသည်။
洞彻知见极其清澈明亮的入出息似相等止禅相的性质,就是慧。由于这种慧具有控制修习心相续、不使它从入出息似相等止禅相所缘错失偏离而坠向一旁的力量,所以也称为慧根。
ယင်းအာနာပါနပဋိဘာဂနိမိတ်စသော သမထနိမိတ်အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေ ခြင်း သဘောကား သမာဓိတည်း။ ယင်းသမာဓိသည်လည်း ဘာဝနာစိတ်အစဥ်ကို အာနာပါနပဋိဘာဂနိမိတ်
修习之心寂静地贴住并稳定于入出息似相等止禅相所缘的性质,就是定。由于这种定也具有控制修习心相续、不使它从入出息似相——
原书第 370 页
ကဲ့သို့သော သမထနိမိတ်အာရုံမှ လွဲချော်၍ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအင်ရှိခြင်းကြောင့် သမာဓိန္ဒြေဟူသော အမည်ကိုလည်း ရရှိပေသည်။ ဤ သမထပိုင်း၌လည်း သမာဓိနှင့် ပညာ တရားနှစ်ပါးကို ယုဂနဒ္ဓနည်းအရ ညီမျှမှုရှိအောင် စုံတွဲ၍ ကျင့်ရမည် ဖြစ်သည်။ ထိုသို့ကျင့်ရာ၌ ပညာကို သဒ္ဓါဖြင့် အားပေး ထောက်ပံ့မှု သမာဓိကို ဝီရိယဖြင့် အားပေးထောက်ပံ့မှုကား အထူးလိုအပ်သည်သာ ဖြစ်ပေသည်။
——等止禅相所缘错失偏离而坠落的力量,所以也称为定根。在这一止的阶段,也必须依双运法(ယုဂနဒ္ဓ),把定与慧成对修习而使之平衡;修习时尤其需要以信支持慧、以精进支持定。
ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတို့၌လည်းကောင်း၊ ကံ-ကံ၏အကျိုးတရားဟူသော ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၌လည်းကောင်း၊ အထူးသဖြင့် သိက္ခာသုံးရပ်တွင် ပါဝင်သော သမာဓိသိက္ခာ = သမာဓိကျင့်စဥ် လုပ်ငန်းခွင်၌လည်းကောင်း သက်ဝင်ယုံကြည်နေသော သဒ္ဓါတရားသည်လည်း ဘာဝနာ စိတ်အစဥ်ကို ဘာဝနာလမ်းကြောင်းမှ တိမ်းစောင်း၍ ဘေးသို့ မကျ မရောက်အောင် ထိန်းချုပ်ထားနိုင်သော စွမ်းအင်ရှိသောကြောင့် သဒ္ဓိန္ဒြေဟူသော အမည်ကိုလည်း ရရှိပေသည်။ အလွန် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုနေရသော ဘာဝနာလုပ်ငန်းခွင်အတွင်းသို့ သက်ဆင်းကျရောက်နေသော အသင် ယောဂါဝစရပုဂ္ဂိုလ်အဖို့ ဘုရားရှင်၏ အဆုံးအမဖြစ်သော အာနာပါနဿတိ သမာဓိကျင့်စဥ် သမာဓိ သိက္ခာမြတ်၌ အလွန်အမင်း ယုံကြည်ချက် သဒ္ဓါစွမ်းအားများ ပေါ်ထွက်လာမည်သာ ဖြစ်ပေသည်။ ယင်းယုံကြည် ချက် သဒ္ဓါစွမ်းအင်၏ ကြီးမားသော အထောက်အပံ့ကို ရရှိသော ပညိန္ဒြေကား အထူးသဖြင့် ဤအပိုင်းတွင်
对于三宝的功德、业与业果这一因果相续的缘起法性,以及尤其对于戒、定、慧三学之中的定学——建立定的修行实践——深信不疑的信,也具有控制修习心相续、不使它偏离修习正道而坠向一旁的力量,所以也称为信根。对于已经投入以极其清澈明亮的入出息似相为所缘之修习实践的瑜伽行者,对于佛陀所教的入出息念定修法这一殊胜定学,必会生起极为坚定的信与信力。受到这种强大信力支持的慧根,尤其在这里——
အာနာပါနပဋိဘာဂနိမိတ်ကို ထွင်းဖောက်သိနေသော ပညိန္ဒြေကား အားကောင်းမောင်းသန်လာမည် ဖြစ်ပေသည်။
——即洞彻了知入出息似相的慧根,会变得强而有力。
တစ်ဖန် ယင်းအာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကျရောက် တည်ငြိမ်နေခြင်း သဘောဟူသော သမာဓိန္ဒြေကား ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်ငြိမ်နေအောင် ကြိုးစားအားထုတ်ခြင်းဟူသော ဝီရိယိန္ဒြေ၏ အထောက်အပံ့ကို ရခဲ့သော်၊ ယင်းအာနာပါန ပဋိဘာဂနိမိတ် အာရုံကို ထိုးထွင်းသိနေအောင် ကြိုးစားအားထုတ်ခြင်းဟူသော ဝီရိယိန္ဒြေ၏ အားပေးထောက်ပံ့ မှုကို ရခဲ့သော် အားကောင်းမောင်းသန်လာ၏၊ တည်ငြိမ်မှု စွမ်းအား ကြီးမားလာ၏။ သို့အတွက် ဤအရာမျိုး၌ ဝီရိယသည်လည်း ဘာဝနာစိတ်အစဥ်ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဘာဝနာအာရုံမှ တိမ်းစောင်း၍ ချော်ကျမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအားများရှိနေသည့်အတွက် ဝီရိယိန္ဒြေဟူသော အမည်ကို လည်း ရရှိပေသည်။ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍
另一方面,定根就是修习之心寂静地落在并稳定于入出息似相所缘的性质。如果它获得精进根的支持——努力使修习之心寂静地贴住并稳定于入出息似相所缘,努力使心不断洞彻了知这一所缘——便会变得强而有力,稳定之力也会增大。因此,在这种情形下,精进也具有控制修习心相续、不使它从入出息似相等修习所缘偏离滑落的力量,所以也称为精进根。修习之心寂静地贴住——
တည်ကြည်နေမှု သဘောတရားဟူသော သမာဓိသည် ထိုတည်ကြည်နေမှု သမာဓိကို ဘာဝနာအာရုံမှ လျှောကျ မသွားအောင် ချီးပင့်ထားတတ်သော ပဂ္ဂဟလုပ်ငန်းကိစ္စရှိသော ဝီရိယိန္ဒြေ၏ အားပေးထောက်ပံ့မှု အကူအညီ ကို ရခဲ့သော် ခွန်အားကြီးမားလာ၏၊ စွမ်းအင်များ ပြည့်ဝလာ၏။ ဘာဝနာစိတ်အစဥ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာအာရုံမှ လျှောကျမသွားအောင် ငြိမ်ဝပ်စွာ ကပ်၍ ဘာဝနာအာရုံ၌ တည်နေအောင် ဘာဝနာ အာရုံမှ မပျံ့လွင့်သွားအောင် ရွက်ဆောင်ပေးနိုင်၏။
——并稳定于入出息似相等止所缘的性质就是定;当它获得具有策励作用、能托住这种定而不使其从修习所缘滑落的精进根支持与帮助时,就会力量强大、能量充足,从而能使修习心相续在一小时、两小时等时段内不从修习所缘滑落,寂静地贴住所缘、安住于所缘而不向外散乱。
ထိုသဒ္ဓါနှင့် ပညာ၊ သမာဓိနှင့် ဝီရိယတို့ ညီမျှအောင် သတိဖြင့် ထိန်းပေးရမည် ဖြစ်သည်။ ယခုအချိန်တွင် အသင်ယောဂီသူတော်ကောင်းသည် ပွားများနေသော၊ သတိဖြင့် သိမ်းဆည်းနေသော သတိ၏ တည်ရာ အာရုံမှာ အာနာပါနပဋိဘာဂနိမိတ်အာရုံ ဖြစ်သည်ကိုကား အထူးဂရုပြု၍ မှတ်သားထားပါ။ ထို အလွန်ကြည်လင်တောက် ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို သိမ်းဆည်းနေသော အမှတ်ရနေသောသဘော မမေ့ပျောက်ခြင်း သဘောကား သတိန္ဒြေပင်တည်း။ ဘာဝနာစိတ်အစဥ်ကို အာနာပါနပဋိဘာဂနိမိတ်အာရုံမှ မလျှောကျအောင် တိမ်းစောင်းမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအင်တစ်မျိုးပင် ဖြစ်သည်။
必须以念来调控,使信与慧、定与精进达到平衡。此时应当特别注意:瑜伽行者正在修习、由念摄持而作为念之所依所缘的,正是入出息似相。摄持、忆持那极其清澈明亮的入出息似相而不忘失的性质,就是念根;它是一种控制修习心相续、不使其从入出息似相所缘滑落偏离的力量。
အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမူနေသော သဒ္ဓါနှင့် ပညာ၊ သမာဓိနှင့် ဝီရိယတို့ကို ညီမျှအောင် ယင်း အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံမူနေသော သိမ်းဆည်းနေသော သတိက စောင့်ကြပ်ထိန်းကွပ်ပေးရမည်
同样以入出息似相为所缘、并摄持这一所缘的念,必须守护和调控也以入出息似相为所缘的信与慧、定与精进,使它们达到平衡——
原书第 371 页
အာနာပါနဿတိသမာဓိပိုင်း ဖြစ်ပေသည်။ ထိုကြောင့် သတိကို ကမ္မဋ္ဌာန်းအားလုံးတို့၌ အခါခပ်သိမ်း အလိုရှိအပ်ကြောင်းကို ဘုရားရှင်က မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ ဤတွင် ဣန္ဒြေညီမျှအောင် ကျင့်ပုံအပိုင်းကို ရပ်ဆိုင်းလိုက်ပါသည်။ ဗောဇ္ဈင် (၇)ပါး ညီမျှအောင် ကျင့်ရမည့် ကျင့်စဥ်များနှင့် ဆက်စပ်၍ ဖတ်ရှုပါက ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်လာ နိုင်ပေသည်။
——正应如此。因此,佛陀才说念在一切业处中、于一切时都是必需的。到这里,使诸根平衡的修习方法暂告一段落;若结合下文使七觉支平衡的修习方法阅读,便能获得更为深入的理解。
၃။ နိမိတ္တကောသလဒ
3.善巧于相
နိမိတ္တကောသလဒံ နာမ ပထဝီကသိဏာဒိကဿ စိတ္တေကဂ္ဂတာနိမိတ္တဿ အကတဿ ကရဏကောသလံဒ၊ ကတဿ စ ဘာဝနာကောသလံဒ၊ ဘာဝနာယ လဒ္ဓဿ ရက္ခဏကောသလဒဉ္စ၊ တံ ဣဓ အဓိပ္ပေတံ။
“所谓善巧于相,是指:对于地遍等心一境性相,尚未作成者,善巧于制作;已经作成者,善巧于修习;经修习而获得者,善巧于守护。这里所指的是后一种善巧。”
(ဝိသုဒ္ဓိ-၁-၁၂၆။)
(《清净道论》1-126。)
စိတ္တေကဂ္ဂတာနိမိတ္တဿာတိ စိတ္တေကဂ္ဂတာယ နိမိတ္တဿ၊ စိတ္တေကဂ္ဂတာသင်္ခါတဿ စ နိမိတ္တဿ။
“‘心一境性相’一语,是指能令心得一境性的相,以及称为心一境性的相。”
စိတ္တဿ ဟိ သမာဟိတာကာရံ သလဒက္ခေတွာ သမထနိမိတ္တံ ရက္ခန္တောယေဝ ကသိဏနိမိတ္တံ ရက္ခတိ။ တသ္မာ ပထဝီကသိဏာဒိကဿာတိ အာဒိ-သဒ္ဒေန နကေဝလံ ပဋိဘာဂနိမိတ္တဿေဝ၊ အထ ခေါ သမထနိမိတ္တဿာပိ ဂဟဏံ ဒဋ္ဌဗ္ဗံ။ တန္တိ ရက္ခဏကောသလံဒ။ ဣဓ အပ္ပနာကောသလဒကထာယံ ''နိမိတ္တကောသလဒ''န္တိ အဓိပ္ပေတံ။
“因为,观察到心的得定之相状而守护止相的人,正是在守护遍相。因此,‘地遍等’一语中的‘等’字,应当理解为不只摄取似相,也摄取止相。‘彼’是指善巧于守护;在这里关于安止善巧的论述中,所指的‘善巧于相’正是这一善巧。”
ကရဏဘာဝနာ ကောသလဒာနံ ပဂေဝ သိဒ္ဓတ္တာတိ အဓိပ္ပါယော။ (မဟာဋီ-၁-၁၅၄။) အထက်ပါ အဋ္ဌကထာ ဋီကာ စကားရပ်တို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ဤ နိမိတ္တကောသလဒပိုင်း၌ - ကရဏကောသလဒ၊ ဘာဝနာကောသလဒ၊ ရက္ခဏကောသလဒဟု ကောသလဒတရား သုံးမျိုးရှိ၏။ တစ်ဖန် စိတ္တေ- ကဂ္ဂတာနိမိတ်မှာလည်း ပဋိဘာဂနိမိတ်၊ သမထနိမိတ်ဟု နှစ်မျိုး ရှိ၏။
“意思是:善巧于制作与善巧于修习,早在此前便已成就。”(《大复注》1-154。)以上义注、复注文字的含义如下:在善巧于相这一部分,有三种善巧,即善巧于制作(karaṇa-kosalla)、善巧于修习(bhāvanā-kosalla)、善巧于守护(rakkhaṇa-kosalla);而心一境性相又有两种,即似相与止相。
စိတ္တေကဂ္ဂတာ နိမိတ် နှစ်မျိုး
两种“心一境性之相”
၁။ ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်၊ အာနာပါနပဋိဘာဂနိမိတ်စသော ထိုထို သမထဘာဝနာစိတ်တို့၏ အရှုခံ အာရုံ ဖြစ်သော အလွန်ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်သည် ယင်းပဋိဘာဂနိမိတ်ဟူသော အာရုံ တစ်ခုတည်းပေါ်သို့ ဘာဝနာစိတ်ကို ကျရောက်နေအောင် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးလျက် ရှိ၏။ သို့အတွက် ယင်းပဋိဘာဂနိမိတ်သည် ဘာဝနာစိတ်၏ ပဋိဘာဂနိမိတ် အာရုံတစ်ခုတည်းပေါ်သို့ ကျရောက်၍ တည်ငြိမ်နေခြင်း (= စိတ္တေကဂ္ဂတာ) ၏ တည်ရာအကြောင်းရင်း နိမိတ် ဖြစ်ခြင်းကြောင့် စိတ္တေကဂ္ဂတာနိမိတ် မည်၏။
1.地遍似相、入出息似相等极其明净光亮的似相,是相应止修习心所观的所缘。它以所缘缘之力资助修习心,使修习心落在这一似相所缘上,安静地贴住并安住。因此,似相是心一境性——即修习心落在唯一的似相所缘上而稳定安住——所依止的因相,故称为“心一境性之相”。
၂။ ပထဝီကသိုဏ်း ပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ်တို့ကဲ့သို့သော ပဋိဘာဂနိမိတ်အာရုံတစ်ခုတည်း ပေါ်သို့ စိတ်ကျရောက်တည်ငြိမ်နေခြင်း (= စိတ္တေကဂ္ဂတာ) အမည်ရသော ရှေးရှေးသော သမာဓိသည် နောက် နောက်သော သမာဓိ (= နောက်နောက်သော သမထ)၏ အကြောင်းရင်း နိမိတ် ဖြစ်သောကြောင့် သမထနိမိတ် မည်၏။ မှန်ပေသည် ---- ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ်တို့ကဲ့သို့သော ပဋိဘာဂနိမိတ်ကို အာရုံမူနေသော သမထဘာဝနာစိတ်၏ ယင်းပဋိဘာဂနိမိတ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပုံဟူသော တည်ကြည်သော အခြင်းအရာကို ကောင်းစွာ ပိုင်းခြားမှတ်သား၍ ယင်းစိတ်တည်ကြည်မှု သမာဓိဟူသော သမထနိမိတ်ကို စောင့်ရှောက်သော သူသည်သာလျှင် ကသိုဏ်းနိမိတ် (သို့မဟုတ် အာနာပါနပဋိဘာဂနိမိတ်ကို) စောင့်ရှောက်သည် မည်ပေသည်။ ယင်းသမထနိမိတ်ဟူသော သမာဓိသည်လည်း ကသိုဏ်းနိမိတ် အာနာပါန နိမိတ်စသော ပဋိဘာဂနိမိတ်ကိုသာ အာရုံမူနေသဖြင့် ယင်းပဋိဘာဂနိမိတ်အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်ကြည်
2.先前已落在地遍似相、入出息似相等唯一似相所缘上而稳定安住的定,即所谓心一境性,是后后之定(即后后之止)的因相,所以称为“止相”。诚然,修习者善加辨识止修习心在似相所缘上安静贴住、安住不动的等持状态,并守护这种称为定的止相,才算守护了遍相(或入出息似相)。这种作为止相的定,也只是取遍相、入出息相等似相为所缘,因而在该似相所缘上安静地贴住并保持——
နေမှု သမာဓိကို မလျှောကျ မပျက်စီးအောင် တည်တံ့အောင် စောင့်ရှောက်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်
——稳定。想要守护这种定,使它不退失、不坏灭而长久保持的瑜伽行者,
原书第 372 页
ယင်းပဋိဘာဂနိမိတ်ကိုပင် ကြိမ်ဖန်များစွာ နှလုံးသွင်းနေရ၏။ နည်းမှန်လမ်းမှန် နှလုံးသွင်းမှု ယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ရ၏။ သို့အတွက် ရှေးရှေးသော ဘာဝနာသမာဓိဟူသော သမထနိမိတ်ကို စောင့်ရှောက်ခြင်းသည် ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ်စသော ပဋိဘာဂနိမိတ် အာရုံကိုပါ ပူးတွဲ၍ စောင့်စည်းခြင်းကိစ္စ ပြီးစီးသွား၏။ သို့အတွက် ဤအရာ၌ စိတ္တေကဂ္ဂတာနိမိတ်အရ ပဋိဘာဂနိမိတ်နှင့် သမထနိမိတ် နှစ်မျိုးလုံးကိုပင် အရကောက်ယူပါ။
——必须反复作意同一个似相,反复实行如理作意。由此,守护作为先前修习定的止相,也就同时完成了对遍似相、入出息似相等似相所缘的守护。因此,此处所谓“心一境性之相”,应当兼取似相与止相这两种含义。
ကောသလဒတရား သုံးပါး
三种善巧
၁။ ကရဏကောသလဒ ---- စိတ်တည်ကြည်မှု ဘာဝနာစိတ်၏ တစ်ခုတည်းသော အာရုံပေါ်သို့ ကျရောက် တည်ငြိမ်နေမှု (= စိတ္တေကဂ္ဂတာ) ၏ အကြောင်းရင်းစစ်ဖြစ်သော မပြုလုပ်ရသေးသော ပထဝီကသိုဏ်းဝန်း စသော ကသိုဏ်းနိမိတ်ကို ပြုလုပ်ရန် ကျွမ်းကျင်လိမ္မာခြင်းသည် ကရဏကောသလဒ မည်၏။
1.作成善巧——尚未作成的地遍圆相等遍相,是令修习心落在唯一所缘上而稳定安住(即心一境性)的真正成因;善于作成这种遍相,称为“作成善巧”。
၂။ ဘာဝနာကောသလဒ ---- ပြုလုပ်အပ်ပြီးသော ယင်းစိတ္တေကဂ္ဂတာနိမိတ်ကို (ပဋိဘာဂနိမိတ် + သမထ နိမိတ်ကို) ဖြစ်စေခြင်း ပွားစေခြင်း၌ ကျွမ်းကျင်လိမ္မာခြင်းသည် ဘာဝနာကောသလဒ မည်၏။ ပြုလုပ်အပ်ပြီး သော ပထဝီကသိုဏ်း စသော ကသိုဏ်းနိမိတ်ကို အရပ်ဆယ်မျက်နှာသို့ တိုင်အောင် အနန္တစကြဝဠာသို့ တိုင် အောင် ဖြန့်ကြက်နိုင်မှုသည် ကသိုဏ်းပဋိဘာဂနိမိတ်ဟူသော စိတ္တေကဂ္ဂတာနိမိတ်ကို ပွားစေခြင်း ဘာဝနာ ကောသလဒပင် ဖြစ်၏။ ကသိုဏ်းနိမိတ်များကား နိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့သော် စိတ္တဘာဝနာ ဝေပုလဒတ္ထ (ဝိသုဒ္ဓိ-၁-၁၄၇) = ဘာဝနာစိတ်သည် အပ္ပနာစျာန်သို့ တိုင်အောင် ပြန့်ပြောစည်ပင်ခြင်းသို့ ရောက်ရှိသွားမည် ဖြစ်ပေသည်။ (သို့သော် အာနာပါနပဋိဘာဂနိမိတ်ကိုကား တိုးပွားအောင် မပြုလုပ်ကောင်းပေ။ နောက်တွင် ထင်ရှားလတ္တံ့။) ရှေးရှေးသော စိတ္တေကဂ္ဂတာ အမည်ရသော သမာဓိ (= သမထ) နိမိတ်ကိုလည်း တိုးပွားအောင် ပြုလုပ်
2.修习善巧——善于使已经作成的心一境性之相(即似相与止相)生起、增长,称为“修习善巧”。能够把已经作成的地遍等遍相扩展至十方,乃至扩展至无边轮围世界,就是令作为心一境性之相的遍似相增长,属于修习善巧。对于诸遍相,若令其不断扩展,正如巴利语(缅文转写)“စိတ္တဘာဝနာ ဝေပုလဒတ္ထ (ဝိသုဒ္ဓိ-၁-၁၄၇)”所说,意为“为了使心的修习广大”,修习心便会广大、增盛,直至安止禅。(但入出息似相不可扩展,后文将会说明。)对于称为先前心一境性的定——即止相——也使它增长——
ခြင်း၌ လိမ္မာကျွမ်းကျင်မှု ရှိခြင်းသည်လည်း ဘာဝနာကောသလဒပင် မည်ပေသည်။
——善于如此修习,也称为“修习善巧”。
၃။ ရက္ခဏကောသလဒ ---- ကသိုဏ်းနိမိတ်ကို အာရုံယူ၍ ပွားနေသော ကသိဏဘာဝနာ၊ အာနာပါနပဋိဘာဂ နိမိတ်ကို အာရုံယူ၍ ပွားနေသော အာနာပါနဿတိသမာဓိဘာဝနာ စသော ဘာဝနာ၏ စွမ်းအားကြောင့် ရရှိ လာသော စိတ္တေကဂ္ဂတာနိမိတ် အမည်ရသော ပဋိဘာဂနိမိတ်နှင့် သမထနိမိတ်ကို စောင့်ရှောက်ခြင်း၌ ကျွမ်းကျင် လိမ္မာမှု ရှိခြင်းသည် ရက္ခဏကောသလဒ မည်၏။ ထို ရက္ခဏကောသလဒကို ဤအပ္ပနာကောသလဒပိုင်း၌ နိမိတ္တ ကောသလဒဟု အလိုရှိအပ်ပေသည်။ ကရဏကောသလဒ၊ ဘာဝနာကောသလဒတို့ကား ရှေးမဆွကပင် ပြီးစီးပြီး ဖြစ်သောကြောင့်တည်း။
3.守护善巧——依取遍相为所缘而修的遍修习、取入出息似相为所缘而修的入出息念定修习等,凭借修习之力获得了称为“心一境性之相”的似相与止相;善于守护这两种相,称为“守护善巧”。在此安止善巧部分,所谓“善巧于相”正是指这种守护善巧,因为作成善巧和修习善巧早已完成。
ဤ အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ချက်အရ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိထူထောင်နေသော အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အာနာပါနပဋိဘာဂနိမိတ်ကိုလည်းကောင်း၊ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမူနေသော အာနာပါနဿတိသမာဓိ ဟူသော သမထနိမိတ်ကိုလည်းကောင်း မပျောက်ပျက်အောင် အရှည်ခိုင်ခံ့ တည်တံ့အောင် ကျွမ်းကျင်လိမ္မာစွာ ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့ လိုပေ သည်။ ထိုသို့ စောင့်ရှောက်မှု၌ ကျွမ်းကျင်လိမ္မာမှု ရှိအောင် မည်သို့ ပြုကျင့်ရမည်နည်းဟု မေးမြန်းရန် ရှိ၏။
按照上述义注与复注的界定,以入出息似相为所缘建立定的贤善瑜伽行者,必须善巧地守护入出息似相,也守护以入出息似相为所缘的入出息念定这一止相,使二者不致消失,并能长久、坚固地保持。于是有人会问:应当怎样修行,才能善巧地守护它们?
ဣန္ဒြေငါးပါး ညီမျှအောင် ကျင့်ခြင်းနှင့် ဗောဇ္ဈင်ခုနစ်ပါး ညီမျှအောင် ကျင့်ခြင်းတို့သည်ကား ယင်းအာနာပါန ပဋိဘာဂနိမိတ်နှင့် သမထ နိမိတ်တို့၏ မပျောက်ပျက်ရေး အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် အရေးကြီးဆုံးသော လိုအပ်ချက်များပင် ဖြစ်ကြပေသည်။ ဣန္ဒြေငါးပါး ညီမျှအောင် ကျင့်ပုံကို အထက်တွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။
使五根达到平衡,以及使七觉支达到平衡,正是令入出息似相与止相不消失并长久、坚固保持的最重要条件。使五根达到平衡的方法,上文已经说明。
ယခုတစ်ဖန် ဗောဇ္ဈင်ခုနစ်ပါး ညီမျှအောင် ကျင့်ပုံကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
现在继续说明使七觉支达到平衡的方法。
原书第 373 页
၄။ စိတ်ဓာတ်ကို မြှင့်တင်ပေးပါ
4.应当提振心
ကထဉ္စ ယသ္မိံ သမယေ စိတ္တံ ပဂ္ဂဟေတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ ပဂ္ဂဏှာတိ? ယဒါဿ အတိသိထိလ- ဝီရိယတာဒီဟိ လီနံ စိတ္တံ ဟောတိ၊ တဒါ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂါဒယော တယော အဘာဝေတွာ ဓမ္မဝိစယ- သမ္ဗောဇ္ဈင်္ဂါဒယော ဘာဝေတိ။ (ဝိသုဒ္ဓိ-၁-၁၂၇။) = အဘယ်သို့ စိတ်ကို ချီးပင့်ပေးသင့်ရာအခါ (= စိတ်ဓာတ်ကို မြှင့်တင်ပေးသင့်ရာ အခါ) ၌ စိတ်ကို ချီးပင့် ပေးသည်မည်သနည်း? (= စိတ်ဓာတ်ကို မြှင့်တင်ပေးသည် မည်သနည်း?) -- ဗောဇ္ဈင် (၇)ပါးတို့တွင် ဓမ္မဝိစယ သမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်တရားသုံးပါးတို့ကား တစ်အုပ်စု၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်တရားသုံးပါးတို့ကား တစ်အုပ်စု ဤသို့အားဖြင့် အုပ်စု နှစ်စု ရှိနေပေသည်။ အကြင်အခါ၌ ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာစိတ်သည် ---- ၁။ အလွန်လျော့လွန်းသော ဝီရိယရှိခြင်း၊
“应当提振心时,怎样提振心呢?当他的精进过于松弛等,心变得沉滞时,他不培育以轻安觉支为首的3种觉支,而培育以择法觉支为首的3种觉支。”(《清净道论》1-127。)缅文续释:所谓在应当提振心的时候提振心,意思是:七觉支可分为两组——择法觉支、精进觉支、喜觉支这3种为一组;轻安觉支、定觉支、舍觉支这3种为另一组。当瑜伽行者的修习心由于以下原因——1.精进过于薄弱;
၂။ ဘာဝနာလုပ်ငန်းခွင်၌ နှစ်သက်ဝမ်းမြောက်မှု ပီတိပါမောဇ္ဇတရားများ၏ အလွန်လျော့လွန်းနေခြင်း၊ ၃။ သံဝေဂဉာဏ်တို့၏ အလွန်အားပျော့နေခြင်း ---- ဤအကြောင်းတရားများကြောင့် ဘာဝနာစိတ်သည် (အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော) ဘာဝနာ အာရုံမှ တွန့်ဆုတ်နေ၏၊ ပျင်းရိခြင်း ကောသဇ္ဇဘက်သို့ ယိုင်လဲ၍ ကျရောက်နေ၏၊ ထိုသို့ စိတ်ဓာတ်များ အလွန် ကျဆင်းနေသောအခါ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် ဟူသော ဗောဇ္ဈင်တရား သုံးပါးတို့ကို မပွားများမူ၍ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်တရားသုံးပါး တို့ကို ပွားများပေးပါ။ (ဝိသုဒ္ဓိ-၁-၁၂၇။)
2.在修习过程中,喜与悦等乐于修习之法过于薄弱;3.悚惧智的力量过于薄弱——由于这些原因,修习心从修习所缘(如入出息似相)退缩,倾向并落入懈怠一边,心势极度低落时,不应培育轻安觉支、定觉支、舍觉支这3种觉支,而应培育择法觉支、精进觉支、喜觉支这3种觉支。(《清净道论》1-127。)
အဂ္ဂိသုတ္တန် ကောက်နုတ်ချက်
《火经》摘录
ရဟန်းတို့ …ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား ယောကျာ်းတစ်ဦးသည် အနည်း ငယ်သော မီးကို တောက်စေလိုသည် ဖြစ်လေရာ၏။ ထိုယောကျာ်းသည် ထိုအနည်းငယ်သော မီး၌ မြက်စိုတို့ကို မူလည်း ထည့်ပေးလေရာ၏၊ နွားချေးစိုတို့ကိုမူလည်း ထည့်ပေးလေရာ၏၊ ထင်းစိုတို့ကိုမူလည်း ထည့်ပေးလေ ရာ၏၊ ရေနှင့်ရောသော လေကိုမူလည်း ကပ်၍ မှုတ်ပေးလေရာ၏၊ မြေမှုန့်ဖြင့်မူလည်း ကြဲလောင်းပေးလေရာ၏။
诸比丘,有一个相应的世间譬喻:假如一个人想使一小堆火燃烧起来,却把湿草放进火里,也把湿牛粪放进去,也把湿柴放进去;又靠近火堆吹入夹带水气的风,并向火上撒土。
ရဟန်းတို့ …ထိုယောကျာ်းသည် အနည်းငယ်သော မီးကို တောက်စေအံ့သောငှာ ထိုက်တန်ပါအံ့လောဟု မေးတော်မူ၏။
诸比丘,那个人能够使这一小堆火燃烧起来吗?世尊如此问道。
မြတ်စွာဘုရား …ဤသို့ အနည်းငယ်သော မီးကို တောက်လောင်စေခြင်းသည် မထိုက်သည်သာ ဖြစ်ပါ သည်ဟု လျှောက်ထားကြကုန်၏။
“世尊,用这种方法不能使这一小堆火燃烧起来。”诸比丘如此回答。
ရဟန်းတို့ …ဤဥပမာအတူပင်လျှင် အကြင်အခါ ထိုယောဂါဝစရရဟန်းတော်၏ ဘာဝနာစိတ်သည် (အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော) ဘာဝနာအာရုံမှ တွန့်ဆုတ်နေ၏ (= ပျင်းရိခြင်း ကောသဇ္ဇဘက်သို့ ယိုင်လဲ ကျရောက်နေ၏)။ ထိုကဲ့သို့သော အချိန်အခါမျိုး၌ ---- ၁။ ပဿဒ္ဓိသမ္ဗောဇ္ဈင်တရားကို ပွားများဖို့ရန် သင့်သောအခါ မဟုတ်။
诸比丘,同样,当这位瑜伽行比丘的修习心从修习所缘(如入出息似相)退缩,即倾向并落入懈怠一边时:1.这不是培育轻安觉支的适当时机;
၂။ သမာဓိသမ္ဗောဇ္ဈင်တရားကို ပွားများဖို့ရန် သင့်သောအခါ မဟုတ်။
2.这不是培育定觉支的适当时机;
၃။ ဥပေက္ခာသမ္ဗောဇ္ဈင်တရားကို ပွားများဖို့ရန် သင့်သောအခါ မဟုတ်။
3.这不是培育舍觉支的适当时机。
原书第 374 页
ထိုသို့ ပွားသင့်သော အချိန်အခါ မဟုတ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူကား ရဟန်းတို့ ဘာဝနာစိတ်သည် (အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော) ဘာဝနာအာရုံမှ တွန့်ဆုတ်နေ၏၊ ပျင်းရိခြင်း ကော သဇ္ဇဘက်သို့ ယိုင်လဲကျရောက်နေ၏။ ထိုသို့ တွန့်ဆုတ်နေသော ကျဆင်းနေသော စိတ်ဓာတ်ကို ထိုပဿဒ္ဓိ- သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်တရားတို့က ထစေခြင်းငှာ မစွမ်းနိုင် ဖြစ်နေ၏။
为什么这不是培育它们的适当时机呢?诸比丘,修习心正从修习所缘(如入出息似相)退缩,倾向并落入懈怠一边;轻安觉支、定觉支、舍觉支无法使这种退缩、低落的心振作起来。
ရဟန်းတို့ …စင်စစ်သော်ကား အကြင်အခါ၌ ဘာဝနာစိတ်သည် ဘာဝနာအာရုံမှ တွန့်ဆုတ်နေ၏၊ ပျင်းရိခြင်း ကောသဇ္ဇဘက်သို့ ယိုင်လဲကျရောက်နေ၏ (စိတ်ဓာတ်ကျဆင်းနေ၏)။ ထိုကဲ့သို့သော အချိန်အခါမျိုး၌ ၁။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားများဖို့ရန် လျော်လျောက်ပတ် ကောင်းမြတ်သော အခါကာလပေတည်း။
诸比丘,反之,当修习心从修习所缘退缩,倾向并落入懈怠一边(即心势低落)时:1.正是培育择法觉支的适当良机;
၂။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွားများဖို့ရန် လျော်လျောက်ပတ် ကောင်းမြတ်သော အခါကာလပေတည်း။
2.正是培育精进觉支的适当良机;
၃။ ပီတိသမ္ဗောဇ္ဈင်ကို ပွားများဖို့ရန် လျော်လျောက်ပတ် ကောင်းမြတ်သော အခါကာလပေတည်း။
3.正是培育喜觉支的适当良机。
ထိုသို့ပွားသင့်သော အချိန်အခါကာလဟုတ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူကား ရဟန်းတို့ ဘာဝနာစိတ်သည် ဘာဝနာအာရုံမှ တွန့်ဆုတ်နေ၏၊ ပျင်းရိခြင်း ကောသဇ္ဇဘက်သို့ ယိုင်လဲ ကျရောက်နေ၏ (စိတ်ဓာတ်ကျဆင်းနေ၏)။ ထိုတွန့်ဆုတ်နေသော ကျဆင်းနေသော စိတ်ဓာတ်ကို ထို ဓမ္မဝိစယ-ဝီရိယ-ပီတိ သမ္ဗောဇ္ဈင်တရားတို့က လွယ်လွယ်ကူကူ ထစေနိုင်၏။
为什么这是培育它们的适当时机呢?诸比丘,修习心正从修习所缘退缩,倾向并落入懈怠一边(即心势低落);择法觉支、精进觉支、喜觉支能够轻易使这种退缩、低落的心振作起来。
ရဟန်းတို့ …ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား ---- ယောကျာ်းတစ်ဦးသည် အနည်းငယ်သော မီးကို တောက်စေလိုသည် ဖြစ်လေရာ၏။ ထိုယောကျာ်းသည် ထိုအနည်းငယ်သော မီး၌ မြက်ခြောက်တို့ကိုမူလည်း ထည့်ပေးလေရာ၏၊ နွားချေးခြောက်တို့ကိုမူလည်း ထည့်ပေးလေရာ၏၊ ထင်းခြောက် တို့ကိုမူလည်း ထည့်ပေးလေရာ၏၊ ပါးစပ်ဖြင့် ရေမပါသော လေကိုလည်း မှုတ်ပေးလေရာ၏၊ မြေမှုန့်ဖြင့်လည်း မကြဲလောင်းလေရာ။ ရဟန်းတို့ …ထိုယောကျာ်းသည် အနည်းငယ်သော မီးကို တောက်စေခြင်းငှာ ထိုက်တန် ပါအံ့လောဟု မေးတော်မူ၏။
诸比丘,有一个相应的世间譬喻:假如一个人想使一小堆火燃烧起来,便把干草放进火里,也把干牛粪放进去,也把干柴放进去;又用嘴向火吹入不带水气的风,并且不向火上撒土。诸比丘,那个人能够使这一小堆火燃烧起来吗?世尊如此问道。
မြတ်စွာဘုရား …ဤသို့ ဟောတော်မူတိုင်း အနည်းငယ်သော မီးကို တောက်စေခြင်းငှာ ထိုက်တန် ပါသည်ဘုရားဟု လျှောက်ထားကြကုန်၏။ (သံ-၃-၉၉။ အဂ္ဂိသုတ္တန်။)
“世尊,按照您所说的方法,能够使这一小堆火燃烧起来。”诸比丘如此回答。(《相应部》3-99,《火经》。)
အာဟာရသုတ္တန် ကောက်နုတ်ချက်
《食经》摘录
ဘာဝနာလုပ်ငန်းခွင်၌ စိတ်ဓာတ်များကျဆင်းနေသောအခါ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိ သမ္ဗောဇ္ဈင်တရားသုံးပါးတို့ကို ပွားများရမည် ဖြစ်သဖြင့် ထိုဗောဇ္ဈင်တရားများ ဖြစ်ပွားလာအောင် ထိုဗောဇ္ဈင် တရားတို့၏ တည်ရာအာရုံနှင့် ဆိုင်ရာအကြောင်းတရားတို့ကို ပွားများပေးရမည် ဖြစ်သည်။ သို့အတွက် ဤတွင် အာဟာရသုတ္တန်ကောက်နုတ်ချက်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
修习过程中,当心势低落时,应培育择法觉支、精进觉支、喜觉支这3种觉支;为了使它们生起,必须培育各觉支所依的所缘,以及与之相应的因法。因此,下面继续引述《食经》。
အတ္ထိ ဘိက္ခဝေ သတိသမ္ဗောဇ္ဈင်္ဂဋ္ဌာနီယာ ဓမ္မာ၊ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရော၊ အယ- မာဟာရော အနုပ္ပန္နဿ ဝါ သတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ သတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရိယာ။ (သံ-၃-၆ဝ-၉၁။) အတ္ထိ ဘိက္ခဝေ ကုသလာကုသလာ ဓမ္မာ သာဝဇ္ဇာနဝဇ္ဇာ ဓမ္မာ ဟီနပ္ပဏီတာ ဓမ္မာ ကဏှသုက္ကသပ္ပဋိဘာဂါ ဓမ္မာ။ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရိယာ။ (သံ-၃-၆ဝ-၉၁။)
“诸比丘,有能够作为念觉支所依的诸法;对于这些法反复如理作意,就是使未生的念觉支生起、使已生的念觉支由修习而圆满的食。”(《相“诸比丘,有善法与不善法、有过失法与无过失法、劣法与胜法,以及互为相对的黑法与白法;对于这些法反复如理作意,就是使未生的择法觉支生起、使已生的择法觉支由修习而圆满的食。”(《相应部》3-60、91。)
原书第 375 页
အာနာပါနဿတိသမာဓိပိုင်း အတ္ထိ ဘိက္ခဝေ အာရမ္ဘဓာတု နိက္ကမဓာတု ပရက္ကမဓာတု။ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ ဝီရိယသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ ဝီရိယသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရိယာ။ (သံ-၃-၆ဝ-၉၂။) အတ္ထိ ဘိက္ခဝေ ပီတိသမ္ဗောဇ္ဈင်္ဂဋ္ဌာနီယာ ဓမ္မာ၊ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရော၊ အယ- မာဟာရော အနုပ္ပန္နဿ ဝါ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူ- ရိယာ။ (သံ-၃-၆ဝ-၉၂။) သတိသမ္ဗောဇ္ဈင်္ဂဋ္ဌာနီယာ ဓမ္မာတိ သတိယာ အာရမ္မဏဓမ္မာ သတ္တတိံ သ ဗောဓိပက္ခိယာ စ နဝ လောကု- တ္တရဓမ္မာ စ။ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရောတိ တတ္ထ ဥပါယမနသိကာရဿ ပုနပ္ပုနံ ကရဏံ။
“诸比丘,有发起界、出离界、勇猛界;对于这3种界反复如理作意,就是使未生的精进觉支生起、使已生的精进觉支由修习而圆满的食。”(《相“诸比丘,有能够作为喜觉支所依的诸法;对于这些法反复如理作意,就是使未生的喜觉支生起、使已生的喜觉支由修习而圆满的食。”(《相“所谓能够作为念觉支所依的诸法,是指作为念之所缘的37种菩提分法和9种出世间法。所谓于彼反复如理作意,是指对这些法一再实行善巧的作意。”
(သံ-ဋ္ဌ-၃-၁၇၈။)
(《相应部义注》3-178。)
တတ္ထ သဘာဝသာမညလက္ခဏပဋိဝေဓဝသေန ပဝတ္တမနသိကာရော ကုသလာဒီသု ယောနိသော မနသိ- ကာရော နာမ။ အာရမ္ဘဓာတုအာဒီနံ ဥပ္ပါဒနဝသေန ပဝတ္တမနသိကာရော အာရမ္ဘဓာတုအာဒီသု ယောနိသော မနသိကာရော နာမ။ ပ ။ ပီတိသမ္ဗောဇ္ဈင်္ဂဋ္ဌာနီယာ ဓမ္မာတိ ပန ပီတိယာ ဧဝ ဧတံ နာမံ။ တဿာပိ ဥပ္ပါဒက- မနသိကာရောဝ ယောနိသောမနသိကာရော နာမ။ (ဝိသုဒ္ဓိ-၁-၁၂၈။) ပဝတ္တမနသိကာရောတိ ကုသလာဒီနံ တံတံသဘာဝလက္ခဏာဒိကဿ ယာထာဝတော အဝဗုဇ္ဈနဝသေန ဥပ္ပန္နဇဝနစိတ္တုပ္ပါဒေါ။ သော ဟိ အဝိပရီတမနသိကာရတာယ ''ယောနိသော မနသိကာရော''တိ ဝုတ္တော။ တဒါ- ဘောဂတာယ အာဝဇ္ဇနာပိ တဂ္ဂတိကာဝ။ ရုပ္ပနလက္ခဏာဒိကမ္ပိ ဣဓ သာမညလက္ခဏေနေဝ သင်္ဂဟိတန္တိ ဒဋ္ဌဗ္ဗံ။
“在善法等诸法中,依通达自相与共相而进行的作意,称为如理作意;对于发起界等诸界,以令其生起的方式进行的作意,称为对发起界等的如理作意。……所谓能够作为喜觉支所依的诸法,这只是喜本身的名称;能使喜生起的作意,也称为如理作意。”(《“所谓‘进行的作意’,是指因如实觉知善法等各自的自相等而生起的速行心。由于这种作意不颠倒,所以称为‘如理作意’;转向心也因趋向同一对象而属于同一范畴。应知,此处色法的‘变坏相’等,也摄在‘共相’这一名称之中。”
(မဟာဋီ-၁-၁၅၅-၁၅၆။)
(《大复注》1-155—156。)
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
以上巴利原典、义注与复注各段的意思如下。
ရဟန်းတို့ …မဖြစ်ပေါ်လာသေးသော သတိသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာစေရန်၊ ဖြစ်ပေါ်ပြီးသော သတိသမ္ဗောဇ္ဈင်တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီးပြည့်စုံလာစေရန် အကြောင်းတရား ကား အဘယ်နည်း ---- ရဟန်းတို့ …သတိသမ္ဗောဇ္ဈင်၏ တည်ရာအာရုံဖြစ်ကြကုန်သော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး တို့သည်လည်းကောင်း၊ လောကုတ္တရာတရားကိုးပါးတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုတရားတို့၌ သင့်လျော် သောအားဖြင့် ဟုတ်မှန်သော အကြောင်းအားဖြင့် နှလုံးသွင်းမှု (= ယောနိသောမနသိကာရ)ကို ကြိမ်ဖန်များ စွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်ပေါ်လာသေးသော သတိသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာစေရန်၊ ဖြစ်ပေါ်ပြီးသော သတိသမ္ဗောဇ္ဈင်တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီး ပြည့်စုံလာစေရန် အကြောင်းတရားတည်း။
诸比丘,什么是使未生的念觉支生起、使已生的念觉支之修习达到圆满的因呢?诸比丘,有作为念觉支所依之所缘的37种菩提分法和9种出世间法;对于这些法,以适当而符合真实因由的方式反复作意,即反复实行如理作意。这就是使未生的念觉支生起、使已生的念觉支之修习达到圆满的因。
ရဟန်းတို့ …ကုသိုလ် အကုသိုလ်တရား၊ အပြစ်ရှိ အပြစ်မဲ့တရား၊ အယုတ်အမြတ်တရား၊ အကျိုးတူ အဖို့ရှိသည့် အမည်း-အဖြူ ဖြစ်သော တရားတို့သည် ရှိကြကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် ဟုတ် မှန်သော အကြောင်းအားဖြင့် နှလုံးသွင်းမှု ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။
诸比丘,有善法与不善法、有过失法与无过失法、劣法与胜法,以及彼此相对的黑法与白法;对于这些法,以适当而符合真实因由的方式反复作意,即反复实行如理作意。
ဤသည်ကား မဖြစ်ပေါ်လာသေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာစေရန်၊ ဖြစ်ပေါ်ပြီးသော ဓမ္မ ဝိစယသမ္ဗောဇ္ဈင်တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီး ပြည့်စုံလာစေရန် အကြောင်း တရားတည်း။
这就是使未生的择法觉支生起、使已生的择法觉支之修习达到圆满的因。
原书第 376 页
ရဟန်းတို့ …လက်မွန်အစ ကြိုးစားအားထုတ်မှု အာရမ္ဘဓာတ်၊ ပျင်းရိခြင်းမှ ထွက်မြောက်သော ကြိုးစား အားထုတ်မှု နိက္ကမဓာတ်၊ တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်အောင် အဆင့်ဆင့် ကြိုးစားအားထုတ်မှု ပရက္ကမဓာတ်ဟူသော ဝီရိယတို့သည် ရှိကြကုန်၏။ ထိုဓာတ်သုံးပါးတို့၌ သင့်လျော်သောအားဖြင့် ဟုတ်မှန်သော အကြောင်းအားဖြင့် နှလုံးသွင်းမှု ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်ပေါ်လာသေးသော ဝီရိယသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာစေရန် ဖြစ်ပေါ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင် တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီး ပြည့်စုံလာစေရန် အကြောင်းတရားတည်း။
诸比丘,有以下3种精进:最初发起努力的发起界,摆脱懈怠而努力的出离界,以及为了逐级提高而一层比一层更加努力的勇猛界。对于这3种界,以适当而符合真实因由的方式反复作意,即反复实行如理作意。这就是使未生的精进觉支生起、使已生的精进觉支之修习达到圆满的因。
ရဟန်းတို့ …ပီတိသမ္ဗောဇ္ဈင်တရား၏ တည်ရာအာရုံ ဖြစ်ကြကုန်သော တရားတို့သည် ရှိကြကုန်၏။
诸比丘,有能够作为喜觉支所依之所缘的诸法。
ထိုတရားတို့၌ သင့်လျော်သောအားဖြင့် ဟုတ်မှန်သော အကြောင်းအားဖြင့် နှလုံးသွင်းမှု ယောနိသောမနသိကာရ ကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်ပေါ်လာသေးသော ပီတိသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာစေရန် ဖြစ်ပေါ်ပြီးသော ပီတိသမ္ဗောဇ္ဈင်တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီးပြည့်စုံလာစေရန် အကြောင်းတရားတည်း။
对于这些法,以适当而符合真实因由的方式反复作意,即反复实行如理作意。这就是使未生的喜觉支生起、使已生的喜觉支之修习达到圆满的因。
သတိသမ္ဗောဇ္ဈင်
念觉支
အထက်ပါ ဘုရားရှင်၏ ညွှန်ကြားတော်မူချက်အရ ဘာဝနာလုပ်ငန်းခွင်၌ စိတ်ဓာတ်များ ကျဆင်းနေသော အခါ ဓမ္မဝိစယ-ဝီရိယ-ပီတိဟူသော ဗောဇ္ဈင်တရားသုံးပါးတို့ကို ပွားများပေးရမည် ဖြစ်သည်။ ထိုဗောဇ္ဈင်တရား သုံးပါးကို ပွားများရာ၌ သတိသမ္ဗောဇ္ဈင်၏ အကူအညီကိုကား လိုအပ်နေမည်သာ ဖြစ်ပေသည်။ သတိသမ္ဗောဇ္ဈင်၏ တည်ရာအာရုံတို့ကို ဗောဓိပက္ခိယတရား (၃၇)ပါးနှင့် လောကုတ္တရာတရား (၉)ပါးတို့ ဖြစ်ကြောင်းကို (သံ-ဋ္ဌ-၃- ၁၇၈။)တွင် ဖွင့်ဆိုထားပေသည်။
依照世尊上述教导,在修习过程中,心势低落时,应培育择法、精进、喜这3种觉支;而培育这3种觉支时,必然需要念觉支的帮助。《相应部义注》3-178解释说,念觉支所依的所缘是37种菩提分法和9种出世间法。
ယခု ရေးသားနေဆဲဖြစ်သော အပိုင်းကား အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိ ထူထောင် နေသည့် သမထပိုင်းနှင့် ဆက်စပ်၍ အပ္ပနာကောသလဒတရားကို ဖွင့်ဆိုနေရာအပိုင်း ဖြစ်ပေသည်။ သို့အတွက် လောကုတ္တရာတရားတို့ကို သတိ၏ တည်ရာအာရုံစာရင်းမှ ခေတ္တဖယ်ထားပါ။ ဗောဓိပက္ခိယတရား (၃၇)ပါး တို့တွင် သတိပဋ္ဌာန်လေးပါးကို ပြည့်ပြည့်စုံစုံ ပွားများနိုင်ပါက ဗောဓိပက္ခိယတရား (၃၇)ပါးတို့ ပြည့်စုံလာမည် ဖြစ်ကြောင်းကို (မ-၃-၁၂၇။) အာနာပါနဿတိသုတ္တန် စသည်တို့၌ ဟောကြားထားတော်မူပေသည်။ သို့အတွက် သတိပဋ္ဌာန်လေးပါးကို ဦးတည်၍ ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။
目前所写的这一部分,是结合以入出息似相为所缘建立定的止修习,说明安止善巧。因此,暂且把出世间法从念的所缘清单中搁置一旁。关于37种菩提分法,《中部》3-127《入出息念经》等教示:若能完整培育四念处,37种菩提分法便会圆满。因此,下面将以四念处为中心继续说明。
သတိပဋ္ဌာန်လေးပါးတို့တွင် သတိ၏ တည်ရာအာရုံမှာ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟု လေးမျိုးပြား၏။ ယင်း လေးမျိုးတို့အနက် ကာယာနုပဿနာ သတိပဋ္ဌာန်ကျင့်စဥ်ပိုင်းတွင် ယခုရေးသားနေဆဲဖြစ်သော အာနာပါန ကျင့်စဥ်ကိုလည်း သတိ၏ တည်ရာအာရုံ ကမ္မဋ္ဌာန်းတစ်ခုအဖြစ် ထည့်သွင်း၍ ဟောကြားထားတော်မူပေသည်။
在四念处中,念所依的所缘分为身、受、心、法4类。在身随观念处的修行部分,世尊也把这里正在说明的入出息修习,开示为念所依的一种业处所缘。
ယခုအပိုင်းကား ဝိပဿနာပိုင်း မဟုတ်သေးသဖြင့် သမထပိုင်းသာ ဖြစ်နေသေးသဖြင့် သမာဓိထူထောင်ပုံအပိုင်း ကိုသာ ကွက်၍ တင်ပြအပ်ပါသည်။
目前这一部分尚未进入观,仍属于止,所以这里只抽取建立定的方法加以说明。
အာနာပါနလုပ်ငန်းပိုင်းတွင် ---- ၁။ ပကတိသော ဝင်သက်လေ-ထွက်သက်လေသည်လည်း သတိသမ္ဗောဇ္ဈင်၏ တည်ရာအာရုံပင် ဖြစ်သည်။
在入出息修习中:1.自然的入息与出息,也是念觉支所依的所缘。
၂။ ပကတိသော ဝင်သက်လေ-ထွက်သက်လေကို အမှီပြု၍ ဘာဝနာစွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာသော ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေသော ဥဂ္ဂဟနိမိတ်ဟူသော အာနာပါနနိမိတ်သည်လည်း သတိသမ္ဗောဇ္ဈင်၏ တည်ရာအာရုံပင် ဖြစ်သည်။
2.依自然入息与出息,凭借修习势力而生起、洁白如棉团的入出息相,称为取相;它也是念觉支所依的所缘。
原书第 377 页
အာနာပါနဿတိသမာဓိပိုင်း ၃။ ပကတိသော ဝင်သက်လေ-ထွက်သက်လေကိုပင် အမှီပြု၍ ဘာဝနာစွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ်မှ တစ်ဆင့် ကူးပြောင်းလာသော အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂ နိမိတ်သည်လည်း သတိသမ္ဗောဇ္ဈင်၏ တည်ရာအာရုံပင် ဖြစ်သည်။
3.同样依自然入息与出息,凭借修习势力从取相转化而来、极其明净光亮的入出息似相,也是念觉支所依的所缘。
〔မှတ်ချက် ---- ရုပ်-ဝေဒနာ-စိတ္တ-ဓမ္မ- ဟူသော ပရမတ်တရားတို့သည်လည်း သတိသမ္ဗောဇ္ဈင်၏ တည်ရာ အာရုံဓမ္မများပင်ဖြစ်ကြသည်။ သို့သော် ယင်းပရမတ်တရားတို့မှာ ဝိပဿနာပိုင်းနှင့် ဆိုင်ပေသည်။〕 ဤအပိုင်းတွင်ကား ယင်း အာနာပါနပဋိဘာဂနိမိတ်အာရုံကို အမှတ်ရနေခြင်းသဘော၊ မမေ့ပျောက်ခြင်း သဘော၊ သိမ်းဆည်းတတ်သော သဘောသည် သတိသမ္ဗောဇ္ဈင် မည်ပေသည်။ ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံကို ကြိမ်ဖန်များစွာ အမှတ်ရနေခြင်း ကြိမ်ဖန်များစွာ သိမ်းဆည်းနေခြင်းသည် သတိသမ္ဗောဇ္ဈင်တရားကို ပွားများနေသည်ပင် မည်ပေသည်။ သတိသမ္ဗောဇ္ဈင်၏ တည်ရာအာရုံ၌ သင့်လျော်သောအားဖြင့် ဟုတ်မှန်သော အကြောင်းအားဖြင့် နှလုံးသွင်းမှု ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းပင် ဖြစ်ပေသည်။
〔注——色、受、心、法这些究竟法,也是念觉支所依的所缘法;但这些究竟法属于观的部分。〕在本部分,忆念入出息似相所缘、不忘失该所缘并能摄持它的性质,称为念觉支。反复忆念、反复摄持入出息似相所缘,就是在培育念觉支;这也就是对于念觉支所依的所缘,反复实行适当而符合真实因由的如理作意。
ဓမ္မဝိစယ သမ္ဗောဇ္ဈင်
择法觉支
၁။ ကုသိုလ် အကုသိုလ်စသော ပရမတ္ထဓမ္မဟူသမျှတို့၌ --- ကုသိုလ်တရားတို့၏ အပြစ်မရှိခြင်း ကောင်းသော အကျိုးကို ပေးခြင်း (= အနဝဇ္ဇသုခဝိပါက) လက္ခဏာ၊ အကုသိုလ်တရားတို့၏ အပြစ်နှင့်တကွဖြစ်ခြင်း မကောင်း သော အကျိုးကိုပေးခြင်း (= သာဝဇ္ဇဒုက္ခဝိပါက) လက္ခဏာ၊ ဖဿ၏ အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း ဖုသနလက္ခဏာ၊ ပထဝီဓာတ်၏ ခက်မာခြင်း ကက္ခဠတ္တလက္ခဏာ -- ဤသို့စသော ပရမတ္ထဓာတ်သား အသီးအသီးတို့၏ ကိုယ်ပိုင်သဘာဝသတ္တိ သဘာဝလက္ခဏာကို ထိုးထွင်းသိမြင်သည်၏အစွမ်းဖြင့် ဖြစ်ပေါ် လာသော ယင်းသဘာဝလက္ခဏာကို နှလုံးသွင်းမှု ရှုပွားမှုဟူသော သေက္ခပုထုဇန်ပုဂ္ဂိုလ်များ၏ မနောဒွါရာဝဇ္ဇန်း နှင့် တကွသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဥ်၊ ရဟန္တာပုဂ္ဂိုလ်များ၏ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော မဟာကြိယာဇောဝီထိ စိတ်အစဥ်များသည် ယောနိသောမနသိကာရ မည်၏။
一、对于善、不善等一切究竟法:善法具有无过失、能招感乐果(= အနဝဇ္ဇသုခဝိပါက)的自相;不善法具有过失、能招感苦果(= သာဝဇ္ဇဒုက္ခဝိပါက)的自相;触具有接触所缘的触相(ဖုသနလက္ခဏာ);地界具有坚硬的硬相(ကက္ခဠတ္တလက္ခဏာ)——诸如此类,凡以通达各个究竟界自身固有的本性作用、自性相而生起的心流:对于有学与凡夫,是与意门转向相伴的大善意门速行心路;对于阿罗汉,则是与意门转向相伴的大唯作速行心路;这些心流称为如理作意。
၂။ ရုပ်တရားအားလုံးတို့၏ ရှေးရှေးရုပ်အစဥ်နှင့် မတူသော နောက်နောက်သော ရုပ်အစဥ်တို့၏ ဖြစ်ခြင်း ဟူသော ဖောက်ပြန်ခြင်း ရုပ္ပနသဘောလက္ခဏာ၊ နာမ်တရားအားလုံးတို့၏ ဆိုင်ရာ ဆိုင်ရာ ထိုထိုအာရုံသို့ ညွတ်ကိုင်းရှိုင်းခြင်းဟူသော နမနသဘောလက္ခဏာ ---- ဤသဘောလက္ခဏာတို့ကား ရုပ်တရားအားလုံး နာမ် တရားအားလုံးနှင့် သက်ဆိုင်နေသောကြောင့် အများဆိုင် သာမညလက္ခဏာများပင် ဖြစ်ကြသည်။
二、一切色法中,后后色相续异于前前色相续而生起,这种变异即色变坏的自性相;一切名法各自倾向其相应所缘,这种倾向即名倾向的自性相。这两种自性相分别与一切色法、一切名法相关,因此也是各自类别所共有的共相。
တစ်ဖန် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းပရမတ်တရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ ဖြစ်နေခြင်းကြောင့် အကျိုး ရုပ်-နာမ်-ပရမတ်တရားတို့သည်လည်း အနိစ္စ- ဒုက္ခ-အနတ္တသာ ဖြစ်နေကြရ၏။
再者,由于无明、爱、取、行、业等作为因的究竟法都是无常、苦、无我,作为果的色、名究竟法也同样只是无常、苦、无我。
ယင်း ပရမတ်တရားတို့၏ အနိစ္စအခြင်းအရာ၊ ဒုက္ခအခြင်းအရာ၊ အနတ္တအခြင်းအရာဟူသော အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ သုံးပါးတို့သည် ကြောင်း-ကျိုး-ရုပ်-နာမ် = သင်္ခါရတရားအားလုံးတို့နှင့် သက် ဆိုင်နေသောကြောင့် အများဆိုင် သာမညလက္ခဏာများပင် ဖြစ်ကြသည်။ ယင်းသာမညလက္ခဏာတို့ကို ထိုးထွင်း သိမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ယင်းသာမညလက္ခဏာတို့ကို နှလုံးသွင်းမှုဟူသော မနောဒွါရာ ဝဇ္ဇန်းနှင့် တကွသော မဟာကုသိုလ် (မဟာကြိယာ) ဇောဝီထိစိတ်အစဥ်သည်လည်း ယောနိသောမနသိကာရပင် မည်၏။
这些究竟法的无常行相、苦行相、无我行相,即无常相、苦相、无我相三种,因为与因、果、色、名等一切行法相关,所以是共同的共相。凡以通达这些共相而生起、与意门转向相伴的大善(或大唯作)速行心路,也称为如理作意。
ဤဖော်ပြပါ ပရမတ်တရားတို့၏ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကို နှလုံးသွင်းမှုဟူသော ယောနိသောမနသိကာရကား အထူးသဖြင့် ဝိပဿနာပိုင်းနှင့် ဆိုင်၏။ အထူးသဖြင့်ဟု ဆိုခြင်းမှာ စတုဓာတု ဝဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းစသည့် အချို့သော သမထကမ္မဋ္ဌာန်းတို့သည်လည်း ပရမတ်ကိုပင်
上述对究竟法的自性相与共相所作的作意,即如理作意,尤其属于观的部分。之所以说“尤其”,是因为四界差别等某些止业处,也同样以究竟法——
原书第 378 页
အာရုံယူ၍ သမာဓိထူထောင်ရသော သမထကမ္မဋ္ဌာန်းများ ဖြစ်ကြသဖြင့် အထူးသဖြင့်ဟု ဆိုခြင်းဖြစ်သည်။
——为所缘而建立定,所以它们也是以究竟法为所缘的止业处。
ယခု ရေးသားနေဆဲဖြစ်သော အာနာပါနပိုင်း၌ကား ---- ၁။ ပကတိသော ဝင်သက်လေ-ထွက်သက်လေဟူသော အာနာပါနနိမိတ်၊ ၂။ ယင်း ပကတိ ဝင်သက်လေ-ထွက်သက်လေကို အမှီပြု၍ ဖြစ်ပေါ်လာသော (ပရိကမ္မနိမိတ်) ဥဂ္ဂဟနိမိတ်၊ ၃။ ထိုဥဂ္ဂဟနိမိတ်မှ တစ်ဆင့်မြင့်လာသော ပဋိဘာဂနိမိတ် ---- ဤသုံးမျိုးသော နိမိတ်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် အစီအစဥ်အတိုင်း နှလုံးသွင်းမှုသည်ပင် ယောနိသော မနသိကာရ မည်ပေသည်။ အထူးသဖြင့် အာနာပါနပဋိဘာဂနိမိတ်ကို ထိုးထွင်းသိမြင်သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော ယင်းအာနာပါနပဋိဘာဂနိမိတ်ကို နှလုံးသွင်းရှုပွားနေသော မနောဒွါရာဝဇ္ဇန်းနှင့် တကွသော မဟာကုသိုလ် (မဟာကြိယာ) ဇောဝီထိ စိတ္တုပ္ပါဒ်အစဥ်သည် ဤအာနာပါနသမထပိုင်း၌ ယောနိသော မနသိ ကာရပင် မည်၏။ ယင်းယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းသည် မဖြစ်ပေါ်လာသေး သော ဓမ္မဝိစယသမ္ဗောဇ္ဈင်တရား၏ ဖြစ်ပေါ်လာစေရန် ဖြစ်ပေါ်လာပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်တရား၏
而在目前所说的入出息部分中:一、自然的入息、出息,即入出息相;二、依于自然入息、出息而生起的(预作相)取相;三、从取相进一步提升而成的似相——依次逐级对这三种相作意,就是如理作意。尤其,以通达入出息似相的方式生起、对该入出息似相进行作意与观修的、与意门转向相伴的大善(或大唯作)速行心生起之相续,在这一入出息止的部分中就是如理作意。反复作这种如理作意,是为了使未生的择法觉支生起,并使已生的择法觉支——
ဘာဝနာဉာဏ် ပြည့်စုံလုံလောက်သည်တိုင်အောင် ကြီးပွားတိုးတက်ရန် အတွက်ပင် ဖြစ်ပေသည်။ တစ်နည်း ဆိုရသော် ယင်းယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားများ နေခြင်းပင် ဖြစ်ပေသည်။ 〔ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ၊ သာမညလက္ခဏာတို့ကို ထိုးထွင်းသိနေသော ဇောစိတ္တုပ္ပါဒ်သည်သာလျှင် ယောနိသောမနသိကာရအစစ်ဖြစ်၏။ သို့သော် ယင်းဇော၏ရှေး၌ ကပ်လျက်ရှိသော မနောဒွါရာဝဇ္ဇန်းသည်လည်း ဇောယူသည့် အာရုံကိုပင် နှလုံးသွင်းတတ်သော သဘောရှိရကား ဇောနှင့် အလားတူ သည်သာ ဖြစ်၏။ ထို့ကြောင့် ယင်းမနောဒွါရာဝဇ္ဇန်းကိုလည်း ယောနိသောမနသိကာရဟုပင် ခေါ်ဆိုသည်။
——增长,直至修习智圆满。换言之,反复作这种如理作意,本身就是在培育择法觉支。〔真正的如理作意,是通达究竟法自性相与共相的速行心生起;然而,紧接在该速行之前的意门转向也对速行所取的同一所缘作意,因此与速行趋向相同。故该意门转向也称为如理作意。
(မဟာဋီ-၁-၁၅၆။)〕
(《大复注》1-156。)〕
ဝီရိယသမ္ဗောဇ္ဈင်
精进觉支
သတိသမ္ဗောဇ္ဈင် ဓမ္မဝိစယသမ္ဗောဇ္ဈင်တရားတို့၏ တည်ရာအာရုံဖြစ်ကြသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရကြသော ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကို ထိုးထွင်းသိမြင်အောင် လက်မွန် အစ ကြိုးစားအားထုတ်မှု ဝီရိယကား အာရမ္ဘဓာတ်မည်၏။ ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိနေခြင်း ကောသဇ္ဇ တရားမှ ထွက်မြောက်နိုင်သည်၏ အဖြစ်ကြောင့် ထို အာရမ္ဘဓာတ် ဝီရိယထက် လွန်ကဲထက်သန်သော ကြိုးစား အားထုတ်မှု လုံ့လဝီရိယကား နိက္ကမဓာတ် မည်၏။ လွန်ကဲကုန် အထူးသဖြင့် လွန်ကဲကုန်သော ဆန့်ကျင်ဘက် တရားမှန်သမျှတို့ကို ပယ်ဖျောက်ခြင်းငှာ စွမ်းနိုင်သော ဝီရိယသည် ထက်မြက်သည်ထက် အထူးသဖြင့် ထက်မြက် သည် စသည့်အဖြစ်သို့ ရောက်ရှိလာ၏။ ထိုဝီရိယမျိုးကား ဆန့်ကျင်ဘက်တရားတို့ကို ဆင့်ကာဆင့်ကာ ကျော်လွှား လွန်မြောက်လျက် မိမိ လိုရာ ပန်းတိုင်သို့ရောက်အောင် တက်ရောက်သွားနိုင်သည့် အတွက်ကြောင့် ထိုနိက္ကမဓာတ်
为了通达名为身、受、心、法的究竟法——即念觉支与择法觉支所依的所缘——之自性相与共相,最初发起的努力精进称为发起界(ārambhadhātu)。这种精进因能从修习中的懈怠脱离出来,比发起界更为强盛,称为出离界(nikkamadhātu)。能够排除一切强盛乃至格外强盛的相违障碍法,精进便变得越来越锐利;这种精进逐层越过各种相违障碍法,直趋自己的目标,所以比出离界——
ဝီရိယထက်လည်း လွန်ကဲသန်မြန်၏။ ယင်းနိက္ကမဓာတ် ဝီရိယထက် လွန်ကဲသန်မြန်သော ဝီရိယသည် ပရက္ကမ ဓာတ် မည်၏။ အာရမ္ဘဓာတ်-နိက္ကမဓာတ်-ပရက္ကမဓာတ် ဟူသော ထိုသုံးမျိုးသော ဝီရိယဓာတ်တို့ကို ဖြစ်စေ သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော နှလုံးသွင်းမှုသည် ထိုဓာတ်သုံးပါးတို့၌ ယောနိသောမနသိကာရပင် မည်၏။
——更为强劲迅疾。比出离界更强劲迅疾的精进,称为勇猛界(parakkamadhātu)。凡以令发起界、出离界、勇猛界这三种精进界生起的方式而生起的作意,就是对这三界的如理作意。
ဤရှင်းလင်းချက်ကား အထူးသဖြင့် ဝိပဿနာပိုင်းကို ရည်ညွှန်းထားပါသည်။ ယခု အသင်ယောဂီသူ တော်ကောင်းသည် ကြိုးစားအားထုတ်နေဆဲဖြစ်သော သမထပိုင်း၌ကား ---- ၁။ ပကတိသော ဝင်သက်လေ-ထွက်သက်လေဟူသော အာနာပါနနိမိတ်၊ ၂။ (ပရိကမ္မနိမိတ် ) ဥဂ္ဂဟနိမိတ်၊ ၃။ ပဋိဘာဂနိမိတ်တို့ကို ----
上述说明尤其是针对观的部分。至于贤善禅修者目前正在努力修习的止的部分,则对于:一、自然入息、出息这一入出息相;二、(预作相)取相;三、似相——
原书第 379 页
အာနာပါနဿတိသမာဓိပိုင်း ၁။ လက်မွန်အစ သိအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယကား အာရမ္ဘဓာတ်တည်း။
一、最初努力加以了知的精进,是发起界。
၂။ ပျင်းရိခြင်း ကောသဇ္ဇတရားကို ကျော်လွှားသွားသော ကြိုးစားအားထုတ်ခြင်း ဝီရိယကား နိက္ကမဓာတ်တည်း။
二、越过懈怠的努力精进,是出离界。
၃။ ပကတိသော အာနာပါနနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်ဟူသော နိမိတ်တို့ကို အဆင့်ဆင့် ထိုးထွင်း သိအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယကား ပရက္ကမဓာတ်တည်း။ ယင်းဝီရိယဓာတ် သုံးမျိုးတို့ ဖြစ်ပေါ် လာအောင် ပကတိသော အာနာပါနနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်တို့ကို ကြိမ်ဖန်များစွာ နှလုံး သွင်းခြင်းသည် ယောနိသောမနသိကာရပင် ဖြစ်၏။ ယင်းယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သော် မဖြစ်ပေါ်လာသေးသော ဝီရိယသမ္ဗောဇ္ဈင်တရားသည်လည်း ဖြစ်ပေါ်လာမည်၊ ဖြစ်ပေါ် လာပြီးသော ဝီရိယသမ္ဗောဇ္ဈင်တရားသည်လည်း ဘာဝနာဉာဏ်၏ ပြည့်စုံလုံလောက်ခြင်းသို့ ရောက်ရှိ သွားပေလိမ့်မည်။ (ဝိသုဒ္ဓိ-၁-၁၂၈။ မဟာဋီ-၁-၁၅၆။ တို့ကို ကြည့်ပါ။)
三、为了依次通达自然的入出息相、取相、似相而逐级努力的精进,是勇猛界。为了使这三种精进界生起,反复对自然入出息相、取相与似相作意,就是如理作意。若反复作这种如理作意,未生的精进觉支便会生起;已生的精进觉支则会增长,直至修习智圆满。(参见《清净道论》1-128;《大复注》1-156。)
ပီတိသမ္ဗောဇ္ဈင်
喜觉支
ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော သတိ၏ တည်ရာ အာရုံတို့ကို အာရုံပြု၍ သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်တရားတို့ ထင်ရှားဖြစ်ပေါ်လာအောင် ကြိုးပမ်းနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ကိလေသာ အာမိသမှ ကင်းသော နိရာမိသ အမည်ရသော နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတရားသည် ထင်ရှားဖြစ်ပေါ်လာတတ်၏။ ထိုပီတိသည် သတိသမ္ဗောဇ္ဈင် အမည်ရသော သတိတရား၊ ဓမ္မ ဝိစယသမ္ဗောဇ္ဈင် အမည်ရသော ပညာတရား၊ ဝီရိယသမ္ဗောဇ္ဈင် အမည်ရသော ဝီရိယတရား စသည့် ယှဥ်ဖက် စိတ်စေတသိက်သမ္ပယုတ်တရားစုတို့နှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဥ်တွဲ၍ ဖြစ်ပေါ်လာရ၏။
禅修者缘取作为念所依之境的身、受、心、法,努力使念觉支、择法觉支、精进觉支明显生起时,其相续中会明显生起一种远离烦恼诱饵、称为“离染”的喜悦之法。此喜在同一心刹那中,与作为念觉支的念、作为择法觉支的慧、作为精进觉支的精进等相应的心与心所法群俱生。
၁။ ထိုရှေးရှေးသော ပီတိသည်လည်းကောင်း၊ ၂။ ထိုပီတိနှင့် ယှဥ်တွဲဖြစ်သည့် သတိ-ပညာ-ဝီရိယ စသော စိတ်စေတသိက် သမ္ပယုတ်တရားစုသည် လည်းကောင်း ---- ပီတိသမ္ဗောဇ္ဈင်္ဂဋ္ဌာနီယ ဓမ္မ = နောက်နောက်သော ပီတိသမ္ဗောဇ္ဈင်တရား၏ ဖြစ်ရာဖြစ်ကြောင်းတရားတို့ မည်ကုန်၏။ ထိုတွင် ရှေးရှေးသော ပီတိသမ္ဗောဇ္ဈင်တရားသည် နောက်နောက်သော ပီတိသမ္ဗောဇ္ဈင်တရား၏ ထူးကဲသော အကြောင်းတရား တစ်ခုပင် ဖြစ်ပေသည်။ ထိုပီတိကို သို့မဟုတ် ပီတိနှင့် တကွသော သမ္ပယုတ် တရားစုကို ဖြစ်ပေါ်လာအောင် နှလုံးသွင်းခြင်းသည်ပင် ယောနိသောမနသိကာရ မည်၏။ ဖြစ်ပေါ်လာအောင် နှလုံးသွင်းမှု ဟူသည်မှာလည်း သတိ- ဓမ္မဝိစယ-ဝီရိယသမ္ဗောဇ္ဈင်တရားတို့၏ တည်ရာအာရုံဖြစ်သော ကာယ- ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော ဘာဝနာအာရုံကို အကြင်သို့သော အခြင်းအရာအားဖြင့် နှလုံးသွင်းနေသော အသင်ယောဂီ သူတော်ကောင်းအား မဖြစ်ပေါ်လာသေးသော ပီတိသမ္ဗောဇ္ဈင်တရားသည် ဖြစ်ပေါ်လာ၏၊
一、前前生起的喜;二、与该喜相应的念、慧、精进等心与心所相应法众——这两者都称为“喜觉支所依之法”,即令后后喜觉支生起的因法。其中,前前喜觉支是后后喜觉支的一项殊胜因。为了令该喜,或令与喜相应的法众生起而作意,就是如理作意。所谓“令其生起而作意”,是指禅修者以某种方式对名为身、受、心、法的修习所缘——即念觉支、择法觉支、精进觉支所依的所缘——作意时,未生的喜觉支得以生起——
ဖြစ်ပေါ်လာပြီးသော ပီတိသမ္ဗောဇ္ဈင်တရားသည်လည်း တိုးပွားလာ၏။ ထိုကဲ့သို့သော အခြင်းအရာအားဖြင့် ဖြစ်သော နှလုံးသွင်းခြင်းသည် ပီတိသမ္ဗောဇ္ဈင်တရားကို သို့မဟုတ် ပီတိသမ္ဗောဇ္ဈင်နှင့် တကွသော သမ္ပယုတ် တရားစုကို ဖြစ်ပေါ်လာအောင် နှလုံးသွင်းခြင်း (= ဥပ္ပါဒကမနသိကာရ) မည်၏။ ယင်းဥပ္ပါဒကမနသိကာရ သည်ပင် ယောနိသောမနသိကာရ မည်ပေသည်။ (ဝိသုဒ္ဓိ-၁-၁၂၈။ မဟာဋီ-၁-၁၅၆။ ပြည်-၁-၃၄၄-၃၄၅။) အထူးသဖြင့် ယခုတင်ပြနေသော အပိုင်းကား အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ ပီတိသမ္ဗောဇ္ဈင် ဖြစ်ပုံကို တင်ပြရမည့်အပိုင်း ဖြစ်ပေသည်။ အသင်ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သတိ-ဓမ္မဝိစယ-ဝီရိယသမ္ဗောဇ္ဈင်တရားတို့ ထင်ရှားဖြစ်ပေါ်လာအောင် ကြိုးစားနေသည်ဖြစ်ရာ
——已生的喜觉支则得以增长。以这种方式作意,称为“生起作意”,即为了令喜觉支或与喜觉支相应的法众生起而作意;这一生起作意也就是如理作意。(《清净道论》1-128;《大复注》1-156;卑谬尊者《清净道论依词释》第一册,344—345。)尤其,这里所说明的是:以入出息似相为所缘时,喜觉支如何生起。因此,禅修者正以入出息似相为所缘,努力令念觉支、择法觉支、精进觉支明显生起——
原书第 380 页
ထိုသို့ကြိုးပမ်းရာ၌ မည်သို့ ကြိုးပမ်းပါက ပီတိသမ္ဗောဇ္ဈင်တရား ဖြစ်ပေါ်လာတတ်ပါသနည်းဟု သတိပြုထားပါ။
——在如此努力时,应当留意:怎样努力,喜觉支才会生起。
ထိုပီတိသမ္ဗောဇ္ဈင်တရား ဖြစ်ပေါ်လာနိုင်လောက်သော အခြင်းအရာအားဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ ကိုပင် ဆက်လက်၍ နှလုံးသွင်းနေပါ။ ယင်းသို့ နှလုံးသွင်းနေခြင်းသည် မဖြစ်ပေါ်လာသေးသော ပီတိသမ္ဗောဇ္ဈင် တရားကို ဖြစ်ပေါ်လာအောင်၊ ဖြစ်ပေါ်လာပြီးသော ပီတိသမ္ဗောဇ္ဈင်တရားကို တိုးပွားအောင်နှလုံးသွင်းနေခြင်း ယောနိသောမနသိကာရပင် ဖြစ်သည်။
应继续以足以令喜觉支生起的方式,对入出息似相这一所缘作意。如此作意,就是为了使未生的喜觉支生起、使已生的喜觉支增长而作的如理作意。
ယင်းယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ပါ၊ ကြိမ်ဖန်များစွာ ပွားများပါ။ ကြိမ်ဖန်များစွာ ပွားများထားအပ်သော ယင်းယောနိသောမနသိကာရကား မဖြစ်ပေါ်လာသေးသော ပီတိသမ္ဗောဇ္ဈင်တရား၏ ဖြစ်ပေါ်လာရန်၊ ဖြစ်ပေါ်လာပြီးသော ပီတိသမ္ဗောဇ္ဈင်တရား၏ တိုင်းထက်အလွန် တိုးပွားရန်၊ ဘာဝနာဉာဏ် ပြည့်စုံလာရန် အကြောင်းတရားပင် ဖြစ်ပေသည်။
应反复作这种如理作意,反复加以培育。如此反复培育的如理作意,是使未生的喜觉支生起、使已生的喜觉支增长逾常,并使修习智圆满的因。
ဤဆိုအပ်ခဲ့ပြီးသည်ကား ဝီရိယလျော့ရဲမှု ပီတိအားပျော့မှု သံဝေဂဉာဏ်နည်းပါးမှု စသော အကြောင်း တရားများကြောင့် ဘာဝနာလုပ်ငန်းခွင်၌ စိတ်ဓာတ်များ ကျဆင်းလာသောအခါ စိတ်ဓာတ်မြှင့်တင်ရေးအတွက် ဓမ္မဝိစယ-ဝီရိယ-ပီတိဟူသော ဗောဇ္ဈင်တရား သုံးပါးတို့ကို ပွားများရန် ညွှန်ကြားချက်များပင် ဖြစ်သည်။ သို့သော် ယင်းဗောဇ္ဈင်တရား သုံးပါးတို့ကို ပွားများရေးမှာ သတိမပါဘဲ ပွားများမှု မဖြစ်နိုင်သဖြင့် သတိသမ္ဗောဇ္ဈင်ကိုပါ ထည့်သွင်း၍ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဤဗောဇ္ဈင်တရား ပွားများပုံမှာ ပါဠိတော်နည်းသက်သက် ဖြစ်ပါသည်။
以上所说,是当精进松弛、喜力薄弱、悚惧智不足等原因令修习中的心低沉时,为了提振心而培育择法、精进、喜三种觉支的指示。然而,离开念便不可能培育这三种觉支,所以也把念觉支包括在内加以说明。这种培育觉支的方法,纯依巴利圣典之法。
အဋ္ဌကထာများ၌ ဗောဇ္ဈင်ဖြစ်ကြောင်းတရားများကိုလည်း တစ်နည်း ဖွင့်ဆိုထားကြပေသည်။ ယင်းအဋ္ဌကထာ နည်းများကို ယခုအခါတွင် ဆက်လက်၍ တင်ပြအပ်ပါသည်။
诸义注还以另一种方式解释令觉支生起的诸法。现在继续说明这些义注之法。
သတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၄) ပါး
令念觉支生起的四种法
အပိစ စတ္တာရော ဓမ္မာ သတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ သံဝတ္တန္တိ သတိသမ္ပဇညံ မုဋ္ဌဿတိပုဂ္ဂလပရိဝဇ္ဇ- နတာ ဥပဋ္ဌိတဿတိပုဂ္ဂလသေဝနတာ တဒဓိမုတ္တတာတိ။ (မ-ဋ္ဌ-၁-၂၉၄။ ဒီ-ဋ္ဌ-၂-၃၇၆။ သံ-ဋ္ဌ-၃-၁၉၃။) ၁။ သတိသမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံခြင်း၊ ၂။ သတိလက်လွတ်နေသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဥ်ခြင်း၊ ၃။ သတိကပ်၍ တည်နေသော သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း၊ ၄။ ထိုသတိသမ္ဗောဇ္ဈင်ဖြစ်ရန်အတွက် နှလုံးသွင်း ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိခြင်း ---- ဤ လေးပါးတို့ကား သတိသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားများပင် ဖြစ်ကြသည်။
“此外,有四种法能导向念觉支的生起:念正知、远离失念之人、亲近具念之人,以及心倾向于它。”(《中部义注》1-294;《长部义注》2-376;《相应部义注》3-193。)即:一、具足念与正知智;二、远离失念之人;三、亲近念已现起、安住的善士;四、具有为了令念觉支生起而向往、倾向的心。这四项就是令念觉支生起的因法。
၁။ သတိသမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံခြင်း ---- မဟာသတိပဋ္ဌာနသုတ္တန် သမ္ပဇဥ်ပိုင်း (မ-၁-၇၂။)၌ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း ---- က။ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း၊ ခ။ တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်း၊ ဂ။ ကွေးခြင်း ဆန့်ခြင်း၊ ဃ။ ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ခြင်း၊ င။ စားခြင်း သောက်ခြင်း ခဲခြင်း လျက်ခြင်း၊ စ။ ကျင်ကြီးစွန့်ခြင်း ကျင်ငယ်စွန့်ခြင်း၊
一、具足念与正知智——依世尊在《大念处经》正知部分(《中部》1-72)中的教导:甲、前进与返回;乙、向前直视与向旁侧视;丙、屈与伸;丁、持僧伽梨、钵与衣;戊、食、饮、嚼、尝;己、大便与小便;
原书第 381 页
အာနာပါနဿတိသမာဓိပိုင်း ဆ။ အနုစား သွားခြင်း-ရပ်ခြင်း-ထိုင်ခြင်း-အိပ်ပျော်ခြင်း-နိုးလာခြင်း-စကားပြောဆိုခြင်း-စကားမပြော
庚、至于较细微的活动:行走、站立、坐下、入睡、醒来、说话,以及不说话而——
ဆိတ်ဆိတ်နေခြင်း ----
——默然时。
ဤ (၇)ဌာနတို့၌ သတိသမ္ပဇဥ် ဉာဏ်ယှဥ်လျက် ပွားများအားထုတ်ခြင်း ရှိရမည်။ သမ္ပဇဥ်ပိုင်း ရှုကွက်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် အစီအစဥ်တကျ ရှုပွားနိုင်ရမည်ဟု ဆိုလိုသည်။
在这七类处所中,都应与念及正知智相应而修习;也就是说,应当能够依次、有条理地观修正知部分的各个观修项目。
သမ္ပဇဥ် လေးမျိုး
四种正知
သာတ္ထကသမ္ပဇဥ် သပ္ပါယသမ္ပဇဥ် ဂေါစရသမ္ပဇဥ် အသမ္မောဟသမ္ပဇဥ်ဟု သမ္ပဇဥ် လေးမျိုး ရှိ၏။
正知有四种:有益正知(sātthaka-sampajañña)、适宜正知(sappāya-sampajañña)、行处正知(gocara-sampajañña)、不痴正知(asammoha-sampajañña)。
(မ-ဋ္ဌ-၁-၂၅၈။)
(《中部义注》1-258。)
၁။ သာတ္ထကသမ္ပဇဥ် ---- ရှေ့သို့တက်ခြင်း စသည့် ထိုထိုသမ္ပဇဥ် ဆိုင်ရာ ရှုကွက်တို့၌ ရှေသို့ တက်ခြင်း စသည်တို့ကို ပြုလုပ်ရာဝယ် စိတ်၏ အလိုအတိုင်း မပြုသေးဘဲ အကျိုးရှိမရှိကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ပြီးမှ အကျိုးရှိသည်ကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းသည် သာတ္ထကသမ္ပဇဥ် မည်၏။ (မ-ဋ္ဌ-၁-၂၅၈။) ၂။ သပ္ပါယသမ္ပဇဥ် ---- အကျိုးရှိ၍ ရှေ့သို့ တက်ခြင်း စသည်ကို ပြုလုပ်ရာ၌ ရာဂ-ဒေါသ-မောဟ စသည့် ကိလေသာများ ဖြစ်ခွင့်ရှိနေသော်၊ အသက်၏ အန္တရာယ် သီလ-သမာဓိ-ပညာ ဟူသော သိက္ခာသုံးရပ် အကျင့်မြတ်၏ အန္တရာယ် ရှိနေခဲ့သော် အသပ္ပါယ ဖြစ်၍ မရှိခဲ့သော် သပ္ပါယ ဖြစ်၏။ ယင်း သပ္ပါယ-အသပ္ပါယ တော်-မတော်ကို စူးစမ်း ဆင်ခြင်လျက် သင့်တော်သည်ကိုသာ ပိုင်းခြားယူတတ်သော ဉာဏ်သည် သပ္ပါယသမ္ပဇဥ် မည်၏။
一、有益正知——在前进等各个正知观修项目中,进行前进等动作之前,不立即随心意而行,先以智审察有无利益,再以智只选择有利益者,这种智慧称为有益正知。(《中部义注》1-258。)二、适宜正知——进行有利益的前进等动作时,若有机会令贪、瞋、痴等烦恼生起,或存在生命危险,或危及戒、定、慧三学的修行,便是不适宜;若没有这些情况,便是适宜。审察适宜与不适宜,并只选择适宜者的智慧,称为适宜正知。
၃။ ဂေါစရသမ္ပဇဥ် ---- ဧဝံ ပရိဂ္ဂဟိတသာတ္ထသပ္ပါယဿ ပန အဋ္ဌတိံ သာယ ကမ္မဋ္ဌာနေသု အတ္တနော စိတ္တရုစိတကမ္မဋ္ဌာနသင်္ခါတံ ဂေါစရံ ဥဂ္ဂဟေတွာ ဘိက္ခာစာရဂေါစရေ တံ ဂဟေတွာ ဂမနံ ဂေါစရသမ္ပဇညံ နာမ။ (မ-ဋ္ဌ-၁-၂၅၉။) ဤသို့ သိမ်းဆည်းအပ်ပြီးသော ဉာဏ်ဖြင့် ပိုင်းခြားယူအပ်ပြီးသော သာတ္ထကသမ္ပဇဥ် သပ္ပါယသမ္ပဇဥ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် သမထကမ္မဋ္ဌာန်း (၃၈)မျိုးတို့တွင် မိမိ ကြိုက်နှစ်သက်ရာ စိတ်ကြိုက်ကမ္မဋ္ဌာန်းဟု ခေါ်ဆိုအပ်သော ဘာဝနာစိတ်၏ ကျက်စားရာ ဂေါစရကို သင်ယူပြီး၍ ဆွမ်းခံရွာ၌ ထိုကမ္မဋ္ဌာန်းကို ယူ၍ နှလုံးသွင်း၍ သွားခြင်းသည် ဂေါစရသမ္ပဇဥ် မည်၏။ (မ-ဋ္ဌ-၁-၂၅၉။) အာလောကကသိုဏ်းကို သြဒါတကသိုဏ်း၌လည်းကောင်း၊ အာကာသကသိုဏ်းကို အာကာသာနဉ္စာ ယတနစျာန်ပိုင်း အာကာသရှုကွက်၌လည်းကောင်း ထည့်သွင်း၍ (၃၈)မျိုးသော ကမ္မဋ္ဌာန်းဟု ဖွင့်ဆိုထားခြင်း ဖြစ်သည်။ ဤဖွင့်ဆိုချက်အရ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း စသော ထိုသမ္ပဇဥ်ပိုင်းဆိုင်ရာ ဌာနတို့၌
“如此把握有益与适宜之后,在三十八种业处中学得称为自己心所喜业处的行处,前往托钵行处时仍摄持该业处而行,称为行处正知。”(《中部义注》1-259。)也就是说,已经以智把握、选择有益与适宜的禅修者,在三十八种止业处中学习自己心所喜爱的业处——即修习心的行处——前往托钵村时仍摄持、作意该业处而行,这就是行处正知。(《中部义注》1-259。)这里之所以说三十八种业处,是因为把光明遍摄入白遍,又把虚空遍摄入空无边处禅的虚空所缘。依此解释,在上述前进、返回等各类正知处所中——
ကမ္မဋ္ဌာန်း (၄ဝ)ထဲက မိမိစိတ်ကြိုက် ကမ္မဋ္ဌာန်းတစ်ခုကို ရွေးချယ်၍ ရှုပွားနေလျှင် နှလုံးသွင်းနေလျှင် ဂေါစရ သမ္ပဇဥ် ဖြစ်နေသည်ဟု မှတ်ပါ။ ဤ အပ္ပနာ ကောသလဒပိုင်း၌ကား အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း စသည်တို့ကို ပြုလုပ်နေပါက ဂေါစရသမ္ပဇဥ်နှင့် ပြည့်စုံနေသည်ပင် မည်ပေ သည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဝိပဿနာပိုင်းသို့ ရောက်နေလျှင်ကား အသမ္မောဟ သမ္ပဇဥ်နှင့် ပြည့်စုံအောင် ကြိုးပမ်းရတော့မည် ဖြစ်သည်။
——若从四十种业处中选择自己心所喜的一种持续观修、作意,应知此时就是行处正知。在这一安止善巧的部分,若以入出息似相为所缘而进行前进、返回等动作,便可说已具足行处正知。若贤善禅修者已进入观的阶段,就必须努力具足不痴正知。
原书第 382 页
၄။ အသမ္မောဟသမ္ပဇဥ် ---- ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ၊ ဓာတူနံ နိသဇ္ဇနံ၊ ဓာတူနံ သယနံ၊ တသ္မိံ တသ္မိဥှိ ကောဋ္ဌာသေ သဒ္ဓိံ ရူပေန ---- အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။
“依究竟义,唯有诸界在行,唯有诸界在住,唯有诸界在坐,唯有诸界在卧;在上述各个动作阶段中,与色一同——一个心生起,另一个心灭去。”
အဝီစိမနုသမ္ဗန္ဓော၊ နဒီသောတောဝ ဝတ္တတီတိ။
“前后无间地相续,犹如河流流转。”
ဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမာတိ။ (မ-ဋ္ဌ-၁-၂၆၅။) = ပရမတ္ထသစ္စာအားဖြင့် ပြောဆိုရမူ ---- ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် သွားခြင်း ဖြစ်၏၊ ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် ရပ်ခြင်း ဖြစ်၏၊ ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် ထိုင်ခြင်း ဖြစ်၏၊ ရုပ်ဓာတ် နာမ်ဓာတ် တို့၏သာလျှင် အိပ်ခြင်း ဖြစ်၏။ သွားခြင်း-ရပ်ခြင်း-အိပ်ခြင်း-ထိုင်ခြင်းဟူသော ထိုထို ကောဋ္ဌာသ၌ ရုပ်တရားနှင့် အတူတကွ အခြားစိတ်တစ်ခုသည် ချုပ်ပျက်၍ သွား၏၊ အခြားစိတ်တစ်ခုသည် ဖြစ်ပေါ်၍ လာပြန်၏၊ ဤသို့လျှင် မြစ်ရေအလျဥ် တသွင်သွင် စီးဆင်းနေဘိသကဲ့သို့ ရှေးနှင့်နောက် အကြားအလပ် မရှိအောင် အစဥ်မပြတ် ဆက် စပ်လျက် ဖြစ်နေ၏ဟု ရှေ့သို့တက်ခြင်း စသည်တို့၌ မတွေမဝေ သိခြင်းသည် အသမ္မောဟသမ္ပဇဥ် မည်ပေသည်။
“如此,于前进等动作中不迷惑,称为不痴正知。”(《中部义注》1-265。)也就是说,从究竟谛而言,唯有色法、名法在行,唯有色法、名法在住,唯有色法、名法在坐,唯有色法、名法在卧。在行、住、卧、坐的各个动作阶段中,与色法一同,一个心灭去,另一个心又生起;如此前后无有间断,相续而生,犹如河水不断流淌。对前进等动作如此不迷惑地了知,就是不痴正知。
(မ-ဋ္ဌ-၁-၂၆၅။)
(《中部义注》1-265。)
ဤအဋ္ဌကထာများ၏ သတ်မှတ်ချက်အရ ရှေ့သို့တက်ခြင်း စသော ထိုထိုကောဋ္ဌာသတို့၌ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိနေလျှင် ယင်းခန္ဓာငါးပါးတို့၏ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့ကို ဟုတ်တိုင်းမှန်စွာ သိနေလျှင် အကြောင်းတရားနှင့် တကွသော ယင်း ခန္ဓာငါးပါးတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ဟုတ်တိုင်းမှန်စွာ သိနေလျှင် အသမ္မောဟသမ္ပဇဥ် ဖြစ်နေပြီဟု မှတ်ပါ။ (မ-၁-၇၂-ကြည့်ပါ) ဤကား နံပါတ် (၁) သတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရားတည်း။
依诸义注的判定,在前进等各个动作阶段中,若能如实了知五蕴、色名诸法,如实了知这五蕴各自的因法,又能如实了知连同因法在内的五蕴之无常、苦、无我之相,应知此时已具足不痴正知。(参见《中部》1-72。)这就是第一项令念觉支生起之法。
၂။ သတိလက်လွတ်နေသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဥ်ခြင်း ---- ကျီးသည် တစ်ဖက်သော မျက်စိဖြင့် အစာနှင့် ရန်သူ နှစ်မျိုးလုံးကို ကြည့်တတ်၏။ သို့အတွက် ထမင်းခဲကဲ့သို့သော အစာအပေါ်၌ ချထားအပ်သော ကျီးကန်း၏ မျက်စိသည် ထမင်းခဲ၌ စွဲကပ်နေခိုက် နောက်က ရန်သူကို သတိမထားမိ ရှိတတ်၏။ ထင်ရှားပေါ်လွင်သော သတိလွတ်ကင်းသည့် အမူအရာတစ်မျိုး ဖြစ်၏။ သတိသမ္ဗောဇ္ဈင်တရားနှင့် ပြည့်စုံလိုသော သူတော်ကောင်း သည် ထမင်းခဲ၌ ချထားအပ်သော မျက်စိရှိသော ကျီးနှင့် တူကြကုန်သော မတည်ငြိမ်သော စိတ်ဓာတ်ရှိသည့် သတိကင်းလွတ်နေသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဥ်ရမည် ဖြစ်သည်။
二、远离失念之人——乌鸦会用一侧眼睛兼看食物与敌害;可是,当它那只朝向米饭等食物的眼睛黏着于饭团时,便可能没有留意身后的敌害。这是一种明显的失念举止。想要具足念觉支的善士,应当远离那些心不安定、失去正念,如同把眼睛只放在饭团上的乌鸦一般的人。
၃။ သတိကပ်၍ တည်နေသော သူတော်ကောင်းတို့ကို မှီဝဲ ဆည်းကပ်ခြင်း ---- တိဿဒတ္တမထေရ် အဘယ မထေရ်မြတ်ကြီးတို့နှင့် တူတော်မူကြကုန်သော အချင်းခပ်သိမ်း ထင်သောသတိ ကပ်၍တည်သောသတိ ရှိတော် မူကြကုန်သော သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်းသည်လည်း သတိသမ္ဗောဇ္ဈင်တရား ထင်ရှားဖြစ်ပွား လာဖို့ရန် အကြောင်းတစ်ရပ်ပင် ဖြစ်ပေသည်။
三、亲近念已现起而安住的善士——亲近如 Tissadatta 长老、Abhaya 长老那样,在一切举止中都具有明显现起、稳固安住之念的善士,也是令念觉支明显生起的一项原因。
၄။ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိခြင်း ---- သွားခြင်း-ရပ်ခြင်း-ထိုင်ခြင်း-အိပ်ခြင်းဟူသည့် ထိုထို ဣရိယာ ပုထ်တို့၌ သတိသမ္ဗောဇ္ဈင်တရားထင်ရှား ဖြစ်ပေါ်လာရန်အတွက် ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ် အမြဲရှိရမည်။
四、具有倾向之心——在行、住、坐、卧等各种威仪中,应当始终具有为了令念觉支明显生起而向往、倾向的心。
သတိသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာရန် ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ဖြင့် သတိ၏တည်ရာ အာရုံကို အဖန်ဖန် နှလုံး သွင်း ရှုပွားနေရမည်ဟု ဆိုလိုသည်။ ဤ အပ္ပနာကောသလဒပိုင်း၌ကား အသင်ယောဂီသူတော်ကောင်းသည် အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့၌ ----
也就是说,应以倾向于令念觉支生起之心,反复对念所依的所缘作意、观修。在这一安止善巧的部分,贤善禅修者应当以入出息似相为所缘,在卧、坐、立、行四种威仪中——
原书第 383 页
အာနာပါနဿတိသမာဓိပိုင်း ၁။ မဖြစ်ပေါ်လာသေးသော သတိသမ္ဗောဇ္ဈင်တရား၏ ဖြစ်ပေါ်လာရန်၊ ၂။ ဖြစ်ပေါ်ပြီးသော သတိသမ္ဗောဇ္ဈင်တရား၏ တိုင်းထက်အလွန် တိုးပွားရန်၊ ၃။ ဘာဝနာဉာဏ်၏ ပြီးပြည့်စုံလာရန်အတွက် ဦးတည်လျက် နှလုံးသွင်း ရှုပွားနေရမည် ဖြစ်ပေသည်။
——以使一、未生的念觉支生起,二、已生的念觉支增长逾常,三、修习智达到圆满为目标,持续作意、观修。
ဤကား သတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား လေးပါးပင် ဖြစ်သည်။
以上就是令念觉支生起的四种法。
ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၇) ပါး
令择法觉支生起的7种法
အပိစ သတ္တ ဓမ္မာ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ သံဝတ္တန္တိ ပရိပုစ္ဆကတာ၊ ဝတ္ထုဝိသဒကိရိယာ၊ ဣန္ဒြိယသမတ္တပဋိပါဒနာ၊ ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနာ၊ ပညဝန္တပုဂ္ဂလသေဝနာ၊ ဂမ္ဘီရဉာဏစရိယပစ္စဝေက္ခဏာ၊ တဒဓိမုတ္တတာတိ။ (ဝိသုဒ္ဓိ-၁-၁၂၈။ မ-ဋ္ဌ-၁-၂၉၄။ ဒီ-ဋ္ဌ-၂-၃၇၆။ သံ-ဋ္ဌ-၃-၁၉၃။) ၁။ ပရိပုစ္ဆကတာ = ခန္ဓာအစရှိသည်တို့၌ သက်ဝင်၍ မေးမြန်းတတ်ခြင်း၊ ၂။ ဝတ္ထုဝိသဒကိရိယာ = အတွင်းအပြင် ဝတ္ထုတို့ကို သန့်ရှင်းအောင် ပြုခြင်း၊ ၃။ ဣန္ဒြိယသမတ္တပဋိပါဒနာ = ဣန္ဒြေငါးပါး ညီမျှမှုကို ပြီးစီးစေခြင်း၊ ၄။ ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနာ = ပညာမရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဥ်ခြင်း၊ ၅။ ပညဝန္တပုဂ္ဂလသေဝနာ = ပညာရှိသူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း၊ ၆။ ဂမ္ဘီရဉာဏစရိယပစ္စဝေက္ခဏာ= နက်နဲသော ခန္ဓာစသည်တို့၌ ဖြစ်သော ဉာဏ်၏ အထူးအပြားကို ဆင်ခြင် ခြင်း၊ ၇။ တဒဓိမုတ္တတာ = ထိုဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာရန် စွဲစွဲမြဲမြဲ သက်ဝင်သော စိတ်ထား
“还有7种法能令择法觉支生起:深入询问、使内外事物清净、成就诸根平衡、远离无慧之人、亲近有慧之人、省察深奥智之行境,以及倾心于此。”(《清净道论》1-128;《中部义注》1-294;《长部义注》2-376;《相应部义注》3-193。)这7项是:1.深入询问——对于蕴等法,能够深入其中而询问;2.使内外事物清净;3.成就五根平衡;4.远离无慧之人;5.亲近有慧的贤善之士;6.省察在蕴等深奥法中生起之智的种种差别;7.为了令择法觉支生起,具有坚定投入而——
ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိခြင်း ----
——倾向于它的心。
ဤခုနစ်ပါးတို့ကား ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာရန် အကြောင်းတရားတို့ ဖြစ်ကြသည်။
以上7项,就是令择法觉支生起的因法。
၁။ ပရိပုစ္ဆကတာ ---- ခန္ဓာ-အာယတန-ဓာတ်-ဣန္ဒြေ-ဗိုလ်-ဗောဇ္ဈင်-မဂ္ဂင်-စျာနင်-သမထ- ဝိပဿနာတရား တို့၏ အနက်အဓိပ္ပါယ်ကို မှီသော အကြောင်းအရာကို သက်ဝင်၍ မေးမြန်းခြင်း များသည်၏ အဖြစ်သည် ပရိပုစ္ဆကတာမည်၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဟူသည် ခန္ဓာစသော ပရမတ္ထဓမ္မတို့ကို စိစစ်တတ်သော ဉာဏ်ပညာတည်း။ ယင်းဓမ္မဝိစယကား အမောဟအမည်ရသော ပညိန္ဒြေ စေတသိက်ပင်တည်း။ ယင်းဓမ္မ ဝိစယပညာသည် ---- က။ ခန္ဓာစသော ပရမတ္ထဓမ္မတို့၏ ကိုယ်ပိုင်သဘာဝသတ္တိ သဘာဝလက္ခဏာကိုလည်း စိစစ်တတ်၏။
1.深入询问(ပရိပုစ္ဆကတာ)——对于蕴、处、界、根、力、觉支、道支、禅支、止与观诸法之义理所涉及的事项,深入其中而询问的状态,称为“深入询问”。所谓择法觉支,就是能审察蕴等究竟法的慧。此择法正是名为“无痴”的慧根心所。这种择法慧能够:甲、审察蕴等究竟法各自固有的自性之力,即自相;
ခ။ ယင်းပရမတ္ထဓမ္မတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကိုလည်း စိစစ်တတ်၏။
乙、审察这些究竟法之间因果相联的关系;
ဂ။ အကြောင်းတရားနှင့် တကွသော ယင်းပရမတ္ထဓမ္မတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာတို့ကိုလည်း စိစစ်တတ်၏။
丙、审察这些究竟法连同其因法的无常、苦、无我诸相;
ဃ။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တို့ကိုလည်း စိစစ်တတ်၏။
丁、审察道智、果智与涅槃。
ထိုကြောင့် ခန္ဓာ-အာယတန-ဓာတ်စသည်တို့၏ အနက်အဓိပ္ပါယ်ကို မှီသော အကြောင်းအရာကို သက်ဝင်၍ မေးမြန်းခြင်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ တိုးပွားကြောင်းပင် ဖြစ်ပေသည်။ ဤအပ္ပနာကောသလဒပိုင်း၌ကား သမထပိုင်းသာ ရှိနေသေးသဖြင့် သမထနှင့်ပတ်သက်သော အထူးသဖြင့် အာနာပါနပဋိဘာဂနိမိတ်နှင့် ပတ်သက် သော အခြင်းအရာ အကြောင်းအရာနှင့် သမာဓိထူထောင်ပုံ ဣန္ဒြေညီမျှအောင် ကျင်ပုံစသည့် အကြောင်းအရာ များကို မကျွမ်းကျင်ပါက ကျွမ်းကျင်လိမ္မာတော်မူကြသော သူတော်ကောင်းများထံသို့ ချဥ်းကပ်၍ မေးမြန်းရမည် ဖြစ်ပေသည်။
因此,对于蕴、处、界等法之义理所涉及的事项,深入其中而询问,正是令择法觉支增长的原因。在这一安止善巧部分,目前仍只处于止的阶段;所以,如果不熟悉与止有关的事项,尤其是不熟悉入出息似相的种种情形、建立定的方法、修习使诸根平衡的方法等,就应前往善巧熟练的贤善之士那里询问。