定的五种功德

入出息念定部分 · 原书第 498–501 页 · 27 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 498 页
သမာဓိ၏ အကျိုးဂုဏ်အင် အာနိသင် ငါးပါး
定的五种功德
၁။ ဒိဋ္ဌဓမ္မ သုခဝိဟာရာနိသံသာ
“၁။ ဒိဋ္ဌဓမ္မ သုခဝိဟာရာနိသံသာ”——“1.现法乐住之功德”
အာသဝေါကင်းကွာ ရဟန္တာသခင် အရှင်မြတ်ကြီးတို့သည် စျာန်ဝင်စားပြီး တည်ကြည်သော စိတ်ထား ရှိကြကုန်လျက် ချမ်းသာစွာ တစ်နေ့ပတ်လုံး နေထိုင်ကြပါကုန်အံ့ဟု နှလုံးပိုက်တော်မူကြ၍ အပ္ပနာစျာန်သမာဓိ ကို ဖြစ်စေတော်မူကြကုန်၏၊ ပွားများတော်မူကြကုန်၏။ ထိုရဟန္တာသခင် အရှင်မြတ်ကြီးတို့၏ အပ္ပနာစျာန် သမာဓိကို ပွားစေခြင်း = အပ္ပနာသမာဓိဘာဝနာသည် ဒိဋ္ဌဓမ္မ သုခဝိဟာရာနိသံသာ = မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာ နေရခြင်း အကျိုးအာနိသင် ရှိ၏။ ထိုကြောင့် ဘုရားရှင်က ---- ''စုန္ဒ …စင်စစ်သော်ကား သာသနာပရသေ့တို့သည် ပွားစေအပ်သော စိတ်၏ သမထနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ ကျရောက်နေမှု = စိတ်တည်ကြည်မှု သမာဓိမျှကို ပြုတတ်သော ဤစျာန်တရားတို့ကို ငါဘုရားရှင်၏ အဆုံးအမသာသနာတော်၌ ကိလေသာကို ခွာတတ် ခေါင်းပါးစေတတ်သော အကျင့်တို့ဟူ၍ မခေါ်ဆိုအပ်ကုန်။ ယင်းစျာန်တို့ကို အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ အဆုံးအမ သာသနာတော်၌ ဒိဋ္ဌ
已经远离诸漏的阿罗汉大德们作意:“愿我们入禅、心得安定,在一整天中安乐而住。”因而使安止禅定生起并加以培育。对这些阿罗汉大德而言,培育安止禅定,也就是安止定修习,具有“ဒိဋ္ဌဓမ္မ သုခဝိဟာရာနိသံသာ”(现法乐住之功德)——在当前这一身中安乐而住的功德。因此,佛陀开示:“纯陀……确实,由教外仙人修行者所培育、只能令心专注于一个止相所缘而成就心安定之定的这些禅法,在我的教法中,不称为能削减烦恼、使烦恼稀薄的修行;在作为圣者的我的教法中,这些禅法只称为现法——
ဓမ္မ သုခဝိဟာရ = မျက်မှောက် အတ္တဘော၌ ချမ်းသာစွာ နေထိုင်ကြောင်းဖြစ်သော တရားတို့သာဟူ၍ ခေါ်ဆို အပ်ကုန်၏။'' (မ-၁-၄၉။) ဟု ဟောကြားတော်မူအပ်ပေသည်။ (ဝိသုဒ္ဓိ-၁-၃၆၈။) ရဟန္တာအရှင်မြတ်ကြီးတို့ကား သာသနာတော်၌ ပြုသင့်ပြုထိုက်သည့် မဂ်ကိစ္စ ဖိုလ်ကိစ္စကို ပြုပြီး ဖြစ် တော်မူကြ၏။ နောက်ထပ် တစ်ဖန် မဂ်ကိစ္စအလို့ငှာ ပြုဖွယ် လုပ်ငန်းကိစ္စ မရှိကြတော့ပြီ ဖြစ်၏။ သို့အတွက် ရဟန္တာအရှင်မြတ်တို့၏ စျာန်ကိုရအောင် ကြိုးစားအားထုတ်တော်မူခြင်း စျာန်သမာပတ်တို့ကို ဝင်စားတော် မူခြင်းမှာ မျက်မှောက်အတ္တဘော၌ စျာန်ချမ်းသာကို ခံစားလျက် ချမ်းသာစွာ နေရခြင်း အကျိုးအာနိသင် ရှိပေသည်ဟု ဆိုလိုပေသည်။
——乐住,即在当前这一身中安乐而住之法。”(《中部》1-49。)佛陀如此开示。(《清净道论》1-368。)阿罗汉大德们在教法中应当完成的道与果之事,皆已完成;他们不再有为了道而须作的事务。因此,阿罗汉大德努力获得禅那、进入诸禅等至,是为了就在当前这一身中受用禅乐、安乐而住;这就是其功德。
၂။ ဝိပဿနာနိသံသာ
“၂။ ဝိပဿနာနိသံသာ”——“2.观之功德”
စျာန်သမာပတ်မှ ထ၍ အာနာပါနပဋိဘာနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ အညီအညွတ် ကောင်း စွာ ထားအပ်သော တည်ကြည်သောစိတ်ဖြင့် ဝိပဿနာရှုကုန်အံ့ဟု နှလုံးပိုက်၍ ပွားများထားအပ်ကုန်သော သေက္ခ ပုထုဇန်ပုဂ္ဂိုလ်တို့၏ အပ္ပနာစျာန်သမာဓိသည်လည်း ဝိပဿနာဉာဏ်၏ အနီးကပ်ဆုံးသော နီးစွာသော အကြောင်းတရားဖြစ်ခြင်းကြောင့် ဝိပဿနာဟူသော အကျိုးအာနိသင် ရှိ၏။
有学与凡夫作意:“愿我们从禅那等至出定,以安稳地善置于入出息似相等止相所缘的定心修毗婆舍那观。”他们为此所培育的安止禅定,因为是观智最为切近的近因,也具有名为“观”的功德。
စိတ်အစဥ်ကို ညစ်နွမ်းစေတတ်ကုန်သော စိတ်၏ ညစ်နွမ်းကြောင်း ဖြစ်ကုန်သော တဏှာ စသော ကိလေသာ အညစ်အကြေးတို့ဖြင့် ညစ်နွမ်းကြရသည်ဖြစ်၍ အလွန်ကျဥ်းမြောင်းသော သံသရာဝဋ်ဆင်းရဲ၌ မဂ် ဖိုလ် နိဗ္ဗာန်ဟူသော အကျိုးကို ရခြင်းအား သင့်လျော်သော ဘုရားပွင့်ထွန်းတော်မူရာအခါ ဟူသော ဗုဒ္ဓုပ္ပါဒ နဝမခဏဟု ဆိုအပ်သော အခါထူး အခွင့်ထူးကို ရရှိလာသော၊ နည်းလမ်းအတိုင်း ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခြင်းဖြင့် ဖြစ်ပေါ်လာသော ဥပစာရသမာဓိသည်လည်း ဝိပဿနာဟူသော အကျိုးအာနိသင် ရှိ၏။
心相续会被贪爱等烦恼垢染污;众生因这些能污染心的垢染而陷于极为逼迫的轮回苦中。如今他们获得了佛陀出世这一殊胜机会,即所谓“ဗုဒ္ဓုပ္ပါဒ နဝမခဏ”(佛出世的第九良机);这一机会适宜于获得道、果与涅槃。在此机会中,依循正确方法精勤修习而生起的近行定,同样具有名为“观”的功德。
ဘုရားပွင့်တော်မူရာအခါဟူသော ဗုဒ္ဓုပ္ပါဒနဝမခဏကား အလွန်ရခဲသော ဒုလဒဘတစ်ခုပင် ဖြစ်၏။ ထို နဝမ ခဏ၏ ဒုလဒဘအဖြစ်ကြောင့် အပ္ပနာစျာန်သမာဓိကို ရရှိခြင်းမျှကိုလည်း ရရှိသည့်တိုင်အောင်လည်း မ ဆိုင်းငံ့မူ၍ သံဝေဂဉာဏ်တို့ အကြိမ်များစွာ ဖြစ်နေရကား ဥပစာရသမာဓိ၌ တည်၍ လျင်မြန်စွာ သံသရာဝဋ်
佛出世的第九良机极其难得。正因这一良机难得,修行者不愿为了仅仅取得安止禅定而一直等待;“သံဝေဂဉာဏ်”(悚惧智,即出离的紧迫感之智)屡屡生起,于是立足于近行定,想要迅速超越轮回——
原书第 499 页
အာနာပါနဿတိသမာဓိပိုင်း ဆင်းရဲ ဒုက္ခကို ကျော်လွှားလွန်မြောက်စေအံ့ဟု ဝိပဿနာ၌ ဘာဝနာအမှုကို ပြုသသူ၏ ဥပစာရသမာဓိကိုသာ ဆိုလိုပေသည်။ ထိုကြောင့် ဘုရားရှင်သည် ---- သမာဓိံ ဘိက္ခဝေ ဘာဝေထ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။
——之苦,便从事观的修习;这里所说的,正是这种修行者的“诸比丘,应当培育定;诸比丘,心得定的比丘如实了知。”
(သံ-၂-၁၂။ သံ-၃-၃၆၃။)
(《相应部》2-12;《相应部》3-363。)
ရဟန်းတို့ …သမာဓိကို ဖြစ်စေကြကုန်လော၊ ပွားစေကြကုန်လော၊ ရဟန်းတို့ …(အာနာပါနပဋိဘာဂ နိမိတ်စသော) အာရုံ၌ အညီအညွတ်ကောင်းစွာ ထားအပ်သော တည်ကြည်သော သမာဓိနှင့် ယှဥ်သော စိတ် ရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ (သစ္စာလေးရပ် တရားမြတ်ကို) ကွဲကွဲပြားပြား သိ၏။ ---- ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူ၏။ (ဝိသုဒ္ဓိ-၁-၃၆၈။ မဟာဋီ-၁-၄၅၉-၄၆ဝ။)
佛陀开示:“诸比丘,应使定生起,应培育定。诸比丘,心与安稳地善置于〔入出息似相等〕所缘的定相应之比丘,毫不颠倒地如实分别了知〔四圣谛〕。”等等。(《清净道论》1-368;《大复注》1-459—460。)
၃။ အဘိညာနိသံသာ
“၃။ အဘိညာနိသံသာ”——“3.神通之功德”
အကြင် သူတော်ကောင်းတို့သည်ကား ကသိုဏ်းဆယ်ပါးတို့တွင် ကသိုဏ်းတစ်ပါး တစ်ပါး၌ သမာပတ် ရှစ်ပါးတို့ကို ဖြစ်စေကြကုန်၍ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း (= ဣဒ္ဓိဝိဓ) စသော အဘိညာဏ်၏ အခြေတည်ရာ အခြေပါဒက ဖြစ်သော စတုတ္ထစျာန်ကို ဝင်စား၍ စျာန်သမာပတ်မှ ထ၍ တစ်ယောက်တည်းဖြစ်လျက်လည်း အများဖြစ်အောင်ဖန်ဆင်း၏ -- ဤသို့ စသည့် အပြားအားဖြင့် ဟောကြားထားတော်မူအပ်သော နည်းရှိကုန်သော အဘိညာဏ်တို့ကို တောင့်တကုန်လျက် စျာန်သမာပတ်တို့ကို ဖြစ်စေကုန်၏၊ ထိုသူတို့၏ ရှေးရှေးဘဝ၌ ပြုစု ပျိုးထောင်ခဲ့ပြီးသော အဘိညာဏ်ရခြင်း၏ အကြောင်းဖြစ်သော အဓိကာရ ကောင်းမှုကုသိုလ်ထူးသည် ထင်ရှား ရှိခဲ့ပါမူ ယင်း ဝင်စားအပ်သော စတုတ္ထစျာန်သည် သို့မဟုတ် သမာပတ်ရှစ်ပါးသည် အဘိညာဏ်၏ အနီးကပ် ဆုံးသော အကြောင်းတရား ဖြစ်ခြင်းကြောင့် အပ္ပနာသမာဓိဘာဝနာသည် အဘိညာဏ်ဟူသော အကျိုးအာနိသင် ရှိ၏။ ထိုကြောင့် ဘုရားရှင်သည် ----
有些善士在十遍之中,对每一种遍都成就八等至;为了获得种种神通智,他们进入作为神通基础、足处的第四禅,出定以后,依“虽为一身,却化作多身”等所宣说的种种方式现神变(=ဣဒ္ဓိဝိဓ)。为求这些神通,他们使诸禅那等至生起。如果他们过去世已经培育过作为获得神通之因的အဓိကာရ(殊胜善业资粮),而且这一资粮明显具足,那么所入的第四禅或八等至,便是神通智最为切近的近因。因此,安止定修习具有名为“神通”的功德。故佛陀说——
သော ယဿ ယဿ အဘိညာသစ္ဆိကရဏီယဿ ဓမ္မဿ စိတ္တံ အဘိနိန္နာမေတိ အဘိညာသစ္ဆိကိရိယာယ၊ တတြ တတြေဝ သက္ခိဘဗ္ဗတံ ပါပုဏာတိ သတိ သတိ အာယတနေ။ (မ-၃-၁၃၈။) = ထိုပုဂ္ဂိုလ်သည် ထူးမြတ်သော အဘိညာပညာဖြင့် မျက်မှောက်ပြုအပ်သော အကြင် အကြင် ပွားစေအပ် ထင်စွာပြုအပ်သော တန်ခိုးဖန်ဆင်းခြင်းစသော တရားဓမ္မကို ထူးမြတ်သော အဘိညာပညာဖြင့် မျက်မှောက် ပြုခြင်းငှာ အဓိဋ္ဌာန်စိတ်ကို ရှေးရှု ညွတ်စေ၏၊ ရှေးရှေးဘဝ၌ ပြုစုပျိုးထောင်၍ ပြီးစီးပြီးသော အဘိညာဏ် ရခြင်း၏ အကြောင်းဖြစ်သော အဓိကာရ အမည်ရသော ကောင်းမှုကုသိုလ်ထူးသည် ထင်ရှားရှိခဲ့ပါမူ ထိုထို ထူးသော အဘိညာဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော ဓမ္မ၌သာလျှင် မျက်မှောက်ပြုခြင်းငှာ ထိုက်သည်၏ အဖြစ်သို့ ရောက်ရှိ၏။ ---- ဤသို့စသော တရားတော်ကို ဟောကြားထားတော်မူလေသည်။ (ဝိသုဒ္ဓိ-၁-၃၆၈။)
“他为了以神通亲证任何应当以神通亲证之法,令心倾向该法;只要相应的基础存在,他就在各该法上达到能够亲证的状态。”(《中部》3-138。)也就是说,这位修行者为了以殊胜神通慧亲证应被修习、显现的神变等任何法,令决意心朝向、倾向该法。若过去世已经培育完成、作为获得神通之因的殊胜善业资粮明显具足,他便在相应的、应由殊胜神通智亲证之法上,达到能够亲证的状态。佛陀如此开示。(《清净道论》1-368。)
၄။ ဘဝဝိသေသာနိသံသာ
“၄။ ဘဝဝိသေသာနိသံသာ”——“4.殊胜有之功德”
အကြင်ပုဂ္ဂိုလ်တို့သည် မယုတ်လျော့သော မလျှောကျသော စျာန်ရှိကုန်သည်ဖြစ်၍ ဗြဟ္မာပြည်၌ ဖြစ်ကြ ပါကုန်အံ့ဟု ဗြဟ္မာပြည်၌ ဖြစ်ခြင်းကို တောင့်တကုန်သည်ဖြစ်၍သော်လည်းကောင်း၊ မတောင့်တကုန်သည်
有些人具足不衰退、不退失的禅那;他们或希求生于梵界,作意“愿我生于梵界”,或并不希求——
原书第 500 页
ဖြစ်၍သော်လည်းကောင်း ပုထုဇန်ပုဂ္ဂိုလ်တို့သည် စျာန်သမာဓိမှ မဆုတ်ယုတ်ကုန်သည် ဖြစ်အံ့၊ ထိုဗြဟ္မာပြည် ကို တောင့်တသောပုဂ္ဂိုလ်၊ မတောင့်တသော်လည်း စျာန်မှ မလျှောသောပုဂ္ဂိုလ်တို့၏ ဗြဟ္မာပြည်ဟူသော ဘဝ အထူးကို ရွက်ဆောင်တတ်သည်၏ အဖြစ်ကြောင့် အပ္ပနာစျာန်သမာဓိ ဘာဝနာသည် ဘဝဝိသေသာနိသံသ = ဗြဟ္မာပြည်ဟူသော ဘဝထူးကို ရောက်ခြင်း အကျိုးအာနိသင် ရှိ၏။ ထိုကြောင့် ဘုရားရှင်သည် ---- ပဌမံ စျာနံ ပရိတ္တံ ဘာဝေတွာ ကတ္ထ ဥပပဇ္ဇန္တိ။ ဗြဟ္မပါရိသဇ္ဇာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။
——无论哪一种,只要这些凡夫没有从禅定退失,安止禅定修习便能把希求梵界者,以及虽不希求却未从禅那退失者,导向称为梵界的殊胜有。因此,它具有“ဘဝဝိသေသာနိသံသ”(殊胜有之功德),即到达梵界这一殊“修习势力较弱的初禅以后,他们投生何处?他们投生为梵众天诸天的同伴。”
(အဘိ-၂-၄၃၉။)
(《阿毗达磨》2-439。)
ပထမစျာန်ကို နည်းပါးသော အာနုဘော်ရှိသည်ကို ပြု၍ ပွားများထားခြင်းကြောင့် အဘယ်ဘုံ၌ ပဋိ သန္ဓေအားဖြင့် ကပ်ရောက်ကြရကုန်သနည်း။ ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မာတို့၏ အပေါင်းအဖော်၏ အဖြစ်သို့ ကပ်ရောက်ကြရကုန်၏။ ---- ဤသို့စသည်ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။ (ဝိသုဒ္ဓိ-၁-၃၆၉။) အပတ္ထယမာနာ ဝါ ---- ထိုထိုဘုံဘဝသို့ ရောက်ကြောင်းဖြစ်သော (= ဘဝဂါမိ) ကံကို အကြောင်းပြု၍ ဘဝကို လိုလားတောင့်တမှု ဆုတောင်း ဆုယူမှုသည် မဖြစ်ငြားသော်လည်း ထိုထို ဘုံဘဝသို့ ရောက်ကြောင်း ဖြစ်သော ကံကို ပြုအပ်ပြီး ဆည်းပူးအပ်ပြီးသည်၏ အဖြစ်ဖြင့်သာလျှင် ဘဝကို လိုလားတောင့်တမှု ဘဝပတ္ထနာ ကိစ္စသည် ပြီးစီး၏ဟု ပြလိုသည်ဖြစ်၍ အပတ္ထယမာနာ ဝါ = မတောင့်တသော်လည်းကောင်းဟူသော စကားကို အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ-၁-၄၆ဝ။) ဆိုလိုသည်မှာ ---- ထိုထိုဘုံဘဝသို့ ရောက်ကြောင်း ဖြစ်သော ကံကို ပြုစုပျိုးထောင်စဥ်အခါ၌ ထိုကံနှင့်
因为培育了势力较弱的初禅,他们结生于何处?他们结生为梵众天诸天的同伴。佛陀如此开示。(《清净道论》1-369。)“အပတ္ထယမာနာ ဝါ”——“即使并不希求”。即使并未缘于能导向各个界生的业(=ဘဝဂါမိ,导向有的业)而对某一生存作希求、发愿,只要这种能导向各界生的业已经造作、积集,就显示:希求后有(ဘဝပတ္ထနာ)的作用已经由此完成。为表明这一点,义注师才使用“即使并不希求”这一措辞。(《大复注》1-460。)意思是:在培育这种能导向各界生的业时,即使并未希求或发愿投生于与该业——
လျော်ညီသည့် ဘုံဘဝတစ်ခုခုကို လိုလားတောင့်တမှု ဆုတောင်းဆုယူမှု မရှိငြားသော်လည်း မိမိ၏ ရုပ်နာမ် သန္တာန်အစဥ်တွင် ကိန်းဝပ်လျက်ရှိသော အနုသယကိလေသာတို့ကို အရိယမဂ်တရားဖြင့် အကြွင်းမဲ့ မပယ်ရှား ရသေးပါက ထိုအနုသယဓာတ် တည်ရှိနေခြင်းသည်ပင် ကမ္မဝိညာဏ်တည်ဖို့ရန် အကြောင်းတစ်ခု ဖြစ်ပေသည်။
——相应的某一界生,潜伏在自身色名相续中的随眠烦恼若尚未被圣道法断除无余,那么这些随眠之性仍然存在,本身就是使业识得以住立的一个原因。
အနုသယဓာတ် ရှိနေသူ၏ သန္တာန်၌ ပြုစုပျိုးထောင်ထားသော ကံမှန်သမျှ အခါအခွင့်သင့်က အကျိုးပေးနိုင် သော စွမ်းအင် ရှိသည်သာ ဖြစ်ပေသည်။ သို့အတွက် အနုသယဓာတ် ကိန်းဝပ်လျက် တည်ရှိနေသေးသည့် ပုဂ္ဂိုလ်သန္တာန်ဝယ် ဘဝတစ်ခုခုကို တောင့်တသော်လည်းကောင်း၊ မတောင့်တသော်လည်းကောင်း ထိုထိုဘုံဘဝ သို့ ရောက်ကြောင်းဖြစ်သည့် ကံကို ပြုစုပျိုးထောင်ပြီးခြင်း ဆည်းပူးအပ်ပြီးခြင်းသာလျှင် လိုရင်းပမာဏ ဖြစ်ပေ သည်။ ထိုကံကို ပြုစုပျိုးထောင်စဥ် ဆည်းပူးစဥ်အခါက ဘဝတစ်ခုခုကို လိုလား တောင့်တချက် မရှိသော်လည်း အနုသယဓာတ်ရှိနေသေးသူအဖို့ သေခါနီးကာလ မရဏာသန္နအခါ အခိုက်ဝယ် ထိုအကျိုးပေးတော့မည့် ကံ၏ စွမ်းအင်သတ္တိကြောင့် နိမိတ်များ ထင်လာ၏၊ ထိုအခိုက်တွင်ကား ထိုကံနှင့် လျော်ညီသည့် ဘုံဘဝတစ်ခုသို့ ညွတ်ကိုင်းရှိုင်းနေသော စိတ်အစဥ်များ ပေါ်လာရိုးဓမ္မတာ ရှိသည်သာလျှင် ဖြစ်ပေသည်။ ယင်းကဲ့သို့ ဘုံဘဝ
凡仍有随眠之性者,在其相续中培育过的任何业,只要时机成熟,都有给予果报的能力。因此,在随眠之性仍潜伏存在的人的相续中,无论他希求还是不希求某种生存,关键只在于已经培育、积集了能导向相应界生的业。即使培育、积集该业时并未希求某一生存,对仍有随眠之性的人而言,在临终近死之际(မရဏာသန္န),由于即将成熟之业的势力,诸相会显现;那时,倾向与该业相应之某一界生的心相续,自然会生起。这种倾向某一界生的——
တစ်ခုသို့ ညွတ်ကိုင်းရှိုင်းနေသော စိတ်အစဥ်များ ဖြစ်ပေါ်လာခြင်းသည်ကား ထိုအကျိုးပေးမည့် ကံကို ပြုစု ပျိုးထောင်ခဲ့စဥ် ဆည်းပူးခဲ့စဥ်က ကိန်းဝပ်တည်နေခဲ့သော အနုသယဓာတ်၏ စွမ်းအင်ကြောင့်ပင် ဖြစ်ပေသည်။
——心相续之生起,正是由于培育、积集该将要结果之业时已经潜伏存在的随眠之性所具有的力量。
(နိဒါနဝဂ္ဂသံယုတ် စေတနာသုတ္တန်နှင့် နှီးနှောကြည့်ပါ။) အပ္ပနာစျာန်သမာဓိသည်သာလျှင် ထိုကဲ့သို့ ဘဝတစ်ခုကို ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးနိုင်သည့် စွမ်းအားရှိသည် မဟုတ်သေး၊ ဥပစာရသမာဓိဘာဝနာသည်လည်း ကာမသုဂတိဟူသော ဘဝထူးကို ရွက်ဆောင် ပေးနိုင်သည်သာလျှင် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၁-၃၆၉။)
(参见《相应部·因缘品》的《思经》。)不仅安止禅定才具有造成这种后有的能力;近行定修习同样能够导向欲界善趣这一殊胜有。(《清净道论》1-369。)
原书第 501 页
၅။ နိရောဓာနိသံသာ
“၅။ နိရောဓာနိသံသာ”——“5.灭尽定之功德”
အကြင် အနာဂါမ် ရဟန္တာဟူသော အရိယာသူတော်ကောင်းကြီးတို့သည် သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၍ နိရောဓသမာပတ်ကို ဝင်စား၍ ခုနစ်ရက်တို့ပတ်လုံး စိတ်မရှိကုန်သည်ဖြစ်၍ မျက်မှောက် အတ္တဘော၌ပင်လျှင် ၁။ ဒုက္ခဒုက္ခ (ကာယိကဒုက္ခဝေဒနာ)၊ ၂။ ဝိပရိဏာမဒုက္ခ (သုခဝေဒနာ)၊ ၃။ သင်္ခါရဒုက္ခ (ဥပေက္ခာဝေဒနာနှင့် တကွ ဘုံသုံးပါးအတွင်းရှိ သင်္ခါရတရားအားလုံး) ---- ဤသုံးမျိုးသော ဒုက္ခတို့၏ ချုပ်ခြင်းဟူသော အငြိမ်းဓာတ် နိဗ္ဗာန်သို့ ဆိုက်ရောက်၍ ဆိုက်ရောက်၍ ချမ်းသာစွာ နေထိုင်ကြပါကုန်အံ့ဟူ၍ နှလုံးပိုက်တော်မူကြကုန်လျက် စျာန်သမာဓိကို ပွားများကြကုန်၏၊ ဖြစ်စေကြကုန်၏။ ထို အရိယာသူတော်ကောင်းကြီးတို့၏ အပ္ပနာသမာဓိဘာဝနာသည် နိရောဓာနိသံသာ = နိရောဓသမာပတ်ဟူသော အကျိုးအာနိသင် ရှိ၏။ (ဝိသုဒ္ဓိ-၁-၃၆၉။) နိရောဓသမာပတ်ဟူသည် စိတ်စေတသိက် စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေသော သမာပတ်တစ်မျိုး ဖြစ်၏။
阿那含与阿罗汉这些圣者大德们,成就八等至,进入灭尽定,七日之中全无心识。他们作意:“愿我们就在当前这一身中,反复抵达作为三种苦止息的寂静界——涅槃,并安乐而住。”所谓三种苦是:1.苦苦(身苦受);2.坏苦(乐受);3.行苦(舍受,以及三界之内的一切行法)。他们因此培育禅定,使禅定生起。这些圣者大德的安止定修习,具有“နိရောဓာနိသံသာ”(灭尽之功德),即成就灭尽定这一功德。(《清净道论》1-369。)所谓灭尽定,是心、心所与心生色止息的一种等至。
ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်များ မချုပ်ငြိမ်းဘဲ ကြွင်းကျန်နေသေး၏။ ယင်း ရုပ်တရားတို့သည်လည်း ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်းနှိပ်စက်ခံနေရသည်သာ ဖြစ်သောကြောင့် သင်္ခါရဒုက္ခ မည်သည်သာ ဖြစ်၏။ နိရောဓသမာပတ်အခါ ရုပ်တရား၌ အကျုံးဝင်သော ယင်း သင်္ခါရဒုက္ခတာ သဘော ထင်ရှား ရှိနေသေးငြားသော်လည်း စိတ်၏ မရှိသဖြင့် ဒုက္ခလုံးဝ မရှိသည်နှင့် တူသည်သာဖြစ်ရကား သုခံ ဝိဟရိဿာမ = ချမ်းသာစွာနေထိုင်ကြပါကုန်အံ့ဟု အဋ္ဌကထာ မိန့်ဆိုခြင်း ဖြစ်ပေသည်။ (မဟာဋီ-၁-၄၆ဝ။) ဤကား သမာဓိကြောင့် ရရှိနိုင်သည့် အကျိုးအာနိသင် ငါးမျိုး ဖြစ်သည်။ အခြား အကျိုးအာနိသင်များ လည်း များစွာရှိသည်သာ ဖြစ်ပေသည်။ ဤကျမ်း၌ကား နံပါတ် (၂) ဖြစ်သည့် ဝိပဿနာနိသံသာ ဟူသော သစ္စာလေးရပ် တရားမြတ်တို့၌ ဟုတ်တိုင်းမှန်စွာ သိတတ်သည့် ယထာဘူတဉာဏ်အမြင် ရရှိရေးအတွက် သမာဓိ
业生色、时节生色与食生色并不止息,仍然存续。这些色法也不断遭受生灭的打击与逼迫,因此仍属于行苦。灭尽定时,虽仍明显存在摄属于色法的这种行苦性,但因为没有心,仿佛完全没有苦;因此,义注才说:“သုခံ ဝိဟရိဿာမ”——“愿我们安乐而住。”(《大复注》1-460。)以上就是由定能够获得的五种功德;此外还有许多其他功德。本书所阐述的,是为了获得于四圣谛如实了知的“ယထာဘူတဉာဏ်”(如实智见),也就是第二项“ဝိပဿနာနိသံသာ”(观之功德),而说明定的——
စခန်းကို ဖော်ပြခြင်း ဖြစ်ပေသည်။ သို့သော် အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ---- ၁။ မေတ္တာ၊ ၂။ ဗုဒ္ဓါနုဿတိ၊ ၃။ မရဏာနုဿတိ၊ ၄။ အသုဘ ---- ဟူသော စတုရာရက္ခ အမည်ရသော အစောင့်လေးပါး ကမ္မဋ္ဌာန်းတို့ကို ဝိပဿနာသို့ မကူးမီ အားထုတ် လိုသေးပါက ယခုကဲ့သို့ အာနာပါနလမ်းမှ စတုတ္ထစျာန်သမာဓိသို့တိုင်အောင် ဆိုက်ရောက်ပြီးသောအချိန်သည် အကောင်းဆုံးအချိန်ပင် ဖြစ်ပေသည်။ (အလိုရှိပါက သမထကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။) အကယ်၍ အသင် ယောဂီသူတော်ကောင်းသည် ဝိပဿနာသို့ ကူးလိုပါက စတုတ္ထစျာန်သမာဓိကို ဂုဏ် အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံအောင် ရှေးဦးစွာ ကြိုးပမ်းရမည် ဖြစ်ပေသည်။
——修习阶段。然而,如果贤善瑜伽行者在转入观之前,还想修习称为“စတုရာရက္ခ”(四护卫)的四种守护业处,即“၁။ မေတ္တာ၊ ၂။ ဗုဒ္ဓါနုဿတိ၊ ၃။ မရဏာနုဿတိ၊ ၄။ အသုဘ”——“1.慈;2.佛随念;3.死随念;4.不净”,那么现在经由入出息念之道已经到达第四禅定,正是最合适的时机。(如有需要,请参见止业处部分。)如果贤善瑜伽行者想转入观,首先应努力使第四禅定具足八种功德支。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。