第四禅论
入出息念定部分 · 原书第 472–483 页 · 90 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 472 页
စတုတ္ထဇ္ဈာနကထာ
第四禅论
ဧဝမဓိဂတေ ပန တသ္မိပိ ဝုတ္တနယေနေဝ ပဉ္စဟာကာရေဟိ စိဏ္ဏဝသိနာ ဟုတွာ ပဂုဏတတိယဇ္ဈာနတော ဝုဋ္ဌာယ ''အယံ သမာပတ္တိ အာသန္နပီတိပစ္စတ္ထိကာ၊ 'ယဒေဝ တတ္ထ သုခမိတိ စေတသော အာဘောဂေါ၊ ဧတေ- နေတံ သြဠာရိကံ အက္ခာယတီ'တိ ဧဝံ ဝုတ္တဿ သုခဿ သြဠာရိကတ္တာ အင်္ဂဒုဗ္ဗလာ''တိ စ တတ္ထ ဒေါသံ ဒိသွာ စတုတ္ထံ စျာနံ သန္တတော မနသိကတွာ တတိယဇ္ဈာနေ နိကန္တိံ ပရိယာဒါယ စတုတ္ထာဓိဂမာယ ယောဂေါ ကာတဗ္ဗော။ (ဝိသုဒ္ဓိ-၁-၁၅၉။) ဤသို့သော ဘာဝနာအစဥ်ဖြင့် ထိုတတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ဆိုအပ်ခဲ့ပြီးသော နည်း ဖြင့်သာလျှင် ငါးပါးကုန်သော အခြင်းအရာတို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျက်အပ်ပြီးသော ဝသီရှိသည် ဖြစ်၍ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ထားအပ်ပြီးသော တတိယစျာန်မှ ထ၍ ---- ၁။ ဤ တတိယစျာန် သမာပတ်သည် ပီတိဟူသော နီးကပ်သော ရန်သူ ရှိ၏။
“如此证得第三禅以后,又应依上述方法,以五种方式在其中练成自在。从已经熟练的第三禅出定,观察:‘此定邻近喜这一敌对法;又如所说:“在其中,心对所谓乐的作意仍然存在;正因为这乐,才说此禅粗显。”由于乐粗显,此禅的禅支力量薄弱。’见到第三禅的这些过患以后,把第四禅作意为寂静,断尽对第三禅的贪著,为证得第四禅而修习。”(《清净道论》1-159。)依这样的修习次第证得第三禅以后,瑜伽行者应当依前述方法,以五种方式训练纯熟、成就自在;然后从已经熟练的第三禅出定,观察:1.第三禅定邻近喜这一敌对法。
၂။ ''ထို တတိယစျာန်၌ အကြင်စျာန်အင်္ဂါကို သုခဟူ၍ စိတ်၏ နှလုံးသွင်းခြင်းသည် ရှိ၏၊ ဤသုခကြောင့် ပင်လျှင် ထိုတတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဆိုအပ်၏။'' - (ဒီ-၁-၃၄။) -- ဤသို့ ဟောကြား ထားတော်မူအပ်သော သုခ၏ ရုန့်ရင်းကြမ်းတမ်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏။
2.如世尊所说:“在第三禅中,心对所谓乐这一禅支的作意仍然存在;正因为有这乐,才说第三禅粗显。”(《长部》1-34。)由于乐粗显,第三禅的禅支力量薄弱。
ဤသို့လျှင် ထိုတတိယစျာန်၌ ဖော်ပြပါ နှစ်မျိုးသော အပြစ်ကို မြင်အောင် ရှု၍၊ ၃။ စတုတ္ထစျာန်ကို (တတိယစျာန်ထက်ပို၍ ) ငြိမ်သက်သောအားဖြင့်နှလုံးသွင်း၍၊ ၄။ တတိယစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်း နိကန္တိကို ကုန်ခန်းစေ၍ ---- စတုတ္ထစျာန်ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ခြင်းကို ပြုအပ်ပေ၏။ (ဝိသုဒ္ဓိ-၁-၁၅၉။) ထိုသို့ အပတ်တကုတ် ကြိုးစားအားထုတ်လတ်သော် အကြင်အခါ၌ တတိယစျာန်မှ ထ၍ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ဆင်ခြင်သော ထိုစျာန်ရပုဂ္ဂိုလ်အား စိတ်၌ဖြစ်သော ဝမ်းမြောက်ခြင်း = စေတသိက သောမနဿဟု ခေါ်ဆိုအပ်သော သုခသည် ရုန့်ရင်းကြမ်း တမ်းသောအားဖြင့် ထင်လာ၏၊ ဥပေက္ခာဝေဒနာသည်သာလျှင်လည်းကောင်း စိတ္တေကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သော သဘောတရားအနေဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော သုခစျာန်အင်္ဂါကို
瑜伽行者应当如是观见第三禅上述两种过患;3.把第四禅作意为比第三禅更寂静;4.断尽对第三禅的眷恋与贪著。然后,为证得第四禅而精进修习。(《清净道论》1-159。)如此竭力用功时,瑜伽行者从第三禅出定,具足念与正知智而省察诸禅支;这时,心中生起的悦——即称为心所悦受的乐——显现为粗显,舍受与心一境性则显现为寂静。于是,为了舍离粗显的乐这一禅支——
ပယ်ခြင်းငှာလည်းကောင်း ငြိမ်သက်သော ဥပေက္ခာဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အဖန်တလဲလဲ နှလုံးသွင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်အား ယခုအခါ ၌ စတုတ္ထစျာန်သည် ဖြစ်တော့လတ္တံ့ဟု ပြောဆိုသင့်သော ဇောဝါရ၌ ဘဝင်အယဥ်ကို ဖြတ်၍ ထိုအာနာပါန ပဋိဘာဂနိမိတ်အာရုံကိုပင် အာရုံပြု၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုမနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပြီးသည်မှ နောက်၌ ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံ ၌ပင်လျှင် ဣန္ဒြေ ထက်မြက်သူအား လေးကြိမ်မူလည်း ဖြစ်ကုန်သော၊ ဣန္ဒြေမထက်လွန်းသူအား ငါးကြိမ်မူ လည်း ဖြစ်ကုန်သော ဇောတို့သည် ဖြစ်ပေါ်လာကြကုန်၏။ ယင်းဇောတို့တွင် အဆုံး၌ ဣန္ဒြေထက်မြက်သူအား တစ်ခုသော စတုတ္ထဇောသည်၊ ဣန္ဒြေ မထက်လွန်းသူအား တစ်ခုသော ပဉ္စမဇောသည် စတုတ္ထစျာန်ရှိသော
——并获得舍与一境性这两个寂静禅支,他仍以同一个入出息似相为所缘,持续反复作意。在这位瑜伽行者的相续中,到达可以说“第四禅即将生起”的速行轮次时,有分流被截断;随后,意门转向心仍以入出息似相为所缘而生起,即审察入出息似相所缘的心生起。在此之后,以该入出息似相为所缘,诸速行依次生起:诸根锐利者有4个速行,诸根不甚锐利者有5个速行。在这些速行中,最后一个——即诸根锐利者的第4个速行、诸根不甚锐利者的第5个速行——是——
စတုတ္ထစျာန်နှင့် ယှဥ်သော ရူပါဝစရစျာန်ဇော ဖြစ်၏။ အဆုံးဇောမှ ကြွင်းကုန်သော သုံးကြိမ်သော ဇော လေးကြိမ်သော ဇောတို့သည် ပထမစျာန်၌ ဆိုခဲ့သည့်အတိုင်းပင် ကာမာဝစရဇောတို့ ဖြစ်ကြကုန်၏။
——与第四禅相应的色界禅那速行。除去最后一个速行,其余3个或4个速行,仍如初禅中所说,只是欲界速行。
(ဝိသုဒ္ဓိ-၁-၁၅၉-၁၆ဝ။)
(《清净道论》1-159—160。)
原书第 473 页
အာနာပါနဿတိသမာဓိပိုင်း ဤဆိုလတ္တံ့သည်ကား အထူးတည်း ---- သုခဝေဒနာသည် အဒုက္ခမသုခ အမည်ရသော ဆင်းရဲသည် လည်း မဟုတ် ချမ်းသာသည်လည်း မဟုတ်သော အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာအား အာသေဝန ပစ္စယသတ္တိဖြင့် ကျေးဇူး မပြုပေ။ စတုတ္ထစျာန်၌လည်း အဒုက္ခမသုခ အမည်ရသော ဥပေက္ခာဝေဒနာသာ ဖြစ်သင့်၏၊ ထိုသို့ ဥပေက္ခာဝေဒနာသည်သာ ဖြစ်သင့်သောကြောင့် ထိုအပ္ပနာစျာနဝီထိ အတွင်း၌ဖြစ်သော ထို လေးကြိမ်သော ဇောတို့သည် ဥပေက္ခာဝေဒနာနှင့် ယှဥ်သော ဇောတို့သည်သာ ဖြစ်ကုန်၏။ ဤလေးကြိမ် ငါး ကြိမ်သော ဇောတို့၌ ဥပေက္ခာဝေဒနာနှင့် ယှဥ်သည်၏ အဖြစ်ဟူသော အကြောင်းကြောင့်လည်းကောင်း၊ ရှေး မဆွ တတိယစျာန်ခဏ၌ပင်လျှင် ပယ်ထားအပ်ပြီးသည်၏ အဖြစ်ကြောင့်လည်းကောင်း ပီတိသည်လည်း ယုတ်လျော့သွား၏။ ဤကား အထူးတည်း။ (ဝိသုဒ္ဓိ-၁-၁၆ဝ။) ကုသိုလ်တရားက ကုသိုလ်တရားအား အာသေဝန (= အဖန်ဖန် အထပ်ထပ် မှီဝဲခြင်း) ပစ္စယသတ္တိဖြင့်
下面是一个特别之处:乐受不能以数数修习缘力资助称为“不苦不乐”的中性感受——舍受;而第四禅中只能是不苦不乐的舍受。正因为只能是舍受,该安止禅心路中的4个速行也全都必须与舍受相应。又因为这4个或5个速行与舍受相应,而且喜早已在第三禅刹那被舍离,所以第四禅中也没有喜。这就是特别之处。(《清净道论》1-160。)当善法以数数修习——即一再反复串习——缘力——
ကျေးဇူးပြုရာဝယ် ဝေဒနာခြင်း တူညီမှ ကျေးဇူးပြုပေးနိုင်၏။ ရှေးဇောက ဥပေက္ခာဝေဒနာ ဖြစ်လျှင် နောက် ဇောလည်း ဥပေက္ခာဝေဒနာ ဖြစ်ရ၏။ ရှေးဇောက သုခ = သောမနဿဝေဒနာ ဖြစ်လျှင် နောက်ဇောလည်း သုခ = သောမနဿဝေဒနာသာ ဖြစ်ရ၏။ အကယ်၍ ရှေးဇောသည် သုခဝေဒနာဖြစ်၍ နောက်ဇောက ဥပေက္ခာ ဝေဒနာ ဖြစ်ခဲ့သော် ထိုရှေးဇောက ဥပေက္ခာဝေဒနာနှင့် ယှဥ်သော နောက်ဇောအား အာသေဝနပစ္စယသတ္တိ = အဖန်ဖန် အထပ်ထပ် မှီဝဲခြင်း အကြောင်းအထောက်အပံ့ စွမ်းအားဖြင့် ကျေးဇူး မပြုပေးနိုင်။ ဤကဲ့သို့ အလိုမရှိအပ်သော အရာဌာန၌ သုခဝေဒနာဟူသော ပုဒ်တစ်ပါးဖြင့် သိမ်းကျုံးရေတွက်ထားအပ်သော ရှေး ဇောဟူသော တရား၏ ဥပေက္ခာ ဝေဒနာနှင့် ယှဥ်သော နောက်ဇောအား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးပြု နိုင်သော စွမ်းအား မရှိသောကြောင့်ပင် ဖြစ်သည်။ သို့အတွက် အပ္ပနာစျာနဝီထိများအတွင်း၌ စတုတ္ထစျာန်ဇော ဟူသော အပ္ပနာဇောသာ ဥပေက္ခာဝေဒနာနှင့် ယှဥ်သည် မဟုတ်၊ ယင်းအပ္ပနာစျာန်ဇော၏ ရှေး၌ ကပ်လျက်
——资助另一善法时,只有前后两法的受相同,才能给予资助:若前一速行是舍受,后一速行也必须是舍受;若前一速行是乐——即悦受,后一速行也必须只是乐——即悦受。假如前一速行是乐受,后一速行却是舍受,前一速行便不能以数数修习缘力——即反复串习所形成的助缘力量——资助与舍受相应的后一速行。因为在这种不应发生的情形中,被“乐受”一词总摄的前一速行法,没有能力以数数修习缘力资助与舍受相应的后一速行。因此,在安止禅心路中,并非只有称为第四禅速行的安止速行与舍受相应;紧接在该安止禅速行之前——
ရှိသော တစ်ဝီထိအတွင်းရှိ ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဟူသော ကာမာဝစရ ဥပစာရစျာန်ဇောတို့သည်လည်း ဥပေက္ခာဝေဒနာနှင့် ယှဥ်သည်ချည်းသာ ဖြစ်ရမည်ဟု ဆိုလိုပေသည်။ (မဟာဋီ-၁-၁၈၉ - စသည်ကြည့်။)
——同一心路中的遍作、近行、随顺、种姓这些欲界近行禅速行,也都必须只与舍受相应。这就是本段的意思。(参见《大复注》1-189等。)
စတုတ္ထစျာန်
第四禅
(ဧတ္တာဝတာ စေသ) သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။
“(至此,他)由于舍离乐、舍离苦,又由于悦与忧早已灭没,成就并安住于不苦不乐、由舍而念清净的第四禅。”
(ဒီ-၁-၇၁။ အဘိ-၁-၄၅။ ဝိသုဒ္ဓိ-၁-၁၆ဝ။)
(《长部》1-71;《阿毗达磨》1-45;《清净道论》1-160。)
ဤမျှအတိုင်းအရှည်ရှိသော ဘာဝနာအစဥ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် သုခိန္ဒြေကိုလည်း ပယ်ခြင်း ကြောင့် ဒုက္ခိန္ဒြေကိုလည်း ပယ်ခြင်းကြောင့် ရှေးမဆွ ဥပစာရစျာန်ခဏ၌ပင်လျှင် သောမနဿိန္ဒြေ ဒေါမန- ဿိန္ဒြေတို့၏ ချုပ်ခြင်းကြောင့် အဒုက္ခမသုခဟု ဆိုအပ်သော ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထစျာန်ကို ပြည့်စုံစေ၍ စတုတ္ထစျာန်သို့ ကပ်ရောက်၍ နေ၏။ ဤသို့လျှင် ဤ ယောဂါဝစရပုဂ္ဂိုလ်သည် သုခဟူသော ပယ်အပ်ပြီးသော စျာန်အင်္ဂါတစ်ပါးရှိသော၊ ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော၊ သုံးပါးသော ကောင်းခြင်းရှိသော၊ လက္ခဏာဆယ်ပါးနှင့် ပြည့်စုံသော အာနာ ပါနပဋိဘာဂနိမိတ်လျှင် အာရုံရှိသော စတုတ္ထစျာန်သည် ရရှိအပ်ပြီး ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၁-၁၆ဝ။) ၁။ ဒုက္ခိန္ဒြေကား (ဒုက္ခဝေဒနာကား) ပထမစျာန်၏ ဥပစာရသမာဓိ အခိုက်၌၊ ၂။ ဒေါမနဿိန္ဒြေကား (ဒေါမနဿဝေဒနာကား) ဒုတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌၊
依这样的修习次第,这位瑜伽行者舍离乐根、舍离苦根,又由于悦根与忧根早已在近行禅刹那灭没,而成就并安住于第四禅;此禅以不苦不乐之舍令念清净。这样,这位瑜伽行者便证得了以入出息似相为所缘的第四禅:它有1个应断支,即乐;具足2个相应禅支,即舍与一境性;具足三种善与十相。(《清净道论》1-160。)1.苦根(苦受)在初禅近行定刹那;2.忧根(忧受)在第二禅近行定刹那;
၃။ သုခိန္ဒြေကား (ကာယိကသုခဝေဒနာကား) တတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌၊
3.乐根(身乐受)在第三禅近行定刹那;
原书第 474 页
၄။ သောမနဿိန္ဒြေကား (သောမနဿဝေဒနာ = စေတသိကသုခကား) စတုတ္ထစျာန်၏ ဥပစာရသမာဓိ အခိုက်၌ ---- အသီးအသီး ချုပ်ငြိမ်းသွား၏။ (ဝိသုဒ္ဓိ-၁-၁၆ဝ။) စျာန်လေးပါးတို့၌ အထက်ပါ ဝေဒနာလေးမျိုး အစဥ်အတိုင်း ချုပ်ပုံကို (သံ-၃-၁၈၈-၁၉ဝ။) ဥပ္ပဋိပါဋိက သုတ္တန်၌ ဟောကြားတော်မူခြင်း၏ အကြောင်းမှာ ဤသို့ ဖြစ်၏။
4.悦根(悦受,即心乐)在第四禅近行定刹那——如此分别灭没。(《清净道论》1-160。)世尊在《Uppaṭipāṭika Sutta》(《相应部》3-188—190)中宣说上述四种受依次在四禅中灭没,其理由如下。
အတိသယနိရောဓတ္တာ။ အတိသယနိရောဓော ဟိ နေသံ ပဌမဇ္ဈာနာဒီသု ၊ န နိရောဓောယေဝ။
“因为是彻底灭尽。这些受在初禅等中是彻底灭尽,并非只是灭。”
နိရောဓောယေဝ ပန ဥပစာရက္ခဏေ၊ နာတိသယနိရောဓော။ (ဝိသုဒ္ဓိ-၁-၁၆ဝ။) အလွန်အကဲအားဖြင့် ချုပ်သည်၏ အဖြစ်ကြောင့် စျာန်လေးပါးတို့၌သာလျှင် ဝေဒနာလေးမျိုးတို့၏ အစဥ်အတိုင်း ချုပ်ခြင်းကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ ထို ဒုက္ခ ဒေါမနဿ သုခ သောမ- နဿ ဟူသော ကာယိကဒုက္ခ၊ စေတသိကဒုက္ခ ကာယိကသုခ၊ စေတသိကသုခ ဝေဒနာတို့၏ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်တို့၌ အလွန်အကဲအားဖြင့် ချုပ်ခြင်းသည် ဖြစ်၏၊ ချုပ်တတ်ဆန်းကာမျှ သာကား မဟုတ်။ သို့သော် ထိုထိုစျာန်တို့၏ ဥပစာရအခိုက်၌ကား ချုပ်တတ်ဆန်းကာမျှသာ ဖြစ်၏၊ လွန်လွန် ကဲကဲ ချုပ်ငြိမ်းသွားသည်ကား မဟုတ်ပေ။
“然而,在近行刹那只是灭,并非彻底灭尽。”(《清净道论》1-160。)正因为是彻底灭尽,世尊才宣说上述四种受依次在四禅中灭没。苦、忧、乐、悦——即身苦、心忧、身乐、心乐这四种受——分别在初禅、第二禅、第三禅、第四禅中彻底灭尽,而不只是暂时止息;但在趋向各禅的近行刹那,它们只是暂时止息,并未彻底灭尽。
၁။ မှန်ပေသည် ---- အထူးထူးသော အာဝဇ္ဇန်းရှိသော ပထမစျာန်၏ ဥပစာရသမာဓိ အခိုက်၌ (အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော) ဥပစာရသမာဓိ အမည်ရသော သမာဓိ ပါဝင်သော မနော ဒွါရိက ဇောဝီထိပေါင်းများစွာ ဖြစ်ခိုက်၌ ဒုက္ခိန္ဒြေ အမည်ရသော ကာယိကဒုက္ခဝေဒနာသည် ချုပ်ငြိမ်းသွားပြီ ဖြစ်သော်လည်း မှက်ခြင်စသည်တို့၏ ကိုက်ခဲထိပါးခြင်း အတွေ့အထိကြောင့်လည်းကောင်း၊ မညီညွတ်သော နေရာ၌ နေခြင်း မညီမညွတ် မမျှမတ ထိုင်မိခြင်းကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းခြင်း၏ ပြင်းထန်စွာ ပူလောင် လာခြင်းကြောင့်လည်းကောင်း ကာယိကဒုက္ခဝေဒနာ၏ ထပ်မံ ဖြစ်ပေါ်လာခြင်းသည် ဖြစ်နိုင်ရာသေး၏၊ သို့သော် အပ္ပနာစျာန်ဇောဖြစ်ခိုက် အပ္ပနာစျာန်၏ အတွင်း၌ကား ဒုက္ခဝေဒနာ၏ ဖြစ်ပေါ်လာခြင်းသည် မဖြစ်တန်ကောင်း သည်သာ ဖြစ်၏။ ဥပစာရသမာဓိ အခိုက်၌ ကာယိကဒုက္ခဝေဒနာ = ဒုက္ခိန္ဒြေသည် ချုပ်ငြိမ်းသွားသော်လည်း
1.确实,在趋向初禅的近行定阶段,许多以入出息似相为所缘、具有不同意门转向的意门速行心路生起;这些心路含有称为近行定的定。在这些心路中,称为苦根的身苦受虽然已经止息,却仍可能由于蚊虻等叮咬触伤,或住处不适宜、坐姿不均衡所引生的疲劳剧烈发热,而再次生起。然而,在安止禅速行生起、处于安止禅之中时,苦受绝不可能生起。身苦受——即苦根——虽然已在近行定刹那止息——
သုခဝေဒနာဟူသော ဆန့်ကျင်ဘက်တရားက မပယ်ရှားအပ်သေးသည်၏ အဖြစ်ကြောင့် ထို ဒုက္ခိန္ဒြေသည် ကောင်းစွာ ချုပ်သည်ကား မဖြစ်သေး။
——但因为尚未被与它相反的乐受排除,所以苦根还没有彻底灭尽。
အပ္ပနာစျာန်ဇောများ စောခိုက် အပ္ပနာသမာဓိ အတွင်း၌ကား ပီတိကြောင့်ဖြစ်သော (= ပီတိနှင့် ယှဥ် သော စိတ်ကြောင့် ဖြစ်သော) မွန်မြတ်သော စိတ္တဇရုပ်တို့၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ ဖြစ်နေခြင်းကြောင့် အလုံး စုံသော ရူပကာယတစ်ခုလုံးသည် ချမ်းသာသုခတည်းဟူသော တွင်းကြီးထဲသို့ သက်ဝင်ကျရောက်လျက် ရှိနေ၏၊ ချမ်းသာသုခတည်းဟူသော တွင်းကြီးထဲသို့ သက်ဝင်ကျရောက်လျက်ရှိသောကိုယ် ရှိသသူအား ကာယိကဒုက္ခ ဝေဒနာဟူသော ဒုက္ခိန္ဒြေသည် ဆန့်ကျင်ဘက် သုခဝေဒနာက ပယ်သတ်ထားအပ်သည့် အတွက်ကြောင့် ကောင်း စွာ ချုပ်ငြိမ်းပြီး ဖြစ်နေ၏။
当诸安止禅速行连续生起、处于安止定中时,由喜所生——即由与喜相应之心所生——的殊胜心生色遍满全身,使整个色身犹如沉浸在乐的大池之中。对于这样全身沉浸于乐中的人,称为苦根的身苦受已经被与它相反的乐受排除,所以彻底灭尽。
၂။ တစ်ဖန် အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာသော ဒုတိယ အပ္ပနာစျာနဝီထိ မဖြစ်မီ ရှေးအဖို့၌ အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရာဝဇ္ဇန်း အမျိုး မျိုးရှိသော ဥပစာရသမာဓိ အမည်ရသော မနောဒွါရိကဇောဝီထိပေါင်းများစွာ အတွင်း၌ စိတ်ဆင်းရဲမှု ခံစား ချက် ဒေါမနဿဝေဒနာဟူသော ဒေါမနဿိန္ဒြေသည် ပယ်ရှားအပ်ပြီးသော်ငြားလည်း ယင်း ဒေါမနဿိန္ဒြေ သည် ဝိတက် ဝိစာရလျှင် အထောက်အပံ့ အကြောင်းရှိသော ကိုယ်၏ပင်ပန်းခြင်းသည်လည်းကောင်း၊ စိတ်၏
2.再者,在第二安止禅心路生起以前,已经有许多以入出息似相为所缘、具有不同意门转向的意门速行心路生起;这些心路称为近行定。在这些心路中,称为忧根的心苦受——忧受——虽然已经被舍离,但如果存在以寻、伺为支持因的身体疲劳,或心的——
原书第 475 页
အာနာပါနဿတိသမာဓိပိုင်း ပင်ပန်းခြင်းသည်လည်းကောင်း ရှိခဲ့ပါမူ ထပ်မံ၍ ဖြစ်ပေါ်လာနိုင်ပြန်၏။ ဝိတက် ဝိစာရ မရှိသော်ကား မဖြစ် တော့ပေ။
——疲劳,忧根仍可能再次生起;若没有寻与伺,便不再生起。
အကြင်စိတ်၌ကား ဒေါမနဿိန္ဒြေသည် ယှဥ်၍ ဖြစ်၏။ ထိုစိတ်၌ကား ဝိတက် ဝိစာရလည်း ယှဥ်လျက်ပင်။
凡忧根相应而生的心,也必定与寻、伺相应。
ယင်း ဝိတက် ဝိစာရ ရှိခြင်းကြောင့် ဒေါမနဿိန္ဒြေသည် ဖြစ်ပေါ်လာရ၏၊ ဒုတိယစျာန်၏ ဥပစာရသမာဓိ နယ်မြေ၌ကား ဝိတက် ဝိစာရတို့ကို မပယ်ရှားအပ်ကုန်သေးသည်သာ ဖြစ်၏၊ ထိုကြောင့် ထိုဒုတိယစျာန်၏ ဥပစာရသမာဓိနယ်မြေ၌ ထိုဒေါမနဿိန္ဒြေ၏ ဖြစ်ခြင်းသည် ဖြစ်နိုင်ရာ၏။ ဒုတိယစျာန်သမာဓိ အခိုက်၌ကား ဒေါမနဿိန္ဒြေ၏ အထောက်အပံ့ အကြောင်းဖြစ်သော ဝိတက် ဝိစာရကို ပယ်ရှားထားပြီး ပယ်ရှားအပ်ပြီး ဖြစ်သောကြောင့် ဒေါမနဿိန္ဒြေ၏ ဖြစ်ပေါ်လာခြင်းသည် မဖြစ်တန်ကောင်းသည်သာတည်း။
正因为有寻与伺,忧根才会生起。趋向第二禅的近行定阶段尚未舍离寻与伺,所以忧根仍可能在那里生起;到了第二禅安止定刹那,作为忧根支持因的寻与伺已经被舍离,因此忧根绝不可能生起。
၃။ တစ်ဖန် တတိယစျာန်၏ ဥပစာရသမာဓိနယ်မြေ၌ ကာယိကသုခဝေဒနာ = ကိုယ်၌ ဖြစ်သော ချမ်းသာ သုခဟူသော သုခိန္ဒြေကို ပယ်ရှားအပ်ပြီးသော်လည်း ပီတိကြောင့် ဖြစ်သော (= ပီတိနှင့် ယှဥ်သော ဥပစာရ စျာန်စိတ်ကြောင့် ဖြစ်သော) မွန်မြတ်သော စိတ္တဇရုပ်ဖြင့် ပျံ့နှံ့တွေ့ထိအပ်သော ကိုယ်ကာယရှိသသူအား ယင်း သုခိန္ဒြေ၏ တစ်ဖန်ဖြစ်ပေါ်လာပြန်ခြင်းသည် ဖြစ်တန်ကောင်းရာ၏။ တတိယစျာန်အခိုက်၌ကား ယင်းသုခိန္ဒြေ ၏ ဖြစ်ပေါ်လာခြင်းသည် မည်သည့်နည်းနှင့်မျှ မဖြစ်ရာသည်သာတည်း။ မှန်ပေသည် တတိယစျာန်၌ သုခ၏ အထောက်အပံ့ အကြောင်းဖြစ်သော ပီတိသည် အချင်းခပ်သိမ်း ချုပ်ငြိမ်းသွားပြီး ဖြစ်၏။ ထိုကြောင့် သုခိန္ဒြေ ၏ ဖြစ်ပေါ်လာပြန်ခြင်းသည် မည်သည့်နည်းနှင့်မျှ မဖြစ်ရာသည်သာတည်း။ 〔သုခိန္ဒြေဟူသည် အဟိတ် ကုသလ ဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ်နှင့် ယှဥ်တွဲဖြစ်သော သုခဝေဒနာကို ဆိုလိုသည်။ ကာယိကသုခ
3.再者,在趋向第三禅的近行定阶段,乐根——即在身体生起的身乐受——虽然已经被舍离,但对于身体被喜所生的殊胜心生色遍满、触及的人,这乐根仍可能再次生起;这里所说的心生色,是由与喜相应的近行禅心所生。到了第三禅刹那,乐根无论如何都不可能生起。确实,在第三禅中,作为身乐支持因的喜已经完全灭尽,所以乐根绝不可能再次生起。〔所谓乐根,是指与无因善果报、乐俱身识心相应的乐受,也称为身——
ဟုလည်း ခေါ်၏။〕 ၄။ တစ်ဖန် စတုတ္ထစျာန်၏ ဥပစာရသမာဓိ နယ်မြေ၌ သောမနဿိန္ဒြေဟူသော သောမနဿဝေဒနာကို ပယ်ရှားအပ်ပြီးသော်လည်း သောမနဿိန္ဒြေ၏ ပီတိကဲ့သို့ မဝေးဘဲ နီးသေးသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ (ဥပစာရသမာဓိနယ်မြေမှာသာ ရှိနေသေးသဖြင့် စတုတ္ထအပ္ပနာစျာန်သို့လည်း မရောက်သေးရကား) အပ္ပနာ စျာန်သို့ ရောက်သော ဥပေက္ခာဝေဒနာ၏ မရှိခြင်းကြောင့် သောမနဿိန္ဒြေကို ကောင်းကောင်းကြီး မကျော် လွှား မလွန်မြောက်သေးသည်၏ အဖြစ်ကြောင့်လည်းကောင်း သောမနဿိန္ဒြေ၏ ထပ်မံဖြစ်ပေါ်လာခြင်းသည် ဖြစ်ကောင်းဖြစ်နိုင်ရာ၏။ သို့သော် စတုတ္ထအပ္ပနာစျာန်အခိုက်၌ကား သောမနဿိန္ဒြေ၏ ဖြစ်ခွင့်သည် မည်သည့် နည်းနှင့်မျှ မဖြစ်ရာသည်သာတည်း။
——乐。〕4.再者,在趋向第四禅的近行定阶段,称为悦根的悦受虽然已经被舍离,但因为悦根仍像喜一样离得不远、近在旁边;又因为尚处于近行定阶段、还未到达第四安止禅,安止禅中的舍受尚未生起,所以还没有完全超越悦根。基于这两个原因,悦根仍有可能再次生起。然而,到了第四安止禅刹那,悦根无论如何都绝不可能生起。
ထို ဆိုအပ်ပြီးသော အကြောင်းများကြောင့်ပင်လျှင် ပထမစျာန်၌ ဒုက္ခိန္ဒြေ၏ ချုပ်ပုံ၊ ဒုတိယစျာန်၌ ဒေါမနဿိန္ဒြေ၏ ချုပ်ပုံ၊ တတိယစျာန်၌ (ကာယိကသုခ ဟူသော) သုခိန္ဒြေ၏ ချုပ်ပုံ၊ စတုတ္ထစျာန်၌ သော- မနဿိန္ဒြေ၏ ချုပ်ပုံတို့ကို အသီးအသီး ဟောတော်မူရာဝယ် အပရိသေသံ နိရုဇ္ဈတိ စသည်ဖြင့် အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းပုံကို ဖော်ပြသော အပရိသေသ-သဒ္ဒါကို အသုံးပြု၍ ဟောကြားတော်မူပေသည်။
正因为上述这些理由,世尊分别宣说苦根在初禅中灭尽、忧根在第二禅中灭尽、乐根——即身乐——在第三禅中灭尽、悦根在第四禅中灭尽时,使用“အပရိသေသံ နိရုဇ္ဈတိ”等语,并以表示毫无剩余、彻底灭尽的“အပရိသေသ”一词来开示。
ဤကား အဖြေတည်း။ (ဝိသုဒ္ဓိ-၁-၁၆၁။)
这就是答案。(《清净道论》1-161。)
မေးမြန်းဖွယ်ရာ အချက်တစ်ရပ်
一个值得追问的问题
ဤအရာ၌ မေးမြန်းဖွယ် ရှိလာပြန်၏။ ထိုသို့ဖြစ်လျှင် ထိုထိုစျာန်၏ ဥပစာရသမာဓိနယ်မြေ၌ ပယ်ရှား အပ်ပြီးလည်း ဖြစ်ကုန်သော ထိုဝေဒနာတို့ကို ဤစတုတ္ထစျာန်၌ အဘယ်ကြောင့် တစ်ပေါင်းတည်းဆောင်၍ ဟောကြားထားတော်မူအပ်ပါသနည်းဟူမူ ယူလွယ်စေခြင်း အကျိုးငှာ ထိုသို့ ဟောကြားတော်မူအပ်ပေသည်ဟု ဖြေဆိုလေရာ၏။
这里又有一个问题:既然这些受已经分别在趋向各禅的近行定阶段被舍离,为什么世尊却把它们汇集在一起,只在第四禅这里宣说呢?应当回答:这样宣说,是为了使人容易把握。
原书第 476 页
အဒုက္ခမသုခ ဟူသော ပါဠိတော်၌ ဟောကြားထားတော်မူအပ်သော ချမ်းသာလည်း မဟုတ် ဆင်းရဲ လည်း မဟုတ်သော အဒုက္ခမသုခဟူသော အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာကား သိမ်မွေ့စွာ၏၊ သိနိုင်ခဲ၏၊ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့် ဉာဏ်ဖြင့် ဖမ်းယူခြင်းငှာ မစွမ်းနိုင်ပေ။ ထိုကြောင့် လောက ဥပမာ မည်သည်ကား ပျက်စီးနေသော ကြိုးစားအားထုတ်မှု ပယောဂရှိ၍ ဆိုဆုံးမခက်သော ဟုတ်ဟုတ် ညား ညား ချဥ်းကပ်၍ ဖမ်းယူခြင်းငှာ မတတ်နိုင်သော နွားကို လွယ်လွယ်ကူကူ ဖမ်းယူနိုင်ရန်အလို့ငှာ နွားထိန်း သည် တစ်ခုသော နွားခြံ၌ နွားအားလုံးကို စုသွင်းလိုက်၏၊ ထိုနောင်မှ နွားတစ်ကောင်စီ တစ်ကောင်စီကို နွားခြံ မှ ထုတ်ဆောင်လတ်သော် အစဥ်သဖြင့် နွားခြံဝသို့ ဆိုက်ရောက်လာသော ထိုနွားပျက်ကိုလည်း - ''ဤသည့် မားမား လာသော နွားကား ထိုဖမ်းလိုသည့် နွားပျက်တည်း၊ ထိုနွားပျက်ကို ဖမ်းကြကုန်''ဟု ဖမ်းစေ၏သို့ ----
巴利圣典所说“不苦不乐”,是指既非苦也非乐的中性感受——舍受。这种受极其微细、难以了知,不能轻易由智把握。譬如世间有一头行为乖戾、难以调教,无法直接靠近捉住的牛;为了轻易捉住它,牧牛人先把所有牛都赶进一座牛栏,然后再把牛一头一头放出来。等到那头难驯的牛依次走到牛栏门口时,他便让人捉住它,说:“眼前走来的就是那头想捉的难驯之牛,把它捉住!”正如这个譬喻——
ဤဥပမာအတူပင်လျှင် ဘုရားရှင်သည် ဉာဏ်ဖြင့် လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်ရန် ပိုင်းခြားယူနိုင်ရန် အလို့ငှာ ထို ဝေဒနာအားလုံးတို့ကို တစ်ပေါင်းတည်း စု၍ ဆောင်တော်မူ၏၊ ဤစတုတ္ထစျာန်၌ ပေါင်းစု၍ ဟောကြား တော် မူ၏။
——世尊为了使人能够轻易以智摄取、辨别舍受,便把所有这些受汇集在一起,在第四禅这里合并宣说。
အကျိုးကား ဤသို့တည်း ---- ဤသို့ ပေါင်းစု၍ ဆောင်အပ်ကုန်သော ထိုဝေဒနာတို့ကို ထင်ရှားပြပြီး၍ အကြင်သဘောတရားသည် = အကြင်ခံစားမှုသည် သုခလည်း မဟုတ်၊ ဒုက္ခလည်း မဟုတ်၊ သောမနဿလည်း မဟုတ်၊ ဒေါမနဿလည်း မဟုတ်၊ ဤခံစားမှု သဘောတရားသည် အဒုက္ခမသုခ ဟူသော ဥပေက္ခာဝေဒနာ ပင်တည်းဟု ဤ အဒုက္ခမသုခ = ဥပေက္ခာဝေဒနာကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ဖမ်းယူခြင်းငှာ တတ်ကောင်း၏။
这种宣说的利益如下:先把合并宣说的这些受清楚显示出来,便能以智辨别、把握——有一种受既不是乐,也不是苦;既不是悦,也不是忧;这种受就是称为“不苦不乐”的舍受。
တစ်နည်းလည်း အဒုက္ခမသုခ စေတောဝိမုတ္တိ အမည်ရသော စိတ်၏ ဆန့်ကျင်ဘက်သဘောတရားမှ လွတ်မြောက်ကြောင်းဖြစ်သော စတုတ္ထစျာန်သမာပတ်၏ ရခြင်း၏ အကြောင်းဥပါယ်ကို ပြခြင်းအကျိုးငှာလည်း ထိုဝေဒနာတို့ကို ဤစတုတ္ထစျာန်၌ ပေါင်းစု၍ ဘုရားရှင် ဟောကြားတော်မူအပ်ကုန်၏ဟု သိရှိပါလေ။ ဒုက္ခိန္ဒြေ ကို ပယ်တတ်သော ပထမစျာန် စသည်တို့သည် ထို အဒုက္ခမသုခ စေတောဝိမုတ္တိ၏ အကြောင်းတရားတို့ ဖြစ်ကြကုန်၏။
另一种解释是:为了显示获得“不苦不乐心解脱”——即使心从对立法中解脱的第四禅等至——的方法与诸因,世尊也把这些受汇集在第四禅这里宣说。能够舍离苦根的初禅等,正是不苦不乐心解脱的诸因。
''ငါ့ရှင် ကောဋ္ဌိက …အဒုက္ခမသုခ စေတောဝိမုတ္တိ သမာပတ်၏ အကြောင်းတရားတို့သည် စင်စစ် လေးမျိုးတို့တည်း။ ငါ့ရှင် ကောဋ္ဌိက …ဤသာသနာတော်၌ ယောဂါဝစရပုဂ္ဂိုလ်သည် သုခိန္ဒြေကိုလည်း ပယ်ခြင်းကြောင့် ဒုက္ခိန္ဒြေကိုလည်း ပယ်ခြင်းကြောင့် ရှေးမဆွ ဥပစာရစျာန်ခဏ၌ပင်လျှင် သောမနဿိန္ဒြေ ဒေါမနဿိန္ဒြေတို့၏ ချုပ်ခြင်းကြောင့် အဒုက္ခမသုခဟု ဆိုအပ်သော ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထစျာန်ကို ပြည့်စုံစေ၍ စတုတ္ထစျာန်သို့ ကပ်ရောက်၍ နေ၏။ ငါ့ရှင် ကောဋ္ဌိက အဒုက္ခမသုခ စေတောဝိမုတ္တိ သမာပတ်၏ အကြောင်းတရားတို့သည် စင်စစ် ဤ လေးပါးတို့တည်း။
经中说:“拘絺罗贤友……不苦不乐心解脱等至确实有4种因。拘絺罗贤友……在此教法中,瑜伽行者由于舍离乐根、舍离苦根,并由于悦根与忧根早已在近行禅刹那灭没,而成就并安住于不苦不乐、由舍而念清净的第四禅。拘絺罗贤友……不苦不乐心解脱等至确实有这4种因。”
(မ-၁-၃၇ဝ။ မဟာဝေဒလဒသုတ္တန်။)
(《中部》1-370;《大毗陀罗经》。)
ဤသို့ ဟောကြားထားတော်မူသောကြောင့် ဒုက္ခိန္ဒြေ ဒေါမနဿိန္ဒြေ သုခိန္ဒြေ သောမနဿိန္ဒြေ ဟူသော ဣန္ဒြေအသီးသီးကို ပယ်တတ်သော ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်၏ ဥပစာရစျာန်တို့သည် အဒုက္ခမသုခ စေတောဝိမုတ္တိ စတုတ္ထစျာန် သမာပတ်၏ ရခြင်း၏ အကြောင်းတရားတို့ ဖြစ်ကြကုန်၏။ ထို အကြောင်းတရားတို့ကို ပြခြင်းငှာလည်း ဤစတုတ္ထစျာန်၌ ယင်း ဝေဒနာလေးမျိုးတို့ကို ပေါင်းစု၍ ဟောကြား တော်မူသည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ-၁-၁၆၁-၁၆၂။) တစ်နည်း ---- သောတာပတ္တိမဂ်စသော တစ်ပါးသော အောက်အရိယမဂ်တို့၌ ပယ်ရှားအပ်ကုန်ပြီးသော် လည်း သက္ကာယဒိဋ္ဌိစသော တရားတို့ကို တတိယ (= အနာဂါမိ)မဂ်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်း အကျိုးငှာ ထို တတိယမဂ်၌ ---- ပဉ္စန္နံ သြရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ = အောက်ပိုင်း သံယောဇဥ် ငါးပါးတို့၏
依这段开示,趋向初禅、第二禅、第三禅、第四禅的近行阶段,分别能舍离苦根、忧根、乐根、悦根;这些近行阶段就是获得不苦不乐心解脱——第四禅等至——的诸因。应当知道,为了显示这些因,世尊才把上述4种受汇集在第四禅这里宣说。(《清净道论》1-161—162。)另一种解释是:有身见等法虽然已经由入流道等其他较低圣道舍离,但为了赞叹第三道——即不还道——的功德,仍在第三道中说——巴利引文(缅文转写):“ပဉ္စန္နံ သြရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ”,意为“由于五下分结灭尽”;这里所说的,是由于五种下分结的——
原书第 477 页
အာနာပါနဿတိသမာဓိပိုင်း ကုန်ခြင်းကြောင့် ---- ဤသို့ စသည်ဖြင့် အနာဂါမိမဂ်က ပယ်ရှားအပ်ကုန်၏ဟု ဟောကြားတော်မူသကဲ့သို့ အလားတူပင် ဤစတုတ္ထစျာန်၌ ထိုဝေဒနာတို့ကို ပေါင်းစု၍ ဟောကြားတော်မူအပ်ကုန်၏ဟုလည်း သိရှိပါလေ။
——灭尽——如此等等。正如世尊以此等语宣说这些法为不还道所断一样,同样应知,在此第四禅中,世尊也是把这些受汇总起来宣说的。
(ဝိသုဒ္ဓိ-၁-၁၆၂။)
(《清净道论》1-162。)
တစ်နည်း ---- အကြောင်းကို ပယ်သတ်ခြင်းဖြင့် ဤစတုတ္ထစျာန်၌ ရာဂ ဒေါသ မောဟတို့၏ အလွန် ဝေးသည်၏ အဖြစ်ကို ပြခြင်းငှာလည်း ထိုသုခစသော ဝေဒနာတို့ကို ဟောကြားတော်မူအပ်ကုန်၏ဟု သိရှိ ပါလေ။ မှန်ပေသည် ထိုဝေဒနာတို့တွင် ကာယိက သုခဝေဒနာ = ကိုယ်၌ ဖြစ်သော ချမ်းသာမှု သုခဝေဒနာသည် စေတသိကသုခ = စိတ်ချမ်းသာမှု သောမနဿဝေဒနာ၏ အကြောင်းတရား ဖြစ်၏။ သောမနဿဝေဒနာကား ရာဂ၏ အကြောင်းတစ်ခု ဖြစ်၏။
换一个角度说,应当知道:世尊在第四禅中宣说乐等诸受,也是为了表明,随着它们的因被舍断,贪、嗔、痴便极其远离。的确,在这些受中,身乐受是心乐——即悦受——的因;悦受又是贪的一个因。
ကာယိက ဒုက္ခဝေဒနာ = ကိုယ်၌ ဖြစ်သော ဆင်းရဲမှု ဒုက္ခဝေဒနာကား စိတ်မချမ်းသာမှု ဒေါမနဿ ဝေဒနာ၏ အကြောင်းတရားဖြစ်၏။ ဒေါမနဿဝေဒနာကား ဒေါသ၏ အကြောင်းတရား ဖြစ်၏။ စတုတ္ထစျာန် သည် ထိုသုခ စသည်ကို ပယ်သတ်ခြင်းဖြင့် အကြောင်းတရားနှင့်တကွ ဖြစ်ကုန်သော ရာဂ ဒေါသတို့ကို ပယ် သတ်အပ်ကုန်၏၊ ထိုကြောင့် စတုတ္ထစျာန်သည် ရာဂ ဒေါသတို့နှင့် အလွန်ဝေး၏။ ဤကား အဖြေတည်း။
身苦受是心苦——即忧受——的因;忧受又是嗔的因。第四禅由于舍断乐等诸受,也就连同其因一起舍断了贪与嗔。因此,第四禅极其远离贪与嗔。这就是答案。
သုခါယ ခေါ အာဝုသော ဝိသာခ ဝေဒနာယ ရာဂါနုသယော အနုသေတိ၊ ဒုက္ခာယ ခေါ အာဝုသော ဝိသာခ ဝေဒနာယ ပဋိဃာနုသယော အနုသေတိ။ (မ-၁-၃၇၇။ စူဠဝေဒလဒသုတ္တန်) = ဒါယကာ ဝိသာခ … သုခဝေဒနာ၏ နောက်ဆွယ်၌ ရာဂါနုသယ ကိန်းဝပ်နေ၏၊ ဒါယကာ ဝိသာခ ဒုက္ခဝေဒနာ၏ နောက်ဆွယ်၌ ပဋိဃာနုသယ ကိန်းဝပ်နေ၏။
“维萨卡居士,贪随眠潜伏于乐受之后;维萨卡居士,瞋随眠潜伏于苦受之后。”
ဤသို့ ဟောကြားတော်မူသောကြောင့် သောမနဿဝေဒနာသည် ရာဂ၏ ဒေါမနဿဝေဒနာသည် ဒေါသ၏ အကြောင်းအထောက်အပံ့ ဖြစ်ရပေသည်။ (မဟာဋီ-၁-၁၉၁။)
由于世尊作了这样的宣说,所以悦受是贪的助缘,忧受是嗔的助缘。(《大复注》1-191。)
အဒုက္ခမသုခံ
“အဒုက္ခမသုခံ”——“不苦不乐”
အဒုက္ခမသုခဟူသည်ကား ဒုက္ခ၏အဖြစ် မရှိသည်၏ အဖြစ်ကြောင့် အဒုက္ခ မည်၏၊ သုခ၏အဖြစ် မရှိ သည်၏ အဖြစ်ကြောင့် အသုခ မည်၏။ ဤ ဒုက္ခ သုခ အဖြစ်ကို ပယ်သောစကားဖြင့် ဤ စတုတ္ထစျာန်၌ ဒုက္ခ သုခ၏ ဆန့်ကျင်ဘက်ဖြစ်သော တတိယဝေဒနာကို ပြတော်မူပေ၏။ ဒုက္ခ သုခ အဖြစ်၏ မရှိသည်၏ အဖြစ်မျှကို ပြသည်ကား မဟုတ်။ တတိယဝေဒနာဟူသည် အဒုက္ခမသုခဝေဒနာပင်တည်း၊ ဥပေက္ခာဝေဒနာဟူ၍လည်း ခေါ်ဆို၏။
所谓“不苦不乐”:由于没有苦的性质,故称“不苦”;由于没有乐的性质,故称“不乐”。通过否定苦与乐的这一说法,世尊显示第四禅中与苦、乐相反的第三种受,而不只是显示苦、乐二者不存在。所谓第三种受,就是不苦不乐受,也称为舍受。
သာ ဣဋ္ဌာနိဋ္ဌဝိပရီတာနုဘဝနလက္ခဏာ၊ မဇ္ဈတ္တရသာ၊ အဝိဘူတပစ္စုပဋ္ဌာနာ၊ သုခဒုက္ခနိရောဓပဒဋ္ဌာနာ။
“它以感受与可意、不可意二者相反之境为特相,以中舍为作用,以不显明为现起,以乐与苦的止息为近因。”
(ဝိသုဒ္ဓိ-၁-၁၆၂။)
(《清净道论》1-162。)
၁။ ထိုဥပေက္ခာဝေဒနာသည် အလိုရှိအပ်သော ဣဋ္ဌာရုံ၊ အလိုမရှိအပ်သော အနိဋ္ဌာရုံတို့၏ ပြောင်းပြန် ဖြစ် သော အလယ်အလတ် မဇ္ဈတ္တအာရုံကို၊ တစ်နည်း -- အလွန်အလိုရှိအပ်သော အတိဣဋ္ဌာရုံ၊ အလွန် အလို မရှိအပ်သော အတိအနိဋ္ဌာရုံတို့၏ ပြောင်းပြန်ဖြစ်သော အလယ်အလတ် မဇ္ဈတ္တအာရုံကို ခံစားခြင်းသဘော လက္ခဏာ ရှိ၏။
1.这种舍受,以感受一种中性的、中舍的所缘为特相;这种所缘与可意所缘、不可意所缘相反。换一种说法,它以感受一种中性的、中舍的所缘为特相;这种所缘与极可意所缘、极不可意所缘相反。
တစ်နည်း -- အလိုရှိအပ်သော ဣဋ္ဌအခြင်းအရာ အလိုမရှိအပ်သော အနိဋ္ဌအခြင်းအရာတို့၏ ပြောင်းပြန် ဖြစ်သော အလယ်အလတ် မဇ္ဈတ္တ အခြင်းအရာအားဖြင့် (အာနာပါနပဋိဘာဂနိမိတ် အာရုံ၏ အရသာကို) ခံစားခြင်းသဘော လက္ခဏာ ရှိ၏။
换一种说法,它以中性、中舍的方式,感受与可意行相、不可意行相二者相反的行相——也就是感受入出息似相所缘的滋味——为特相。
原书第 478 页
၂။ လျစ်လျူရှုခြင်း ကိစ္စရှိ၏၊ တစ်နည်း အလယ်အလတ်သဘောဟူသော ဂုဏ် ရှိ၏။
2.它具有中舍地对待所缘的作用;换一种说法,它具有居中、中立的性质。
၃။ (သုခဝေဒနာ ဒုက္ခဝေဒနာတို့ကဲ့သို့ မဟုတ်ဘဲ) မထင်ရှားသော အခြင်းအရာ ရှိ၏။ 〔သုခဝေဒနာ ဒုက္ခ ဝေဒနာတို့ကား ထင်ရှားသည့် ခံစားမှုဝေဒနာတို့ ဖြစ်ကြ၏၊ ဤဥပေက္ခာဝေဒနာကား ခံစားမှု မထင်ရှားသော အခြင်းအရာရှိ၏။ ကျောက်ဖျာ၏ ဤမှာဘက်၌ သားကောင်၏ ခြေရာကို၊ ကျောက်ဖျာ၏ ထိုမှာဘက်၌ သား ကောင်၏ ခြေရာကို တွေ့မြင်ရ၍ - ကျောက်ဖျာ၏ အထက်၌ သားကောင်၏ ခြေရာကို မတွေ့မြင်ရသော်လည်း သားကောင်သည် ဤနေရာမှ ကျောက်ဖျာထက်သို့ တက်၍ ဤနေရာမှ ကျောက်ဖျာမှ ဆင်းသက်သွား၏ဟု မှန်းဆ၍ သိရကဲ့သို့ ဤဥပေက္ခာဝေဒနာသည် မထင်ရှားသော အခြင်းအရာဟူသော ပစ္စုပဋ္ဌာန်ရှိ၏။ (မဟာဋီ- ၁-၁၉၁-၁၉၂။) သုခနှင့် ဒုက္ခတို့ ချုပ်ပျက်သွားသောအခါ စိတ်အစဥ်တွင် ယှဥ်တွဲလျက်ရှိသော အလယ်အလတ် ခံစားမှု တစ်မျိုးတည်း၊ ထင်ရှားသော သုခဝေဒနာ ဒုက္ခဝေဒနာတို့နှင့် ကပ်၍ရှုခဲ့သော် ဥပေက္ခာဝေဒနာလည်း ထင်ရှားလာနိုင်သည်ဟု ဆိုလိုသည်။〕
3.它以不显明为现起,不像乐受与苦受那样显明。〔乐受与苦受是感受明显的受,舍受则以感受不明显为其行相。譬如在一块石板的这一边见到兽迹,在石板的另一边也见到兽迹;即使石板上看不见兽迹,仍可推知野兽从这一处踏上石板,又从另一处走下。舍受同样以不显明为现起。(《大复注》1-191—192。)意思是:乐与苦止息以后,心相续中只剩一种相应的中性感受;若把舍受贴近明显的乐受与苦受加以对照观察,舍受也能变得明显。〕
၄။ သုခ (သောမနဿ) ဝေဒနာ၏ ချုပ်ရာ စတုတ္ထစျာန်၏ ဥပစာရသမာဓိနယ်မြေလျှင် နီးစွာသော အကြောင်း ရှိ၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ သုခဒုက္ခနိရောဓပဒဋ္ဌာနာဟု ရှိသော်လည်း မဟာဋီကာ (၁-၁၉၂၊၊) ၌ကား သုခနိရောဓပဒဋ္ဌာနာဟု ရှိ၏။)
4.应知,它以乐(悦)受止息之处——第四禅的近行定领域——为近因。〔《清净道论》中虽写作“以乐与苦的止息为近因”(သုခဒုက္ခနိရောဓပဒဋ္ဌာနာ),《大复注》1-192却写作“以乐的止息为近因”(သုခနိရောဓပဒဋ္ဌာနာ)。〕
ဥပေက္ခာ သတိ ပါရိသုဒ္ဓိ
“ဥပေက္ခာ သတိ ပါရိသုဒ္ဓိ”——“由舍而念清净”
ဥပေက္ခာသတိပါရိသုဒ္ဓိဟူသည် (ထိုထိုအာရုံ၌ ဤအရာဝယ် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စိတ် တွန့်ဆုတ်ခြင်း တက်ကြွခြင်းဟူသော အစွန်းများသို့ မရောက်စေဘဲ စိတ်ကို ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ အညီအမျှ အလယ်အလတ် သဘော၌ တည်စေတတ်သော တတြမဇ္ဈတ္တတာ စေတသိက် ဟူသော) ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော သဘောတည်း။ ဤစတုတ္ထစျာန်၌ သတိသည် ထက်ဝန်းကျင် စင်ကြယ်လျက် ရှိ၏၊ ထိုသတိ၏ ယင်း ထက်ဝန်းကျင် စင်ကြယ်မှုကို ယင်း (တတြ မဇ္ဈတ္တတာ) ဟူသော ဥပေက္ခာက ပြုလုပ်ပေး၏။ အခြား တစ်ပါးသော တရားက ပြုလုပ်ပေးသည်ကား မဟုတ် ပေ။ ထိုကြောင့် ဤ စတုတ္ထစျာန်ကို ဥပေက္ခာသတိပါရိသုဒ္ဓိဟူ၍ မိန့်ဆိုတော်မူခြင်း ဖြစ်၏။ ဝိဘင်းပါဠိတော် (အဘိ-၂-၂၇၂။) ၌လည်း ---- အယံ သတိ ဣမာယ ဥပေက္ခာယ ဝိသဒါ ဟောတိ ပရိသုဒ္ဓါ ပရိယောဒါတာ။ တေန ဝုစ္စတိ ဥပေက္ခာ- သတိပါရိသုဒ္ဓိ။
所谓“由舍而念清净”,是指由舍所成办的念之周遍清净的性质。这里的舍,是中舍性心所:它不让心落入退缩或过度昂扬这两个极端,而使心平等、中正地安住于入出息似相所缘。在第四禅中,念是周遍清净的;这念的周遍清净,是由这种中舍性之舍成办的,并非由任何其他法成办。因此,世尊称第四禅为“由舍而念清净”。《分别论》巴利(《阿毗达“此念因这种舍而清澈、清净、皎洁;因此称为由舍而念清净。”
= ဤသတိသည် ဤဥပေက္ခာကြောင့် သန့်ရှင်း၏၊ ထက်ဝန်းကျင် စင်ကြယ်၏၊ ထက်ဝန်းကျင် ပြိုးပြိုးပြက် တလက်လက်တောက်ပ၏၊ ထိုကြောင့် ဥပေက္ခာသတိပါရိသုဒ္ဓိ = ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသောတရား - ဟူ၍ ဆိုအပ်၏ ---- ဟု ဘုရားရှင် ဟောကြားထားတော်မူအပ်ပေသည်။ ယင်းဥပေက္ခာကြောင့် ဤစတုတ္ထစျာန်၌ သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းသည် ဖြစ်ပေါ်လာ၏၊ ထိုဥပေက္ခာကို ပရမတ္ထတရားကိုယ် အနက်သဘောအားဖြင့် တတြမဇ္ဈတ္တတာ စေတသိက်ဟူ၍ သိရှိပါလေ။
也就是说:“此念因这种舍而纯净、周遍清净、明净光耀;因此说它是‘由舍而念清净’——由舍所成办的念之周遍清净之法。”世尊如此宣说。因为有这种舍,第四禅中的念才得以周遍清净;从胜义法体来说,应知这种舍就是中舍性心所。
ဤစတုတ္ထစျာန်၌ ထိုဥပေက္ခာကြောင့် သတိတစ်ခုတည်း သက်သက်သာလျှင် ထက်ဝန်းကျင် စင်ကြယ် သည်ကား မဟုတ်၊ စင်စစ်သော်ကား စတုတ္ထစျာန်နှင့် ယှဥ်ဖက် စိတ်-စေတသိက် သမ္ပယုတ်တရားအားလုံးပင် ထက်ဝန်းကျင် စင်ကြယ်ကြကုန်၏။ ထိုသို့ ဖြစ်သော်လည်း သတိသီသ = သတိကို အဦးပဓာနပြုသဖြင့် ဒေသ-
在第四禅中,因这种舍而周遍清净的,并不只是念;事实上,与第四禅相应的一切心与心所法也都周遍清净。即使如此,因为以念为首、以念为主,世尊才作如上开——
原书第 479 页
အာနာပါနဿတိသမာဓိပိုင်း နာတော်ကို ဟောကြားထားတော်မူအပ်ပေသည်။ (ဝိသုဒ္ဓိ-၁-၁၆၂။) အလုံးစုံသော ဆန့်ကျင်ဘက်တရားတို့မှ ထက်ဝန်းကျင် စင်ကြယ်သော ဆန့်ကျင်ဘက်တရားတို့ကို ငြိမ်း အေးစေခြင်း၌သော်လည်း ကြောင့်ကြ ဗျာပါရကင်းသော (တတြမဇ္ဈတ္တတာ စေတသိက် ဟူသော) ပါရိသုဒ္ဓိ ဥပေက္ခာသည် ဖြစ်ပေါ်လာလတ်သော် စတုတ္ထစျာန်၌ သတိသည် ကောင်းစွာ ရွှင်စေသော ပညာကဲ့သို့ ကောင်း ကောင်းကြီး ထက်ဝန်းကျင် စင်ကြယ်သည်လည်းကောင်း ကောင်းကောင်းကြီး သန့်ရှင်းထက်မြက်သည်လည်း ကောင်း ဖြစ်ပေသည်၊ ထိုကြောင့် ''ထိုသတိ၏ ထက်ဝန်းကျင် စင်ကြယ်မှုကို ထိုဥပေက္ခာကသာ ပြုလုပ်ပေး အပ်၏၊ အခြားတစ်ပါးသော တရားက ပြုလုပ်ပေးသည် မဟုတ်''ဟု အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ-၁-၁၉၂။)
——示。(《清净道论》1-162。)当周遍清净的舍——也就是中舍性心所——远离一切对立法而完全清净,对于令这些对立法寂静也已无须操劳时,它便生起。在第四禅中,念于是如清明敏锐的慧一般,达到高度的周遍清净,且澄净敏锐。因此,义注师才说:“该念的周遍清净唯由这种舍成办,并非由其他任何法成办。”(《大复注》1-192。)
ချီးမွမ်းရခြင်း၏ အကြောင်းရင်း
受到赞叹的理由
ထိုစျာန်လေးပါးတို့တွင် ဤဥပေက္ခာသည် (= တတြမဇ္ဈတ္တတာစေတသိက်သည်) အောက်စျာန် သုံးပါးတို့၌ လည်း အကယ်၍ကား ရှိ၏၊ ထိုသို့ပင် ရှိသော်လည်း ---- ၁။ နေ့အခါ၌ နေ၏အရောင်အလင်းသည် နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ (= နေရောင် ခြည်၏ လွှမ်းမိုးမှုကို ခံရသောကြောင့်ဟူလို) ၂။ အေးချမ်းသည်၏ အဖြစ်ဖြင့် မိမိအား ကျေးဇူးပြုတတ်သည်၏ အဖြစ်ဖြင့် တူသောအဖို့ ရှိသော ညဥ့် ဟူသော အဖော်သဟဲကို (အဖော်သဟာယ်ကို) မရခြင်းကြောင့်လည်းကောင်း ---- နေ့အခါ၌ ထင်ရှားပင်ရှိပါသော်လည်း လရေးသည် ထက်ဝန်းကျင် မစင်ကြယ်၏သို့ ပြိုးပြိုးပြက် တလက် လက် မတောက်ပ၏သို့ အလားတူပင် ဤတတြမဇ္ဈတ္တုပေက္ခာဟူသော လရေးသည်လည်း ဝိတက် အစရှိသော ဆန့်ကျင်ဘက်တရားတို့၏ အာနုဘော်သည် နှိပ်စက်လွှမ်းမိုးအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ မိမိနှင့် သဘောတူသော အဖော်သဟဲ (သဟာယ်) ဖြစ်သော ဥပေက္ခာဝေဒနာဟူသော ညဥ့်ကို မရရှိခြင်းကြောင့်
在这4种禅那中,中舍性之舍也确实存在于下3禅。虽然如此,正如月光在白昼虽确实存在,却因为:1.受到日光压制;2.没有得到与自身同类、能以清凉性帮助自己的伴侣——夜晚,所以不能周遍清净,也不能明亮闪耀。同样,中舍性之舍这轮月在下3禅中,也受到寻等对立法的威力压制,又得不到与自己性质相同的伴侣——舍受之夜——
လည်းကောင်း ထင်ရှားရှိပင် ရှိပါသော်လည်း ပထမစျာန် စသော အောက်စျာန်သုံးပါးအထူးတို့၌ မစင်မကြယ် ဖြစ်နေ၏။ နေ့အခါ၌ ထက်ဝန်းကျင် မစင်ကြယ်သော လရေး၏ အရောင်ကဲ့သို့ ထက်ဝန်းကျင် မစင်ကြယ်သော ထိုတတြမဇ္ဈတ္တုပေက္ခာ၏ စိတ္တက္ခဏတစ်ခုအတွင်း၌ မိမိနှင့် အတူယှဥ်တွဲ ဖြစ်ကြကုန်သော သတိ အစရှိသော တရားတို့သည်လည်း ထက်ဝန်းကျင် မစင်ကြယ်ကုန်သည်သာလျှင် ဖြစ်ကြရကုန်၏၊ ထိုကြောင့် ထိုပထမစျာန် စသော စျာန်သုံးပါး အထူးတို့တွင် တစ်ခုသော စျာန်ကိုမျှလည်း - ဥပေက္ခာသတိပါရိသုဒ္ဓိံ = ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော တရားဟု ဟောတော် မမူအပ်ပေ။
——因此,虽然确实存在于初禅等下3禅,却仍不清净。如同白昼不清净的月光,与这种不清净的中舍性之舍在同一心刹那中相应而生的念等诸法,也都不清净。因此,对于初禅等下3禅中的任何一禅,世尊都没有宣说“ဥပေက္ခာသတိပါရိသုဒ္ဓိံ”,即“由舍而念清净”。
စင်စစ်မှာမူ ဤစတုတ္ထစျာန်၌ ဝိတက် အစရှိကုန်သော ဆန့်ကျင်ဘက်တရားတို့၏ အာနုဘော်သည် နှိပ် စက် လွှမ်းမိုးမှု မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ မိမိနှင့် သဘောတူသော ဥပေက္ခာဝေဒနာဟူသော ညဥ့်ကို ရရှိခြင်းကြောင့်လည်းကောင်း ဤတတြမဇ္ဈတ္တုပေက္ခာဟူသော လရေးသည် အလွန်လျှင် ထက်ဝန်းကျင်မှ စင်ကြယ်လျက်ရှိ၏၊ ထို တတြမဇ္ဈတ္တုပေက္ခာ၏ ထက်ဝန်းကျင် စင်ကြယ်သည့် အတွက်ကြောင့် ထက်ဝန်းကျင် စင်ကြယ်သော လရေး၏ အရောင်ကဲ့သို့ မိမိနှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြကုန်သော သတိ အစရှိကုန်သော တရားတို့သည်လည်း ထက်ဝန်းကျင် စင်ကြယ်ကြကုန်၏၊ ပြိုးပြိုးပြက် တလက်လက် တောက်ပကြကုန်၏၊ ထိုကြောင့် ဤ စတုတ္ထစျာန်ကိုသာလျှင် ''ဥပေက္ခာသတိပါရိသုဒ္ဓိံ = ဥပေက္ခာသည် ဖြစ်စေ အပ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော တရား''ဟု ဟောကြားတော်မူအပ်ပေ၏ဟု သိရှိပါလေ။
而在第四禅中,由于不再受寻等对立法的威力压制,又由于得到与自己性质相同的伴侣——舍受之夜,中舍性之舍这轮月便极其周遍清净。由于中舍性之舍周遍清净,如同清净月光的光辉一样,与它在同一心刹那中相应而生的念等诸法也都周遍清净、明亮闪耀。因此,唯独第四禅被宣说为“ဥပေက္ခာသတိပါရိသုဒ္ဓိံ”,即“由舍所成办的念之周遍清净之法”。应当如此理解。
(ဝိသုဒ္ဓိ-၁-၁၆၂-၁၆၃။)
(《清净道论》1-162—163。)
原书第 480 页
တဉ္စ ပန သောမနဿံ ဧကဝီထိယံ ပုရိမဇဝနေသုယေဝ ပဟီယတိ။ (ဝိသုဒ္ဓိ-၁-၁၆၃။) ''ဧကဝီထိယ''န္တိ ဣဒံ တတ္ထ သောမနဿဿ ဧကံသေန အဘာဝတော ဝုတ္တံ၊ န တတော ပုရိမတရေသု ဧကံသေန ဘာဝတော။ (မဟာဋီ-၁-၁၉၂။) ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ အဆိုအမိန့်အရ စတုတ္ထစျာန်သမာဓိ၏ ဥပစာရသမာဓိ နယ်မြေ၌ အထူးသဖြင့် စတုတ္ထစျာနဝီထိ စျာနသမာပတ္တိဝီထိတို့၏ ဥပစာရစျာန်ဇောများ အခိုက်၌ သောမနဿဝေဒနာ မယှဥ်ဘဲ ဥပေက္ခာဝေဒနာသာ ယှဥ်တော့သည်ဟု သိရှိပါလေ။ သို့အတွက် ဥပေက္ခာဝေဒနာနှင့်သာ ယှဥ်သဖြင့် ယင်းဥပစာရသမာဓိနယ်မြေ၌ ပီတိလည်း မယှဥ်ဟု သိပါလေ။
“然而,那种悦只在同一心路先前的诸速行“所谓‘同一心路’,是因为悦在那第四禅中必定不存在而说,并不是说在它之前的诸速行中悦必定存在。”依以上义注与复注的说法,应知在第四禅定的近行定领域,尤其在第四禅心路——即禅那等至心路——的诸近行禅速行生起时,不再有悦受相应,只有舍受相应。因此也应知,在这个近行定领域中,喜同样不相应。
ပဉ္စကနည်း
五分法
ဤဖော်ပြခဲ့သော နည်းကား စတုက္ကနည်း ဖြစ်သည်။ ယင်းစတုက္ကနည်း၌ ဝိတက်နှင့် ဝိစာရ စျာန်အင်္ဂါ နှစ်ပါးကို ပြိုင်တူ ဖြုတ်၏။ တိက္ခပညဝါ = ဉာဏ်ထက်မြက်သူ ယောဂါဝစရပုဂ္ဂိုလ်အတွက် ဘုရားရှင် ဟော ကြားတော်မူခြင်း ဖြစ်ပေသည်။ ပဉ္စကနည်း၌ကား စျာန်လေးပါးနေရာ၌ စျာန်ငါးပါး ဖြစ်လာ၏။ ဝိတက်နှင့် ဝိစာရကို ပြိုင်တူမဖြုတ်ဘဲ တစ်လုံးစီ ဖြုတ်၏။ မန္ဒပည = နုံ့သော ပညာရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာ အစဥ်တည်း။
以上所说的方法是四分法。在四分法中,寻与伺这2个禅支同时被舍离;这是佛陀为利慧瑜伽行者所作的开示。在五分法中,原来的4种禅那分为5种;寻与伺不是同时舍离,而是逐一舍离。这是钝慧瑜伽行者的修习次第。
၁။ ပုဂ္ဂလဇ္ဈာသယ = တရားနာယူသူ တရားကျင့်သူ ထိုထို သာဝကတို့၏ အလိုအဇ္ဈာသယ ဓာတ်ခံ အား လျော်စွာ အဇ္ဈာသယဓာတ်နှင့် လျော်ညီအောင်လည်း စတုက္ကနည်း ပဉ္စကနည်းဟု နှစ်နည်း ခွဲခြား၍ ဟောကြားတော်မူ၏။
1.个人意乐(puggalajjhāsaya)——按照听法、修法的各类弟子各自的意乐与性向,为了契合他们的意乐根性,世尊把禅那分为四分法与五分法两种方式来宣说。
၂။ ဒေသနာဝိလာသ = ဒေသနာတော်ကို တင့်တယ် စမ္ပယ်အောင် တန်ဆာ ဆင်လိုသော ရည်ရွယ်တော် မူချက်ဖြင့်လည်း ထိုသို့ စတုက္ကနည်း ပဉ္စကနည်း နှစ်နည်းခွဲ၍ ဟောကြားတော်မူပေ၏။
2.开示庄严(desanāvilāsa)——世尊也出于使开示优美、庄严而加以装饰的意旨,把禅那分为四分法与五分法两种方式来宣说。
(မဟာဋီ-၁-၁၉၃-၁၉၄-၌ အကျယ်ရှု။)
(详见《大复注》1-193—194。)
စတုက္ကနည်း၌ ၁။ ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ ငါးပါးရှိသော ပထမစျာန်၊ ၂။ ပီတိ+သုခ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ သုံးပါးရှိသော ဒုတိယစျာန်၊ ၃။ သုခ+ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်၊ ၄။ ဥပေက္ခာ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန် ---- ဤသို့လျှင် ရူပါဝစရ စျာန် လေးမျိုးပြား၏။
在四分法中:1.初禅有寻、伺、喜、乐、一境性5个禅支;2.第二禅有喜、乐、一境性3个禅支;3.第三禅有乐、一境性2个禅支;4.第四禅有舍、一境性2个禅支。色界禅就这样分为4种。
ပဉ္စကနည်း၌ ၁။ ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ ငါးပါးရှိသော ပထမစျာန်၊ ၂။ ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ လေးပါးရှိသော ဒုတိယစျာန်၊ ၃။ ပီတိ+သုခ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ သုံးပါးရှိသော တတိယစျာန်၊ ၄။ သုခ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်၊ ၅။ ဥပေက္ခာ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော ပဉ္စမစျာန် ---- ဤသို့လျှင် ရူပါဝစရစျာန် ငါးမျိုးပြား၏။
在五分法中:1.初禅有寻、伺、喜、乐、一境性5个禅支;2.第二禅有伺、喜、乐、一境性4个禅支;3.第三禅有喜、乐、一境性3个禅支;4.第四禅有乐、一境性2个禅支;5.第五禅有舍、一境性2个禅支。色界禅就这样分为5种。
原书第 481 页
ဝိပဿနာကူးပုံ အကျဥ်းချုပ်
转入观修概要
ဧဝံ နိဗ္ဗတ္တစတုက္ကပဉ္စကဇ္ဈာနော ပနေတ္ထ ဘိက္ခု သလဒက္ခဏာဝိဝဋ္ဋနာဝသေန ကမ္မဋ္ဌာနံ ဝဍ္ဎတွာ ပါရိသုဒ္ဓိ ပတ္တုကာမော တဒေဝ စျာနံ ပဉ္စဟာကာရေဟိ ဝသိပ္ပတ္တံ ပဂုဏံ ကတွာ နာမရူပံ ဝဝတ္ထပေတွာ ဝိပဿနံ ပဋ္ဌ- ပေတိ။ ကထံ? သော ဟိ သမာပတ္တိတော ဝုဋ္ဌာယ အဿာသပဿာသာနံ သမုဒယော ကရဇကာယော စ စိတ္တဉ္စာတိ ပဿတိ။ ယထာဟိ ကမ္မာရဂဂ္ဂရိယာ ဓမမာနာယ ဘသ္တဉ္စ ပုရိသဿ စ တဇ္ဇံ ဝါယာမံ ပဋိစ္စ ဝါတော သဉ္စရတိ၊ ဧဝမေဝ ကာယဉ္စ စိတ္တဉ္စ ပဋိစ္စ အဿာသပဿာသာတိ။ တတော အဿာသပဿာသေ စ ကာယဉ္စ ရူပန္တိ စိတ္တဉ္စ တံသမ္ပယုတ္တဓမ္မေ စ အရူပန္တိ ဝဝတ္ထပေတိ။ အယမေတ္ထ သင်္ခေပေါ။ ဝိတ္ထာရတော ပန နာမရူပ- ဝဝတ္ထာနံ ပရတော အာဝိဘဝိဿတိ။
“在这里,这位比丘如此生起四分法与五分法禅那以后,若想依辨察与出离而增长业处、达到遍净,就应以5种方式令该禅达到自在、熟练,然后分别名色,开始修观。如何开始?他从等至出定以后,观察到所生身与心是入息、出息的生起之因。譬如铁匠的风箱鼓动时,风依止风箱以及人相应的用力而流动;同样,入息、出息也依止身与心而生起。此后,他把入息、出息与身判定为色,把心及其相应诸法判定为非色——也就是名。这是这里的简说;至于详细的名色分别,将在后文阐明。”
ဧဝံ နာမရူပံ ဝဝတ္ထပေတွာ တဿ ပစ္စယံ ပရိယေသတိ။ ပရိယေသန္တော စ နံ ဒိသွာ တီသုပိ အဒ္ဓါသု နာမရူပဿ ပဝတ္တိံ အာရဗ္ဘ ကင်္ခံ ဝိတရတိ၊ ဝိတိဏ္ဏကင်္ခေါ ကလာပသမ္မသနဝသေန တိလက္ခဏံ အာရောပေတွာ ဥဒယဗ္ဗယာနုပဿနာယ ပုဗ္ဗဘာဂေ ဥပ္ပန္နေ သြဘာသာဒယော ဒသ ဝိပဿနုပက္ကိလေသေ ပဟာယ ဥပက္ကိလေ- သဝိမုတ္တံ ပဋိပဒါဉာဏံ မဂ္ဂေါတိ ဝဝတ္ထပေတွာ ဥဒယံ ပဟာယ ဘင်္ဂါနုပဿနံ ပတွာ နိရန္တရံ ဘင်္ဂါနုပဿနေန ဝယတော ဥပဋ္ဌိတေသု သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒန္တော ဝိရဇ္ဇန္တော ဝိမုစ္စန္တော ယထာက္ကမေန စတ္တာရော အရိယမဂ္ဂေ ပါပုဏိတွာ အရဟတ္တဖလေ ပတိဋ္ဌာယ ဧကူနဝီသတိဘေဒဿ ပစ္စဝေက္ခဏာဉာဏဿ ပရိယန္တံ ပတ္တော သဒေဝကဿ လောကဿ အဂ္ဂဒက္ခိဏေယျော ဟောတိ။ (ဝိသုဒ္ဓိ-၁-၂၇၈-၂၇၉။) ဤသို့လျှင် ဤကာယာနုပဿနာသတိပဋ္ဌာန်၌ ဖြစ်ပြီးသော ရပြီးရောက်ပြီးသော စတုက္ကစျာန် ပဉ္စကစျာန် ရှိသော ယောဂါဝစရရဟန်းတော်သည် သလဒက္ခဏာ အမည်ရသော ဝိပဿနာဉာဏ်၊ ဝိဝဋ္ဋနာ အမည်ရသော
“如此分别名色以后,他寻求名色之缘;在寻求中见到这些缘,便对过去、未来、现在三时中名色的转起度越疑惑。已经度越疑惑者,以聚思惟把三相安立于名色;舍断在生灭随观前分生起的光明等10种观随烦恼,判定‘远离随烦恼的行道智是正道’;继而舍离对生起的观察,到达坏随观。通过不间断的坏随观,一切诸行都以坏灭之相显现;他对它们厌离、离贪、解脱,依次到达4圣道,安住于阿罗汉果,达到19种省察智的终点,成为人天世间最上的应供者。”如此,在此身随观念处中,具足四分法/五分法禅那的瑜伽行比丘,若想凭名为“辨察”的观智以及名为“出离”的——
အရိယမဂ်ဉာဏ်တို့၏ အစွမ်းဖြင့် ပါရိသုဒ္ဓိ အမည်ရသော အရိယဖိုလ်ကို ရခြင်း ရောက်ခြင်းငှာ အလိုရှိလတ် သော် (= ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့၏ အစွမ်းဖြင့် အရိယဖိုလ်ကို ရရှိခြင်းငှာ၊ ဝိပဿနာဉာဏ်၏ အစွမ်းဖြင့် အရိယဖိုလ်ကို ဝင်စားခြင်း = ဖလသမာပတ်ဝင်စားခြင်းငှာ အလိုရှိလတ်သော်) ထိုစျာန်ကိုပင် ဝသီဘော်ငါးတန်သို့ ရောက်အောင် ဝသီဘော်ငါးတန် အဝါးဝစွာ နိုင်နင်းခြင်းသို့ ရောက်အောင် ပြု၍ နာမ်နှင့် ရုပ်ကို ပိုင်းခြား မှတ်သား၍ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏။
——圣道智,证得名为“遍净”的圣果(也就是说,依观智与道智证得圣果;又依观智进入圣果,即进入果等至),就应对该禅修习至五自在,使五自在娴熟、掌握;然后分别名色,令观智生起。
အဘယ်သို့ ဖြစ်စေသနည်းဟူမူကား --- ထိုစျာန်ကို ရရှိနေသော စျာနလာဘီ ရဟန်းတော်သည် စျာန် သမာပတ်ကို ဝင်စားပြီးလျှင် ယင်းစျာန်သမာပတ်မှ ထ၍ ကရဇကာယ အမည်ရသော ခန္ဓာအိမ် တစ်ခုလုံး၌ ရှိသော ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်းလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ဘူတရုပ် = ဓာတ်ကြီးလေးပါးနှင့် တကွ ထိုဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်ပေါ်နေကြကုန်သော (၂၄)မျိုးသော ဥပါဒါရုပ် အပေါင်းသည်လည်းကောင်း၊ စိတ်သည်လည်းကောင်း (= စိတ်+စေတသိက်တရားစုသည်ကောင်း) အဿာသ ပဿာသ အမည်ရသော ရုပ်တရားအပေါင်း၏ ဖြစ်ကြောင်း သမုဒယတည်းဟု ရှု၏။
如何令观智生起呢?具足禅那的比丘先进入禅那等至,然后从等至出定;他观察:称为所生身的整个蕴身中,由业、心、时节、食这4种因所生的四大种,以及依四大种而生的24种所造色;再加上心——即心与心所法之聚——这些都是称为入息、出息的色法之生起因。
〔ကိဉ္စာပိ အဿာသပဿာသာ စိတ္တသမုဋ္ဌာနာ၊ ကရဇကာယံ ပန ဝိနာ တေသံ အပ္ပဝတ္တနတော ''ကာယဉ္စ စိတ္တဉ္စ ပဋိစ္စ အဿာသပဿာသာ''တိ ဝုတ္တံ။ (မဟာဋီ-၁-၃၃၇။) = အဿာသ-ပဿာသဟူသည် အသံလျှင် ကိုးခုမြောက်ရှိသော စိတ်ကြောင့် ဖြစ်သော စိတ္တဇ သဒ္ဒနဝက ကလာပ် ရုပ်တရားတို့၏ အပေါင်းအစုမျှသာတည်း။ အဿာသ-ပဿာသ ရုပ်တရားတို့သည် စိတ်ကြောင့် ဖြစ်ကြသည့် စိတ္တသမုဋ္ဌာန်ရုပ်တို့ကား မှန်၏၊ သို့သော်လည်း ကရဇကာယ အမည်ရသော ဘူတရုပ် ဥပါဒါရုပ်ကို ကြဥ်၍ ထိုအဿာသ-ပဿာသ ရုပ်တရားတို့သည် မဖြစ်နိုင်သောကြောင့် ''ကရဇကာယကိုလည်းကောင်း၊
“虽然入息、出息由心生起,但是离开所生身,它们便不能转起,所以说:‘依止身与心而有入息、出息。’”(《大复注》1-337。)所谓入息、出息,只是以声音为第9法的心生声九法聚这一色法聚。入息、出息诸色法确实是心所生色;然而,若离开称为所生身的大种色与所造色,入息、出息诸色法便不能生起,所以才说:“依止所生身,——
原书第 482 页
စိတ်ကိုလည်းကောင်း အစွဲပြု၍ အဿာသ-ပဿာသ ရုပ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏''ဟု အဋ္ဌကထာ ဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ-၁-၃၃၇။)〕 ထင်ရှားစေအံ့ --- ပန်းပဲဖိုကို ဆွဲလတ်သော် ပန်းပဲဖိုကိုလည်းကောင်း၊ ထိုလေ ဖြစ်ခြင်းအားလျော်သော ယောကျာ်း၏ လုံ့လဝီရိယကိုလည်းကောင်း အစွဲပြု၍ လေသည်ဖြစ်ပေါ်လာသကဲ့သို့ ဤဥပမာအတူပင်လျှင် ကရဇကာယကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း အစွဲပြု၍ ဝင်လေ ထွက်လေတို့သည် ဖြစ်ပေါ်လာကြ ကုန်၏ဟု မှတ်သားပါလေ။ ထိုနောင်မှ ---- ၁။ (က) အဿာသ-ပဿာသ ရုပ်တရားအပေါင်းကိုလည်းကောင်း၊ ( ခ ) ကရဇကာယဟူသော ဘူတရုပ် ဥပါဒါရုပ်အပေါင်းကိုလည်းကောင်း ရုပ်ဟူ၍ --- ၂။ (က) စိတ်ကိုလည်းကောင်း၊ ( ခ ) ထိုစိတ်နှင့် ယှဥ်သော စေတသိက်တရားတို့ကိုလည်းကောင်း နာမ်ဟူ၍ ---
——而依止心,入息、出息诸色法得以生起。”义注师正是如此说。(《大复注》1-337。)〕为使此义明显:拉动风箱时,依止风箱以及人所付出的相应努力,风便生起;同样,依止所生身与心,入息、出息便生起。此后应当分别辨识:一、把(甲)入息、出息色法之聚,以及(乙)称为所生身的诸大种色与所造色,辨为“色”;二、把(甲)心以及(乙)与该心相应的诸心所法,辨为“名”——
ပိုင်းခြားမှတ်သား၏။ ဤကား ဤအာနာပါနဿတိကထာ၌ အကျဥ်းတည်း။ အကျယ်အားဖြင့်ကား
——加以分别辨识。这只是本入出息念论中的略说;若广说,则——
နာမ်+ရုပ်ကို ပိုင်းခြားမှတ်သားခြင်းသည် နောက်၌ ထင်စွာ ဖြစ်လတ္တံ့။
名与色的分别辨识,将在后文详细说明。
ဤသို့ နာမ်+ရုပ်ကို ပိုင်းခြားမှတ်သားပြီး၍ ထိုနာမ်ရုပ်၏ အဝိဇ္ဇာ တဏှာ ကံစသော အကြောင်းတရားကို ရှာဖွေရ၏။ (အဝိဇ္ဇာစသော အကြောင်းတရားကြောင့် အကျိုး နာမ်ရုပ်ဖြစ်ပုံကို စူးစမ်းဆင်ခြင်အပ်၏ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏ဟု ဆိုလိုသည်။) အဝိဇ္ဇာ စသော အကြောင်းတရားကို ရှာဖွေသော ယောဂါဝစရပုဂ္ဂိုလ် သည်လည်း ထိုအကြောင်းတရားကို ကိုယ်တိုင် မျက်မှောက် ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်ခဲ့သော် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌လည်း နာမ်ရုပ်၏ ဖြစ်မှုကို အကြောင်းပြု၍ - ''အတိတ်ဘဝကာလက ငါသည် ဖြစ်ခဲ့လေသလော'' - ဤသို့ စသော နည်းဖြင့် ဖြစ်သော (၁၆)မျိုးသော ယုံမှားခြင်းကို ကျော်လွှား လွန်မြောက်၍ သွားနိုင်၏။
如此分别辨识名色以后,还须寻求该名色以无明、爱、业等为首的诸因法。(也就是说,应探究、审察并以智辨明:由于无明等因法,名色果法如何生起。)寻求无明等因法的瑜伽行者,若已亲自以现见智通达这些因法,便能越过对于过去、未来、现在三时名色之生起所怀的十六种疑,例如“过去世我曾经存在吗?”等等。
ယင်း ယုံမှားသံသယကို ကျော်လွှား လွန်မြောက်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဤသို့စသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ခန္ဓာငါးပါးအစုအပုံကို ပေါင်းစုခြုံငုံ၍ အနိစ္စစသည်ဖြင့် ရှုပွားသုံးသပ်ခြင်း ကလာပ သမ္မသနနည်း၏ အစွမ်းဖြင့် လက္ခဏာရေးသုံးတန်သို့ တင်၍ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိစခန်းတွင် အကျုံး ဝင်သော ဥဒယဗ္ဗယာနုပဿနာဉာဏ်၏ ရှေးအဖို့၌ ဖြစ်ကုန်သော သြဘာသ အရောင်အလင်း အစရှိကုန်သော ဆယ်ပါးကုန်သော ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသတရားတို့ကို ပယ်ရှား၍ ဥပက္ကိလေသမှ လွတ်သော ပဋိပဒါဉာဏ်သည် လမ်းမှန် မဂ္ဂ မည်၏ဟု ပိုင်းခြားမှတ်သား၍ ဥဒယဗ္ဗယဉာဏ်ဖြင့် သိမ်းဆည်း အပ်သော သင်္ခါရတရားတို့၏ ဖြစ်ခြင်းကို လွှတ်၍ ယင်းသင်္ခါရတရားတို့၏ ပျက်ခြင်း = ဘင်ကိုသာ ရှုတတ်သော
越过这些疑惑以后,瑜伽行者把依过去、未来、现在、内、外等十一种行相而存在的色、受、想、行、识五蕴整体总括起来,依聚思惟法观修、审察为无常等,将之置于三相之下;继而排除十种观随染——光明等,它们生起于行道智见清净所摄的生灭随观智前段——并辨明:脱离随染的行道智才是正道。他随后舍开生灭智所辨识的诸行之“生”,只观诸行的坏灭——
ဘင်္ဂါနုပဿနာဉာဏ်သို့ ရောက်ရှိ၍ ဘင်္ဂါနုပဿနာဉာဏ်ဖြင့် မပြတ် တရစပ် ပျက်သော သဘောအားဖြင့် ထင်လာကုန်သော သင်္ခါရတရားအားလုံးတို့၌ ငြီးငွေ့သည်ဖြစ်၍ တပ်မက်ခြင်း ကင်းသည်ဖြစ်၍ ကိလေသာ တို့မှ လွတ်မြောက်ဆဲလည်းဖြစ်၍ အစဥ်သဖြင့် လေးပါးကုန်သော အရိယမဂ်တို့သို့ ရောက်ရှိ၍ အရဟတ္တဖိုလ်၌ တည်၍ (၁၉)မျိုးသော ပစ္စဝေက္ခဏာဉာဏ်၏ အဆုံးအပိုင်းခြားသို့ ရောက်ရှိသည်ဖြစ်၍ နတ်နှင့် တကွသော တစ်လောကလုံး၌ မြတ်သော အလှူကို ခံယူထိုက်သော ရဟန္တာပုဂ္ဂိုလ် ဖြစ်လေသတည်း။
——而到达坏灭随观智。他以坏灭随观智见到一切行法持续不断地坏灭,因而对它们厌离、离贪,并正在从诸烦恼中解脱;他依次到达四圣道,安住于阿罗汉果,又到达十九种省察智的终点,成为在包括诸天的一切世间中堪受最胜供养的阿罗汉。
ဤရွေ့သော စကားအစဥ်ဖြင့်လည်း ထိုအာနာပါနကမ္မဋ္ဌာန်းကို လေ့လာစီးဖြန်းသော ရဟန်း၏ ရေတွက် ခြင်း ဂဏနာနည်းကို အစ ပြု၍ ဝိပဿနာ အဆုံးရှိသော အာနာပါနဿတိသမာဓိ ဘာဝနာသည် ပြီးဆုံးလေပြီ။
依上述论述次第,修习这一入出息业处的比丘,从计数法开始直至毗婆舍那为止的入出息念定修习,至此圆满。
原书第 483 页
အာနာပါနဿတိသမာဓိပိုင်း ဤ ဆိုပြီးသော စကားရပ်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် (အာနာပါန စတုက္က လေးမျိုးတို့တွင်) ပထမစတုက္က၏ အဖွင့်ပေတည်း။ (ဝိသုဒ္ဓိ-၁-၂၇၈-၂၇၉။)
以上所说,是从一切方面对(四种入出息四法中的)第一组四法所作的解说。(《清净道论》1-278—279。)
အထူးမှာကြားချက်
特别嘱咐
ဤအထက်ပါ အဋ္ဌကထာ၏ မိန့်ဆိုတော်မူချက်များအတိုင်း ဤကျမ်းတွင်လည်း - အဿာသ-ပဿာသ ကာယ၊ ကရဇကာယဟူသော ရုပ်တရားများကို သိမ်းဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြားယူပုံ အပိုင်းကို ရုပ်ကမ္မဋ္ဌာန်းပိုင်း ဟူသော အမည်ဖြင့်လည်းကောင်း၊ စိတ်+စေတသိက် = နာမ်တရားတို့ကို သိမ်းဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြားယူပုံ အပိုင်းကို နာမ်ကမ္မဋ္ဌာန်းပိုင်း ဟူသော အမည်ဖြင့်လည်းကောင်း၊ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ သုံးပါးအတွင်း၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ခန္ဓာငါးပါးတို့ ထင်ရှား ဖြစ်ပေါ်လာပုံ အခြင်းအရာကို ဉာဏ်ဖြင့် ပိုင်းခြားယူပုံ သိမ်းဆည်းပုံအပိုင်းကို ပဋိစ္စသမုပ္ပါဒ်ပိုင်းဟူသော အမည်ဖြင့်လည်းကောင်း၊ ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် သဘောအားဖြင့် သိမ်းဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြားယူပုံ အပိုင်းကို လက္ခဏာဒိစတုက္ကပိုင်းဟူသော အမည်ဖြင့်လည်းကောင်း၊
依照上述义注的教导,本书也将分别继续说明:把握、以智辨明入出息身与所生身这些色法的方法,名为“色业处部分”;把握、以智辨明心与心所这些名法的方法,名为“名业处部分”;在过去、未来、现在三时中,由于无明、爱、取、行、业等因法显现,五蕴果法如何显现生起,以及如何以智辨明、把握这一因果行相,名为“缘起部分”;依特相、作用、现起、近因把握并以智辨明这些色、名、因、果诸行法的方法,名为“特相等四法部分”;——
ယင်းသင်္ခါရတရားတို့ကို ဝိပဿနာရှုပွားပုံအပိုင်းကို ဝိပဿနာပိုင်းဟူသော အမည်ဖြင့်လည်းကောင်း -- ဤသို့ အပိုင်းကဏ္ဍ အသီးအသီး ခွဲခြား၍ ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါသည်။
观修这些行法的方法,名为“毗婆舍那部分”。本书将这样划分为各个部分,逐一继续说明。
ယခုအခါတွင်ကား ကြွင်းကျန်နေသေးသော အာနာပါန စတုက္က သုံးခုကို ဆက်လက်၍ တင်ပြအပ်ပါသည်။
现在,继续说明尚余的三组入出息四法。
ယင်းစတုက္က သုံးခုတို့၌ကား ကမ္မဋ္ဌာန်းအားထုတ်ပုံ ဘာဝနာနည်းမည်သည် အသီးအခြား မရှိပေ။ ပထမစတုက္က ကျင့်စဥ်၏ အစွမ်းဖြင့် ကျင့်ခြင်းကြောင့် စျာန်ရပြီးသော ယောဂါဝစရပုဂ္ဂိုလ်အား --- ၁။ ဝေဒနာနုပဿနာ၏ အစွမ်းဖြင့် ဒုတိယစတုက္ကကို၊ ၂။ စိတ္တာနုပဿနာ၏ အစွမ်းဖြင့် တတိယစတုက္ကကို၊ ၃။ ဓမ္မာနုပဿနာ၏အစွမ်းဖြင့် စတုတ္ထစတုက္ကကို ---- အသီးအသီး ဟောကြားထားတော်မူသောကြောင့်ပင် ဖြစ်သည်။
对于这三组四法,并没有各自独立的业处修习方法。因为瑜伽行者依第一组四法的修习而证得禅那以后,世尊只是分别从三种随观的角度作了开示:一、依受随观开示第二组四法;二、依心随观开示第三组四法;三、依法随观开示第四组四法。