取相—似相

入出息念定部分 · 原书第 339–340 页 · 9 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 339 页
ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်
取相与似相
ဤသို့ အဖန်ဖန် အထပ်ထပ် လုံ့လကြိုးကုတ် အားထုတ်လျက်ရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန် ဝယ် မကြာမီ အချိန်ကာလအတွင်းမှာပင်လျှင် ဥဂ္ဂဟနိမိတ် သို့မဟုတ် ပဋိဘာဂနိမိတ်သည် ထင်ရှားစွာ တည်လာ ဖြစ်ပေါ်လာပေသည်။ ထိုနိမိတ်သည် ခပ်သိမ်းကုန်သော ယောဂါဝစရပုဂ္ဂိုလ် အားလုံးတို့အား တစ်ထပ်တည်း တူညီသည်ကား မဖြစ်နိုင်။ စင်စစ်သော်ကား အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချမ်းသာသော အတွေ့အထိ ကို ဖြစ်စေလျက် ---- ၁။ လဲဝါဂွမ်းစိုင်ကဲ့သို့လည်းကောင်း၊ ၂။ ဗိုင်းဝါဂွမ်းစိုင်ကဲ့သို့လည်းကောင်း၊ ၃။ လေအလျဥ်ကဲ့သို့လည်းကောင်း ထင်လာ၏။
如此一再精勤努力的禅修者,不久便会在相续中明显生起取相或似相。不同禅修者的禅相不可能全都一模一样。事实上,有些禅修者会伴随着舒适的触感,见到禅相呈现为:1. 木棉絮团;2. 经梳理的棉絮团;3. 一股气流。
ဤသို့လျှင် အချို့သော ဆရာကြီး ဆရာကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မော် ပုဂ္ဂိုလ်ကျော်တို့ မိန့်ဆိုတော်မူကြ ပေသည်။ (ဝိသုဒ္ဓိ-၁-၂၇၆။) ဤဆိုလတ္တံ့သော စကားရပ်တို့ကား အဋ္ဌကထာတို့၌ လာသော အဆုံးအဖြတ်တည်း။
一些著名的大长老如此说。(《清净道论》1-276)以下关于种种禅相形态的说法,是诸义注中的判定。
ဤနိမိတ်သည် အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ---- ၄။ တောက်ပသော ကြယ်တာရာအရောင်ကဲ့သို့လည်းကောင်း၊ ၅။ ပတ္တမြားလုံးကဲ့သို့လည်းကောင်း၊ ၆။ ပုလဲလုံးကဲ့သို့လည်းကောင်း ထင်လာ၏။
有些禅修者见到禅相呈现为:4. 明亮的星光;5. 红宝石珠;6. 珍珠。
原书第 340 页
အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ကြမ်းတမ်းသော အတွေ့အထိ ရှိသည် ဖြစ်၍ ---- ၇။ ဝါရိုးကဲ့သို့လည်းကောင်း၊ ၈။ သစ်သားနှစ်တံကျင်ကဲ့သို့လည်းကောင်း ထင်လာ၏။
有些禅修者因触感较粗,见到禅相呈现为:7. 棉花茎;8. 一根心材制成的木针。
အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ---- ၉။ ရှည်စွာသော ဆောက်လုံးသဏ္ဌာန် ကြိုးမျှင်ကဲ့သို့လည်းကောင်း၊ ၁ဝ။ ပန်းဆိုင်းကဲ့သို့လည်းကောင်း၊ ၁၁။ အခိုးညွန့်ကဲ့သို့လည်းကောင်း (မီးခိုးညွန့် တိမ်ခိုးညွန့်သဖွယ်) ထင်လာ၏။
有些禅修者见到禅相呈现为:9. 一根长长的编绳;10. 花环;11. 一缕烟气(如烟缕或云气)。
အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ---- ၁၂။ ကျယ်ပြန်သော ပင့်ကူချည်မျှင်ကဲ့သို့လည်းကောင်း၊ ၁၃။ တိမ်တိုက်လွှာကဲ့သို့လည်းကောင်း၊ ၁၄။ ပဒုမ္မာကြာပွင့်ကဲ့သို့လည်းကောင်း၊ ၁၅။ ရထားဘီးစက်ဝန်းကဲ့သို့လည်းကောင်း၊ ၁၆။ လဝန်းကဲ့သို့လည်းကောင်း၊ ၁၇။ နေဝန်းကဲ့သို့လည်းကောင်း ထင်လာ၏။ (ဝိသုဒ္ဓိ-၁-၂၇၇။) နိမိတ္တန္တိ ဥဂ္ဂဟနိမိတ္တံ၊ ပဋိဘာဂနိမိတ္တံ ဝါ၊ ဥဘယမ္ပိ ဟိ ဣဓ ဧကဇ္ဈံ ဝုတ္တံ။ တထာ ဟိ တူလပိစုအာဒိ- ဥပမတ္တယံ ဥဂ္ဂဟေ ယုဇ္ဇတိ၊ သေသံ ဥဘယတ္ထ။ ပ။ မဏိဂုဠိကာဒိဥပမာ ပဋိဘာဂေ ဝဋ္ဋန္တိ။ (မဟာဋီ-၁-၃၃၅။) ဤအထက်ပါ ဋီကာဆရာတော်၏ ဖွင့်ဆိုတော်မူချက်အရ - လဲမှို့ အစုအပုံကဲ့သို့ ဗိုင်းငင့်ထားသော ဝါဂွမ်းစိုင်အစုအပုံကဲ့သို့ လေအလျဥ်ကဲ့သို့ ထင်လာသော နိမိတ်သုံးမျိုးကား ဥဂ္ဂဟနိမိတ်တည်း။ ပတ္တမြားလုံး ကဲ့သို့ ပုလဲလုံးကဲ့သို့ ထင်လာသော အာနာပါနနိမိတ်နှစ်မျိုးတို့ကား ပဋိဘာဂနိမိတ်တည်း။ ကြွင်းအာနာပါန
有些禅修者见到禅相呈现为:12. 展开的蛛网;13. 层云;14. 红莲花;15. 车轮;16. 月轮;17. 日轮。(“所谓‘禅相’,是取相或似相;因为这里把两者合在一起说。木棉絮等前三种譬喻适用于取相,其余譬喻适用于两者……宝珠等譬喻则适用于似相。”(《大复注》1-335)依复注师上述解释,呈现为木棉絮团、经梳理的棉絮团或气流的三种禅相,是取相;呈现为红宝石珠或珍珠的两种入出息禅相,是似相。其余入出息……
နိမိတ်တို့ကား ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် နှစ်မျိုးလုံး ရနိုင်၏။ ဥဂ္ဂဟနိမိတ်ကား မကြည်သေး၊ ပဋိဘာဂနိမိတ် ကား အလွန့်အလွန် ကြည်လင်၍ တောက်ပနေ၏။ ဤသို့လျှင် နိမိတ်နှစ်မျိုးတို့၏ ကွဲပြားမှုကို မှတ်သားပါလေ။
……禅相既可能是取相,也可能是似相。取相尚不清明,似相则极其清明光亮。应当如此辨识两种禅相的差别。
(မဟာဋီ-၁-၃၃၅။)
(《大复注》1-335)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。